ချည်တိုင်

By hAnn63

232K 22.1K 1.3K

ချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29 (Final Episode)
Episode : Zero : Tie Me Down
Author's noted.
Book publishing.
Book Order.
ချည်တိုင် Sec Edition

24

5.4K 646 78
By hAnn63

"ဘာလို့ရုံးနောက်ကျနေတာလဲ Jane"

အမောတကော ရုံးခန်းထဲဝင်လာတဲ့ မိန်းမငယ်ကို ကော်ဖီပူပူတစ်ခွက်ကမ်းပေးရင်း Jisoo မေးတော့ မိန်းမငယ်က ကော်ဖီခွက်ကိုသာယူပြီး ဘာစကားမှပြောမလာသေး။

"Ahhh အမောပြေသွားပြီ။ ကော်ဖီရယ်၊ အစ်မရယ် ဘယ်လောက်အရသာရှိလိုက်သလဲ"

သူ့အဖြေမှာ Jisoo မပြုံးပဲမနေနိုင်လို့ ပြုံးလိုက်မိတယ်။

"ဒယ်ဒီပေါ့။ သူ့သူငယ်ချင်းဆီသွားတာ ညီမကို လိုက်ပို့ခိုင်းလို့လေ။ သူ့ကားရှိသားနဲ့ ညီမကားကိုစီးချင်တယ်ဆိုပြီး တမင်ဂျစ်နေတာ။ လိုက်ပို့တော့လဲ သူ့အသိတွေနဲ့စကားပြောတဲ့ဆီ လိုက်ထိုင်ရသေးတယ်။ အခုမောနေတာက အစ်မကိုမြင်ချင်ဇောနဲ့ ပြေးလာလိုက်လို့ပါ ဟီးး"

ပြုံးတာထက်ပိုပြီး ဟက်ခနဲရယ်ချလိုက်တဲ့ Jisoo ကို Jane က သူ့ပါးတွေဖောင်းတက်လာတဲ့အထိပြုံးရင်း ကြည့်နေတယ်။ မနက်ခင်းတွေကို မိန်းမငယ်ရဲ့အပြုံးနဲ့စတင်ရတာလဲ ကောင်းချီးတစ်ပါးပါပဲ။

"ဒါဆို meeting စကြရအောင်။ Daniel တို့ စောင့်နေတယ်"

ခပ်လှမ်းလှမ်းက အလုပ်ခုံရှိရာဆီ နှစ်ယောက်အတူသွားထိုင်လိုက်တယ်။ Jane က Jisoo ပေးထားတဲ့ သူမရဲ့မာဖလာကို လည်တိုင်ပေါ်ကချွတ်လိုက်တော့ ဆွဲကြိုးလေးက ထင်းခနဲပေါ်လာတယ်။

"ကဲ ဘာဖြစ်လို့လဲ အရေးတကြီး"

Jane ရဲ့ မေးခွန်းကို Jongsuk က စာရွက်တစ်ခုလှမ်းပေးရင်း တုန့်ပြန်တယ်။ Jane မျက်ခုံးတွေတွန့်ချိုးသွားတယ်။ Jisoo ဖတ်ပြီးသားစာရွက်မို့ အကြောင်းအရင်းကို သဘောပေါက်နေသည်။ သူမနဲ့ Jane ရဲ့ relationship ကို ချပြပြီးတဲ့နောက်မှာ တစ်ခုခုတော့ သက်ရောက်မှုရှိလာမှာ သူမ ကြိုတွက်ပြီးသားပါ။ နှစ်ဦးလုံးရဲ့ ခံစားမှုတွေကိုမထိခိုက်နိုင်ဘူးဆိုတာ သိလို့လဲ ပြောပြဖြစ်ခဲ့တာ။

"ရှယ်ယာတွေ တက်လိုက်ကျလိုက် ဖြစ်တာကတော့ ကျွန်မစိတ်မဝင်စားပါဘူး။ ဘယ့်နှယ့်ကြောင့်မို့ အလုပ်ထွက်စေချင်နေကြတာလဲတော့ နားမလည်ဘူး။ ဘာဖြစ်လို့လဲ အစ်မကို သူတို့တင်ကျွေးထားရတာမို့လို့လား"

Jane ရဲ့ ခပ်ဆတ်ဆတ်စကားကိုအကြား Jongsuk နဲ့ Daniel အပါအဝင် အစည်းအဝေးမှာထိုင်နေကြတဲ့ဝန်ထမ်းတွေ ပြုံးစိစိဖြစ်ကုန်တယ်။

"ရှယ်ယာကို Jennie စိတ်မဝင်စားပေမယ့် ကိုယ်ကတော့စိတ်ဝင်စားရမယ်။ အရင်ဆုံး Jennie က Jane လုပ်ငန်းစုရဲ့ဆက်ခံသူမို့လို့ အန်ကယ့်နာမည်နဲ့ ခေါင်းစီးတွေမှာပျံ့နေတာ။ အဲ့ဒါကိုထိန်းချုပ်ဖို့လိုတယ် Jennie"

အခုလို အလုပ်တွေရှုပ်စေမိတာကိုတော့ Jisoo သိပ်အားနာမိတယ်။

"အကုန်လုံးကို အလုပ်များသွားစေပြီ။ တောင်းပန်ပါတယ်"

Jisoo တောင်းပန်တော့ ဘယ်သူမှ ဘာမှပြန်မပြောပေမယ့် နားလည်တဲ့အကြည့်တွေနဲ့ပဲ ပြန်ကြည့်နေကြတယ်။

"ဘာတောင်းပန်တာလဲ။ နေပါ .. ဒယ်ဒီ့ကို အခုပဲလှမ်းခေါ်မယ်"

"Jane .. နေဦး ..

"ဟယ်လို ဒယ်ဒီ"

တားချိန်တောင်မပေးပဲ သူ့အဖေကို ဖုန်းခေါ်နေတဲ့ Jane ကြောင့် Jisoo ခေါင်းကုတ်မိသွားတယ်။ ဘေးချင်းကပ်ထိုင်နေတဲ့ Daniel ကတော့ Jisoo ကို ခပ်တိုးတိုးကပ်ပြောလာတယ်။

"သွားမတားပါနဲ့။ စိတ်ကောက်သွားရင် ဒီတစ်ခါ ငါလဲမကယ်နိုင်ဘူးနော်"

Jongsuk ကတော့ အကုန်လုံးကို လက်မြှောက်အရှုံးပေးထားဟန်ပေါ်ပါသည်။ ခြေတစ်ဖက်ချိတ်ထိုင်လို့ မေးထောက်ပြီး Jennie ကို ကြည့်နေတယ်။

"ဒယ်ဒီရောက်လာလိမ့်မယ်။ သူလာမှ ပြန်စရအောင်။ အခုတော့ ကျွန်မ မနက်စာသွားစားဦးမယ်"

ပြောလဲပြောရင်း ထရပ်ပြီး တံခါးနားကိုရောက်သွားတဲ့သူ့ကို Jisoo အကြောင်သားလိုက်ငေးနေမိသည်။ သူက တံခါးဖွင့်ပြီး မထွက်သေးပဲ Jisoo ကို ပြန်လှည့်ကြည့်လာတယ်။

"လာလေအစ်မ။ အစ်မရည်းစားကဒီမှာလေ"

သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြီးပြောလာတဲ့ Jane ငယ်လေး။ ရှက်စိတ်ကြောင့် ပူထူလာတဲ့ ကိုယ့်ပါးကို တစ်ချက်ပြန်ပွတ်ပြီး Jisoo သူ့နောက်ကိုလိုက်ရသည်။ ကလေးငယ်က ပေါ်တင်တွဲလို့ရပြီဆိုတော့ ပေါ်တင်ပဲ ဇွတ်ကျပြတော့မယ်ထင်ပါတယ်။

"အစ်မကို ပြောပြစရာရှိတယ်"

သွားနေကျကော်ဖီဆိုင်ဆီကို လမ်းလျှောက်သွားရင်း Jisoo လက်မောင်းကို ခိုတွဲလာတဲ့မိန်းမငယ်က စကားစတယ်။ သူ့လည်တိုင်က မာဖလာရဲ့အနွေးဓာတ်ကို လက်မောင်းကနေ Jisoo ခံစားလို့ရနေတယ်။

"အင်း ပြော"

"ဟိုနေ့က show မှာ Teh က ညီမကို ဖွင့်ပြောတယ်"

ခြေလှမ်းတွေကို ရပ်မပစ်မိအောင်လို့ Jisoo သတိထားပြီး ဆက်လျှောက်လိုက်တယ်။ Jane ငြင်းလိုက်မှာကို Jisoo သိတယ်လေ။ ဒါပေမယ့်လဲ သဝန်တိုစိတ်ကတော့ ခေါင်းထောင်လာတာပေါ့။

"ယောက်ျားလေးတွေ ချစ်ရေးဆိုပုံက ဆန်းသားနော် အစ်မ"

မျက်မှောင်တွေကိုတွန့်ချိုးပြီး ငုံ့ကြည့်လာတဲ့အစ်မရဲ့မျက်နှာဟာ Jennie အတွက်တော့ နိဗ္ဗာန် နိဗ္ဗာန်။ အစတည်းက ပြောပြဖို့စိတ်ကူးပြီးသားဖြစ်တာကတစ်ကြောင်း၊ အစ်မဘယ်လိုတုံ့ပြန်မလဲသိချင်တာကတစ်ကြောင်းနဲ့ ပြောပြလိုက်တာ။

"ဘာဆန်းလို့လဲ"

"ကိုယ့်ဘဝကို မင်းဆီပုံပေးချင်လို့ လက်ခံပေးပါလားတဲ့"

ကော်ဖီဆိုင်ထဲ ဝင်သွားကြရင်း Jennie ပြောတော့ အစ်မက Jennie ကို ဆတ်ခနဲကြည့်ပြီး အကြည့်ပြန်လွှဲသွားတယ်။ ပြီးမှ ခပ်တည်တည်နဲ့ပြောတယ်။

"ဖြစ်ရမယ် အဲ့ကောင်စောက်ပေါ"

သဝန်တိုနေတဲ့ အစ်မရဲ့စကားကိုသဘောကျလွန်းလို့ Jennie ခစ်ခနဲရယ်ချလိုက်တယ်။ အစ်မက မုန့်မှာပေးမှာမို့လို့ Jennie ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကိတ်မုန့်ပန်းကန်ကိုင်လာတဲ့အစ်မက Jennie ရဲ့အရှေ့ကို ကိတ်မုန့်ပန်းကန်ချပေးလာတယ်။ နောက်ပြီး ကိတ်ကို ဇွန်းနဲ့ခွဲယူပြီး Jennie ကို ခွံ့ကျွေးတယ်။

"Teh က လူကောင်းပါ"

ကိတ်မုန့်ကိုဝါးရင်းပြောလိုက်တော့ အစ်မက ဇွန်းကိုင်ရင်းပဲ မျက်စောင်းပစ်တယ်။

"အစ်မကကျ မာဖီးယားလား ပြော"

ထပ်ပြီး ရယ်ချလိုက်တယ်။ ကြည့်စမ်း ကြည့်စမ်း။ မမတွေ သဝန်တိုရင် ဒီလိုပဲ ချစ်စရာကောင်းသလား။

"အစ်မ ညီမကို ရည်းစားစကားပြောတုန်းကဆို သိပ်ကို ကိုယ်ရည်သွေးတာလေ။ ညီမကို ဘယ်လိုအခွင့်အရေးတွေပေးပါမယ်ဆိုပြီး ပြောတာကို"

"ဒီမယ် ကလေးမ။ Teh အကြောင်းရပ်ပြီး ကိုယ့်အကြောင်းကိုယ်ပြောကြမယ်။ နော်။ တော်တော့ သဝန်တိုနေပြီအစ်မက။ ဘယ်ကောင်မှ ကြားမဝင်လာရဘူး"

သူ့စကားကိုကြားတော့ ပြုံးနေရာကနေရပ်ပြီး Jennie ပါးစပ်ကိုဟလိုက်တယ်။ အလိုက်သိတဲ့အစ်မက ကိတ်နောက်တစ်ဇွန်း Jennie ကို ခွံ့တယ်။

"ညီမက စိတ်ယိုင်သွားရင် အစ်မဘယ်လိုလုပ်မလဲ"

အခုလို ပျော်စရာမကောင်းတဲ့အကြောင်းအရာမျိုး Jane ပြောလာတဲ့အခါ Jisoo စိတ်တွေ သိပ်ညှိုးတယ်။ Jane က ယောက်ျားတစ်ဦးကို စိတ်ယိုင်သွားရင်? တွေးကြည့်ရုံနဲ့တင် ဆယ်ဘဝစာလောက် ကြိုတင်သေဆုံးသွားရသလို ခံစားရတယ်။

"အစ်မ ဘယ်လိုလုပ်ရမလဲ။ Jane သူ့ကို အစ်မထက်ပိုပြီးသဘောကျမိရင်တော့"

ရှေ့ဆက်ပြောဖို့စကားကို မနည်းအားယူ စဉ်းစားနေရတယ်။ ဒီကလေးလေးကို ဘယ်သူ့လက်ထဲကိုမှမပေးနိုင်ဘူးဆိုပေမယ့် Jane သာ သူမဆီမှာ မပျော်တော့ဘူးဆိုရင်ရော?

"Jane"

စကားဆက်မယ်ထင်လို့ မျှော်နေတဲ့ Jennie ကို အစ်မက ရုတ်တရက် နာမည်ထခေါ်တယ်။

"အစ်မကို စိတ်မကုန်သွားပါနဲ့နော်"

ခပ်တိုးတိုးစကားသံဟာ ကော်ဖီဆိုင်ထဲပျံ့သွားတယ်။ ခုံပေါ်တင်ထားတဲ့ အစ်မရဲ့ ဘယ်ဘက်လက်ကို လှမ်းကြည့်တော့ ဆင်တူလက်စွပ်လေးက Jennie ကို ပြုံးပြနေသလိုပဲ။

"အစ်မသာ ညီမကို မပစ်သွားပါနဲ့"

Jennie ပြောတော့ အစ်မက ပြုံးသွားတယ်။

"ဒါတော့ မပူပါနဲ့ကွယ်။ အစ်မက Jane ကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာ"

လက်ထပ်ဖို့အကြောင်းကို အစ်မက Christmas နောက်တစ်ရက်မှာလဲ ပြောခဲ့ဖူးတယ်မလား။ အခုလဲ အဲ့လို တိကျသေချာနေတဲ့မျက်ဝန်းတွေနဲ့ပါပဲ။ ဘာဖြစ်လာနိုင်လဲမသိတဲ့အနာဂတ်မှာ အစ်မကို သူမက ကလေးကလားတွေ မပြုမူမိပါစေနဲ့ပဲ ကြိတ်ဆုတောင်းနေရတယ်။

