The Dominant Boss (Myanmar Tr...
By xena-bb
182K 31.6K 702
Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special... More
Description
1. Deed of the Land
2. ပါ့ပါးဝမ်နှင့်မားမားဝမ်
3. Developers
4. ဝမ်မိသားစု
5. ဝမ်၏ပြဿနာများ
6. ဟွားယင် အိမ်ခြံမြေရောင်းဝယ်ရေးကုမ္မဏီ
8. ဒုတိယအစ်ကိုက ခန့်ချောကြီး
9. The Loafer Type
10. ဥက္ကဌချူး
11. ကျွမ်းကျင်သူတဲ့လား
12. ဆိုင်ကိုဖျက်စီး
13. ဦးလေးကျန်း
14. အိမ်ပြောင်းရွှေ့ခြင်း
15. ပထမဆုံးနေ့
16. ဖြစ်လာသည့် ကံကြမ္မာကိုတားဆီးလို့မရနိုင်ဘူး
17. အလုပ်သို့သွားခြင်း
18. အစ်ကိုကြီး ဝမ်နဥ်အန်း
19. ဥက္ကဌရောက်ရှိလာခြင်း
20. လက်ချင်းတွဲလျှက်
21. ဥက္ကဌရဲ့ဝက်
22. သီးခြားဖြစ်သော အဆင့်အတန်း
23. ရုပ်ချောတဲ့ကောင်လေးကလည်း သူခိုးတစ်ယောက်ဖြစ်နေနိုင်ပါတယ်
24. ကံစီမံရာအတိုင်း (ရေစက်ပါသည်)
25. ပါဝင်ပစ္စည်းအနည်းငယ်ငှားရမ်း၍ချက်ပြုတ်ခြင်း
26. ဘူဖေး
27. လူကြိုက်များသော
28. ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ
29. ငွေလွှဲခြင်း
30. Gifts and Goals
31.ဉာဏ်ရည်နိမ့်ပါးလွန်းတယ်
32. The Second-in-Command
33. အခွင့်အလမ်းတစ်ခု၏ အကျိုးရလဒ်အားရယူခြင်း
34. လိုင်စင်နှစ်ခု
35. အမြန်ချောပို့နှင့်ကိစ္စကြီးတစ်ခု
36. ဂျင်းဟာရင့်လာသည်နှင့်အမျှ အနံ့ပိုပြင်းလာတတ်၏
37. တစ်စုံတစ်ယောက်၏ညစာဖိတ်ကျွေးမှု
38. ပလေးဘွိုင်း ရှန်ယွမ်
39. အစ်ကိုကြီးအိမ်ပြန်ရောက်လာပြီ
40.တခြားသူဆီက အကူအညီယူရတော့မည်
41. သဘာဝ
42. ချွတ်ခြုံကျခြင်း
43. ရည်းစား
44. တကြော့ပြန် ရည်းစာဟောင်း
45. ရင်းနီးခဲ့မှုများနှင့် အတိတ်ကာလ
46. အသိမိတ်ဆွေနှင့်အတူ ထွက်ခွာခြင်း
47. လူသစ်များ
48. ဆရာ
49. သင်တန်းကြေးပေးတာ အလကားမဟုတ်
50. ယာဉ်မောင်း လေ့ကျင့်ခန်းများ၏ အရေးမပါလှမှုများ
51. သာမန်မဟုတ်သော ဆက်ဆံရေး
52. The Bar
53. ရှန်ပိန် ပြိုင်သောက်ခြင်း
54. အမှတ်မထင်
55. ထွက်ခွာခြင်း
56. မြို့တော်သို့ရောက်ရှိလာခြင်း
57. ဝင်ခွင့်
58: လူမှားခြင်း
59. Past Events
60: လေဆိပ်တွင်း တွေ့ဆုံမှု
61. အတန်းဖော်ဟောင်း
7. ဘုရားကျောင်းကို ဖြိုမချသင့်ဘူး
3K 662 7
By xena-bb
[Unicode]
ဝမ်ချန်းသည် ဘုရားကျောင်းတွင်နေထိုင်သူဖြစ်ကြောင်း ဒေသခံများကသိကြသည်။ သို့သော်လည်း လူအများစုမသိသည်အချက်က ဘုန်းတော်ကြီးဟောင်းသည် သူမဆုံးပါးခင်ကတည်းက ဘုရားကျောင်းအား ဝမ်ချန်းဆီသို့လွှဲပြောင်းပေးပြီးသား ဖြစ်သည်ကိုပင်။ ထိုအရာက ဝမ်ချန်းကိုဘုရားကျောင်း၏ ပိုင်ရှင်အသစ်ဖြစ်လာစေခဲ့သည်။
