ချည်တိုင်

By hAnn63

231K 22.1K 1.3K

ချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29 (Final Episode)
Episode : Zero : Tie Me Down
Author's noted.
Book publishing.
Book Order.
ချည်တိုင် Sec Edition

27

6.4K 658 105
By hAnn63

Background music for this paragraph 🌺

'La Jeune Fille en Feu' by Para One & Arthur Simonini (from Portrait Of A Lady On Fire)
သီချင်းနားထောင်ရင်းဖတ်မယ်ဆိုရင် ဒီအပိုဒ်မဆုံးမချင်း repeat လုပ်ထားပေးပါ။ 🤎 အောက်တစ်ပိုဒ်အတွက်ကိုလဲ အဲ့အပေါ်နားမှာ ထပ်ထည့်ပေးထားပါတယ်။ သီချင်းနှစ်ပုဒ်ကို List အရင်လုပ်ထားချင်ရင်တော့ စာမဖတ်သေးပဲ ကျော်ခွပြီး သီချင်းနာမည်ကိုအရင်ကြည့်လိုက်နော် ^^

-ချည်တိုင်-

အထက်တန်းကျောင်းတက်တုန်းက အမေအိမ်ပြန်မလာတဲ့ညတွေဆို Jisoo ဟာ စာကျက်ရင်း စောင့်တတ်တယ်။ အဖေကတော့ စာလုပ်ပြီးတာနဲ့အိပ်ဖို့ဖြောင်းဖျပေမယ့် အမေက အဖေ့ကို မချစ်နိုင်ဘူးဆိုတာ Jisoo မယုံပါဘူး။ နေမကောင်းတဲ့သူငယ်ချင်းကို သွားပြုစုပြီး အချိန်တန်ရင် မိသားစုဆီပြန်လာမယ့်အမေလို့ပဲထင်နေခဲ့တယ်။ တစ်လမှာ သုံးလေးခါလောက်တော့ အမေအိမ်ပြန်လာတတ်တယ်။ နွမ်းနယ်နေတဲ့အမေဟာ သူငယ်ချင်းမကို စိတ်ပူတတ်လွန်းစွာနဲ့ အိမ်ပြန်လာလဲ ဖုန်းပြောနေတတ်တယ်။

"နေကောင်းသွားမှာပါ"
"ငါတို့အတူရှိနေတာပဲ ဘာမှထပ်မဖြစ်လာပါဘူး"
"ခက်ခဲတယ်ဆိုပေမယ့် ငါ့ကိုယုံပါ"

မီးဖိုချောင်ထဲမှာ အဖေနဲ့ Jisoo ဖို့ ညစာပြင်ပေးတဲ့အချိန် အမေပြောနေတဲ့စကားတွေကို နားထောင်ကြည့်တိုင်း အမေဟာ သူချစ်ရတဲ့သူ ဘယ်သူဆိုတာ အတိအကျ သိနေတဲ့လူတစ်ယောက်လို ယုံကြည်ချက်တွေပြည့်နေခဲ့တယ်။

ရံဖန်ရံခါ အဖေက "ငါဘာလိုအပ််ချက်တွေရှိနေသလဲ" လို့ အမေ့ကိုမေးနေတာကြားတိုင်း Jisoo ကပဲ အမေ့အစား ခေါင်းခါပြမိတယ်။ ဟင့်အင်း .. အဖေဟာ ဘာလိုအပ််ချက်မှမရှိပါဘူး။ Jisoo ကို တည်တည်ငြိမ်ငြိမ်မိန်းကလေးတစ်ယောက်ဖြစ်အောင်၊ မိသားစုကို တွယ်တာတတ်အောင်၊ မိသားစုအပေါ်သိတတ်အောင် အမြဲသွန်သင်ပေးခဲ့တဲ့အဖေ။ စာအုပ်ဆိုင်မှာ ဘောင်းဘီတွေအရောင်နွမ်းတဲ့ထိ ထိုင်ရင်း ရသမျှပိုက်ဆံ Jisoo အတွက် သုံးခဲ့တဲ့အဖေ။

အမေထွက်သွားတဲ့နေ့က ပြောခဲ့တဲ့စကားကိုမှတ်မိသေးတယ်။
"ရွေးချယ်စရာတွေရှိတဲ့ဘဝမို့လို့ ရွေးခွင့်ရနေတုန်းမှာ ကျွန်မသူ့ကိုရွေးချယ်ချင်တယ်" တဲ့။ အရွေးချယ်ခံဘဝမျိုးမရခဲ့တဲ့အဖေဟာ အမေ့ကို တားတယ်။ Jisoo က အမေ့ကို ထွက်သွားဆိုပြီး နှင်ထုတ်ရင်း ကိုယ်တိုင်ကပဲ ဦးအောင်ထွက်လာသူဖြစ်ခဲ့တယ်။ Chanel မှာ အလုပ်မရခင်တုန်းက ရရာအလုပ်ကိုလုပ်ပြီး အဖေ့စာအုပ်ဆိုင်ကို ခဏခဏသွားတယ်။ အဖေခဏခဏသတ်သေတယ်။ ဒါပေမယ့် အဖေမသေခဲ့ပြန်ဘူး။ အဖေ့မှာ ဒီဝဋ်ကို မကြေမချင်းဆပ်ရမယ့်ကံ ပါပုံပဲ။

ပျော်ရွှင်နေတဲ့ ဘဝနှစ်ခုအတွက် တစ်စုံတစ်ယောက်ကတော့ ချောင်တစ်ချောင်မှာ ပြိုလဲနေပေးရတာပါပဲ ...

"Soo ya အမေ့ကိုသိပ်မုန်းတာသိပါတယ်။ ဒါပေမယ့် အမေသူ့ကိုချစ်တယ်"

ညသုံးနာရီ၊ ကော်ဖီဆိုင်ထဲက အမှောင်ထဲမှာ အသက်ရှုရုံထိုင်နေတဲ့သမီးဖြစ်သူကို ခပ်တိုးတိုးပြောတော့ Jisoo က သူမကိုကြည့်မလာဘူး။ ဘယ်ကစမှားသလဲဆို ယောက်ျားတစ်ဦးကိုလက်ထပ်ခဲ့ရာကနေ စမှားပါတယ်။ ဒါပေမယ့် Jisoo ကို မွေးဖွားလိုက်ရလို့ Mrs Kim ဟာ နောင်တမရခဲ့ဘူး။ ဘဝရဲ့ လေးပုံနှစ်ပုံကို အမျိုးသားနဲ့သမီးအတွက် ပေးဆပ်ခဲ့ပြီး လက်ကျန်အချိန်တွေကို တစ်စုံတစ်ဦးအနားမှာရှင်သန်ခဲ့ချင်ရုံပါ။

"အမေ ... ကျွန်မကိုထားခဲ့တာ နောင်တရလားဟင်"

အမေ့ကိုမေးတော့ အမေဟာ မျက်ရည်တွေရစ်သိုင်းလာပြန်တယ်။ ဆိုင်အပြင်ကိုကျောခိုင်းထိုင်ထားတဲ့သူမက၊ ဆိုင်အပြင်ကိုမျက်နှာမူထားတဲ့ အမေ့ကို အပြင်ကမီးရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

"နောင်တရဖို့တောင် နောင်တတွေမကျန်ခဲ့ပါဘူး Jisoo ရယ်"

"အမေ ... ပျော်နေခဲ့သလားဟင်။ သမီးနဲ့အဖေ့ရဲ့အဝေးမှာ အဲ့တစ်ယောက်နဲ့ အမေ တကယ်ပျော်သလား။ အမေလိုချင်တဲ့ပျော်ရွှင်မှုကို ရခဲ့လို့သာ ပြန်မလာခဲ့တာပေါ့ ဟုတ်သလား"

ငိုဖို့အားတွေ ကုန်ခမ်းသွားသလို ရုပ်သေးကြိုးပြတ်ဖြစ်တည်မှုမျိုးနဲ့ Jisoo မေးတော့ အမေက ခေါင်းခါပြတယ်။

"သူရော အမေရော တစ်ရက်ကလေးမှ မပျော်ခဲ့ပါဘူး။ ဒါပေမယ့် ကျေနပ်ခဲ့တယ်"

အမေ မပျော်ခဲ့ဘူးဆိုတာသိရတော့ Jisoo ဖြင့် ဝမ်းသာလိုက်တာ။ သူမနဲ့အဖေ့လိုပဲ အမေမပျော်ခဲ့ဘူးဆိုတာသိရတော့ Jisoo ပျော်လိုက်တာ။

"အခုရော ဘာလာလုပ်တာလဲ? သူ့အတွက်ဆေးဖိုးလာတောင်းတာလား?"

အမေ့ခေါင်းတွေ ငိုက်ကျသွားတယ်။ ကမ္ဘာပြိုတစ်ခုကို ထမ်းထားရတဲ့ လေးလံမှုမျိုးနဲ့ အမေ့ခေါင်းတွေ ငိုက်ကျသွားတာ ...

"သူဆုံးသွားတာကြာပြီ"

အမေ့စကားသံမှာ Jisoo နှုတ်ခမ်းဖျားတွေတုန်သွားတယ်။ တုန့်ပြန်ရမယ့် သွေးကြောတွေမလှုပ်ရှားတော့ဘူး။ တဖောက်ဖောက်ကျလာတဲ့ အမေ့မျက်ရည်တွေကိုမြင်တော့ တစ်နေရာရာကို ပြေးလွှားသေချင်စိတ်တွေဖြစ်လာတယ်။ ခြေဖျားတွေကိုကုပ်ထားလိုက်မိတယ်။ ဒီနေရာလေးမှာတင် ပျောက်ကွယ်သွားချင်စိတ်တွေထပ်ဖြစ်လာတယ်။

"နှစ်သစ်ကူးတဲ့နေ့က သူဆုံးတဲ့ နှစ်ပတ်လည်နေ့လေ Jisoo သူဆုံးသွားတာ လေးနှစ်ရှိပြီ"

ထင်းတွေလောင်ကျွမ်းပြီး တဖြောက်ဖြောက်မြည်နေတဲ့ မီးပုံထဲကို တစ်လှမ်းချင်းတိုးဝင်သွားရသလိုမျိုး Jisoo လောင်ကျွမ်းသွားတယ်။ အမေက မျက်ရည်တွေပဲကျနေတာ။ အမေမငိုဘူး။ သူမ သိတယ်။

"ဘာလို့ပြန်မလာခဲ့လဲဆိုတော့ အမေ နောင်တတွေမကျန်တော့လို့ပါ။ သမီးတို့အနားမှာ ပြန်လာနေခဲ့ဖို့လဲ အဲ့လောက်ထိအရှက်မမဲ့နိုင်ပါဘူး။ သမီးကိုတွေ့ချင်လာရင် သူ့ကိုအကြောင်းပြပြီး လာရတာနဲ့တင် သူ့ကိုအားနာရပါတယ်။ နောက်ပြီး သူက အမေ့ဘဝရဲ့ ပထမဆုံးတွေအတွက် နေရာယူခဲ့ပြီး အမေ့ရဲ့နောက်ဆုံးဖြစ်ခဲ့တာမို့လို့ ..

"ဟင့်အင်း .. မကြားချင်ဘူး။ အမေအဲ့မိန်းမကိုသိပ်ချစ်တာကို ကျွန်မ မကြားချင်ဘူး မပြောနဲ့ !!"

ဆတ်ခနဲ ထအော်ပစ်တော့ အမေက မော့ကြည့်တယ်။ ဆတ်ခနဲခေါင်းပြန်ထောင်လိုက်တဲ့အမေ့မျက်ဝန်းထဲက မျက်ရည်စတွေက Jisoo သွေးကြောတွေထဲကို လွင့်စင်လာသလိုခံစားရတယ်။ အမေ ဒီလေးနှစ်မှာ ဘယ်လိုရှင်သန်နေခဲ့လဲ ..

