(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ

4.9K 1K 75
By Xiao_Yiii

အခန်း(၂၄၄) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ

လင်ရွှမ်းဇီကတစ်ခြားသူတွေနဲ့စီးပွားရေးကိစ္စဆွေးနွေးနေတဲ့အချိန်ယန်ထျန်းဟန်ကဘေးမှာထိုင်ပြီးပိုက်ဆံသိမ်းသည်။နှစ်ယောက်သားကမပင်မပန်းနဲ့အတူတူအလုပ်လုပ်ကြပြီးသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကအလွန်ကိုချောမေ့လွန်းလို့သဘာဝကျကျပင်သူတို့ကတစ်ယောက်ကိုတစ်ယောက်နားလည်သဘောပေါက်ကြပြီးသဟဇာတဖြစ်လွန်းသည့်ပုံပေါ်သည်။သေချာပေါက်ပိုက်ဆံသိမ်းတဲ့ကိစ္စကသဟဇာတလိုအပ်တဲ့အရာတော့မဟုတ်ပေမယ့်ပေါ့

လင်ရွှမ်းဇီရဲ့စည်းမျဉ်းစည်းကမ်းကအလွန်ရိုးရှင်းသည်:ကြိုတင်ငွေအဖြစ်(၅၀%)အရင်ပေးရန်လိုအပ်ပြီးမှော်၇တနာထွင်းထုလို့ပြီးပါကဝယ်သူစစ်ဆေးနိုင်ရန်အတွက်ပေးပို့မည်ဖြစ်ကာလင်ရွှမ်းဇီကကျန်ရှိတဲ့ငွေ(၅၀%)ကိုဝယ်သူအပ်နှံပေးထားမည့်ဘဏ်မှထုတ်ယူမည်ဖြစ်သည်။

အကယ်၍ဒါကဈေးကွက်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင်တော့ဝယ်သူကကြိုတင်စရံငွေကို(10% မှ 20%) အတွင်းသာပေးချေရန်လိုအပ်တာဖြစ်သည်။လင်ရွှမ်းဇီရဲ့လိုအပ်ချက်ကအတော်လေးပိုမိုမြင့်မားသည်ဟုတော့သတ်မှတ်လို့ရသည်။

သို့သော်လင်ရွှမ်းဇီကမိသားစုတစ်ရာစုဝေးပွဲမှာအတော်လေးကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တဲ့အပြင်ယွမ်နဲ့ဂျီမိသားစုကအာမခံအနေနဲ့ရှိပေးနေတာကြောင့်ထိုလူများကသူ့ကိုယုံကြည်ချင်ကြသည်။

နောက်ဆုံးဧည့်သည်ကိုလိုက်ပို့ပေးပြီးနောက်မှာယန်ထျန်းဟန်ကသူ့လက်ထဲကရွှေစက္ကူများကိုစိုက်ကြည့်ရင်းသူ့မျက်လုံးထဲတွင်ရွှေရောင်ကြယ်များပင်မြင်လို့ရနိုင်လောက်ကာသရေတောက်တောက်ကျမတတ်ပင်။

သူကလင်ရွှမ်းဇီကိုပျော်ရွှင်စွာပြောလိုက်သည်။

"အကိုကြီး,ဒီမှာရွှေစနှစ်သိန်းတောင်!အကယ်၍နှစ်ဆဆိုရင်ရွှေစ(လေးသိန်း)ဖြစ်လိမ့်မယ်!ကျွန်တော်တို့ချမ်းသာပြီ!"

ယန်ထျန်းဟန်ဘယ်လောက်တောင်ပျော်နေလဲဆိုတာကိုလင်ရွှမ်းဇီမြင်တဲ့အချိန်မှာသူ့ကိုကြီးကြီးမားမားထိုးနှက်နိုင်မယ့်အဖြစ်မှန်အားမပြောပြရက်ဘူးဖြစ်သွားသည်။လက်မှုပညာလမ်းကြောင်းမှာရှိတဲ့တစ်စုံတစ်ယောက်အတွက်ရွှေစလေးသိန်းဆိုတာထိပ်တန်းအဆင့်မှော်ရတနာအနည်းငယ်လောက်ကိုထွင်းထုပြီးနောက်မှာလွှင့်ပစ်လိုက်ရမှာဖြစ်သည်။

ဒါ့အပြင်လင်ရွှမ်းဇီကယန်ထျန်းဟန်ဆေးလုံးသန့်စင်တဲ့အချိန်မှာဖြုန်းတီးဖို့အတွက်ပိုက်ဆံအများစုကိုချန်ထားသေးသည်။

သေချာပေါက်သူ့အနေနဲ့ယန်ထျန်းဟန်ကိုအကြီးအကျယ်ထိုးနှက်နိုင်မယ့်ဒီအမှန်တရားကိုပြောပြလို့တော့မရဘူးလေ...

လင်ရွှမ်းဇီကပြုံးလိုက်သည်။

"အကယ်၍အားဟန်ဝယ်ချင်တာတစ်ခုခုရှိရင်ဒီနှစ်ရက်အတွင်းစိတ်ကြိုက်သွားဝယ်လို့ရတယ်....ကောင်းကင်တောင်ထွတ်မြို့မှာကုန်ကြမ်းပစ္စည်းတွေအများကြီးပဲ...ငါတို့ချင်မြို့တော်ကိုပြန်ရောက်တဲ့အချိန်ဆိုရင်ပိုက်ဆံရှိရင်တောင်ဝယ်ချင်မှဝယ်လို့ရမှာ"

မွန်းလွဲပိုင်းမှာတော့လင်ရွှမ်းဇီထံလာသည့်ဧည့်သည်မရှိတော့ပေ။သူကယန်ထျန်းဟန်ကိုဆေးလုံးသန့်စင်ရာတွင်လိုအပ်သည့်ဝိဉာဉ်ပင်တော်တော်များများဝယ်ယူနိုင်ရန်ဈေးခေါ်သွားပြီးဆေးလုံးမီးဖိုသန့်စင်ဖို့အတွက်လိုအပ်သည့်ကုန်ကြမ်းပစ္စည်းတော်တော်များများကိုလည်းဝယ်ယူခဲ့တာကြောင့်ယန်ထျန်းဟန်ရဲ့နှလုံးသားကတော့သေလုနီးပါးနာကျင်ရသည်။

သို့သော်လင်ရွှမ်းဇီရဲ့အတွေးအရဆိုရင်ယန်ထျန်းဟန်သူ့မီးဖိုများကိုဖောက်ခွဲရတဲ့အဓိကအကြောင်းအရင်းကသူ့မှာယန်ဝိဉာဉ်တစ်ခုနှင့်ယင်ဝိဉာဉ်တစ်ခုလိုအပ်နေလို့သာဖြစ်လိမ့်မည်။အခုအဲ့ဒီယန်ဝိဉာဉ်တစ်ခုနှင့်ယင်ဝိဉာဉ်တစ်ခုကိုHepta-Brilliant Sacred မီးနဲ့ပြန်လည်ဖြည့်တင်းပြီးသွားပြီဖြစ်ပြီး Hepta-Brilliant Sacred မီးကိုယ်တိုင်ကလည်းသူ့ခန္တာကိုယ်ထဲကယင်ချီကိုစွမ်းအားဖြည့်ပေးသည့်ဆေးမီးအဖြစ်သုံးနိုင်သေးတာကြောင့်အခုချိန်ကစပြီးယန်ထျန်းဟန်ဆေးလုံးသန့်စင်တဲ့အချိန်မှာသူ့မီးဖိုများကိုဖောက်ခွဲမိခြင်းမှရှောင်ရှားနိုင်လိမ့်မည်။

သေချာပေါက်တကယ့်အခြေအနေမှန်ကိုတော့ယန်ထျန်းဟန်ဆေးလုံးနောက်တစ်ဖန်ထပ်သန့်စင်မှသိနိုင်လိမ့်မယ်။

လင်ရွှမ်းဇီတည်းခိုခန်းကိုပြန်ရောက်တဲ့အချိန်မှာတော့သူ့ကိုစောင့်နေတဲ့လူ,များစွာရောက်နေကြောင်းမြင်လိုက်ရတာကြောင့်တစ်ယောက်ချင်းဆီလက်ခံပေး၏။သူ့အတွက်အမှာစာများစွာရရှိပြီးအတော်လးနောက်ကျမှသာလူအုပ်ကပြိုကွဲသွားသည်။လူအများစုကလင်ရွှမ်းဇီနဲ့နီးစပ်နိုင်မယ့်အခွင့်အရေးကိုအရယူကြပြီးလင်ရွှမ်းဇီကလည်းကြိုးစားတဲ့ဘယ်သူ့ကိုမဆိုမငြင်းဆိုပေ။

***

တစ်ရက်ကုန်ဆုံးပြီးနောက်မှာပိုင်သခင်လေးကလင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့အားပိုင်အိမ်တော်ဆီဧည့်သည်အနေနဲ့ဖိတ်ကြား၏။အဲ့ဒါကလက်ဖက်ရည်ကြမ်းသောက်ဖို့လောက်ရိုးရှင်းတဲ့ဖိတ်ကြားချက်မျိုးမဟုတ်ပဲလက်မှုပညာရှင်မဟာမိတ်အဖွဲ့အတွက်ဆွေးနွေးရန်ဖြစ်သည်။

မဟာမိတ်အဖွဲ့နဲ့ပတ်သတ်ရင်တော့စတုတ္ထအကြီးအကဲပိုင်ကစိတ်အားအထက်သန်ဆုံးဖြစ်သည်။သူကထိုကိစ္စကြီးတစ်ခုလုံးကိုတာဝန်ယူရန်ဆုံးဖြတ်ချက်ချထားသကဲ့သို့ရင်ဘက်ကိုပုတ်ကာသူ,ဂိုဏ်းတော်တော်များများနှင့်တစ်ခြားမိသားစုများကလက်မှုပညာရှင်များစွာကိုအကြောင်းကြားပြီးသားဟုပင်ပြောလာသည်။သူ့အစီအစဉ်အရဆိုရင်လက်မှုပညာရှင်မဟာမိတ်အဖွဲ့အားတစ်ခြားသူများနဲ့အကြမ်းဖျင်းအရင်လုပ်ထားပြီးနောက်,ပြင်ဆင်မှုတွေအနည်းနဲ့အများပြီးသွားမှသာလူထုကိုချပြမှာဖြစ်သည်။

