အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Before he saw 3

963 122 51
By Nova_Danica

[Unicode]

(ဝါကျွတ်ပြီ အချစ်ရယ် အသက်ရယ် ××× သီတင်းကျွတ်ခဲ့ပြီကွယ် ××× သီတင်းကျွတ်ခဲ့ပြီကွယ် ××× ဝါကျွတ်မီးပွဲကြည့်မယ် တူတူကွယ် )

သီတင်းကျွတ်ခါနီးဖြစ်၍ အသံချဲ့စက်မှ ထွက်ပေါ်နေသော သီချင်းများက မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ နေရာမှာ ရပ်ရင်း ပတ်ဝန်းကျင်ကို နှံ့အောင် လွမ်းလတ်နောင် ကြည့်လိုက်မိ၏။ ငယ်စဉ်က ကစားခဲ့သော ဘောလုံးကွင်း‌ဟောင်းသည်လည်း မပြောင်းမလဲရှိနေဆဲ။ ထိုကွင်းထဲတွင်လည်း ဘောလုံးကန်နေကြသော ကလေးများစွာ ရှိနေဆဲ။

မိုးရွာရွာ၊ နေပူပူ။ သူတို့လည်း ဤကွင်းထဲမှ မပြန်ဘဲ အဆော့မက်ခဲ့ကြသည်။ ရန်ဖြစ်ခဲ့ကြသည်။ တစ်ယောက်ပုခုံး တစ်ယောက်ဖက်ကာ ကျောင်းတက်ကျောင်းဆင်း လုပ်ခဲ့ကြသလို တစ်ယောက် စက်ဘီးနောက်ကလည်း တစ်ယောက်လိုက်စီးခဲ့ကြသည်။

ထို‌ကောင်းတူဆိုးဖက် သူငယ်ချင်းမှ ချစ်သူ ဖြစ်လာသော ဦးနှင့် သူက ဤသို့ဤပုံ ကြီးပြင်းခဲ့ပါလား တွေးမိတော့ ရင်ထဲမှာ ချမ်းမြေ့သွားရ၏။ သူတို့ကြားမှာ ရှိသည့် အမှတ်တရတွေဟာ မရေတွက်နိုင်။ စက္ကန့်တွေဟာ မရေတွက်နိုင်။ သံယောဇဉ်တွေဟာ မရေတွက်နိုင်။

တသွင်သွင် စီးဆင်းနေသည့် တောင်ကျချောင်းငယ်၏ ရေအလျဉ်လို ဤအရာတွေကို ဘယ်လိုဓားနှင့်မှ ခုတ်ဖြတ်၍ မပြတ်နိုင်။

ဦးတို့အိမ်ရှေ့မှ ဖြတ်ပြန်လာ၍ အရိပ်အခြည် ကြည့်လိုက်တော့ လူမတွေ့။ ကြိုသွားနှင့်ပြီ ထင်၍ လမ်းထိပ်သို့ ခပ်မြန်မြန် လျှောက်လာခဲ့လိုက်သည်။

ထနောင်းပင်ရိပ်အောက်မှာ ဦးက တကယ် ကြိုရောက်နေ၏။ တစ်ညလေး ခွဲရုံဖြင့် ရက်ပေါင်း ၇၀၀ ဆွေးရသော ကိန္နရီမောင်နှံတို့လို အပြေးသွားကာ အနောက်မှ ဖက်ထားလိုက်မိသည်။

"အစောကြီး ရောက်နေတာလား"

"ဟင့်အင်း ခုလေးတင်။ လတ် ဘယ်သွားနေတာလဲ။"

ရာသီဥတု ပူ၍ ဦးက ပေါ့ပေါ့ပါးပါး ရှပ်လက်တိုလေးသာ ဝတ်ထားလေသည်။ ပွေ့ထားရင်းမှ ဆင်စွယ်ရောင် ဖြစ်နေသော လက်ဖျံရိုးတစ်လျှောက်ကို ပွတ်သပ်လိုက်မိ၏။ လွမ်းလတ်နောင့် ရည်းစားက ဘာလို့ ဒီလောက်အထိ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေရပါလိမ့်။

"ဘောလုံးကွင်းကြီး လွမ်းလို့ သွားကြည့်တာ။ ပြီးတော့ ကိုယ်တို့ ခြေရာတွေရောပဲ။ ဦးတို့ အိမ်ရှေ့က ဖြတ်တော့ ကြည့်လိုက်သေးတယ်။ ဘယ်လိုလုပ်ပြီး ကြိုရောက်နေတာလဲ။"

"တောင်ပေါ်သွားမှာဆို"

"ဦးပြောမှ သတိရတယ်။ ဟုတ်သားပဲ။"

ဒီမျက်နှာလေးကို မြင်ရတိုင်း အရာအားလုံး မေ့ပျောက်ရသည်ဟု ဆိုလျှင် ငရဲအိုးမှာ ချိုးကပ်တော့မည် ဖြစ်သဖြင့် မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူ မမှတ်မိ။

"ကွိကွိ ကွိကွိ"

စောင်းတန်းတစ်လျှောက်က မျောက်တွေက သူတို့ကို မြင်တော့ အော်ဟစ်ကာ အစာလိုက်တောင်းကြသည်။ ဦးက သဒ္ဓါပေါက်၍ ကျွေးပြီးသည့်တိုင် ထိုမျောက်များက ဇွဲမလျှော့ဘဲ အနောက်မှ လိုက်လာကြ၏။ ကြာတော့ လွမ်းလတ်နောင် စိတ်မရှည်တော့။ အကောင်း မကြည်နူးရဘဲ တကွိကွိနှင့် သူတို့အသံပဲ နားထောင်နေရသည်။

"အ‌စ်မ သစ္စာပန်း ရှိသေးလား"

"ရှိ‌တယ် မောင်လေး။ ဒီမှာ တစ်စည်းကျန်သေးတယ်။"

ဖြူစွတ်သော ပန်းခိုင်မှာ ကြွင်းရစ်‌သော ရေစက်ကလေးတွေပင် မပျောက်သေး။ သို့သော်လည်း တခြားတခြားသော ဒီထက်လှသည့် ပန်းများ ရှိပါလျက် ဒါကိုမှ ဦးက ဘာကြောင့် ကြိုက်မှန်း မသိပေ။ ဘယ်နေရာသွားသွား။ ပန်းဟူ၍ ရွေးလိုက်လျှင် အရောင်သာ ကွဲသည်၊ သစ္စာပန်းချည်း ဖြစ်နေ၏။

"သစ္စာပန်း အစိမ်းရောင် ရှိတာ သိလား ဦး"

"ဟင့်အင်း"

"ကိုယ်တွေ့ဖူးတယ်။ နောက်ကျ ဦးကို ပြမယ်။ အစိမ်းရောင်က တော်တော်လှတယ်။"

"ခု ပန်းနဲ့ လိုက်ပြီး မနာလိုနေတာလား"

