အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

We are still together 2

942 119 14
By Nova_Danica

[Unicode]

လမ်းမတစ်လျှောက် ဦးတည်ရာမဲ့ သွားနေရင်းမှ ကားဟွန်းသံ တတီတီကြောင့် လမ်းဘေးသို့ ဆင်းရှောင်ပေးလိုက်သည်။ သဲတွေ ပေနေသော ခြေထောက်မှာ ပေတူးနေပြီ ဖြစ်သော်လည်း ဟိုတယ်ကို ပြန်ဖို့ စိတ်ကူးမရှိ။ ကိုဆက်ကို ပုဂံရောက်ရင် ဖုန်းဆက်ဖို့ ပြောထားသော်လည်း အရင်ဖုန်းပိတ်ထားသည်က မိမိ ဖြစ်သည်။

တကယ်တမ်းမှာ လွမ်းလတ်နောင်၏ စိတ်တွေက လေနှင်ရာ လွင့်နေသော တိမ်တစ်စလို ဖြစ်နေပြီး သူ့ခန္ဓာကလည်း ရေတံခွန်တစ်လျှောက် မျောပါသွားသော ကျောက်စရစ်ခဲ တစ်ခုကဲ့သို့ ဖြစ်နေ၏။

ပုပ္ပားကို ရောက်ကတည်းက ဆက်တိုက် မက်နေသည့် အိပ်မက်လိုလို၊ ပုံပြင်လိုလို အရာတွေကြောင့် ပိုရူးချင်လာမိသည်။ တစ်ညထက် တစ်ည ပိုပီပြင်လာသော၊ အိပ်မက်ထဲတွင် ဦးဟု အမြတ်တနိုး ခေါ်ခဲ့ရသော ကောင်လေးကို တွေ့ချင်မိသည်။

သို့သော်လည်း ခုချိန်မှာ ဘယ်ဆီဘယ်၀ယ်သို့ ရောက်နေမှန်းပင် မသိ။ ထိုမျှလောက် ချစ်ခဲ့ရလျှင်၊ ထိုမျှလောက် ချစ်ခဲ့ကြလျှင် နံဘေးမှာ ခု ဘာလို့ မရှိတော့တာလဲ။ လွမ်းလတ်နောင်ကရော ဘာကြောင့် သူ့အနားမှာ ရှိမနေတော့တာလဲ။ ဘာကြောင့်လဲ။

လမ်းဘေးမှာ ပေါက်နေသော မြက်ပင်ရှည်ရှည်တို့အား အဓိပ္ပာယ်မဲ့ ထိတွေ့ကြည့်ကာ လျှောက်လာရင်းမှ အတွေးတချို့က ပေါ်လာသည်။

ထိုအတွေးမှာ အိပ်မက်ထဲတွင် ကျော်ထင်နော်ရထာဟူသော နှစ်ယောက်အား ခုထိ မတွေ့ရသေးသဖြင့် ဒီမြို့မှာ ရှိနေသေးသည်လားပင်။

စိတ်ထဲက ပေါ်လာတော့ ခြေလှမ်းတို့က မြန်လာသည်။ အရင်တစ်နေ့က တစ်ခါရောက်ဖူးသော လမ်းထဲသို့ ၀င်လာခဲ့ပြီးနောက် အနောက်ဘက်သို့ တည့်တည့် ဆက်သွားလိုက်၏။ စံကားဝါပင်ကြီးရှေ့က ဖြတ်သွားမိတော့ စက်ဘီး ဘီးလည်သံ တဂျောက်ဂျောက်နှင့် ရယ်မောသံများအား နားထဲ၌ ကြားလာပြန်လေသည်။

"ဟေး ကိုလတ်ရေ။ ဘောလုံးကန် သွားကြရအောင်။"

"ကလင် ကလင် ကလင် ကလင်"

"ကိုလတ်ရေ သွားနှင့်ပြီကွာ။ ငါတို့ကို ဖေဖေ ဆူတော့မယ်။"

အသံများနောက် စိတ်ဝိညာဉ်က လိုက်ရင်း ရေနံချေး သုတ်ထားသည့် အိမ်မည်းမည်းကြီးရှေ့ ရောက်သောအခါ ခြေလှမ်းတွေက အလိုလို ရပ်သွားပြန်သည်။ တမာပင်နှစ်ပင်က တံခါးအ၀င်၌ ရှိနေပြီး တစ်ခြံလုံးက မာလကာပင်များနှင့် ပြည့်နေသလိုပင်။

