မုန်းမိုင် မနက်မိုးလင်းလာတော့ အိပ်နေတဲ့
ကလေးလေးကို သေချာနေရာချကာ
စောင်ခြုံပေးပြီး အောက်ထပ်ဆင်းလာလိုက်တယ်။
အောက်ထပ်ရောက်တော့ အားသွင်းထားတဲ့
ဖုန်းကို ဖွင့်ကာ သတင်းတွေ ကြည့်လိုက်တော့
တက်လာတဲ့ အကြောင်းအရာက သူနဲ့ နှိုင်းပုံတွေ
အဲ့အပြင် မဆီမဆိုင် ကိုယ်ဝန်နဲ့ ကလေးငယ်ရဲ့
ပုံတွေပါ ပါလာတယ်။
ခေါင်းစဥ်က အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်
နေတာလား ဆိုတဲ့ ခေါင်းစဥ်........ ။
သူအရင်က ရှုပ်ခဲ့တဲ့ ဒဏ်တွေက အခုတော့
အသေအကြေ ကိုရိုက်ခတ်နေပြီ။
သတင်းထဲမှာ ချာတိတ်ကို တိတ်တိတ်ပုန်း
အဖြစ်ရေးထားတာက ရင်နာစရာ......။
နှိုင်းအကြောင်းလည်းရေးထားပင်မဲ့ စိတ်မဝင်စား။
သတင်းကြည့်နေရင်း ဖုန်းဝင်လာတယ်။
”ဟယ်လို ”
”မုန်းမိုင် ဘယ်လိုနေလဲ အရမ်းကို လန့်သွားလား ”
နေတိုင်းဦး ရဲ့ အသံ...... ။
သူနဲ့ ဘာရန်စမှ မရှိပဲ ဘာလို့ တိုက်ခိုက်နေတာလဲ ။
”မင်းနဲ့ ငါဘာပြသာနာ များရှိလို့လဲ ”
”ကလေးကို ငါလိုချင်လို့ ”
”မင်းလိုချင်တိုင်းပေးရအောင် ချာတိတ်က
အရုပ်မဟုတ်ဘူး ”
”မပေးတော့လည်း ရအောင် ယူရုံပဲပေါ့ ”
နေတိုင်းဦးပြောကာ ဖုန်းချသွားသလို မုန်းမိုင်လည်း
ဒေါသတွေထွက်ကာ ကျန်နေခဲ့တယ်။
မုန်းမိုင် အခုချိန် ဘာလုပ်ရမှန်းမသိ။
ကလေးကို သူနဲ့ တရားဝင် သက်ဆိုင်သူ
ဆိုတာသာ ထုတ်ပြလိုက်ရင် ကလေးငယ်ကို
စွပ်စွဲ ကြလိမ့်မယ်။
အဲ့အချိန်အပေါ်တက်ကနေ ဆင်းလာတဲ့
ချာတိတ်.........။
”ဦး ”
မျက်လုံးလေးပွတ်ပြီး သူ့ကိုလှမ်းခေါ်တဲ့
ကောင်ငယ်လေး...... ။
”နိုးပြီလား ဦးမနက်စာလုပ်ပေးမယ် ”
ခေါ်လိုက်တော့ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့
လက်ကလေးတွဲကာလိုက်လာတယ်။
မနက်စာ သူကြိုက်တဲ့ ပုဇွန်ထမင်းကြော်လေး
ကျွေးတော့ သေချာ စားနေတယ်။
”ချာတိတ် ဦးတို့ အဝေးကြီးကို ထွက်မသွားချင်
ဘူးလားဟင် ”
မုန်းမိုင် မေးတော့ စားနေတာက ခဏရပ်သွားကာ။
