"""Go to Sleep, Go to Sleep, Sleep..."""
သူတို့တစ်ယောက်မှ နီကျင်းကို လူတစ်ယောက်လို့ မသတ်မှတ်ကြဘူး။ သူတို့က စကားချိုချိုလေးနဲ့ နီကျင်းကို ကျင်းမိသားစုရဲ့ ချွေးမလို့ပဲ ဆက်ပြောပေးနေရုံတင် လုံလောက်ပြီလို့ တွေးခဲ့ကြတာ။ ဒါပေမယ့် သူတို့က နီကျင်းကို အရူးတစ်ယောက်လို့ လုံးဝဆက်ဆံခဲ့သည်။
ကျင်းရှောင်ကျူက သူ့တစ်ဘဝလုံးစာ နီကျင်းကိုပဲ ချစ်မယ်လို့ ပြောခဲ့ပေမယ့်လည်း သူမကို ချစ်ပုံက တခြားလူတစ်ယောက်နဲ့ အတူဖို့လား?
ကျင်းရှောင်ကျူက နီကျင်း အမှန်တရားကို လက်မခံနိုင်မှာ စိုးရိမ်လို့ဆိုပြီး နည်းအမျိုးမျိုးနဲ့ ဖုံးကွယ်ခဲ့သည်။ နီကျင်းက ကျင်းရှောင်ကျူရဲ့ ထောက်ထားတတ်မှု့ကို တကယ် အသိအမှတ်ပြုပေးသင့်တယ်။ 😏
နဉ်ရူက အိပ်ရာပေါ်ထိုင်ပြီး ကိုယ်ခံအားကျင့်ကြံနေခဲ့သည်။ အဲ့ဒါက အိမ်မှာ အနားယူနေသလိုပဲ။
အမှန်တိုင်းပြောရရင်၊ ကျင်းရှောင်ကျူနဲ့ ရီရှီးက အောက်ထပ်မှာ ထပ်ပြီးမရှိတော့ဘူး။ အဲ့ဒါက နဉ်ရူကို အဲ့လိုမတရားကို ရှည်တဲ့ video တွေကြည့်ဖို့ စိတ်ဒုက္ခ မခံရတော့ဘူးပေါ့။ သူမရဲ့ မျက်လုံးတွေကို သန့်စင်ဖို့ သူမက မျက်စဉ်းခပ်ဆေးတွေ အများကြီး ခပ်ခဲ့ရတာ။
သူမရဲ့ ကွန်ပျုတာထဲမှာ video တွေ အများကြီးရှိနေပြီပဲ။ သူမ ထပ်ပြီး စုဆောင်းဖို့ မလိုတော့ဘူးလေ။
ညနေပိုင်းမှာတော့ ကျင်းရှောင်ကျူနဲ့ ရီရှီးက တစ်ယောက်ပြီးမှ တစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။ နဉ်ရူက ကျင်းရှောင်ကျူနား ကပ်သွားတော့ သူဆီက ရေချိုးဆပ်ပြာအနံ့ရသည်။
ရီရှီးရဲ့ ဆံပင်တွေကလည်း အရင်းနားမှ စိုထိုငးနေသည်။ အဲ့ဒါက ဒီ၂ယောက် ကုမ္ပဏီမှာ ရေချိုးခဲ့တာ ထင်ရှားနေတာပဲ။
သူတို့ရဲ့ အင်္ကျီတွေကလညိး တွန့်နေသည်။
နဉ်ရူတော့ သူတို့၂ယောက် ရုံးခန်းမှာ ဘာဖြစ်ခဲ့လဲဆိုတာကို အလွယ်လေး တွေးမိသည်။ ဒါပေမယ့် သူမက ဘာမှ မပြောခဲ့ဘူး။
ရီရှီးက ပြန်ရောက်တာနဲ့ သူမရဲ့ အခန်းထဲကို ဝင်သွားသည်။ သူမ ပြန်ထွက်လာတော့ သူမရဲ့ အပြင်ဝတ်ကို လဲခဲ့သည်။
ကျင်းရှောင်ကျူက နဉ်ရူကို နူးညံ့စွာ မေးခဲ့သည်။
"မင်း ဒီနေ့ အိမ်မှာ ဘာတွေလုပ်နေခဲ့လဲ?"
နဉ်ရူ: "ဘာမှ သိပ်မလုပ်ပါဘူး။ ပန်းတွေ စီပြီး အပ်စိုက်ကျင့်နေတာ။ ရှင်ကော ? ကုမ္ပဏီမှ အလုပ်တွေ ရှုပ်နေလား?"
