ရင်ထဲက မှူး/ရင္ထဲက မႉး

By KYWAY7

147K 9.1K 61

မှူးကို လှည့်စားဖို့ မကြိုးစားနဲ့ မောင် နောင်တအကြီးကြီးရစေရမယ် မႉးကို လွည့္စားဖို႔ မႀကိဳးစားနဲ႕ ေမာင္ ေနာင္တအ... More

အပိုင်း( ၁ )
အပိုင်း( ၃ )
အပိုင်း( ၄ )
အပိုင်း( ၅ )
အပိုင်း( ၆ )
အပိုင်း( ၇ )
အပိုင်း( ၈ )
အပိုင်း( ၉ )
အပိုင်း( ၁၀ )
အပိုင်း( ၁၁ )
အပိုင်း( ၁၂ )
အပိုင်း( ၁၃ )
အပိုင်း( ၁၄ )
အပိုင်း( ၁၅ )
အပိုင်း( ၁၆ )
အပိုင်း( ၁၇ )
အပိုင်း( ၁၈ )
အပိုင်း( ၁၉ )
အပိုင်း( ၂၀ )
အပိုင်း( ၂၁ )
အပိုင်း( ၂၂ )
အပိုင်း( ၂၃ )
အပိုင်း( ၂၄ )
အပိုင်း( ၂၅ )
အပိုင်း( ၂၆ )
အပိုင်း( ၂၇ )
အပိုင်း( ၂၈ )
အပိုင်း( ၂၉ )
ep30
အပိုင်း( ၃၁) Final
Book order

အပိုင်း( ၂ )

5.6K 354 1
By KYWAY7

မိုးသည် ခပ်အုံ့အုံ့။ ရာသီဥတုမှာ စိုထိုင်းကာ နေရောင်မှာ အားဖျော့လှသည်။ မှူး ဖိုင်တွဲအနီပိုက်ပြီး ကားပေါ်မှ ဆင်းလာတော့ နေ့သစ်က ရုံးရှေ့တွင် ရပ်စောင့်နေသည်။ မှူးအနည်းငယ်အံ့သြသွား၏။ နေ့သစ်က မှူးကို ပြုံးပြီး ကြည့်နေသဖြင့် နေ့သစ်ဆီ လျှောက်သွားလိုက်သည်။

"မှူးကို စောင့်နေတာလားမောင်"

"ဟုတ်တယ်၊ မှူး မောင့်ဖုန်းမကိုင်လို့''

"တမင်မကိုင်တာမဟုတ်ပါဘူး၊ မှူး အလုပ်များနေလို့ပါ''

"မောင်သိပါတယ်၊ မောင်အခုပြင်ဦးလွင်သွားရမယ်၊ မောင့်သူငယ်ချင်း weddingအတွက် outdoorဓာတ်ပုံရိုက်ဖို့ မှူးကို လာပြောပြတာ''

"သွားလေမောင်ရဲ့၊ ကားလည်း ဂရုစိုက်မောင်းဦး''

မှူး အေးဆေးစွာပင် ပြန်ပြောသည်။ နေ့သစ်က မှူးဘယ်ဘက်လက်ကို ဆွဲယူပြီး ရွှေရောင်နာရီကို ပြုံးကြည့်သည်။

"မောင်ပေးတဲ့နာရီလေးကို ဝတ်ပေးလို့ အရမ်းပျော်တယ်၊ ကျေးဇူးပါမှူး"

မှူး ဘာမှမပြောဘဲ နေ့သစ်ကို ကြည့်နေမိသည်။ နေ့သစ်က သူ၏ဘယ်လက်၌ ကိုင်ထားသည့်ကော်ဖီဘူးကို မှူး လက်ထဲသို့ ထည့်ပေးလာ၏။

"မှူးအတွက် ကော်ဖီ မောင်ကိုယ်တိုင်ရှယ်ဖျော်ထားတာ''

"မှူးသောက်လာခဲ့ပြီးပြီ"

"သောက်ပြီးလည်း ထပ်သောက်လို့ရပါတယ်မှူးရဲ့၊ အထဲဝင်တော့လေ"

မှူး မဝင်သေးဘဲ ရုံးထဲသို့ လှမ်းကြည့်သည်။ တွေးဆကာ အားမနာစွာ စကားတစ်ခွန်းထုတ်ပြောလိုက်သည်။

"နောက်တစ်ခါ မှူးအလုပ်ကို မလာပါနဲ့၊ ဒီနေရာမှာ နားတွေမျက်စိတွေအများကြီးရှိတယ်၊ မှူး ဘယ်သူ့အပြောမှမခံနိုင်ဘူးမောင်''

နေ့သစ်က ရုံးပတ်ဝန်ကျင်အနီးအနားဆိုင်များရှိ လူအချို့၊ ဝန်ထမ်းအချို့ကို ကြည့်လိုက်ပြီး မျက်နှာညှိုးသွားသည်။

"မှူးက မောင်နဲ့ချစ်သူဖြစ်ရတာရှက်လို့လား၊ မောင်က ယောက်ျားအစစ်မဟုတ်လို့လား"

"မောင်က အခုချိန်ထိ မှူးစိတ်ကို နားမလည်သေးဘူးပဲ"

မှူး ကော်ဖီဘူးယူကာ ရုံးထဲဝင်လာတော့ ဝန်ထမ်းများမှာ တီးတိုးတီးတိုးလုပ်နေရာမှ ကိုယ့်နေရာကိုယ်ပြန်ထိုင်နေကြသည်။ မှူး မန်နေဂျာထိုင်နေရာ၌ ဝင်ထိုင်ပြီး ကော်ဖီဘူးကို ချကာ ဖိုင်တွဲကို စားပွဲပေါ်တင်လိုက်သည်။ မန်နေဂျာထိုင်နေရာနှင့် ရုံးစာရေးဝန်ထမ်းတွေနေရာမှာ သိပ်အဝေးကြီးမဟုတ်သည်မို့ သူတို့ မှူးကို ကြည့်ပြီး တီးတိုးတီးတိုးလုပ်နေကြောင်း မှူးသတိထားမိသည်။

ဒီကုမ္ပဏီက ဝန်ထမ်းတော်တော်များများမှာ မှူးကို မုန်းကြသည်။ နဂိုတည်းက အပြစ်မရှိအပြစ်ရှာပြီး မှူးကို အလုပ်ထွက်စေချင်နေကြသည်။ မှူးအလုပ်ထွက်မှ မှူးနေရာ သူတို့ရနိုင်မည်မဟုတ်လား။ မန်နေဂျာအထက်လူကြီးဆိုကာ ဖားမရ။ မြှောက်ပေါင်းလည်းမရ။ မှူးသည် ဘယ်ဝန်ထမ်းနှင့်မှ ဖော်ဖော်ရွှေရွှေမရှိဘဲ အလုပ်ကိုပဲ တိကျမှန်ကန်အောင်လုပ်နေပုံမှာ သူတို့အတွက် သိပ်မုန်းစရာကောင်းနေသည်။

အထူးသဖြင့် စုလေးနိုင််ဆိုသည့်မိန်းမမှာ ထိပ်ဆုံးဖြစ်သည်။ သက်တူရွယ်တူဖြစ်ပြီး မှူးက သူ့ထက်ရာထူးကြီး အရည်ချင်းရှိနေ၍ သူ့မှာ မှူးကို မနာလိုမုန်းထားဖြစ်ပြီး မှုးပြဿနာဖြစ်အောင် အမြဲချောက်တွန်းတတ်သည်။

မှူးအကြောင်း အတင်းပြောနေကြသောသူတို့ကို မှူး တစ်ချက်ကြည့်ပြီး အလုပ်ကိုသာ အာရုံစိုက်နေလိုက်သည်။

"ဒီမှာ...ရော့''

ဖိုင်တွဲတစ်ခုကို မှူးရှေ့အသံမြည်အောင်ချပေးပြီး စားပွဲခုံကို မှီကာ ဘေးစောင်းရပ်နေသည့်စုလေးနိုင်အပြုအမူကြောင့် မှူး စိတ်ထဲတင်းခနဲဖြစ်သွားသည်။ မှူး ဖိုင်တွဲကို တစ်ချက်ယူကြည့်လိုက်၏။

"သွားတော့၊ ငါ့စားပွဲရှေ့မှာ လာရပ်မနေနဲ့''

မှူးပြောလိုက်တော့ စုလေးနိုင်က ဟန်ပါပါလက်ပိုက်လေ၏။

"ဒီနာရီက ဓာတ်ပုံဆရာနေ့သစ်ပေးလိုက်တာမို့လား၊ လှတယ်နော်၊ ဈေးကြီးမှာပဲ၊ မထင်ရဘူးနော်၊ နင်က နေ့သစ်ဆီက ညှာစားနေတာပဲ"

ဘောပင်ကိုင်ထားသည့်မှူးလက်တွေမှာ လက်သီးဆုပ်သဏ္ဌန်ပြောင်းသွားကာ စုလေးနိုင််ကို မော့ကြည့်လိုက်သည်။

"နင် အခုစီးနေတဲ့ကားကရော အဲတစ်ယောက်အမ်းထားတာမလား''

"နင်နဲ့ဘာဆိုင်လဲ၊ သူများအကြောင်းစပ်စုမနေဘဲ အလုပ်သာသွားလုပ်စမ်းပါ၊ ငါ့ကို သွေးတိုးလာမစမ်းနဲ့''

စုလေးနိုင်က ဟက်ခနဲရယ်သည်။

"နင်က နေ့သစ်ကို တကယ်မချစ်ဘဲ ငွေမက်လို့ ယောက်ျားမဟုတ်တဲ့tom boyနဲ့ တွဲနေတာမို့လား၊ ဒီပုံစံအတိုင်းဆို နေ့သစ်က နင့်ကို ထားခဲ့မှာပဲ"

"မောင်က ငါ့ကို ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး''

"တေးယစ်မှူးရယ်၊ ငါနင်နဲ့ပြိုင်လောင်းလိုက်ချင်သေးတယ်၊ နေ့သစ်က နင့်လိုကျောက်ခဲနှလုံးသားကို အတည်တကျချစ်နိုင်မှာမဟုတ်ဘူး၊ သူအသစ်တွေ့ရင် နင့်ကို ထားခဲ့မှာ''

စုလေးနိုင်က ပြောပြီး မျက်နှာမဲ့ရွှဲ့ကာ ထွက်သွားတော့ မှူး စိတ်တိုသော်လည်း တည်ငြိမ်သောအမူအရာတုံ့ပြန်လိုက်သည်။ ပြီးတော့ မှူး ဖိုင်တွဲနှစ်ခုကို ယူပြီး သူဌေးရုံးခန်းသို့ ထွက်လာခဲ့သည်။ ရုံးခန်းတံခါးခေါက်၍ ခွင့်ပြုချက်ရသည်နှင့် မှူး တံခါးတွန်းဖွင့်ပြီး ဝင်လာတော့ သူဌေးက ဖုန်းပြောနေလေသည်။ မှူး ရုံးခန်းဝင်သွားကာ ဖိုင်တွဲနှစ်ခုကို လက်မှတ်ထိုးရန် စားပွဲပေါ်တွင် တင်ပေးလိုက်သည်။ ပြန်ထွက်လာရန် ပြင်စဥ် သူဌေးက ဖုန်းပြောပြီးသွား၏။