”အင် လူတွေ မရှိတဲ့ နေရာမှာနေချင်တယ် ”
သူတို့ နှစ်ယောက်လုံး ပတ်ဝန်းကျင်
တွေကို စိတ်ကုန်နေပြီ........။
ခန့် ကို မတွေ့တာကြာလို့ မေးတဲ့သူတွေကလည်း
မေးနေကြတာကြောင့် ဟန်ဆောင်
နေရတာလည်း ပင်ပန်းလွန်းတယ်။
”ပြီးရင် အလုပ်သွားမလို့ ချာတိတ် လိုက်ခဲ့နော် ”
မုန်းမိုင်ပြောတော့ အစားမပျက်ခေါင်း
လေးသာ ငြိမ့်ပြတယ်။
ခဏအကြာစားသောက်လို့ပြီးတော့
အဝတ်အစားနှစ်ယောက်လုံးလဲလိုက်ကြတယ်။
”ဦး သားပြီးပြီ ”
ဆွယ်တာ အပွကြီးကို အနက်ရောင်ဘောင်းဘီ
တိုလေးနဲ့ ချစ်စရာ.......။
နှစ်ယောက်လုံး ကားပေါ်တက်ကာ
ရုံကို ချီတက်လာလိုက်တယ်။
ရုံးရောက်တော့ မုန်းမိုင် ဘာကိုမှဂရုမစိုက်ပဲ
ထူးပိုလေးကို တွဲထုတ်ကာ ကြင်ကြင်နာနာလေး
ခေါ်လာလိုက်တယ်။
လူတွေ ပြောသံကြားပင်မဲ့ ဂရုမစိုက်နိုင်.......။
”ချာတိတ် ဖြေးဖြေးလျှောက် ”
”ဒါပြီးရင် မုန့်သွားစားကြမလား ”
”ဦး နဲ့ အရင်လို ညစျေးမှာ သွားစားကြမလား ”
မုန်းမိုင် ရုံးခန်းမရောက်မချင်း ထူးပိုလေးကို
စကားတွေ ပြောနေမိတယ်။
ပတ်ဝန်းကျင်ကို အာရုံမစိုက်စေချင်တာကြောင့်
ပေါ့.......။
မုန်းမိုင် ရုံးခန်းရောက်တော့မှ
စကားပြောနေတာကို ရပ်တန့်လိုက်တယ်။
ရုံးရောက်တာနဲ့ သူလည်း လုပ်စရာရှိတာတွေ
လုပ်နေသလို ချာတိတ်ကလည်း ကားတွန်းကာ
ကြည့်နေတယ်။
”ဦး အရမ်းစပ်တာစားချင်တယ် ”
မျက်နှာငယ်လေးနဲ့ တောင်းဆိုလာတဲ့ ကောင်လေး
ကို ကျွေးချင်ပင်မဲ့ သူပဲ ဒုက္ခ ဖြစ်မှာ.......။
”ချာတိတ် အစပ်စားရင် ဗိုက်ထဲက ကလေးလေး
ထိခိုက်လိမ့်မယ် ချာတိတ်ရဲ့ ”
မုန်းမိုင် ပြောလိုက်တော့ မှ ခေါင်းလေးငြိမ့်ပြတယ်။
အရွယ်တောင် သေချာမရောက်သေးတဲ့
ချာတိတ်က သူ့ဗိုက်ထဲက ကလေးလေးကို
အရမ်းချစ်တာ......။
ကလေးထိခိုက်မယ်လို့ ပြောလိုက်ရင်
ငြိမ်ကျသွားတတ်တယ်။
ဒီလူယုတ်မာရဲ့ ကလေးကို ချစ်ပေးတာ
တကယ့်ကို ကျေးဇူးတင်ပါတယ် ချာတိတ်ရယ်......။
