အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

We are still together 1

1K 131 44
By Nova_Danica

[Unicode]

ဆောင်းနှင်းစက်တွေ တဖွဲဖွဲ ကျနေသော သစ်ပင်အောက်၌ ချစ်သူနှင့်အတူတူ ရှိချင်ပါသော်လည်း မိမိနေသော နေရာကား ရန်ကုန်ပင် ဖြစ်လေသည်။

ကျောင်းဖွင့်ချိန် ရောက်ပြီမို့ မနက်မိုးလင်းပြီ ဆိုကတည်းက ဦးကို ကားဂိတ်မှာ သွားကြိုဖို့ လွမ်းလတ်နောင် အဆင်သင့် ဖြစ်နေခဲ့သည်။ အစောကြီးထပြီး ရှိုးစမိုး အပြည့်နှင့် တက်ကြွနေသော သူ့ကို မေမေကတော့ တအံ့တဩ ဖြစ်ကာ ကျန်ခဲ့၏။

ဦး လက်မခံခင်တုန်းကလည်း မချစ်လို့ ငိုရသည်။ ဟော... ဦး ပြန်ချစ်ပြန်တော့လည်း လွမ်းလို့ ငိုရပြန်သည်။ အငိုမင်းသားကြီး လုံးလုံး ဖြစ်နေသော သူ့ကိုယ်သူလည်း အံ့ဩမိပါ၏။ ဦးကို ချစ်တာ မှန်သော်လည်း ဒီလောက်အထိ လွန်လွန်ကဲကဲ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

"ဟူး... အေးလည်း မအေးဘူး။ ဦး ဘာဖတ်နေတာလဲ။"

ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်ကာ စဉ်းစားခန်း ၀င်နေရင်းမှ ငြိမ်သက်နေသူကို မော့ကြည့်မိသည်။ စာထဲတွင် စိတ်၀င်စားနေသောကြောင့် အသက်ရှုသံ သဲ့သဲ့လေးကို ကြားနေရပြီး မျက်တောင်တွေက အောက်မျက်ခမ်းပေါ်မှာ အရိပ်ကျနေသည်။ ဦးက ဘယ်အချိန်ချိန် ကြည့်ကြည့် ကြည့်မ၀ရသည့် ကြွေရုပ်လေးပါပင်။

"ဗိုက်ဆာနေပြီလား"

"ဟင့်အင်း"

ဗိုက်မဆာဘူး ပြောပြီး ဖတ်နေသော စာအုပ်ကို ဆွဲယူကာ ဘေးမှာ ချလိုက်တော့ နားမလည်ဟန်ဖြင့် ကြည့်သည်။

"ဦးက ကိုယ့်ကိုမချစ်တော့ဘူးလား"

"အကောင်းအိပ်နေရင်း ဘာဖြစ်ရပြန်တာလဲ"

"ဒီစာအုပ်ပဲ ကြည့်နေတာကိုး။ ကိုယ့်ကိုယ်ကျ ဂရုမစိုက်ဘူး။"

စူပုပ်နေသော လွမ်းလတ်နောင်၏ အဖြေစကား ကြားလျှင် ဦးက ပြက်လုံးတစ်ခုပမာ ရယ်လေတော့သည်။ ခန္ဓာကိုယ်က လှုပ်နေပြီး မျက်ရည်ပင် ထွက်မတတ်။

"ဘာများလဲလို့။ ကိုလတ် မျက်နှာမှာ စာတွေမှ မရှိတာကိုး။ ငါက စာအုပ်ပဲကြည့်ရတာပေါ့။"

ကိုလတ်ဟူသော စကားပါ ထပ်ကြားရလျှင် လွမ်းလတ်နောင် စာအုပ်ကို လက်ဖြင့် ရိုက်လိုက်မိတော့သည်။

"လာပြန်ပြီ ဒီကိုလတ်။ ကိုယ်တို့နှစ်ယောက်က ချစ်နေကြပြီ မဟုတ်ဘူးလား။"

"ဟုတ်...ဟုတ်တယ်လေ"

"တစ်ခုခု ပြောင်းခေါ်ကွာ။ အဲ့ကိုလတ်ကြီး မကြိုက်ဘူး။"

ဦးမျက်နှာက နားမလည်မှုတို့ဖြင့် ပြည့်သွား၏။ သူ့မျက်နှာကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်သည်။

"မင်းပဲ ငယ်ငယ်တုန်းကကျ လွမ်းလတ်နောင်လို့ မခေါ်ပါနဲ့။ ကိုလတ်ကမှ ပိုပြီးရင်းနှီးသလို ခံစားရတယ်ဆို။"

