ရင်ထဲက မှူး/ရင္ထဲက မႉး

By KYWAY7

148K 9.1K 61

မှူးကို လှည့်စားဖို့ မကြိုးစားနဲ့ မောင် နောင်တအကြီးကြီးရစေရမယ် မႉးကို လွည့္စားဖို႔ မႀကိဳးစားနဲ႕ ေမာင္ ေနာင္တအ... More

အပိုင်း( ၂ )
အပိုင်း( ၃ )
အပိုင်း( ၄ )
အပိုင်း( ၅ )
အပိုင်း( ၆ )
အပိုင်း( ၇ )
အပိုင်း( ၈ )
အပိုင်း( ၉ )
အပိုင်း( ၁၀ )
အပိုင်း( ၁၁ )
အပိုင်း( ၁၂ )
အပိုင်း( ၁၃ )
အပိုင်း( ၁၄ )
အပိုင်း( ၁၅ )
အပိုင်း( ၁၆ )
အပိုင်း( ၁၇ )
အပိုင်း( ၁၈ )
အပိုင်း( ၁၉ )
အပိုင်း( ၂၀ )
အပိုင်း( ၂၁ )
အပိုင်း( ၂၂ )
အပိုင်း( ၂၃ )
အပိုင်း( ၂၄ )
အပိုင်း( ၂၅ )
အပိုင်း( ၂၆ )
အပိုင်း( ၂၇ )
အပိုင်း( ၂၈ )
အပိုင်း( ၂၉ )
ep30
အပိုင်း( ၃၁) Final
Book order

အပိုင်း( ၁ )

18.1K 594 2
By KYWAY7

ကားမှန်အပြင်ဘက်ရှိ လူနေမှုအဆင့်အတန်းမြင့်လှသည့် အထပ်မြင့်တိုက်ကြီးများ၊ ကျယ်ဝန်းလှသော ကတ္တရာလမ်းပေါ်မှ အရောင်အသွေးစုံလှသည့်ကားများ၊ ဘဝနေထိုင်မှုအမျိုးမျိုးအဖုံဖုံရှိကြသည့် များစွာသောလူတို့ကို သွင်ရိပ် မမြင်ဖူးစွာ ငေးကြည့်နေသည်။ စီးလာသောကားသည် ခြံစည်းရိုးမြင့်မြင့်ကာရံထားသော နှစ်ထပ်တိုက်အိမ်ကြီး၏ခြံဝန်းတွင်း မောင်းဝင်သွား၏။ မြင်သမျှအရာရာမှာ စိမ်းသက်နေသဖြင့် စိတ်လှုပ်ရှားသည်။ ထိုကြောင့် ကားမောင်းနေသည့် ကိုထက်နောင်ကို အားကိုးတကြီးကြည့်မိလေသည်။ ကိုထက်နောင်က ခြံဝန်းထဲ ကားရပ်ပြီး သွင်ရိပ်ကို ကားတံခါးဆင်းဖွင့်ပေးလာ၏။ အဝတ်ထုပ်လေးပိုက်၍ ကားပေါ်မှ မရဲတရဲဆင်းရင်း ခြံထဲ ဝေ့ကြည့်မိတော့ လူရိပ်သူရိပ်မတွေ့ပေ။

"အိမ်ထဲဝင်ရအောင်''

ကိုထက်နောင်က သွင်ရိပ်အဝတ်ထုပ်ကူဆွဲပေးရန် လက်လှမ်းယူတော့ သွင်ရိပ်မလွတ်ပေးဘဲ ပြန်ဆွဲထားလိုက်သည်။

"သွင်ရိပ်မသွားရဲဘူး၊ သွင်ရိပ်ကြောက်တယ်ကိုကြီး''

"ဘာမှကြောက်စရာမရှိဘူး၊ ဒီအိမ်က သွင်ရိပ်နေရမဲ့အိမ် သွင်ရိပ်အမေလည်းရှိနေတာပဲ''

ကိုထက်နောင်က သွင်ရိပ်လက်ကိုဆုပ်ကိုင်ကာ အိမ်ထဲသို့ ခေါ်သွားတော့ သွင်ရိပ် အားတင်းလိုက်လာခဲ့သည်။ အိမ်ထဲသို့ ခြေချမိတော့ ဧည့်ခန်းထဲတွင် ဝှီးချဲပေါ်ထိုင်နေသော အသက်ခြောက်ဆယ်အရွယ်ခပ်ဝဝအမျိုးသမီးကြီးတစ်ဦးနှင့်အသက်လေးဆယ်အရွယ်ဦးလေးတစ်ဦးစကားပြောနေကြသည်။ သွင်ရိပ်မှာ မျက်စိသူငယ်နားသူငယ်ဖြစ်ကာ အလွန်ကြောက်နေမိသည်။

"အဘွား ကျွန်တော် သွင်ရိပ်ကို ခေါ်လာပါပြီ၊ အဘွားမြေးကို ကြည့်ပါဦး''

ကိုထက်နောင်က အဘွားကို လှမ်းပြောတော့ သွင်ရိပ် ကိုထက်နောင်ဘေးတွင် ခပ်ကုပ်ကုပ်ရပ်၍ ခေါင်းငုံ့ထားလိုက်သည်။ အဘွားက သွင်ရိပ်ကို နှစ်လိုဖွယ်အပြုံးဖြင့် ဆီးကြိုလေ၏။

"ဒီကိုလာပါဦးကွယ်၊ အဘွားမြေးလေးကို ကြည့်ချင်လို့''

သွင်ရိပ် မသွားရဲဘဲ ကွယ်ရပ်နေတော့ ကိုထက်နောင်က သွားရန် ခေါင်းညိတ်ပြသည်။ သွင်ရိပ် အဘွားဆီ လျှောက်သွားကာ အဘွားရှေ့၌ ကျုံ့ကျုံ့လေးရပ်တော့ အဘွားက သွင်ရိပ်လက်ကို အသာဆွဲယူပြီး မျက်နှာကို ကြည့်သည်။ သေသေချာချာ စူးစမ်းကြည့်နေ၏။

"မြေးမလေးက အဘွားငယ်ငယ်ကအတိုင်း မိန်းမချောလေးပဲ၊ နာမည်ဘယ်လိုခေါ်လဲကွယ်''

"သွင်...သွင်ရိပ်ချိုပါဘွားဘွား"

"အသက်ကရောကွယ့်''

"တစ်ဆယ့်ရှစ်နှစ်ပါဘွားဘွား''

အဘွားက ဒီအရွယ်တောင် ရှိသွားပြီလားဟူသည့်အပြုံးဖြင့် ဆိုဖာတွင် ထိုင်နေသောဦးလေးကို လှည့်ကြည့်သည်။

"မင်းမိန်းမမြင့်မာချိုရော ဘယ်မလဲကွယ့်မောင်မျိုးနိုင်''

"ချိုက သမီးနဲ့အတူ shoppingထွက်သွားတာအမေ၊ ပြန်လာတော့မှာပါ''

"အခုဖုန်းဆက် မြန်မြန်ပြန်လာခဲ့ သူ့သမီးသွင်ရိပ်ရောက်နေတယ်လို့ပြောလိုက်ကြားလား''

ဦးမျိုးနိုင်က သွင်ရိပ်ကို မနှစ်သက်သလို ခပ်စိမ်းစိမ်းကြည့်ပြီး ဖုန်းဆက်ရန် ထထွက်သွားလေသည်။ အဘွားကစိတ်ပျက်သွားဟန် သက်ပြင်းမောချရင်း သွင်ရိပ်ကို အနားရှိ ခုံတွင် ထိုင်စေလေသည်။

"လာထိုင်ပါဦးကွယ်၊ မြေးလေးအဖေရဲ့နာရေးရော အဆင်ပြေပြေပြီးသွားရဲ့လား''

"ဟုတ်ဘွားဘွား၊ အိမ်နီးနားချင်းတွေက သွင်ရိပ်ကို ကူညီပေးကြတယ်''

"ဘွားဘွားလည်း ကြားကြားချင်းစိတ်မကောင်းပါဘူးကွယ်၊ အသက်ကြီးတော့လာလို့ မရောက်ဘူး၊ ဒါကြောင့် မြေးလေးရဲ့အကိုကြီးမောင်ထက်နောင်ကိုပဲ မြေးလေးကို ခေါ်လာခိုင်းလိုက်ရတာ၊ ဘာမှအားမငယ်နဲ့ကွယ်၊ မြေးလေးမှာ အဖေမရှိတော့ပေမဲ့ အဘွားရှိတယ်ကွယ့်''

သွင်ရိပ်ခေါင်းညိတ်ကာ ခုံတွင် ညှိုးငယ်စွာ ထိုင်နေမိသည်။ အားမငယ်နှင့်ဆိုမှ အားငယ်စိတ်ပိုဝင်ကာ ငိုချင်လာသည်။ အဖေ့ကို သတိရမိသည်။

ထိုစဥ် အသက်၂၅နှစ်အရွယ်ခပ်ချောချောအမျိုးသမီးတစ်ယောက်သည် တစ်နှစ်အရွယ်ကလေးတစ်ဦးကို ချီပြီး လေးနှစ်အရွယ်ကလေးတစ်ယောက်ကို လက်ဆွဲကာ သွင်ရိပ်တို့ဆီ လျှောက်လာနေကြသည်။ ကိုထက်နောင်က ထိုမိန်းကလေးလက်ထဲမှ ကလေးကို ပွေ့ချီကာ သွင်ရိပ်ဘေး၌ ဝင်ထိုင်လေသည်။ ထိုမိန်းကလေးက လေးနှစ်အရွယ်သားနှင့်အတူ ရှေ့က ခုံတွင် ဝင်ထိုင်ကာ သွင်ရိပ်ကို ပြုံးပြလေသည်။

"သွင်ရိပ် ဒီအစ်မက ကိုကြီးရဲ့ဇနီး ယမင်းဖြူတဲ့၊ ဟိုမှာ ကိုကြီသားအကြီးယောက် ဒီမှာက အငယ် သွင်ရိပ်ရဲ့တူလေးတွေပေါ့''

"ဟုတ်ကဲ့ကိုကြီး၊ သွင်ရိပ်က ကိုကြီးရဲ့ဝမ်းကွဲညီမလေးပါရှင့်''

"ကိုထက်ပြောလို့ အစ်မသိပြီးသားပါ၊ ညီမလေးက ချစ်စရာလေးပဲ၊ မိုးကုတ်သူအချောလေး''

မယမင်းက ချစ်စရာလေးဟုပြောတာတောင် သွင်ရိပ်သိပ်မရယ်ပြုံးနိုင်ပါ။ မေမေ့ကို တွေ့ရတော့မည်မို့ အလွန်စိတ်လှုပ်ရှားနေမိသည်။ ထိုနောက် လူကြီးများ စကားအပြန်အလှန်ပြောနေကြသဖြင့် ငြိမ်နားထောင်နေရင်း အနည်းငယ်ကြာလာသည်။

အိမ်ထဲသို့ လူဝင်လာသည့်အသံကြားသဖြင့် သွင်ရိပ် တံခါးဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဦးမျိုးနိုင်နှင့်အမျိုးသမီးတစ်ဦး။ အမျိုးသမီးတစ်ဦးဆိုခြင်းထက် သွင်ရိပ်အမေ။ ပြီးတော့ အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ဦး။ သူတို့အတူ အိမ်ထဲသို့ ဝင်လာသည်။ အမေ့မျက်လုံးတို့သည် သွင်ရိပ်အပေါ်သို့ မကျေနပ်စွာ ကျရောက်လာသဖြင့် သွင်ရိပ်လန့်နေမိသည်။

"ညည်း ဒီအိမ်ကို ဘာလာလုပ်တာလဲ၊ အဆင့်အတန်းမရှိတဲ့သူတွေနဲ့ ငါမပတ်သက်ချင်ဘူး၊ ငါ့အိမ်ကနေ အခုချက်ချင်းထွက်သွား''

သွင်ရိပ်ကို လက်ညိုးငေါက်ငေါက်ထိုးကာ အိမ်ထဲမှ ထွက်သွားရန် ပြောဆိုနေသောအမေ့အပြုအမူကြောင့် သွင်ရိပ်ရင်ထဲနစ်သွားရကာ မျက်ရည်စီးကျလာလေသည်။

"မြင့်မာချို ညည်းဘာလို့ကိုယ့်ကလေးကို ဒီလိုပြောရတာလဲ၊ ညည်းနှယ်အေ ဝမ်းနဲ့လွယ်မေးထားတဲ့သွေးသားကို အမေမပီသစွာ ပြောထွက်ရလားအေ၊ ဘာမှ ကလေးကို နှင်ထုတ်စရာမလိုဘူး၊ ဒီအိမ်က ငါ့အိမ် ဆင်းချင်ရင် ညည်းဆင်း''

"အမေက သူ့ဘက်ပါနေတာလား၊ ချို့မှာ ကလေးတစ်ယောက်ပဲ ရှိတယ်၊ အဲဒါက သမီးလေးရတီချိုပဲ၊ သူက ချို့ကလေးမဟုတ်ဘူး၊ သူ့ကို ချို့ကလေးလို့ မသတ်မှတ်နိုင်ဘူး"

သွင်ရိပ်အမေက ဘေး၌ ရပ်နေသည့်မိန်းကလေးကိုသာ သူ့သမီးဟု ဝင့်ကြွားစွာပြောရင်း သွင်ရိပ်ကို နာနာကြည်းကြည်းကြည့်ကာ အပေါ်ထပ်တက်သွားလေသည်။

"ဟဲ့ အရက်သမားသမီး နင့်ကို အမေကသမီးအဖြစ်လက်မခံသလို ငါလဲ ညီမအဖြစ်လက်မခံနိုင်ဘူး၊ ဒီအိမ်မှာနေချင်ရင်တော့ သူဌေးသမီးအဖြစ်နေရဖို့စိတ်ကူးယဉ်မနေနဲ့''