"အိမ်ရှင်တို့ အိမ်ရှင်တို့"

အတန်ကြာ ခေါ်နေသည့်တိုင် လူရိပ်လူယောင် မတွေ့။ ဟိုဟိုဒိဒီ ချောင်းကြည့်နေလည်း မရှိ။

"ဦးလေး။ ရှေ့က ဖယ်ပါဗျ။ သားစက်ဘီး ၀င်ချင်လို့။"

အသံက နောက်ပါးမှ ထွက်လာသည်။ အသက် ခုနှစ်နှစ်ခန့်ရှိမည် ဖြစ်လောက်သော ကောင်လေးက ကြိုးထုံးထားသော လွယ်အိတ်လေးအား လွယ်ကာ စက်ဘီးပေါ်မှ ဆင်းလိုက်၏။

"ဦးလေးက အိမ်လည်လာတာလား။ ဖေဖေတို့ မရှိဘူးဗျ။"

"ဖေဖေ ? သားဖေဖေက ဘယ်သူလဲ။"

"ဦးစိုင်းကျော်ထင်လေ။ ဦးလေးက ဖေဖေ့ဆီ လာတာ မဟုတ်ဘူးလား။"

စက်ဘီးကို နေရာတကျ သွားထောင်ထားလိုက်ပြီးနောက် ခြေထောက် ဆေးနေသော ကလေးလေးက အတော်လေးကို လိမ္မာမည့်ပုံ ရသည်။ ကျော်ထင် ငယ်ငယ်ကနှင့်တော့ လားလားမျှ မဆိုင်ချေ။

"ဟုတ်တယ် ဟုတ်တယ်။ ဦးက ကျော်ထင့်ဆီ လာဝာာ။ ကျော်ထင်တို့ ဘယ်သွားကြလဲ။"

"မြင်းခြံ သွားတယ်။ ဧည့်သည်ဆိုရင် လာထိုင်‌စောင့်လေ ဦးလေး။"

လှေကားထစ် အနားတွင် ချထားသော ကုလားထိုင်၌ လွမ်းလတ်နောင် ၀င်ထိုင်လိုက်တော့ အလိုက်တသိနှင့် ယပ်တောင်တစ်ချောင်းကို လာချပေးသည်။ လူကလည်း အိမ်အဆင့်မှာ ပုဆစ်တုပ်လေး ထိုင်ချ၏။

"ဘယ်တော့လောက် ပြန်လာမှာလဲ သားလေး။ အိမ်မှာ သားလေးတစ်ယောက်တည်းလား။"

"ဟုတ်ဘူးဗျ။ အဘိုးတို့ အဘွားတို့လည်း ရှိတယ်။"

"‌ဪ ဘယ်နှစ်တန်း ရောက်ပြီလဲကွ"

"သား ဒီနှစ် နှစ်တန်းတက်နေတာ"

နှစ်ယောက်သား စကားလက်ဆုံ ကျနေစဉ်မှာပင် ဦးကြီးတစ်ယောက်က အပြင်ဘက်မှ ပြန်လာသည်။ ထိုဦးကြီးကိုမြင်တော့ ကလေးလေးက အဘိုးဟုခေါ်၍ အပြေးသွားကြို၏။

"ဧည့်သည် ရောက်နေတာပဲ။ နေပါဦး။ မောင်ရင့်ကို မြင်ဖူးသလိုပဲ။"

ခေါင်းရင်းဘက်က ကြိမ်ကုလားထိုင်မှာ ၀င်ထိုင်လိုက်သော ဦးကြီးက လွမ်းလတ်နောင်အား စူးစိုက်ကာ ကြည့်‌နေသလို တစ်စုံတစ်ခုကိုလည်း တွေးနေလေသည်။ ထို့ကြောင့် ခပ်မြန်မြန် မိတ်ဆက်လိုက်၏။

"ကျွန်တော် လွမ်းလတ်နောင်ပါ။ ကျော်ထင်တို့၊ ၀ဏ္ဏတို့ သူငယ်ချင်း။"

"အေးအေး။ အဲ့ဒါကြောင့် မြင်ဖူးပါတယ်လို့ စဉ်းစားနေတာ။ မင်းတို့ ဒီကပြောင်းသွားတာ ကြာပြီပဲ။"

"ဟို ကျွန်တော်။ ဦးကြီးကို တစ်ခုလောက် မေးလို့ ရမလား။"