"သမီးတေးယစ်မှူး ဘဏ်ကို ခဏသွားလိုက် သိန်းငါးဆယ်လောက်ထုတ်လာ ဦးထွန်းလှဆောက်လုပ်ရေးကုမ္ပဏီကို ဒီနေ့ငွေချေဖို့ချိန်းထားတာ သမီးပဲကြည့်လုပ်လိုက်''

"ဟုတ်ကဲ့သူဌေး''

မှူး ရုံးခန်းထဲမှ ပြန်ထွက်လာ၏။ လိုအပ်တာတွေယူပြီး ဘဏ်သွားရန် ထွက်လာသည်။ ကားလမ်းပိတ်သည်မို့ မှူးမှာ ဘဏ်ကို အချိန်အတော်ကြာမှရောက်သွားလေသည်။ ဘဏ်မှပြန်တော့ ဆောက်လုပ်ရေးကုမ္ပဏီရှိ တာဝန်ရှိသူနှင့် ချိန်းထားသည့်စားသောက်ဆိုင်သို့ မှူးရောက်လာသည်။

နာရီအတော်ကြာ မှူးထိုင်စောင့်ပေမဲ့ ရောက်မလာသောကြောင့် မှူး သူဌေးကို ဖုန်းဆက်ပြောလိုက်သည်။ သူဌေးက ငွေတွေကို မှူးသိမ်းထားပြီး မနက်ဖြန်မှ ပေးလိုက်ဆိုသဖြင့် မှူးမှာ ငွေထုပ်ယူပြီး အိမ်ပြန်လာခဲ့ရသည်။ အိမ်ရောက်တော့ ငွေတွေကို ဗီရိုထဲထည့်သိမ်းကာ သော့ပိတ်လိုက်သည်။ ထိုစဥ် ဘဲလ်သံမြည်လာ၏။ ဘဲလ်မြည်သံကြောင့် မှူး အခန်းထဲမှ ထွက်ကာ တံခါးဖွင့်ပေးလိုက်တော့ ယမင်းဖြစ်နေသည်။ ယမင်းက မှူးကို မြင်တော့ မှူးပခုံးကို ရေကြီးသုတ်ပျာဆုပ်ကိုင်လာသဖြင့် ကြောင်သွားရသေးသည်။

"နင့်ကို အရေးတကြီးပြောစရာရှိတယ်မှူး၊ သေရေးရှင်ရေးထက် အရေးကြီး''

မှူး မျက်မှောင်ကြုတ်၍ ပခုံးပေါ်မှ ယမင်းလက်ကို ဖယ်ချပစ်လိုက်သည်။

"ပါးစပ်နဲ့ပြော လက်မပါနဲ့ ဘယ်သူဘာဖြစ်ပြန်ပြီလဲ၊ ငါ အလုပ်ပြန်သွားရဦးမယ်၊ အချိန်မရဘူး''

ယမင်းက မှူးကို တစ်ကိုယ်လုံးဖောက်ဝင်မတတ် စူးစိုက်ကြည့်လာပြန်သဖြင့် မှူးမျက်စောင်းလှမ်းထိုးကာ ခုံတွင် လာထိုင်လိုက်သည်။

"ဒီနေ့ ငါ ကိုထက်နဲ့အတူ ဗေဒင်သွားကြည့်တာ၊ နင့်အတွက်လည်း ကြည့်ခဲ့တယ်မှူးရဲ့"

ယမင်းက ပြောရင်း မှူးဘေး၌ ဆတ်ခနဲဝင်ထိုင်ပြီး မှူးမှေးဖျားကို ဆွဲမော့လေတော့ မှူးလန့်သွားရသည်။

"နင် လက်မပါလို့ မရဘူးလားယမင်းဖြူ၊ ငါ့အသားကိုမထိနဲ့ မကြိုက်ဘူးလို့၊ အသားချင်းထိတာ မကြိုက်ဘူးလို့ နင့်ကို ပြောပေါင်းများနေပြီ''

ယမင်းက မှူးမျက်နှာကို ထပ်စူးစမ်းကြည့်ပြန်သည်။

"ငါ နင့်ကို ချောတယ်လှတယ် ကျောင်းတုန်းက major queenလေးဆိုပြီး သဘောတွေကျခဲ့တာ၊ အခုတော့ နင်က ဒီအရမ်းချောတဲ့မျက်နှာနဲ့ တစ်ခြားသူရဲ့ဘဝကို ဖျက်ဆီးပစ်မယ်ပေါ့လေ"

ယမင်းသည် အဆက်အစပ်မရှိသော တောင်စဥ်ရေမရစကားများ လျှောက်ပြောနေသဖြင့် မှူး ယမင်းလက်ကို ဖယ်ချပစ်လိုက်သည်။

"ဘာတွေပြောနေတာလဲအရူးမရဲ့"

ယမင်းက မျက်မှောင်ကြုတ်ပြီး စူပုပ်သွားပြန်လေ၏။

"နင့်ရဲ့ဇာတာမှာ သူများအိမ်ထောင်ရေးနှောက်ယှက်ဖျက်ဆီးမဲ့လက္ခဏာက တိတိကျကျကြီးပေါ်နေတာတဲ့၊ နင် ငါနဲ့ကိုထက်ကို ခွဲပစ်ဖို့ တွေးနေတာလား"

မှူး ယမင်းကို စိတ်ကုန်စွာ ကြည့်လိုက်သည်။

"အဓိပ္ပါယ်မရှိလိုက်တာ၊ ငါ့မှာ မောင်တစ်ယောက်လုံးရှိရက်နဲ့ သူများအိမ်ထောင်ရေးကို နှောက်ယှက်ရလောက်အောင်ထိ ငါလင်မလိုသေးပါဘူးဟယ်၊ နင့်ဗေဒင်က အမှားကြီး''

"အဲဒီဆရာက ဗေဒင်ဟောတာ တစ်ခါမှမမှားဖူးဘူး၊ သူဟောရင် အမှန်တကယ်ဖြစ်တယ်၊ ရုံးပိတ်ရက်ကျရင် ဘုရားမှာယတြာသွားချေရအောင်မှူးရယ်နော် နော်လို့''

ထိုစဥ် အိတ်ထဲမှ ဖုန်းမြည်လာသဖြင့် မှူးဖွင့်ကြည့်ကာ မျက်နှာတင်းမာသွားသည်။

"ဘယ်သူလဲ၊ ဘာလို့မကိုင်တာလဲ''

ယမင်းက မှူးလက်ထဲမှ ဖုန်းကို အတင်းဆွဲလုလိုက်လေ၏။

"ဦးမင်းသော် ဟင် ဦးမင်းသော်က နင့်ဒယ်ဒီမို့လား၊ မှူးရယ် ကိုယ့်အဖေကို ဒီလိုမှတ်ထားရလား"

မှူး ဖုန်းကို ယမင်းလက်ထဲမှ ပြန်ဆွဲယူလိုက်ပြီး အိတ်ထဲပြန်ထည့်တော့ ယမင်းက သက်ပြင်းချသည်။

"နင် အန်ကယ့်ကို အခုချိန်ထိ မုန်းနေတုန်းလားမှူး၊ စိတ်မပြေသေးဘူးလား''

"နင်က ကိုယ်တိုင်မကြုံဖူးတော့ ဘယ်ခံစားတတ်ပါ့မလဲ၊ ငါကလေ ဖောက်ပြန်တာ သစ္စာဖောက်တာကို အရွံမုန်းဆုံးပဲ၊ ကိုယ်ကျင့်တရားမကောင်းတဲ့လူကို ဘာလို့ အဖေတော်ရမှာလဲ၊ ငါအလုပ်ပြန်သွားရဦးမယ်''

ယမင်းက ဒေါသကြီးနေသည့် မှူးကိုအံ့အားသင့်စွာ ငေးကြည့်နေတော့ မှူးထရပ်လိုက်သည်။ ယမင်းကို အတင်းနှင်လွတ်၍ မှူးလည်း ရုံးပြန်သွားရန် တိုက်ခန်းမှ အတူထွက်လာသည်။

~

ခြံထဲ၌ ပွင့်နေသည့် စံပါယ်ပန်းလေးတွေကောက်ပြီး ဘုရားတင်ရန် သွင်ရိပ် ပန်းသီနေမိသည်။ ပန်းသီပြီး စံပါယ်ပန်းကုံးကို ရေဖြန်းကာ အပေါ်ထပ်ဘုရားဆောင်သို့ တက်လာခဲ့သည်။ ဘုရားပန်းနှင့်သောက်တော်ရေကပ်ပြီးသော် သွင်ရိပ် ဘုရားဆောင်ထဲမှ ထွက်လာတော့ မေမေက အခန်းထဲမှ ထွက်လာသည်နှင့်တိုးလေသည်။ သွင်ရိပ်ကို မြင်တော့ မေမေ့မျက်နှာခက်ထန်သွားလေ၏။

"ညည်းလာဦး''

မေမေက သူ့အခန်းထဲဝင်သွားတော့ သွင်ရိပ် နောက်မှ လိုက်ဝင်သွားသည်။ မေမေက မီးခံသေတ္တာဖွင့်ပြီး တစ်ခုခုရှာနေသည်မို့ သွင်ရိပ် ရပ်​စောင့်ရင်း အခန်းကို လိုက်ကြည့်မိသည်။ သွင်ရိပ် ဤအိမ်ရောက်စဥ်တည်းက မေမေ့အခန်းထဲသို့ ပထမဦးဆုံးရောက်ဖူးခြင်းဖြစ်လေ၏။ ထိုစဥ် မေမေက သွင်ရိပ်မျက်နှာတည့်တည့်သို့ တစ်ခုခုပစ်လိုက်သဖြင့် သွင်ရိပ်မျက်နှာနာသွားပြီး မေမေ့ကို တအံ့တသြမော့ကြည့်မိသည်။

"ဒီပိုက်ဆံယူပြီး ငါ့အိမ်က ထွက်သွား''

"ဟင်''

ကြမ်းပြင်၌ ကျနေသည့်ပိုက်ဆံထုပ်တွေကို ကြည့်လိုက် မေမေ့ကို ကြည့်လိုက်ဖြင့် သွင်ရိပ်ငေးကြောင်နေမိသည်။

"ညည်းကို မြင်ရတာ ငါ့အတွက်ငရဲပဲ၊ ငါ့ရဲ့အတိတ်ဆိုးကို အမြဲတမ်းသတိရစေတယ်၊ ဟိုနေ့က မိခင်မေ ငါ့ကိုပြောသွားတာ ကြားတယ်မဟုတ်လား၊ ညည်းက ငါ့ကို အရှက်ရစေတယ်၊ ဖြစ်နိုင်ရင် ငါနဲ့အဝေးဆုံးထွက်သွား ငါ့ပတ်ဝန်းကျင်ငါ့အရိပ်မှာ မနေနဲ့သွင်ရိပ်ချို ထွက်သွားစမ်းပါအေ"

မေမေ့ပါးစပ်မှ ပြောသည့်စကားလုံးတိုင်းမှာ သွင်ရိပ်ကို ခံရခက်စေသည်။

"ညည်း ငါ့ကိုအမေလို့သတ်မှတ်တယ်ဆိုရင် ဒီအိမ်မှာ မနေနဲ့ ညည်းကိုမြင်ရင် ငါစိတ်ဆင်းရဲတယ်''

"မေမေရယ် သွင်ရိပ်မှာ သွားစရာနေရာမရှိလို့ပါ၊ သွင်ရိပ်တောင်းပန်ပါတယ်၊ သွင်ရိပ်ကို မနှင်ပါနဲ့နော်''

