၁၉၉၅ခုနှစ်
ဆယ်တန်းစာမေးပွဲရက် နီးလာပြီမို့ အရင်လိုအလေလိုက်လို့ မရတော့ပေ။ ဟေလားဝါးလား လုပ်နေလို့ မရ။သင်ပြီးသမျှ စာတွေ ကျက်ရသည်။ကျက်ပြီးသားစာများကိုလည်း Revisionပြန်ရသည်။ဆယ်တန်းစာမေးပွဲတွင် အမှတ်များပြီး ဂုဏ်ထူးများစွာနှင့် အောင်ချင်သည့် ထိန်လင်း၏ စိတ်ကြောင့်လည်းဖြစ်သည်။
ဒါမှလည်း ထိန်လင်း အမြဲလိုလို အိမ်မက် မက်နေခဲ့ရသည့် အင်ဂျင်နီယာလိုင်းကို မှီမှာလေ။
စာမေးပွဲနီးသည်နှင့် ကျူရှင်ကို နေ့ချင်းပြန်တက်ပြီး ညနေကျောင်းဆင်းလျှင် အိမ်ပြန်ရသည်။ ညကျူရှင်တက်ဖို့ အိမ်တွင် ထမင်းပြန်စားဖို့ဖြစ်သည်။ ထမင်းစားပြီးတာနှင့်ရွာကနေပြန်လာကာ ညကျူရှင်တက်သည့်အိမ်မှာပင် ညအိပ်ရသည်။
နောင်ရိုးတို့ ဆုလဲ့တို့နှင့်လည်း သိပ်မတွေ့ဖြစ်တော့ပေ။စာေမးပွဲ နီးလာပြီမို့ စာကိုသာ အာရုံစိုက်နေရသည်။
အရင်ရက်တွေကိုတော့ တစ်ခါတလေ လွမ်းမိပါသည်။ စလိုက် နောက်လိုက်နှင့် အတော်ပျော်စရာကောင်းသည်။ ဟိုကောင်နောင်ရိုးနှင့်ပင် စက်ဘီးအတူတူ မစီးရတာကြာချေပြီ။ ဒီကောင် စက်ဘီးဝယ်ပြီးကတည်းကဆို ပိုမှန်ပေလိမ့်မည်။
ဒီနေ့တော့ ကျူရှင်တွင် အမှတ်၁၀၀ဖိုး စာမေးပွဲအစမ်းစစ်ေလသည်။ စာမေးပွဲဖြေပြီးပြီးချင်း ထိန်လင်းအခန်းထဲမှ ထွက်လာကာ ကျူရှင်ရှေ့ရှိ ဗန်ဒါပင်ရိပ်ေအာက်တွင် သူငယ်ချင်း
နှစ်ေယာက် ကို ထိုင်စောင့်နေမိသည်။
တောင်လေက တဖြူးဖြူးတိုက်ခတ်နေသည်။ဗန်ဒါပင် အရိပ်အောက်တွင် အေးအေးလူလူဖြင့် ထိုင်စောင့်နေရင်းမှပင် ခေါင်းထဲသို့ ဖျတ်ခနဲဝင်လာသည့် အတွေးလေးကြောင့် ထိန်လင်း နေရာမှထကာ ချက်ချင်းလုပ်လိုက်လေသည်။
တစ်အောင့်ကြာသည်နှင့် ကျူရှင်အိမ်ထဲမှ လူတစ်ချိူ့ တစ်စတစ်စ ထွက်လာသည်။ထိုလူများထဲတွင် နောင်ရိုးနှင့်ဆုလဲ့ပါ ပါလာလေသည်။
"ဘယ်လိုလဲ ဖြေနိုင်ကြလား"
အနားသို့ရောက်ရောက်ချင်း ထိန်လင်း ဟန်ကိုယ့်ကာ မေးလိုက်လေသည်။
"ဖြေနိုင်ပါတယ် ငါတို့က.. ဒါနဲ့ နင်က ဘာလို့အစောကြီးထွက်ရတာလဲ"
"ဖင်ပူအောင် ထိုင်မနေချင်ဘူးဟာ မြန်မြန်ဖြေ၊ မြန်မြန်ထွက်တာပဲ ကောင်းတယ်"
"စာရော ပြန်စစ်ခဲ့ရဲ့လားကွာ"
နောင်ရိုးအမေးကိုတော့ သူ ပြုံးပြရင်း ခေါင်းညိတ်မိပါသည်။ကျေနပ်လောက်ပြီဆိုမှ ထွက်လာခဲ့တာလေ...။အရာရာကို စိတ်မရှည်တတ်သလို၊စောင့်ဆိုင်းနေရတာကိုး ထိန်လင်းမကြိုက်ပေ။
"ဟာ...ငါ့စက်ဘီးကို လေမထိုးမိဘူးနဲ့တူတယ်ဟ ပြားကပ်နေတာပဲ ဒုက္ခပါပဲကွာ ဘီးများပေါက်သလား"
နောင်ရိုးသစ်၏ စိတ်ပျက်လက်ပျက်ပြောသည့် အသံလေးကြောင့် ထိန်လင်း လှစ်ခနဲပြုံးလိုက်မိပါသည်။တရားခံ ဘယ်သူလဲတော့ မေးမည်မထင်။ မတတ်နိုင်ဘူးလေ....။
ကိုယ်မသိတဲ့အတိုင်း ဟန်ဆောင်ရမှာပဲ။
"ဘာဖြစ်လို့လဲကွ.."
"နောက်ဘီးလေ ဘီးပေါက်သွားတာလား မသိဘူးကွာ ပြားကပ်နေတာပဲ ဘယ်လိုစီးလို့ရပါ့မလဲ မသိတော့ပါဘူးကွာ.."
နောင်ရိုး၏ စိတ်ပျက်လက်ပျက်အသံကြောင့်ပင် အရာရာစပ်စုတတ်သည့် ဆုလဲ့နှင်းက
"မနက်ကမှ လေတွေရှိပါတယ်ဟယ် ငါတောင်အမှတ်တထင်ကြည့်မိသေး ဘယ်ကကောင်တွေ လက်ကကမြင်းကြောထသွားမှန်းမှ မသိတာ.."