ကျန်းရိဟွမ်နှင့်သူ့လက်ထောက်သည်လည်း အုပ်ချုပ်ရေးမှူးဝမ်ဆီမှ သိခဲ့ရခြင်းဖြစ်၏။ ဘုန်းတော်ကြီးဟောင်း စာရွက်စာတမ်းတွေပြင်ဆင်နေချိန်၌ အုပ်ချုပ်ရေးမှုးဝမ်ကကြားခဲ့ရခြင်းဖြစ်သည်။ သူက သူတို့အား ပါ့ပါးဝမ်နှင့်မားမားဝမ် တို့ကို သွားတွေ့ရန် အကြံပေးလိုက်ခြင်းဖြစ်သည်။ " သူတို့ကိုသွားရှာလိုက် အဲ့တာဆိုဝမ်ချန်းဘယ်မှာရှိလဲ သိလိမ့်မယ် "
ဝမ်ချန်း၏ ခေါင်းပြောင်ပြောင်ကြောင့် သူ့အားခွဲခြားသိမြင်ရန်လွယ်ကူလှသည်။
[ဝမ်ချန်း ကတုံးလေး]
ကျန်းရိဟွမ်နဲ့ဖုန်းထျန်က ထိုတစ်စုံတစ်​ယောက်ကိုတွေ့ဖို့က အတော်လေးခက်ခဲလိမ့်မည်ဟုတွေးထင်ခဲ့မိကြသည်။ သူတို့လုံးဝမထင်ထားသည်ကတော့ တံခါးဝတွင် တောင်၏ပိုင်ရှင်ဖြစ်သူကစောင့်နေလိမ့်မည်ဆိုတာကိုပင်။ ထိုလူနှစ်ယောက်သည် တကယ့်ဘုန်းတော်ကြီးများကို တွေ့ရခဲသော မြို့ကြီးများတွင်နေထိုင်သူများ ဖြစ်ကြသောကြောင့် ဝမ်ချန်းလိုကတုံးပြောင်ပြောင်လူတစ်ယောက်ကိုတွေ့လိုက်ရသည့်အချိန်၌ အတော်လေးတော့အံ့အားသင့်သွားခဲ့ကြသေး၏။ ကမ္ဘာကြီးမှာ ပိုအတွေ့အကြုံရှိလာပြီဖြစ်သည့် ကျန်းရိဟွမ်က အလျင်အမြန်ပဲစိတ်ကိုထိန်းလိုက်နိုင်သည်။
ကျန်းရိဟွမ်က သူ့လက်ဆွဲသေတ္တာထဲက စာချုပ်တစ်ခုကိုထုတ်ယူလိုက်ပြီး ဝမ်ချန်းဆီသို့လွှဲပေးလိုက်သည်။ သူက ကျေးရွာကောင်စီကနေ ဖုန်းရှတောင်၏ပိုင်ရှင်သည် ဝူယင်းဘုရားကျောင်း၌ နေထိုင်ခဲ့သော ဘုန်းတော်ကြီးဖြစ်ကြောင်း သိရှိခဲ့ရပြီးဖြစ်သည်။
" မစ်စတာဝမ်ခဗျ စာချုပ်ကိုအသေအချာလေးကြည့်ပေးလို့ရမလား။ မေးစရာရှိရင် အကုန်မေးလို့ရပါတယ် ကျွန်တော်ကြိုးစားပြီးဖြေပေးပါ့မယ်ဗျ "
ဝမ်ချန်းက သူ့ရဲ့ကတုံးလေးကိုပွတ်နေသည်။ အမှန်တော့ ထိုကတုံးကလွန်ခဲ့သောလဝက်တုန်းကလောက် ချောမွေ့ခြင်းမရှိတော့ပေ။ သူ့ဆံပင်တွေကစတင်၍ ပြန်ပေါက်လာနေပြီဖြစ်ပြီး ကိုင်ကြည့်လျှင် ယားစိ ယားစိဖြစ်သလိုခံစားရသည်။ သို့သော်လည်း ပါ့ပါးဝမ်နှင့်မားမားဝမ်တို့ကတော့ ပျော်ရွှင်နေကြပြီး သူမုန်းတီးလှသည့် လူ့အဖွဲ့အစည်းကြီးအတွင်းသို့ ပြန်လာဖို့အား ကြာရှည်စွာမျှော်လင့်ခဲ့ကြလေသည်။
သူက စာချုပ်၏စာရွက်အနည်းငယ်ကိုသာလှန်ကြည့်လိုက်သည်။ စည်းကမ်းချက်များနှင့် အခြေအနေများသည် ပါ့ပါးဝမ်ရရှိခဲ့သည့်သတင်းအတိုင်းပင် သို့သော်လည်း အချို့အချက်အလက်များနှင့် အခြေအနေများကြောင့် စျေးနှုန်းကတော့ကွာခြားနေခဲ့သည်။
