အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

54.7K 5.3K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Before he saw 2

850 110 24
By Nova_Danica

[Unicode]

"လက်သည်းညှပ်တွေ၊ နားဖာကလော်တွေ၊ တစ်ရှူးထုပ်တွေ ရမယ်နော်"

"ဘောလုံးအင်္ကျီတွေ။ ကလေး၀တ်လား၊ လူကြီး၀တ်လား။"

"Label ပြားတွေ ကပ်မယ်ဟေ့။ နာမည်လေးတွေ လာပြောကြပါ။"

ကားနား၌ ရပ်ကာ အထုတ် ထည့်တာကို စောင့်ပေးနေရင်း ဦးမျက်နှာကို လှမ်းလှမ်းကြည့်တော့ ဘာမှ ပြောင်းလဲမှု သိပ်မရှိ။ တစ်ခါတစ်ရံ လက်‌ချောင်းလေးတွေကိုသာ ခဏခဏ ဖိညစ်နေသည်။

"လတ် ပြန်တော့လေ။ ကားထွက်တော့မယ်။"

တည်တည်ငြိမ်ငြိမ်နှင့် ဦးက ဆိုလာသည်။ မတည်ငြိမ်သော လွမ်းလတ်နောင် ရင်ထဲမှာတော့ လှိုင်းထန်လာ၏။ ဒီ၀င်းထဲကနေ ကားထွက်သွားတာကို မျှော်ကြည့်ရင်းမှ ၀မ်းနည်း မျက်ရည်ကျရတာမျိုး သူ မကြိုက်ပါ။

"ကားထွက်မှ ပြန်မယ်"

ခေါင်းမာမာနှင့် ဆက်ရပ်နေမိလျှင် ဦးက လက်တစ်ဖက်ကို လာ‌ရောက်အုပ်ကိုင်ပေးသည်။ လေပြည်အေးလေးဖြင့်လည်း နားချရှာ၏။

"ကားထွက်သွားရင် လတ် ပိုပြီး စိတ်မကောင်း ဖြစ်နေမှာပေါ့"

"ဟင့်အင်း ရတယ်။ ကိုယ် အဆင်ပြေပါတယ်။"

လတ်က တကယ် ကလေးတစ်ယောက်လိုပင်။ ဂျီကျနေသည်ကို ကြည့်ကာ ရယ်ချင်မိသော်လည်း မရယ်နိုင်ပါ။ သူကိုယ်တိုင်ကပါ ၀မ်းနည်းနေကြောင်း ပြလျှင် လတ်က မသွားဖို့ အတင်း ဆွဲထားတော့မည်။

"ကဲ ကားပေါ် တက်လို့ရပြီ"

စပါယ်ယာက အော်သည်။ လက်တွေကို ဆုပ်ကိုင်ရင်းက ခေါင်းညိတ်ပြသော လတ်မျက်လုံးမှာ မျက်ရည်တွေဝဲနေ၏။ ကြာကြာ မကြည့်နိုင်တော့ဘဲ ကားပေါ်သို့သာ အပြေး တက်ခဲ့လိုက်မိသည်။

ခုမှ ဘာလို့ ဒီလောက် ဝမ်းနည်းနေရပါလိမ့်။ ခဏလေး ကျောခိုင်းရုံနှင့် တစ်ဘဝလုံး ပျောက်ကွယ်သွားတော့မလို ခံစားနေရသည်။

လက်ဆွဲအိတ်ကို အပေါ်အံထဲသို့ ခပ်မြန်မြန် ထိုးထည့်ကာ အံကြိတ်ထားစဉ်မှာပင် မျက်ရည်တစ်စက်က ပေါက်ခနဲ ကျသွားသည်။ ခုံပေါ်သို့ အလျင်အမြန် ထိုင်ချလိုက်ပြီးနောက် အင်္ကျီအိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ယူလိုက်၏။ ဘေးခုံကလည်း လူ မရောက်သေး။ ငုံ့ကိုင်းကာ တိတ်တိတ်လေး ကျိတ်ငိုလိုက်လျှင် တခြားသူတွေရော လတ်ရော မြင်လိမ့်မည် မဟုတ်တော့။