”ချာတိတ် ကလေးလေးကို အဲ့လောက်တောင်
ချစ်လား ”
မုန်းမိုင်မေးတော့ ချက်ချင်းပြုံးလာပြီး.......။
”အရမ်းချစ်တာ ”
စိတ်လိုလက်ရပြောနေတာကြောင့် သူ
လည်းကျေနပ်ရတယ်။
”ဦး သား Coffee သွားဖျော်လိုက်မယ် ”
ပြောပြီး ဗိုက်ကလေးကို မကာ ထသွားတယ်။
ထူးပိုလေး Coffee ဖျော်ဖို့ ရုံးခန်းကနေ ခဏထွက်
လာပြီး Coffee ဖျော်မဲ့ နေရာစီ လာလိုက်တယ်။
Coffee ဖျော်မဲ့နေရာရောက်တော့ Coffee သောက်
နေကြတဲ့ လူတွေ ငါးယောက်ခြောက်ယောက်
လောက်ရှိတယ် ။
သူဝင်လာတာကို ကြည့်တဲ့ အကြည့်တွေက တမျိုး။
Coffee ဖျော်ဖို့ ခွက်ကို ယူနေတုန်း.......။
”သူပေါ့ Boss ရဲ့ လင်ငယ်ဆိုတာလေ
လက်ထပ်ထားတဲ့ လူရဲ့ ကလေးကို တောင်လွယ်
ထားသေးတယ် ”
”အေးဟယ် မျက်နှာပြောင်တိုက်ချက်ပဲ
သူရဲ့အမေရော သူရော Boss နဲ့ရှုပ်တာနော် ”
”အခုတောင် အရှက်မရှိ Company ကို လိုက်လာ
သေးတယ် အငယ်အနှောင်းက အငယ်အနှောင်း
လိုမနေပဲ နေရာတကာလိုက်လိုက်လာတယ် ”
သူကြားလိုက်ရတဲ့ စကားသံကြောင့်
ရင်ထဲ နာကျင်လာသလို အငွေ့အဖြစ်သာ
ပျောက်ကွယ်သွားချင်တယ်။
မဟုတ်ဘူးလို့ ရှင်းပြချင်လိုက်တာ........။
နာကျင်နေပြီ သေလောက်အောင်ပဲ။
တောင်းပန်ပါတယ် စကားတွေနဲ့ မနှိပ်စက်ကြပါနဲ့
လို့စိတ်ထဲက တိတ်တဆိတ် ရေရွတ် နေမိတယ်။
ထူးပိုလေး Coffee မဖျော်တော့ပဲ
ရုံးခန်းထဲကိုသာ အမြန်ပြန်ပြေးဝင်လာလိုက်တယ်။
မုန်းမိုင် အခန်းထဲ ပြေးဝင်လာပြီး
ဆိုဖာပေါ်မှာ အသက်မပါသလို
ငုတ်တုတ် ထိုင်နေတဲ့ ကောင်လေးကြောင့်
စိုးရိမ်သွားတယ်။
”ချာတိတ် ဘာဖြစ်တာလဲ ”
”ဦး သား ကအငယ်အနှောင်းမဟုတ်ဘူးနော်
သား က လူဆိုးမဟုတ်ဘူး သား ကလေးလေးကို
ပိုက်ဆံမက်လို့မွေးမှာ မဟုတ်ပါဘူး
ဦး သားလေ သား အဟင့် ”
စကားတွေ အများကြီး ပြောပြီး ငိုချလာတယ်။
”ချာတိတ် ဘာဖြစ်လာလဲ ဦးကို
သေချာပြောပါအုန်း ”
”ဦး လူတွေကို ရှင်းပြပေးပါအုန်း သား က
အဲ့လိုမဟုတ်ဘူး ဆိုတာကို ”
