[Unicode]
ပါတီစတာမကြာသေးသော်လည်း အခန်းထဲက
လူတွေမှာတော့ ခင်ခင်မင်မင်ရင်းရင်းနှီးနှီး သူ့လူကိုယ့်လူအုပ်စုလိုက်လေးတွေတောင် ဖြစ်လို့နေချေပြီ။
လူတွေပျားပန်းခတ်ရှုပ်ထွေးနေချိန်မှာ ယွီချင့်ဟွမ်
တယောက်သာ ထောင့်တနေရာမှာတယောက်တည်း ထိုင်နေသည့်အပြင် အပင်တွေနှင့်ပါကွယ်နေသည့် အတွက်ကြောင့် ပို၍ပင်မထင်မရှားဖြစ်နေလေ၏။
ကျောက်ချင်းယွမ်ရောက်နေပြီဖြစ်ကြောင်း စတင်သတိပြုမိသူမှာ ဒါရိုက်တာလျိူသာဖြစ်ချေသည်။
ဝိုင် ၃ ခွက်လောက်မော့ပြီးချိန်မှာတော့ သူ့မျက်နှာပေါ်တွင် ခါတိုင်းတွေ့မြင်နေကြ တည်ကြည်လေးနက်မှုမှာ လုံးလုံးလျားလျားပျောက်ကွယ်နေပြီဖြစ်သည်။
မူးနေသောသရုပ်ဆောင်တွေ၏ အနာဂါတ်အား အကြီးကြီးပုံဖော်စိတ်ကူးယဉ်နေစဉ် ထောင့်နားက တစုံတယောက်၏ လှောင်ပြောင်သရော်သံကိုအမှတ်မထင် ရုတ်တရက်ကြားလိုက်ရ၏။
ဘယ်ကောင်ကဒီလောက်ရဲတင်းလဲကွ ဆိုပြီး အသံလားရာကြည့်မိတော့ ကျောက်ချင်းယွမ်၏ လှောင်ရိပ်စွန်းထင်းနေသာ သရော်တော်တော်မျက်လုံးများနှင့် တန်းတိုးတော့သည်။
သူဘယ်အချိန်ကရောက်လာပါလိမ့်?
ဒါရိုက်တာလျိုမှာ အံအားသင့်တုန်လှုပ်သွားရပြီး ချက်ချင်းပဲသူ့ဆီရောက်သွားကာ
“မင်း ဘာလို့ ဒီမှာလာပုန်းနေရတာလဲ? ငါတို့ကို လာနှုတ်ဆက်ရမှာပေါ့...”
“ဘာလို့ အလုပ်ရှုပ်ခံမှာလဲ?”
ကျောက်ချင်းယွမ်က သူ့အားသာမာန်ကာလျှံကာမျှလက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“အဲ့မှာအရမ်းနားညီးတယ်... ဒီမှာနေရတာ ပိုကောင်းတယ်...”
လျိူကျားအန့်မှာ ကျောက်ချင်းယွမ်အဖိုးလက်အောက်ခံစစ်သားအဖြစ်တောင်တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။
သူစစ်တပ်မှထွက်လာသည့်အချိန်ထိတောင် သူတို့ကြား အဆက်အသွယ်တွေမပြတ်သေးပေ။ ထို့ကြောင့်လည်း သူတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးမျိုးအမြဲရှိလေသည်။
ဒါရိုက်တာလျိုသည် အခုအချိန်မှာ 'ကျ'ချိန်ရောက်နေပြီဖြစ်သော်လည်း အနုပညာလောကတခုလုံးမှာ သူ့အား ဒီလိုလေသံဖြင့်ပြောဆိုဝံ့တာ ကျောက်ချင်းယွမ် တယောက်သာရှိလိမ့်မည်။
“ဒီကလေးကတော့!”
ဒါရိုက်တာလျိူက သူ့အားအမှန်တကယ်စိတ်မဆိုးပေ။ သူက သူ့နံဘေးနားထိုင်နေသည့် ယွီချင့်ဟွမ်အားကြည့်လို့ သူ့ကိုပြက်ရယ်ပြုလိုက်တာက
“သူ့ကို သိလို့လား?”
“ဒါပေါ့”
ကျောက်ချင်းယွမ်က ပြုံးလို့ ယွီချင့်ဟွမ်၏ လည်ပင်းကိုသိုင်းဖက်လိုက်ကာ
“ဒါကျွန်တော့်ဘော်ဒါ”
မျက်စိဆံပင်မွှေးစူးလာသည့်အတွက်ကြောင့် ယွီချင့်ဟွမ်မှာ သူ့လက်အားပုတ်ချလိုက်၏။ ကျောက်ချင်းယွမ်မှာ စိတ်မဆိုးသည့်အပြင် ပိုလို့တောင်အနားတိုးကပ်လာကာ သူအားပလာစတာကဲ့သို့တွယ်ကပ်ဖို့ကြိုးစားနေ၏။
ဒါကိုမြင်လိုက်ရင် ဒါရိုက်တာလျိူသည် ခေါင်းကိုညိတ်ပြီးပြုံးလိုက်ကာ
“ချင့်ဟွမ်ကလိမ္မာတဲ့ကလေး...မင်းသူ့ကို သွားအနိုင်ကျင့်မနေနဲ့...”
ကျောက်ချင်းယွမ်က သူ့မျက်လုံးများကို စွေစောင်းပြီးတော့သာ တုံ့ပြန်လေသည်။
သူတို့စည်းကိုက်ဝါးကိုက်စကားကောင်းနေကြစဉ် ကျန်သည့်လူအများကတော့ ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြ၏။
ကျောက်ချင်းယွမ်ကဘယ်အချိန်ကြီးရောက်လာပါလိမ့်? သူတို့ ဘာလို့တယောက်မှ မသိလိုက်ရတာလဲ..?
သူဟာအကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရထားသေးတယ်..ပြီးရင် ဒီဥစ္စာကလည်း သူ့ဇာတ်ကား ပါတီပွဲ...
ဘာလို့ပုန်းလျိူးကွယ်လျိူးတွေလုပ်နေရတာလဲ...?
သူတို့ထဲမှာ ဘယ်သူကမှစွန်းဝူခုန်းမျက်လုံးမျိုး
ရှိမနေဘူးလေ...သူတို့က သူ့ကိုဘယ်လိုသတိပြုမိမှာလဲလို့...?
ယွီချင့်ဟွမ်ကိုမျက်စိထဲမထည့်မိသူတွေကတော့ ခုချိန်မှ ဝမ်းနည်းပန်းနည်းတွေဖြစ်ကုန်နေလေပြီ။
သူတို့သာ ကျောက်ချင်းယွမ်ကထောင့်တနေရာမှာထိုင်မယ်မှန်းသာကြိုသိခဲ့ရမယ်ဆိုရင် ဘာပဲရင်းရရင်းရ အဲ့နားမှာတနေရာလောက်ရအောင်တော့ သွားဦးထားလိုက်မှာပဲ..!
ကျန်သူတွေအားလုံးမှာ နောင်တတရားတွေအပြည့်နှင့် သဘောထားတွေ ၁၈၀ ဒီဂရီ ပြောင်းလဲကုန်ကြတော့သည်။
သူတို့ဟာ ခါးလေးတွေညွှတ်လို့ ကျောက်ချင်းယွမ်နဲ့ ခွက်ခြင်းတိုက် ကမ့်ပေလုပ်ရန် အနားကပ်လာကြသည်။
သို့သော်လည်း ကျောက်ချင်းယွမ်လို့ သွေးနားထင်ရောက်နေသူက ဘယ်သူ့ကိုမျှအယုံအကြည်မရှိပေ။ သူဟာ ဝမ်ချန်ချန်အပါအဝင် အားလုံးဆီက ဘာမျှလက်မခံပေ။
“ငါ မသောက်တက်ဘူး..”
ခုံကိုမှီထိုင်နေသည့်ကျောက်ချင်းယွမ်မှာ ဝမ်ချန်ချန်၏ ဖျတ်ခနဲအကြည့်တချက်ကို ရောက်တက်ရာရာ ဖမ်းဆုပ်မိလိုက်သည်။
“တို့ အမှားပါ..”
အလှပဆုံးအပြုံးတခုအား မျက်နှာပေါ်တပ်ဆင်ထားလို့ ဝမ်ချန်ချန်ကရှက်ကိုးရှက်ကန်းဖြစ်သွားခြင်း အလျဥ်းမရှိ ဆိုလာ၏။
သူမကဝိုင်ခွက်ကို ခပ်မြန်မြန်အောက်ချလိုက်ပြီး ပြောင်းဖူးဖျော်ရည်ခွက်ဖြင့်လဲလိုက်ကာ ကျောက်ချင်းယွမ်အား ပြောလိုက်သည်။
“မစ်စတာကျောက်...ပြောင်းဖူးဖျော်ရည်နဲ့ ကမ်ပေ့ လုပ်ဖို့ တောင်းဆိုရင်ကောဘယ်လိုသဘောရလဲ..?”
ဝမ်ချန်ချန်မှာကောင်းမွန်တဲ့ ကိုယ်ဟန်သွင်ပြင်ရှိသည့်အပြင် ခန္တာကိုယ်အချိုးအဆစ်ဖွဲ့စည်းပုံကအစ ပြီးပြည့်စုံလေသည်။
ဖြူနုနေသောအသားအရေ.. လက်ချောင်းသွယ်သွယ်လေးများဖြင့် အဝါရောင်တောက်တောက် ဖျော်ရည်ခွက်ကိုကိုင်ထားပုံမှာ တကယ့်ကိုမျက်စိပသာဒဖြစ်စရာပင်!
