ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.8K 978 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-16(U+Z)

213 18 34
By mg-yoe-shin

အိမ်ပြန်ရောက်သည် အထိ မိုးက မတိတ်သေးပေ။ဘယ်အငြိုးကြောင့် သည်းကြီးမည်းကြီးရွာနေသည်မသိ။မိုးစက် မိုးပေါက်များက တဖြောက်ဖြောက်။

"အမေ"

"သားရယ် အမေဖြင့် စိတ်ပူလိုက်တာ
လျှပ်စီးတွေကလက် မိုးတွေကခြိမ်းနဲ့..."

"ဘာမှမဖြစ်ပါဘူး အမေ"

"ခြေထောက်က ထော့နဲ့ ထော့နဲ့နဲ့ ဘာဖြစ်လာတာတုန်း.."

"ခြေခေါက်ပြီး ချော်လဲသွားလို့ပါ အမေ"

"ငါ့သားနှယ် ဖြစ်ရမယ် လာ လာ...။အဝတ်အစားအရင်လဲ ရေနွေးပူပူလေးထဲသောက် ပြီးရင်စောင်ခြုံထဲကွေးနေဦး."

"အမေ ဒါက..."

နောင်ရိုးသစ်သည် အိမ်ကလေး၏ အိမ်ခေါင်မိုးကို လက်ညိုးထိုးပြကာ ဆက်မမေးဘဲ စကားရပ်ထားလိုက်သည်။ အိမ်ကလေးမှာ မိုးမလုံတာ နောင်ရိုးသစ်ရော ဒေါ်ခင်နှောင်းရော အသိပင်ဖြစ်သည်။အရင်က သက်ငယ်မိုးထားသော်လည်း ယခုအခါ သက်ငယ်အသစ်လဲပြီး ပြန်မိုးဖို့ကလည်း ငွေကြေးမပြည့်စုံလှပေ။သက်ငယ်‌ေစျးကြီးတာ‌ေကြာင့် ခေါင်မိုးအပေါက်လေးများကို လျစ်လျူရှုထားရတာ ကြာချေပြီ။ထို့ကြောင့်ပင် နွေရာသီကတည်းက သားအမိနှစ်ယောက် တောထဲသွား အင်ဖက်ခူးကာအခြောက်လှမ်းထားခဲ့သည်။ အင်ဖက်လေးများခြောက်သည့်အခါ မိုးမလုံသည့် အပေါက်နေရာများကို လိုက်ဖာထေးရန်ဖြစ်သည်။

"ဟုတ်တယ် သားရဲ့ မိုးကလည်း တော်တော်သည်းနေတာနဲ့ တောင်ဘက်ပိုင်းက ကိုလှမောင်ကို သွားခေါ်ပြီး ဖာ ခိုင်းလိုက်ရတာ"

အမေ့၏ အပြောကို နောင်ရိုးသစ် သိပ်တော့ သဘောမကျလှပေ။

"....."

"ကဲပါ သားရယ် အဝတ်အစားလဲ ချမ်းနေရော့မယ် အမေ ရေနွေးပူပူလေး ခပ်ထားလိုက်မယ်.."

နောင်ရိုးသစ် အမေ့ကို ခေါင်းညိတ်ပြပြီး အဝတ်အစားလေးများအား ချွတ်လိုက်သည်။ထို့နောက် ရေချိုးရန် အိမ်ရှေ့ရှိ စဉ့်အိုးများထားသော နေရာလေးဆီသို့ ထွက်လာခဲ့သည်။

စဉ့်အိုးလေး၏ ဘေးတွင် ထိုင်ချလိုက်ပြီး စဉ့်အိုးထဲမှ ရေတစ်ဖလားခပ်ကာ ခေါင်းပေါ်က‌နေ ချိုးချလိုက်သည်။လူတစ်ကိုယ်လုံး အေးသွားသည်။သို့သော် ရင်ထဲမှ အပူလုံးက မအေးခဲနိုင် ပူလောင်နေမြဲဖြစ်သည်။

အမေနဲ့ ဦးလှမောင်နဲ့က ဘယ်လိုပတ်သတ်နေသလဲ မသိ။ နောင်ရိုးသစ် အမေ့ကို မည်သို့သော ယောကျာ်းမျိုးနှင့်မှ မပတ်သတ်စေချင်ပါ။ပတ်သတ်သည်ကိုလည်း မကြိုက်ပါ။ဦးလှမောင်ဆိုသည့် လူသည် ကလေးတစ်ယောက်အဖေ မုဆိုးဖိုတစ်ယောက်ဖြစ်သည်။ဟိုကောင် သီဟနိုင်၏ ဦးလေးလည်းဖြစ်သည်။

"သားရေ အဝတ်ဖြူကို လျှော်ပြီး မိုးရွာထဲ မလှမ်းခဲ့နဲ့နော် ဖားဥစွဲ လိမ့်မယ်.."

အိမ်ပေါ်မှ အမေ့၏ အသံကြားမှ နောင်ရိုးသစ် အတွေးတွေ လွင့်ပြယ်သွားသည်။ ရေမြန်မြန်ချိုးကာ အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။

နောက်တစ်နေ့မနက်ရောက်တော့ နောင်ရိုးသစ်၏ ခြေထောက်လေးသည်လည်း အနည်းငယ်သက်သာ လာကာ လမ်းကောင်းကောင်းလျှောက်နိုင်လေပြီဖြစ်သည်။

"နောင်ရိုးရေ သွားရအောင်ဟေ့.."

အိမ်ရှေ့မှ ထိန်လင်း၏ အသံက အတိုင်းသားကြားနေရတာမို့ အဝတ်အစားလဲပြီး အသင့်ထိုင်စောင့်နေသော နောင်ရိုးသည် အိမ်ထဲမှထွက်လာခဲ့သည်။

ထိန်လင်း ဝတ်စားထားသည့်ပုံက မင်းသားကျနေတာပဲ။အဖြူအင်္ကျီက ကော့ပြန့်နေအောင် မီးပူတိုက်ထားသည်မှာအင်္ကျီအနားစလေးများအား ကြည့်သည်နှင့် ခန့်မှန်း၍ ရနိုင်သည်။ပုဆိုးအစိမ်းကိုလည်း သေချာကျနစွာ ဝတ်ထားလေသည်။

နောင်ရိုးနှင့်တော့အများကြီး ကွာခြားလှပါသည်။အဖြူအစိမ်း ဝတ်စုံ နှစ်ထည်သာ ရှိသည်မို့ အရင်တစ်နေ့က ဝတ်ထားသော ဝတ်စုံကို လျှော်ဖွတ်ကာ ခြောက်အောင်လုပ်ရသည်။ခြောက်သည့်အဝတ်များကိုလည်း တကူးတက မီးပူမထိုးနိုင်။
အင်္ကျီလေးကို ကျကျနနခေါက်ကာ ဖျာအောက်တွင် ထားရသည်။သွားခါနီးမှ ဆွဲယူကာ ဝတ်လာခဲ့ရတာဖြစ်သည်။

"မင်း ခြေထောက်ရော သက်သာရဲ့လား.."

"အင်း သက်သာသွားပါပြီ..."