သွင်ရိပ်၏အမေတူဖအေကွဲအစ်မဖြစ်သူကလည်း သွင်ရိပ်ကို ခါးသီးစရာစကားလုံးများတိုက်ခိုက်ပြီး အပေါ်ထပ်သို့ တက်သွားလေသည်။ သွင်ရိပ် ဝမ်းနည်းစွာ ငိုမိတော့ ဘွားဘွားက သွင်ရိပ်ကို ရင်ခွင်ထဲပွေ့ဖက်ပေးလေသည်။

မေမေဒေါ်မြင့်မာချိုက သူမ၌ ယောင်္ကျားရော ကလေးရောရှိပါလျက် အလုပ်သမားဖြစ်သူ သွင်ရိပ်အဖေနှင့် မိုးကုတ်သို့ ခိုးရာလိုက်ပြေးခဲ့သည်။ သွင်ရိပ်အဖေနှင့် အတူနေပြီး သွင်ရိပ်ကိုမွေးကာ ကြာတော့ သူဌေးသမီးမေမေသည် ဆင်းရဲဒဏ်မခံနိုင်ဘဲ သွင်ရိပ်တို့ကို ပစ်ထားခဲ့လေသည်။ မေမေက အရင်အိမ်ထောင်နှင့် ပြန်ပေါင်းပြီး သွင်ရိပ်တို့ကိုထားခဲ့သည်မှာ သွင်ရိပ်တစ်သက်ဖြစ်၏။

ယခုအဖေဆုံးသွားတော့ သားအဖနှစ်ယောက်တည်းနေသည့်သွင်ရိပ်မှာအားကိုးရာမဲ့နေ၍ ကိုကြီးလာခေါ်တော့ သွင်ရိပ်အားတက်ခဲ့ရသည်။ မေမေ့ကိုအပြင်၌ တွေ့ခွင့်ရတော့မည်ဟု သွင်ရိပ်စိတ်လှုပ်ရှားခဲ့သည်။ သွင်ရိပ်ဘာ​ဖြစ်နေနေ သွင်ရိပ်ကို မွေးပေးခဲ့သည့်အမေက သွင်ရိပ်ကို ချစ်မည်ထင်ခဲ့မိသည်။

~

ရုံးခန်းသည် ကွန်ပျူတာစာရိုက်သံ၊ ရေပိုက်မှ ရေစက်ကျသံ၊ နာရီလက်တံလည်သံ စသည့်အသံတို့ကြားရသည်အထိ တိတ်ဆိတ်နေ၏။ တစ်ရုံးလုံး၌ သက်ရှိလူသည် မှူးတစ်ဦးတည်းရှိကာ အားလုံးအလုပ်ဆင်းကြလေပြီ။ မှူးသည် ကွန်ပျူတာမျက်နှာပြင်ကိုသာ တစ်ကမ္ဘာအမှတ်ဖြင့် ကြည့်၍ အလုပ်ကို စိတ်နစ်ထားလေသည်။ ဖုန်းသံမှာ ရုံးခန်းထဲ ခပ်ကျယ်ကျယ်မြည်လာ၏။ အရေးကြီးသည့်အလုပ်မို့ လျစ်လျူရှုထားလိုက်သော်လည်း ဖုန်းသံမှာ ရပ်မသွားပေ။ ဖုန်းကိုင်လိုက်ရလေသည်။

"ဟယ်လို''

"မောင်ဖုန်းခေါ်နေတာကြာလှပြီ၊ ဆယ်ကြိမ်လောက်ဆက်မှကိုင်တော့တယ်"

မှူး လချုပ်စာရင်းဖိုင်များကို လှန်ကြည့်ရင်း စာရင်းစစ်အုပ်စစ်နေမိသည်။

"ကိစ္စရှိလို့လားမောင်''

"ဒီနေ့ဘာနေ့လဲသိလား''

"မှူးမအားဘူးမောင်၊ နောက်မှပြန်ဆက်လိုက်တော့''

မှူးဖုန်းချပစ်ပြီး အလုပ်ပြန်အာရုံစိုက်မိတော့ အခန်းတံခါးခေါက်သံကြားလိုက်ရသည်။ မှူး နာရီတစ်ချက်ကြည့်မိတော့ညရှစ်နာရီ၊၊ ဤအချိန် ရုံး၌ မှူးမှလွဲ၍ မည်သူမှရှိတော့မည်မဟုတ်၊၊ တံခါးကို စိုက်ကြည့်နေစဥ် တံခါးမှာ ဖြည်းဖြည်းပွင့်လာလေသည်။

"လန့်သွားလားမှူး၊ မှူးရဲ့ချစ်သူနေ့သစ်ဇော်ပါ''

ရုံးခန်းသို့ ခပ်ပြုံးပြုံးဝင်လာသည့်ချစ်သူကို ကြည့်ပြီး မှူးခေါင်းခါလိုက်သည်။ မှူး၏ချစ်သူမှာ ယောက်ျားလေးမဟုတ်၊၊ ယောက်ျားကဲ့သို့ ဝတ်စားပြင်ဆင်ထားသည့်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။

"ဖုန်းဆက်ကတည်းက မောင်ရုံးခန်းအပြင်မှာ ရှိနေတာ၊ တစ်ရုံးလုံးအလုပ်ဆင်းကုန်ပြီ၊ ဘာလို့မန်နေဂျာတစ်ယောက်တည်း မဆင်းသေးတာလဲ''

မောင်က အလုပ်စားပွဲကို လက်ထောက်ကာ မှူးကို ခေါင်းငုံ့ကြည့်ပြီး မေးနေသဖြင့် တစ်ချက်ကြည့်လိုက်သည်။

"အိမ်ကို အလုပ်ယူမသွားချင်လို့ ဒီမှာအပြီးဖြတ်နေတာ၊ သူများပိုက်ဆံယူထားရင်် အလုပ်လုပ်ရမှာပေါ့''

"ဟုတ်ပါပြီဗျာ၊ ဒီနေ့ဘာနေ့လဲမှူးမသိဘူးလား၊ စဉ်းစားကြည့်ပါဦးမှူးရဲ့''

မှူး စားပွဲပေါ်မှ ဖိုင်တွဲများကို သိမ်းလိုက်ပြီး အလုပ်လက်စသတ်လိုက်သည်။ ယူရမည့်ပစ္စည်းများရှာရင်း မောင့်အမေးကို ခေါင်းခါလိုက်သည်။

"မှူးကလဲကွာ၊ မောင်တို့ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့လေ"

မှူး မောင့်ကို ခေါင်းမော့ကြည့်လိုက်သည်။

"သြော်...မောင်က ဒါမျိုးတွေလိုက်မှတ်ထားတာလား၊ ကလေးဆန်လိုက်တာမောင်ရယ်"

နေ့သစ်က ပီတိဖြစ်နေသည့်မျက်နှာဖြင့် စားပွဲပေါ်သို့ ကတီပါဘူးအနီ​လေးတစ်ဘူးချပေးသည်။ ဘူးကို ကိုယ်တိုင်ဖွင့်ပြသည်။ ရွှေရောင်နာရီသည် တောက်ပစွာ ကြိုဆိုနေသည်။

"မှူးမလိုဘူးမောင်''

ချက်ချင်းငြင်းလိုက်တော့ နေ့သစ်က မှူးနှုတ်ခမ်းကို သူ့လက်ညှိုးနှင့် ကန့်လန့်ဖြတ်ကာလိုက်သည်။

"ဒီတစ်ခါတော့မငြင်းပါနဲ့မှူးရယ်၊ မောင် မှူးကို အမှတ်တရလက်ဆောင်ပေးချင်လို့ပါ၊ မငြင်းပါနဲ့ကွာ...နော်"

နေ့သစ်က မှူးလက်ကောက်ဝတ်၌ သူကိုယ်တိုင် နာရီကို အမြတ်တနိုးဝတ်ပေးလေသည်။ မှူး နာရီကို စိုက်ကြည့်နေရာမှ နေ့သစ်ကို မော့ကြည့်လိုက်သည်။

"မှူးပြန်ပေးပါ့မယ်၊ မှူးတတ်နိုင်တဲ့ငွေကြေးအရ လက်ဆောင်တစ်ခုခုပေါ့၊ အကြွေးတင်သလို ခံစားရတတ်တဲ့မှူးစိတ်ကို မောင်နားလည်ပေးပါ''

နေ့သစ်က မျက်နှာပျက်သွားလည်း ချက်ချင်းပြန်ထိန်းကာ ခေါင်းညိတ်လေသည်။ ရုံးဆင်းတော့ မှူးလည်း နေ့သစ်ကို နှုတ်ဆက်ကာ အိမ်ပြန်လာခဲ့သည်။ မှူးနေသည့်ရပ်ကွက်condoရှေ့ရောက်တော့ မှူး လှေကားဖြင့် ဒုတိယထပ်သို့ တက်လာသည်။ အခန်းရှေ့ရောက်တော့ အသင့်ရှိနေသည့်သော့ဖြင့် အခန်းတံခါးဖွင့်ဝင်ခဲ့ကာ အိတ်ကို စားပွဲပေါ်မှာတင်ထားရင်း ရေခဲသေတ္တာထဲမှ ရေဘူးယူသောက်ပြီး ရှုပ်ပွနေသည့်ပစ္စည်းများကို စိတ်ပျက်စွာ ကြည့်မိသည်။ ကြမ်းပြင်၌ ပြန့်ကျဲနေသည့်မုန့်ခွံတစ်ချို့နှင့် စားပွဲပေါ်တွင် စားလက်စဖရိုဖရဲဖြစ်နေသောပန်းကန်တစ်ချို့ကို မှူးကောက်ရှင်းလိုက်သည်။ မှူး နေ့သစ်ဝတ်ပေးခဲ့သည့်နာရီကို ကြည့်ပြီး ချွတ်လိုက်ကာ အေပရွန်ဝတ်သည်။ ပြီးတော့ အိုးခွက်ပန်းကန်တွေကို ဘေစင်တွင် ဆေးကြောသည်။အားလုံးဆေးကြောပြီးတော့ စီစီရီရီထားကာ လက်ပတ်နာရီယူပြီး အိပ်ခန်းထဲသို့ ဝင်လာသည်။ မောပန်းကာ တစ်ကိုယ်လုံးစေးကပ်နေသည်မို့ မှူးရေချိုးကယ အိပ်ရာပေါ် ခဏမှေးလိုက်သည်။ ပင်ပန်းနေတော့ အိမ်မောကျသွားလေသည်။

မှူး အိပ်ရာပြန်နိုးလာတော့ နံနက်ခင်းနေရောင်ခြည်မှာ အခန်းမှန်ကို ထိုးဖောက်ဝင်ရောက်နေသည်။ မှူး အမြန်ထကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတော့ မီးဖိုချောင်၌ ပေါင်မုန့်ကြက်ဥကြော်နှင့်ကော်ဖီနှစ်ခွက်ကို မနက်စာအဖြစ် ပြင်ဆင်လိုက်သည်။ စားပွဲပေါ်တွင် သေချာချပြီးတော့ မှူး အိပ်ခန်းတံခါးတစ်ခုကို ခေါက်လိုက်သည်။

"ဒေါက်...ဒေါက်"

"မာမီ မနိုးသေးဘူးလား၊ မှူးမနက်စာပြင်ထားပြီးပြီ၊ မာမီထတော့လေ"

မှူး မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားကာ အခန်းတံခါးလက်ကိုင်ကို လှည့်လိုက်တော့ အလွယ်တကူပွင့်သွားလေသည်။ အခန်းထဲ၌ မည်သူမှမရှိနေပေ။ မှူး ခနဲ့သလို တစ်ချက်ရယ်လိုက်သည်။

"ညကတည်းကအိမ်ပြန်မလာဘူးပေါ့''

မှူး အခန်းတံခါးပြန်ပိတ်ပြီး မနက်စာဝိုင်းတွင် တစ်ယောက်တည်း ထိုင်သည်။ စိတ်မပါလက်မပါစွာ ပေါင်မုန့်ကြက်ဥကြော်ကို တမြုံ့မြုံ့ဝါးရင်း မာမီ့အကြောင်းတွေးမိတော့ သွေးတိုးချင်လာသည်။

"မာမီ့သမီးလေးက မနက်စာတောင် စားနေပါရောလား၊ မာမီက သမီးလေးအတွက် နန်းကြီးသုပ်ဝယ်လာတယ်''

မြူးကြွလန်းဆန်းသည့်အသံနှင့်အတူ မာမီပြန်ရောက်လာသည်။ အားတက်သရောပြောကာ နန်းကြီးသုပ်ကို ပန်းကန်ထဲ ထည့်ပေးနေသောမာမီ့ကို မှူးမော့ကြည့်လိုက်သည်။

"ဒီလိုပျော်နေပုံထောက် နိုင်လာတယ်ထင်တယ်''

"ဒါပေါ့ ဘယ်သူမို့လဲ၊ တေးယစ်မှူးရဲ့မိခင်တေးမာလာပဲလေ၊ ဟင်းဟင်း''

မာမီ၏အူမြူးနေပုံကြည့်၍ မှူးပါးလှပ်လှပ်ပြုံးလိုက်သည်။ ထိုစဥ် အခန်းရှေ့၌ ဘဲလ်သံကြားလိုက်ရ၏။ မှူးထရပ်ရန်လုပ်တော့ မာမီက တားသည်။

"နေနေမှူး၊ မာမီသွားဖွင့်လိုက်မယ်''

မှူး ပြန်ထိုင်၍ ကော်ဖီအရသာခံသောက်နေလိုက်သည်။ ခဏကြာတော့ မာမီနှင့်အတူ သူငယ်ချင်းယမင်းဖြူက သူ့ကလေးချီရင်း ရောက်လာသည်။

"အတော်ပဲကွယ်၊ သမီးယမင်းပါမနက်စာတစ်ခါတည်းဝင်စားလိုက်လေ''

"ဟုတ်အန်တီ''

"အေကွယ်၊ ဒါဆိုသူငယ်ချင်းနှစ်ယောက်စကားပြောကြဦး၊ အန်တီရေသွားချိုးလိုက်ဦးမယ်''

မာမီ မီးဖိုချောင်မှ ထွက်သွားတော့ ယမင်းက ကလေးချီရင်း စားပွဲဝိုင်းတွင် ခုံဆွဲဝင်ထိုင်သည်။ ယမင်းက မာမီ့ကို အထူးအဆန်းလိုက်ကြည့်နေ၏။