သွင်ရိပ် မေမေ့ရှေ့ ဒူးထောက်ကာ ငိုယိုတောင်းပန်မိသည်။

"သူစိမ်းတစ်ယောက်လိုနေပါ့မယ်၊ မေမေနဲ့မပတ်သက်သလိုမျိုး သွင်ရိပ်ကို မေမေ့ရဲ့အရိပ်အောက်မှာ ခိုလှုံခွင့်ပေးပါနော်"

"သွင်ရိပ်ချို ညည်းတော်တော်ခေါင်းမာပါလား၊ ညည်းမသွားရင် ငါကသွားအောင် လုပ်ရမှာပေါ့"

"သွင်ရိပ်တောင်းပန်ပါတယ်မေမေရယ်၊ သွင်ရိပ်ကို မေမေ့အရိပ်ခိုခွင့်လေးပဲပေးပါတော့၊ သွင်ရိပ်မှာ အားကိုးရာ မေမေပဲရှိတာပါ"

"ငါ့ကိုအမေလို့မခေါ်နဲ့၊ ညည်းကို သမီးလို့မသတ်မှတ်ဘူး၊ ငါ့အခန်းထဲက ထွက်သွား"

သွင်ရိပ် ဒူးထောက်နေရာမှ အားတင်းထရပ်ရင်း အခန်းထဲမှ ပြေးထွက်လာသည်။ ပြေးလာသည့်လမ်း၌ သွင်ရိပ်မျက်ရည်တွေ စီးကျကျန်နေ၏။ အောက်ထပ်မှ သွင်ရိပ်နေသည့်အခန်းကျဉ်းလေးထဲကို မရပ်မနားပြေးသွားရင်း အခန်းထဲရောက်မှ အားပါးတရငိုမိသည်။

"ဖေဖေပြောတော့ မေမေက သွင်ရိပ်ကိုချစ်တယ်ဆို ဖေဖေမရှိရင် မေမေနဲ့အတူသွားနေဆို အခုမေမေက သွင်ရိပ်ကို မလိုဘူးဆိုတော့ သွင်ရိပ်က ဘယ်သူ့ကို အားကိုးရမှာလဲ"

~

" 1 2 3''

"ချလတ်''

"OK ခဏနားရအောင်"

သတို့သားနှင့်သတို့သမီး အဝတ်အစားသွားလဲနေစဥ် ရိုက်ထားသည့်ဓာတ်ပုံများကို ပြန်စစ်ရင်း နေ့သစ် ပန်းခြံထဲ၌ ထိုင်နေသည်။

"ဒီပုံလေးမဆိုးဘူးပဲ၊ ပုံကြီးရွေးလိုက်ရင် ကောင်းမလား''

ဖုန်းဝင်လာသဖြင့် နေ့သစ် ကင်မရာကို ဘေးခုံတွင် ချထားလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းယူကိုင်လိုက်သည်။

"helloကိုထက်''

"နေ့သစ် မင်းဘယ်မှာလဲ၊ ငါ ဒီနေ့သင်္ဘောပြန်တက်မှာလေကွာ၊ မင်းလိုက်မပို့ဘူးလား"

"ဟုတ်လားသားကြီး၊ ငါမသိလိုက်ဘူး၊ ငါ pre weddingဓာတ်ပုံရိုက်ဖို့ ပြင်ဦးလွင်ရောက်နေတာ''

"သေရောကွာ၊ ငါမင်းကို မှာစရာရှိတာကို ဖုန်းထဲကပဲ ပြောလိုက်တော့မယ်၊ ငါ့ညီမလေးသွင်ရိပ်ကို မင်းကြည့်ရှုစောင့်ရှောက်ပေးပါကွာ၊ အဲဒီအိမ်ကလူတွေ သွင်ရိပ်ကို အနိုင်ကျင့်မှာ ငါစိတ်ပူတယ်''

"ငါ သွင်ရိပ်ကို အနိုင်ကျင့်မှာရောစိတ်မပူဘူးလား''

"မပူပါဘူးကွာ၊ မင်းတို့က မိန်းကလေးချင်းပဲ၊ ပြီးတော့ မင်းမှာ မှူးရှိတာပဲ၊ မင်း မှူးကို အရမ်းချစ်တာသိနေတာပဲ"

နေ့သစ်ဟက်ဟက်ပက်ပက်အော်ရယ်လိုက်သည်။

"ငါ့ကို မိန်းကလေးလို့ မင်းပြောရဲတယ်ပေါ့၊ အနားမှာမရှိလို့ မင်းကံကောင်းတယ်မှတ် စိတ်ချပါ၊ သွင်ရိပ်ကို ငါ့ညီမအရင်းလို ငါစောင့်ရှောက်ပေးမယ်''

"ကျေးဇူးပါပဲနေ့သစ်ရာ''

"ရပါတယ်ကွာ၊ မင်းက ဒီတစ်ခေါက်သင်္ဘောပြန်တက်တာမြန်တယ်နော်၊ ဘယ်လောက်ကြာမှာလဲ"

"တစ်နှစ်လောက်ပေါ့၊ နေ့သစ် ဒါပဲကွာ၊ ငါကိစ္စပေါ်လာလို့ နှုတ်ဆက်တယ်သူငယ်ချင်း''

ထက်နောင် ဖုန်းချသွားတော့ ကင်မရာယူကာ ဓာတ်ပုံရိုက်ရန် ရိုက်ကွင်းသို့ လျှောက်လာသည်။ ထက်နောင်အကူအညီမတောင်းလျှင်တောင် သွင်ရိပ်ကို စောင့်ရှောက်ပေးရန်မှာ ကျွန်တော်တွေးထားပြီးကိစ္စဖြစ်သည်။

~

ရုံးသွားရန် အားလုံးပြင်ဆင်ပြီးတော့ မှူး ပိုက်ဆံယူရန် ဗီရိုကို သော့ဖွင့်လိုက်စဥ် တံခါးမှာ ပွင့်ပြီးသားဖြစ်နေ၍ မှူး ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ဗီရိုဆွဲဖွင့်ကာ ပိုက်ဆံထုပ်ရှာတော့ ဟာလာဟင်းလင်းဖြစ်နေသည်။ မှူး တုန်လှုပ်သွားမိရင်း အခန်းထဲမှ ကပျာကယာပြေးထွက်လာတော့ မာမီက ဧည့်ခန်းရှိ ခုံတွင် စီးကရက်ဖွာရင်း ခြေချိတ်ထိုင်နေလေသည်။

"မာမီ၊ ဗီရိုထဲက ပိုက်ဆံတွေ ဘယ်မှာလဲ''

မာမီက မှူးကို တစ်ချက်လှည့်မကြည့်ဘဲ စီးကရက်တိုကို ဖွာရှိုက်မပျက်ပေ။

"ဖဲရှုံးသွားပြီ"

မှူး နှုတ်ခမ်းပွင့်ဟသွားရကာ မာမီ့အရှေ့ကို လျှောက်လာလိုက်သည်။

''ဖဲရှုံးသွားပြီဟုတ်လား၊ ဘာလို့ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကိုလုပ်နေတာလဲ၊ အဲဒီလောင်းကစားက ဘာများအကျိုးပေးလို့ ဒီလောက်တမ်းတမ်းစွဲဖြစ်နေတာလဲ၊ လောင်းကစားကြောင့် မှူးရဲ့မောင်လေးသေခဲ့ရတယ်မဟုတ်လား''

မှူး အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း မာမီ့ကို စိတ်ကုန်စွာ ကြည့်နေမိသည်။

"မာမီလည်း ရှုံးမယ်မထင်လို့ပါ"

မှူး စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်သည်။

"ဘယ်လောက်ကျန်သေးလဲ''

"ကုန်ပြီ၊ မရှိတော့ဘူး''

မှူး ခေါင်းထဲရိပ်ခနဲဖြစ်သွားကာ အသားတွေလည်း တုန်ချင်လာသည်။ ဒေါသလည်း ငေါက်ခနဲ ထွက်လာ၏။

"အဲဒီပိုက်ဆံတွေက မှူးဟာမဟုတ်ဘူး၊ သူဌေးရဲ့ပိုက်ဆံတွေ မာမီလုပ်ရက်လိုက်တာ၊ သိန်းငါးဆယ်လုံး တစ်ခါတည်းဖြုန်းလိုက်တယ်ပေါ့၊ မာမီ ကိုယ့်ဟာကိုယ် အရင်လိုထင်နေလား''

"ငါ့ကိုမအော်နဲ့မိမှူး၊ ငါညည်းအမေ ပိုက်ဆံရှာပြီးလုပ်ကျွေးနေရတယ်ဆိုပြီး ငါ့ကိုအော်စရာမလိုဘူး၊ ညည်းမြေမြိုမယ်"

"အမေဆိုပြီး လုပ်ချင်တာလုပ်လို့ရလား၊ မှူးကို မွေးပေးလိုက်ရုံနဲ့ မိခင်တာဝန်ကျေပြီထင်နေလား၊ မာမီက မှူးကို အမြဲတမ်းစိတ်ဒုက္ခပေးနေတာ၊ အဲဒီပိုက်ဆံတွေ သူဌေးကို ပြန်မပေးနိုင်ရင် မှူးကို ဘယ်လိုထင်ကြမလဲ၊ မှူးက လူလိမ်မ,မဖြစ်သွားဘူးလား၊ မှူးရဲ့သိက္ခာတွေ မှူးရဲ့မာနတွေ ဟိုးမြောင်းထဲရောက်သွားတော့မှာ"

"မာမီပြန်ရှာပေးမယ်ဟုတ်ပြီလား၊ မှူး လူလိမ်မ,မဖြစ်စေရဘူး''

"ဘယ်လိုရှာမှာလဲ၊ လောင်းကစားထပ်လုပ်ပြီးတော့လား၊ တော်ပါတော့မာမီရယ်"

မှူး စိတ်ပျက်စွာ တိုက်ခန်းထဲမှ ထွက်လာသည်။ စိတ်ညစ်ညစ်နှင့် ကားတစ်စီးဖြင့် ဦးတည်ရာလျှောက်မောင်းနေမိသည်။ ဆောက်လုပ်ရေးကုမ္ပဏီကို ငွေပေးချေရန် ချိန်းထားသည်မို့ မှူးမကြံတတ်တော့ပေ။ ယခုမှူးလက်ထဲ၌ သိန်းငါးဆယ်မပြောနှင့်။ ငါးသိန်းတောင် ရှိမနေပေ။

မှူး၌ နဂိုတည်းက သွေးတိုးအခံရှိသည်မို့ တစ်ခုခုဆိုရင် ရောဂါကြောင့် ကိုယ့်ကိုယ်ကိုယ်တော်တော်စိတ်ထိန်းထားရသည်။ စိတ်လေလွင့်စွာ မောင်းနေမိသည့်ကားကို လမ်းဘေးထိုးရပ်လိုက်ရင်း မှူး ကားပေါ်တွင် ထိုင်စဉ်းစားနေမိသည်။

လက်ကိုင်ဖုန်းကို ဆုပ်ကိုင်ရင်း မှူးမည်သို့ဆက်လုပ်ရမည်မသိတော့ပေ။ မှူး ဘယ်သူ့ဆီကမှလည်း အကူအညီမယူချင်ပေ။ ဖုန်းဝင်လာသဖြင့် contactတွင် မှတ်ထားသည့်နာမည်ကို ကြည့်မိသည်။ အလုပ်ရှင်သူဌေးဖုန်းဆက်နေ၍ မှူးစိတ်တင်းရင်း ဖုန်းကိုင်လိုက်သည်။

