💕ရူးခါနေအောင်ချစ်ရသူ 💕
အပိုင်း၁၂
"မြေးလေးကိုခေါ်လာတာငါ့ကိုအသိမပေးတဲ့ ကိစ္စကရော"
"အဲ့တာက ကျွန်တော်မနေ့ကပြန်လာတော့ တံခွန်တောင်မာ ကျွန်တော်မပါပဲ ထန်းရည်တေသောက်နေလို့ပါဗျ"
"ဟေ"
ဒေါ်ငွေမိုးစက်က အံ့သြ၍ ရင်ဘက်လေးကို လက်ဖြင့်အသာဖိကာ ပါးစပ်ကဟစိစိဖြစ်သွားသည်။အမဖြစ်သူကတော့ ဟက်ကနဲရယ်ကာ
"ဖြစ်ရလေ "
ဟုသာဆိုသည်။
မိုင်ဧည့်ခန်းထဲသို့ရောက်သောအခါ ချမ်းသာပီးအရှိန်အဝါကြီးတဲ့အတိုင်းပင် ကျွန်းစတီခုံကြီးများနှင့်.....။
နံရံဖြူဖြူပေါ်မှာလည်း မြို့တစ်မြို့ကိုပုံဖော်ရေးဆွဲထားတဲ့သဘာဝဆေးရေးပန်းချီတစ်ချပ်နှင့် မိသားစုပုံကို ပုံကြီးချဲ့ထားသည့်ဓာတ်ပုံ...။ဦးတရားသူကြီးဝတ်ရုံနှင်ဓာတ်ပုံတစ်ခုနှင့်မိုင်လုံးဝမမြင်ဖူးသည့် လူကြီးတစ်ယောက်ရဲ့ပုံတစ်ခု။မျက်လုံးများဝေ့ကြည့်ပီးမှ တစ်နေရာရောက်သောအခါ မိုင်ဦးစွာ တွေ့လိုက်ရသည်က မိုင့်ရဲ့ဦး....။ဘေးနားက ဓာတ်ပုံထဲက ဦးနဲ့ရွယ်တူလောက်ရှိသည့် ဦးတစ်ယောက်။ဦးနဲ့မျက်နှာပေါက်က ခပ်ဆင်ဆင်တူသည်။ ဦးထက်အနည်းငယ်တည်ငြိမ်၍ လူကြီးလူကောင်းဆန်သည်။ပြီးတော့ မိုင့်ကိုကြည့်နေတဲ့ ဘွားဘွားနှစ်ယောက်....။
ဘွားငွေကတော့ လွန်ခဲ့တစ်နှစ်လောက်ကမြင်ဖူးပီးသားမို့မှတ်မိနေသည်။ဘေးကအဘွားကလည်း အမဟုထင်ပါသည်။မျက်နှာကတော်တော်ဆင်သည်။နှစ်ယောက်စလုံးအလွန်ကျက်သရေရှိကာ မျက်နှာမာလည်း အပူအပင်ကင်းစွာတည်ရှိနေသည်။
မိုင်မဝံမရဲပြုံးပြလိုက်သောအခါ ဘွားငွေက မိုင်ရပ်နေတာကို မကြည့်ရက်နိုင်စွာ သူမရဲ့ဘေးနားသို့ ကြင်နာစွာ ဆွဲယူထိုင်စေသည်။
"အိပ်ရေးဝရဲ့လားသမီး"
"ဟုတ်ကဲ့ ဝပါတယ်အဖွား"
ဒေါ်စိန်မိုးစက်ကတော့ သူ့ရှေ့တွင်ထိုင်နေသော ကောင်မလေးအား အကဲခတ်သလိုကြည့်နေမိသည်။ဖွေးဖြူနေသောအသားပေါ်မာ အသားရောင်ဂါဝန်လေးကိုကပိုကရိုဝတ်ထားသည်။မျက်နှာလေးနုနယ်၍ တစုံတစ်ရာကိုစိုးရိမ်နေဟန်ရှိသည်။မျက်ဝန်းထဲမာလည်း တစ်ခုခါကြောင့်နာကျည်းရိပ်လေးသန်းနေသည်။ထိုမျက်ဝန်းအကြည့်ကိုမကြိုက်ပေမဲ့ ပြုပြင်လျှင် နှစ်လိုဖွယ်မိန်းကလေးတစ်ယောက်ဖြစ်လာပေမည်.......။
"သမီးမနေ့က ထန်းရည်သောက်ပီးမူးနေတယ်ဆို"
"ဟမ်...အဲ့....အဲ့တာ"မိုင်ဖြေရှင်းရန် အကြံအိုက်သွားသည်။ကြည့်ရတာ ဦးကအကုန်ပြောပီးသွားပီ ထင်ပါသည်။ဦးကိုကြည့်လိုက်တော့ ရယ်ကျဲကျဲနှင့်....။"အကျင့်မကောင်းတဲ့လူကြီး"စိတ်ထဲက ကျိန်ဆဲကာ အပြင်မာတော့ ပြုံး၍
