💕ရူးခါနေအောင်ချစ်ရသူ💕
အပိုင်း၁၅
🏤JADE PALACE🏤
"ဘယ်လိုလဲ စုံစမ်းလို့ရခဲ့လား စေတန်"
ကျောက်စိမ်းနန်းတော်၏အုပ်ချုပ်ရေးပိုင်းနှင့် ကိစ္စအဝ
ဝကိုတာဝန်ယူထားသော အိမ်တော်ထိန်းက နန်းတော်ထဲဝင်လာသောဝတ်စုံပြည့်နှင့် ခန့်ညားရည်မွန်တဲ့ စေတန်ဆိုသောသူကို မေးလိုက်သည်။
"သမင်မလေးအငယ်က ဒီမြို့ကိုရောက်နေပါပီ အခုလက်ရှိ King Villaမှာလုံခြုံစွာနဲ့ တရားသူကြီးစစ်မှန်ခြင်းရဲ့ဇနီးလောင်းအဖြစ် ရောက်ရှိနေပါတယ် သခင်မလေးက သူမဘယ်သူဆိုတာကို လုံးဝမသိပါဘူး ကျွန်တော်မျိုး သူမလက်မာပတ်ထားတဲ့ကျောက်စိမ်းလက်ကောက်ကြောင့်သာ အစအဆုံးစုံစမ်းလို့ရတာဖြစ်ပါတယ် ကျွန်တော်မျိုးအထောက်တော်နောက်ကျတဲ့အတွက်လည်း ပေးအပ်တဲ့အပြစ်ကိုခံယူဖို့အသင့်ပါ"
အသက်အရွယ်ကြီးလှတဲ့ အိမ်တော်ထိန်းဆိုသူက လူကြီးလူကောင်းပီသစွာ လက်သာအသာကာပြ၍ အတန်ကြာငြိမ်သက်နေသည်။လွန်ခဲ့တဲ့ဆယ်နှစ်အချိန်က နန်းတော်၏သခင်ဖြစ်သူ မောင်ရေမြေခြား မဆုံးပါးခင် မှာကြားသွားသောစကားကြောင့် ကျန်ရှိနေတဲ့ သခင်လေး၏ဇနီးနှင့်သမီးအငယ်အား ရှာဖွေခဲ့သည်။သို့သော်သခင်လေးဆုံးပါးသွားကတည်းက သူတို့ကပါ အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။
"King Villaရဲ့ပိုင်ရှင်ဒေါ်စိန်မိုးစက်က ဘာလို့ဒီ ကိစ္စကိုလျှို့ဝှက်ထားရတာလဲ"
ဘေးနားတွင်အခုထိမားမားကြီးရပ်နေသောလက်အောက်ငယ်သားစေတန်က ထိုအခါမ လှုပ်လှုပ်ရှားရှားဖြစ်လာကာ
"ကျွန်တော်မျိုးတို့ကျောက်စိမ်းနန်းတော်ဆိုတာကို ပျောက်ကွယ်ထားတာဆယ်နှစ်ရှိပီ စံအိမ်၏လေးခုရဲ့အဆက်အသွယ်တေက လွန်ခဲ့တဲ့ဆယ်နှစ်ကပဲ သခင်လေးဆုံးပါးသွားချိန်မာ အဆက်အသွယ်ဖြတ်ခဲ့တယ် ကျွန်တော်မျိုးအနေနဲ့ အကြံတစ်ခုလောက်ပြောချင်ပါတယ်"
တည်ငြိမ်လှတဲ့အိမ်တော်ထိန်းက မျက်နှာမှာအေးဆေးနေသော်လည်း စေတန်၏ပြောစကားကြောင့် အသာမျက်လွှာပင့်ကြည့်ကာ ပြောဆိုသည့်သဘောဖြင့်မေးဆက်ပြသည်။
"ကျွန်တော်မျိုးအပြင်ကနေ ခြေရာခံကြပါ့မယ် ပီးတော့ကျွန်တော်မျိုးတို့ရဲ့ သခင်မလေးအသွင်ခြားကိုလည်း အသိပေးဖို့အချိန်နီးလာပါပီ အခုလောလောဆယ် UG Entertainment နဲ့လက်တွဲလုပ်ဖို့ကမ်းလှမ်းသင့်ပါတယ်"
"မင်းရဲ့အကြံမဆိုးဘူး ဆက်လုပ်ထားလိုက်စေတန်"
"ဟုတ်ကဲ့ပါ"
စေတန် အိမ်တော်ထိန်းအား ခါးကိုင်း၍ အရိုအသေပေးကါ နန်းတော်ထဲမှ ထွက်ခွာလိုကသည်။အိမ်တော်ထိန်းကတော့ ထိုင်နေသောဆက်တီခုံမထကာ လှေကားရင်း၌ ချိတ်ဆွဲထားသော ပုံတူပန်းချီကားချပ်ဆီသို့.......
