Flying Gulls Never Land [ဘာသာ...

By noya_shimizu

534K 71.1K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
Stay Safe
24
25
26
27 - LADY JUSTICE
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

23.2

5.1K 888 56
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

23.1 အရင်ဖတ်ရန်

"လောကျန်းယွင်က အိပ်ရာပေါ်မှာ အကြမ်းဖက်တာမျိုးလုပ်ခဲ့သေးလား ? ဥပမာ ရှင့်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တာ ရိုက်နှက်တာမျိုးပေါ့ ?"

မော့ချိုးကား ကိုယ်ကကျုံ့ထားခဲ့၏ ။ အသားအရေအရောင်အဆင်းမှာ သရဲတဘက်ကဲ့သို့ ဖြူစုတ်နေခဲ့လျက် ။ သူ၏ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ကို အလေးမထားသော ထိုမေးခွန်းများက မော့ချိုးအတွက် အပြစ်ဒဏ်ကြီးကြီးတစ်ခုကဲ့သို့ပင် ။ စကားလုံးတိုင်းသည် ပြတ်ရှရာများကဲ့သို့ သူ့အသက်ကို ဖြည်းဖြည်းချင်း တစစီသွေးထွက်လွန်ကာ ကုန်ဆုံးစေတော့မည့်အတိုင်း ။

မော့ချိုး သူ့တံတောင်ဆစ်ကို စိုးရိမ်တကြီး ပွတ်သပ်မိ၏ ။ အသံကမူ တုန်ရီနေခဲ့လျက် ။

"သူ လုပ်ခဲ့ပါတယ် "

"ရှင့်လက်က အမာရွတ်က ဘယ်လိုရခဲ့လံဆိုတာ ရှင် ဒီကလူတွေအားလုံးကို ပြောပြပေးနိုင်မလား ? "

"ကျွန်...ကျွန်တော် သူ့ရဲ့အကျပ်ကိုင်မှုကို သည်းမခံနိုင်တော့လို့ အိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လုပ်ခဲ့ပါတယ်... ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်က အချိန်မှီရှာတွေ့သွားလို့ မသေခဲ့တာပါ...ဒီအမာရွတ်ကလည်း ကျွန်တော် လက်ကောက်ဝတ်ကိုဖြတ်လိုက်တဲ့အချိန်က ရခဲ့တာပါ..."

သူမ၌ ထပ်မေးစရာမေးခွန်းမရှိတော့ကြောင်း မန့်ရွမ်ကျွင်းက ဆိုလာသောအခါ တစ်ချိန်တည်းမှာပင် မော့ချိုးရော သူပါ တစ်ချိန်တည်းမှာပင် သက်ပြင်းချမိကြ၏ ။

အစပထမ၌ မန့်ရွှမ်ကျွင်း၏မေးခွန်းများကား မော့ချိုးအား အတော့်ကိုဖိအားပေးခဲ့​ပြီးဖြစ်ကြောင်း လုဖုန်းတွေးထားခဲ့သည် ။ သို့သော် အမှုကိစ္စအားတင်ပြရန် ရှန့်မင်အော်အလှည့်ရောက်လာမှသာ သူတွေးထင်ခဲ့သည်မှာ မှားယွင်းကြောင်း လုဖုန်းသိလိုက်ရတော့သည် ။

ရှန့်မင်အော်မှာ သက်သေထွက်ဆိုရာ နေရာစင်မြင့်ထက်သို့ လျှောက်လှမ်းလာခဲ့ပြီး လက်ထဲကိုင်ထားသော စာရွက်စာတမ်းမိတ္တူများကို မော့ချိုးအားပြလာခဲ့သည် ။

"ခင်ဗျားအနေနဲ့ လွန်ခဲ့တဲ့၂နှစ်က မစ္စတာလောရဲ့ Social Media Account တွေကတဆင့် နေ့တိုင်းစာပို့ခဲ့တယ် ၊ ခင်ဗျားရဲ့ နေ့စဥ်ဘဝအကြောင်းအရာတွေကို ပြောပြတယ် ၊ ချစ်တယ်ဆိုတဲ့အကြောင်းတွေ ပြောခဲ့တယ် ၊ မစ္စတာလောက ခင်ဗျားရဲ့ရိုးသား​မှုကြောင့် စိတ်လှုပ်ရှားသွားပြီးတော့ သူ့ဖုန်းနံပါတ်ကိုပေးတယ် ၊ ခင်ဗျားကလည်း ချက်ချင်းဆက်သွယ်ခဲ့တယ် ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကျေနပ်နေတယ်ဆိုတာ သိသာတယ် ၊ ပြီးတော့ ခင်ဗျားကြိုက်တဲ့အနုပညာရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုဖန်တီးနိုင်မယ့် အခွင့်အရေးက တခြားအရာတွေထက် ခင်ဗျားကိုပိုစိတ်လှုပ်ရှားစေခဲ့တယ် ၊ မှန်ရဲ့လား ? "

မော့ချိုး နှုတ်ခမ်းနှစ်လွှာကို တင်းကျပ်ကျပ်ဖိကိုက်ကာ ဖြည်းဖြည်းခေါင်းညိတ်မိသည် ။

"ဟုတ်တယ် ဒါပေမဲ့..."

"ဟုတ်ပြီ..."

တရားခံဘက်ခြမ်းမှ မျက်နှာပြင်ကြီးကြီးတစ်ခုထက်တွင် သက်သေတစ်ခုက အချိန်ကျပင် ပေါ်ပေါက်လာခဲ့၏ ။ ၎င်းမှာ ဘောင်ကွက်လေးကွက်ပါသည့် အရောင်ခြယ်ရုပ်ပြပုံတစ်ခုပင် ။ ထိုရုပ်ပြပုံထဲတွင်ကား အိမ်ထောင်ရှင်အမျိုးသမီး၏ပုံကို သရုပ်ဖော်ပြထားခဲ့၏ ။ ဆေးထိုးအပ်ကိုင်ကာ သူနာပြုဝတ်ဆင်ဝတ်ထားခဲ့သောအမျိုးသမီးက အားအင်များထိုးသွင်းပေးမည့်အကြောင်း အလုပ်မှပြန်ရောက်လာသည့်ခင်ပွန်းဖြစ်သူအား စနောက်နေခဲ့၏ ။ ပြသထားသော ရုပ်ပြပုံကား အစမရှိအဆုံးမရှိပေ ။ ကြီးကြီးမားမား အနုပညာလက်ရာတစ်ခုမှ အတိုအထွာလေးတစ်ခုကို ထုတ်နှုတ်ပြထားသည့်အလား ။

"ကျွန်တော် မှတ်မိတယ် ၊ ဒါကျွန်တော့်ရဲ့ အနုပညာလက်ရာထဲက တစ်ခုပဲ "

မည်သို့သောအကြောင်းကြောင့် ရှန့်မင်အော် ဤအပိုင်းအစလေးကို ဆွဲထုတ်လာရလဲဆိုသည်ကို မော့ချိုးလုံးဝနားမလည်နိုင် ။

"အဲ့ဒါက အရမ်းကြာခဲ့ပြီ ။ ငယ်ငယ်စုံတွဲတစ်တွဲရဲ့ ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတဲ့ နေ့စဥ်ဘဝအကြောင်းဆွဲထားတာ..."

"ခင်ဗျားက တစ်စုံတစ်ယောက်ရဲ့နေရာမှာ ဝင်ပြီးစိတ်ရောကိုယ်ရော သရုပ်ဆောင်ရတာ အဖြစ်အပျက်တွေကို စိတ်ကူးယဥ်ပုံဖော်ရတာ ကြိုက်တယ် ဟုတ်တယ်မလား ?"

"ဘယ်လို...? "

"ဒီထဲမှာဆို ခင်ဗျားက အဲ့မိန်းမနဲ့ယောက်ျားနှစ်ယောက်လုံးကို နေ့စဥ်ဘဝမှာ အခန်းကဏ္ဍအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ရေးဆွဲထားတယ် ၊ တစ်ခါတလေ မိန်းမဖြစ်သူက သူနာပြုဖြစ်ချင်ဖြစ်မယ် ၊ တစ်ခါတလေ ယောက်ျားဖြစ်သူက ပင်လယ်ဓါးပြဖြစ်ချင်ဖြစ်မယ် ၊  ဒီလက်ရာ ဒီရုပ်ပြတစ်ခုလုံးကို ခင်ဗျားပဲအကြံရပြီး ဖန်တီးခဲ့တာ ၊ ကြည့်ရတာ ခင်ဗျားက အခြေအနေအမျိုးမျိုးကို စိတ်ကူးယဥ်ပုံဖော်ရတာ ကြိုက်ပုံပဲ "

မန့်ရွှမ်ကျွင်းက ကျယ်လောင်စွာပင် ကြားဖြတ်ပြော၏ ။
"ဒီအကြောင်းအရာက ယခုလက်ရှိ အမှုကိစ္စနဲ့ဘာမှမသက်ဆိုင်ပါဘူး"

တရားသူကြီးက မန့်ရွှမ်ကျွင်းအား တစ်ချက်ကြည့်၏ ။ ထို့နောက် သူမ၏ကန့်ကွက်မှုကို ပယ်ချလိုက်ပြီးနောက် ရှန့်မင်အော်အား ရှေ့ဆက်ပြောစေသည် ။

"ပုံမှန်သဘာဝအတိုင်းပဲ ဆက်သွားနေခဲ့တဲ့ ခင်ဗျားနဲ့ မစ္စတာလောကြားက ဆက်ဆံရေးက နှစ်ဦးနှစ်ဖက်လုံးရဲ့ ဆန္ဒပါတယ် ၊ အိပ်ရာပေါ်က ကိစ္စမျိုးကလည်း ချစ်မှုရေးရာမှာ သာမန်ပဲလေ ၊ ခင်ဗျားဘက်က စိတ်မပါခဲ့ဖူးဆိုရင် ပထမအကြိမ်ထဲက ခင်ဗျားရဲတိုင်ခဲ့ရမှာပေါ့ ၊ ဒါပေမဲ့ ခင်ဗျားမတိုင်ခဲ့ဘူး ၊ ဆက်သွားဖို့ပဲ ရွေးချယ်ခဲ့တယ် ၊ ဘာလို့ဆို  အတင်းအကျပ်လုပ်တာမျိုးမဟုတ်ခဲ့လိုပဲ ၊ ပြီးတော့ ခင်ဗျားပြောတာတွေကလည်း ကျွန်တော့်အမှုသည်နဲ့ ခင်ဗျားကြားက စိတ်ကူးယဥ်ပုံဖော်မှုတစ်ခုပဲ "

ရှန့်မင်အော်ကား မလျှော့သောအရှိန်အဟုန်ဖြင့် ဆက်ပြောနေခဲ့၏ ။ ထို့နောက် သက်သေထွက်ဆိုရာနေရာဘောင်ထက်၌ လက်နှစ်ဖက်လုံးကို တင်ထားလျက်ပင် ...

"မစ္စတာလောက ခင်ဗျားကို ကြိုက်တယ် ၊ အဲ့တော့ သူက ခင်ဗျားရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖြည့်ဆည်းပေးချင်ခဲ့တယ် ၊  အဲ့ဒါကြောင့်လည်း နှိပ်စက်အကြမ်းဖက်တာကို ဝါသနာပါသူတစ်ယောက်လိုမျိုး သရုပ်ဆောင်ပေးခဲ့တယ် ၊ ခင်ဗျားနဲ့သူရိုက်ထားတဲ့ဗီဒီယိုကလည်း ခင်ဗျားကို စိတ်ကျေနပ်စေဖို့ပဲ ၊ ဖန်သားပြင်ပေါ်က ဘုရင်တစ်ယောင်လိုမျိုး သူ့အတွက်က သရုပ်ဆောင်တယ်ဆိုတာ အလွယ်လေး ၊ သဘာဝကျကျပဲ သူသရုပ်ဆောင်နိုင်ခဲ့တယ် "

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး "

မော့ချိုး အင်္ကျီလက်အနားစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့၏ ။ မျက်မှာ လူသေကောင်နှယ်ဖြူဖျော့နေခဲ့လျက် ။ နောက်တစ် အသက်တစ်ချက်ပင် မရှူနိုင်တော့သည့်အလား ။ မေ့လဲကျတော့မည့်အလားပင် ။

"အဲ့ဒါက ဘာလို့လဲဆိုတော့ သူက အဲ့ဗီဒီယိုတွေကို အွန်လိုင်းပေါ်တင်ပစ်မယ်ဆိုလို့......"

"သူသာ အဲ့ဗီဒီယိုတွေကို အွန်လိုင်းပေါ်တင်လိုက်မယ်ဆို ဘယ်သူ့ဂုဏ်သိက္ခာက ပိုထိခိုက်မယ်ခင်သလဲ ?  ခင်ဗျားလို ဘယ်သူမှမသိ ၊ မျက်နှာရော ဘယ်သူဘယ်ဝါဖြစ်ကြောင်းရော ပြနေစရာမလိုတဲ့ ပုံရေးတဲ့သူတစ်ယောက်လား ဒါမှမဟုတ် မစ္စတာလောလို အမြဲတမ်း ချီးကျူခြင်းတွေ ဂုဏ်တွေ လက်ခံရရှိနေတဲ့တစ်ယောက်လား ?"

