ချည်တိုင်
De hAnn63
232K 22.1K 1.3K
ချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတ... Mais
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29 (Final Episode)
Episode : Zero : Tie Me Down
Author's noted.
Book publishing.
Book Order.
ချည်တိုင် Sec Edition
26
5.6K 585 65
De hAnn63
Recommended background music 🌺
1. Broken Clocks by SZA (သီချင်းနားထောင်ရင်းဖတ်မယ်ဆိုရင် စဖတ်တာနဲ့ အစဉ်လိုက်ရှာဖွင့်ထားစေချင်ပါတယ်။ ပေးချင်တဲ့ခံစားချက်နှစ်မျိုးလုံးကို အပေါ်အောက် အစဉ်လိုက် လုပ်ပေးထားတာပါ)
2. The For seasons (From Portrait of a lady on fire/ Violin ver)
-ချည်တိုင်-
Show ထဲမှာ Camera ကို ကိုင်ရင်း Jisoo ထိုင်ချိန်တောင်မရ။ ဒီနေ့ပွဲက ဧည့်သည်တော်တော်များသည်။ နှစ်ကုန်ရင်ထုတ်မယ့် magazine အတွက်ရော၊ မင်းသမီးတစ်ယောက်ရဲ့ fashion book အတွက်ရော ဒီပွဲကပုံတွေကို တစ်ခုမကျန် အကုန်မလွတ်အောင် Jisoo ကြိုးစားနေရသည်။ Photographer အများကြီးရှိပေမယ့် ဒီ team မှာ အန်ကယ်က Jisoo ကိုသာ အဓိကသုံးသည်မှာ အလုပ်ဝင်ပြီး သိပ်မကြာခင်တည်းကပင်။
"ဖြေးဖြေးလျှောက်စမ်းဟဲ့ ချော်လဲမယ်"
Daniel က ဝန်ထမ်းတွေအကုန်လုံးကို မှာစရာရှိတာလိုက်မှာရင်း Jisoo အနားကိုရောက်လာတယ်။ Carpet တက်နေတဲ့ အနုပညာရှင်တွေကို သက်သက်ခေါ်ရဦးမည်။ Jisoo ပွဲမစခင်မှာပင် အလုပ်ရှုပ်နေခြင်းပင်။
"Jane ရော Daniel"
မနက်တည်းက သူမနဲ့ကလေးမနဲ့ မတွေ့ရသေး။ အလုပ်ရှုပ်မယ်ဆိုတာသိလို့ ရုံးကိုတောင်တန်းမသွားပဲ ဒီကိုအရင်လာခဲ့တဲ့ Jisoo မှာ Jane မျက်နှာမတွေ့ရသေးတော့ နေလို့မကောင်းချင်။
"ရောက်နေပြီ။ စောစောက Teh နဲ့ စကားပြောနေတာတွေ့လိုက်တယ်"
Carpet ဆီက မင်းသားဆီ camera focus ကို ဖြတ်နေတုန်း ကြားလိုက်ရတဲ့ Daniel ဆီကစကားကြောင့် Jisoo လက်တွေ ဆတ်ခနဲဖြစ်သွားတယ်။
"Teh?"
"ဟုတ်တယ်။ ဟိုမှာ Kim Go Eun လာနေပြီ အမြန်ရိုက် အာရုံမများနဲ့"
စိုးရိမ်စိတ်တွေကို Camera နဲ့အတူဆုပ်ကိုင်ရင်း Jisoo အလုပ်ဆက်လုပ်ရသည်။ Jane ကို ယုံပေမယ့် ဟိုကောင့်ကိုမယုံဘူး။ အလုပ်သဘောအရ စကားပြောတာရှိမှာပဲမို့ Jisoo စိတ်ကိုလျှော့နေရသည်။
"Daniel"
Camera ဆီက အကြည့်မလွှဲပဲ ဘေးနားက Daniel ကို ခေါ်တော့ Daniel က အနားကို ပိုကပ်လာသည်။
"Photographer team ကို ဖုန်းဆက်ပေးပါ။ ငါတစ်ယောက်တည်း ဘယ်လိုမှအဆင်မပြေလောက်ဘူး"
"အိုခေ ဆက်ပေးမယ်အခုပဲ"
Daniel ထွက်သွားတယ်။ ဆောင်းကုန်ရှိုးပွဲမို့လို့ outfit တွေကအစ ဆောင်းလက်ကျန်အငွေ့အသက်ရော၊ နွေဦးရဲ့အငွေ့အသက်ရောပါအောင် စီစဉ်ထားကြရသည်။ ထို့အတွက် Jane လဲ အလုပ်တော်တော်ရှုပ်ခဲ့သည်။
