Me to u , u to me
By haevin_
5.6K 503 30
Seulrene OTP collectionπŸ’› More
No Reason-2
No Reason-3
No Reason -Ending[Uni]
No Reason-Ending[Zawgyi]
Let Somebody Go
Let Somebody Go
Let Somebody Go-Ending
Let Somebody Go-ending
No Reason-1
1.8K 105 10
By haevin_
ဒီOTP ကို ဇာတ်လမ်းရှည်ရေးဖို့ ယုံကြည်ချက်မရှိသေးတာကြောင့် ဒီတစ်ခေါက်လည်း သုံးပိုင်းကနေ ငါးပိုင်းထိလောက်ဘဲရှိမယ့် ဇာတ်လမ်းတိုလေးပါဘဲ။
အတိုတွေကို ခွဲရေးနေရင် ရှုပ်တာမို့ ဒီ ထဲမှာဘဲ တစ်စုတည်း ရေးသွားပါမယ်။
Me to u, u to me ဆိုတာကတော့ သီချင်းခေါင်းစဉ်ကို ထည့်သုံးထားတာပါ✌️
ဒါက ပထမဆုံးတစ်ပုဒ်ပါ။
ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်💛
_________________🌠🌠🌠______________
No Reason
အနည်းငယ် ဟနေတဲ့ တံခါးကနေ အထဲကို ကြည့်လိုက်သည်။
အခန်းထဲမှာက သီချင်းသံစဉ်တစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်နေပြီး သံစဉ်အလိုက် ခန္ဓာကိုယ်ကို လှုပ်ရှား နေသူတစ်ဦး။
ဆံပင်တွေကို စုထုံးထားသော်လည်း ပြေလျော့လျော့ဖြစ်နေသဖြင့် အနည်းငယ် ရှုပ်ပွနေတဲ့ဆံပင်တွေဟာ ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားတိုင်း အလိုက်သင့် လွင့်ပါနေသလို။
အဖြူရောင် အကျီဟာ ချွေးတွေရွှဲနစ်နေပြီး မောပန်းနေပုံပေါ်တာတောင် ထိုလှုပ်ရှားမှုလေးဟာ ရပ်တန့်မသွား။
နှုတ်ခမ်းတွေက စိတ်လိုလက်ရ ကွေးညွှတ်နေမိသည်။
သီချင်းပြီးသွားသဖြင့် ကနေရာမှ ရပ်ကာ ကြမ်းပြင်ပေါ်လှဲချလိုက်သည်။
မြင့်လိုက်နိမ့်လိုက်နဲ့ မောပန်းနေတဲ့ ရင်ဘက်နဲ့မတူစွာ စိတ်အစုံကတော့ လန်းဆန်းလျက်။
ရောက်လာခဲ့ပြီ။ ခုနစ်နှစ်ကြာပြီးသည့်နောက်မှာ ရောက်လာခဲ့ပြီ။
ချွေးတွေရွှဲနစ်နေပေမယ့် နှုတ်ခမ်းပါးမှာတော့ အပြုံးတစ်ခုဟာ ထင်ထင်ရှားရှားတွဲလွဲခိုလျက်။
"Seulgi debut ရတော့မယ်ဆို ဂုဏ်ယူပါတယ်"
လေ့ကျင့်‌ရေးခန်းထဲက ထွက်လာလာချင်း company က senior gp တစ်ခုရဲ့ မန်နေဂျာ အကိုက နှုတ်ဆက်သည်။သူ့ဘေးမှာက အမျိုးသမီးတစ်ယောက်နှင့်။
"ကျေးဇူးပါ oppa debut ဖို့က လိုပါသေးတယ် "
"ဒီကလေးက ဒီတစ်ခေါက် debut မယ့် ကလေးလား"
ထိုအမျိုးသမီးက သူမကို ကြည့်ရင်း မန်နေဂျာအကိုကို မေးတော့မှ ဆူးလ်ဂီ ထို အမျိုးသမီးကို သေချာကြည့်မိသည်။
လှတယ်။
လှတယ်ဆိုတာထက် ပိုတယ်။
ရှင်တို့ထင်နေတာထက် ပိုလှတယ်။
လှတာကို ဘာနဲ့ တိုင်းတာလည်း ဆူးလ်ဂီ မသိပေမယ့် ဒီအမျိုးသမီးက ဆူးလ်ဂီ မြင်ဖူးသမျှ လူတွေအားလုံးထက် အကြောင်းပြချက်မရှိ ပိုလှတယ်။ပိုတင့်တယ်တယ်။
"ဟုတ်တယ် Ms.Bae ဒီတစ်ခေါက် debut မယ့် gp ထဲပါမယ့်ကလေးလေ "
မန်နေဂျာ အကိုစကားကြားပြီး ထိုအမျိုးသမီးက သူမကို သေချာစိုက်ကြည့်လာသည်။