မော့ချိုးအား ခေတ္တမျှကြောင်အသွားခဲ့ပြီး ရေရွတ်လာခဲ့၏ ။

"ဟုတ်တယ်.."

မန့်ရွှမ်ကျွင်းကား ရုတ်ချည်းပင် ခုံမှထရပ်လိုက်ကာ

"ကန့်ကွက်ပါတယ် ၊ တရားခံရှေ့နေဟာ သူလိုချင်တဲ့အဖြေရအောင် တွန်းအားပေးတဲ့မေးခွန်းတွေ မေးနေတယ်ဆိုတာ ထင်ရှားနေပါတယ် "

သည်တစ်ခေါက်တွင်မူ တရားသူကြီးများက ကန့်ကွက်မှုအဆိုတင်သွင်းခြင်းကို လက်သင့်ခံပေး၏ ။ ထို့ပြင် ရှန့်မင်အော်အား မျက်မြင်သက်သေအား စစ်မေးသည့်နည်းလမ်းကို အထူးဂရုပြုရန် ထိုသို့မေးမြန်းခြင်းက ခုံသမာဓိအဖွဲ့ဝင်တို့အား ပိုလွန်သောကောက်ချက်များချမိစေနိုင်ကြောင်းပါ ပြောကြားလာခဲ့၏ ။

ထိုအခါမှ ရှန့်မင်အော်မှာ သူ၏ညှာတာမှုမရှိသော တိုက်ခိုက်မှုတို့အား လျှော့ချလိုက်ပြီး ခေါင်းအသာညိတ်ပြကာ နောက်ထပ်မေးခွန်းမရှိတော့ကြောင်း ပြောလာခဲ့ပေသည် ။

မန့်ရွှမ်ကျွင်း၏မျက်နှာအမူအရာကား တရားခွင်ကြားနာခြင်းစတင်သည့်အချိန်ကပင် ပို၍အရေးကြီးလေးနက်ဟန် ပေါ်နေ၏ ။ ယနေ့တိုက်ပွဲ သို့မဟုတ် ယနေ့တိုက်ပွဲဦး ပြီးနောက်ထပ်လာမည့် တိုက်ပွဲများကား ခက်ခဲမည်ဆိုသည်ကို သူမ, နားလည်လာပုံရသည် ။

ထို့နောက်တွင်ကား မန့်ရွှမ်ကျွင်းက လောကျန်းယွင်အား စတင်မေးခွန်းမေးတော့၏ ။ မေးခွန်းအစတွင်ကား အရာရာမှာ ချောချောမွေ့မွေ့ဆက်သွားနေခဲ့သေးသည် ။ မန့်ရွမ်ကျွင်းကား မော့ချိုးပါသော ဗီဒီယိုတိတ်ခွေများကို ပြသလျက် လောကျန်းယွင်အား အိပ်ရာထက်တွင် မော့ချိုးအပေါ် အကြမ်းဖက်မဖက် အထပ်ထပ်အခါခါစစ်မေးတော့သည် ။ ထိုအခိုက်အတန့်မှာပင်  မော့ချိုးမှာ ခံစားချက်ကို ထိန်းချုပ်မထားနိုင်တော့ဘဲ တစ်ချက်တစ်ချက် ရှိုက်ကာ စတင်ငိုကြွေးတော့သည် ။ မျက်နှာကို လက်များကြားဖွက်ထားလျှက် ငိုကြွေးနေသည်မှာ သိသာထင်ရှားစွာ ။

မန့်ရွှမ်ကျွင်း၌ တရားခွင်အား ခေတ္တရွှေ့ဆိုင်းရန် တောင်းဆိုရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ ။ မန့်ရွှမ်ကျွင်း၏တောင်းဆိုမှုကို တရားသူကြီးလည်း နားလည်မှုရှိစွာပင် ခွင့်ပြုပေး၏ ။

တရားရုံးထဲမှ လူစုလူဝေးကြီးများ တဖြည်းဖြည်းလူစုကွဲသွားပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုကြ၏ ။ သတင်းထောက်များအနေနှင့်လည်း နောက်ဆုံးသောသတင်းအချက်အလက်များကို ဆိုင်ရာဆိုင်ရာ သတင်းရုပ်သံလိုင်းများဆီ အမြန်ဆုံးပေးပို့နိုင်ဖို့ရန် ကြိုးစားရင်း အလုပ်ရှုပ်နေကြတော့၏ ။

"အဲ့လူက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ ၊ သူ့ကိုယ်သူ နတ်ဘုရားလို့များထင်နေတာလား ? ငါတို့'ကျန်း ကျန်း' က  သူ့ကို အတင်းအဓမ္မလုပ်တာ ဖြစ်နိုင်မှာတဲ့လား ?ငါတို့ကျန်းကျန်းက အဲ့လူကို မျက်နှာသာပေးခဲ့တာ သိသာတယ် "

(ကျန်းကျန်း = လောကျန်းယွင်ကို fangirl တွေက ချစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ ခေါ်တာပါ  )

"ဟုတ်တယ် ၊ သူက ငါတို့ကျန်းကျန်းက သူကို့ရိုက်တယ်လို့လဲပြောသေးတယ် ၊ အစတည်းက သူ့ဆန္ဒမပါရင် ရဲခေါ်လိုက်လေ ၊ ငါမြင်တာပြောရရင် ကျန်းကျန်းက သူနဲ့လမ်းခွဲချင်တယ် ၊ အဲ့တာကို သူက လက်စားချေတဲ့အနေနဲ့ ပြန်တိုက်ခိုက်ဖို့လုပ်တာနေမယ် ၊ အဲ့ဒါကို သူကအဓမ္မကျင့်ခံရပါတယ်ဆိုပြီး ကျန်းကျန်းကို အသရေဖျက်ဖို့လုပ်တယ် ၊ ဘယ်လောက်တောင် ယုတ်မာပြီး အကြင်နာတရားမရှိတဲ့လူလဲ ! "

"ပြီးတော့ အဲ့ဒါတင်မဟုတ်သေးဘူး ၊ လူတစ်ယောက်က ခဏလေးနဲ့ နက်နက်ရှိုင်းရှိုင်းချစ်မိသွားတယ်ဆိုတာကို ငါမယုံဘူး ။ အဲ့ကိစ္စပြီးရင် သူတို့အိပ်ရာပေါ်မှာ ရှိနေတဲ့အချိန် ဗီဒီယိုရိုက်လိုက်တယ်ဆိုတာနဲ့တင် ဒီလောက်ဆိုးဆိုးရွားရွားဖြစ်သွားတယ်ဆိုတာက ကိစ္စမကြီးကြီးအောင်လုပ်နေသလိုပဲ ..."

"ဒီကိစ္စရဲ့နောက်ကွယ်က တစ်ယောက်ယောက်က ဒီအမှုကို ပိုဆိုသွားအောင် လုပ်ချင်နေပုံရတယ် မဟုတ်ရင် အဲ့လူက ဘာလို့ ရုတ်တရက်ကြီးရဲသွားတိုင်မှာလဲ ? "

"ငါတို့ ကျန်းကျန်းဖြတ်ကျော်ရတာတွေ အတော်များနေပြီ..."

လုဖုန်း နံရံကိုမှီကာ ဆေးလိပ်တစ်ချက်ဖွာခိုက် အနီးအနားမှာ ကြားရသမျှသည် လောကျန်းယွင်၏ပရိသတ်များဆီမှထွက်လာသော ဆိုးယုတ်လှသည့်စကားလုံးများပင် ။ သူတို့တွေးထင်ကာပြောသော စကားလုံးများက အဓိပ္ပာယ်ရှိသည် ၊ သူတို့ကား အခြေအနေတစ်ခုလုံး၏နောက်ကွယ်မှ အမှန်တရားကို အပြည့်အဝနားလည်ကြသည်ဟု ထင်နေကြသော လူများကြားဝယ် လုဖုန်းကား တခြားနားမလည်နိုင်သောထူးဆန်းသောရှုထောင့်မှ ကြည့်နေသူတစ်ယောက်နှယ် ။

ဘယ်သူ့ဘက်ခြမ်းမှ အပြစ်ရှိကြောင်းထင်ရှားမြင်သာနေခဲ့ပြီးဖြစ်လျှင် တရားရင်ဆိုင်စရာပင် မလိုအပ်တော့ ။ မည်သို့သော ချေပချက်များပေါ်လာပါစေ သက်သေများပေါ်လာခဲ့ပါစေ သူတို့ကိုယ်တိုင်ကပင် ဤကိစ္စသည် ဟိုးအရင်ကပင် အကွက်ချခဲ့သောကိစ္စ အတင်းအဖျင်းသတင်းစကားတစ်ခုဟုသာ မှတ်ယူကြလိမ့်ဦးမည် ။

နောက်နှစ်များကြာသောအခါ ထိုငယ်ငယ်ရွယ်ရွယ်ကောင်မလေးများ ဤအခိုက်အတန့်ကိုပြန်ကြည့်ကာ သူတို့၏အယုံလွယ်ခြင်း နုံအခြင်းအတွက် ရှက်ရွံ့နောင်တရခြင်းကို ခံစားရမည်လား သို့တည်းမဟုတ် သူတို့ဘာသာ မှတ်ယူထားသောအမှန်တရားကိုသာ ခေါင်းမာစွာ ဆွဲကိုင်ရင်း
လောကျန်းယွင်အပြစ်ကင်းသည်ဟုပင် ဆက်လက်ယုံကြည်ထားကြမည်လားဆိုသည်ကို လုဖုန်း သိချင်လှပါ၏ ။

လုဖုန်း ဆေးလိပ်သောက်ပြီးချိန်မှာပင်  တရားရုံးဝန်ထမ်းများကလည်း လူအားလုံးကိုတရားရုံးထဲသို့ ပြန်ဝင်ဖို့ပြောတော့သည် ။ သို့သော် တရားရင်ဆိုင်ခြင်းကား ပြန်လည်အစမပြုသေး ။ မော့ချိုး၏မတည်ငြိမ်သေးသော စိတ်အခြေအနေကြောင့် တရားရင်ဆိုင်ခြင်းမှာ ဆက်လက်လုပ်ဆောင်ရန် မသင့်လျော်ဟုယူဆလိုက်တော့၏ ။ တစ်ဆက်တည်းမှာပင် ဤအမှုကြားနာခြင်းအား နောက်ရက်သို့ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း တရားသူကြီးက ထုတ်ပြန်ကြေညာ၏ ။

တရားရုံးအပြင်ဘက်တွင်ကား ပြည်သူလုထုအဖြစ် တက်ရောက်ခွင့်မရကြသော သတင်းမီဒီယာသမားတို့မှာ လောကျန်းယွင်တရားရုံးမှထွက်လာသည်ကို မြင်သည်နှင့် လောကျန်းယွင်အနားသို့ စုပြုံရောက်ရှိလာကြကာ အင်တာဗျူးရန် ဓာတ်ပုံရိုက်ဖို့ရန် တကျည်ကျည်တောင်းဆိုကြတော့၏ ။

ရိတကျွမ့်မှာ ဓာတ်ပုံနှစ်ပုံမျှ ဖြတ်ခနဲရိုက်ယူပြီး လောကျန်းယွင်ဘေးဝိုင်းနေသောလူအုပ်ကြားမှ မနည်းတိုးထွက်ကာ ယိုင်တိုင်တိုင်ဖြင့်လျှောက်လာတော့၏ ။

"ချီးပဲ အဲ့လောက် အားပါစရာလိုလို့လားကွ !? "

ရိတကျွမ့်မှာ လက်ထဲရှိ ဒစ်ဂျစ်တယ်ကင်မရာအား စစ်ကြည့်ရင်း ဆဲရေးလာခဲ့၏ ။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ချိန် လုဖုန်းအားမြင်သောအခါ ရိတကျွမ့်၏မျက်ခုံးတို့မှာ ပျော်ရွှင်မှုဖြင့် ပြန်လည်ပြေလျော့သွားပြန်သည် ။

"ဖုန်းကော ၊ အထဲမှာ ဘာဖြစ်ခဲ့လဲ ကျွန်တော်ကိုမြန်မြန်လာပြောပြစမ်းပါ "

ဆက်လက်၍ မိုးရွာခြင်းမရှိတော့သော်ငြား ကောင်းကင်ပြင်ကား မှောင်မဲနေဆဲ မှုန်မှိုင်းနေဆဲပင် ။ စိတ်ကို သက်တောင့်သက်သာမဖြစ်စေသော မြင်ကွင်းမျိုးဟု ဆိုရပေမည်လား ။

အိတ်ကပ်ထဲရှိ စီးကရက်လိပ်ကို စမ်းကြည့်ရင်း အကွာအဝေးတစ်ခုမှ ရွေ့လျားနေသော လူစုလူဝေးကို လိုက်ကြည့်နေမိသည် ။

" သိပ်အဆင်မပြေဘူး "