သို့သော်လည်း အော်ဟစ်ငိုချင်တာကို ချုပ်တီးထားရသဖြင့် ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်နေသည်။ ဖုံးကွယ်ထားသော ရှိုက်သံများကြောင့် မေးကြောများ ထောင်ထလာရ၏။ ဂျီကောင်လေးကရော ကား၀င်းထဲမှာ ငိုပြီး ကျန်ခဲ့လေမလား။ ရှာဖွေ၍လည်း မကြည့်ချင်။ သူ ငိုနေတာမြင်လျှင် လတ်က ပိုစိတ်ထိခိုက်မှာမို့ ဒီပုံစံကို မပြချင်။

ဘာကြောင့် သူတို့တွေ ဝေးကြရတာလဲ။ အချင်းချင်း ဒီလောက် ချစ်နေကြမှ၊ ဘေးပယောဂတွေလည်း မရှိခါမှ။ ဒီလို ခွဲထွက်စေခြင်းက ဘယ်လို ကံကြမ္မာမျိုးများတဲ့လဲ။

လတ်နှင့်သာဆိုလျှင် သုံးနှစ် မပြောနှင့်၊ သုံးစက္ကန့်မျှပင် မဝေးချင်။ တွယ်တာတတ်လွန်းသူမို့ ဒဏ်ရာတွေကို ထပ်မံ မလိုချင်။

နံဘေးမှာ လှုပ်ရှားသံနှင့် အထုတ်ချသံ ကြားရသည်။ လူရောက်လာပြီမှန်း သိလိုက်ပြီမို့ မျက်နှာကို ပြတင်းပေါက်ဘက်သို့ တမင် လှည့်ကာ လက်ကိုင်ပုဝါနှင့် သုတ်ပစ်လိုက်၏။

လူရှေ့မှာတော့ သောင်ယံဦးက အတန်အသင့် ကြံ့ခိုင်သည် မဟုတ်ပါလား။

"ကိုယ် ထင်သားပဲ။ ဦး ဟန်ဆောင်နေတယ်ဆိုတာ။"

ရှေ့အိတ်ထဲက ရေဘူးကို ဖွင့်ကာ သောက်လိုက်စဥ် နံဘေးရှိ လူဆီမှ အသံ ထွက်လာသည်။ ရောက်လုလု ရေဟာ ပြန်ထွက်သွားရ၏။

"............."

ပြူးကြောင်ကာ ကြည့်နေသော မျက်နှာလေးက အသည်းယားချင်စရာကောင်းလှသည်။ အရှိန် မပြေသေးသော မျက်လုံးလေးတွေက မို့ကာ ဝိုင်းနေပြီး မစေ့သေးသော နှုတ်ခမ်းမှာ ရေစက်လေးတွေ စိုလျက်စ ရှိ‌နေ၏။ ဖွက်ထားသော အိတ်ကို အပြေးအလွှားယူကာ ကားပေါ် တက်ခဲ့ရသဖြင့် လွမ်းလတ်နောင့် ပုံကတော့ ချွေးတွေနှင့် တော်တော် စုတ်ပြတ်နေလောက်ပါသည်။

"ဘယ်လိုလုပ်ပြီး..."

"ဦးကို အိမ်အထိ လိုက်ပို့မလို့"

လွယ်ထားသော ကျောပိုးအိတ်ကို ရှေ့ချလိုက်စဉ်မှာပင် ရင်ခွင်ထဲ ပစ်၀င်လာသော ကိုယ်လုံးလေးကြောင့် ကမန်းကတန်း ဖမ်းထိန်းလိုက်ရသည်။ လည်ပင်းကို ဖက်တွယ်ထားသော လက်ချောင်းများက ခိုင်မြဲလွန်းလှ၏။

"အစကတည်းက...။ လိုက်လာမယ်လို့ မပြောဘူး...။"

"ဦးက မလိုက်စေချင်မှာစိုးလို့"

ရင်ဘတ်မှာ ချက်ချင်း စိုစွတ်‌လာသော အထိအတွေ့။ ငုံ့ကြည့်လိုက်တော့ ဦးက လှိုက်လှိုက်လှဲလှဲကို ငိုနေ၏။ အသံမထွက်ဘဲ ကျိတ်ငိုရသဖြင့် လည်ပင်းကြောတွေက ထောင်နေပြီး ခန္ဓာကိုယ်က သိမ့်သိမ့်တုန်နေ၏။