ပြီးတော့ ပြုံးသည်။
"တို့အားပေးနေမယ်နော် ကလေး debut အတွက် ဂုဏ်ယူပါတယ်"
ဆူးလ်ဂီ ထွက်သွားတဲ့ ထိုအမျိုးသမီး နောက်ကျောကို အတော်ကြာငေးကြည့်နေမိသေးသည်။
Idol များလား။မဟုတ်လောက်ပါဘူး idol ဆို ငါသိရမှာပေါ့။
ဒီလောက်မှုန်နေအောင် ချောပြီး idol မဟုတ်ရင်တော့ နစ်နာမှုဘဲ။ ကိုရီးယားနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နစ်နာမှု။
______________🌠🌠🌠_______________
Debut ကာနီးမလို့လားမသိ ပိုလေ့ကျင့်ရသည်။အလုပ်တွေကလည်းပိုရှုပ်လာသည်။ထို့ကြောင့်အိမ်ပြန်နောက်ကျသည်မှာလည်း ပုံမှန်လိုကိုဖြစ်နေသည်။ပြီးတော့ ပိုပင်ပန်းသည် လူပင်ပန်းတာရော စိတ်ပင်ပန်းတာရော ပေါင်းပြီး ပိုပင်ပန်းသည်။
Debut ရတော့မယ်ဆိုတဲ့စိတ်ကြောင့်သာ ဒီလောက် အားတင်းနိုင်နေတာ။
အနက်ရောင် ဦးထုပ်ကို ဆောင်းလိုက်သည်။
အိတ်ကိုပခုံးမှာလွယ်ပြီး လေ့ကျင့်ရေးခန်းထဲက ထွက်လာတော့ ည ဆယ့်တစ်နာရီ ။
လမ်းမမှာ ဆိုင်တွေက ပိတ်ကုန်ပြီဖြစ်သည်။ ဒီအချိန်ဆို ဘတ်စ်တွေလည်း မရှိတော့ပြီမို့ taxi စီးဖို့တွေးမိပေမယ့် taxi ဖိုးမကုန်ချင်။
ပိုက်ဆံကိုမလိုတဲ့နေရာ သုံးလို့မဖြစ်ဘူးမလား။ သူမဒီနေရာရောက်ဖို့ အဖေနဲ့အမေက ပင်ပင်ပန်းပန်း ကြိုးစားထားရတာကို။
အိမ်ကလည်း သိပ်မဝေး သဖြင့် လမ်းလျှောက်ပြန်ဖို့ဘဲ ဆုံးဖြတ်လိုက်တော့သည်။
လမ်းမပေါ်၌ ကားများက တစ်စထက်တစ်စ ရှင်းလာသည်။
ဆိုင်တွေကလည်း တစ်ဆိုင်ပြီးတစ်ဆိုင်မီးမှိတ်လျက်။
ခြေလှမ်းကို ထပ်မြန်လိုက်သည်။
အနောက်က ခြေသံဟာလည်း ပိုထင်ရှားလာသလို။
နောက်လှည့်မကြည့်နဲ့ ဆူးလ်ဂီ။
အနောက်ကခြေသံက တစစ ပိုနီးလာသလိုပင်။
ဖုန်းဆက်ရမည်ဆိုတာသိပေမယ့် တုန်နေတဲ့လက်တွေကြောင့် ဖုန်းကို အိပ်ကပ်ထဲမှ ထုတ်ဖို့ပင် အားယူနေရသည်။
အဖေလို့မှတ်ထားတဲ့ contact ကို နှိပ်လိုက်စဉ်မှာဘဲ သူမဘေးမှာ တိကနဲရပ်သွားတဲ့ အနက်ရောင်ကား။
"အား...အိုမား..."
လမ်းမပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားသည်။
ပြေးလို့မလွတ်တော့ဘူးဘဲ။
"ကလေး..ကလေး ဆူးလ်ဂီ မျက်လုံးဖွင့်ပါအုံး တို့ပါ မကြောက်နဲ့"
နွေးထွေးတဲ့ အသံ။မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ သူမဘေးမှာ ဒူးထောင်ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ စိတ်ပူနေတဲ့မျက်၀န်းတွေကို အရင်တွေ့သည်။ဟိုရက်က အမျိုးသမီး။
ဆူးလ်ဂီငိုချပစ်လိုက်သည်။ဆူးလ်ဂီဘ၀သွားပြီထင်ထားတာ။
"အီး..ဟီးဟီး..ကျွန်မက..အဲ့ကားပေါ်က လူဆိုးတွေမှတ်တာ အဖမ်းခံရတော့မယ်မှတ်တာ"
ဖင်ထိုင်ရက်ကလေးနဲ့ရှိုက်ကြီးတငင်ငိုနေတဲ့ကောင်မလေးကို ဘေးက အမျိုးသမီးက သူ့ရင်ခွင်ထဲ ထည့်ထားပေးသည်။
"အရမ်းလန့်သွားမှာဘဲ တို့လည်း ကားမောင်းလာရင်းနဲ့ နောက်က