ထိန်လင်း စိတ်ပူလှသည်။ခြေထောက်မသက်သာမှာထက် ခြေထောက်မသက်သာ၍ ကျောင်းမလိုက်နိုင်မှာ ပိုဆိုး၍ ဖြစ်သည်။ ‌နောင်ရိုးသစ်မပါလျှင် ထိန်လင်း တစ်ယောက်တည်း ကျောင်းမသွားချင်ပေ။

"ဒါနဲ့ မင်းရော နေကောင်းတယ်မလား"

"အင်း ငါက ကောင်းပါတယ် မင်းကိုသာ ငါက စိတ်ပူနေတာ"

"ဒါဆို သွားရအောင်"

"နေဦးလေကွာ ဆုလဲ့ကို ဝင်ခေါ်ရဦးမယ်"

"သူကဖြင့် သွားပြီ ဒီနေ့ကသူ့အသင်းနေ့မို့တဲ့ စောစောကပဲ ထွက်သွားတာ"

"ဟုတ်လား.."

"ကဲပါ စက်ဘီ‌းပေါ်တက် သွားကြရအောင်.."

"ဟင် မင်း စက်ဘီးက ဆရာမအိမ်ကနေ ဘယ်ကနေ ဘယ်လို"

"မင်း ခြေထောက်မသက်သာဘဲ လမ်းလျှောက်ရမှာဆိုးတာနဲ့ အိမ်က ကိုဖိုးရှုပ်ကို သွားယူခိုင်းထားရတာ"

အဲ့ဒီအပြောကြောင့်ပင် နောင်ရိုးသစ် ရင်တစ်ခုလုံး နွေးထွေးသွားရပြန်သည်။

"ကဲ ကိုယ်တော်ချော စက်ဘီးပေါ်တက် ကျောင်းသွားမယ်"

"အင်း"

နောင်ရိုး စက်ဘီးပေါ်ရောက်သည်နှင့် ထိန်လင်း စက်ဘီးကလေးအား အသာနင်းကာ ကျောင်းသို့ ထွက်လာခဲ့လိုက်သည်။မိုးရွာထားသည်ကြောင့် သိပ်တော့ လမ်းက မဖြူး။ မြေခြောက်သည့်နေရာလေးပေါ်တွင် ကပ်ကာ မောင်းရသည်။

ကျောင်းသို့မရောက်မှီ ကျောင်းသို့ လာရာလမ်းကလေးအတိုင်း စက်ဘီးကလေးကို နင်းကာ လျှောက်လှမ်းလာခိုက် အရှေ့ဘက်နားမှာ မိန်းကလေးတစ်ယောက်အား အတင်းအကြပ် စာလိုက်ပေးနေသော ကောင်တစ်ယောက်အားတွေ့လိုက်ရ၍ ထိန်လင်း ဒေါသထွက်သွားရ‌ေလသည်။
ထိန်လင်း စက်ဘီးကလေးအား အလျင်အမြန်နင်းကာ ထိုနေရာသို့ ချဉ်းကပ်သွားလိုက်သည်။

စာပေးခံနေရသူက တခြားသူမဟုတ်။ထိန်လင်းနှင့် နောင်ရိုးတို့၏ သူငယ်ချင်းအရင်းအချာ ဆုလဲ့နှင်းဖြစ်သည်။ဆုလဲ့နှင်း၏ အနားရောက်သည်နှင့် စက်ဘီးကလေးအား အရှိန်လျော့ကာ ရပ်ထားလိုက်သည်။အဖြစ်အပျက်များအား ထိန်လင်းအပြင် နောင်ရိုး ပါ သိခဲ့မြင်ခဲ့ပြီးဖြစ်သည်။

"ဆုလဲ့ ဘာဖြစ်နေတာလဲ.."

ဖြစ်စဉ်အစအဆုံးအား မြင်ရပေမယ့် ထိန်လင်း မသိဟန်ဆောင်ကာ မေးလိုက်သည်။
ဆုလဲ့နှင်း၏ မျက်နှာလေးက ရေငတ်နေသူက ရေယူဆောင်လာပေးသူအား တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသော ဝမ်းသာမှုလို ညိုးငယ်နေသော မျက်နှာလေးသည် ချက်ချင်းပင် ဝင်းပသွားသည်။

"ဒီမှာ ငါမယူပါဘူးဆိုတာ အတင်းအကြပ်စာလိုက်ပေးနေတာ.."

ဆုလဲ့နှင်း၏ ဘေးမှာ ရပ်နေသော ကောင်အား ထိန်လင်း ဘုကြည့်ကြည့်လိုက်သည်။ ထိုကောင်သည် မိမိတို့ အခန်းထဲက မဟုတ်မှန်း သိသည်။‌အဖြူအစိမ်းဝတ်ထား၍သာ ကျောင်းသားဟု ထင်ရသော်လည်း မျက်နှာပုံပန်းမှာ ကျောင်းသားဟု ထင်စရာတစ်ကွက်မှ မရှိ။ပါးစပ်တစ်ခုလုံးရဲနေအောင်ပင် ကွမ်းစားထားသေးသည်။

"သူ မယူချင်တာ မင်းက ဘာလို့ အတင်းလိုက်ပေးနေတာလဲ.."

"ဒီကိစ္စ မင်းနဲ့ ဘာဆိုင်လဲ ငါကြိုက်တဲ့ ကောင်မလေးမို့ ငါ စာလိုက်ပေးတာ ဘာဖြစ်လဲ..."

"အေး ဒါက ငါ့သူငယ်ချင်းကွ ငါနဲ့ဆိုင်တယ်"

"ဘာလဲ မင်းက ကောက်ရိုးပုံစောင့်တဲ့ခွေးလား.."

"ဘာကွ ဟေ့ကောင်မင်းမိုက်ရိုင်းလှချည်းလားကွ"

"မရိုက်ပါဘူး မင်းကဆင့်-ီးခွေးမျှော် လုပ်နေလို့ မလုပ်ဖို့ သင်ပေးနေတာ"

"ဘာကွ"

ထိန်လင်းသည် စနေသားပီပီ ဒေါသစိတ်က ငယ်ထိပ်ရောက်နေတာမို့ ထိုးရန် ဟန်ပြင်လိုက်ပေမယ့် ဆုလဲ့နှင်း၏ လက်ကလေးသည် သူ့ပခုံးပေါ်သို့ ကျရောက်လာသည်။သူမ၏ ဟန့်တားမှုကြောင့် မထိုးဖြစ်လိုက်ပေ။

"ဘာလဲ မင်းက အနာပေါ်တုတ်ကျလို့ နာနေတာလား..။ဆုကိုငါကြိုက်တယ် ငါချစ်လို့ စာလိုက်ပေးတယ် မင်းနဲ့ အနေသာကြီးပါကွာ ရှောင်သွားလည်း ရတာပဲ ငါ့ကောင်ရာ..."

ပြောပြောဆိုဆိုနှင့် ပခုံးအားသိုင်းဖက်ခံလိုက်ရတာကြောင့် ထိုကောင်လက်အား ထိန်လင်း ပုတ်ချလိုက်သည်။

"မင်းကြိုက်ရင်လည်း ပြောပေါ့ကွာ ကောက်ရိုးပုံစောင့်တဲ့ ခွေးကြီးလို အနားလာကပ်တဲ့သူတိုင်းကို ဟောင်မနေစမ်းပါနဲ့..."