ကျောက်ချင်းယွမ်က သူမကိုကြည့်မြဲကြည့်နေကာ ဝမ်ချန်ချန်လက်များညောင်းကိုက်လာသည်အထိ ကြာညောင်းလောက်မှ သူ့ခေါင်းကိုလှည့်သွားပြီး
“ဆောရီး ဒီညအတွက်တော့ ဖျော်ရည်သောက်တာ လုံလောက်နေပြီ..”
ယခုအကြိမ်မှာတော့ ဝမ်ချန်ချန်သည်အရှက်ကြီးရှက်သွားရတော့သည်။ သူမက အကြောင်းပြချက်တခုပြပြီး သူမခုံနေရာသို့သာ ပြန်ရောက်သွားတော့၏။
ကျောက်ချင်းယွမ် ဗရုတ်ဗယက်တွေလုပ်လိုက်တာကြောင့် ပါတီနောက်ပိုင်းက ပျော်စရာမကောင်းတော့ပေ။
၈နာရီမှပြီးရမှာဖြစ်သော်လည်း ၇ နာရီခွဲဖြင့်
လူတော်တော်များများက အလျိူအလျိုပြန်ကုန်ကြလေပြီ။
ယွီချင့်ဟွမ်မှာလည်း ကျောက်ချင်းယွမ်၏ နောက်တခွက်သောက်ရအောင်ဆိုတာကိုငြင်းပယ်ခဲ့ပြီး ပါတီမပြီးသေးပဲတိတ်တိတ်ကလေး ခိုးပြန်လာ၏။
ယွီချင့်ဟွမ်မှာ အိမ်ပြန်လမ်းတလျှောက် ကျောက်ချင်းယွမ်ဆီမှ စာတွေဆက်တိုက်ရနေတော့၏။ ဖြစ်နိုင်တာက ကျောင်ချင်းယွမ်တွင် စကားပြောစရာလူရယ်လို့တယောက်မှအကြာကြီးကိုမရှိခဲ့သလိုပင်။
အခုချိန်မှပြောစရာတယောက်ရလိုက်ပြီ ဖြစ်တဲ့အတွက် သူ့အား နားပူနားဆာတကျည်ကျည် အဆက်မပြတ်လုပ်နေသည်မှာ သူ့တွင်ပါးစပ်ပေါက် ခုမှထွက်လာသလားပင်အောက်မေ့ရ၏။
ကျောက်ချင်းယွမ်: [ချင့်ဟွမ် မင်းက ဒီလောကမှာ ခုမှ အသစ်ရှိသေးတယ်...မင်း မသိသေးတာတွေ အများကြီးပဲ..ဝမ်ချန်ချန်က မဆိုးဘူးလို့သာထင်ရတာ တကယ်တန်းက သူကမင်းတို့အားလုံးထဲမှာ
အတော့်ကိုအကြံအစည်ကြီးတဲ့သူတယောက်ပဲ! တကယ်လို့ ငါသာအဲ့ချိန်တုန်းက သူနဲ့ခွက်ခြင်းတိုက် ကမ့်ပေ လုပ်လိုက်ရင် နောက်တနေ့မနက်စောစော ရောက်တာနဲ့ ငါတို့နှစ်ယောက်ကြား ကောလာဟလတွေက ခေါင်းကြီးရောက်နေလောက်ပြီ... ]
ကျောက်ချင်းယွမ်: [အဲ့ဒီလီဟုန်ရှိုးဆိုတာကလည်း အပုပ်မပဲ ..ငါ့ကောင်ရာ ဒါရိုက်တာလျိုက သရုပ်ဆောင်တွေကို ဘယ်လိုရွေးထားလဲ ကြည့်ဦး... ]
ကျောက်ချင်းယွမ်: [ချင့်ဟွမ် ငါပြောပြမယ်.. အရမ်းကြီးလျှောက်တွေးမနေနဲ့ ..အားလား..ငါထင်တာတော့ ငါက ဒီလောကမှာနောက်ဆုံးကြွင်းကျန်ရစ်တဲ့ အဖြူစင်တုံးလေးပဲ ဖြစ်မယ်..ငါ့လို့ အမှန်တရား ဘက်တော်သားကို ဘယ်နေရာမှကတော့ဝဲလ်ကမ်းလုပ်ကြမှာမဟုတ်ဘူး..,ကိစ္စမရှိဘူး ငါကလည်းငါ့ပါးစပ်ပေါက်ကိုပိတ်ထားပြီး ငါ့ရဲ့သရုပ်ဆောင်စကေးတွေကိုပဲ မြှင့်တင်နေတော့မယ်..ဖြစ်နိုင်တာက တနေ့နေ့တချိန်ချိန်ရောက်ရင် ငါအော်စကာဆုကို သိမ်းပိုက်နိုင်လိမ့်မယ်..]
ယွီချင့်ဟွမ်မှာ စာတွေအကုန်လုံးကို အမူအရာမရှိဖတ်နေကာ တခုမှ reply မပြန်ပဲ ဖုန်းကိုဆိုဖာပေါ်သို့ ပစ်တင်လိုက်တော့၏။
ကျောက်ချင်းယွမ်က ဒီလောကမှာ နောက်ဆုံးကြွင်းကျန်တဲ့အဖြူစင်တုံး ဟုတ်မဟုတ်တော့ သူ
မသိပေ.. ဒါပေမယ့် သူ့အတွက်သေချာတာက သူက လုံးဝကိုဂေါက်သီးတယောက်ဆိုတာပင်။
ကျောက်ချင်းယွမ်က မိနစ်ပိုင်းလောက်ခဏတဖြုတ် စောင့်ဆိုင်းနေသော်လည်း reply က ပြန်မရောက် လာသောအခါတွင် စာတွေနောက်ထပ်ထပ်ပို့လို့ message ဗုံးအပီအပြင်ကျဲနေတော့သည်။
ကျောက်ချင်းယွမ်; [ချင့်ဟွမ် မင်းငါ့စာတွေရလား?]
ကျောက်ချင်းယွမ်; [ချင့်ဟွမ်,ငါ့ကို ဘာလို့စာမပြန်တာလဲ? နှာကစ်နေတာလား? ရေချိုးနေတာလား? ဒါမှမဟုတ် အိပ်ပျော်နေပြီလား? ]
....
ယွီချင့်ဟွမ်မှာ အဆက်မပြတ်လာနေတဲ့စာတွေကြောင့် အတော်လေးစိတ်အချဉ်ပေါက်နေပြီဖြစ်ကာ ဖုန်းကိုဖွင့်လို့ ကျောက်ချင်းယွမ်စာတွေကို reply ပြန်လိုက်တော့၏။
ယွီချင့်ဟွမ်; [စိတ်မပူပါနဲ့ မင်းကဘယ်နေရာသွားသွား အမြဲပေါ်ပြူလာဖြစ်နေဦးမှာပါ...]
ကျောက်ချင်းယွမ်မှ စက္ကန့်ပိုင်းအတွင်းစာပြန်သည်;
[ဝိုး မင်းကကြင်နာတက်လိုက်တာ! ငါ့ကိုနှစ်သိမ့်ပေးနေတယ်ပေါ့လေ...]
ယွီချင့်ဟွမ်; [ဒါပေမယ့် အော်စကာ? သေချာပေါက် နိုးပဲ! ]
ကျောက်ချင်းယွမ်း ‘...’
ကျောက်ချင်းယွမ်; [ချင့်ဟွမ် မင်းက ငါ့ကိုတကယ် စိတ်ထိခိုက်အောင်လုပ်နေတာပဲ, မင်းသိလား?
ငါက အကောင်ဆုံးသရုပ်ဆောင်ဆုရထားတာနော်!]
ယွီချင့်ဟွမ်; [အိုး အိပ်တော့မယ် ....ကောင်းသော
ညလေးပါ!]
ကျောက်ချင်းယွမ်း ‘...’
တကယ်လို့များ ယွီချင့်ဟွမ်ကအိပ်တော့မယ်လို့ဆိုလာရင် သူအမှန်တကယ်ဆိုလိုတာဖြစ်ပေ၏။
သူ့အရင်ဘဝတုန်းက အရမ်းကိုအလုပ်တွေကြိုးစားခဲ့ရသည်။ ညလုံးပေါက်ရှုတင်တွေရိုက်ရတယ်ဆိုတာကလည်းမရှားလှပေ။
ရလဒ်ကတော့ သူ့ခန္တာကိုယ်က အသက် ၃၀ မကျော်ခင်လေးမှာတင် ဂျုံးဂျုံးကျခဲ့လေသည်။
ထို့အတွက်ကြောင့် နောက်ဆုံးတွင် ပြန်လည်မွေးဖွားလာချိန်ကစတင်လို့ သူ့ခန္တာကိုယ်ကို ဂရုတစိုက်စောက်ရှောက်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ညတိုင်း ၁၀ နာရီထိုးတာနဲ့ အိပ်ရာထဲသို့ရောက်ပြီး ဖြစ်နေရမည်။ သို့ပေမယ့်လို့ ယနေ့တွင် ဘယ်လောက်ပဲအိပ်ဖို့ကြိုးစားကြိုးစား အိပ်လို့မပျော်ဖြစ်နေတော့သည်။
သူ့စိတ်ထဲတစုံတရာကရောက်ရောက်လာ၏။ သူ့ဦးနှောက်ကိုအကြမ်းပတမ်းအလုပ်ပေးစဥ်းစားခိုင်းသော်လည်း သူဘာကိုမေ့နေတယ်ဆိုတာကိုအစဖော်မရပေ။
ဘယ်အချိန်အိပ်ပျော်သွားလဲဆိုတာကိုပင် သူ့ကိုယ်သူ မသိလိုက်မိပေ။
ဟော်မိသားစုထဲတွင်တော့ ည ၉ နာရီတိတိမှာ အိပ်ရာဝင်တက်သည့် ဟော်ချွီမှာ အစဉ်အလာတွေဖျက်လို့ ညနက်နေလေသည်။
သူသည်တောင့်တောင့်ကြီးထိုင်နေပြီး စူးစမ်းနေရာကနေ မျှော်လင့်တကြီးတက်ကြွနေသောအမူအရာမှ စိတ်ပျက်အားလျော့သွားသည့်ပုံစံပေါက်နေတော့၏။
ချင့်ဟွမ်က သူ့ကိုဖုန်းခေါ်မယ်လို့ပြောလိုက်တယ်.. ဘာလို့ ခုထိမခေါ်သေးတာပါလိမ့်..?