လူနှစ်ယောက်လိုက်လာတာတွေ့လို့ရပ်လိုက်တာ မင်းမှန်းမသိဘူး"
"သူတို့ အင့် သူတို့ ရှိသေးလားဟင်"
Irene ပတ်၀န်းကျင်ကို ကြည့်တော့ ခွေးတစ်ကောင် ကြောင်တမြီးမှ မရှိတော့ ကြည့်ရတာ သူမရောက်လာသဖြင့် ထွက်သွားတာဖြစ်လိမ့်မည်။
"မရှိတော့ဘူး မင်းဘေးမှာ တို့ဘဲရှိတော့တာ မကြောက်နဲ့တော့ တိတ် တိတ်"
မျက်နှာကို ဆွဲမော့လိုက်ကာ မျက်ရည်တွေကို သူ့လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ သုတ်ပေးလေရဲ့။
"လူကြီး အကျီ ကျွန်မကြောင့်ပေကုန်ပြီ ချွတ်လိုက်ပါလား အိမ်မှာလျှော်ပြီး မနက်ဖြန် ပြန်ပေးမယ်လေ"
သူမစကားကြားတော့ ထိုအမျိုးသမီးက ခပ်ဟဟရယ်သည်။
သူရယ်ရင် တစ်မျိုး ထပ်လှသည်။
ထိုအမျိုးသမီးကြောင့် သူမ ကြောက်စိတ်တွေပါ လျော့နည်းသွားသလိုပင်။
တော်သေးတာပေါ့ သူရောက်လာလို့။သူရောက်လာလို့ပေါ့
"ဒီကလေးကတော့ ကြောက်လန့်ပြီး ဘာတွေပြောနေတာတုန်း မင်းကို အကျီချွတ်ပေးလိုက်လို့ရမလား ကလေးရယ် လာ ကားပေါ်တက် တို့အိမ်ပြန်လိုက်ပို့မယ်"
ကားပေါ် ရောက်ပြီးတဲ့ အထိ အငိုမတိတ်သေးသဖြင့်
တစ်ရှူးဘူးကို ပေါင်ပေါ်တင်ပြီး ဆွဲထုတ်ကာ
"လက်တွေနဲ့ မပွတ်နဲ့ ဖယ် တို့ သုတ်ပေးမယ်"
လက်ကို သူ့ဘယ်ဘက်လက်နှင့်ကိုင်ကာ ဖယ်ပြီးနောက်
ပြန်မလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။နောက်တစ်ဖက်ကတော့ တစ်ရှူးနဲ့ သူ့မျက်ရည်တွေကို သုတ်ပေးနေသည်။
"မင်းအသားလေးက နူးနူးညံ့ညံ့လေးကို ပွန်းကုန်တော့မှာဘဲ တိတ်တိတ် ဒီကိစ္စကြီးကို မေ့လိုက်တော့ ညကျ အိပ်မက်ဆိုးတွေမက်လိမ့်မယ်"
နှာတစ်ရှုံ့ရှုံ့နဲ့ တစ်ချက်တစ်ချက် ရှိုက်သံလေးထွက်နေပေမယ့် ငိုတော့ မငိုတော့ပေ။
သူမလက်တွေကို တစ်ရှူးနဲ့ သုတ်ပေးနေတဲ့ ထိုအမျိုးသမီးကြောင့် နေရတာ ပိုခက်လာသည်။
"ဘာလို့ ဒီလောက်နောက်ကျမှ ပြန်ရတာတုန်း "
"လေ့ကျင့်နေရင်းနဲ့ နာရီမကြည့်လိုက်မိတာ  အဲ့တာ နောက်ကျသွားတာ"
"နောက်ဆို ဒီလောက် နောက်မကျစေနဲ့နော် အိုက်ဂူး ဒီကလေးလေးက အသည်းငယ်တတ်လိုက်တာ"
ပါးဖောင်းဖောင်းကို ညှစ်ရင်း ထိုအမျိုးသမီးက ပြောပြန်သည်။
ဘာလို ရင်တွေခုန်နေတာလဲမသိဘူး။ကြောက်စိတ်မပြေသေးတာများလား။
သူမအိမ်သို့ပြန်တဲ့လမ်းတစ်လျှောက် ကားထဲမှာဖွင့်ထားတဲ့ သီချင်းသံကလွဲ ဘာသံမှ ကြီးစိုးမနေပေ။
တစ်နေ့လုံးပင်ပန်းလာတာရော ခုနက ငိုထားတာရောပေါင်းပြီး အိပ်ပျော်သွားလေသည်။
ထိုအမျိုးသမီး က သူမတို့company ရဲ့ ရှယ်ယာရှင်တစ်ဦးတည်းက တစ်ယောက်ဖြစ်တဲ့အပြင် တခြားကိုယ်ပိုင် လုပ်ငန်းတွေကိုဦးစီးနေတဲ့ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ဟိုနေ့က မန်နေဂျာ အကိုကို မေးထား၍ သူမ သိထားခြင်းဖြစ်သည်။
နိုးလာတော့ ကားက စက်ရပ်ထားပြီဖြစ်သည်။ပတ်၀န်းကျင်ကိုကြည့်တော့သူမတို့အိမ်လမ်းထိပ်မှာ။