ရိတကျွမ့်မှာ လုဖုန်းအကြည့်တို့၏ဦးတည်ရာကို ဆီလိုက်ကြည့်မိ၏ ။  လောကျန်းယွင်နှင့် သူ၏ဥပဒေအဖွဲ့က ကားထဲဝင်သွားခြင်း သူ့နောက်တွင် လူအုပ်ကြီးက လိုက်လာခြင်းကိုတွေ့သောအခါ သက်ပြင်းတစ်ချက်ချ၏  ။

"တကယ်တော့ တရားခွင် ခဏရွှေ့ဆိုင်းတာမလုပ်ခင်ကတည်းက မိတ်တွေတစ်ချို့ဆီက ဘာဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်ကြားထားပြီးသား ၊ ပြိုင်ဘက်ရှေ့နေ့က တစ်ချိန်လုံးမေးခွန်းတွေပဲမေးနေခဲ့တာဆို ၊ ပထမအလှည့်ပဲရှိသေးတယ် တရားလိုက ဖိအားကြောင့် အရုပ်ကြိုးပြတ်ဖြစ်သွားတယ်ဆို ၊ ကြည့်ရသလောက်ဆို တရားလိုဘက်က စွဲချက်တွေက မျှော်လင့်ထားသလောက်   အဆင်ပြေပြေဖြစ်မယ် မထင်ဘူး "

ပြိုင်ဘက်ရှေ့နေသည် မေးခွန်းများကို အဆက်မပြတ်သာမေးနေခဲ့ခြင်းမဟုတ် ။ ဖော်ပြရလျှင် လူမဆန် ရက်စက်ရုံသာမက လုံးဝဥဿုံ အရှက်မဲ့ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှ၏ ။

ကားထဲသို့မဝင်ခင် လုဖုန်းရှိရာဘက်ခြမ်းသို့ ဖျတ်ခနဲတစ်ချက်လှမ်းကြည့်လာသော ရှန့်မင်အော်ပါပေ ။

အကွာအဝေးအတော်လှမ်းနေသောကြောင့် ရှန့်မင်အော်၏မျက်နှာကို လုဖုန်းသေချာမမြင်ရသော်ငြား ဦးနှောက်မသုံးဘဲ ခြေဖျားထိပ်ကလေးများနှင့် စဥ်းစားကြည့်မည်ဆိုလျှင်တောင် ရှန့်မင်အော်၏ပေါ်လွင်နေသော ရုပ်သွင်ကို လုဖုန်းမှတ်ချက်ချနိုင်ပါသေး၏ ။ ယခုလက်ရှိ ရှန့်မင်အော်၏မျက်နှာထက်၌ လှောင်ပြောင်သရော်ဟန် စိတ်ကြီးဝင်ဟန်တို့ ထင်းနေမည်မှာ မလွဲမသွေပင် ။

"ငါက ရှုံးနိမ့်ရမယ်တဲ့လား ?ရှုံးနိမ့်မယ်ဆိုရင်တောင် အဲ့တစ်ယောက်က မင်းပဲဖြစ်လိမ့်မယ်" ဟူ၍ လုဖုန်းအား စိန်ခေါ်နေသကဲ့သို့ ။

လုဖုန်း စကားတစ်ခွန်းမှမဆိုဘဲ တစ်ဖက်ပြန်လှည့်ကာ တရားရုံးဝင်ပေါက်ဆီသို့ တစ်ဖန်လျှောက်လာခဲ့၏ ။ ရိတကျွမ့်ကား နောက်မှနေ၍ လုဖုန်းအမည်ကိုအော်ကာ တောက်လျှောက်လှမ်းခေါ်နေခဲ့၏ ။ သို့သော် လုဖုန်း တစ်ချက်ပင်လှည့်မကြည့်တော့ပဲ သူ့မှာ ကိစ္စတစ်ခုရှိနေသေးသည့်အတွက် အရင်ပြန်ဖို့ရန်သာပြောပြီး ရိတကျွမ့်အား လက်ပြနှုတ်ဆက်၍သာ ထွက်လာခဲ့တော့သည် ။

လုဖုန်း တရားရုံးထဲသို့ ဝင်လိုက်လိုက်ချင်းမှာပင် တရားစီရင်မှုပြုသည့်နေရာဘေးမှ နားနေခန်းတံခါးမှာ ပွင့်လျက်ရှိနေပြီး မန့်ရွှမ်ကျွင်းနှင့် မော့ချိုးမှာလည်း ထိုနေရာမှလမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရ၏ ။ မန့်ရွှမ်ကျွင်းမှာ မော့ချိုး၏ လက်တံတောင်ဆစ်နားကိုဆုပ်ကိုင်ထားရင်း ငြင်သာသောအသံဖြင့် တရစပ်နှစ်သိမ့်ပေးနေခဲ့ပြီး မော့ချိုးကလည်း သူမကိုခေါင်းတဆတ်ဆတ်ညိတ်ပြနေခဲ့၏ ။

"အဆင်ပြေသွားမှာပါ ၊ စိတ်မဖိစီးနဲ့..."

လုဖုန်း သူတို့နှစ်ယောက်ဆီ ဦးတည်လျှောက်သွားရင်း အနားသို့ရောက်သွားသောအခါ မန့်ရွှမ်ကျွင်းမှာ စကားပြောနေခြင်းကို အထိတ်တလန့်နှင့်ပင် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုံ့ကာ လုဖုန်းအားမေးလာခဲ့တော့၏ ။

"ရှင်က ဘယ်သူလဲ ? "

မော့ချိုးက အလျင်အမြန်ပင် ဝင်ဖြေလာခဲ့၏ ။

"Ah ! သူက ကျွန်တော့သူငယ်ချင်းပါ "

မန့်ရွှမ်ကျွင်း၏မျက်ခုံးများမှာ စောစောကထက်အတန်ငယ် ပြန်လည်ပြေလျော့သွားခဲ့၏ ။ သူမ တစ်စုံတစ်ခုကို ပြောမည်ကြံစဥ်မှာပင် နားနေခန်းဆီသို့ တစ်ဖန်ပြန်လည်ဆွဲခေါ်သွားခြင်းခံလိုက်ရပြန်သည် ။ သူမနှင့်အတူပါလာသည်ကား လုဖုန်းဆွဲခေါ်ယူလာခဲ့သောမော့ချိုးပင် ။ ကြည့်ရသည်မှာ ယခုလေးတင်ဖြစ်ပျက်သွားသောအရာအတွက် မဝေခွဲနိုင်ဟန် စိတ်ရှုပ်နေဟန်ပေါ်သည်။

နှစ်ယောက်သားအား အခန်းထဲထည့်လိုက်ပြီးနောက် လုဖုန်းလက်နောက်ပြန်ကာ ကျောဘက်ဆီမှ တံခါးကို လော့ခ်ချလိုက်၏ ။ မန့်ရွှမ်ကျွင်းမှာ လုဖုန်းနှင့်ဝေးရာဆီသို့ ခြေနောက်တစ်လှမ်းထပ်ဆုတ်လိုက်ပြီး သတိကြီးကြီးထားကာ မေးလာခဲ့၏ ။
"ရှင် ဒါဘာလုပ်တာလဲ ?"

လုဖုန်း သူမကို လျစ်လျူရှုလိုက်ကာ မော့ချိုးကိုသာ မေးခွန်းမေးဖို့ပြင်သည် ။

"မင်း လောကျန်းယွင်ကို ငါရိုက်ထားတဲ့ဗီဒီယို ပြလိုက်သေးလား ?"

မော့ချိုးမှာ အချိန်အတော်ကြာ ငိုထားခဲ့ပုံရသည် ။ ယခုတောင်မှ သူ့မျက်လုံးများမှာ ယုန်များ၏မျက်လုံးကဲ့သို့ အနီရောင်သမ်းနေခဲ့၏ ။ လုဖုန်းမေးခွန်းကိုကြားကြားပြီးချင်းပင် မော့ချိုးက ခေါင်းခါပြလာခဲ့၏ ။

"ဟင့်အင်း...ငါ ဒီကိစ္စမှာ မင်းကိုမပတ်သက်စေချင်လို့ "

"မင်းတော်တယ် "

လုဖုန်း အိတ်ကပ်ထဲရှိ ဖုန်းကိုထုတ်ကာ ထိုနေ့ကရိုက်ကူးခဲ့သော ဗီဒီယို တစ်နည်းအားဖြင့် ဘာကိုမှတည်းဖြတ်ထားခြင်းမရှိသော ဗီဒိယိုအကြည်အား ရှာဖွေလိုက်၏ ။ ထို့နောက် ဖုန်းကို စားပွဲထက်တင်ကာ မန့်ရွှမ်ကျွင်းဘက်သို့ ဖုန်းကိုတိုးပေးပြီး ကြည့်ရှုစေလိုက်သည် ။

"မစ္စမန့် ၊ ဒါကို တစ်ချက်ကြည့်ကြည့် ၊ ခင်ဗျားစိတ်ဝင်စားလောက်တယ် "

မော့ချိုးကား အလျင်အမြန်ပင် ဖုန်းကိုဆွဲယူဖို့ ကြိုးစား၏ ။ သို့သော် လုဖုန်းက ပိုလျင်မြန်နေရငြား မော့ချိုးအားပြန်လည်တားဆီးလိုက်နိုင်ပေသည် ။

"လုဖုန်း မင်းဘာလုပ်နေတာလဲ ?"

မော့ချိုး၏အသံမှာ နောက်တစ်ကြိမ် ထပ်မံငိုကြွေးတော့မည့်အတိုင်းပင် ။

"ငါ ငါ့ဘာသာလုပ်နိုင်တယ် ...မင်းဒီလို လုပ်စရာမလိုဘူး "

လုဖုန်း မော့ချိုး၏လက်ကို ဖယ်ထုတ်လိုက်ကာ သူ့ရှေ့မှာ မတ်တပ်ရပ်၏ ။ တစ်နည်းအားဖြင့် မန့်ရွှမ်ကျွင်းက ဖုန်းကို အသာလေးကောက်ယူကာ ဗီဒီယိုကြည့်မည့်အချိန်ထိ မော့ချိုးတစ်ယောက် စားပွဲဘက်မလှမ်းနိုင်ရန် လမ်းပိတ်လိုက်ခြင်းဆိုလည်း မမှား ။

"မော့ချိုး မင်းလိုမျိုး ဒီကိစ္စအတွက်ခံရတဲ့သူက တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ငါတို့သိပြီးသား ၊ ပထမတစ်ယောက်ပြီးရင် ဒုတိယတစ်ယောက်လည်းရှိလာမှာပဲ ၊ သူ့ကိုသာ မဖမ်းနိုင်ခဲ့ရင် သူ တစ်သက်လုံးဒီလိုပဲ သွားလိမ့်မယ် "

ဗီဒီယိုအား ကြည့်နေခဲ့သော မန့်ရွှမ်ကျွင်းကား ထိုခဏ၌ အတော်ပင် အံ့အားသင့်သွားပုံရ၏ ။ လုဖုန်းအားတစ်ချက်ကြည့်ကာ ဗီဒီယိုကို ပြန်လည်အာရုံစိုက်၍ကြည့်၏ ။  လုဖုန်းအားနောက်တစ်ကြိမ်ပြန်ကြည့်လာခဲ့ပြီးနောက်တွင်တော့ သူမက ဤသို့ဆို၏ ။

"ရှင်ကလည်း ခံရတဲ့သူ နောက်တစ်ယောက်လား ? "

"လုံးဝကြီးတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ အဲ့လိုပြောလို့တော့ရတယ် "

လုဖုန်း ထိုင်ခုံကိုဆွဲယူကာ သူမရှေ့ထိုင်လိုက်သည် ။

မန့်ရွှမ်ကျွင်းကား လုဖုန်းကိုတစ်ချက်မော့ချိုးကိုတစ်ချက်ကြည့်ကာ သူ့နည်းတူပင် ခုံတစ်ခုံဆွဲယူပြီး ထိုင်တော့၏ ။

"ကျွန်မ အသေးစိတ်သိဖို့ လိုအပ်တယ် "

နောက်တစ်နေ့ရောက်သောအခါ ချင်းဝမ်မြို့ရှိ သတင်းဋ္ဌာနအားလုံးမှာ ခံရသူအသစ်တစ်ယောက်ပေါ်ပေါက်လာသည့်ကိစ္စနှင့် ပတ်သက်၍ အုန်းအုန်းကျတ်ကျတ် ဖြစ်ကုန်ကြ၏ ။

နှစ်ဖက်လုံးတွင် ပါဝင်ပတ်သက်နေသူ တစ်နည်းအားဖြင့် ခံရသူဘက်နှင့် ပတ်သက်ဆက်နွယ်နေသူ လောကျန်းယွင်၏ပထမရှေ့နေမှာ နှုတ်ထွက်လိုက်ရပြီး အမှုနှင့်ပတ်သက်သမျှ တာဝန်ယူခြင်းကို ရပ်စဲလိုက်ရတော့၏ ။ လောကျန်းယွင်မှာလည်း ကျန်ရှိသည့်တရားရင်ဆိုင်ခြင်းအတွက် သူတို့၏အကြီးတန်းမိတ်ဖက်ဖြစ်သည့် Belton အမည်ရှိ Law Firm ကိုသာ အလျင်အမြန် ဖုန်းဆက်အကူအညီတောင်းရတော့သည် ။

ထွက်ပေါ်လာသောသတင်းများကို ဖတ်ရှုပြီးနောက် ရှန့်မင်အော်၏ အမျက်ခြောင်းခြောင်းထွက်နေသည့်မျက်နှာကို မြင်ယောင်မိသောအခါ လုဖုန်းတစ်ယောက် အူလှိုက်သည်းလှိုက်ရယ်မိတော့မတတ်ပင် ။

ဤအရှုပ်ဇယားတွင် လုဖုန်းကိုယ်တိုင် ပါဝင်လာလိမ့်မည်ဟု ရှန့်မင်အော် ထင်ထားခဲ့လိမ့်မည်မဟုတ် ။

ထိုအခိုက်အတန့်၌ အရာအားလုံးသည် တရားမျှတရန်အတွက်မဟုတ်တော့ဘဲ သူနှင့်ရှန့်မင်အော်ကြားမှ ပြိုင်ပွဲတစ်ခုကဲ့သို့ပင် ။ လုဖုန်းတစ်ယောက်တည်းကသာ ရှန့်မင်အော်အား လိုက်ပြိုင်နေခဲ့သော  တစ်ဖက်သတ်ပြိုင်ပွဲတစ်ခု ဖြစ်နေခဲ့သည်ကလွဲ၍...။

"လုဖုန်း မင်းရူးနေပြီလား ?"