စိတ်လွှတ်သလို ပြောနေတဲ့ ကောင်လေး
ကြောင့် မုန်းမိုင် ရင်တွေနာနေရပါပြီ။
သူရူးတော့မယ်။ သူ့ကြောင့် သူအသုံးမကျတာတွေကြောင့်......။
”အင်းပါ ဦး ရှင်းပြပေးမယ်နော် ”
မုန်းမိုင် ဖြေရှင်းမှ ရတော့မယ် ။ သူထိခိုက်နိုင်တယ်
ဆိုပင်မဲ့ ကလေးငယ် စိတ်ကို မနာကျင်
စေချင်တော့ဘူး။
သူဆုံးဖြတ်ချက် ချလိုက်တယ်။ ချာတိတ်နဲ့
အနည်းငယ်ခွဲနေရမယ်ဆိုပင်မဲ့ သူလုပ်မှ ဖြစ်တော့မယ်။
”ဦး ကတိပေးတယ် ဦးဖြေရှင်းပေးမယ်နော် ”
မုန်းမိုင်ပြောကာ ရင်ခွင်ထဲထည့်လိုက်ရင်ခွင်ထဲ
လုံးနေအောင်တိုးဝင်လာတယ်။
ပေးဆပ်မှာပါ သူလုပ်ခဲ့တာတွေအတွက်
အစွမ်းကုန်ပေးဆပ်မှာမို့ ကလေးက ရယူမှု
တွေနဲ့ပဲ အနိုင်ယူနေပါ။
နေတိုင်းဦး တက်လာတဲ့ သတင်းတွေကို
ကြည့်ပြီး သဘောကျနေမိတယ်။
ကလေးကို ပြောဆိုထားတာတော့ သူမကြိုက်ဘူး။
ဒါပေမဲ့ သူပိုင်ဆိုင်ရဖို့အတွက် ကလေးကိုအနည်းငယ်
အထိခိုက်ခံရမယ်။
”ကလေး က ချစ်ဖို့ကောင်းလွန်းလို့
ကိုက ပိုင်ဆိုင်ချင်မိတာ အဲ့တာကို့ အပြစ်မဟုတ်ဘူး
ကလေးငယ်ရဲ့ အပြစ်ပဲ ”
သူဆွဲထားတဲ့ ကလေးရဲ့ ပန်းချီကားကို ကြည့်ကာပြောနေမိတယ်။
သူ့လက်ထဲ ကလေးရောက်လာရင်
ကလေးကို သူများတွေ မမြင်အောင် ဖွက်ထားမှာ။
”ကလေး ကို ဒီအတိုင်းကြည့်နေရရင်တောင်
ကျေနပ်တာမို့လို့ ကို့အနားမှာနေပေးနော်
ကို့ အနားမှာ ဘယ်သူမှမရှိဘူး ကလေးရဲ့
ကလေးတော့ ရှိပေးနော် ကြိမ်းသေကိုရှိပေးရမယ် ”
နေတိုင်းဦး က မိဘမဲ့တစ်ယောက်
ဖြတ်လမ်းနည်းနဲ့ ချမ်းသာအောင်ကြိုးစားခဲ့တယ်။
သူချမ်းသာလာပင်မဲ့ တကယ့်ပျော်ရွှင်မှု အစစ်အမှန်
မိသားစု ဆိုတာတော့ မရခဲ့ဘူး။
အခုတော့ ဒီကလေးငယ်ကို လိုချင်တယ်။
ဒီကလေးငယ်နဲ့ နှစ်ယောက်အတူ မိသားစု
ဘဝလေး တည်ဆောက်မယ်။
မဖြစ်လည်း ဖြစ်အောင်ဖန်တီးမှာမယ်။
ပေးဆပ်ရင်းနဲ့ ချစ်တဲ့အချစ်
ရယူခြင်းနဲ့ ချစ်တဲ့ အချစ် ဘယ်အချစ်က
အနိုင်ရမလဲ.......။
(တိုက်ပွဲက ပြင်းထန် ပဲ
အိပ်တော့မယ် တာ့တာ)