"Jisoo ကျွန်တော်ကူပေးရမလား"
Jisoo နဲ့ အလုပ်ကိစ္စကိုအကြောင်းပြုပြီး တစ်ကြိမ်မကတွေ့ဖူးတဲ့ Teh က Jisoo အနားကိုရောက်လာပြီးမေးတယ်။ သူ့ကိုလှည့်မကြည့်အားသလို လှည့်ကြည့်ဖို့လဲစိတ်မပါ။
"ရတယ် Teh"
"အစ်မ .. အဆင်ပြေရဲ့လား။ အလုပ်တွေတအားရှုပ်နေမှာပဲ"
ထိုအသံကလေးကိုအကြား ရိုက်လက်စပုံကို ဖြတ်ခနဲ လက်စသတ်လိုက်ပြီး Camera ကို မျက်နှာရှေ့ကခွါလို့ လက်ထဲကိုင်ပြီး Jisoo လှည့်ကြည့်လိုက်တယ်။
"ပြေတယ် Jane အလုပ်တော့ရှုပ်နေတယ် ခဏစောင့်ပေးနော်"
"ဟုတ်။ Teh က ဒယ်ဒီ့ကိုရှာနေတာမလား ဒယ်ဒီဟိုမှာ"
Jane ဟာ ထိုအမျိုးသားရဲ့ ပုခုံးကို သူ့လက်ဖျားနဲ့တို့ပြီးနောက် အန်ကယ် Jane ရှိတဲ့ဆီကို လက်ညှိုးထိုးပြပြီးပြောတယ်။ လည်ချောင်းထဲပူလာလိုက်တာ။
"အရမ်းရင်းနှီးနေတာပဲ သူနဲ့"
"အစ်မကိုနမ်းချင်လိုက်တာ။ လူတွေနဲ့မို့ ဒုက္ခပါပဲ"
Jisoo စကားကို မကြားချင်ယောင်ဆောင်လိုက်တဲ့ကလေးမက စကားလွှဲတယ်။ Jisoo ခေါင်းတစ်ချက်ခါပြီးတော့ပဲ အရှေ့ကိုပြန်လှည့်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်လိုက်တယ်။
"Jisoo ဒီမှာ နင့်လူတွေရောက်ပြီ ဪ .. Jennie လာပြီလား။ နင့်အစ်မက နင့်ကိုတမေးမေးနဲ့လုပ်နေတာစောစောက"
Daniel က Jennie ကိုပါ နှုတ်ဆက်နေတယ်။ Jisoo စိတ်တွေဟာ အလုပ်ကြောင့်ပဲ ရှုပ်ထွေးနေသလားမသိပါ။
"တို့ကို ဟိုဘက် စားပွဲခုံ angle ကနေ ကူရိုက်ပေးနော်။ နောက်တစ်ယောက်က ဟို stage အောက်နားကရိုက်ပေး"
ဘာဖြစ်ဖြစ် လုပ်စရာရှိတာ အရင်လုပ်ရမှာပဲ။ Jane ဟာ ထွက်မသွားခင်လေးမှာ သူမရဲ့ခါးကို ဆတ်ခနဲ တစ်ချက်ပွတ်ဆွဲသွားသေးတယ်။ ခပ်ဝေးဝေးက Teh နဲ့ အန်ကယ်ဟာ Jennie ကိုလှမ်းကြည့်ပြီး စကားတွေပြောနေတယ်။ အဲ့မျက်နှာထားတွေကို Jisoo မခန့်မှန်းတတ်ဘူး။ အန်ကယ့်မျက်နှာဟာ အံ့ဩမှုတွေပြည့်နေသလိုပဲ။ နောက်ပြီး တစ်ယောက်ယောက်ကိုဝေ့ဝဲရှာနေဟန်ရှိတဲ့ အန်ကယ့်အကြည့်တွေက Jisoo ရှိတဲ့နေရာမှာ အဆုံးသတ်သွားတယ်။
"Jisoo ကျွန်တော်ဘာကူပေးရဦးမလဲ"
ဘေးနားရောက်လာတဲ့ Jongsuk ကြောင့် အာရုံပျက်သွားသည်။
"ရတယ် Jongsuk ဟိုကလေးတွေကိုပဲ နည်းနည်းကူပေးလိုက်ပါ"
Chanel ရဲ့ ဒီ show က တကယ့်ကို အပင်ပန်းဆုံးပါပဲ။ Jisoo အပါအဝင် အကူကလေးတွေရော၊ Daniel တို့ရော တစ်ခါတောင်မထိုင်ရသေးပေ။
"Ruby Jane နင့်အစ်မကို ရေသွားတိုက်လိုက်ဦး"
ရေဘူးရှာနေတဲ့သူမကို ဒယ်ဒီက တမင်ရွဲ့ပြီးပြောတယ်။ Jennie ဒယ်ဒီ့ကိုမျက်စောင်းလိုက်တော့ Teh က ရယ်ပြီးကြည့်နေတယ်။
အစ်မ မနက်တည်းက မနားရသေးပါ။ မနက်စာတောင်စားခဲ့ရဲ့လားမသိ။ မနေ့ညကလည်း Jennie နဲ့ ဖုန်းပြောထားလို့ နောက်ကျမှ အိပ်ဖြစ်သည်။
"အစ်မ ရော့ ရေသောက်"