"ဒီနာကျင်မှုတွေကို အဆုံးသတ်ရအောင်လား သမီးငယ်ရယ်။ အမေ့ကို အဲ့အခွင့်အရေးလေးတစ်ခုတော့ပေးပါ"

လူတစ်ယောက်နာကျင်ရင် ငိုဖို့မေ့သလား။ Jisoo ဘယ်လိုငိုရမလဲမသိတော့ဘူး။ နားထဲကိုဝင်လာတာ Jane ရဲ့ ရယ်သံတွေ။ နှာဖျားကိုတိုးလာတာက အဖေဆေးရုံတက်တုန်းက ဆေးနံ့တွေ။ ပြီးတော့ .. ပြီးတော့ .. ငယ်ငယ်က အမေ့ရင်ခွင်ထဲကိုဝင်တိုင်း ရတတ်တဲ့ လာဗင်ဒါရေမွှေးနံ့။

"သူ .. ဘာလို့သေသွားတာလဲ"

တမြေ့မြေ့လောင်ကျွမ်းနေရတဲ့ ပူလောင်မှုမျိုးကို တစ်ကိုယ်လုံးနဲ့ သိမ်းကြုံးဖက်ရင်း Jisoo မေးလိုက်မိတယ်။

"သမီးအဖေနဲ့ အမေနဲ့ လက်ထပ်တာ မိဘတွေရဲ့စီစဉ်မှုကြောင့်ဆိုတာ သမီးသိတယ်မလား"

"အဖေနဲ့အကြောင်းကိုမသိချင်ဘူး။ မေးတာကိုပဲဖြေ !! အဲ့မိန်းမ ဘာလို့သေသွားတာလဲ"

ကော်ဖီဆိုင်စားပွဲခုံပေါ် လက်တွေတင်ထားရင်း တဆတ်ဆတ်တုန်လာတဲ့အသိစိတ်ကြောင့် လက်တွေကို ခုံပေါ်ကနေချလိုက်ရတယ်။

"သူ့ကိုယ်သူသတ်သေသွားတာ"

ခန္ဓာကိုယ်အတွင်းထဲက တစ်ခုခု ဆတ်ခနဲ ခုန်ထွက်သွားသလိုပဲ။ ထိန်းချုပ်လို့မရတော့တဲ့အဆုံး Jisoo အသက်ကို ရှိုက်ထုတ်ပစ်လိုက်တော့ မျက်ရည်တွေ ဒလဟော ဖိတ်ကျသွားတယ်။

"မိသားစုတစ်ခုကိုဖျက်ဆီးပစ်ပြီး ချစ်ရတဲ့သူနဲ့ အချိန်အကန့်အသတ်တစ်ခုလောက်ပဲ သူနေချင်ခဲ့တယ်။ အတူသေဖို့လုပ်ထားပေမယ့် .. အမေက .. အမေက .. သမီး အရွယ်ရောက်လာတာကို အဝေးကဖြစ်ဖြစ် ငေးကြည့်ချင်ခဲ့လို့ သူ့ကိုအားနာစွာပဲ ရှင်သန်ရစ်ခဲ့တာပါ"

"အဟားးးးး"

အရူးတစ်ယောက်လို Jisoo ထရယ်တော့ အမေက ခေါင်းတွေခါတယ်။ ငိုတယ်။ အမေငိုတယ် .. အခုမှ အမေတကယ်ငိုတာ။

"ကျွန်မ ဘာတွေလုပ်မိလိုက်တာလဲ။ လူတွေကိုသတ်လိုက်မိလား။ တစ်ပါးသူရဲ့ခံစားချက်တွေကိုသတ်လိုက်မိလား။ ကျွန်မပဲမှားခဲ့တာလားအမေ .. ကျွန်မဖြစ်တည်မှုက ဘာတွေမှားခဲ့လဲ !!! ဖြေပါဦး !! ကျွန်မက ဘာအတွက်ဖြစ်တည်နေရတာလဲ !!"

ဆိုင်ထဲကနေပြေးထွက်ပြီး လမ်းမပေါ်ထွက်သွားချင်ပေမယ့်လေ .. Jisoo တစ်ကိုယ်လုံး ကျိန်စာသင့်နေသလိုပဲ။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ အတွင်းထဲက ပူလောင်မှုတွေကို ခံစားလို့ရနေတယ်။

"သမီးကို သူကလဲ .. ချစ်ခဲ့ပါတယ်။ သမီးပုံလေးတွေမြင်တိုင်း သူပြုံးပြီးကြည့်ခဲ့တာပါ။ တစ်ခေါက်လောက် အမေ့သမီးလေးကို သူက အမေနဲ့အတူလာတွေ့ချင်ခဲ့တာပါ"

"မေတ္တာတွေမထားပြပါနဲ့ !!! ကျွန်မ ရူးပြီး ဒီနေရာမှာတင် သေသွားရအောင် ကျွန်မကို မချစ်ပြကြပါနဲ့ !! တောင်းပန်ပါတယ်"

နှုတ်ခမ်းတစ်စုံကိုပဲလှုပ်ရှားနိုင်တဲ့သူမက စကားတွေကိုအော်ဟစ်ပြောနေရုံကလွဲပြီး ဘာမှမတတ်နိုင်နေဘူး။

"အစ်မကသိပ်ဆိုးတာပဲ"

နားထဲ အကန့်အသတ်မရှိစီးဝင်လာတဲ့ မိန်းမငယ်ရဲ့အသံ။ ဟုတ်တယ် Jisoo သိပ်ဆိုးတာပဲ။ Jisoo က ဘယ်သူ့အတွက်မှ ကောင်းမွန်စွာဖြစ်တည်မနေနိုင်ခဲ့ဘူး။ အဖေ အေးချမ်းစွာသေရမယ့်လမ်းကိုပိတ်ခဲ့တာလဲ Jisoo. အမေ့ရဲ့ နာကျင်မှုအဆုံးသတ်လမ်းကို တားခဲ့မိတာလဲ Jisoo.

"မတောင်းဆိုသင့်တဲ့အရာမှန်းသိပေမယ့် အမေ့ကိုခွင့်လွှတ်ပေးပါ"

အမေဟာ ထိုင်နေရာကနေ ထပြီး ခုံဘေးမှာ ဒူးထောက်ချလိုက်တဲ့အထိ Jisoo လှုပ်ရှားလို့မရဘူး။ သွားပြီ .. အကုန်လွဲသွားပြီ။ အကုန်မှန်နေခဲ့တာဟာ အကုန်မှားလာတာရဲ့အစပဲ။

"ဒီအမေကြောင့် ငယ်ဘဝမှာ အရှက်ရခဲ့သမျှအတွက် တောင်းပန်ပါတယ်သမီးရယ်"

တသိမ့်သိမ့်ငိုနေတဲ့ အမေ့ရှေ့ကိုထသွားဖို့ ရှိသမျှအင်အားတွေ စုစည်းလိုက်ရတယ်။ တစ်ကိုယ်လုံးဟာ မီးပုံထဲရပ်နေရသလိုပါပဲ။ ပူလောင်နာကျင်နေရတုန်း။

"တစ် .. တစ်ခေါက်လောက် ကျွန်မကို ဖက်ပေးပါလားအမေ"

တိမ်ဝင်သွားတော့မတတ် တိုးနေတဲ့လေသံနဲ့ Jisoo ပြောတော့ အမေဟာ အံ့ဩသွားသလိုမျိုး ဆတ်ခနဲမော့ကြည့်လာတယ်။ Jisoo အမေ့ရှေ့မှာ ထိုင်ချလိုက်တယ်။

"ဘယ်နကြိမ်မြောက်မှန်းမသိပေမယ့် နောက်ဆုံးတစ်ခေါက်အဖြစ်တော့ ကျွန်မကိုဖက်ပေးပါ"

အမေ့ရင်ခွင်ထဲကိုခေါင်းတိုးဝင်လိုက်တော့ လာဗင်ဒါရေမွှေးနံ့ကိုရတယ်။ မိုးဖွဲတွေကျလာသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး ဖွဲခနဲ ဖွဲခနဲ အေးချမ်းလာတယ်။ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလာတဲ့ အမေ့လက်တွေဟာ ငယ်ငယ်တုန်းက ကျောင်းသွားခါနီးတိုင်း၊ အိမ်ရှေ့စားပွဲခုံပေါ်မှာ Jisoo ကိုတင်ပြီး အရှေ့ကနေမတ်မတ်ရပ်လို့ ဆံပင်တွေကို နှစ်ဖက်ခွဲစည်းပေးခဲ့တဲ့ လက်တွေ။

အမေ့ခါးကိုတိုးဖက်လိုက်တော့ အိပ်ခါနီးတိုင်း ပုံပြင်ပြောပြဖို့ ဂျီကျပြီး Jisoo တိုးဝင်ဖက်ခဲ့တဲ့ခါးတွေကို သတိရလာတယ်။ အမေနဲ့ဝေးနေတာ ဆယ်နှစ်နီးနီးပဲ .. ဆယ်နှစ် !! ဒီအနွေးဓာတ်ရဲ့ အဝေးကြီးမှာ အမုန်းတရားတွေနဲ့ရှင်သန်ခဲ့ရတာဟာ ဆယ်နှစ်တဲ့။

"အဖေ့ကိုလဲ အခုလို တစ်ခေါက်လောက် ပွေ့ဖက်ပေးပါ။ ဒါကျွန်မဘက်က နောက်ဆုံးတောင်းဆိုစရာပဲ"

အမေ့ရင်ခွင်ထဲကနေ ထွက်ပြီး အမေ့ကို ကျောခိုင်းရပ်လို့ Jisoo ပြောလိုက်တယ်။ နောက်ပြီး အမေ့ဆီက ခပ်တိုးတိုးစကားသံ။

"သူနဲ့အတူလိုက်မသွားခဲ့တဲ့တစ်လျှောက်လုံး နေခဲ့ရကျိုးနပ်တယ်ဆိုတဲ့ခံစားမှုကို အခုမှပဲရတော့တယ်" တဲ့။

သူမ သိသွားရတာတစ်ခုကတော့ ... အမေ့အတွက် ဟိုအမျိုးသမီးဟာ ချည်တိုင်ဆိုတာပါပဲ။

🧵

Background music for this paragraph 🌺

'Never Let Me Go' by Florence + the Machine (ဒါလေးလဲ ဒီအပိုဒ်အတွက် repeat ပါပဲ) 🤎

🧵

"Jane !!! အန်ကယ် !!!"

ခြံရှေ့ကကြားနေရတဲ့အသံကျယ်ကျယ်ကြောင့် ဒယ်ဒီ့ရင်ခွင်ထဲ ငိုရင်းအိပ်ပျော်သွားပြီး လန့်နိုးလာတဲ့ Jennie ရော၊ Jennie ကို ဖက်ထားပြီး ငြိမ်သက်နေတဲ့ဒယ်ဒီရော တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိတယ်။ ဆောင်းကုန်ခါနီးမှ အပြင်မှာ နှင်းတွေကျနေတယ်။

"Jane !!! အစ်မ တောင်းပန်ပါတယ်။ ခဏလောက်တွေ့ခွင့်ပေးပါ !!"

အစ်မဟာ စကားပင်ကျယ်ကျယ်မပြောခဲ့ဖူးချေ။ ယခုလို သူများအိမ်ရှေ့မှာ မနက်လေးနာရီအချိန်ကြီး လာပြီးအော်ဟစ်နေဖို့ဆို ပိုလို့ပင်ဆိုးပါမည်။

"အန်ကယ် !! ကျွန်မကို တစ်ခုခုလုပ်ပစ်ချင်လဲရပါတယ် .. သူနဲ့တွေ့ခွင့်လေးပဲပေးပါ !!"

မနားတမ်းအော်နေတဲ့အစ်မရဲ့အသံတွေဟာ ငိုသံတွေစွက်နေတယ်။ ဒယ်ဒီ့ကိုမော့ကြည့်နေရင်းနဲ့ပဲ Jennie မျက်ရည်တွေဝဲလာတယ်။

"စိတ်ကြိုက်ဆုံးဖြတ်။ ဒယ်ဒီက သမီးဘက်ကပဲ"

"မတွေ့ချင်သေးဘူး။ အစ်မကိုမြင်တာနဲ့ တစ်ခါတည်းပြိုလဲသွားရမှာ"

"အင်း ကောင်းပြီ"

ဒယ်ဒီဟာ Jennie ကို ရင်ခွင်ထဲကနေ ဆွဲထုတ်ပြီး ဆိုဖာခုံပေါ်မှာ ထိုင်စေတယ်။ ဆက်တိုက်ငိုထားရလို့ အုံခဲနေတဲ့ခေါင်းကို နှစ်ချက်သုံးချက်ပုတ်လိုက်ပြီး ဆိုဖာကျောကိုမှီလို့ မျက်လုံးတွေမှိတ်ထားလိုက်ရတယ်။

"Jane !!! အန်ကယ် !!!"

ထပ်ပြီးအော်လိုက်တော့ အိမ်ထဲကထွက်လာတဲ့အရိပ်တစ်ခုကြောင့် Jisoo လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ Jane မဟုတ်ခဲ့။

"ငါ့သမီးကိုငိုအောင်လုပ်ပြီး အခုမှ လာအော်မနေနဲ့"

ခြံတံခါးကို ဖွင့်မပေးတဲ့ အန်ကယ်ဂျိန်းဟာ ခြံအတွင်း တံခါးရှေ့ကနေ ခါးထောက်ပြီး Jisoo ကိုအော်ပြောတယ်။

"ကျွန်မတောင်းပန်ပါတယ်။ Jane ကို ခဏလောက်ပဲတွေ့ခွင့်ပေးပါအန်ကယ်"

ခြံတံခါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း Jisoo ပြောတော့ အန်ကယ်က ခေါင်းခါတယ်။

"ဘာတွေဖြစ်သလဲမသိပေမယ့် သူမတွေ့ချင်ဘူးပြောတယ်ကွာ။ အန်ကယ်လဲ မတတ်နိုင်ဘူး။ နောက်မှထပ်လာလှည့် ဟုတ်ပလား။ အချိန်လဲ ကြည့်ဦး မနက်လင်းတော့မယ်"

"နည်းနည်းလေးကြာသွားတာနဲ့ ပိုဆိုးသွားနိုင်လို့ပါ။ ကျွန်မစောင့်ပါ့မယ်။ သူစိတ်ပြေပြီး ထွက်လာတဲ့အထိ ဒီအရှေ့မှာစောင့်နေမယ်လို့ပြောပေးပါ .. နော် အန်ကယ်။ တောင်းပန်ပါတယ်"

မျက်ရည်တွေနဲ့ ကယောင်ကတမ်းရွတ်သလိုရွတ်နေတဲ့ Kim Jisoo ရဲ့ ပုံစံဟာ အန်ကယ်ဂျိန်းအတွက်တော့ တစ်ခါမှမမြင်ဖူးခဲ့တဲ့ပုံစံပါပဲ။ ကားထဲလဲဝင်မစောင့်ပဲ ခြံရှေ့တံခါးနားတင် ထိုင်ချပစ်ပြီး အပေါ်ထပ်ကို လှမ်းငေးနေတဲ့ အဲ့မျက်ဝန်းတွေဟာ အချစ်ရူးတစ်ယောက်ရဲ့မျက်ဝန်းတွေထက်ပိုနေတယ်။