ဦးကြီးက အဖြေရှာရသွားတော့ ခမောက်ကို ချွတ်ကာ ခေါင်းညိတ်ပြသည်။ ရေနွေးငှဲ့လိုက်ရင်းမှ အိမ်ထဲ ၀င်သွားသော ကလေးလေးကိုလည်း လှမ်းအော်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။

"လူလေးရေ ထန်းလျက် ယူခဲ့ဦးကွာ။ အေး ပြောလေ ငါ့တူ။"

"ဦးကြီး ဆရာကြီးဦးသာဦးကို သိလားဗျ"

"ကိုသာဦးကို ? သိတာပေါ့ကွ။ သူ့သားကလည်း အိမ်က ကောင်လေးတွေနဲ့ သူငယ်ချင်းပဲလေ။"

"သူတို့ပြောင်းသွားကြတာ ဦးကြီး သိလား"

"အေး ဟုတ်တယ် ဟုတ်တယ်။ ရုတ်တရက်ကြီး သူတို့မိသားစုတွေ ပြောင်းသွားကြတော့ ငါတောင် အံ့ဩမိသေးတယ်။"

"ဘယ်ကို ပြောင်းသွာတာလဲ ဦးကြီး သိလားဟင်"

"အဲ့ဒါတော့ မသိဘူးကွ။ အလုပ်အကိုင်ချင်းက သိပ်မတူတော့ မဆက်စပ်မိဘူးလေ။ ကျော်ထင် ပြန်လာမှ မေးကြည့်ပါလား မောင်ရင်ရ။ သူတော့ သိချင် သိလိမ့်မပေါ့။"

"ဘယ်တော့ ပြန်ရောက်မလဲ ဦးလေး"

"ညမှ ဆိုတော့...။ အိပ်စောင့်လိုက်လေ လူလေး။"

မှုတ်ထုတ်လိုက်သော စီးကရက်ငွေ့တွေက လေထဲမှာ ပျံ့လွင့်သွားသည်။ သင်ဖြူးဖျာပေါ်တွင် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ ထိုင်နေရင်းမှ အခန်းတွင်းသို့ ၀င်ရောက်လာသော ခြေသံကြောင့် လှည့်ကြည့်မိလိုက်၏။

"ဦးလေး အဖေ ပြန်လာပြီ"

ကလေးလေးက လာပြောပြီးနောက် ပြန်ပြေးထွက်သွားသည်။ လွမ်းလတ်နောင် စိတ်စောစွာ မတ်တပ်ထရပ်မိသလို မကြာပါ လူရိပ်ကလည်း အရှေ့မှာ ပေါ်လာ၏။

"ကိုလတ်ရာ မတွေ့တာကြာပြီ"

ကျော်ထင်က ငယ်ငယ်ကလို ပိန်ကပ်ကပ်လေး မဟုတ်တော့ဘဲ အနည်းငယ် ဆူဖြိုးနေသည်။ အသားတွေကတော့ ပိုညိုသွားပြီး အသက်သုံးဆယ်အရွယ် လူကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်က ရင့်ကျက်နေလေ၏။

ရင်းရင်းနှီးနှီး ဖက်လိုက်ကြတော့ ကလေးဘဝ ပြန်ရောက်သွားသလိုပင် ခံစားမိလိုက်ရသည်။

"၀ဏ္ဏရော"

"၀ဏ္ဏက မန္တလေးမှာ နေတယ်ကွ။ သူလည်း မင်းကိုတွေ့ရင် ၀မ်းသာမှာပဲ။"

ကျော်ထင်က ပြုံးရွှင်လို့နေ၏။ ငယ်ရုပ်ကို ပြန်ဖမ်းရင်းမှ စခဲ့၊ နောက်ခဲ့သမျှ လွမ်းသွားရသည်။ မသိသာ သလိုလိုနှင့် ဒီက ထွက်သွားတာ ကြာခဲ့သလို သူတို့တွေလည်း လုံလုံလောက်လောက် အရွယ်ရောက်လာကြပြီပဲ။

"မင်း အိမ်ထောင်ကျနေပြီလား"

"ဟင့်အင်း မကျသေးဘူး။ ဒါနဲ့ မင့်သားက တော်တော် စကားတတ်တယ်နော်။ လိမ္မာပုံလည်း ရတယ်။"