လွမ်းလတ်နောင် ရယ်လိုက်မိတော့၏။ ဒီရှေ့နေက အကုန်သိလှသည်။

"ဘာပြောလို့လဲ။ အစိမ်းရောင် လှတယ်ပြောတာကို။"

"အစိမ်းရောင် အကြောင်း ပြောရုံနဲ့ ဒီအဖြူကို ငါက ထားခဲ့ပါ့မလား။ သူ့ကို ငါ ဝယ်ပြီးပြီလေ။ သူ့ကို အရင်ရွေးခဲ့တာမို့ နောက်အရောင်တွေ ဘယ်လောက်လှလှ ထပ်မရွေးတော့ဘူး။"

ဦး စိုက်ကြည့်ရင်း ပြောနေသည်က ပန်းဖူးလေးကိုသာ။ သို့သော်လည်း လွမ်းလတ်နောင် ရင်ထဲ လိပ်ပြာတွေ ပျံပြေးသွား၏။ ဒါဆို အခု သူက ဦးရဲ့ သစ္စာပန်းအဖြူလေးပေါ့။

လွတ်နေသော လက်တစ်ဖက်ကို ဆွဲကိုင်ကာ ဇာတ်ကားထဲမှ မင်းသမီးများ ပြောတတ်ကြသလို မူဟန်ပိုပိုဖြင့် ပြောလိုက်မိ၏။

"ဒါပဲနော်။ ကတိပေးပြီးသွားပြီ။ ဘယ်တော့မှ မပြောင်းရဘူး။"

ဘုရားပေါ်သို့ ရောက်တော့ ဦးက ပန်းလှူကာ ဘာတွေ ဆုတောင်းသည် မသိ။ တတွတ်တွတ်နှင့် တော်တော့်ကို ကြာလေသည်။ လွမ်းလတ်နောင်ကတော့ နဂိုကတည်းက ပေါက်ဆိန်ပေါက် ရှိခိုးနေကျမို့ ခုလည်း ပြီးကတည်းက ထိုမှိတ်ထားသော မျက်နှာလေးကိုသာ ထိုင်ကြည့်နေဖြစ်လိုက်၏။

"ဘာကြည့်နေတာလဲ"

"ဦး ဘာတွေ ဆုတောင်းနေတာလဲလို့"

"ဆုတောင်းတွေက ပြောပြရင် မပြည့်တော့ဘူးတဲ့"

"အဲ့လိုလား။ ကိုယ်သိနေပါတယ်။ ဦး ဘာဆု တောင်းလဲဆိုတာ။"

"ပြောကြည့်ပါဦး"

ထိုင်ရာမှထကာ တောင်အောက်ကို မြင်ရသည့်ဘက်သို့ လျှောက်သွားသဖြင့် လွမ်းလတ်နောင်လည်း လိုက်လာခဲ့လိုက်သည်။ တောင်အောက်ကို ငုံ့ကြည့်လိုက်လျှင် မှုန်မွှားမွှား ကားလေးများ ပြေးနေသည်ကို ရိုးတိုးရိပ်တိပ် မြင်ရ၏။

"နိုင်ငံခြားမှာ ကိုယ် နေရထိုင်ရအဆင်ပြေဖို့"

"အင်း။ အဲ့ဒါလည်း ပါတယ်။"

"ပြီးတော့ ဦးကို ကိုယ်ပိုချစ်လာဖို့"

ဦးက ခေါင်းယမ်းကာ ရယ်သည်။

"အထင်ကြီးလိုက်တာ"

"မဟုတ်ဘူးလား"

"ဟုတ်မနေဘူး"

သူ့ဘာသူ ငြင်းလိုက်ပြီးတော့မှ သဘောတကျ ထပ်ရယ်နေပြန်သည်။ ဘုမသိဘမသိ လွမ်းလတ်နောင်လည်း လိုက်ရယ်လိုက်၏။

"သစ္စာပန်းလေးတွေလို နှစ်ယောက်လုံး တစ်ယောက်အပေါ် တစ်ယောက် သစ္စာ ရှိကြပါစေလို့"

'နှစ်ယောက်လုံး'ဟု သုံးနှုန်းလိုက်သဖြင့် လွမ်းလတ်နောင် အံ့ဩသွားရသည်။ သူ့အတွက်ကိုပဲ စိတ်မချမည် ထင်လိုက်မိသည်ကို ဦးက သူ့ကိုယ်သူအတွက်ပါ...။

"နှစ်ယောက်လုံး အတွက်လား"

"အင်း။ လတ်ကိုပဲ စိတ်မချတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မချဘူး။"

"ဟမ်။ ဘယ်လိုကြီးလဲ။"

လှေကားထစ်တွေ အတိုင်း ပြန်ဆင်းသွားသော ခြေလှမ်းတွေနောက် အမှီလိုက်ကာ မေးလိုက်တော့ လှည့်ကြည့်ကာ ပြုံးပြသည်။ ကြည်လင်ရှင်းနေသော မျက်နှာဖြင့်လည်း အေးအေးဆေးလေး ဖြေသည်။

"ကံကြမ္မာဆိုတာက အလှည့်အပြောင်းသိပ်မြန်လို့ သူ့ကစားကွက်ထဲမှာ မတော်တဆ ငါတို့နှစ်ယောက်ပါ ပါခဲ့ရင် တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်ကြဖို့ ဆုတောင်းခဲ့တာ"

ရုတ်တရက် လွမ်းလတ်နောင် မျက်လုံးတို့ ပူလာရသည်။ ဦးက သူ့ကို မချစ်ဘူးဟု ဘယ်တုန်းကမှ မထင်ခဲ့သော်လည်း ထိုအခိုက်အတန့်တွင်တော့ ဦး၏ အချစ်ကို အပြည့်အ၀ထက် သာလွန်စွာ ယုံကြည်မိလိုက်၏။

"ဦးက အချစ်တွေကို သိမ်းထားတာပဲ"

လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ပြောလိုက်လျှင် ရယ်မောပြန်သည်။ ဒီနေ့အတွင်းကို ဦး ရယ်နေသည်မှာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့။ ဦးက သူနှင့် အတူရှိလျှင် ဒီလောက်အထိ ပျော်မှန်း အခုအချိန်မှ သိရ၍ စိတ်မကောင်းပင် ဖြစ်မိရသည်။

"ဦးရာ။ ကြည့်ရင်း ကြည့်ရင်းနဲ့ကို ကိုယ် စိတ်မထိန်း‌နိုင်တော့ဘူးနော်။"

ပြုံးစစနှင့် အသည်းယားစွာ ဆိုလိုက်မိသည်ကို ဦးက အမှန်တကယ်ပင် သူ့နှုတ်ခမ်းအား ဖျတ်ခနဲ လာနမ်းသည်။ ပထမဆုံးအကြိမ်။ ပထမ၏ ပထမဆုံးအကြိမ်ဟု ဆိုရလောက်သော ဦးဘက်က စတင်သည့် အနမ်းမို့ ခွေ့ခနဲပင် လဲချင်သလိုလို ဖြစ်သွားမိ၏။

"ဦးရာ..."