"နင့်အစ်မက ခြံရှေ့ ဒူးထောက်ပြီး စောင့်နေတယ်။ မတွေ့ချင်လဲ ထားလိုက်ဟေး အေးခဲပြီးသေတော့လဲ ငါပဲအသုဘချပေးလိုက်မယ်။ ငါတော့အိပ်ပြီ"

ဒယ်ဒီ့စကားကြောင့် Jennie မျက်လုံးတွေကိုပြန်ဖွင့်ပြီး ဒယ်ဒီ့ကိုလှမ်းကြည့်လိုက်တယ်။ ဒယ်ဒီက သူ့အခန်းထဲသူ တစ်ခါတည်းဝင်သွားတယ်။ အစ်မက သူမကိုမသိဘူးဟုပြောလိုက်သည်ကိုသာ သိလျှင် ဒယ်ဒီအခုလိုထိ နေနိုင်မည်မဟုတ်။ သာမန် စိတ်ဆိုးစိတ်ကောက်သည့် ပြဿနာဟုသာ ဒယ်ဒီသိထားသည်။ ကိုယ့်ကို မသိဘူးငြင်းလိုက်တဲ့ ချစ်ရသူအတွက် Jennie က ကာကွယ်ပေးချင်နေတုန်းပါပဲ။ အစ်မကို ဒယ်ဒီမကောင်းမြင်မှာ Jennie သိပ်ကြောက်တာ။

လျော့တိလျော့ရဲခြေလှမ်းတွေကို အပေါ်ထပ်ဆီဦးတည်ပြီးတက်လာလိုက်တယ်။ 'ကျွန်မ သူ့ကိုမသိဘူး' တဲ့။

ကုတင်ပေါ်ကို ဝုန်းခနဲပစ်လှဲချလိုက်တော့ အစ်မဆီက သူစိမ်းဆန်ဆန်စကားတွေက နားထဲတိုးလာကြတယ်။ အစ်မဟာ Jennie ကို မသိဘူးတဲ့။ အဲ့ဆိုင်ရှေ့ကနေ ကားမောင်းထွက်လာဖို့ကိုပဲ Jennie ဟာ အတော် အားသုံးခဲ့ရတယ်။ တစ်ဆစီ အပိုင်းပိုင်းကွဲထွက်ပြီး လွင့်သွားတဲ့ ပန်းပွင့်ကြွေတွေလိုပဲ။ ဘယ်နားကဘယ်လို ပြန်လိုက်ကောက်ရမလဲမသိတော့တဲ့ အသိစိတ်တွေပါ။

Pajama ထက်က အအေးဓာတ်က အထဲကိုစိမ့်ဝင်လာတော့ အိပ်မပျော်တဲ့ Jennie ထပြီး အနွေးထည်ဝတ်ရတယ်။ အကြည့်တွေကို ဝရန်တာအပြင်ဘက်အောက်နား ခြံရှေ့က အရိပ်တစ်ခုဆီ မရောက်သွားစေဖို့ အားတင်းထားရတယ်။

"ကျစ် ... အစ်မက စောက်ရူးပဲ !!"

တံခါးအကွယ်ကနေ လှမ်းကြည့်တော့ အနွေးထည်မပါ ဘာမပါနဲ့အစ်မဟာ ပေတေပြီး ဒူးထောက်ထိုင်နေတယ်။ ပြီးတော့ Jennie အခန်းရှိရာဆီပဲ အဲ့မျက်လုံးတွေက သိမ်ငယ်စွာနဲ့ လှမ်းငေးနေတယ်။ ဒီတစ်ခေါက် ပြန်အဆင်ပြေပြီးရင်လဲ ဒီလိုအဖြစ်တွေထပ်ဖြစ်ဦးမှာပဲ ..

Jennie ဘာလုပ်ရမလဲ .. Jennie ဘာလုပ်ရပါ့မလဲလေ ..

သက်ပြင်းမောကိုရှိုက်လို့ ခပ်လှမ်းလှမ်းက ချမ်းပြီးတုန်နေတဲ့ အဲ့ခန္ဓာကိုယ်ကို ဖက်ပေးထားချင်ပါတယ်။ ချည်တိုင်ဟာ ဆူးတွေတိုးထွက်လာမှန်းမသိ ထွက်လာခဲ့တော့ Jennie လို အချစ်ကို ပထမဆုံးခံစားဖူးတဲ့ မနူးမနပ် ချာတိတ်မတစ်ယောက်အဖို့ ဘယ်လိုလုပ်များ ခံနိုင်ရည်ရှိပါ့မလဲ။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကုတင်ဘက်ကိုပြန်သွားပြီး စောင်ခြုံအောက်မှာ လှဲလိုက်တယ်။ မြင်နေရတဲ့ မျက်နှာကျက်မှာ အစ်မမျက်ရည်စတွေ တွဲလောင်းခိုနေကြတယ်။

မျက်လုံးကို မှိတ်ပစ်လိုက်တယ်။

"စာအုပ်မယူဘူးဆိုရင် ဟိုဘက်နည်းနည်းလောက်တိုးပေးပါလား"

ပထမဆုံး ဆုံတွေ့မှုတုန်းက အစ်မဟာ စာအုပ်တစ်ပုံကြီးပိုက်လို့ လှချင်တိုင်းလှနေခဲ့။

"ကျေးဇူးတင်လိုက်တာ .. ဟင် .. Jennie Ruby Jane?"

ဒုတိယအကြိမ် ပြန်ဆုံတုန်းက ရှည်လျားတဲ့ဒီနာမည်ကို မှတ်မိနေပေးတဲ့ နှင်းထုထဲကအစ်မဟာလဲ သိပ်လှတာပဲ။

"တစ်ခေါက်လောက် ဆိုင်ကိုပြန်လာမယ်ထင်ခဲ့တာ။ စာအုပ်လာထပ်ဝယ်မယ်လဲ ထင်ခဲ့သေးတာ"

သူ့ဘဝထဲဆွဲသွင်းဖို့ ကြိုးစားခဲ့ပုံတွေကို ကြည့်စမ်းပါဦး ... အစ်မဟာ သိပ်ကိုဆိုးတာပဲ။

ရင်ထဲပြည့်ကျပ်လာလွန်းလို့ ညာဘက်ကိုစောင်းပြီး Jennie အိပ်ဖို့ပြင်လိုက်တယ်။

"အစ်မပုခုံးကိုမှီပြီး ခဏအိပ်လိုက်"

ပထမဆုံး Chanel event မှာ မူးလဲမလိုဖြစ်တုန်းက အစ်မဟာ သူ့ပုခုံးတစ်ဖက်ငှါးခဲ့သေးတယ်။ ဒါကိုပဲ တစ်ဘဝလုံးစာမှီတွယ်ရာလို့ သူမက အထင်မှားခဲ့မိတာဖြစ်လိမ့်မည်။

"အတူမရှိစေချင်တာက ဒီခဏအတွက်လား အမြဲတမ်းအတွက်လား Jane"

အဲ့တုန်းကတည်းက အမြဲတမ်းအတွက်လို့ဖြေခဲ့လိုက်ရင် Jennie အခုလိုမနာကျင်နေရလောက်ဘူးနော်။ ဒါပေမယ့် အစ်မကြောင့်ပဲ အခြားနာကျင်မှုတစ်ခုကို ပွေ့ဖက်ထားရနိုင်ပါတယ်။

သိပ်ခက်သည်။ အစ်မ၏ စကားသံတို့က နားထဲနှောင့်ယှက်နေသည်။ ရုပ်ရှင်တစ်ခုကို နောက်ပြန်ရစ်နေသလိုမျိုး မှတ်ဉာဏ်ဟာ အတိတ်တွေဆီပြေးလွှားပြီးတော့ကို တကူးတက နာကျင်နေသည်။

"Jane ငိုချင်လာရင် စိတ်ချလက်ချမှီပြီးငိုပစ်လို့ရမယ့် ပုခုံးရဲ့ပိုင်ရှင် အစ်မ ဖြစ်ချင်တယ်"

Jane ကို ခဏခဏငိုရအောင်လုပ်မယ်လို့ ဘာကြောင့်ထည့်မပြောခဲ့သလဲ အစ်မ။ အစ်မတစ်ယောက်ကပဲ ညီမကိုငိုစေနိုင်တာ မသိခဲ့လေရော့သလား။ Jennie ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ တမျှင်မျှင်စီးနေတဲ့ ချောင်းငယ်ထဲက ရေစီးကြောင်းငယ်တစ်ခုလိုမျိုး နာကျင်မှုကို ရင်ဘတ်ထဲမှာ တဆစ်ဆစ်ခံစားနေရတာ။ ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲပစ်လိုက်ရင်မှ ခံစားရသက်သာဦးလိမ့်မည်။

ခြေလှမ်းတွေကို ဝရန််တာတံခါးဆီဦးတည်လိုက်တယ်။ တံခါးလက်ကိုင်ကို လက်လှမ်းလိုက်တယ် .. အေးစက်နေတဲ့ အဲ့အထိအတွေ့ ..

"Christmas ညမှာ လာမယ်မလား?"

ကျဉ်ခနဲဖြစ်သွားတဲ့ ခေါင်းထဲကအသိကို လျစ်လျူရှူ့လိုက်ရတယ်။ ပွင့်သွားတဲ့တံခါးရဲ့အနောက်မှာ အအေးဓာတ်က အလုံးလိုက်အရင်းလိုက်စောင့်ကြိုနေတယ်။ မျက်နှာကိုတိုးလာတဲ့ လေအဝေ့ကြောင့် Jennie မျက်လုံးတွေကို ခဏမှိတ်ပစ်လိုက်ရတယ်။

ခြံတံခါးရှေ့က အစ်မက Jennie ကို မျှော်လင့်တကြီး မော့ကြည့်နေတယ်။ ငိုနေတာ .. အစ်မငိုနေတာ .. သူ့ကိုယ်သူကြောင့် သူ့အမေကြောင့် .. ပြီးတော့ Jennie ကြောင့် အစ်မငိုနေတာ ...

အစ်မနှုတ်ခမ်းတွေ အတင်းလှုပ်ရှားပြီး Jane လို့ ခပ်ဖွဖွခေါ်နေတယ်။

"ဖွင့်ပြောရတာခက်တယ်ဆိုပေမယ့် Jane ကိုတော့ အစ်မတကယ် မဆုံးရှုံးချင်ဘူး"

ဝရန်တာလက်ရန်းကို မှီချပြီး အစ်မကို စေ့စေ့ကြည့်လိုက်တော့ အတွေးထဲပျံ့လာတဲ့ အစ်မရဲ့စကား။ အစ်မနဲ့သူမ အကြည့်ချင်းမလွှဲမိကြဘူး။ ခြံရှေ့မှာ ဒူးထောက်ထားတဲ့ အစ်မရဲ့ နှုတ်ခမ်းတွေက အအေးဓာတ်ကြောင့် သွေးမရှိတော့တာကို မီးရောင်တွေရှိလို့ Jennie ကောင်းကောင်းမြင်နေရတယ်။ ပြီးတော့ အစ်မနှုတ်ကနေ ခပ်ဖွဖွပြောနေတာတွေကို Jennie ခန့်မှန်းလို့ရနေတယ်။ "Jane .. အစ်မ တောင်းပန်ပါတယ်" ဆိုတာပေါ့။ သိပ်ကိုတောင်းပန်ခဲတဲ့အစ်မက Jennie ကိုတော့ အဲ့စကားကို တဖွဖွပြောတတ်လာတယ်။ ဘာလို့လဲဆိုတော့ တောင်းပန်ရမယ့်ကိစ္စတွေပဲလုပ်ခဲ့လို့။

"ချစ်တယ် Jane"
"Jane ကိုသိပ်ချစ်တယ်"
"ကြားရဲ့လား ... Jane ကို အစ်မ ချစ်တယ်ဆိုတာ"

အင်း .. အခုထိပြန်ကြားနေတုန်းပဲ။ အိပ်ယာထဲမှာ အသက်ကိုလုရှူရင်း အစ်မရဲ့မျက်နှာလှလှကို ငေးကြည့်ခဲ့ရတာလဲ အခုထိမှတ်မိတုန်းပဲ။ အခုမြင်နေရတဲ့ နောင်တတွေနဲ့ မျက်နှာကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးတာ။ Jennie လည်ပင်းက ဆွဲကြိုးကို ကိုင်ကြည့်လိုက်တယ်။ သူမ အစ်မအတွက် ဘာများလုပ်ပေးနိုင်ခဲ့သလဲ .. အစ်မကိုချစ်တာကလွဲလို့ ဘာမှမပေးနိုင်ခဲ့တဲ့ သူမကလေ? ကလေးတစ်ယောက်လို ခဏခဏစိတ်ဆိုးဖို့ပဲ အားသန်နေခဲ့တဲ့ သူမက .. အစ်မကို သူ့ရဲ့အကြောက်တရားနဲ့ပတ်သတ်လို့ ဘာများကူညီနိုင်ခဲ့သလဲ?