လင်ရွှမ်းဇီကတော့သူ့အတိတ်ဘဝမှတ်ဉာဏ်တစ်ချို့ကိုအခြေခံ၍အဓိကအချက်တစ်ချို့ကိုထင်မြင်ချက်ပေးလိုက်သော်လည်းကျန်တာတွေကိုတော့ဝင်ရောက်စွက်ဖက်မှုမလုပ်ပေ။

ပိုင်ရိချန်ကလင်ရွှမ်းဇီပြန်တဲ့အချိန်မှာပိုင်မိသားစုအိမ်တော်တံခါးဝထိကိုယ်တိုင်လိုက်ပို့ပေးသည်။

လရောင်ကလင်ရွှမ်းဇီရဲ့မျက်နှာကိုလွှမ်းခြုံထားတာကြောင့်သူ့ပုံစံသည်ပိုပြီးဂရုမစိုက်ဟန်နှင့်အမတဟန်ကိုပေးစွမ်းနေ၏။

သို့သော်ဒီအမတမသေမျိုးအလှလေးကသစ်သီးဝိုင်တစ်ချို့ကိုကိုင်ထားပြီးအနည်းငယ်မူးရစ်နေတာကြောင့်သူ့ကိုအနည်းငယ်လူသားဆန်နေစေသည်။

ပိုင်ရိချန်ကသူ့ဘီးတပ်ကုလားထိုင်အားမှီထားရင်းလင်ရွှမ်းဇီကိုပြုံးကာစိုက်ကြည့်နေသည်။

"ငါတို့ဒီနေ့ခွဲခွာပြီးရင်နောက်တစ်ကြိမ်ဆုံတွေ့မယ့်အချိန်ကအရှေ့ဘက်တိုက်မကြီးရဲ့နက်ရှိုင်းကောင်းကင်မှာဖြစ်မယ်ထင်တယ်"

လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြုံးသည်။

"သခင်လေးပိုင်ကသတင်းကိုလေလိုအမြန်ဖမ်းနိုင်တာပဲ"

သူကဒီနေ့မှသူ့ကိုဖိတ်ကြားလာတဲ့နက်ရှိုင်းကောင်းကင်ဂိုဏ်းမှလူကိုပြန်ကြားစာပေးခဲ့တာဖြစ်သည်။တစ်ခြားတစ်ဖက်ကသူနဲ့အတူယန်ထျန်းဟန်ကိုဂိုဏ်းဝင်ခွင့်စာမေးပွဲဖြေစရာမလိုပဲတောင်ပေါ်တက်ခွင့်ပေးမယ်ဆိုရင်ယခင်ကရန်ငြိုးများကိုလျစ်လျူရှု၍နက်ရှိုင်းကောင်းကင်ဂိုဏ်းသို့ကျင့်ကြံရန်ပြန်သွားမည်ဟုကတိပေးခဲ့သည်လေ။

ဘယ်လိုလုပ်နက်ရှိုင်းကောင်းကင်ဂိုဏ်းကလင်ရွှမ်းဇီတစ်ခြားတစ်ယောက်ကိုပါခေါ်ပြီးတောင်ပေါ်တက်ခြင်းအားစိတ်ထဲထားပါ့မလဲ?အကယ်၍သူကသူနဲ့အတူစိတ်ရှုပ်စရာကောင်းတဲ့သူတွေကိုပါခေါ်ပြီးတက်လာမယ်ဆိုရင်တောင်နက်ရှိုင်းကောင်းကင်ဂိုဏ်းကဒီလိုမျိုးကိုယ်ပိုင်အင်အားတစ်ခုတည်းနဲ့တိုက်ကြီးငါးတိုက်တစ်ခုလုံးမှာထင်ရှားကျော်ကြားကာနာမည်တစ်ခုတည်ဆောက်နိုင်ခဲ့တဲ့လက်မှုပညာပါရမီရှင်အားလက်လွှတ်ပေးမှာမဟုတ်ပေ။

ဘာများပိုဦးမှာလည်း,ယန်ထျန်းဟန်ကိုယ်တိုင်ကလည်းအဂ္ဂီရတ်ပညာရှင်ယှဉ်ပြိုင်ပွဲနဲ့ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေထဲမှာထူးခြားလှတဲ့ပါရမီစွမ်းရည်ကိုပြသနိုင်ခဲ့သေးသည်လေ။အခုဆိုရင်အဂ္ဂီရတ်ပညာရှင်တွေအတွက်ရှားပါးပြီးအဖိုးတန်လှသည်ဟုသတ်မှတ်လို့ရသည့်Hepta-Brilliant Sacred မီးကယန်ထျန်းဟန်ကိုယ်ထဲမှာရှိနေသည်ဆိုတာကိုလည်းလူတိုင်းသိနေကြပြီ။သူကအချိန်အတိုင်းတစ်ခုအတွင်းမှာထူးချွန်လှတဲ့အဂ္ဂီရတ်ပညာရှင်ဖြစ်လာမယ့်အလားအလာမြင့်မားလှသည်။

နက်ရှိုင်းကောင်းကင်ဂိုဏ်းမှလူကလင်ရွှမ်းဇီရဲ့တောင်းဆိုချက်အားပျော်ရွှင်စွာပင်လက်ခံလိုက်ပြီးသူ့အနေနဲ့တောင်ပေါ်ကိုတတ်နိုင်သမျှအမြန်ဆုံးလာရောက်ရန်မျှော်လင့်နေကြောင်းကိုပါဖော်ပြခဲ့သေးသည်။

လင်ရွှမ်းဇီကထိုအကြောင်းကိုဘယ်သူနဲ့မှမပြောရသေးပေမယ့်ပိုင်ရိချန်ကတော့ထိုအကြောင်းကိုသိနေပြီဖြစ်သည်။သူ့ရဲ့သတင်းရယူနိုင်တဲ့အရင်းအမြစ်ကအတော်လေးယုံကြည်စိတ်ချလို့ရတာကိုတွေ့နိုင်သည်။

ပိုင်ရိချန်ကလည်းမငြင်းဆန်ပေ။

"ငါ့ရဲ့သိုလှောင်ကိရိယာစံအိမ်ရုံးချုပ်ကနက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့တောင်ခြေမှာပဲလေ...အကယ်၍ငါကဒီလိုနောက်ဆုံးသတင်းဖြစ်တဲ့နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့အရေးကြီးဆုံးကိစ္စကိုတောင်မသိဘူးဆိုရင်အဲ့ဒီလိုမျိုးကောင်းမွန်လှတဲ့အနေအထားတစ်ခုကဆုံးရှုံးမှုပဲမဟုတ်ဘူးလား?"

လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ကြည့်ရတာကျုပ်တော့အနာဂတ်မှာပိုင်သခင်လေးနဲ့ပိုပြီးအဆက်အဆံလုပ်နိုင်မယ့်အခွင့်အရေးများမယ်ထင်တယ်"

ပိုင်ရိချန်ကပြန်ပြုံးပြသည်။

"အရှေ့ဘက်တိုက်မကြီးကညီအစ်ကိုလင်ရဲ့အချုပ်ပဲလေ,နောင်လာမယ့်အနာဂတ်မှာကျုပ်ကမှညီအစ်ကိုလင်ကကျုပ်ကိုဖုန်းကွယ်ထားပေးဖို့မှီခိုရမှာပါ"

လင်ရွှမ်းဇီနဲ့ပိုင်ရိချန်တို့တစ်ယောက်နဲ့တစ်ယောက်ခဏမျှမြှောက်ပင့်ပြောဆိုပြီးမှသာလင်ရွှမ်းဇီကယန်ထျန်းဟန်ကိုခေါ်ပြီးအိမ်ပြန်သွားတော့သည်။

အပြန်လမ်းတွင်ယန်ထျန်းဟန်ကမေးလာ၏။

"အကိုကြီး,နက်ရှိုင်းကောင်းကင်ဂိုဏ်းကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီလား?"

လင်ရွှမ်းဇီကသူ့ကိုလှည့်ကြည့်လိုက်သည်။

"အင်း,နက်ရှိုင်းကောင်းကင်ဂိုဏ်းကအိမ်နဲ့နီးတယ်လေ,အဲ့ဒါကြောင့်တစ်ခုခုဖြစ်ရင်တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ပေးဖို့ပိုလွယ်ကူလိမ့်မယ်"

ယန်ထျန်းဟန်ကနှုတ်ခမ်းဆူလိုက်ပြီးသူ့ခြေထောက်အောက်ကကျောက်တုန်းကိုကန်လိုက်သည်။

"ဒါပေမဲ့ကျွန်တော်နက်ရှိုင်းကောင်းကင်ဂိုဏ်းကိုမကြိုက်ဘူး"

အဲ့ဒီလိုဖြစ်မယ်ဆိုတာကိုလင်ရွှမ်းဇီခန့်မှန်းပြီးသားပင်။ပြီးတော့လည်းယန်ထျန်းဟန်ဘာကြောင့်နက်ရှိုင်းကောင်းကင်ဂိုဏ်းအားသဘောမကျလည်းဆိုတာကိုသူသိသည်။

အကြောင်းကတော့သူနက်ရှိုင်းကောင်းကင်ဂိုဏ်းမှာရှိစဉ်တုန်းကဘာမှမသိပဲဆန့်ကျင်ခံခဲ့ရပြီးနက်ရှိုင်းလှသည့်တွင်းနက်ထဲပြုတ်ကျချိန်မှာတောင်ပေါ်ကနေမောင်းထုတ်ခဲ့ခဲ့ရတာကြောင့်အဲ့ဒီကိစ္စကသူ့ကိုမျက်နှာအားလုံးပျက်စေခဲ့ပြီးရယ်စရာဟာသကောင်တစ်ကောင်ဖြစ်စေခဲ့တာကြောင့်သာဖြစ်သည်။