နဖူးပေါ်ကချွေးစတွေကို တစ်သျှူးစနဲ့သုတ်ပေးနေတဲ့ Jane ဟာ လက်တစ်ဖက်ကနေ ရေဘူးကမ်းပေးလာတယ်။ Camera ကြိုးကို လည်ပင်းမှာဆွဲလိုက်ပြီး သူ့ဆီကရေဘူးကိုယူသောက်လိုက်တယ်။
"ပွဲပြီးမှပဲ နားရမယ်ထင်ပါတယ်။ အန်ကယ်ကဘာကြောင့်ဧည့်သည်အများကြီးဖိတ်ထားတာလဲမသိဘူး"
စကားရပ်ပြောနေတဲ့သူမတို့ဆီကို စုပြုံရောက်နေတဲ့အကြည့်တွေကို လျစ်လျူရှူ့ထားကြရတယ်။
"ဘာကြောင့်ဖြစ်ရမလဲ .. သူ့ချွေးမအလုပ်ကြိုးစားကြောင်း သိစေချင်လို့နေမှာပေါ့"
ကလေးကလားစကားကြောင့် ဟက်ခနဲရယ်ချလိုက်တယ်။ အမောပြေလေးဟာ အရှေ့တည့်တည့်မှာ ခရမ်းရောင်ဝတ်စုံကိုဝတ်ပြီး ရပ်နေတယ်။ ဒီလိုအဖြူထည်လေးကို ဘောင်ခတ်သိမ်းပြီး တစ်ယောက်တည်းထိုင်ကြည့်ချင်သည်။
"သွားထိုင်နေတော့ အစ်မ အလုပ်ဆက်လုပ်ရမယ်"
ရှိူးစသည့် အချိန်၌ ဘယ်ကိုမှ အာရုံပေးချိန်ပင်မရတော့ပေ။ လာနှုတ်ဆက်တဲ့ အသိမိတ်ဆွေတွေကလဲ သူမနဲ့ Jane ရဲ့ သတင်းကိုပဲ ဦးစားပေးပြောကြသည်။ ပွဲချိန်အတွင်း၌ Jane ကို လှမ်းကြည့်တိုင်း Jane ဟာ သူမနဲ့ မကြည့်ချင်းမဆုံတဲ့အခါ တစ်ခါမှမရှိခဲ့ပေ။ နှစ်နာရီကြာသည်အထိ မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်ခဲ့ရသည်မို့ Jisoo အပါအဝင် ကလေးတွေပါ လက်ပန်းကျနေကြပြီ။ နားနေခန်းထဲမှာ တအီးအီးအော်နေသည့် အကူမိန်းကလေးကို Jisoo ဆေးဘူးလှမ်းပေးလိုက်တယ်။
"ပင်ပန်းသွားကြပြီ ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကားပြောပြီး အပြင်ကိုပြန်ထွက်လာတော့ ဧည့်သည်တွေပြန်ကုန်ပြီ။ Jane နဲ့အန်ကယ်ကတော့ ဘာတွေပြောနေသလဲမသိပါ။
"Jane"
Jisoo အသံပေးပြီးသွားလိုက်တော့ ပြောလက်စစကားတွေကိုရပ်ပြီး၊ အန်ကယ်ရော Jane ပါ သူမကိုလှည့်ကြည့်လာတယ်။
"Jisoo ပင်ပန်းသွားပလားကွာ။ ဧည့်သည်တွေက တကယ်တော့ မင်းကြောင့်လာတာဖြစ်နိုင်တယ် မင်းကိုချည်းမေးနေတော့တာပဲ"
အန်ကယ်ဟာ စကားပြောရင် လက်ပိုက်ပြီး အားပါပါပြောလေ့ရှိတဲ့သူ့အကျင့်အတိုင်း အားရပါးရပြောပြနေတယ်။ သက်ပြင်းတစ်ချက်ကိုရှိုက်ယူထုတ်လိုက်ပြီးမှ Jisoo အန်ကယ့်ကိုပြုံးပြလိုက်တယ်။
"ဟုတ်ကဲ့အန်ကယ်။ အကူကလေးတွေကိုပါခေါ်ထားလိုက်တာ။ သူတို့ပွဲမဟုတ်ပဲ အလုပ်လာလုပ်ပေးရတာဆိုတော့ သူတို့ကို ဘောနပ်စ်ကြေးပေးဖို့ စဉ်းစားပေးပါဦး"
Jane က Jisoo ရှိရာဘက်ကို လှမ်းလာပြီး ဘေးမှာရပ်လို့ လက်မောင်းကို ခိုတွဲလာတယ်။
"မင်းကိုအန်ကယ်ပြောသားပဲ။ Jongsuk နေရာကိုယူပါဆိုတာ။ အကုန် မင်းပဲစီစဉ်ပေးလို့ရသွားမှာ"
ဒီစကားကိုထပ်ပြောလာတဲ့အန်ကယ့်ကြောင့် Jisoo အနည်းငယ် စိတ်ကျဉ်းကျပ်လာသည်။ ထိုနေရာဟာ ဘယ်သူ့မျက်နှာကြောင့်ရတယ်ဆိုတာ သိပ်သိသာတယ်မလား။ ပြီးတော့ ကိုယ့်ဒူးကိုယ်ချွန်ပြီး အလုပ်ကြိုးစားခဲ့ရသမျှက Chairman ရဲ့သမီးနဲ့တွဲလို့ နေရာတစ်ခုအဆင်သင့်ရဖို့မှမဟုတ်တာ။