"ထားလိုက်ပါတော့ဟာ...ဒီလိုပြောနေလို့တော့လည်း စက်ဘီးက ကောင်းလှမှာမှ မဟုတ်တာ"
"မင်းစက်ဘီးထားခဲ့ ငါ့နောက်ကပဲလိုက်ခဲ့တော့
ငါတို့ ရွာကပြန်ထွက်လာရင် မှောင်မှာဆိုးရတယ်ကွ....ပြန်လာမှ ကိုဖိုးဝကြီးဆိုင် သွားပြန်ရအောင်ကွာ"
"အေးပါကွာ ဒီလိုပဲလုပ်ရမှာပေါ့"ဟုဆိုကာ ထိန်လင်း၏ စက်ဘီးကယ်ရီယာနောက်ခုံလေးပေါ်သို့ စွေ့ခနဲေရာက်လာေလသည်။ထို့နောက် ထိန်လင်းအောင်သည် သွက်လက်လှသော ခြေလှမ်းများဖြင့် ရွာလေးဆီသို့ နင်းလာခဲ့သည်။
"မင်း...စက်ဘီးက ဘီးပေါက်သွားတာနေမယ်"
"အေးကွာ မနက်ကတည်းက အကောင်းပါ
ပြန်ခါနီးမှပဲ ဘယ်ကောင် လက်ကမြင်းကြောထသွားတာလဲ မသိဘူး.."
ထိန်လင်း မျက်နှာကပြုံးစိစိနှင့်။
စက်ဘီးကလေးအား ခပ်မြန်မြန်နင်းရင်းမှပင် လမ်းဘေးတစ်နေရာရှိ ညောင်ပင်အောက်အရောက်တွင် အရှိန်သတ်ကာ ရပ်လိုက်ေလသည်။နောက်မှာ ကျန်နေခဲ့သည့် ဆုလဲ့ကို စောင့်ရဦးမည်လေ။
"ဘာလို့လဲ.."
"ဆုလဲ့ကို စောင့်မလို့လေ.."
"မင်းက ခပ်မှန်မှန်မှမစီးတာ အသားကုန်နင်းနေတာကိုးကွ.."
"မင်းစက်ဘီးက ဘီးပေါက်သွားတာ မဟုတ်ဘူး"
"ဟင် ဘာကောင်လုပ်သွားတာလဲ မင်းသိလို့လား"
"အင်း။ တကယ်တော့လေ ..ငါ မင်းနဲ့စက်ဘီးအတူတူမစီးရတာကြာလို့ လုပ်လိုက်တာ.."
"ဟာ ဘယ်လို"
"ဟုတ်တယ်ကွ မင်းစက်ဘီးကို မင်းမလာခင် ထောက်ချွန်နဲ့ ဖောက်လိုက်တာ...မင်းနဲ့အတူစက်ဘီးမစီးရတာကြာပြီကွ...ငါ့စက်ဘီးအနောက်မှာ မင်းမပါတော့ ငါရင့်ထဲဟာတာတာကြီး"
"အဲ့တော့ မင်းက ငါ့စက်ဘီးကို ထောက်ချွန်နဲ့ဖောက်လိုက်တာပေါ့လေ.."
"အေး"
"ခွေးကောင်"ဟု ခပ်ကျယ်ကျယ်အော်ဆဲကာ ရင်ဘတ်အား လက်သီးဖြင့် ခပ်ဖွဖွထိုးေလသည်။စိတ်ဆိုးဟန်မရှိ။ မျက်နှာကလေးသည် ကြည်လင်ဝင်းပနေသည်။ဝဲဘက်ရင်အုံသို့ ရောက်လာသည့် လက်သီးခပ်ဖွဖွလေးအား သူ မတားမိတော့။ ထိုကောင်လေးအား သဘောကျစွာကြည့်ရင်း ပြုံးနေမိတော့သည်။
*************
တစ်နှစ်ပတ်လုံး ကျောင်းစာများနှင့် နပမ်းလုံးနေခဲ့ရာမှ ဆယ်တန်းစာမေးပွဲပြီးမှ လူရောစိတ်ပါ အနားရတော့လေသည်။
နွေဦးပေါက်ခါစမို့ လေရူးတွေက တဝှေ့ဝှေ့တိုက်ခတ်နေသည်။ ရွာထိပ်မှာရှိသည့် မီးဖိုခနောက်ပုံသဏ္ဍာန်ဆိုင်ကာ ပေါက်နေသော
သရက်ပင်ကြီးသုံးပင်ရှိသည့် သရက်တောထဲတွင် ထိန်လင်းအောင် တစ်ယောက်တည်း ထိုင်စောင့်နေသည်။သရက်ပင်ကြီး သုံးပင်သည် အရွက်များဖားဖားဝေကာ သရက်ဖူးကလေးများပင် ဖူးနေလေသည်။ သရက်ဖူးရနံ့လေးကာ ခပ်သင်းသင်း။
သရက်တောထဲသို့ ရောက်နေသည်မှာ ဆုလဲ့နှင်းဆိုသည့် သူငယ်ချင်းမလေး၏ ချိန်းဆိုမှုကြောင့်ပင်ဖြစ်သည်။စာမေးပွဲပြီးပြီးချင်း ရန်ကုန်မှာနေသည့် အဘိုးဆုံးတာကြောင့် မိသားစုနှင့်အတူ ရန်ကုန်ကို လိုက်သွားခဲ့ရသည်။ ရက်လည်သည်နှင့် မေမေနှင့် ထိန်လင်းက ပြန်လာခဲ့သည်။ ဖေဖေကတော့ ဦးလေးနှင့်အတူ နေရစ်ခဲ့လေသည်။
ရန်ကုန်က ပြန်ရောက်ရောက်သည့် မနက်ပိုင်းမှာပင် "နင်တို့နှစ်ယောက်ကို ငါအရေးတကြီးပြောစရာရှိတယ် သရက်တောထဲကိုလာခဲ့ေနာ်"လို့ဆိုလာသည် သူငယ်ချင်းမလည်းပေါ်မလာ။တစ်ကောင့်သား နောင်ရိုးသစ်လည်း ပေါ်မလာပေ။
မကြာပါ။
ရွာဘက်ဆီမှ သရက်တောဆီသို့ လျှောက်လာသည့်နှစ်ယောက်၏ ပုံသဏ္ဍာန်ကို ခပ်ရေးရေးလှမ်းမြင်ရလေသည်။ခပ်ရေးရေးမြင်ေနရသည့် လူနှစ်ယောက်သည် ဘယ်လောက်မျှ မကြာသည့် အချိန်မှာပက် သူ့အနားသို့ ရောက်လာလေသည်။
မင်းတို့ကလည်း ကြာလိုက်တာကွာ"
ထိုအနှီးေကာင်ေလးနှင့် ကောင်မလေးတို့
နှစ်ယောက် ရောက်ရောက်ချင်းမှာပင် စောင့်ရသည့်အလုပ်ကို စိတ်မရှည်လှသည့် ထိန်လင်းအောင် ထိုစကားဆိုအား လိုက်ေလသည်။
ဆုလဲ့နှင်းမျက်နှာကမကောင်း။ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ပေါက်သည်။ဘာဖြစ်နေတာလဲမသိ၍ နောင်ရိုးသစ်အား မေးငေါ့ကာ အခြေအနေ မေးလိုက်ေသာ်လည်း သိဟန်မတူ။
သူလည်း ဘာမှမသိဘူးဟူသော
ပုံစံဖြင့် ပခုံးလေးတွန့်ပြေလသည်။
"နင်တို့နှစ်ယောက်ကို ငါ ပြောစရာရှိလို့"
"ဘာလဲ စာမေးပွဲပြီးပြီဆိုတော့ ယောကျာ်းယူတော့မလို့လား.."
