💕ရူးခါနေအောင်ချစ်ရသူ💕
အပိုင်း၁၄
နေ့လည်စားပီးကတည်းက ဧည့်ခန်းထဲသို့ laptopတစ်လုံးယူလာကာ တဂျောက်ဂျောက်နှင့် အလုပ်ရှုပ်နေသည့် ဦးကို ကြည့်ကာ သွင် ပါးစပ်ထဲကိုလည်း ပန်းသီးတစ်စိတ်ထိုးထည့်လိုက်သည်။
ကြည့်ရတာ ဒီနေ့တစ်နေကုန်သွင့်နားမာပဲနေတော့မည်ထင်ပါသည်။နေ့ချင်းညချင်းအပြောင်းအလဲမန်သော ဦးကိုကြည့်ကာ ခေါင်းလေးယမ်း၍ တီဗီခလုတ်အားဖွင့်လိုက်သည်။ အခြားသူများကတော့ အိမ်ပေါ်တက်ကာအနားယူနေကြသည်။ ဧည့်ခန်းထဲတွင် သွင်နှင့် ဦးနှစ်ယောက်သာ.....။
ကွန်ပြူတာစာရိုက်သံတဂျောက်ဂျောက်နှင့် တီဗီသံတိုးတိုးဘေးမ အပ တိတ်ဆိတ်လှပါသည်။
တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲလိုက်သူက ဦး.....။
"တော်ပီ ပန်းသီးမစားနဲ့တော့ အဖျားမပျောက်သေးဘူး"
"ငါးစိတ်ပဲရှိသေးတာလေ ဦး"
"ကိုယ်ပူနေသေးတယ်လေ မစားပါနဲ့တော့"ပါးစပ်ဖျားက ပြောနေရင်း သွင့်နဖူးအား စမ်းကာ ပြောလိုက်သည်။သွင်ကလည်း အစားအသောက်ပျက်စွာနှင့်
"ပီးရော ခဏနေမ သဘော်သီးထောင်းသွားစားပြစ်မယ်"
"ကလေး မင်းမဆိုးနဲ့"
တကယ်ပါ ငယ်ငယ်ကအကျင့်တေက မပျောက်သေး.... ။သူမဖျားတိုင်း သဘော်သီးထောင်းစားမည်တကဲကဲလုပ်သည်။မနည်းချော့မော့ပြောတာကိုမရ......။
"သွင်ဘယ်မှာဆိုးလို့လဲ ပီးတော့ဦးဆေးမှားသောက်လာတာလား cool manကြီးက ဒီနေ့ဘာဖြစ်နေတာလဲ"
"ကိုယ်ကဘာဖြစ်နေလို့လဲ"
"ကြည့် ဦးက လုံးဝဦးမဟုတ်တော့တဲ့အတိုင်းပဲ မနေ့ကတောင် မချစ်နိုင်ဘူးတေပြောပြီးတော့...."