" ဖုန်းရှတောင်ကိုကျွန်တော်ပေးနိုင်ပါတယ် ဒါပေမယ့် တောင်းဆိုချက်တစ်ခုတော့ရှိတယ် "
သူသည် developer များအကြောင်းမကြားခင်ကတည်းက ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မည်မှန်း သိနေခဲ့ပါ၏။ ဘုန်းတော်ကြီးကသူ့စာထဲတွင် ထိုပျက်စီးနေပြီဖြစ်သောဘုရားကျောင်းအား ဆက်ပြီးထိန်းထားစရာမလိုတော့ကြောင်း အကြံပြုရေးသားထားခဲ့သည်။ သူက ဝမ်ချန်းအား သူ၏ကျန်ရှိသောဘဝတွင်အတူနေထိုင်ပေးမည့် တပည့်တော်တစ်ယောက်အဖြစ်သာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းပြပေးခဲ့သည်။ အခုတော့ သူ့ဘဝဟာချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ပြီး သဘာဝကျစွာဖြင့် ဝမ်ချန်းကလည်းထိုနေရာတွင် ထပ်နေစရာမလိုတော့ပါပေ။
" ဘယ်လို တောင်းဆိုချက်များလဲ " ကျန်းရိဟွမ်၏မျက်ခုံးများ တွန့်သွားခဲ့၏။ တစ်ဖက်လူက သူ့အားဒုက္ခများစွာထဲမှ ကယ်တင်ပေးခဲ့သော်လည်း ကိစ္စတွေကဒီလောက်ထိလွယ်ကူလိမ့်မည်မဟုတ်မှန်း သူသိသည်။ နောက်ဆုံးတော့လည်း ထိုညှိနှိုင်းမှုတစ်ဖက်ကလူသည် ဘုန်းကြီးတစ်ပါးပင်ဖြစ်ပေသည်။ ဘုန်းကြီးများအပေါ် သူ၏အမြင်ကတော့ များသောအားဖြင့် ထိုသူတို့သည်ခေါင်းပိုမာကြသည်ဟူ၍ပင်။ အထူးသဖြင့် ဘုန်းတော်ကြီးအိုကြီးတွေပင်။ လွန်ခဲ့သော တစ်လလောက်တုန်းက ဖုန်းရှတောင်အကြောင်း အချက်အလက်များစုစည်းခဲ့သော်လည်း ဘုန်းတော်ကြီးဟောင်းသည်ရုတ်တရက် ဆုံးပါးသွားလိမ့်မည်ဟုမမျှော်လင့်ခဲ့မိပေ။ ထို့ကြောင့်ပဲ ဘုန်းတော်ကြီးဟောင်းကိုစည်းရုံးမည့် မူလအစီအစဥ်တွေအားဖျက်သိမ်းခဲ့ရသည်။
" ဝူယင်းဘုရားကျောင်းကို ဖြိုမချပစ်ပါနဲ့ " ဝူယင်းဆိုသည်က ဘုရားကျောင်း၏နာမည်ဖြစ်သည်။
ကျန်းရိဟွမ် အေးခဲသွားရသည်။ သူတို့ဆောက်လုပ်ရေးအစီအစဥ်တွင် ဘုရားကျောင်းအားထိန်းသိမ်းရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ နှစ်ပေါင်းတစ်ရာကျော်သမိုင်းရှိသည့် ဘုရားကျောင်း - ပြန်ပြုပြင်လို့မရတော့နီးပါးဖြစ်နေသည့်တိုင်အောင် - တစ်ဖက်လူကထိုကဲ့သို့သော တောင်းဆိုမှုမျိုးပြုလုပ်ခဲ့သည်။
ဝမ်ချန်းက ကျန်းရိဟွမ်ကိုသာစိုက်ကြည့်​နေပြီး သူ့မျက်ခုံးတွေပင့်သွားသည်အား သတိပြုလိုက်မိသည်။ တကယ်တော့ သူဟာရှက်စရာကောင်းသည့် တောင်းဆိုမှုတစ်ခုတောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသော်လည်း ထိုကိစ္စအားလက်လွှတ်မပေးခဲ့ပါချေ။ ထိုအရာကသာ သူ့အနေဖြင့်ဘုန်းတော်ကြီးဟောင်းအတွက်လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်နေသည်။