"ကောင်စုတ် ငါတကယ်ပြောနေတာဟ.."
"ကဲ ဒါဆို ဘာလဲပြော.."
"ငါတို့မိသားစု မန္တလေးကို ပြောင်းရတော့မယ်"
"ဆုလဲ့ နင်ကလေ တော်တော်လည်းနောက်တယ် ရယ်လည်းမရယ်ရဘူး...နောက်တစ်ခုပြော"
"ငါတကယ်ပြောနေတာ ထိန်လင်းရ"
မျက်နှာလေးက ချက်ချင်းညိုးငယ်သွားရသည်။မျက်ဝန်းအိမ်မှ မျက်ရည်ကြည်များ ရစ်သိုင်းကာ ကျလာမည့် မျက်ရည်စက်များအတွက် မျက်တောင်ကလေး ခတ်ကာ ထိန်းထားလိုက်ရသည်။ ဒီစကားကိုပြောဖို့ သူမ အကြိမ်ကြိမ်ကြိုးစားခဲ့ရတာ သူမ အသိဆုံးဖြစ်သည်။
"ဗြုန်းစားကြီးဟာ မဖြစ်နိုင်တာဟာ"
"အထက်ကတာဝန်ကျတာလေ ကြာပြီလို့တော့ပြောတာပဲ...စာမေးပွဲရှိနေတော့ ဝမ်းနည်းမှာဆိုးလို့ ဖေဖေက မပြောတာတဲ့။ငါ...ငါသွားရင် နင်တို့ငါ့ကို အမြဲသတိရနေမယ်မဟုတ်လားဟင်..နောက်ပြီး ငါနင်တို့နှစ်ယောက်နဲ့ မခွဲချင်ဘူးဟာ"
ဆုလဲ့နှင်း၏ စကားသံအချို့တွင် ငိုသံရောစွက်ကာ နှုတ်ခမ်းသားလေးများပင် တုန်နေသည်။
"အင်းပေါ့ ငါတို့က သူငယ်ချင်းေတွပဲဟာ အမြဲတမ်းထာဝရခင်သွားကြမှာ...သူငယ်ချင်းတွေပဲဟာ ငါတို့ဘယ်လိုမေ့လို့ရမှာလဲ အမြဲသတိရနေမှာပေါ့..."
"ငါ....ငါ နင်တို့နဲ့မခွဲချင်ဘူးဟာ.."
ဝမ်းနည်းအားငယ်မှုတို့ လှိုက်တက်လာတာကြောင့် ဆုလဲ့ ပါးပြင်ထက်တွင် မျက်ရည်များတလိမ့်လိမ့်စီးကျနေသည်။ဝမ်းနည်းမှုနှင့်အတူ ရှိုက်ကြီးတငင် ငိုမိေလသည်။
"နင်က ဘယ်နေ့ သွားမှာလဲ"
တုန်ရီနေသော အသံကို ထိန်းကာ အားယူမေးလိုက်မိသည်။
"မနက်ဖြန်"
"ဘာ..."
ထိန်လင်းနှင့် နောင်ရိုးအသံက ပြိုင်တူထွက်လာသည်။ဘယ်လိုမှ ထင်မှတ်မထားတဲ့ နေ့မျိုးပါ။ဒီလိုချက်ချင်းကြီး ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။
"နင်...နင်..တကယ်ကြီးပဲ သွားတော့မှာလားဟာ"
စကားလုံးတစ်ချို့ကို လုံးထွေးပြောရင်း ဆုလဲ့နှင်း၏ ပခုံးလေးအားမှီကာ နောင်ရိုးသစ်တစ်ယောက် ကြူကြူပါအောင် ငိုပါတော့သည်။စိတ်အားငယ်တတ်သည့် နောင်ရိုးတစ်ယောက် ငိုသည်နှင့် အမြဲပျော်ပျော်တတ်နေသည့် ဆုလဲ့နှင်းသည်ပင် တအီးအီးနှင့်ငိုလေသည်။
ထိန်လင်းလည်း ဘယ်လိုမှ မခွဲချင်ပါ။ရှိသည်မှ ခင်ခင်မင်မင် သူငယ်ချင်းသုံးယောက်ရယ်သာရှိသည်လေ။တကယ်ဝမ်း ခွဲရတော့မည်ဆိုတော့ ဝမ်းနည်းမိသည်။
မျက်ဝန်းအိမ်တွင် ဝေ့သီလာသော မျက်ရည်စလေးများကို မျက်တောင်ကလေးများဖြင့် တစ်ချက်၊နှစ်ချက် ပုတ်ခတ်ရင်း ဘေးသို့ မျက်နှာလွှဲလိုက်ရသည်။
"ငိုမနေကြနဲ့တော့ဟာ ကလေးတွေမှ မဟုတ်တာ"
"ကလေးတွေ မဟုတ်တာနဲ့ပဲ ငါတို့က မငိုရတော့ဘူးလား"
"နင်ကလဲဟာ ငါပြောတာက"
"မင်းက အကြင်နာတရားခေါင်းပါးတဲ့ကောင်"ဟုဆိုကာ ဆုလဲ့နှင်း၏ ပခုံးလေးထက်တွင် တသိမ့်သိမ့် ငိုနေရင်းမှပင် နှုတ်ခမ်းလေးစူပုတ်ရင်း ထိန်လင်းအား ပြောလေသည်။
အကြင်နာတရားခေါင်းပါးတယ်တဲ့လား...