"အဲဒါ သူငယ်ချင်းတုန်းက။ အခုက သူငယ်ချင်းမှ မဟုတ်တော့တာ။"

လိုချင်တာ မရမချင်း ဂျီကျနေမိလျှင် ဦးက အပြုံးမျက်နှာဖြင့် ငုံ့ကြည့်သည်။ သူ့ကော်လံစလေးကို လက်ဖြင့် ကိုင်ကာလည်း ပြောလာ၏။

"နာမည်က အဓိကကျလို့လား ကိုလတ်ရာ"

"ကျတာပေါ့။ ငါ့ဦးက ငါ့ကို ဒီလိုလေးခေါ်တာပဲ ဆိုပြီး ကြည်နူးရတာပေါ့။ အဟီး။"

"အပိုတွေ။ သွား...။ ငါ့ပေါ်မှာ မနေနဲ့တော့။"

ရုတ်တရက် ပေါင်ပေါ်မှ တွန်းချခံလိုက်ရသောကြောင့် လွမ်းလတ်နောင်မှာ အောက်သို့ လျှောကျသွားရသည်။ ဖုန်ဖက်ခါကာ ပြန်ထချိန် နားရွက်လေးများ နီရဲနေသည် မြင်လိုက်ရတော့ သဘောကျသွားမိ၏။

"ဒီမှာ ဦး။ ကိုယ့်မျက်နှာကို ကြည့်။"

ကိုယ်လုံးလေးကို ဆွဲဖက်လိုက်တော့ အလိုက်သင့် ပါလာရင်းမှ သူ့ပြောစကားကြောင့် မော့ကြည့်သည်။

"ဦး ပြောဖူးသလိုပဲ။ မဏ္ဍိုင်ရဲ့သဘောဆိုတာက ဘယ်တော့မှ မပြိုလဲ၊ မယိမ်းယိုင်ဘဲနဲ့ အခုရော၊ နောင်ရော အမြဲတမ်း တည်ရှိ‌နေသလို ဦးအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်ကလည်း ဘာအကြောင်းကြောင့်နဲ့မှ မယိမ်းယိုင်စေရဘူးလို့ ကတိပေးတယ်။"

"ဦး ကိုယ့်ကို အခု မယုံသေးရင်တောင် နောင်များမကြာခင် ကျောက်သားပေါ်မှာ အက္ခရာ ထွင်းထုထားသလို ကိုယ့်ကို အကြွင်းမဲ့ ယုံကြည်လာစေဖို့ ကိုယ်ကြိုးစားမယ်။ ဘာအတွက်ကြောင့်မှ ဦး စိုးရိမ်နေတဲ့ အရာတွေ ဖြစ်မလာစေရဘူး၊ ဦး။"

မော့ကြည့်နေသော မျက်၀န်းအစုံမှာ အရောင်လေးတွေ ဖြတ်ပြေးသွားသလို  နှုတ်ခမ်းလေးဟာလည်း ဖိကိုက်ခြင်း ခံလိုက်ရသည်။ ကြည့်ရင်းမှ ဦးအပေါ်ထားတဲ့ အချစ်တွေက ယိုဖိတ်ကျလာတော့မယောင်ပင် ခံစားရ၏။ ဦးက ဘာလို့များ ဒီလောက်အထိ ရင်ခုန်ခြင်းကို ပေးစွမ်းရတာလဲ။

"နာမည်လေး မခေါ်တာနဲ့ပဲ ဒီလောက်အထိ အကြီးကြီးတွေ ပြောနေရသလား"

"ကိုလတ်...။ အင်း။ လတ်လို့ ခေါ်မယ်လေ။"

ငယ်ငယ်တုန်းက သူနဲ့ အတူတူ ဗရုတ်ကျတတ်သော ဦးက အချစ်ရေး အချစ်ရာတွင်တော့ သူမတူအောင်ပင် ရှက်တတ်လှသည်။ လက်ကလေးကို ထိမိလျှင်လည်း ရှက်ပြန်သည်။ ဖက်ထားလျှင်လည်း ရှက်ပြန်သည်။ နမ်းများသာ နမ်းမိလျှင် တစ်နေ့လုံး ခေါင်းမဖော်တော့။

အခုလည်း နာမည်လေးတင် ပြောရသေး၊ ဦးမျက်နှာက နီလာပြန်သည်။

"လတ် ?"

