ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12
Arc 6.13

Arc 3.14

11.5K 1.4K 94
By thethmue1005

ရှောင်းကျန့်ခေါင်းထဲ တဖြည်းဖြည်းပေါ်လာတဲ့ ဒီကမ္ဘာကို ​ရောက်ကတည်းက အရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ
ပထမဆုံးတွေ့ဆုံမှုမှာတင် လျစ်လျူရှုတာခံခဲ့ရတဲ့အပြင်
အရှင့်ရဲ့ စိမ်းသက်တဲ့ အကြည့်တွေ မရင်းနှီးတဲ့ အငွေ့အသက်တွေ
ပထမဆုံးတွေ့ဆုံမှုက လူကြီးနဲ့ ရုပ်တူတာကလွဲလို့ လူကြီးနဲ့ ပတ်သက်တာတွေ ဘာမှမခံစားမိခဲ့ သို့ပေမယ့် ကြာကန်မှာ ကျန်ခဲ့တဲ့ အရှင်က အဆောင်မှာ ကြိုရောက်နှင့်နေပြီး နွေးထွေးမှုအပြည့်နဲ့ ပွေ့ဖက်ပေးခဲ့ပြီး လူကြီးရဲ့ အငွေ့အသက်တွေကို ခံစားရစေခဲ့တာ

ဒါဆို အခုလက်ရှိ တွေ့နေရတဲ့ အရှင်က လူကြီး မဟုတ်ဘူးပေါ့
အရှင့်ညီတော်ကသာ လူကြီးဖြစ်နိုင်တာ
ဒါကရှောင်းကျန့်ရဲ့ အမှားသက်သက်ပဲ လူနှစ်ယောက်လို့ မတွေးခဲ့မိဘူး

အရှင့်ညီတော်က လူကြီးဆိုတာ အတည်ပြုဖို့လိုတယ်
အားလျန်ဆိုရင် ဒီအကြောင်းတွေ သေချာသိနိုင်မလား
ရှောင်းကျန့် အရှင့်ကိုတစ်ယောက်တည်းထားခဲ့ပြီး အဆောင်တော်ဆီ
ထပြန်ခဲ့တယ် အားလျန်က လူကြီးကိုယ်တိုင် ထားပေးခဲ့တဲ့ အစေခံ

လီဟွမ် ရုတ်တရက်ကြီး ထထွက်သွားတဲ့ ရင်းချန် ကြောင့် အူကြောင်ကြောင်နဲ့သာ ကျန်ခဲ့ရတယ် အခုလို ထထွက်သွားတာ ဘာအဓိပ္ပါယ် လည်း စဥ်းစားလို့မရ
ညီတော်ရဲ့ တိုင်းပြည်ကပြန်ရောက်လာတည်းက ရင်းချန် သူ့အပေါ် အရင်လိုမဟုတ်
သူ့အထိအတွေ့တွေကို လက်ခံတာလိုလိုနဲ့ အမြဲ ရှောင်ဖယ်နေခဲ့တာ
ဒီတိုင်းဆို ရင်းချန်က ကိုယ့်ကိုယ် စိတ်ကောက်နေတာမဟုတ်ဘဲ စိတ်ထဲမရှိတော့တာများလား
နောက်ဆုံးတော့ လီဟွမ်သူကိုယ်တိုင် စီစဥ်ထားတဲ့ စားသောက်ပွဲထဲက သေရည်ကို တစ်ယောက်တည်း အထီးကျန်စွာ သောက်နေရတယ် ရင်းချန် ကိုယ်က မင်းနဲ့ ရေစက်ကို မပါတာဖြစ်မယ်

ရှောင်းကျန့် အမြန်နှုန်းနဲ့ အဆောင်ကို အပြေးပြန်လာခဲ့တယ် အားလျန်ကို တွေ့ရရင် အားလုံးရှင်းပြီမို့
ဒီတစ်ခါတော့ ကံကြမ္မာက ရှောင်းကျန့်ဘက်ပါတယ် ​အဆောင်တော်ရှေ့က မက်မွန်ပင် အောက်လေးမှာယုန်မဲလေးကို ချီပြီး
ထိုင်နေတဲ့ အားလျန်ကို ချက်ချင်းတွေ့လိုက်ရတယ်
ရှောင်းကျန့် အမောတောင်မဖြေပဲ အားလျန်ရဲ့ ပုခုံးကိုကိုင်ကာ
အမောတကောမေးလိုက်တာက