လင်ရွှမ်းဇီကခေါင်းညိတ်ပြလိုက်၏။

"တကယ်တော့ငါလည်းနက်ရှိုင်းကောင်းကင်ဂိုဏ်းကိုမကြိုက်ပါဘူး...ဒါပေမဲ့နက်ရှိုင်းကောင်းကင်ဂိုဏ်းကလူတိုင်းငါ့ဆိုဆန့်ကျင်ခဲ့ကြတာတော့မဟုတ်ဘူးလေ...အခုငါ့ကိုတပည့်အဖြစ်လက်ခံခဲ့တဲ့တစ်ယောက်ကနစ်မြှုပ်ဓားတောင်ထွတ်ရဲ့တောင်သခင်တစ်ယောက်...သူကမျက်နှာပြခဲတယ်ဆိုပေမယ့်တကယ့်ကိုအစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ဦးပါအဲ့ဒါကြောင့်ငါတို့ကိုအရမ်းခက်ခဲတဲ့နေရာမှာထားမှာမဟုတ်ပါဘူး"

ယန်ထျန်းဟန်ကအနည်းငယ်စဉ်းစားလိုက်ပြီးသက်ပြင်းချလိုက်သည်။

"မေ့လိုက်ပါတော့,ကျွန်တော်အကိုကြိးကိုလိုက်ပြီးစောင့်ရှောက်နိုင်တယ်ဆိုမှတော့သူတို့နဲ့အခုလောလောဆယ်တော့သိပ်ပြီးစိတ်ရှုပ်ခံမနေတော့ဘူး"

လင်ရွှမ်းဇီမှာမနေနိုင်ပဲရယ်မောမိတော့သည်။

"ရှင်းအောင်ပြောစမ်းပါ,ဘယ်သူကဘယ်သူ့ကိုဂရုစိုက်ပေးမှာလဲ?"

"သေချာပေါက်ကျွန်တော်ကပဲအကိုကြီးကိုဂရုစိုက်ပေမယ့်သူဖြစ်မှာ...ကျွန်တော်ကအကိုကြီးကိုအထင်သေးတာတော့မဟုတ်ပေမယ့်အကိုကြီးကတကယ့်ကိုတစ်ခြားသူတွေကိုဂရုစိုက်ပေးတဲ့နေရာမှာဆိုးရွားတယ်"

လင်ရွှမ်းဇီကသူ့ကိုသံသယအကြည့်နဲ့ကြည့်လိုက်သည်။

"မင်းတစ်ယောက်ပဲတော်တယ်ပေါ့ဟုတ်လား?"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြပြီးဂုဏ်ယူဝံ့ကြွားစွာပြောလေသည်။

"အင်းလေအင်းလေ,အကိုကြီးအပြင်းအထန်နေမကောင်းဖြစ်နေတုန်းကလည်းကျွန်တော်ကပဲတစ်ချိန်လုံးစောင့်ပေးပြီးတစ်ချိန်လုံးဂရုစိုက်ပေးခဲ့တာမဟုတ်ဘူးလား?"

ထိုအကြောင်းကိုပြောပြီးသည့်အခါယန်ထျန်းဟန်ကလင်ရွှမ်းဇီအင်္ကျီလက်စအားဆွဲ၍သူ့ကိုရပ်တန့်စေပြီးလင်ရွှမ်းဇီရဲ့မျက်လုံးကိုငေးကြည့်လိုက်သည်။

"ဒါပေမဲ့အကိုကြီး,အဲ့ဒီလိုမျိုးနေ့ရောညရောမျက်လုံးမမှိတ်ရဲခဲ့ပဲအကိုကြီးကိုစောင့်ရှောက်ပေးခဲ့ရတဲ့အဲ့ဒီနေ့တွေကိုထပ်ပြီးမတွေ့ကြုံချင်တော့ဘူး" ယန်ထျန်းဟန်ကအလွန်အမင်းလေးနက်နေသည်။

"အကိုကြီး,ကျွန်တော်ကအကိုကြီးကိုအရမ်းကြီးအင်အားကြီးနေဖို့ဆန္ဒမရှိဘူး,အကိုကြီးလုံခြုံနေတာကိုပဲဆန္ဒရှိတာ....အဲ့ဒါဖေဖေ့ရဲ့ဆန္ဒလည်းဟုတ်တယ်"

လင်ရွှမ်းဇီကယန်ထျန်းဟန်ခေါင်းလေးအားပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ပြီးအတော်လေးစိတ်သက်တောင့်သက်သာဖြစ်သလိုခံစားလိုက်ရသည်။

"ကောင်းပြီ"

ယန်ထျန်းဟန်ကတော့ပါးစပ်နားရွက်တက်ချိန်သည်အထိပြုံးဖြီးသွားသည်။သူကလင်ရွှမ်းဇီလက်ကိုဆွဲလိုက်ရင်းဖြင့်ကလေးဆန်စွာလွှဲရမ်းရင်းလမ်းဆက်လျှောက်လေသည်။

"အကိုကြီး,ကျွန်တော်အကိုကြီးနဲ့အတူတပည့်တစ်ယောက်ဖြစ်လာမယ်,အကိုကြီးနဲ့အတူတူကျင့်ကြံမယ်ပြီးရင်အခုချိန်ကစပြီးဘယ်လိုပဲဖြစ်နေပါစေဘာပဲလုပ်ပါစေကျွနေ်တာ်တို့အတူတူရှိကြမယ်!"

"အမှန်ပဲ,ပြီးရင်ငါတို့အိပ်ယာတစ်ခုတည်းမှာအတူတူအိပ်ကြမယ်"

"......."

"အားဟန်,ဘာဖြစ်လို့မင်းစကားဆက်မပြောတော့တာလဲ?"

"ဘာမှမဟုတ်ပါဘူးအကိုကြီးကနည်းနည်းအမတဆန်တယ်လို့ကျွန်တော်ရုတ်တရက်ခံစားလိုက်ရလို့"

"ငါတို့စောင်အောက်မှာအတူတူစကားပြောကြမယ်လို့ပြောတာကိုအားဟန်ကဘာတွေတွေးနေတာလဲ?"

"......."

"အားဟန်,ဘာလို့စကားပြောတာရပ်သွားရပြန်တာလဲ?အကိုကြီးကမင်းရဲ့အဓိကအချက်ကိုထိလိုက်မိလို့အခုရှက်နေတာလား?"

"အကိုကြီး....အကိုကြီးကဒီလောက်တောင်လွန်တာကိုကျွန်တော်ဘာလို့အရင်ကသတိမပြုမိပါလိမ့်?"

"Hehe,အကိုကြီးကနည်းနည်းလေးလွန်ရင်အားဟန်ကအကိုကြီးကိုသဘောမကျတော့ဘူးလား?"

"သေချာပေါက်,ကျွန်တော်ကအကိုကြီးကိုသဘောကျဆဲပဲပေါ့"

ယန်ထျန်းဟန်ရဲ့မျက်လုံးလေးများကလခြမ်းကွေးလေးလိုဖြစ်သွားသည်။သူကဘာမှမတတ်နိုင်ပဲတွေးမိသေးသည်,သူ့အကိုကြီးကဘယ်လိုပုံစံပဲပြောင်းလဲသွားပါစေသူကတော့ဆက်ပြီးသဘောကျနေမိဆဲဟု....

ပြီးတော့ဒီလူကလည်းသူ့ကိုပြန်သဘောကျနေသည်လေ...

***

လင်ရွှမ်းဇီကမည်သည့်နေရာမည်သည့်ဘက်ခြမ်းကိုသွားရမည်ဟုဆုံးဖြတ်ပြီးနေပြီဖြစ်ပြီးသူတို့နှစ်ယောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့သဟဇာတဖြစ်နေကြသော်လည်းတစ်ခြားတစ်ဖက်မှာတော့အခြေအနေကမသေချာမရေရာဖြစ်နေဆဲပင်။

တည်းခိုခန်းထဲတွင်

တုချီရင်းကစားပွဲအားပြင်းထန်စွာရိုက်လိုက်ပြီးစားပွဲပေါ်တွင်ပင့်ကူကွက်လိုကွဲအက်ရာပေါ်သွားတာကြောင့်ထိတ်လန့်ဖွယ်ကောင်းလှသည်။

"သေလိုက်တော့ပဲ,အဲ့ဒီလင်ရွှမ်းဇီကသေပြီးတာတောင်အရိုးမတောင့်သွားတဲ့ခြေများကောင်လိုပဲ...ငါကသူ့ဒန်တျန်ပင်လယ်ပျက်စီးပြီးသွားရင်ဘယ်တော့မှပြန်မလာနိုင်တော့ဘူးလို့ထင်ခဲ့တာ..သူကသူ့လက်မှုပညာရှင်မီးဝိဉာဉ်ကိုနိုးထစေနိုင်ခဲ့မယ်လို့မမျှော်လင့်ခဲ့ဘူးပြီးတော့သူကဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေထဲမှာသူ့ဒန်တျန်ချီပင်လယ်ကိုပြန်ပြင်ဆင်နိုင်မယ့်အာကာသအဆင့်ဆေးလုံးကိုလည်းရသွားသေးတယ်!"