နောင်ရိုးရာ။ ငါလည်း နာကျင် ကြေကွဲရပါတယ်ကွာ။ဘယ်သူကရော ကိုယ်ချစ်တဲ့ သူငယ်ချင်းကို ခွဲချင်မှာတဲ့လဲကွာ။
"ထိန်လင်း"
"အင်း ဘာလဲပြောလေ..."
"ငါ မရှိတော့ရင် နင် နောင်ရိုးကို ဂရုစိုက်ရမယ်နော်"
ပြောပုံက မသိရင် သူကပဲ နောင်ရိုးရဲ့ မိဘလိုလို။ဘာတွေမှာနေသည်မသိ။သူက နောင်ရိုးသစ်ဆိုတဲ့ကောင်လေးကို အမှာစကားဆိုမှ ဂရုစိုက်မယ့်သူလား...။
"နင့်သူငယ်ချင်းလေးကိုပဲ မေးပါ ငါဂရုစိုက်တာရော လိုချင်ရဲ့လား တခြားသူ ဂရုစိုက်မှာကို လိုချင်တာလားလို့"
"ဟေ့ကောင်.."
"နင်တို့ကလည်းဟယ် ရန်ဖြစ်မနေကြပါနဲ့"
ဆုလဲ့နှင်း ပြောလိုက်မှ နှစ်ယောက်သား တိတ်သွားတော့သည်။
"ငါ အိမ်ပြန်တော့မယ်ဟာ ထည့်စရာရှိတာလေးတွေ ထည့်ချင်သေးလို့..။မနက်၇နာရီလောက် ကားဂိတ်ကိုရောက်အောင်သွားရမယ်တဲ့"
တကယ်တမ်း ခွဲရမည်ဆိုတော့ စိတ်ကမရတော့။
"ငါ...ငါနင်တို့နဲ့ တကယ်မခွဲနိုင်ဘူးဟာ ငါနင်တို့ကိုအရမ်းလွမ်းနေမှာသိလား"
ပြောရင်းဖြင့် ငိုပြန်သည်။
ငါတို့လည်း ဘယ်ခွဲချင်ပါ့မလဲ ဆုလဲ့ရာ...။
အရွက်နုကေလးများ ဖားဖားဝေနေသောသရက်ပင်ကြီးေပါ်တွင် နားနေသော အဖော်ကွဲနေသည့် ဥဩငှက်၏ ဥဩ... ဥဩဟုအော်သံက မကြာခင်ခွဲခွါရတော့မည် ထိုကလေးသုံးယောက်၏ ရင်နှစ်သည်းချာကိုပင် နှိုးဆွပေးနေသယောင်။
"ငါ ပြန်တော့မယ်ဟာ"ဟုဆိုကာ ဆုလဲ့နှင်းသည် ထိန်လင်းနှင့်နောင်ရိုးတို့ အရှေ့မှ လှည့်ထွက်သွားလေသည်။
ပုစွန်ဆီရောင်သမ်းနေသည့် နေမင်းကြီးက ကျန်နေသည့်အလင်းရောင်လက်ကျန်ဖြင့် ကမ္ဘာလောကကြီးအား နှုတ်ဆက်ဖို့ ပြင်နေလေသည်။ဒီနေ့မှပဲ နေမင်းကြီးက ကမ္ဘာလောကကြီးကို နှုတ်ဆက်တာ မြန်လိုက်တာ.....။
အဲ့ဒီနေ့မှာပင် တွေ့ဆုံကြုံကွဲတတ်သည့် လောကဓမ္မတာအကြောင်း ကျွန်တော် နားလည်လာခဲ့ရလေပြီ။
_ကျွန်တော့်ရဲ့Ficလေးကို စောင့်ပြီးဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ရပါတယ်ခင်ဗျာ။အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါခင်ဗျာ။
Zawgyi Version —
၁၉၉၅ခုႏွစ္
ဆယ္တန္းစာေမးပြဲရက္ နီးလာၿပီမို႔ အရင္လိုအေလလိုက္လို႔ မရေတာ့ေပ။ ေဟလားဝါးလား လုပ္ေနလို႔ မရ။သင္ၿပီးသမွ် စာေတြ က်က္ရသည္။က်က္ၿပီးသားစာမ်ားကိုလည္း Revisionျပန္ရသည္။ဆယ္တန္းစာေမးပြဲတြင္ အမွတ္မ်ားၿပီး ဂုဏ္ထူးမ်ားစြာႏွင့္ ေအာင္ခ်င္သည့္ ထိန္လင္း၏ စိတ္ေၾကာင့္လည္းျဖစ္သည္။
ဒါမွလည္း ထိန္လင္း အၿမဲလိုလို အိမ္မက္ မက္ေနခဲ့ရသည့္ အင္ဂ်င္နီယာလိုင္းကို မွီမွာေလ။