"ငါလည်း မင်းနဲ့ မခွဲချင်ဘူး။ လိုက်ခဲ့ပါလို့ ပြောချင်ပေမဲ့ ပြောမထွက်ဘူးလေ။"

မငိုတတ်သူမှာ သူ့ကြောင့် ငိုရတာ နှစ်ကြိမ်။ အံ့ဩသွားအောင် စချင်နေသော်လည်း တဖြည်းဖြည်းချင်း ခံစားချက်က ပြောင်းလဲသွားရ၏။

"ကားကြီး ဒီ၀င်းထဲကနေ ထွက်သွားတာကိုသာ စောင့်ကြည့်ရရင် ကိုယ် ရူးသွားလိမ့်မယ် ထင်တယ်"

"............."

"ခုနတုန်းက ဦးအရမ်းကို ထိန်းထားရမှာပဲနော်"

ခဏခဏ ညှစ်နေသော လက်ချောင်းတွေကို သတိရ၍ ဖြန့်ကြည့်လိုက်တော့ ဖိညှစ်လွန်းအား ကြီးသဖြင့် နီရဲကာနေ၏။ ဒါ ဦးရဲ့ စိတ်ထိန်းချုပ်နည်း တစ်မျိုးပေပေါ့။

"ဦး တစ်ခုခု စားမလား"

ဦးက ခေါင်းခါပြသည်။ ရင်ခွင်ထဲက ပြန်ခွာသွားပြီးနောက် နည်းနည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွား၏။

"လတ်ရော ထမင်းစားခဲ့ရဲ့လား။ အိမ်ကိုရော ဘယ်လိုပြောခဲ့လဲ။"

"ပုပ္ပား မရောက်တာ ကြာလို့ ဦးနဲ့ လိုက်သွားမယ်လို့ ပြောခဲ့တယ်။ မနေ့ကတည်းက ကိုယ် အားလုံး ပြင်ဆင်ပြီးသား။ ဦး လက်မခံမှာ စိုးလို့ မပြောဘဲထားတာ။"

"ဘာလို့ လက်မခံရမှာလဲ"

သွားဖြီးပြလိုက်မိသည်။ ငိုတာ များသွားသလို စိတ်လည်း အေးသွား၍ထင် ဦး မျက်လုံးလေးတွေက တဖြည်းဖြည်းနဲ့ မှေးစင်းလာ၏။ အနားသို့ ကပ်ကာ ငိုက်ကျ‌သွားသော ခေါင်းလေးကို ပုခုံးပေါ် တင်လိုက်ပြီးနောက် ခါးလေးကိုပါ တစ်ပါတည်း ဖက်ထားလိုက်သည်။

"ရောက်ရင် ကိုယ်ပြောမယ်"

လက်ချောင်းလေးတွေကို ဆွဲယူကာ ကိုင်ထားလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ တရိပ်ရိပ် ပြေးနေသော ကားလေးကတော့ အညာမြေဆီ ဦးတည်လျက်။

"ကိုယ် ဒီနားက ဟိုတယ် တစ်ခုခုမှာတည်းမယ်။ ဦးကို လာတွေ့မယ်နော်။"

အထုတ်တွေကို ကူဆွဲပေးရင်းမှ လမ်းထိပ်က ထနောင်းပင်အောက် ရောက်တော့ နှစ်ယောက်သား ရပ်လိုက်ကြသည်။ ငယ်ငယ်တုန်းကတော့ ဒီလမ်းလေးထဲကနေ နှစ်ယောက်သား စက်ဘီး တစ်‌ယောက်တစ်လှည့် နင်းကာ ထွက်လာခဲ့ကြဖူးသည်။ ဟာသတွေ ပြောကာ ရယ်မောခဲ့ကြသည်။ ငယ်ရွယ်စဉ် အချိန်တွေ၏ သက်သေဖြစ်ခဲ့သော ဤလမ်းငယ်သည် ယခုအခါတွင်တော့ ခွဲခွာရမည့် မှတ်တိုင်ငယ်တစ်ခု ဖြစ်လာ၏။

