ရူးခါနေအောင်ချစ်ရသူ(Completed)
De Pann_Yaung_Seik_Kuu
117K 4.3K 56
မင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိ... Mai multe
Characters Introducing
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Introduction (Zawgyi)
Part-1(Zawgyi)
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Season 2 has been published
Part-6
3.5K 148 0
De Pann_Yaung_Seik_Kuu
💕ရူးခါနေအောင်ချစ်ရသူ💕
အပိုင်း၆
"ဘယ်သူလဲသိလား မမနဲ့စေ့စပ်မဲ့သူက"
ခြံထဲတွင် စကားကောင်းနေကြတုန်းဖြတ်မေးလာသည့်မေးခွန်းကြောင့်
"တီ....တီ"
"အော် ကားလာတယ် ထင်တယ်"
"ဟင် အကိုရန်ပါလား"
ခြံဝန်းထဲက အသွင်ခြားနှင့်ရှေးရိုးက ဝင်လာတဲ့ကားကိုကြည့်ပီးပြောနေကြသည်။
"ဟမ် ကိုလေး"
"ရန်လေး"
"အကိုစစ်တို့ရောက်ပီလား"
"မလာသေးဘူး ရန်လေး"
"မမရော သွင်ခြားရော လိုက်ခဲ့"
ရန်၏မျက်နှာမှာစိုးထိတ်မှုတေနဲ့ ဝေခွဲမရမှုတေက သိသိသာသာ။
အသွင်ခြားနဲ့ ရှေးရိုးလည်းအူကြောင်ကြောင်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်ကပါသွားကြသည်။တစ်ချိန်တည်းမှာပင် အိမ်ထဲသို့ ကားတစ်စီးဝင်လာပေသည်။
"အန်တီစိန်တို့ပါလား လာခဲ့ပါရှင့်"
ဒေါ်ရှုမငြီးက ဦးစွာ စီးကြိုလိုက်သည်။ဧည့်ခန်းထဲကလူများလည်းအသံရှိရာသို့ကြည့်လိုက်သောအခါ
"အင်း သမီးလေးတို့တောင် တော်တော်ကြီးလာပီပဲ"
အသွင်ခြားရှေ့တွင်ရှိနေသောအဘွားကိုကြောင်ကြည့်နေမိသည်။အဘွားရဲ့ မျက်လုံးတေကရှေးကိုသာ ကြည့်နေသည်။
"သားစစ်ရော အန်တီ"
ထိုအခါ ထိုင်နေသော ဦး ကမ္ဘာမြေခြားက ဝင်မေးသည်။
"ကားထိုးနေတယ်ထင်တယ် ဟောပြောရင်းဆိုရင်းလာ​ပြီ"
အဘွားလက်ညှိုးထိုးရာသို့ကြည့်လိုက်သောအခါ
အသွင်ခြားအံ့သြခြင်းနှင့်အတူ ရင်ဘက်ထဲကဆူးခနဲအောင့်လာသည်။
"ဦးကမမနဲ့စေ့စပ်မဲ့သူတဲ့လား"
အသွင်ခြားစိတ်ထဲမှာ ဝမ်းနည်းစိတ်ကြောင့် ဆက်မနေချင်တော့ပါ။ဦးကလည်းတစ်ချက်လေးတောင်စွေလို့မကြည့်ခဲ့ပါ။
"သမီးဘယ်သွားမို့လဲ"
အလိုက်မသိတဲ့အမေကမေးပြန်ပီ။
"ဟို.....ဟိုမီးဖိုထဲခဏသွားမလို့ပါ"
"သမီးရှေးက ပိုလှလာတယ်နော်"
"ကျေးဇူးပါဘွားဘွား"
"သားရန်က ဘယ်လိုလုပ်ရောက်လာတာလဲ"
"ဟို...ဟို"
"အဘွားစိန် စကြတော့မလား"
"အင်းပြောကြတာပေါ့ ဘွားဘက်ကတော့ သမီးရှေးရိုးကိုသဘောကျလို့ စေ့စပ်ဖို့ကမ်းလှမ်းချင်ပါတယ်"
"ကျွန်တော်တို့ဘက်က......"