Jennie ဝရန်တာဘက်ကနေ လှည့်ထွက်လာလိုက်တယ်။ ခြံရှေ့ကိုဆင်းဖို့ အခန်းထဲကနေ တစ်လှမ်းချင်းထွက်လာလိုက်တယ်။ ခြေလှမ်းတိုင်းမှာ သတ္တိတွေရော၊ နာကျင်မှုတွေရော ရောပြွန်းပြီး ပါလာတယ်။ Christmas မနက်ခင်းတုန်းက အစ်မဆီကိုသွားဖို့ ဒီလှေကားတွေကနေ ဒီလိုခံစားချက်မျိုးနဲ့ဆင်းခဲ့ဖူးသလား။ ဆုံးဖြတ််််ချက်တစ်ခုကို အသက်တစ်ခါရှူတိုင်း ပြန်ပြင်ချနေရတယ်။

"တို့ထင်တာကတော့ သူ့ကိုဆုံးဖြတ််ခိုင်းစေချင်တာ။ တစ်ခုခုကို သူဆုံးဖြတ်ချက်ချလိုက်နိုင်ပြီဆိုရင် အဖြေပေါ်သွားမယ်ထင်တယ် Jennie ဒီကိစ္စဟာ အခုမရှင်းရင် မင်းနဲ့သူ့ရဲ့ အနာဂတ်က ဆက်ထုံးတွေများနေတော့မှာ"

Daniel ရဲ့ စကားတွေက ကြားဖြတ်တိုးတိုက်ပြီး ခေါင်းထဲဝင်လာတယ်။ အိမ်တံခါးရှေ့ကိုရောက်တော့ Jennie တံခါးကိုဖွင့်ဖို့ လက်တွေတုန်နေတယ်။ ပွင့်သွားတဲ့တံခါးကိုမြင်တော့ အစ်မဟာ ဒူးထောက်ထိုင်နေရာကနေ ခက်ခက်ခဲခဲ ဖြေးဖြေးချင်းထရပ်နေတယ်။

"Jane ငယ်လေး .. အကြောက်တရားတွေကြားထဲက အစ်မ ဆွဲထုတ်ထားရတဲ့ အစ်မရဲ့ ချည်တိုင်လေး .."

နီးကပ်လာတဲ့မြင်ကွင်းထဲတွင် အစ်မရဲ့ နာကျင်နေတဲ့မျက်ဝန်းတွေပါသည်။ တုန်ယင်ဖြူဆွတ်နေသည့် နှုတ်ခမ်းတစ်စုံပါသည်။ ခြံတံခါးကိုပင် Jennie ပုခုံးတွေအထင်ဖြင့် အားကိုးတကြီးဆုပ်ကိုင်လိုက်သည့် လက်တစ်စုံပါသည်။ အားမရှိတော့လို့ မတ်မတ်မရပ်နိုင်တော့တဲ့ လျော့တိလျော့ရဲ ခြေတစ်စုံပါသည်။

"Jane ..."

မိန်းမငယ်ဟာ သူမအရှေ့ကို ရောက်လာပေမယ့် စိတ်တွေဟာ သူမဆီမှာရှိနေပုံမပေါ်။ တိကျစွာဆိုရလျှင် သူ့အရှေ့၌ ပြိုလဲစွာရပ်တည်နေသည့် ယခုလက်ရှိ Kim Jisoo ထံတွင် သူ့စိတ်တွေမရှိ။ ဟိုးအတိတ်က သူ့ကို ခဏခဏငိုရအောင် လုပ်ခဲ့တဲ့ Kim Jisoo ကို တသသလွမ်းနေသလို မျက်လုံးတွေကို Jisoo အတိုင်းသားမြင်နေရပါသည်။

အမေကပြောတယ်။ Jisoo မှာ လွတ်လပ်တဲ့ရွေးချယ်ခွင့်တွေအများကြီးရှိသေးတယ်တဲ့။ ဘာကိုမှမကြောက်ဖို့ .. ဘယ်သူ့အပြစ်မှမဟုတ်တာမို့လို့ .. သူ့လို အချိန်တွေနှောင်းမှ၊ အခြားသူတွေကို ဘဝထဲဆွဲခေါ်ပြီးမှ ရက်ရက်စက်စက်ထားပစ်ခဲ့မိတဲ့မိန်းမတစ်ယောက်မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ခွင့်တွေရှိနေတယ်တဲ့။

Jisoo သူစိတ်ကျေနပ်တဲ့အထိ တောင်းပန်ဖို့ဆုံးဖြတ်ပြီးပြီ။ ဒီတစ်ခါဟာ နောက်ဆုံးတစ််ခါပါလို့ ကတိအထပ်ထပ်ပေးနိုင်ပြီး၊ ကတိတည်နိုင်အောင် ကြိုးစားနေတော့မှာလို့ သူ့ကိုပြောပြရမည်။ အမေနဲ့ ပြဿနာကို Jisoo သေချာပေါက် ခဝါချနိုင်ခဲ့ပြီဆိုတာကိုလဲ တောင်းပန်ပြီးတာနဲ့ ပြောပြရမည်။ သူစိတ်ကျေနပ်တဲ့အထိ ... ဒူးထောက်ပြီးပဲ တောင်းပန်ရ တောင်းပန်ရ။ ခြေထောက်ဖက်ပြီးပဲ တောင်းပန်ရ တောင်းပန်ရပါ .. Jisoo ချမ်းလွန်းလို့ အသက်တောင် မနည်းရှူနေရပေမယ့် ကလေးမဆီကိုမရောက်နိုင်တာသေချာနေတဲ့ တံခါးဆီ ပိုတိုးကပ်လိုက်တယ်။ လည်ချောင်းထဲက အသံတစ်ခုထွက်လာဖို့ အတင်းခြစ်ကုပ်ပြီး အားစိုက်လိုက်ရတယ်။

"Jane .. အစ်မ တကယ် ..

"လမ်းခွဲကြမယ် အစ်မ"

တောင်းပန်မည့်စကားရိပ်တို့အား ကြိုတင်တားဆီးလာသည့် Jane ၏ ထိုစကားသံသည် အအေးဓာတ်နှင့်အတူ သွေးကြောများအတွင်းသို့စိမ့်ဝင်လာခဲ့သည်။

"Jane"

တံခါးသံတိုင်ကို လက်နဲ့နှစ််ချက်ပုတ်ပြီး သွေးရူးသွေးတမ်းခေါ်လိုက်သည့်တိုင် ကလေးမဟာ သူ့မျက်နှာကို စေ့စေ့မကြည့်လာ။ အမေ့ရှေ့မှာတုန်းက သူ့မျက်နှာကို Jisoo မကြည့်ခဲ့သလိုပေါ့။

"Jane .. အဲ့လိုမလုပ်ပါနဲ့။ အစ်မကိုဝင်ခွင့်ပေးပါ အစ်မလက်ကိုကိုင်ထားပေးစမ်းပါ အစ်မ ပြောတာတွေခဏလောက်ဖြစ်ဖြစ်နားထောင်ပေးပါ"

သံတိုင်မှာ ကပ်ပြီး အအေးဓာတ်ကြောင့် ခဲနေတဲ့ ရေစတွေဟာ Jisoo လက်နဲ့ပုတ်ချလိုက်လို့ အကုန် တဖြုတ်ဖြုတ်ကြွေကျသွားကြတယ်။ လက်ဖဝါးတွေဆူးလာပေမယ့် ရင်ထဲကနာကျင်မှုကို ဘယ်မှီလိမ့်မလဲ။

"Jane .. အစ်မကို လက်မလွှတ်လိုက်ပါနဲ့လို့ အစ်မ တောင်းပန်ထားခဲ့တယ်လေ ..."

ဆို့နင့်ကြေကွဲစွာဖြင့် သူ့မျက်နှာအားကြည့်၍ ခပ်တိုးတိုးပြောနေသော်ငြားလည်း စိတ်နာနေသည့် Jane ဟာ သူမကို မကြည့်လာ။ Jisoo တံခါးသံတိုင်တွေမှာ နဖူးအပ်လိုက်မိတယ်။ တုန်နေတဲ့လက်တွေနဲ့ ဆုပ်ကိုင်ထားမိတာ တံခါးတစ်ခုလား ပူလောင်မှုတွေလား မသည်းကွဲတော့ဘူး။

"Jane .. အစ်မကို မစွန့်ပစ်လိုက်ပါနဲ့ တောင်းပန်ပါတယ်"

Jane ကြည့်မလာခဲ့ဘူး။ အကြာကြီး ဒူးထောက်ထိုင်ထားလို့ ယိုင်နဲ့လုနီးဖြစ်နေတဲ့ Jisoo ရဲ့ ခြေအစုံကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်တောင်တစ်ချက်တောင် မခတ်တဲ့ Jane ရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေကလွဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ ကလေးမက သူမကို ဘယ်လောက်ထိချစ်လိုက်သလဲ .. စိတ်ဆိုးတုန်းမို့ အခုလိုပြောထွက်တာနေမှာပါ။

"Jane အစ်မအမှားကို အစ်မသိပါတယ်။ အခြားအပြစ်တွေပေးပါ Jane ရယ် .. ကျေးဇူးပြုပြီး အစ်မကို လက်မလွှတ်ပါနဲ့ .. နော် .. Jane"

ထွက်မလာတော့ဘူးတောင်ထင်ရတဲ့အထိ နာကျင်နေတဲ့လည်ချောင်းထဲကအသံတွေကို သူကြားရောကြားရဲ့လား။ တုတ်တုတ်တောင်မလှုပ်တဲ့ အစ်မချစ်ရတဲ့ အဲ့ကလေးမလေး ကြားရောကြားရဲ့လား !!!

"Jane ကို အစ်မ သိပ်ချစ်တာလေကွယ်.."

အခုမှ ဆတ်ခနဲမော့ကြည့်လာတဲ့ Jane ရဲ့ မျက်လုံးတွေကို ပထမဆုံးအကြိမ်အဖြစ် Jisoo အရိပ်အကဲမခတ်နိုင်ခြင်းဖြစ်သည်။ ခစ်ခနဲအသံထွက်အောင် ရယ်ချလေ့ရှိတဲ့ ထိုနှုတ်ခမ်းဖျားလေးတွေ အခုမှပဲ ထပ်ပြီးလှုပ်ရှားလာတယ်။

"အစ်မ မသိတဲ့လူတစ်ယောက်အဖြစ်ပဲ ညီမ နေမယ်။ လမ်းခွဲမယ် Kim Jisoo. ရှင့်အကြောက်တရားတွေ အကုန်ပြီးပြီလို့မှတ်လိုက်တော့"

တံခါးဖွင့်မပေးလာသလို .. သွေးထွက်တဲ့အထိ သံတိုင်တွေကို ရိုက်ပုတ်နေတဲ့ Jisoo ကို Jane ဟာ နောက်ဆုံးအကြိမ်တော့ စူးစိုက်ပြီးကြည့်သွားခဲ့ပါသည်။ တဖြေးဖြေးချင်းအနောက်ကိုဆုတ်သွားတဲ့ အဲ့ခြေလှမ်းလေးတွေဟာ ဆိုင်ရှေ့ကနေထွက်သွားတဲ့ ခြေလှမ်းတွေနဲ့ထပ်တူပါပဲ။ အကြောင်းပြချက်ကတော့ ကွဲပြားသည်။ ပထမအကြိမ်သည် Jisoo နှင်လို့ ထွက်သွားသည့်ခြေလှမ်းများဖြစ်ပြီး ယခုအကြိမ်သည် သူ့သဘောနဲ့သူ Jisoo ၏ အဝေးသို့ ထွက်ခွါနေသည့် ခြေလှမ်းကလေးများဖြစ်ကြသည်။

TBC......🧵
25 January 2021

•••

Background music for this paragraph 🌺

'La Jeune Fille en Feu' by Para One & Arthur Simonini (from Portrait Of A Lady On Fire)
သီခ်င္းနားေထာင္ရင္းဖတ္မယ္ဆိုရင္ ဒီအပိုဒ္မဆုံးမခ်င္း repeat လုပ္ထားေပးပါ။ 🤎 ေအာက္တစ္ပိုဒ္အတြက္ကိုလဲ အဲ့အေပၚနားမွာ ထပ္ထည့္ေပးထားပါတယ္။ သီခ်င္းႏွစ္ပုဒ္ကို List အရင္လုပ္ထားခ်င္ရင္ေတာ့ စာမဖတ္ေသးပဲ ေက်ာ္ခြၿပီး သီခ်င္းနာမည္ကိုအရင္ၾကည့္လိုက္ေနာ္ ^^

-ခ်ည္တိုင္-

အထက္တန္းေက်ာင္းတက္တုန္းက အေမအိမ္ျပန္မလာတဲ့ညေတြဆို Jisoo ဟာ စာက်က္ရင္း ေစာင့္တတ္တယ္။ အေဖကေတာ့ စာလုပ္ၿပီးတာနဲ႔အိပ္ဖို႔ေျဖာင္းဖ်ေပမယ့္ အေမက အေဖ့ကို မခ်စ္နိုင္ဘူးဆိုတာ Jisoo မယုံပါဘူး။ ေနမေကာင္းတဲ့သူငယ္ခ်င္းကို သြားျပဳစုၿပီး အခ်ိန္တန္ရင္ မိသားစုဆီျပန္လာမယ့္အေမလို႔ပဲထင္ေနခဲ့တယ္။ တစ္လမွာ သုံးေလးခါေလာက္ေတာ့ အေမအိမ္ျပန္လာတတ္တယ္။ ႏြမ္းနယ္ေနတဲ့အေမဟာ သူငယ္ခ်င္းမကို စိတ္ပူတတ္လြန္းစြာနဲ႔ အိမ္ျပန္လာလဲ ဖုန္းေျပာေနတတ္တယ္။

"ေနေကာင္းသြားမွာပါ"
"ငါတို႔အတူရွိေနတာပဲ ဘာမွထပ္မျဖစ္လာပါဘူး"
"ခက္ခဲတယ္ဆိုေပမယ့္ ငါ့ကိုယုံပါ"