ပန်းချီမာ မိသားစုတစ်ခု၏သဏ္ဍာန်ဖြစ်ပီး စျေးကြီးလှတဲ့ ထိုင်ခုံပေါ်မာသြဇာရှိရှိထိုင်နေတဲ့ သခင်ကြီး ဘေးနားမာ အေးချမ်းစွာပြုံးနေတဲ့သခင်မ ဘေးနားတွင်မူ
မတ်တပ်အနေအထားဖြင့် ဝတ်စုံပြည့်ဖြင့် အာဏာရှိရှိ စူးရှတဲ့မျက်ဝန်းတစ်စုံဖြင့် ချောမောခန့်ညားသည့်သခင်လေး.....
သခင်မရဲ့လက်ဖမိုးအားမြတ်နိုးစွာဆုပ်ကိုင်ထားတဲ့သခင်ကြီး၏မျက်နှာက အလွန်မကျသည့်နှယ်.....
"သခင်ကြီး ကျွန်တော်မျိုး သခင်မလေးတို့ကိုရအောင်
ခေါ်လာခဲ့မှာပါ လွန်ခဲ့တဲ့အနှစ်နှယ်ဆယ်ကျော်ကလိုလုံးဝမဖြစ်စေရပါဘူးခင်ဗျ"
စေတန်ပေးသွားတဲ့အရိုအသေအတိုင်း ပန်းချီကားချပ်အား ခါးကိုင်း၍အရိုအသေပေးကါ အပေါ်ဝတွင်ရပ်နေသော လက်အောက်ငယ်သားအား အချက်ပြလိုက်သည်။
~~~~~~~~~~~~~~
"ကျစ်....မပြီးသေးဘူးလား"
"ပြီးပါပီ ဦးရယ်"
"အော်ဒါနဲ့ မိုင်ရောလိုက်ခဲ့လေ အိမ်မှာတစ်ယောက်တည်းဆိုတော့ပျင်းနေမာပေါ့ အဘွားတို့ကလည်းတရားစခန်းဝင်သွားပီဆိုတာ"
"အဲ့....အဲ့တာက"
မိုင် မမကိုအားမနာသော်လည်း သူများကိုယ့်ကြောင့် အလုပ်ရှုပ်မည်လိုမလိုလား....။
သူတို့သွားမာကလည်း အပျော်မဟုတ် ကုမ္မဏီသွားမာရယ်....။
"လိုက်ခဲ့လိုက်ပါမိုင်ဝေး ခြင်းကလည်းဂရုစိုက်ဖို့မှာသွားတယ် အိမ်မှာနေပျင်းမာပေါ့"
"ဟုတ်ကဲ့"
မိုင်လည်းအဝတ်စားလဲရန်ခဏစောင့်ဆိုပီးအပေါ်တွက်သွားသည်။မမတို့အတွဲကတော့ ကားထဲမာစောင့်နေလေရဲ့....။
ကားထဲရောက်တော့ သွင်လည်းအကျင့်အတိုင်း ပီကေထုတ်ကာဝါးနေသည်။
ဦးကတော့ဘယ်ကဖုန်းမှန်းမသိ လာသောကြောင့် စကားပြောကာနောက်မဝင်လာသည်။
"ကလေးပီကေ စားနေပြန်ပီလား နောက်ကျမစားနဲ့တော့ ပါးညောင်းလိမ့်မယ်"
"သွင့်ဘာသာ စားချင်တာစားမှာပေါ့ အကောင်းကြည့်နေတာမနေ့်ကတည်းက လာချုပ်ချယ်တာတေများနေပီ"
"ဟာ"စစ်သည်လည်း မေ့သွားသည် သူမလေးစွာတာကို.....။
နောက်မ ဟက်ဟက်ပက်ပက်ရယ်ကာ သူမလေးခေါင်းကို အသာပုတ်လိုက်သည်။