"ဒယ်ဒီ တစ်ခုလောက်ပြောချင်လို့ပါ စေ့စပ်ပွဲနဲ့လဲဆိုင်မယ်ထင်လို့ကျွန်တော်အပြေးရောက်လာတာ"
လူကြီးတွေစကားပြောနေချိန် ဖြတ်ပြောရလို့ အားနာရသလို ဇောချွေးပြန်နေသော သားငယ်ကြောင့် ကမ္ဘာမြေခြား မျက်ခုံးလှုပ်သွားသည်။
"ဘာများလဲရန်"
"Onlineပေါ်မာနဲ့ဂျာနယ်ထဲမာ သတင်းတစ်ခုထွက်နေတယ်အတိအကျ"
"အဲ့တာနဲ့စေ့စပ်ပွဲနဲ့ဘာဆိုင်လဲ"
ရန်မပြောတော့ဘဲဖုန်းကိုသာရှေ့သို့ပေးလိုက်သည်။အဘွားစိန် ဒယ်ဒီ မာမီနှင့်အားလုံးနီးပါးအဲ့သြလျက်
"သားစစ်တကယ်ပဲလား"
စစ်သည်ခေါင်းသာကုတ်၍ သတင်းကိုသာမယုံနိုင်စွာ။
"ဟိုသတင်းကရေးထားတာအမှန်မဟုတ်ဘူးဗျ"
"အဲ့တာဆိုပုံကရော"
ဘွားစိန်မျက်နှာတွင်ခက်ထန်ခြင်းနှင့် မျက်နှာမာရဲနေသည်။အနည်းငယ်ဒေါသထွက်သယောင်။
"အဲ့ပုံထဲမိန်းကလေးက အသွင်ခြားပါ"
"ဟင်"
"ဟမ်"
"ခွမ်း"
အားလုံး၏အံ့သြခြင်းနှင့်အတူ။
🦋🦋🦋🦋🦋🦋🦋
လွန်ခဲ့သောတစ်နာရီက💌
"ဟျောင့် World"
"ဘာလဲဂျာကြီးကလည်းအလန့်တကြားနဲ့"
"လန့်တာကနောက်မှ သတင်းကအကြီးစားကြီး"
နားနေခန်းတွင်World ဆိုဖာပေါ်မှီ၍ သချင်းစာသားများဖတ်နေစဥ် အလောတကြီးဝင်လာသောဂျာကြီးကြောင့် မျက်ခုံးပင့်မိသည်။
"ရော့"
World screenပေါ်က သတင်း​ကြောင့်အံသြမိသွားသည်။အတွေးထဲမှာလည်း မေးခွန်းများစွာကနေရာယူလျက်
သတင်းမာ သွင်နှင်စစ်တို့၏ပါတီပွဲမှာနမ်းနေကြသည့်ပုံ။သတင်းအောက်မာလည်းcommentတေက ပလုံစီအောင်နေရာယူလျက်။သူသိသည် သွင်မှာရည်းစားမရှိကြောင့် သွင်နှင့်စစ်တို့ကဘယ်လိုမဖြစ်နိုင်။အကိုစစ်သည်ကလည်း ရည်းစားမပြောနှင့် မိန်းကလေးတောင်လှည့်ကြည့်တတ်သူမဟုတ်။
"ဘာတေဖြစ်ကုန်တာလဲ"
လက်ကလည်းကားသော့ယူကာအပြေးထွက်ခဲ့သည်။
""ဟျောင့်....World ဘယ်သွားမှာလဲ""
နောက်တွင်ကပ်မေးလာသည့် တေဇ၏အော်သံကတော့ နောက်တွင်ကျန်ခဲ့လေသည်။
🌊🌊🌊🌊🌊🌊🌊🌊
"မိုင်ဝေးက ငါ့အပိုင်""
ခြင်းမိုင်အနားသို့လျှောက်လာပီး သူမရဲ့ပုခုံးကိုဆွဲဖက်ကာ ကောင်လေးအား စူးစူးဝါးဝါး ကြည့်လိုက်သည်။ဟိုကောင်ကတော့ အခုထိ ပါးစပ်အဟောင်းသား။ခြင်းခုနတည်းက အဝေးကကြည့်နေမိသည်။သူမ ဘယ်လိုဖြေရှင်းမလဲဆိုပီး..... ။သူမလေး လက်အားလာကိုင်မှ ရုတ်တရက်ဆိုသလို သူမတို့နားလျှောက်သွားသည်။
ဗြုန်းစားကြီးရောက်လာသော ဦးလေးကြီးကြောင့် ကြောင်သွားသလို "ငါ့အပိုင်" ဆိုသော စကားကြောင့် မိုင် မျက်ခုံးကုပ်သွားသည်။
"လာခဲ့"
လက်ကနေဆွဲကိုင်က ပြိုင်ကားလေးဆီသို့ဦးတည်လျက်။ကားထဲရောက်တော့ သူမလေးက တည်တည်ငြိမ်ငြိမ်ပင်။ခုနက ""ငါ့အပိုင်""လို့ပြောမိတာကို ရန်ရှာမယ်ထင်နေတာ။
"အဲ့ကောင်က ဘာလို့လက်ကိုင်တာလဲ"
"ဦးလေးကရော ဘာလို့ရောက်လာတာလဲ"
"ကိုယ်မင်းကိုလာကြိုတာလေ "
"......."