ခါးလေးကနေ သိမ်းဖက်ကာ မြတ်နိုးစွာ နမ်းလိုက်လျှင် လှိုက်လှဲစွာနှင့် နှုတ်ခမ်းပါးလေးတွေက ကြိုဆိုကြသည်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်။ ဒီတစ်ခါ နောက်ဆုံးဖြစ်၍ အဆစ်တွေရော ‌အလေးတွေရော ခိုးကာ ပိုပိုသာသာလေးပင် နမ်းလိုက်မိ၏။

ဒီလူကို သိပ်ချစ်ခဲ့သည်။ ဒီလူကို သိပ်ချစ်ရသည်။ နောက်ထပ်ပြီးလည်း ဒီလူကို သိပ်ချစ်ရပါဦးမည်။

လည်ပင်းကို တွယ်ချိတ်ထားသော လက်ကလေးတွေက ရင်ဘတ်ကို လာတွန်းသည့်အချိန်မှ ရပ်ပေးလိုက်တော့ မျက်စောင်းလေးနှင့် ကြည့်သည်။ ချစ်ရည် ရွှန်းလဲ့သော မျက်၀န်းလေးများထဲတွင် သူတစ်ယောက်တည်းကိုသာ မြင်နေရသည်အား ကြည်နူးစွာဖြင့် ထပ်ကာထပ်ကာ ငေးကြည့်နေမိ၏။

"သောင်ယံဦး !!!"

ရုတ်တရက် ထွက်ပေါ်လာသော အသံကျယ်ကြီးမှာ မိုးခြိမ်းသံတမျှ ကျယ်လောင်သည်။ ရင်ဘတ်ထဲမှာ မိုးကြိုးပစ်သွားသလို စူးနင့်ပြီး ဓားအစင်းတစ်ထောင်က တစ်ပြိုင်နက်တည်း ခုတ်ဖြတ်လိုက်သလိုလည်း ခံစားလိုက်ကြရသည်။

ဦး၏ ဖေဖေ၊ ဆရာကြီး ဦးသာဦးဟာ ဘယ်အချိန်ကတည်းက ထိုနေရာမှာ ရပ်နေမှန်း မသိသလို ဘယ်ကစပြီး သူတို့ကို မြင်သွားခဲ့သလဲလည်း မသိ။

"ဖေဖေ"

"မင်း ! မင်းတို့ ! ဘာလုပ်နေကြတာလဲကွ။"

အနားသို့ ဦးဖေဖေက တိုးလာတော့ ဦးကို နောက်သို့ဆွဲကာ ခြေတစ်လှမ်းပါ လွမ်းလတ်နောင် နောက်ဆုတ်လိုက်သည်။ ဒါကို မြင်သည်နှင့် ဦးဖေဖေ၏ မျက်နှာမှာ အလွန်ခက်ထန်သွားပြီးနောက် အံကြိတ်ထားသော မေးရိုးများမှာ ထောင်ထလာနေ၏။

"ဦးလေး ကျွန်တော်တို့ ရှင်းပြပါရစေ"

"သောင်ယံဦး။ ငါနဲ့ ပြန်လိုက်ခဲ့စမ်း။"

"ဖေဖေ ကျွန်တော်တို့ကို မခွဲပါနဲ့။ ကျွန်တော်... ကျွန်တော်... ကိုလတ်ကိုချစ်..."

"တိတ်စမ်း ! မိဘမျက်နှာကို အိုးမည်းသုတ်တဲ့ သား။ ဒီနယ်တစ်ပိုင်မှာ ဦးသာဦးရယ်လို့ နှစ်နှစ်ဆယ်ကျော် ဂုဏ်သိက္ခာနဲ့ နေလာခဲ့သမျှက မင်းနဲ့ကျမှ ပျက်စီးရတယ်လို့။ ငါ့ဆီကို ခုချက်ချင်း လာခဲ့စမ်း။"

ဆုပ်ကိုင်ထားသော လက်ချောင်းများက ချွေးတွေ စိမ့်ထွက်ကာ တင်းကျပ်သည်ထက် တင်းကျပ်လာချိန်တွင် ဦးလက်ကို ဆွဲကာ နှစ်ယောက်သား တိုင်ပင်မထားဘဲ ကားလမ်းမပေါ်သို့ ပြေးမိကြသည်။ သိစိတ်က ဘာမှ စဉ်းစားမရသော်ငြား မသိစိတ်ကတော့ ထွက်ပေါက်တစ်ခုကို ရှာဖွေလျက်။

"ရပ်စမ်း မင်းတို့"

ဦးဖေဖေကလည်း ဇောအရှိန်ကြောင့် အိန္ဒြေတွေ ဘာတွေ ဂရုမစိုက်ဘဲ ထပ်ကြပ်မကွာ ပြေးလိုက်သည်။ သူတို့နှစ်ယောက်သည်လည်း နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဟု သဘောပိုက်ကာ အသည်းအသန် ပြေးမိကြသည်။

ထိုကဲ့သို့ ကားလမ်းမတစ်လျှောက် အားမလျော့စတမ်း လူသုံး‌ယောက်ပြေးနေကြလျှင် ကျန်လူများက အထူးတဆန်းနှယ် ဝိုင်းကာ ကြည့်ကြ၏။

အခြေအနေတွေက ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ခရီးသည်တင်ကား တစ်စီးက အနားက ဖြတ်လာသည်။ ရပ်မပေးသော်လည်း နှေးတော့ နှေးပေး၏။

"ဦး ခုန်တက်၊ ခုန်တက်လိုက်။ ဦးလေးမြန်မြန် မောင်းပါ။"

"လက်ကို ဆွဲလိုက်။ ငါ့လက်ကို ဆွဲ။"

ကားပေါ်သို့ နှစ်ယောက်သား အပြေးတစ်ပိုင်း ခုန်တက်ကာ လွတ်လွတ်ကျွတ်ကျွတ် ဝင်လိုက်ပြီးမှ စီးကျလာသော ချွေးများအား သုတ်ဖြစ်လိုက်ကြသည်။

"ကိုယ်တို့ လွတ်ပြီ ဦး"

ယခုမှ ဂိတ်က ထွက်လာခါစဖြစ်၍ ကားက လူရှင်းနေသည်။ သူတို့နှစ်ယောက်ကလည်း ကိုယ့်ဒုက္ခနှင့် ကိုယ်မို့ ဘယ်သွားသော ကားဖြစ်ဖြစ် တားကာ တက်လိုက်ကြရာ အခုမှ စာတန်းများအား သေချာ ကြည့်ဖြစ်ကြသည်။ ကံကောင်းသည်က ရန်ကုန်သွားသောကား ဖြစ်နေလေ၏။