" မင်းရဲ့သခင် အစစ်က ဘယ်သူလဲ "ဆိုတဲ့ မေးခွန်းပဲ

အားလျန်ကတော့ ရုတ်တရက် ဆိုတော့ ခနတော့ ကြောင်သွားတယ်
သို့ပေမယ့် တဖြေးဖြေးသဘောပေါက်လာတာမို့ အမှန်တိုင်းပဲ ဖြေဖို့ ဆုံးဖြတ်လိုက်တယ် သတင်းအမှားတွေမပေးချင်ဘူး
မှားယွင်းတဲ့ အကြောင်းအရာတွေကြောင့်သာ သခင်နဲ့ အချစ်နတ်ဘုရားလေး
ခံစားနေရတာ

"နတ်ဆိုးဘုရင် လီဟွန်းပါ သခင်လေး
သခင်ကိုယ်တိုင်မှာထားတာကြောင့် အချစ်နတ်ဘုရားလေးကို စောင့်ရှောက်ပေးနေရတာပါ "

ဟုတ်နေတာပဲ အားလျန်ရဲ့ သခင်အစစ်က နတ်ဆိုးဘုရင်ဆို လူကြီးကလည်း နတ်ဆိုးဘုရင်ပေါ့

"ဒါဆို မင်းပြောတဲ့ နတ်ဆိုးဘုရင်ရဲ့ ချစ်ရသူက ..."

"သခင်လေးပါ အချစ်နတ်ဘုရားရင်းချန်ဆိုတဲ့ သခင်လေးပါ "

အခုအခြေအနေက ပျော်တာလိုလို ဝမ်းနည်းနည်းနေတာလိုလို
စစ်မှန်တဲ့ချစ်ရသူကို ရှာတွေ့ပေမယ့်
နတ်ဆိုးဘုရင်က ဘာလို့ သူ့ကို လိမ်ခဲ့ရတာလဲ တစ်လျှောက်လုံး အရှင် အရှင်နဲ့ ခေါ်နေခဲ့တာတောင် ရှင်းပြချက်လေးမပေးခဲ့ရတာလဲ
ပြီးတော့ ဒီရက်တွေမှာ သူ့အနားရောက်မလာခဲ့ရတာလဲ
နတ်ဆိုးအရှင်က သူ့ကို တကယ်မချစ်လို့များလား

အာ..မဟုတ်တာတွေတွေးပြီး ဝမ်း​နည်းနေတာပဲ
အားလျန်ပြောပြထားတယ်လေ
နတ်ဆိုးအရှင်ရဲ့ ချစ်ရ​သူက တစ်ခြားတစ်ယောက်ကို ချစ်နေတာထင်ပြီး လက်လျော့ပေးလိုက်တာတဲ့
အားလျန်သာ မပြောပြထားရင် အထင်လွဲမိတော့မို့
ဟီးးး ရှောင်းကျန့်က အချစ်ခံလေးပဲဟာ
ထင်ချင်ရာထင်နေတဲ့ လူကြီးကိုလည်း ​တွေ့မှ အပြစ်ပေးရအုံးမယ် ဟွန့် ရှောင်းကျန့်လေးက သူ့တစ်ယောက်ကိုပဲ ချစ်တာပါနော်
အရှင်က ရုပ်တူနေလို့ နည်းနည်းလေးလွဲမိတာကို
လူကြီးက အနားကထွက်သွားရလား
တုံးချက်ပဲ

"အားလျန် ဒါဆို မင်းရဲ့သခင်က ဘယ်ပျောက်သွားတာလဲ "

"နတ်ဆိုးတိုင်းပြည်ပြန်ပြီး အသည်းကွဲနေပါတယ် သခင်လေး "

ဒီလိုကြားတော့လည်း စိတ်မကောင်း လူကြီး ဘာလို့ လက်လျော့ဖို့ တွေးခဲ့ရတာလဲ

"ဒါဆို တွေ့လို့ရအောင်...ကူညီပေးပါလား "

ဒါက ရှောင်းကျန့်လေးရဲ့ အရဲစွန့်ကာ တောင်းဆိုရသည့် စကား
ရှက်သည်လေ

အားလျန် ကြင်ယာလောင်းလေးရဲ့ မဝံ့မရဲတောင်းဆိုသံလေးကြောင့်
ကျေကျေနပ်နပ်ကိုပြုံးလိုက်မိသည်
အဆင်ပြေသွားပြီပဲ သခင်ပျော်ရတော့မှာ