ထိန်လင်း စိတ်မထိန်းတော့သည်မို့ ထိုသူ့အား ပပ်ခနဲနေအောင်ထိုးထည့်လိုက်သည်။ နောက်တစ်ဖန် ထိုသူ၏ လျင်မြန်လှသော လက်သီးချက်က ထိန်လင်း၏ ပါးရိုးသို့ ထိလာသည်။

ထို့နောက် ဘယ်အချိန်ကတည်းက ဘေးအကွယ်မှာ စောင့်နေမှန်း မသိသော ထိုသူ့၏ အပေါင်းအပါများက ဝိုင်းအုံ့လာပြီး ထိန်လင်းအား ဝိုင်းထားသည်။သူတို့ထဲမှ တစ်ယောက်က ထိန်လင်း၏ လက်အား နောက်ပြန်ချုပ်ထားကာ အရှေ့မှ တစ်ယောက်က မျက်နှာနှင့် ဝမ်းဗိုက်အား ထိုးသည်။

နောင်ရိုးနှင့် ဆုလဲ့သည် ဘာလုပ်ရမှန်းမသိအောင် ကြောင်ရပ်နေမိသည်။

"ငါတို့ ဘာလုပ်ကြမလဲ ထိန်လင်း အထိုးခံနေရပြီ.."

ဘေးမှ ဆုလဲ့၏ အသံစူးစူးဝါးဝါး ကြားမှနောင်ရိုးသစ် သတိပြန်ဝင်လာသည်။
နောင်ရိုး ကျီးကန်းတောင်မှောက် ဘေးဘီဝဲယာ ဝေ့ကြည့်ပေမယ့် အကူအညီပေးမည့်သူ တစ်ယောက်မှ မတွေ့ပေ။ကြံရာ မရသည့်အဆုံး ချုံငယ်လေး၏ ဘေးတွင်ရှိသော တုတ်တစ်ချောင်းအား ယူကာ ထိန်လင်းအား အားရပါးရထိုးနှက်နေသော ကောင်လေး၏ ဦးခေါင်းအား အားထည့်၍ ရိုက်လိုက်မိ‌ေလသည်။

"ဟာ"

အနားမှ လူတစ်ယောက်၏ အံ့ဩမှင်တက်သံနှင်ြအတူ နောင်ရိုးသစ်ရိုက်လိုက်သော လူသည် ချက်ချင်းပင် လဲကျသွားသည်။

‌ရိုက်လိုက်သည့် တုတ်ပေါ်တွင် ပေစွန်းနေသော သွေးများ။အနားတွင် သွေးများ တစိမ့်စိမ့်ကျကာလဲခွေကျနေသည့် လူ။

မြင်ရသည့် အရာများကြောင့် မျက်နှာကလေးမှာ သွေးဆုပ်ခံရသလိုဖြူဖတ်ဖြူရော် ဖြစ်ကာ လက်တွင်ကိုင်ထားသော တုတ်အား ‌ယောင်ယမ်းကာ လွှတ်ချလိုက်မိသည်။

"နောင်...နောင်ရိုး..."

နောင်ရိုး မျက်ရည်အိမ်မှ မျက်ရည်စက်ကလေးများ တသွင်သွင် စီးကျလာရလေသည်။သွားပြီ...။လူတစ်ယောက်ကို သွေးထွက်အောင်ရိုက်မိပြီ။

"နောင်ရိုး..မင်း မင်း ဘာမှမဖြစ်ဘူး ဘာမှမကြောက်နဲ့"

သူ ခေါင်းညိတ်မိသလား၊ တွေတွေကြီးရပ်နေမိသလား မသိတော့။

ခဏကြာသည်နှင့် လမ်းသွားလမ်းလာ လူကြီးများရောက်လာသည်။နောင်ရိုးတို့အားလုံး ကျောင်းဆရာကြီး၏ ရုံးခန်းသို့ ရောက်တော့သည်။ ကျောင်းအုပ်ဆရာကြီးက ရွာမှ မိဘများအား လူကြုံနှင့်အမှာလွှတ်သည်။နေမွန်းတည့်ချိန်ရောက်တော့ ရွာမှ မိဘများရောက်ချလာသည်။နောင်ရိုးသစ်၏ အမေတော့ပါမလာပေ။

"ဘယ်လိုဖြစ်ရတာလဲ...သားရယ်..."

မျက်နှာတွင် ထိုးနှက်ရာများပြည့်နှက်နေသော ထိန်လင်း အားကြည့်ကာ ဒေါ်မြမြရီသည် ကရုဏာသက်စွာဖြင့် မေးလေသည်။

နောင်ရိုး ထိုအဖြစ်အပျက်အားကြည့်ကာ ဝမ်းနည်းသွားရသည်။မေမေရော လာမှာလား။အလုပ်များနေမလား...ဒါမှ မဟုတ် ကျောင်းထုတ်လိုက်လေမလား မသိ။ခံရတဲ့သူဘက်ကရော ကျေအေးပေးမှာလား...။ အလျော်တောင်းလေမလား...။နောင်ရိုး ခေါင်းထဲတွင် မေးခွန်းပေါင်းစုံက ‌ယောင်ယတ်ခတ်နေသည်။ဖြစ်နိုင်လျှင် နောင်ရိုး ဒီရုံးခန်းထဲက ထွက်သွားချင်ပါပြီ။

"အားလုံး လူစုံကြပြီ ထင်ပါရဲ့ ကျွန်တော်ခေါ်လိုက်ရတဲ့ အကြောင်းအရင်း ကိစ္စပြောပါမယ်"

"ဒါနဲ့ သား မိဘတွေရော မလာဘူးလား"

ဆရာကြီး၏ လက်ညိုးသည် နောင်ရိုးဆီသို့ တည့်တည့်မတ်မတ်ရောက်လာလေသည်။နောင်ရိုး မဖြေနိုင်ပေ။ ခေါင်းကိုသာ ငုံ့၍ထားရသည်။

"သူ့အမေ နေမကောင်းလို့ပါဆရာ ကျွန်တော်တို့က သူ့အဖေ၊သူ့အမေလိုပါပဲ"

ဆုလဲ့နှင်း၏ အဖေဖြစ်သည့် ဦးလေးဦးညွှန့်ဇော်အား နောင်ရိုးကျေးဇူးတင်မိလေသည်။

"ဒါဆိုလည်း ကျွန်တော်စပြောပါမယ် ခဗျားတို့ သားသမီးတွေ ဖြစ်တဲ့ကိစ္စကို ခဗျားတို့လည်း တစ်စွန်းတစ်စသိပြီးလောက်ပါပြီ အဲ့တော့ ကျွန်တော်မပြောလိုပါဘူး တစ်ယောက်ကို တစ်ယောက်တောင်းပန်ကြပါ"

"အို ကျွန်မတို့ကတော့ မတောင်းပန်နိုင်ပါဘူး"

ဆုလဲ့၏ အဖေနှင့်အမေကတော့ ရိုက်ခံရသည့်တစ်ဖက်ကောင်လေး၏ မိဘများအား တစ်လှည့်၊ ကျောင်းအုပ်ဆရာကြီးအား တစ်လှည့် တောင်းပန်လေသည်။

"နှစ်ဦးနှစ်ဖက်လုံးကို ကျွန်တော်ကပဲတောင်းပန်ပါတယ် ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်ဆိုထားတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက်တောင်းပန်ပြီး ကြေအေးကြဖို့ ကျွန်တော်ကပဲစပြောချင်ပါတယ်"

"အို မကျေနပ်နိုင်ပါဘူး ကျွန်မသားခံထားရတာပါ ဆရာကြီးရယ် ကြည့်ပါဦး...ကျွန်မကတော့ ဒီကောင်လေးကို ကျွန်မသားလို ပြန်ခံရမှာကိုး ကျေနပ်မယ်..."