ဖုန်းထဲမှတစ်ဆင့် အသည်းအသန်​အော်ပြောလာခဲ့သော ဝေ့ရှဲပင် ။ လုဖုန်းမှာ တစ်ပတ်လည်ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မတတ် ။

လက်ကိုင်ဖုန်းကို နားမှအသာခွာကာ လက်တစ်ချောင်းနှင့် နားထဲတစ်ချက်ကလော်ပြီးနောက် လုဖုန်းပြန်ပြောလိုက်သည် ။

"ကျွန်တော့်ကို ဘာလို့လာအော်နေတာလဲ ? "

ဝေ့ရှဲကား ဒေါသထွက်ကာ ဆက်လက်အော်ဟစ်နေဆဲ ။

"ရှန်းရှောင်ရှဲနဲ့ မျောက်က ငါ့ကို အကုန်ပြောပြပြီးသွားပြီ ၊ မင်းတို့ကောင်တွေ တစ်ခုခုလျှို့ဝှက်ထားတာ ရှိတယ်ဆိုတာ ငါအစကတည်းက တွေးမိနေပြီးသား ၊ မင်းတို့တွေ အလုပ်ပျက်တယ် ၊ တစ်ခါတလေ တစ်နေရာရာကို ပျောက်သွားတယ်ဆိုကတည်းက ငါရိပ်မိနေတာ ၊ အခုလာပြီး ငါ့ကို အကုန်ရှင်းပြ... "

ရုတ်တရက်ပင် ဝေ့ရှဲ၏အသံက တခြားတစ်နေရာသို့ ဦးတည်သွားဟန် ...။

"မင်းကိုငါ ထိုင်ခိုင်းသေးလား ? ကောင်းကောင်း မတ်တပ်ရပ်နေစမ်း "

သူထင်သည့်အတိုင်းပင် ၊ ဝေ့ရှဲတစ်ယောက် ရုတ်တရက်ဖုန်းခေါ်လာခြင်းသည် ကောင်းသောကိစ္စတော့မဖြစ်နိုင် ။  ဝေ့ရှဲကား ပုံမှန်အားဖြင့် အတော်လေးကောင်းသည့်လူစားမျိုးထဲပါသည်  ။ သို့သော် စိတ်ဆိုးဒေါသထွက်ပြီဆိုပါက အမြီးတက်နင်းခံရသည့် ဒိုင်နိုဆောတစ်ကောင်သဖွယ် ။ မည်သို့သော သာမန်လူတစ်ယောက်ကမှ သူ့ကိုသည်းမခံနိုင်ချ ။ လုဖုန်းဆိုလျှင်တောင် သူ့ကိုကိုင်တွယ်ဖို့ ခက်ခဲလှ၏ ။

"စိတ်လေးနည်းနည်းလျှော့ ငြိမ်ငြိမ်ထား ၊ ဒီကိစ္စမှာ ကျွန်တော်က ခံရတဲ့သူ.."

"ဒီလောက် ကိစ္စကြီးတစ်ခုလုံးကို မင်းတို့ငါ့ကို လျှို့ဝှက်ထားပြီး ဘယ်လိုလုပ်စိတ်ငြိမ်ငြိမ်လာထားခိုင်းနေတာလဲ ? "

ဝေ့ရှဲအသံကား ပိုလို့ပင် ကျယ်ကျယ်လောင်လောင်ထွက်လာတော့၏ ။

"အခုချက်ချင်း ဒီကိုလာခဲ့ ၊ မဟုတ်ရင် ငါ့ကို အကိုကြီးလို့ခေါ်ဖို့ မစဥ်းစားနဲ့တော့ "

လုဖုန်း ခေတ္တမျှစဥ်းစားပြီး ကောက်ချက်ချမိသည် ။ လုဖုန်း ယခုသွားလျှင် အနာကျင်ဆုံးနည်းလမ်းဖြင့် သေရလိမ့်မည် ။ ဝေ့ရှဲထံမှ ရိုက်ခံရမည့် ဖြစ်န်ုင်ခြေကလည်း ရှိနေသေးသည်ဖြစ်ရာ...

"ဒီလိုဆိုရင်ရော ? ကျွန်တော်တို့ ဒီည ဟော့ပေါ့တူတူစားကြမယ်လေ ၊ ကျွန်တော်လိပ်စာပို့ပေးလိုက်မယ် ၊ စားရင်း ပြောကြတာပေါ့ "

ဤကဲ့သို့သာ စီစဥ်လိုက်လျှင် ပထမအချက်အနေဖြင့် လူအများရှိသောနေရာဖြစ်နေသောကြောင့် ဝေ့ရှဲအနေဖြင့်လုဖုန်းအား လက်နှင့်ပင်ရွယ်မည်မဟုတ် ၊ ဒုတိယအချက်အနေဖြင့် ပြောရလျှင် ပြဿနာတိုင်းကို ဟော့ပေါ့တူတူထွက်စားလိုက်ခြင်းက ဖြေရှင်းပေးနိုင်လိမ့်မည် ။ ပြဿနာတစ်ခုရှိလာလျှင် အဖြေကတခြားမဟုတ် ၊ ဟော့ပေါ့နှစ်ခါလောက် တူတူစားလိုက်ဖို့ပင် ။

လုဖုန်း ဝေ့ရှဲအား ငြင်းဆန်နိုင်ဖို့ အခွင့်အရေးမပေးတော့ဘဲ ဖုန်းအမြန်ချလိုက်၏ ။ ထို့နောက် အွန်လိုင်းပေါ်မှတစ်ဆင့် နာမည်ကြီးဟော့ပေါ့ဆိုင်ရှာကာ လိပ်စာပို့ပေးလိုက်၏ ။

ဟော့ပေါ့ဆိုင်ကား ရှန့်မင်အော်ရုံးခန်းအောက် ကုန်တိုက်အဆောက်အအုံတွင်ရှိပေ၏ ။  အမှန်အတိုင်းဆိုရလျှင် မည်သည့်အတွက်ကြောင့် ထိုဟော့ပေါ့ဆိုင်အား ရွေးချယ်ခဲ့မိလဲ လုဖုန်းမသိ ။ သို့သော် ရှန့်မင်အော်ရှုံးနိမ့်ပါသည်ဆိုသည့်အရာကို မျက်မြင်သွားမကြည့်နိုင်လျှင် အလွန်တရာဝမ်းနည်းဖို့ကောင်းမည်ဆိုသည့် ခံစားချက်မျိုး လုဖုန်းခံစားနေရ၏ ။

Original Author's Note : စာရေးသူမှာ ဥပဒေပတ်သက်ပြီး နောက်ကြောင်းရာဇဝင်မျိုး အတွေ့အကြုံမျိုးမရှိပါဘူး ။ ဒါကြောင့် ဝတ္ထုထဲကဇာတ်အိမ်အပြင်အဆင်ဟာ စိတ်ကူးစိတ်သန်းမျှသာ ဖြစ်ပါတယ် ၊ ဖော်ပြခဲ့ဖူးတဲ့ တရားဥပဒေစနစ်တွေကလည်း အမျိုးသားဥပဒေရေးရာတွေကို ဉာဏ်ကွန့်မြူးထားတာမို့လို့ အတည်မယူကြဖို့ ပြောချင်ပါတယ်

T/N - ငါးရက်ကြာပြီးတဲ့အခါမှာ နိုယာပြန်လာပါပြီ စိတ်ရှည်ရှည်နဲ့စောင့်ပေးကြတဲ့အတွက် ကျေးဇူးပါ အပေါ်မှာစာရေးသူပြောသလိုပဲ နိုယာ့အနေနဲ့ တရားခွင်နဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်မသိတဲ့အခါ အသုံးအနှုန်းတွေမသိတဲ့အခါ မှားတတ်ပါတယ် ဒါကြောင့် မှားနေတာများ ရှိရင် လာပြောပေးကြပါဦး ပြန်ပြင်ပေးချင်လို့ပါ
စကားမစပ် Eng Translatorကို မှီဖို့ သိပ်မလိုတော့ပါဘူး သူ့ကိုမှီသွားရင်တော့ သူတင်ပေးသလောက် တစ်ပတ်ကို တစ်ပိုင်း သို့မဟုတ် နှစ်ပိုင်းလာပါမယ်နော်
နောက်အပိုင်းမှာ ပြန်တွေ့ကြပါမယ်

Love You All 💗

ZAWGYI

23.1 အရင္ဖတ္ရန္

"ေလာက်န္းယြင္က အိပ္ရာေပၚမွာ အၾကမ္းဖက္တာမ်ိဳးလုပ္ခဲ့ေသးလား ? ဥပမာ ရွင့္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္တာ ရိုက္ႏွက္တာမ်ိဳးေပါ့ ?"

ေမာ့ခ်ိဳးကား ကိုယ္ကက်ဳံ႕ထားခဲ့၏ ။ အသားအေရအေရာင္အဆင္းမွာ သရဲတဘက္ကဲ့သို႔ ျဖဴစုတ္ေနခဲ့လ်က္ ။ သူ၏ကိုယ္ေရးကိုယ္တာလွ်ို႔ဝွက္ခ်က္ကို အေလးမထားေသာ ထိုေမးခြန္းမ်ားက ေမာ့ခ်ိဳးအတြက္ အျပစ္ဒဏ္ႀကီးႀကီးတစ္ခုကဲ့သို႔ပင္ ။ စကားလုံးတိုင္းသည္ ျပတ္ရွရာမ်ားကဲ့သို႔ သူ႕အသက္ကို ျဖည္းျဖည္းခ်င္း တစစီေသြးထြက္လြန္ကာ ကုန္ဆုံးေစေတာ့မည့္အတိုင္း ။

ေမာ့ခ်ိဳး သူ႕တံေတာင္ဆစ္ကို စိုးရိမ္တႀကီး ပြတ္သပ္မိ၏ ။ အသံကမူ တုန္ရီေနခဲ့လ်က္ ။

"သူ လုပ္ခဲ့ပါတယ္ "

"ရွင့္လက္က အမာ႐ြတ္က ဘယ္လိုရခဲ့လံဆိုတာ ရွင္ ဒီကလူေတြအားလုံးကို ေျပာျပေပးနိုင္မလား ? "

"ကြၽန္...ကြၽန္ေတာ္ သူ႕ရဲ႕အက်ပ္ကိုင္မႈကို သည္းမခံနိုင္ေတာ့လို႔ အိမ္မွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ဖို႔ လုပ္ခဲ့ပါတယ္... ဒါေပမဲ့ သူငယ္ခ်င္းတစ္ေယာက္က အခ်ိန္မွီရွာေတြ႕သြားလို႔ မေသခဲ့တာပါ...ဒီအမာ႐ြတ္ကလည္း ကြၽန္ေတာ္ လက္ေကာက္ဝတ္ကိုျဖတ္လိုက္တဲ့အခ်ိန္က ရခဲ့တာပါ..."