ငေးမောကြည့်ကြရင်းမှ တစ်ယောက်စိတ် တစ်ယောက် ခန့်မှန်းမိသလို ပြိုင်တူလှည့်ကြည့်မိကြသည်။

"ဂရုစိုက်သွားနော် ဦး"

"လတ်ရောပဲ"

အညာလေပြည်က နှစ်ယောက်လုံးကို ဖြတ်တိုက်သွားပြီးနောက် ရွက်ဝါလေးတွေက တဖြုတ်ဖြုတ်နှင့် ကြွေကျလာကြသည်။ ဆောင်းကူးခါနီးသော်လည်း ရင်တွင်းက အပူတွေကြောင့်ထင်၊ မအေး။ သဲမြေပူကို ခြေထောက်နှင့် ထိုးဆွနေရင်း အထုတ်ဆွဲကာ ဦးက တ‌ရွေ့ရွေ့ ကျောခိုင်းသွား၏။

ကျန်ခဲ့ရမည်ကို မကြိုက်သဖြင့် သစ်ပင်အောက်မှ နောက်ကြောင်း ပြန်လှည့်ကာ ထွက်လာခဲ့လိုက်သည်။ လစ်ဟာနေသော ခံစားချက်များမှာ တစ်ပွေ့တစ်ပိုက်။ အကွာအဝေး နည်းနည်းဟာ အလင်းနှစ်တွေထက် ပိုများသည် ထင်ရ၏။

ဒီတစ်နေ့၊ ဒီတစ်ည။ နောက်ထပ်နေ့၊ နောက်ထပ်ည။

"လတ်"

ကျောဘက်‌ဆီမှ နွေးထွေးသွားသောအငွေ့အသက်။ ခါးတစ်ဝိုက်ကို သိုင်းဖက်လာသော လက်ချောင်းများ၏ အထိအတွေ့။

တစ်စောင်း လွယ်ထားသော ကျောပိုးအိတ်ကို ချက်ချင်း လွှတ်ချလိုက်ပြီးနောက် မျက်နှာခြင်းဆိုင် လှည့်ကာ ကျစ်ကျစ်ပါအောင် ပြန်လည် ဖက်ထားလိုက်မိသည်။ ဆံပင်တွေ ကြားမှာတော့ မြတ်နိုးစွာသော အနမ်းများ လွန့်လူး၏။

"ချစ်တယ် ဦး"

"လတ်ကိုလည်း ချစ်တယ်"

ကြင်နာစွာ၊ ချစ်မြတ်နိုးစွာ ဆိုမြည် တိုင်တည်လိုက်သော အသံသည် နှလုံးသည်းပွတ်အား တည်တည်ငြိမ်ငြိမ် ရပ်တန့် မနေနိုင်အောင် ဆွဲခါရမ်းလိုက်သလို ရှိ၏။

လူချင်း ဘယ်လောက်ဝေးဝေး အချစ်ချင်းသည်က အနီးဆုံးထက် နီးကပ်လျက်။

TBC...

[Zawgyi]

"လက္သည္းညွပ္ေတြ၊ နားဖာကေလာ္ေတြ၊ တစ္ရႉးထုပ္ေတြ ရမယ္ေနာ္"

"ေဘာလုံးအကၤ်ီေတြ။ ကေလး၀တ္လား၊ လူႀကီး၀တ္လား။"

"Label ျပားေတြ ကပ္မယ္ေဟ့။ နာမည္ေလးေတြ လာေျပာၾကပါ။"

ကားနား၌ ရပ္ကာ အထုတ္ ထည့္တာကို ေစာင့္ေပးေနရင္း ဦးမ်က္ႏွာကို လွမ္းလွမ္းၾကည့္ေတာ့ ဘာမွ ေျပာင္းလဲမႈ သိပ္မရွိ။ တစ္ခါတစ္ရံ လက္‌ေခ်ာင္းေလးေတြကိုသာ ခဏခဏ ဖိညစ္ေနသည္။

"လတ္ ျပန္ေတာ့ေလ။ ကားထြက္ေတာ့မယ္။"

တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဦးက ဆိုလာသည္။ မတည္ၿငိမ္ေသာ လြမ္းလတ္ေနာင္ ရင္ထဲမွာေတာ့ လွိုင္းထန္လာ၏။ ဒီ၀င္းထဲကေန ကားထြက္သြားတာကို ေမွ်ာ္ၾကည့္ရင္းမွ ၀မ္းနည္း မ်က္ရည္က်ရတာမ်ိဳး သူ မႀကိဳက္ပါ။

"ကားထြက္မွ ျပန္မယ္"

ေခါင္းမာမာႏွင့္ ဆက္ရပ္ေနမိလွ်င္ ဦးက လက္တစ္ဖက္ကို လာ‌ေရာက္အုပ္ကိုင္ေပးသည္။ ေလျပည္ေအးေလးျဖင့္လည္း နားခ်ရွာ၏။

"ကားထြက္သြားရင္ လတ္ ပိုၿပီး စိတ္မေကာင္း ျဖစ္ေနမွာေပါ့"

"ဟင့္အင္း ရတယ္။ ကိုယ္ အဆင္ေျပပါတယ္။"

လတ္က တကယ္ ကေလးတစ္ေယာက္လိုပင္။ ဂ်ီက်ေနသည္ကို ၾကည့္ကာ ရယ္ခ်င္မိေသာ္လည္း မရယ္နိုင္ပါ။ သူကိုယ္တိုင္ကပါ ၀မ္းနည္းေနေၾကာင္း ျပလွ်င္ လတ္က မသြားဖို႔ အတင္း ဆြဲထားေတာ့မည္။

"ကဲ ကားေပၚ တက္လို႔ရၿပီ"

စပါယ္ယာက ေအာ္သည္။ လက္ေတြကို ဆုပ္ကိုင္ရင္းက ေခါင္းညိတ္ျပေသာ လတ္မ်က္လုံးမွာ မ်က္ရည္ေတြဝဲေန၏။ ၾကာၾကာ မၾကည့္နိုင္ေတာ့ဘဲ ကားေပၚသို႔သာ အေျပး တက္ခဲ့လိုက္မိသည္။

ခုမွ ဘာလို႔ ဒီေလာက္ ဝမ္းနည္းေနရပါလိမ့္။ ခဏေလး ေက်ာခိုင္း႐ုံႏွင့္ တစ္ဘဝလုံး ေပ်ာက္ကြယ္သြားေတာ့မလို ခံစားေနရသည္။

လက္ဆြဲအိတ္ကို အေပၚအံထဲသို႔ ခပ္ျမန္ျမန္ ထိုးထည့္ကာ အံႀကိတ္ထားစဥ္မွာပင္ မ်က္ရည္တစ္စက္က ေပါက္ခနဲ က်သြားသည္။ ခုံေပၚသို႔ အလ်င္အျမန္ ထိုင္ခ်လိဳက္ၿပီးေနာက္ အကၤ်ီအိတ္ထဲက လက္ကိုင္ပုဝါကို ထုတ္ယူလိုက္၏။ ေဘးခုံကလည္း လူ မေရာက္ေသး။ ငုံ႕ကိုင္းကာ တိတ္တိတ္ေလး က်ိတ္ငိုလိုက္လွ်င္ တျခားသူေတြေရာ လတ္ေရာ ျမင္လိမ့္မည္ မဟုတ္ေတာ့။

သို႔ေသာ္လည္း ေအာ္ဟစ္ငိုခ်င္တာကို ခ်ဳပ္တီးထားရသျဖင့္ ခႏၶာကိုယ္က တသိမ့္သိမ့္ တုန္ေနသည္။ ဖုံးကြယ္ထားေသာ ရွိုက္သံမ်ားေၾကာင့္ ေမးေၾကာမ်ား ေထာင္ထလာရ၏။ ဂ်ီေကာင္ေလးကေရာ ကား၀င္းထဲမွာ ငိုၿပီး က်န္ခဲ့ေလမလား။ ရွာေဖြ၍လည္း မၾကည့္ခ်င္။ သူ ငိုေနတာျမင္လွ်င္ လတ္က ပိုစိတ္ထိခိုက္မွာမို႔ ဒီပုံစံကို မျပခ်င္။