ကျောင်းအုပ်ဆရာကြီးသည် ခေါင်းရှုပ်သည့်ဟန်ဖြင့် ဘာမှဆက်မပြောပဲ ခေါင်းကိုသာ ကုတ်‌ေလသည်။

"ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ အစ်မရယ် ရန်ကိုရန်ချင်း တုံ့ပြန်ရင် ဘယ်မှာ ငြိမ်းချမ်းမှုရှိပါ့မလဲ။ ဘယ်လိုမှ‌ေတာ့ သဘောမထားပါနဲ့ကျွန်တော်တို့ဘက်ကလည်း အစ်မသားရဲ့ ဆေးကုသတဲ့ ကုန်ကျငွေကို ကျွန်တော်တို့ တာဝန်ယူပါရစေ..."

ဆုလဲ့၏ အဖေသည် ပညာတတ်တစ်ယောက်ပီပီ စကားအလိမ္မာနှင့် ဖြောင့်ဖျလေသည်။

"ကျွန်မတို့ဘက်က သိပ်တော့ ကြေအေးချင်တာ မဟုတ်ဘူး"

"တစ်ယောက်နဲ့တစ်ယောက် စကားအချေအတင်ပြောကြတာလည်း မကောင်းပါဘူး ကျွန်တော်အနေနဲ့လည်း ကလေးတွေကိုလည်း ကျောင်းထုတ်တာ ကျောင်းပြောင်းခိုင်းရတာမျိုး မဖြစ်စေချင်ပါဘူး ဒါကြောင့် အငြိုးအာဃာတ ထားတာမျိုးမရှိဘဲ အဖက်ဖက်ကဖြည့်တွေးပြီး ကြေအေးပေးကြပါလို့ ပြောချင်ပါတယ်"

စကားအချေအတင်များ အပြန်အလှန် ပြောကြပြီးနောက် ကျောင်းအုပ်ဆရာကြီးကပင် နှစ်ဖက်စလုံးအား ပြန်တောင်းပန်‌  လေသည်။ မကျေမချမ်းမျက်နှာများနှင့်ပင် ကျေအေးသွားလေတော့သည်။
နောင်ရိုးလည်း ဘာလျော်ကြေးငွေမှ မပေးရပေ။ထိန်လင်း၏ အမေသည်လည်း ဘာစကားမှ မပြောပေ။သို့‌ေသာ် နောင်ရိုးကိုကြည့်သည့် မျက်လုံးစိမ်းစိမ်းများ၏ အဓိပ္ပာယ်နှင့် မျက်နှာထားတင်းတင်းကို သိပါသည်။အမှုကိစ္စ အားလုံး ပြီးတဲ့အထိ အမေ ရောက်မလာပေ။

"ကျေအေးသွားကြပြီဆိုပေမယ့်လည်း နောင်တစ်ခါ အလားတူအဖြစ်မျိုး ထပ်မဖြစ်ရအောင် ခံဝန်ကတိထိုးရပါမယ်"

"ဟုတ်ကဲ့"

"နောက်ပြီး မင်းတို့ကောင်တွေ ကြပ်ကြပ်သတိထားနေ ဒီနေ့ဖြစ်တဲ့ကိစ္စမှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မင်းတို့ သိတယ်မလား"

"သိပါတယ်ဆရာ"
အခန်းထဲတွင်ရှိ‌ေနသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆ယောက်စလုံး အတူတကွ ဖြေကြရလေသည်။

"မင်းတို့အပြစ် မင်းတို့သိရင် ပြီးတာပဲ မနက်ဖြန် မင်းတို့အားလုံး ကျောင်းသန့်ရှင်းရေးလုပ်ရမယ်"

"ဟုတ်ကဲ့ပါဆရာကြီး"

"ကဲ ဒီမှာ လက်မှတ်ထိုးကြ"

ဆရာကြီး ညွှန်ပြသည့် စာရွက်လေးပေါ်တွင် သူတို့အားလုံး လက်မှတ်ထိုးကြသည်။နောက်နောင် ရန်မဖြစ်တော့ပါဆိုသည့်အကြောင်း ဝန်ခံကတိ လက်မှတ်ထိုးရလေသည်။ပြီး‌ေနာက် တစ်ချိန်လုံး ဆူပူနေခဲ့သော ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းထဲမှ ထွက်လာခဲ့ရတော့သည်။

အရင်က သတ္တိနည်းနေခဲ့တဲ့ကောင်က မင်းအတွက်ဆို သူရဲကောင်းဖြစ်ချင်နေတာ..။
ငါ့ကိုငါလည်း ပန်ထွာဧကရီကို အမြဲတစေကာကွယ်‌ေပးခဲ့တဲ့ သျှီဝ ဝင်စားတယ်လို့ ထင်ချင်နေတော့တာ။မင်းကတော့ ပန်ထွာ ပေါ့ ထိန်လင်းရာ။

_တစ်ခုသိစေချင်လို့ပါ။
အားလုံးလည်း သိပြီးသား ဖတ်ခဲ့ပြီးသားနေမှာပါနော်။ကျွန်တော့်ရဲ့ ခွင့် Fiction Introမှာတင်ထားခဲ့တဲ့ ဇာတ်ကောင်မိတ်ဆက်ထဲက ဇာတ်ကောင်နှစ်ဦးဟာ ယခုအချိန်ထိ မပါဝင်သေးဘူးဆိုတာ သိပါသလားခင်ဗျ။အဲ့ဒီဇာတ်‌ကောင်နှစ်ဦးဟာလည်း Main Characterတွေပါ။ပြောချင်တာကတော့ ဇာတ်လမ်းရှည်မယ်ပေါ့။အဆုံးထိ ဖတ်ပေးကြပါလို့။
(ကျန်းမာရေးဂရုစိုက်ကြပါနော်
အားလုံးကို ချစ်တဲ့ /mg-yoe-shin)

Zawgyi Version

အိမ္ျပန္ေရာက္သည္ အထိ မိုးက မတိတ္ေသးေပ။ဘယ္အၿငိဳးေၾကာင့္ သည္းႀကီးမည္းႀကီး႐ြာေနသည္မသိ။မိုးစက္ မိုးေပါက္မ်ားက တေျဖာက္ေျဖာက္။

"အေမ"

"သားရယ္ အေမျဖင့္ စိတ္ပူလိုက္တာ
လွ်ပ္စီးေတြကလက္ မိုးေတြကၿခိမ္းနဲ႕..."

"ဘာမွမျဖစ္ပါဘူး အေမ"

"ေျခေထာက္က ေထာ့နဲ႕ ေထာ့နဲ႕နဲ႕ ဘာျဖစ္လာတာတုန္း.."

"ေျခေခါက္ၿပီး ေခ်ာ္လဲသြားလို႔ပါ အေမ"

"ငါ့သားႏွယ္ ျဖစ္ရမယ္ လာ လာ...။အဝတ္အစားအရင္လဲ ေရႏြေးပူပူေလးထဲေသာက္ ၿပီးရင္ေစာင္ၿခဳံထဲေကြးေနဦး."

"အေမ ဒါက..."