မီးဖိုေခ်ာင္ထဲမွာ အေဖနဲ႔ Jisoo ဖို႔ ညစာျပင္ေပးတဲ့အခ်ိန္ အေမေျပာေနတဲ့စကားေတြကို နားေထာင္ၾကည့္တိုင္း အေမဟာ သူခ်စ္ရတဲ့သူ ဘယ္သူဆိုတာ အတိအက် သိေနတဲ့လူတစ္ေယာက္လို ယုံၾကည္ခ်က္ေတြျပည့္ေနခဲ့တယ္။

ရံဖန္ရံခါ အေဖက "ငါဘာလိုအပ္္ခ်က္ေတြရွိေနသလဲ" လို႔ အေမ့ကိုေမးေနတာၾကားတိုင္း Jisoo ကပဲ အေမ့အစား ေခါင္းခါျပမိတယ္။ ဟင့္အင္း .. အေဖဟာ ဘာလိုအပ္္ခ်က္မွမရွိပါဘူး။ Jisoo ကို တည္တည္ၿငိမ္ၿငိမ္မိန္းကေလးတစ္ေယာက္ျဖစ္ေအာင္၊ မိသားစုကို တြယ္တာတတ္ေအာင္၊ မိသားစုအေပၚသိတတ္ေအာင္ အျမဲသြန္သင္ေပးခဲ့တဲ့အေဖ။ စာအုပ္ဆိုင္မွာ ေဘာင္းဘီေတြအေရာင္ႏြမ္းတဲ့ထိ ထိုင္ရင္း ရသမၽွပိုက္ဆံ Jisoo အတြက္ သုံးခဲ့တဲ့အေဖ။

အေမထြက္သြားတဲ့ေန႔က ေျပာခဲ့တဲ့စကားကိုမွတ္မိေသးတယ္။
"ေရြးခ်ယ္စရာေတြရွိတဲ့ဘဝမို႔လို႔ ေရြးခြင့္ရေနတုန္းမွာ ကၽြန္မသူ႔ကိုေရြးခ်ယ္ခ်င္တယ္" တဲ့။ အေရြးခ်ယ္ခံဘဝမ်ိဳးမရခဲ့တဲ့အေဖဟာ အေမ့ကို တားတယ္။ Jisoo က အေမ့ကို ထြက္သြားဆိုၿပီး ႏွင္ထုတ္ရင္း ကိုယ္တိုင္ကပဲ ဦးေအာင္ထြက္လာသူျဖစ္ခဲ့တယ္။ Chanel မွာ အလုပ္မရခင္တုန္းက ရရာအလုပ္ကိုလုပ္ၿပီး အေဖ့စာအုပ္ဆိုင္ကို ခဏခဏသြားတယ္။ အေဖခဏခဏသတ္ေသတယ္။ ဒါေပမယ့္ အေဖမေသခဲ့ျပန္ဘူး။ အေဖ့မွာ ဒီဝဋ္ကို မေၾကမခ်င္းဆပ္ရမယ့္ကံ ပါပုံပဲ။

ေပ်ာ္ရႊင္ေနတဲ့ ဘဝႏွစ္ခုအတြက္ တစ္စုံတစ္ေယာက္ကေတာ့ ေခ်ာင္တစ္ေခ်ာင္မွာ ၿပိဳလဲေနေပးရတာပါပဲ ...

"Soo ya အေမ့ကိုသိပ္မုန္းတာသိပါတယ္။ ဒါေပမယ့္ အေမသူ႔ကိုခ်စ္တယ္"

ညသုံးနာရီ၊ ေကာ္ဖီဆိုင္ထဲက အေမွာင္ထဲမွာ အသက္ရွု႐ုံထိုင္ေနတဲ့သမီးျဖစ္သူကို ခပ္တိုးတိုးေျပာေတာ့ Jisoo က သူမကိုၾကည့္မလာဘူး။ ဘယ္ကစမွားသလဲဆို ေယာက္်ားတစ္ဦးကိုလက္ထပ္ခဲ့ရာကေန စမွားပါတယ္။ ဒါေပမယ့္ Jisoo ကို ေမြးဖြားလိုက္ရလို႔ Mrs Kim ဟာ ေနာင္တမရခဲ့ဘူး။ ဘဝရဲ့ ေလးပုံႏွစ္ပုံကို အမ်ိဳးသားနဲ႔သမီးအတြက္ ေပးဆပ္ခဲ့ၿပီး လက္က်န္အခ်ိန္ေတြကို တစ္စုံတစ္ဦးအနားမွာရွင္သန္ခဲ့ခ်င္႐ုံပါ။

"အေမ ... ကၽြန္မကိုထားခဲ့တာ ေနာင္တရလားဟင္"

အေမ့ကိုေမးေတာ့ အေမဟာ မ်က္ရည္ေတြရစ္သိုင္းလာျပန္တယ္။ ဆိုင္အျပင္ကိုေက်ာခိုင္းထိုင္ထားတဲ့သူမက၊ ဆိုင္အျပင္ကိုမ်က္ႏွာမူထားတဲ့ အေမ့ကို အျပင္ကမီးေရာင္ေၾကာင့္ ရွင္းရွင္းလင္းလင္းျမင္ေနရတယ္။

"ေနာင္တရဖို႔ေတာင္ ေနာင္တေတြမက်န္ခဲ့ပါဘူး Jisoo ရယ္"

"အေမ ... ေပ်ာ္ေနခဲ့သလားဟင္။ သမီးနဲ႔အေဖ့ရဲ့အေဝးမွာ အဲ့တစ္ေယာက္နဲ႔ အေမ တကယ္ေပ်ာ္သလား။ အေမလိုခ်င္တဲ့ေပ်ာ္ရႊင္မွုကို ရခဲ့လို႔သာ ျပန္မလာခဲ့တာေပါ့ ဟုတ္သလား"

ငိုဖို႔အားေတြ ကုန္ခမ္းသြားသလို ႐ုပ္ေသးႀကိဳးျပတ္ျဖစ္တည္မွုမ်ိဳးနဲ႔ Jisoo ေမးေတာ့ အေမက ေခါင္းခါျပတယ္။

"သူေရာ အေမေရာ တစ္ရက္ကေလးမွ မေပ်ာ္ခဲ့ပါဘူး။ ဒါေပမယ့္ ေက်နပ္ခဲ့တယ္"

အေမ မေပ်ာ္ခဲ့ဘူးဆိုတာသိရေတာ့ Jisoo ျဖင့္ ဝမ္းသာလိုက္တာ။ သူမနဲ႔အေဖ့လိုပဲ အေမမေပ်ာ္ခဲ့ဘူးဆိုတာသိရေတာ့ Jisoo ေပ်ာ္လိုက္တာ။

"အခုေရာ ဘာလာလုပ္တာလဲ? သူ႔အတြက္ေဆးဖိုးလာေတာင္းတာလား?"

အေမ့ေခါင္းေတြ ငိုက္က်သြားတယ္။ ကမၻာၿပိဳတစ္ခုကို ထမ္းထားရတဲ့ ေလးလံမွုမ်ိဳးနဲ႔ အေမ့ေခါင္းေတြ ငိုက္က်သြားတာ ...

"သူဆုံးသြားတာၾကာၿပီ"

အေမ့စကားသံမွာ Jisoo ႏွုတ္ခမ္းဖ်ားေတြတုန္သြားတယ္။ တုန့္ျပန္ရမယ့္ ေသြးေၾကာေတြမလွုပ္ရွားေတာ့ဘူး။ တေဖာက္ေဖာက္က်လာတဲ့ အေမ့မ်က္ရည္ေတြကိုျမင္ေတာ့ တစ္ေနရာရာကို ေျပးလႊားေသခ်င္စိတ္ေတြျဖစ္လာတယ္။ ေျခဖ်ားေတြကိုကုပ္ထားလိုက္မိတယ္။ ဒီေနရာေလးမွာတင္ ေပ်ာက္ကြယ္သြားခ်င္စိတ္ေတြထပ္ျဖစ္လာတယ္။

"ႏွစ္သစ္ကူးတဲ့ေန႔က သူဆုံးတဲ့ ႏွစ္ပတ္လည္ေန႔ေလ Jisoo သူဆုံးသြားတာ ေလးႏွစ္ရွိၿပီ"

ထင္းေတြေလာင္ကၽြမ္းၿပီး တေျဖာက္ေျဖာက္ျမည္ေနတဲ့ မီးပုံထဲကို တစ္လွမ္းခ်င္းတိုးဝင္သြားရသလိုမ်ိဳး Jisoo ေလာင္ကၽြမ္းသြားတယ္။ အေမက မ်က္ရည္ေတြပဲက်ေနတာ။ အေမမငိုဘူး။ သူမ သိတယ္။

"ဘာလို႔ျပန္မလာခဲ့လဲဆိုေတာ့ အေမ ေနာင္တေတြမက်န္ေတာ့လို႔ပါ။ သမီးတို႔အနားမွာ ျပန္လာေနခဲ့ဖို႔လဲ အဲ့ေလာက္ထိအရွက္မမဲ့နိုင္ပါဘူး။ သမီးကိုေတြ႕ခ်င္လာရင္ သူ႔ကိုအေၾကာင္းျပၿပီး လာရတာနဲ႔တင္ သူ႔ကိုအားနာရပါတယ္။ ေနာက္ၿပီး သူက အေမ့ဘဝရဲ့ ပထမဆုံးေတြအတြက္ ေနရာယူခဲ့ၿပီး အေမ့ရဲ့ေနာက္ဆုံးျဖစ္ခဲ့တာမို႔လို႔ ..

"ဟင့္အင္း .. မၾကားခ်င္ဘူး။ အေမအဲ့မိန္းမကိုသိပ္ခ်စ္တာကို ကၽြန္မ မၾကားခ်င္ဘူး မေျပာနဲ႔ !!"

ဆတ္ခနဲ ထေအာ္ပစ္ေတာ့ အေမက ေမာ့ၾကည့္တယ္။ ဆတ္ခနဲေခါင္းျပန္ေထာင္လိုက္တဲ့အေမ့မ်က္ဝန္းထဲက မ်က္ရည္စေတြက Jisoo ေသြးေၾကာေတြထဲကို လြင့္စင္လာသလိုခံစားရတယ္။ အေမ ဒီေလးႏွစ္မွာ ဘယ္လိုရွင္သန္ေနခဲ့လဲ ..

"ဒီနာက်င္မွုေတြကို အဆုံးသတ္ရေအာင္လား သမီးငယ္ရယ္။ အေမ့ကို အဲ့အခြင့္အေရးေလးတစ္ခုေတာ့ေပးပါ"

လူတစ္ေယာက္နာက်င္ရင္ ငိုဖို႔ေမ့သလား။ Jisoo ဘယ္လိုငိုရမလဲမသိေတာ့ဘူး။ နားထဲကိုဝင္လာတာ Jane ရဲ့ ရယ္သံေတြ။ ႏွာဖ်ားကိုတိုးလာတာက အေဖေဆး႐ုံတက္တုန္းက ေဆးနံ႔ေတြ။ ၿပီးေတာ့ .. ၿပီးေတာ့ .. ငယ္ငယ္က အေမ့ရင္ခြင္ထဲကိုဝင္တိုင္း ရတတ္တဲ့ လာဗင္ဒါေရေမႊးနံ႔။

"သူ .. ဘာလို႔ေသသြားတာလဲ"

တေျမ့ေျမ့ေလာင္ကၽြမ္းေနရတဲ့ ပူေလာင္မွုမ်ိဳးကို တစ္ကိုယ္လုံးနဲ႔ သိမ္းၾကဳံးဖက္ရင္း Jisoo ေမးလိုက္မိတယ္။

"သမီးအေဖနဲ႔ အေမနဲ႔ လက္ထပ္တာ မိဘေတြရဲ့စီစဥ္မွုေၾကာင့္ဆိုတာ သမီးသိတယ္မလား"

"အေဖနဲ႔အေၾကာင္းကိုမသိခ်င္ဘူး။ ေမးတာကိုပဲေၿဖ !! အဲ့မိန္းမ ဘာလို႔ေသသြားတာလဲ"

ေကာ္ဖီဆိုင္စားပြဲခုံေပၚ လက္ေတြတင္ထားရင္း တဆတ္ဆတ္တုန္လာတဲ့အသိစိတ္ေၾကာင့္ လက္ေတြကို ခုံေပၚကေနခ်လိုက္ရတယ္။

"သူ႔ကိုယ္သူသတ္ေသသြားတာ"

ခႏၶာကိုယ္အတြင္းထဲက တစ္ခုခု ဆတ္ခနဲ ခုန္ထြက္သြားသလိုပဲ။ ထိန္းခ်ဳပ္လို႔မရေတာ့တဲ့အဆုံး Jisoo အသက္ကို ရွိုက္ထုတ္ပစ္လိုက္ေတာ့ မ်က္ရည္ေတြ ဒလေဟာ ဖိတ္က်သြားတယ္။

"မိသားစုတစ္ခုကိုဖ်က္ဆီးပစ္ၿပီး ခ်စ္ရတဲ့သူနဲ႔ အခ်ိန္အကန့္အသတ္တစ္ခုေလာက္ပဲ သူေနခ်င္ခဲ့တယ္။ အတူေသဖို႔လုပ္ထားေပမယ့္ .. အေမက .. အေမက .. သမီး အရြယ္ေရာက္လာတာကို အေဝးကျဖစ္ျဖစ္ ေငးၾကည့္ခ်င္ခဲ့လို႔ သူ႔ကိုအားနာစြာပဲ ရွင္သန္ရစ္ခဲ့တာပါ"

"အဟားးးးး"

အ႐ူးတစ္ေယာက္လို Jisoo ထရယ္ေတာ့ အေမက ေခါင္းေတြခါတယ္။ ငိုတယ္။ အေမငိုတယ္ .. အခုမွ အေမတကယ္ငိုတာ။

"ကၽြန္မ ဘာေတြလုပ္မိလိုက္တာလဲ။ လူေတြကိုသတ္လိုက္မိလား။ တစ္ပါးသူရဲ့ခံစားခ်က္ေတြကိုသတ္လိုက္မိလား။ ကၽြန္မပဲမွားခဲ့တာလားအေမ .. ကၽြန္မျဖစ္တည္မွုက ဘာေတြမွားခဲ့လဲ !!! ေျဖပါဦး !! ကၽြန္မက ဘာအတြက္ျဖစ္တည္ေနရတာလဲ !!"