ဘေးက အမျိုးသမီးကိုကြည့်တော့ မျက်လုံးတွေကို ပိတ်ထားကာ အိပ်ပျော်နေသည်။
"နိုးလာပြီလား"
တိတ်ဆိတ်နေတဲ့ကားထဲ ခြေထောက်ကလှုပ်လိုက်မိတော့ ဆတ်ကနဲ မျက်လုံးဖွင့်လာကာ သူမကိုမေးသည်။
အိပ်ပျော်နေတာမဟုတ်ဘဲ မျက်လုံးမှိတ်ထားတာဖြစ်လိမ့်မည်ထင်တယ်။
"ဟုတ် ရောက်တာကြာပြီလားဟင် နှိုးလိုက်တာမဟုတ်ဘူး"
"ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို နှိုးလိုက်ရင် တို့လောက် အသည်းမာတဲ့သူ ဒီလောကမှာ ရှိပါအုံးမလား မင်းပြောကြည့်လေ"
ရင်ဘက်ထဲက တဒုန်းဒုန်းခုန်လာပြန်သည်။အခုထိကြောက်နေတုန်းလား။
" ဒီညကို မင်းနဲ့အတူ ကုန်ဆုံးခဲ့တာဘဲ"
"ဟင်..မဟုတ် "
ချက်ချင်းမျက်နှာတွေနီရဲတက်လာကာ စကားတွေထစ်ကုန်သော ဆူးလ်ဂီကို ကြည့်ပြီး ထိုအမျိုးသမီးက အားရပါးရ ရယ်သည်။
သူ့စိတ်ထဲ သူမကို ဟာသလို့မြင်နေတာများလား။
"ဒီမှာလေ တစ်နာရီထိုးနေပြီ တို့ပြောတာမှားလို့လား။မင်းဘာသာမင်းလျှောက်တွေးနေတာကို"
ဖုန်းကို သူမဘက် လှည့်ကာပြသည့်တိုင် ထိုအမျိုးသမီးက ရယ်တာ မပြတ်သေးပေ။
"ဒါနဲ့ ဒီလောက်နောက်ကျနေတာ မင်းမိဘတွေစိတ်ပူနေတော့မှာဘဲ
တို့မေ့သွားတာ sorry ကလေး တို့နှိုးလိုက်သင့်တာ"
"ရတယ် ဒီရက်ပိုင်း company မှာဘဲ အိပ်ဖြစ်နေလို့ ဒီနေ့ အိမ်ပြန်လာမှန်းတောင် အမေတို့က မသိသေးဘူးရယ် ဒါဆို ကျွန်မသွားတော့မယ်နော်"
"နေအုံးလေ လမ်းထိပ်ဘဲရှိသေးတယ် အိမ်သေချာမသိလို့ ဒီမှာရပ်ထားတာကို"
"အိမ်ကလေ ဒီလမ်းထဲ၀င်ပြီး နှစ်အိမ်ကျော်ဆိုရောက်ပြီ နီးနီးလေးမို့ မလိုက်ပို့ပါနဲ့တော့"
ထိုအခါမှ အမျိုးသမီးက သူမကို ခေါင်းညိတ်ပြကာ သွားခွင့်ပေးသည်။
ကားတံခါးပိတ်ခါနီးမှ သတိရသွားသဖြင့်
"ဒါနဲ့လေ ဒီနေ့ ကျေးဇူးတင်ပါတယ် "
"ကျေးဇူးတင်စရာမလိုပါဘူး တို့ကမင်းရဲ့ fan လေ မင်းကို ကူညီခွင့်ရတာကိုဘဲ ဂုဏ်ယူပါတယ် သွားတော့ကလေး နောက်ကျနေပြီ"
"ဟုတ်"
_______________🌠🌠🌠______________
  "ဆူးလ်ဂီရေ လက်ဆောင်ပါတယ်"
အသိအကိုရဲ့ စကားကြောင့် practice room ထဲမှာ အကလေ့ကျင့်နေကြတဲ့ သူမတို့တစ်ဖွဲ့လုံး ရပ်သွားသည်။
"ဘယ်သူပေးလိုက်တာတုန်း"
"မသိဘူး deli လာပို့တာဘဲ အကိုက ကြုံလို့ယူခဲ့ပေးတာ "
Sooyoungက သူမဘေးရောက်လာကာ
"ဝါး...မုန့်တွေအများကြီးဘဲ"
လေ့ကျင့်နေတာကို ခနနားပြီး ကြမ်းပြင်ပေါ် မုန့်တွေချကာ စားဖို့ Wendy နဲ့ Sooyoung က ပြင်နေပေမယ့် သူမကတော့ ဘယ်သူပေးလိုက်တာလဲဆိုတာ စဉ်းစားနေတုန်း။
"ဆူးလ်ဂီ ဒီမှာ card လေးပါလာတယ် ရော့"
မုန့်ကလွဲ ဘာမှ စိတ်မ၀င်စားတော့သော အဖွဲ၀င်နှစ်ယောက်သည် သူမကို ထိုကတ်လေးပေးပြီးတာနှင့် company က မစားခိုင်းသော ရေခဲမုန့်တွေကို အားရပါးရစားနေလေရဲ့
မနေ့ကကိစ္စ အခုထိ ကြောက်နေသေးလား ကလေး?