ဦးဖေဖေက ဟိုးဝေးဝေးမှာ ဒေါသပုန်ထကာ ကျန်ခဲ့သည်။ အစပိုင်းက ထိုအရာကို ကြည့်ရုံနှင့်ပင် တုန်နေကြသော်လည်း အချိန် နည်းနည်းကြာတော့ လိုက်ဖမ်း၍ မရတော့မှန်း သတိပြုမိသွားကြရ၏။ ထိုအခါမှ သက်ပြင်းချကာ ထိုင်ခုံမှာ ၀င်ထိုင်မိကြရ၏။

"ကိုယ် စကော်လာ မသွားတော့ဘူး ဦး"

"ဟင်"

အနောက်ဘက်ကိုသာ အစဉ်တစ်စိုက်ကြည့်နေသော ဦးက လွမ်းလတ်နောင်ကို အံ့ဩတကြီး လှည့်ကြည့်သည်။

"ရန်ကုန်ရောက်ရင် ကိုယ် အလုပ်လုပ်မယ်။ ဦးလည်း ကျောင်းဆက်တက်ရမယ်။"

"မဖြစ်ပါဘူး လတ်ရာ။ ငါ မတက်ဘူး။ ငါလည်း အလုပ်လုပ်ပါ့မယ်။"

"အခု ကိုယ့်နောက်ကို လိုက်လာတာ ဦးဖေဖေကြောင့်လား။ ဦးသဘောနဲ့လား။"

"ငါ့...၊ ငါ့သဘောနဲ့။"

ခုံပေါ် တင်ထားသော လက်ချောင်းများအား ဆွဲယူအုပ်ကိုင်လိုက်သည်။ လက်မှာ အေးစက်နေသလို မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတို့ဖြင့် ဖျော့တော့ကာ နေရှာ၏။ ရွှန်းရွှန်းစားစား စိုက်ကြည့်လိုက်မှ ဦးက ရှက်သွေးဖြာသွား‌တော့သည်။

"ဦး ကိုယ့်နောက် လိုက်လာပြီ ဆိုကတည်းက ကိုယ်တို့ဘ၀က တစ်ဘ၀တည်း ဖြစ်သွားပြီ ဦး။ ကိုယ်က အိမ်ထောင်ဦးစီးပဲ။ ကိုယ့်ရဲ့ ဦးကို မတောင့်မတ၊ မကြောင့်ကြရတဲ့ ဘ၀မျိုးမှာပဲ ကိုယ်ထားမယ်။"

ဦးက ငေးကြည့်နေသေးသည်။ ခဏကြာမှ မျက်လွှာချကာ ခပ်တိုးတိုးဆို၏။

"လတ် စေတနာကို နားလည်ပါတယ်။ နေဖို့ ထိုင်ဖို့နဲ့ ငါကပါ ကျောင်းတက်နေရင် လတ် အများကြီး ပင်ပန်းမှာပေါ့။"

"တစ်နှစ်ပဲ။ ကိုယ် ပင်ပန်းရလည်း တစ်နှစ်ပါပဲ။ ဦး ဘွဲ့ရပြီးသွားမှ အလုပ်လုပ်။ အခု ကိုယ့်စကားကို နားထောင် ဟုတ်ပြီလား။ ပြီးတော့ ဦးသာ ကိုယ့်ကို အမြဲ ပြုံးပြနေရင် ကိုယ် ဘယ်တော့မှာ ပင်ပန်းမှာ မဟုတ်တော့ဘူး။"

ပါးနှစ်ဖက်ကို လက်ခုပ်ထဲ ထည့်ကာ ပြောလိုက်တော့ မျက်၀န်းလေးများက ပြုံးသည်။ နှုတ်ခမ်းလေးက ပြုံးသည်။ ဦးပြုံးတော့ သူပါ လိုက်ပြုံးလိုက်မိ၏။

နှစ်ကိုယ်တူ တိုင်းပြည်။ နှစ်ယောက် တစ်ဘဝ။ စောစီးစွာ ရောက်လာခဲ့သော်လည်း စိတ်ထဲ နှလုံးထဲကကို ပျော်မိပါ၏။

သို့သော် တဖြည်းဖြည်း ထိုအပြုံးတွေ၊ ကတိစကားတွေ၊ ရင်နှင့်အမျှ ချစ်ရခြင်းတွေသည် မှောင်မိုက်သော‌ လေဝဲဂယက်ထဲမှာ မျောပါနေသည့် စက္ကူစလေးများသဖွယ် လွင့်ပျံသွားရသည်။

ရဲရဲနီသော သွေးစက်များ၊ ကျယ်လောင်သော အသံများနှင့် ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေသွားသလို ခံစားရချိန်တွင် သူ့လက်ထဲမှ အမြတ်နိုးဆုံး တစ်စုံတစ်ရာအားလည်း လွမ်းလတ်နောင် လက်လွတ်လိုက်ရတော့၏။

TBC...

[Zawgyi]

(ဝါကြၽတ္ၿပီ အခ်စ္ရယ္ အသက္ရယ္ ××× သီတင္းကြၽတ္ခဲ့ၿပီကြယ္ ××× သီတင္းကြၽတ္ခဲ့ၿပီကြယ္ ××× ဝါကြၽတ္မီးပြဲၾကည့္မယ္ တူတူကြယ္ )

သီတင္းကြၽတ္ခါနီးျဖစ္၍ အသံခ်ဲ့စက္မွ ထြက္ေပၚေနေသာ သီခ်င္းမ်ားက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ရွိလွသည္။ ေနရာမွာ ရပ္ရင္း ပတ္ဝန္းက်င္ကို ႏွံ႕ေအာင္ လြမ္းလတ္ေနာင္ ၾကည့္လိုက္မိ၏။ ငယ္စဥ္က ကစားခဲ့ေသာ ေဘာလုံးကြင္း‌ေဟာင္းသည္လည္း မေျပာင္းမလဲရွိေနဆဲ။ ထိုကြင္းထဲတြင္လည္း ေဘာလုံးကန္ေနၾကေသာ ကေလးမ်ားစြာ ရွိေနဆဲ။

မိုး႐ြာ႐ြာ၊ ေနပူပူ။ သူတို႔လည္း ဤကြင္းထဲမွ မျပန္ဘဲ အေဆာ့မက္ခဲ့ၾကသည္။ ရန္ျဖစ္ခဲ့ၾကသည္။ တစ္ေယာက္ပုခုံး တစ္ေယာက္ဖက္ကာ ေက်ာင္းတက္ေက်ာင္းဆင္း လုပ္ခဲ့ၾကသလို တစ္ေယာက္ စက္ဘီးေနာက္ကလည္း တစ္ေယာက္လိုက္စီးခဲ့ၾကသည္။