သူပေးလိုက်တဲ့ ကတ်များပျောက်သွားလို့လား..
ဒါမှမဟုတ် ဘယ်နားထားမိလဲမေ့သွားလို့လား?
ဒီလိုသာဆိုသူဘယ်လိုလုပ်ရမလဲ.?
ဟော်ချွီမှာ သူ့ဖုန်းပါဝါခလုတ်အားမကြာခဏ
နှိပ်နေမိကာ ကြုံတောင့်ကြုံခဲရတက်မအေးနိုင်အောင်ဖြစ်နေရ၏။
သူ့အားအပြင်ဘက်ကနေ ချောင်းကြည့်နေသည့် အကိုနှစ်ယောက်မှာတော့ အထိတ်တလန့်သွေးပျက် လို့နေချေသည်။
ဟော်ယုံမှာဟော်ကျန်းအား မနေနိုင်မထိုင်နိုင်မေးမိလိုက်တာက
“ကျန်း သူဘာတွေဖြစ်နေတာလဲ? သူ့ပုံစံ ဒီနေ့နည်းနည်းထူးဆန်းနေတယ်”
ဟော်ကျန်းကမျက်မှောင်ကျုံ့လို့
“သူအန္တရာယ်များတဲ့ စမ်းသပ်ချက်အသစ်တွေ လုပ်နေတာများလား?”
ပရိုတွန်ရဲ့သက်တမ်းကိုလေ့လာဖို့အတွက် ဟော်ချွီမှာ သူ့ကိုယ်သူရေကန်ထဲ ၃ ရက်လုံးလုံးစိမ်ထားခဲ့ဖူးသည်။
သူဟာ မည်သူ့စကားမှနားမထောင်ဘဲ သူ့ကိုယ်သူ splinter patron ဖြစ်သွားပြီဟု အခိုင်အမာဆိုနေ၏။
နောက်ဆုံးတွင် ဟော်ကျန်းမှာ ရွေးချယ်စရာမရှိတော့ပဲ သူ့ကိုမေ့အောင်လုပ်ပြီး အိမ်ပြန်ခေါ်လာခဲ့ရဖူးသည်။ သူ့ဒီနေ့ပုံစံက ဟော်ကျန်းအား အဲ့တုန်းက အခြေအနေကိုပြန်အမှတ်ရသွားစေသည်။
“အိုး မကောင်းတော့ဘူး….!”
ဟော်ယုံမှာ ကြောက်လန့်တကြားဖြင့် သူ့ခေါင်းမွှေးတွေတောင်ထောင်တက်လာသလို ခံစားလိုက်ရပေ၏။
သူက ညီးညူမြည်တမ်းလိုက်မိကာ
“ဒီလိုမျိူးသာ နောက်တခေါက်ထပ်ဖြစ်ရင် ကျွန်တော်တော့ သေမှာပဲ...”
ဟော်ကျန်းမှာ ဟော်ချွီကြားသွားမှာစိုးရိမ်တာကြောင့် သူ့အား ရှုး လုပ်ဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားရချေပြီ။
ဟော်ချွီမှ ရုတ်တရက်ထရပ်လိုက်ကာ သူတို့ရှိရာဆီ အမူအရာကင်းမဲ့အသက်မပါသည့်မျက်ဝန်းများဖြင့် လှမ်းကြည့်နေတော့၏။
ဟော်ယုံကပုံမှန်ဖြစ်စေဖို့ကြိုးပမ်းလိုက်သည်။
“ဟော်ချွီ ငါတို့က မင်းဘာလို့များမအိပ်သေးတာပါလိမ့်ဆိုပြီးလာကြည့်တာ”
“ဒါ”
ဟော်ချွီက ဟော်ယုံရှေ့သို့ သူ့ဖုန်းအားထိုးပေးလိုက်ပြီး “ဒီမှာ missed calls တွေရှိလား?”
ချင့်ဟွမ်က သူ့ကိုခေါ်ထားတာလဲဖြစ်နိုင်တာပဲ...ဒါပေမယ့် သူကဖုန်းသုံးတာသိပ်မကျွမ်းလို့ လွတ်သွားတာဖြစ်ရမယ်...
ဟော်ချွီက ဒီလိုတွေးမိလိုက်ရင် ပိုပြီးကျိုးကြောင်းဆီလျော်တယ်လို ထင်လိုက်၏။
ထို့ကြောင့် သူကဟော်ယုံအား အလောတကြီးဖြင့်
“ကျွန်တော့်ကို ဒါလေးတချက်လောက်ကြည့်ပေးပါ..”
“ဘာ missed calls လဲ?"
ဟော်ယုံမှာ တီးတိုးတီးတိုးရေရွတ်လိုက်သော်လည်း ယူပြီးသေချာလေးစစ်ပေးနေသည်။
သူ့ဖုန်းထဲမှာ missed calls ဟူ၍ ဘာဆိုဘာမှမရှိပေ...!
“ဘယ်သူမှမခေါ်ထားဘူး..”
ဟော်ယုံမှာ ဖုန်းလေးကိုင်လို့ ဟော်ချွီရှေ့ခါယမ်းပြလိုက်၏။
သူ သူငယ်ချင်းအသစ်တွေများရထားတာလား? ဒါပေမယ့် ဒါကလဲမဖြစ်နိုင်ဘူး...
သူ့ညီလေး၏ပင်ကိုစရိုက်အရ ဟော်ယုံမှာ သူ့ညီငယ်လေးမှာ ဖုန်းလုပ်ဆောင်ချက်တွေကို သိချင်လို့သာဖြစ်မည်ဟု ကောက်ချက်ချမိတော့သည်။
“ကျွန်တော် သိပြီ...”
ဟော်ချွီ၏မျက်နှာမှာ ချက်ချင်းလက်ငင်းကို မှောင်မိုက်သွားရတော့သည်။
ပင်ပန်းနွမ်းနယ်နေသလို သူ့အခန်းထဲသို့ပြန်ဝင်သွားတော့ကာ သူ၏ခုံရှေ့တွင် မှိုလေးတခုလို ဆောင့်ကြောင့်ထိုင်နေတော့၏။
ထို့နောက်မှာတော့ ဟော်ကျန်းနှင့်ဟော်ယုံက ဘာတွေမေးမေး သူသည် လျှာကောဝိဉာဉ်ပါ ပျောက်ဆုံးနေဟန်ဖြင့် ပါးစပ်ပေါက်ကိုပိတ်ထားလေတော့သည်။
ယွီချင့်ဟွမ်မှာ သူဘယ်ချိန်အိပ်ပျော်သွားတယ်ဆိုတာကို မသိလိုက်ပေ။ သူ၏အိပ်မက်ထဲမှာတော့ ဟော်ချွီသည် သူ့နာမည်ကို ဘုန်းကြီးတပါး တရားစာရွတ်ဖတ်နေသလို တဖွဖွရွတ်နေတော့သည်။
ချင့်ဟွမ်...ချင့်ဟွမ်...ချင့်ဟွမ်...
ယွီချင့်ဟွမ်မှာ ထို့နောက်တွင်လန့်နိုးလာရတော့၏။
ဒီတော့မှ သူဟော်ချွီအားဖုန်းခေါ်မယ်ဆိုပြီး ကတိပေးခဲ့ကြောင်းကို သတိရတော့၏။
သူ ဟော်ချွီအကြောင်းသိရသလောက်ဆိုရင် သူ
ဖုန်းမခေါ်မချင်းအိပ်ဦးမှာမဟုတ်ပေ။
ထို့ကြောင့် သူကအခန်းမီးကိုချက်ချင်းကောက်ဖွင့်လိုက်ကာ နာမည်ကတ်ကိုထုတ်လို့ နံပတ်လေးတခုကို ကောက်နှိပ်လိုက်၏။
ဖုန်းသံတချက်လေးမြည်ယုံရှိသေး တစုံတယောက်က တန်းလာကိုင်လေသည်။
လိုင်း၏တဖက်ခြမ်းမှာတော့ ဟော်ချွီ၏ ဖျတ်လတ် တက်ကြွနေသည့်အသံကပေါ်လာကာ
“ချင့်ဟွမ်!”
“ဝိုး မင်းကိုင်တာမြန်လိုက်တာ!”