"စေတနာအတွက်ကျေးဇူးတင်ပေမယ့် ထပ်ငြင်းချင်ပါတယ်"
"အေးလေ ဒယ်ဒီကလဲ။ အစ်မ မလိုချင်တာကို အတင်းပြောနေတာပဲ"
Jane က Jisoo သဘောထားကိုရိပ်မိနေတဲ့အလား သူ့အဖေကို ဝင်တားတယ်။
"Jongsuk ကလဲ မကြာခင်ထွက်တော့မှာမို့လို့ အန်ကယ်က မင်းကိုနေရာပေးချင်တာပါ။ မင်း မဟုတ်ရင် အဲ့နေရာက Teh အတွက်ဖြစ်လာမှာ"
ကြားဖြတ်ဝင်လာတဲ့နာမ်စားကြောင့် Jane ရဲ့ ခါးကို ဖက်ဖို့ ကြိုးစားနေတဲ့ Jisoo လက်တွေ တုန့်ခနဲရပ်သွားတယ်။ Teh သာ အလုပ်ကိုရောက်လာခဲ့ရင်ဆိုတဲ့အတွေးက၊ Chairman သမီးနဲ့တွဲလို့ ဥက္ကဌနေရာရတာထက် ပိုပြီးခံစားရမှာ။
"Jongsuk က ဘာလို့ထွက်မှာလဲ"
အိမ်ပြန်ဖို့ အသီးသီးထွက်လာကြတဲ့ ဝန်ထမ်းတွေဟာ မလှမ်းမကမ်းက သူမတို့ကို လှမ်းကြည့်သွားကြတယ်။ Jisoo ကိုပဲ အားကျနေကြတဲ့သူတွေရှိသလို Jisoo ဘယ်လိုလုပ်လိုက်လို့ သားအဖနှစ်ယောက်လုံးကို အပိုင်သိမ်းသွင်းလိုက်နိုင်သလဲလို့ ပြောတဲ့သူတွေလဲရှိခဲ့ပါတယ်။ လျစ်လျူရှူ့ခဲ့ရတဲ့အပိုင်းတွေပါပဲ။ သူမကိုယ်တိုင်ဟာ Jane အတွက်နဲ့ အမေ့ကိုရင်မဆိုင်ရဲသေးတဲ့မိန်းမ ဖြစ်နေသ၍ Jane နဲ့ပတ်သတ်မိလို့ရလာတဲ့ မကောင်းတဲ့အမြင်တွေကို သည်းခံဖို့ ဆုံးဖြတ်ထားပြီးသားပါ။
"Jongsuk ကိုတော့ ကိုယ်တိုင်ပဲမေးကြည့်လိုက်တော့ Jisoo အန်ကယ်ပြန်ပြီ။ Ruby Jane နင်ငါနဲ့လိုက်မှာမလား"
Jisoo ဘေးနားက သူ့သမီးကို အန်ကယ်က မေးဆတ်ပြီးမေးတယ်။ Jane က သူမမျက်နှာကိုကြည့်သည်။
"အိမ်ပြန်အိပ်လိုက်နော် အစ်မ ပွဲကပုံတွေပြန်ကြည့်ရမှာဆိုတော့ Jane ရှိနေရင် Jane ကို အာရုံမထားအားမှာစိုးရိမ်လို့"
ခပ်တိုးတိုးပြောတော့ Jane က ခေါင်းငြိမ့်ပြတယ်။ တကယ်တော့ သူမ အလုပ်လုပ်နေလဲ Jane က ဘာအနှောင့်အယှက်မှမပေးပဲ သူ့စာအုပ်သူဖတ်နေကျပါပဲ။ ဒီညတော့ အတွေးများနေတဲ့သူမအဖို့ Jane ကို မြင်နေရရင် အတွေးတွေလွဲကုန်မှာစိုးတယ်။ အခြေအနေဟာ လမ်းဆုံတစ်ခုမှာရပ်နေသလို ဘာကြောင့်ခံစားနေရမှန်းမသိဘူး။ ကြိုတွက်ထားခဲ့တဲ့ အနာဂတ်ဆိုပေမယ့် တကယ်တမ်းဖြစ်လာတဲ့အခါ လူတွေက ခံနိုင်ရည်မဲ့ကြတုန်းပါပဲ။
🧵
"ဟယ်လို Daniel ငါနင့်ကိုအကူအညီတောင်းစရာရှိတယ်"
Speaker ဖွင့်ထားတဲ့ဖုန်းကို စားပွဲရဲ့ထောင့်စွန်းနားမှာတင်ပြီး လက်ပ်တော့ပေါ်မှာ လက်ချောင်းတွေပြေးလွှားနေရတယ်။
"ပြောလေ Jisoo ငါနားထောင်နေတယ်"
တစ်ဖက်က Daniel ရဲ့ အသံက ခပ်မောမောရယ်။ ညတစ်နာရီမှာ မိန်းမတစ်ယောက်မောပန်းနေဖို့က သူ့ပါတနာနဲ့ပဲ သက်ဆိုင်တယ်မလား။
"နင်ပြောလို့မအားနိုင်သေးရင် ငါမနက်ဖြန်မှပဲပြောမယ်လေ"
အားတုန့်အားနာနဲ့ Jisoo ပြောလိုက်တော့ Daniel ရဲ့ ခပ်လွင်လွင်ရယ်မောသံက ဖုန်းစပီကာထဲကနေ တိုးထွက်လာတယ်။
"ဖုန်းခေါ်ပြီးမှတော့ပြောလိုက်ပါ Jisoo ရဲ့။ ငါမဖြေချင်ရင် နင့်ဖုန်းကိုမကိုင်ပဲထားမှာပဲကို"