ကျင်းရှောင်ကျုက အပြုံးနဲ့ "သိပ်မများပါဘူး။"
နဉ်ရူ: "Oh.. ဒါဆိုလည်း မနက်ဖြန် ရှင့်ဆီ နေ့လည်စာ ယူခဲ့ပေးမယ်လေ။ ကုမ္ပဏီက နေ့လည်က အိမ်စာလောက်တော့ မကောင်းဘူးလေ။"
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့..." လို့ ကျင်းရှောင်ကျူက အလောတကြီး ငြင်းဆန်ခဲ့သည်။ ပြီးတာနဲ့ ချက်ချင်းပဲ သူရဲ့ အမူအရာကို နူးနူးညံ့ညံ့လုပ်ပြီး နဉ်ရူရဲ့ လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး ပြောခဲ့သည်။
"ခုတလေ အပြင်မှာ အရမ်းပူတယ်။ ကျေးဇူးပြုပြီး ကုမ္ပဏီကို မလာခဲ့ပါနဲ့။ လာတဲ့လမ်းမှာ မင်း တစ်ခုခုများ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ? ကို အရမ်း စိတ်ပူရလိမ့်မယ်။"
နဉ်ရူက သူမရဲ့ မျက်ခုံးကို ပင့်ပြီး ပြောခဲ့သည်။
"ရှင် တကယ်ပဲ ကျွန်မကို ရှင့်ဆီ နေ့လည်စာ မယူလာပေးစေချင်ဘူးလား? ကြာကြာမှ တစ်ခေါက်လောက်ပဲ သိပ်အပင်မကြီးပါဘူး။ ကျွန်မက နေ့တိုင်း နေ့လယ်စာလာပို့မှာလည်း မဟုတ်ပါဘူး။ ကျွန်မက မနက်ဖြန်မှ ပို့ချင်လည်း ပို့မယ်။ တဘက်ခါမှလည်း ဖြစ်နိုင်တာပဲ။ နေ့အပေါ်ပဲ မူတည်တာပါ။"
ကျင်းရှောင်ကျူက နဉ်ရူပြောတာကို ကြားတော့ သူ့အမူအရာက ဆိုးရွားသွားသည်။ အကယ်၍ သူမကသာ ဒီလိုရုတ်တရက်ကြီး တိုက်လိုက်ရင်၊ နောက်ဆုံးမှာ သူ မိသွားမှာ မဟုတ်ဘူးလား?
ကျင်းရှောင်ကျူက အမြန်ပဲ ပြောခဲ့သည်။
"အခု အပြင်မှာ နေအရမ်း ပူတယ်။ အပြင်ဘက်နေ ၃၀'C နဲ့ဆိုရင် မင်း အပြင်ထွက်တာနဲ့ အပူလျှပ်လိမ့်မယ်။ မင်း နေကောင်းနေဖို့က ကို ဂရုအစိုက်ဆုံးအရာပါပဲ။ မင်းသာ လုံခြုံနေသမျှ နေ့တွေ အများကြီး ကို ဆာလောင်နေလည်း ဖြစ်ပါတယ်။ ကို စိတ်ဒုက္ခအဖြစ်ရဆုံးက မင်း တစ်ခုခုဖြစ်သွားမှာကိုပဲ။"
နဉ်ရူ: 'fu*k၊ ငါတကယ်ကို အန်ချင်နေပြီ...'