ထို‌ေကာင္းတူဆိုးဖက္ သူငယ္ခ်င္းမွ ခ်စ္သူ ျဖစ္လာေသာ ဦးႏွင့္ သူက ဤသို႔ဤပုံ ႀကီးျပင္းခဲ့ပါလား ေတြးမိေတာ့ ရင္ထဲမွာ ခ်မ္းေျမ့သြားရ၏။ သူတို႔ၾကားမွာ ရွိသည့္ အမွတ္တရေတြဟာ မေရတြက္နိုင္။ စကၠန႔္ေတြဟာ မေရတြက္နိုင္။ သံေယာဇဥ္ေတြဟာ မေရတြက္နိုင္။

တသြင္သြင္ စီးဆင္းေနသည့္ ေတာင္က်ေခ်ာင္းငယ္၏ ေရအလ်ဥ္လို ဤအရာေတြကို ဘယ္လိုဓားႏွင့္မွ ခုတ္ျဖတ္၍ မျပတ္နိုင္။

ဦးတို႔အိမ္ေရွ႕မွ ျဖတ္ျပန္လာ၍ အရိပ္အျခည္ ၾကည့္လိုက္ေတာ့ လူမေတြ႕။ ႀကိဳသြားႏွင့္ၿပီ ထင္၍ လမ္းထိပ္သို႔ ခပ္ျမန္ျမန္ ေလွ်ာက္လာခဲ့လိုက္သည္။

ထေနာင္းပင္ရိပ္ေအာက္မွာ ဦးက တကယ္ ႀကိဳေရာက္ေန၏။ တစ္ညေလး ခြဲ႐ုံျဖင့္ ရက္ေပါင္း ၇၀၀ ေဆြးရေသာ ကိႏၷရီေမာင္ႏွံတို႔လို အေျပးသြားကာ အေနာက္မွ ဖက္ထားလိုက္မိသည္။

"အေစာႀကီး ေရာက္ေနတာလား"

"ဟင့္အင္း ခုေလးတင္။ လတ္ ဘယ္သြားေနတာလဲ။"

ရာသီဥတု ပူ၍ ဦးက ေပါ့ေပါ့ပါးပါး ရွပ္လက္တိုေလးသာ ဝတ္ထားေလသည္။ ေပြ႕ထားရင္းမွ ဆင္စြယ္ေရာင္ ျဖစ္ေနေသာ လက္ဖ်ံရိုးတစ္ေလွ်ာက္ကို ပြတ္သပ္လိုက္မိ၏။ လြမ္းလတ္ေနာင့္ ရည္းစားက ဘာလို႔ ဒီေလာက္အထိ ေကာင္းျခင္းေတြနဲ႕ ျပည့္စုံေနရပါလိမ့္။

"ေဘာလုံးကြင္းႀကီး လြမ္းလို႔ သြားၾကည့္တာ။ ၿပီးေတာ့ ကိုယ္တို႔ ေျခရာေတြေရာပဲ။ ဦးတို႔ အိမ္ေရွ႕က ျဖတ္ေတာ့ ၾကည့္လိုက္ေသးတယ္။ ဘယ္လိုလုပ္ၿပီး ႀကိဳေရာက္ေနတာလဲ။"

"ေတာင္ေပၚသြားမွာဆို"

"ဦးေျပာမွ သတိရတယ္။ ဟုတ္သားပဲ။"

ဒီမ်က္ႏွာေလးကို ျမင္ရတိုင္း အရာအားလုံး ေမ့ေပ်ာက္ရသည္ဟု ဆိုလွ်င္ ငရဲအိုးမွာ ခ်ိဳးကပ္ေတာ့မည္ ျဖစ္သျဖင့္ ျမန္ျမန္ဆန္ဆန္ပင္ ေခါင္းညိတ္ျပလိုက္သည္။ တကယ္ေတာ့ သူ မမွတ္မိ။

"ကြိကြိ ကြိကြိ"

ေစာင္းတန္းတစ္ေလွ်ာက္က ေမ်ာက္ေတြက သူတို႔ကို ျမင္ေတာ့ ေအာ္ဟစ္ကာ အစာလိုက္ေတာင္းၾကသည္။ ဦးက သဒၶါေပါက္၍ ေကြၽးၿပီးသည့္တိုင္ ထိုေမ်ာက္မ်ားက ဇြဲမေလွ်ာ့ဘဲ အေနာက္မွ လိုက္လာၾက၏။ ၾကာေတာ့ လြမ္းလတ္ေနာင္ စိတ္မရွည္ေတာ့။ အေကာင္း မၾကည္ႏူးရဘဲ တကြိကြိႏွင့္ သူတို႔အသံပဲ နားေထာင္ေနရသည္။

"အ‌စ္မ သစၥာပန္း ရွိေသးလား"

"ရွိ‌တယ္ ေမာင္ေလး။ ဒီမွာ တစ္စည္းက်န္ေသးတယ္။"

ျဖဴစြတ္ေသာ ပန္းခိုင္မွာ ႂကြင္းရစ္‌ေသာ ေရစက္ကေလးေတြပင္ မေပ်ာက္ေသး။ သို႔ေသာ္လည္း တျခားတျခားေသာ ဒီထက္လွသည့္ ပန္းမ်ား ရွိပါလ်က္ ဒါကိုမွ ဦးက ဘာေၾကာင့္ ႀကိဳက္မွန္း မသိေပ။ ဘယ္ေနရာသြားသြား။ ပန္းဟူ၍ ေ႐ြးလိုက္လွ်င္ အေရာင္သာ ကြဲသည္၊ သစၥာပန္းခ်ည္း ျဖစ္ေန၏။

"သစၥာပန္း အစိမ္းေရာင္ ရွိတာ သိလား ဦး"

"ဟင့္အင္း"

"ကိုယ္ေတြ႕ဖူးတယ္။ ေနာက္က် ဦးကို ျပမယ္။ အစိမ္းေရာင္က ေတာ္ေတာ္လွတယ္။"

"ခု ပန္းနဲ႕ လိုက္ၿပီး မနာလိုေနတာလား"

လြမ္းလတ္ေနာင္ ရယ္လိုက္မိေတာ့၏။ ဒီေရွ႕ေနက အကုန္သိလွသည္။

"ဘာေျပာလို႔လဲ။ အစိမ္းေရာင္ လွတယ္ေျပာတာကို။"

"အစိမ္းေရာင္ အေၾကာင္း ေျပာ႐ုံနဲ႕ ဒီအျဖဴကို ငါက ထားခဲ့ပါ့မလား။ သူ႕ကို ငါ ဝယ္ၿပီးၿပီေလ။ သူ႕ကို အရင္ေ႐ြးခဲ့တာမို႔ ေနာက္အေရာင္ေတြ ဘယ္ေလာက္လွလွ ထပ္မေ႐ြးေတာ့ဘူး။"

ဦး စိုက္ၾကည့္ရင္း ေျပာေနသည္က ပန္းဖူးေလးကိုသာ။ သို႔ေသာ္လည္း လြမ္းလတ္ေနာင္ ရင္ထဲ လိပ္ျပာေတြ ပ်ံေျပးသြား၏။ ဒါဆို အခု သူက ဦးရဲ႕ သစၥာပန္းအျဖဴေလးေပါ့။