မနက်စာစားပြီးလို့ ရုံးပြန်ရောက်တော့ ဒယ်ဒီက အဆင်သင့်စောင့်နေတယ်။

"Ruby Jane က သူငယ်ချင်းနဲ့တွေ့နေတဲ့ငါ့ကျ အခုလာဆိုပြီး လှမ်းခေါ်တယ်။ သူကျ ရည်းစားနဲ့ မုန့်ထွက်စားနေတာ။ ငါကပြန်စောင့်နေရတယ် လူကြားမကောင်း"

အစည်းအဝေးပြန်လုပ်ဖို့ လူတွေလဲရောက်နေပေမယ့် ဒယ်ဒီက အရွှန်းဖောက်တယ်။ အစ်မက ဒယ်ဒီ့ကို ခေါင်းငုံ့ပြီး နှုတ်ဆက်နေတယ်။

"ထိုင် ထိုင်။ ဘာဖြစ်သလဲပြော"

ဒယ်ဒီမေးလိုက်တော့ Jongsuk ကပဲ ထုံးစံအတိုင်း စကားစတယ်။

"Jennie ရဲ့ sexuality ကို သိသွားကြတာမို့လို့ တုံ့ပြန်မှုတွေရနေတဲ့သဘောပါပဲအန်ကယ်။ Jennie လဲ အလုပ်ဝင်တာ နှစ်တစ်ဝက်လောက်ရှိပြီ နောက်ပြီး အန်ကယ်လဲ သူ့ကိုပွဲထုတ်ပေးထားတော့ Jane gp ရဲ့ ဆက်ခံသူအဖြစ် တော်တော်များများသိနေကြပြီလေ။ ဒီမှာက အဲ့လိုဆက်ဆံရေးတွေအပေါ်တုံ့ပြန်ချက်က သိပ်မကောင်းတာတော့ အန်ကယ့်အသိပါပဲ။ အခု ရှယ်ယာစျေးတွေက တက်လိုက်ကျလိုက်ဖြစ်နေတာပါ။ အဲ့ထက်ဆိုးတာက Jisoo ကို အလုပ်ထွက်စေချင်နေကြတာ"

ဒယ်ဒီက ဘာမှပြန်မပြောသေးပဲ Jongsuk ရဲ့ စကားကို သေချာစဉ်းစားနေတယ်။ အကုန်လုံးတိတ်ဆိတ်နေပြီး Jennie ကတော့ အစ်မကိုသာ အကဲခတ်နေရတယ်။ အစ်မဟာ ဘယ်ကိုမှမကြည့်ပဲ သူ့လက်သူကြွယ်က ဆင်တူလက်စွပ်ကိုပဲငုံ့ကြည့်နေတယ်။

"အကုန်ပြောကွာ။ အန်ကယ် အကုန်ပေါင်းပြီးစဉ်းစားမယ်"

"Jisoo နဲ့ အတူ magazine တွေရိုက်ဖူးတဲ့ မင်းသမီးတွေ မင်းသားတွေကတော့ Jisoo ဘာဆိုတာ အကုန်သိပါတယ်။ Jisoo ဘယ်သူနဲ့တွဲဖူးလဲဆိုတာပဲမသိကြတာလေ။ အခု Jennie နဲ့ကကျ လူပါအတိအကျသိရတော့ Jennie ရဲ့ ရာထူးနဲ့ ပိုင်ဆိုင်မှုကိုပါ လူတွေထည့်တွေးနေကြတယ်လို့ ကျွန်မထင်တယ်။ အားနာပေမယ့် ဒါထည့်ပြောရမယ့်အပိုင်းမို့လို့ပါ"

Daniel ရဲ့ ချက်ကျလက်ကျစကားကို Jennie သဘောမကျပေမယ့် ဝင်ငြင်းဖို့ကလဲမဖြစ်နိုင်ဘူး။ လုပ်ငန်းအရပြန်ကြည့်ရင် Jennie က အစ်မထက်ပိုပြီး အင်အားရှိတယ်မလား။ အစ်မကတော့ အဲ့ဟာကိုထည့်တွေးလို့မဖြစ်ပြန်ဘူး။ သိပ်ကိုစိတ်မကောင်းဖြစ်ရလိမ့်မယ်။ တကယ်ဆို ဒီပြဿနာတွေဖြစ်လာမယ်လို့ Jennie မထင်ခဲ့ပြန်ဘူး။ အပျော်လွန်ပြီး အတွေးတွေပါလွတ်ကုန်တာနေပါမယ်။ အစ်မကတော့ အကုန်လုံးကိုကြိုတွက်ပြီးမှ ပြောပြခဲ့တဲ့ပုံပါပဲ။ Daniel ရဲ့ စကားကို ခပ်ဖြေးဖြေးလေး ခေါင်းငြိမ့်ရင်းပဲ ထောက်ခံနေတယ်။

"သတင်းစာရှင်းလင်းပွဲလုပ်ရအောင် Jongsuk အခုပဲလုပ်မယ်ကွာ။ ခဏနေလူစုပြီးရင် အန်ကယ့်ကိုလာခေါ်"

Jennie ထက်ပိုပြီး စိတ်မြန်လက်မြန်နိုင်တဲ့ဒယ်ဒီရဲ့စကားကြောင့် အကုန် အလုပ်ရှုပ်ကုန်သည်။ မီဒီယာတွေကို ဆက်သွယ်ကြရမည်။ သတင်းတင်ရမည်။

"Jisoo"

"ဟုတ်ကဲ့"

ဒယ်ဒီရယ် သူမရယ် အစ်မရယ်ပဲ ကျန်ခဲ့တဲ့ အခန်းထဲမှာ ဒယ်ဒီ့အသံက ခပ်ကျယ်ကျယ်ထွက်လာပြီး အစ်မက ခပ်တိုးတိုးပဲပြန်ထူးတယ်။ တစ်ခုံစီထိုင်နေတာမို့ အစ်မ မကြောက်အောင်၊ သို့မဟုတ် စိတ်ခုမနေအောင် Jennie သူ့လက်တွေကိုကိုင်ထားပေးဖို့ကလဲ မဖြစ်နိုင်ပြန်ဘူး။

"အန်ကယ် မင်းကိုယုံတာမို့လို့ အဆုံးထိ Little Jane ကို လက်မလွတ်ပါနဲ့။ ကြားရဲ့လား"

မထင်မှတ်ထားတဲ့အစ်မက ဒယ်ဒီ့ကို ဆတ်ခနဲမော့ကြည့်တယ်။

"ကျွန်မ ... သူ့ဘက်က မလိုချင်တော့တဲ့အထိ သူ့အနားမှာကပ်တွယ်နေဖို့ ဆုံးဖြတ်ပြီးသားပါအန်ကယ်"

မလိုချင်တော့ဘူးဆိုတာ ရှိမလာဘူးဟု ကြားဖြတ်ပြောလိုက်ချင်ပါသည်။ အစ်မဟာ မနက်က Jennie စကားတွေကို နားထဲစွဲနေတဲ့ပုံပဲ။ အစ်မကို သက်သက် ဒုက္ခပေးမိခဲ့တာပဲ။

"ကောင်းပြီ။ နှစ်ယောက်သား ဒီမှာပဲနေခဲ့ကြ။ မီဒီယာတွေနဲ့ လူတွေကို ငါရှင်းမယ်"