တုချီရင်းကဒီအတိုင်းဒေါသထွက်နေတာပဲဘယ်ဟုတ်ပါ့မလဲ?သူကအလွန်အမင်းကြောက်ရွံ့နေတာလည်းဖြစ်သည်။

အစတုန်းကလင်ရွှမ်းဇီအားကောင်းကင်လှိုင်ဂူမှနက်ရှိုင်းကောင်းကင်ဂိုဏ်းဆီဆွဲခေါ်ခဲ့တဲ့အချိန်မှာသူကတုချီရင်းလက်အောက်ကျရှုံးခဲ့ပြီသားဖြစ်သည်။ထိုအချိန်တုန်းကလင်ရွှမ်းဇီသည်ကျိုးပျက်ဓားတောင်ထွတ်ရဲ့တောင်သခင်အားသူ့အတွက်ရှင်းရှင်းလင်းလင်းစုံစမ်းစစ်ဆေးပေးပြီးစာရင်းရှင်းပေးပါရန်တောင်းဆိုခဲ့သော်လည်းသူတို့ကအဲ့ဒီလိုမလုပ်ပေးခဲ့ယုံသာမကတုချီရင်းကသူ့ကိုညှင်းဆဲခဲ့၍ကဲ့ရဲ့လှောင်ပြောင်ရန်ပင်ခေါင်းဆောင်ခဲ့ပြီးတောင်အောက်သို့မောင်းထုတ်ခဲ့သည်။

လင်ရွှမ်းဇီကသူတော်စင်တစ်ယောက်ဆိုရင်တောင်တုချီရင်းနှင့်ကျိုးပျက်ဓားတောင်ထွတ်နှင့်ပတ်သတ်လာရင်သူ့မကျေနပ်ချက်ကိုသီလတရားနဲ့ပြန်ပေးဆပ်မှာမဟုတ်ပေ။

တုချီရင်းအနေနဲ့မရေမရာအတွေးတစ်ချို့ရှိနေသည်မှာလင်ရွှမ်းဇီဒီတစ်ခေါက်နက်ရှိုင်းကောင်းကင်ဂိုဏ်းသို့ပြန်လာရန်ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းသည်ဂိုဏ်းကသူ့အိမ်နဲ့နီးတယ်ဆိုတာကြောင့်တစ်ခုတည်းသာမဟုတ်လောက်ပဲတမင်သက်သက်လက်စားချေရန်ပြန်လာလိုခြင်းလည်းဖြစ်နိုင်သည်။

တုချီရင်းကနက်ရှိုင်းကောင်းကင်ဂိုဏ်း၏ဓားလေးဖော်ထဲမှမဟုတ်ပေ။သူကဓားသိုင်းပညာတွင်သေချာတဲ့ကျွမ်းကျင်မှုတစ်ချို့ရှိသော်လည်းသူကသေချာပေါက်နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ဓားလေးဖော်နဲ့တော့ယှဉ်လို့မရဘူးဖြစ်သည်။နက်ရှိုင်းကောင်းကင်ဂိုဏ်းဓားလေးဖော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့လင်ရွှမ်းဇီနဲ့ဆိုရင်တော့ပြောမနေနဲ့တော့...

သူလင်ရွှမ်းဇီကိုနောက်ကျောဓားထိုးနိုင်ခဲ့ခြင်းကလည်းသူနဲ့သူ့အဖော်တပည့်တစ်ချို့ကယွင်ချီကောင်းကင်လှိုင်ဂူသို့သွားပြီးနတ်ဆိုးသားရဲများကိုမျှားခေါ်ကာလင်ရွှမ်းဇီကိုတိတ်တဆိတ်တိုက်ခိုက်ခဲ့သည့်အပြင်မှော်ရတနာအများအပြားကိုလည်းကြိုတင်တပ်ဆင်ထားခဲ့ရသည်။အကယ်၍လင်ရွှမ်းဇီသာကြိုတင်ကာကွယ်မှုပြုလုပ်ထားခဲ့ပါကဒါမှမဟုတ်သူတို့မျက်နှာခြင်းဆိုင်သာတိုက်ခိုက်ရပါကသူတို့သေချာပေါက်လင်ရွှမ်းဇီကိုအလွယ်တကူဖြိုလှဲနိုင်မှာမဟုတ်ပေ။

ထိုကဲ့သို့ဘက်စုံကပြင်ဆင်ထားတဲ့တိုက်ခိုက်မှုနဲ့တောင်သူတို့အတော်လေးအားစိုက်ထုတ်ခဲ့ရတာဖြစ်သည်။

တုချီရင်းသည်ဘာမှမတတ်နိုင်ပဲသူ့ကိုယ်ပိုင်အနာဂတ်အားစိုးရိမ်စိတ်ပူနေမိသည်။

ထိုပုံစံကိုကြည့်ရင်းထုန်လဲ့ကနှာခေါင်းရှုံ့၍ဂရုမစိုက်စွာပြောသည်။

"အနည်းဆုံးတော့ခင်ဗျားကအခုဆိုတောင်သခင်ရောဂိုဏ်းချုပ်ရောကထောက်ပံ့ပေးထားတဲ့ကျိုးပျက်ဓားတောင်ထွတ်ရဲ့တောင်သခင်လေးပဲလေ...မဟုတ်မှလွဲရောခင်ဗျားလင်ရွှမ်းဇီကိုကြောက်နေတာလား?"

တုချီရင်းကစိတ်မရှည်လက်မရှည်ဖြင့်ပြန်ဖြေသည်။

"မင်းဘာသိလို့လဲ?လင်ရွှမ်းဇီကလွှမ်းမိုးဖို့လွယ်တဲ့သူလို့မင်းတကယ်ပဲတွေးနေတာတော့မဟုတ်ပါဘူးနော်?"

ထုန်လဲ့ကပြုံးလိုက်ရင်းတုချီရင်းရဲ့ပုခုံးအားဖိချလိုက်ကာသူ့ရဲ့ထိတွေ့မှုကမြူစွယ်ဟန်ပေါ်နေသည်။သူကတုချီရင်းရဲ့ပုခုံးကိုမှီလိုက်ပြီးသူ့နားကိုကိုက်လိုက်၏။

"သူကအလွယ်တကူလွှမ်းမိုးလို့မရဘူးဆိုပေမယ့်သူကနှလုံးသားနူးညံ့ပြီးရှေးရိုးဆန်တယ်လေ...သူကဂုဏ်သိက္ခာရှိရှိနေတတ်ပြီးဥပဒေကိုလည်းလေးစားတယ်....ဒါ့အပြင်အဲ့ဒါတွေအားလုံးရဲ့အထက်မှာသူကကြင်နာတတ်ပြီးစိတ်ထားနူးညံ့လွန်းလို့တစ်ခြားသူနဲ့ရန်စောင်တာမျိုးကိုလည်းဘယ်တော့မှမကြိုက်တဲ့သူမျိုး....အဲ့ဒီလိုတစ်ခြားသူတွေကိုကူညီဖို့ကိုယ့်အားကိုယ်ကိုးတတ်တဲ့အရူးကြီးကအမြဲတမ်းသူ့အထက်လူကြီးတွေရဲ့စကားကိုလည်းနားထောင်သေးတယ်...ခင်ဗျားလုပ်ဖို့လိုတာကသူ့မူလရှစ်စွမ်းကိုသူ့အပေါ်အတင်းအကျပ်လုပ်ပြီးလာဘ်ထိုးခိုင်းဖို့ပဲအဲ့ဒါဆိုဘယ်တော့မှလက်စားခြေဖို့တွေးရဲမှာမဟုတ်တော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ်သူနက်ရှိုင်းကောင်းကင်ဂိုဏ်းမှာနေခဲ့တုန်းကလည်းသူအများကြီးခံစားခဲ့ရတာပဲလေ"

.........................................

Translator's Note

ဒါဒါလေးတို့ရေညီမ message box မှာပြောထားပါသေးတယ်အလုပ်ကပုံမှန်ပြန်တက်နေရပြီမို့လို့ သုံးရက်ခြားလောက်မှဖြစ်ဖြစ် up ပေးနိုင်တော့မယ်လို့ပြိးတော့လေ....ညီမလည်းအားတဲ့အချိန်လေးဖဲ့ပြီး up ပေးရတာမို့လို့နည်းနည်းရက်ကြတာလေးကိုသည်းခံပေးကြပါနော်.......ဒီတစ်လနှစ်လပြီးရင်ပုံမှန်ပြန်ဖြစ်ပါပြီအဲ့ဒီတော့မှ ပုံမှန်လေးပြန် up ပေးပါ့မယ်။

လင်ရွှမ်းဇီကိုအရူးကြီးထင်နေတဲ့သူတွေအတွက်အမွှေးတိုင်လေးထွန်းထားပေးတယ်..ကဲကဲလာပြီးဆုတောင်းပေးကြပါဦး

.........................................

Next Episode

လင်မိသားစုသို့အပြန်

.........................................
Zawgyi

အခန္း(၂၄၄) - နက္႐ွိဳင္းေကာင္းကင္ရဲ႔ဖိတ္ၾကားလႊာ

လင္ရႊမ္းဇီကတစ္ျခားသူေတြနဲ႔စီးပြားေရးကိစၥေဆြးေႏြးေနတဲ့အခ်ိန္ယန္ထ်န္းဟန္ကေဘးမွာထိုင္ၿပီးပိုက္ဆံသိမ္းသည္။ႏွစ္ေယာက္သားကမပင္မပန္းနဲ႔အတူတူအလုပ္လုပ္ၾကၿပီးသူတို႔ရဲ႔ပူးေပါင္းေဆာင္ရြက္မႈကအလြန္ကိုေခ်ာေမ႔လြန္းလို႔႔သဘာဝက်က်ပင္သူတို႔ကတစ္ေယာက္ကိုတစ္ေယာက္နားလည္သေဘာေပါက္ၾကၿပီးသဟဇာတျဖစ္လြန္းသည့္ပံုေပၚသည္။ေသခ်ာေပါက္ပိုက္ဆံသိမ္းတဲ့ကိစၥကသဟဇာတလိုအပ္တဲ့အရာေတာ့မဟုတ္ေပမယ့္ေပါ့

လင္ရႊမ္းဇီရဲ႔စည္းမ်ဥ္းစည္းကမ္းကအလြန္႐ိုးရွင္းသည္:ႀကိဳတင္ေငြအျဖစ္(၅၀%)အရင္ေပးရန္လိုအပ္ၿပီးေမွာ္၇တနာထြင္းထုလို႔ၿပီးပါကဝယ္သူစစ္ေဆးႏိုင္ရန္အတြက္ေပးပို႔မည္ျဖစ္ကာလင္ရႊမ္းဇီကက်န္ရွိတဲ့ေငြ(၅၀%)ကိုဝယ္သူအပ္ႏွံေပးထားမည့္ဘဏ္မွထုတ္ယူမည္ျဖစ္သည္။