"အဲ့တာ က မိုင်သောက်ဖူးချင်လို့ပါ"
"အော် အေးပါ နောက်ခါမသောက်နဲ့တော့နော် မြေးလေး"
"ဘွားကျွန်တော်သွားတော့မယ်"
"အေးအေးသွင်လေးကိုဝင်ခေါ်လိုက်အုန်းနော်"
"ဟုတ်ကဲ့ဗျ"
မိုင့်ကိုလည်းဘာမထပ်မမေးကြတော့.... ။ဦးနဲ့စကားပြောစေရန် ဘုရားရှိခိုးတော့မယ် ဟူဆိုကာ အလိုက်သင့်ထွက်သွားပေးကြသည်။ဦးကတော့ ရှေ့ကဦးဆောင်၍ ခြံဝန်းထဲသ်ု့ခေါ်သွားသည်။
ခြံထဲရောက်ရောက်ချင်းပင်"ဦး ဘာလို့ဒီထိခေါ်လာတာလဲ မိုင်ကိုလည်းဘာမမပြောဘူး"
"ဟောဗျာ ကိုယ်စိတ်မချလို့ပါဗျ"
"ဘာဆိုင်လို့"
"မနေ့ကပဲမူးပီးရစ်တာကြည့်လေ"
"မဖြစ်နိုင်တာ"
"အဟွန့်"
ခြင်းသူ့အား နှုတ်ခမ်းလေးအသာဆူ၍ ရန်တွေ့နေသောချာတိတ်လေးကြောင့် ဟွန့်ကနဲရယ်လိုက်သည်။တစ်ခါမ အဲ့လိုကလေးဆန်တာကိုမတွေ့ဖူးသောကြောင့် အသည်းယားစွာကြည့်နေမိသည်။
"ချာတိတ်"
သူမ၏လက်အားအသာဆုပ်ယူ၍ တည့်တည့်ကြည့်လိုက်သည်။
"ကိုယ်မင်းကိုခေါ်လာတာ တကယ်စိတ်မချလို့ပါဗျ အရင်လည်း အလုပ်တေလည်းလုပ်စရာမလိုတော့ဘူး ချာတိတ်ဘေးမာ ကိုယ်ရှိနေပီလေ ချာတိတ်လေးကိုခေါ်ထားရတာက ဒီအိမ်တော်မာနေရင် မင်းအတွက်လုံခြုံတယ် ကိုလည်းနောက်ကျရင်မအားတော့ဘူးလေ ကိုယ့်မင်းကိုမတွေ့နိုင်တော့ရင်တောင် ကိုယ်မင်းကိုစိတ်ချတဲ့နေရာမာထားချင်တယ် ကိုယ်နှစ်ရက်နေရင် အလုပ် ကိစ္စကြောင့် ဂျပန်ကိုသွားရမယ်"
မျက်လုံးပေကလပ်ပေကလပ်ဖြင့်သူ့အားကလေးသဖွယ်ကြည့်နေသော ချာတိတ်မလေးကြောင့် အူယားစွာ နဖူးလေးအား လက်ညှိုးလေးဖြင့်အသာတောက်လိုက်သည်။သူမကတော့ နဖူးလေးကိုပွတ်ကာ မျက်နှာလေးရှုံ့လျက်
"ဘာဘဲဖြစ်ဖြစ် မိုင့်ကိုလုံးဝ မတိုင်ပင်တဲ့အတွက် စိတ်ဆိုးတယ်"
သူ့ကိုင်ထားသောလက်အားဆွဲဖြုတ်ကာဆောင့်ကြီးအောင့်ကြီးနှင့် အိမ်တော်သို့ဝင်သွားသည်။ခြင်းခေါင်းလေးအသာယမ်းကာ ချာတိတ်မလေးကျောပြင်အားကြည့်၍ပြုံးမိသည်။
~~~~~~~~~~~~~~~
👑Golden Villa👑
"တီ....တီ"
"မင်္ဂလာပါ သခင်လေး"
"အသွင်ခြားရှိလား"
"ဟုတ်ကဲ့"
စစ်သည်ကားပေါ်ကဆင်းဆင်းချင်း Golden Villa၏ခြံစောင့်အားမေးလိုက်သည်။ကျယ်ဝန်းခမ်းနားသော အိမ်တော်ကြီးက စစ်တို့အိမ်တော်လောက်မကြီးကျယ်ပေမဲ့ မနိမ့်ကျပေ။ခြံဝန်းတစ်ခုလုံး နှင်းဆီနှင့်စံပယ်နံ့များသင်းနေသည်။အိမ်တော်သို့ဝင်ဝင်ချင်း ယောက်ခမလောင်းကြီးတို့က ဧည့်ခန်းတွင်ထိုင်နေကြသည်။စစ်အားတွေ့သောအခါ ပြုံးပြ၍ ထိုင်ရန်အချက်ပြလိုက်သည်။ဒေါ်ရှုမငြီးကတော့ ဦးစွာ ပြောလိုက်သည်က