ေနာင္ရိုးသစ္သည္ အိမ္ကေလး၏ အိမ္ေခါင္မိုးကို လက္ညိုးထိုးျပကာ ဆက္မေမးဘဲ စကားရပ္ထားလိုက္သည္။ အိမ္ကေလးမွာ မိုးမလုံတာ ေနာင္ရိုးသစ္ေရာ ေဒၚခင္ႏွောင္းေရာ အသိပင္ျဖစ္သည္။အရင္က သက္ငယ္မိုးထားေသာ္လည္း ယခုအခါ သက္ငယ္အသစ္လဲၿပီး ျပန္မိုးဖို႔ကလည္း ေငြေၾကးမျပည့္စုံလွေပ။သက္ငယ္ေစျးကြီးတာေကြာင့် ေခါင္မိုးအေပါက္ေလးမ်ားကို လ်စ္လ်ဴရႈထားရတာ ၾကာေခ်ၿပီ။ထို႔ေၾကာင့္ပင္ ႏြေရာသီကတည္းက သားအမိႏွစ္ေယာက္ ေတာထဲသြား အင္ဖက္ခူးကာအေျခာက္လွမ္းထားခဲ့သည္။ အင္ဖက္ေလးမ်ားေျခာက္သည့္အခါ မိုးမလုံသည့္ အေပါက္ေနရာမ်ားကို လိုက္ဖာေထးရန္ျဖစ္သည္။

"ဟုတ္တယ္ သားရဲ႕ မိုးကလည္း ေတာ္ေတာ္သည္းေနတာနဲ႕ ေတာင္ဘက္ပိုင္းက ကိုလွေမာင္ကို သြားေခၚၿပီး ဖာ ခိုင္းလိုက္ရတာ"

အေမ့၏ အေျပာကို ေနာင္ရိုးသစ္ သိပ္ေတာ့ သေဘာမက်လွေပ။

"....."

"ကဲပါ သားရယ္ အဝတ္အစားလဲ ခ်မ္းေနေရာ့မယ္ အေမ ေရႏြေးပူပူေလး ခပ္ထားလိုက္မယ္.."

ေနာင္ရိုးသစ္ အေမ့ကို ေခါင္းညိတ္ျပၿပီး အဝတ္အစားေလးမ်ားအား ခြၽတ္လိုက္သည္။ထို႔ေနာက္ ေရခ်ိဳးရန္ အိမ္ေရွ႕ရွိ စဉ့္အိုးမ်ားထားေသာ ေနရာေလးဆီသို႔ ထြက္လာခဲ့သည္။

စဉ့္အိုးေလး၏ ေဘးတြင္ ထိုင္ခ်လိဳက္ၿပီး စဉ့္အိုးထဲမွ ေရတစ္ဖလားခပ္ကာ ေခါင္းေပၚကေန ခ်ိဳးခ်လိဳက္သည္။လူတစ္ကိုယ္လုံး ေအးသြားသည္။သို႔ေသာ္ ရင္ထဲမွ အပူလုံးက မေအးခဲနိုင္ ပူေလာင္ေနၿမဲျဖစ္သည္။

အေမနဲ႕ ဦးလွေမာင္နဲ႕က ဘယ္လိုပတ္သတ္ေနသလဲ မသိ။ ေနာင္ရိုးသစ္ အေမ့ကို မည္သို႔ေသာ ေယာက်ာ္းမ်ိဳးႏွင့္မွ မပတ္သတ္ေစခ်င္ပါ။ပတ္သတ္သည္ကိုလည္း မႀကိဳက္ပါ။ဦးလွေမာင္ဆိုသည့္ လူသည္ ကေလးတစ္ေယာက္အေဖ မုဆိုးဖိုတစ္ေယာက္ျဖစ္သည္။ဟိုေကာင္ သီဟနိုင္၏ ဦးေလးလည္းျဖစ္သည္။

"သားေရ အဝတ္ျဖဴကို ေလွ်ာ္ၿပီး မိုး႐ြာထဲ မလွမ္းခဲ့နဲ႕ေနာ္ ဖားဥစြဲ လိမ့္မယ္.."

အိမ္ေပၚမွ အေမ့၏ အသံၾကားမွ ေနာင္ရိုးသစ္ အေတြးေတြ လြင့္ျပယ္သြားသည္။ ေရျမန္ျမန္ခ်ိဳးကာ အိမ္ေပၚသို႔ တက္လာခဲ့လိုက္သည္။

ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ ေနာင္ရိုးသစ္၏ ေျခေထာက္ေလးသည္လည္း အနည္းငယ္သက္သာ လာကာ လမ္းေကာင္းေကာင္းေလွ်ာက္နိုင္ေလၿပီျဖစ္သည္။

"ေနာင္ရိုးေရ သြားရေအာင္ေဟ့.."

အိမ္ေရွ႕မွ ထိန္လင္း၏ အသံက အတိုင္းသားၾကားေနရတာမို႔ အဝတ္အစားလဲၿပီး အသင့္ထိုင္ေစာင့္ေနေသာ ေနာင္ရိုးသည္ အိမ္ထဲမွထြက္လာခဲ့သည္။

ထိန္လင္း ဝတ္စားထားသည့္ပုံက မင္းသားက်ေနတာပဲ။အျဖဴအကၤ်ီက ေကာ့ျပန႔္ေနေအာင္ မီးပူတိုက္ထားသည္မွာအကၤ်ီအနားစေလးမ်ားအား ၾကည့္သည္ႏွင့္ ခန႔္မွန္း၍ ရနိုင္သည္။ပုဆိုးအစိမ္းကိုလည္း ေသခ်ာက်နစြာ ဝတ္ထားေလသည္။

ေနာင္ရိုးႏွင့္ေတာ့အမ်ားႀကီး ကြာျခားလွပါသည္။အျဖဴအစိမ္း ဝတ္စုံ ႏွစ္ထည္သာ ရွိသည္မို႔ အရင္တစ္ေန႕က ဝတ္ထားေသာ ဝတ္စုံကို ေလွ်ာ္ဖြတ္ကာ ေျခာက္ေအာင္လုပ္ရသည္။ေျခာက္သည့္အဝတ္မ်ားကိုလည္း တကူးတက မီးပူမထိုးနိုင္။
အကၤ်ီေလးကို က်က်နနေခါက္ကာ ဖ်ာေအာက္တြင္ ထားရသည္။သြားခါနီးမွ ဆြဲယူကာ ဝတ္လာခဲ့ရတာျဖစ္သည္။

"မင္း ေျခေထာက္ေရာ သက္သာရဲ႕လား.."

"အင္း သက္သာသြားပါၿပီ..."

ထိန္လင္း စိတ္ပူလွသည္။ေျခေထာက္မသက္သာမွာထက္ ေျခေထာက္မသက္သာ၍ ေက်ာင္းမလိုက္နိုင္မွာ ပိုဆိုး၍ ျဖစ္သည္။ ေနာင္ရိုးသစ္မပါလွ်င္ ထိန္လင္း တစ္ေယာက္တည္း ေက်ာင္းမသြားခ်င္ေပ။

"ဒါနဲ႕ မင္းေရာ ေနေကာင္းတယ္မလား"

"အင္း ငါက ေကာင္းပါတယ္ မင္းကိုသာ ငါက စိတ္ပူေနတာ"

"ဒါဆို သြားရေအာင္"

"ေနဦးေလကြာ ဆုလဲ့ကို ဝင္ေခၚရဦးမယ္"

"သူကျဖင့္ သြားၿပီ ဒီေန႕ကသူ႕အသင္းေန႕မို႔တဲ့ ေစာေစာကပဲ ထြက္သြားတာ"

"ဟုတ္လား.."

"ကဲပါ စက္ဘီးေပၚတက္ သြားၾကရေအာင္.."

"ဟင္ မင္း စက္ဘီးက ဆရာမအိမ္ကေန ဘယ္ကေန ဘယ္လို"

"မင္း ေျခေထာက္မသက္သာဘဲ လမ္းေလွ်ာက္ရမွာဆိုးတာနဲ႕ အိမ္က ကိုဖိုးရႈပ္ကို သြားယူခိုင္းထားရတာ"

အဲ့ဒီအေျပာေၾကာင့္ပင္ ေနာင္ရိုးသစ္ ရင္တစ္ခုလုံး ႏြေးေထြးသြားရျပန္သည္။

"ကဲ ကိုယ္ေတာ္ေခ်ာ စက္ဘီးေပၚတက္ ေက်ာင္းသြားမယ္"

"အင္း"

ေနာင္ရိုး စက္ဘီးေပၚေရာက္သည္ႏွင့္ ထိန္လင္း စက္ဘီးကေလးအား အသာနင္းကာ ေက်ာင္းသို႔ ထြက္လာခဲ့လိုက္သည္။မိုး႐ြာထားသည္ေၾကာင့္ သိပ္ေတာ့ လမ္းက မျဖဴး။ ေျမေျခာက္သည့္ေနရာေလးေပၚတြင္ ကပ္ကာ ေမာင္းရသည္။

ေက်ာင္းသို႔မေရာက္မွီ ေက်ာင္းသို႔ လာရာလမ္းကေလးအတိုင္း စက္ဘီးကေလးကို နင္းကာ ေလွ်ာက္လွမ္းလာခိုက္ အေရွ႕ဘက္နားမွာ မိန္းကေလးတစ္ေယာက္အား အတင္းအၾကပ္ စာလိုက္ေပးေနေသာ ေကာင္တစ္ေယာက္အားေတြ႕လိုက္ရ၍ ထိန္လင္း ေဒါသထြက္သြားရေလသည်။
ထိန္လင္း စက္ဘီးကေလးအား အလ်င္အျမန္နင္းကာ ထိုေနရာသို႔ ခ်ဥ္းကပ္သြားလိုက္သည္။

စာေပးခံေနရသူက တျခားသူမဟုတ္။ထိန္လင္းႏွင့္ ေနာင္ရိုးတို႔၏ သူငယ္ခ်င္းအရင္းအခ်ာ ဆုလဲ့ႏွင္းျဖစ္သည္။ဆုလဲ့ႏွင္း၏ အနားေရာက္သည္ႏွင့္ စက္ဘီးကေလးအား အရွိန္ေလ်ာ့ကာ ရပ္ထားလိုက္သည္။အျဖစ္အပ်က္မ်ားအား ထိန္လင္းအျပင္ ေနာင္ရိုး ပါ သိခဲ့ျမင္ခဲ့ၿပီးျဖစ္သည္။

"ဆုလဲ့ ဘာျဖစ္ေနတာလဲ.."

ျဖစ္စဥ္အစအဆုံးအား ျမင္ရေပမယ့္ ထိန္လင္း မသိဟန္ေဆာင္ကာ ေမးလိုက္သည္။
ဆုလဲ့ႏွင္း၏ မ်က္ႏွာေလးက ေရငတ္ေနသူက ေရယူေဆာင္လာေပးသူအား ေတြ႕လိုက္ရသကဲ့သို႔ ျဖစ္သြားေသာ ဝမ္းသာမႈလို ညိုးငယ္ေနေသာ မ်က္ႏွာေလးသည္ ခ်က္ခ်င္းပင္ ဝင္းပသြားသည္။

"ဒီမွာ ငါမယူပါဘူးဆိုတာ အတင္းအၾကပ္စာလိုက္ေပးေနတာ.."

ဆုလဲ့ႏွင္း၏ ေဘးမွာ ရပ္ေနေသာ ေကာင္အား ထိန္လင္း ဘုၾကည့္ၾကည့္လိုက္သည္။ ထိုေကာင္သည္ မိမိတို႔ အခန္းထဲက မဟုတ္မွန္း သိသည္။အျဖဴအစိမ္းဝတ္ထား၍သာ ေက်ာင္းသားဟု ထင္ရေသာ္လည္း မ်က္ႏွာပုံပန္းမွာ ေက်ာင္းသားဟု ထင္စရာတစ္ကြက္မွ မရွိ။ပါးစပ္တစ္ခုလုံးရဲေနေအာင္ပင္ ကြမ္းစားထားေသးသည္။

"သူ မယူခ်င္တာ မင္းက ဘာလို႔ အတင္းလိုက္ေပးေနတာလဲ.."

"ဒီကိစၥ မင္းနဲ႕ ဘာဆိုင္လဲ ငါႀကိဳက္တဲ့ ေကာင္မေလးမို႔ ငါ စာလိုက္ေပးတာ ဘာျဖစ္လဲ..."

"ေအး ဒါက ငါ့သူငယ္ခ်င္းကြ ငါနဲ႕ဆိုင္တယ္"

"ဘာလဲ မင္းက ေကာက္ရိုးပုံေစာင့္တဲ့ေခြးလား.."

"ဘာကြ ေဟ့ေကာင္မင္းမိုက္ရိုင္းလွခ်ည္းလားကြ"

"မရိုက္ပါဘူး မင္းကဆင့္-ီးေခြးေမွ်ာ္ လုပ္ေနလို႔ မလုပ္ဖို႔ သင္ေပးေနတာ"

"ဘာကြ"

ထိန္လင္းသည္ စေနသားပီပီ ေဒါသစိတ္က ငယ္ထိပ္ေရာက္ေနတာမို႔ ထိုးရန္ ဟန္ျပင္လိုက္ေပမယ့္ ဆုလဲ့ႏွင္း၏ လက္ကေလးသည္ သူ႕ပခုံးေပၚသို႔ က်ေရာက္လာသည္။သူမ၏ ဟန႔္တားမႈေၾကာင့္ မထိုးျဖစ္လိုက္ေပ။

"ဘာလဲ မင္းက အနာေပၚတုတ္က်လိဳ႕ နာေနတာလား..။ဆုကိုငါႀကိဳက္တယ္ ငါခ်စ္လို႔ စာလိုက္ေပးတယ္ မင္းနဲ႕ အေနသာႀကီးပါကြာ ေရွာင္သြားလည္း ရတာပဲ ငါ့ေကာင္ရာ..."

ေျပာေျပာဆိုဆိုႏွင့္ ပခုံးအားသိုင္းဖက္ခံလိုက္ရတာေၾကာင့္ ထိုေကာင္လက္အား ထိန္လင္း ပုတ္ခ်လိဳက္သည္။

"မင္းႀကိဳက္ရင္လည္း ေျပာေပါ့ကြာ ေကာက္ရိုးပုံေစာင့္တဲ့ ေခြးႀကီးလို အနားလာကပ္တဲ့သူတိုင္းကို ေဟာင္မေနစမ္းပါနဲ႕..."

ထိန္လင္း စိတ္မထိန္းေတာ့သည္မို႔ ထိုသူ႕အား ပပ္ခနဲေနေအာင္ထိုးထည့္လိုက္သည္။ ေနာက္တစ္ဖန္ ထိုသူ၏ လ်င္ျမန္လွေသာ လက္သီးခ်က္က ထိန္လင္း၏ ပါးရိုးသို႔ ထိလာသည္။

ထို႔ေနာက္ ဘယ္အခ်ိန္ကတည္းက ေဘးအကြယ္မွာ ေစာင့္ေနမွန္း မသိေသာ ထိုသူ႕၏ အေပါင္းအပါမ်ားက ဝိုင္းအုံ႕လာၿပီး ထိန္လင္းအား ဝိုင္းထားသည္။သူတို႔ထဲမွ တစ္ေယာက္က ထိန္လင္း၏ လက္အား ေနာက္ျပန္ခ်ဳပ္ထားကာ အေရွ႕မွ တစ္ေယာက္က မ်က္ႏွာႏွင့္ ဝမ္းဗိုက္အား ထိုးသည္။

ေနာင္ရိုးႏွင့္ ဆုလဲ့သည္ ဘာလုပ္ရမွန္းမသိေအာင္ ေၾကာင္ရပ္ေနမိသည္။

"ငါတို႔ ဘာလုပ္ၾကမလဲ ထိန္လင္း အထိုးခံေနရၿပီ.."