"အင်း။ သိပ်လည်း အပြောင်းအလဲကြီးမဟုတ်လို့ ခေါ်ရတာ အဆင်ပြေမယ်ထင်တယ်။"

"ထပ်ခေါ်ပါဦး"

ပြုံးရွှင်နေသော မျက်နှာထားဖြင့် တိုက်တွန်းမိလျှင် ဦးက စိုက်ကြည့်နေသေးသည်။

"ခေါ်ကြည့်ပါ"

ထပ်မံတိုက်တွန်းလေမှ

"လတ်...။ လတ်ရေ...။ အို လတ်ရဲ့။"

"အဟားဟား။ ကိုယ်တော့ ခုည အိပ်မပျော် ဖြစ်တော့မှာပဲ ဦးရာ။"

ရွဲ့သည်ပဲ ဆိုဆို၊ တကယ်ပဲ ခေါ်ခေါ်။ သဘောကျရလွန်း၍ ရူးမတတ်။ တစ်ကိုယ်လုံးအား ဖျစ်ညှစ်လိုက်ချင်သော်လည်း စိတ်ကို ပြန်ထိန်းကာ လက်ဖဝါးလေးကိုသာ ခပ်ဖွဖွလေး ဖိကိုင်လိုက်သည်။ ပျော့ပျောင်းနေသော ဆံပင်လေးကို ငုံ့ကာငုံ့ကာ နမ်းရှိုက်ရင်းမှ ကြည်နူးစွာဖြင့် ရယ်မောနေမိ၏။

နောက်ဆုံးတော့ ကိုမြတ် ပြောသည့် နိဗ္ဗာန်ကို ခံစားဖူးပြီဟု လွမ်းလတ်နောင် ထင်ပါသည်။

ဘွဲ့နှင်းသဘင် ခန်းမရှေ့က ဖြတ်လျှောက်သွားသောအခါ ကိုဆက်က ခဏစောင့်ဦး ဟူသည့် သဘောနှင့် လက်လှမ်းပြသည်ကို တွေ့ရသည်။

"ဟေ့ရောင် ကိုလတ်။ မင်းကို ငါ သတင်းထူး ပြောစရာ ရှိတယ်ကွ။"

ကိုဆက်က အမောတကော ဖြစ်နေသော်လည်း မှိုရထားသလို မျက်နှာဖြင့်။

"ဘာလဲ။ ကောင်မလေးက မင်းရှိမှန်း သိသွားပြီလား။"

ပခုံးကို လာဖက်ရင်း အားရ၀မ်းသာ အားယူနေသည့် ကိုဆက်မျက်နှာက ချက်ချင်းပင် အီးမှန်ထားသလို ရှုံ့တွသွားရသည်။

"ချီးတဲ့မှ။ ငါပြောမဲ့ ဟာလေးတွေတောင် ဘယ်ရောက်သွားတယ် မသိဘူး။ ဧပရယ်က ငါ့ကို အဖြေပေးလိုက်ပြီကွ။"

"အဖြေပေးလိုက်ပြီ !"

ကိုယ့်ဘေးမှ လူကို ကိုယ် အစုန်အဆန် ပြန်ကြည့်လိုက်မိသည်။ ကိုဆက်ကလည်း သူကြည့်တော့ အူကြောင်ကြောင်နှင့် ဘာမှားနေလဲ လိုက်ပါ ဆန်းစစ်နေ၏။

"မင်းကောင်မလေးက မျက်လုံး‌ရောအားကောင်းရဲ့လား"

"ဘာဖြစ်လို့လဲ"

"မင်းကို ပြန်ကြိုက်လိုက်လို့လေ"

စိုးရိမ်ကြီးနေသော ကိုဆက်မျက်နှာက မှုန်ကုပ်သွား၏။ ပါးစပ်ဖျားကလည်း ပြောချင်လွန်း၍ လှုပ်စိလှုပ်စိ ဖြစ်လာသည်။

"ငါ...။ ဆဲလိုက်ရ မကောင်း ရှိရော့မယ်။ ဒါနဲ့ မင်းအခြေအနေရော။"

"ဘာအခြေအနေလဲ"

"မင်း ငါတို့အဆောင်ရှေ့ အမြဲလာပြီး ဟိုတစ်ယောက်ကို ကပ်နေတာလေ"

"အဟမ်း...။ အဲ့ဒါက။"

မသိချင်ယောင် ဆောင်ကာ မေးသည် မဟုတ်သော်လည်း တည့်တည့် ပြန်ပြောလာတော့ လွမ်းလတ်နောင် အဖြေမရှိသလို ဖြစ်နေရသည်။

"မင်း သူ့ကို ကြိုက်နေတာလား"

"........."