စာေမးပြဲနီးသည္ႏွင့္ က်ဴရွင္ကို ေန႕ခ်င္းျပန္တက္ၿပီး ညေနေက်ာင္းဆင္းလွ်င္ အိမ္ျပန္ရသည္။ ညက်ဴရွင္တက္ဖို႔ အိမ္တြင္ ထမင္းျပန္စားဖို႔ျဖစ္သည္။ ထမင္းစားၿပီးတာႏွင့္႐ြာကေနျပန္လာကာ ညက်ဴရွင္တက္သည့္အိမ္မွာပင္ ညအိပ္ရသည္။
ေနာင္ရိုးတို႔ ဆုလဲ့တို႔ႏွင့္လည္း သိပ္မေတြ႕ျဖစ္ေတာ့ေပ။စာေမးပွဲ နီးလာၿပီမို႔ စာကိုသာ အာ႐ုံစိုက္ေနရသည္။
အရင္ရက္ေတြကိုေတာ့ တစ္ခါတေလ လြမ္းမိပါသည္။ စလိုက္ ေနာက္လိုက္ႏွင့္ အေတာ္ေပ်ာ္စရာေကာင္းသည္။ ဟိုေကာင္ေနာင္ရိုးႏွင့္ပင္ စက္ဘီးအတူတူ မစီးရတာၾကာေခ်ၿပီ။ ဒီေကာင္ စက္ဘီးဝယ္ၿပီးကတည္းကဆို ပိုမွန္ေပလိမ့္မည္။
ဒီေန႕ေတာ့ က်ဴရွင္တြင္ အမွတ္၁၀၀ဖိုး စာေမးပြဲအစမ္းစစ္ေလသည်။ စာေမးပြဲေျဖၿပီးၿပီးခ်င္း ထိန္လင္းအခန္းထဲမွ ထြက္လာကာ က်ဴရွင္ေရွ႕ရွိ ဗန္ဒါပင္ရိပ္ေအာက်တွင် သူငယ္ခ်င္း
ႏွစ္ေယာက် ကို ထိုင္ေစာင့္ေနမိသည္။
ေတာင္ေလက တျဖဴးျဖဴးတိုက္ခတ္ေနသည္။ဗန္ဒါပင္ အရိပ္ေအာက္တြင္ ေအးေအးလူလူျဖင့္ ထိုင္ေစာင့္ေနရင္းမွပင္ ေခါင္းထဲသို႔ ဖ်တ္ခနဲဝင္လာသည့္ အေတြးေလးေၾကာင့္ ထိန္လင္း ေနရာမွထကာ ခ်က္ခ်င္းလုပ္လိုက္ေလသည္။
တစ္ေအာင့္ၾကာသည္ႏွင့္ က်ဴရွင္အိမ္ထဲမွ လူတစ္ခ်ိဴ႕ တစ္စတစ္စ ထြက္လာသည္။ထိုလူမ်ားထဲတြင္ ေနာင္ရိုးႏွင့္ဆုလဲ့ပါ ပါလာေလသည္။
"ဘယ္လိုလဲ ေျဖနိုင္ၾကလား"
အနားသို႔ေရာက္ေရာက္ခ်င္း ထိန္လင္း ဟန္ကိုယ့္ကာ ေမးလိုက္ေလသည္။
"ေျဖနိုင္ပါတယ္ ငါတို႔က.. ဒါနဲ႕ နင္က ဘာလို႔အေစာႀကီးထြက္ရတာလဲ"
"ဖင္ပူေအာင္ ထိုင္မေနခ်င္ဘူးဟာ ျမန္ျမန္ေျဖ၊ ျမန္ျမန္ထြက္တာပဲ ေကာင္းတယ္"
"စာေရာ ျပန္စစ္ခဲ့ရဲ႕လားကြာ"
ေနာင္ရိုးအေမးကိုေတာ့ သူ ၿပဳံးျပရင္း ေခါင္းညိတ္မိပါသည္။ေက်နပ္ေလာက္ၿပီဆိုမွ ထြက္လာခဲ့တာေလ...။အရာရာကို စိတ္မရွည္တတ္သလို၊ေစာင့္ဆိုင္းေနရတာကိုး ထိန္လင္းမႀကိဳက္ေပ။
"ဟာ...ငါ့စက္ဘီးကို ေလမထိုးမိဘူးနဲ႕တူတယ္ဟ ျပားကပ္ေနတာပဲ ဒုကၡပါပဲကြာ ဘီးမ်ားေပါက္သလား"
ေနာင္ရိုးသစ္၏ စိတ္ပ်က္လက္ပ်က္ေျပာသည့္ အသံေလးေၾကာင့္ ထိန္လင္း လွစ္ခနဲၿပဳံးလိုက္မိပါသည္။တရားခံ ဘယ္သူလဲေတာ့ ေမးမည္မထင္။ မတတ္နိုင္ဘူးေလ....။
ကိုယ္မသိတဲ့အတိုင္း ဟန္ေဆာင္ရမွာပဲ။
"ဘာျဖစ္လို႔လဲကြ.."
"ေနာက္ဘီးေလ ဘီးေပါက္သြားတာလား မသိဘူးကြာ ျပားကပ္ေနတာပဲ ဘယ္လိုစီးလို႔ရပါ့မလဲ မသိေတာ့ပါဘူးကြာ.."
ေနာင္ရိုး၏ စိတ္ပ်က္လက္ပ်က္အသံေၾကာင့္ပင္ အရာရာစပ္စုတတ္သည့္ ဆုလဲ့ႏွင္းက
"မနက္ကမွ ေလေတြရွိပါတယ္ဟယ္ ငါေတာင္အမွတ္တထင္ၾကည့္မိေသး ဘယ္ကေကာင္ေတြ လက္ကကျမင္းေၾကာထသြားမွန္းမွ မသိတာ.."