"မှူး ဒီနေ့ကျမှ နင့်မာမီက သဘောတွေဇွတ်ကောင်းနေပါလား၊ မိုးကြိုးထပစ်မှာတောင် စိုးရတယ်''

"အေးဟယ် ဖဲနိုင်လာလို့လေ၊ ဒါကြောင့် စိတ်ကြည်နေတာ၊ ဒါနဲ့ နင်က ဘာလာလုပ်တာလဲ''

"ငါ့ကလေး နင့်ကို လာအပ်တာလေ၊ ဒီနေ့ရုံးပိတ်ရက်မလား၊ ငါ ကိုထက်နဲ့ သွားစရာရှိလို့ပေါ့''

မှူး ယမင်းကို မျက်စောင်းလှမ်းထိုးလိုက်သည်။

"ငါက ကလေးထိန်းလား၊ ဒီလိုမလုပ်ချင်လို့ အပျိုကြီးလုပ်ပါတယ်ဆိုမှ တကယ်ပါပဲ၊ အကြီးကောင်ရော''

"သူ့အဘွားဆီမှာ ထားခဲ့တယ်၊ ကိုထက်ဝမ်းကွဲညီမလေးသွင်ရိပ်က ကူထိန်းပေးမယ်ဆိုလို့ သွင်ရိပ်ဆိုမှ တစ်နေ့သူ့အကြောင်းလာပြောပြမယ်၊ ကလေးမလေးက သနားစရာလေး''

"ငါ သူများအကြောင်းစိတ်မဝင်စားဘူး၊ ဒါနဲ့များဒီတစ်ယောက်ကိုပါထားခဲ့တာမဟုတ်ဘူး၊ ငါအလုပ်ရှုပ်ရအောင်လို့"

"ငါစိတ်မချလို့ပါမှူးရယ်၊ ကိုထက်က မကြာခင်သင်္ဘောပြန်တက်တော့မှာ၊ ပြောရဦးမယ် ညတုန်းက ငါတို့လင်မယား night outထွက်တာ နေ့သစ်နဲ့ တွေ့သေးတယ်၊ မနေ့က နင်တို့နှစ်ပတ်လည်ဆို သူ့တစ်ယောက်ထဲ ဘယ်လိုဖြစ်တာလဲ"

"မောင် ငါ့အကြောင်း နင်တို့လင်မယား
ကို ဘာပြောသေးလဲ''

"ငါ့ကိုပြောတာတော့မဟုတ်ဘူး၊ ကိုထက်ကို ပြောတာပါ၊ ပြောတာတော့အစုံပဲဟာ၊ နင်က မာနအရမ်းကြီးတယ် ဘာညာအစုံပေါ့၊ နင်ကလည်း ချစ်သူချင်းကို နည်းနည်းလျှော့လျှော့ပေါ့ပေါ့နေမှပေါ့၊ နင်အဲလိုခပ်တင်းတင်းနေတာ နေ့သစ်ကို သိမ်ငယ်စေတယ်ဟ"

"ငါ့မကောင်းကြောင်းဖောက်သည်လိုက်ချနေတယ်ပေါ့၊ တွေ့မယ်နေ့သစ်"

မှူး လက်သီးဆုပ်ကာ နှုတ်ခမ်းမဲ့ပစ်လိုက်တော့ ယမင်းက အငြိမ်မနေသည့်ပူတူးကို အတင်းဆွဲချုပ်နေရင်း ကြည့်လာသည်။

"ဖောက်သည်ချတာမဟုတ်ပါဘူးဟာ၊ နေ့သစ်နဲ့ကိုထက်က ဟိုးငယ်ငယ်​​တည်းက သူငယ်ချင်းတွေလေ၊ ပြောရရင် နေ့သစ်မိန်းကလေးပုံစံကနေ ယောက်ျားလေးပုံစံပြောင်းသွားတာ ကိုထက်နဲ့အပေါင်းများလို့တောင်ပြောလို့ရတယ်၊ ပြီးတော့ နှစ်ပတ်လည်နေ့လေးမှာ သူ့ကို အချိန်ပေးသင့်တာပေါ့၊ ညနက်ထိ အလုပ်ထိုင်လုပ်နေပြီး ဒီတိုင်းပြန်လွတ်လိုက်ရလား၊ နင်တော့...''

မှူး ယမင်းဆီမှ ကလေးကို ဆွဲယူချီလိုက်သည်။

"တော်ပါတော့ယမင်းရယ်၊ နင်လဲ မောင့်ဆီက ရှေ့နေခယူထားသလားမှတ်ရတယ်၊ အမြဲတမ်း ငါ့ဘက်မပါဘူး၊ သွားတော့ မြန်မြန်ပြန်လာဦး''

"အေးပါ၊ သားလေးအတွက် လိုအပ်တာတွေ ဧည့်ခန်းထဲက ငါ့အိတ်ထဲမှာအကုန်ပါတယ်''

မှူး ပူတူးလေးကို ချီရင်း ထမင်းစားခန်းထဲမှ ယမင်းနှင့်အတူထွက်လာခဲ့သည်။

"ပူတူးလေး မေမေ့ကို နှုတ်ဆက်လိုက်ပါဦး''

မှူး ပူတူးလက်ကို ယူကာ ယမင်းကို တာ့တာလုပ်ပြတော့ ပူတူးလေးက တခစ်ခစ်ရယ်လေသည်။ ယမင်းထွက်သွားတော့ မှူးလည်း ကလေးချီကာ ကျန်နေခဲ့သည်။

~

နေ့သစ် ဓာတ်ပုံရိုက်ပြီးသွား၍ studio ခန်းထဲမှ ထွက်လာသည်။ Customerမရှိတော့သဖြင့် computerထဲမှ ဓာတ်ပုံတစ်ချို့ကို ပြန်လည်ကြည့်နေမိသည်။ ပြီးတော့ မှူးကို သတိရ၍ ဖုန်းခေါ်လိုက်သည်။

မှူးသည် ဘယ်တော့မှ တစ်ကြိမ်ဆက်ရုံနှင့် ဖုန်းမကိုင်တတ်။ စိတ်ရှည်လက်ရှည်လက်ပွန်းအောင်ခေါ်မှ နည်းနည်းအဖက်လုပ်ချင်သည်။ ပြီးတော့ ဖုန်းဆက်လျှင် အကြောင်းတစ်ခုခု ပြောဖို့ရှာရသေးသည်။ အကြောင်းကိစ္စမရှိဘဲ သတိရ၍ ဖုန်းဆက်တယ်ဆိုလျှင် အပိုဟု သူမမြင်သည်။

သူမက လူတစ်မျိုးဖြစ်၏။ သူမနှင့် တွဲလာသည့် တစ်နှစ်ကျော်၌ ဘယ်တုန်းကမှ ကျွန်တော့်ကို ကိစ္စမရှိဘဲ ဖုန်းမဆက်သလို တကူးတကချိန်းတွေ့တယ်ဆိုတာလည်းမရှိပေ။ ချစ်လားဟု ကျွန်တော်မေးတိုင်း သူမပြန်ဖြေတာက ခဏခဏမမေးနှင့် မဖြေချင်ဘူး မာနထိခိုက်တယ်ဟုပြောတတ်သည်။

သူမက ကျွန်တော့်ကို ဘယ်တုန်းကမှ အခက်အခဲကြုံတိုင်း အကူအညီမတောင်းဖူးသလို ကိုယ့်ကိုယ်ကိုယ်သာအားကိုးတတ်သည့်လူမျိုး။ ကျွန်တော်က ဓာတ်ပုံဆရာမို့ model ကောင်မလေးအများကြီးနှင့် ပတ်သက်ရလျှင်တောင် သူမရစ်တာတွေငြိုငြင်တာတွေမရှိ။ သူမအမြဲပြောတတ်သည်။

"မောင့်ကို မချုပ်ခြယ်ဘူး၊ မှူးကိုလည်း မချုပ်ခြယ်နဲ့''ဟုဖြစ်သည်။ ကျွန်တော် မှူးကို သိပ်ချစ်ပေမဲ့ တစ်ခါတစ်လေတော့လည်း သူမလုပ်ရပ်တွေကို စိတ်မကောင်းဖြစ်မိသည်။

"ချေလိုက်တာလွန်ရောဒေါ်တေးယစ်မှူး၊ ဒါကိုပဲ ဒီလူက ရူးမတတ်ချစ်နေရတာ''

နေ့သစ်ဆိုင်ပိတ်ထားခဲ့ကာ ထက်နောင်အဘွားဆီသို့ ကားဖြင့် ထွက်လာသည်။ခြံရှေ့ရောက်တော့ ဟွန်းသုံးလေးချက်တီးလိုက်သည်နှင့် ကောင်မလေးတစ်ယောက်ခြံတံခါးလာဖွင့်ပေးသည်၊၊ ပုံစံက ဖြူဖြူနုနုဖတ်ဖတ်နှင့်​သေးသေးလေး။ အဝတ်အစားခပ်နွမ်းနွမ်းကြောင့် ဒီအိမ်က မိသားစုတော့ ဖြစ်ဟန်မတူ၊၊

နေ့သစ် ခြံထဲ ကားမောင်းဝင်သွားပြီး နောက်ကြည့်မှန်မှ ကြည့်လိုက်တော့ ကောင်မလေးက ခြံတံခါးပြန်ပိတ်နေလေသည်။ နေ့သစ် ကားပေါ်မှ ဆင်းကာ အိမ်ထဲဝင်လာတော့ အန်တီချို၏သမီး ရတီချိုက ဧည့်ခန်း၌ ဖုန်းကြည့်နေလေသည်။

"ရတီ''

နေ့သစ်ခေါ်လိုက်တော့ ရတီက ဖျတ်ခနဲလှည့်ကြည့်သည်။

"ကိုထက်နောင်မရှိဘူး၊ တွေ့ချင်ရင် သူ့အိမ်လိုက်သွား''

"ကိုယ်က ထက်နောင်ဆီလာတာမဟုတ်ဘူး၊ အဘွားနေသိပ်မကောင်းဘူးကြားလို့ အဘွားဆီလာတာ''

ရတီက ဖုန်းပိတ်ပြီး ထရပ်ကာ နေ့သစ်နောက်၌ ရပ်နေသည့်ကောင်မလေးကို ခပ်မာမာအော်ခေါ်၏။

"သွင်ရိပ်ချို သူ့ကို အဘွားဆီခေါ်သွားပေးလိုက် ပြီးရင် ငါ့ဆီခဏလာဦး၊ ငါနင့်ကို ခိုင်းစရာရှိလို့''

"ဟုတ်မမရတီ''

ရတီက ပြောပြီး ခြံထဲဆင်းသွားတော့ သွင်ရိပ်ချိုဆိုသည့်ကလေးမလေးက နေ့သစ်ကို အဘွားအခန်းဆီ ခေါ်လာပေးသည်။ အခန်းရှေ့ရောက်တော့ သူမလေးက အခန်းတံခါးခေါက်သည်။

"ဘွားဘွားရေ သွင်ရိပ်ပါ၊ ဒီမှာကိုကိုတစ်ယောက်က ဘွားဘွားကို တွေ့ချင်လို့တဲ့၊ ဝင်လာခိုင်းလိုက်ရမလား''

"ဝင်လာခိုင်းလိုက်လေမြေးရဲ့''

"ဒီကအစ်ကို ဘွားဘွားက ဝင်ခဲ့တဲ့၊ သွင်ရိပ်သွားလိုက်ပါဦးမယ်''

နေ့သစ်ခေါင်းညိတ်တော့ ကောင်မလေးက ဧည့်ခန်းသို့ ခပ်သုတ်သုတ်ထွက်သွားလေသည်။ နေ့သစ် အခန်းထဲဝင်သွားတော့ အဘွားက ကုတင်ပေါ်၌ မှီထိုင်နေလေသည်။

"ဟော! ဘယ်သူများလဲလို့ မိသစ်ဖြစ်နေတာကိုး''

နေ့သစ်ရယ်ပြီး ကုတင်ဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

"မိသစ်လို့မခေါ်ပါနဲ့အဘွားရဲ့၊ ကြားရတာ နားကလိတယ်''

နေ့သစ်ပြောလိုက်တော့ အဘွားကဟက်ဟက်ပက်ပက်ရယ်တော့သည်။ နေ့သစ် အဘွားလက်ကို ယူကာ ခပ်ဖြည်းဖြည်းနှိပ်ပေးနေ၏။

"ခုနက ကလေးမလေးက ဘယ်သူလဲအဘွားရဲ့၊ အရင်ကတစ်ခါမှမတွေ့ဖူးပါဘူး''

"ဘယ်သူဖြစ်ရမှာလဲကွယ်၊ မြင့်မာချိုရဲ့သမီးငယ်လေးပေါ့၊ ဒီအရွယ်ရောက်မှ အဘွားမှာ ကိုယ့်မြေးလေးကို တွေ့ခွင့်ရတာ''

နေ့သစ် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"အန်တီချိုရဲ့သမီးလား၊ ဒါဆို ရတီ့ညီမပေါ့၊ ကိုယ့်ညီမကို ရတီပြောဆိုပုံက အစေခံလိုပဲ''

"မပြောချင်ပါဘူးအေ၊ ဒီအိမ်ရောက်ကတည်းက မြေးလေးကို ဟိုလူကခိုင်းလိုက် ဒီလူကဆူလိုက် သူ့ခမျာ နေစရာတောင် မရှိဘူး၊ အဘွားလဲအသက်ကြီးပြီဆိုတော့ အဘွားစကားကို အရေးမစိုက်ကြတော့ဘူးကွယ်''

နေ့သစ် ကလေးမလေးကို သနားသွားမိသည်။ အဘွားပြောပြ၍ ဒီအိမ်၏ ရှုပ်ထွေးလွန်းလှသည့်မိသားစုအကြောင်း အနည်းအကျဉ်းတော့ သိထားသည်။

~

"အမေကလည်း ပိုက်ဆံဆယ်သိန်းလောက်ချေးတာ ဘာဖြစ်မှာမို့လဲ၊ ပြန်ဆပ်မှာပေါ့''