အသံမှာတိမ်၍ဝင်သွားသည်။မျက်ရည်လေးက မသိမသာဝဲတက်လာသည်။ဦးကြင်နာတိုင်း သွင်ရောင့်တက်မိမှာ.....။
စစ်သိပါသည် သူမသူ့ကိုမယုံတာ....။
"ကိုယ်ဘယ်လိုရှင်းပြရမလဲကွယ် မင်းရဲ့အတိတ်ကို မှတ်မိစေချင်ပေမဲ့ တဖက်မာလည်း မင်းထိခိုက်မမာကြောက်တယ်"ဒါတေကိုစိတ်ထဲမာသာပြောကာ
"ကိုယ်သိပါတယ် မင်းနားမလည်နိုင်ဘူးဆိုတာ မနေ့ကအထိ ကိုယ်မင်းကိုလက်မခံနိုင်ခဲ့ဘူး ဒါပေသိ ဒီနေ့ကစပီး ကိုယ့်ရဲ့ကြင်နာယုယမှုတေကြောင့် မင်းကိုပျော်ရွှင်စေချင်တယ် ကိုယ့်ရဲ့ရင်ထဲက စကားပါ"
သူမကိုအမှန်တိုင်းမပြောဘဲ ကျေနပ်လောက်စေမည့်အဖြေတစ်ခုကိုသာပေးလိုက်သည်။ထိုအခါ သူမလေးက မျက်ရည်များပြည့်လျံနေသည့် မျက်လုံးဝိုင်းလေးကနေ ကြည်ကြည်လဲ့လဲ့ ကြည့်နေသည်။
စစ် ရဲ့မသိစိတ်ရဲ့စေခိုင်းမှုကြောင့် သူရဲ့လက်ဖဝါးတစ်ဖက်က သူမရဲ့ပါးနုနုလေးအား ဆုပ်ကိုင်ပီး မြတ်နိုးစွာဖြင့်
"ကိုယ် မင်းကိုပြောစရာတစ်ခုရှိတယ် မင်းလက်ခံမယ်ဆိုရင်ပေါ့"
ကြည်လင်နေတဲ့မျက်ဝန်းဝိုင်းက ပြောဆိုတဲ့သဘောဖြင့်......။
"မင်းကို ကိုယ့်အိမ်ဆီခဏ ခေါ်ထာူချင်တယ်ရက်ပိုင်းလောက် အိမ်မာ မိန်းကလေးတစ်ယောက်ရောက်နေတယ် စစ်မှန်ရဲ့သတို့သမီးလောင်း သူမလည်းအဖော်ရအောင်ခဏလောက်တော့ အကူအညီတောင်းချင်တယ်"
"ရ....ရပါတယ် ဦး"
"ဟုတ်ပီ ဒါဆိုညနေကျရင် လူကြီးတေကိုပြောပီးခေါ်သွားမယ် သွား ပစ္စည်းတေသွားထည့်လိုက်ပါအုန်း"
"ဟုတ်"
စစ်လည်း သူမလေးအား အိမ်တော်သို့ခေါ်လာပီး အဘွားတို့ဆီ ခေါ်သွားသည်။
သွင်လည်း အိမ်တော်အား လှည့်ပတ်၍ မျက်လုံးကစားမိရာမ. သူမတို့အိမ်တော်ထက် ခမ်းနားနေသည်ကိုတွေ့ရသည်။ဦးလက်တွဲရာနောက် လိုက်ပါသွားရင်း ဧည့်ခနး်ထဲက အဘွားဖြစ်သူနှစ်ယောက်အား သွားတက်လေးပေါ်အောင်ပြုံးပြလိုက်သည်။
ဦးနားတွင် ယို့ယို့ထိုင်ကာ အခုမ အခြားလူတစ်ယောက်ရှိမှန်းသတိထားမိသည်။ ပန်းရောင်ဂါဝန်ပါးလေးကို ဖွေးဥနေသောအသာယပေါ်မာ ဝတ်ဆင်ထားသည်မာ အလွန်လိုက်ဖက်လှသည်ဟု သွင်မှတ်ချက်ချမိသည်။သွင်က မိန်းမလှတေအများကြီးတွေ့ဖူးသော်လည်း မမရှေးမလည်း စေ့စေ့ပေါက်ပေါက်မကြည့်ခဲ့....။