ေဘးမွ ဆုလဲ့၏ အသံစူးစူးဝါးဝါး ၾကားမွေနာင္ရိုးသစ္ သတိျပန္ဝင္လာသည္။
ေနာင္ရိုး က်ီးကန္းေတာင္ေမွာက္ ေဘးဘီဝဲယာ ေဝ့ၾကည့္ေပမယ့္ အကူအညီေပးမည့္သူ တစ္ေယာက္မွ မေတြ႕ေပ။ႀကံရာ မရသည့္အဆုံး ခ်ဳံငယ္ေလး၏ ေဘးတြင္ရွိေသာ တုတ္တစ္ေခ်ာင္းအား ယူကာ ထိန္လင္းအား အားရပါးရထိုးႏွက္ေနေသာ ေကာင္ေလး၏ ဦးေခါင္းအား အားထည့္၍ ရိုက္လိုက္မိေလသည်။

"ဟာ"

အနားမွ လူတစ္ေယာက္၏ အံ့ဩမွင္တက္သံႏွင္ျအတူ ေနာင္ရိုးသစ္ရိုက္လိုက္ေသာ လူသည္ ခ်က္ခ်င္းပင္ လဲက်သြားသည္။

ရိုက္လိုက္သည့္ တုတ္ေပၚတြင္ ေပစြန္းေနေသာ ေသြးမ်ား။အနားတြင္ ေသြးမ်ား တစိမ့္စိမ့္က်ကာလဲေခြက်ေနသည့္ လူ။

ျမင္ရသည့္ အရာမ်ားေၾကာင့္ မ်က္ႏွာကေလးမွာ ေသြးဆုပ္ခံရသလိုျဖဴဖတ္ျဖဴေရာ္ ျဖစ္ကာ လက္တြင္ကိုင္ထားေသာ တုတ္အား ေယာင္ယမ္းကာ လႊတ္ခ်လိဳက္မိသည္။

"ေနာင္...ေနာင္ရိုး..."

ေနာင္ရိုး မ်က္ရည္အိမ္မွ မ်က္ရည္စက္ကေလးမ်ား တသြင္သြင္ စီးက်လာရေလသည္။သြားၿပီ...။လူတစ္ေယာက္ကို ေသြးထြက္ေအာင္ရိုက္မိၿပီ။

"ေနာင္ရိုး..မင္း မင္း ဘာမွမျဖစ္ဘူး ဘာမွမေၾကာက္နဲ႕"

သူ ေခါင္းညိတ္မိသလား၊ ေတြေတြႀကီးရပ္ေနမိသလား မသိေတာ့။

ခဏၾကာသည္ႏွင့္ လမ္းသြားလမ္းလာ လူႀကီးမ်ားေရာက္လာသည္။ေနာင္ရိုးတို႔အားလုံး ေက်ာင္းဆရာႀကီး၏ ႐ုံးခန္းသို႔ ေရာက္ေတာ့သည္။ ေက်ာင္းအုပ္ဆရာႀကီးက ႐ြာမွ မိဘမ်ားအား လူႀကဳံႏွင့္အမွာလႊတ္သည္။ေနမြန္းတည့္ခ်ိန္ေရာက္ေတာ့ ႐ြာမွ မိဘမ်ားေရာက္ခ်လာသည္။ေနာင္ရိုးသစ္၏ အေမေတာ့ပါမလာေပ။

"ဘယ္လိုျဖစ္ရတာလဲ...သားရယ္..."

မ်က္ႏွာတြင္ ထိုးႏွက္ရာမ်ားျပည့္ႏွက္ေနေသာ ထိန္လင္း အားၾကည့္ကာ ေဒၚျမျမရီသည္ က႐ုဏာသက္စြာျဖင့္ ေမးေလသည္။

ေနာင္ရိုး ထိုအျဖစ္အပ်က္အားၾကည့္ကာ ဝမ္းနည္းသြားရသည္။ေမေမေရာ လာမွာလား။အလုပ္မ်ားေနမလား...ဒါမွ မဟုတ္ ေက်ာင္းထုတ္လိုက္ေလမလား မသိ။ခံရတဲ့သူဘက္ကေရာ ေက်ေအးေပးမွာလား...။ အေလ်ာ္ေတာင္းေလမလား...။ေနာင္ရိုး ေခါင္းထဲတြင္ ေမးခြန္းေပါင္းစုံက ေယာင္ယတ္ခတ္ေနသည္။ျဖစ္နိုင္လွ်င္ ေနာင္ရိုး ဒီ႐ုံးခန္းထဲက ထြက္သြားခ်င္ပါၿပီ။

"အားလုံး လူစုံၾကၿပီ ထင္ပါရဲ႕ ကြၽန္ေတာ္ေခၚလိုက္ရတဲ့ အေၾကာင္းအရင္း ကိစၥေျပာပါမယ္"

"ဒါနဲ႕ သား မိဘေတြေရာ မလာဘူးလား"

ဆရာႀကီး၏ လက္ညိုးသည္ ေနာင္ရိုးဆီသို႔ တည့္တည့္မတ္မတ္ေရာက္လာေလသည္။ေနာင္ရိုး မေျဖနိုင္ေပ။ ေခါင္းကိုသာ ငုံ႕၍ထားရသည္။

"သူ႕အေမ ေနမေကာင္းလို႔ပါဆရာ ကြၽန္ေတာ္တို႔က သူ႕အေဖ၊သူ႕အေမလိုပါပဲ"

ဆုလဲ့ႏွင္း၏ အေဖျဖစ္သည့္ ဦးေလးဦးၫႊန႔္ေဇာ္အား ေနာင္ရိုးေက်းဇူးတင္မိေလသည္။

"ဒါဆိုလည္း ကြၽန္ေတာ္စေျပာပါမယ္ ခဗ်ားတို႔ သားသမီးေတြ ျဖစ္တဲ့ကိစၥကို ခဗ်ားတို႔လည္း တစ္စြန္းတစ္စသိၿပီးေလာက္ပါၿပီ အဲ့ေတာ့ ကြၽန္ေတာ္မေျပာလိုပါဘူး တစ္ေယာက္ကို တစ္ေယာက္ေတာင္းပန္ၾကပါ"

"အို ကြၽန္မတို႔ကေတာ့ မေတာင္းပန္နိုင္ပါဘူး"

ဆုလဲ့၏ အေဖႏွင့္အေမကေတာ့ ရိုက္ခံရသည့္တစ္ဖက္ေကာင္ေလး၏ မိဘမ်ားအား တစ္လွည့္၊ ေက်ာင္းအုပ္ဆရာႀကီးအား တစ္လွည့္ ေတာင္းပန္ေလသည္။

"ႏွစ္ဦးႏွစ္ဖက္လုံးကို ကြၽန္ေတာ္ကပဲေတာင္းပန္ပါတယ္ ႀကီးတဲ့အမႈငယ္ေအာင္၊ ငယ္တဲ့အမႈပေပ်ာက္ေအာင္ဆိုထားတဲ့အတိုင္း တစ္ေယာက္ကိုတစ္ေယာက္ေတာင္းပန္ၿပီး ေၾကေအးၾကဖို႔ ကြၽန္ေတာ္ကပဲစေျပာခ်င္ပါတယ္"

"အို မေက်နပ္နိုင္ပါဘူး ကြၽန္မသားခံထားရတာပါ ဆရာႀကီးရယ္ ၾကည့္ပါဦး...ကြၽန္မကေတာ့ ဒီေကာင္ေလးကို ကြၽန္မသားလို ျပန္ခံရမွာကိုး ေက်နပ္မယ္..."