#
ကျန်းရိဟွမ်က ဝမ်ချန်း၏စကားများကို သူ့ဘော့စ်ဆီသို့ပြန်တင်ပြလိုက်သည်။ သူသည် ထိုပရောဂျက်အားတာဝန်ယူထားရသည့်သူသာဖြစ်ပြီး ဆုံးဖြတ်ချက်ချရသည့်လူတော့မဟုတ်ပါချေ။ ထို့ကြောင့်ပဲ သူတို့၏ဘောစ့်အား ဝမ်ချန်း၏တောင်းဆိုချက်ကိုပြန်ဖြေပေးဖို့အတွက် မေးလိုက်ကြရသည်။ သို့သော်လည်း ထိုတောင်းဆိုချက်ကသဘောတူညီမှုရဖို့ အခွင့်အရေးသိပ်မရှိကြောင်း သူတွေးလိုက်မိသည်။ ဘောစ့်က မြေကွက်ဝယ်ယူရာတွင်ရက်ရောသော လူတစ်ယောက်ဖြစ်သော်လည်း သူကစီးပွားရေးသမားတစ်ယောက် ဖြစ်နေဆဲပင်။ ဘုရားကျောင်းကအလွန်ကို ပြိုကျပျက်စီးနေခဲ့ပြီ။ ထိုဘုရားကျောင်းအား ပြန်လည်မပြင်ဆင်ခဲ့လျှင် လှပသောနေရာလေးအားဖျက်စီးသလိုဖြစ်နေလိမ့်မည်။ အကယ်၍ သူတိုသာထိုဘုရားကျောင်းကို ပြန်လည်ပြင်ဆင်လိုက်လျှင်လည်း ကုန်ကျငွေတွေကအလွန်ကို များပြားသွားမှာဖြစ်သည်။
" သူကဘာပြောခဲ့တာလဲ "
ဘော့စ်ကခံစားချက်တွေကို မျက်နှာပေါ်တစ်ခါမှမပြဖူးသည့် တိတ်ဆိတ်သည့်လူတစ်ယောက်ဖြစ်သည်။ ထိုလူနှင့် နှစ်ပေါင်းများစွာအတူတူအလုပ်လုပ်ခဲ့သည့် ကျန်းရိဟွမ်သည်ပင် ထိုသူ့အားကြည့်ပြီးမခန့်မှန်းတတ်ပါချေ။ အကယ်၍ သူအလွယ်တကူခန့်မှန်းတတ်မည် ဆိုလျှင်တောင် သူဘယ်တော့မှချမ်းသာလာလိမ့်မည်မဟုတ်ပါ။
" သူကဘာပဲဖြစ်ဖြစ် သူ့တောင်းဆိုချက်ကိုပြောခဲ့ပြီးပြီလို့ပြောပါတယ်။ ကျွန်တော်တို့တွက်ဆကြည့်ရရင် " ကျန်းရိဟွမ်က ဆက်ပြောချင်နေသေးသော်လည်း လူငယ်လေးက ခပ်တင်းတင်းအမူအရာမျိုးဖြင့်ပြောလာသည်။ ရှင်းရှင်းလင်းလင်းကို သူကထိုတောင်းဆိုချက်အား သဘောမတူခဲ့ပါချေ။ ကိစ္စကဒီအခြေအထိတောင်ရောက်လာခဲ့ပြီ။ ဖုန်းရှတောင်အား သူတို့သေချာပေါက်ရရှိရပေမည် မဟုတ်လျှင် ဆုံးရှုံးမှုကအတော်ကြီးသွားလိမ့်မည်။
တောင်ပေါ်တွင်ကြီးပြင်းလာခဲ့သောဘုန်းကြီးတစ်ပါးဟာ ပျင်းစရာကောင်းပြီး ခေါင်းမာသောလူတစ်ယောက်ဖြစ်မည်ဟု အစကထင်နေခဲ့မိသည်။ သို့သော်လည်း ဝမ်ချန်းကိုတွေ့လိုက်ပြီးသိပ်မကြာခင်ပဲ ကျန်းရိဟွမ်တစ်ယောက် ထိုအယူအဆဟာအတော်လေးမှားနေကြောင်း နားလည်သဘောပေါက်သွားရသည်။