"ဦးကဘာရယ်တာလဲ"
"အဟွန့် ဘာရယ်မဟုတ်ပါဘူး မင်းငယ်ငယ်ကနဲ့တူတာကို"
"သွင့်ကို ငယ်ငယ်ကမြင်ဖူးလို့လား"
"အွန်း မြင်ဖူးတယ်"အကြောင်းမစချင်တော့တာနဲ့ ပေါ့ပေါ့ဆဆသာဖြေလိုက်သည်။
"ဒါဆို ဘာလို့သွင်မမှတ်မိတာလဲ ဦးကိုတခါမ မမြင်ဖူးဘူး"
ထိုအခါကားထဲမိုင်ဝင်လာတော့မ စကားစကပြတ်သွားသည်။နို့မိုဆို စစ်လည်းဖြေဖို့ရာခက်နေမည်မဟုတ်လား
ထို့ကြောင့်အချိန်ကိုက်ရောက်လာသည့်သူကိုသာ အ့ံသြမိသည်.....။
ကားမောင်းသည့်တလျှောက် ကားထဲတွင်စကားသံများတိတ်နေသည်။ ဦးက ကားကိုအာရုံစိုက်မောင်းနေသောကြောင့် သွင်လည်းစကားမရှာတော့ပဲငိမ်နေလိုက်သည်။ ကားမှန်ကနေ နောက်ခန်းကိုကြည့်တော့ မိုင်တစ်ယောက် မျက်နှာမကောင်းသည်ကိုတွေ့ရသည်။
မိုင်ဖုန်းမျက်နှာပြင်အား စိုက်ကြည့်ပီး အတွေးများနေသည်။ဦးခရီးသွားတာ သုံးရက်ရှိသည်။မိုင်စံအိမ်ကိုစရောက်ကတည်းက ခဏသာစကားပြောရပီး သူ့အလုပ်နှင်မို့ မိုင့်ကိုဂရုမစိုက်အား....
မိုင်စိတ်ကောက်တာကိုပင်မသိသောသူက ခရီးသွားတာကိုပင် လုံးဝနှုတ်မဆက်သွား.......
မိုင်အနေနဲ့ မသိမရင်းနှီးသောနေရာတစ်ခုတွင် သူစိမ်းတေနှင့် ထားခဲ့သည်။
မည်သို့ပင်သတို့သမီးလောင်းလို့ဆိုစေ သူတို့၏ချမ်းသာမှုက မိုင့်အားသိမ်ငယ်စေသည်။
ကြားထဲသူကဖုန်းမပြောနှင့်.....message လေးတစ်စောင်တောင်မပို့သောကြောင့် ဝမ်းနည်းမှုကြောင့် မျက်ရည်များပင်စို့တက်လာသည်။
"ရှင့်ရင်ထဲမှာ မိုင်ကရှိရောရှိရဲ့လား ဒါဟာတာဝန်တစ်ခုကြောင့်ပဲလားဟင်"
"မိုင်...မိုင်"
"ရှ..ရှင်မမ"
"ရောက်ပီလေ ဆင်းတော့ လာလိုက်ခဲ့"
"ဟုတ်"
မမခေါ်လာသည်က အကလေ့ကျင့်ခန်းတစ်ခု....။
UGဟုနာမည်ကြီးသည်နှင့်အညီ လေ့ကျင့်ခန်းမှာ အသံလုံ၍ လိုအပ်သည့် ပစ္စည်းတေက စုံလှသည်။နာမည်ကြီးအရည်အချင်းရှိသူများကိုသာ မွေးထုတ်ပေးသည့် UGရဲ့ဂုဏ်သတင်းက ပြောစရာမလို....