ထထွက်သွားတဲ့ဒယ်ဒီ့ကို လိုက်ကြည့်ရင်းနဲ့ အစ်မက သက်ပြင်းတွေချနေတယ်။

"အစ်မရင်တွေတုန်နေတယ် ကိုင်ကြည့်စမ်း Jane"

Jennie လက်ကို သူ့ရင်ဘတ်ပေါ်တင်ပေးလာတဲ့အစ်မက အသံတွေပါတုန်နေတာ သူ့ကိုယ်သူ သတိထားမိပုံမပေါ်ဘူး။

"ကြောက်လို့လား"

Jennie မေးတော့ အစ်မက ခေါင်းကို ဆက်တိုက်ညိတ်ပြတယ်။

"ယောက် .. ယောက္ခထီးဆိုတော့ ကြောက်ရတယ်လေ Jane ရဲ့"

အစ်မရဲ့စကားကို အသည်းယားလွန်းလို့ Jennie သူ့ပါးတွေကို ဆွဲညှစ်လိုက်မိတယ်။ တကယ်ဆို သူမနဲ့အစ်မဟာ ဒယ်ဒီ့ကြောင့် ၅၀ရာခိုင်နှုန်းက အပြည့်အဝ ကံကောင်းပြီးသားဖြစ်နေခဲ့တာပါပဲ။ ဒယ်ဒီသာ ဒီပတ်သတ်မှုကို ကန့်ကွက်ခဲ့ရင် Jennie ဖြင့် မတွေးရဲဘူး။

ဖုန်းကိုပဲကြည့်ရင်း သတင်းတက်လာတာစောင့်နေတဲ့ သူမရဲ့အစ်မကိုကြည့်ပြီး Jennie အနည်းငယ်စိတ်ပူလာတယ်။ Jennie မတွေးထားခဲ့မိတဲ့ ပူပန်မှုတစ်ခု အစ်မမှာ သက်သက်ရှိနေတာကို အခုမှသဘောပေါက်သွားတယ်။

"အစ်မ"

"ဟင်"

ဆတ်ခနဲတုန်သွားတဲ့အစ်မက သတိလွတ်နေတဲ့လူတစ်ယောက်လိုပဲ။

"အစ်မအဖေသိလို့ အဆင်မပြေသေးရင် ဒယ်ဒီ့ကိုရပ်ခိုင်းလိုက်မယ်လေ"

"ဟိုနေ့တည်းက တစ်စတစ်စ တက်နေတဲ့ ကောလဟာလတွေကြောင့် သူသိပြီးပြီ။ အစ်မ သူ့ကိုရှောင်နေခဲ့တာ။ ထပ်မပြောရအောင် Jane အစ်မ ရူးသွားလိမ့်မယ်"

ဆက်ပြောရင် အစ်မစိတ်ဆိုးသွားမယ်ဆိုတာသေချာတာမို့ Jennie ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်တယ်။ သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ သတင်းတွေတက်လာတော့မှာ။ Jennie ဘာကြောင့် ကြောက်စိတ်တွေကင်းနေသလဲတော့မသိပါ။ ဒယ်ဒီ့အားကိုးနဲ့ မိုက်နေတာလို့ပြောလို့ရပါလိမ့်မယ်။

"တက်လာပြီ !! သတင်းတက်လာပြီ Jane"

"ဟုတ်လား။ တူတူကြည့်မယ်"

ဖုန်းနားကို အတူငုံ့ကြည့်ရင်း အစ်မပါးကို Jennie ဖြတ်ခနဲနမ်းလိုက်သေးတယ်။ သတင်းထဲမှာ ဒယ်ဒီ့ရဲ့ ဖြေရှင်းချက်တွေပါတယ်။ သူမတို့နှစ်ယောက်ဘက်မှာ သူတစ်ယောက်လုံးကာကွယ်ပေးနေမှာမို့လို့ ဘယ်သူမှမပုတ်ခတ်ဖို့ သတိပေးထားတာလဲပါတယ်။ ပြီးတော့ ဒယ်ဒီ့ရဲ့ တိုးချဲ့ဦးမယ့်လုပ်ငန်းတွေအကြောင်းလဲ တစ်စွန်းတစ်စပါတယ်။ ဘယ်သူဘာပြောပြော ဒယ်ဒီက သူ့အလုပ်သူ ဆက်လုပ်နေမှာဆိုတဲ့အကြောင်းရောပါပဲ။ အစ်မနဲ့သူမ သတင်းကို စိတ်ဝင်တစားဖတ်နေရင်းပဲ နောက်ဆုံးစာကြောင်းအရောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

ပြုံးရိပ်သန်းလာတဲ့ မျက်နှာနှစ်ခုဟာ နောက်ဆုံးတော့ နဖူးချင်းဆိုင်လို့ အားပါးတရရယ်မောပစ်လိုက်တာကို Uncle Jane ဟာ အခန်းတံခါးဝကနေ မိန့်မိန့်ကြီးပြုံးကြည့်လို့နေတယ်။ သူကိုယ်တိုင် သတင်းရဲ့နောက်ဆုံးနားမှာ သူ့စကားတစ်ခု သေချာပေါက်ထည့်ပေးဖို့မှာလိုက်သည်လေ။

Jane လုပ်ငန်းစုဆက်ခံသူရဲ့ အချစ်ရေးသတင်းက လုပ်ငန်းပိုင်းမှာတော့ အတော်လေး ပေါက်ရောက်တာပေါ့။ အထူးသဖြင့်တော့ Uncle Jane ကိုယ်တိုင် ဝင်ရှင်းပေးတာကြောင့်ပါ။ အထူးဆုံးကတော့ အန်ကယ့်ရဲ့ အမှာပါးထားတဲ့စကားဖြစ်သည်။

"ကျုပ်သမီးနဲ့သူ့ရည်းစားကောင်မလေးကို ကျုပ်တောင် မနိုင်လို့ လွှတ်ထားတာမို့ အကုန်လုံးလဲ ဝိုင်းပြီးလွှတ်ပေးထားကြပါ" ဟူ၍ပင်။

TBC......🧵
19 January 2021

•••

"ဘာလို႔႐ုံးေနာက္က်ေနတာလဲ Jane"

အေမာတေကာ ႐ုံးခန္းထဲဝင္လာတဲ့ မိန္းမငယ္ကို ေကာ္ဖီပူပူတစ္ခြက္ကမ္းေပးရင္း Jisoo ေမးေတာ့ မိန္းမငယ္က ေကာ္ဖီခြက္ကိုသာယူၿပီး ဘာစကားမွေျပာမလာေသး။

"Ahhh အေမာေျပသြားၿပီ။ ေကာ္ဖီရယ္၊ အစ္မရယ္ ဘယ္ေလာက္အရသာရွိလိုက္သလဲ"

သူ႔အေျဖမွာ Jisoo မျပဳံးပဲမေနနိုင္လို႔ ျပဳံးလိုက္မိတယ္။

"ဒယ္ဒီေပါ့။ သူ႔သူငယ္ခ်င္းဆီသြားတာ ညီမကို လိုက္ပို႔ခိုင္းလို႔ေလ။ သူ႔ကားရွိသားနဲ႔ ညီမကားကိုစီးခ်င္တယ္ဆိုၿပီး တမင္ဂ်စ္ေနတာ။ လိုက္ပို႔ေတာ့လဲ သူ႔အသိေတြနဲ႔စကားေျပာတဲ့ဆီ လိုက္ထိုင္ရေသးတယ္။ အခုေမာေနတာက အစ္မကိုျမင္ခ်င္ေဇာနဲ႔ ေျပးလာလိုက္လို႔ပါ ဟီးး"