"သားရယ်အားနာလိုက်တာ သမီးကရေချိုးမှားပီး ဖျားနေတယ် အခန်းထဲကမထွက်လာသေးဘူး"
"ကျွန်တော်သွားကြည့်လိုက်ပါ့မယ်"
"အော်အေးအေး"
ဒေါ်ရှုမငြီးတို့က မငြင်းဆိုတဲ့အပြင် သူမလေး၏အခန်းသို့လိုက်ပြသည်။လှေကားကြီးမ ညာဘက်သို့ချိုးလာပီး ထောင့်အစွန်းတစ်နေရာတွင်ရပ်လိုက်ကြသည်။ထို့နောက်ဘာမဆက်မပြောဘဲအောက်သို့ဆင်းသွားသည်။သိပ်တော့မသင့်တော်ပေမဲ့ သူလည်းသူမလေးအားစိတ်ပူလို့တစ်ကြောင်း ဝင်သွားလိုက်သည်။ဒေါ်ရှုမငြီးတို့က သူ၏ကိုယ့်ကျင့်တရားကို ယုံကြည်ကြသည်မဟုတ်လား......။
"ဂျောက်"
သန့်ရှင်းနေသောအခန်းထဲ ကုတင်ပေါ်တွင်အိပ်ပျော်နေသော မိန်းကလေး..... ။အနားနားသို့ဖြတ်လျှောက်သွားတော့သူမ မျက်နှာကပိုးဟပ်ဖြူလေးအတိုင်း...။
ကုတင်ပေါ်သို့တင်ပါးလွှဲထိုင်ရင်း နဖူးလေးအားစမ်းကြည့်လိုက်သည်။နုဖူးမာ ပူကျစ်နေပီး နားသယ်နားလေးက ချွေးလေးတေစို့နေလျက်......။ဘေးနားကစားပွဲကိုကြည့်လိုက်တော့ ရေစိုပဝါတစ်ခုနှင့်ရေဇလုံ။ကြည့်ရတာ အဖျားက မကျဖူးနဲ့တူပါတယ်.....။ ဝတ်ထားသော ရှပ်အကျီလက်ရှည်အား တံတောင်နားသို့ခေါက်တင်၍ ရေဇလုံအားယူပီးရေချိုးခန်းထဲသို့ ဝင်ကာရေလဲ၍ ပြန်ထွက်ခဲ့လိုက်သည်။အဝတ်စအား ရေဇလုံထဲနှစ်ကာ ညှစ်လိုက်ပီး နဖူးပြေပြေလေးပေါ် ဟိုဘက်ဒီဘက်တင်ပေးနေသည်။
သူမလေးရဲ့ဖြူဖတ်နေသောပါးစပ်ဖျားကလည်း ယောင်ယမ်းနေလျက်
"ကိုကို"
"ကိုကို...... ကိုကို"
"ဟင်"
သူရဲ့လက်အား ယောင်ယမ်း၍ အတင်းဆုပ်ဆွဲကိုင်ထားသည်။နှုတ်ခမ်းဖျားမလည်းကိုကိုက မချ....။ဒီကောင်မလေးပြောတော့သူ့ကိုချစ်တယ်တဲ့.....။အဲ့ကိုကိုက ဘယ်သူပါလိမ့်.......။ကျန်နေတဲ့လက်တစ်ဖက်က ပဝါစိုလေးအားနဖူးပေါ်မ ပြန်ယူ၍ ရှုပ်ပွနေတဲ့ဆံပင်လေးတေကိုသပ်ပေးနေသည်။အချိန်အတော်ကြာမ သူ့လက်လေးဆုပ်ထားတာ လျော့ကာ အိပ်ပျော်သွားသည်။သူ့လက်ကိုတော့မလွတ်သေး.....။
စစ်သည်မျက်ခုံးအား လက်မဖြင့်အသာခြစ်ကာ သူမလေးအိပ်နေတာကို အချိန်အတော်ကြာထိုင်စောင့်နေရသည်။ခုနကတည်းက တေဇကိုဖုန်းဆက်ပီး မလာနိုင်ကြောင်းပြောရသေးသည်။အကြောင်းရင်းကိုတော့မပြောဖြစ်.....။ခုမကို့အဖြစ်ကိုရယ်ချင်လာကာ သွားတန်းလေးက အသာပေါ်လာသည်။တစ်ဖြည်းဖြည်းလက်လွှတ်သွားမ လွတ်နေတဲ့စောင်အားဆွဲကာ အပေါ်သို့ခြုံပေးလိုက်သည်။