သူမကိုယ်တိုင်ကလည်း အလှဘုရင်မတစ်ယောက်မဟုတ်လား...။
မည်သူ့ကိုမဂရုမစိုက်တတ်သည့်သူမက ရှေ့တွင်မျက်လွှချထားသော သူမထက်ငယ်မည်ထင်သောမိန်းကလေးအား မျက်တောင်မခတ်ဘဲငေးကြည့်နေမိသည်။
"မြေး သွင် သူမနာမည်က မိုင်ဝေးတဲ့ မိုင် ဒါက စစ်ရဲ့သတို့သမီးလောင်း ရွှေစံအိမ်တော်ရဲ့ အငယ်ဆုံးသမီး အသွင်ခြားတဲ့"
မိုင်ငုံနေရာမ မော့၍ညွှန်ပြရာသို့ကြည့်လိုက်သောအခါ ရင်ထဲတွင် ထိန့်လန့်ခြင်းနဲ့အတူ အဲ့သြ သွားသည်။အလွန်တူနေတဲ့ သူမရဲ့မမ....။မျက်နှာပေါက်လေးက သူမနဲ့တူသယောင်လေး....။ဝိုင်းစက်နေတဲ့မျက်လုံးဝိုင်းလေး နှာတံကျပုံနှင့်မေးရိုးသွယ်သွယ်က ဆင်သယောင်ယောင်....။
'မ ဆိုပီးထွက်အံ့ဆဲဆဲ အသိစိတ်က အမြန်ထိန်းချုပ်လိုက်သည်။"မဟုတ်ဘူး မမဝေးက ငါဆယ်နှစ်ကတည်းက ဆုံးပီ"အကြိမ်ကြိမ်သတိပေးလျက် ဟန်ဆောင်ပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
သွင်သူမရှေ့က မျက်ဝန်းညိုညိုနှင့်ကောင်မလေးကြောင့် ရင်ထဲ၌ အမည်မသိလှိုင်းတစ်ခုဖြတ်ပြေးသွားသည်။ မိန်းကလေးက သူမကိုမြင်တာနဲ့ အမူအယာပျက်သွားသည်။ပီးတော့ မျက်ဝန်းညိုက အလွန်ရင်းနှီးနေသယောင်......။
"မင်းနာမည်က မိုင်ဝေးမလား ဒို့ မိုင်လို့ပဲခေါ်မယ်လေ"
"ဟုတ်ရပါတယ် မ...မမအသွင်ခြား"
"မင်းကြိုက်သလိုခေါ်လို့ရတယ်လေ ဟွန့်"
သာမန်ဆို ဘယ်သူ့ကိုမလှည့်မကြည့်တတ်တဲ့ အသွင်ခြားက အခုသူကစ၍ မိတ်ဖွဲ့လိုက်သည်။သူမမျက်နှာလေးကိုမြင်မြင်ချင်း ခင်တွယ်မိနေသည်။ဒါကြောင့်လည်း အိမ်ပေါ်ထပ်မှာ အခန်းထဲမဝင်သေးခင် သူကပင် ဦးအောင်နှုတ်ဆက်လိုက်သည်။
"ဒို့ မင်းနဲ့အိပ်ချင်တယ်"
"ရှင်"
မိုင်မျက်ဝန်းညိုညိုက ပြူးသွားသည်။လက်လေးကလည်း ရင်ဘက်ကိုဖိလျက်.....။
"ဘာ...ဘာပြုလို့လဲ...မမရဲ့"
"အဟွန်း မမအသွင်ခြားလို့မခေါ်တော့ဘူးပေါ့"
"ဟမ်.....အော့"
"ရရဲ့လား လာအိပ်လို့"
"ရ...ရပါတယ်"