ထိုသူ့တွင် အထူးတလည်ဖြစ်နေသည့်အရာမျိုးမရှိသော်လည်း တောက်ပသောမျက်လုံးများ ရှိနေခဲ့သည်။ သူ့မျက်လုံးများက ညအချိန်တွင်တော​က်ပသော အနက်ရောင်ကျောက်ကဲ့သို့ - တောက်ပပြီး ကြည်လင်လှသည်။ သူတို့က အထူးတလည်ကိုဆွဲဆောင်နိုင်လွန်းလှ၏။ ထို့အပြင် သူ၏မျက်နှာသည်လည်း ကျော့ရှင်းနူးညံ့သောအသွင်အပြင်များဖြင့် သေချာပေါက်ကို ချောမောသည့်လူငယ်တစ်ယောက်အဖြစ် ယူဆလို့ရသည်။ သူသည် တီဗွီတွင် ဘုန်းတော်ကြီးအတော်များများကိုတွေ့ဖူးသည် သို့သော်လည်း သူ့အနေဖြင့် ဒီလောက်ချောမောလှသည့်သူအားတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါ၏။
" မင်းမှာသူ့အပေါ်ကောင်းတဲ့အမြင်ရှိခဲ့တာပဲ " သူ့မျက်နှာအနေအထားအား စေ့စေ့စပ်စပ်သေချာကြည့်ရှုပြီးနောက် ထိုလူသားဆီမှကောက်ချက်တစ်ခုချလာသည်။ ထိုသူ၏ အသံအနေအထားက ကျန်းရိဟွမ်၏နှလုံးသားထဲထိ ထိသွားခဲ့လေပြီ။
ရှက်ရွံ့စွာဖြင့် ကျန်းရိဟွမ်ကပြောလာသည်။ " ဝမ်ချန်းဆိုတဲ့ဘုန်းကြီးက သိပ်မဆိုးဘူး "
ထိုလူက သူ့အားနားမလည်နိုင်သောအမူအရာနှင့်အတူ ကြည့်လာခဲ့သည်။
ကျန်းရိဟွမ်က ချောင်းဟန့်လိုက်သည်။ လူတွေ၏အမူအရာကိုကြည့်ပြီး ရိပ်မိတတ်သည့် ထိုကဲ့သို့သော ဘော့စ်မျိုးကအမြဲတမ်းရှိသည်။ အမှန်အတိုင်းပြောရလျှင် ဝမ်ချန်းအပေါ်မြင်သည့်သူ၏ကိုယ်ပိုင်အမြင်ကြောင့် သူကိုယ်တိုင်လည်းအံ့သြမိရသည်။ သို့သော်လည်း သူက လူတစ်ယောက်၏အသွင်အပြင်ကိုကြည့်ပြီး ဆုံးဖြတ်ချက်ချတတ်သည့်လူမျိုးမဟုတ်ပါပေ - သူ့ရှေ့မှာထိုင်နေသည့် ဘော့စ်လိုမျိုး။
သဘာဝကျကျထိန်းသိမ်းထားနိုင်သည့် ခေါင်းဆောင်တစ်ယောက်၏အပြုအမူ ၊ ထိုးဖောက်သိမြင်နိုင်စွမ်း နှင့် စိတ်ထိန်းချုပ်နိုင်စွမ်း တို့သည်နှစ်ပေါင်းများစွာတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံတို့အားစုစည်းထားသည့်နှယ် - ဘော့စ်ဟာအခုထက်ထိငယ်ရွယ်သေးသော်ငြားလည်း အေးဆေးတည်ငြိမ်ပြီး အဓိပ္ပါယ်ဖော်လို့မရသည့်အပြုအမူတွေက သူ့အားအသက် ၄၀ - ၅၀ လောက်ရှိသည့်လူတစ်​ယောက်ဟု ထင်ရစေသည်။ သူသည် တခါတရံမှဖော်ပြလေ့ရှိသည့်ပေါ့ပေါ့ပါးပါးခံစားချက်များသာမရှိလျှင် သူ၏ဘော့စ်သည် အသက်သုံးဆယ်သာ ရှိသေးမည်ဆိုတာ သူလုံးဝယုံကြည်မိမှာမဟုတ်ပေ။
*
*
*
နောက်ဆုံးတော့ ဒယ်ဒီကြီးကလူအကောင်လိုက်ထွက်လာခဲ့ပြီ။ ဒါပေမယ့်လည်း သူခမျာနာမည်လေးတောင် ပါမလာရသေးဘူး။ 🤭
**********************************************
[Zawgyi]
[ဝမ်ချန်း ကတုံးလေး]
#
" သူကဘာပြောခဲ့တာလဲ "
*
*
*
**********************************************
Continue Reading
You'll Also Like
317K 34.1K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
424K 37.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