ကျော်ထင်က ရယ်ပြန်သည်။ အိမ်ရှေ့ခန်းကို လှမ်းကြည့်ကာ ဆို၏။

"ပြောမနေနဲ့တော့။ သူက ဖေဖေ့အသည်းစွဲ။ ငါတို့သာ ဖေဖေ့ကို ခုထိကြောက်နေရတာ၊ သူက ဖေဖေ့ကို လက်သုပ် သုပ်စားနေတာ။"

"မင်း ဘာကိစ္စနဲ့ လာတာလဲ။ အလည်သက်သက်ပဲလား။"

"အလည်တော့ အလည်ပဲ။ ဟင်း...။ မင်း ဆရာကြီးဦးသာဦးတို့ ဘယ်ပြောင်းသွားလဲ သိလား။"

မျှော်လင့်တကြီး မေးလိုက်တိုင်း ယမ်းခါပြနေသော ခေါင်းများကို ကြည့်ကာ စိတ်ပျက်ခြင်းက တိုးကာတိုးကာ ၀င်ရောက်လာရသည်။ လျင်လျင်မြန်မြန် ကုန်သွားသော စီးကရက် ဖင်စီခံကို ဖိချေလိုက်ပြီးနောက် ခေါင်းကို ငိုက်စိုက်ချထားမိ၏။

လေထုက အတန်ကြာ တိတ်ဆိတ်သွားလေသည်။ ခေါင်းရင်းဘက်က ပိုးကောင််အော်သံ တစီစီ‌မြည်မှ ကျော်ထင့်အသံက ပြန်ထွက်လာ၏။

"ဒါပေမဲ့ ငါ ဟိုနေ့ကတော့ သူတို့ကို မြို့ထဲမှာ တွေ့လိုက်သလိုပဲ"

သူတို့ကို။ သစ္စာပန်းရနံ့တို့ကို သတိရမိသည်။ လွမ်းလတ်နောင် အလျင်စလို ပြန်မေးလိုက်မိ၏။

"တောင်ပေါ်က ဆင်းလာတာလား"

"အဲ့ဒါတော့ မသိဘူးကွ။ ဈေးဆိုင်မှာ တွေ့လိုက်တာ။"

သေချာပြီ။ ဒါဆို သူတောင်ပေါ်မှာ တွေ့ခဲ့သည်မှာ ဦး၏ အဖေနှင့် အမေပင် ဖြစ်ရမည်။

"မင်း ဘာလုပ်မလို့လဲ"

"ငါ...?"

ဦးကို လိုက်ရှာဖို့ပေါ့။ ချစ်သော ဦးကို ရေဆုံးမြေဆုံးထိ လိုက်ရှာဖို့ရယ်ပေါ့။

ပြာခွက်ကို ဆုပ်ကိုင်ရင်း စိတ်ထဲက တိုင်တည်လိုက်မိ၏။

ဦး...။ ကိုယ် မင်းဆီကို မရောက်ရောက်အောင် လာမယ်။ ဘာကြောင့်ပဲ ကိုယ်တို့တွေ ဝေးသွားသွား မရောက်ရောက်အောင် ကိုယ် လာခဲ့ပါ့မယ်။

TBC...

A/N - အတိတ်နဲ့ ပစ္စုပ္ပန်က ချာချာလည်နေမှာမို့ ကိုလတ်ရဲ့စိတ်ကို နားလည်ကြလားမသိဘူး 😢

[Zawgyi]

လမ္းမတစ္ေလွ်ာက္ ဦးတည္ရာမဲ့ သြားေနရင္းမွ ကားဟြန္းသံ တတီတီေၾကာင့္ လမ္းေဘးသို႔ ဆင္းေရွာင္ေပးလိုက္သည္။ သဲေတြ ေပေနေသာ ေျခေထာက္မွာ ေပတူးေနၿပီ ျဖစ္ေသာ္လည္း ဟိုတယ္ကို ျပန္ဖို႔ စိတ္ကူးမရွိ။ ကိုဆက္ကို ပုဂံေရာက္ရင္ ဖုန္းဆက္ဖို႔ ေျပာထားေသာ္လည္း အရင္ဖုန္းပိတ္ထားသည္က မိမိ ျဖစ္သည္။

တကယ္တမ္းမွာ လြမ္းလတ္ေနာင္၏ စိတ္ေတြက ေလႏွင္ရာ လြင့္ေနေသာ တိမ္တစ္စလို ျဖစ္ေနၿပီး သူ႕ခႏၶာကလည္း ေရတံခြန္တစ္ေလွ်ာက္ ေမ်ာပါသြားေသာ ေက်ာက္စရစ္ခဲ တစ္ခုကဲ့သို႔ ျဖစ္ေန၏။