မင်းနဲ့ မင်းသူငယ်ချင်းတွေစားလို့ရအောင် မုန့်တွေပို့ခိုင်းလိုက်တယ် တို့ကျွေးတာမို့ company ကိုမကြောက်ဘဲ အားရပါရစားပါ။
/မင်းရဲ့ ပထမဆုံးfan ပြီးတော့ မင်းရဲ့လူကြီး🐰
မင်းရဲ့လူကြီး ။ မနေ့ညက ပါးစပ်က တစ်ခါအမှတ်မထင်ထွက်သွားတာကို အတည်သုံးနေတာဘဲ ဒီလူကြီးက။
ပထမဆုံး fan ဆိုတဲ့ စကားလုံးက ပျော်ဖို့ကောင်းသည်။
ဒါနဲ့ ဘေးက ယုန်ပုံက ဘာတုန်း ။ကလေးကလားဘဲ အဲ့လူကြီးက။
ဆူးလ်ဂီ ထိုကတ်လေးကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။
________________🌠🌠🌠_______________
သုံးပတ်ဆိုတဲ့ အချိန်ကာလက လူနှစ်ယောက်ကို ရင်းနှီးစေနိုင်တယ်ဆိုတာ ဆူးလ်ဂီယုံပါတယ်။ဒါပေမယ့် သူမနဲ့ ထိုလူကြီးအတွက်တော့ ထိုလောက် မလွယ်ဘူးလို့ ဆူးလ်ဂီထင်ခဲ့တာ။
တို့က မင်းကိုစိတ်ပူလို့ ဆိုတဲ့ စကားနဲ့ နေ့တိုင်းလိုလိုအိမ်ပြန်လိုက်ပို့ပေးခဲ့ခြင်းက သူမတို့ကို ပိုနီးကပ်စေတယ်ထင်ပါတယ်။
ထိုအမျိုးသမီးနဲ့သိလာတဲ့တစ်လျှောက် ထိုအမျိုးသမီးက သူမကို လုံခြုံမှုပေးတယ်။ပျော်စေတယ်။
ထူးဆန်းနေမလားမသိပေမယ့် သူမကို ရင်ခုန်စေသေးတယ်။
ဆယ့်တစ်နှစ်အရွယ်ကတည်းက idol တစ်ယောက်ဖြစ်ဖို့က အိပ်မက်မလို့ အချစ်ဆိုတာကို သူမ တွေ့လည်း မတွေ့ဖူး စိတ်လည်း မ၀င်စားခဲ့ပါ။
ထိုအမျိုးသမီးအကြောင်း သူမသိတာ သိပ်မရှိပါ။သူကချမ်းသာတယ်။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်။သူက လျှို့ဝှက်ချက်တွေနဲ့နေထိုင်တယ် သူ့ဘ၀အကြောင်းပြောတာရှားတယ်။ဒါပေမယ့် သူ့ဘေးမှာရှိတဲ့သူတွေကို စိတ်သက်သာရာရစေနိုင်တဲ့ အစွမ်းမျိုးရှိတယ်။
ထိုအမျိုးသမီးက ကြက်သားကိုမုန်းတယ်။ကော်ဖီနဲ့ရေနဲ့ယှဉ်လာရင်တောင် ရေကိုရွေးမယ့် အထိ ကော်ဖီကိုမကြိုက်ဘူး။ပြီးတော့ သူက ပန်းချီတွေကို စိတ်၀င်စားတယ်
ဒါက သူနဲ့ပတ်သက်ပြီး ဆူးလ်ဂီသိသမျှအကုန်ပါဘဲ။
ထပ်လည်း သိချင်သလို သိလည်းမသိချင်တော့ပါ။ဒီတိုင်း သူ့အပြုံးတွေကိုဖောဖောသီသီရနေတာကိုက ကျေနပ်စရာပင်မလား။
"ဘာတွေတွေးနေတာလဲ ကလေး"
သူကဆူးလ်ဂီကို ကလေးလို့ခေါ်တတ်သေးတယ်။
  "လူကြီးအကြောင်းလေ"
သူ့ကိုလူကြီးလို့ခေါ်ရင် ထိုအမျိုးသမီးက သိပ်သဘောကျတာ။သွားတန်းလေးတွေပေါ်တဲ့အထိ အမြဲပြုံးရယ်ပြီး သူမဆံပင်တွေကို နူးနူးညံ့ညံ့ဖွတတ်သေးတာ။
"တို့အကြောင်း ဟုတ်လား"
သူ့ကိုယ်သူ လက်ညှိုးထိုးရင်း သေချာအောင်မေးပေမယ့် ထိုလူကြီးမျက်လုံးတွေမှာ သဘောကျတဲ့ အရိပ်အယောင်တွေ ပေါ်နေတတ်တယ်
ဆူးလ်ဂီ ခေါင်းညိတ်ပြလိုက်သည်။
"တို့ရဲ့ ဘာအကြောင်းတွေတွေးနေလဲ ပြောပါအုံး"
"မပြောတတ်ဘူး အမြဲလိုလိုတွေးနေမိတော့ တွေးစရာတွေက ကုန်နေပေမယ့် ဒီတိုင်း ဘာတွေတွေးနေမိမှန်း မသိဘူး"
စိတ်လှုပ်ရှားစေတဲ့ ရယ်သံမျိုးနဲ့ ရယ်ပြန်တယ်။သူ့မျက်လုံးထဲ ဆူးလ်ဂီကို ကလေးတစ်ယောက်လိုများ မြင်နေတာလား။
ဆူးလ်ဂီ ကလေးသေးသေးလေးတွေကို စကားပြောရင် ထိုကလေးလေးတွေ သူမနားမလည်တဲ့စကားတွေပြန်ပြော ပြန်ပြူမူရင်တောင် ထိုကလေးလေတွေ ပြောသမျှ သဘောကျပြီး ရယ်နေမိတာမျိုးလေ။
ထိုလူကြီးက သူမကို အဲ့လို မြင်နေတာများလား။
နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။သူမက ကလေးမှ မဟုတ်တော့တာ။ ဆူးလ်ဂီ ဆယ့်ကိုးနှစ်ပြည့်ပြီးပြီလေ
"ကလေး"
နူးနူးညံ့ညံ့ခေါ်ပြန်တယ်။ဘာလို့ သူနဲ့တွေ့တိုင်းအမြဲကားပေါ်မှာဘဲတွေ့နေရတာလဲ သိချင်လာသည်။
ပေါင်ပေါ်တင်ထားတဲ့ သူမလက်ကို ထိုအမျိုးသမီးကဆွဲယူပြီး သူ့လက်ဖဝါးနှစ်ဖက်ကြား ဆုပ်ကိုင်ထားသည်။ ပြီးတော့ ပြောသည်။