ဘာေၾကာင့္ သူတို႔ေတြ ေဝးၾကရတာလဲ။ အခ်င္းခ်င္း ဒီေလာက္ ခ်စ္ေနၾကမွ၊ ေဘးပေယာဂေတြလည္း မရွိခါမွ။ ဒီလို ခြဲထြက္ေစျခင္းက ဘယ္လို ကံၾကမၼာမ်ိဳးမ်ားတဲ့လဲ။

လတ္ႏွင့္သာဆိုလွ်င္ သုံးႏွစ္ မေျပာႏွင့္၊ သုံးစကၠန႔္မွ်ပင္ မေဝးခ်င္။ တြယ္တာတတ္လြန္းသူမို႔ ဒဏ္ရာေတြကို ထပ္မံ မလိုခ်င္။

နံေဘးမွာ လႈပ္ရွားသံႏွင့္ အထုတ္ခ်သံ ၾကားရသည္။ လူေရာက္လာၿပီမွန္း သိလိုက္ၿပီမို႔ မ်က္ႏွာကို ျပတင္းေပါက္ဘက္သို႔ တမင္ လွည့္ကာ လက္ကိုင္ပုဝါႏွင့္ သုတ္ပစ္လိုက္၏။

လူေရွ႕မွာေတာ့ ေသာင္ယံဦးက အတန္အသင့္ ႀကံ့ခိုင္သည္ မဟုတ္ပါလား။

"ကိုယ္ ထင္သားပဲ။ ဦး ဟန္ေဆာင္ေနတယ္ဆိုတာ။"

ေရွ႕အိတ္ထဲက ေရဘူးကို ဖြင့္ကာ ေသာက္လိုက္စဥ္ နံေဘးရွိ လူဆီမွ အသံ ထြက္လာသည္။ ေရာက္လုလု ေရဟာ ျပန္ထြက္သြားရ၏။

"............."

ျပဴးေၾကာင္ကာ ၾကည့္ေနေသာ မ်က္ႏွာေလးက အသည္းယားခ်င္စရာေကာင္းလွသည္။ အရွိန္ မေျပေသးေသာ မ်က္လုံးေလးေတြက မို႔ကာ ဝိုင္းေနၿပီး မေစ့ေသးေသာ ႏႈတ္ခမ္းမွာ ေရစက္ေလးေတြ စိုလ်က္စ ရွိ‌ေန၏။ ဖြက္ထားေသာ အိတ္ကို အေျပးအလႊားယူကာ ကားေပၚ တက္ခဲ့ရသျဖင့္ လြမ္းလတ္ေနာင့္ ပုံကေတာ့ ေခြၽးေတြႏွင့္ ေတာ္ေတာ္ စုတ္ျပတ္ေနေလာက္ပါသည္။

"ဘယ္လိုလုပ္ၿပီး..."

"ဦးကို အိမ္အထိ လိုက္ပို႔မလို႔"

လြယ္ထားေသာ ေက်ာပိုးအိတ္ကို ေရွ႕ခ်လိဳက္စဥ္မွာပင္ ရင္ခြင္ထဲ ပစ္၀င္လာေသာ ကိုယ္လုံးေလးေၾကာင့္ ကမန္းကတန္း ဖမ္းထိန္းလိုက္ရသည္။ လည္ပင္းကို ဖက္တြယ္ထားေသာ လက္ေခ်ာင္းမ်ားက ခိုင္ၿမဲလြန္းလွ၏။

"အစကတည္းက...။ လိုက္လာမယ္လို႔ မေျပာဘူး...။"

"ဦးက မလိုက္ေစခ်င္မွာစိုးလို႔"

ရင္ဘတ္မွာ ခ်က္ခ်င္း စိုစြတ္‌လာေသာ အထိအေတြ႕။ ငုံ႕ၾကည့္လိုက္ေတာ့ ဦးက လွိုက္လွိုက္လွဲလွဲကို ငိုေန၏။ အသံမထြက္ဘဲ က်ိတ္ငိုရသျဖင့္ လည္ပင္းေၾကာေတြက ေထာင္ေနၿပီး ခႏၶာကိုယ္က သိမ့္သိမ့္တုန္ေန၏။

"ငါလည္း မင္းနဲ႕ မခြဲခ်င္ဘူး။ လိုက္ခဲ့ပါလို႔ ေျပာခ်င္ေပမဲ့ ေျပာမထြက္ဘူးေလ။"