ယွီချင့်ဟွမ်မှာ အတန်ငယ်အံအားသင့်သွားရကာ ထို့နောက်တွင် သူ့အားလှမ်းနောက်လိုက်တော့သည်။
“မင်း ဖုန်းဘေးမှာထိုင်စောင့်နေတာလား?”
“ဟုတ်တယ်”
ဟော်ချွီမှာ စဉ်းတောင်မစဉ်းစားဘဲ တန်းဖြေလိုက်၏။
“ငါ မင်းဖုန်းကိုတညလုံးစောင့်နေတာ ....”
ယွီချင့်ဟွမ်မှာမတက်သာဘဲ သူ့ဖုန်းကိုကြည့်လိုက်မိတော့ ၁၂ နာရီတောင်ထိုးနေချေပြီ။
ဟော်ချွီ ဘယ်လောက်တောင်စောင့်နေရပါလိမ့်?
သူက အရမ်းကိုအားနာသွားရရင်း ချက်ချင်းပဲ တောင်းပန်လိုက်တော့သည်။
“တောင်းပန်ပါတယ်...ဟော်ချွီ ..ငါမေ့သွားခဲ့တာ..”
ဟော်ချွီက သူ့အားလုံးဝစိတ်မဆိုးပဲ
“ရပါတယ် ဘာပဲဖြစ်ဖြစ် မင်းစကားတည်တာပဲလေ..”
သူ၏စကားများက ယွီချင့်ဟွမ်အား စိတ်သက်သာရာမရစေသည့်အပြင် ပိုလို့တောင်ဆိုးဆိုးဝါးဝါးခံစားရလာစေ၏။
ဟော်ချွီမှ ဖုန်းလေးကိုစိုက်ကြည့်နေပြီး သူ့ဖုန်းအခေါ် ထိုင်စောင့်နေသည့်သနားစရာပုံရိပ်လေးကို မြင်ယောင် ပုံဖော်မိကာ ယွီချင့်ဟွမ်မှာ သူ့ကိုယ်သူ ချီးဘရိန်းလို့တောင် ထင်မြင်လိုက်တော့သည်။
သူဘာမဆိုမေ့လို့ရပေမယ့် ဒါကတော့မဟုတ်သေးဘူးလေ...
“ဒါငါ့အမှားပါ... မင်း ခုအိပ်တော့နော်..ငါမင်းကို စားကောင်းတာတခုခုလိုက်ကျွေးမယ်ဟုတ်လား?”
ယွီချင့်ဟွမ်မှာ သူ့အမှားအတွက် အလျော်အစားပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
“သဘောတူတယ်”
ဟော်ချွီမှာ ယွီချင့်ဟွမ်ဘာကိုဆိုလိုချင်တယ်ဆိုတာ နားမလည်သော်လည်း ယွီချင့်ဟွမ်အားတွေ့နိုင်မယ် ဆိုတာနှင့် တန်းသဘောတူလိုက်တော့၏။
ယွီချင့်ဟွမ်က တခုခုပြောလိုက်ပြီး ဖုန်းချလိုက်တော့သည်။ ဘာကြောင့်လဲဆိုတော့ သူအတော်လေးကို ငိုက်မြည်းနေလို့ပင်။
အခုချိန်မှာ သူကယွီချင့်ဟွမ်ဖုန်းနံပတ်တင်မကသေး.. သူနဲ့ညစာအတူစားဖို့ပါ အခွင့်အရေး
ရသွားပြီ!
မကောင်းသောစိတ်ခံစားချက်တွေမှာ အလုံးစုံကင်းရှင်းပျောက်ကွယ်သွားချေလေပြီ။
ဟော်ချွီမှာဖုန်းကိုချထားလိုက်ပြီးတော့ ရေနွေးပူပူလေးနဲ့ရေချိုးကာ ကျေကျေနပ်နပ်အိပ်ရာဝင်သွားတော့သည်။
ဒါပေမယ့်လို့ ဒီဖြစ်စဥ်ကိုအပြင်ကနေ အစအဆုံးချောင်းကြည့်နေကြသည့် အမွှာညီအကိုနှစ်ယောက်အတွက်ဆိုရင်ဖြင့် အိပ်မပျော်သည့်ဖြစ်သွားချေတော့သည်။
ဟော်ကျန်း “ချင့်ဟွမ်ဆိုတာ ဘယ်သူလဲ?”
ဟော်ယုံက ခေါင်းကိုကုတ်ကာ
“အရင်တခေါက်က ကျွန်တော်ပြောတဲ့တယောက်လေ... ကျွန်တော်တို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ C-list သရုပ်ဆောင်တယောက်...”
ဟော်ကျန်းက ဟော်ယုံအားစူးစိုက်ကြည့်လို့
“ဟော်ချွီက မင်းကုမ္ပဏီကသရုပ်ဆောင်တယောက်နဲ့ ဘယ်လိုသိကျွမ်းနေတာလဲ? မင်းသူတို့ကို မိတ်ဆက်ပေးထားတာလား?”
ဟော်ယုံမှာ မတရားအထင်မြင်လွဲမှားသလို ခံစားလိုက်ရကာ
“ကျွန်တော်လဲ သူတို့ တယောက်နဲ့တယောက် ဘယ်လိုသိသွားကြလဲ သိချင်နေတာ..”
ခဏလေးရပ်တန့်နေကာ သူက ဟော်ချွီအခန်းတံခါးကို တိတ်တိတ်လေးစေ့ပိတ်လိုက်ပြီး ပြောလိုက်သည်။
“သူ အဲ့ဒီ C-list သရုပ်ဆောင်နဲ့ သွားတွေ့တော့မယ်.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?”
ဟော်ကျန်းက ကျိန်းသေပေါက်ကို
“မေးနေစရာတောင်လိုသေးလား? သေချာပေါက် သူ့နောက်က လိုက်သွားရမှာပေါ့..”
အဲ့ဒီ C-list သရုပ်ဆောင်ဆိုတဲ့သူက ဘာတွေဂွင်ဆင်နေလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ...
သူတို့တွေ နိုးနိုးကြားကြားနဲ့ သတိဝီရီယအပြည့်ရှိနေဖို့လိုတယ်!
နောက်တနေ့မနက်စောစောရောက်သောအခါ ယွီချင့်ဟွမ်မှ ဟော်ချွီအားလာရောက်ခေါ်ဆောင်တော့ သည်။
သူမသိလိုက်သည်က ဟော်မိသားစုနောက်ကားတစီးတွင် အမွှာညီအကိုနှစ်ယောက်က သူတို့နောက်
မျက်စိဒေါက်ထောက်ဖြင့် လိုက်နေတာဆိုတာကိုပင်....
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,
T/N >>> ဟော်ချွီလေးပါတဲ့ အခန်းဆို ဘာသာပြန်ရတာ ပျော်နေကောပဲ
တချို့စကားလုံးတွေက ဗမာလို တိုက်ရိုက်ပြန်စရာမရှိလို့ အနီးစပ်ဆုံးပြန်ပေးထားတယ်နော် ဖရုတို့ 🥺
☆☆☆☆☆☆☆☆☆☆☆☆
[Zawgyi]
ပါတီစတာမၾကာေသးေသာ္လည္း အခန္းထဲက
လူေတြမွာေတာ့ ခင္ခင္မင္မင္ရင္းရင္းႏွီးႏွီး သူ႔လူကိုယ့္လူအုပ္စုလိုက္ေလးေတြေတာင္ ျဖစ္လို႔ေနေခ်ၿပီ။
လူေတြပ်ားပန္းခတ္ရႈပ္ေထြးေနခ်ိန္မွာ ယြီခ်င့္ဟြမ္
တေယာက္သာ ေထာင့္တေနရာမွာတေယာက္တည္း ထိုင္ေနသည့္အျပင္ အပင္ေတြႏွင့္ပါကြယ္ေနသည့္ အတြက္ေၾကာင့္ ပို၍ပင္မထင္မရွားျဖစ္ေနေလ၏။
ေက်ာက္ခ်င္းယြမ္ေရာက္ေနၿပီျဖစ္ေၾကာင္း စတင္သတိျပဳမိသူမွာ ဒါ႐ိုက္တာလ်ိဴသာျဖစ္ေခ်သည္။
ဝိုင္ ၃ ခြက္ေလာက္ေမာ့ၿပီးခ်ိန္မွာေတာ့ သူ႔မ်က္ႏွာေပၚတြင္ ခါတိုင္းေတြ႕ျမင္ေနၾက တည္ၾကည္ေလးနက္မႈမွာ လုံးလုံးလ်ားလ်ားေပ်ာက္ကြယ္ေနၿပီျဖစ္သည္။
မူးေနေသာသ႐ုပ္ေဆာင္ေတြ၏ အနာဂါတ္အား အႀကီးႀကီးပုံေဖာ္စိတ္ကူးယဥ္ေနစဥ္ ေထာင့္နားက တစုံတေယာက္၏ ေလွာင္ေျပာင္သေရာ္သံကိုအမွတ္မထင္ ႐ုတ္တရက္ၾကားလိုက္ရ၏။
ဘယ္ေကာင္ကဒီေလာက္ရဲတင္းလဲကြ ဆိုၿပီး အသံလားရာၾကည့္မိေတာ့ ေက်ာက္ခ်င္းယြမ္၏ ေလွာင္ရိပ္စြန္းထင္းေနသာ သေရာ္ေတာ္ေတာ္မ်က္လုံးမ်ားႏွင့္ တန္းတိုးေတာ့သည္။
သူဘယ္အခ်ိန္ကေရာက္လာပါလိမ့္?