ဆိုင္ထဲကေနေျပးထြက္ၿပီး လမ္းမေပၚထြက္သြားခ်င္ေပမယ့္ေလ .. Jisoo တစ္ကိုယ္လုံး က်ိန္စာသင့္ေနသလိုပဲ။ နည္းနည္းေလးလွုပ္လိုက္တာနဲ႔ အတြင္းထဲက ပူေလာင္မွုေတြကို ခံစားလို႔ရေနတယ္။

"သမီးကို သူကလဲ .. ခ်စ္ခဲ့ပါတယ္။ သမီးပုံေလးေတြျမင္တိုင္း သူျပဳံးၿပီးၾကည့္ခဲ့တာပါ။ တစ္ေခါက္ေလာက္ အေမ့သမီးေလးကို သူက အေမနဲ႔အတူလာေတြ႕ခ်င္ခဲ့တာပါ"

"ေမတၱာေတြမထားျပပါနဲ႔ !!! ကၽြန္မ ႐ူးၿပီး ဒီေနရာမွာတင္ ေသသြားရေအာင္ ကၽြန္မကို မခ်စ္ျပၾကပါနဲ႔ !! ေတာင္းပန္ပါတယ္"

ႏွုတ္ခမ္းတစ္စုံကိုပဲလွုပ္ရွားနိုင္တဲ့သူမက စကားေတြကိုေအာ္ဟစ္ေျပာေန႐ုံကလြဲၿပီး ဘာမွမတတ္နိုင္ေနဘူး။

"အစ္မကသိပ္ဆိုးတာပဲ"

နားထဲ အကန့္အသတ္မရွိစီးဝင္လာတဲ့ မိန္းမငယ္ရဲ့အသံ။ ဟုတ္တယ္ Jisoo သိပ္ဆိုးတာပဲ။ Jisoo က ဘယ္သူ႔အတြက္မွ ေကာင္းမြန္စြာျဖစ္တည္မေနနိုင္ခဲ့ဘူး။ အေဖ ေအးခ်မ္းစြာေသရမယ့္လမ္းကိုပိတ္ခဲ့တာလဲ Jisoo. အေမ့ရဲ့ နာက်င္မွုအဆုံးသတ္လမ္းကို တားခဲ့မိတာလဲ Jisoo.

"မေတာင္းဆိုသင့္တဲ့အရာမွန္းသိေပမယ့္ အေမ့ကိုခြင့္လႊတ္ေပးပါ"

အေမဟာ ထိုင္ေနရာကေန ထၿပီး ခုံေဘးမွာ ဒူးေထာက္ခ်လိုက္တဲ့အထိ Jisoo လွုပ္ရွားလို႔မရဘူး။ သြားၿပီ .. အကုန္လြဲသြားၿပီ။ အကုန္မွန္ေနခဲ့တာဟာ အကုန္မွားလာတာရဲ့အစပဲ။

"ဒီအေမေၾကာင့္ ငယ္ဘဝမွာ အရွက္ရခဲ့သမၽွအတြက္ ေတာင္းပန္ပါတယ္သမီးရယ္"

တသိမ့္သိမ့္ငိုေနတဲ့ အေမ့ေရွ႕ကိုထသြားဖို႔ ရွိသမၽွအင္အားေတြ စုစည္းလိုက္ရတယ္။ တစ္ကိုယ္လုံးဟာ မီးပုံထဲရပ္ေနရသလိုပါပဲ။ ပူေလာင္နာက်င္ေနရတုန္း။

"တစ္ .. တစ္ေခါက္ေလာက္ ကၽြန္မကို ဖက္ေပးပါလားအေမ"

တိမ္ဝင္သြားေတာ့မတတ္ တိုးေနတဲ့ေလသံနဲ႔ Jisoo ေျပာေတာ့ အေမဟာ အံ့ဩသြားသလိုမ်ိဳး ဆတ္ခနဲေမာ့ၾကည့္လာတယ္။ Jisoo အေမ့ေရွ႕မွာ ထိုင္ခ်လိုက္တယ္။

"ဘယ္နႀကိမ္ေျမာက္မွန္းမသိေပမယ့္ ေနာက္ဆုံးတစ္ေခါက္အျဖစ္ေတာ့ ကၽြန္မကိုဖက္ေပးပါ"

အေမ့ရင္ခြင္ထဲကိုေခါင္းတိုးဝင္လိုက္ေတာ့ လာဗင္ဒါေရေမႊးနံ႔ကိုရတယ္။ မိုးဖြဲေတြက်လာသလိုမ်ိဳး ခႏၶာကိုယ္တစ္ခုလုံး ဖြဲခနဲ ဖြဲခနဲ ေအးခ်မ္းလာတယ္။ ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးလာတဲ့ အေမ့လက္ေတြဟာ ငယ္ငယ္တုန္းက ေက်ာင္းသြားခါနီးတိုင္း၊ အိမ္ေရွ႕စားပြဲခုံေပၚမွာ Jisoo ကိုတင္ၿပီး အေရွ႕ကေနမတ္မတ္ရပ္လို႔ ဆံပင္ေတြကို ႏွစ္ဖက္ခြဲစည္းေပးခဲ့တဲ့ လက္ေတြ။

အေမ့ခါးကိုတိုးဖက္လိုက္ေတာ့ အိပ္ခါနီးတိုင္း ပုံျပင္ေျပာျပဖို႔ ဂ်ီက်ၿပီး Jisoo တိုးဝင္ဖက္ခဲ့တဲ့ခါးေတြကို သတိရလာတယ္။ အေမနဲ႔ေဝးေနတာ ဆယ္ႏွစ္နီးနီးပဲ .. ဆယ္ႏွစ္ !! ဒီအေႏြးဓာတ္ရဲ့ အေဝးႀကီးမွာ အမုန္းတရားေတြနဲ႔ရွင္သန္ခဲ့ရတာဟာ ဆယ္ႏွစ္တဲ့။

"အေဖ့ကိုလဲ အခုလို တစ္ေခါက္ေလာက္ ေပြ႕ဖက္ေပးပါ။ ဒါကၽြန္မဘက္က ေနာက္ဆုံးေတာင္းဆိုစရာပဲ"

အေမ့ရင္ခြင္ထဲကေန ထြက္ၿပီး အေမ့ကို ေက်ာခိုင္းရပ္လို႔ Jisoo ေျပာလိုက္တယ္။ ေနာက္ၿပီး အေမ့ဆီက ခပ္တိုးတိုးစကားသံ။

"သူနဲ႔အတူလိုက္မသြားခဲ့တဲ့တစ္ေလၽွာက္လုံး ေနခဲ့ရက်ိဳးနပ္တယ္ဆိုတဲ့ခံစားမွုကို အခုမွပဲရေတာ့တယ္" တဲ့။

သူမ သိသြားရတာတစ္ခုကေတာ့ ... အေမ့အတြက္ ဟိုအမ်ိဳးသမီးဟာ ခ်ည္တိုင္ဆိုတာပါပဲ။

🧵

Background music for this paragraph 🌺

'Never Let Me Go' by Florence + the Machine (ဒါေလးလဲ ဒီအပိုဒ္အတြက္ repeat ပါပဲ) 🤎

🧵

"Jane !!! အန္ကယ္ !!!"

ၿခံေရွ႕ကၾကားေနရတဲ့အသံက်ယ္က်ယ္ေၾကာင့္ ဒယ္ဒီ့ရင္ခြင္ထဲ ငိုရင္းအိပ္ေပ်ာ္သြားၿပီး လန့္နိုးလာတဲ့ Jennie ေရာ၊ Jennie ကို ဖက္ထားၿပီး ၿငိမ္သက္ေနတဲ့ဒယ္ဒီေရာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိတယ္။ ေဆာင္းကုန္ခါနီးမွ အျပင္မွာ ႏွင္းေတြက်ေနတယ္။

"Jane !!! အစ္မ ေတာင္းပန္ပါတယ္။ ခဏေလာက္ေတြ႕ခြင့္ေပးပါ !!"

အစ္မဟာ စကားပင္က်ယ္က်ယ္မေျပာခဲ့ဖူးေခ်။ ယခုလို သူမ်ားအိမ္ေရွ႕မွာ မနက္ေလးနာရီအခ်ိန္ႀကီး လာၿပီးေအာ္ဟစ္ေနဖို႔ဆို ပိုလို႔ပင္ဆိုးပါမည္။

"အန္ကယ္ !! ကၽြန္မကို တစ္ခုခုလုပ္ပစ္ခ်င္လဲရပါတယ္ .. သူနဲ႔ေတြ႕ခြင့္ေလးပဲေပးပါ !!"

မနားတမ္းေအာ္ေနတဲ့အစ္မရဲ့အသံေတြဟာ ငိုသံေတြစြက္ေနတယ္။ ဒယ္ဒီ့ကိုေမာ့ၾကည့္ေနရင္းနဲ႔ပဲ Jennie မ်က္ရည္ေတြဝဲလာတယ္။

"စိတ္ႀကိဳက္ဆုံးျဖတ္။ ဒယ္ဒီက သမီးဘက္ကပဲ"

"မေတြ႕ခ်င္ေသးဘူး။ အစ္မကိုျမင္တာနဲ႔ တစ္ခါတည္းၿပိဳလဲသြားရမွာ"

"အင္း ေကာင္းၿပီ"

ဒယ္ဒီဟာ Jennie ကို ရင္ခြင္ထဲကေန ဆြဲထုတ္ၿပီး ဆိုဖာခုံေပၚမွာ ထိုင္ေစတယ္။ ဆက္တိုက္ငိုထားရလို႔ အုံခဲေနတဲ့ေခါင္းကို ႏွစ္ခ်က္သုံးခ်က္ပုတ္လိုက္ၿပီး ဆိုဖာေက်ာကိုမွီလို႔ မ်က္လုံးေတြမွိတ္ထားလိုက္ရတယ္။

"Jane !!! အန္ကယ္ !!!"

ထပ္ၿပီးေအာ္လိုက္ေတာ့ အိမ္ထဲကထြက္လာတဲ့အရိပ္တစ္ခုေၾကာင့္ Jisoo လွုပ္လွုပ္ရွားရွားျဖစ္သြားတယ္။ Jane မဟုတ္ခဲ့။

"ငါ့သမီးကိုငိုေအာင္လုပ္ၿပီး အခုမွ လာေအာ္မေနနဲ႔"

ၿခံတံခါးကို ဖြင့္မေပးတဲ့ အန္ကယ္ဂ်ိန္းဟာ ၿခံအတြင္း တံခါးေရွ႕ကေန ခါးေထာက္ၿပီး Jisoo ကိုေအာ္ေျပာတယ္။

"ကၽြန္မေတာင္းပန္ပါတယ္။ Jane ကို ခဏေလာက္ပဲေတြ႕ခြင့္ေပးပါအန္ကယ္"

ၿခံတံခါးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း Jisoo ေျပာေတာ့ အန္ကယ္က ေခါင္းခါတယ္။

"ဘာေတြျဖစ္သလဲမသိေပမယ့္ သူမေတြ႕ခ်င္ဘူးေျပာတယ္ကြာ။ အန္ကယ္လဲ မတတ္နိုင္ဘူး။ ေနာက္မွထပ္လာလွည့္ ဟုတ္ပလား။ အခ်ိန္လဲ ၾကည့္ဦး မနက္လင္းေတာ့မယ္"

"နည္းနည္းေလးၾကာသြားတာနဲ႔ ပိုဆိုးသြားနိုင္လို႔ပါ။ ကၽြန္မေစာင့္ပါ့မယ္။ သူစိတ္ေျပၿပီး ထြက္လာတဲ့အထိ ဒီအေရွ႕မွာေစာင့္ေနမယ္လို႔ေျပာေပးပါ .. ေနာ္ အန္ကယ္။ ေတာင္းပန္ပါတယ္"

မ်က္ရည္ေတြနဲ႔ ကေယာင္ကတမ္းရြတ္သလိုရြတ္ေနတဲ့ Kim Jisoo ရဲ့ ပုံစံဟာ အန္ကယ္ဂ်ိန္းအတြက္ေတာ့ တစ္ခါမွမျမင္ဖူးခဲ့တဲ့ပုံစံပါပဲ။ ကားထဲလဲဝင္မေစာင့္ပဲ ၿခံေရွ႕တံခါးနားတင္ ထိုင္ခ်ပစ္ၿပီး အေပၚထပ္ကို လွမ္းေငးေနတဲ့ အဲ့မ်က္ဝန္းေတြဟာ အခ်စ္႐ူးတစ္ေယာက္ရဲ့မ်က္ဝန္းေတြထက္ပိုေနတယ္။

"နင့္အစ္မက ၿခံေရွ႕ ဒူးေထာက္ၿပီး ေစာင့္ေနတယ္။ မေတြ႕ခ်င္လဲ ထားလိုက္ေဟး ေအးခဲၿပီးေသေတာ့လဲ ငါပဲအသုဘခ်ေပးလိုက္မယ္။ ငါေတာ့အိပ္ၿပီ"