"ဟယ်လိုသူဌေး"

"တေးယစ်မှူး သမီးဘယ်မှာလဲ၊ ငွေယူမဲ့သူတွေ ချိန်းထားတဲ့ဆိုင်ရောက်နေပြီလို့ ပြောတယ်''

"မှူးတောင်းပန်ပါတယ်သူဌေး၊ ဒီပိုက်ဆံတွေ မှူး ကိုယ်ရေးကိုယ်တာအတွက် သုံးလိုက်မိတယ်၊ ဒါပေမဲ့ သူဌေးစိတ်မပူပါနဲ့၊ မှူးမနက်ဖြန် မရရအောင် ပြန်ရှာပေးပါ့မယ်''

"သမီးဘယ်လိုဖြစ်တာလဲ၊ တေးယစ်မှူးက အရင်ကကိုယ်ရေးကိုယ်တာအတွက် အလုပ်က ငွေတွေယူသုံးတဲ့သူမဟုတ်ပါဘူး"

မှူး ဘာမှပြန်မပြောနိုင်ဘဲ အသံတိတ်နေမိသည်။ မာမီ့ကြောင့် မှူးနာမည်ပျက်ရသည်မှာ ဤတစ်ကြိမ်တည်းမကတော့။

"ကောင်းပြီလေ၊ မနက်ဖြန်ပိုက်ဆံဖြစ်အောင်ယူလာပါ''

မှူးဖုန်းချပြီးတော့မှ သက်ပြင်းဟင်းခနဲနိုင်သည်။ တစ်ရက်တည်းနှင့် ဒီလောက်အများကြီးကို ရှာရခက်၏။ မှူး လက်သည်းနှစ်ဖက်ကို ကုပ်ခြစ်နေရင်း အတန်အကြာစဉ်းစားပြီးချိန်တွင် ကားကို ပြန်ကွေ့ပြီး တစ်နေရာသို့ ဦးတည်မောင်းလိုက်သည်။

~

ခြံထဲ၌ စိုက်ထားသည့်ပန်းပင်များ ရေလောင်းရင်း သွင်ရိပ် ဟိုတွေးဒီတွေးဖြင့် စိတ်မပျော်မရွှင်ဖြစ်​နေသည်။ အမေအရင်းကတောင် မချစ်သည့် ဘဝကြီးမှာ နေပျော်စရာမရှိတော့ပေ။ ကားဟွန်းတီးသံကြားရသဖြင့် သွင်ရိပ်လန့်သွားကာ ရေပိုက်ကို ချရင်း ခြံတံခါးဆီသို့ အမြန်ပြေးရတော့သည်။ ခြံတံခါးဖွင့်ပေးလိုက်တော့ ကားမှာ ခြံထဲမောင်းဝင်သွားသဖြင့် သွင်ရိပ်ခြံတံခါးပြန်ပိတ်ရင်း ထိုကားကို ကြည့်မိသည်။ ကားပေါ်မှ ဆင်းလာသည့်ကားပိုင်ရှင်ကိုမြင်မှ သွင်ရိပ်အံ့သြသွားသည်။

"ဟိုတစ်နေ့က ဘွားဘွားဆီလာတဲ့ဟိုအစ်ကိုပါလား"

သွင်ရိပ် ရပ်နေစဥ် သူက လက်ယပ်ခေါ်နေသည်မို့ အူကြောင်ကြောင် အနားကိုအမြန်ပြေးသွားမိသည်။ အနားရောက်တော့ သူက ပြုံး၍ သွင်ရိပ်လက်ထဲကို စက္ကူအိတ်တသီကြီးထည့်ပေးသည်။

"မင်းကို လက်ဆောင်ပေးတာ"

"ရှင်''

သွင်ရိပ် အူကြောင်ကြောင်ဖြစ်နေတော့ သူက သွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ပြုံးကာ သွင်ရိပ်ကို ခြံထဲရှိ ခုံရှည်သို့ ဆွဲခေါ်လာလေသည်။ သူက ထိုင်ရန်ညွန်ပြနေတော့ သွင်ရိပ် အားနာနာနှင့် သူ့ဘေးတွင် မရဲတရဲထိုင်လိုက်သည်။

"ကိုယ့်နာမည်က နေ့သစ်ဇော်၊ မင်းရဲ့ကိုကြီးထက်နောင်ရဲ့သူငယ်ချင်းဆိုပါတော့"

"ဟုတ်၊ သွင်ရိပ်သိပါတယ်ရှင့်''

"ရဲရဲတင်းတင်းပြောပါကွ၊ ကိုယ်က ဒီအိမ်ကလူတွေလိုမဟုတ်ဘူး၊ အရမ်းစိတ်ကောင်းရှိတယ်''

သွင်ရိပ် ခစ်ခနဲပြုံးလိုက်မိသည်။

"ဒါတွေသွင်ရိပ်ကို ဘာလို့ပေးတာလဲဟင်''

"မင်းကိုလှလှပပလေးဝတ်စေချင်လို့ပေါ့ကွာ၊ ကိုယ့်မှာ ညီမမရှိဘူးလေ၊ မင်းကို ကိုယ့်ညီမလေးလို ခံစားရလို့"

သွင်ရိပ်သွားဖြီးရယ်လိုက်သည်။

"ဘယ်လိုခေါ်ရမလဲမသိတော့ဘူး၊ ကိုကို အဲ ကိုကိုလို့ခေါ်လို့ရမလား၊ ဒါမှမဟုတ် အစ်မ''

နေ့သစ်က နှာခေါင်းအနည်းငယ်ရှုံ့သွားလေသည်။

"ကိုကိုလို့ခေါ်တာကောင်းပါတယ်၊အစ်မတော့မလုပ်ပါနဲ့ နားယားတယ်ဗျ''

သွင်ရိပ် ပါးစပ်ကို လက်နှင့် အုပ်ကာ တခစ်ခစ်ရယ်တော့ သူက သွင်ရိပ်ခေါင်းကို လက်သီးနှင့် ဖွဖွထုလေသည်။

"ဒီလက်ဆောင်တွေ သွင်ရိပ်ကို ပေးမယ့်အစား ရည်းစားကို ပေးပါလား၊ သွင်ရိပ်က ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်လို့မှမရတာ၊ ဒါတွေဝတ်လည်း ဘာမှမထူးဘူး ပြီးတော့ မေမေနဲ့မမကြိုက်မှာမဟုတ်ဘူး''

"သွင်ရိပ်မယူရင် အဲဒါတွေကိုလွင့်ပစ်မှပဲရမယ်၊ ကိုယ့်ချစ်သူက လက်ဆောင်ပေးတာမကြိုက်ဘူး၊ သူက မာနကြီးတယ်"

"အတင်းပေးရင်ယူမှာပေါ့"

"မယူတဲ့အပြင်စိတ်ဆိုးလိမ့်မယ်၊ သူစိတ်ဆိုးရင် အရမ်းချော့ရခက်တာ၊ လက်ဆောင်ပေးပြီးချော့လို့လည်းမရ supriseလုပ်ပေးလို့မရ တောင်းပန်လို့မရနဲ့ အရမ်းအရမ်းခက်တာ''

သွင်ရိပ် ခေါင်းတညိတ်ညိတ်နားထောင်နေမိသည်။

"သူကလှလားဟင်''

"မျက်လုံး မျက်ခုံး နှာခေါင်းနှုတ်ခမ်း အားလုံးလှတယ်၊ ဆံပင်က အရှည်ကြီး ပြီးတော့ ဘယ်ဘက်ပါးမှာ ပါးချိုင့်လေးနဲ့ သူပြုံးလိုက်ရင် ကိုကို့စိတ်ဝိညာဉ်တွေလွင့်သွားတယ်၊ ဒါပေမဲ့ သူကတော်ရုံတန်ရုံမပြုံးမရယ်တတ်ဘူး၊ အမြဲတမ်းရုပ်တည်ကြီးနဲ့"

နေ့သစ်က ကြည်နူးစွာပြောပြရင်း သွင်ရိပ်ကို လှည့်ကြည့်တော့ သွင်ရိပ်က ပြုံးကြည့်နေသည်နှင့် တိုးသွားလေသည်။

"ကိုကိုသိလား၊ ကိုကို့ချစ်သူအကြောင်းပြောတော့ ကိုကို့မျက်နှာကလေ လမင်းကြီးလိုပဲ၊ ဝင်းပကျေနပ်နေလိုက်တာ၊ ကိုကို့ချစ်သူကို သွင်ရိပ်မြင်ဖူးချင်လာပြီ၊ သွင်ရိပ်ကို ဓာတ်ပုံပြပါလားဟင်''

နေ့သစ်က ခေါင်းခါကာ ဖုန်းကို လက်နနောက်ပစ်ဝှက်လိုက်သည်။

"ပြပါဘူး"

"ပြပါ၊ သွင်ရိပ်မြင်ဖူးချင်လို့''

"မပြဘူးပဲ"

"ကပ်စေးနှဲကြီး''

သွင်ရိပ်ပြောပြီး နှုတ်ခမ်းစူကာ ထလာတော့ နေ့သစ်က လှမ်းခေါ်သည်။

"ဟေ့ကောင်မလေး ဒီမှာလက်ဆောင်ထုပ်တွေယူသွားဦးလေ"

သွင်ရိပ် အိမ်ထဲဝင်ရန် ပြင်ပြီးမှ စားပွဲဝိုင်းပေါ်မှ စက္ကူအိတ်များ ပြန်လာယူလိုက်သည်။

"ကျေးဇူးပါကိုကို၊ တကယ်တော့ သွင်ရိပ်မှာ​လည်း အဝတ်အစားသိပ်မရှိဘူး၊ တကယ်ကျေးဇူးတင်တယ်''

"ဟုတ်ပါပြီ၊ နောက်လိုအပ်တာတွေရှိရင် ကိုကို့ကိုပြော ဘာမှအားမနာနဲ့ ဟုတ်ပြီလား"

နေ့သစ်က သွင်ရိပ်ခေါင်းကို ဖွဖွပုတ်တော့ သွင်ရိပ်ပြုံးနေမိသည်။

====

ဆက်ရန်။
#ကြွေ

မိုးသည္ ခပ္အုံ႕အုံ႕။ ရာသီဥတုမွာ စိုထိုင္းကာ ေနေရာင္မွာ အားေဖ်ာ့လွသည္။ မႉး ဖိုင္တြဲအနီပိုက္ၿပီး ကားေပၚမွ ဆင္းလာေတာ့ ေန႕သစ္က ႐ုံးေရွ႕တြင္ ရပ္ေစာင့္ေနသည္။ မႉးအနည္းငယ္အံ့ၾသသြား၏။ ေန႕သစ္က မႉးကို ၿပဳံးၿပီး ၾကည့္ေနသျဖင့္ ေန႕သစ္ဆီ ေလွ်ာက္သြားလိုက္သည္။

"မႉးကို ေစာင့္ေနတာလားေမာင္"

"ဟုတ္တယ္၊ မႉး ေမာင့္ဖုန္းမကိုင္လို႔''

"တမင္မကိုင္တာမဟုတ္ပါဘူး၊ မႉး အလုပ္မ်ားေနလို႔ပါ''

"ေမာင္သိပါတယ္၊ ေမာင္အခုျပင္ဦးလြင္သြားရမယ္၊ ေမာင့္သူငယ္ခ်င္း weddingအတြက္ outdoorဓာတ္ပုံရိုက္ဖို႔ မႉးကို လာေျပာျပတာ''

"သြားေလေမာင္ရဲ႕၊ ကားလည္း ဂ႐ုစိုက္ေမာင္းဦး''

မႉး ေအးေဆးစြာပင္ ျပန္ေျပာသည္။ ေန႕သစ္က မႉးဘယ္ဘက္လက္ကို ဆြဲယူၿပီး ေ႐ႊေရာင္နာရီကို ၿပဳံးၾကည့္သည္။

"ေမာင္ေပးတဲ့နာရီေလးကို ဝတ္ေပးလို႔ အရမ္းေပ်ာ္တယ္၊ ေက်းဇူးပါမႉး"

မႉး ဘာမွမေျပာဘဲ ေန႕သစ္ကို ၾကည့္ေနမိသည္။ ေန႕သစ္က သူ၏ဘယ္လက္၌ ကိုင္ထားသည့္ေကာ္ဖီဘူးကို မႉး လက္ထဲသို႔ ထည့္ေပးလာ၏။

"မႉးအတြက္ ေကာ္ဖီ ေမာင္ကိုယ္တိုင္ရွယ္ေဖ်ာ္ထားတာ''

"မႉးေသာက္လာခဲ့ၿပီးၿပီ"

"ေသာက္ၿပီးလည္း ထပ္ေသာက္လို႔ရပါတယ္မႉးရဲ႕၊ အထဲဝင္ေတာ့ေလ"

မႉး မဝင္ေသးဘဲ ႐ုံးထဲသို႔ လွမ္းၾကည့္သည္။ ေတြးဆကာ အားမနာစြာ စကားတစ္ခြန္းထုတ္ေျပာလိုက္သည္။

"ေနာက္တစ္ခါ မႉးအလုပ္ကို မလာပါနဲ႕၊ ဒီေနရာမွာ နားေတြမ်က္စိေတြအမ်ားႀကီးရွိတယ္၊ မႉး ဘယ္သူ႕အေျပာမွမခံနိုင္ဘူးေမာင္''

ေန႕သစ္က ႐ုံးပတ္ဝန္က်င္အနီးအနားဆိုင္မ်ားရွိ လူအခ်ိဳ႕၊ ဝန္ထမ္းအခ်ိဳ႕ကို ၾကည့္လိုက္ၿပီး မ်က္ႏွာညွိုးသြားသည္။

"မႉးက ေမာင္နဲ႕ခ်စ္သူျဖစ္ရတာရွက္လို႔လား၊ ေမာင္က ေယာက္်ားအစစ္မဟုတ္လို႔လား"

"ေမာင္က အခုခ်ိန္ထိ မႉးစိတ္ကို နားမလည္ေသးဘူးပဲ"

မႉး ေကာ္ဖီဘူးယူကာ ႐ုံးထဲဝင္လာေတာ့ ဝန္ထမ္းမ်ားမွာ တီးတိုးတီးတိုးလုပ္ေနရာမွ ကိုယ့္ေနရာကိုယ္ျပန္ထိုင္ေနၾကသည္။ မႉး မန္ေနဂ်ာထိုင္ေနရာ၌ ဝင္ထိုင္ၿပီး ေကာ္ဖီဘူးကို ခ်ကာ ဖိုင္တြဲကို စားပြဲေပၚတင္လိုက္သည္။ မန္ေနဂ်ာထိုင္ေနရာႏွင့္ ႐ုံးစာေရးဝန္ထမ္းေတြေနရာမွာ သိပ္အေဝးႀကီးမဟုတ္သည္မို႔ သူတို႔ မႉးကို ၾကည့္ၿပီး တီးတိုးတီးတိုးလုပ္ေနေၾကာင္း မႉးသတိထားမိသည္။

ဒီကုမၸဏီက ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားမွာ မႉးကို မုန္းၾကသည္။ နဂိုတည္းက အျပစ္မရွိအျပစ္ရွာၿပီး မႉးကို အလုပ္ထြက္ေစခ်င္ေနၾကသည္။ မႉးအလုပ္ထြက္မွ မႉးေနရာ သူတို႔ရနိုင္မည္မဟုတ္လား။ မန္ေနဂ်ာအထက္လူႀကီးဆိုကာ ဖားမရ။ ျမႇောက္ေပါင္းလည္းမရ။ မႉးသည္ ဘယ္ဝန္ထမ္းႏွင့္မွ ေဖာ္ေဖာ္ေ႐ႊေ႐ႊမရွိဘဲ အလုပ္ကိုပဲ တိက်မွန္ကန္ေအာင္လုပ္ေနပုံမွာ သူတို႔အတြက္ သိပ္မုန္းစရာေကာင္းေနသည္။

အထူးသျဖင့္ စုေလးနိုင္္ဆိုသည့္မိန္းမမွာ ထိပ္ဆုံးျဖစ္သည္။ သက္တူ႐ြယ္တူျဖစ္ၿပီး မႉးက သူ႕ထက္ရာထူးႀကီး အရည္ခ်င္းရွိေန၍ သူ႕မွာ မႉးကို မနာလိုမုန္းထားျဖစ္ၿပီး မႈးျပႆနာျဖစ္ေအာင္ အၿမဲေခ်ာက္တြန္းတတ္သည္။

မႉးအေၾကာင္း အတင္းေျပာေနၾကေသာသူတို႔ကို မႉး တစ္ခ်က္ၾကည့္ၿပီး အလုပ္ကိုသာ အာ႐ုံစိုက္ေနလိုက္သည္။

"ဒီမွာ...ေရာ့''

ဖိုင္တြဲတစ္ခုကို မႉးေရွ႕အသံျမည္ေအာင္ခ်ေပးၿပီး စားပြဲခုံကို မွီကာ ေဘးေစာင္းရပ္ေနသည့္စုေလးနိုင္အျပဳအမူေၾကာင့္ မႉး စိတ္ထဲတင္းခနဲျဖစ္သြားသည္။ မႉး ဖိုင္တြဲကို တစ္ခ်က္ယူၾကည့္လိုက္၏။

"သြားေတာ့၊ ငါ့စားပြဲေရွ႕မွာ လာရပ္မေနနဲ႕''

မႉးေျပာလိုက္ေတာ့ စုေလးနိုင္က ဟန္ပါပါလက္ပိုက္ေလ၏။

"ဒီနာရီက ဓာတ္ပုံဆရာေန႕သစ္ေပးလိုက္တာမို႔လား၊ လွတယ္ေနာ္၊ ေဈးႀကီးမွာပဲ၊ မထင္ရဘူးေနာ္၊ နင္က ေန႕သစ္ဆီက ညွာစားေနတာပဲ"

ေဘာပင္ကိုင္ထားသည့္မႉးလက္ေတြမွာ လက္သီးဆုပ္သဏၭန္ေျပာင္းသြားကာ စုေလးနိုင္္ကို ေမာ့ၾကည့္လိုက္သည္။

"နင္ အခုစီးေနတဲ့ကားကေရာ အဲတစ္ေယာက္အမ္းထားတာမလား''

"နင္နဲ႕ဘာဆိုင္လဲ၊ သူမ်ားအေၾကာင္းစပ္စုမေနဘဲ အလုပ္သာသြားလုပ္စမ္းပါ၊ ငါ့ကို ေသြးတိုးလာမစမ္းနဲ႕''

စုေလးနိုင္က ဟက္ခနဲရယ္သည္။

"နင္က ေန႕သစ္ကို တကယ္မခ်စ္ဘဲ ေငြမက္လို႔ ေယာက္်ားမဟုတ္တဲ့tom boyနဲ႕ တြဲေနတာမို႔လား၊ ဒီပုံစံအတိုင္းဆို ေန႕သစ္က နင့္ကို ထားခဲ့မွာပဲ"

"ေမာင္က ငါ့ကို ဘယ္ေတာ့မွထားခဲ့မွာမဟုတ္ဘူး''

"ေတးယစ္မႉးရယ္၊ ငါနင္နဲ႕ၿပိဳင္ေလာင္းလိုက္ခ်င္ေသးတယ္၊ ေန႕သစ္က နင့္လိုေက်ာက္ခဲႏွလုံးသားကို အတည္တက်ခ်စ္နိုင္မွာမဟုတ္ဘူး၊ သူအသစ္ေတြ႕ရင္ နင့္ကို ထားခဲ့မွာ''

စုေလးနိုင္က ေျပာၿပီး မ်က္ႏွာမဲ့႐ႊဲ႕ကာ ထြက္သြားေတာ့ မႉး စိတ္တိုေသာ္လည္း တည္ၿငိမ္ေသာအမူအရာတုံ႕ျပန္လိုက္သည္။ ၿပီးေတာ့ မႉး ဖိုင္တြဲႏွစ္ခုကို ယူၿပီး သူေဌး႐ုံးခန္းသို႔ ထြက္လာခဲ့သည္။ ႐ုံးခန္းတံခါးေခါက္၍ ခြင့္ျပဳခ်က္ရသည္ႏွင့္ မႉး တံခါးတြန္းဖြင့္ၿပီး ဝင္လာေတာ့ သူေဌးက ဖုန္းေျပာေနေလသည္။ မႉး ႐ုံးခန္းဝင္သြားကာ ဖိုင္တြဲႏွစ္ခုကို လက္မွတ္ထိုးရန္ စားပြဲေပၚတြင္ တင္ေပးလိုက္သည္။ ျပန္ထြက္လာရန္ ျပင္စဥ္ သူေဌးက ဖုန္းေျပာၿပီးသြား၏။

"သမီးေတးယစ္မႉး ဘဏ္ကို ခဏသြားလိုက္ သိန္းငါးဆယ္ေလာက္ထုတ္လာ ဦးထြန္းလွေဆာက္လုပ္ေရးကုမၸဏီကို ဒီေန႕ေငြေခ်ဖိဳ႕ခ်ိန္းထားတာ သမီးပဲၾကည့္လုပ္လိုက္''

"ဟုတ္ကဲ့သူေဌး''

မႉး ႐ုံးခန္းထဲမွ ျပန္ထြက္လာ၏။ လိုအပ္တာေတြယူၿပီး ဘဏ္သြားရန္ ထြက္လာသည္။ ကားလမ္းပိတ္သည္မို႔ မႉးမွာ ဘဏ္ကို အခ်ိန္အေတာ္ၾကာမွေရာက္သြားေလသည္။ ဘဏ္မွျပန္ေတာ့ ေဆာက္လုပ္ေရးကုမၸဏီရွိ တာဝန္ရွိသူႏွင့္ ခ်ိန္းထားသည့္စားေသာက္ဆိုင္သို႔ မႉးေရာက္လာသည္။

နာရီအေတာ္ၾကာ မႉးထိုင္ေစာင့္ေပမဲ့ ေရာက္မလာေသာေၾကာင့္ မႉး သူေဌးကို ဖုန္းဆက္ေျပာလိုက္သည္။ သူေဌးက ေငြေတြကို မႉးသိမ္းထားၿပီး မနက္ျဖန္မွ ေပးလိုက္ဆိုသျဖင့္ မႉးမွာ ေငြထုပ္ယူၿပီး အိမ္ျပန္လာခဲ့ရသည္။ အိမ္ေရာက္ေတာ့ ေငြေတြကို ဗီရိုထဲထည့္သိမ္းကာ ေသာ့ပိတ္လိုက္သည္။ ထိုစဥ္ ဘဲလ္သံျမည္လာ၏။ ဘဲလ္ျမည္သံေၾကာင့္ မႉး အခန္းထဲမွ ထြက္ကာ တံခါးဖြင့္ေပးလိုက္ေတာ့ ယမင္းျဖစ္ေနသည္။ ယမင္းက မႉးကို ျမင္ေတာ့ မႉးပခုံးကို ေရႀကီးသုတ္ပ်ာဆုပ္ကိုင္လာသျဖင့္ ေၾကာင္သြားရေသးသည္။

"နင့္ကို အေရးတႀကီးေျပာစရာရွိတယ္မႉး၊ ေသေရးရွင္ေရးထက္ အေရးႀကီး''

မႉး မ်က္ေမွာင္ၾကဳတ္၍ ပခုံးေပၚမွ ယမင္းလက္ကို ဖယ္ခ်ပစ္လိုက္သည္။

"ပါးစပ္နဲ႕ေျပာ လက္မပါနဲ႕ ဘယ္သူဘာျဖစ္ျပန္ၿပီလဲ၊ ငါ အလုပ္ျပန္သြားရဦးမယ္၊ အခ်ိန္မရဘူး''

ယမင္းက မႉးကို တစ္ကိုယ္လုံးေဖာက္ဝင္မတတ္ စူးစိုက္ၾကည့္လာျပန္သျဖင့္ မႉးမ်က္ေစာင္းလွမ္းထိုးကာ ခုံတြင္ လာထိုင္လိုက္သည္။

"ဒီေန႕ ငါ ကိုထက္နဲ႕အတူ ေဗဒင္သြားၾကည့္တာ၊ နင့္အတြက္လည္း ၾကည့္ခဲ့တယ္မႉးရဲ႕"

ယမင္းက ေျပာရင္း မႉးေဘး၌ ဆတ္ခနဲဝင္ထိုင္ၿပီး မႉးေမွးဖ်ားကို ဆြဲေမာ့ေလေတာ့ မႉးလန့္သြားရသည္။

"နင္ လက္မပါလို႔ မရဘူးလားယမင္းျဖဴ၊ ငါ့အသားကိုမထိနဲ႕ မႀကိဳက္ဘူးလို႔၊ အသားခ်င္းထိတာ မႀကိဳက္ဘူးလို႔ နင့္ကို ေျပာေပါင္းမ်ားေနၿပီ''

ယမင္းက မႉးမ်က္ႏွာကို ထပ္စူးစမ္းၾကည့္ျပန္သည္။

"ငါ နင့္ကို ေခ်ာတယ္လွတယ္ ေက်ာင္းတုန္းက major queenေလးဆိုၿပီး သေဘာေတြက်ခဲ့တာ၊ အခုေတာ့ နင္က ဒီအရမ္းေခ်ာတဲ့မ်က္ႏွာနဲ႕ တစ္ျခားသူရဲ႕ဘဝကို ဖ်က္ဆီးပစ္မယ္ေပါ့ေလ"

ယမင္းသည္ အဆက္အစပ္မရွိေသာ ေတာင္စဥ္ေရမရစကားမ်ား ေလွ်ာက္ေျပာေနသျဖင့္ မႉး ယမင္းလက္ကို ဖယ္ခ်ပစ္လိုက္သည္။

"ဘာေတြေျပာေနတာလဲအ႐ူးမရဲ႕"

ယမင္းက မ်က္ေမွာင္ၾကဳတ္ၿပီး စူပုပ္သြားျပန္ေလ၏။

"နင့္ရဲ႕ဇာတာမွာ သူမ်ားအိမ္ေထာင္ေရးႏွောက္ယွက္ဖ်က္ဆီးမဲ့လကၡဏာက တိတိက်က်ႀကီးေပၚေနတာတဲ့၊ နင္ ငါနဲ႕ကိုထက္ကို ခြဲပစ္ဖို႔ ေတြးေနတာလား"

မႉး ယမင္းကို စိတ္ကုန္စြာ ၾကည့္လိုက္သည္။

"အဓိပၸါယ္မရွိလိုက္တာ၊ ငါ့မွာ ေမာင္တစ္ေယာက္လုံးရွိရက္နဲ႕ သူမ်ားအိမ္ေထာင္ေရးကို ႏွောက္ယွက္ရေလာက္ေအာင္ထိ ငါလင္မလိုေသးပါဘူးဟယ္၊ နင့္ေဗဒင္က အမွားႀကီး''

"အဲဒီဆရာက ေဗဒင္ေဟာတာ တစ္ခါမွမမွားဖူးဘူး၊ သူေဟာရင္ အမွန္တကယ္ျဖစ္တယ္၊ ႐ုံးပိတ္ရက္က်ရင္ ဘုရားမွာယၾတာသြားေခ်ရေအာင္မႉးရယ္ေနာ္ ေနာ္လို႔''

ထိုစဥ္ အိတ္ထဲမွ ဖုန္းျမည္လာသျဖင့္ မႉးဖြင့္ၾကည့္ကာ မ်က္ႏွာတင္းမာသြားသည္။

"ဘယ္သူလဲ၊ ဘာလို႔မကိုင္တာလဲ''

ယမင္းက မႉးလက္ထဲမွ ဖုန္းကို အတင္းဆြဲလုလိုက္ေလ၏။

"ဦးမင္းေသာ္ ဟင္ ဦးမင္းေသာ္က နင့္ဒယ္ဒီမို႔လား၊ မႉးရယ္ ကိုယ့္အေဖကို ဒီလိုမွတ္ထားရလား"

မႉး ဖုန္းကို ယမင္းလက္ထဲမွ ျပန္ဆြဲယူလိုက္ၿပီး အိတ္ထဲျပန္ထည့္ေတာ့ ယမင္းက သက္ျပင္းခ်သည္။

"နင္ အန္ကယ့္ကို အခုခ်ိန္ထိ မုန္းေနတုန္းလားမႉး၊ စိတ္မေျပေသးဘူးလား''

"နင္က ကိုယ္တိုင္မႀကဳံဖူးေတာ့ ဘယ္ခံစားတတ္ပါ့မလဲ၊ ငါကေလ ေဖာက္ျပန္တာ သစၥာေဖာက္တာကို အ႐ြံမုန္းဆုံးပဲ၊ ကိုယ္က်င့္တရားမေကာင္းတဲ့လူကို ဘာလို႔ အေဖေတာ္ရမွာလဲ၊ ငါအလုပ္ျပန္သြားရဦးမယ္''

ယမင္းက ေဒါသႀကီးေနသည့္ မႉးကိုအံ့အားသင့္စြာ ေငးၾကည့္ေနေတာ့ မႉးထရပ္လိုက္သည္။ ယမင္းကို အတင္းႏွင္လြတ္၍ မႉးလည္း ႐ုံးျပန္သြားရန္ တိုက္ခန္းမွ အတူထြက္လာသည္။

~

ၿခံထဲ၌ ပြင့္ေနသည့္ စံပါယ္ပန္းေလးေတြေကာက္ၿပီး ဘုရားတင္ရန္ သြင္ရိပ္ ပန္းသီေနမိသည္။ ပန္းသီၿပီး စံပါယ္ပန္းကုံးကို ေရျဖန္းကာ အေပၚထပ္ဘုရားေဆာင္သို႔ တက္လာခဲ့သည္။ ဘုရားပန္းႏွင့္ေသာက္ေတာ္ေရကပ္ၿပီးေသာ္ သြင္ရိပ္ ဘုရားေဆာင္ထဲမွ ထြက္လာေတာ့ ေမေမက အခန္းထဲမွ ထြက္လာသည္ႏွင့္တိုးေလသည္။ သြင္ရိပ္ကို ျမင္ေတာ့ ေမေမ့မ်က္ႏွာခက္ထန္သြားေလ၏။

"ညည္းလာဦး''

ေမေမက သူ႕အခန္းထဲဝင္သြားေတာ့ သြင္ရိပ္ ေနာက္မွ လိုက္ဝင္သြားသည္။ ေမေမက မီးခံေသတၱာဖြင့္ၿပီး တစ္ခုခုရွာေနသည္မို႔ သြင္ရိပ္ ရပ္​ေစာင့္ရင္း အခန္းကို လိုက္ၾကည့္မိသည္။ သြင္ရိပ္ ဤအိမ္ေရာက္စဥ္တည္းက ေမေမ့အခန္းထဲသို႔ ပထမဦးဆုံးေရာက္ဖူးျခင္းျဖစ္ေလ၏။ ထိုစဥ္ ေမေမက သြင္ရိပ္မ်က္ႏွာတည့္တည့္သို႔ တစ္ခုခုပစ္လိုက္သျဖင့္ သြင္ရိပ္မ်က္ႏွာနာသြားၿပီး ေမေမ့ကို တအံ့တၾသေမာ့ၾကည့္မိသည္။

"ဒီပိုက္ဆံယူၿပီး ငါ့အိမ္က ထြက္သြား''

"ဟင္''

ၾကမ္းျပင္၌ က်ေနသည့္ပိုက္ဆံထုပ္ေတြကို ၾကည့္လိုက္ ေမေမ့ကို ၾကည့္လိုက္ျဖင့္ သြင္ရိပ္ေငးေၾကာင္ေနမိသည္။

"ညည္းကို ျမင္ရတာ ငါ့အတြက္ငရဲပဲ၊ ငါ့ရဲ႕အတိတ္ဆိုးကို အၿမဲတမ္းသတိရေစတယ္၊ ဟိုေန႕က မိခင္ေမ ငါ့ကိုေျပာသြားတာ ၾကားတယ္မဟုတ္လား၊ ညည္းက ငါ့ကို အရွက္ရေစတယ္၊ ျဖစ္နိုင္ရင္ ငါနဲ႕အေဝးဆုံးထြက္သြား ငါ့ပတ္ဝန္းက်င္ငါ့အရိပ္မွာ မေနနဲ႕သြင္ရိပ္ခ်ိဳ ထြက္သြားစမ္းပါေအ"

ေမေမ့ပါးစပ္မွ ေျပာသည့္စကားလုံးတိုင္းမွာ သြင္ရိပ္ကို ခံရခက္ေစသည္။

"ညည္း ငါ့ကိုအေမလို႔သတ္မွတ္တယ္ဆိုရင္ ဒီအိမ္မွာ မေနနဲ႕ ညည္းကိုျမင္ရင္ ငါစိတ္ဆင္းရဲတယ္''

"ေမေမရယ္ သြင္ရိပ္မွာ သြားစရာေနရာမရွိလို႔ပါ၊ သြင္ရိပ္ေတာင္းပန္ပါတယ္၊ သြင္ရိပ္ကို မႏွင္ပါနဲ႕ေနာ္''

သြင္ရိပ္ ေမေမ့ေရွ႕ ဒူးေထာက္ကာ ငိုယိုေတာင္းပန္မိသည္။

"သူစိမ္းတစ္ေယာက္လိုေနပါ့မယ္၊ ေမေမနဲ႕မပတ္သက္သလိုမ်ိဳး သြင္ရိပ္ကို ေမေမ့ရဲ႕အရိပ္ေအာက္မွာ ခိုလႈံခြင့္ေပးပါေနာ္"

"သြင္ရိပ္ခ်ိဳ ညည္းေတာ္ေတာ္ေခါင္းမာပါလား၊ ညည္းမသြားရင္ ငါကသြားေအာင္ လုပ္ရမွာေပါ့"

"သြင္ရိပ္ေတာင္းပန္ပါတယ္ေမေမရယ္၊ သြင္ရိပ္ကို ေမေမ့အရိပ္ခိုခြင့္ေလးပဲေပးပါေတာ့၊ သြင္ရိပ္မွာ အားကိုးရာ ေမေမပဲရွိတာပါ"

"ငါ့ကိုအေမလို႔မေခၚနဲ႕၊ ညည္းကို သမီးလို႔မသတ္မွတ္ဘူး၊ ငါ့အခန္းထဲက ထြက္သြား"

သြင္ရိပ္ ဒူးေထာက္ေနရာမွ အားတင္းထရပ္ရင္း အခန္းထဲမွ ေျပးထြက္လာသည္။ ေျပးလာသည့္လမ္း၌ သြင္ရိပ္မ်က္ရည္ေတြ စီးက်က်န္ေန၏။ ေအာက္ထပ္မွ သြင္ရိပ္ေနသည့္အခန္းက်ဥ္းေလးထဲကို မရပ္မနားေျပးသြားရင္း အခန္းထဲေရာက္မွ အားပါးတရငိုမိသည္။

"ေဖေဖေျပာေတာ့ ေမေမက သြင္ရိပ္ကိုခ်စ္တယ္ဆို ေဖေဖမရွိရင္ ေမေမနဲ႕အတူသြားေနဆို အခုေမေမက သြင္ရိပ္ကို မလိုဘူးဆိုေတာ့ သြင္ရိပ္က ဘယ္သူ႕ကို အားကိုးရမွာလဲ"

~

" 1 2 3''

"ခ်လတ္''

"OK ခဏနားရေအာင္"

သတို႔သားႏွင့္သတို႔သမီး အဝတ္အစားသြားလဲေနစဥ္ ရိုက္ထားသည့္ဓာတ္ပုံမ်ားကို ျပန္စစ္ရင္း ေန႕သစ္ ပန္းၿခံထဲ၌ ထိုင္ေနသည္။

"ဒီပုံေလးမဆိုးဘူးပဲ၊ ပုံႀကီးေ႐ြးလိုက္ရင္ ေကာင္းမလား''

ဖုန္းဝင္လာသျဖင့္ ေန႕သစ္ ကင္မရာကို ေဘးခုံတြင္ ခ်ထားလိုက္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းယူကိုင္လိုက္သည္။

"helloကိုထက္''

"ေန႕သစ္ မင္းဘယ္မွာလဲ၊ ငါ ဒီေန႕သေဘၤာျပန္တက္မွာေလကြာ၊ မင္းလိုက္မပို႔ဘူးလား"

"ဟုတ္လားသားႀကီး၊ ငါမသိလိုက္ဘူး၊ ငါ pre weddingဓာတ္ပုံရိုက္ဖို႔ ျပင္ဦးလြင္ေရာက္ေနတာ''

"ေသေရာကြာ၊ ငါမင္းကို မွာစရာရွိတာကို ဖုန္းထဲကပဲ ေျပာလိုက္ေတာ့မယ္၊ ငါ့ညီမေလးသြင္ရိပ္ကို မင္းၾကည့္ရႈေစာင့္ေရွာက္ေပးပါကြာ၊ အဲဒီအိမ္ကလူေတြ သြင္ရိပ္ကို အနိုင္က်င့္မွာ ငါစိတ္ပူတယ္''

"ငါ သြင္ရိပ္ကို အနိုင္က်င့္မွာေရာစိတ္မပူဘူးလား''

"မပူပါဘူးကြာ၊ မင္းတို႔က မိန္းကေလးခ်င္းပဲ၊ ၿပီးေတာ့ မင္းမွာ မႉးရွိတာပဲ၊ မင္း မႉးကို အရမ္းခ်စ္တာသိေနတာပဲ"

ေန႕သစ္ဟက္ဟက္ပက္ပက္ေအာ္ရယ္လိုက္သည္။

"ငါ့ကို မိန္းကေလးလို႔ မင္းေျပာရဲတယ္ေပါ့၊ အနားမွာမရွိလို႔ မင္းကံေကာင္းတယ္မွတ္ စိတ္ခ်ပါ၊ သြင္ရိပ္ကို ငါ့ညီမအရင္းလို ငါေစာင့္ေရွာက္ေပးမယ္''

"ေက်းဇူးပါပဲေန႕သစ္ရာ''

"ရပါတယ္ကြာ၊ မင္းက ဒီတစ္ေခါက္သေဘၤာျပန္တက္တာျမန္တယ္ေနာ္၊ ဘယ္ေလာက္ၾကာမွာလဲ"

"တစ္ႏွစ္ေလာက္ေပါ့၊ ေန႕သစ္ ဒါပဲကြာ၊ ငါကိစၥေပၚလာလို႔ ႏႈတ္ဆက္တယ္သူငယ္ခ်င္း''

ထက္ေနာင္ ဖုန္းခ်သြားေတာ့ ကင္မရာယူကာ ဓာတ္ပုံရိုက္ရန္ ရိုက္ကြင္းသို႔ ေလွ်ာက္လာသည္။ ထက္ေနာင္အကူအညီမေတာင္းလွ်င္ေတာင္ သြင္ရိပ္ကို ေစာင့္ေရွာက္ေပးရန္မွာ ကြၽန္ေတာ္ေတြးထားၿပီးကိစၥျဖစ္သည္။

~

႐ုံးသြားရန္ အားလုံးျပင္ဆင္ၿပီးေတာ့ မႉး ပိုက္ဆံယူရန္ ဗီရိုကို ေသာ့ဖြင့္လိုက္စဥ္ တံခါးမွာ ပြင့္ၿပီးသားျဖစ္ေန၍ မႉး ရင္ထဲထိတ္ခနဲျဖစ္သြားသည္။ ဗီရိုဆြဲဖြင့္ကာ ပိုက္ဆံထုပ္ရွာေတာ့ ဟာလာဟင္းလင္းျဖစ္ေနသည္။ မႉး တုန္လႈပ္သြားမိရင္း အခန္းထဲမွ ကပ်ာကယာေျပးထြက္လာေတာ့ မာမီက ဧည့္ခန္းရွိ ခုံတြင္ စီးကရက္ဖြာရင္း ေျခခ်ိတ္ထိုင္ေနေလသည္။

"မာမီ၊ ဗီရိုထဲက ပိုက္ဆံေတြ ဘယ္မွာလဲ''

မာမီက မႉးကို တစ္ခ်က္လွည့္မၾကည့္ဘဲ စီးကရက္တိုကို ဖြာရွိုက္မပ်က္ေပ။

"ဖဲရႈံးသြားၿပီ"

မႉး ႏႈတ္ခမ္းပြင့္ဟသြားရကာ မာမီ့အေရွ႕ကို ေလွ်ာက္လာလိုက္သည္။

''ဖဲရႈံးသြားၿပီဟုတ္လား၊ ဘာလို႔ကိုယ္မကြၽမ္းက်င္တဲ့အလုပ္ကိုလုပ္ေနတာလဲ၊ အဲဒီေလာင္းကစားက ဘာမ်ားအက်ိဳးေပးလို႔ ဒီေလာက္တမ္းတမ္းစြဲျဖစ္ေနတာလဲ၊ ေလာင္းကစားေၾကာင့္ မႉးရဲ႕ေမာင္ေလးေသခဲ့ရတယ္မဟုတ္လား''

မႉး ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားရင္း မာမီ့ကို စိတ္ကုန္စြာ ၾကည့္ေနမိသည္။

"မာမီလည္း ရႈံးမယ္မထင္လို႔ပါ"

မႉး စိတ္ကို အတတ္နိုင္ဆုံး ထိန္းလိုက္သည္။

"ဘယ္ေလာက္က်န္ေသးလဲ''

"ကုန္ၿပီ၊ မရွိေတာ့ဘူး''

မႉး ေခါင္းထဲရိပ္ခနဲျဖစ္သြားကာ အသားေတြလည္း တုန္ခ်င္လာသည္။ ေဒါသလည္း ေငါက္ခနဲ ထြက္လာ၏။

"အဲဒီပိုက္ဆံေတြက မႉးဟာမဟုတ္ဘူး၊ သူေဌးရဲ႕ပိုက္ဆံေတြ မာမီလုပ္ရက္လိုက္တာ၊ သိန္းငါးဆယ္လုံး တစ္ခါတည္းျဖဳန္းလိုက္တယ္ေပါ့၊ မာမီ ကိုယ့္ဟာကိုယ္ အရင္လိုထင္ေနလား''

"ငါ့ကိုမေအာ္နဲ႕မိမႉး၊ ငါညည္းအေမ ပိုက္ဆံရွာၿပီးလုပ္ေကြၽးေနရတယ္ဆိုၿပီး ငါ့ကိုေအာ္စရာမလိုဘူး၊ ညည္းေျမၿမိဳမယ္"

"အေမဆိုၿပီး လုပ္ခ်င္တာလုပ္လို႔ရလား၊ မႉးကို ေမြးေပးလိုက္႐ုံနဲ႕ မိခင္တာဝန္ေက်ၿပီထင္ေနလား၊ မာမီက မႉးကို အၿမဲတမ္းစိတ္ဒုကၡေပးေနတာ၊ အဲဒီပိုက္ဆံေတြ သူေဌးကို ျပန္မေပးနိုင္ရင္ မႉးကို ဘယ္လိုထင္ၾကမလဲ၊ မႉးက လူလိမ္မ,မျဖစ္သြားဘူးလား၊ မႉးရဲ႕သိကၡာေတြ မႉးရဲ႕မာနေတြ ဟိုးေျမာင္းထဲေရာက္သြားေတာ့မွာ"

"မာမီျပန္ရွာေပးမယ္ဟုတ္ၿပီလား၊ မႉး လူလိမ္မ,မျဖစ္ေစရဘူး''

"ဘယ္လိုရွာမွာလဲ၊ ေလာင္းကစားထပ္လုပ္ၿပီးေတာ့လား၊ ေတာ္ပါေတာ့မာမီရယ္"

မႉး စိတ္ပ်က္စြာ တိုက္ခန္းထဲမွ ထြက္လာသည္။ စိတ္ညစ္ညစ္ႏွင့္ ကားတစ္စီးျဖင့္ ဦးတည္ရာေလွ်ာက္ေမာင္းေနမိသည္။ ေဆာက္လုပ္ေရးကုမၸဏီကို ေငြေပးေခ်ရန္ ခ်ိန္းထားသည္မို႔ မႉးမႀကံတတ္ေတာ့ေပ။ ယခုမႉးလက္ထဲ၌ သိန္းငါးဆယ္မေျပာႏွင့္။ ငါးသိန္းေတာင္ ရွိမေနေပ။

မႉး၌ နဂိုတည္းက ေသြးတိုးအခံရွိသည္မို႔ တစ္ခုခုဆိုရင္ ေရာဂါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ေတာ္ေတာ္စိတ္ထိန္းထားရသည္။ စိတ္ေလလြင့္စြာ ေမာင္းေနမိသည့္ကားကို လမ္းေဘးထိုးရပ္လိုက္ရင္း မႉး ကားေပၚတြင္ ထိုင္စဥ္းစားေနမိသည္။

လက္ကိုင္ဖုန္းကို ဆုပ္ကိုင္ရင္း မႉးမည္သို႔ဆက္လုပ္ရမည္မသိေတာ့ေပ။ မႉး ဘယ္သူ႕ဆီကမွလည္း အကူအညီမယူခ်င္ေပ။ ဖုန္းဝင္လာသျဖင့္ contactတြင္ မွတ္ထားသည့္နာမည္ကို ၾကည့္မိသည္။ အလုပ္ရွင္သူေဌးဖုန္းဆက္ေန၍ မႉးစိတ္တင္းရင္း ဖုန္းကိုင္လိုက္သည္။

"ဟယ္လိုသူေဌး"

"ေတးယစ္မႉး သမီးဘယ္မွာလဲ၊ ေငြယူမဲ့သူေတြ ခ်ိန္းထားတဲ့ဆိုင္ေရာက္ေနၿပီလို႔ ေျပာတယ္''

"မႉးေတာင္းပန္ပါတယ္သူေဌး၊ ဒီပိုက္ဆံေတြ မႉး ကိုယ္ေရးကိုယ္တာအတြက္ သုံးလိုက္မိတယ္၊ ဒါေပမဲ့ သူေဌးစိတ္မပူပါနဲ႕၊ မႉးမနက္ျဖန္ မရရေအာင္ ျပန္ရွာေပးပါ့မယ္''

"သမီးဘယ္လိုျဖစ္တာလဲ၊ ေတးယစ္မႉးက အရင္ကကိုယ္ေရးကိုယ္တာအတြက္ အလုပ္က ေငြေတြယူသုံးတဲ့သူမဟုတ္ပါဘူး"

မႉး ဘာမွျပန္မေျပာနိုင္ဘဲ အသံတိတ္ေနမိသည္။ မာမီ့ေၾကာင့္ မႉးနာမည္ပ်က္ရသည္မွာ ဤတစ္ႀကိမ္တည္းမကေတာ့။

"ေကာင္းၿပီေလ၊ မနက္ျဖန္ပိုက္ဆံျဖစ္ေအာင္ယူလာပါ''

မႉးဖုန္းခ်ၿပီးေတာ့မွ သက္ျပင္းဟင္းခနဲနိုင္သည္။ တစ္ရက္တည္းႏွင့္ ဒီေလာက္အမ်ားႀကီးကို ရွာရခက္၏။ မႉး လက္သည္းႏွစ္ဖက္ကို ကုပ္ျခစ္ေနရင္း အတန္အၾကာစဥ္းစားၿပီးခ်ိန္တြင္ ကားကို ျပန္ေကြ႕ၿပီး တစ္ေနရာသို႔ ဦးတည္ေမာင္းလိုက္သည္။

~

ၿခံထဲ၌ စိုက္ထားသည့္ပန္းပင္မ်ား ေရေလာင္းရင္း သြင္ရိပ္ ဟိုေတြးဒီေတြးျဖင့္ စိတ္မေပ်ာ္မ႐ႊင္ျဖစ္​ေနသည္။ အေမအရင္းကေတာင္ မခ်စ္သည့္ ဘဝႀကီးမွာ ေနေပ်ာ္စရာမရွိေတာ့ေပ။ ကားဟြန္းတီးသံၾကားရသျဖင့္ သြင္ရိပ္လန႔္သြားကာ ေရပိုက္ကို ခ်ရင္း ၿခံတံခါးဆီသို႔ အျမန္ေျပးရေတာ့သည္။ ၿခံတံခါးဖြင့္ေပးလိုက္ေတာ့ ကားမွာ ၿခံထဲေမာင္းဝင္သြားသျဖင့္ သြင္ရိပ္ၿခံတံခါးျပန္ပိတ္ရင္း ထိုကားကို ၾကည့္မိသည္။ ကားေပၚမွ ဆင္းလာသည့္ကားပိုင္ရွင္ကိုျမင္မွ သြင္ရိပ္အံ့ၾသသြားသည္။

"ဟိုတစ္ေန႕က ဘြားဘြားဆီလာတဲ့ဟိုအစ္ကိုပါလား"

သြင္ရိပ္ ရပ္ေနစဥ္ သူက လက္ယပ္ေခၚေနသည္မို႔ အူေၾကာင္ေၾကာင္ အနားကိုအျမန္ေျပးသြားမိသည္။ အနားေရာက္ေတာ့ သူက ၿပဳံး၍ သြင္ရိပ္လက္ထဲကို စကၠဴအိတ္တသီႀကီးထည့္ေပးသည္။

"မင္းကို လက္ေဆာင္ေပးတာ"

"ရွင္''

သြင္ရိပ္ အူေၾကာင္ေၾကာင္ျဖစ္ေနေတာ့ သူက သြားတန္းေဖြးေဖြးေလးေတြေပၚေအာင္ၿပဳံးကာ သြင္ရိပ္ကို ၿခံထဲရွိ ခုံရွည္သို႔ ဆြဲေခၚလာေလသည္။ သူက ထိုင္ရန္ၫြန္ျပေနေတာ့ သြင္ရိပ္ အားနာနာႏွင့္ သူ႕ေဘးတြင္ မရဲတရဲထိုင္လိုက္သည္။

"ကိုယ့္နာမည္က ေန႕သစ္ေဇာ္၊ မင္းရဲ႕ကိုႀကီးထက္ေနာင္ရဲ႕သူငယ္ခ်င္းဆိုပါေတာ့"

"ဟုတ္၊ သြင္ရိပ္သိပါတယ္ရွင့္''

"ရဲရဲတင္းတင္းေျပာပါကြ၊ ကိုယ္က ဒီအိမ္ကလူေတြလိုမဟုတ္ဘူး၊ အရမ္းစိတ္ေကာင္းရွိတယ္''

သြင္ရိပ္ ခစ္ခနဲၿပဳံးလိုက္မိသည္။

"ဒါေတြသြင္ရိပ္ကို ဘာလို႔ေပးတာလဲဟင္''

"မင္းကိုလွလွပပေလးဝတ္ေစခ်င္လို႔ေပါ့ကြာ၊ ကိုယ့္မွာ ညီမမရွိဘူးေလ၊ မင္းကို ကိုယ့္ညီမေလးလို ခံစားရလို႔"

သြင္ရိပ္သြားၿဖီးရယ္လိုက္သည္။

"ဘယ္လိုေခၚရမလဲမသိေတာ့ဘူး၊ ကိုကို အဲ ကိုကိုလို႔ေခၚလို႔ရမလား၊ ဒါမွမဟုတ္ အစ္မ''

ေန႕သစ္က ႏွာေခါင္းအနည္းငယ္ရႈံ႕သြားေလသည္။

"ကိုကိုလို႔ေခၚတာေကာင္းပါတယ္၊အစ္မေတာ့မလုပ္ပါနဲ႕ နားယားတယ္ဗ်''

သြင္ရိပ္ ပါးစပ္ကို လက္ႏွင့္ အုပ္ကာ တခစ္ခစ္ရယ္ေတာ့ သူက သြင္ရိပ္ေခါင္းကို လက္သီးႏွင့္ ဖြဖြထုေလသည္။

"ဒီလက္ေဆာင္ေတြ သြင္ရိပ္ကို ေပးမယ့္အစား ရည္းစားကို ေပးပါလား၊ သြင္ရိပ္က ခြင့္ျပဳခ်က္မရွိဘဲ အျပင္ထြက္လို႔မွမရတာ၊ ဒါေတြဝတ္လည္း ဘာမွမထူးဘူး ၿပီးေတာ့ ေမေမနဲ႕မမႀကိဳက္မွာမဟုတ္ဘူး''

"သြင္ရိပ္မယူရင္ အဲဒါေတြကိုလြင့္ပစ္မွပဲရမယ္၊ ကိုယ့္ခ်စ္သူက လက္ေဆာင္ေပးတာမႀကိဳက္ဘူး၊ သူက မာနႀကီးတယ္"

"အတင္းေပးရင္ယူမွာေပါ့"

"မယူတဲ့အျပင္စိတ္ဆိုးလိမ့္မယ္၊ သူစိတ္ဆိုးရင္ အရမ္းေခ်ာ့ရခက္တာ၊ လက္ေဆာင္ေပးၿပီးေခ်ာ့လို႔လည္းမရ supriseလုပ္ေပးလို႔မရ ေတာင္းပန္လို႔မရနဲ႕ အရမ္းအရမ္းခက္တာ''

သြင္ရိပ္ ေခါင္းတညိတ္ညိတ္နားေထာင္ေနမိသည္။

"သူကလွလားဟင္''

"မ်က္လုံး မ်က္ခုံး ႏွာေခါင္းႏႈတ္ခမ္း အားလုံးလွတယ္၊ ဆံပင္က အရွည္ႀကီး ၿပီးေတာ့ ဘယ္ဘက္ပါးမွာ ပါးခ်ိဳင့္ေလးနဲ႕ သူၿပဳံးလိုက္ရင္ ကိုကို႔စိတ္ဝိညာဥ္ေတြလြင့္သြားတယ္၊ ဒါေပမဲ့ သူကေတာ္႐ုံတန္႐ုံမၿပဳံးမရယ္တတ္ဘူး၊ အၿမဲတမ္း႐ုပ္တည္ႀကီးနဲ႕"

ေန႕သစ္က ၾကည္ႏူးစြာေျပာျပရင္း သြင္ရိပ္ကို လွည့္ၾကည့္ေတာ့ သြင္ရိပ္က ၿပဳံးၾကည့္ေနသည္ႏွင့္ တိုးသြားေလသည္။

"ကိုကိုသိလား၊ ကိုကို႔ခ်စ္သူအေၾကာင္းေျပာေတာ့ ကိုကို႔မ်က္ႏွာကေလ လမင္းႀကီးလိုပဲ၊ ဝင္းပေက်နပ္ေနလိုက္တာ၊ ကိုကို႔ခ်စ္သူကို သြင္ရိပ္ျမင္ဖူးခ်င္လာၿပီ၊ သြင္ရိပ္ကို ဓာတ္ပုံျပပါလားဟင္''

ေန႕သစ္က ေခါင္းခါကာ ဖုန္းကို လက္နေနာက္ပစ္ဝွက္လိုက္သည္။

"ျပပါဘူး"

"ျပပါ၊ သြင္ရိပ္ျမင္ဖူးခ်င္လို႔''

"မျပဘူးပဲ"

"ကပ္ေစးႏွဲႀကီး''

သြင္ရိပ္ေျပာၿပီး ႏႈတ္ခမ္းစူကာ ထလာေတာ့ ေန႕သစ္က လွမ္းေခၚသည္။

"ေဟ့ေကာင္မေလး ဒီမွာလက္ေဆာင္ထုပ္ေတြယူသြားဦးေလ"

သြင္ရိပ္ အိမ္ထဲဝင္ရန္ ျပင္ၿပီးမွ စားပြဲဝိုင္းေပၚမွ စကၠဴအိတ္မ်ား ျပန္လာယူလိုက္သည္။

"ေက်းဇူးပါကိုကို၊ တကယ္ေတာ့ သြင္ရိပ္မွာ​လည္း အဝတ္အစားသိပ္မရွိဘူး၊ တကယ္ေက်းဇူးတင္တယ္''

"ဟုတ္ပါၿပီ၊ ေနာက္လိုအပ္တာေတြရွိရင္ ကိုကို႔ကိုေျပာ ဘာမွအားမနာနဲ႕ ဟုတ္ၿပီလား"

ေန႕သစ္က သြင္ရိပ္ေခါင္းကို ဖြဖြပုတ္ေတာ့ သြင္ရိပ္ၿပဳံးေနမိသည္။

====

ဆက္ရန္။
#ေႂကြ

Continue Reading

You'll Also Like

249K 14.9K 40
My priority /property/privacy
404K 29.8K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
95.9K 6K 46
-မမတော့ မောင့်ကို ချစ်နေမိပြီ ထင်တယ် လက်တွဲဖော်တစ်ယောက်လိုပေါ့ ဟေသာ -
15K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant