No Reason-Ending[Zawgyi]

353 24 2
                                    

လွန်ခဲ့သော ငါးနှစ်...

"တွေ့ရတာဝမ်းသာပါတယ် ဦးလေး"

"ဦးလေးလည်းဝမ်းသာပါတယ် သမီး companyခွဲ ဖွင့်ပွဲကိုလည်းဂုဏ်ယူပါတယ်ကွာ အသက်ငယ်ငယ်နဲ့ ဒီလိုလုပ်ငန်းမျိုးကို ဦးဆောင်နိုင်လို့"

ဦးလေး Lee Soo Man ဟာ သူမအဖေရဲ့ သူငယ်ချင်းလည်းဖြစ်သလို သူမရဲ့ ဆရာဆိုလည်းမမှားပေ။

"မဟုတ်တာ ဦးလေးရယ် ဒါနဲ့ ဒီနေ့ debut တဲ့ အဖွဲ့ အသစ်အတွက်လည်း ဂုဏ်ယူပါတယ်။"

မိဘအထောက်အပံ့မယူဘဲ ဒီအသက်အရွယ်မှာ လုပ်ငန်းကြီးတစ်ခုကိုဦးဆောင်နိုင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူမဟာ ကျားမလေးတစ်ကောင်လို လူတိုင်းက လေးစားပြီး ရှိန်ကြသည်။

တည်ထားတတ်တဲ့ မျက်နှာထားဟာ သူမနောက်ခံကြောင့်မဟုတ်ဘဲ လုပ်ငန်းတစ်ခုအတွက် ပေးဆပ်ထားရတဲ့ အရင်းအနှီးတစ်ခုသာဖြစ်သည်။

Entertainment တစ်ခုဖြစ်သည့်အလျောက် အသံလုံအခန်းများနဲ့ ကိုယ်စီလေ့ကျင့်နေကြသဖြင့်လမ်းတစ်လျှောက်တွင်တော့ သူမ ဖိနပ်သံတစ်ခုကဟာ ကြီးစိုးလျက်။

အသက် 25နှစ်အရွယ်သူမမှာ ထိုအချိန်က ရည်မှန်းချက်သည် ရိုးရှင်းပြီးပြတ်သားသည်။

သူမလုပ်ငန်းကို ပိုပိုပြီးကြီးမားစေချင်ပြီး စီးပွားရေးနယ်ပယ်တွင် သူမကို ယှဉ်နိုင်မယ့်သူ မရှိစေချင်သည့် ရည်မှန်းချက်ပြင်းပြင်းတစ်ခုသာရှိသည်။

ဒါပေမယ့် အနာဂတ်ဆိုတာ ကိုယ်မှန်းတိုင်းဖြစ်လာတာမှမဟုတ်တာ။စီးပွားရေးနဲ့လားလားမှမဆိုင်တဲ့ အိပ်မက်တစ်ခုကို ထိုနေ့က သူမ တွေ့ကြုံခဲ့ရသည်။

သံစဉ်အလိုက် ခန္ဓာကိုယ်ကို စည်းချက်ကျကျ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်သေးသေးလေး။

အဝေးကနေ တောင် ထင်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေ။
မှိတ်ချထားတဲ့ မျက်လုံးတွေဟာ ဒီသံစဉ်နဲ့ ဘယ်လောက် တစ်သားတည်းကျနေတယ်ဆိုတာကို ပြောပြနေသလို။

အဲ့ အချိန်က စခဲ့တာ။ ထိုကလေးငယ်လေးကို ထိုအချိန်ကစ မြတ်နိုးခဲ့တာ။ နီးဖို့ ခြေလှမ်းစချင်ပေမယ့် သဘောကျရတဲ့ ကလေးငယ်ဟာ သာမန်ဘ၀နဲ့ ရှင်သန်ရမယ့် သူမှ မဟုတ်တာ။

Me to u , u to meDove le storie prendono vita. Scoprilo ora