"ခုနမေးတာ မဖြေရသေးဘူးနော်"
"ဦးလေး ဘာပြောစရာရှိလဲ ပြောပါ မိုင်အချိန်မရဘူး"
နာရီအား တစ်ချက်ကြည့်ကာ နားမူမစိုက်သလို ကားတခါးအား ဖွင့်ရန်ကြံတော့ ခြင်း တစ်ခါတည်း လော့ပါချပစ်သည်။ လူကလည်း သူမနားတိုးလာသလို မေးဖျားကနေ ကိုင်၍
"အဲ့အလုပ်တွေ လုပ်စရာမလိုတော့ဘူး"
ခြင်း ပြောတာများမှားသွားပီလားလို့စိုးထိတ်သွားသည်။ဘွားဆီမ အကြောင်းစုံသိရပြီး နောက် သူမလေးကို မပင်ပန်းစေချင်။ခုကစပြီး
သူမလေးကို သူ့အနားမှာနေခိုင်းစေချင်သည်။Parisမှာကျန်နေသေးတဲ့ အလုပ်တွေကိုတောင် ဂရုမစိုက်နိုင်တော့တဲ့အထိပဲ......
"မိုင်က ဘာနဲ့စားရမှာလဲ"
"ကိုယ်ရှိတယ်လေ"
"ဦးလေး မနောက်ပါနဲ့ ဦးနဲ့မိုင်နဲ့တွေ့တာ သုံးခါပဲရှိသေးတယ်
ဦးရဲ့အကြောင်း ဘာမှလည်းမသိသေးဘူး"
"ကိုယ်မနောက်ပါဘူးအတည်ပြောတာ"
""သူစိမ်းတစ်ယောက်ကိုယုံကြည်ပီး ခက်ခက်ခဲခဲရထားတဲ့အလုပ်တေကို စွန့်လွှတ်ရမာလား ဒါကနောက်စရာ မဟုတ်ဘူး လူကြီးတေကြောင့်တွေ့ရတယ် လက်ခံရတယ်ဆိုလည်း ဦးလာတဲ့အတိုင်းလှည့်ပြန်နိုင်တယ် ဦးမှာ​လည်း ဦးအလုပ်ရှိသလို မိုင့်မှာလည်း မိုင့်ရဲ့ရှေ့ရေးအတွက်ရှိသေးတယ် မိုင့်ရဲ့ဘဝထဲကို ဘယ်သူ့မဝင်မလာစေချင်သလို ဦးရဲ့ဘဝထဲကိုလည်း မိုင်ဝင်လာမာမဟုတ်ဘူး ဦးမဟုတ်တဲ့အခြားတစ်ယောက်ဆိုလဲ ခြေစုံကန်နေမာပဲ"
လူကောင်သေးသလောက် အပြောကြီးသော ချာတိတ်မလေးက ညိုနေသည့်မျက်ခုံးလေးကို ကုပ်ကုပ်၍ စကားပြောတတ်သည်။ ပြေပြစ်နေသည့် နှုတ်ခမ်းသေးသေးလေးကလည်း အမြဲ ခြောက်ကပ်နေကာ နှုတ်ခမ်းသားတို့အပ်ကွဲနေသည်။ အလှအပကို ဂရုမစိုက်တာမဟုတ်ဘဲ ကိုယ့်ကျန်းမာရေးတောင် ဂရုမစိုက်သည့် ထိုချာတိတ်က ဘာတွေများ အလုပ်ကို အဲ့လောက်တောင် လောဘကြီးနေပါလိမ့်....။
"ကိုယ်အမှန်တိုင်း​ ဝန်ခံပါရစေ  ဟုတ်ပါတယ် ကိုယ်တို့ကမတူညီကြဘူး လူကြီးတေ​ကြောင့်တွေ့ဆုံရတယ် မင်းနဲ့စစတွေ့တဲ့အထိ မင်းအကြောင်းဘာမှစိတ်မဝင်စားခဲ့ဘူး အချစ်တေဘာတေကိုယ်လည်း နားမလည်ဘူး "
"........."
"ဒါမဲ့ကိုယ်ဟိုနေ့ညက အကုန်စဥ်းစားပြီးသွားပီ ချာတိတ် အကြောင်းအကုန်နီးပါး စုံစမ်းကြည့်ပီးပီ ချာတိတ်ခုအခြေအနေမှာ လက်မခံချင်သေးရင်လည်းရတယ် ဒါမဲ့တစ်ခုလောက်တော့ တောင်းဆိုချင်တယ်"
".........."