"ဟဲ့ ငါ့မှာမရှိဘူးလို့ပြောနေတယ်လေ၊ ညည်းနားမလည်ဘူးလား၊ ဒီအဘွားကြီးက ဘာအလုပ်မှမရှိတာ ပိုက်ဆံဘယ်ကရှိမှာလဲ၊ လိုချင်ရင် ညည်းအစ်မဆီမှာတောင်း''

ဧည့်ခန်းမှ ထွက်လာသည့်ခပ်ကျယ်ကျယ်စကားလုံးတွေကြောင့် သွင်ရိပ် မီးဖိုချောင်ထဲ၌ ဟင်းရွက်ခြွေနေရာမှ မသိမသာချောင်းကြည့်မိသည်။ မေမေ၏ညီမဖြစ်သူ ဒေါ်ခင်မေက ဘွားဘွားဆီ၌ ပိုက်ဆံလာချေး​နေခြင်းဖြစ်သည်။

"မမချိုနဲ့ကျွန်မက မျက်နှာကြောတည့်တာမှမဟုတ်တာ၊ ပြီးတော့ သူ့ဆီမှာလည်း အောက်ကျို့မခံနိုင်ဘူး''

ထိုစဥ် ပါးစပ်ပိတ်ပြီး နားထောင်နေသည့်ကိုကြီးထက်နောင်က ဝင်ပြောလေသည်။

"ဒေါ်လေးတို့ကလည်း လွန်ပါတယ်ဗျာ၊ ဟိုတလောကပဲ ငွေလိုလို့ အဘွားကသိန်းသုံးဆယ်ချေးပေးခဲ့တာဆို အဲဒါတောင် ပြန်မဆပ်သေးဘဲနဲ့များ''

ဒေါ်ခင်မေက နှုတ်ခမ်းမဲ့ကာ ကိုထက်နောင်ကို ရန်တွေ့သည်။

"အမေနဲ့ငါ့ကြားကကိစ္စ မင်းနဲ့ဘာဆိုင်လဲ၊ မင်းကို ငါတို့အစ်ကိုအကြီးဆုံးရဲ့သားဆိုပြီး ဂရုစိုက်မယ်များထင်နေလား''

ကိုထက်နောင်က ဘာမှမပြောတော့ဘဲ မျက်မှောင်ကြုတ် ထိုင်နေတော့သည်။

"ပိုက်ဆံမရှိရင်လည်း ဒီအိမ်ကြီးကိုရောင်းလိုက်တော့မေမေရာ၊ ပြီးတော့ တန်ရာတန်ကြေးခွဲယူတာပေါ့''

"ငါမသေသေးဘူး၊ ညည်းက အမွေခွဲချင်နေပြီပေါ့လေ၊ ညည်းတို့ ဒီအိမ်ရောင်းချင်ရင် ငါသေမှပဲရမယ်''

သူတို့တစ်ယောက်တစ်ခွန်းပြောနေသည့်စကားတွေကြားပြီး သွင်ရိပ် ဘွားဘွားကို သနားမိသည်။ မေမေအပါဝင် သားသမီးများအားလုံးက အဘွားကို တစ်နေ့တစ်မျိုးစိတ်ဆင်းရဲအောင်လုပ်နေကြသည်၊

"ဟဲ့ သွင်ရိပ်ချို ညည်းဘယ်မှာလဲ၊ ဒီကိုမြန်မြန်လာစမ်း''

မေမေ့အသံကြောင့် သွင်ရိပ် ဟင်းရွက်ခြွေနေရာမှ အိမ်ရှေ့သို့ အမြန်ပြေးထွက်လာခဲ့သည်။ မေမေက လှေကားခြေရင်း၌ ရပ်နေတော့ သွင်ရိပ် မေမေ့ရှေ့တွင် ကျုံ့ကျုံ့လေးရပ်လိုက်သည်။ ဒေါ်လေးခင်မေက ဧည့်ခန်း၌ ထိုင်နေရာမှ သွင်ရိပ်တို့ဆီ လျှောက်လာ၏။

"မိုးကုတ်က ခေါ်လာတဲ့မမချိုရဲ့သမီးလေးဆိုလား၊ အိမ်က အလုပ်သမားနဲ့ ခိုးရာလိုက်ပြေးသွားတာ ကျွန်မ အခုမှပြန်မှတ်မိတယ်''

လှောင်ရယ်ပြောနေသောဒေါ်လေးခင်မေကို မေမေက အံကြိတ်ကြည့်သည်။

"မိခင်မေ ပါးနှစ်ဖက်မနာချင်ရင် ညည်းပါးစပ်ကို ပိတ်ထား၊ ပိုက်ဆံလိုချင်ရင် လေသံကိုပြင်လိုက်''

မေမေက ဒေါ်လေးခင်မေကို ပြောပြီးသည်နှင့် သွင်ရိပ်လက်ထဲသို့ တစ်သောင်းတန်တစ်ရွက်ထည့်ပေးသည်။

"ကြေအိုးပါဆယ်တစ်ပွဲဝယ်ခဲ့ သုံးလမ်းကျော်မှာဆိုင်ရှိတယ်၊ မြန်မြန် ခြံထဲကစက်ဘီးနဲ့သွား"

"ဟုတ်ကဲ့ရှင့်''

သွင်ရိပ် ပိုက်ဆံယူပြီး ခြံထဲမှ စက်ဘီးနှင့် ကြေးအိုးဆိုင်သို့ ထွက်လာခဲ့သည်။

~

မှူး ပါးပြင်၌ သနပ်ခါးအရည်ကြည်လေးကို ပေါ့ပေါ့ပါးပါးလိမ်းပြီး နက်မှောင်တောက်ပကာ ခါးနားထိရှည်သောဆံနွယ်ကို တစ်ဝက်စည်းနှောင်လိုက်သည်။ အသားရောင်ကိုယ်ကျပ်အင်္ကျီနှင့်ထဘီအနက်ကို တွဲဖက်ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာတော့ မာမီက အပြင်သွားရန်ပြင်နေသည်။ မျက်နှာ၌ မိတ်ကပ်အပြည့်ဖြင့် တောက်ပြောင်သည့်အဝတ်အစားကို ဝတ်ဆင်ထားသောမာမီ့ကို မှူးကြည့်လိုက်သည်။

"ညနေရောက်တော့မယ်၊ မာမီက ဘယ်သွားဖို့လဲ''

မာမီသည် လက်ကိုင်အိတ်ကို ယူပြီး ဒေါက်ဖိနပ်ကို ကပျာကယာထိုးစီးနေ၏။

"ဟိုမိန်းမတွေနဲ့ချိန်းထားလို့ နောက်တောင် ကျနေပေါ့၊ ဒီညဝိုင်းကောင်းရင် မာမီအိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး၊ မှူး ညစာ ကိုယ့်ဟာကိုယ်အဆင်ပြေသလိုစားလိုက်''

"နေပါဦး၊ လောင်းကစားလုပ်ဖို့ မာမီ့မှာပိုက်ဆံရှိလို့လား''

မာမီက သူ့လက်ကိုင်အိတ်ကို မြှောက်ပြသည်။

"မှူးအံဆွဲထဲက ယူလိုက်တာလေ၊ မှူးကို မာမီနှစ်ဆပွားပေးမယ်၊ သွားပြီ''

"ဟင်! မာမီ...မာမီ''

ထွက်သွားနှင့်ပြီဖြစ်သော မာမီ့ကို ကြည့်ရင်း မှူးဆွံ့အကျန်နေခဲ့သည်။ ဤပိုက်ဆံများမှာ ၎င်းတိုက်ခန်းကို ဆက်ငှါးရန် မှူးစုထားတာဖြစ်၏။ နှစ်ချုပ်ဌားထားတာ စာချုပ်သက်တမ်းပြည့်တော့မည်မို့ မာမီလုပ်တာနှင့် မှူးလမ်းဘေးရောက်တော့မည်။

မှူး ပိန်ကပ်နေသည့်ပိုက်ဆံအိတ်လေးကိုယူကာ လိုအပ်တာများဝယ်ရန် လမ်းထိပ် mini martအသေးစားသို့ ထွက်လာသည်။ မှူး လမ်းလျှောက်လာစဥ် ရှေ့တည့်တည့်တိုးဝင်လာသည့်စက်ဘီးတစ်စီးကြောင့် မှူးခြေလှမ်းရပ်လိုက်သည်။ စက်ဘီးက မှူးရှေ့ ရုတ်တရက်ရပ်သွားပြီး စက်ဘီးစီးလာသည့်ကောင်မလေးက မျက်နှာရှုံ့မဲ့မဲ့ဖြင့် စက်ဘီးကို လွတ်ချကာ လမ်းဘေးတွင်ထိုင်ချတော့ မှူးကြောင်သွားသည်။ မတိုက်မိပါဘဲ ဘာကြောင့်လဲချသလဲဆိုသည့် အကြည့်တို့က စူးရဲနေ၏။

"ဟင့်...အဟင့်၊ အရမ်းနာတယ်၊ မမ သွင်ရိပ်ကို ကယ်ပါဦး၊ ခြေသလုံးက နာလို့ ကြွက်တက်တာလားမသိဘူး''

ကောင်မလေးက သူ့ခြေထောက်ကိုသူ ဖိကိုင်ပြီး ငိုနေတော့သည်။ မှူး ကောင်မလေးရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်တော့ သူမလေးက မှူးလက်တစ်ဖက်ကို အားကိုးတကြီး ဆုပ်ကိုင်လာသည်။

"မမ သွင်ရိပ်ခြေထောက်က အရမ်းအောင့်တယ်''

မှူး ကောင်မလေး၏ဖြူသန့်နေသည့်ခြေထောက်ကို ကြည့်ကာ ကိုင်ရန်ဝန်လေးနေသည်။ ကိုယ်နှင့် မသိသည့် သူစိမ်းဖြစ်သည့်အပြင် ကိုယ့်ထက်ငယ်သူ၏ခြေထောက်ကို မှူးမကိုင်ချင်ပေ။ မျက်နှာတစ်ခုလုံးစိုရွဲနေအောင် ငိုနေသည့်ကောင်မလေးကြောင့် မှူးသက်ပြင်းချကာ ကောင်မလေး၏ညာခြေထောက်ကို ကိုင်ပြီး နှိပ်ပေးလိုက်သည်။

"သက်သာလား၊ နာသေးလား''

"နည်းနည်းတော့နာတယ်၊ ဒါပေမဲ့ ခုနထက်တော့ မနာဘူး''

ကောင်မလေးက မျက်ရည်ဘယ်ညာသုတ်ကာ ပြောလာတော့ မှူး သူမခြေထောက်ကို လွတ်လိုက်သည်။

"ထနိုင်လား''

"ဟုတ်မမ''

ကောင်မလေးက ထရန် မနည်းကြိုးစားနေသဖြင့် မှူး သူမလက်တစ်ဖက်ကို ကူတွဲပေးလိုက်သည်။

"ခုနက စက်ဘီးနင်းနေရင်း အရမ်းနာလာတာ၊ မမကူညီလို့ တော်သေးတာပေါ့၊ ကျေးဇူးပါနော်''

မှူးထွက်သွားရန်လုပ်တော့ကောင်မလေးက မှူးလက်ကို ဆွဲထားပြန်သည်။

"မမဘယ်သွားမှာလဲ၊ သွင်ရိပ်က ကြေးအိုးလာဝယ်တာ ဆိုင်ရှာမတွေ့လို့''

"ဒီနားမှာ ကြေးအိုးဆိုင်မရှိဘူး၊ ဒီလမ်းအဆုံး လမ်းမကြီးရဲ့တစ်ဖက်ကို ကူးသွားရင် အဲမှာရှိတယ်''

"ကျေးဇူးပါမမ''

မှူး ကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ စိတ်မရှည်စွာ သူမလက်ကို ဖြုတ်ချပြီး ထွက်လာခဲ့သည်။

====

ဆက်ရန်။
#ကြွေ

ကားမွန္အျပင္ဘက္ရွိ လူေနမႈအဆင့္အတန္းျမင့္လွသည့္ အထပ္ျမင့္တိုက္ႀကီးမ်ား၊ က်ယ္ဝန္းလွေသာ ကတၱရာလမ္းေပၚမွ အေရာင္အေသြးစုံလွသည့္ကားမ်ား၊ ဘဝေနထိုင္မႈအမ်ိဳးမ်ိဳးအဖုံဖုံရွိၾကသည့္ မ်ားစြာေသာလူတို႔ကို သြင္ရိပ္ မျမင္ဖူးစြာ ေငးၾကည့္ေနသည္။ စီးလာေသာကားသည္ ၿခံစည္းရိုးျမင့္ျမင့္ကာရံထားေသာ ႏွစ္ထပ္တိုက္အိမ္ႀကီး၏ၿခံဝန္းတြင္း ေမာင္းဝင္သြား၏။ ျမင္သမွ်အရာရာမွာ စိမ္းသက္ေနသျဖင့္ စိတ္လႈပ္ရွားသည္။ ထိုေၾကာင့္ ကားေမာင္းေနသည့္ ကိုထက္ေနာင္ကို အားကိုးတႀကီးၾကည့္မိေလသည္။ ကိုထက္ေနာင္က ၿခံဝန္းထဲ ကားရပ္ၿပီး သြင္ရိပ္ကို ကားတံခါးဆင္းဖြင့္ေပးလာ၏။ အဝတ္ထုပ္ေလးပိုက္၍ ကားေပၚမွ မရဲတရဲဆင္းရင္း ၿခံထဲ ေဝ့ၾကည့္မိေတာ့ လူရိပ္သူရိပ္မေတြ႕ေပ။

"အိမ္ထဲဝင္ရေအာင္''

ကိုထက္ေနာင္က သြင္ရိပ္အဝတ္ထုပ္ကူဆြဲေပးရန္ လက္လွမ္းယူေတာ့ သြင္ရိပ္မလြတ္ေပးဘဲ ျပန္ဆြဲထားလိုက္သည္။

"သြင္ရိပ္မသြားရဲဘူး၊ သြင္ရိပ္ေၾကာက္တယ္ကိုႀကီး''