"တို့ကို ချစ်လို့ မဖြစ်ဘူးနော် ကလေး ဒါကိုမင်းသိတယ်မလား"တဲ့
ဆူးလ်ဂီအဲ့ကတည်းကသိသင့်တာ။သူမရပ်တန့်သင့်ပြီဆိုတာ။
________________🌠🌠🌠______________
ပွဲဦးထွက်ကာနီးပြီမို့ မအားမလပ်ဖြစ်တာထက် ပိုအားလပ်ချိန်မရှိပေမယ့် ဒီနေ့တော့ company က အားလပ်ရက်ပေးလိုက်သဖြင့် 
သူမခြေလှမ်းတွေသွက်လက်နေသည်။
အိမ်ပြန်မည်။ အိမ်မပြန်ရတာ တစ်ပတ်ကျော်ပြီမလား။အမေချက်ကျွေးတဲ့ ထမင်းပူပူစားမယ်။ မတွေ့ရတာကြာတဲ့ Lulu နဲ့ lalaတို့နဲ့ ကစားမယ် ။ပြီးတော့ မဆွဲရတာကြာတဲ့ ပန်းချီတွေဆွဲမယ်။
ပန်းချီဆွဲမယ်ဆိုမှ ပန်းချီတွေကို မြတ်နိုးတဲ့ မိန်းမတစ်ယောက်ကို သတိရလာသည်။
ပျောက်သွားခဲ့တာ။တို့ကို ချစ်လို့မဖြစ်ဘူးနော် ကလေး ဒါကိုမင်းသိတယ်မလား ဆိုပြီး ပြောပြီးကတည်းက ပျောက်သွားခဲ့တာ ရှစ်ရက်ရှိပြီ။
အရင်ကဆို company မှာ အိပ်တဲ့ရက်တွေတောင် တစ်ရက်ကို msg လေးတစ်စောင်လောက်တော့ပို့ပြီး ဘာစားချင်လဲ မေးတတ်တဲ့ လူက အဆက်အသွယ်မလုပ်တာ ရှစ်ရက်။
Seulgi ရူးချင်လာသည်။ ပြီးတော့ seulgi လွမ်းသည်။
မနက်စောစောဘဲရှိသေးတာမို့ ရာသီဥတုက ချမ်းစိမ့်စိမ့်နိုင်သည်။
ဘေးကို တိကနဲလာရပ်တဲ့ ကားအနက်ရောင်ကြီးကိုလည်း သတိရလာသည်။
"ဂန်ဆူးလ်ဂီ နင်ရူးနေပြီဘဲ အဲ့မိန်းမကြောင့် စိတ်ကိုသေချာစုစည်းစမ်းပါ"
လက်သီးဆုပ်နဲ့ခေါင်းကို ထုလိုက်မိသည်။
"ကလေးစိတ်တွေကဘယ်ရောက်နေလို့ စုစည်းရမှာလဲ"
"အ  အမေ့.."
လန့်လိုက်တာ။ဘေးနားစွေ့ခနဲအသံမပေးဘာမပေးရောက်လာမှတော့ မလန့်ဘဲနေပါ့မလား။
"လန့်သွားတာလား"
အနောက်ကို ခြေနှစ်လှမ်းလောက် အလိုအလျောက်ဆုတ်လိုက်မိသဖြင့် သူနဲ့ အနည်းငယ်ဝေးကွာသွားသည်။
ဒီ...ဒီလူကြီးကတော့ ဘာလို့ အခုမှ ပေါ်လာရတာတုန်း။
"ဒီနေ့ လေ့ကျင့်စရာမရှိဘူးလား company က နားရက်ပေးတာလား"
"ဟုတ်တယ် ဒီနေ့နားရက်ရတာ"
"ဒါဆို ဒီနေ့ဘာလုပ်ဖို့ရှိလဲ"
မနေ့ကဘဲ တွေ့ခဲ့တဲ့သူတွေလိုပုံစံမျိုးနဲ့ စကားတွေပြောနေတာ။မသိရင် ရှစ်ရက်လောက် ပျောက်မသွားတဲ့သူအတိုင်း။
"ဘာမှမရှိဘူး"
တကယ်က စဉ်းစားထားတာတွေရှိတယ်။ဒါပေမယ့် ဒါပေမယ့် မရှိဘူးလို့ဖြေချင်လာတယ်။
"ဒါဆို တို့နဲ့ တစ်နေရာ သွားကြမလား ကလေး"
သူခေါ်လိုက်မှ ဆူးလ်ဂီ သူ့ရဲ့ ကလေးဆိုတဲ့ခေါ်သံကို ဘယ်လောက်တောင် လွမ်းနေမှန်း သိလာသည်။
ထိုင်ခုံခါးပတ်ကို ပတ်ပြီးသည်နှင့် ကားလေးက စတင် ထွက်သည်။
ဒီကားထဲက ရနေကျ အမွှေးနံ့လေးကအစ အခုချိန် ဆူးလ်ဂီကို ၀မ်းနည်းစေသည်။
"ရှင်ဘယ်တွေ ရောက်နေတာလဲ "
သူမအမေးကိုကြားတော့ ထိုအမျိုးသမီးက မျက်မှောင်တွေတွန့်ချိုးပြီး သူမကို လှည့်ကြည့်လာသည်။
"ရှင်? တစ်ပတ်လောက်လေးမတွေ့ရတာကို မင်းကတို့ကို ရှင် လို့တောင်ခေါ်ပစ်လိုက်တာဘဲ။ ကလေးက အဆိုးလေးဘဲ"
ဆူးလ်ဂီမှားသွားတာလား။ အဲ့လိုဖြစ်ဖို့မရည်ရွယ်ပါဘူး ဒီတိုင်း ပါးစပ်က ထွက်သွားမိတာ။
"တို့က စတာပါ ကလေးရဲ့ ခေါင်းကြီးငုံ့မနေပါနဲ့ အသည်းကလည်း ငယ်တတ်ပါ့ကွယ်"
စကားနှစ်ကြောင်းပြောပြီး သူမကို ၀မ်းနည်းအောင်လုပ်လိုက် ပြန်ချော့လိုက်နဲ့ ။ဒီမိန်းမကြီးက မုန်းဖို့ကောင်းလိုက်တာ။ဆူးလ်ဂီ သူ့ကို မော့ကြည့်တော့ ပြုံးပြလာသည်။
"ခရီးထွက်သွားရတာ အလုပ်ကိစ္စနဲ့လေ ရုတ်တရက်သွားလိုက်ရတာမို့ ကလေးကို အသိမပေးလိုက်ဖြစ်ဘူး"
ဆူးလ်ဂီ ကားမှန်ကနေတစ်ဆင့် အပြင်ကိုငေးနေမိသည်။ပြီးမှ ခပ်တိုးတိုးပြောမိသည်။
"ဒါဆိုလည်း အကျိုးအကြောင်းလေးတော့ msg လေးဘဲဖြစ်ဖြစ်ပို့သင့်တာကို"
_______________🌠🌠🌠________________
"ဒီနေရာက.."