"ဟင်....ဒီဆွဲကြိုး"
စောင်လေးကိုသူမရင်ဘက်ပေါ်ဆွဲခြုံလိုက်မ သူမဝတ်ထားတဲ့ညဝတ်အကျီပေါ်မာ ပေါ်နေတဲ့ ပလက်တီနမ်
ဆွဲကြိုးမျှင်မျှင်လေး ဝင်းဖိန့်နေတဲ့လည်တိုင်သွယ်လေးမာ ဆင်မြန်းထားတဲ့ဆွဲကြိုးလေး....။
ဆွဲသီးလေးက အခြားမဟုတ် Kingမိသားစုရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ ဘုရင်သရဖူပုံလေးထွင်းထားတဲ့ ဆွဲပြားလေး....။Kingမိသားစုတွင်ပုံစံတူဆွဲပြားနှစ်ခုရှိသည်။တစ်ခုမာသူရဲ့ ဆွဲပြားဖြစ်ပီး ကျန်တစ်ခုကအခုထိ စစ်မှန်ခြင်းရဲ့လည်ပင်းမာဆွဲထားတုန်း......။
ထိုဆွဲကြိုးကိုKingမိသားစုရဲ့သားတေက ချစ်ရသည့်လက်ထပ်မည့်သူကိုသာ ပေးအပ်ခြင်းဖြစ်သည်။သူဒီဆွဲကြိုးကို တစ်ယောက်သောသူအား ပေးအပ်ဖူးသည်။ထိုသူကတော့ လွန်ခဲ့သည့်ဆယ်နှစ်က.......
"ဟင် ကလေးလေး ဒီမာဘာလုပ်နေတာလဲ"
သူမေးတာကိုမဖြေဘဲ မျက်လုံးဝိုင်းလေးဖြင့်သာမော့ကြည့်နေသည်။ဆံပင်လေးက ဂုတ်ကျော်နေပီး မညီမညာနှင့်....။ဝန်းစက်နေသော မျက်ဝန်းနက်လေးကိုကာရံကာ မျက်တောင်ရှည်များကကော့ပျံလျက်....။ဂါဝန်ပန်းရောင်လေးအား ဝတ်ဆင်ထားသည်မာ ကလေးရဲ့အသားအရေနှင့်လိုက်ဖက်လှပါသည်။
စံပယ်ရုံနားလေးတွင်ဒူးလေးနှစ်ဖက်ကိုထောင်ထားကာ ပုံရက်လေးထိုင်နေသည်။လက်လေးနှစ်ဖက်ကလည်း ဒူးနှစ်ဖက်ကိုတင်းနေအောင် ပိုက်ထားသည်။
စစ်သည်သူမလေးရှေ့ဒူးထောက်ချထိုင်ကာ ကလေးရဲ့ခေါင်းလေးအားအသာပုတ်၍
"ထ ကိုကိုနဲ့ကစားမလား"
ခေါင်းလေးယမ်း၍ ချက်ချင်းမျက်လွှာချထားသည်။
"လာပါ ကိုကိုက ဘာမမလုပ်ပါဘူး မုန့်ဖြစ်ဖြစ်သွားစားရအောင် ကိုကို့လက်ကိုတွဲလိုက်"
ဖြေသံမကြားဘဲ သူကမ်းပေးတဲ့လက်ကိုသာ မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည်။အတန်ကြာမ လက်လေးထုအားသူ့လက်ပေါ်တင်လိုက်သည်။သူလည်း လက်သေးသေးလေးအားဆုပ်ကာ ကလေးအားမတ်တပ်ထစေသည်။သူကိုယ်တိုင် ဂါဝန်ပေါ်မာကပ်နေတဲ့သစ်ရွက်ခြောက်တေကိုခါထုပ်ပေးလိုက်သည်။
သူနှင့်နေ့တိုင်းလိုလိုအချိန်ကစားသည်။တစ်ပတ်လောက်ထိ စကားမပြော....။ခေါင်းညိတ်ခေါင်းခါတာလုပ်သည်။သူဘာလုပ်ပေးပေး သူ့နားတွင်ထိုင်ကာ မျက်လုံးအဝိုင်းသားနှင့်သာငေးကြည့်နေသည်။