"ဘာမွေၾကာက္စရာမရွိဘူး၊ ဒီအိမ္က သြင္ရိပ္ေနရမဲ့အိမ္ သြင္ရိပ္အေမလည္းရွိေနတာပဲ''

ကိုထက္ေနာင္က သြင္ရိပ္လက္ကိုဆုပ္ကိုင္ကာ အိမ္ထဲသို႔ ေခၚသြားေတာ့ သြင္ရိပ္ အားတင္းလိုက္လာခဲ့သည္။ အိမ္ထဲသို႔ ေျခခ်မိေတာ့ ဧည့္ခန္းထဲတြင္ ဝွီးခ်ဲေပၚထိုင္ေနေသာ အသက္ေျခာက္ဆယ္အ႐ြယ္ခပ္ဝဝအမ်ိဳးသမီးႀကီးတစ္ဦးႏွင့္အသက္ေလးဆယ္အ႐ြယ္ဦးေလးတစ္ဦးစကားေျပာေနၾကသည္။ သြင္ရိပ္မွာ မ်က္စိသူငယ္နားသူငယ္ျဖစ္ကာ အလြန္ေၾကာက္ေနမိသည္။

"အဘြား ကြၽန္ေတာ္ သြင္ရိပ္ကို ေခၚလာပါၿပီ၊ အဘြားေျမးကို ၾကည့္ပါဦး''

ကိုထက္ေနာင္က အဘြားကို လွမ္းေျပာေတာ့ သြင္ရိပ္ ကိုထက္ေနာင္ေဘးတြင္ ခပ္ကုပ္ကုပ္ရပ္၍ ေခါင္းငုံ႕ထားလိုက္သည္။ အဘြားက သြင္ရိပ္ကို ႏွစ္လိုဖြယ္အၿပဳံးျဖင့္ ဆီးႀကိဳေလ၏။

"ဒီကိုလာပါဦးကြယ္၊ အဘြားေျမးေလးကို ၾကည့္ခ်င္လို႔''

သြင္ရိပ္ မသြားရဲဘဲ ကြယ္ရပ္ေနေတာ့ ကိုထက္ေနာင္က သြားရန္ ေခါင္းညိတ္ျပသည္။ သြင္ရိပ္ အဘြားဆီ ေလွ်ာက္သြားကာ အဘြားေရွ႕၌ က်ဳံ႕က်ဳံ႕ေလးရပ္ေတာ့ အဘြားက သြင္ရိပ္လက္ကို အသာဆြဲယူၿပီး မ်က္ႏွာကို ၾကည့္သည္။ ေသေသခ်ာခ်ာ စူးစမ္းၾကည့္ေန၏။

"ေျမးမေလးက အဘြားငယ္ငယ္ကအတိုင္း မိန္းမေခ်ာေလးပဲ၊ နာမည္ဘယ္လိုေခၚလဲကြယ္''

"သြင္...သြင္ရိပ္ခ်ိဳပါဘြားဘြား"

"အသက္ကေရာကြယ့္''

"တစ္ဆယ့္ရွစ္ႏွစ္ပါဘြားဘြား''

အဘြားက ဒီအ႐ြယ္ေတာင္ ရွိသြားၿပီလားဟူသည့္အၿပဳံးျဖင့္ ဆိုဖာတြင္ ထိုင္ေနေသာဦးေလးကို လွည့္ၾကည့္သည္။

"မင္းမိန္းမျမင့္မာခ်ိဳေရာ ဘယ္မလဲကြယ့္ေမာင္မ်ိဳးနိုင္''

"ခ်ိဳက သမီးနဲ႕အတူ shoppingထြက္သြားတာအေမ၊ ျပန္လာေတာ့မွာပါ''

"အခုဖုန္းဆက္ ျမန္ျမန္ျပန္လာခဲ့ သူ႕သမီးသြင္ရိပ္ေရာက္ေနတယ္လို႔ေျပာလိုက္ၾကားလား''

ဦးမ်ိဳးနိုင္က သြင္ရိပ္ကို မႏွစ္သက္သလို ခပ္စိမ္းစိမ္းၾကည့္ၿပီး ဖုန္းဆက္ရန္ ထထြက္သြားေလသည္။ အဘြားကစိတ္ပ်က္သြားဟန္ သက္ျပင္းေမာခ်ရင္း သြင္ရိပ္ကို အနားရွိ ခုံတြင္ ထိုင္ေစေလသည္။

"လာထိုင္ပါဦးကြယ္၊ ေျမးေလးအေဖရဲ႕နာေရးေရာ အဆင္ေျပေျပၿပီးသြားရဲ႕လား''

"ဟုတ္ဘြားဘြား၊ အိမ္နီးနားခ်င္းေတြက သြင္ရိပ္ကို ကူညီေပးၾကတယ္''

"ဘြားဘြားလည္း ၾကားၾကားခ်င္းစိတ္မေကာင္းပါဘူးကြယ္၊ အသက္ႀကီးေတာ့လာလို႔ မေရာက္ဘူး၊ ဒါေၾကာင့္ ေျမးေလးရဲ႕အကိုႀကီးေမာင္ထက္ေနာင္ကိုပဲ ေျမးေလးကို ေခၚလာခိုင္းလိုက္ရတာ၊ ဘာမွအားမငယ္နဲ႕ကြယ္၊ ေျမးေလးမွာ အေဖမရွိေတာ့ေပမဲ့ အဘြားရွိတယ္ကြယ့္''

သြင္ရိပ္ေခါင္းညိတ္ကာ ခုံတြင္ ညွိုးငယ္စြာ ထိုင္ေနမိသည္။ အားမငယ္ႏွင့္ဆိုမွ အားငယ္စိတ္ပိုဝင္ကာ ငိုခ်င္လာသည္။ အေဖ့ကို သတိရမိသည္။

ထိုစဥ္ အသက္၂၅ႏွစ္အ႐ြယ္ခပ္ေခ်ာေခ်ာအမ်ိဳးသမီးတစ္ေယာက္သည္ တစ္ႏွစ္အ႐ြယ္ကေလးတစ္ဦးကို ခ်ီၿပီး ေလးႏွစ္အ႐ြယ္ကေလးတစ္ေယာက္ကို လက္ဆြဲကာ သြင္ရိပ္တို႔ဆီ ေလွ်ာက္လာေနၾကသည္။ ကိုထက္ေနာင္က ထိုမိန္းကေလးလက္ထဲမွ ကေလးကို ေပြ႕ခ်ီကာ သြင္ရိပ္ေဘး၌ ဝင္ထိုင္ေလသည္။ ထိုမိန္းကေလးက ေလးႏွစ္အ႐ြယ္သားႏွင့္အတူ ေရွ႕က ခုံတြင္ ဝင္ထိုင္ကာ သြင္ရိပ္ကို ၿပဳံးျပေလသည္။

"သြင္ရိပ္ ဒီအစ္မက ကိုႀကီးရဲ႕ဇနီး ယမင္းျဖဴတဲ့၊ ဟိုမွာ ကိုႀကီသားအႀကီးေယာက္ ဒီမွာက အငယ္ သြင္ရိပ္ရဲ႕တူေလးေတြေပါ့''

"ဟုတ္ကဲ့ကိုႀကီး၊ သြင္ရိပ္က ကိုႀကီးရဲ႕ဝမ္းကြဲညီမေလးပါရွင့္''

"ကိုထက္ေျပာလို႔ အစ္မသိၿပီးသားပါ၊ ညီမေလးက ခ်စ္စရာေလးပဲ၊ မိုးကုတ္သူအေခ်ာေလး''

မယမင္းက ခ်စ္စရာေလးဟုေျပာတာေတာင္ သြင္ရိပ္သိပ္မရယ္ၿပဳံးနိုင္ပါ။ ေမေမ့ကို ေတြ႕ရေတာ့မည္မို႔ အလြန္စိတ္လႈပ္ရွားေနမိသည္။ ထိုေနာက္ လူႀကီးမ်ား စကားအျပန္အလွန္ေျပာေနၾကသျဖင့္ ၿငိမ္နားေထာင္ေနရင္း အနည္းငယ္ၾကာလာသည္။

အိမ္ထဲသို႔ လူဝင္လာသည့္အသံၾကားသျဖင့္ သြင္ရိပ္ တံခါးဘက္သို႔ လွမ္းၾကည့္လိုက္မိသည္။ ဦးမ်ိဳးနိုင္ႏွင့္အမ်ိဳးသမီးတစ္ဦး။ အမ်ိဳးသမီးတစ္ဦးဆိုျခင္းထက္ သြင္ရိပ္အေမ။ ၿပီးေတာ့ အသက္ႏွစ္ဆယ္အ႐ြယ္မိန္းကေလးတစ္ဦး။ သူတို႔အတူ အိမ္ထဲသို႔ ဝင္လာသည္။ အေမ့မ်က္လုံးတို႔သည္ သြင္ရိပ္အေပၚသို႔ မေက်နပ္စြာ က်ေရာက္လာသျဖင့္ သြင္ရိပ္လန့္ေနမိသည္။

"ညည္း ဒီအိမ္ကို ဘာလာလုပ္တာလဲ၊ အဆင့္အတန္းမရွိတဲ့သူေတြနဲ႕ ငါမပတ္သက္ခ်င္ဘူး၊ ငါ့အိမ္ကေန အခုခ်က္ခ်င္းထြက္သြား''

သြင္ရိပ္ကို လက္ညိုးေငါက္ေငါက္ထိုးကာ အိမ္ထဲမွ ထြက္သြားရန္ ေျပာဆိုေနေသာအေမ့အျပဳအမူေၾကာင့္ သြင္ရိပ္ရင္ထဲနစ္သြားရကာ မ်က္ရည္စီးက်လာေလသည္။

"ျမင့္မာခ်ိဳ ညည္းဘာလို႔ကိုယ့္ကေလးကို ဒီလိုေျပာရတာလဲ၊ ညည္းႏွယ္ေအ ဝမ္းနဲ႕လြယ္ေမးထားတဲ့ေသြးသားကို အေမမပီသစြာ ေျပာထြက္ရလားေအ၊ ဘာမွ ကေလးကို ႏွင္ထုတ္စရာမလိုဘူး၊ ဒီအိမ္က ငါ့အိမ္ ဆင္းခ်င္ရင္ ညည္းဆင္း''

"အေမက သူ႕ဘက္ပါေနတာလား၊ ခ်ိဳ႕မွာ ကေလးတစ္ေယာက္ပဲ ရွိတယ္၊ အဲဒါက သမီးေလးရတီခ်ိဳပဲ၊ သူက ခ်ိဳ႕ကေလးမဟုတ္ဘူး၊ သူ႕ကို ခ်ိဳ႕ကေလးလို႔ မသတ္မွတ္နိုင္ဘူး"

သြင္ရိပ္အေမက ေဘး၌ ရပ္ေနသည့္မိန္းကေလးကိုသာ သူ႕သမီးဟု ဝင့္ႂကြားစြာေျပာရင္း သြင္ရိပ္ကို နာနာၾကည္းၾကည္းၾကည့္ကာ အေပၚထပ္တက္သြားေလသည္။

"ဟဲ့ အရက္သမားသမီး နင့္ကို အေမကသမီးအျဖစ္လက္မခံသလို ငါလဲ ညီမအျဖစ္လက္မခံနိုင္ဘူး၊ ဒီအိမ္မွာေနခ်င္ရင္ေတာ့ သူေဌးသမီးအျဖစ္ေနရဖို႔စိတ္ကူးယဥ္မေနနဲ႕''

သြင္ရိပ္၏အေမတူဖေအကြဲအစ္မျဖစ္သူကလည္း သြင္ရိပ္ကို ခါးသီးစရာစကားလုံးမ်ားတိုက္ခိုက္ၿပီး အေပၚထပ္သို႔ တက္သြားေလသည္။ သြင္ရိပ္ ဝမ္းနည္းစြာ ငိုမိေတာ့ ဘြားဘြားက သြင္ရိပ္ကို ရင္ခြင္ထဲေပြ႕ဖက္ေပးေလသည္။

ေမေမေဒၚျမင့္မာခ်ိဳက သူမ၌ ေယာကၤ်ားေရာ ကေလးေရာရွိပါလ်က္ အလုပ္သမားျဖစ္သူ သြင္ရိပ္အေဖႏွင့္ မိုးကုတ္သို႔ ခိုးရာလိုက္ေျပးခဲ့သည္။ သြင္ရိပ္အေဖႏွင့္ အတူေနၿပီး သြင္ရိပ္ကိုေမြးကာ ၾကာေတာ့ သူေဌးသမီးေမေမသည္ ဆင္းရဲဒဏ္မခံနိုင္ဘဲ သြင္ရိပ္တို႔ကို ပစ္ထားခဲ့ေလသည္။ ေမေမက အရင္အိမ္ေထာင္ႏွင့္ ျပန္ေပါင္းၿပီး သြင္ရိပ္တို႔ကိုထားခဲ့သည္မွာ သြင္ရိပ္တစ္သက္ျဖစ္၏။

ယခုအေဖဆုံးသြားေတာ့ သားအဖႏွစ္ေယာက္တည္းေနသည့္သြင္ရိပ္မွာအားကိုးရာမဲ့ေန၍ ကိုႀကီးလာေခၚေတာ့ သြင္ရိပ္အားတက္ခဲ့ရသည္။ ေမေမ့ကိုအျပင္၌ ေတြ႕ခြင့္ရေတာ့မည္ဟု သြင္ရိပ္စိတ္လႈပ္ရွားခဲ့သည္။ သြင္ရိပ္ဘာ​ျဖစ္ေနေန သြင္ရိပ္ကို ေမြးေပးခဲ့သည့္အေမက သြင္ရိပ္ကို ခ်စ္မည္ထင္ခဲ့မိသည္။