Jisoo စာတွေရိုက်နေရာကနေရပ်လိုက်ပြီး လက်တစ်ဖက်ကိုမေးမှာထောက်လိုက်တယ်။ အသက်ရှူသံခပ်မျဉ်းမျဉ်းကလေးပဲရှိနေတဲ့ အခန်းငယ်ထဲမှာ Jane ရဲ့ ရယ်သံတွေရှိနေလျှင်ကောင်းမည်။
"ငါ Teh အကြောင်းကို အကုန်သိချင်တယ်။ နောက်ပြီး Jongsuk ဘာလို့ အလုပ်ထွက်ဖို့စီစဉ်နေလဲဆိုတာရောပဲ"
Jisoo မေးလိုက်တော့ Daniel က ဟင်ခနဲအသံပြုတယ်။ တစ်ပါးသူကိစ္စကို အခုလိုစုံစမ်းဖို့မဆိုထားနဲ့ စိတ်ပင်မဝင်စားတဲ့သူမက တကူးတက ဖုန်းဆက်မေးနေသည်မဟုတ်လား။
"Jongsuk က နင့်ကိုဆုံးရှုံးသွားရလို့ ထွက်သွားချင်တာမျိုးလေ Jisoo နင်က နင့်ကမ္ဘာထဲကပျော်ရွှင်မှုတွေကိုဖမ်းဆုပ်နေနိုင်တဲ့အချိန် လောကထဲကအခြားတစ်ယောက်ရဲ့ကမ္ဘာကတော့ ဆုတ်ယုတ်နေနိုင်တယ်မလား"
ပြတင်းတံခါးမရှိတဲ့ အခန်းမို့ Jisoo အပြင်လောကကိုကြည့်ဖို့အတွက် ဆိုင်အောက်ထပ်ကို ဆင်းလာရတယ်။ မွန်းကျပ်လာတဲ့စိတ်ကို ခဝါချပစ်လိုက်ဖို့ အားအင်တွေနည်းနေတုန်းပဲ။
"သူနင့်ကိုလိုက်ခဲ့တာ အပျော်မဟုတ်တာ တစ်ရုံးလုံးအသိပါ။ သူသိလိုက်ရတဲ့ သူ့ကိုနင်မချစ်နိုင်တဲ့ အကြောင်းပြချက်ဟာ မိန်းမတစ်ယောက်ဖြစ်နေမယ်လို့ သူ ဘယ်ထင်ခဲ့လိမ့်မလဲ"
"အဲ့အတွက် ငါ့မှာတာဝန်မရှိတာတော့ နင်သိပါတယ်။ ငါ့ကြောင့်ထွက်သွားရမှာမျိုးဆိုရင် ငါတားမယ်။ ငါလိုချင်တဲ့အဆုံးသတ်က ဒါမှမဟုတ်ပဲ။ ပြီးတော့ ငါ့ကြောင့်ရယ်ပါပဲဆိုတာ ငါမယုံဘူး။ ကုမ္မဏီကြီးတစ်ခုကို ဦးစီးနေရတဲ့လူတစ်ယောက်အနေနဲ့ အလွယ်တကူထားပစ်ဖို့ဆိုတာ ငါကအဲ့လောက် သူနဲ့မရင်းနှီးခဲ့၊ မနွယ်ပေးခဲ့မိဘူး Daniel"
ဖယ်ထားမိခဲ့တဲ့အပိုင်းတွေက အဆုံးထိလျစ်လျူရှူ့လို့မရတာ Jisoo သိတယ်။ ဒါပေမယ့်လဲ သူမဘဝမှာ Jane နဲ့ အဖေကလွဲလို့ အခြားသူတစ်ဦးတစ်ယောက်ကို မဖြစ်မနေလိုအပ်ပါတယ်ဆိုတာမျိုးလဲ ရှိမနေဘူးလေ။ ဘယ်သူ့ဘယ်သူအတွက်မှ Jisoo တစ်ခုခုဖြစ်တည်ပေးနေရမယ့်တာဝန်ဆိုတာမရှိဘူး။
"အင်းးးး ငါသိပါတယ် Jisoo ရဲ့။ နင်မေးလို့ပြောပြတာပါ။ Teh အကြောင်းကတော့ သူက အန်ကယ့်သူငယ်ချင်းရဲ့သားပဲ။ ဟို လက်ဝတ်ရတနာတွေစီစဉ်တဲ့ဘက်ကကို သူကဘာကြောင့် ငါတို့နဲ့ဆိုင်မှာလဲ။ တစ်ခုခုဖြစ်လို့လား"
အပြင်ဘက်က ဆောင်းငွေ့လက်ကျန်က အရမ်းမအေးနေပေမယ့် နည်းနည်းတော့ လူကို တုန်နေစေတယ်။ Jisoo အထဲကိုပြန်ဝင်လိုက်ပြီး မီးပိတ်ထားတဲ့ဆိုင်အောက်ခန်းက စားပွဲခုံတစ်ခုမှာဝင်ထိုင်လိုက်တယ်။
"သူက Jane ကို ဖွင့်ပြောထားတယ်။ Jongsuk နေရာကို အန်ကယ်က ငါ့ကိုယူစေချင်နေတာ။ ငါငြင်းရင် Teh ကိုပေးမယ်တဲ့။ ငါကငြင်းထားတာ နှစ်ကြိမ်တောင် Daniel မာနနဲ့ သဝန်တိုစိတ်ကြားမှာ အရူးလိုဖြစ်နေရအောင် ထောင်ချောက်ဖမ်းခံထားရသလိုခံစားနေရတယ်။ တကယ်တော့ အန်ကယ်က အဲ့သဘောထားနဲ့မဟုတ်တာလဲငါသိပါရဲ့"
"ဒီလိုလုပ်လေ .."