ခြံ၀န်းကျယ်လေးထဲက တစ်ထပ်တိုက်လေးကို ရည်ညွှန်းမှန်း သိတော့ ထိုလူကြီးက ခြံတံခါးကို ဖွင့်ရင်း
"တို့ရဲ့အိမ် အင်း တို့ပင်ပန်းရင် လာနားတဲ့ တို့တစ်ယောက်တည်းဘဲ သိတဲ့ အိမ်ပေါ့ "
ခြံ၀န်းထဲကို မျက်လုံးနဲ့သာ ဝေ့ကြည့်လိုက်ပြီး အိမ်ထဲဆီသို့သာ ဦးတည်လာခဲ့ကြသည်။
အထဲရောက်တော့ သပ်ရပ်ပြီး အဆင့်တန်းမြင့်တဲ့ အခန်းဖွဲ့စည်းပုံနဲ့ ပစ္စည်းထားသိုပုံက ထိုအမျိုးသမီးရဲ့ အဆင့်အတန်းကို ဖွင့်ဟပြနေသလိုပင်။
ပန်းချီကားတွေ အများကြီး ရှိတာကတော့ သိပ်ထူးဆန်းမယ်မထင်။ထိုအမျိုးသမီးဟာ ပန်းချီတွေကို သဘောကျတယ်လေ။
"ကလေး ကြည့်ရတာ ပင်ပန်းနေသလိုဘဲ အိပ်ရေးရော၀ရဲ့လား"
"အာ..အဲ့တာ အခုထိ မအိပ်ရသေးဘူးလေ ညလုံးပေါက်သွားလို့"
"ဟောတော် မင်းလေးကတော့ တကယ်ပါဘဲ"
ဆူးလ်ဂီ ဟီးကနဲသာ ရယ်ပြလိုက်တော့သည်။
"ဒါဆို အခု တစ်ရေးလောက်သွားအိပ်လိုက် တို့ မင်းနိုးလာရင်စားဖို့ ထမင်းချက်ထားမယ် ဒီအခန်းထဲ အိပ်လို့ရတယ် "
"ရတယ် ကျွန်မ မအိပ်ချင်...
"ဒီကလေးကတော့ မဆိုးနဲ့ကွယ် သွားနားတော့"
မျက်လုံးကြီးပြူးပြကာ ခြိမ်း‌ခြောက်တဲ့ ပုံစံလိုလုပ်ပြတော့ ဆူးလ်ဂီမှာ ပြုံးမိပါသေးတယ်။သိပ်ချစ်ဖို့ကောင်းလွန်းတယ်လေ။
"ဒါဆို ခနသွားအိပ်လိုက်မယ်နော်"
သူညွှန်ပြတဲ့ အခန်းထဲကို အမြန်ပြေး၀င်လိုက်ရတော့သည်။
တံခါးကို ကျောမှီကာ မျက်လုံးမှိတ်လိုက်မိတော့ ရင်ဘက်ရဲ့ ဘယ်ဘက်ပိုင်းက ရုန်းကြွမှုကို သိသိသာသာခံစားလာရသည်။
ဆူးလ်ဂီ နင်ကတော့မဟုတ်တော့ဘူးဘဲ။
________________🌠🌠🌠_______________
Bae Irene ဆိုတဲ့ အမျိုးသမီးက ချောလည်းချောသလို
ချမ်းလည်းချမ်းသာသည်။တော်ပြီး ထက်မြတ်သလို
ဟင်းချက်လည်းကောင်းပြန်သည်။
တကယ်ဘဲ ဒီအမျိုးသမီးရဲ့ အားနည်းချက်က ဘာပါလိမ့်။
"ထမင်းစားရင်းနဲ့ ဘာတွေတွေးနေပြန်တာလဲ "
ဒီအမျိုးသမီးက သူမကို တစ်စက္ကန့်မှမလွတ်အောင် ကြည့်နေတာများလား။ခနလေးအတွေးလွန်နေမိတာကို။
"ဒီတိုင်း...ရှင်ဘာလို့ ခရီးထွက်သွားတဲ့ အကြောင်းကို msg လေးတစ်စောင်လောက်ဖြစ်ဖြစ် မပို့တာလဲဆိုပြီး"
အဆုံးသတ် တိမ်၀င်သွားသည်ကိုမရိပ်မိအောင် မျက်လုံးထဲ တွေ့ရာ ဟင်းတစ်ဖက် ကောက်ယူကာ ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။
ထူးဆန်းလိုက်တာ ...စိတ်က ၀မ်းနည်းတာနဲ့ ပါးစပ်တွေပါ ပူလာရတာလား။
"ကလေး မင်းသိလား"
ဆူးလ်ဂီမော့ကြည့်တော့ သူက ရယ်ချင်နေတာကို မနည်းအောင့်နေတဲ့ပုံနဲ့ သူမကို ကြည့်နေသည်။
"ဘာတုန်း ပြော"
ဆူးလ်ဂီအတွက် ငိုချင်စရာကောင်းတဲ့ ကိစ္စက သူ့အတွက် အမြဲဟာသဘဲလား။
တကယ်ဘဲ ငိုမိတော့မှာဘဲ ။ဆူးလ်ဂီက သရုပ်ဆောင်မကောင်းလို့ အဆိုတော်ဘဲတောင် လုပ်တဲ့ဟာကို။
"မင်းခုနက ဝါးလိုက်တာ ငရုတ်သီးကြီးဆိုတာ"
ဟင်...