သူမ၌ ထပ္ေမးစရာေမးခြန္းမရွိေတာ့ေၾကာင္း မန့္႐ြမ္ကြၽင္းက ဆိုလာေသာအခါ တစ္ခ်ိန္တည္းမွာပင္ ေမာ့ခ်ိဳးေရာ သူပါ တစ္ခ်ိန္တည္းမွာပင္ သက္ျပင္းခ်မိၾက၏ ။

အစပထမ၌ မန့္႐ႊမ္ကြၽင္း၏ေမးခြန္းမ်ားကား ေမာ့ခ်ိဳးအား အေတာ့္ကိုဖိအားေပးခဲ့​ၿပီးျဖစ္ေၾကာင္း လုဖုန္းေတြးထားခဲ့သည္ ။ သို႔ေသာ္ အမႈကိစၥအားတင္ျပရန္ ရွန့္မင္ေအာ္အလွည့္ေရာက္လာမွသာ သူေတြးထင္ခဲ့သည္မွာ မွားယြင္းေၾကာင္း လုဖုန္းသိလိုက္ရေတာ့သည္ ။

ရွန့္မင္ေအာ္မွာ သက္ေသထြက္ဆိုရာ ေနရာစင္ျမင့္ထက္သို႔ ေလွ်ာက္လွမ္းလာခဲ့ၿပီး လက္ထဲကိုင္ထားေသာ စာ႐ြက္စာတမ္းမိတၱဴမ်ားကို ေမာ့ခ်ိဳးအားျပလာခဲ့သည္ ။

"ခင္ဗ်ားအေနနဲ႕ လြန္ခဲ့တဲ့၂ႏွစ္က မစၥတာေလာရဲ႕ Social Media Account ေတြကတဆင့္ ေန႕တိုင္းစာပို႔ခဲ့တယ္ ၊ ခင္ဗ်ားရဲ႕ ေန႕စဥ္ဘဝအေၾကာင္းအရာေတြကို ေျပာျပတယ္ ၊ ခ်စ္တယ္ဆိုတဲ့အေၾကာင္းေတြ ေျပာခဲ့တယ္ ၊ မစၥတာေလာက ခင္ဗ်ားရဲ႕ရိုးသား​မႈေၾကာင့္ စိတ္လႈပ္ရွားသြားၿပီးေတာ့ သူ႕ဖုန္းနံပါတ္ကိုေပးတယ္ ၊ ခင္ဗ်ားကလည္း ခ်က္ခ်င္းဆက္သြယ္ခဲ့တယ္ ၊ ဒီကိစၥနဲ႕ပတ္သက္ၿပီး ခင္ဗ်ားေက်နပ္ေနတယ္ဆိုတာ သိသာတယ္ ၊ ၿပီးေတာ့ ခင္ဗ်ားႀကိဳက္တဲ့အႏုပညာရွင္နဲ႕ ရင္းႏွီးတဲ့ဆက္ဆံေရးတစ္ခုဖန္တီးနိုင္မယ့္ အခြင့္အေရးက တျခားအရာေတြထက္ ခင္ဗ်ားကိုပိုစိတ္လႈပ္ရွားေစခဲ့တယ္ ၊ မွန္ရဲ႕လား ? "

ေမာ့ခ်ိဳး ႏႈတ္ခမ္းႏွစ္လႊာကို တင္းက်ပ္က်ပ္ဖိကိုက္ကာ ျဖည္းျဖည္းေခါင္းညိတ္မိသည္ ။

"ဟုတ္တယ္ ဒါေပမဲ့..."

"ဟုတ္ၿပီ..."

တရားခံဘက္ျခမ္းမွ မ်က္ႏွာျပင္ႀကီးႀကီးတစ္ခုထက္တြင္ သက္ေသတစ္ခုက အခ်ိန္က်ပင္ ေပၚေပါက္လာခဲ့၏ ။ ၎မွာ ေဘာင္ကြက္ေလးကြက္ပါသည့္ အေရာင္ျခယ္႐ုပ္ျပပုံတစ္ခုပင္ ။ ထို႐ုပ္ျပပုံထဲတြင္ကား အိမ္ေထာင္ရွင္အမ်ိဳးသမီး၏ပုံကို သ႐ုပ္ေဖာ္ျပထားခဲ့၏ ။ ေဆးထိုးအပ္ကိုင္ကာ သူနာျပဳဝတ္ဆင္ဝတ္ထားခဲ့ေသာအမ်ိဳးသမီးက အားအင္မ်ားထိုးသြင္းေပးမည့္အေၾကာင္း အလုပ္မွျပန္ေရာက္လာသည့္ခင္ပြန္းျဖစ္သူအား စေနာက္ေနခဲ့၏ ။ ျပသထားေသာ ႐ုပ္ျပပုံကား အစမရွိအဆုံးမရွိေပ ။ ႀကီးႀကီးမားမား အႏုပညာလက္ရာတစ္ခုမွ အတိုအထြာေလးတစ္ခုကို ထုတ္ႏႈတ္ျပထားသည့္အလား ။

"ကြၽန္ေတာ္ မွတ္မိတယ္ ၊ ဒါကြၽန္ေတာ့္ရဲ႕ အႏုပညာလက္ရာထဲက တစ္ခုပဲ "

မည္သို႔ေသာအေၾကာင္းေၾကာင့္ ရွန့္မင္ေအာ္ ဤအပိုင္းအစေလးကို ဆြဲထုတ္လာရလဲဆိုသည္ကို ေမာ့ခ်ိဳးလုံးဝနားမလည္နိုင္ ။

"အဲ့ဒါက အရမ္းၾကာခဲ့ၿပီ ။ ငယ္ငယ္စုံတြဲတစ္တြဲရဲ႕ ေပ်ာ္စရာ စိတ္ခ်မ္းေျမ့စရာေကာင္းတဲ့ ေန႕စဥ္ဘဝအေၾကာင္းဆြဲထားတာ..."

"ခင္ဗ်ားက တစ္စုံတစ္ေယာက္ရဲ႕ေနရာမွာ ဝင္ၿပီးစိတ္ေရာကိုယ္ေရာ သ႐ုပ္ေဆာင္ရတာ အျဖစ္အပ်က္ေတြကို စိတ္ကူးယဥ္ပုံေဖာ္ရတာ ႀကိဳက္တယ္ ဟုတ္တယ္မလား ?"

"ဘယ္လို...? "

"ဒီထဲမွာဆို ခင္ဗ်ားက အဲ့မိန္းမနဲ႕ေယာက္်ားႏွစ္ေယာက္လုံးကို ေန႕စဥ္ဘဝမွာ အခန္းက႑အမ်ိဳးမ်ိဳး ပုံစံအမ်ိဳးမ်ိဳးနဲ႕ ေရးဆြဲထားတယ္ ၊ တစ္ခါတေလ မိန္းမျဖစ္သူက သူနာျပဳျဖစ္ခ်င္ျဖစ္မယ္ ၊ တစ္ခါတေလ ေယာက္်ားျဖစ္သူက ပင္လယ္ဓါးျပျဖစ္ခ်င္ျဖစ္မယ္ ၊  ဒီလက္ရာ ဒီ႐ုပ္ျပတစ္ခုလုံးကို ခင္ဗ်ားပဲအႀကံရၿပီး ဖန္တီးခဲ့တာ ၊ ၾကည့္ရတာ ခင္ဗ်ားက အေျခအေနအမ်ိဳးမ်ိဳးကို စိတ္ကူးယဥ္ပုံေဖာ္ရတာ ႀကိဳက္ပုံပဲ "

မန့္႐ႊမ္ကြၽင္းက က်ယ္ေလာင္စြာပင္ ၾကားျဖတ္ေျပာ၏ ။
"ဒီအေၾကာင္းအရာက ယခုလက္ရွိ အမႈကိစၥနဲ႕ဘာမွမသက္ဆိုင္ပါဘူး"

တရားသူႀကီးက မန့္႐ႊမ္ကြၽင္းအား တစ္ခ်က္ၾကည့္၏ ။ ထို႔ေနာက္ သူမ၏ကန့္ကြက္မႈကို ပယ္ခ်လိဳက္ၿပီးေနာက္ ရွန့္မင္ေအာ္အား ေရွ႕ဆက္ေျပာေစသည္ ။

"ပုံမွန္သဘာဝအတိုင္းပဲ ဆက္သြားေနခဲ့တဲ့ ခင္ဗ်ားနဲ႕ မစၥတာေလာၾကားက ဆက္ဆံေရးက ႏွစ္ဦးႏွစ္ဖက္လုံးရဲ႕ ဆႏၵပါတယ္ ၊ အိပ္ရာေပၚက ကိစၥမ်ိဳးကလည္း ခ်စ္မႈေရးရာမွာ သာမန္ပဲေလ ၊ ခင္ဗ်ားဘက္က စိတ္မပါခဲ့ဖူးဆိုရင္ ပထမအႀကိမ္ထဲက ခင္ဗ်ားရဲတိုင္ခဲ့ရမွာေပါ့ ၊ ဒါေပမဲ့ ခင္ဗ်ားမတိုင္ခဲ့ဘူး ၊ ဆက္သြားဖို႔ပဲ ေ႐ြးခ်ယ္ခဲ့တယ္ ၊ ဘာလို႔ဆို  အတင္းအက်ပ္လုပ္တာမ်ိဳးမဟုတ္ခဲ့လိုပဲ ၊ ၿပီးေတာ့ ခင္ဗ်ားေျပာတာေတြကလည္း ကြၽန္ေတာ့္အမႈသည္နဲ႕ ခင္ဗ်ားၾကားက စိတ္ကူးယဥ္ပုံေဖာ္မႈတစ္ခုပဲ "

ရွန့္မင္ေအာ္ကား မေလွ်ာ့ေသာအရွိန္အဟုန္ျဖင့္ ဆက္ေျပာေနခဲ့၏ ။ ထို႔ေနာက္ သက္ေသထြက္ဆိုရာေနရာေဘာင္ထက္၌ လက္ႏွစ္ဖက္လုံးကို တင္ထားလ်က္ပင္ ...

"မစၥတာေလာက ခင္ဗ်ားကို ႀကိဳက္တယ္ ၊ အဲ့ေတာ့ သူက ခင္ဗ်ားရဲ႕ စိတ္ကူးစိတ္သန္းေတြကို ျဖည့္ဆည္းေပးခ်င္ခဲ့တယ္ ၊  အဲ့ဒါေၾကာင့္လည္း ႏွိပ္စက္အၾကမ္းဖက္တာကို ဝါသနာပါသူတစ္ေယာက္လိုမ်ိဳး သ႐ုပ္ေဆာင္ေပးခဲ့တယ္ ၊ ခင္ဗ်ားနဲ႕သူရိုက္ထားတဲ့ဗီဒီယိုကလည္း ခင္ဗ်ားကို စိတ္ေက်နပ္ေစဖို႔ပဲ ၊ ဖန္သားျပင္ေပၚက ဘုရင္တစ္ေယာင္လိုမ်ိဳး သူ႕အတြက္က သ႐ုပ္ေဆာင္တယ္ဆိုတာ အလြယ္ေလး ၊ သဘာဝက်က်ပဲ သူသ႐ုပ္ေဆာင္နိုင္ခဲ့တယ္ "

"မဟုတ္ဘူး အဲ့လိုမဟုတ္ဘူး "

ေမာ့ခ်ိဳး အကၤ်ီလက္အနားစကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားခဲ့၏ ။ မ်က္မွာ လူေသေကာင္ႏွယ္ျဖဴေဖ်ာ့ေနခဲ့လ်က္ ။ ေနာက္တစ္ အသက္တစ္ခ်က္ပင္ မရႉနိုင္ေတာ့သည့္အလား ။ ေမ့လဲက်ေတာ့မည့္အလားပင္ ။

"အဲ့ဒါက ဘာလို႔လဲဆိုေတာ့ သူက အဲ့ဗီဒီယိုေတြကို အြန္လိုင္းေပၚတင္ပစ္မယ္ဆိုလို႔......"

"သူသာ အဲ့ဗီဒီယိုေတြကို အြန္လိုင္းေပၚတင္လိုက္မယ္ဆို ဘယ္သူ႕ဂုဏ္သိကၡာက ပိုထိခိုက္မယ္ခင္သလဲ ?  ခင္ဗ်ားလို ဘယ္သူမွမသိ ၊ မ်က္ႏွာေရာ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းေရာ ျပေနစရာမလိုတဲ့ ပုံေရးတဲ့သူတစ္ေယာက္လား ဒါမွမဟုတ္ မစၥတာေလာလို အၿမဲတမ္း ခ်ီးက်ဴျခင္းေတြ ဂုဏ္ေတြ လက္ခံရရွိေနတဲ့တစ္ေယာက္လား ?"

ေမာ့ခ်ိဳးအား ေခတၱမွ်ေၾကာင္အသြားခဲ့ၿပီး ေရ႐ြတ္လာခဲ့၏ ။

"ဟုတ္တယ္.."