"ထားလိုက္ပါေတာ့ဟာ...ဒီလိုေျပာေနလို႔ေတာ့လည္း စက္ဘီးက ေကာင္းလွမွာမွ မဟုတ္တာ"
"မင္းစက္ဘီးထားခဲ့ ငါ့ေနာက္ကပဲလိုက္ခဲ့ေတာ့
ငါတို႔ ႐ြာကျပန္ထြက္လာရင္ ေမွာင္မွာဆိုးရတယ္ကြ....ျပန္လာမွ ကိုဖိုးဝႀကီးဆိုင္ သြားျပန္ရေအာင္ကြာ"
"ေအးပါကြာ ဒီလိုပဲလုပ္ရမွာေပါ့"ဟုဆိုကာ ထိန္လင္း၏ စက္ဘီးကယ္ရီယာေနာက္ခုံေလးေပၚသို႔ ေစြ႕ခနဲေရာက်လာေလသည်။ထို့နောက် ထိန္လင္းေအာင္သည္ သြက္လက္လွေသာ ေျခလွမ္းမ်ားျဖင့္ ႐ြာေလးဆီသို႔ နင္းလာခဲ့သည္။
"မင္း...စက္ဘီးက ဘီးေပါက္သြားတာေနမယ္"
"ေအးကြာ မနက္ကတည္းက အေကာင္းပါ
ျပန္ခါနီးမွပဲ ဘယ္ေကာင္ လက္ကျမင္းေၾကာထသြားတာလဲ မသိဘူး.."
ထိန္လင္း မ်က္ႏွာကၿပဳံးစိစိႏွင့္။
စက္ဘီးကေလးအား ခပ္ျမန္ျမန္နင္းရင္းမွပင္ လမ္းေဘးတစ္ေနရာရွိ ေညာင္ပင္ေအာက္အေရာက္တြင္ အရွိန္သတ္ကာ ရပ္လိုက္ေလသည်။နောက်မှာ က်န္ေနခဲ့သည့္ ဆုလဲ့ကို ေစာင့္ရဦးမည္ေလ။
"ဘာလို႔လဲ.."
"ဆုလဲ့ကို ေစာင့္မလို႔ေလ.."
"မင္းက ခပ္မွန္မွန္မွမစီးတာ အသားကုန္နင္းေနတာကိုးကြ.."
"မင္းစက္ဘီးက ဘီးေပါက္သြားတာ မဟုတ္ဘူး"
"ဟင္ ဘာေကာင္လုပ္သြားတာလဲ မင္းသိလို႔လား"
"အင္း။ တကယ္ေတာ့ေလ ..ငါ မင္းနဲ႕စက္ဘီးအတူတူမစီးရတာၾကာလို႔ လုပ္လိုက္တာ.."
"ဟာ ဘယ္လို"
"ဟုတ္တယ္ကြ မင္းစက္ဘီးကို မင္းမလာခင္ ေထာက္ခြၽန္နဲ႕ ေဖာက္လိုက္တာ...မင္းနဲ႕အတူစက္ဘီးမစီးရတာၾကာၿပီကြ...ငါ့စက္ဘီးအေနာက္မွာ မင္းမပါေတာ့ ငါရင့္ထဲဟာတာတာႀကီး"
"အဲ့ေတာ့ မင္းက ငါ့စက္ဘီးကို ေထာက္ခြၽန္နဲ႕ေဖာက္လိုက္တာေပါ့ေလ.."
"ေအး"
"ေခြးေကာင္"ဟု ခပ္က်ယ္က်ယ္ေအာ္ဆဲကာ ရင္ဘတ္အား လက္သီးျဖင့္ ခပ္ဖြဖြထိုးေလသည်။စိတ်ဆိုးဟန်မရှိ။ မ်က္ႏွာကေလးသည္ ၾကည္လင္ဝင္းပေနသည္။ဝဲဘက္ရင္အုံသို႔ ေရာက္လာသည့္ လက္သီးခပ္ဖြဖြေလးအား သူ မတားမိေတာ့။ ထိုေကာင္ေလးအား သေဘာက်စြာၾကည့္ရင္း ၿပဳံးေနမိေတာ့သည္။
*************
တစ္ႏွစ္ပတ္လုံး ေက်ာင္းစာမ်ားႏွင့္ နပမ္းလုံးေနခဲ့ရာမွ ဆယ္တန္းစာေမးပြဲၿပီးမွ လူေရာစိတ္ပါ အနားရေတာ့ေလသည္။
ႏြေဦးေပါက္ခါစမို႔ ေလ႐ူးေတြက တေဝွ႕ေဝွ႕တိုက္ခတ္ေနသည္။ ႐ြာထိပ္မွာရွိသည့္ မီးဖိုခေနာက္ပုံသ႑ာန္ဆိုင္ကာ ေပါက္ေနေသာ
သရက္ပင္ႀကီးသုံးပင္ရွိသည့္ သရက္ေတာထဲတြင္ ထိန္လင္းေအာင္ တစ္ေယာက္တည္း ထိုင္ေစာင့္ေနသည္။သရက္ပင္ႀကီး သုံးပင္သည္ အ႐ြက္မ်ားဖားဖားေဝကာ သရက္ဖူးကေလးမ်ားပင္ ဖူးေနေလသည္။ သရက္ဖူးရနံ႕ေလးကာ ခပ္သင္းသင္း။
သရက္ေတာထဲသို႔ ေရာက္ေနသည္မွာ ဆုလဲ့ႏွင္းဆိုသည့္ သူငယ္ခ်င္းမေလး၏ ခ်ိန္းဆိုမႈေၾကာင့္ပင္ျဖစ္သည္။စာေမးပြဲၿပီးၿပီးခ်င္း ရန္ကုန္မွာေနသည့္ အဘိုးဆုံးတာေၾကာင့္ မိသားစုႏွင့္အတူ ရန္ကုန္ကို လိုက္သြားခဲ့ရသည္။ ရက္လည္သည္ႏွင့္ ေမေမႏွင့္ ထိန္လင္းက ျပန္လာခဲ့သည္။ ေဖေဖကေတာ့ ဦးေလးႏွင့္အတူ ေနရစ္ခဲ့ေလသည္။
ရန္ကုန္က ျပန္ေရာက္ေရာက္သည့္ မနက္ပိုင္းမွာပင္ "နင္တို႔ႏွစ္ေယာက္ကို ငါအေရးတႀကီးေျပာစရာရွိတယ္ သရက္ေတာထဲကိုလာခဲ့ေနာ်"လို႔ဆိုလာသည္ သူငယ္ခ်င္းမလည္းေပၚမလာ။တစ္ေကာင့္သား ေနာင္ရိုးသစ္လည္း ေပၚမလာေပ။
မၾကာပါ။
႐ြာဘက္ဆီမွ သရက္ေတာဆီသို႔ ေလွ်ာက္လာသည့္ႏွစ္ေယာက္၏ ပုံသ႑ာန္ကို ခပ္ေရးေရးလွမ္းျမင္ရေလသည္။ခပ္ေရးေရးျမင္ေနရသည့် လူႏွစ္ေယာက္သည္ ဘယ္ေလာက္မွ် မၾကာသည့္ အခ်ိန္မွာပက္ သူ႕အနားသို႔ ေရာက္လာေလသည္။
မင္းတို႔ကလည္း ၾကာလိုက္တာကြာ"
ထိုအႏွီးေကာင်ေလးနှင့် ေကာင္မေလးတို႔
ႏွစ္ေယာက္ ေရာက္ေရာက္ခ်င္းမွာပင္ ေစာင့္ရသည့္အလုပ္ကို စိတ္မရွည္လွသည့္ ထိန္လင္းေအာင္ ထိုစကားဆိုအား လိုက္ေလသည်။
ဆုလဲ့ႏွင္းမ်က္ႏွာကမေကာင္း။ အနည္းငယ္ စိတ္ရႈပ္ေထြးေနဟန္ ေပါက္သည္။ဘာျဖစ္ေနတာလဲမသိ၍ ေနာင္ရိုးသစ္အား ေမးေငါ့ကာ အေျခအေန ေမးလိုက္ေသာ်လည်း သိဟန္မတူ။
သူလည္း ဘာမွမသိဘူးဟူေသာ
ပုံစံျဖင့္ ပခုံးေလးတြန႔္ျပေလသည်။
"နင္တို႔ႏွစ္ေယာက္ကို ငါ ေျပာစရာရွိလို႔"
"ဘာလဲ စာေမးပြဲၿပီးၿပီဆိုေတာ့ ေယာက်ာ္းယူေတာ့မလို႔လား.."
"ေကာင္စုတ္ ငါတကယ္ေျပာေနတာဟ.."
"ကဲ ဒါဆို ဘာလဲေျပာ.."
"ငါတို႔မိသားစု မႏၱေလးကို ေျပာင္းရေတာ့မယ္"
"ဆုလဲ့ နင္ကေလ ေတာ္ေတာ္လည္းေနာက္တယ္ ရယ္လည္းမရယ္ရဘူး...ေနာက္တစ္ခုေျပာ"
"ငါတကယ္ေျပာေနတာ ထိန္လင္းရ"
မ်က္ႏွာေလးက ခ်က္ခ်င္းညိုးငယ္သြားရသည္။မ်က္ဝန္းအိမ္မွ မ်က္ရည္ၾကည္မ်ား ရစ္သိုင္းကာ က်လာမည့္ မ်က္ရည္စက္မ်ားအတြက္ မ်က္ေတာင္ကေလး ခတ္ကာ ထိန္းထားလိုက္ရသည္။ ဒီစကားကိုေျပာဖို႔ သူမ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ရတာ သူမ အသိဆုံးျဖစ္သည္။
"ျဗဳန္းစားႀကီးဟာ မျဖစ္နိုင္တာဟာ"
"အထက္ကတာဝန္က်တာေလ ၾကာၿပီလို႔ေတာ့ေျပာတာပဲ...စာေမးပြဲရွိေနေတာ့ ဝမ္းနည္းမွာဆိုးလို႔ ေဖေဖက မေျပာတာတဲ့။ငါ...ငါသြားရင္ နင္တို႔ငါ့ကို အၿမဲသတိရေနမယ္မဟုတ္လားဟင္..ေနာက္ၿပီး ငါနင္တို႔ႏွစ္ေယာက္နဲ႕ မခြဲခ်င္ဘူးဟာ"
ဆုလဲ့ႏွင္း၏ စကားသံအခ်ိဳ႕တြင္ ငိုသံေရာစြက္ကာ ႏႈတ္ခမ္းသားေလးမ်ားပင္ တုန္ေနသည္။
"အင္းေပါ့ ငါတို႔က သူငယ္ခ်င္းေတွပဲဟာ အၿမဲတမ္းထာဝရခင္သြားၾကမွာ...သူငယ္ခ်င္းေတြပဲဟာ ငါတို႔ဘယ္လိုေမ့လို႔ရမွာလဲ အၿမဲသတိရေနမွာေပါ့..."
"ငါ....ငါ နင္တို႔နဲ႕မခြဲခ်င္ဘူးဟာ.."
ဝမ္းနည္းအားငယ္မႈတို႔ လွိုက္တက္လာတာေၾကာင့္ ဆုလဲ့ ပါးျပင္ထက္တြင္ မ်က္ရည္မ်ားတလိမ့္လိမ့္စီးက်ေနသည္။ဝမ္းနည္းမႈႏွင့္အတူ ရွိုက္ႀကီးတငင္ ငိုမိေလသည်။
"နင္က ဘယ္ေန႕ သြားမွာလဲ"
တုန္ရီေနေသာ အသံကို ထိန္းကာ အားယူေမးလိုက္မိသည္။
"မနက္ျဖန္"
"ဘာ..."