ပုပၸားကို ေရာက္ကတည္းက ဆက္တိုက္ မက္ေနသည့္ အိပ္မက္လိုလို၊ ပုံျပင္လိုလို အရာေတြေၾကာင့္ ပို႐ူးခ်င္လာမိသည္။ တစ္ညထက္ တစ္ည ပိုပီျပင္လာေသာ၊ အိပ္မက္ထဲတြင္ ဦးဟု အျမတ္တနိုး ေခၚခဲ့ရေသာ ေကာင္ေလးကို ေတြ႕ခ်င္မိသည္။

သို႔ေသာ္လည္း ခုခ်ိန္မွာ ဘယ္ဆီဘယ္၀ယ္သို႔ ေရာက္ေနမွန္းပင္ မသိ။ ထိုမွ်ေလာက္ ခ်စ္ခဲ့ရလွ်င္၊ ထိုမွ်ေလာက္ ခ်စ္ခဲ့ၾကလွ်င္ နံေဘးမွာ ခု ဘာလို႔ မရွိေတာ့တာလဲ။ လြမ္းလတ္ေနာင္ကေရာ ဘာေၾကာင့္ သူ႕အနားမွာ ရွိမေနေတာ့တာလဲ။ ဘာေၾကာင့္လဲ။

လမ္းေဘးမွာ ေပါက္ေနေသာ ျမက္ပင္ရွည္ရွည္တို႔အား အဓိပၸာယ္မဲ့ ထိေတြ႕ၾကည့္ကာ ေလွ်ာက္လာရင္းမွ အေတြးတခ်ိဳ႕က ေပၚလာသည္။

ထိုအေတြးမွာ အိပ္မက္ထဲတြင္ ေက်ာ္ထင္ေနာ္ရထာဟူေသာ ႏွစ္ေယာက္အား ခုထိ မေတြ႕ရေသးသျဖင့္ ဒီၿမိဳ႕မွာ ရွိေနေသးသည္လားပင္။

စိတ္ထဲက ေပၚလာေတာ့ ေျခလွမ္းတို႔က ျမန္လာသည္။ အရင္တစ္ေန႕က တစ္ခါေရာက္ဖူးေသာ လမ္းထဲသို႔ ၀င္လာခဲ့ၿပီးေနာက္ အေနာက္ဘက္သို႔ တည့္တည့္ ဆက္သြားလိုက္၏။ စံကားဝါပင္ႀကီးေရွ႕က ျဖတ္သြားမိေတာ့ စက္ဘီး ဘီးလည္သံ တေဂ်ာက္ေဂ်ာက္ႏွင့္ ရယ္ေမာသံမ်ားအား နားထဲ၌ ၾကားလာျပန္ေလသည္။

"ေဟး ကိုလတ္ေရ။ ေဘာလုံးကန္ သြားၾကရေအာင္။"

"ကလင္ ကလင္ ကလင္ ကလင္"

"ကိုလတ္ေရ သြားႏွင့္ၿပီကြာ။ ငါတို႔ကို ေဖေဖ ဆူေတာ့မယ္။"

အသံမ်ားေနာက္ စိတ္ဝိညာဥ္က လိုက္ရင္း ေရနံေခ်း သုတ္ထားသည့္ အိမ္မည္းမည္းႀကီးေရွ႕ ေရာက္ေသာအခါ ေျခလွမ္းေတြက အလိုလို ရပ္သြားျပန္သည္။ တမာပင္ႏွစ္ပင္က တံခါးအ၀င္၌ ရွိေနၿပီး တစ္ၿခံလုံးက မာလကာပင္မ်ားႏွင့္ ျပည့္ေနသလိုပင္။

"အိမ္ရွင္တို႔ အိမ္ရွင္တို႔"

အတန္ၾကာ ေခၚေနသည့္တိုင္ လူရိပ္လူေယာင္ မေတြ႕။ ဟိုဟိုဒိဒီ ေခ်ာင္းၾကည့္ေနလည္း မရွိ။

"ဦးေလး။ ေရွ႕က ဖယ္ပါဗ်။ သားစက္ဘီး ၀င္ခ်င္လို႔။"

အသံက ေနာက္ပါးမွ ထြက္လာသည္။ အသက္ ခုႏွစ္ႏွစ္ခန႔္ရွိမည္ ျဖစ္ေလာက္ေသာ ေကာင္ေလးက ႀကိဳးထုံးထားေသာ လြယ္အိတ္ေလးအား လြယ္ကာ စက္ဘီးေပၚမွ ဆင္းလိုက္၏။