Daniel က အိပ်ယာထဲကနေ ရုန်းထလိုက်တဲ့အသံပြုတယ်။ နောက်ပြီး ဗီရိုတံခါးကိုဆွဲဖွင့်နေတဲ့အသံ။ Jisoo အကုန်အတိုင်းသားကြားနေရတယ်။
"Teh ကို ခေါင်းထဲကထုတ်ထားလိုက် Jisoo အဲ့ကောင်လေးက အချိန်တန်ရင် ထိုင်းကိုပြန်ပြီး သူ့အဖေရဲ့ ရိုးရာခရီးသွားလုပ်ငန်းကိုဦးစီးမှာ။ ဒီမှာ ခဏလောက်ဝင်နေပြီး နင့်ကိုစိတ်ဒုက္ခပေးနေတာကို နင်လက်မခံပဲ လျစ်လျူရှူ့ထားလိုက်"
"ဒါပေမယ့် Jane က အဲ့ကောင်နဲ့ပြောရဆိုရတာ သိပ်ကိုသက်တောင့်သက်သာဖြစ်နေတဲ့ပုံစံ Daniel ရဲ့။ နင်ပြောစမ်း .. အချစ်ကို ငါနဲ့မှသိတဲ့ကလေးမက ဟိုကောင့်ရဲ့ ဂရုစိုက်မှုတွေကို အထူးအဆန်းလိုမြင်သွားရင် ဘယ်လိုနေရမလဲ .. ငါဘယ်လိုနေရမလဲ"
ဆံပင်တွေကြားထဲ လက်ထည့်ကာ ထိုးဖွပြီး Jisoo အသံကိုကြိတ်အော်ပြောလိုက်မိတယ်။ ခက်တာပဲ .. ဆုံးရှုံးရမှာကြောက်တဲ့စိတ်က Jane ကို မယုံကြည်နေတဲ့အဖြစ်လို ဖြစ်သွားနိုင်တာ သတိလွတ်သွားတယ်။ ကိုယ့်အပြစ်နဲ့ကိုယ် အားနာမိရတယ်။
"Jisoo yaa နင်မှဟုတ်ရဲ့လားဟင်။ ငါ့တုန်းက ရုံးခဏပြောင်းရလို့ အလုပ်ကိစ္စပြောပြဖို့ ဖုန်းတွေဆက်ခဲ့တာတောင် ဖုန်းမဆက်တော့ဖို့ပြောတဲ့နင်က ဘယ်ရောက်သွားတာလဲ"
အတိတ်က Jisoo ဟာ ဘယ်မိန်းမကိုမှမချစ်မိခဲ့ပါ။ အမေ့လို မိန်းမတစ်ယောက်ကိုချစ်နေတယ်ဆိုတဲ့ ခံစားချက်ကိုရမိလျှင် ကိုယ်ခန္ဓာထဲက အသိတွေအကုန်လုံး ကပြောင်းကပြန်ဖြစ်ရသည်။ ထိုခံစားမှုမျိုးကိုမလိုချင်လျှင် မရဖို့အတွက် ကြိုးစားခဲ့သည်။ ကြိုးစားလို့လဲရခဲ့သည်။ အပြစ်ရှိတဲ့စိတ်ကိုမခံစားခဲ့ရတာဟာ သေချာပေါက်မချစ်မိခဲ့လို့ပဲ။
"Daniel .. ငါ Jane ကို သိပ်ချစ်တယ်။ သိရဲ့လား .. သူသာ တစ်ယောက်ယောက်ကို ငါ့ထက်သာတယ်လို့မြင်သွားခဲ့ရင် ငါ့ဘဝက သွားပြီပဲ။ လွန်ဆွဲနေတဲ့ နွံထဲကနေ အသားကုန်ရုန်းထွက်ပြီး ငါသူ့ဆီလှမ်းခဲ့ရတာ"
"အိုခေ အိုခေ .. စိတ်ကိုလျှော့။ ငါနားလည်တယ်"
Daniel ရဲ့ ဖြောင်းဖြနေတဲ့စကားသံတွေ နားထဲ မကြားတစ်ချက် ကြားတစ်ချက်။ နောက်ဆုံး ဖုန်းချသွားတဲ့အထိ စားပွဲခုံမှာ ခေါင်းငိုက်စိုက်နဲ့ Jisoo အပြိုပြို အလဲလဲ။ အချစ်ဟာ ချစ်နေရုံနဲ့မပြီးဘူး။ အချစ်အကြောင်းပဲတွေးဖို့ Jane ကိုပြောထားတဲ့သူမက အခြားအကြောင်းတွေကြောင့် ပြိုလဲနေရသတဲ့။
ညနှစ်နာရီနီးနီးမှာပေါ်လာတဲ့ ဆိုင်တံခါးခေါက်သံကြောင့် ခုံမှာ လူသေကောင်လို ငြိမ်သက်နေတဲ့ Jisoo ဆတ်ခနဲလန့်သွားတယ်။ အပြင်ကိုလှမ်းကြည့်လိုက်တော့လဲ အပြင်ကမီးရောင်ကြောင့်မို့လို့ ဆိုင်ကိုမျက်နှာမူထားတဲ့ တံခါးခေါက်သူရဲ့မျက်နှာကို သေချာမမြင်ရဘူး။ ဒီအချိန်ကြီးဘယ်သူများလဲ .. Jane ဆိုရင်လဲ ဖုန်းတော့ကြိုဆက်မှာပါ။
တံခါးထဖွင့်ပေးဖို့ လျှောက်သွားတော့ တဖြေးဖြေးနီးလာတဲ့မြင်ကွင်းနဲ့ ပီပြင်လာတဲ့ပုံရိပ်ကြောင့် Jisoo လက်တွေ အေးစက်လာတယ်။ ဦးနှောက်ထဲက တင်းကျပ်မှုတွေက လည်ချောင်းထဲကနေတစ်ဆင့် ရင်ဘတ်ထဲအထိ ကူးလူးပြေးဆင်းလာတယ်။