သူမက ကျင်းရှောင်ကျူပြောတာကို နားထောင်လိုက်ရတော့ သူမရဲ့ မျက်နှာက ရှုံ့တွသွားသည်။ ကျင်းရှောင်ကျူက ဒီထက်ပိုပြီး ရွံ့စရာကောင်းတာတွေ ထပ်ပြောနေမှာကို နဉ်ရူက တကယ်ကို စိုးရိမ်လာပြီး အလောတကြီးနဲ့ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
"ဟုတ်ပါပြီ။ ဒါဆိုလည်း ကျွန်မ ရှင့်ဆီ အစာ လာမပို့တော့ဘူး။"
ကျင်းရှောင်ကျူက နောက်ဆုံးတော့ စိတ်အေးသက်သာစွာ သက်ပြင်းချခဲ့သည်။
သူက သူ့ဘာသာ နေ့ခင်းမှာ သာယာပျော်ရွင်နေခဲ့ပြီးပြီးဆိုတော့ သူက ညဘက်ကြီး ရီရှီးရဲ့အခန်းထဲကို သွားဖို့ ဆင်ခြေတွေ ထပ်မပေးတော့ဘူး။ ဒီနေ့တွေမှာ သူက နဉ်ရူနဲ့ တစ်အိပ်ရာတည်း အိပ်ခဲ့သည်။
ဒါပေမယ့်လည်း သူတို့၂ယောက် စကားမပြောဖြစ်ခဲ့ဘူး။ ကျင်းရှောင်ကျူက နူးညံ့စွာနဲ့ "အိပ်တော့နော်၊ အိပ်တော့၊ အိပ်..." လို့ သာ ပြောတော့သည်။
မနက်ခင်းတိုင်း သူက သူ့ဘာသာ ကိုယ်လက်သန့်ရှင်းပြီး၊ နဉ်ရူကို ဖိနပ်စီးဖို့ နွေးထွေးစွာ ကူညီပြီး သူမကို ဆံပင်ဖြီးပေးသည်။
နဉ်ရူက ကျင်းရှောင်ကျူကို ဒီလိုမျိုး မြင်လိုက်ရတော့၊ သူမ တကယ်ပဲ သူ့ကို ပါးချချင်ခဲ့သည်။
ဒါပေမယ့်လည်း၊ သူမက သူ့ကို ပါးမရိုက်ခဲ့ပါဘူး။ သူမက သူ့ရဲ့ မျက်နှာကို ချက်ချင်း သိသာတဲ့ အနီရောင် အမှတ်ပေါ်လာတောင် ဆိတ်လိုက်ရုံပါပဲ။
"ရှင့်အသားအရည်က အရမ်းနူးညံ့လွန်းလို့၊ ကျွန်မက မဆိတ်ဘဲကို မနေနိုင်ဘူး။" လို့ နဉ်ရူက အပြုံးလေးနဲ့ ပြောခဲ့သည်။
ကျင်းရှောင်ကျူက သူခေါင်းကို ကူရာမဲ့စွာ ခါရမ်းလိုက်သည်။
"မင်း ဆိတ်ချင်တယ်ဆို ဆိတ်ပဲဆိတ်လေ။ ဘာလို့ အရမ်းကြီး လုပ်တာလဲ? မင်း ယောကျာ်းကို သတ်ဖို့ ကြိုးစားနေတာလား?"
အေးလေ!!! သူမက သူ့ယောကျာ်းကို သတ်ဖို့ ကြိုးစားနေတာပဲ!!
ကျင်းရှောင်ကျူက မှန်ထဲကို ကြည့်လိုက်သည်။ သူရဲ့ မျက်နှာမှာ အနီရောင်အမှတ်ကို မြင်လိုက်ရတော့ သူက စိတ်ရှုပ်တဲ့ လေသံနဲ့
"ကို ဒီမျက်နှာနဲ့ လူတွေကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ?"
နဉ်ရူက ဘာမှမပြောဘဲ ပြုံးနေခဲ့သည်။
💬 [ မမတို့ မွေပေးလိုက်ပြီ ] 💬🤣
သူတို့ အိမ်အောက်ကို ဆင်းလာခဲ့ကြသည်။ ရီရှီးက ကျင်းရှောင်ကျူရဲ့ မျက်နှာပေါ်က ဒွိဟဖြစ်စေတဲ့ အနီရောင်အမှတ်ကြောင့် သူမရဲ့ မျက်နှာက ဝမ်းနည်းတကြီး ညိုးကျသွားခဲ့သည်။ အဲ့ဒါက သူမ အထိုးနှက်ခံလိုက်ရတာနဲ့ တူသည်။
ကျင်းရှောင်ကျူရဲ့ ရီရှီးရဲ့ ဝမ်းနည်းတဲ့ အမူအရာကို မြင်လိုက်ရတော့၊ သူက မကူညီနိုင်ဘဲ သူ့မျက်နှာပေါ်က အနီအမှတ်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ရီရှီးကို ရှင်းပြချင်ပေမယ့်လည်း ဒီမှာ လူတွေ အများကြီးရှိနေသည်။ သူမကို ရှင်းပြဖို့ သူတို့ ကုမ္ပဏီရောက်တဲ့အထိ စောင့်ဖို့ အစီစဉ်ချလိုက်သည်။
Btw...... reader လေးတွေရဲ့ မန့်တွေဆို noti မှာ ပေါ်ရင် အကုန် reply ပြန်ပေးပါတယ်နော်။ ဒါမယ့် ဘာလို့လည်း မသိဘူး တခါတလေ reply ပြန်ထားတာတွေက မရှိတော့ဘူး ဖြစ်ဖြစ်နေလို့ 😅😅
2️⃣5️⃣.1️⃣.2️⃣0️⃣2️⃣1️⃣
Only if you enjoy reading my translations, please vote me
Thanks for your support, guys!!!