ထိန္လင္းႏွင့္ ေနာင္ရိုးအသံက ၿပိဳင္တူထြက္လာသည္။ဘယ္လိုမွ ထင္မွတ္မထားတဲ့ ေန႕မ်ိဳးပါ။ဒီလိုခ်က္ခ်င္းႀကီး ျဖစ္လိမ့္မယ္လို႔ ဘယ္သူက ထင္မွာတဲ့လဲ။
"နင္...နင္..တကယ္ႀကီးပဲ သြားေတာ့မွာလားဟာ"
စကားလုံးတစ္ခ်ိဳ႕ကို လုံးေထြးေျပာရင္း ဆုလဲ့ႏွင္း၏ ပခုံးေလးအားမွီကာ ေနာင္ရိုးသစ္တစ္ေယာက္ ၾကဴၾကဴပါေအာင္ ငိုပါေတာ့သည္။စိတ္အားငယ္တတ္သည့္ ေနာင္ရိုးတစ္ေယာက္ ငိုသည္ႏွင့္ အၿမဲေပ်ာ္ေပ်ာ္တတ္ေနသည့္ ဆုလဲ့ႏွင္းသည္ပင္ တအီးအီးႏွင့္ငိုေလသည္။
ထိန္လင္းလည္း ဘယ္လိုမွ မခြဲခ်င္ပါ။ရွိသည္မွ ခင္ခင္မင္မင္ သူငယ္ခ်င္းသုံးေယာက္ရယ္သာရွိသည္ေလ။တကယ္ဝမ္း ခြဲရေတာ့မည္ဆိုေတာ့ ဝမ္းနည္းမိသည္။
မ်က္ဝန္းအိမ္တြင္ ေဝ့သီလာေသာ မ်က္ရည္စေလးမ်ားကို မ်က္ေတာင္ကေလးမ်ားျဖင့္ တစ္ခ်က္၊ႏွစ္ခ်က္ ပုတ္ခတ္ရင္း ေဘးသို႔ မ်က္ႏွာလႊဲလိုက္ရသည္။
"ငိုမေနၾကနဲ႕ေတာ့ဟာ ကေလးေတြမွ မဟုတ္တာ"
"ကေလးေတြ မဟုတ္တာနဲ႕ပဲ ငါတို႔က မငိုရေတာ့ဘူးလား"
"နင္ကလဲဟာ ငါေျပာတာက"
"မင္းက အၾကင္နာတရားေခါင္းပါးတဲ့ေကာင္"ဟုဆိုကာ ဆုလဲ့ႏွင္း၏ ပခုံးေလးထက္တြင္ တသိမ့္သိမ့္ ငိုေနရင္းမွပင္ ႏႈတ္ခမ္းေလးစူပုတ္ရင္း ထိန္လင္းအား ေျပာေလသည္။
အၾကင္နာတရားေခါင္းပါးတယ္တဲ့လား...
ေနာင္ရိုးရာ။ ငါလည္း နာက်င္ ေၾကကြဲရပါတယ္ကြာ။ဘယ္သူကေရာ ကိုယ္ခ်စ္တဲ့ သူငယ္ခ်င္းကို ခြဲခ်င္မွာတဲ့လဲကြာ။
"ထိန္လင္း"
"အင္း ဘာလဲေျပာေလ..."
"ငါ မရွိေတာ့ရင္ နင္ ေနာင္ရိုးကို ဂ႐ုစိုက္ရမယ္ေနာ္"
ေျပာပုံက မသိရင္ သူကပဲ ေနာင္ရိုးရဲ႕ မိဘလိုလို။ဘာေတြမွာေနသည္မသိ။သူက ေနာင္ရိုးသစ္ဆိုတဲ့ေကာင္ေလးကို အမွာစကားဆိုမွ ဂ႐ုစိုက္မယ့္သူလား...။
"နင့္သူငယ္ခ်င္းေလးကိုပဲ ေမးပါ ငါဂ႐ုစိုက္တာေရာ လိုခ်င္ရဲ႕လား တျခားသူ ဂ႐ုစိုက္မွာကို လိုခ်င္တာလားလို႔"
"ေဟ့ေကာင္.."
"နင္တို႔ကလည္းဟယ္ ရန္ျဖစ္မေနၾကပါနဲ႕"
ဆုလဲ့ႏွင္း ေျပာလိုက္မွ ႏွစ္ေယာက္သား တိတ္သြားေတာ့သည္။
"ငါ အိမ္ျပန္ေတာ့မယ္ဟာ ထည့္စရာရွိတာေလးေတြ ထည့္ခ်င္ေသးလို႔..။မနက္၇နာရီေလာက္ ကားဂိတ္ကိုေရာက္ေအာင္သြားရမယ္တဲ့"
တကယ္တမ္း ခြဲရမည္ဆိုေတာ့ စိတ္ကမရေတာ့။
"ငါ...ငါနင္တို႔နဲ႕ တကယ္မခြဲနိုင္ဘူးဟာ ငါနင္တို႔ကိုအရမ္းလြမ္းေနမွာသိလား"
ေျပာရင္းျဖင့္ ငိုျပန္သည္။
ငါတို႔လည္း ဘယ္ခြဲခ်င္ပါ့မလဲ ဆုလဲ့ရာ...။
အ႐ြက္ႏုကေလးများ ဖားဖားေဝေနေသာသရက္ပင္ႀကီးေပါ်တွင် နားေနေသာ အေဖာ္ကြဲေနသည့္ ဥဩငွက္၏ ဥဩ... ဥဩဟုေအာ္သံက မၾကာခင္ခြဲခြါရေတာ့မည္ ထိုကေလးသုံးေယာက္၏ ရင္ႏွစ္သည္းခ်ာကိုပင္ ႏွိုးဆြေပးေနသေယာင္။
"ငါ ျပန္ေတာ့မယ္ဟာ"ဟုဆိုကာ ဆုလဲ့ႏွင္းသည္ ထိန္လင္းႏွင့္ေနာင္ရိုးတို႔ အေရွ႕မွ လွည့္ထြက္သြားေလသည္။
ပုစြန္ဆီေရာင္သမ္းေနသည့္ ေနမင္းႀကီးက က်န္ေနသည့္အလင္းေရာင္လက္က်န္ျဖင့္ ကမၻာေလာကႀကီးအား ႏႈတ္ဆက္ဖို႔ ျပင္ေနေလသည္။ဒီေန႕မွပဲ ေနမင္းႀကီးက ကမၻာေလာကႀကီးကို ႏႈတ္ဆက္တာ ျမန္လိုက္တာ.....။
အဲ့ဒီေန႕မွာပင္ ေတြ႕ဆုံႀကဳံကြဲတတ္သည့္ ေလာကဓမၼတာအေၾကာင္း ကြၽန္ေတာ္ နားလည္လာခဲ့ရေလၿပီ။
_ကြၽန္ေတာ့္ရဲ႕Ficေလးကို ေစာင့္ၿပီးဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးတင္ရပါတယ္ခင္ဗ်ာ။အားလုံးပဲ က်န္းမာေရးဂ႐ုစိုက္ၾကပါခင္ဗ်ာ။