ဒါ႐ိုက္တာလ်ိဳမွာ အံအားသင့္တုန္လႈပ္သြားရၿပီး ခ်က္ခ်င္းပဲသူ႔ဆီေရာက္သြားကာ
“မင္း ဘာလို႔ ဒီမွာလာပုန္းေနရတာလဲ? ငါတို႔ကို လာႏႈတ္ဆက္ရမွာေပါ့...”
“ဘာလို႔ အလုပ္ရႈပ္ခံမွာလဲ?”
ေက်ာက္ခ်င္းယြမ္က သူ႔အားသာမာန္ကာလွ်ံကာမွ်လက္ေဝွ႔ယမ္းျပလိုက္ၿပီး ေျပာလိုက္သည္။
“အဲ့မွာအရမ္းနားညီးတယ္... ဒီမွာေနရတာ ပိုေကာင္းတယ္...”
လ်ိဴက်ားအန႔္မွာ ေက်ာက္ခ်င္းယြမ္အဖိုးလက္ေအာက္ခံစစ္သားအျဖစ္ေတာင္တာဝန္ထမ္းေဆာင္ခဲ့ဖူးေသးသည္။
သူစစ္တပ္မွထြက္လာသည့္အခ်ိန္ထိေတာင္ သူတို႔ၾကား အဆက္အသြယ္ေတြမျပတ္ေသးေပ။ ထို႔ေၾကာင့္လည္း သူတို႔မွာေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳးအၿမဲရွိေလသည္။
ဒါ႐ိုက္တာလ်ိဳသည္ အခုအခ်ိန္မွာ 'က်'ခ်ိန္ေရာက္ေနၿပီျဖစ္ေသာ္လည္း အႏုပညာေလာကတခုလုံးမွာ သူ႔အား ဒီလိုေလသံျဖင့္ေျပာဆိုဝံ့တာ ေက်ာက္ခ်င္းယြမ္ တေယာက္သာရွိလိမ့္မည္။
“ဒီကေလးကေတာ့!”
ဒါ႐ိုက္တာလ်ိဴက သူ႔အားအမွန္တကယ္စိတ္မဆိုးေပ။ သူက သူ႔နံေဘးနားထိုင္ေနသည့္ ယြီခ်င့္ဟြမ္အားၾကည့္လို႔ သူ႔ကိုျပက္ရယ္ျပဳလိုက္တာက
“သူ႔ကို သိလို႔လား?”
“ဒါေပါ့”
ေက်ာက္ခ်င္းယြမ္က ၿပဳံးလို႔ ယြီခ်င့္ဟြမ္၏ လည္ပင္းကိုသိုင္းဖက္လိုက္ကာ
“ဒါကြၽန္ေတာ့္ေဘာ္ဒါ”
မ်က္စိဆံပင္ေမႊးစူးလာသည့္အတြက္ေၾကာင့္ ယြီခ်င့္ဟြမ္မွာ သူ႔လက္အားပုတ္ခ်လိုက္၏။ ေက်ာက္ခ်င္းယြမ္မွာ စိတ္မဆိုးသည့္အျပင္ ပိုလို႔ေတာင္အနားတိုးကပ္လာကာ သူအားပလာစတာကဲ့သို႔တြယ္ကပ္ဖို႔ႀကိဳးစားေန၏။
ဒါကိုျမင္လိုက္ရင္ ဒါ႐ိုက္တာလ်ိဴသည္ ေခါင္းကိုညိတ္ၿပီးၿပဳံးလိုက္ကာ
“ခ်င့္ဟြမ္ကလိမၼာတဲ့ကေလး...မင္းသူ႔ကို သြားအႏိုင္က်င့္မေနနဲ႔...”
ေက်ာက္ခ်င္းယြမ္က သူ႔မ်က္လုံးမ်ားကို ေစြေစာင္းၿပီးေတာ့သာ တုံ႔ျပန္ေလသည္။
သူတို႔စည္းကိုက္ဝါးကိုက္စကားေကာင္းေနၾကစဥ္ က်န္သည့္လူအမ်ားကေတာ့ ပါးစပ္ေဟာင္းေလာင္း ျဖစ္ကုန္ၾက၏။
ေက်ာက္ခ်င္းယြမ္ကဘယ္အခ်ိန္ႀကီးေရာက္လာပါလိမ့္? သူတို႔ ဘာလို႔တေယာက္မွ မသိလိုက္ရတာလဲ..?
သူဟာအေကာင္းဆုံးသ႐ုပ္ေဆာင္ဆုလည္း ရထားေသးတယ္..ၿပီးရင္ ဒီဥစၥာကလည္း သူ႔ဇာတ္ကား ပါတီပြဲ...
ဘာလို႔ပုန္းလ်ိဴးကြယ္လ်ိဴးေတြလုပ္ေနရတာလဲ...?
သူတို႔ထဲမွာ ဘယ္သူကမွစြန္းဝူခုန္းမ်က္လုံးမ်ိဳး
ရွိမေနဘူးေလ...သူတို႔က သူ႔ကိုဘယ္လိုသတိျပဳမိမွာလဲလို႔...?
ယြီခ်င့္ဟြမ္ကိုမ်က္စိထဲမထည့္မိသူေတြကေတာ့ ခုခ်ိန္မွ ဝမ္းနည္းပန္းနည္းေတြျဖစ္ကုန္ေနေလၿပီ။
သူတို႔သာ ေက်ာက္ခ်င္းယြမ္ကေထာင့္တေနရာမွာထိုင္မယ္မွန္းသာႀကိဳသိခဲ့ရမယ္ဆိုရင္ ဘာပဲရင္းရရင္းရ အဲ့နားမွာတေနရာေလာက္ရေအာင္ေတာ့ သြားဦးထားလိုက္မွာပဲ..!
က်န္သူေတြအားလုံးမွာ ေနာင္တတရားေတြအျပည့္ႏွင့္ သေဘာထားေတြ ၁၈၀ ဒီဂရီ ေျပာင္းလဲကုန္ၾကေတာ့သည္။
သူတို႔ဟာ ခါးေလးေတြၫႊတ္လို႔ ေက်ာက္ခ်င္းယြမ္နဲ႔ ခြက္ျခင္းတိုက္ ကမ့္ေပလုပ္ရန္ အနားကပ္လာၾကသည္။
သို႔ေသာ္လည္း ေက်ာက္ခ်င္းယြမ္လို႔ ေသြးနားထင္ေရာက္ေနသူက ဘယ္သူ႔ကိုမွ်အယုံအၾကည္မရွိေပ။ သူဟာ ဝမ္ခ်န္ခ်န္အပါအဝင္ အားလုံးဆီက ဘာမွ်လက္မခံေပ။
“ငါ မေသာက္တက္ဘူး..”
ခုံကိုမွီထိုင္ေနသည့္ေက်ာက္ခ်င္းယြမ္မွာ ဝမ္ခ်န္ခ်န္၏ ဖ်တ္ခနဲအၾကည့္တခ်က္ကို ေရာက္တက္ရာရာ ဖမ္းဆုပ္မိလိုက္သည္။
“တို႔ အမွားပါ..”
အလွပဆုံးအၿပဳံးတခုအား မ်က္ႏွာေပၚတပ္ဆင္ထားလို႔ ဝမ္ခ်န္ခ်န္ကရွက္ကိုးရွက္ကန္းျဖစ္သြားျခင္း အလ်ဥ္းမရွိ ဆိုလာ၏။
သူမကဝိုင္ခြက္ကို ခပ္ျမန္ျမန္ေအာက္ခ်လိုက္ၿပီး ေျပာင္းဖူးေဖ်ာ္ရည္ခြက္ျဖင့္လဲလိုက္ကာ ေက်ာက္ခ်င္းယြမ္အား ေျပာလိုက္သည္။
“မစ္စတာေက်ာက္...ေျပာင္းဖူးေဖ်ာ္ရည္နဲ႔ ကမ္ေပ့ လုပ္ဖို႔ ေတာင္းဆိုရင္ေကာဘယ္လိုသေဘာရလဲ..?”
ဝမ္ခ်န္ခ်န္မွာေကာင္းမြန္တဲ့ ကိုယ္ဟန္သြင္ျပင္ရွိသည့္အျပင္ ခႏၲာကိုယ္အခ်ိဳးအဆစ္ဖြဲ႕စည္းပုံကအစ ၿပီးျပည့္စုံေလသည္။
ျဖဴႏုေနေသာအသားအေရ.. လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားျဖင့္ အဝါေရာင္ေတာက္ေတာက္ ေဖ်ာ္ရည္ခြက္ကိုကိုင္ထားပုံမွာ တကယ့္ကိုမ်က္စိပသာဒျဖစ္စရာပင္!
ေက်ာက္ခ်င္းယြမ္က သူမကိုၾကည့္ၿမဲၾကည့္ေနကာ ဝမ္ခ်န္ခ်န္လက္မ်ားေညာင္းကိုက္လာသည္အထိ ၾကာေညာင္းေလာက္မွ သူ႔ေခါင္းကိုလွည့္သြားၿပီး
“ေဆာရီး ဒီညအတြက္ေတာ့ ေဖ်ာ္ရည္ေသာက္တာ လုံေလာက္ေနၿပီ..”