"အထဲလိုက်ခဲ့မလား သူများအကလေ့ကျင့်တာ ကြည့်ရတာပေါ့"
"ဟီး ခွင့်ပြုလို့လား"
"ရပါတယ်လာပါ"
"ဟုတ်"
အထဲသို့ဝင်သွတော့ ထင်ထားတာထက်ပို၍ ကျယ်ဝန်းနေသည်။ကိုယ်လုံးပေါ်မှန်တေက နံရံရဲ့လေးဘက်လေးလံတွင် နေရာယူလျက်ရှိသည်။အပြင်မှာနေတုန်းက အသံကိုလုံးဝမကြားရပေမဲ့ စတူဒီယိုခန်းထဲရောက်တော့ ကကြိုးကကွက်ခြေသံများက ကြားနေရသည်။
ကနေသည့်လူတေက ဆယ်ယောက်ကျော်လောက်ရှိသည်။မမသွင်ကတော့ ချက်ချင်းပင် ဖိုင်တွဲတစ်ခုယူကာ အရှေ့သို့ထွက်သွားသည်။
မိုင်လည်းစလွယ်လွယ်ထားသည့် ကြိုးအိတ်လေးကို ကျစ်ကျစ်ဆုပ်ကာ အနောက်ကျကျထားလေးက ခုံတန်းလေးတစ်ခုတွင်ထိုင်နေသည်။မိုင်ဘေးနားတွင်လည်း Nikeတံဆိပ် အိတ်ဆောင်အိတ်လေးနှစ်ခုခုံပေါ်တင်ထားသည်။
အသွင်ခြားတစ်ယောက်ကတော့ စမတ်ကျစွာနဲ့Professional(သိပ်တော့မရှင်းပြတတ်ဘူး ကို့နယ်မြေမှာကိုသာဘုရင်လိုပေါ့ အရမ်းကျွမ်းကျင်တယ်လို့ဆိုလိုတာပါနော်)ကျကျ ဖိုင်တွဲလေးကို လက်မှကိုင်ကာ အရှေ့အနောက်လှည့်ပတ်၍ ကနေသူများကိုကြည့်နေသည်။
ကိုင်ထားသော ဖိုင်တွဲနှင့်လည်း ကနေသူများ၏ လက်မောင်း တင် ခါး အစရှိသည်တို့ကို တို့ကာတို့ကာနှင့်ပြနေသည်။
🎶🎶Hey boy Make' em whistle like🎶🎶
a missile bomb, bomb Every time I show up, blow up uh🎶🎶
Make' em whistle like a missile bomb, bomb🎶🎶
Every time I show up, blow up uh neon neomu areumdawo neol ijeul suga eobseo🎶🎶
geu nunbichi ajik nareul ireohge seollege hae Boom boom🎶🎶
သီချင်းကလည်းထပ်ကာ ထပ်ကာနှင့် အဖွဲ့ဝင်များမညီမချင်း သင်ကြားနေသည်။မိုင်လည်းစိတ်ဝင်တစားကြည့်နေတာ တစ်နာရီကြာတော့
"Stop"
"ဖြောင်း တော်လောက်ပီ မနေ့က ငါ့အစားဘယ်သူဝင်သေးလဲ"
"......."
"နင်တို့ခေါင်းဆောင်ဖြစ်တဲ့ နိုရာကရော အကမဆင်းဘူးလား ပီးတော့မနေ့က ငါပဲနေမကောင်းတာ နင်တို့ရောနေမကောင်းကြတာလား မနေ့ကလည်းအကမဆင်းကြဘူး"
"............"
အသံတိတ်သွားပုံအရ အသွင်ခြားဖျားတဲ့နေ့က သူတို့လည်း rehersal(ဝီဟာဇယ်)မဆင်းဘူးထင်သည်။ထို့ကြောင့်ဒီနေ့သင်တော့ကကွက်တေပါမေ့နေကြသည်။ကြားထဲခေါင်းဆောင်နေရာ ယူထားတဲ့ နိုရာက လေ့ကျင့်ရေးမဆင်း။
သွင်စိတ်ချင်ပေါက်သွားသည်။မွေးနေ့showကဖြင့်ဘယ်လောက်မ မလိုတော့ပေ။ဒီပုံစံအတိုင်းဆို အကို ကမ္ဘာရန်က စိတ်ဆိုးမှာအသေအချာ ။သူကိုယ်တိုင်ကိုက အရမ်းတိကျသူမဟုတ်လား။ အသွင်ခြားနှင့် ကမ္ဘာရန်က အက ကိုကိုးရီးယားတွင်အတူတူသင်ယူခဲ့ကြသည်။ဒါကိုယုံတဲ့ ကမ္ဘာရန်က အသွင်ခြားက အကသင်ခိုင်းသည်။ခုတော့ အသွင်ခြားတော်တော်စိတ်ပေါက်နေသည်။
"No(..).(..) မင်းတို့ကနေတာမှားနေတယ် သေချလေ့ကျင့်သင့်တယ် မနက်ဖြန် rehersal မှာပြန်မှားရင် အကုန်လုံးထုတ်ပစ်ဖို့ဝန်မလေးဘူး ပီးတော့နိုရာ ပျက်ကွက်တာ ငါမလာခင်ကတည်းက လည်းပျက်တယ် အနီမျဥ်းတား"
"ဟုတ်ကဲ့ ဆရာ"
"ဘာ ဟုတ်ကဲ့လဲ နင့်ကိုနင်တို့ UGရဲ့ကိုယ်စားပြုဆန်ကာတင်တေလို့ထင်နေသေးရင် ကြိုးစားသင့်တယ် ကို့ကိုကို ဘဝင်မမြင့်ကြနဲ့အုန်း"
"ဘုတ်"
သွင်တစ်ယောက် စိတ်တိုတိုနှင့် မှတ်တမ်းဖိုင်အား ပစ်ချကာ စတူဒီယိုခန်းထဲမှ ထွက်လာခဲ့သည်။ နောက်မှာ ဘာဖြစ်ကျန်ခဲ့လည်း စိတ်မဝင်စားတော့...
မိုင်ကတော့ လိုက်သွားဖို့ နေရာမထကာ ခြေလှမ်းလိုက်စဥ် ထွက်လာသည့်အသံတေကြောင့် ခြေလှမ်းက ရပ်သွားသည်။
အသွင်ခြားအော်တုန်းက ယုန်သူငယ်လို ပြန်မပြောရဲတဲ့လူတေက ခုကျမ ပါးစပ်ကိုအားရပါးရဖြဲကာ မဲ့ရွဲ့၍ပြောနေကြသည်။
"ငါ့တို့ကိုအမြဲငေါက်လားငမ်းလားနဲ့ သူကတာလညးတ်ခါမမမြင်ဖူးဘူး "
"အေးလေ ပီးတော့နင်သိသေးလား UGရဲ့ ဥက္ကဋ္ဌကိုကပ်ဖားနေတာလေ ဟိုကဖြင့်စိတ်တောင်မဝင်စားဘူး ဟိုတစ်ခေါက်ကလည်း သတင်းထွက်သေးတယ်မလား kissပုံတေ"
"အေးပေါ့ဟယ် ကပ်စားမ အဲ့လိုအကောင်းစားတေဘာတေရမာပေါ့ အမြဲလမ်းသလားနေတဲ့မိန်းကလေးက မိန်းမကောင်းမဟုတ်တာတော့အသေအချာပဲ"
မိုင်သိရသလောက် မမအသွင်ခြားက ဦး ကမ္ဘာမြေခြားရဲ့အငယ်ဆုံးသမီးပါ ချမ်းသာကြွယ်ဝမှုက ထိပ်တန်းစာရင်းဝင်တယ်....