"ဦးေလးက အိမ္လည္လာတာလား။ ေဖေဖတို႔ မရွိဘူးဗ်။"

"ေဖေဖ ? သားေဖေဖက ဘယ္သူလဲ။"

"ဦးစိုင္းေက်ာ္ထင္ေလ။ ဦးေလးက ေဖေဖ့ဆီ လာတာ မဟုတ္ဘူးလား။"

စက္ဘီးကို ေနရာတက် သြားေထာင္ထားလိုက္ၿပီးေနာက္ ေျခေထာက္ ေဆးေနေသာ ကေလးေလးက အေတာ္ေလးကို လိမၼာမည့္ပုံ ရသည္။ ေက်ာ္ထင္ ငယ္ငယ္ကႏွင့္ေတာ့ လားလားမွ် မဆိုင္ေခ်။

"ဟုတ္တယ္ ဟုတ္တယ္။ ဦးက ေက်ာ္ထင့္ဆီ လာဝာာ။ ေက်ာ္ထင္တို႔ ဘယ္သြားၾကလဲ။"

"ျမင္းၿခံ သြားတယ္။ ဧည့္သည္ဆိုရင္ လာထိုင္‌ေစာင့္ေလ ဦးေလး။"

ေလွကားထစ္ အနားတြင္ ခ်ထားေသာ ကုလားထိုင္၌ လြမ္းလတ္ေနာင္ ၀င္ထိုင္လိုက္ေတာ့ အလိုက္တသိႏွင့္ ယပ္ေတာင္တစ္ေခ်ာင္းကို လာခ်ေပးသည္။ လူကလည္း အိမ္အဆင့္မွာ ပုဆစ္တုပ္ေလး ထိုင္ခ်၏။

"ဘယ္ေတာ့ေလာက္ ျပန္လာမွာလဲ သားေလး။ အိမ္မွာ သားေလးတစ္ေယာက္တည္းလား။"

"ဟုတ္ဘူးဗ်။ အဘိုးတို႔ အဘြားတို႔လည္း ရွိတယ္။"

"‌ဪ ဘယ္ႏွစ္တန္း ေရာက္ၿပီလဲကြ"

"သား ဒီႏွစ္ ႏွစ္တန္းတက္ေနတာ"

ႏွစ္ေယာက္သား စကားလက္ဆုံ က်ေနစဥ္မွာပင္ ဦးႀကီးတစ္ေယာက္က အျပင္ဘက္မွ ျပန္လာသည္။ ထိုဦးႀကီးကိုျမင္ေတာ့ ကေလးေလးက အဘိုးဟုေခၚ၍ အေျပးသြားႀကိဳ၏။

"ဧည့္သည္ ေရာက္ေနတာပဲ။ ေနပါဦး။ ေမာင္ရင့္ကို ျမင္ဖူးသလိုပဲ။"

ေခါင္းရင္းဘက္က ႀကိမ္ကုလားထိုင္မွာ ၀င္ထိုင္လိုက္ေသာ ဦးႀကီးက လြမ္းလတ္ေနာင္အား စူးစိုက္ကာ ၾကည့္‌ေနသလို တစ္စုံတစ္ခုကိုလည္း ေတြးေနေလသည္။ ထို႔ေၾကာင့္ ခပ္ျမန္ျမန္ မိတ္ဆက္လိုက္၏။

"ကြၽန္ေတာ္ လြမ္းလတ္ေနာင္ပါ။ ေက်ာ္ထင္တို႔၊ ၀ဏၰတို႔ သူငယ္ခ်င္း။"

"ေအးေအး။ အဲ့ဒါေၾကာင့္ ျမင္ဖူးပါတယ္လို႔ စဥ္းစားေနတာ။ မင္းတို႔ ဒီကေျပာင္းသြားတာ ၾကာၿပီပဲ။"

"ဟို ကြၽန္ေတာ္။ ဦးႀကီးကို တစ္ခုေလာက္ ေမးလို႔ ရမလား။"

ဦးႀကီးက အေျဖရွာရသြားေတာ့ ခေမာက္ကို ခြၽတ္ကာ ေခါင္းညိတ္ျပသည္။ ေရေႏြးငွဲ႕လိုက္ရင္းမွ အိမ္ထဲ ၀င္သြားေသာ ကေလးေလးကိုလည္း လွမ္းေအာ္ကာ ေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္၏။