ယခုအႀကိမ္မွာေတာ့ ဝမ္ခ်န္ခ်န္သည္အရွက္ႀကီးရွက္သြားရေတာ့သည္။ သူမက အေၾကာင္းျပခ်က္တခုျပၿပီး သူမခုံေနရာသို႔သာ ျပန္ေရာက္သြားေတာ့၏။
ေက်ာက္ခ်င္းယြမ္ ဗ႐ုတ္ဗယက္ေတြလုပ္လိုက္တာေၾကာင့္ ပါတီေနာက္ပိုင္းက ေပ်ာ္စရာမေကာင္းေတာ့ေပ။
၈နာရီမွၿပီးရမွာျဖစ္ေသာ္လည္း ၇ နာရီခြဲျဖင့္
လူေတာ္ေတာ္မ်ားမ်ားက အလ်ိဴအလ်ိဳျပန္ကုန္ၾကေလၿပီ။
ယြီခ်င့္ဟြမ္မွာလည္း ေက်ာက္ခ်င္းယြမ္၏ ေနာက္တခြက္ေသာက္ရေအာင္ဆိုတာကိုျငင္းပယ္ခဲ့ၿပီး ပါတီမၿပီးေသးပဲတိတ္တိတ္ကေလး ခိုးျပန္လာ၏။
ယြီခ်င့္ဟြမ္မွာ အိမ္ျပန္လမ္းတေလွ်ာက္ ေက်ာက္ခ်င္းယြမ္ဆီမွ စာေတြဆက္တိုက္ရေနေတာ့၏။ ျဖစ္ႏိုင္တာက ေက်ာင္ခ်င္းယြမ္တြင္ စကားေျပာစရာလူရယ္လို႔တေယာက္မွအၾကာႀကီးကိုမရွိခဲ့သလိုပင္။
အခုခ်ိန္မွေျပာစရာတေယာက္ရလိုက္ၿပီ ျဖစ္တဲ့အတြက္ သူ႔အား နားပူနားဆာတက်ည္က်ည္ အဆက္မျပတ္လုပ္ေနသည္မွာ သူ႔တြင္ပါးစပ္ေပါက္ ခုမွထြက္လာသလားပင္ေအာက္ေမ့ရ၏။
ေက်ာက္ခ်င္းယြမ္: [ခ်င့္ဟြမ္ မင္းက ဒီေလာကမွာ ခုမွ အသစ္ရွိေသးတယ္...မင္း မသိေသးတာေတြ အမ်ားႀကီးပဲ..ဝမ္ခ်န္ခ်န္က မဆိုးဘူးလို႔သာထင္ရတာ တကယ္တန္းက သူကမင္းတို႔အားလုံးထဲမွာ
အေတာ့္ကိုအႀကံအစည္ႀကီးတဲ့သူတေယာက္ပဲ! တကယ္လို႔ ငါသာအဲ့ခ်ိန္တုန္းက သူနဲ႔ခြက္ျခင္းတိုက္ ကမ့္ေပ လုပ္လိုက္ရင္ ေနာက္တေန႔မနက္ေစာေစာ ေရာက္တာနဲ႔ ငါတို႔ႏွစ္ေယာက္ၾကား ေကာလာဟလေတြက ေခါင္းႀကီးေရာက္ေနေလာက္ၿပီ... ]
ေက်ာက္ခ်င္းယြမ္: [အဲ့ဒီလီဟုန္ရႈိးဆိုတာကလည္း အပုပ္မပဲ ..ငါ့ေကာင္ရာ ဒါ႐ိုက္တာလ်ိဳက သ႐ုပ္ေဆာင္ေတြကို ဘယ္လိုေ႐ြးထားလဲ ၾကည့္ဦး... ]
ေက်ာက္ခ်င္းယြမ္: [ခ်င့္ဟြမ္ ငါေျပာျပမယ္.. အရမ္းႀကီးေလွ်ာက္ေတြးမေနနဲ႔ ..အားလား..ငါထင္တာေတာ့ ငါက ဒီေလာကမွာေနာက္ဆုံးႂကြင္းက်န္ရစ္တဲ့ အျဖဴစင္တုံးေလးပဲ ျဖစ္မယ္..ငါ့လို႔ အမွန္တရား ဘက္ေတာ္သားကို ဘယ္ေနရာမွကေတာ့ဝဲလ္ကမ္းလုပ္ၾကမွာမဟုတ္ဘူး..,ကိစၥမရွိဘူး ငါကလည္းငါ့ပါးစပ္ေပါက္ကိုပိတ္ထားၿပီး ငါ့ရဲ႕သ႐ုပ္ေဆာင္စေကးေတြကိုပဲ ျမႇင့္တင္ေနေတာ့မယ္..ျဖစ္ႏိုင္တာက တေန႔ေန႔တခ်ိန္ခ်ိန္ေရာက္ရင္ ငါေအာ္စကာဆုကို သိမ္းပိုက္ႏိုင္လိမ့္မယ္..]
ယြီခ်င့္ဟြမ္မွာ စာေတြအကုန္လုံးကို အမူအရာမရွိဖတ္ေနကာ တခုမွ reply မျပန္ပဲ ဖုန္းကိုဆိုဖာေပၚသို႔ ပစ္တင္လိုက္ေတာ့၏။
ေက်ာက္ခ်င္းယြမ္က ဒီေလာကမွာ ေနာက္ဆုံးႂကြင္းက်န္တဲ့အျဖဴစင္တုံး ဟုတ္မဟုတ္ေတာ့ သူ
မသိေပ.. ဒါေပမယ့္ သူ႔အတြက္ေသခ်ာတာက သူက လုံးဝကိုေဂါက္သီးတေယာက္ဆိုတာပင္။
ေက်ာက္ခ်င္းယြမ္က မိနစ္ပိုင္းေလာက္ခဏတျဖဳတ္ ေစာင့္ဆိုင္းေနေသာ္လည္း reply က ျပန္မေရာက္ လာေသာအခါတြင္ စာေတြေနာက္ထပ္ထပ္ပို႔လို႔ message ဗုံးအပီအျပင္က်ဲေနေတာ့သည္။
ေက်ာက္ခ်င္းယြမ္; [ခ်င့္ဟြမ္ မင္းငါ့စာေတြရလား?]
ေက်ာက္ခ်င္းယြမ္; [ခ်င့္ဟြမ္,ငါ့ကို ဘာလို႔စာမျပန္တာလဲ? ႏွာကစ္ေနတာလား? ေရခ်ိဳးေနတာလား? ဒါမွမဟုတ္ အိပ္ေပ်ာ္ေနၿပီလား? ]
....
ယြီခ်င့္ဟြမ္မွာ အဆက္မျပတ္လာေနတဲ့စာေတြေၾကာင့္ အေတာ္ေလးစိတ္အခ်ဥ္ေပါက္ေနၿပီျဖစ္ကာ ဖုန္းကိုဖြင့္လို႔ ေက်ာက္ခ်င္းယြမ္စာေတြကို reply ျပန္လိုက္ေတာ့၏။
ယြီခ်င့္ဟြမ္; [စိတ္မပူပါနဲ႔ မင္းကဘယ္ေနရာသြားသြား အၿမဲေပၚျပဴလာျဖစ္ေနဦးမွာပါ...]
ေက်ာက္ခ်င္းယြမ္မွ စကၠန႔္ပိုင္းအတြင္းစာျပန္သည္;
[ဝိုး မင္းကၾကင္နာတက္လိုက္တာ! ငါ့ကိုႏွစ္သိမ့္ေပးေနတယ္ေပါ့ေလ...]
ယြီခ်င့္ဟြမ္; [ဒါေပမယ့္ ေအာ္စကာ? ေသခ်ာေပါက္ ႏိုးပဲ! ]
ေက်ာက္ခ်င္းယြမ္း ‘...’
ေက်ာက္ခ်င္းယြမ္; [ခ်င့္ဟြမ္ မင္းက ငါ့ကိုတကယ္ စိတ္ထိခိုက္ေအာင္လုပ္ေနတာပဲ, မင္းသိလား?
ငါက အေကာင္ဆုံးသ႐ုပ္ေဆာင္ဆုရထားတာေနာ္!]
ယြီခ်င့္ဟြမ္; [အိုး အိပ္ေတာ့မယ္ ....ေကာင္းေသာ
ညေလးပါ!]
ေက်ာက္ခ်င္းယြမ္း ‘...’