မငိုတတ္သူမွာ သူ႕ေၾကာင့္ ငိုရတာ ႏွစ္ႀကိမ္။ အံ့ဩသြားေအာင္ စခ်င္ေနေသာ္လည္း တျဖည္းျဖည္းခ်င္း ခံစားခ်က္က ေျပာင္းလဲသြားရ၏။

"ကားႀကီး ဒီ၀င္းထဲကေန ထြက္သြားတာကိုသာ ေစာင့္ၾကည့္ရရင္ ကိုယ္ ႐ူးသြားလိမ့္မယ္ ထင္တယ္"

"............."

"ခုနတုန္းက ဦးအရမ္းကို ထိန္းထားရမွာပဲေနာ္"

ခဏခဏ ညွစ္ေနေသာ လက္ေခ်ာင္းေတြကို သတိရ၍ ျဖန႔္ၾကည့္လိုက္ေတာ့ ဖိညွစ္လြန္းအား ႀကီးသျဖင့္ နီရဲကာေန၏။ ဒါ ဦးရဲ႕ စိတ္ထိန္းခ်ဳပ္နည္း တစ္မ်ိဳးေပေပါ့။

"ဦး တစ္ခုခု စားမလား"

ဦးက ေခါင္းခါျပသည္။ ရင္ခြင္ထဲက ျပန္ခြာသြားၿပီးေနာက္ နည္းနည္း တည္တည္ၿငိမ္ၿငိမ္ ျပန္ျဖစ္သြား၏။

"လတ္ေရာ ထမင္းစားခဲ့ရဲ႕လား။ အိမ္ကိုေရာ ဘယ္လိုေျပာခဲ့လဲ။"

"ပုပၸား မေရာက္တာ ၾကာလို႔ ဦးနဲ႕ လိုက္သြားမယ္လို႔ ေျပာခဲ့တယ္။ မေန႕ကတည္းက ကိုယ္ အားလုံး ျပင္ဆင္ၿပီးသား။ ဦး လက္မခံမွာ စိုးလို႔ မေျပာဘဲထားတာ။"

"ဘာလို႔ လက္မခံရမွာလဲ"

သြားၿဖီးျပလိုက္မိသည္။ ငိုတာ မ်ားသြားသလို စိတ္လည္း ေအးသြား၍ထင္ ဦး မ်က္လုံးေလးေတြက တျဖည္းျဖည္းနဲ႕ ေမွးစင္းလာ၏။ အနားသို႔ ကပ္ကာ ငိုက္က်‌သြားေသာ ေခါင္းေလးကို ပုခုံးေပၚ တင္လိုက္ၿပီးေနာက္ ခါးေလးကိုပါ တစ္ပါတည္း ဖက္ထားလိုက္သည္။

"ေရာက္ရင္ ကိုယ္ေျပာမယ္"

လက္ေခ်ာင္းေလးေတြကို ဆြဲယူကာ ကိုင္ထားလိုက္ၿပီး ျပတင္းေပါက္ အျပင္ဘက္သို႔ ေငးၾကည့္ေနမိသည္။ တရိပ္ရိပ္ ေျပးေနေသာ ကားေလးကေတာ့ အညာေျမဆီ ဦးတည္လ်က္။

"ကိုယ္ ဒီနားက ဟိုတယ္ တစ္ခုခုမွာတည္းမယ္။ ဦးကို လာေတြ႕မယ္ေနာ္။"

အထုတ္ေတြကို ကူဆြဲေပးရင္းမွ လမ္းထိပ္က ထေနာင္းပင္ေအာက္ ေရာက္ေတာ့ ႏွစ္ေယာက္သား ရပ္လိုက္ၾကသည္။ ငယ္ငယ္တုန္းကေတာ့ ဒီလမ္းေလးထဲကေန ႏွစ္ေယာက္သား စက္ဘီး တစ္‌ေယာက္တစ္လွည့္ နင္းကာ ထြက္လာခဲ့ၾကဖူးသည္။ ဟာသေတြ ေျပာကာ ရယ္ေမာခဲ့ၾကသည္။ ငယ္႐ြယ္စဥ္ အခ်ိန္ေတြ၏ သက္ေသျဖစ္ခဲ့ေသာ ဤလမ္းငယ္သည္ ယခုအခါတြင္ေတာ့ ခြဲခြာရမည့္ မွတ္တိုင္ငယ္တစ္ခု ျဖစ္လာ၏။

ေငးေမာၾကည့္ၾကရင္းမွ တစ္ေယာက္စိတ္ တစ္ေယာက္ ခန႔္မွန္းမိသလို ၿပိဳင္တူလွည့္ၾကည့္မိၾကသည္။

"ဂ႐ုစိုက္သြားေနာ္ ဦး"

"လတ္ေရာပဲ"

အညာေလျပည္က ႏွစ္ေယာက္လုံးကို ျဖတ္တိုက္သြားၿပီးေနာက္ ႐ြက္ဝါေလးေတြက တျဖဳတ္ျဖဳတ္ႏွင့္ ေႂကြက်လာၾကသည္။ ေဆာင္းကူးခါနီးေသာ္လည္း ရင္တြင္းက အပူေတြေၾကာင့္ထင္၊ မေအး။ သဲေျမပူကို ေျခေထာက္ႏွင့္ ထိုးဆြေနရင္း အထုတ္ဆြဲကာ ဦးက တ‌ေ႐ြ႕ေ႐ြ႕ ေက်ာခိုင္းသြား၏။

က်န္ခဲ့ရမည္ကို မႀကိဳက္သျဖင့္ သစ္ပင္ေအာက္မွ ေနာက္ေၾကာင္း ျပန္လွည့္ကာ ထြက္လာခဲ့လိုက္သည္။ လစ္ဟာေနေသာ ခံစားခ်က္မ်ားမွာ တစ္ေပြ႕တစ္ပိုက္။ အကြာအေဝး နည္းနည္းဟာ အလင္းႏွစ္ေတြထက္ ပိုမ်ားသည္ ထင္ရ၏။

ဒီတစ္ေန႕၊ ဒီတစ္ည။ ေနာက္ထပ္ေန႕၊ ေနာက္ထပ္ည။

"လတ္"

ေက်ာဘက္‌ဆီမွ ေႏြးေထြးသြားေသာအေငြ႕အသက္။ ခါးတစ္ဝိုက္ကို သိုင္းဖက္လာေသာ လက္ေခ်ာင္းမ်ား၏ အထိအေတြ႕။

တစ္ေစာင္း လြယ္ထားေသာ ေက်ာပိုးအိတ္ကို ခ်က္ခ်င္း လႊတ္ခ်လိဳက္ၿပီးေနာက္ မ်က္ႏွာျခင္းဆိုင္ လွည့္ကာ က်စ္က်စ္ပါေအာင္ ျပန္လည္ ဖက္ထားလိုက္မိသည္။ ဆံပင္ေတြ ၾကားမွာေတာ့ ျမတ္နိုးစြာေသာ အနမ္းမ်ား လြန႔္လူး၏။

"ခ်စ္တယ္ ဦး"

"လတ္ကိုလည္း ခ်စ္တယ္"

ၾကင္နာစြာ၊ ခ်စ္ျမတ္နိုးစြာ ဆိုျမည္ တိုင္တည္လိုက္ေသာ အသံသည္ ႏွလုံးသည္းပြတ္အား တည္တည္ၿငိမ္ၿငိမ္ ရပ္တန႔္ မေနနိုင္ေအာင္ ဆြဲခါရမ္းလိုက္သလို ရွိ၏။

လူခ်င္း ဘယ္ေလာက္ေဝးေဝး အခ်စ္ခ်င္းသည္က အနီးဆုံးထက္ နီးကပ္လ်က္။

TBC...

Continue Reading

You'll Also Like

20.7K 1.7K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...
488K 19.6K 18
uni ဦးနဲ့သာဆိုနောင်နောင်ကအပျော်ရဆုံးပါဦးရယ် နောင်လင်းသန့်# ကလေးမင်းလေးကိုကိုယ်လက်ထပ်ရတဲ့ကြောင်းအရင်းကမင်းအဖေကိုလက်စားခြေချင်လို့..မင်းကိုအသုံးချပြီ...
79.7K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
4M 270K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...