မန့္႐ႊမ္ကြၽင္းကား ႐ုတ္ခ်ည္းပင္ ခုံမွထရပ္လိုက္ကာ

"ကန့္ကြက္ပါတယ္ ၊ တရားခံေရွ႕ေနဟာ သူလိုခ်င္တဲ့အေျဖရေအာင္ တြန္းအားေပးတဲ့ေမးခြန္းေတြ ေမးေနတယ္ဆိုတာ ထင္ရွားေနပါတယ္ "

သည္တစ္ေခါက္တြင္မူ တရားသူႀကီးမ်ားက ကန့္ကြက္မႈအဆိုတင္သြင္းျခင္းကို လက္သင့္ခံေပး၏ ။ ထို႔ျပင္ ရွန့္မင္ေအာ္အား မ်က္ျမင္သက္ေသအား စစ္ေမးသည့္နည္းလမ္းကို အထူးဂ႐ုျပဳရန္ ထိုသို႔ေမးျမန္းျခင္းက ခုံသမာဓိအဖြဲ႕ဝင္တို႔အား ပိုလြန္ေသာေကာက္ခ်က္မ်ားခ်မိေစနိုင္ေၾကာင္းပါ ေျပာၾကားလာခဲ့၏ ။

ထိုအခါမွ ရွန့္မင္ေအာ္မွာ သူ၏ညွာတာမႈမရွိေသာ တိုက္ခိုက္မႈတို႔အား ေလွ်ာ့ခ်လိဳက္ၿပီး ေခါင္းအသာညိတ္ျပကာ ေနာက္ထပ္ေမးခြန္းမရွိေတာ့ေၾကာင္း ေျပာလာခဲ့ေပသည္ ။

မန့္႐ႊမ္ကြၽင္း၏မ်က္ႏွာအမူအရာကား တရားခြင္ၾကားနာျခင္းစတင္သည့္အခ်ိန္ကပင္ ပို၍အေရးႀကီးေလးနက္ဟန္ ေပၚေန၏ ။ ယေန႕တိုက္ပြဲ သို႔မဟုတ္ ယေန႕တိုက္ပြဲဦး ၿပီးေနာက္ထပ္လာမည့္ တိုက္ပြဲမ်ားကား ခက္ခဲမည္ဆိုသည္ကို သူမ, နားလည္လာပုံရသည္ ။

ထို႔ေနာက္တြင္ကား မန့္႐ႊမ္ကြၽင္းက ေလာက်န္းယြင္အား စတင္ေမးခြန္းေမးေတာ့၏ ။ ေမးခြန္းအစတြင္ကား အရာရာမွာ ေခ်ာေခ်ာေမြ႕ေမြ႕ဆက္သြားေနခဲ့ေသးသည္ ။ မန့္႐ြမ္ကြၽင္းကား ေမာ့ခ်ိဳးပါေသာ ဗီဒီယိုတိတ္ေခြမ်ားကို ျပသလ်က္ ေလာက်န္းယြင္အား အိပ္ရာထက္တြင္ ေမာ့ခ်ိဳးအေပၚ အၾကမ္းဖက္မဖက္ အထပ္ထပ္အခါခါစစ္ေမးေတာ့သည္ ။ ထိုအခိုက္အတန့္မွာပင္  ေမာ့ခ်ိဳးမွာ ခံစားခ်က္ကို ထိန္းခ်ဳပ္မထားနိုင္ေတာ့ဘဲ တစ္ခ်က္တစ္ခ်က္ ရွိုက္ကာ စတင္ငိုေႂကြးေတာ့သည္ ။ မ်က္ႏွာကို လက္မ်ားၾကားဖြက္ထားလွ်က္ ငိုေႂကြးေနသည္မွာ သိသာထင္ရွားစြာ ။

မန့္႐ႊမ္ကြၽင္း၌ တရားခြင္အား ေခတၱေ႐ႊ႕ဆိုင္းရန္ ေတာင္းဆို႐ုံမွလြဲ၍ ေ႐ြးခ်ယ္စရာမရွိေတာ့ ။ မန့္႐ႊမ္ကြၽင္း၏ေတာင္းဆိုမႈကို တရားသူႀကီးလည္း နားလည္မႈရွိစြာပင္ ခြင့္ျပဳေပး၏ ။

တရား႐ုံးထဲမွ လူစုလူေဝးႀကီးမ်ား တျဖည္းျဖည္းလူစုကြဲသြားၿပီး သူတို႔အခ်င္းခ်င္း တီးတိုးေျပာဆိုၾက၏ ။ သတင္းေထာက္မ်ားအေနႏွင့္လည္း ေနာက္ဆုံးေသာသတင္းအခ်က္အလက္မ်ားကို ဆိုင္ရာဆိုင္ရာ သတင္း႐ုပ္သံလိုင္းမ်ားဆီ အျမန္ဆုံးေပးပို႔နိုင္ဖို႔ရန္ ႀကိဳးစားရင္း အလုပ္ရႈပ္ေနၾကေတာ့၏ ။

"အဲ့လူက အရမ္းစိတ္ပ်က္ဖို႔ေကာင္းတာပဲ ၊ သူ႕ကိုယ္သူ နတ္ဘုရားလို႔မ်ားထင္ေနတာလား ? ငါတို႔'က်န္း က်န္း' က  သူ႕ကို အတင္းအဓမၼလုပ္တာ ျဖစ္နိုင္မွာတဲ့လား ?ငါတို႔က်န္းက်န္းက အဲ့လူကို မ်က္ႏွာသာေပးခဲ့တာ သိသာတယ္ "

(က်န္းက်န္း = ေလာက်န္းယြင္ကို fangirl ေတြက ခ်စ္စရာေကာင္းတဲ့ပုံစံမ်ိဳးနဲ႕ ေခၚတာပါ  )

"ဟုတ္တယ္ ၊ သူက ငါတို႔က်န္းက်န္းက သူကို႔ရိုက္တယ္လို႔လဲေျပာေသးတယ္ ၊ အစတည္းက သူ႕ဆႏၵမပါရင္ ရဲေခၚလိုက္ေလ ၊ ငါျမင္တာေျပာရရင္ က်န္းက်န္းက သူနဲ႕လမ္းခြဲခ်င္တယ္ ၊ အဲ့တာကို သူက လက္စားေခ်တဲ့အေနနဲ႕ ျပန္တိုက္ခိုက္ဖို႔လုပ္တာေနမယ္ ၊ အဲ့ဒါကို သူကအဓမၼက်င့္ခံရပါတယ္ဆိုၿပီး က်န္းက်န္းကို အသေရဖ်က္ဖို႔လုပ္တယ္ ၊ ဘယ္ေလာက္ေတာင္ ယုတ္မာၿပီး အၾကင္နာတရားမရွိတဲ့လူလဲ ! "

"ၿပီးေတာ့ အဲ့ဒါတင္မဟုတ္ေသးဘူး ၊ လူတစ္ေယာက္က ခဏေလးနဲ႕ နက္နက္ရွိုင္းရွိုင္းခ်စ္မိသြားတယ္ဆိုတာကို ငါမယုံဘူး ။ အဲ့ကိစၥၿပီးရင္ သူတို႔အိပ္ရာေပၚမွာ ရွိေနတဲ့အခ်ိန္ ဗီဒီယိုရိုက္လိုက္တယ္ဆိုတာနဲ႕တင္ ဒီေလာက္ဆိုးဆိုး႐ြား႐ြားျဖစ္သြားတယ္ဆိုတာက ကိစၥမႀကီးႀကီးေအာင္လုပ္ေနသလိုပဲ ..."

"ဒီကိစၥရဲ႕ေနာက္ကြယ္က တစ္ေယာက္ေယာက္က ဒီအမႈကို ပိုဆိုသြားေအာင္ လုပ္ခ်င္ေနပုံရတယ္ မဟုတ္ရင္ အဲ့လူက ဘာလို႔ ႐ုတ္တရက္ႀကီးရဲသြားတိုင္မွာလဲ ? "

"ငါတို႔ က်န္းက်န္းျဖတ္ေက်ာ္ရတာေတြ အေတာ္မ်ားေနၿပီ..."

လုဖုန္း နံရံကိုမွီကာ ေဆးလိပ္တစ္ခ်က္ဖြာခိုက္ အနီးအနားမွာ ၾကားရသမွ်သည္ ေလာက်န္းယြင္၏ပရိသတ္မ်ားဆီမွထြက္လာေသာ ဆိုးယုတ္လွသည့္စကားလုံးမ်ားပင္ ။ သူတို႔ေတြးထင္ကာေျပာေသာ စကားလုံးမ်ားက အဓိပၸာယ္ရွိသည္ ၊ သူတို႔ကား အေျခအေနတစ္ခုလုံး၏ေနာက္ကြယ္မွ အမွန္တရားကို အျပည့္အဝနားလည္ၾကသည္ဟု ထင္ေနၾကေသာ လူမ်ားၾကားဝယ္ လုဖုန္းကား တျခားနားမလည္နိုင္ေသာထူးဆန္းေသာရႈေထာင့္မွ ၾကည့္ေနသူတစ္ေယာက္ႏွယ္ ။

ဘယ္သူ႕ဘက္ျခမ္းမွ အျပစ္ရွိေၾကာင္းထင္ရွားျမင္သာေနခဲ့ၿပီးျဖစ္လွ်င္ တရားရင္ဆိုင္စရာပင္ မလိုအပ္ေတာ့ ။ မည္သို႔ေသာ ေခ်ပခ်က္မ်ားေပၚလာပါေစ သက္ေသမ်ားေပၚလာခဲ့ပါေစ သူတို႔ကိုယ္တိုင္ကပင္ ဤကိစၥသည္ ဟိုးအရင္ကပင္ အကြက္ခ်ခဲ့ေသာကိစၥ အတင္းအဖ်င္းသတင္းစကားတစ္ခုဟုသာ မွတ္ယူၾကလိမ့္ဦးမည္ ။

ေနာက္ႏွစ္မ်ားၾကာေသာအခါ ထိုငယ္ငယ္႐ြယ္႐ြယ္ေကာင္မေလးမ်ား ဤအခိုက္အတန့္ကိုျပန္ၾကည့္ကာ သူတို႔၏အယုံလြယ္ျခင္း ႏုံအျခင္းအတြက္ ရွက္႐ြံ႕ေနာင္တရျခင္းကို ခံစားရမည္လား သို႔တည္းမဟုတ္ သူတို႔ဘာသာ မွတ္ယူထားေသာအမွန္တရားကိုသာ ေခါင္းမာစြာ ဆြဲကိုင္ရင္း
ေလာက်န္းယြင္အျပစ္ကင္းသည္ဟုပင္ ဆက္လက္ယုံၾကည္ထားၾကမည္လားဆိုသည္ကို လုဖုန္း သိခ်င္လွပါ၏ ။

လုဖုန္း ေဆးလိပ္ေသာက္ၿပီးခ်ိန္မွာပင္  တရား႐ုံးဝန္ထမ္းမ်ားကလည္း လူအားလုံးကိုတရား႐ုံးထဲသို႔ ျပန္ဝင္ဖို႔ေျပာေတာ့သည္ ။ သို႔ေသာ္ တရားရင္ဆိုင္ျခင္းကား ျပန္လည္အစမျပဳေသး ။ ေမာ့ခ်ိဳး၏မတည္ၿငိမ္ေသးေသာ စိတ္အေျခအေနေၾကာင့္ တရားရင္ဆိုင္ျခင္းမွာ ဆက္လက္လုပ္ေဆာင္ရန္ မသင့္ေလ်ာ္ဟုယူဆလိုက္ေတာ့၏ ။ တစ္ဆက္တည္းမွာပင္ ဤအမႈၾကားနာျခင္းအား ေနာက္ရက္သို႔ေ႐ႊ႕ဆိုင္းမည္ျဖစ္ေၾကာင္း တရားသူႀကီးက ထုတ္ျပန္ေၾကညာ၏ ။

တရား႐ုံးအျပင္ဘက္တြင္ကား ျပည္သူလုထုအျဖစ္ တက္ေရာက္ခြင့္မရၾကေသာ သတင္းမီဒီယာသမားတို႔မွာ ေလာက်န္းယြင္တရား႐ုံးမွထြက္လာသည္ကို ျမင္သည္ႏွင့္ ေလာက်န္းယြင္အနားသို႔ စုၿပဳံေရာက္ရွိလာၾကကာ အင္တာဗ်ဴးရန္ ဓာတ္ပုံရိုက္ဖို႔ရန္ တက်ည္က်ည္ေတာင္းဆိုၾကေတာ့၏ ။

ရိတကြၽမ့္မွာ ဓာတ္ပုံႏွစ္ပုံမွ် ျဖတ္ခနဲရိုက္ယူၿပီး ေလာက်န္းယြင္ေဘးဝိုင္းေနေသာလူအုပ္ၾကားမွ မနည္းတိုးထြက္ကာ ယိုင္တိုင္တိုင္ျဖင့္ေလွ်ာက္လာေတာ့၏ ။

"ခ်ီးပဲ အဲ့ေလာက္ အားပါစရာလိုလို႔လားကြ !? "

ရိတကြၽမ့္မွာ လက္ထဲရွိ ဒစ္ဂ်စ္တယ္ကင္မရာအား စစ္ၾကည့္ရင္း ဆဲေရးလာခဲ့၏ ။ ထို႔ေနာက္ ေခါင္းေမာ့ၾကည့္လိုက္ခ်ိန္ လုဖုန္းအားျမင္ေသာအခါ ရိတကြၽမ့္၏မ်က္ခုံးတို႔မွာ ေပ်ာ္႐ႊင္မႈျဖင့္ ျပန္လည္ေျပေလ်ာ့သြားျပန္သည္ ။

"ဖုန္းေကာ ၊ အထဲမွာ ဘာျဖစ္ခဲ့လဲ ကြၽန္ေတာ္ကိုျမန္ျမန္လာေျပာျပစမ္းပါ "

ဆက္လက္၍ မိုး႐ြာျခင္းမရွိေတာ့ေသာ္ျငား ေကာင္းကင္ျပင္ကား ေမွာင္မဲေနဆဲ မႈန္မွိုင္းေနဆဲပင္ ။ စိတ္ကို သက္ေတာင့္သက္သာမျဖစ္ေစေသာ ျမင္ကြင္းမ်ိဳးဟု ဆိုရေပမည္လား ။