တစ်ခုခုလွဲနေပေမဲ့ သူတို့ပြောတဲ့စကားတေက အရမ်းကိုစိုးရွားနေသောကြောင့် လက်သီးလေးစုပ်ကာ
"အိုဟို ဒီမာ စကားကိုအကုန်မပြောနဲ့ ထမင်းပဲကုန်အောင်စားတဲ့ ရှင်တို့ပြောနေတာ သတိလေးဘာလေးထားအုန်း နံရံတိုင်းမာ နားရှိသလို ပါးစပ်ကုစည်းမစောင့်လို့ UGရဲ့ပိုင်ရှင်က ရှင်တို့ရဲ့ ခြေတေလက်တေချိုးလို့ ထမင်းငတ်နေအုန်းမယ်"
"နင်...နင်ကဘယ်သူလဲ အဆင့်မရှိဘဲလာမယှဥ်နဲ့"
မီးလိုတောက်နေတဲ့ မျက်ဝန်းကို ဥပေက္ခာပြာကာ လက်ထဲက ဖုန်းလေးကို လေပေါ်ဝေ့ယမ်းပြလိုက်သည်။
မျက်နှာပေးကို အတင်းဆုံးထားကာ ရှေ့ကနှစ်ယောက်ကို မထိတထိလှောင်ရယ်လိုက်သည်။
"အိုး ကျွန်မလယ်သူဆိုတာအရေးမကြီးဘူး ရှင်တို့ပြောထားတာတေကို အသံသွင်းထားပီး UGရဲ့ ဥက္ကဋ္ဌကို သွားပြလိုက်ရင် ရှင်တို့ပြောတဲ့ ကပ်ဖားမ အသွင်ခြားပဲဘဝပျက်မလား ရှင်တို့ပဲဘဝပျက်မလား"
"နင်....နင်....အဲ့....အဲ့တာငါ့ပေး"
မိုင် လှောင်ပြုံးလိုက်ကာ ဖုန်းကိုချက်ချင်းပင်အိတ်ထဲထည့်၍
"Bye....Mwah💋"
လက်ဖဝါးဖြူဖြူလေးပေါ် အသံမြည်အောင်နမ်းလိုက်ကာ လက်ပြ၍ အသံမြည်အောင်ပင် ဒီနေ့မ ဦးဝယ်ပေးထါးသည့် တစ်ချောင်းထောက်ဒေါက်ကို အသံမြည်အောင် တကွပ်ကွပ်နှင့်လျှောက်ထွက်သွားလေသည်။
(မိုင်ဝေးနှင့်အသွင်ခြားဆိုသည်မှာ ပြောစရာမလိုအောင် ဆက်ဆက်ကြဲbad girl ညီအမများပင်။
သူတို့အချင်းချင်းညီမဆိုတာမသိသေးဘူးနော် သိရင်ဒီထက့်ကြမ်းလောက်မယ်🙂)
~~~~~~~~~~~~~~~~
"ဂျောက်"
စစ်အလုပ် ကိစ္စတေနဲ့အလုပ်လုပ်ရှုပ်နေရင်း သူ့ရုံးခန်းသို့ဝင်လာတဲ့သူကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ချစ်လှစွာသောbad girlလေးက မျက်နှာလေးဆူပုတ်ပုတ်နှင့် ဝင်လာကာ ဆိုဖာပေါ် အိကနဲနေအောင်ထိုင်လိုက်သည်။စစ်လည်း ခေါင်းလေးယမ်း၍ အသာခေါင်းပြန်ငုံကာ အလုပ်ကာအာရုံစိုက်လိုက်သည်။
အတန်အတော်ကြာ ရုံးခန်းထဲမာငြိမ်သက်နေရာမ
"ဖောက်...ဖောက်"
တဖောက်ဖောက်နှင့်ပီကေမှုတ်နေသော သူမလေးကြောင့် ဖိုင်တွဲအားချကာ ဆုံလည်ကုလားထိုင်ပေါ်မ ထလိုက်သည်။ သူမရှေ့ရောက်သွားသည်အထိ တုံ့ပြန်မှုမရှိဘဲ ခြေလေးချိတ်ကာ လက်ပိုက်၍ ပီကေအမှုတ်မပျက်သောသူမကြောင့် စစ် လက်သီးဆုပ်လေးအုပ်ကာ ပြုံးလိုက်သည်။
ပြီးတော့မ ခပ်တည်တည်နေကာ
"ပီကေတေ မမှုတ်နဲ့တော့ ဘာဖြစ်လာတာလဲပြော မျက်နှာကြီးက ဆူနေတာ ရုပ်ဆိုးတယ်"
သူမ့မျက်စောင်းဒိုင်းကနဲ။
"အဘိုးကြီး သူ့အလုပ်ပဲသူလုပ်နေ သွင်လာတာတောင်ဂရုမစိုက်ဘူး"
စိတ်ဆိုးဆိုးနှင့် သူ့ရင်ဘက်ကို တဘုန်းဘုန်းထုနေသော လက်သီးဆုပ်လေးကို အမိအရ သူ့လက်ကြီးနှင့်ဖမ်းကာ
"ဟာ ကိုယ်အသက်မကြီးသေးပါဘူး ဘယ်လိုလုပ်အဘိုးကြီးဖြစ်သွားတာလဲ"
"မသိဘူး"
သွင်တုံးတိပင်ဖြေလိုက်သည်။
"ဟား ဟား"
"ဘာရယ်တာလဲ မရယ်နဲ့တော့ "
"အဟွန့်...ဟွန့်"
"ရယ်တာမရပ်သေးဘူးလား ဒီရင်ထဲကပန်းပွင့်နေတာမဟုတ်ဘူး"
"မရယ်တော့ပါဘူးဗျ ကဲပြောပါအုန်း ဘာတေအလိုမကျဖြစ်လာတာလဲ ကလေးက"
"......."