သွင်က ကာတွန်းပုံ ချည်သားအကျီရှည်နှင့်ဘောင်းဘီရှည်ကိုဝတ်ထားသည်။ဆံပင်ကိုတော့ညအိပ်ရင်စည်းတတ်သည့်အကျင့်ကြောင့် လျော့လျော့လေးစီးထားသည်။ဦးက သူမအခန်းထဲလက်ကေ့စ်ချပေးပီး နေရာကိုသေချာပြပေးထါးသည်။မမရှေးနဲ့ပင်မအိပ်ဖူးသည့်သွင်က မိုင်ဆိုတဲ့ကောင်မလေးနှင့်အိပ်ချင်နေမိသည်။
သူများအိမ်ဖြစ်တာကြောင့်လားတော့မသိ။
သူတစ်ယောက်တည်းအိပ်ရမည်ကို မအိပ်ချင်။
သွင်မိုင်ရဲ့အခန်းထဲခေါင်းအုံးလေးပိုက်၍ ဝင်လာတော့ သူမကပြုံး၍ ကုတင်ဆီသို့ ဦးဆောင်ခေါ်သွားသည်။မွေ့ယာကုတင်ကြီးက နှစ်ယောက်အိပ်ဖြစ်သောကြောင့် အလွန်ပင်ကျယ်လှသည် သူတို့နှစ်ယောက်အတွက်လုံလုံလောက်လောက်အိပ်စက်နိုင်သည်။
အခန်းကိုပတ်ကြည့်လိုက်တော့မှန်တင်ခုံပေါ်မာ ဘာမထွေထွေထူးထူးမရှိ လိုးရှင်းဘူးနှင့်သနပ်ခါးဗူးလေးသာရှိသည်။ခေါင်းဖြီးလေးတစ်ချောင်းနဲ့ခေါင်းစည်းဗူးကလည်းရှင်းလင်းနေသောကြောင့် သွင်နည်းနည်းတော့အားမရဖြစ်မိသည်။
မိုင်ရေချိုးခန်းမထွက်လာတော့ ခုထိမအိပ်သေးဘဲငုတ်တုတ်ထိုင်နေသောကြောင့်......
"မအိပ်သေးဘူးလား မီးပိတ်လိုက်တော့မယ်"
"ဖျောက် "
"မီးအိမ်လေးတော့ဖွင့်မယ်နော်"
"အွန်း"
မှောင်မိုက်နေသောအခန်းထဲ၌ မီးရောင်ပြပြလေးနှင့် တိတ်ဆိတ်နေလျက်....။
အသက်ရှူသံယဲ့ယဲ့လေးနှင့် လေအေးပေးစက်ကသဲ့သဲ့လှုပ်ရှားလျက်။
ကျယ်ပြန့်သောကုတင်ပေါ်၌ သွင်အိပ်မပျော်ပါ ထို့အတူသူမဘေးက မိုင်ကလည်းအိပ်ပျော်မည်မထင်။
"တို့စကားပြောကြမလား"
"အင်း ပြောလေမမ"
"မိုင့်ကို ရင်းနှီးနေသလိုခံစားရတယ်ပီးတော့ တစ်နေရာရာမှာမြင်ဖူးသလိုပဲ"
"မမက မိုင့်ရဲ့မမဝေးနဲ့တော်တော်တူတယ်"
"ဟုတ်လား "
"အင်း မိုင်တို့ကအရမ်းချစ်တာ မိုငိဆယ်နှစ်လောက်မာ ပါးပါးနဲ့ဝေးက ခဏဆိုပီး ခရီးထွက်သွားတယ် မကြာပါဘူး ကားတိုက်လို့ဆုံးပီဆိုတဲ့သတင်းတစ်ခုပဲရတယ်
အဲ့အချိန်မာ မားမားက အသေအလဲငိုခဲ့ကြတယ် ညတိုင်းမာ မိုင့်ရဲ့သုခဘုံလေးပျောက်ဆုံးသွားတယ် အားကိုးစရာဆိုလို့ မားမားပဲရှိတယ်....ဒါပေမဲ့..."
ဒါပေမဲ့ဆိုတဲ့နေရာမ အသံလေးကအပ်သွားသည်။ရင်ထဲမာလည်း ယူကြိုးမရမှုတေနဲ့ဝမ်းနည်းမှုတေက တွဲခိုလျက်.....။
သွင်ကလည်း မေးမိတာမှားသွားပီ ဆိုတဲ့အသိနဲ့ တောင်းပန်ဖို့ မိုင်ရဲ့လက်လေးကို ဆုပ်ကိုင်လျက် ကျောပြင်လေးအားဖွဖွပုတ်လိုက်သည်။
မီးမှိန်မှိန်အောက်မှာသူမရဲ့ မျက်ရည်ကြည်လေးတေက အရောင်လဲ့လျက်......။
"မားမားက မိုင်က တက္ကသိုလ်ရောက်စမာပဲ အဆုတ်ထဲရေဝင်လို့ဆိုပီးဆုံးသွားတယ် မိုင့်ရဲ့ဘဝမာလေ ဘာဆိုဘာမမရှိတော့ဘူး နေ့ရက်တိုင်းကိုကျော်ဖြတ်ရမာကြောက်နေတယ်"
"မိုင်"
တိတ်ငြိမ်လှတဲ့ ခေါ်သံချိုချုိလေးက မိုင်ရဲ့မျက်ရည်ကြည်တေကို လက်ဖဝါးနုနုလေးတေနဲ့သုတ်ပေးရင်း
"မိုင်ရဲ့ ဘဝကလှပတော့မာပါ အခုမိုင်မာ မမဆိုတဲ့ အသွင်ခြားရှိတယ် မိုင့်ကိုသဲသဲလှုပ်ချစ်မယ့် ဦးစစ်မှန်ခြင်းရှိတယ် အဘွားတို့ရှိတယ်လေ အခုကစပီး မိုင်က သွင့်ရဲ့ညီမလေးပဲ"
အေးဆေးစွာပြောတဲ့စကားလုံးတေထဲမှာ နွေးထွေးမှုတေပါတာ မိုင်ခံစားမိပါသည်။မိုင်ရဲ့ဆုံးရှုံးရမာကြောက်တဲ့စိတ်ကြောင့် ဦးကိုတောင်အေးစက်စက်ဆက်ဆံခဲ့သည်။အခုအရာအားလုံးရင်ဖွင့်ပြီးနောက် မိုင်မဆုံးရှုံးဖို့အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နှင့်အတူ
လက်ဖဝါးနှစ်ဖက်ကတင်းတင်းဆုပ်ကိုင်ထားကာ နှစ်ဦးသား အိပ်ပျော်ဖို့ကြိုးစားလိုက်ကြသည်။
~~~~~~~~~~~~~~~~~~~
"ဒေါက် ဒေါက် ဒေါက်"
"ဒေါက် အသွင်ခြား ကလေး"
မင်းစစ်သည်မနေ့ညက အလုပ်ကိစ္စ ကြောင့်အလုပ်ရှုပ်နေရင်း ညဥ့်နက်တော့အိပ်ပျော်သွားခဲ်သည်။သူမလေးအားသွားကြည့်မလို့ ဆုံးဖြတ်ထားသော်လည်း ပင်ပန်းတဲ့အရှိန်ကြောင့် မသွားဖြစ်ခဲ့...။
ဒီနေ့မနက် စောစောထကာ သူမလေးအခန်းရှေ့ တံခါးသွားခေါက်ခဲ့သည်။ခါတိုင်းဆို သူမက သူ့အားပြဿနာလာရှာမာအမှန် အိပ်ရာကနိုးနိုးချင်း....။
အခုက တံခါးပင်ခေါက်နေတာကြာလှပီ ပြန်ထူးသံမကြားသောကြောင့် တခါးဘုအားလှည့်ကြည့်ရာ လော့မချထားသောကြောင့်
"ကျွီ"
ကုတင်ပေါ်တွင်မရှိသောကြောင့် ရေချိုးခန်းထဲမှာများလား....။
ရေချိုးခန်းတံခါးကလည်းဖွင့်လျက်ရှိသောကြောင့် ရင်ထဲမာ စိုးရိမ်မှုဒီဂရီက တက်လာသည်။
ဘယ်များသွားပါလိမ့်.....။