အိတ္ကပ္ထဲရွိ စီးကရက္လိပ္ကို စမ္းၾကည့္ရင္း အကြာအေဝးတစ္ခုမွ ေ႐ြ႕လ်ားေနေသာ လူစုလူေဝးကို လိုက္ၾကည့္ေနမိသည္ ။

" သိပ္အဆင္မေျပဘူး "

ရိတကြၽမ့္မွာ လုဖုန္းအၾကည့္တို႔၏ဦးတည္ရာကို ဆီလိုက္ၾကည့္မိ၏ ။  ေလာက်န္းယြင္ႏွင့္ သူ၏ဥပေဒအဖြဲ႕က ကားထဲဝင္သြားျခင္း သူ႕ေနာက္တြင္ လူအုပ္ႀကီးက လိုက္လာျခင္းကိုေတြ႕ေသာအခါ သက္ျပင္းတစ္ခ်က္ခ်၏  ။

"တကယ္ေတာ့ တရားခြင္ ခဏေ႐ႊ႕ဆိုင္းတာမလုပ္ခင္ကတည္းက မိတ္ေတြတစ္ခ်ိဳ႕ဆီက ဘာျဖစ္ခဲ့သလဲဆိုတာ ကြၽန္ေတာ္ၾကားထားၿပီးသား ၊ ၿပိဳင္ဘက္ေရွ႕ေန႕က တစ္ခ်ိန္လုံးေမးခြန္းေတြပဲေမးေနခဲ့တာဆို ၊ ပထမအလွည့္ပဲရွိေသးတယ္ တရားလိုက ဖိအားေၾကာင့္ အ႐ုပ္ႀကိဳးျပတ္ျဖစ္သြားတယ္ဆို ၊ ၾကည့္ရသေလာက္ဆို တရားလိုဘက္က စြဲခ်က္ေတြက ေမွ်ာ္လင့္ထားသေလာက္   အဆင္ေျပေျပျဖစ္မယ္ မထင္ဘူး "

ၿပိဳင္ဘက္ေရွ႕ေနသည္ ေမးခြန္းမ်ားကို အဆက္မျပတ္သာေမးေနခဲ့ျခင္းမဟုတ္ ။ ေဖာ္ျပရလွ်င္ လူမဆန္ ရက္စက္႐ုံသာမက လုံးဝဥႆုံ အရွက္မဲ့ကာ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းလွ၏ ။

ကားထဲသို႔မဝင္ခင္ လုဖုန္းရွိရာဘက္ျခမ္းသို႔ ဖ်တ္ခနဲတစ္ခ်က္လွမ္းၾကည့္လာေသာ ရွန့္မင္ေအာ္ပါေပ ။

အကြာအေဝးအေတာ္လွမ္းေနေသာေၾကာင့္ ရွန့္မင္ေအာ္၏မ်က္ႏွာကို လုဖုန္းေသခ်ာမျမင္ရေသာ္ျငား ဦးေႏွာက္မသုံးဘဲ ေျခဖ်ားထိပ္ကေလးမ်ားႏွင့္ စဥ္းစားၾကည့္မည္ဆိုလွ်င္ေတာင္ ရွန့္မင္ေအာ္၏ေပၚလြင္ေနေသာ ႐ုပ္သြင္ကို လုဖုန္းမွတ္ခ်က္ခ်နိဳင္ပါေသး၏ ။ ယခုလက္ရွိ ရွန့္မင္ေအာ္၏မ်က္ႏွာထက္၌ ေလွာင္ေျပာင္သေရာ္ဟန္ စိတ္ႀကီးဝင္ဟန္တို႔ ထင္းေနမည္မွာ မလြဲမေသြပင္ ။

"ငါက ရႈံးနိမ့္ရမယ္တဲ့လား ?ရႈံးနိမ့္မယ္ဆိုရင္ေတာင္ အဲ့တစ္ေယာက္က မင္းပဲျဖစ္လိမ့္မယ္" ဟူ၍ လုဖုန္းအား စိန္ေခၚေနသကဲ့သို႔ ။

လုဖုန္း စကားတစ္ခြန္းမွမဆိုဘဲ တစ္ဖက္ျပန္လွည့္ကာ တရား႐ုံးဝင္ေပါက္ဆီသို႔ တစ္ဖန္ေလွ်ာက္လာခဲ့၏ ။ ရိတကြၽမ့္ကား ေနာက္မွေန၍ လုဖုန္းအမည္ကိုေအာ္ကာ ေတာက္ေလွ်ာက္လွမ္းေခၚေနခဲ့၏ ။ သို႔ေသာ္ လုဖုန္း တစ္ခ်က္ပင္လွည့္မၾကည့္ေတာ့ပဲ သူ႕မွာ ကိစၥတစ္ခုရွိေနေသးသည့္အတြက္ အရင္ျပန္ဖို႔ရန္သာေျပာၿပီး ရိတကြၽမ့္အား လက္ျပႏႈတ္ဆက္၍သာ ထြက္လာခဲ့ေတာ့သည္ ။

လုဖုန္း တရား႐ုံးထဲသို႔ ဝင္လိုက္လိုက္ခ်င္းမွာပင္ တရားစီရင္မႈျပဳသည့္ေနရာေဘးမွ နားေနခန္းတံခါးမွာ ပြင့္လ်က္ရွိေနၿပီး မန့္႐ႊမ္ကြၽင္းႏွင့္ ေမာ့ခ်ိဳးမွာလည္း ထိုေနရာမွလမ္းေလွ်ာက္ထြက္လာသည္ကို ေတြ႕လိုက္ရ၏ ။ မန့္႐ႊမ္ကြၽင္းမွာ ေမာ့ခ်ိဳး၏ လက္တံေတာင္ဆစ္နားကိုဆုပ္ကိုင္ထားရင္း ျငင္သာေသာအသံျဖင့္ တရစပ္ႏွစ္သိမ့္ေပးေနခဲ့ၿပီး ေမာ့ခ်ိဳးကလည္း သူမကိုေခါင္းတဆတ္ဆတ္ညိတ္ျပေနခဲ့၏ ။

"အဆင္ေျပသြားမွာပါ ၊ စိတ္မဖိစီးနဲ႕..."

လုဖုန္း သူတို႔ႏွစ္ေယာက္ဆီ ဦးတည္ေလွ်ာက္သြားရင္း အနားသို႔ေရာက္သြားေသာအခါ မန့္႐ႊမ္ကြၽင္းမွာ စကားေျပာေနျခင္းကို အထိတ္တလန့္ႏွင့္ပင္ ရပ္တန့္လိုက္ၿပီး မ်က္ေမွာင္ႀကဳံ႕ကာ လုဖုန္းအားေမးလာခဲ့ေတာ့၏ ။

"ရွင္က ဘယ္သူလဲ ? "

ေမာ့ခ်ိဳးက အလ်င္အျမန္ပင္ ဝင္ေျဖလာခဲ့၏ ။

"Ah ! သူက ကြၽန္ေတာ့သူငယ္ခ်င္းပါ "

မန့္႐ႊမ္ကြၽင္း၏မ်က္ခုံးမ်ားမွာ ေစာေစာကထက္အတန္ငယ္ ျပန္လည္ေျပေလ်ာ့သြားခဲ့၏ ။ သူမ တစ္စုံတစ္ခုကို ေျပာမည္ႀကံစဥ္မွာပင္ နားေနခန္းဆီသို႔ တစ္ဖန္ျပန္လည္ဆြဲေခၚသြားျခင္းခံလိုက္ရျပန္သည္ ။ သူမႏွင့္အတူပါလာသည္ကား လုဖုန္းဆြဲေခၚယူလာခဲ့ေသာေမာ့ခ်ိဳးပင္ ။ ၾကည့္ရသည္မွာ ယခုေလးတင္ျဖစ္ပ်က္သြားေသာအရာအတြက္ မေဝခြဲနိုင္ဟန္ စိတ္ရႈပ္ေနဟန္ေပၚသည္။

ႏွစ္ေယာက္သားအား အခန္းထဲထည့္လိုက္ၿပီးေနာက္ လုဖုန္းလက္ေနာက္ျပန္ကာ ေက်ာဘက္ဆီမွ တံခါးကို ေလာ့ခ္ခ်လိဳက္၏ ။ မန့္႐ႊမ္ကြၽင္းမွာ လုဖုန္းႏွင့္ေဝးရာဆီသို႔ ေျခေနာက္တစ္လွမ္းထပ္ဆုတ္လိုက္ၿပီး သတိႀကီးႀကီးထားကာ ေမးလာခဲ့၏ ။
"ရွင္ ဒါဘာလုပ္တာလဲ ?"

လုဖုန္း သူမကို လ်စ္လ်ဴရႈလိုက္ကာ ေမာ့ခ်ိဳးကိုသာ ေမးခြန္းေမးဖို႔ျပင္သည္ ။

"မင္း ေလာက်န္းယြင္ကို ငါရိုက္ထားတဲ့ဗီဒီယို ျပလိုက္ေသးလား ?"

ေမာ့ခ်ိဳးမွာ အခ်ိန္အေတာ္ၾကာ ငိုထားခဲ့ပုံရသည္ ။ ယခုေတာင္မွ သူ႕မ်က္လုံးမ်ားမွာ ယုန္မ်ား၏မ်က္လုံးကဲ့သို႔ အနီေရာင္သမ္းေနခဲ့၏ ။ လုဖုန္းေမးခြန္းကိုၾကားၾကားၿပီးခ်င္းပင္ ေမာ့ခ်ိဳးက ေခါင္းခါျပလာခဲ့၏ ။

"ဟင့္အင္း...ငါ ဒီကိစၥမွာ မင္းကိုမပတ္သက္ေစခ်င္လို႔ "

"မင္းေတာ္တယ္ "

လုဖုန္း အိတ္ကပ္ထဲရွိ ဖုန္းကိုထုတ္ကာ ထိုေန႕ကရိုက္ကူးခဲ့ေသာ ဗီဒီယို တစ္နည္းအားျဖင့္ ဘာကိုမွတည္းျဖတ္ထားျခင္းမရွိေသာ ဗီဒိယိုအၾကည္အား ရွာေဖြလိုက္၏ ။ ထို႔ေနာက္ ဖုန္းကို စားပြဲထက္တင္ကာ မန့္႐ႊမ္ကြၽင္းဘက္သို႔ ဖုန္းကိုတိုးေပးၿပီး ၾကည့္ရႈေစလိုက္သည္ ။

"မစၥမန့္ ၊ ဒါကို တစ္ခ်က္ၾကည့္ၾကည့္ ၊ ခင္ဗ်ားစိတ္ဝင္စားေလာက္တယ္ "

ေမာ့ခ်ိဳးကား အလ်င္အျမန္ပင္ ဖုန္းကိုဆြဲယူဖို႔ ႀကိဳးစား၏ ။ သို႔ေသာ္ လုဖုန္းက ပိုလ်င္ျမန္ေနရျငား ေမာ့ခ်ိဳးအားျပန္လည္တားဆီးလိုက္နိုင္ေပသည္ ။

"လုဖုန္း မင္းဘာလုပ္ေနတာလဲ ?"

ေမာ့ခ်ိဳး၏အသံမွာ ေနာက္တစ္ႀကိမ္ ထပ္မံငိုေႂကြးေတာ့မည့္အတိုင္းပင္ ။

"ငါ ငါ့ဘာသာလုပ္နိုင္တယ္ ...မင္းဒီလို လုပ္စရာမလိုဘူး "

လုဖုန္း ေမာ့ခ်ိဳး၏လက္ကို ဖယ္ထုတ္လိုက္ကာ သူ႕ေရွ႕မွာ မတ္တပ္ရပ္၏ ။ တစ္နည္းအားျဖင့္ မန့္႐ႊမ္ကြၽင္းက ဖုန္းကို အသာေလးေကာက္ယူကာ ဗီဒီယိုၾကည့္မည့္အခ်ိန္ထိ ေမာ့ခ်ိဳးတစ္ေယာက္ စားပြဲဘက္မလွမ္းနိုင္ရန္ လမ္းပိတ္လိုက္ျခင္းဆိုလည္း မမွား ။

"ေမာ့ခ်ိဳး မင္းလိုမ်ိဳး ဒီကိစၥအတြက္ခံရတဲ့သူက တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ ငါတို႔သိၿပီးသား ၊ ပထမတစ္ေယာက္ၿပီးရင္ ဒုတိယတစ္ေယာက္လည္းရွိလာမွာပဲ ၊ သူ႕ကိုသာ မဖမ္းနိုင္ခဲ့ရင္ သူ တစ္သက္လုံးဒီလိုပဲ သြားလိမ့္မယ္ "

ဗီဒီယိုအား ၾကည့္ေနခဲ့ေသာ မန့္႐ႊမ္ကြၽင္းကား ထိုခဏ၌ အေတာ္ပင္ အံ့အားသင့္သြားပုံရ၏ ။ လုဖုန္းအားတစ္ခ်က္ၾကည့္ကာ ဗီဒီယိုကို ျပန္လည္အာ႐ုံစိုက္၍ၾကည့္၏ ။  လုဖုန္းအားေနာက္တစ္ႀကိမ္ျပန္ၾကည့္လာခဲ့ၿပီးေနာက္တြင္ေတာ့ သူမက ဤသို႔ဆို၏ ။