တံခါးကိုဆွဲဖွင့်လိုက်တယ်။ တစ်ဖက်ကလူကို ဘယ်လိုခေါ်ရမလဲ။ သုံးရမယ့်နာမ်စားကိုပဲသုံးရမပေါ့။ ပွင့်မလာချင်ချင်ဖြစ်နေတဲ့ နှုတ်ခမ်းတွေကို အတင်းအားသုံးပြီး ခပ်ဟဟဖွင့်လိုက်ရတယ်။
"အ..အမေ"
အမျိုးသမီးကြီးဟာ ဟိုတစ်ခါတွေ့တုန်းကထက် ပိုပြီးပိန်သွားတယ်။ Jisoo ဆီ သူဘာလို့လာသလဲ။ အဖေ့ဆီရော သွားခဲ့ပြီးပြီလား။
ဆိုင်အရှေ့လမ်းဘေးမှာ ထိုးရပ်လိုက်တဲ့ကားမီးရောင်ကြောင့် အမေရော Jisoo ရော ကားဆီ အကြည့်ရောက်သွားတယ်။ ဟင့်အင်း ... မဖြစ်ရဘူး။ အခုလိုဖြစ်လို့မရသေးဘူး။ တဆတ်ဆတ်တုန်လာတဲ့ လက်ဖျားတွေကို တစ်ယောက်ယောက်ဆုပ်ကိုင်ပေးပြီး နှစ်သိမ့်ပေးရင်ကောင်းမယ်။ ကားပေါ်ကဆင်းလာတဲ့ ဝက်ဝံအညိုရောင်လေးဟာ အိပ်ချိန်မှားပြီး ထလာလေသလား။ ဒီအစ်မကို အကြောက်တရားနဲ့ချစ်ခြင်းမေတ္တာကြားထဲ လွန်ဆွဲပြီး နာကျင်နေရအောင် တမင်များ လာခဲ့လေသလား။
"အစ်မ .. ညီမဖုန်းတွေခေါ်နေတာ မအားဘူးပဲဖြေနေလို့ တစ်ခုခုဖြစ်လို့ တစ်ယောက်ယောက်နဲ့များ .. အိုးး ဧည့်သည် .. ရောက် ..
ခပ်လောလောထွက်လာရလို့ pajama အပြင် အပိုဝတ်မလာတဲ့ သူမရဲ့ပုံစံဟာ နည်းနည်းတော့ ပိုသီပတ်သီနိုင်နေမှာ။ အစ်မကိုစိတ်ပူလို့လာခဲ့တာ။ တစ်ရေးနိုးလာတော့ Jongsuk အကြောင်းတွေးမိပြီး အစ်မကိုတစ်ခုခုပြောရမယ်ထင်လို့၊ နောက်ပြီး အစ်မက ကုမ္မဏီ website မှာ သတင်းတင်ထားတာ သိပ်မကြာသေးတော့ မအိပ်သေးဘူးဆိုတာ သိလိုက်ရလို့ ဖုန်းဆက်ခဲ့တာ။
ပြောရမယ့်စကားတွေက ဘယ်လိုဆက်ရမလဲ Jennie မသိတော့ဘူး။ အစ်မရဲ့ အဲ့မျက်လုံးတွေ .. သူ့အမေအကြောင်းပြောတုန်းက Jennie ကို အော်ပြောလာတဲ့အဲ့မျက်ဝန်းတွေနဲ့ အတူတူပဲ။ Timing မှားသွားပြီထင်တယ်။ Jennie သိပ်လွဲတာပဲ။ Jennie သိပ်ကို စောက်ရူးဆန်တာပဲ။
"လူပြတ်တဲ့ဒီအချိန်မှ တမင်လာခဲ့တာ။ ဧည့်သည်ရောက်လာမယ်မထင်လို့ Sooya သတင်းတွေထဲမှာပါတဲ့ သမီးရဲ့ရည်းစားလား" 
အစ်မရဲ့အမေက အစ်မကို ခပ်တိုးတိုးမေးလိုက်သည့်တိုင် တိတ်ဆိတ်နေတဲ့ညရဲ့ ဆိုင်အရှေ့နားမှာ သုံးယောက်တည်းရှိတာမို့ အတိုင်းသားကြားနေရတယ်။ အစ်မရဲ့အမေက Jennie မျက်နှာကိုလဲ သေချာမြင်ရပုံမပေါ်ဘူး။ ဖြစ်နိုင်ရင်လေ သွေးပျက်သွားတဲ့ အစ်မရဲ့အဲ့မျက်နှာကို ကြည့်နေရတဲ့ ကိုယ့်ကိုကိုယ် သိပ်မုန်းတယ်။
"မဟုတ်ဘူး .. ကျွန်မ သူ့ကိုမသိဘူး"
ထိုငြင်းဆိုသံသည် Kim Jisoo ပါးစပ်က ထွက်လာတာမဟုတ်လျှင်သိပ်ကောင်းမည်။ မသိဘူး .. အစ်မက သူမကို မသိဘူးတဲ့။ ရည်းစားလဲမဟုတ်သလို သူမကို သိတောင်မသိဘူးတဲ့။
တစ်လှမ်းချင်းနောက်ဆုတ်မိသွားတဲ့ခြေလှမ်းတွေကို အစ်မက ပြိုပျက်နေတဲ့မျက်လုံးတွေနဲ့ လှမ်းငေးနေတယ်။ Jennie ရဲ့ မျက်နှာကို အစ်မလုံးဝမကြည့်ဘူး။ သူ့လက်မကို အညှိုးတကြီးနဲ့ ကုတ်ခြစ်နေတယ်။ ချစ်သူမဟုတ်ဘူးလို့ပဲငြင်းရင် ဘာဖြစ်မှာမို့လို့လဲ !!! Jennie မနာကျင်ရမှာစိုးလို့လား !!! မုန်းတယ် အစ်မကိုမုန်းတယ်။ သိပ်ဆိုးတဲ့အစ်မကိုမုန်းတယ်။ သူ့အမေနဲ့ပတ်သတ်လာတိုင်း နောက်ကောက်ကျချန်ခဲ့ရတဲ့အဖြစ်ကိုမုန်းတယ်။
"အမေ ပြန်တော့လို့ !!!!!!"