~

႐ုံးခန္းသည္ ကြန္ပ်ဴတာစာရိုက္သံ၊ ေရပိုက္မွ ေရစက္က်သံ၊ နာရီလက္တံလည္သံ စသည့္အသံတို႔ၾကားရသည္အထိ တိတ္ဆိတ္ေန၏။ တစ္႐ုံးလုံး၌ သက္ရွိလူသည္ မႉးတစ္ဦးတည္းရွိကာ အားလုံးအလုပ္ဆင္းၾကေလၿပီ။ မႉးသည္ ကြန္ပ်ဴတာမ်က္ႏွာျပင္ကိုသာ တစ္ကမၻာအမွတ္ျဖင့္ ၾကည့္၍ အလုပ္ကို စိတ္နစ္ထားေလသည္။ ဖုန္းသံမွာ ႐ုံးခန္းထဲ ခပ္က်ယ္က်ယ္ျမည္လာ၏။ အေရးႀကီးသည့္အလုပ္မို႔ လ်စ္လ်ဴရႈထားလိုက္ေသာ္လည္း ဖုန္းသံမွာ ရပ္မသြားေပ။ ဖုန္းကိုင္လိုက္ရေလသည္။

"ဟယ္လို''

"ေမာင္ဖုန္းေခၚေနတာၾကာလွၿပီ၊ ဆယ္ႀကိမ္ေလာက္ဆက္မွကိုင္ေတာ့တယ္"

မႉး လခ်ဳပ္စာရင္းဖိုင္မ်ားကို လွန္ၾကည့္ရင္း စာရင္းစစ္အုပ္စစ္ေနမိသည္။

"ကိစၥရွိလို႔လားေမာင္''

"ဒီေန႕ဘာေန႕လဲသိလား''

"မႉးမအားဘူးေမာင္၊ ေနာက္မွျပန္ဆက္လိုက္ေတာ့''

မႉးဖုန္းခ်ပစ္ၿပီး အလုပ္ျပန္အာ႐ုံစိုက္မိေတာ့ အခန္းတံခါးေခါက္သံၾကားလိုက္ရသည္။ မႉး နာရီတစ္ခ်က္ၾကည့္မိေတာ့ညရွစ္နာရီ၊၊ ဤအခ်ိန္ ႐ုံး၌ မႉးမွလြဲ၍ မည္သူမွရွိေတာ့မည္မဟုတ္၊၊ တံခါးကို စိုက္ၾကည့္ေနစဥ္ တံခါးမွာ ျဖည္းျဖည္းပြင့္လာေလသည္။

"လန႔္သြားလားမႉး၊ မႉးရဲ႕ခ်စ္သူေန႕သစ္ေဇာ္ပါ''

႐ုံးခန္းသို႔ ခပ္ၿပဳံးၿပဳံးဝင္လာသည့္ခ်စ္သူကို ၾကည့္ၿပီး မႉးေခါင္းခါလိုက္သည္။ မႉး၏ခ်စ္သူမွာ ေယာက္်ားေလးမဟုတ္၊၊ ေယာက္်ားကဲ့သို႔ ဝတ္စားျပင္ဆင္ထားသည့္မိန္းကေလးတစ္ဦးသာ ျဖစ္သည္။

"ဖုန္းဆက္ကတည္းက ေမာင္႐ုံးခန္းအျပင္မွာ ရွိေနတာ၊ တစ္႐ုံးလုံးအလုပ္ဆင္းကုန္ၿပီ၊ ဘာလို႔မန္ေနဂ်ာတစ္ေယာက္တည္း မဆင္းေသးတာလဲ''

ေမာင္က အလုပ္စားပြဲကို လက္ေထာက္ကာ မႉးကို ေခါင္းငုံ႕ၾကည့္ၿပီး ေမးေနသျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။

"အိမ္ကို အလုပ္ယူမသြားခ်င္လို႔ ဒီမွာအၿပီးျဖတ္ေနတာ၊ သူမ်ားပိုက္ဆံယူထားရင္္ အလုပ္လုပ္ရမွာေပါ့''

"ဟုတ္ပါၿပီဗ်ာ၊ ဒီေန႕ဘာေန႕လဲမႉးမသိဘူးလား၊ စဥ္းစားၾကည့္ပါဦးမႉးရဲ႕''

မႉး စားပြဲေပၚမွ ဖိုင္တြဲမ်ားကို သိမ္းလိုက္ၿပီး အလုပ္လက္စသတ္လိုက္သည္။ ယူရမည့္ပစၥည္းမ်ားရွာရင္း ေမာင့္အေမးကို ေခါင္းခါလိုက္သည္။

"မႉးကလဲကြာ၊ ေမာင္တို႔ခ်စ္သူသက္တမ္းတစ္ႏွစ္ျပည့္တဲ့ေန႕ေလ"

မႉး ေမာင့္ကို ေခါင္းေမာ့ၾကည့္လိုက္သည္။

"ေၾသာ္...ေမာင္က ဒါမ်ိဳးေတြလိုက္မွတ္ထားတာလား၊ ကေလးဆန္လိုက္တာေမာင္ရယ္"

ေန႕သစ္က ပီတိျဖစ္ေနသည့္မ်က္ႏွာျဖင့္ စားပြဲေပၚသို႔ ကတီပါဘူးအနီ​ေလးတစ္ဘူးခ်ေပးသည္။ ဘူးကို ကိုယ္တိုင္ဖြင့္ျပသည္။ ေ႐ႊေရာင္နာရီသည္ ေတာက္ပစြာ ႀကိဳဆိုေနသည္။

"မႉးမလိုဘူးေမာင္''

ခ်က္ခ်င္းျငင္းလိုက္ေတာ့ ေန႕သစ္က မႉးႏႈတ္ခမ္းကို သူ႕လက္ညွိုးႏွင့္ ကန့္လန့္ျဖတ္ကာလိုက္သည္။

"ဒီတစ္ခါေတာ့မျငင္းပါနဲ႕မႉးရယ္၊ ေမာင္ မႉးကို အမွတ္တရလက္ေဆာင္ေပးခ်င္လို႔ပါ၊ မျငင္းပါနဲ႕ကြာ...ေနာ္"

ေန႕သစ္က မႉးလက္ေကာက္ဝတ္၌ သူကိုယ္တိုင္ နာရီကို အျမတ္တနိုးဝတ္ေပးေလသည္။ မႉး နာရီကို စိုက္ၾကည့္ေနရာမွ ေန႕သစ္ကို ေမာ့ၾကည့္လိုက္သည္။

"မႉးျပန္ေပးပါ့မယ္၊ မႉးတတ္နိုင္တဲ့ေငြေၾကးအရ လက္ေဆာင္တစ္ခုခုေပါ့၊ အေႂကြးတင္သလို ခံစားရတတ္တဲ့မႉးစိတ္ကို ေမာင္နားလည္ေပးပါ''

ေန႕သစ္က မ်က္ႏွာပ်က္သြားလည္း ခ်က္ခ်င္းျပန္ထိန္းကာ ေခါင္းညိတ္ေလသည္။ ႐ုံးဆင္းေတာ့ မႉးလည္း ေန႕သစ္ကို ႏႈတ္ဆက္ကာ အိမ္ျပန္လာခဲ့သည္။ မႉးေနသည့္ရပ္ကြက္condoေရွ႕ေရာက္ေတာ့ မႉး ေလွကားျဖင့္ ဒုတိယထပ္သို႔ တက္လာသည္။ အခန္းေရွ႕ေရာက္ေတာ့ အသင့္ရွိေနသည့္ေသာ့ျဖင့္ အခန္းတံခါးဖြင့္ဝင္ခဲ့ကာ အိတ္ကို စားပြဲေပၚမွာတင္ထားရင္း ေရခဲေသတၱာထဲမွ ေရဘူးယူေသာက္ၿပီး ရႈပ္ပြေနသည့္ပစၥည္းမ်ားကို စိတ္ပ်က္စြာ ၾကည့္မိသည္။ ၾကမ္းျပင္၌ ျပန႔္က်ဲေနသည့္မုန႔္ခြံတစ္ခ်ိဳ႕ႏွင့္ စားပြဲေပၚတြင္ စားလက္စဖရိုဖရဲျဖစ္ေနေသာပန္းကန္တစ္ခ်ိဳ႕ကို မႉးေကာက္ရွင္းလိုက္သည္။ မႉး ေန႕သစ္ဝတ္ေပးခဲ့သည့္နာရီကို ၾကည့္ၿပီး ခြၽတ္လိုက္ကာ ေအပ႐ြန္ဝတ္သည္။ ၿပီးေတာ့ အိုးခြက္ပန္းကန္ေတြကို ေဘစင္တြင္ ေဆးေၾကာသည္။အားလုံးေဆးေၾကာၿပီးေတာ့ စီစီရီရီထားကာ လက္ပတ္နာရီယူၿပီး အိပ္ခန္းထဲသို႔ ဝင္လာသည္။ ေမာပန္းကာ တစ္ကိုယ္လုံးေစးကပ္ေနသည္မို႔ မႉးေရခ်ိဳးကယ အိပ္ရာေပၚ ခဏေမွးလိုက္သည္။ ပင္ပန္းေနေတာ့ အိမ္ေမာက်သြားေလသည္။

မႉး အိပ္ရာျပန္နိုးလာေတာ့ နံနက္ခင္းေနေရာင္ျခည္မွာ အခန္းမွန္ကို ထိုးေဖာက္ဝင္ေရာက္ေနသည္။ မႉး အျမန္ထကာ မ်က္ႏွာသစ္ကိုယ္လက္သန႔္စင္ၿပီးေတာ့ မီးဖိုေခ်ာင္၌ ေပါင္မုန႔္ၾကက္ဥေၾကာ္ႏွင့္ေကာ္ဖီႏွစ္ခြက္ကို မနက္စာအျဖစ္ ျပင္ဆင္လိုက္သည္။ စားပြဲေပၚတြင္ ေသခ်ာခ်ၿပီးေတာ့ မႉး အိပ္ခန္းတံခါးတစ္ခုကို ေခါက္လိုက္သည္။

"ေဒါက္...ေဒါက္"

"မာမီ မနိုးေသးဘူးလား၊ မႉးမနက္စာျပင္ထားၿပီးၿပီ၊ မာမီထေတာ့ေလ"

မႉး မ်က္ခုံးႏွစ္ဖက္တြန႔္ခ်ိဳးသြားကာ အခန္းတံခါးလက္ကိုင္ကို လွည့္လိုက္ေတာ့ အလြယ္တကူပြင့္သြားေလသည္။ အခန္းထဲ၌ မည္သူမွမရွိေနေပ။ မႉး ခနဲ႕သလို တစ္ခ်က္ရယ္လိုက္သည္။

"ညကတည္းကအိမ္ျပန္မလာဘူးေပါ့''

မႉး အခန္းတံခါးျပန္ပိတ္ၿပီး မနက္စာဝိုင္းတြင္ တစ္ေယာက္တည္း ထိုင္သည္။ စိတ္မပါလက္မပါစြာ ေပါင္မုန႔္ၾကက္ဥေၾကာ္ကို တၿမဳံ႕ၿမဳံ႕ဝါးရင္း မာမီ့အေၾကာင္းေတြးမိေတာ့ ေသြးတိုးခ်င္လာသည္။

"မာမီ့သမီးေလးက မနက္စာေတာင္ စားေနပါေရာလား၊ မာမီက သမီးေလးအတြက္ နန္းႀကီးသုပ္ဝယ္လာတယ္''

ျမဴးႂကြလန္းဆန္းသည့္အသံႏွင့္အတူ မာမီျပန္ေရာက္လာသည္။ အားတက္သေရာေျပာကာ နန္းႀကီးသုပ္ကို ပန္းကန္ထဲ ထည့္ေပးေနေသာမာမီ့ကို မႉးေမာ့ၾကည့္လိုက္သည္။

"ဒီလိုေပ်ာ္ေနပုံေထာက္ နိုင္လာတယ္ထင္တယ္''

"ဒါေပါ့ ဘယ္သူမို႔လဲ၊ ေတးယစ္မႉးရဲ႕မိခင္ေတးမာလာပဲေလ၊ ဟင္းဟင္း''

မာမီ၏အူျမဴးေနပုံၾကည့္၍ မႉးပါးလွပ္လွပ္ၿပဳံးလိုက္သည္။ ထိုစဥ္ အခန္းေရွ႕၌ ဘဲလ္သံၾကားလိုက္ရ၏။ မႉးထရပ္ရန္လုပ္ေတာ့ မာမီက တားသည္။

"ေနေနမႉး၊ မာမီသြားဖြင့္လိုက္မယ္''

မႉး ျပန္ထိုင္၍ ေကာ္ဖီအရသာခံေသာက္ေနလိုက္သည္။ ခဏၾကာေတာ့ မာမီႏွင့္အတူ သူငယ္ခ်င္းယမင္းျဖဴက သူ႕ကေလးခ်ီရင္း ေရာက္လာသည္။

"အေတာ္ပဲကြယ္၊ သမီးယမင္းပါမနက္စာတစ္ခါတည္းဝင္စားလိုက္ေလ''

"ဟုတ္အန္တီ''

"ေအကြယ္၊ ဒါဆိုသူငယ္ခ်င္းႏွစ္ေယာက္စကားေျပာၾကဦး၊ အန္တီေရသြားခ်ိဳးလိုက္ဦးမယ္''

မာမီ မီးဖိုေခ်ာင္မွ ထြက္သြားေတာ့ ယမင္းက ကေလးခ်ီရင္း စားပြဲဝိုင္းတြင္ ခုံဆြဲဝင္ထိုင္သည္။ ယမင္းက မာမီ့ကို အထူးအဆန္းလိုက္ၾကည့္ေန၏။

"မႉး ဒီေန႕က်မွ နင့္မာမီက သေဘာေတြဇြတ္ေကာင္းေနပါလား၊ မိုးႀကိဳးထပစ္မွာေတာင္ စိုးရတယ္''

"ေအးဟယ္ ဖဲနိုင္လာလို႔ေလ၊ ဒါေၾကာင့္ စိတ္ၾကည္ေနတာ၊ ဒါနဲ႕ နင္က ဘာလာလုပ္တာလဲ''

"ငါ့ကေလး နင့္ကို လာအပ္တာေလ၊ ဒီေန႕႐ုံးပိတ္ရက္မလား၊ ငါ ကိုထက္နဲ႕ သြားစရာရွိလို႔ေပါ့''