လြတ္ေနေသာ လက္တစ္ဖက္ကို ဆြဲကိုင္ကာ ဇာတ္ကားထဲမွ မင္းသမီးမ်ား ေျပာတတ္ၾကသလို မူဟန္ပိုပိုျဖင့္ ေျပာလိုက္မိ၏။

"ဒါပဲေနာ္။ ကတိေပးၿပီးသြားၿပီ။ ဘယ္ေတာ့မွ မေျပာင္းရဘူး။"

ဘုရားေပၚသို႔ ေရာက္ေတာ့ ဦးက ပန္းလႉကာ ဘာေတြ ဆုေတာင္းသည္ မသိ။ တတြတ္တြတ္ႏွင့္ ေတာ္ေတာ့္ကို ၾကာေလသည္။ လြမ္းလတ္ေနာင္ကေတာ့ နဂိုကတည္းက ေပါက္ဆိန္ေပါက္ ရွိခိုးေနက်မိဳ႕ ခုလည္း ၿပီးကတည္းက ထိုမွိတ္ထားေသာ မ်က္ႏွာေလးကိုသာ ထိုင္ၾကည့္ေနျဖစ္လိုက္၏။

"ဘာၾကည့္ေနတာလဲ"

"ဦး ဘာေတြ ဆုေတာင္းေနတာလဲလို႔"

"ဆုေတာင္းေတြက ေျပာျပရင္ မျပည့္ေတာ့ဘူးတဲ့"

"အဲ့လိုလား။ ကိုယ္သိေနပါတယ္။ ဦး ဘာဆု ေတာင္းလဲဆိုတာ။"

"ေျပာၾကည့္ပါဦး"

ထိုင္ရာမွထကာ ေတာင္ေအာက္ကို ျမင္ရသည့္ဘက္သို႔ ေလွ်ာက္သြားသျဖင့္ လြမ္းလတ္ေနာင္လည္း လိုက္လာခဲ့လိုက္သည္။ ေတာင္ေအာက္ကို ငုံ႕ၾကည့္လိုက္လွ်င္ မႈန္မႊားမႊား ကားေလးမ်ား ေျပးေနသည္ကို ရိုးတိုးရိပ္တိပ္ ျမင္ရ၏။

"နိုင္ငံျခားမွာ ကိုယ္ ေနရထိုင္ရအဆင္ေျပဖို႔"

"အင္း။ အဲ့ဒါလည္း ပါတယ္။"

"ၿပီးေတာ့ ဦးကို ကိုယ္ပိုခ်စ္လာဖို႔"

ဦးက ေခါင္းယမ္းကာ ရယ္သည္။

"အထင္ႀကီးလိုက္တာ"

"မဟုတ္ဘူးလား"

"ဟုတ္မေနဘူး"

သူ႕ဘာသူ ျငင္းလိုက္ၿပီးေတာ့မွ သေဘာတက် ထပ္ရယ္ေနျပန္သည္။ ဘုမသိဘမသိ လြမ္းလတ္ေနာင္လည္း လိုက္ရယ္လိုက္၏။

"သစၥာပန္းေလးေတြလို ႏွစ္ေယာက္လုံး တစ္ေယာက္အေပၚ တစ္ေယာက္ သစၥာ ရွိၾကပါေစလို႔"

'ႏွစ္ေယာက္လုံး'ဟု သုံးႏႈန္းလိုက္သျဖင့္ လြမ္းလတ္ေနာင္ အံ့ဩသြားရသည္။ သူ႕အတြက္ကိုပဲ စိတ္မခ်မည္ ထင္လိုက္မိသည္ကို ဦးက သူ႕ကိုယ္သူအတြက္ပါ...။

"ႏွစ္ေယာက္လုံး အတြက္လား"

"အင္း။ လတ္ကိုပဲ စိတ္မခ်တာ မဟုတ္ဘူး။ ကိုယ့္ကိုယ္ကိုယ္လည္း စိတ္မခ်ဘဴး။"

"ဟမ္။ ဘယ္လိုႀကီးလဲ။"

ေလွကားထစ္ေတြ အတိုင္း ျပန္ဆင္းသြားေသာ ေျခလွမ္းေတြေနာက္ အမွီလိုက္ကာ ေမးလိုက္ေတာ့ လွည့္ၾကည့္ကာ ၿပဳံးျပသည္။ ၾကည္လင္ရွင္းေနေသာ မ်က္ႏွာျဖင့္လည္း ေအးေအးေဆးေလး ေျဖသည္။

"ကံၾကမၼာဆိုတာက အလွည့္အေျပာင္းသိပ္ျမန္လို႔ သူ႕ကစားကြက္ထဲမွာ မေတာ္တဆ ငါတို႔ႏွစ္ေယာက္ပါ ပါခဲ့ရင္ တစ္ေယာက္အေပၚ တစ္ေယာက္ ယုံၾကည္ၾကဖို႔ ဆုေတာင္းခဲ့တာ"

႐ုတ္တရက္ လြမ္းလတ္ေနာင္ မ်က္လုံးတို႔ ပူလာရသည္။ ဦးက သူ႕ကို မခ်စ္ဘူးဟု ဘယ္တုန္းကမွ မထင္ခဲ့ေသာ္လည္း ထိုအခိုက္အတန႔္တြင္ေတာ့ ဦး၏ အခ်စ္ကို အျပည့္အ၀ထက္ သာလြန္စြာ ယုံၾကည္မိလိုက္၏။

"ဦးက အခ်စ္ေတြကို သိမ္းထားတာပဲ"

လက္ဖဝါးေလးကို ဆုပ္ကိုင္ကာ ေျပာလိုက္လွ်င္ ရယ္ေမာျပန္သည္။ ဒီေန႕အတြင္းကို ဦး ရယ္ေနသည္မွာ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္း မသိေတာ့။ ဦးက သူႏွင့္ အတူရွိလွ်င္ ဒီေလာက္အထိ ေပ်ာ္မွန္း အခုအခ်ိန္မွ သိရ၍ စိတ္မေကာင္းပင္ ျဖစ္မိရသည္။

"ဦးရာ။ ၾကည့္ရင္း ၾကည့္ရင္းနဲ႕ကို ကိုယ္ စိတ္မထိန္း‌နိုင္ေတာ့ဘူးေနာ္။"

ၿပဳံးစစႏွင့္ အသည္းယားစြာ ဆိုလိုက္မိသည္ကို ဦးက အမွန္တကယ္ပင္ သူ႕ႏႈတ္ခမ္းအား ဖ်တ္ခနဲ လာနမ္းသည္။ ပထမဆုံးအႀကိမ္။ ပထမ၏ ပထမဆုံးအႀကိမ္ဟု ဆိုရေလာက္ေသာ ဦးဘက္က စတင္သည့္ အနမ္းမို႔ ေခြ႕ခနဲပင္ လဲခ်င္သလိုလို ျဖစ္သြားမိ၏။

"ဦးရာ..."

ခါးေလးကေန သိမ္းဖက္ကာ ျမတ္နိုးစြာ နမ္းလိုက္လွ်င္ လွိုက္လွဲစြာႏွင့္ ႏႈတ္ခမ္းပါးေလးေတြက ႀကိဳဆိုၾကသည္။ ေနာက္ဆုံးပိတ္ အိတ္နဲ႕လြယ္။ ဒီတစ္ခါ ေနာက္ဆုံးျဖစ္၍ အဆစ္ေတြေရာ ‌အေလးေတြေရာ ခိုးကာ ပိုပိုသာသာေလးပင္ နမ္းလိုက္မိ၏။

ဒီလူကို သိပ္ခ်စ္ခဲ့သည္။ ဒီလူကို သိပ္ခ်စ္ရသည္။ ေနာက္ထပ္ၿပီးလည္း ဒီလူကို သိပ္ခ်စ္ရပါဦးမည္။

လည္ပင္းကို တြယ္ခ်ိတ္ထားေသာ လက္ကေလးေတြက ရင္ဘတ္ကို လာတြန္းသည့္အခ်ိန္မွ ရပ္ေပးလိုက္ေတာ့ မ်က္ေစာင္းေလးႏွင့္ ၾကည့္သည္။ ခ်စ္ရည္ ႐ႊန္းလဲ့ေသာ မ်က္၀န္းေလးမ်ားထဲတြင္ သူတစ္ေယာက္တည္းကိုသာ ျမင္ေနရသည္အား ၾကည္ႏူးစြာျဖင့္ ထပ္ကာထပ္ကာ ေငးၾကည့္ေနမိ၏။

"ေသာင္ယံဦး !!!"

႐ုတ္တရက္ ထြက္ေပၚလာေသာ အသံက်ယ္ႀကီးမွာ မိုးၿခိမ္းသံတမွ် က်ယ္ေလာင္သည္။ ရင္ဘတ္ထဲမွာ မိုးႀကိဳးပစ္သြားသလို စူးနင့္ၿပီး ဓားအစင္းတစ္ေထာင္က တစ္ၿပိဳင္နက္တည္း ခုတ္ျဖတ္လိုက္သလိုလည္း ခံစားလိုက္ၾကရသည္။

ဦး၏ ေဖေဖ၊ ဆရာႀကီး ဦးသာဦးဟာ ဘယ္အခ်ိန္ကတည္းက ထိုေနရာမွာ ရပ္ေနမွန္း မသိသလို ဘယ္ကစၿပီး သူတို႔ကို ျမင္သြားခဲ့သလဲလည္း မသိ။

"ေဖေဖ"

"မင္း ! မင္းတို႔ ! ဘာလုပ္ေနၾကတာလဲကြ။"

အနားသို႔ ဦးေဖေဖက တိုးလာေတာ့ ဦးကို ေနာက္သို႔ဆြဲကာ ေျခတစ္လွမ္းပါ လြမ္းလတ္ေနာင္ ေနာက္ဆုတ္လိုက္သည္။ ဒါကို ျမင္သည္ႏွင့္ ဦးေဖေဖ၏ မ်က္ႏွာမွာ အလြန္ခက္ထန္သြားၿပီးေနာက္ အံႀကိတ္ထားေသာ ေမးရိုးမ်ားမွာ ေထာင္ထလာေန၏။

"ဦးေလး ကြၽန္ေတာ္တို႔ ရွင္းျပပါရေစ"

"ေသာင္ယံဦး။ ငါနဲ႕ ျပန္လိုက္ခဲ့စမ္း။"

"ေဖေဖ ကြၽန္ေတာ္တို႔ကို မခြဲပါနဲ႕။ ကြၽန္ေတာ္... ကြၽန္ေတာ္... ကိုလတ္ကိုခ်စ္..."

"တိတ္စမ္း ! မိဘမ်က္ႏွာကို အိုးမည္းသုတ္တဲ့ သား။ ဒီနယ္တစ္ပိုင္မွာ ဦးသာဦးရယ္လို႔ ႏွစ္ႏွစ္ဆယ္ေက်ာ္ ဂုဏ္သိကၡာနဲ႕ ေနလာခဲ့သမွ်က မင္းနဲ႕က်မွ ပ်က္စီးရတယ္လို႔။ ငါ့ဆီကို ခုခ်က္ခ်င္း လာခဲ့စမ္း။"

ဆုပ္ကိုင္ထားေသာ လက္ေခ်ာင္းမ်ားက ေခြၽးေတြ စိမ့္ထြက္ကာ တင္းက်ပ္သည္ထက္ တင္းက်ပ္လာခ်ိန္တြင္ ဦးလက္ကို ဆြဲကာ ႏွစ္ေယာက္သား တိုင္ပင္မထားဘဲ ကားလမ္းမေပၚသို႔ ေျပးမိၾကသည္။ သိစိတ္က ဘာမွ စဥ္းစားမရေသာ္ျငား မသိစိတ္ကေတာ့ ထြက္ေပါက္တစ္ခုကို ရွာေဖြလ်က္။

"ရပ္စမ္း မင္းတို႔"

ဦးေဖေဖကလည္း ေဇာအရွိန္ေၾကာင့္ အိေႏၵျေတြ ဘာေတြ ဂ႐ုမစိုက္ဘဲ ထပ္ၾကပ္မကြာ ေျပးလိုက္သည္။ သူတို႔ႏွစ္ေယာက္သည္လည္း ေနာက္က်တဲ့ ေျခေထာက္ သစၥာေဖာက္ဟု သေဘာပိုက္ကာ အသည္းအသန္ ေျပးမိၾကသည္။

ထိုကဲ့သို႔ ကားလမ္းမတစ္ေလွ်ာက္ အားမေလ်ာ့စတမ္း လူသုံး‌ေယာက္ေျပးေနၾကလွ်င္ က်န္လူမ်ားက အထူးတဆန္းႏွယ္ ဝိုင္းကာ ၾကည့္ၾက၏။

အေျခအေနေတြက ႐ုန္းရင္းဆန္ခတ္ျဖစ္ေနခ်ိန္တြင္ ခရီးသည္တင္ကား တစ္စီးက အနားက ျဖတ္လာသည္။ ရပ္မေပးေသာ္လည္း ေႏွးေတာ့ ေႏွးေပး၏။

"ဦး ခုန္တက္၊ ခုန္တက္လိုက္။ ဦးေလးျမန္ျမန္ ေမာင္းပါ။"

"လက္ကို ဆြဲလိုက္။ ငါ့လက္ကို ဆြဲ။"

ကားေပၚသို႔ ႏွစ္ေယာက္သား အေျပးတစ္ပိုင္း ခုန္တက္ကာ လြတ္လြတ္ကြၽတ္ကြၽတ္ ဝင္လိုက္ၿပီးမွ စီးက်လာေသာ ေခြၽးမ်ားအား သုတ္ျဖစ္လိုက္ၾကသည္။

"ကိုယ္တို႔ လြတ္ၿပီ ဦး"

ယခုမွ ဂိတ္က ထြက္လာခါစျဖစ္၍ ကားက လူရွင္းေနသည္။ သူတို႔ႏွစ္ေယာက္ကလည္း ကိုယ့္ဒုကၡႏွင့္ ကိုယ္မို႔ ဘယ္သြားေသာ ကားျဖစ္ျဖစ္ တားကာ တက္လိုက္ၾကရာ အခုမွ စာတန္းမ်ားအား ေသခ်ာ ၾကည့္ျဖစ္ၾကသည္။ ကံေကာင္းသည္က ရန္ကုန္သြားေသာကား ျဖစ္ေနေလ၏။

ဦးေဖေဖက ဟိုးေဝးေဝးမွာ ေဒါသပုန္ထကာ က်န္ခဲ့သည္။ အစပိုင္းက ထိုအရာကို ၾကည့္႐ုံႏွင့္ပင္ တုန္ေနၾကေသာ္လည္း အခ်ိန္ နည္းနည္းၾကာေတာ့ လိုက္ဖမ္း၍ မရေတာ့မွန္း သတိျပဳမိသြားၾကရ၏။ ထိုအခါမွ သက္ျပင္းခ်ကာ ထိုင္ခုံမွာ ၀င္ထိုင္မိၾကရ၏။

"ကိုယ္ စေကာ္လာ မသြားေတာ့ဘူး ဦး"

"ဟင္"

အေနာက္ဘက္ကိုသာ အစဥ္တစ္စိုက္ၾကည့္ေနေသာ ဦးက လြမ္းလတ္ေနာင္ကို အံ့ဩတႀကီး လွည့္ၾကည့္သည္။

"ရန္ကုန္ေရာက္ရင္ ကိုယ္ အလုပ္လုပ္မယ္။ ဦးလည္း ေက်ာင္းဆက္တက္ရမယ္။"

"မျဖစ္ပါဘူး လတ္ရာ။ ငါ မတက္ဘူး။ ငါလည္း အလုပ္လုပ္ပါ့မယ္။"

"အခု ကိုယ့္ေနာက္ကို လိုက္လာတာ ဦးေဖေဖေၾကာင့္လား။ ဦးသေဘာနဲ႕လား။"

"ငါ့...၊ ငါ့သေဘာနဲ႕။"

ခုံေပၚ တင္ထားေသာ လက္ေခ်ာင္းမ်ားအား ဆြဲယူအုပ္ကိုင္လိုက္သည္။ လက္မွာ ေအးစက္ေနသလို မ်က္ႏွာမွာလည္း စိုးရိမ္ပူပန္မႈတို႔ျဖင့္ ေဖ်ာ့ေတာ့ကာ ေနရွာ၏။ ႐ႊန္း႐ႊန္းစားစား စိုက္ၾကည့္လိုက္မွ ဦးက ရွက္ေသြးျဖာသြား‌ေတာ့သည္။

"ဦး ကိုယ့္ေနာက္ လိုက္လာၿပီ ဆိုကတည္းက ကိုယ္တို႔ဘ၀က တစ္ဘ၀တည္း ျဖစ္သြားၿပီ ဦး။ ကိုယ္က အိမ္ေထာင္ဦးစီးပဲ။ ကိုယ့္ရဲ႕ ဦးကို မေတာင့္မတ၊ မေၾကာင့္ၾကရတဲ့ ဘ၀မ်ိဳးမွာပဲ ကိုယ္ထားမယ္။"

ဦးက ေငးၾကည့္ေနေသးသည္။ ခဏၾကာမွ မ်က္လႊာခ်ကာ ခပ္တိုးတိုးဆို၏။

"လတ္ ေစတနာကို နားလည္ပါတယ္။ ေနဖို႔ ထိုင္ဖို႔နဲ႕ ငါကပါ ေက်ာင္းတက္ေနရင္ လတ္ အမ်ားႀကီး ပင္ပန္းမွာေပါ့။"

"တစ္ႏွစ္ပဲ။ ကိုယ္ ပင္ပန္းရလည္း တစ္ႏွစ္ပါပဲ။ ဦး ဘြဲ႕ရၿပီးသြားမွ အလုပ္လုပ္။ အခု ကိုယ့္စကားကို နားေထာင္ ဟုတ္ၿပီလား။ ၿပီးေတာ့ ဦးသာ ကိုယ့္ကို အၿမဲ ၿပဳံးျပေနရင္ ကိုယ္ ဘယ္ေတာ့မွာ ပင္ပန္းမွာ မဟုတ္ေတာ့ဘူး။"

ပါးႏွစ္ဖက္ကို လက္ခုပ္ထဲ ထည့္ကာ ေျပာလိုက္ေတာ့ မ်က္၀န္းေလးမ်ားက ၿပဳံးသည္။ ႏႈတ္ခမ္းေလးက ၿပဳံးသည္။ ဦးၿပဳံးေတာ့ သူပါ လိုက္ၿပဳံးလိုက္မိ၏။

ႏွစ္ကိုယ္တူ တိုင္းျပည္။ ႏွစ္ေယာက္ တစ္ဘဝ။ ေစာစီးစြာ ေရာက္လာခဲ့ေသာ္လည္း စိတ္ထဲ ႏွလုံးထဲကကို ေပ်ာ္မိပါ၏။

သို႔ေသာ္ တျဖည္းျဖည္း ထိုအၿပဳံးေတြ၊ ကတိစကားေတြ၊ ရင္ႏွင့္အမွ် ခ်စ္ရျခင္းေတြသည္ ေမွာင္မိုက္ေသာ‌ ေလဝဲဂယက္ထဲမွာ ေမ်ာပါေနသည့္ စကၠဴစေလးမ်ားသဖြယ္ လြင့္ပ်ံသြားရသည္။

ရဲရဲနီေသာ ေသြးစက္မ်ား၊ က်ယ္ေလာင္ေသာ အသံမ်ားႏွင့္ ခႏၶာကိုယ္တစ္ခုလုံး က်ိဳးေၾကသြားသလို ခံစားရခ်ိန္တြင္ သူ႕လက္ထဲမွ အျမတ္နိုးဆုံး တစ္စုံတစ္ရာအားလည္း လြမ္းလတ္ေနာင္ လက္လြတ္လိုက္ရေတာ့၏။

TBC...

Continue Reading

You'll Also Like

1M 129K 35
ကိုယ်က ဧကရာဇ် ဆိုပေမယ့် မင်းက ကိုယ့်သခင်ပါ #Both Unicode & Zawgyi #စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်ပါရှငိ
58.3K 5.9K 22
Top-Taehyung Bottom -kook 🌿 #𝑣𝑖𝑜𝑙𝑎_𝐾𝑖𝑚
4.3M 280K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
1.5M 242K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...