အဝတ်အစားတေလည်းရှိနေသေးသောကြောင့် အိမ်ပေါ်က ဆင်းကာ ခြံဝန်းထဲသို့ နေရာအနှံ ရှာကြည့်သည်။ ပါးစပ်ကလည်း
"ကလေး"
"ကလေး.....အသွင်ခြား"
"ဟဲ့ မင်းစစ်သည် စောစောစီးစီး ဘာတေအော်နေတာလဲ"
ဘုရားခန်းထဲက ထွက်လာကြသောအဘွားနှစ်ယောက်က အိန္ဒြေမရသော မင်းစစ်သည်အားမေးကာ
"ကလေးပျောက်နေလို့ သူ့ပခန်းထဲမာလည်းမရှိဘူး နေရာအနှံ့ရှာပီးပီ"
"အဝတ်အစားတေရော "
"ရှိတယ်"
"အပြင်ခဏသွားတာလားမသိတာ"
"ဟာအဘွားကလည်း စံအိမ်နားမာဘာမမရှိတာ ပီးတော့ အခုက သူပထမဆုံးရောက်ဖူးတာလေ စံအိမ်ကို"
မြေးဖြစ်သူ၏ ပူလောင်နေသောမျက်နှာကြောင့် အဘွားကြီးများကြိတ်ပြုံးလိုက်သည်။အသွင်ခြားကလည်း ထွက်သွားမာမဟုတ်ပေမဲ့လို့လအစိုးရိမ်ကြီးသောမြေးဖြစ်သူကြောင့် လွန်ခဲ့တဲ့ဆယ်နှစ်အားသတိရနေသယောင်ယောင် ပုံရိပ်တေက.....။
မိုင်အိပ်ရာကနိုးတော့ အပြင်ဘက်ကဆူဆူညံညံအသံတေကြောင့် ဆက်မအိပ်တော့ဘဲ အိပ်ရာမထလိုက်သည်။သို့သော် သူ့အားဖက်ထားသော လက်သွယ်သွယ်လေးတေကြောင့် ပြုံးမိသွားပီး သူထံတွင်မမဝေးက သူ့ဘဝထဲပန်ရောက်လာသလိုခံစားရသည်။လက်လေးအားအသာဖယ်၍ ရေချိုးခန်းထဲတံဘက်တစ်ထည်ယူကာ ဝင်ရန်ပြင်တော့ ခါတိုင်းလို မတိတ်ဆိတ်တဲ့ အပြင်ကအသံတေကြောင့် ခြေလှမ်းတေကိုပြန်ရုတ်ကာ အခန်းတံခါးသို့လှည့်လိုက်သည်။
အခန်းက ထွက်လာတော့ လှေကားနားတွင် ဆောက်တည်မရဖြစ်နေသော ဦးရဲ့ အကိုဝမ်းကွဲကြောင့် မဝံ့မရဲမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ ဘွားဘွားတို့"
"အော် မိုင်နိုးပီလား ဒီမာလေ အသွင်ခြားပျောက်လို့တဲ့"
"မမက မိုင်ရဲ့အခန်းထဲမာ အိပ်နေတယ်"
လက်လေးကို နောက်ပစ်၍လက်ညိုးလေးကို သူမအခန်းဆီထိုးလျက် မျက်နှာငယ်လေးနှင့်ပြောလိုက်သည်။
ထိုအခါမ မင်းစစ်သည်က အပူလုံးကြီးကျသလိုနှင့် အခန်းသို့ဦးတည်ရန်ပြင်လိုက်သောအခါ နည်းနည်းတော့.....
ဒါကိုသိတဲ့မိုင်က
"ရပါတယ်ဝင်သွားပါ ခုထိတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတယ်"
ထိုသို့ပြောလိုက်မ စစ်လည်း ဝင်သွားကာ ကုတင်ပေါ်က မျက်နှာလေးက ပြုံးလိုက်သည်။စောင်ကတခြား ကိုယ်ကတခြားနှင့် ခွေခွေလေးအိပ်နေသော သူမ...
အိပ်နေတာက ကလေးလေးသဖွယ်....
စစ်သူမလေးကိုယ်အား ခါးကနေပွေ့ပီး သူ့လည်တိုင်ကိုသူ့မလက်သွယ်သွယ်နှင့် ချိတ်ကာ အခန်းထဲမခေါ်ယူလာသည်။
"အင့်"
အခန်းထဲရောက်သည့်အထိ မနိုးသေးသော ချာတိတ်မကြောင့် နောက်တကြိမ်ပြုံးလိုက်သည်။ကိုယ်လေးအား ကုတင်ပေါ်အသာချကာ ဖက်ထားတဲ့ လက်ကိုတော့မလွတ်သေး...။
ကျန်လက်တဖက်ဖြင့် ဆံပင်တေအားသပ်ပေးကါ နီးကပ်နေသော မျက်နှာလေးကြောင့် ငယ်ရုပ်လေးအတိုင်းသိပ်မပြောင်းလဲဘဲရှိနေသောကြောင့် သူ့ရဲ့နှာတဲရှည်ရှည်လေးနှင့် သူမလေးရဲ့နှာသီးထိပ်လေးကာ ထိခိုင်းကာ မထိတထိ လှုပ်၍နိုးနေသည်။
"အင့်....အွန်း"
သွင်တစ်စုံတစ်ခုက သူမလေးအားနိုးနေသလိုရှိသောကြောင့် အနည်းငယ်ညည်းကာ တွန်လူး၍ မျက်လုံးဘေးက ဖွင့်လိုက်သည််။
"ဟင်...ဦး"
"နိုးလာပီလား ကိုယ့်ရဲ့အမွှေစိန်မလေး စောစောစီးစီး စိတ်ပူအောင်လုပ်တယ်"
နီးကပ်လွန်းနေတဲ့ ဦးမျက်နှာကြောင့် သွင့်ရဲ့ရင်ဘတ်ကပျောက်ထွက်မတက်.....။
နှလုံးသားခုန်သံက ကျယ်လွန်းသောကြောင့် ဦးများကြားသွားပီလား ဟူသောစိုးရိမ်စိတ်နှင့်...။
အခုထက်ထိ သွင့်ရဲ့ခါးကိုဖက်ထားသော ဦးလက်ကမလွှတ်သေး.... ဦးရဲ့နှာခေါင်းထိပ်နှင့်သွင့်နှလုံးလေးက ထိကပ်လျက်ပင်.....
ဦးက လွှတ်ပေးဖို့အစီအစဥ်ရှိရောရှိသလားမသိ ....
သွင့်ရဲ့လက်နှစ်ဖက်ကလည်း ဦးရဲ့ရင်ခွင်ကျယ်ထဲမာ ကပ်လျက်.....
"ဦး မလွှတ်တော့ဘူးလား"
"အင်း ဆိုပါအုန်း ဘာလို့ကိုယ့်ကိုစိတ်ပူအောင်လုပ်တာလဲ"
"ဟမ်...ဟမ်ဘာကိုလဲ"
"မင်းအခန်းထဲမာ မရှိလို့ ကိုယ်မင်းအိမ်ကိုတောင်ဖုန်းဆက်မေးပီးပီ"
"သွင်....သွင်ကဦးစိတ် ....စိတ်ပူမယ်မထင်လို့လေ"
"နောက်ခါကျပြောသိလား "
နှာခေါင်းလေးအား ဖျစ်ညစ်လိုက်ပီး အူယားစရာပြန်ဖြေနေသော ချာတိတ်ကြောင့် စစ်စိတ်တေက ထိန်းမနိုင်တော့.....။
"ကဲ ထတော့"
သူကိုယ်တိုင် သူမလေးကိုယ်ကို မယူကာ ခါးကိုလွှတ်ပေးလိုက်ပီး နဖူးလေးအား တစိုက်မတ်မတ်နမ်းရှိုက်လိုက်သည်။
သွင် ဦးရဲ့လုပ်ရပ်ကြောင့် ကိုယ့်နဖူးလေးကို အသာပြန်စမ်းရင်း ပေါက်ထွက်တော့မည့် ရင်ဘတ်ကိုဖိထားလျက်....။
ဦးပြုစားနိုင်လွန်းတယ်