"ရွင္ကလည္း ခံရတဲ့သူ ေနာက္တစ္ေယာက္လား ? "

"လုံးဝႀကီးေတာ့ မဟုတ္ဘူး ၊ ဒါေပမဲ့ အဲ့လိုေျပာလို႔ေတာ့ရတယ္ "

လုဖုန္း ထိုင္ခုံကိုဆြဲယူကာ သူမေရွ႕ထိုင္လိုက္သည္ ။

မန့္႐ႊမ္ကြၽင္းကား လုဖုန္းကိုတစ္ခ်က္ေမာ့ခ်ိဳးကိုတစ္ခ်က္ၾကည့္ကာ သူ႕နည္းတူပင္ ခုံတစ္ခုံဆြဲယူၿပီး ထိုင္ေတာ့၏ ။

"ကြၽန္မ အေသးစိတ္သိဖို႔ လိုအပ္တယ္ "

ေနာက္တစ္ေန႕ေရာက္ေသာအခါ ခ်င္းဝမ္ၿမိဳ႕ရွိ သတင္း႒ာနအားလုံးမွာ ခံရသူအသစ္တစ္ေယာက္ေပၚေပါက္လာသည့္ကိစၥႏွင့္ ပတ္သက္၍ အုန္းအုန္းက်တ္က်တ္ ျဖစ္ကုန္ၾက၏ ။

ႏွစ္ဖက္လုံးတြင္ ပါဝင္ပတ္သက္ေနသူ တစ္နည္းအားျဖင့္ ခံရသူဘက္ႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူ ေလာက်န္းယြင္၏ပထမေရွ႕ေနမွာ ႏႈတ္ထြက္လိုက္ရၿပီး အမႈႏွင့္ပတ္သက္သမွ် တာဝန္ယူျခင္းကို ရပ္စဲလိုက္ရေတာ့၏ ။ ေလာက်န္းယြင္မွာလည္း က်န္ရွိသည့္တရားရင္ဆိုင္ျခင္းအတြက္ သူတို႔၏အႀကီးတန္းမိတ္ဖက္ျဖစ္သည့္ Belton အမည္ရွိ Law Firm ကိုသာ အလ်င္အျမန္ ဖုန္းဆက္အကူအညီေတာင္းရေတာ့သည္ ။

ထြက္ေပၚလာေသာသတင္းမ်ားကို ဖတ္ရႈၿပီးေနာက္ ရွန့္မင္ေအာ္၏ အမ်က္ေျခာင္းေျခာင္းထြက္ေနသည့္မ်က္ႏွာကို ျမင္ေယာင္မိေသာအခါ လုဖုန္းတစ္ေယာက္ အူလွိုက္သည္းလွိုက္ရယ္မိေတာ့မတတ္ပင္ ။

ဤအရႈပ္ဇယားတြင္ လုဖုန္းကိုယ္တိုင္ ပါဝင္လာလိမ့္မည္ဟု ရွန့္မင္ေအာ္ ထင္ထားခဲ့လိမ့္မည္မဟုတ္ ။

ထိုအခိုက္အတန့္၌ အရာအားလုံးသည္ တရားမွ်တရန္အတြက္မဟုတ္ေတာ့ဘဲ သူႏွင့္ရွန့္မင္ေအာ္ၾကားမွ ၿပိဳင္ပြဲတစ္ခုကဲ့သို႔ပင္ ။ လုဖုန္းတစ္ေယာက္တည္းကသာ ရွန့္မင္ေအာ္အား လိုက္ၿပိဳင္ေနခဲ့ေသာ  တစ္ဖက္သတ္ၿပိဳင္ပြဲတစ္ခု ျဖစ္ေနခဲ့သည္ကလြဲ၍...။

"လုဖုန္း မင္း႐ူးေနၿပီလား ?"

ဖုန္းထဲမွတစ္ဆင့္ အသည္းအသန္​ေအာ္ေျပာလာခဲ့ေသာ ေဝ့ရွဲပင္ ။ လုဖုန္းမွာ တစ္ပတ္လည္ထိုင္ခုံေပၚမွ ျပဳတ္က်ေတာ့မတတ္ ။

လက္ကိုင္ဖုန္းကို နားမွအသာခြာကာ လက္တစ္ေခ်ာင္းႏွင့္ နားထဲတစ္ခ်က္ကေလာ္ၿပီးေနာက္ လုဖုန္းျပန္ေျပာလိုက္သည္ ။

"ကြၽန္ေတာ့္ကို ဘာလို႔လာေအာ္ေနတာလဲ ? "

ေဝ့ရွဲကား ေဒါသထြက္ကာ ဆက္လက္ေအာ္ဟစ္ေနဆဲ ။

"ရွန္းေရွာင္ရွဲနဲ႕ ေမ်ာက္က ငါ့ကို အကုန္ေျပာျပၿပီးသြားၿပီ ၊ မင္းတို႔ေကာင္ေတြ တစ္ခုခုလွ်ို႔ဝွက္ထားတာ ရွိတယ္ဆိုတာ ငါအစကတည္းက ေတြးမိေနၿပီးသား ၊ မင္းတို႔ေတြ အလုပ္ပ်က္တယ္ ၊ တစ္ခါတေလ တစ္ေနရာရာကို ေပ်ာက္သြားတယ္ဆိုကတည္းက ငါရိပ္မိေနတာ ၊ အခုလာၿပီး ငါ့ကို အကုန္ရွင္းျပ... "

႐ုတ္တရက္ပင္ ေဝ့ရွဲ၏အသံက တျခားတစ္ေနရာသို႔ ဦးတည္သြားဟန္ ...။

"မင္းကိုငါ ထိုင္ခိုင္းေသးလား ? ေကာင္းေကာင္း မတ္တပ္ရပ္ေနစမ္း "

သူထင္သည့္အတိုင္းပင္ ၊ ေဝ့ရွဲတစ္ေယာက္ ႐ုတ္တရက္ဖုန္းေခၚလာျခင္းသည္ ေကာင္းေသာကိစၥေတာ့မျဖစ္နိုင္ ။  ေဝ့ရွဲကား ပုံမွန္အားျဖင့္ အေတာ္ေလးေကာင္းသည့္လူစားမ်ိဳးထဲပါသည္  ။ သို႔ေသာ္ စိတ္ဆိုးေဒါသထြက္ၿပီဆိုပါက အၿမီးတက္နင္းခံရသည့္ ဒိုင္နိုေဆာတစ္ေကာင္သဖြယ္ ။ မည္သို႔ေသာ သာမန္လူတစ္ေယာက္ကမွ သူ႕ကိုသည္းမခံနိုင္ခ် ။ လုဖုန္းဆိုလွ်င္ေတာင္ သူ႕ကိုကိုင္တြယ္ဖို႔ ခက္ခဲလွ၏ ။

"စိတ္ေလးနည္းနည္းေလွ်ာ့ ၿငိမ္ၿငိမ္ထား ၊ ဒီကိစၥမွာ ကြၽန္ေတာ္က ခံရတဲ့သူ.."

"ဒီေလာက္ ကိစၥႀကီးတစ္ခုလုံးကို မင္းတို႔ငါ့ကို လွ်ို႔ဝွက္ထားၿပီး ဘယ္လိုလုပ္စိတ္ၿငိမ္ၿငိမ္လာထားခိုင္းေနတာလဲ ? "

ေဝ့ရွဲအသံကား ပိုလို႔ပင္ က်ယ္က်ယ္ေလာင္ေလာင္ထြက္လာေတာ့၏ ။

"အခုခ်က္ခ်င္း ဒီကိုလာခဲ့ ၊ မဟုတ္ရင္ ငါ့ကို အကိုႀကီးလို႔ေခၚဖို႔ မစဥ္းစားနဲ႕ေတာ့ "

လုဖုန္း ေခတၱမွ်စဥ္းစားၿပီး ေကာက္ခ်က္ခ်မိသည္ ။ လုဖုန္း ယခုသြားလွ်င္ အနာက်င္ဆုံးနည္းလမ္းျဖင့္ ေသရလိမ့္မည္ ။ ေဝ့ရွဲထံမွ ရိုက္ခံရမည့္ ျဖစ္န္ုင္ေျခကလည္း ရွိေနေသးသည္ျဖစ္ရာ...

"ဒီလိုဆိုရင္ေရာ ? ကြၽန္ေတာ္တို႔ ဒီည ေဟာ့ေပါ့တူတူစားၾကမယ္ေလ ၊ ကြၽန္ေတာ္လိပ္စာပို႔ေပးလိုက္မယ္ ၊ စားရင္း ေျပာၾကတာေပါ့ "

ဤကဲ့သို႔သာ စီစဥ္လိုက္လွ်င္ ပထမအခ်က္အေနျဖင့္ လူအမ်ားရွိေသာေနရာျဖစ္ေနေသာေၾကာင့္ ေဝ့ရွဲအေနျဖင့္လုဖုန္းအား လက္ႏွင့္ပင္႐ြယ္မည္မဟုတ္ ၊ ဒုတိယအခ်က္အေနျဖင့္ ေျပာရလွ်င္ ျပႆနာတိုင္းကို ေဟာ့ေပါ့တူတူထြက္စားလိုက္ျခင္းက ေျဖရွင္းေပးနိုင္လိမ့္မည္ ။ ျပႆနာတစ္ခုရွိလာလွ်င္ အေျဖကတျခားမဟုတ္ ၊ ေဟာ့ေပါ့ႏွစ္ခါေလာက္ တူတူစားလိုက္ဖို႔ပင္ ။

လုဖုန္း ေဝ့ရွဲအား ျငင္းဆန္နိုင္ဖို႔ အခြင့္အေရးမေပးေတာ့ဘဲ ဖုန္းအျမန္ခ်လိဳက္၏ ။ ထို႔ေနာက္ အြန္လိုင္းေပၚမွတစ္ဆင့္ နာမည္ႀကီးေဟာ့ေပါ့ဆိုင္ရွာကာ လိပ္စာပို႔ေပးလိုက္၏ ။

ေဟာ့ေပါ့ဆိုင္ကား ရွန့္မင္ေအာ္႐ုံးခန္းေအာက္ ကုန္တိုက္အေဆာက္အအုံတြင္ရွိေပ၏ ။  အမွန္အတိုင္းဆိုရလွ်င္ မည္သည့္အတြက္ေၾကာင့္ ထိုေဟာ့ေပါ့ဆိုင္အား ေ႐ြးခ်ယ္ခဲ့မိလဲ လုဖုန္းမသိ ။ သို႔ေသာ္ ရွန့္မင္ေအာ္ရႈံးနိမ့္ပါသည္ဆိုသည့္အရာကို မ်က္ျမင္သြားမၾကည့္နိုင္လွ်င္ အလြန္တရာဝမ္းနည္းဖို႔ေကာင္းမည္ဆိုသည့္ ခံစားခ်က္မ်ိဳး လုဖုန္းခံစားေနရ၏ ။

Original Author's Note : စာေရးသူမွာ ဥပေဒပတ္သက္ၿပီး ေနာက္ေၾကာင္းရာဇဝင္မ်ိဳး အေတြ႕အႀကဳံမ်ိဳးမရွိပါဘူး ။ ဒါေၾကာင့္ ဝတၳဳထဲကဇာတ္အိမ္အျပင္အဆင္ဟာ စိတ္ကူးစိတ္သန္းမွ်သာ ျဖစ္ပါတယ္ ၊ ေဖာ္ျပခဲ့ဖူးတဲ့ တရားဥပေဒစနစ္ေတြကလည္း အမ်ိဳးသားဥပေဒေရးရာေတြကို ဉာဏ္ကြန့္ျမဴးထားတာမို႔လို႔ အတည္မယူၾကဖို႔ ေျပာခ်င္ပါတယ္

T/N - ငါးရက္ၾကာၿပီးတဲ့အခါမွာ နိုယာျပန္လာပါၿပီ စိတ္ရွည္ရွည္နဲ႕ေစာင့္ေပးၾကတဲ့အတြက္ ေက်းဇူးပါ အေပၚမွာစာေရးသူေျပာသလိုပဲ နိုယာ့အေနနဲ႕ တရားခြင္နဲ႕ပတ္သက္လို႔ ထဲထဲဝင္ဝင္မသိတဲ့အခါ အသုံးအႏႈန္းေတြမသိတဲ့အခါ မွားတတ္ပါတယ္ ဒါေၾကာင့္ မွားေနတာမ်ား ရွိရင္ လာေျပာေပးၾကပါဦး ျပန္ျပင္ေပးခ်င္လို႔ပါ
စကားမစပ္ Eng Translatorကို မွီဖို႔ သိပ္မလိုေတာ့ပါဘူး သူ႕ကိုမွီသြားရင္ေတာ့ သူတင္ေပးသေလာက္ တစ္ပတ္ကို တစ္ပိုင္း သို႔မဟုတ္ ႏွစ္ပိုင္းလာပါမယ္ေနာ္
ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကပါမယ္

Love You All 💗

Continue Reading

You'll Also Like

290K 23.3K 29
Mini Story Uni Life Style Sweet Romance
429K 26.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
62.1K 11.9K 25
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
165K 18.1K 66
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...