××××××××××××××××××××××××××××××××
မုန္းမိုင္ မနက္မိုးလင္းလာေတာ့ အိပ္ေနတဲ့
ကေလးေလးကို ေသခ်ာေနရာခ်ကာ
ေစာင္ၿခဳံေပးၿပီး ေအာက္ထပ္ဆင္းလာလိုက္တယ္။
ေအာက္ထပ္ေရာက္ေတာ့ အားသြင္းထားတဲ့
ဖုန္းကို ဖြင့္ကာ သတင္းေတြ ၾကည့္လိုက္ေတာ့
တက္လာတဲ့ အေၾကာင္းအရာက သူနဲ႕ ႏွိုင္းပုံေတြ
အဲ့အျပင္ မဆီမဆိုင္ ကိုယ္ဝန္နဲ႕ ကေလးငယ္ရဲ႕
ပုံေတြပါ ပါလာတယ္။
ေခါင္းစဥ္က အိမ္ေထာင္ရွိရက္နဲ႕ ေဖာက္ျပန္
ေနတာလား ဆိုတဲ့ ေခါင္းစဥ္........ ။
သူအရင္က ရႈပ္ခဲ့တဲ့ ဒဏ္ေတြက အခုေတာ့
အေသအေၾက ကိုရိုက္ခတ္ေနၿပီ။
သတင္းထဲမွာ ခ်ာတိတ္ကို တိတ္တိတ္ပုန္း
အျဖစ္ေရးထားတာက ရင္နာစရာ......။
ႏွိုင္းအေၾကာင္းလည္းေရးထားပင္မဲ့ စိတ္မဝင္စား။
သတင္းၾကည့္ေနရင္း ဖုန္းဝင္လာတယ္။
"ဟယ္လို ''
"မုန္းမိုင္ ဘယ္လိုေနလဲ အရမ္းကို လန့္သြားလား ''
ေနတိုင္းဦး ရဲ႕ အသံ...... ။
သူနဲ႕ ဘာရန္စမွ မရွိပဲ ဘာလို႔ တိုက္ခိုက္ေနတာလဲ ။
"မင္းနဲ႕ ငါဘာျပသာနာ မ်ားရွိလို႔လဲ ''
"ကေလးကို ငါလိုခ်င္လို႔ ''
"မင္းလိုခ်င္တိုင္းေပးရေအာင္ ခ်ာတိတ္က
အ႐ုပ္မဟုတ္ဘူး ''
"မေပးေတာ့လည္း ရေအာင္ ယူ႐ုံပဲေပါ့ ''
ေနတိုင္းဦးေျပာကာ ဖုန္းခ်သြားသလို မုန္းမိုင္လည္း
ေဒါသေတြထြက္ကာ က်န္ေနခဲ့တယ္။
မုန္းမိုင္ အခုခ်ိန္ ဘာလုပ္ရမွန္းမသိ။
ကေလးကို သူနဲ႕ တရားဝင္ သက္ဆိုင္သူ
ဆိုတာသာ ထုတ္ျပလိုက္ရင္ ကေလးငယ္ကို
စြပ္စြဲ ၾကလိမ့္မယ္။
အဲ့အခ်ိန္အေပၚတက္ကေန ဆင္းလာတဲ့
ခ်ာတိတ္.........။
"ဦး ''
မ်က္လုံးေလးပြတ္ၿပီး သူ႕ကိုလွမ္းေခၚတဲ့
ေကာင္ငယ္ေလး...... ။
"နိုးၿပီလား ဦးမနက္စာလုပ္ေပးမယ္ ''
ေခၚလိုက္ေတာ့ ေခါင္းေလး တၿငိမ့္ၿငိမ့္နဲ႕
လက္ကေလးတြဲကာလိုက္လာတယ္။
မနက္စာ သူႀကိဳက္တဲ့ ပုဇြန္ထမင္းေၾကာ္ေလး
ေကြၽးေတာ့ ေသခ်ာ စားေနတယ္။
"ခ်ာတိတ္ ဦးတို႔ အေဝးႀကီးကို ထြက္မသြားခ်င္
ဘူးလားဟင္ ''
မုန္းမိုင္ ေမးေတာ့ စားေနတာက ခဏရပ္သြားကာ။
"အင္ လူေတြ မရွိတဲ့ ေနရာမွာေနခ်င္တယ္ ''
သူတို႔ ႏွစ္ေယာက္လုံး ပတ္ဝန္းက်င္
ေတြကို စိတ္ကုန္ေနၿပီ........။
ခန့္ ကို မေတြ႕တာၾကာလို႔ ေမးတဲ့သူေတြကလည္း
ေမးေနၾကတာေၾကာင့္ ဟန္ေဆာင္
ေနရတာလည္း ပင္ပန္းလြန္းတယ္။
"ၿပီးရင္ အလုပ္သြားမလို႔ ခ်ာတိတ္ လိုက္ခဲ့ေနာ္ ''
မုန္းမိုင္ေျပာေတာ့ အစားမပ်က္ေခါင္း
ေလးသာ ၿငိမ့္ျပတယ္။
ခဏအၾကာစားေသာက္လို႔ၿပီးေတာ့
အဝတ္အစားႏွစ္ေယာက္လုံးလဲလိုက္ၾကတယ္။
"ဦး သားၿပီးၿပီ ''
ဆြယ္တာ အပြႀကီးကို အနက္ေရာင္ေဘာင္းဘီ
တိုေလးနဲ႕ ခ်စ္စရာ.......။
ႏွစ္ေယာက္လုံး ကားေပၚတက္ကာ
႐ုံကို ခ်ီတက္လာလိုက္တယ္။
႐ုံးေရာက္ေတာ့ မုန္းမိုင္ ဘာကိုမွဂ႐ုမစိုက္ပဲ
ထူးပိုေလးကို တြဲထုတ္ကာ ၾကင္ၾကင္နာနာေလး
ေခၚလာလိုက္တယ္။
လူေတြ ေျပာသံၾကားပင္မဲ့ ဂ႐ုမစိုက္နိုင္.......။
"ခ်ာတိတ္ ေျဖးေျဖးေလွ်ာက္ ''
"ဒါၿပီးရင္ မုန့္သြားစားၾကမလား ''
"ဦး နဲ႕ အရင္လို ညေစ်းမွာ သြားစားၾကမလား ''
မုန္းမိုင္ ႐ုံးခန္းမေရာက္မခ်င္း ထူးပိုေလးကို
စကားေတြ ေျပာေနမိတယ္။
ပတ္ဝန္းက်င္ကို အာ႐ုံမစိုက္ေစခ်င္တာေၾကာင့္
ေပါ့.......။
မုန္းမိုင္ ႐ုံးခန္းေရာက္ေတာ့မွ
စကားေျပာေနတာကို ရပ္တန့္လိုက္တယ္။
႐ုံးေရာက္တာနဲ႕ သူလည္း လုပ္စရာရွိတာေတြ
လုပ္ေနသလို ခ်ာတိတ္ကလည္း ကားတြန္းကာ
ၾကည့္ေနတယ္။
"ဦး အရမ္းစပ္တာစားခ်င္တယ္ ''
မ်က္ႏွာငယ္ေလးနဲ႕ ေတာင္းဆိုလာတဲ့ ေကာင္ေလး
ကို ေကြၽးခ်င္ပင္မဲ့ သူပဲ ဒုကၡ ျဖစ္မွာ.......။
"ခ်ာတိတ္ အစပ္စားရင္ ဗိုက္ထဲက ကေလးေလး
ထိခိုက္လိမ့္မယ္ ခ်ာတိတ္ရဲ႕ ''
မုန္းမိုင္ ေျပာလိုက္ေတာ့ မွ ေခါင္းေလးၿငိမ့္ျပတယ္။
အ႐ြယ္ေတာင္ ေသခ်ာမေရာက္ေသးတဲ့
ခ်ာတိတ္က သူ႕ဗိုက္ထဲက ကေလးေလးကို
အရမ္းခ်စ္တာ......။
ကေလးထိခိုက္မယ္လို႔ ေျပာလိုက္ရင္
ၿငိမ္က်သြားတတ္တယ္။
ဒီလူယုတ္မာရဲ႕ ကေလးကို ခ်စ္ေပးတာ
တကယ့္ကို ေက်းဇူးတင္ပါတယ္ ခ်ာတိတ္ရယ္......။