ဒယ္ဒီ့စကားေၾကာင့္ Jennie မ်က္လုံးေတြကိုျပန္ဖြင့္ၿပီး ဒယ္ဒီ့ကိုလွမ္းၾကည့္လိုက္တယ္။ ဒယ္ဒီက သူ႔အခန္းထဲသူ တစ္ခါတည္းဝင္သြားတယ္။ အစ္မက သူမကိုမသိဘူးဟုေျပာလိုက္သည္ကိုသာ သိလၽွင္ ဒယ္ဒီအခုလိုထိ ေနနိုင္မည္မဟုတ္။ သာမန္ စိတ္ဆိုးစိတ္ေကာက္သည့္ ျပႆနာဟုသာ ဒယ္ဒီသိထားသည္။ ကိုယ့္ကို မသိဘူးျငင္းလိုက္တဲ့ ခ်စ္ရသူအတြက္ Jennie က ကာကြယ္ေပးခ်င္ေနတုန္းပါပဲ။ အစ္မကို ဒယ္ဒီမေကာင္းျမင္မွာ Jennie သိပ္ေၾကာက္တာ။

ေလ်ာ့တိေလ်ာ့ရဲေျခလွမ္းေတြကို အေပၚထပ္ဆီဦးတည္ၿပီးတက္လာလိုက္တယ္။ 'ကၽြန္မ သူ႔ကိုမသိဘူး' တဲ့။

ကုတင္ေပၚကို ဝုန္းခနဲပစ္လွဲခ်လိုက္ေတာ့ အစ္မဆီက သူစိမ္းဆန္ဆန္စကားေတြက နားထဲတိုးလာၾကတယ္။ အစ္မဟာ Jennie ကို မသိဘူးတဲ့။ အဲ့ဆိုင္ေရွ႕ကေန ကားေမာင္းထြက္လာဖို႔ကိုပဲ Jennie ဟာ အေတာ္ အားသုံးခဲ့ရတယ္။ တစ္ဆစီ အပိုင္းပိုင္းကြဲထြက္ၿပီး လြင့္သြားတဲ့ ပန္းပြင့္ေႂကြေတြလိုပဲ။ ဘယ္နားကဘယ္လို ျပန္လိုက္ေကာက္ရမလဲမသိေတာ့တဲ့ အသိစိတ္ေတြပါ။

Pajama ထက္က အေအးဓာတ္က အထဲကိုစိမ့္ဝင္လာေတာ့ အိပ္မေပ်ာ္တဲ့ Jennie ထၿပီး အေႏြးထည္ဝတ္ရတယ္။ အၾကည့္ေတြကို ဝရန္တာအျပင္ဘက္ေအာက္နား ၿခံေရွ႕က အရိပ္တစ္ခုဆီ မေရာက္သြားေစဖို႔ အားတင္းထားရတယ္။

"က်စ္ ... အစ္မက ေစာက္႐ူးပဲ !!"

တံခါးအကြယ္ကေန လွမ္းၾကည့္ေတာ့ အေႏြးထည္မပါ ဘာမပါနဲ႔အစ္မဟာ ေပေတၿပီး ဒူးေထာက္ထိုင္ေနတယ္။ ၿပီးေတာ့ Jennie အခန္းရွိရာဆီပဲ အဲ့မ်က္လုံးေတြက သိမ္ငယ္စြာနဲ႔ လွမ္းေငးေနတယ္။ ဒီတစ္ေခါက္ ျပန္အဆင္ေျပၿပီးရင္လဲ ဒီလိုအျဖစ္ေတြထပ္ျဖစ္ဦးမွာပဲ ..

Jennie ဘာလုပ္ရမလဲ .. Jennie ဘာလုပ္ရပါ့မလဲေလ ..

သက္ျပင္းေမာကိုရွိုက္လို႔ ခပ္လွမ္းလွမ္းက ခ်မ္းၿပီးတုန္ေနတဲ့ အဲ့ခႏၶာကိုယ္ကို ဖက္ေပးထားခ်င္ပါတယ္။ ခ်ည္တိုင္ဟာ ဆူးေတြတိုးထြက္လာမွန္းမသိ ထြက္လာခဲ့ေတာ့ Jennie လို အခ်စ္ကို ပထမဆုံးခံစားဖူးတဲ့ မႏူးမနပ္ ခ်ာတိတ္မတစ္ေယာက္အဖို႔ ဘယ္လိုလုပ္မ်ား ခံနိုင္ရည္ရွိပါ့မလဲ။

လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ရင္း ကုတင္ဘက္ကိုျပန္သြားၿပီး ေစာင္ျခဳံေအာက္မွာ လွဲလိုက္တယ္။ ျမင္ေနရတဲ့ မ်က္ႏွာက်က္မွာ အစ္မမ်က္ရည္စေတြ တြဲေလာင္းခိုေနၾကတယ္။

မ်က္လုံးကို မွိတ္ပစ္လိုက္တယ္။

"စာအုပ္မယူဘူးဆိုရင္ ဟိုဘက္နည္းနည္းေလာက္တိုးေပးပါလား"

ပထမဆုံး ဆုံေတြ႕မွုတုန္းက အစ္မဟာ စာအုပ္တစ္ပုံႀကီးပိုက္လို႔ လွခ်င္တိုင္းလွေနခဲ့။

"ေက်းဇူးတင္လိုက္တာ .. ဟင္ .. Jennie Ruby Jane?"

ဒုတိယအႀကိမ္ ျပန္ဆုံတုန္းက ရွည္လ်ားတဲ့ဒီနာမည္ကို မွတ္မိေနေပးတဲ့ ႏွင္းထုထဲကအစ္မဟာလဲ သိပ္လွတာပဲ။

"တစ္ေခါက္ေလာက္ ဆိုင္ကိုျပန္လာမယ္ထင္ခဲ့တာ။ စာအုပ္လာထပ္ဝယ္မယ္လဲ ထင္ခဲ့ေသးတာ"

သူ႔ဘဝထဲဆြဲသြင္းဖို႔ ႀကိဳးစားခဲ့ပုံေတြကို ၾကည့္စမ္းပါဦး ... အစ္မဟာ သိပ္ကိုဆိုးတာပဲ။

ရင္ထဲျပည့္က်ပ္လာလြန္းလို႔ ညာဘက္ကိုေစာင္းၿပီး Jennie အိပ္ဖို႔ျပင္လိုက္တယ္။

"အစ္မပုခုံးကိုမွီၿပီး ခဏအိပ္လိုက္"

ပထမဆုံး Chanel event မွာ မူးလဲမလိုျဖစ္တုန္းက အစ္မဟာ သူ႔ပုခုံးတစ္ဖက္ငွါးခဲ့ေသးတယ္။ ဒါကိုပဲ တစ္ဘဝလုံးစာမွီတြယ္ရာလို႔ သူမက အထင္မွားခဲ့မိတာျဖစ္လိမ့္မည္။

"အတူမရွိေစခ်င္တာက ဒီခဏအတြက္လား အျမဲတမ္းအတြက္လား Jane"

အဲ့တုန္းကတည္းက အျမဲတမ္းအတြက္လို႔ေျဖခဲ့လိုက္ရင္ Jennie အခုလိုမနာက်င္ေနရေလာက္ဘူးေနာ္။ ဒါေပမယ့္ အစ္မေၾကာင့္ပဲ အျခားနာက်င္မွုတစ္ခုကို ေပြ႕ဖက္ထားရနိုင္ပါတယ္။

သိပ္ခက္သည္။ အစ္မ၏ စကားသံတို႔က နားထဲေႏွာင့္ယွက္ေနသည္။ ႐ုပ္ရွင္တစ္ခုကို ေနာက္ျပန္ရစ္ေနသလိုမ်ိဳး မွတ္ဉာဏ္ဟာ အတိတ္ေတြဆီေျပးလႊားၿပီးေတာ့ကို တကူးတက နာက်င္ေနသည္။

"Jane ငိုခ်င္လာရင္ စိတ္ခ်လက္ခ်မွီၿပီးငိုပစ္လို႔ရမယ့္ ပုခုံးရဲ့ပိုင္ရွင္ အစ္မ ျဖစ္ခ်င္တယ္"

Jane ကို ခဏခဏငိုရေအာင္လုပ္မယ္လို႔ ဘာေၾကာင့္ထည့္မေျပာခဲ့သလဲ အစ္မ။ အစ္မတစ္ေယာက္ကပဲ ညီမကိုငိုေစနိုင္တာ မသိခဲ့ေလေရာ့သလား။ Jennie ဆတ္ခနဲ ထထိုင္လိုက္မိတယ္။ တမၽွင္မၽွင္စီးေနတဲ့ ေခ်ာင္းငယ္ထဲက ေရစီးေၾကာင္းငယ္တစ္ခုလိုမ်ိဳး နာက်င္မွုကို ရင္ဘတ္ထဲမွာ တဆစ္ဆစ္ခံစားေနရတာ။ ဝုန္းဒိုင္းၾကဲၿပီး ေပါက္ကြဲပစ္လိုက္ရင္မွ ခံစားရသက္သာဦးလိမ့္မည္။

ေျခလွမ္းေတြကို ဝရန္္တာတံခါးဆီဦးတည္လိုက္တယ္။ တံခါးလက္ကိုင္ကို လက္လွမ္းလိုက္တယ္ .. ေအးစက္ေနတဲ့ အဲ့အထိအေတြ႕ ..

"Christmas ညမွာ လာမယ္မလား?"

က်ဥ္ခနဲျဖစ္သြားတဲ့ ေခါင္းထဲကအသိကို လ်စ္လ်ဴရွူ႔လိုက္ရတယ္။ ပြင့္သြားတဲ့တံခါးရဲ့အေနာက္မွာ အေအးဓာတ္က အလုံးလိုက္အရင္းလိုက္ေစာင့္ႀကိဳေနတယ္။ မ်က္ႏွာကိုတိုးလာတဲ့ ေလအေဝ့ေၾကာင့္ Jennie မ်က္လုံးေတြကို ခဏမွိတ္ပစ္လိုက္ရတယ္။

ၿခံတံခါးေရွ႕က အစ္မက Jennie ကို ေမၽွာ္လင့္တႀကီး ေမာ့ၾကည့္ေနတယ္။ ငိုေနတာ .. အစ္မငိုေနတာ .. သူ႔ကိုယ္သူေၾကာင့္ သူ႔အေမေၾကာင့္ .. ၿပီးေတာ့ Jennie ေၾကာင့္ အစ္မငိုေနတာ ...

အစ္မႏွုတ္ခမ္းေတြ အတင္းလွုပ္ရွားၿပီး Jane လို႔ ခပ္ဖြဖြေခၚေနတယ္။

"ဖြင့္ေျပာရတာခက္တယ္ဆိုေပမယ့္ Jane ကိုေတာ့ အစ္မတကယ္ မဆုံးရွုံးခ်င္ဘူး"

ဝရန္တာလက္ရန္းကို မွီခ်ၿပီး အစ္မကို ေစ့ေစ့ၾကည့္လိုက္ေတာ့ အေတြးထဲပ်ံ႕လာတဲ့ အစ္မရဲ့စကား။ အစ္မနဲ႔သူမ အၾကည့္ခ်င္းမလႊဲမိၾကဘူး။ ၿခံေရွ႕မွာ ဒူးေထာက္ထားတဲ့ အစ္မရဲ့ ႏွုတ္ခမ္းေတြက အေအးဓာတ္ေၾကာင့္ ေသြးမရွိေတာ့တာကို မီးေရာင္ေတြရွိလို႔ Jennie ေကာင္းေကာင္းျမင္ေနရတယ္။ ၿပီးေတာ့ အစ္မႏွုတ္ကေန ခပ္ဖြဖြေျပာေနတာေတြကို Jennie ခန့္မွန္းလို႔ရေနတယ္။ "Jane .. အစ္မ ေတာင္းပန္ပါတယ္" ဆိုတာေပါ့။ သိပ္ကိုေတာင္းပန္ခဲတဲ့အစ္မက Jennie ကိုေတာ့ အဲ့စကားကို တဖြဖြေျပာတတ္လာတယ္။ ဘာလို႔လဲဆိုေတာ့ ေတာင္းပန္ရမယ့္ကိစၥေတြပဲလုပ္ခဲ့လို႔။

"ခ်စ္တယ္ Jane"
"Jane ကိုသိပ္ခ်စ္တယ္"
"ၾကားရဲ့လား ... Jane ကို အစ္မ ခ်စ္တယ္ဆိုတာ"

အင္း .. အခုထိျပန္ၾကားေနတုန္းပဲ။ အိပ္ယာထဲမွာ အသက္ကိုလုရွူရင္း အစ္မရဲ့မ်က္ႏွာလွလွကို ေငးၾကည့္ခဲ့ရတာလဲ အခုထိမွတ္မိတုန္းပဲ။ အခုျမင္ေနရတဲ့ ေနာင္တေတြနဲ႔ မ်က္ႏွာကိုေတာ့ ပထမဆုံးအႀကိမ္ျမင္ဖူးတာ။ Jennie လည္ပင္းက ဆြဲႀကိဳးကို ကိုင္ၾကည့္လိုက္တယ္။ သူမ အစ္မအတြက္ ဘာမ်ားလုပ္ေပးနိုင္ခဲ့သလဲ .. အစ္မကိုခ်စ္တာကလြဲလို႔ ဘာမွမေပးနိုင္ခဲ့တဲ့ သူမကေလ? ကေလးတစ္ေယာက္လို ခဏခဏစိတ္ဆိုးဖို႔ပဲ အားသန္ေနခဲ့တဲ့ သူမက .. အစ္မကို သူ႔ရဲ့အေၾကာက္တရားနဲ႔ပတ္သတ္လို႔ ဘာမ်ားကူညီနိုင္ခဲ့သလဲ?