တကယ္လို႔မ်ား ယြီခ်င့္ဟြမ္ကအိပ္ေတာ့မယ္လို႔ဆိုလာရင္ သူအမွန္တကယ္ဆိုလိုတာျဖစ္ေပ၏။
သူ႔အရင္ဘဝတုန္းက အရမ္းကိုအလုပ္ေတြႀကိဳးစားခဲ့ရသည္။ ညလုံးေပါက္ရႈတင္ေတြ႐ိုက္ရတယ္ဆိုတာကလည္းမရွားလွေပ။
ရလဒ္ကေတာ့ သူ႔ခႏၲာကိုယ္က အသက္ ၃၀ မေက်ာ္ခင္ေလးမွာတင္ ဂ်ဳံးဂ်ဳံးက်ခဲ့ေလသည္။
ထို႔အတြက္ေၾကာင့္ ေနာက္ဆုံးတြင္ ျပန္လည္ေမြးဖြားလာခ်ိန္ကစတင္လို႔ သူ႔ခႏၲာကိုယ္ကို ဂ႐ုတစိုက္ေစာက္ေရွာက္သြားဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။
ညတိုင္း ၁၀ နာရီထိုးတာနဲ႔ အိပ္ရာထဲသို႔ေရာက္ၿပီး ျဖစ္ေနရမည္။ သို႔ေပမယ့္လို႔ ယေန႔တြင္ ဘယ္ေလာက္ပဲအိပ္ဖို႔ႀကိဳးစားႀကိဳးစား အိပ္လို႔မေပ်ာ္ျဖစ္ေနေတာ့သည္။
သူ႔စိတ္ထဲတစုံတရာကေရာက္ေရာက္လာ၏။ သူ႔ဦးေႏွာက္ကိုအၾကမ္းပတမ္းအလုပ္ေပးစဥ္းစားခိုင္းေသာ္လည္း သူဘာကိုေမ့ေနတယ္ဆိုတာကိုအစေဖာ္မရေပ။
ဘယ္အခ်ိန္အိပ္ေပ်ာ္သြားလဲဆိုတာကိုပင္ သူ႔ကိုယ္သူ မသိလိုက္မိေပ။
ေဟာ္မိသားစုထဲတြင္ေတာ့ ည ၉ နာရီတိတိမွာ အိပ္ရာဝင္တက္သည့္ ေဟာ္ခြၽီမွာ အစဥ္အလာေတြဖ်က္လို႔ ညနက္ေနေလသည္။
သူသည္ေတာင့္ေတာင့္ႀကီးထိုင္ေနၿပီး စူးစမ္းေနရာကေန ေမွ်ာ္လင့္တႀကီးတက္ႂကြေနေသာအမူအရာမွ စိတ္ပ်က္အားေလ်ာ့သြားသည့္ပုံစံေပါက္ေနေတာ့၏။
ခ်င့္ဟြမ္က သူ႔ကိုဖုန္းေခၚမယ္လို႔ေျပာလိုက္တယ္.. ဘာလို႔ ခုထိမေခၚေသးတာပါလိမ့္..?
သူေပးလိုက္တဲ့ ကတ္မ်ားေပ်ာက္သြားလို႔လား..
ဒါမွမဟုတ္ ဘယ္နားထားမိလဲေမ့သြားလို႔လား?
ဒီလိုသာဆိုသူဘယ္လိုလုပ္ရမလဲ.?
ေဟာ္ခြၽီမွာ သူ႔ဖုန္းပါဝါခလုတ္အားမၾကာခဏ
ႏွိပ္ေနမိကာ ႀကဳံေတာင့္ႀကဳံခဲရတက္မေအးႏိုင္ေအာင္ျဖစ္ေနရ၏။
သူ႔အားအျပင္ဘက္ကေန ေခ်ာင္းၾကည့္ေနသည့္ အကိုႏွစ္ေယာက္မွာေတာ့ အထိတ္တလန႔္ေသြးပ်က္ လို႔ေနေခ်သည္။
ေဟာ္ယုံမွာေဟာ္က်န္းအား မေနႏိုင္မထိုင္ႏိုင္ေမးမိလိုက္တာက
“က်န္း သူဘာေတြျဖစ္ေနတာလဲ? သူ႔ပုံစံ ဒီေန႔နည္းနည္းထူးဆန္းေနတယ္”
ေဟာ္က်န္းကမ်က္ေမွာင္က်ဳံ႕လို႔
“သူအႏၲရာယ္မ်ားတဲ့ စမ္းသပ္ခ်က္အသစ္ေတြ လုပ္ေနတာမ်ားလား?”
ပ႐ိုတြန္ရဲ႕သက္တမ္းကိုေလ့လာဖို႔အတြက္ ေဟာ္ခြၽီမွာ သူ႔ကိုယ္သူေရကန္ထဲ ၃ ရက္လုံးလုံးစိမ္ထားခဲ့ဖူးသည္။
သူဟာ မည္သူ႔စကားမွနားမေထာင္ဘဲ သူ႔ကိုယ္သူ splinter patron ျဖစ္သြားၿပီဟု အခိုင္အမာဆိုေန၏။
ေနာက္ဆုံးတြင္ ေဟာ္က်န္းမွာ ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ သူ႔ကိုေမ့ေအာင္လုပ္ၿပီး အိမ္ျပန္ေခၚလာခဲ့ရဖူးသည္။ သူ႔ဒီေန႔ပုံစံက ေဟာ္က်န္းအား အဲ့တုန္းက အေျခအေနကိုျပန္အမွတ္ရသြားေစသည္။
“အိုး မေကာင္းေတာ့ဘူး….!”
ေဟာ္ယုံမွာ ေၾကာက္လန႔္တၾကားျဖင့္ သူ႔ေခါင္းေမႊးေတြေတာင္ေထာင္တက္လာသလို ခံစားလိုက္ရေပ၏။
သူက ညီးညဴျမည္တမ္းလိုက္မိကာ
“ဒီလိုမ်ိဴးသာ ေနာက္တေခါက္ထပ္ျဖစ္ရင္ ကြၽန္ေတာ္ေတာ့ ေသမွာပဲ...”
ေဟာ္က်န္းမွာ ေဟာ္ခြၽီၾကားသြားမွာစိုးရိမ္တာေၾကာင့္ သူ႔အား ရႈး လုပ္ဖို႔ ႀကိဳးစားလိုက္ေသာ္လည္း ေနာက္က်သြားရေခ်ၿပီ။
ေဟာ္ခြၽီမွ ႐ုတ္တရက္ထရပ္လိုက္ကာ သူတို႔ရွိရာဆီ အမူအရာကင္းမဲ့အသက္မပါသည့္မ်က္ဝန္းမ်ားျဖင့္ လွမ္းၾကည့္ေနေတာ့၏။
ေဟာ္ယုံကပုံမွန္ျဖစ္ေစဖို႔ႀကိဳးပမ္းလိုက္သည္။
“ေဟာ္ခြၽီ ငါတို႔က မင္းဘာလို႔မ်ားမအိပ္ေသးတာပါလိမ့္ဆိုၿပီးလာၾကည့္တာ”
“ဒါ”
ေဟာ္ခြၽီက ေဟာ္ယုံေရွ႕သို႔ သူ႔ဖုန္းအားထိုးေပးလိုက္ၿပီး “ဒီမွာ missed calls ေတြရွိလား?”
ခ်င့္ဟြမ္က သူ႔ကိုေခၚထားတာလဲျဖစ္ႏိုင္တာပဲ...ဒါေပမယ့္ သူကဖုန္းသုံးတာသိပ္မကြၽမ္းလို႔ လြတ္သြားတာျဖစ္ရမယ္...
ေဟာ္ခြၽီက ဒီလိုေတြးမိလိုက္ရင္ ပိုၿပီးက်ိဳးေၾကာင္းဆီေလ်ာ္တယ္လို ထင္လိုက္၏။
ထို႔ေၾကာင့္ သူကေဟာ္ယုံအား အေလာတႀကီးျဖင့္
“ကြၽန္ေတာ့္ကို ဒါေလးတခ်က္ေလာက္ၾကည့္ေပးပါ..”
“ဘာ missed calls လဲ?"
ေဟာ္ယုံမွာ တီးတိုးတီးတိုးေရ႐ြတ္လိုက္ေသာ္လည္း ယူၿပီးေသခ်ာေလးစစ္ေပးေနသည္။
သူ႔ဖုန္းထဲမွာ missed calls ဟူ၍ ဘာဆိုဘာမွမရွိေပ...!
“ဘယ္သူမွမေခၚထားဘူး..”
ေဟာ္ယုံမွာ ဖုန္းေလးကိုင္လို႔ ေဟာ္ခြၽီေရွ႕ခါယမ္းျပလိုက္၏။
သူ သူငယ္ခ်င္းအသစ္ေတြမ်ားရထားတာလား? ဒါေပမယ့္ ဒါကလဲမျဖစ္ႏိုင္ဘူး...
သူ႔ညီေလး၏ပင္ကိုစ႐ိုက္အရ ေဟာ္ယုံမွာ သူ႔ညီငယ္ေလးမွာ ဖုန္းလုပ္ေဆာင္ခ်က္ေတြကို သိခ်င္လို႔သာျဖစ္မည္ဟု ေကာက္ခ်က္ခ်မိေတာ့သည္။
“ကြၽန္ေတာ္ သိၿပီ...”
ေဟာ္ခြၽီ၏မ်က္ႏွာမွာ ခ်က္ခ်င္းလက္ငင္းကို ေမွာင္မိုက္သြားရေတာ့သည္။
ပင္ပန္းႏြမ္းနယ္ေနသလို သူ႔အခန္းထဲသို႔ျပန္ဝင္သြားေတာ့ကာ သူ၏ခုံေရွ႕တြင္ မႈိေလးတခုလို ေဆာင့္ေၾကာင့္ထိုင္ေနေတာ့၏။
ထို႔ေနာက္မွာေတာ့ ေဟာ္က်န္းႏွင့္ေဟာ္ယုံက ဘာေတြေမးေမး သူသည္ လွ်ာေကာဝိဉာဥ္ပါ ေပ်ာက္ဆုံးေနဟန္ျဖင့္ ပါးစပ္ေပါက္ကိုပိတ္ထားေလေတာ့သည္။
ယြီခ်င့္ဟြမ္မွာ သူဘယ္ခ်ိန္အိပ္ေပ်ာ္သြားတယ္ဆိုတာကို မသိလိုက္ေပ။ သူ၏အိပ္မက္ထဲမွာေတာ့ ေဟာ္ခြၽီသည္ သူ႔နာမည္ကို ဘုန္းႀကီးတပါး တရားစာ႐ြတ္ဖတ္ေနသလို တဖြဖြ႐ြတ္ေနေတာ့သည္။
ခ်င့္ဟြမ္...ခ်င့္ဟြမ္...ခ်င့္ဟြမ္...
ယြီခ်င့္ဟြမ္မွာ ထို႔ေနာက္တြင္လန႔္ႏိုးလာရေတာ့၏။
ဒီေတာ့မွ သူေဟာ္ခြၽီအားဖုန္းေခၚမယ္ဆိုၿပီး ကတိေပးခဲ့ေၾကာင္းကို သတိရေတာ့၏။
သူ ေဟာ္ခြၽီအေၾကာင္းသိရသေလာက္ဆိုရင္ သူ
ဖုန္းမေခၚမခ်င္းအိပ္ဦးမွာမဟုတ္ေပ။
ထို႔ေၾကာင့္ သူကအခန္းမီးကိုခ်က္ခ်င္းေကာက္ဖြင့္လိုက္ကာ နာမည္ကတ္ကိုထုတ္လို႔ နံပတ္ေလးတခုကို ေကာက္ႏွိပ္လိုက္၏။
ဖုန္းသံတခ်က္ေလးျမည္ယုံရွိေသး တစုံတေယာက္က တန္းလာကိုင္ေလသည္။
လိုင္း၏တဖက္ျခမ္းမွာေတာ့ ေဟာ္ခြၽီ၏ ဖ်တ္လတ္ တက္ႂကြေနသည့္အသံကေပၚလာကာ
“ခ်င့္ဟြမ္!”
“ဝိုး မင္းကိုင္တာျမန္လိုက္တာ!”
ယြီခ်င့္ဟြမ္မွာ အတန္ငယ္အံအားသင့္သြားရကာ ထို႔ေနာက္တြင္ သူ႔အားလွမ္းေနာက္လိုက္ေတာ့သည္။
“မင္း ဖုန္းေဘးမွာထိုင္ေစာင့္ေနတာလား?”
“ဟုတ္တယ္”
ေဟာ္ခြၽီမွာ စဥ္းေတာင္မစဥ္းစားဘဲ တန္းေျဖလိုက္၏။
“ငါ မင္းဖုန္းကိုတညလုံးေစာင့္ေနတာ ....”
ယြီခ်င့္ဟြမ္မွာမတက္သာဘဲ သူ႔ဖုန္းကိုၾကည့္လိုက္မိေတာ့ ၁၂ နာရီေတာင္ထိုးေနေခ်ၿပီ။
ေဟာ္ခြၽီ ဘယ္ေလာက္ေတာင္ေစာင့္ေနရပါလိမ့္?
သူက အရမ္းကိုအားနာသြားရရင္း ခ်က္ခ်င္းပဲ ေတာင္းပန္လိုက္ေတာ့သည္။
“ေတာင္းပန္ပါတယ္...ေဟာ္ခြၽီ ..ငါေမ့သြားခဲ့တာ..”
ေဟာ္ခြၽီက သူ႔အားလုံးဝစိတ္မဆိုးပဲ
“ရပါတယ္ ဘာပဲျဖစ္ျဖစ္ မင္းစကားတည္တာပဲေလ..”
သူ၏စကားမ်ားက ယြီခ်င့္ဟြမ္အား စိတ္သက္သာရာမရေစသည့္အျပင္ ပိုလို႔ေတာင္ဆိုးဆိုးဝါးဝါးခံစားရလာေစ၏။
ေဟာ္ခြၽီမွ ဖုန္းေလးကိုစိုက္ၾကည့္ေနၿပီး သူ႔ဖုန္းအေခၚ ထိုင္ေစာင့္ေနသည့္သနားစရာပုံရိပ္ေလးကို ျမင္ေယာင္ ပုံေဖာ္မိကာ ယြီခ်င့္ဟြမ္မွာ သူ႔ကိုယ္သူ ခ်ီးဘရိန္းလို႔ေတာင္ ထင္ျမင္လိုက္ေတာ့သည္။
သူဘာမဆိုေမ့လို႔ရေပမယ့္ ဒါကေတာ့မဟုတ္ေသးဘူးေလ...
“ဒါငါ့အမွားပါ... မင္း ခုအိပ္ေတာ့ေနာ္..ငါမင္းကို စားေကာင္းတာတခုခုလိုက္ေကြၽးမယ္ဟုတ္လား?”
ယြီခ်င့္ဟြမ္မွာ သူ႔အမွားအတြက္ အေလ်ာ္အစားျပန္ေပးဖို႔ ဆုံးျဖတ္လိုက္သည္။
“သေဘာတူတယ္”
ေဟာ္ခြၽီမွာ ယြီခ်င့္ဟြမ္ဘာကိုဆိုလိုခ်င္တယ္ဆိုတာ နားမလည္ေသာ္လည္း ယြီခ်င့္ဟြမ္အားေတြ႕ႏိုင္မယ္ ဆိုတာႏွင့္ တန္းသေဘာတူလိုက္ေတာ့၏။
ယြီခ်င့္ဟြမ္က တခုခုေျပာလိုက္ၿပီး ဖုန္းခ်လိုက္ေတာ့သည္။ ဘာေၾကာင့္လဲဆိုေတာ့ သူအေတာ္ေလးကို ငိုက္ျမည္းေနလို႔ပင္။
အခုခ်ိန္မွာ သူကယြီခ်င့္ဟြမ္ဖုန္းနံပတ္တင္မကေသး.. သူနဲ႔ညစာအတူစားဖို႔ပါ အခြင့္အေရး
ရသြားၿပီ!
မေကာင္းေသာစိတ္ခံစားခ်က္ေတြမွာ အလုံးစုံကင္းရွင္းေပ်ာက္ကြယ္သြားေခ်ေလၿပီ။
ေဟာ္ခြၽီမွာဖုန္းကိုခ်ထားလိုက္ၿပီးေတာ့ ေရေႏြးပူပူေလးနဲ႔ေရခ်ိဳးကာ ေက်ေက်နပ္နပ္အိပ္ရာဝင္သြားေတာ့သည္။
ဒါေပမယ့္လို႔ ဒီျဖစ္စဥ္ကိုအျပင္ကေန အစအဆုံးေခ်ာင္းၾကည့္ေနၾကသည့္ အမႊာညီအကိုႏွစ္ေယာက္အတြက္ဆိုရင္ျဖင့္ အိပ္မေပ်ာ္သည့္ျဖစ္သြားေခ်ေတာ့သည္။
ေဟာ္က်န္း “ခ်င့္ဟြမ္ဆိုတာ ဘယ္သူလဲ?”
ေဟာ္ယုံက ေခါင္းကိုကုတ္ကာ
“အရင္တေခါက္က ကြၽန္ေတာ္ေျပာတဲ့တေယာက္ေလ... ကြၽန္ေတာ္တို႔ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ C-list သ႐ုပ္ေဆာင္တေယာက္...”
ေဟာ္က်န္းက ေဟာ္ယုံအားစူးစိုက္ၾကည့္လို႔
“ေဟာ္ခြၽီက မင္းကုမၸဏီကသ႐ုပ္ေဆာင္တေယာက္နဲ႔ ဘယ္လိုသိကြၽမ္းေနတာလဲ? မင္းသူတို႔ကို မိတ္ဆက္ေပးထားတာလား?”
ေဟာ္ယုံမွာ မတရားအထင္ျမင္လြဲမွားသလို ခံစားလိုက္ရကာ
“ကြၽန္ေတာ္လဲ သူတို႔ တေယာက္နဲ႔တေယာက္ ဘယ္လိုသိသြားၾကလဲ သိခ်င္ေနတာ..”
ခဏေလးရပ္တန႔္ေနကာ သူက ေဟာ္ခြၽီအခန္းတံခါးကို တိတ္တိတ္ေလးေစ့ပိတ္လိုက္ၿပီး ေျပာလိုက္သည္။
“သူ အဲ့ဒီ C-list သ႐ုပ္ေဆာင္နဲ႔ သြားေတြ႕ေတာ့မယ္.. ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ?”
ေဟာ္က်န္းက က်ိန္းေသေပါက္ကို
“ေမးေနစရာေတာင္လိုေသးလား? ေသခ်ာေပါက္ သူ႔ေနာက္က လိုက္သြားရမွာေပါ့..”
အဲ့ဒီ C-list သ႐ုပ္ေဆာင္ဆိုတဲ့သူက ဘာေတြဂြင္ဆင္ေနလဲဆိုတာ ဘယ္သူေျပာႏိုင္မွာလဲ...
သူတို႔ေတြ ႏိုးႏိုးၾကားၾကားနဲ႔ သတိဝီရီယအျပည့္ရွိေနဖို႔လိုတယ္!
ေနာက္တေန႔မနက္ေစာေစာေရာက္ေသာအခါ ယြီခ်င့္ဟြမ္မွ ေဟာ္ခြၽီအားလာေရာက္ေခၚေဆာင္ေတာ့ သည္။
သူမသိလိုက္သည္က ေဟာ္မိသားစုေနာက္ကားတစီးတြင္ အမႊာညီအကိုႏွစ္ေယာက္က သူတို႔ေနာက္
မ်က္စိေဒါက္ေထာက္ျဖင့္ လိုက္ေနတာဆိုတာကိုပင္....
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,
T/N >>> ေဟာ္ခြၽီေလးပါတဲ့ အခန္းဆို ဘာသာျပန္ရတာ ေပ်ာ္ေနေကာပဲ
တခ်ိဳ႕စကားလုံးေတြက ဗမာလို တိုက္႐ိုက္ျပန္စရာမရွိလို႔ အနီးစပ္ဆုံးျပန္ေပးထားတယ္ေနာ္ ဖ႐ုတို႔ 🥺