"ကိုယ်တို့တေ ရင်းနှီးကြည့်ရအောင် လူကြီးတေကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့တောင်းဆိုမှုကြောင့်"
မိုင်အတန်ကြာဦးကိုစိုက်ကြည့်နေပီးမှ သက်ပြင်းချကာ
မျက်ဝန်းတေက အဝေးသို့ပို့လိုက်သည်။
"မိုင်ခွင့်ပြုတယ် ဒါမဲ့"
ခြင်းပျော်သောကြောင့်ပြုံးမိသွားသည်။နောက်က ဒါမဲ့ဆိုတဲ့စကားကြောင့် ချက်ချင်းမျက်နှာတည်ပစ်လိုက်သည်။
"မိုင်ရဲ့အလုပ်ကိုတော့ခွင့်ပြုပါ မိုင်တို့က မသက်ဆိုင်သေးဘူး မိုင့်ဘဝကို ဘာလုပ်ပါ ညာလုပ်ပါလို့ တားဆီးပိုင်ခွင့်က အမေတောင် ပြောခွင့် မရှိဘူး"
ခြင်းစိတ်ပျက်သွားသော်လည်း သူမလေး၏ခေါင်းမာမှုကြောင့် ဆက်မပြောတော့ဘဲခွင့်ပြုလိုက်သည်။စိတ်ထဲမာတော့ "ကိုယ် ကလေးရဲ့သွေးအေးနှလုံးသားကို ရအောင်ယူပြမယ်ကလေး ကလေးကို ကိုယ့်ရင်ခွင်ရိပ်မာပျော်စေရမယ်"ဆိုတဲ့စကားကိုရေရွတ်ပီး ကားစက်နိုးလိုက်သည်။
🍂🍂🍂🍂🍂🍂
"ဒါကဘယ်လိုဖြစ်တာလဲ မင်းစစ်သည်"
သေချာပါသည် အဘွားစိတ်တိုနေပြီ။နာမည်အပြည့်အစုံခေါ်လိုက်ကတည်းက သူ့ကိုအတော်စိတ်ဆိုးနေပြီဆိုတာ။Challengeတစ်ခုကြောင့်လုပ်ခဲ့သည်ဆိုတာ ရှင်းပြရင်လည်း မည်သူမှ ယုံနိုင်ချေမရှိ။သတင်းထွက်နေကတည်းကိုက အမှားကိုသေချာထုတ်ထားသည်။
သူ companyရှိနေစဥ် သတင်းထွက်ထွက်ချင်းဆို ပိတ်မိမှာ။အခုထိန်းမရတော့ လူမှု့ကွန်ရက်မှာရောအကုန်ပြန့်ကုန်ပီ။ဖြေရှင်းဖို့က တနည်းပဲကျန်တော့သည်။အဘွားက မည်သို့မှလက်ခံမှာမဟုတ်။
"ဘွား ကျွန်တော်"
"တော်တော် မင်းစစ်သည် ငါမယုံနိုင်ဘူး မင်းအဲ့လိုလုပ်လိမ့်မယ် ငါ့မျက်နှာဘယ်နားသွားထားရမလဲဟမ်"
စိတ်တိုရသည်က သတင်းကြောင့်မဟုတ်ဘဲ Golden မိသားစုအား မျက်နှာပူရ၍ ဖြစ်၏။ ပြောထားသည်က အကြီးနှင့် ဖြစ်နေသည်က အငယ်နှင့်မို့ သူတို့အမြင်မှာ တမျိုးမြင်မှာ စိုးထိတ်လှ၏။ အသွင်ခြားဆိုသည့် မိန်းကလေးကလည်း အကျင့်စာရိတ္တပိုင်း၌ ပြောစရာမလိုပေမဲ့ လူငယ်ဆန်သောကြောင့် မြေးနှင့်ဖြစ်မည်မထင်၍ တမင် စုံစမ်းပြီးမှ အကြီးဖြစ်သည့် သမီးရှေးအား မျက်စိကျမိသည်။ ထိုသတင်းကြောင့် သွေးတွေ ဆောင့်ခုန်လာရသလို ပွဲမဝင်ခင်က ဗြုန်းစားကြီးပြေးလာရသည်ကလည်း သူတို့ပင် မျက်နှာပူပူနှင့် ပြန်လာခဲ့ရသည်။
"အား ကျွတ် ကျွတ်"
"ဘွား ကျန်းမာရေးကို ဂရုစိုက်ပါ ကျွန်တော်ဖြေရှင်းပါ့မယ်"
"ဟဲလို မငွေလား"
"......."
"ငါ့ဆီအခုလာစမ်း"
"........"
"အေး driverငါလွှတ်လိုက်မယ်"
"........"
"အေးအေး"
ချစ်ခြင်းဖြင့်....ပန်းရောင်စိတ်ကူး🦄❣
Continuă lectura
O să-ți placă și
1.2M 65.3K 51
1.1M 71K 36
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...
495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...