"ခ်ာတိတ္ ကေလးေလးကို အဲ့ေလာက္ေတာင္
ခ်စ္လား ''
မုန္းမိုင္ေမးေတာ့ ခ်က္ခ်င္းၿပဳံးလာၿပီး.......။
"အရမ္းခ်စ္တာ ''
စိတ္လိုလက္ရေျပာေနတာေၾကာင့္ သူ
လည္းေက်နပ္ရတယ္။
"ဦး သား Coffee သြားေဖ်ာ္လိုက္မယ္ ''
ေျပာၿပီး ဗိုက္ကေလးကို မကာ ထသြားတယ္။
ထူးပိုေလး Coffee ေဖ်ာ္ဖို႔ ႐ုံးခန္းကေန ခဏထြက္
လာၿပီး Coffee ေဖ်ာ္မဲ့ ေနရာစီ လာလိုက္တယ္။
Coffee ေဖ်ာ္မဲ့ေနရာေရာက္ေတာ့ Coffee ေသာက္
ေနၾကတဲ့ လူေတြ ငါးေယာက္ေျခာက္ေယာက္
ေလာက္ရွိတယ္ ။
သူဝင္လာတာကို ၾကည့္တဲ့ အၾကည့္ေတြက တမ်ိဳး။
Coffee ေဖ်ာ္ဖို႔ ခြက္ကို ယူေနတုန္း.......။
"သူေပါ့ Boss ရဲ႕ လင္ငယ္ဆိုတာေလ
လက္ထပ္ထားတဲ့ လူရဲ႕ ကေလးကို ေတာင္လြယ္
ထားေသးတယ္ ''
"ေအးဟယ္ မ်က္ႏွာေျပာင္တိုက္ခ်က္ပဲ
သူရဲ႕အေမေရာ သူေရာ Boss နဲ႕ရႈပ္တာေနာ္ ''
"အခုေတာင္ အရွက္မရွိ Company ကို လိုက္လာ
ေသးတယ္ အငယ္အႏွောင္းက အငယ္အႏွောင္း
လိုမေနပဲ ေနရာတကာလိုက္လိုက္လာတယ္ ''
သူၾကားလိုက္ရတဲ့ စကားသံေၾကာင့္
ရင္ထဲ နာက်င္လာသလို အေငြ႕အျဖစ္သာ
ေပ်ာက္ကြယ္သြားခ်င္တယ္။
မဟုတ္ဘူးလို႔ ရွင္းျပခ်င္လိုက္တာ........။
နာက်င္ေနၿပီ ေသေလာက္ေအာင္ပဲ။
ေတာင္းပန္ပါတယ္ စကားေတြနဲ႕ မႏွိပ္စက္ၾကပါနဲ႕
လို႔စိတ္ထဲက တိတ္တဆိတ္ ေရ႐ြတ္ ေနမိတယ္။
ထူးပိုေလး Coffee မေဖ်ာ္ေတာ့ပဲ
႐ုံးခန္းထဲကိုသာ အျမန္ျပန္ေျပးဝင္လာလိုက္တယ္။
မုန္းမိုင္ အခန္းထဲ ေျပးဝင္လာၿပီး
ဆိုဖာေပၚမွာ အသက္မပါသလို
ငုတ္တုတ္ ထိုင္ေနတဲ့ ေကာင္ေလးေၾကာင့္
စိုးရိမ္သြားတယ္။
"ခ်ာတိတ္ ဘာျဖစ္တာလဲ ''
"ဦး သား ကအငယ္အႏွောင္းမဟုတ္ဘူးေနာ္
သား က လူဆိုးမဟုတ္ဘူး သား ကေလးေလးကို
ပိုက္ဆံမက္လို႔ေမြးမွာ မဟုတ္ပါဘူး
ဦး သားေလ သား အဟင့္ ''
စကားေတြ အမ်ားႀကီး ေျပာၿပီး ငိုခ်လာတယ္။
"ခ်ာတိတ္ ဘာျဖစ္လာလဲ ဦးကို
ေသခ်ာေျပာပါအုန္း ''
"ဦး လူေတြကို ရွင္းျပေပးပါအုန္း သား က
အဲ့လိုမဟုတ္ဘူး ဆိုတာကို ''
စိတ္လႊတ္သလို ေျပာေနတဲ့ ေကာင္ေလး
ေၾကာင့္ မုန္းမိုင္ ရင္ေတြနာေနရပါၿပီ။
သူ႐ူးေတာ့မယ္။ သူ႕ေၾကာင့္ သူအသုံးမက်တာေတြေၾကာင့္......။
"အင္းပါ ဦး ရွင္းျပေပးမယ္ေနာ္ ''
မုန္းမိုင္ ေျဖရွင္းမွ ရေတာ့မယ္ ။ သူထိခိုက္နိုင္တယ္
ဆိုပင္မဲ့ ကေလးငယ္ စိတ္ကို မနာက်င္
ေစခ်င္ေတာ့ဘူး။
သူဆုံးျဖတ္ခ်က္ ခ်လိဳက္တယ္။ ခ်ာတိတ္နဲ႕
အနည္းငယ္ခြဲေနရမယ္ဆိုပင္မဲ့ သူလုပ္မွ ျဖစ္ေတာ့မယ္။
"ဦး ကတိေပးတယ္ ဦးေျဖရွင္းေပးမယ္ေနာ္''
မုန္းမိုင္ေျပာကာ ရင္ခြင္ထဲထည့္လိုက္ရင္ခြင္ထဲ
လုံးေနေအာင္တိုးဝင္လာတယ္။
ေပးဆပ္မွာပါ သူလုပ္ခဲ့တာေတြအတြက္
အစြမ္းကုန္ေပးဆပ္မွာမို႔ ကေလးက ရယူမႈ
ေတြနဲ႕ပဲ အနိုင္ယူေနပါ။
ေနတိုင္းဦး တက္လာတဲ့ သတင္းေတြကို
ၾကည့္ၿပီး သေဘာက်ေနမိတယ္။
ကေလးကို ေျပာဆိုထားတာေတာ့ သူမႀကိဳက္ဘူး။
ဒါေပမဲ့ သူပိုင္ဆိုင္ရဖို႔အတြက္ ကေလးကိုအနည္းငယ္
အထိခိုက္ခံရမယ္။
"ကေလး က ခ်စ္ဖို႔ေကာင္းလြန္းလို႔
ကိုက ပိုင္ဆိုင္ခ်င္မိတာ အဲ့တာကို႔ အျပစ္မဟုတ္ဘူး
ကေလးငယ္ရဲ႕ အျပစ္ပဲ ''
သူဆြဲထားတဲ့ ကေလးရဲ႕ ပန္းခ်ီကားကို ၾကည့္ကာေျပာေနမိတယ္။
သူ႕လက္ထဲ ကေလးေရာက္လာရင္
ကေလးကို သူမ်ားေတြ မျမင္ေအာင္ ဖြက္ထားမွာ။
"ကေလး ကို ဒီအတိုင္းၾကည့္ေနရရင္ေတာင္
ေက်နပ္တာမို႔လို႔ ကို႔အနားမွာေနေပးေနာ္
ကို႔ အနားမွာ ဘယ္သူမွမရွိဘူး ကေလးရဲ႕
ကေလးေတာ့ ရွိေပးေနာ္ ႀကိမ္းေသကိုရွိေပးရမယ္ ''
ေနတိုင္းဦး က မိဘမဲ့တစ္ေယာက္
ျဖတ္လမ္းနည္းနဲ႕ ခ်မ္းသာေအာင္ႀကိဳးစားခဲ့တယ္။
သူခ်မ္းသာလာပင္မဲ့ တကယ့္ေပ်ာ္႐ႊင္မႈ အစစ္အမွန္
မိသားစု ဆိုတာေတာ့ မရခဲ့ဘူး။
အခုေတာ့ ဒီကေလးငယ္ကို လိုခ်င္တယ္။
ဒီကေလးငယ္နဲ႕ ႏွစ္ေယာက္အတူ မိသားစု
ဘဝေလး တည္ေဆာက္မယ္။
မျဖစ္လည္း ျဖစ္ေအာင္ဖန္တီးမွာမယ္။
ေပးဆပ္ရင္းနဲ႕ ခ်စ္တဲ့အခ်စ္
ရယူျခင္းနဲ႕ ခ်စ္တဲ့ အခ်စ္ ဘယ္အခ်စ္က
အနိုင္ရမလဲ.......။
(တိုက္ပြဲက ျပင္းထန္ ပဲ
အိပ္ေတာ့မယ္ တာ့တာ)