ေက်ာင္းအုပ္ဆရာႀကီးသည္ ေခါင္းရႈပ္သည့္ဟန္ျဖင့္ ဘာမွဆက္မေျပာပဲ ေခါင္းကိုသာ ကုတ္ေလသည်။

"ဒီလိုေတာ့လည္း ဘယ္ဟုတ္ပါ့မလဲ အစ္မရယ္ ရန္ကိုရန္ခ်င္း တုံ႕ျပန္ရင္ ဘယ္မွာ ၿငိမ္းခ်မ္းမႈရွိပါ့မလဲ။ ဘယ္လိုမွေတာ့ သေဘာမထားပါနဲ႕ကြၽန္ေတာ္တို႔ဘက္ကလည္း အစ္မသားရဲ႕ ေဆးကုသတဲ့ ကုန္က်ေငြကို ကြၽန္ေတာ္တို႔ တာဝန္ယူပါရေစ..."

ဆုလဲ့၏ အေဖသည္ ပညာတတ္တစ္ေယာက္ပီပီ စကားအလိမၼာႏွင့္ ေျဖာင့္ဖ်ေလသည္။

"ကြၽန္မတို႔ဘက္က သိပ္ေတာ့ ေၾကေအးခ်င္တာ မဟုတ္ဘူး"

"တစ္ေယာက္နဲ႕တစ္ေယာက္ စကားအေခ်အတင္ေျပာၾကတာလည္း မေကာင္းပါဘူး ကြၽန္ေတာ္အေနနဲ႕လည္း ကေလးေတြကိုလည္း ေက်ာင္းထုတ္တာ ေက်ာင္းေျပာင္းခိုင္းရတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး ဒါေၾကာင့္ အၿငိဳးအာဃာတ ထားတာမ်ိဳးမရွိဘဲ အဖက္ဖက္ကျဖည့္ေတြးၿပီး ေၾကေအးေပးၾကပါလို႔ ေျပာခ်င္ပါတယ္"

စကားအေခ်အတင္မ်ား အျပန္အလွန္ ေျပာၾကၿပီးေနာက္ ေက်ာင္းအုပ္ဆရာႀကီးကပင္ ႏွစ္ဖက္စလုံးအား ျပန္ေတာင္းပန္  ေလသည္။ မေက်မခ်မ္းမ်က္ႏွာမ်ားႏွင့္ပင္ ေက်ေအးသြားေလေတာ့သည္။
ေနာင္ရိုးလည္း ဘာေလ်ာ္ေၾကးေငြမွ မေပးရေပ။ထိန္လင္း၏ အေမသည္လည္း ဘာစကားမွ မေျပာေပ။သို႔ေသာ် ေနာင္ရိုးကိုၾကည့္သည့္ မ်က္လုံးစိမ္းစိမ္းမ်ား၏ အဓိပၸာယ္ႏွင့္ မ်က္ႏွာထားတင္းတင္းကို သိပါသည္။အမႈကိစၥ အားလုံး ၿပီးတဲ့အထိ အေမ ေရာက္မလာေပ။

"ေက်ေအးသြားၾကၿပီဆိုေပမယ့္လည္း ေနာင္တစ္ခါ အလားတူအျဖစ္မ်ိဳး ထပ္မျဖစ္ရေအာင္ ခံဝန္ကတိထိုးရပါမယ္"

"ဟုတ္ကဲ့"

"ေနာက္ၿပီး မင္းတို႔ေကာင္ေတြ ၾကပ္ၾကပ္သတိထားေန ဒီေန႕ျဖစ္တဲ့ကိစၥမွာ ဘယ္သူမွားတယ္၊ ဘယ္သူမွန္တယ္ဆိုတာ မင္းတို႔ သိတယ္မလား"

"သိပါတယ္ဆရာ"
အခန္းထဲတြင္ရွိေနသည့် ေက်ာင္းသား ေက်ာင္းသူစုစုေပါင္း ၆ေယာက္စလုံး အတူတကြ ေျဖၾကရေလသည္။

"မင္းတို႔အျပစ္ မင္းတို႔သိရင္ ၿပီးတာပဲ မနက္ျဖန္ မင္းတို႔အားလုံး ေက်ာင္းသန႔္ရွင္းေရးလုပ္ရမယ္"

"ဟုတ္ကဲ့ပါဆရာႀကီး"

"ကဲ ဒီမွာ လက္မွတ္ထိုးၾက"

ဆရာႀကီး ၫႊန္ျပသည့္ စာ႐ြက္ေလးေပၚတြင္ သူတို႔အားလုံး လက္မွတ္ထိုးၾကသည္။ေနာက္ေနာင္ ရန္မျဖစ္ေတာ့ပါဆိုသည့္အေၾကာင္း ဝန္ခံကတိ လက္မွတ္ထိုးရေလသည္။ၿပီးေနာက် တစ္ခ်ိန္လုံး ဆူပူေနခဲ့ေသာ ေက်ာင္းအုပ္ဆရာႀကီး၏ ႐ုံးခန္းထဲမွ ထြက္လာခဲ့ရေတာ့သည္။

အရင္က သတၱိနည္းေနခဲ့တဲ့ေကာင္က မင္းအတြက္ဆို သူရဲေကာင္းျဖစ္ခ်င္ေနတာ..။
ငါ့ကိုငါလည္း ပန္ထြာဧကရီကို အၿမဲတေစကာကြယ္ေပးခဲ့တဲ့ သွ်ီဝ ဝင္စားတယ္လို႔ ထင္ခ်င္ေနေတာ့တာ။မင္းကေတာ့ ပန္ထြာ ေပါ့ ထိန္လင္းရာ။

_တစ္ခုသိေစခ်င္လို႔ပါ။
အားလုံးလည္း သိၿပီးသား ဖတ္ခဲ့ၿပီးသားေနမွာပါေနာ္။ကြၽန္ေတာ့္ရဲ႕ ခြင့္ Fiction Introမွာတင္ထားခဲ့တဲ့ ဇာတ္ေကာင္မိတ္ဆက္ထဲက ဇာတ္ေကာင္ႏွစ္ဦးဟာ ယခုအခ်ိန္ထိ မပါဝင္ေသးဘူးဆိုတာ သိပါသလားခင္ဗ်။အဲ့ဒီဇာတ္ေကာင္ႏွစ္ဦးဟာလည္း Main Characterေတြပါ။ေျပာခ်င္တာကေတာ့ ဇာတ္လမ္းရွည္မယ္ေပါ့။အဆုံးထိ ဖတ္ေပးၾကပါလို႔။
(က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္
အားလုံးကို ခ်စ္တဲ့ /mg-yoe-shin)



Continue Reading

You'll Also Like

281K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
239K 38.9K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...