ျပဳံးတာထက္ပိုၿပီး ဟက္ခနဲရယ္ခ်လိုက္တဲ့ Jisoo ကို Jane က သူ႔ပါးေတြေဖာင္းတက္လာတဲ့အထိျပဳံးရင္း ၾကည့္ေနတယ္။ မနက္ခင္းေတြကို မိန္းမငယ္ရဲ့အျပဳံးနဲ႔စတင္ရတာလဲ ေကာင္းခ်ီးတစ္ပါးပါပဲ။

"ဒါဆို meeting စၾကရေအာင္။ Daniel တို႔ ေစာင့္ေနတယ္"

ခပ္လွမ္းလွမ္းက အလုပ္ခုံရွိရာဆီ ႏွစ္ေယာက္အတူသြားထိုင္လိုက္တယ္။ Jane က Jisoo ေပးထားတဲ့ သူမရဲ့မာဖလာကို လည္တိုင္ေပၚကခၽြတ္လိုက္ေတာ့ ဆြဲႀကိဳးေလးက ထင္းခနဲေပၚလာတယ္။

"ကဲ ဘာျဖစ္လို႔လဲ အေရးတႀကီး"

Jane ရဲ့ ေမးခြန္းကို Jongsuk က စာရြက္တစ္ခုလွမ္းေပးရင္း တုန့္ျပန္တယ္။ Jane မ်က္ခုံးေတြတြန့္ခ်ိဳးသြားတယ္။ Jisoo ဖတ္ၿပီးသားစာရြက္မို႔ အေၾကာင္းအရင္းကို သေဘာေပါက္ေနသည္။ သူမနဲ႔ Jane ရဲ့ relationship ကို ခ်ျပၿပီးတဲ့ေနာက္မွာ တစ္ခုခုေတာ့ သက္ေရာက္မွုရွိလာမွာ သူမ ႀကိဳတြက္ၿပီးသားပါ။ ႏွစ္ဦးလုံးရဲ့ ခံစားမွုေတြကိုမထိခိုက္နိုင္ဘူးဆိုတာ သိလို႔လဲ ေျပာျပျဖစ္ခဲ့တာ။

"ရွယ္ယာေတြ တက္လိုက္က်လိုက္ ျဖစ္တာကေတာ့ ကၽြန္မစိတ္မဝင္စားပါဘူး။ ဘယ့္ႏွယ့္ေၾကာင့္မို႔ အလုပ္ထြက္ေစခ်င္ေနၾကတာလဲေတာ့ နားမလည္ဘူး။ ဘာျဖစ္လို႔လဲ အစ္မကို သူတို႔တင္ေကၽြးထားရတာမို႔လို႔လား"

Jane ရဲ့ ခပ္ဆတ္ဆတ္စကားကိုအၾကား Jongsuk နဲ႔ Daniel အပါအဝင္ အစည္းအေဝးမွာထိုင္ေနၾကတဲ့ဝန္ထမ္းေတြ ျပဳံးစိစိျဖစ္ကုန္တယ္။

"ရွယ္ယာကို Jennie စိတ္မဝင္စားေပမယ့္ ကိုယ္ကေတာ့စိတ္ဝင္စားရမယ္။ အရင္ဆုံး Jennie က Jane လုပ္ငန္းစုရဲ့ဆက္ခံသူမို႔လို႔ အန္ကယ့္နာမည္နဲ႔ ေခါင္းစီးေတြမွာပ်ံ႕ေနတာ။ အဲ့ဒါကိုထိန္းခ်ဳပ္ဖို႔လိုတယ္ Jennie"

အခုလို အလုပ္ေတြရွုပ္ေစမိတာကိုေတာ့ Jisoo သိပ္အားနာမိတယ္။

"အကုန္လုံးကို အလုပ္မ်ားသြားေစၿပီ။ ေတာင္းပန္ပါတယ္"

Jisoo ေတာင္းပန္ေတာ့ ဘယ္သူမွ ဘာမွျပန္မေျပာေပမယ့္ နားလည္တဲ့အၾကည့္ေတြနဲ႔ပဲ ျပန္ၾကည့္ေနၾကတယ္။

"ဘာေတာင္းပန္တာလဲ။ ေနပါ .. ဒယ္ဒီ့ကို အခုပဲလွမ္းေခၚမယ္"

"Jane .. ေနဦး ..

"ဟယ္လို ဒယ္ဒီ"

တားခ်ိန္ေတာင္မေပးပဲ သူ႔အေဖကို ဖုန္းေခၚေနတဲ့ Jane ေၾကာင့္ Jisoo ေခါင္းကုတ္မိသြားတယ္။ ေဘးခ်င္းကပ္ထိုင္ေနတဲ့ Daniel ကေတာ့ Jisoo ကို ခပ္တိုးတိုးကပ္ေျပာလာတယ္။

"သြားမတားပါနဲ႔။ စိတ္ေကာက္သြားရင္ ဒီတစ္ခါ ငါလဲမကယ္နိုင္ဘူးေနာ္"

Jongsuk ကေတာ့ အကုန္လုံးကို လက္ေျမႇာက္အရွုံးေပးထားဟန္ေပၚပါသည္။ ေျခတစ္ဖက္ခ်ိတ္ထိုင္လို႔ ေမးေထာက္ၿပီး Jennie ကို ၾကည့္ေနတယ္။

"ဒယ္ဒီေရာက္လာလိမ့္မယ္။ သူလာမွ ျပန္စရေအာင္။ အခုေတာ့ ကၽြန္မ မနက္စာသြားစားဦးမယ္"

ေျပာလဲေျပာရင္း ထရပ္ၿပီး တံခါးနားကိုေရာက္သြားတဲ့သူ႔ကို Jisoo အေၾကာင္သားလိုက္ေငးေနမိသည္။ သူက တံခါးဖြင့္ၿပီး မထြက္ေသးပဲ Jisoo ကို ျပန္လွည့္ၾကည့္လာတယ္။

"လာေလအစ္မ။ အစ္မရည္းစားကဒီမွာေလ"

သူ႔ကိုယ္သူ လက္ညႇိုးျပန္ထိုးၿပီးေျပာလာတဲ့ Jane ငယ္ေလး။ ရွက္စိတ္ေၾကာင့္ ပူထူလာတဲ့ ကိုယ့္ပါးကို တစ္ခ်က္ျပန္ပြတ္ၿပီး Jisoo သူ႔ေနာက္ကိုလိုက္ရသည္။ ကေလးငယ္က ေပၚတင္တြဲလို႔ရၿပီဆိုေတာ့ ေပၚတင္ပဲ ဇြတ္က်ျပေတာ့မယ္ထင္ပါတယ္။

"အစ္မကို ေျပာျပစရာရွိတယ္"

သြားေနက်ေကာ္ဖီဆိုင္ဆီကို လမ္းေလၽွာက္သြားရင္း Jisoo လက္ေမာင္းကို ခိုတြဲလာတဲ့မိန္းမငယ္က စကားစတယ္။ သူ႔လည္တိုင္က မာဖလာရဲ့အေႏြးဓာတ္ကို လက္ေမာင္းကေန Jisoo ခံစားလို႔ရေနတယ္။

"အင္း ေျပာ"

"ဟိုေန႔က show မွာ Teh က ညီမကို ဖြင့္ေျပာတယ္"

ေျခလွမ္းေတြကို ရပ္မပစ္မိေအာင္လို႔ Jisoo သတိထားၿပီး ဆက္ေလၽွာက္လိုက္တယ္။ Jane ျငင္းလိုက္မွာကို Jisoo သိတယ္ေလ။ ဒါေပမယ့္လဲ သဝန္တိုစိတ္ကေတာ့ ေခါင္းေထာင္လာတာေပါ့။

"ေယာက္်ားေလးေတြ ခ်စ္ေရးဆိုပုံက ဆန္းသားေနာ္ အစ္မ"

မ်က္ေမွာင္ေတြကိုတြန့္ခ်ိဳးၿပီး ငုံ႔ၾကည့္လာတဲ့အစ္မရဲ့မ်က္ႏွာဟာ Jennie အတြက္ေတာ့ နိဗၺာန္ နိဗၺာန္။ အစတည္းက ေျပာျပဖို႔စိတ္ကူးၿပီးသားျဖစ္တာကတစ္ေၾကာင္း၊ အစ္မဘယ္လိုတုံ႔ျပန္မလဲသိခ်င္တာကတစ္ေၾကာင္းနဲ႔ ေျပာျပလိုက္တာ။

"ဘာဆန္းလို႔လဲ"

"ကိုယ့္ဘဝကို မင္းဆီပုံေပးခ်င္လို႔ လက္ခံေပးပါလားတဲ့"

ေကာ္ဖီဆိုင္ထဲ ဝင္သြားၾကရင္း Jennie ေျပာေတာ့ အစ္မက Jennie ကို ဆတ္ခနဲၾကည့္ၿပီး အၾကည့္ျပန္လႊဲသြားတယ္။ ၿပီးမွ ခပ္တည္တည္နဲ႔ေျပာတယ္။

"ျဖစ္ရမယ္ အဲ့ေကာင္ေစာက္ေပါ"

သဝန္တိုေနတဲ့ အစ္မရဲ့စကားကိုသေဘာက်လြန္းလို႔ Jennie ခစ္ခနဲရယ္ခ်လိုက္တယ္။ အစ္မက မုန့္မွာေပးမွာမို႔လို႔ Jennie ခုံတစ္ခုံမွာ ဝင္ထိုင္လိုက္တယ္။ ကိတ္မုန့္ပန္းကန္ကိုင္လာတဲ့အစ္မက Jennie ရဲ့အေရွ႕ကို ကိတ္မုန့္ပန္းကန္ခ်ေပးလာတယ္။ ေနာက္ၿပီး ကိတ္ကို ဇြန္းနဲ႔ခြဲယူၿပီး Jennie ကို ခြံ႕ေကၽြးတယ္။

"Teh က လူေကာင္းပါ"

ကိတ္မုန့္ကိုဝါးရင္းေျပာလိုက္ေတာ့ အစ္မက ဇြန္းကိုင္ရင္းပဲ မ်က္ေစာင္းပစ္တယ္။

"အစ္မကက် မာဖီးယားလား ေျပာ"

ထပ္ၿပီး ရယ္ခ်လိုက္တယ္။ ၾကည့္စမ္း ၾကည့္စမ္း။ မမေတြ သဝန္တိုရင္ ဒီလိုပဲ ခ်စ္စရာေကာင္းသလား။

"အစ္မ ညီမကို ရည္းစားစကားေျပာတုန္းကဆို သိပ္ကို ကိုယ္ရည္ေသြးတာေလ။ ညီမကို ဘယ္လိုအခြင့္အေရးေတြေပးပါမယ္ဆိုၿပီး ေျပာတာကို"

"ဒီမယ္ ကေလးမ။ Teh အေၾကာင္းရပ္ၿပီး ကိုယ့္အေၾကာင္းကိုယ္ေျပာၾကမယ္။ ေနာ္။ ေတာ္ေတာ့ သဝန္တိုေနၿပီအစ္မက။ ဘယ္ေကာင္မွ ၾကားမဝင္လာရဘူး"

သူ႔စကားကိုၾကားေတာ့ ျပဳံးေနရာကေနရပ္ၿပီး Jennie ပါးစပ္ကိုဟလိုက္တယ္။ အလိုက္သိတဲ့အစ္မက ကိတ္ေနာက္တစ္ဇြန္း Jennie ကို ခြံ႕တယ္။

"ညီမက စိတ္ယိုင္သြားရင္ အစ္မဘယ္လိုလုပ္မလဲ"

အခုလို ေပ်ာ္စရာမေကာင္းတဲ့အေၾကာင္းအရာမ်ိဳး Jane ေျပာလာတဲ့အခါ Jisoo စိတ္ေတြ သိပ္ညႇိုးတယ္။ Jane က ေယာက္်ားတစ္ဦးကို စိတ္ယိုင္သြားရင္? ေတြးၾကည့္႐ုံနဲ႔တင္ ဆယ္ဘဝစာေလာက္ ႀကိဳတင္ေသဆုံးသြားရသလို ခံစားရတယ္။

"အစ္မ ဘယ္လိုလုပ္ရမလဲ။ Jane သူ႔ကို အစ္မထက္ပိုၿပီးသေဘာက်မိရင္ေတာ့"

ေရွ႕ဆက္ေျပာဖို႔စကားကို မနည္းအားယူ စဥ္းစားေနရတယ္။ ဒီကေလးေလးကို ဘယ္သူ႔လက္ထဲကိုမွမေပးနိုင္ဘူးဆိုေပမယ့္ Jane သာ သူမဆီမွာ မေပ်ာ္ေတာ့ဘူးဆိုရင္ေရာ?

"Jane"

စကားဆက္မယ္ထင္လို႔ ေမၽွာ္ေနတဲ့ Jennie ကို အစ္မက ႐ုတ္တရက္ နာမည္ထေခၚတယ္။

"အစ္မကို စိတ္မကုန္သြားပါနဲ႔ေနာ္"

ခပ္တိုးတိုးစကားသံဟာ ေကာ္ဖီဆိုင္ထဲပ်ံ႕သြားတယ္။ ခုံေပၚတင္ထားတဲ့ အစ္မရဲ့ ဘယ္ဘက္လက္ကို လွမ္းၾကည့္ေတာ့ ဆင္တူလက္စြပ္ေလးက Jennie ကို ျပဳံးျပေနသလိုပဲ။

"အစ္မသာ ညီမကို မပစ္သြားပါနဲ႔"

Jennie ေျပာေတာ့ အစ္မက ျပဳံးသြားတယ္။

"ဒါေတာ့ မပူပါနဲ႔ကြယ္။ အစ္မက Jane ကို လက္ထပ္ဖို႔အထိ ရည္ရြယ္ထားတာ"

လက္ထပ္ဖို႔အေၾကာင္းကို အစ္မက Christmas ေနာက္တစ္ရက္မွာလဲ ေျပာခဲ့ဖူးတယ္မလား။ အခုလဲ အဲ့လို တိက်ေသခ်ာေနတဲ့မ်က္ဝန္းေတြနဲ႔ပါပဲ။ ဘာျဖစ္လာနိုင္လဲမသိတဲ့အနာဂတ္မွာ အစ္မကို သူမက ကေလးကလားေတြ မျပဳမူမိပါေစနဲ႔ပဲ ႀကိတ္ဆုေတာင္းေနရတယ္။

မနက္စာစားၿပီးလို႔ ႐ုံးျပန္ေရာက္ေတာ့ ဒယ္ဒီက အဆင္သင့္ေစာင့္ေနတယ္။

"Ruby Jane က သူငယ္ခ်င္းနဲ႔ေတြ႕ေနတဲ့ငါ့က် အခုလာဆိုၿပီး လွမ္းေခၚတယ္။ သူက် ရည္းစားနဲ႔ မုန့္ထြက္စားေနတာ။ ငါကျပန္ေစာင့္ေနရတယ္ လူၾကားမေကာင္း"

အစည္းအေဝးျပန္လုပ္ဖို႔ လူေတြလဲေရာက္ေနေပမယ့္ ဒယ္ဒီက အရႊန္းေဖာက္တယ္။ အစ္မက ဒယ္ဒီ့ကို ေခါင္းငုံ႔ၿပီး ႏွုတ္ဆက္ေနတယ္။

"ထိုင္ ထိုင္။ ဘာျဖစ္သလဲေျပာ"

ဒယ္ဒီေမးလိုက္ေတာ့ Jongsuk ကပဲ ထုံးစံအတိုင္း စကားစတယ္။

"Jennie ရဲ့ sexuality ကို သိသြားၾကတာမို႔လို႔ တုံ႔ျပန္မွုေတြရေနတဲ့သေဘာပါပဲအန္ကယ္။ Jennie လဲ အလုပ္ဝင္တာ ႏွစ္တစ္ဝက္ေလာက္ရွိၿပီ ေနာက္ၿပီး အန္ကယ္လဲ သူ႔ကိုပြဲထုတ္ေပးထားေတာ့ Jane gp ရဲ့ ဆက္ခံသူအျဖစ္ ေတာ္ေတာ္မ်ားမ်ားသိေနၾကၿပီေလ။ ဒီမွာက အဲ့လိုဆက္ဆံေရးေတြအေပၚတုံ႔ျပန္ခ်က္က သိပ္မေကာင္းတာေတာ့ အန္ကယ့္အသိပါပဲ။ အခု ရွယ္ယာေစ်းေတြက တက္လိုက္က်လိုက္ျဖစ္ေနတာပါ။ အဲ့ထက္ဆိုးတာက Jisoo ကို အလုပ္ထြက္ေစခ်င္ေနၾကတာ"

ဒယ္ဒီက ဘာမွျပန္မေျပာေသးပဲ Jongsuk ရဲ့ စကားကို ေသခ်ာစဥ္းစားေနတယ္။ အကုန္လုံးတိတ္ဆိတ္ေနၿပီး Jennie ကေတာ့ အစ္မကိုသာ အကဲခတ္ေနရတယ္။ အစ္မဟာ ဘယ္ကိုမွမၾကည့္ပဲ သူ႔လက္သူႂကြယ္က ဆင္တူလက္စြပ္ကိုပဲငုံ႔ၾကည့္ေနတယ္။

"အကုန္ေျပာကြာ။ အန္ကယ္ အကုန္ေပါင္းၿပီးစဥ္းစားမယ္"

"Jisoo နဲ႔ အတူ magazine ေတြရိုက္ဖူးတဲ့ မင္းသမီးေတြ မင္းသားေတြကေတာ့ Jisoo ဘာဆိုတာ အကုန္သိပါတယ္။ Jisoo ဘယ္သူနဲ႔တြဲဖူးလဲဆိုတာပဲမသိၾကတာေလ။ အခု Jennie နဲ႔ကက် လူပါအတိအက်သိရေတာ့ Jennie ရဲ့ ရာထူးနဲ႔ ပိုင္ဆိုင္မွုကိုပါ လူေတြထည့္ေတြးေနၾကတယ္လို႔ ကၽြန္မထင္တယ္။ အားနာေပမယ့္ ဒါထည့္ေျပာရမယ့္အပိုင္းမို႔လို႔ပါ"

Daniel ရဲ့ ခ်က္က်လက္က်စကားကို Jennie သေဘာမက်ေပမယ့္ ဝင္ျငင္းဖို႔ကလဲမျဖစ္နိုင္ဘူး။ လုပ္ငန္းအရျပန္ၾကည့္ရင္ Jennie က အစ္မထက္ပိုၿပီး အင္အားရွိတယ္မလား။ အစ္မကေတာ့ အဲ့ဟာကိုထည့္ေတြးလို႔မျဖစ္ျပန္ဘူး။ သိပ္ကိုစိတ္မေကာင္းျဖစ္ရလိမ့္မယ္။ တကယ္ဆို ဒီျပႆနာေတြျဖစ္လာမယ္လို႔ Jennie မထင္ခဲ့ျပန္ဘူး။ အေပ်ာ္လြန္ၿပီး အေတြးေတြပါလြတ္ကုန္တာေနပါမယ္။ အစ္မကေတာ့ အကုန္လုံးကိုႀကိဳတြက္ၿပီးမွ ေျပာျပခဲ့တဲ့ပုံပါပဲ။ Daniel ရဲ့ စကားကို ခပ္ေျဖးေျဖးေလး ေခါင္းၿငိမ့္ရင္းပဲ ေထာက္ခံေနတယ္။

"သတင္းစာရွင္းလင္းပြဲလုပ္ရေအာင္ Jongsuk အခုပဲလုပ္မယ္ကြာ။ ခဏေနလူစုၿပီးရင္ အန္ကယ့္ကိုလာေခၚ"

Jennie ထက္ပိုၿပီး စိတ္ျမန္လက္ျမန္နိုင္တဲ့ဒယ္ဒီရဲ့စကားေၾကာင့္ အကုန္ အလုပ္ရွုပ္ကုန္သည္။ မီဒီယာေတြကို ဆက္သြယ္ၾကရမည္။ သတင္းတင္ရမည္။

"Jisoo"

"ဟုတ္ကဲ့"

ဒယ္ဒီရယ္ သူမရယ္ အစ္မရယ္ပဲ က်န္ခဲ့တဲ့ အခန္းထဲမွာ ဒယ္ဒီ့အသံက ခပ္က်ယ္က်ယ္ထြက္လာၿပီး အစ္မက ခပ္တိုးတိုးပဲျပန္ထူးတယ္။ တစ္ခုံစီထိုင္ေနတာမို႔ အစ္မ မေၾကာက္ေအာင္၊ သို႔မဟုတ္ စိတ္ခုမေနေအာင္ Jennie သူ႔လက္ေတြကိုကိုင္ထားေပးဖို႔ကလဲ မျဖစ္နိုင္ျပန္ဘူး။

"အန္ကယ္ မင္းကိုယုံတာမို႔လို႔ အဆုံးထိ Little Jane ကို လက္မလြတ္ပါနဲ႔။ ၾကားရဲ့လား"

မထင္မွတ္ထားတဲ့အစ္မက ဒယ္ဒီ့ကို ဆတ္ခနဲေမာ့ၾကည့္တယ္။

"ကၽြန္မ ... သူ႔ဘက္က မလိုခ်င္ေတာ့တဲ့အထိ သူ႔အနားမွာကပ္တြယ္ေနဖို႔ ဆုံးျဖတ္ၿပီးသားပါအန္ကယ္"

မလိုခ်င္ေတာ့ဘူးဆိုတာ ရွိမလာဘူးဟု ၾကားျဖတ္ေျပာလိုက္ခ်င္ပါသည္။ အစ္မဟာ မနက္က Jennie စကားေတြကို နားထဲစြဲေနတဲ့ပုံပဲ။ အစ္မကို သက္သက္ ဒုကၡေပးမိခဲ့တာပဲ။

"ေကာင္းၿပီ။ ႏွစ္ေယာက္သား ဒီမွာပဲေနခဲ့ၾက။ မီဒီယာေတြနဲ႔ လူေတြကို ငါရွင္းမယ္"

ထထြက္သြားတဲ့ဒယ္ဒီ့ကို လိုက္ၾကည့္ရင္းနဲ႔ အစ္မက သက္ျပင္းေတြခ်ေနတယ္။

"အစ္မရင္ေတြတုန္ေနတယ္ ကိုင္ၾကည့္စမ္း Jane"

Jennie လက္ကို သူ႔ရင္ဘတ္ေပၚတင္ေပးလာတဲ့အစ္မက အသံေတြပါတုန္ေနတာ သူ႔ကိုယ္သူ သတိထားမိပုံမေပၚဘူး။

"ေၾကာက္လို႔လား"

Jennie ေမးေတာ့ အစ္မက ေခါင္းကို ဆက္တိုက္ညိတ္ျပတယ္။

"ေယာက္ .. ေယာကၡထီးဆိုေတာ့ ေၾကာက္ရတယ္ေလ Jane ရဲ့"

အစ္မရဲ့စကားကို အသည္းယားလြန္းလို႔ Jennie သူ႔ပါးေတြကို ဆြဲညႇစ္လိုက္မိတယ္။ တကယ္ဆို သူမနဲ႔အစ္မဟာ ဒယ္ဒီ့ေၾကာင့္ ၅၀ရာခိုင္ႏွုန္းက အျပည့္အဝ ကံေကာင္းၿပီးသားျဖစ္ေနခဲ့တာပါပဲ။ ဒယ္ဒီသာ ဒီပတ္သတ္မွုကို ကန့္ကြက္ခဲ့ရင္ Jennie ျဖင့္ မေတြးရဲဘူး။

ဖုန္းကိုပဲၾကည့္ရင္း သတင္းတက္လာတာေစာင့္ေနတဲ့ သူမရဲ့အစ္မကိုၾကည့္ၿပီး Jennie အနည္းငယ္စိတ္ပူလာတယ္။ Jennie မေတြးထားခဲ့မိတဲ့ ပူပန္မွုတစ္ခု အစ္မမွာ သက္သက္ရွိေနတာကို အခုမွသေဘာေပါက္သြားတယ္။

"အစ္မ"

"ဟင္"

ဆတ္ခနဲတုန္သြားတဲ့အစ္မက သတိလြတ္ေနတဲ့လူတစ္ေယာက္လိုပဲ။

"အစ္မအေဖသိလို႔ အဆင္မေျပေသးရင္ ဒယ္ဒီ့ကိုရပ္ခိုင္းလိုက္မယ္ေလ"

"ဟိုေန႔တည္းက တစ္စတစ္စ တက္ေနတဲ့ ေကာလဟာလေတြေၾကာင့္ သူသိၿပီးၿပီ။ အစ္မ သူ႔ကိုေရွာင္ေနခဲ့တာ။ ထပ္မေျပာရေအာင္ Jane အစ္မ ႐ူးသြားလိမ့္မယ္"

ဆက္ေျပာရင္ အစ္မစိတ္ဆိုးသြားမယ္ဆိုတာေသခ်ာတာမို႔ Jennie ၿငိမ္ၿငိမ္ေလးပဲ ထိုင္ေနလိုက္တယ္။ သတင္းစာရွင္းလင္းပြဲၿပီးတာနဲ႔ သတင္းေတြတက္လာေတာ့မွာ။ Jennie ဘာေၾကာင့္ ေၾကာက္စိတ္ေတြကင္းေနသလဲေတာ့မသိပါ။ ဒယ္ဒီ့အားကိုးနဲ႔ မိုက္ေနတာလို႔ေျပာလို႔ရပါလိမ့္မယ္။

"တက္လာၿပီ !! သတင္းတက္လာၿပီ Jane"

"ဟုတ္လား။ တူတူၾကည့္မယ္"

ဖုန္းနားကို အတူငုံ႔ၾကည့္ရင္း အစ္မပါးကို Jennie ျဖတ္ခနဲနမ္းလိုက္ေသးတယ္။ သတင္းထဲမွာ ဒယ္ဒီ့ရဲ့ ေျဖရွင္းခ်က္ေတြပါတယ္။ သူမတို႔ႏွစ္ေယာက္ဘက္မွာ သူတစ္ေယာက္လုံးကာကြယ္ေပးေနမွာမို႔လို႔ ဘယ္သူမွမပုတ္ခတ္ဖို႔ သတိေပးထားတာလဲပါတယ္။ ၿပီးေတာ့ ဒယ္ဒီ့ရဲ့ တိုးခ်ဲ့ဦးမယ့္လုပ္ငန္းေတြအေၾကာင္းလဲ တစ္စြန္းတစ္စပါတယ္။ ဘယ္သူဘာေျပာေျပာ ဒယ္ဒီက သူ႔အလုပ္သူ ဆက္လုပ္ေနမွာဆိုတဲ့အေၾကာင္းေရာပါပဲ။ အစ္မနဲ႔သူမ သတင္းကို စိတ္ဝင္တစားဖတ္ေနရင္းပဲ ေနာက္ဆုံးစာေၾကာင္းအေရာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိတယ္။

ျပဳံးရိပ္သန္းလာတဲ့ မ်က္ႏွာႏွစ္ခုဟာ ေနာက္ဆုံးေတာ့ နဖူးခ်င္းဆိုင္လို႔ အားပါးတရရယ္ေမာပစ္လိုက္တာကို Uncle Jane ဟာ အခန္းတံခါးဝကေန မိန့္မိန့္ႀကီးျပဳံးၾကည့္လို႔ေနတယ္။ သူကိုယ္တိုင္ သတင္းရဲ့ေနာက္ဆုံးနားမွာ သူ႔စကားတစ္ခု ေသခ်ာေပါက္ထည့္ေပးဖို႔မွာလိုက္သည္ေလ။

Jane လုပ္ငန္းစုဆက္ခံသူရဲ့ အခ်စ္ေရးသတင္းက လုပ္ငန္းပိုင္းမွာေတာ့ အေတာ္ေလး ေပါက္ေရာက္တာေပါ့။ အထူးသျဖင့္ေတာ့ Uncle Jane ကိုယ္တိုင္ ဝင္ရွင္းေပးတာေၾကာင့္ပါ။ အထူးဆုံးကေတာ့ အန္ကယ့္ရဲ့ အမွာပါးထားတဲ့စကားျဖစ္သည္။

"က်ဳပ္သမီးနဲ႔သူ႔ရည္းစားေကာင္မေလးကို က်ဳပ္ေတာင္ မနိုင္လို႔ လႊတ္ထားတာမို႔ အကုန္လုံးလဲ ဝိုင္းၿပီးလႊတ္ေပးထားၾကပါ" ဟူ၍ပင္။

TBC......🧵
19 January 2021

Continue Reading

You'll Also Like

238K 23.2K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
Sinners By hAnn

Fanfiction

77.7K 8.6K 22
စကြာဝဠာရဲ့အဆုံးကို သူနဲ့အတူရှာဖွေပြီး တွေ့ရှိတဲ့အခါ အဲ့အနားသတ်မျဉ်းလေးမှာ ပန်းခင်းလေးတစ်ခုစိုက်ချင်တယ် 🌸
597K 38.9K 78
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
26.6K 3K 19
နာကျင်နေတဲ့နေကြာတွေပါ။ နေမင်းကြီးရှိရာမျက်နှာမမူဘဲ နှင်းဆီနီတွေကိုသာငေးမျှော်‌နေတဲ့ ခပ်ရူးရူးနေကြာတွေပါ။