အသားကုန်အော်လိုက်တဲ့ Jisoo ကြောင့် အမေက မျက်ရည်တွေရစ်ဝိုင်းသွားတယ်။ ကြည့်စမ်း .. Jisoo ဘာတွေလုပ်လိုက်မိသလဲ။ ဘာတွေပြောလိုက်မိသလဲ .. ဒီ စောက် ပါးစပ်ကနေ Jane ကိုမသိပါဘူးလို့ ငြင်းလိုက်တာတဲ့ !!! Kim Jisoo ဆိုတဲ့ စောက်ရမ်းမုန်းစရာကောင်းတဲ့မိန်းမ !!!
"ကျွန်မဘဝတစ်ခုလုံးကို အကြောက်တရားတွေနဲ့ရှင်သန်ခဲ့ရရုံဆို တော်ရောပေါ့ .. နောင်တတွေပါ ဘာလို့ဘာထပ်ပေးရတာလဲအမေ။ ကျွန်မရှင့်ကိုသိပ်မုန်းတယ် !! သိလား !! အမေ့ကို ကျွန်မ သိပ်မုန်းတယ်လို့ !!!"
မတားလိုက်နိုင်တဲ့ ခြေလှမ်းသေးသေးလေးတွေကို တုတ်တုတ်မလှုပ်နိုင်ခဲ့တဲ့ ခြေထောက်တွေနဲ့ရပ်ပြီး ငေးကြည့်ခဲ့ရတာ ! သူ့ပုံရိပ်ကလေး မြင်ကွင်းထဲကနေပျောက်သွားပေမယ့် ကားဟာ ထွက်မသွားသေး။ အမေ့ရင်ဘတ်ကို ထုရိုက်ပြီး Jisoo အော်ဟစ်ငိုနေမိတယ်။ အမေဟာ မေတ္တာတရားကြီးမားတဲ့မိန်းမကြီးတစ်ယောက်လို Jisoo ကို အတင်းပွေ့ဖက်ပြီး ငိုနေတယ်။
"အဖေ့ရဲ့စိတ်ခံစားမှုတွေကို ရှင်သတ်ခဲ့တာ !! ကျွန်မရဲ့ငယ်ဘဝကို အရှက်တရားနဲ့ဖြတ်သန်းရအောင် ရှင်လုပ်ခဲ့တာ !! မိန်းမချင်းကြိုက်တဲ့အမေက Jisoo ကိုပစ်သွားတာ ဆိုတဲ့ စောင်းမြောင်းပြောတာတွေကို ခါးစီးခံရအောင် အမေပဲလုပ်ခဲ့တာ !!"
မျက်ရည်တွေနဲ့ သူ့အမေရင်ခွင်ထဲကနေ အတင်းရုန်းကန်ပြီး အော်ဟစ်ပြောနေတဲ့ ချည်တိုင်လို ထိုအမျိုးသမီးကို ကားထဲကမိန်းမငယ်ဟာ ဘာမှမတတ်နိုင်၊ မကူပေးနိုင်တဲ့ သူ့ကိုယ်သူဆုံးရှုံးနေရတဲ့ သိမ်ငယ်စိတ်နဲ့ ရှိုက်ကြီးတငင် ငေးကြည့်နေခဲ့ပါတယ်။
ဆောင်းကုန်သွားတဲ့ ညခင်းဟာ မကုန်ခမ်းနိုင်တဲ့ အကြောက်တရားတွေ၊ နာကျင်မှုတွေ၊ နောင်တတွေနဲ့ ပြည့်နေမယ်လို့ ဘယ်သူမှမထင်ခဲ့။
ဝေးမလား .. နီးမလား အစ်မရေ။ ငိုနေတဲ့အစ်မကိုမြင်ရတာ ရင်ထဲမှာ ဆို့နင့်နေတာ။ အစ်မကို ဘာမှမကူပေးနိုင်ဘူးလားလို့ စဉ်းစားမိတော့ ဒီကားကို မီးတိုင်ဆီ ဝင်တိုက်ပြီးပဲ အဖြေရှာလိုက်ချင်ပါရဲ့။ ဒီကောင်မလေးဟာ အစ်မငြင်းခဲ့သလို အစ်မ မသိတဲ့မိန်းကလေးတစ်ယောက် တကယ်ဖြစ်ခဲ့ရင် သိပ်ကောင်းလိမ့်မှာပဲ။
TBC.....🧵
22 January 2021
•••
Recommended background music 🌺
-ချည်တိုင်-
"Jane ရော Daniel"
"Teh?"
"Daniel"
"အိုခေ ဆက်ပေးမယ်အခုပဲ"
"ရတယ် Teh"
"အစ်မ ရော့ ရေသောက်"
"Jane"
🧵
"ဒီလိုလုပ်လေ .."
"အ..အမေ"
"အမေ ပြန်တော့လို့ !!!!!!"
TBC.....🧵
22 January 2021
Continue lendo
Você também vai gostar
68.1K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
95.5K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
77.7K 8.6K 22
စကြာဝဠာရဲ့အဆုံးကို သူနဲ့အတူရှာဖွေပြီး တွေ့ရှိတဲ့အခါ အဲ့အနားသတ်မျဉ်းလေးမှာ ပန်းခင်းလေးတစ်ခုစိုက်ချင်တယ် 🌸
46K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...