"လူေလးေရ ထန္းလ်က္ ယူခဲ့ဦးကြာ။ ေအး ေျပာေလ ငါ့တူ။"

"ဦးႀကီး ဆရာႀကီးဦးသာဦးကို သိလားဗ်"

"ကိုသာဦးကို ? သိတာေပါ့ကြ။ သူ႕သားကလည္း အိမ္က ေကာင္ေလးေတြနဲ႕ သူငယ္ခ်င္းပဲေလ။"

"သူတို႔ေျပာင္းသြားၾကတာ ဦးႀကီး သိလား"

"ေအး ဟုတ္တယ္ ဟုတ္တယ္။ ႐ုတ္တရက္ႀကီး သူတို႔မိသားစုေတြ ေျပာင္းသြားၾကေတာ့ ငါေတာင္ အံ့ဩမိေသးတယ္။"

"ဘယ္ကို ေျပာင္းသြာတာလဲ ဦးႀကီး သိလားဟင္"

"အဲ့ဒါေတာ့ မသိဘူးကြ။ အလုပ္အကိုင္ခ်င္းက သိပ္မတူေတာ့ မဆက္စပ္မိဘူးေလ။ ေက်ာ္ထင္ ျပန္လာမွ ေမးၾကည့္ပါလား ေမာင္ရင္ရ။ သူေတာ့ သိခ်င္ သိလိမ့္မေပါ့။"

"ဘယ္ေတာ့ ျပန္ေရာက္မလဲ ဦးေလး"

"ညမွ ဆိုေတာ့...။ အိပ္ေစာင့္လိုက္ေလ လူေလး။"

မႈတ္ထုတ္လိုက္ေသာ စီးကရက္ေငြ႕ေတြက ေလထဲမွာ ပ်ံ့လြင့္သြားသည္။ သင္ျဖဴးဖ်ာေပၚတြင္ ျပတင္းေပါက္ဘက္သို႔ မ်က္ႏွာမူကာ ထိုင္ေနရင္းမွ အခန္းတြင္းသို႔ ၀င္ေရာက္လာေသာ ေျခသံေၾကာင့္ လွည့္ၾကည့္မိလိုက္၏။

"ဦးေလး အေဖ ျပန္လာၿပီ"

ကေလးေလးက လာေျပာၿပီးေနာက္ ျပန္ေျပးထြက္သြားသည္။ လြမ္းလတ္ေနာင္ စိတ္ေစာစြာ မတ္တပ္ထရပ္မိသလို မၾကာပါ လူရိပ္ကလည္း အေရွ႕မွာ ေပၚလာ၏။

"ကိုလတ္ရာ မေတြ႕တာၾကာၿပီ"

ေက်ာ္ထင္က ငယ္ငယ္ကလို ပိန္ကပ္ကပ္ေလး မဟုတ္ေတာ့ဘဲ အနည္းငယ္ ဆူၿဖိဳးေနသည္။ အသားေတြကေတာ့ ပိုညိုသြားၿပီး အသက္သုံးဆယ္အ႐ြယ္ လူႀကီးတစ္ေယာက္ကဲ့သို႔ ဟန္ပန္က ရင့္က်က္ေနေလ၏။

ရင္းရင္းႏွီးႏွီး ဖက္လိုက္ၾကေတာ့ ကေလးဘဝ ျပန္ေရာက္သြားသလိုပင္ ခံစားမိလိုက္ရသည္။

"၀ဏၰေရာ"

"၀ဏၰက မႏၲေလးမွာ ေနတယ္ကြ။ သူလည္း မင္းကိုေတြ႕ရင္ ၀မ္းသာမွာပဲ။"

ေက်ာ္ထင္က ၿပဳံး႐ႊင္လို႔ေန၏။ ငယ္႐ုပ္ကို ျပန္ဖမ္းရင္းမွ စခဲ့၊ ေနာက္ခဲ့သမွ် လြမ္းသြားရသည္။ မသိသာ သလိုလိုႏွင့္ ဒီက ထြက္သြားတာ ၾကာခဲ့သလို သူတို႔ေတြလည္း လုံလုံေလာက္ေလာက္ အ႐ြယ္ေရာက္လာၾကၿပီပဲ။

"မင္း အိမ္ေထာင္က်ေနၿပီလား"