အကယ္၍ဒါကေစ်းကြက္ရဲ႔စည္းမ်ဥ္းစည္းကမ္းအတိုင္းဆိုရင္ေတာ့ဝယ္သူကႀကိဳတင္စရံေငြကို(10% မွ 20%) အတြင္းသာေပးေခ်ရန္လိုအပ္တာျဖစ္သည္။လင္ရႊမ္းဇီရဲ႔လိုအပ္ခ်က္ကအေတာ္ေလးပိုမိုျမင့္မားသည္ဟုေတာ့သတ္မွတ္လို႔ရသည္။

သို႔ေသာ္လင္ရႊမ္းဇီကမိသားစုတစ္ရာစုေဝးပြဲမွာအေတာ္ေလးေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ယြမ္နဲ႔ဂ်ီမိသားစုကအာမခံအေနနဲ႔ရွိေပးေနတာေၾကာင့္ထိုလူမ်ားကသူ႔ကိုယံုၾကည္ခ်င္ၾကသည္။

ေနာက္ဆံုးဧည့္သည္ကိုလိုက္ပို႔ေပးၿပီးေနာက္မွာယန္ထ်န္းဟန္ကသူ႔လက္ထဲကေရႊစကၠဴမ်ားကိုစိုက္ၾကည့္ရင္းသူ႔မ်က္လံုးထဲတြင္ေရႊေရာင္ၾကယ္မ်ားပင္ျမင္လို႔ရႏိုင္ေလာက္ကာသေရေတာက္ေတာက္က်မတတ္ပင္။

သူကလင္ရႊမ္းဇီကိုေပ်ာ္ရႊင္စြာေျပာလိုက္သည္။

"အကိုႀကီး,ဒီမွာေရႊစႏွစ္သိန္းေတာင္!အကယ္၍ႏွစ္ဆဆိုရင္ေရႊစ(ေလးသိန္း)ျဖစ္လိမ့္မယ္!ကၽြန္ေတာ္တို႔ခ်မ္းသာၿပီ!"

ယန္ထ်န္းဟန္ဘယ္ေလာက္ေတာင္ေပ်ာ္ေနလဲဆိုတာကိုလင္ရႊမ္းဇီျမင္တဲ့အခ်ိန္မွာသူ႔ကိုႀကီးႀကီးမားမားထိုးႏွက္ႏိုင္မယ့္အျဖစ္မွန္အားမေျပာျပရက္ဘူးျဖစ္သြားသည္။လက္မႈပညာလမ္းေၾကာင္းမွာရွိတဲ့တစ္စံုတစ္ေယာက္အတြက္ေရႊစေလးသိန္းဆိုတာထိပ္တန္းအဆင့္ေမွာ္ရတနာအနည္းငယ္ေလာက္ကိုထြင္းထုၿပီးေနာက္မွာလႊင့္ပစ္လိုက္ရမွာျဖစ္သည္။

ဒါ့အျပင္လင္ရႊမ္းဇီကယန္ထ်န္းဟန္ေဆးလံုးသန္႔စင္တဲ့အခ်ိန္မွာျဖဳန္းတီးဖို႔အတြက္ပိုက္ဆံအမ်ားစုကိုခ်န္ထားေသးသည္။

ေသခ်ာေပါက္သူ႔အေနနဲ႔ယန္ထ်န္းဟန္ကိုအႀကီးအက်ယ္ထိုးႏွက္ႏိုင္မယ့္ဒီအမွန္တရားကိုေျပာျပလို႔ေတာ့မရဘူးေလ...

လင္ရႊမ္းဇီကျပံဳးလိုက္သည္။

"အကယ္၍အားဟန္ဝယ္ခ်င္တာတစ္ခုခုရွိရင္ဒီႏွစ္ရက္အတြင္းစိတ္ႀကိဳက္သြားဝယ္လို႔ရတယ္....ေကာင္းကင္ေတာင္ထြတ္ၿမိဳ႔မွာကုန္ၾကမ္းပစၥည္းေတြအမ်ားႀကီးပဲ...ငါတို႔ခ်င္ၿမိဳ႔ေတာ္ကိုျပန္ေရာက္တဲ့အခ်ိန္ဆိုရင္ပိုက္ဆံရွိရင္ေတာင္ဝယ္ခ်င္မွဝယ္လို႔ရမွာ"

မြန္းလြဲပိုင္းမွာေတာ့လင္ရႊမ္းဇီထံလာသည့္ဧည့္သည္မရွိေတာ့ေပ။သူကယန္ထ်န္းဟန္ကိုေဆးလံုးသန္႔စင္ရာတြင္လိုအပ္သည့္ဝိဉာဥ္ပင္ေတာ္ေတာ္မ်ားမ်ားဝယ္ယူႏိုင္ရန္ေစ်းေခၚသြားၿပီးေဆးလံုးမီးဖိုသန္႔စင္ဖို႔အတြက္လိုအပ္သည့္ကုန္ၾကမ္းပစၥည္းေတာ္ေတာ္မ်ားမ်ားကိုလည္းဝယ္ယူခဲ့တာေၾကာင့္ယန္ထ်န္းဟန္ရဲ႔ႏွလံုးသားကေတာ့ေသလုနီးပါးနာက်င္ရသည္။

သို႔ေသာ္လင္ရႊမ္းဇီရဲ႔အေတြးအရဆိုရင္ယန္ထ်န္းဟန္သူ႔မီးဖိုမ်ားကိုေဖာက္ခြဲရတဲ့အဓိကအေၾကာင္းအရင္းကသူ႔မွာယန္ဝိဉာဥ္တစ္ခုႏွင့္ယင္ဝိဉာဥ္တစ္ခုလိုအပ္ေနလို႔သာျဖစ္လိမ့္မည္။အခုအဲ့ဒီယန္ဝိဉာဥ္တစ္ခုႏွင့္ယင္ဝိဉာဥ္တစ္ခုကိုHepta-Brilliant Sacred မီးနဲ႔ျပန္လည္ျဖည့္တင္းၿပီးသြားၿပီျဖစ္ၿပီး Hepta-Brilliant Sacred မီးကိုယ္တိုင္ကလည္းသူ႔ခႏာၱကိုယ္ထဲကယင္ခ်ီကိုစြမ္းအားျဖည့္ေပးသည့္ေဆးမီးအျဖစ္သံုးႏိုင္ေသးတာေၾကာင့္အခုခ်ိန္ကစၿပီးယန္ထ်န္းဟန္ေဆးလံုးသန္႔စင္တဲ့အခ်ိန္မွာသူ႔မီးဖိုမ်ားကိုေဖာက္ခြဲမိျခင္းမွေရွာင္ရွားႏိုင္လိမ့္မည္။

ေသခ်ာေပါက္တကယ့္အေျခအေနမွန္ကိုေတာ့ယန္ထ်န္းဟန္ေဆးလံုးေနာက္တစ္ဖန္ထပ္သန္႔စင္မွသိႏိုင္လိမ့္မယ္။

လင္ရႊမ္းဇီတည္းခိုခန္းကိုျပန္ေရာက္တဲ့အခ်ိန္မွာေတာ့သူ႔ကိုေစာင့္ေနတဲ့လူ,မ်ားစြာေရာက္ေနေၾကာင္းျမင္လိုက္ရတာေၾကာင့္တစ္ေယာက္ခ်င္းဆီလက္ခံေပး၏။သူ႔အတြက္အမွာစာမ်ားစြာရရွိၿပီးအေတာ္လးေနာက္က်မွသာလူအုပ္ကၿပိဳကြဲသြားသည္။လူအမ်ားစုကလင္ရႊမ္းဇီနဲ႔နီးစပ္ႏိုင္မယ့္အခြင့္အေရးကိုအရယူၾကၿပီးလင္ရႊမ္းဇီကလည္းႀကိဳးစားတဲ့ဘယ္သူ႔ကိုမဆိုမျငင္းဆိုေပ။

***

တစ္ရက္ကုန္ဆံုးၿပီးေနာက္မွာပိုင္သခင္ေလးကလင္ရႊမ္းဇီနဲ႔ယန္ထ်န္းဟန္တို႔အားပိုင္အိမ္ေတာ္ဆီဧည့္သည္အေနနဲ႔ဖိတ္ၾကား၏။အဲ့ဒါကလက္ဖက္ရည္ၾကမ္းေသာက္ဖို႔ေလာက္႐ိုးရွင္းတဲ့ဖိတ္ၾကားခ်က္မ်ိဳးမဟုတ္ပဲလက္မႈပညာရွင္မဟာမိတ္အဖြဲ႔အတြက္ေဆြးေႏြးရန္ျဖစ္သည္။

မဟာမိတ္အဖြဲ႔နဲ႔ပတ္သတ္ရင္ေတာ့စတုတၳအႀကီးအကဲပိုင္ကစိတ္အားအထက္သန္ဆံုးျဖစ္သည္။သူကထိုကိစၥႀကီးတစ္ခုလံုးကိုတာဝန္ယူရန္ဆံုးျဖတ္ခ်က္ခ်ထားသကဲ့သို႔ရင္ဘက္ကိုပုတ္ကာသူ,ဂိုဏ္းေတာ္ေတာ္မ်ားမ်ားႏွင့္တစ္ျခားမိသားစုမ်ားကလက္မႈပညာရွင္မ်ားစြာကိုအေၾကာင္းၾကားၿပီးသားဟုပင္ေျပာလာသည္။သူ႔အစီအစဥ္အရဆိုရင္လက္မႈပညာရွင္မဟာမိတ္အဖြဲ႔အားတစ္ျခားသူမ်ားနဲ႔အၾကမ္းဖ်င္းအရင္လုပ္ထားၿပီးေနာက္,ျပင္ဆင္မႈေတြအနည္းနဲ႔အမ်ားၿပီးသြားမွသာလူထုကိုခ်ျပမွာျဖစ္သည္။