Jennie ဝရန္တာဘက္ကေန လွည့္ထြက္လာလိုက္တယ္။ ၿခံေရွ႕ကိုဆင္းဖို႔ အခန္းထဲကေန တစ္လွမ္းခ်င္းထြက္လာလိုက္တယ္။ ေျခလွမ္းတိုင္းမွာ သတၱိေတြေရာ၊ နာက်င္မွုေတြေရာ ေရာႁပြန္းၿပီး ပါလာတယ္။ Christmas မနက္ခင္းတုန္းက အစ္မဆီကိုသြားဖို႔ ဒီေလွကားေတြကေန ဒီလိုခံစားခ်က္မ်ိဳးနဲ႔ဆင္းခဲ့ဖူးသလား။ ဆုံးျဖတ္္္္ခ်က္တစ္ခုကို အသက္တစ္ခါရွူတိုင္း ျပန္ျပင္ခ်ေနရတယ္။

"တို႔ထင္တာကေတာ့ သူ႔ကိုဆုံးျဖတ္္ခိုင္းေစခ်င္တာ။ တစ္ခုခုကို သူဆုံးျဖတ္ခ်က္ခ်လိုက္နိုင္ၿပီဆိုရင္ အေျဖေပၚသြားမယ္ထင္တယ္ Jennie ဒီကိစၥဟာ အခုမရွင္းရင္ မင္းနဲ႔သူ႔ရဲ့ အနာဂတ္က ဆက္ထုံးေတြမ်ားေနေတာ့မွာ"

Daniel ရဲ့ စကားေတြက ၾကားျဖတ္တိုးတိုက္ၿပီး ေခါင္းထဲဝင္လာတယ္။ အိမ္တံခါးေရွ႕ကိုေရာက္ေတာ့ Jennie တံခါးကိုဖြင့္ဖို႔ လက္ေတြတုန္ေနတယ္။ ပြင့္သြားတဲ့တံခါးကိုျမင္ေတာ့ အစ္မဟာ ဒူးေထာက္ထိုင္ေနရာကေန ခက္ခက္ခဲခဲ ေျဖးေျဖးခ်င္းထရပ္ေနတယ္။

"Jane ငယ္ေလး .. အေၾကာက္တရားေတြၾကားထဲက အစ္မ ဆြဲထုတ္ထားရတဲ့ အစ္မရဲ့ ခ်ည္တိုင္ေလး .."

နီးကပ္လာတဲ့ျမင္ကြင္းထဲတြင္ အစ္မရဲ့ နာက်င္ေနတဲ့မ်က္ဝန္းေတြပါသည္။ တုန္ယင္ျဖဴဆြတ္ေနသည့္ ႏွုတ္ခမ္းတစ္စုံပါသည္။ ၿခံတံခါးကိုပင္ Jennie ပုခုံးေတြအထင္ျဖင့္ အားကိုးတႀကီးဆုပ္ကိုင္လိုက္သည့္ လက္တစ္စုံပါသည္။ အားမရွိေတာ့လို႔ မတ္မတ္မရပ္နိုင္ေတာ့တဲ့ ေလ်ာ့တိေလ်ာ့ရဲ ေျခတစ္စုံပါသည္။

"Jane ..."

မိန္းမငယ္ဟာ သူမအေရွ႕ကို ေရာက္လာေပမယ့္ စိတ္ေတြဟာ သူမဆီမွာရွိေနပုံမေပၚ။ တိက်စြာဆိုရလၽွင္ သူ႔အေရွ႕၌ ၿပိဳလဲစြာရပ္တည္ေနသည့္ ယခုလက္ရွိ Kim Jisoo ထံတြင္ သူ႔စိတ္ေတြမရွိ။ ဟိုးအတိတ္က သူ႔ကို ခဏခဏငိုရေအာင္ လုပ္ခဲ့တဲ့ Kim Jisoo ကို တသသလြမ္းေနသလို မ်က္လုံးေတြကို Jisoo အတိုင္းသားျမင္ေနရပါသည္။

အေမကေျပာတယ္။ Jisoo မွာ လြတ္လပ္တဲ့ေရြးခ်ယ္ခြင့္ေတြအမ်ားႀကီးရွိေသးတယ္တဲ့။ ဘာကိုမွမေၾကာက္ဖို႔ .. ဘယ္သူ႔အျပစ္မွမဟုတ္တာမို႔လို႔ .. သူ႔လို အခ်ိန္ေတြေႏွာင္းမွ၊ အျခားသူေတြကို ဘဝထဲဆြဲေခၚၿပီးမွ ရက္ရက္စက္စက္ထားပစ္ခဲ့မိတဲ့မိန္းမတစ္ေယာက္မျဖစ္ရေအာင္ ႀကိဳတင္ျပင္ဆင္ခြင့္ေတြရွိေနတယ္တဲ့။

Jisoo သူစိတ္ေက်နပ္တဲ့အထိ ေတာင္းပန္ဖို႔ဆုံးျဖတ္ၿပီးၿပီ။ ဒီတစ္ခါဟာ ေနာက္ဆုံးတစ္္ခါပါလို႔ ကတိအထပ္ထပ္ေပးနိုင္ၿပီး၊ ကတိတည္နိုင္ေအာင္ ႀကိဳးစားေနေတာ့မွာလို႔ သူ႔ကိုေျပာျပရမည္။ အေမနဲ႔ ျပႆနာကို Jisoo ေသခ်ာေပါက္ ခဝါခ်နိုင္ခဲ့ၿပီဆိုတာကိုလဲ ေတာင္းပန္ၿပီးတာနဲ႔ ေျပာျပရမည္။ သူစိတ္ေက်နပ္တဲ့အထိ ... ဒူးေထာက္ၿပီးပဲ ေတာင္းပန္ရ ေတာင္းပန္ရ။ ေျခေထာက္ဖက္ၿပီးပဲ ေတာင္းပန္ရ ေတာင္းပန္ရပါ .. Jisoo ခ်မ္းလြန္းလို႔ အသက္ေတာင္ မနည္းရွူေနရေပမယ့္ ကေလးမဆီကိုမေရာက္နိုင္တာေသခ်ာေနတဲ့ တံခါးဆီ ပိုတိုးကပ္လိုက္တယ္။ လည္ေခ်ာင္းထဲက အသံတစ္ခုထြက္လာဖို႔ အတင္းျခစ္ကုပ္ၿပီး အားစိုက္လိုက္ရတယ္။

"Jane .. အစ္မ တကယ္ ..

"လမ္းခြဲၾကမယ္ အစ္မ"

ေတာင္းပန္မည့္စကားရိပ္တို႔အား ႀကိဳတင္တားဆီးလာသည့္ Jane ၏ ထိုစကားသံသည္ အေအးဓာတ္ႏွင့္အတူ ေသြးေၾကာမ်ားအတြင္းသို႔စိမ့္ဝင္လာခဲ့သည္။

"Jane"

တံခါးသံတိုင္ကို လက္နဲ႔ႏွစ္္ခ်က္ပုတ္ၿပီး ေသြး႐ူးေသြးတမ္းေခၚလိုက္သည့္တိုင္ ကေလးမဟာ သူ႔မ်က္ႏွာကို ေစ့ေစ့မၾကည့္လာ။ အေမ့ေရွ႕မွာတုန္းက သူ႔မ်က္ႏွာကို Jisoo မၾကည့္ခဲ့သလိုေပါ့။

"Jane .. အဲ့လိုမလုပ္ပါနဲ႔။ အစ္မကိုဝင္ခြင့္ေပးပါ အစ္မလက္ကိုကိုင္ထားေပးစမ္းပါ အစ္မ ေျပာတာေတြခဏေလာက္ျဖစ္ျဖစ္နားေထာင္ေပးပါ"

သံတိုင္မွာ ကပ္ၿပီး အေအးဓာတ္ေၾကာင့္ ခဲေနတဲ့ ေရစေတြဟာ Jisoo လက္နဲ႔ပုတ္ခ်လိုက္လို႔ အကုန္ တျဖဳတ္ျဖဳတ္ေႂကြက်သြားၾကတယ္။ လက္ဖဝါးေတြဆူးလာေပမယ့္ ရင္ထဲကနာက်င္မွုကို ဘယ္မွီလိမ့္မလဲ။

"Jane .. အစ္မကို လက္မလႊတ္လိုက္ပါနဲ႔လို႔ အစ္မ ေတာင္းပန္ထားခဲ့တယ္ေလ ..."

ဆို႔နင့္ေၾကကြဲစြာျဖင့္ သူ႔မ်က္ႏွာအားၾကည့္၍ ခပ္တိုးတိုးေျပာေနေသာ္ျငားလည္း စိတ္နာေနသည့္ Jane ဟာ သူမကို မၾကည့္လာ။ Jisoo တံခါးသံတိုင္ေတြမွာ နဖူးအပ္လိုက္မိတယ္။ တုန္ေနတဲ့လက္ေတြနဲ႔ ဆုပ္ကိုင္ထားမိတာ တံခါးတစ္ခုလား ပူေလာင္မွုေတြလား မသည္းကြဲေတာ့ဘူး။

"Jane .. အစ္မကို မစြန့္ပစ္လိုက္ပါနဲ႔ ေတာင္းပန္ပါတယ္"

Jane ၾကည့္မလာခဲ့ဘူး။ အၾကာႀကီး ဒူးေထာက္ထိုင္ထားလို႔ ယိုင္နဲ႔လုနီးျဖစ္ေနတဲ့ Jisoo ရဲ့ ေျခအစုံကိုပဲ စူးစိုက္ၾကည့္ေနတယ္။ မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္တဲ့ Jane ရဲ့ မ်က္ဝန္းအိမ္ထဲမွာ မ်က္ရည္ေတြကလြဲလို႔ ဘာမွမျဖစ္နိုင္ပါဘူး။ ကေလးမက သူမကို ဘယ္ေလာက္ထိခ်စ္လိုက္သလဲ .. စိတ္ဆိုးတုန္းမို႔ အခုလိုေျပာထြက္တာေနမွာပါ။

"Jane အစ္မအမွားကို အစ္မသိပါတယ္။ အျခားအျပစ္ေတြေပးပါ Jane ရယ္ .. ေက်းဇူးျပဳၿပီး အစ္မကို လက္မလႊတ္ပါနဲ႔ .. ေနာ္ .. Jane"

ထြက္မလာေတာ့ဘူးေတာင္ထင္ရတဲ့အထိ နာက်င္ေနတဲ့လည္ေခ်ာင္းထဲကအသံေတြကို သူၾကားေရာၾကားရဲ့လား။ တုတ္တုတ္ေတာင္မလွုပ္တဲ့ အစ္မခ်စ္ရတဲ့ အဲ့ကေလးမေလး ၾကားေရာၾကားရဲ့လား !!!

"Jane ကို အစ္မ သိပ္ခ်စ္တာေလကြယ္.."

အခုမွ ဆတ္ခနဲေမာ့ၾကည့္လာတဲ့ Jane ရဲ့ မ်က္လုံးေတြကို ပထမဆုံးအႀကိမ္အျဖစ္ Jisoo အရိပ္အကဲမခတ္နိုင္ျခင္းျဖစ္သည္။ ခစ္ခနဲအသံထြက္ေအာင္ ရယ္ခ်ေလ့ရွိတဲ့ ထိုႏွုတ္ခမ္းဖ်ားေလးေတြ အခုမွပဲ ထပ္ၿပီးလွုပ္ရွားလာတယ္။

"အစ္မ မသိတဲ့လူတစ္ေယာက္အျဖစ္ပဲ ညီမ ေနမယ္။ လမ္းခြဲမယ္ Kim Jisoo. ရွင့္အေၾကာက္တရားေတြ အကုန္ၿပီးၿပီလို႔မွတ္လိုက္ေတာ့"

တံခါးဖြင့္မေပးလာသလို .. ေသြးထြက္တဲ့အထိ သံတိုင္ေတြကို ရိုက္ပုတ္ေနတဲ့ Jisoo ကို Jane ဟာ ေနာက္ဆုံးအႀကိမ္ေတာ့ စူးစိုက္ၿပီးၾကည့္သြားခဲ့ပါသည္။ တေျဖးေျဖးခ်င္းအေနာက္ကိုဆုတ္သြားတဲ့ အဲ့ေျခလွမ္းေလးေတြဟာ ဆိုင္ေရွ႕ကေနထြက္သြားတဲ့ ေျခလွမ္းေတြနဲ႔ထပ္တူပါပဲ။ အေၾကာင္းျပခ်က္ကေတာ့ ကြဲျပားသည္။ ပထမအႀကိမ္သည္ Jisoo ႏွင္လို႔ ထြက္သြားသည့္ေျခလွမ္းမ်ားျဖစ္ၿပီး ယခုအႀကိမ္သည္ သူ႔သေဘာနဲ႔သူ Jisoo ၏ အေဝးသို႔ ထြက္ခြါေနသည့္ ေျခလွမ္းကေလးမ်ားျဖစ္ၾကသည္။

TBC......🧵
25 January 2021

Continue Reading

You'll Also Like

64.2K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
85.1K 20.5K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
45.9K 3.2K 72
ဖတ်ကြည့်နော်😉😉
26.6K 3K 19
နာကျင်နေတဲ့နေကြာတွေပါ။ နေမင်းကြီးရှိရာမျက်နှာမမူဘဲ နှင်းဆီနီတွေကိုသာငေးမျှော်‌နေတဲ့ ခပ်ရူးရူးနေကြာတွေပါ။