မႉး ယမင္းကို မ်က္ေစာင္းလွမ္းထိုးလိုက္သည္။

"ငါက ကေလးထိန္းလား၊ ဒီလိုမလုပ္ခ်င္လို႔ အပ်ိဳႀကီးလုပ္ပါတယ္ဆိုမွ တကယ္ပါပဲ၊ အႀကီးေကာင္ေရာ''

"သူ႕အဘြားဆီမွာ ထားခဲ့တယ္၊ ကိုထက္ဝမ္းကြဲညီမေလးသြင္ရိပ္က ကူထိန္းေပးမယ္ဆိုလို႔ သြင္ရိပ္ဆိုမွ တစ္ေန႕သူ႕အေၾကာင္းလာေျပာျပမယ္၊ ကေလးမေလးက သနားစရာေလး''

"ငါ သူမ်ားအေၾကာင္းစိတ္မဝင္စားဘူး၊ ဒါနဲ႕မ်ားဒီတစ္ေယာက္ကိုပါထားခဲ့တာမဟုတ္ဘူး၊ ငါအလုပ္ရႈပ္ရေအာင္လို႔"

"ငါစိတ္မခ်လိဳ႕ပါမႉးရယ္၊ ကိုထက္က မၾကာခင္သေဘၤာျပန္တက္ေတာ့မွာ၊ ေျပာရဦးမယ္ ညတုန္းက ငါတို႔လင္မယား night outထြက္တာ ေန႕သစ္နဲ႕ ေတြ႕ေသးတယ္၊ မေန႕က နင္တို႔ႏွစ္ပတ္လည္ဆို သူ႕တစ္ေယာက္ထဲ ဘယ္လိုျဖစ္တာလဲ"

"ေမာင္ ငါ့အေၾကာင္း နင္တို႔လင္မယား
ကို ဘာေျပာေသးလဲ''

"ငါ့ကိုေျပာတာေတာ့မဟုတ္ဘူး၊ ကိုထက္ကို ေျပာတာပါ၊ ေျပာတာေတာ့အစုံပဲဟာ၊ နင္က မာနအရမ္းႀကီးတယ္ ဘာညာအစုံေပါ့၊ နင္ကလည္း ခ်စ္သူခ်င္းကို နည္းနည္းေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ေနမွေပါ့၊ နင္အဲလိုခပ္တင္းတင္းေနတာ ေန႕သစ္ကို သိမ္ငယ္ေစတယ္ဟ"

"ငါ့မေကာင္းေၾကာင္းေဖာက္သည္လိုက္ခ်ေနတယ္ေပါ့၊ ေတြ႕မယ္ေန႕သစ္"

မႉး လက္သီးဆုပ္ကာ ႏႈတ္ခမ္းမဲ့ပစ္လိုက္ေတာ့ ယမင္းက အၿငိမ္မေနသည့္ပူတူးကို အတင္းဆြဲခ်ဳပ္ေနရင္း ၾကည့္လာသည္။

"ေဖာက္သည္ခ်တာမဟုတ္ပါဘူးဟာ၊ ေန႕သစ္နဲ႕ကိုထက္က ဟိုးငယ္ငယ္​​တည္းက သူငယ္ခ်င္းေတြေလ၊ ေျပာရရင္ ေန႕သစ္မိန္းကေလးပုံစံကေန ေယာက္်ားေလးပုံစံေျပာင္းသြားတာ ကိုထက္နဲ႕အေပါင္းမ်ားလို႔ေတာင္ေျပာလို႔ရတယ္၊ ၿပီးေတာ့ ႏွစ္ပတ္လည္ေန႕ေလးမွာ သူ႕ကို အခ်ိန္ေပးသင့္တာေပါ့၊ ညနက္ထိ အလုပ္ထိုင္လုပ္ေနၿပီး ဒီတိုင္းျပန္လြတ္လိုက္ရလား၊ နင္ေတာ့...''

မႉး ယမင္းဆီမွ ကေလးကို ဆြဲယူခ်ီလိုက္သည္။

"ေတာ္ပါေတာ့ယမင္းရယ္၊ နင္လဲ ေမာင့္ဆီက ေရွ႕ေနခယူထားသလားမွတ္ရတယ္၊ အၿမဲတမ္း ငါ့ဘက္မပါဘူး၊ သြားေတာ့ ျမန္ျမန္ျပန္လာဦး''

"ေအးပါ၊ သားေလးအတြက္ လိုအပ္တာေတြ ဧည့္ခန္းထဲက ငါ့အိတ္ထဲမွာအကုန္ပါတယ္''

မႉး ပူတူးေလးကို ခ်ီရင္း ထမင္းစားခန္းထဲမွ ယမင္းႏွင့္အတူထြက္လာခဲ့သည္။

"ပူတူးေလး ေမေမ့ကို ႏႈတ္ဆက္လိုက္ပါဦး''

မႉး ပူတူးလက္ကို ယူကာ ယမင္းကို တာ့တာလုပ္ျပေတာ့ ပူတူးေလးက တခစ္ခစ္ရယ္ေလသည္။ ယမင္းထြက္သြားေတာ့ မႉးလည္း ကေလးခ်ီကာ က်န္ေနခဲ့သည္။

~

ေန႕သစ္ ဓာတ္ပုံရိုက္ၿပီးသြား၍ studio ခန္းထဲမွ ထြက္လာသည္။ Customerမရွိေတာ့သျဖင့္ computerထဲမွ ဓာတ္ပုံတစ္ခ်ိဳ႕ကို ျပန္လည္ၾကည့္ေနမိသည္။ ၿပီးေတာ့ မႉးကို သတိရ၍ ဖုန္းေခၚလိုက္သည္။

မႉးသည္ ဘယ္ေတာ့မွ တစ္ႀကိမ္ဆက္႐ုံႏွင့္ ဖုန္းမကိုင္တတ္။ စိတ္ရွည္လက္ရွည္လက္ပြန္းေအာင္ေခၚမွ နည္းနည္းအဖက္လုပ္ခ်င္သည္။ ၿပီးေတာ့ ဖုန္းဆက္လွ်င္ အေၾကာင္းတစ္ခုခု ေျပာဖို႔ရွာရေသးသည္။ အေၾကာင္းကိစၥမရွိဘဲ သတိရ၍ ဖုန္းဆက္တယ္ဆိုလွ်င္ အပိုဟု သူမျမင္သည္။

သူမက လူတစ္မ်ိဳးျဖစ္၏။ သူမႏွင့္ တြဲလာသည့္ တစ္ႏွစ္ေက်ာ္၌ ဘယ္တုန္းကမွ ကြၽန္ေတာ့္ကို ကိစၥမရွိဘဲ ဖုန္းမဆက္သလို တကူးတကခ်ိန္းေတြ႕တယ္ဆိုတာလည္းမရွိေပ။ ခ်စ္လားဟု ကြၽန္ေတာ္ေမးတိုင္း သူမျပန္ေျဖတာက ခဏခဏမေမးႏွင့္ မေျဖခ်င္ဘူး မာနထိခိုက္တယ္ဟုေျပာတတ္သည္။

သူမက ကြၽန္ေတာ့္ကို ဘယ္တုန္းကမွ အခက္အခဲႀကဳံတိုင္း အကူအညီမေတာင္းဖူးသလို ကိုယ့္ကိုယ္ကိုယ္သာအားကိုးတတ္သည့္လူမ်ိဳး။ ကြၽန္ေတာ္က ဓာတ္ပုံဆရာမို႔ model ေကာင္မေလးအမ်ားႀကီးႏွင့္ ပတ္သက္ရလွ်င္ေတာင္ သူမရစ္တာေတြၿငိဳျငင္တာေတြမရွိ။ သူမအၿမဲေျပာတတ္သည္။

"ေမာင့္ကို မခ်ဳပ္ျခယ္ဘူး၊ မႉးကိုလည္း မခ်ဳပ္ျခယ္နဲ႕''ဟုျဖစ္သည္။ ကြၽန္ေတာ္ မႉးကို သိပ္ခ်စ္ေပမဲ့ တစ္ခါတစ္ေလေတာ့လည္း သူမလုပ္ရပ္ေတြကို စိတ္မေကာင္းျဖစ္မိသည္။

"ေခ်လိဳက္တာလြန္ေရာေဒၚေတးယစ္မႉး၊ ဒါကိုပဲ ဒီလူက ႐ူးမတတ္ခ်စ္ေနရတာ''

ေန႕သစ္ဆိုင္ပိတ္ထားခဲ့ကာ ထက္ေနာင္အဘြားဆီသို႔ ကားျဖင့္ ထြက္လာသည္။ၿခံေရွ႕ေရာက္ေတာ့ ဟြန္းသုံးေလးခ်က္တီးလိုက္သည္ႏွင့္ ေကာင္မေလးတစ္ေယာက္ၿခံတံခါးလာဖြင့္ေပးသည္၊၊ ပုံစံက ျဖဴျဖဴႏုႏုဖတ္ဖတ္ႏွင့္​ေသးေသးေလး။ အဝတ္အစားခပ္ႏြမ္းႏြမ္းေၾကာင့္ ဒီအိမ္က မိသားစုေတာ့ ျဖစ္ဟန္မတူ၊၊

ေန႕သစ္ ၿခံထဲ ကားေမာင္းဝင္သြားၿပီး ေနာက္ၾကည့္မွန္မွ ၾကည့္လိုက္ေတာ့ ေကာင္မေလးက ၿခံတံခါးျပန္ပိတ္ေနေလသည္။ ေန႕သစ္ ကားေပၚမွ ဆင္းကာ အိမ္ထဲဝင္လာေတာ့ အန္တီခ်ိဳ၏သမီး ရတီခ်ိဳက ဧည့္ခန္း၌ ဖုန္းၾကည့္ေနေလသည္။

"ရတီ''

ေန႕သစ္ေခၚလိုက္ေတာ့ ရတီက ဖ်တ္ခနဲလွည့္ၾကည့္သည္။

"ကိုထက္ေနာင္မရွိဘူး၊ ေတြ႕ခ်င္ရင္ သူ႕အိမ္လိုက္သြား''

"ကိုယ္က ထက္ေနာင္ဆီလာတာမဟုတ္ဘူး၊ အဘြားေနသိပ္မေကာင္းဘူးၾကားလို႔ အဘြားဆီလာတာ''

ရတီက ဖုန္းပိတ္ၿပီး ထရပ္ကာ ေန႕သစ္ေနာက္၌ ရပ္ေနသည့္ေကာင္မေလးကို ခပ္မာမာေအာ္ေခၚ၏။

"သြင္ရိပ္ခ်ိဳ သူ႕ကို အဘြားဆီေခၚသြားေပးလိုက္ ၿပီးရင္ ငါ့ဆီခဏလာဦး၊ ငါနင့္ကို ခိုင္းစရာရွိလို႔''

"ဟုတ္မမရတီ''

ရတီက ေျပာၿပီး ၿခံထဲဆင္းသြားေတာ့ သြင္ရိပ္ခ်ိဳဆိုသည့္ကေလးမေလးက ေန႕သစ္ကို အဘြားအခန္းဆီ ေခၚလာေပးသည္။ အခန္းေရွ႕ေရာက္ေတာ့ သူမေလးက အခန္းတံခါးေခါက္သည္။

"ဘြားဘြားေရ သြင္ရိပ္ပါ၊ ဒီမွာကိုကိုတစ္ေယာက္က ဘြားဘြားကို ေတြ႕ခ်င္လို႔တဲ့၊ ဝင္လာခိုင္းလိုက္ရမလား''

"ဝင္လာခိုင္းလိုက္ေလေျမးရဲ႕''

"ဒီကအစ္ကို ဘြားဘြားက ဝင္ခဲ့တဲ့၊ သြင္ရိပ္သြားလိုက္ပါဦးမယ္''

ေန႕သစ္ေခါင္းညိတ္ေတာ့ ေကာင္မေလးက ဧည့္ခန္းသို႔ ခပ္သုတ္သုတ္ထြက္သြားေလသည္။ ေန႕သစ္ အခန္းထဲဝင္သြားေတာ့ အဘြားက ကုတင္ေပၚ၌ မွီထိုင္ေနေလသည္။

"ေဟာ! ဘယ္သူမ်ားလဲလို႔ မိသစ္ျဖစ္ေနတာကိုး''

ေန႕သစ္ရယ္ၿပီး ကုတင္ေဘးရွိ ခုံတြင္ ဝင္ထိုင္လိုက္သည္။

"မိသစ္လို႔မေခၚပါနဲ႕အဘြားရဲ႕၊ ၾကားရတာ နားကလိတယ္''

ေန႕သစ္ေျပာလိုက္ေတာ့ အဘြားကဟက္ဟက္ပက္ပက္ရယ္ေတာ့သည္။ ေန႕သစ္ အဘြားလက္ကို ယူကာ ခပ္ျဖည္းျဖည္းႏွိပ္ေပးေန၏။

"ခုနက ကေလးမေလးက ဘယ္သူလဲအဘြားရဲ႕၊ အရင္ကတစ္ခါမွမေတြ႕ဖူးပါဘူး''

"ဘယ္သူျဖစ္ရမွာလဲကြယ္၊ ျမင့္မာခ်ိဳရဲ႕သမီးငယ္ေလးေပါ့၊ ဒီအ႐ြယ္ေရာက္မွ အဘြားမွာ ကိုယ့္ေျမးေလးကို ေတြ႕ခြင့္ရတာ''

ေန႕သစ္ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။

"အန္တီခ်ိဳရဲ႕သမီးလား၊ ဒါဆို ရတီ့ညီမေပါ့၊ ကိုယ့္ညီမကို ရတီေျပာဆိုပုံက အေစခံလိုပဲ''

"မေျပာခ်င္ပါဘူးေအ၊ ဒီအိမ္ေရာက္ကတည္းက ေျမးေလးကို ဟိုလူကခိုင္းလိုက္ ဒီလူကဆူလိုက္ သူ႕ခမ်ာ ေနစရာေတာင္ မရွိဘူး၊ အဘြားလဲအသက္ႀကီးၿပီဆိုေတာ့ အဘြားစကားကို အေရးမစိုက္ၾကေတာ့ဘူးကြယ္''