လင္ရႊမ္းဇီကေတာ့သူ႔အတိတ္ဘဝမွတ္ဉာဏ္တစ္ခ်ိဳ႔ကိုအေျခခံ၍အဓိကအခ်က္တစ္ခ်ိဳ႔ကိုထင္ျမင္ခ်က္ေပးလိုက္ေသာ္လည္းက်န္တာေတြကိုေတာ့ဝင္ေရာက္စြက္ဖက္မႈမလုပ္ေပ။

ပိုင္ရိခ်န္ကလင္ရႊမ္းဇီျပန္တဲ့အခ်ိန္မွာပိုင္မိသားစုအိမ္ေတာ္တံခါးဝထိကိုယ္တိုင္လိုက္ပို႔ေပးသည္။

လေရာင္ကလင္ရႊမ္းဇီရဲ႔မ်က္ႏွာကိုလႊမ္းျခံဳထားတာေၾကာင့္သူ႔ပံုစံသည္ပိုၿပီးဂ႐ုမစိုက္ဟန္ႏွင့္အမတဟန္ကိုေပးစြမ္းေန၏။

သို႔ေသာ္ဒီအမတမေသမ်ိဳးအလွေလးကသစ္သီးဝိုင္တစ္ခ်ိဳ႔ကိုကိုင္ထားၿပီးအနည္းငယ္မူးရစ္ေနတာေၾကာင့္သူ႔ကိုအနည္းငယ္လူသားဆန္ေနေစသည္။

ပိုင္ရိခ်န္ကသူ႔ဘီးတပ္ကုလားထိုင္အားမွီထားရင္းလင္ရႊမ္းဇီကိုျပံဳးကာစိုက္ၾကည့္ေနသည္။

"ငါတို႔ဒီေန႔ခြဲခြာၿပီးရင္ေနာက္တစ္ႀကိမ္ဆံုေတြ႕မယ့္အခ်ိန္ကအေရွ႕ဘက္တိုက္မႀကီးရဲ႔နက္႐ွိဳင္းေကာင္းကင္မွာျဖစ္မယ္ထင္တယ္"

လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ျပံဳးသည္။

"သခင္ေလးပိုင္ကသတင္းကိုေလလိုအျမန္ဖမ္းႏိုင္တာပဲ"

သူကဒီေန႔မွသူ႔ကိုဖိတ္ၾကားလာတဲ့နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွလူကိုျပန္ၾကားစာေပးခဲ့တာျဖစ္သည္။တစ္ျခားတစ္ဖက္ကသူနဲ႔အတူယန္ထ်န္းဟန္ကိုဂိုဏ္းဝင္ခြင့္စာေမးပြဲေျဖစရာမလိုပဲေတာင္ေပၚတက္ခြင့္ေပးမယ္ဆိုရင္ယခင္ကရန္ၿငိဳးမ်ားကိုလ်စ္လ်ဴရွဳ၍နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းသို႔က်င့္ၾကံရန္ျပန္သြားမည္ဟုကတိေပးခဲ့သည္ေလ။

ဘယ္လိုလုပ္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကလင္ရႊမ္းဇီတစ္ျခားတစ္ေယာက္ကိုပါေခၚၿပီးေတာင္ေပၚတက္ျခင္းအားစိတ္ထဲထားပါ့မလဲ?အကယ္၍သူကသူနဲ႔အတူစိတ္ရႈပ္စရာေကာင္းတဲ့သူေတြကိုပါေခၚၿပီးတက္လာမယ္ဆိုရင္ေတာင္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကဒီလိုမ်ိဳးကိုယ္ပိုင္အင္အားတစ္ခုတည္းနဲ႔တိုက္ႀကီးငါးတိုက္တစ္ခုလံုးမွာထင္ရွားေက်ာ္ၾကားကာနာမည္တစ္ခုတည္ေဆာက္ႏိုင္ခဲ့တဲ့လက္မႈပညာပါရမီရွင္အားလက္လႊတ္ေပးမွာမဟုတ္ေပ။

ဘာမ်ားပိုဦးမွာလည္း,ယန္ထ်န္းဟန္ကိုယ္တိုင္ကလည္းအဂၢီရတ္ပညာရွင္ယွဥ္ၿပိဳင္ပြဲနဲ႔ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမထဲမွာထူးျခားလွတဲ့ပါရမီစြမ္းရည္ကိုျပသႏိုင္ခဲ့ေသးသည္ေလ။အခုဆိုရင္အဂၢီရတ္ပညာရွင္ေတြအတြက္ရွားပါးၿပီးအဖိုးတန္လွသည္ဟုသတ္မွတ္လို႔ရသည့္Hepta-Brilliant Sacred မီးကယန္ထ်န္းဟန္ကိုယ္ထဲမွာရွိေနသည္ဆိုတာကိုလည္းလူတိုင္းသိေနၾကၿပီ။သူကအခ်ိန္အတိုင္းတစ္ခုအတြင္းမွာထူးခၽြန္လွတဲ့အဂၢီရတ္ပညာရွင္ျဖစ္လာမယ့္အလားအလာျမင့္မားလွသည္။

နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွလူကလင္ရႊမ္းဇီရဲ႔ေတာင္းဆိုခ်က္အားေပ်ာ္ရႊင္စြာပင္လက္ခံလိုက္ၿပီးသူ႔အေနနဲ႔ေတာင္ေပၚကိုတတ္ႏိုင္သမွ်အျမန္ဆံုးလာေရာက္ရန္ေမွ်ာ္လင့္ေနေၾကာင္းကိုပါေဖာ္ျပခဲ့ေသးသည္။

လင္ရႊမ္းဇီကထိုအေၾကာင္းကိုဘယ္သူနဲ႔မွမေျပာရေသးေပမယ့္ပိုင္ရိခ်န္ကေတာ့ထိုအေၾကာင္းကိုသိေနၿပီျဖစ္သည္။သူ႔ရဲ႔သတင္းရယူႏိုင္တဲ့အရင္းအျမစ္ကအေတာ္ေလးယံုၾကည္စိတ္ခ်လို႔ရတာကိုေတြ႕ႏိုင္သည္။

ပိုင္ရိခ်န္ကလည္းမျငင္းဆန္ေပ။

"ငါ့ရဲ႔သိုေလွာင္ကိရိယာစံအိမ္ရံုးခ်ဳပ္ကနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းရဲ႔ေတာင္ေျခမွာပဲေလ...အကယ္၍ငါကဒီလိုေနာက္ဆံုးသတင္းျဖစ္တဲ့နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းရဲ႔အေရးႀကီးဆံုးကိစၥကိုေတာင္မသိဘူးဆိုရင္အဲ့ဒီလိုမ်ိဳးေကာင္းမြန္လွတဲ့အေနအထားတစ္ခုကဆံုးရွံဳးမႈပဲမဟုတ္ဘူးလား?"

လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ျပံဳးလိုက္သည္။

"ၾကည့္ရတာက်ဳပ္ေတာ့အနာဂတ္မွာပိုင္သခင္ေလးနဲ႔ပိုၿပီးအဆက္အဆံလုပ္ႏိုင္မယ့္အခြင့္အေရးမ်ားမယ္ထင္တယ္"

ပိုင္ရိခ်န္ကျပန္ျပံဳးျပသည္။

"အေရွ႕ဘက္တိုက္မႀကီးကညီအစ္ကိုလင္ရဲ႔အခ်ဳပ္ပဲေလ,ေနာင္လာမယ့္အနာဂတ္မွာက်ဳပ္ကမွညီအစ္ကိုလင္ကက်ဳပ္ကိုဖုန္းကြယ္ထားေပးဖို႔မွီခိုရမွာပါ"

လင္ရႊမ္းဇီနဲ႔ပိုင္ရိခ်န္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ခဏမွ်ေႁမွာက္ပင့္ေျပာဆိုၿပီးမွသာလင္ရႊမ္းဇီကယန္ထ်န္းဟန္ကိုေခၚၿပီးအိမ္ျပန္သြားေတာ့သည္။

အျပန္လမ္းတြင္ယန္ထ်န္းဟန္ကေမးလာ၏။

"အကိုႀကီး,နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကိုျပန္ဖို႔ဆံုးျဖတ္လိုက္ၿပီလား?"

လင္ရႊမ္းဇီကသူ႔ကိုလွည့္ၾကည့္လိုက္သည္။

"အင္း,နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကအိမ္နဲ႔နီးတယ္ေလ,အဲ့ဒါေၾကာင့္တစ္ခုခုျဖစ္ရင္တစ္ေယာက္နဲ႔တစ္ေယာက္ဂ႐ုစိုက္ေပးဖို႔ပိုလြယ္ကူလိမ့္မယ္"

ယန္ထ်န္းဟန္ကႏႈတ္ခမ္းဆူလိုက္ၿပီးသူ႔ေျခေထာက္ေအာက္ကေက်ာက္တုန္းကိုကန္လိုက္သည္။

"ဒါေပမဲ့ကၽြန္ေတာ္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကိုမႀကိဳက္ဘူး"

အဲ့ဒီလိုျဖစ္မယ္ဆိုတာကိုလင္ရႊမ္းဇီခန္႔မွန္းၿပီးသားပင္။ၿပီးေတာ့လည္းယန္ထ်န္းဟန္ဘာေၾကာင့္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းအားသေဘာမက်လည္းဆိုတာကိုသူသိသည္။

အေၾကာင္းကေတာ့သူနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွာရွိစဥ္တုန္းကဘာမွမသိပဲဆန္႔က်င္ခံခဲ့ရၿပီးနက္႐ွိဳင္းလွသည့္တြင္းနက္ထဲျပဳတ္က်ခ်ိန္မွာေတာင္ေပၚကေနေမာင္းထုတ္ခဲ့ခဲ့ရတာေၾကာင့္အဲ့ဒီကိစၥကသူ႔ကိုမ်က္ႏွာအားလံုးပ်က္ေစခဲ့ၿပီးရယ္စရာဟာသေကာင္တစ္ေကာင္ျဖစ္ေစခဲ့တာေၾကာင့္သာျဖစ္သည္။

လင္ရႊမ္းဇီကေခါင္းညိတ္ျပလိုက္၏။

"တကယ္ေတာ့ငါလည္းနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကိုမႀကိဳက္ပါဘူး...ဒါေပမဲ့နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကလူတိုင္းငါ့ဆိုဆန္႔က်င္ခဲ့ၾကတာေတာ့မဟုတ္ဘူးေလ...အခုငါ့ကိုတပည့္အျဖစ္လက္ခံခဲ့တဲ့တစ္ေယာက္ကနစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ေတာင္သခင္တစ္ေယာက္...သူကမ်က္ႏွာျပခဲတယ္ဆိုေပမယ့္တကယ့္ကိုအစြမ္းထက္တဲ့ပုဂၢိဳလ္တစ္ဦးပါအဲ့ဒါေၾကာင့္ငါတို႔ကိုအရမ္းခက္ခဲတဲ့ေနရာမွာထားမွာမဟုတ္ပါဘူး"

ယန္ထ်န္းဟန္ကအနည္းငယ္စဥ္းစားလိုက္ၿပီးသက္ျပင္းခ်လိုက္သည္။

"ေမ့လိုက္ပါေတာ့,ကၽြန္ေတာ္အကိုႀကိးကိုလိုက္ၿပီးေစာင့္ေရွာက္ႏိုင္တယ္ဆိုမွေတာ့သူတို႔နဲ႔အခုေလာေလာဆယ္ေတာ့သိပ္ၿပီးစိတ္ရႈပ္ခံမေနေတာ့ဘူး"

လင္ရႊမ္းဇီမွာမေနႏိုင္ပဲရယ္ေမာမိေတာ့သည္။

"ရွင္းေအာင္ေျပာစမ္းပါ,ဘယ္သူကဘယ္သူ႔ကိုဂ႐ုစိုက္ေပးမွာလဲ?"

"ေသခ်ာေပါက္ကၽြန္ေတာ္ကပဲအကိုႀကီးကိုဂ႐ုစိုက္ေပမယ့္သူျဖစ္မွာ...ကၽြန္ေတာ္ကအကိုႀကီးကိုအထင္ေသးတာေတာ့မဟုတ္ေပမယ့္အကိုႀကီးကတကယ့္ကိုတစ္ျခားသူေတြကိုဂ႐ုစိုက္ေပးတဲ့ေနရာမွာဆိုးရြားတယ္"

လင္ရႊမ္းဇီကသူ႔ကိုသံသယအၾကည့္နဲ႔ၾကည့္လိုက္သည္။

"မင္းတစ္ေယာက္ပဲေတာ္တယ္ေပါ့ဟုတ္လား?"

ယန္ထ်န္းဟန္ကေခါင္းညိတ္ျပၿပီးဂုဏ္ယူဝံ့ႂကြားစြာေျပာေလသည္။

"အင္းေလအင္းေလ,အကိုႀကီးအျပင္းအထန္ေနမေကာင္းျဖစ္ေနတုန္းကလည္းကၽြန္ေတာ္ကပဲတစ္ခ်ိန္လံုးေစာင့္ေပးၿပီးတစ္ခ်ိန္လံုးဂ႐ုစိုက္ေပးခဲ့တာမဟုတ္ဘူးလား?"

ထိုအေၾကာင္းကိုေျပာၿပီးသည့္အခါယန္ထ်န္းဟန္ကလင္ရႊမ္းဇီအက်ႌလက္စအားဆြဲ၍သူ႔ကိုရပ္တန္႔ေစၿပီးလင္ရႊမ္းဇီရဲ႔မ်က္လံုးကိုေငးၾကည့္လိုက္သည္။

"ဒါေပမဲ့အကိုႀကီး,အဲ့ဒီလိုမ်ိဳးေန႔ေရာညေရာမ်က္လံုးမမွိတ္ရဲခဲ့ပဲအကိုႀကီးကိုေစာင့္ေရွာက္ေပးခဲ့ရတဲ့အဲ့ဒီေန႔ေတြကိုထပ္ၿပီးမေတြ႕ၾကံဳခ်င္ေတာ့ဘူး" ယန္ထ်န္းဟန္ကအလြန္အမင္းေလးနက္ေနသည္။

"အကိုႀကီး,ကၽြန္ေတာ္ကအကိုႀကီးကိုအရမ္းႀကီးအင္အားႀကီးေနဖို႔ဆႏၵမရွိဘူး,အကိုႀကီးလံုျခံဳေနတာကိုပဲဆႏၵရွိတာ....အဲ့ဒါေဖေဖ့ရဲ႔ဆႏၵလည္းဟုတ္တယ္"

လင္ရႊမ္းဇီကယန္ထ်န္းဟန္ေခါင္းေလးအားျပင္းျပင္းထန္ထန္ပြတ္သပ္လိုက္ၿပီးအေတာ္ေလးစိတ္သက္ေတာင့္သက္သာျဖစ္သလိုခံစားလိုက္ရသည္။

"ေကာင္းၿပီ"

ယန္ထ်န္းဟန္ကေတာ့ပါးစပ္နားရြက္တက္ခ်ိန္သည္အထိျပံဳးၿဖီးသြားသည္။သူကလင္ရႊမ္းဇီလက္ကိုဆြဲလိုက္ရင္းျဖင့္ကေလးဆန္စြာလႊဲရမ္းရင္းလမ္းဆက္ေလွ်ာက္ေလသည္။

"အကိုႀကီး,ကၽြန္ေတာ္အကိုႀကီးနဲ႔အတူတပည့္တစ္ေယာက္ျဖစ္လာမယ္,အကိုႀကီးနဲ႔အတူတူက်င့္ၾကံမယ္ၿပီးရင္အခုခ်ိန္ကစၿပီးဘယ္လိုပဲျဖစ္ေနပါေစဘာပဲလုပ္ပါေစကၽြနေ္တာ္တိို႔အတူတူရွိၾကမယ္!"

"အမွန္ပဲ,ၿပီးရင္ငါတို႔အိပ္ယာတစ္ခုတည္းမွာအတူတူအိပ္ၾကမယ္"

"......."

"အားဟန္,ဘာျဖစ္လို႔မင္းစကားဆက္မေျပာေတာ့တာလဲ?"

"ဘာမွမဟုတ္ပါဘူးအကိုႀကီးကနည္းနည္းအမတဆန္တယ္လို႔ကၽြန္ေတာ္႐ုတ္တရက္ခံစားလိုက္ရလို႔"

"ငါတို႔ေစာင္ေအာက္မွာအတူတူစကားေျပာၾကမယ္လို႔ေျပာတာကိုအားဟန္ကဘာေတြေတြးေနတာလဲ?"

"......."

"အားဟန္,ဘာလို႔စကားေျပာတာရပ္သြားရျပန္တာလဲ?အကိုႀကီးကမင္းရဲ႔အဓိကအခ်က္ကိုထိလိုက္မိလို႔အခုရွက္ေနတာလား?"

"အကိုႀကီး....အကိုႀကီးကဒီေလာက္ေတာင္လြန္တာကိုကၽြန္ေတာ္ဘာလို႔အရင္ကသတိမျပဳမိပါလိမ့္?"

"Hehe,အကိုႀကီးကနည္းနည္းေလးလြန္ရင္အားဟန္ကအကိုႀကီးကိုသေဘာမက်ေတာ့ဘူးလား?"

"ေသခ်ာေပါက္,ကၽြန္ေတာ္ကအကိုႀကီးကိုသေဘာက်ဆဲပဲေပါ့"

ယန္ထ်န္းဟန္ရဲ႔မ်က္လံုးေလးမ်ားကလျခမ္းေကြးေလးလိုျဖစ္သြားသည္။သူကဘာမွမတတ္ႏိုင္ပဲေတြးမိေသးသည္,သူ႔အကိုႀကီးကဘယ္လိုပံုစံပဲေျပာင္းလဲသြားပါေစသူကေတာ့ဆက္ၿပီးသေဘာက်ေနမိဆဲဟု....

ၿပီးေတာ့ဒီလူကလည္းသူ႔ကိုျပန္သေဘာက်ေနသည္ေလ...

***

လင္ရႊမ္းဇီကမည္သည့္ေနရာမည္သည့္ဘက္ျခမ္းကိုသြားရမည္ဟုဆံုးျဖတ္ၿပီးေနၿပီျဖစ္ၿပီးသူတို႔ႏွစ္ေယာက္လံုးေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔သဟဇာတျဖစ္ေနၾကေသာ္လည္းတစ္ျခားတစ္ဖက္မွာေတာ့အေျခအေနကမေသခ်ာမေရရာျဖစ္ေနဆဲပင္။

တည္းခိုခန္းထဲတြင္

တုခ်ီရင္းကစားပြဲအားျပင္းထန္စြာ႐ိုက္လိုက္ၿပီးစားပြဲေပၚတြင္ပင့္ကူကြက္လိုကြဲအက္ရာေပၚသြားတာေၾကာင့္ထိတ္လန္႔ဖြယ္ေကာင္းလွသည္။

"ေသလိုက္ေတာ့ပဲ,အဲ့ဒီလင္ရႊမ္းဇီကေသၿပီးတာေတာင္အ႐ိုးမေတာင့္သြားတဲ့ေျခမ်ားေကာင္လိုပဲ...ငါကသူ႔ဒန္တ်န္ပင္လယ္ပ်က္စီးၿပီးသြားရင္ဘယ္ေတာ့မွျပန္မလာႏိုင္ေတာ့ဘူးလို႔ထင္ခဲ့တာ..သူကသူ႔လက္မွဳပညာရွင္မီးဝိဉာဥ္ကိုႏိုးထေစႏိုင္ခဲ့မယ္လို႔မေမွ်ာ္လင့္ခဲ့ဘူးၿပီးေတာ့သူကေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမထဲမွာသူ႔ဒန္တ်န္ခ်ီပင္လယ္ကိုျပန္ျပင္ဆင္ႏိုင္မယ့္အာကာသအဆင့္ေဆးလံုးကိုလည္းရသြားေသးတယ္!"

တုခ်ီရင္းကဒီအတိုင္းေဒါသထြက္ေနတာပဲဘယ္ဟုတ္ပါ့မလဲ?သူကအလြန္အမင္းေၾကာက္ရြံ႔ေနတာလည္းျဖစ္သည္။

အစတုန္းကလင္ရႊမ္းဇီအားေကာင္းကင္လွိုင္ဂူမွနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းဆီဆြဲေခၚခဲ့တဲ့အခ်ိန္မွာသူကတုခ်ီရင္းလက္ေအာက္က်ရွွံဳးခဲ့ၿပီသားျဖစ္သည္။ထိုအခ်ိန္တုန္းကလင္ရႊမ္းဇီသည္က်ိဳးပ်က္ဓားေတာင္ထြတ္ရဲ႔ေတာင္သခင္အားသူ႔အတြက္ရွင္းရွင္းလင္းလင္းစံုစမ္းစစ္ေဆးေပးၿပီးစာရင္းရွင္းေပးပါရန္ေတာင္းဆိုခဲ့ေသာ္လည္းသူတို႔ကအဲ့ဒီလိုမလုပ္ေပးခဲ့ယံုသာမကတုခ်ီရင္းကသူ႔ကိုၫွင္းဆဲခဲ့၍ကဲ့ရဲ႔ေလွာင္ေျပာင္ရန္ပင္ေခါင္းေဆာင္ခဲ့ၿပီးေတာင္ေအာက္သို႔ေမာင္းထုတ္ခဲ့သည္။

လင္ရႊမ္းဇီကသူေတာ္စင္တစ္ေယာက္ဆိုရင္ေတာင္တုခ်ီရင္းႏွင့္က်ိဳးပ်က္ဓားေတာင္ထြတ္ႏွင့္ပတ္သတ္လာရင္သူ႔မေက်နပ္ခ်က္ကိုသီလတရားနဲ႔ျပန္ေပးဆပ္မွာမဟုတ္ေပ။

တုခ်ီရင္းအေနနဲ႔မေရမရာအေတြးတစ္ခ်ိဳ႔ရွိေနသည္မွာလင္ရႊမ္းဇီဒီတစ္ေခါက္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းသို႔ျပန္လာရန္ေရြးခ်ယ္ခဲ့တဲ့အေၾကာင္းအရင္းသည္ဂိုဏ္းကသူ႔အိမ္နဲ႔နီးတယ္ဆိုတာေၾကာင့္တစ္ခုတည္းသာမဟုတ္ေလာက္ပဲတမင္သက္သက္လက္စားေခ်ရန္ျပန္လာလိုျခင္းလည္းျဖစ္ႏိုင္သည္။

တုခ်ီရင္းကနက္႐ွိဳင္းေကာင္းကင္ဂိုဏ္း၏ဓားေလးေဖာ္ထဲမွမဟုတ္ေပ။သူကဓားသိုင္းပညာတြင္ေသခ်ာတဲ့ကၽြမ္းက်င္မႈတစ္ခ်ိဳ႔ရွိေသာ္လည္းသူကေသခ်ာေပါက္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းရဲ႔ဓားေလးေဖာ္နဲ႔ေတာ့ယွဥ္လို႔မရဘူးျဖစ္သည္။နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းဓားေလးေဖာ္ရဲ႔ေခါင္းေဆာင္ျဖစ္တဲ့လင္ရႊမ္းဇီနဲ႔ဆိုရင္ေတာ့ေျပာမေနနဲ႔ေတာ့...

သူလင္ရႊမ္းဇီကိုေနာက္ေက်ာဓားထိုးႏိုင္ခဲ့ျခင္းကလည္းသူနဲ႔သူ႔အေဖာ္တပည့္တစ္ခ်ိဳ႔ကယြင္ခ်ီေကာင္းကင္လွိုင္ဂူသို႔သြားၿပီးနတ္ဆိုးသားရဲမ်ားကိုမွ်ားေခၚကာလင္ရႊမ္းဇီကိုတိတ္တဆိတ္တိုက္ခိုက္ခဲ့သည့္အျပင္ေမွာ္ရတနာအမ်ားအျပားကိုလည္းႀကိဳတင္တပ္ဆင္ထားခဲ့ရသည္။အကယ္၍လင္ရႊမ္းဇီသာႀကိဳတင္ကာကြယ္မွဳျပဳလုပ္ထားခဲ့ပါကဒါမွမဟုတ္သူတို႔မ်က္ႏွာျခင္းဆိုင္သာတိုက္ခိုက္ရပါကသူတို႔ေသခ်ာေပါက္လင္ရႊမ္းဇီကိုအလြယ္တကူၿဖိဳလွဲႏိုင္မွာမဟုတ္ေပ။

ထိုကဲ့သို႔ဘက္စံုကျပင္ဆင္ထားတဲ့တိုက္ခိုက္မႈနဲ႔ေတာင္သူတို႔အေတာ္ေလးအားစိုက္ထုတ္ခဲ့ရတာျဖစ္သည္။

တုခ်ီရင္းသည္ဘာမွမတတ္ႏိုင္ပဲသူ႔ကိုယ္ပိုင္အနာဂတ္အားစိုးရိမ္စိတ္ပူေနမိသည္။

ထိုပံုစံကိုၾကည့္ရင္းထုန္လဲ့ကႏွာေခါင္းရွံဳ႔၍ဂ႐ုမစိုက္စြာေျပာသည္။

"အနည္းဆံုးေတာ့ခင္ဗ်ားကအခုဆိုေတာင္သခင္ေရာဂိုဏ္းခ်ဳပ္ေရာကေထာက္ပံ့ေပးထားတဲ့က်ိဳးပ်က္ဓားေတာင္ထြတ္ရဲ႔ေတာင္သခင္ေလးပဲေလ...မဟုတ္မွလြဲေရာခင္ဗ်ားလင္ရႊမ္းဇီကိုေၾကာက္ေနတာလား?"

တုခ်ီရင္းကစိတ္မရွည္လက္မရွည္ျဖင့္ျပန္ေျဖသည္။

"မင္းဘာသိလို႔လဲ?လင္ရႊမ္းဇီကလႊမ္းမိုးဖို႔လြယ္တဲ့သူလို႔မင္းတကယ္ပဲေတြးေနတာေတာ့မဟုတ္ပါဘူးေနာ္?"

ထုန္လဲ့ကျပံဳးလိုက္ရင္းတုခ်ီရင္းရဲ႔ပုခံုးအားဖိခ်လိုက္ကာသူ႔ရဲ႔ထိေတြ႕မႈကျမဴစြယ္ဟန္ေပၚေနသည္။သူကတုခ်ီရင္းရဲ႔ပုခံုးကိုမွီလိုက္ၿပီးသူ႔နားကိုကိုက္လိုက္၏။

"သူကအလြယ္တကူလႊမ္းမိုးလို႔မရဘူးဆိုေပမယ့္သူကႏွလံုးသားႏူးညံ့ၿပီးေရွး႐ိုးဆန္တယ္ေလ...သူကဂုဏ္သိကၡာရွိရွိေနတတ္ၿပီးဥပေဒကိုလည္းေလးစားတယ္....ဒါ့အျပင္အဲ့ဒါေတြအားလံုးရဲ႔အထက္မွာသူကၾကင္နာတတ္ၿပီးစိတ္ထားႏူးညံ့လြန္းလို႔တစ္ျခားသူနဲ႔ရန္ေစာင္တာမ်ိဳးကိုလည္းဘယ္ေတာ့မွမႀကိဳက္တဲ့သူမ်ိဳး....အဲ့ဒီလိုတစ္ျခားသူေတြကိုကူညီဖို႔ကိုယ့္အားကိုယ္ကိုးတတ္တဲ့အ႐ူးႀကီးကအၿမဲတမ္းသူ႔အထက္လူႀကီးေတြရဲ႔စကားကိုလည္းနားေထာင္ေသးတယ္...ခင္ဗ်ားလုပ္ဖို႔လိုတာကသူ႔မူလရွစ္စြမ္းကိုသူ႔အေပၚအတင္းအက်ပ္လုပ္ၿပီးလာဘ္ထိုးခိုင္းဖို႔ပဲအဲ့ဒါဆိုဘယ္ေတာ့မွလက္စားေျခဖို႔ေတြးရဲမွာမဟုတ္ေတာ့ဘူး...ဘယ္လိုပဲျဖစ္ျဖစ္သူနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွာေနခဲ့တုန္းကလည္းသူအမ်ားႀကီးခံစားခဲ့ရတာပဲေလ"

.........................................

Translator's Note

ဒါဒါေလးတို႔ေရညီမ message box မွာေျပာထားပါေသးတယ္အလုပ္ကပံုမွန္ျပန္တက္ေနရၿပီမို႔လို႔ သံုးရက္ျခားေလာက္မွျဖစ္ျဖစ္ up ေပးႏိုင္ေတာ့မယ္လို႔ၿပိးေတာ့ေလ....ညီမလည္းအားတဲ့အခ်ိန္ေလးဖဲ့ၿပီး up ေပးရတာမို႔လို႔နည္းနည္းရက္ၾကတာေလးကိုသည္းခံေပးၾကပါေနာ္.......ဒီတစ္လႏွစ္လၿပီးရင္ပံုမွန္ျပန္ျဖစ္ပါၿပီအဲ့ဒီေတာ့မွ ပံုမွန္ေလးျပန္ up ေပးပါ့မယ္။

လင္ရႊမ္းဇီကိုအ႐ူးႀကီးထင္ေနတဲ့သူေတြအတြက္အေမႊးတိုင္ေလးထြန္းထားေပးတယ္..ကဲကဲလာၿပီးဆုေတာင္းေပးၾကပါဦး

.........................................

Next Episode

လင္မိသားစုသို႔အျပန္

.........................................

Continue Reading

You'll Also Like

88.5K 8.1K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...
104K 12.6K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
333K 67.9K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
462K 65.7K 50
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...