မျက်လုံးပြူးကာ ကြည့်လိုက်မိတော့ ကိုဆက်ကလည်း အားကျမခံ ပြန်ပြူးပြသည်။ လွမ်းလတ်နောင်၏ မျက်ဆံများက မတည်မငြိမ် ဖြစ်လာ၏။

"သေချာပါပြီ။ ဘာမှ ပြန်မပြောနိုင်ပုံထောက်...။"

"အဲ့ဒါက...။ ငါ...။ ဟုတ်တယ်။ ငါ ဦးကို ချစ်နေတယ်။"

"ဟိုဘက်ကရော"

သေချာပေါက် ချစ်သည်ပေါ့။ ရေတမာပင်စုစုကို လှမ်းမျှော်ကြည့်ရင်းမှ ခပ်တိုးတိုး အဖြေပေးလိုက်မိ၏။

"ဦးကလည်း ငါ့ကို ကြိုက်တယ်တဲ့"

သို့သော် ဖွင့်ပြောလိုက်ပြီးခါမှ ဦးသိက္ခာကို ထိပါးသွားမှာ စိုးရိမ်သွားမိရသည်။ ကိုဆက်အကြောင်းကို သိသော်လည်း မတော်တဆ ပါးစပ်က ထွက်သွားခဲ့လျှင် ဦးကို လက်ညိုး ဝိုင်းထိုးကြမှာမျိုး။

အား...ပြောပြီးမှ နောင်တရမိသွား၏။ ဒီပါးစပ်ဟာလေ။ သူခိုးရွှေရ၊ တပြပြ။

"တော်သေးတာပေါ့"

"ဟမ်"

ကိုဆက် မျက်နှာက သိပ်တော့ မပြောင်းလဲ။ သို့သော်လည်း ထောက်ခံသည့်ဘက်တော့ ပါပုံ မပေါ်ချေ။

"မင်းတို့ တစ်ခုခုပဲ ဆိုတာ ငါ သတိထားမိပါတယ်။ ငါက မင်းအရမ်းဇွဲကောင်းနေလို့ ခံစားသွားရမှာ စိုးရိမ်နေတာ။"

"အဟား...။ မင်းက ငါ့ကို အကောင်းမြင်သေးတယ်လား။ ကျေးဇူးပဲသူငယ်ချင်း။"

"တစ်ခုပဲ"

ကျောကုန်းကို လာပုတ်၍ အားပေးသည် ထင်လိုက်ပြီးမှ လေးလေးနက်နက် တွေးတောနေသည့် ဟန်ပန်ကြောင့် စိတ်က ထင့်သွားမိသည်။ ကိုဆက်က ဦးကိုများ သဘောမကျ...။

"မင်း ကောင်လေးကလည်း မျက်လုံး မကောင်းဘူး ထင်တယ်။ ဟားဟား။"

သူ့စကားနဲ့ သူ့ပြန်ချေသွားသော်လည်း လွမ်းလတ်နောင် ခုမှ ပြုံးနိုင်သွားရသလို ရှက်ရမ်း ရမ်းကာလည်း ဆိုမိတော့၏။

"ခွေးကောင် ! ဒီကမ္ဘာပေါ်မှာ perfect အဖြစ်ဆုံးက ငါ့ဦးပဲကွ။"

"သွားစမ်းပါကွာ။ ငါးချဉ်စော်တွေ နံတာ။"

TBC...

[Zawgyi]

ေဆာင္းႏွင္းစက္ေတြ တဖြဲဖြဲ က်ေနေသာ သစ္ပင္ေအာက္၌ ခ်စ္သူႏွင့္အတူတူ ရွိခ်င္ပါေသာ္လည္း မိမိေနေသာ ေနရာကား ရန္ကုန္ပင္ ျဖစ္ေလသည္။

ေက်ာင္းဖြင့္ခ်ိန္ ေရာက္ၿပီမို႔ မနက္မိုးလင္းၿပီ ဆိုကတည္းက ဦးကို ကားဂိတ္မွာ သြားႀကိဳဖို႔ လြမ္းလတ္ေနာင္ အဆင္သင့္ ျဖစ္ေနခဲ့သည္။ အေစာႀကီးထၿပီး ရွိုးစမိုး အျပည့္ႏွင့္ တက္ႂကြေနေသာ သူ႕ကို ေမေမကေတာ့ တအံ့တဩ ျဖစ္ကာ က်န္ခဲ့၏။

ဦး လက္မခံခင္တုန္းကလည္း မခ်စ္လို႔ ငိုရသည္။ ေဟာ... ဦး ျပန္ခ်စ္ျပန္ေတာ့လည္း လြမ္းလို႔ ငိုရျပန္သည္။ အငိုမင္းသားႀကီး လုံးလုံး ျဖစ္ေနေသာ သူ႕ကိုယ္သူလည္း အံ့ဩမိပါ၏။ ဦးကို ခ်စ္တာ မွန္ေသာ္လည္း ဒီေလာက္အထိ လြန္လြန္ကဲကဲ ျဖစ္ေနမယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့ေပ။

"ဟူး... ေအးလည္း မေအးဘူး။ ဦး ဘာဖတ္ေနတာလဲ။"

ေပါင္ေပၚတြင္ ေခါင္းအုံးအိပ္ကာ စဥ္းစားခန္း ၀င္ေနရင္းမွ ၿငိမ္သက္ေနသူကို ေမာ့ၾကည့္မိသည္။ စာထဲတြင္ စိတ္၀င္စားေနေသာေၾကာင့္ အသက္ရႈသံ သဲ့သဲ့ေလးကို ၾကားေနရၿပီး မ်က္ေတာင္ေတြက ေအာက္မ်က္ခမ္းေပၚမွာ အရိပ္က်ေနသည္။ ဦးက ဘယ္အခ်ိန္ခ်ိန္ ၾကည့္ၾကည့္ ၾကည့္မ၀ရသည့္ ေႂကြ႐ုပ္ေလးပါပင္။

"ဗိုက္ဆာေနၿပီလား"

"ဟင့္အင္း"

ဗိုက္မဆာဘူး ေျပာၿပီး ဖတ္ေနေသာ စာအုပ္ကို ဆြဲယူကာ ေဘးမွာ ခ်လိဳက္ေတာ့ နားမလည္ဟန္ျဖင့္ ၾကည့္သည္။

"ဦးက ကိုယ့္ကိုမခ်စ္ေတာ့ဘူးလား"

"အေကာင္းအိပ္ေနရင္း ဘာျဖစ္ရျပန္တာလဲ"

"ဒီစာအုပ္ပဲ ၾကည့္ေနတာကိုး။ ကိုယ့္ကိုယ္က် ဂ႐ုမစိုက္ဘူး။"

စူပုပ္ေနေသာ လြမ္းလတ္ေနာင္၏ အေျဖစကား ၾကားလွ်င္ ဦးက ျပက္လုံးတစ္ခုပမာ ရယ္ေလေတာ့သည္။ ခႏၶာကိုယ္က လႈပ္ေနၿပီး မ်က္ရည္ပင္ ထြက္မတတ္။

"ဘာမ်ားလဲလို႔။ ကိုလတ္ မ်က္ႏွာမွာ စာေတြမွ မရွိတာကိုး။ ငါက စာအုပ္ပဲၾကည့္ရတာေပါ့။"

ကိုလတ္ဟူေသာ စကားပါ ထပ္ၾကားရလွ်င္ လြမ္းလတ္ေနာင္ စာအုပ္ကို လက္ျဖင့္ ရိုက္လိုက္မိေတာ့သည္။

"လာျပန္ၿပီ ဒီကိုလတ္။ ကိုယ္တို႔ႏွစ္ေယာက္က ခ်စ္ေနၾကၿပီ မဟုတ္ဘူးလား။"

"ဟုတ္...ဟုတ္တယ္ေလ"

"တစ္ခုခု ေျပာင္းေခၚကြာ။ အဲ့ကိုလတ္ႀကီး မႀကိဳက္ဘူး။"

ဦးမ်က္ႏွာက နားမလည္မႈတို႔ျဖင့္ ျပည့္သြား၏။ သူ႕မ်က္ႏွာကို ျပဴးေၾကာင္ေၾကာင္ေလး ျပန္ၾကည့္သည္။

"မင္းပဲ ငယ္ငယ္တုန္းကက် လြမ္းလတ္ေနာင္လို႔ မေခၚပါနဲ႕။ ကိုလတ္ကမွ ပိုၿပီးရင္းႏွီးသလို ခံစားရတယ္ဆို။"

"အဲဒါ သူငယ္ခ်င္းတုန္းက။ အခုက သူငယ္ခ်င္းမွ မဟုတ္ေတာ့တာ။"

လိုခ်င္တာ မရမခ်င္း ဂ်ီက်ေနမိလွ်င္ ဦးက အၿပဳံးမ်က္ႏွာျဖင့္ ငုံ႕ၾကည့္သည္။ သူ႕ေကာ္လံစေလးကို လက္ျဖင့္ ကိုင္ကာလည္း ေျပာလာ၏။

"နာမည္က အဓိကက်လိဳ႕လား ကိုလတ္ရာ"

"က်တာေပါ့။ ငါ့ဦးက ငါ့ကို ဒီလိုေလးေခၚတာပဲ ဆိုၿပီး ၾကည္ႏူးရတာေပါ့။ အဟီး။"

"အပိုေတြ။ သြား...။ ငါ့ေပၚမွာ မေနနဲ႕ေတာ့။"

႐ုတ္တရက္ ေပါင္ေပၚမွ တြန္းခ်ခံလိုက္ရေသာေၾကာင့္ လြမ္းလတ္ေနာင္မွာ ေအာက္သို႔ ေလွ်ာက်သြားရသည္။ ဖုန္ဖက္ခါကာ ျပန္ထခ်ိန္ နား႐ြက္ေလးမ်ား နီရဲေနသည္ ျမင္လိုက္ရေတာ့ သေဘာက်သြားမိ၏။

"ဒီမွာ ဦး။ ကိုယ့္မ်က္ႏွာကို ၾကည့္။"

ကိုယ္လုံးေလးကို ဆြဲဖက္လိုက္ေတာ့ အလိုက္သင့္ ပါလာရင္းမွ သူ႕ေျပာစကားေၾကာင့္ ေမာ့ၾကည့္သည္။

"ဦး ေျပာဖူးသလိုပဲ။ မ႑ိဳင္ရဲ႕သေဘာဆိုတာက ဘယ္ေတာ့မွ မၿပိဳလဲ၊ မယိမ္းယိုင္ဘဲနဲ႕ အခုေရာ၊ ေနာင္ေရာ အၿမဲတမ္း တည္ရွိ‌ေနသလို ဦးအေပၚထားတဲ့ ကိုယ့္ရဲ႕အခ်စ္ကလည္း ဘာအေၾကာင္းေၾကာင့္နဲ႕မွ မယိမ္းယိုင္ေစရဘူးလို႔ ကတိေပးတယ္။"

"ဦး ကိုယ့္ကို အခု မယုံေသးရင္ေတာင္ ေနာင္မ်ားမၾကာခင္ ေက်ာက္သားေပၚမွာ အကၡရာ ထြင္းထုထားသလို ကိုယ့္ကို အႂကြင္းမဲ့ ယုံၾကည္လာေစဖို႔ ကိုယ္ႀကိဳးစားမယ္။ ဘာအတြက္ေၾကာင့္မွ ဦး စိုးရိမ္ေနတဲ့ အရာေတြ ျဖစ္မလာေစရဘူး၊ ဦး။"

ေမာ့ၾကည့္ေနေသာ မ်က္၀န္းအစုံမွာ အေရာင္ေလးေတြ ျဖတ္ေျပးသြားသလို  ႏႈတ္ခမ္းေလးဟာလည္း ဖိကိုက္ျခင္း ခံလိုက္ရသည္။ ၾကည့္ရင္းမွ ဦးအေပၚထားတဲ့ အခ်စ္ေတြက ယိုဖိတ္က်လာေတာ့မေယာင္ပင္ ခံစားရ၏။ ဦးက ဘာလို႔မ်ား ဒီေလာက္အထိ ရင္ခုန္ျခင္းကို ေပးစြမ္းရတာလဲ။

"နာမည္ေလး မေခၚတာနဲ႕ပဲ ဒီေလာက္အထိ အႀကီးႀကီးေတြ ေျပာေနရသလား"

"ကိုလတ္...။ အင္း။ လတ္လို႔ ေခၚမယ္ေလ။"

ငယ္ငယ္တုန္းက သူနဲ႕ အတူတူ ဗ႐ုတ္က်တတ္ေသာ ဦးက အခ်စ္ေရး အခ်စ္ရာတြင္ေတာ့ သူမတူေအာင္ပင္ ရွက္တတ္လွသည္။ လက္ကေလးကို ထိမိလွ်င္လည္း ရွက္ျပန္သည္။ ဖက္ထားလွ်င္လည္း ရွက္ျပန္သည္။ နမ္းမ်ားသာ နမ္းမိလွ်င္ တစ္ေန႕လုံး ေခါင္းမေဖာ္ေတာ့။

အခုလည္း နာမည္ေလးတင္ ေျပာရေသး၊ ဦးမ်က္ႏွာက နီလာျပန္သည္။

"လတ္ ?"

"အင္း။ သိပ္လည္း အေျပာင္းအလဲႀကီးမဟုတ္လို႔ ေခၚရတာ အဆင္ေျပမယ္ထင္တယ္။"

"ထပ္ေခၚပါဦး"

ၿပဳံး႐ႊင္ေနေသာ မ်က္ႏွာထားျဖင့္ တိုက္တြန္းမိလွ်င္ ဦးက စိုက္ၾကည့္ေနေသးသည္။

"ေခၚၾကည့္ပါ"

ထပ္မံတိုက္တြန္းေလမွ

"လတ္...။ လတ္ေရ...။ အို လတ္ရဲ႕။"

"အဟားဟား။ ကိုယ္ေတာ့ ခုည အိပ္မေပ်ာ္ ျဖစ္ေတာ့မွာပဲ ဦးရာ။"

႐ြဲ႕သည္ပဲ ဆိုဆို၊ တကယ္ပဲ ေခၚေခၚ။ သေဘာက်ရလြန္း၍ ႐ူးမတတ္။ တစ္ကိုယ္လုံးအား ဖ်စ္ညွစ္လိုက္ခ်င္ေသာ္လည္း စိတ္ကို ျပန္ထိန္းကာ လက္ဖဝါးေလးကိုသာ ခပ္ဖြဖြေလး ဖိကိုင္လိုက္သည္။ ေပ်ာ့ေပ်ာင္းေနေသာ ဆံပင္ေလးကို ငုံ႕ကာငုံ႕ကာ နမ္းရွိုက္ရင္းမွ ၾကည္ႏူးစြာျဖင့္ ရယ္ေမာေနမိ၏။

ေနာက္ဆုံးေတာ့ ကိုျမတ္ ေျပာသည့္ နိဗၺာန္ကို ခံစားဖူးၿပီဟု လြမ္းလတ္ေနာင္ ထင္ပါသည္။

ဘြဲ႕ႏွင္းသဘင္ ခန္းမေရွ႕က ျဖတ္ေလွ်ာက္သြားေသာအခါ ကိုဆက္က ခဏေစာင့္ဦး ဟူသည့္ သေဘာႏွင့္ လက္လွမ္းျပသည္ကို ေတြ႕ရသည္။

"ေဟ့ေရာင္ ကိုလတ္။ မင္းကို ငါ သတင္းထူး ေျပာစရာ ရွိတယ္ကြ။"

ကိုဆက္က အေမာတေကာ ျဖစ္ေနေသာ္လည္း မွိုရထားသလို မ်က္ႏွာျဖင့္။

"ဘာလဲ။ ေကာင္မေလးက မင္းရွိမွန္း သိသြားၿပီလား။"

ပခုံးကို လာဖက္ရင္း အားရ၀မ္းသာ အားယူေနသည့္ ကိုဆက္မ်က္ႏွာက ခ်က္ခ်င္းပင္ အီးမွန္ထားသလို ရႈံ႕တြသြားရသည္။

"ခ်ီးတဲ့မွ။ ငါေျပာမဲ့ ဟာေလးေတြေတာင္ ဘယ္ေရာက္သြားတယ္ မသိဘူး။ ဧပရယ္က ငါ့ကို အေျဖေပးလိုက္ၿပီကြ။"

"အေျဖေပးလိုက္ၿပီ !"

ကိုယ့္ေဘးမွ လူကို ကိုယ္ အစုန္အဆန္ ျပန္ၾကည့္လိုက္မိသည္။ ကိုဆက္ကလည္း သူၾကည့္ေတာ့ အူေၾကာင္ေၾကာင္ႏွင့္ ဘာမွားေနလဲ လိုက္ပါ ဆန္းစစ္ေန၏။

"မင္းေကာင္မေလးက မ်က္လုံး‌ေရာအားေကာင္းရဲ႕လား"

"ဘာျဖစ္လို႔လဲ"

"မင္းကို ျပန္ႀကိဳက္လိုက္လို႔ေလ"

စိုးရိမ္ႀကီးေနေသာ ကိုဆက္မ်က္ႏွာက မႈန္ကုပ္သြား၏။ ပါးစပ္ဖ်ားကလည္း ေျပာခ်င္လြန္း၍ လႈပ္စိလႈပ္စိ ျဖစ္လာသည္။

"ငါ...။ ဆဲလိုက္ရ မေကာင္း ရွိေရာ့မယ္။ ဒါနဲ႕ မင္းအေျခအေနေရာ။"

"ဘာအေျခအေနလဲ"

"မင္း ငါတို႔အေဆာင္ေရွ႕ အၿမဲလာၿပီး ဟိုတစ္ေယာက္ကို ကပ္ေနတာေလ"

"အဟမ္း...။ အဲ့ဒါက။"

မသိခ်င္ေယာင္ ေဆာင္ကာ ေမးသည္ မဟုတ္ေသာ္လည္း တည့္တည့္ ျပန္ေျပာလာေတာ့ လြမ္းလတ္ေနာင္ အေျဖမရွိသလို ျဖစ္ေနရသည္။

"မင္း သူ႕ကို ႀကိဳက္ေနတာလား"

"........."

မ်က္လုံးျပဴးကာ ၾကည့္လိုက္မိေတာ့ ကိုဆက္ကလည္း အားက်မခံ ျပန္ျပဴးျပသည္။ လြမ္းလတ္ေနာင္၏ မ်က္ဆံမ်ားက မတည္မၿငိမ္ ျဖစ္လာ၏။

"ေသခ်ာပါၿပီ။ ဘာမွ ျပန္မေျပာနိုင္ပုံေထာက္...။"

"အဲ့ဒါက...။ ငါ...။ ဟုတ္တယ္။ ငါ ဦးကို ခ်စ္ေနတယ္။"

"ဟိုဘက္ကေရာ"

ေသခ်ာေပါက္ ခ်စ္သည္ေပါ့။ ေရတမာပင္စုစုကို လွမ္းေမွ်ာ္ၾကည့္ရင္းမွ ခပ္တိုးတိုး အေျဖေပးလိုက္မိ၏။

"ဦးကလည္း ငါ့ကို ႀကိဳက္တယ္တဲ့"

သို႔ေသာ္ ဖြင့္ေျပာလိုက္ၿပီးခါမွ ဦးသိကၡာကို ထိပါးသြားမွာ စိုးရိမ္သြားမိရသည္။ ကိုဆက္အေၾကာင္းကို သိေသာ္လည္း မေတာ္တဆ ပါးစပ္က ထြက္သြားခဲ့လွ်င္ ဦးကို လက္ညိုး ဝိုင္းထိုးၾကမွာမ်ိဳး။

အား...ေျပာၿပီးမွ ေနာင္တရမိသြား၏။ ဒီပါးစပ္ဟာေလ။ သူခိုးေ႐ႊရ၊ တျပျပ။

"ေတာ္ေသးတာေပါ့"

"ဟမ္"

ကိုဆက္ မ်က္ႏွာက သိပ္ေတာ့ မေျပာင္းလဲ။ သို႔ေသာ္လည္း ေထာက္ခံသည့္ဘက္ေတာ့ ပါပုံ မေပၚေခ်။

"မင္းတို႔ တစ္ခုခုပဲ ဆိုတာ ငါ သတိထားမိပါတယ္။ ငါက မင္းအရမ္းဇြဲေကာင္းေနလို႔ ခံစားသြားရမွာ စိုးရိမ္ေနတာ။"

"အဟား...။ မင္းက ငါ့ကို အေကာင္းျမင္ေသးတယ္လား။ ေက်းဇူးပဲသူငယ္ခ်င္း။"

"တစ္ခုပဲ"

ေက်ာကုန္းကို လာပုတ္၍ အားေပးသည္ ထင္လိုက္ၿပီးမွ ေလးေလးနက္နက္ ေတြးေတာေနသည့္ ဟန္ပန္ေၾကာင့္ စိတ္က ထင့္သြားမိသည္။ ကိုဆက္က ဦးကိုမ်ား သေဘာမက်...။

"မင္း ေကာင္ေလးကလည္း မ်က္လုံး မေကာင္းဘူး ထင္တယ္။ ဟားဟား။"

သူ႕စကားနဲ႕ သူ႕ျပန္ေခ်သြားေသာ္လည္း လြမ္းလတ္ေနာင္ ခုမွ ၿပဳံးနိုင္သြားရသလို ရွက္ရမ္း ရမ္းကာလည္း ဆိုမိေတာ့၏။

"ေခြးေကာင္ ! ဒီကမာၻေပၚမွာ perfect အျဖစ္ဆုံးက ငါ့ဦးပဲကြ။"

"သြားစမ္းပါကြာ။ ငါးခ်ဥ္ေစာ္ေတြ နံတာ။"

TBC...

Continue Reading

You'll Also Like

935K 111K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
453K 45.2K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
16.2K 761 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -
134K 12K 114
Published : 07.12.21 Genres : Slice of life, Romance, Drama Love stayed away for years. And when Love finally reappeared, I barely recognized him. Lo...