"ကျနော် အမြန်ဆုံး အ​ကြောင်းကြားပေးပါ့မယ်"

"ဟီးးး ကျေးဇူး "
လိုချင်ရတော့ ပျော်သွားတဲ့ ကြင်ယာလေးက သိပ်ချစ်ဖို့ကောင်းနေတာ
သခင်သာ တွေ့ရင် ငုံထားမလားပဲ

အားလျန် သခင်နှစ်ယောက်ကောင်းမှုအကြောင်းပြုကာ
ရှဥ့်အသွင်ပြန်ယူရင်း မက်မွန်ပင်ပေါ်မှာ ရှိတဲ့
သူငယ်ချင်း ကျီးကန်းမိစ္ဆာလေး​ဆီ သခင့်ထံ အမြန်ဆုံးအကြောင်းကြားပေးဖို့ အကူအညီတောင်းရပြန်သည်

ကျီးကန်းမိစ္ဆာလေးကပဲ မြန်လွန်းတာလား သခင်ကပဲ လောကြီးလွန်းတာလားတော့မသိ သိပ်မကြာတဲ့ အချိန်အတွင်းမှာ သခင်က အဆောင်​တော်ရှေ့ ရောက်လာလေပြီ

"အားလျန် ရင်း ဘယ်မှာလဲ "

သခင်ကလည်း ဇွတ်ပဲ ရောက်တာနဲ့ သူ့အသည်းအသက်ကို တန်းမေးနေတော့တာ

"ကြာကန်ဘက်သွားပါတယ် သ....ခင်"

အော် သခင်ရယ် ​ဆုံးအောင်တောင် နား​မထောင်ရှာဘူး လျစ်ခနဲပဲ

လီဟွန်း ကြာကန်ဘက်ရောက်တော့
ရေစပ်နားမှာ ​ကြာပန်းတွေငေးမောနေတဲ့
ချစ်ရသူရဲ့ ကျောပြင်လေး
အဖြူရောင်ဝတ်စုံလေးက လေအဝှေ့မှာ တလွင့်လွင့် ​​ကျောပြင်လေးကတောင် ဒီလောက် မြတ်နိုးဖို့ ကောင်းရလား ရင်းရယ်

"ရင်းးးး "

ရှောင်းကျန့် သူကြားချင်နေတဲ့ ခေါ်သံလေးကြောင့်် ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲနေမိတဲ့ အထိ
အခုပဲ ကြာကန်ကြီးကိုကြည့်ပြီး အမြန်ဆုံးတွေ့ရဖို့ ဆုတောင်းနေတာ
လူကိုယ်တိုင် ရောက်လာတော့ ပျော်ရွှင်မှုက လှိုက်ခနဲ

သို့​ပေမယ့် စိတ်နဲ့ ခန္ဓာတို့က မတူစွာ
သူ့ကို ခေါ်နေတဲ့ နတ်ဆိုးသခင်ဆီသွားပြီး
ထုရိုက်ပြောဆိုနေသည်

"လူယုတ်မာကြီး မကောင်းတဲ့ဟာကြီး
ကျနော်က ခင်ဗျားကိုပဲ ချစ်တာပါဆို
ကျနော့ကို ထားသွားတယ်ပေါ့ 😭"

တစ်ခါထု တစ်ခါပြော တစ်ခါငိုနေတဲ့ ရင်းကို
လီဟွန်းက ဘာအပြစ်မှမမြင်
မျက်နှာမှာ ကျေနပ်ပြုံးကြီး ချိတ်ဆွဲပြီး
အဆိုးလေးကို ရင်ခွင်ထဲ ဆွဲသွင်းနေတာ

"သေချာလား ရင်း ကိုယ့်ကိုယ်ကိုပဲချစ်တယ်ဆိုတာ "

"ဟုတ်ဘူး လူယုတ်မာ နတ်ဆိုးကြီးကို ချစ်တာ ကောင်းကင် အရှင်မဟုတ်တဲ့ ဒီလူကြီးကိုပဲချစ်တာ"

ရှောင်းကျန့်တမင်ရွဲ့ကာ ဖြေတဲ့ အကျိုးဆက်ကတော့ နတ်ဆိုးကြီး ရဲ့ အတင်းဖက်နမ်းခြင်းကို အချိန်အတော်ကြာ ခံယူလိုက်ရတယ်
ဒါကိုပဲ ကျေနပ်နေတဲ့ ရှောင်းကျန့်​လေး​ပါလေ

.
.
.
ကြာကန် အနားက အဆောင်​သေးသေးရဲ့ ခုံတန်းပေါ် အနက်ရောင် ဝတ်စုံနဲ့ ကောင်လေး ကို အဖြူရောင် ဝတ်စုံနဲ့ ကောင်လေး မှီထားပုံက သက်ရှိပန်းချီလေးသဖွယ် အမြတ်တနိုးငေးမောချင်စရာ လေး

"တောင်းပန်တယ် လူကြီး အရှင်လို့ပဲ ထင်ခဲ့မိလို့ "

"လူကြီး ဟုတ်လားရင်းးးး "

"အွန်းးး ဘယ်လိုခေါ်ရမလဲမသိတော့လို့ "

"ဒါဆို ရင်းးး ခေါ်နေကြလူကြီးးးး ဆိုတာက "

"ခင်များပဲလေ"

ခုမှပဲ လီဟွန်းရင်ထဲက အစိုင်အခဲကြီးလည်း
ကြေမွသွားတော့တယ် လန်ပေါ်လို့ နာမည်ပေးတုန်းက လူကြီးဆိုတာကို သိပ်သိချင်နေခဲ့တာ

"ကိုယ်လည်းတောင်းပန်စရာရှိတယ် ရင်းး အနားကို လန်ပေါ်လေးအဖြစ်ရောက်လာခဲ့လို့ "

"ဘယ်လို "

မှီထားရာကနေမော့ကြည့်ပြီး မျက်လုံးလေးပြူးကာ ပါးစပ်အဟောင်းသားလေးနဲ့
အမှန်တကယ်အံ့သြသွားပုံ

"ဟုတ်တယ် ရင်းးးမှတ်မိလား
ရင်းရဲ့ လက်တွေနဲ့ မျက်နှာလေးကို တရှုံရှုံ့
နမ်းခဲ့တာလေ "

"ဒါကြောင့်ကို လန်ပေါ်လေး နောက်ပိုင်း ထူးဆန်းနေတယ်လို့ ထင်နေတာ
အမှန်တော့ လန်ပေါ်လေးက လူဆိုးကြီး ဖြစ်နေခဲ့တာပဲ "

လီဟွန်းကတော့ ရင်းးးကို ကြည့်ရင်းးး အသည်းတယားယား
ချစ်လွန်းလို့ ရူးသွားမလားပဲ ရင်းးရာ
ကံကြမ္မာက ကိုယ့်ဘက်ပါချင်တော့
ရင်းးးကို ပိုင်ဆိုင်ခွင်​့ပေးလိုက်ပြီ ထင်ပါရဲ့

🐰Xiao Paing🐰

roအောင်မရေးတတ်ဘူး ​​​

🐇Zawgyi🐇





အမောတကောမေးလိုက်တာက


ခံစားနေရတာ






တုံးချက်ပဲ





ရှက်သည်လေ



"ဟီးးး ကျေးဇူး "

သူငယ်ချင်း ကျီးကန်းမိစ်ဆာလေး​ဆီ သခင့်ထံ အမြန်ဆုံးအကြောင်းကြားပေးဖို့ အကူအညီတောင်းရပြန်သည်

ကျီးကန်းမိစ်ဆာလေးကပဲ မြန်လွန်းတာလား သခင်ကပဲ လောကြီးလွန်းတာလားတော့မသိ သိပ်မကြာတဲ့ အချိန်အတွင်းမှာ သခင်က အဆောင်​တော်ရှေ့ ရောက်လာလေပြီ

"အားလျန် ရင်း ဘယ်မှာလဲ "





"ရင်းးးး "

ရှောင်းကျန့် သူကြားချင်နေတဲ့ ခေါ်သံလေးကြောင့် ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲနေမိတဲ့ အထိ

ထုရိုက်ပြောဆိုနေသည်






.
.
.





"ခင်များပဲလေ"



"ဘယ်လို "


နမ်းခဲ့တာလေ "



🐰Xiao Paing🐰

roအောင်မရေးတတ်ဘူး 

Continue Reading

You'll Also Like

28.2K 6.3K 37
tk sinhala
319K 75.5K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
48K 12.7K 47
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
97K 4.6K 44
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...