"မပြောချင်ဘူးထင်တယ် လာပါ ဗိုက်ဆာနေလိမ့်မယ်
ကန်တင်းသွားရအောင်"
စစ်လည်းဆက်မမေးတော့ပဲ စကားလမ်းကြောင်းလွဲကာပြောလိုပ်သည်။အဲ့ခါကျမ သူမလေးဗိုက်က တဂွီဂွီမြည်လေသည်။
တယ်လည်းကလေးဆန်တဲ့ချာတိတ်....
သူမဘာဖြစ်တာလဲဆိုတာတော့စုံစမ်းရမည်။
~~~~~~~~~~~~~~~~~~~~
မိုင်လည်းလိုက်သွားမည်ဟုပြောသော်လည်း သူမအခုမရောက်သည့်နေရာက စိမ်းနေသည်မာဘာမ မသိ။
ရီဆက်ရှင်ကိုမေးရင်ရသော်လည်း မမေးတော့ဘဲ ကုမ္မဏီမှထွက်လာကာ တက္ကစီငှား၍ အိမ်သို့ပြန်လာလိုက်သည်။
အိမ်ရောက်တာနဲ့ စားသောက်ပီးအိပ်ငိုက်လာတော့ မေးကနဲအိပ်ပျော်သွားသည်က နိုးလာတော့ ညနေ၇နာရီပင်ရှိနေသည်။မိုင်ဆက်အိပ်ရအောင်လည်း အိပ်ရေးကဝနေပီဖို့ နွားနို့တစ်ခွက်သောက်ဖို့ အခန်းထဲကထွက်လာသည်။
လှေကားနားရောက်တော့ မီးကဖျတ်ကနဲ တအိမ်လုံးမှောင်မိုက်သွားသည်။အိမ်ပေါ်ပြန်တက်ရန်လည်း လူက လှေကားအလယ်ရောက်နေသည်။
သက်ပြင်းလေးချကာ စမ်းတမ်းစမ်းတမ်းဖြင့် လှေကားမ သတိထား၍ အသာတစ်ထစ်ချင်းဆင်းလာသည်။ လှေကားရင်းရောက်တော့ ရုတ်တရက်ဆိုသလို
လက်မောင်းရင်းကနေ တစ်ခုခုကဆွဲဆောင်ခ့ံလိုကသောကြောင့် မျက်လုံးကို စုံမှိတ်ကာ အလန့်တကြား
"အမ....အွန့်...."
ခါးပေါ်သို့လက်တစ်ဖက်ကတင်းကြပ်စွာဖက်ထားခံရပီး ကျန်လက်တစ်ဖက်က မိုင့်ရဲ့လည်ပင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ မိုင်ရဲ့နှုတ်ခမ်းနှစ်လွှာလည်း အာမေဋိတ်သံပင်မဆုံးခင် အခြားသူရဲ့နှုတ်ခမ်းက ပိတ်ထားခြင်းခံလိုက်ရလေသည်။
သတိချက်ချင်းဝင်လာကာ သူ့ရဲ့ကိုယ်လုံးအားအတင်းရုန်းကန်တွန်းပစ်သည်။သို့သော် မိုင်တွန်းလေ သူကပို၍ပင် တင်းကြပ်စွာ ပိုနမ်းလေသည်။
မိုင်ခါးကိုဖက်ထားသောသူ့လက်မောင်းအားဆုပ်ကိုင်မိလိုက်မ သူ့ဆီကကိုယ်သင်းနံလေးကြောင့်...
"အွန့်...အွန့်...ဦး"
~~~~~~~~~~~~~~