"ဟင့္အင္း မက်ေသးဘူး။ ဒါနဲ႕ မင့္သားက ေတာ္ေတာ္ စကားတတ္တယ္ေနာ္။ လိမၼာပုံလည္း ရတယ္။"

ေက်ာ္ထင္က ရယ္ျပန္သည္။ အိမ္ေရွ႕ခန္းကို လွမ္းၾကည့္ကာ ဆို၏။

"ေျပာမေနနဲ႕ေတာ့။ သူက ေဖေဖ့အသည္းစြဲ။ ငါတို႔သာ ေဖေဖ့ကို ခုထိေၾကာက္ေနရတာ၊ သူက ေဖေဖ့ကို လက္သုပ္ သုပ္စားေနတာ။"

"မင္း ဘာကိစၥနဲ႕ လာတာလဲ။ အလည္သက္သက္ပဲလား။"

"အလည္ေတာ့ အလည္ပဲ။ ဟင္း...။ မင္း ဆရာႀကီးဦးသာဦးတို႔ ဘယ္ေျပာင္းသြားလဲ သိလား။"

ေမွ်ာ္လင့္တႀကီး ေမးလိုက္တိုင္း ယမ္းခါျပေနေသာ ေခါင္းမ်ားကို ၾကည့္ကာ စိတ္ပ်က္ျခင္းက တိုးကာတိုးကာ ၀င္ေရာက္လာရသည္။ လ်င္လ်င္ျမန္ျမန္ ကုန္သြားေသာ စီးကရက္ ဖင္စီခံကို ဖိေခ်လိဳက္ၿပီးေနာက္ ေခါင္းကို ငိုက္စိုက္ခ်ထားမိ၏။

ေလထုက အတန္ၾကာ တိတ္ဆိတ္သြားေလသည္။ ေခါင္းရင္းဘက္က ပိုးေကာင္္ေအာ္သံ တစီစီ‌ျမည္မွ ေက်ာ္ထင့္အသံက ျပန္ထြက္လာ၏။

"ဒါေပမဲ့ ငါ ဟိုေန႕ကေတာ့ သူတို႔ကို ၿမိဳ႕ထဲမွာ ေတြ႕လိုက္သလိုပဲ"

သူတို႔ကို။ သစၥာပန္းရနံ႕တို႔ကို သတိရမိသည္။ လြမ္းလတ္ေနာင္ အလ်င္စလို ျပန္ေမးလိုက္မိ၏။

"ေတာင္ေပၚက ဆင္းလာတာလား"

"အဲ့ဒါေတာ့ မသိဘူးကြ။ ေဈးဆိုင္မွာ ေတြ႕လိုက္တာ။"

ေသခ်ာၿပီ။ ဒါဆို သူေတာင္ေပၚမွာ ေတြ႕ခဲ့သည္မွာ ဦး၏ အေဖႏွင့္ အေမပင္ ျဖစ္ရမည္။

"မင္း ဘာလုပ္မလို႔လဲ"

"ငါ...?"

ဦးကို လိုက္ရွာဖို႔ေပါ့။ ခ်စ္ေသာ ဦးကို ေရဆုံးေျမဆုံးထိ လိုက္ရွာဖို႔ရယ္ေပါ့။

ျပာခြက္ကို ဆုပ္ကိုင္ရင္း စိတ္ထဲက တိုင္တည္လိုက္မိ၏။

ဦး...။ ကိုယ္ မင္းဆီကို မေရာက္ေရာက္ေအာင္ လာမယ္။ ဘာေၾကာင့္ပဲ ကိုယ္တို႔ေတြ ေဝးသြားသြား မေရာက္ေရာက္ေအာင္ ကိုယ္ လာခဲ့ပါ့မယ္။

TBC...

A/N - အတိတ္နဲ႕ ပစၥဳပၸန္က ခ်ာခ်ာလည္ေနမွာမို႔ ကိုလတ္ရဲ႕စိတ္ကို နားလည္ၾကလားမသိဘူး 😢

Continue Reading

You'll Also Like

5K 464 25
မင္းသာ cigarette တစ္လိပ္ဆို မင္းအေပၚမွာေလာင္ၿမိဳက္လာမဲ့ မီးစေလးဟာ ကိုယ္ပဲျဖစ္ခ်င္တယ္။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလ...
15.3K 1.1K 21
မြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11...
3.6K 339 15
This story is set in Singapore and depicts an invisible love between two men
30.4K 2.6K 75
ဒီလောက်ဆိုရင်ရော ငါမင်းနဲ့ တွေ့လို့ရပြီလား။