အား...စပ်လိုက်တာ။ငရုတ်သီးမှန်းသိမှ အစပ်က ပိုပြင်းလာသည်ထင်။နားရွက်တွေပါ ပူထူလာသည်။ပြီတော့ ငိုချင်လာသည်။ ရှက်လည်းရှက်သည်။
အီး ကနဲ ထငိုတဲ့ ကလေးငယ်ကြောင့် Irene ခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
"ဘာလို့ ငိုနေတာလဲ တို့ဘာလုပ်မိလို့လဲ မငိုနဲ့ မငိုနဲ့ "
‌ဒီက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာတောင် ထိုကလေးကတော့ တအီးအီးနဲ့ကို ငိုနေတာ။
"ကလေးရယ် ထမင်းတွေ သီးကုန်လိမ့်မယ် စိတ်လျှော့ မငိုနဲ့ နော်"
"စပ်တယ်"
"ဟင်"
"စပ်လို့ပါဆို ရေမတိုက်ဘဲ ဘာလုပ်နေတာတုန်း"
ထိုင်ခုံကနေ အပြေးထတာ ခြေတောင် ခွေကျမတတ်ဖြစ်သည်။
ရေအမြန်ထည့်ကာ ဖန်ခွက်ကို ထိုကလေးပါးစပ်နား တေ့ပေးတော့ တဂွတ်ဂွတ်သောက်ချနေတာကို ရင်တမမကြည့်ရပြန်တယ်။
သုံးနှစ်ကလေးလား ။
"စပ်တာ ပြေသွား ပြီလား ခန"
ဟုတ်လို့ဖြေဖို့ ပါးစပ်ဟရုံရှိသေး ပါးစပ်ထဲ ချိုချဉ်တစ်လုံးက ဇွတ်ကနဲ၀င်လာသလို ရှပ်ထိသွားတဲ့ နှုတ်ခမ်းနဲ့ လက်ချောင်းကြားက ပွတ်တိုက်မှု။
တံတွေးကို ဂလုဟု အသံမြည်အောင်ပင် မြိုချမိသည်။
နှုတ်ခမ်းက ပူထူနေသလိုဘဲ။
"ချိုချဉ်စားကလေးလေး အရှေ့မှာစောင့်နေ တို့ အသီးခွဲယူလာခဲ့မယ်"
________________🌠🌠🌠______________
Sofa ပေါ်မှာ မလှုပ်မယှက်ထိုင်နေမိတာက နှုတ်ခမ်းနဲ့ လက်ချောင်းတွေ ထိရင် မီးပွင့်နိုင်လားဆိုတဲ့ ဘယ် သိပ္ပံပညာရှင်မှ မစမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုကို စဉ်းစားနေတာ။
စားပွဲပေါ်ကို သစ်သီးပန်းကန်ချလိုက်သံနှင့်အတူ သူမဘေးကို အလှတရားတစ်ခု လာ၀င်ထိုင်သည်။
"ဘာတွေတွေးနေပြန်တာလဲ ကလေး"
သူမစဉ်းစားမိတာပေါ့လေ အမြဲ ထိုလူကြီးနဲ့တွေ့တိုင်း သူမက ထိုလူကြီးအကြောင်းစဉ်းစားနေပြီး ထိုလူကြီးကတော့ သူမကိုဘဲ ကြည့်နေတာများလားဆိုပြီး။
"ရှင်လေ..."
မျက်ခုံးနှစ်ခု တွန့်ချိုးသွားတာကို သတိပြုမိသည်နှင့် အခေါ်အဝေါ်ကို ချက်ချင်းပြောင်းလိုက်ရသည်။
"ကျွန်မလေ လူကြီးကို သဘောကျနေပြီထင်တယ် ရှင်ကသဘောမကျသင့်ဘူးလို့ ပြောပေမယ့်လည်းပေါ့"
TBC🌠....
17 Jan 2020.
______________🌠🌠🌠______________
ဒါက ပထမဆုံးတစ်ပုဒ်ပါ။
_________________🌠🌠🌠______________
No Reason
လှတယ်။
လှတယ်ဆိုတာထက် ပိုတယ်။
ပြီးတော့ ပြုံးသည်။
______________🌠🌠🌠_______________
"အား...အိုမား..."