ေန႕သစ္ ကေလးမေလးကို သနားသြားမိသည္။ အဘြားေျပာျပ၍ ဒီအိမ္၏ ရႈပ္ေထြးလြန္းလွသည့္မိသားစုအေၾကာင္း အနည္းအက်ဥ္းေတာ့ သိထားသည္။

~

"အေမကလည္း ပိုက္ဆံဆယ္သိန္းေလာက္ေခ်းတာ ဘာျဖစ္မွာမို႔လဲ၊ ျပန္ဆပ္မွာေပါ့''

"ဟဲ့ ငါ့မွာမရွိဘူးလို႔ေျပာေနတယ္ေလ၊ ညည္းနားမလည္ဘူးလား၊ ဒီအဘြားႀကီးက ဘာအလုပ္မွမရွိတာ ပိုက္ဆံဘယ္ကရွိမွာလဲ၊ လိုခ်င္ရင္ ညည္းအစ္မဆီမွာေတာင္း''

ဧည့္ခန္းမွ ထြက္လာသည့္ခပ္က်ယ္က်ယ္စကားလုံးေတြေၾကာင့္ သြင္ရိပ္ မီးဖိုေခ်ာင္ထဲ၌ ဟင္း႐ြက္ေႁခြေနရာမွ မသိမသာေခ်ာင္းၾကည့္မိသည္။ ေမေမ၏ညီမျဖစ္သူ ေဒၚခင္ေမက ဘြားဘြားဆီ၌ ပိုက္ဆံလာေခ်း​ေနျခင္းျဖစ္သည္။

"မမခ်ိဳနဲ႕ကြၽန္မက မ်က္ႏွာေၾကာတည့္တာမွမဟုတ္တာ၊ ၿပီးေတာ့ သူ႕ဆီမွာလည္း ေအာက္က်ိဳ႕မခံနိုင္ဘူး''

ထိုစဥ္ ပါးစပ္ပိတ္ၿပီး နားေထာင္ေနသည့္ကိုႀကီးထက္ေနာင္က ဝင္ေျပာေလသည္။

"ေဒၚေလးတို႔ကလည္း လြန္ပါတယ္ဗ်ာ၊ ဟိုတေလာကပဲ ေငြလိုလို႔ အဘြားကသိန္းသုံးဆယ္ေခ်းေပးခဲ့တာဆို အဲဒါေတာင္ ျပန္မဆပ္ေသးဘဲနဲ႕မ်ား''

ေဒၚခင္ေမက ႏႈတ္ခမ္းမဲ့ကာ ကိုထက္ေနာင္ကို ရန္ေတြ႕သည္။

"အေမနဲ႕ငါ့ၾကားကကိစၥ မင္းနဲ႕ဘာဆိုင္လဲ၊ မင္းကို ငါတို႔အစ္ကိုအႀကီးဆုံးရဲ႕သားဆိုၿပီး ဂ႐ုစိုက္မယ္မ်ားထင္ေနလား''

ကိုထက္ေနာင္က ဘာမွမေျပာေတာ့ဘဲ မ်က္ေမွာင္ၾကဳတ္ ထိုင္ေနေတာ့သည္။

"ပိုက္ဆံမရွိရင္လည္း ဒီအိမ္ႀကီးကိုေရာင္းလိုက္ေတာ့ေမေမရာ၊ ၿပီးေတာ့ တန္ရာတန္ေၾကးခြဲယူတာေပါ့''

"ငါမေသေသးဘူး၊ ညည္းက အေမြခြဲခ်င္ေနၿပီေပါ့ေလ၊ ညည္းတို႔ ဒီအိမ္ေရာင္းခ်င္ရင္ ငါေသမွပဲရမယ္''

သူတို႔တစ္ေယာက္တစ္ခြန္းေျပာေနသည့္စကားေတြၾကားၿပီး သြင္ရိပ္ ဘြားဘြားကို သနားမိသည္။ ေမေမအပါဝင္ သားသမီးမ်ားအားလုံးက အဘြားကို တစ္ေန႕တစ္မ်ိဳးစိတ္ဆင္းရဲေအာင္လုပ္ေနၾကသည္၊

"ဟဲ့ သြင္ရိပ္ခ်ိဳ ညည္းဘယ္မွာလဲ၊ ဒီကိုျမန္ျမန္လာစမ္း''

ေမေမ့အသံေၾကာင့္ သြင္ရိပ္ ဟင္း႐ြက္ေႁခြေနရာမွ အိမ္ေရွ႕သို႔ အျမန္ေျပးထြက္လာခဲ့သည္။ ေမေမက ေလွကားေျခရင္း၌ ရပ္ေနေတာ့ သြင္ရိပ္ ေမေမ့ေရွ႕တြင္ က်ဳံ႕က်ဳံ႕ေလးရပ္လိုက္သည္။ ေဒၚေလးခင္ေမက ဧည့္ခန္း၌ ထိုင္ေနရာမွ သြင္ရိပ္တို႔ဆီ ေလွ်ာက္လာ၏။

"မိုးကုတ္က ေခၚလာတဲ့မမခ်ိဳရဲ႕သမီးေလးဆိုလား၊ အိမ္က အလုပ္သမားနဲ႕ ခိုးရာလိုက္ေျပးသြားတာ ကြၽန္မ အခုမွျပန္မွတ္မိတယ္''

ေလွာင္ရယ္ေျပာေနေသာေဒၚေလးခင္ေမကို ေမေမက အံႀကိတ္ၾကည့္သည္။

"မိခင္ေမ ပါးႏွစ္ဖက္မနာခ်င္ရင္ ညည္းပါးစပ္ကို ပိတ္ထား၊ ပိုက္ဆံလိုခ်င္ရင္ ေလသံကိုျပင္လိုက္''

ေမေမက ေဒၚေလးခင္ေမကို ေျပာၿပီးသည္ႏွင့္ သြင္ရိပ္လက္ထဲသို႔ တစ္ေသာင္းတန္တစ္႐ြက္ထည့္ေပးသည္။

"ေၾကအိုးပါဆယ္တစ္ပြဲဝယ္ခဲ့ သုံးလမ္းေက်ာ္မွာဆိုင္ရွိတယ္၊ ျမန္ျမန္ ၿခံထဲကစက္ဘီးနဲ႕သြား"

"ဟုတ္ကဲ့ရွင့္''

သြင္ရိပ္ ပိုက္ဆံယူၿပီး ၿခံထဲမွ စက္ဘီးႏွင့္ ေၾကးအိုးဆိုင္သို႔ ထြက္လာခဲ့သည္။

~

မႉး ပါးျပင္၌ သနပ္ခါးအရည္ၾကည္ေလးကို ေပါ့ေပါ့ပါးပါးလိမ္းၿပီး နက္ေမွာင္ေတာက္ပကာ ခါးနားထိရွည္ေသာဆံႏြယ္ကို တစ္ဝက္စည္းႏွောင္လိုက္သည္။ အသားေရာင္ကိုယ္က်ပ္အကၤ်ီႏွင့္ထဘီအနက္ကို တြဲဖက္ဝတ္ဆင္ကာ အခန္းထဲမွ ထြက္လာေတာ့ မာမီက အျပင္သြားရန္ျပင္ေနသည္။ မ်က္ႏွာ၌ မိတ္ကပ္အျပည့္ျဖင့္ ေတာက္ေျပာင္သည့္အဝတ္အစားကို ဝတ္ဆင္ထားေသာမာမီ့ကို မႉးၾကည့္လိုက္သည္။

"ညေနေရာက္ေတာ့မယ္၊ မာမီက ဘယ္သြားဖို႔လဲ''

မာမီသည္ လက္ကိုင္အိတ္ကို ယူၿပီး ေဒါက္ဖိနပ္ကို ကပ်ာကယာထိုးစီးေန၏။

"ဟိုမိန္းမေတြနဲ႕ခ်ိန္းထားလို႔ ေနာက္ေတာင္ က်ေနေပါ့၊ ဒီညဝိုင္းေကာင္းရင္ မာမီအိမ္ျပန္လာျဖစ္မွာမဟုတ္ဘူး၊ မႉး ညစာ ကိုယ့္ဟာကိုယ္အဆင္ေျပသလိုစားလိုက္''

"ေနပါဦး၊ ေလာင္းကစားလုပ္ဖို႔ မာမီ့မွာပိုက္ဆံရွိလို႔လား''

မာမီက သူ႕လက္ကိုင္အိတ္ကို ျမႇောက္ျပသည္။

"မႉးအံဆြဲထဲက ယူလိုက္တာေလ၊ မႉးကို မာမီႏွစ္ဆပြားေပးမယ္၊ သြားၿပီ''

"ဟင္! မာမီ...မာမီ''

ထြက္သြားႏွင့္ၿပီျဖစ္ေသာ မာမီ့ကို ၾကည့္ရင္း မႉးဆြံ႕အက်န္ေနခဲ့သည္။ ဤပိုက္ဆံမ်ားမွာ ၎တိုက္ခန္းကို ဆက္ငွါးရန္ မႉးစုထားတာျဖစ္၏။ ႏွစ္ခ်ဳပ္ဌားထားတာ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မည္မို႔ မာမီလုပ္တာႏွင့္ မႉးလမ္းေဘးေရာက္ေတာ့မည္။

မႉး ပိန္ကပ္ေနသည့္ပိုက္ဆံအိတ္ေလးကိုယူကာ လိုအပ္တာမ်ားဝယ္ရန္ လမ္းထိပ္ mini martအေသးစားသို႔ ထြက္လာသည္။ မႉး လမ္းေလွ်ာက္လာစဥ္ ေရွ႕တည့္တည့္တိုးဝင္လာသည့္စက္ဘီးတစ္စီးေၾကာင့္ မႉးေျခလွမ္းရပ္လိုက္သည္။ စက္ဘီးက မႉးေရွ႕ ႐ုတ္တရက္ရပ္သြားၿပီး စက္ဘီးစီးလာသည့္ေကာင္မေလးက မ်က္ႏွာရႈံ႕မဲ့မဲ့ျဖင့္ စက္ဘီးကို လြတ္ခ်ကာ လမ္းေဘးတြင္ထိုင္ခ်ေတာ့ မႉးေၾကာင္သြားသည္။ မတိုက္မိပါဘဲ ဘာေၾကာင့္လဲခ်သလဲဆိုသည့္ အၾကည့္တို႔က စူးရဲေန၏။

"ဟင့္...အဟင့္၊ အရမ္းနာတယ္၊ မမ သြင္ရိပ္ကို ကယ္ပါဦး၊ ေျခသလုံးက နာလို႔ ႂကြက္တက္တာလားမသိဘူး''

ေကာင္မေလးက သူ႕ေျခေထာက္ကိုသူ ဖိကိုင္ၿပီး ငိုေနေတာ့သည္။ မႉး ေကာင္မေလးေရွ႕၌ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ေတာ့ သူမေလးက မႉးလက္တစ္ဖက္ကို အားကိုးတႀကီး ဆုပ္ကိုင္လာသည္။

"မမ သြင္ရိပ္ေျခေထာက္က အရမ္းေအာင့္တယ္''

မႉး ေကာင္မေလး၏ျဖဴသန႔္ေနသည့္ေျခေထာက္ကို ၾကည့္ကာ ကိုင္ရန္ဝန္ေလးေနသည္။ ကိုယ္ႏွင့္ မသိသည့္ သူစိမ္းျဖစ္သည့္အျပင္ ကိုယ့္ထက္ငယ္သူ၏ေျခေထာက္ကို မႉးမကိုင္ခ်င္ေပ။ မ်က္ႏွာတစ္ခုလုံးစို႐ြဲေနေအာင္ ငိုေနသည့္ေကာင္မေလးေၾကာင့္ မႉးသက္ျပင္းခ်ကာ ေကာင္မေလး၏ညာေျခေထာက္ကို ကိုင္ၿပီး ႏွိပ္ေပးလိုက္သည္။

"သက္သာလား၊ နာေသးလား''

"နည္းနည္းေတာ့နာတယ္၊ ဒါေပမဲ့ ခုနထက္ေတာ့ မနာဘူး''

ေကာင္မေလးက မ်က္ရည္ဘယ္ညာသုတ္ကာ ေျပာလာေတာ့ မႉး သူမေျခေထာက္ကို လြတ္လိုက္သည္။

"ထနိုင္လား''

"ဟုတ္မမ''

ေကာင္မေလးက ထရန္ မနည္းႀကိဳးစားေနသျဖင့္ မႉး သူမလက္တစ္ဖက္ကို ကူတြဲေပးလိုက္သည္။

"ခုနက စက္ဘီးနင္းေနရင္း အရမ္းနာလာတာ၊ မမကူညီလို႔ ေတာ္ေသးတာေပါ့၊ ေက်းဇူးပါေနာ္''

မႉးထြက္သြားရန္လုပ္ေတာ့ေကာင္မေလးက မႉးလက္ကို ဆြဲထားျပန္သည္။

"မမဘယ္သြားမွာလဲ၊ သြင္ရိပ္က ေၾကးအိုးလာဝယ္တာ ဆိုင္ရွာမေတြ႕လို႔''

"ဒီနားမွာ ေၾကးအိုးဆိုင္မရွိဘူး၊ ဒီလမ္းအဆုံး လမ္းမႀကီးရဲ႕တစ္ဖက္ကို ကူးသြားရင္ အဲမွာရွိတယ္''

"ေက်းဇူးပါမမ''

မႉး ေကာင္မေလးကို တစ္ခ်က္ၾကည့္လိုက္သည္။ ၿပီးေတာ့ စိတ္မရွည္စြာ သူမလက္ကို ျဖဳတ္ခ်ၿပီး ထြက္လာခဲ့သည္။

====

ဆက္ရန္။
#ေႂကြ

Continue Reading

You'll Also Like

5.8M 271K 40
-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season...
13.4K 1K 13
" အစ်မတော်ပြန်လာခဲ့မယ်နော် ခင်ဦး" " အစ္မေတာ္ ျပန္လာခဲ့မယ္ေနာ္ ခင္ဦး "
104K 9.1K 25
ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေတာ့ ကံ့ေကာ္လွိုင္ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက...
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant