ရူးခါနေအောင်ချစ်ရသူ(Completed)

By Pann_Yaung_Seik_Kuu

117K 4.3K 56

မင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိ... More

Characters Introducing
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Introduction (Zawgyi)
Part-1(Zawgyi)
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Season 2 has been published

Part-3

4.5K 187 1
By Pann_Yaung_Seik_Kuu


💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၃

"ဖျတ်"

မီးရောင်အားလုံးကိုမှိတ်လိုက်သည်။ပွဲလာဧည့်သည်တော်များကလည်း မိုက်ခရိုဖုန်းမှ အသံအားနားစွင့်နေကြသည်။

"အခုပွဲလေးမာ အစီအစဥ်တစ်ခုရှိပါတယ် အခုမီးမှိတ်နေတဲ့အတောအတွင့်မာ လူနှစ်ယောက်ရဲ့လက်ထဲမာ ကဒ်တစ်ခုစီရောက်လာပါလိမ့်မယ် ထိုနှစ်ယောက်ကိုchallengeအရ ထိုရွေးချယ်လိုက်တဲ့coupleအတွဲက ကျွန်မခိုင်းတာကိုလုပ်ရပါလိမ့်မယ်"

"လက်ခံရဲ့လားရှင့်"

Rose မေးလိုက်သည်။

"ဖြောင်း.....ဖြောင်း....ဖြောင်း"

လက်ခုပ်သံများထွက်လာသည်။လက်ခံကြသည်ထင်တယ်။Roseလည်းမိုက်ကိုပြန်ကိုင်၍ စလိုက်မီးများက..... ပွဲခင်းကိုဝှေ့ပတ်ထိုးနေသည်။မိနစ်အနည်းငယ်ကြာသောအခါ

"အဟင်း.....ကဒ်ရောက်ပီ ထင်ပါတယ်"

"ကဲ..... ဖြောက်"

လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ မီးများပြန်လင်းလာပီး လူအချို့ ဟိုကြည့်ဒီကြည့်နှင့် တီးတိုးပြောသံများကဆူညံလာသည်။

"ကဒ်ရတဲ့လူတေက ဘယ်သူတေလဲမသိဘူးရှင့် ပြောပြပါအုန်း"

ခြင်းသူဘေးတွင်ရပ်နေသောစစ်လက်ထဲမှကဒ်ကိုတွေ့သောအခါ

"စစ် မင်းလက်ထဲမှာ"

စစ် ခြင်းကိုလှည့်ကြည့်အခါ ဆက်မပြောတော့ဘဲသူ့လက်ကို မေးငေါ့ပြသည်။သူကိုင်ထားသော ဝိုင်ခွက်ထဲမှ ကဒ်လေးတစ်ခု။သူလည်းကြောင်သွားသည်။မီးမှိတ်နေစဥ်အတွင်း သူနားခြေသံတောင်မကြားရပါ။

"ကဲ ရတဲ့လူလေးတွေ အရှေ့ထွက်ခဲ့ပါရှင် ကျွန်မတော့စိတ်လှုပ်ရှားနေပီ"

စစ်သက်ပြင်းတစ်ချက်သာချ၍ စင်နားသို့စတိုင်ကျကျလျှောက်လာလိုက်သည်။စင်ပေါ်သို့တင်သောအခါ ဟိုဘက်ကမိန်းကလေးက သူ့ထက်အရင်ရောက်နေသည်။

"ဝိုး......UGရဲ့CEOကြီးပါလား"

"ဟုတ်ပချောလိုက်တာ သူနဲ့ကျတဲ့မိန်းကလေးက ကံကောင်းလိုက်တာ"

"လုပ်မနေနဲ့ ဟိုဘက်ကလည်းအချောလေးတော့ သူမကိုမြင်ဖူးသလိုပဲ"

"ဟာ DJ. DDလေ နင်မသိဘူးလား နာမည်ကြီးတယ်ဟ. မာနကြီးတယ်သူက"

"သိသား သူ့လိုက်တာတောင် ကျွေးလွှတ်လို့ သွားကျိုးတဲ့ကောင်လေးတွေအများကြီး"

စင်အောက်ကပြောဆိုသံတေက အတိုင်းသားကြားနေရသည်။စစ်သည်လည်း သူ့ရှေ့ကကောင်မလေးအားတစ်ချက်ကြည့်လိုက်သည်။ သူ့ထက်တော်တော်ငယ်မည့်ပုံ။

မိုးပြာရောင်ဂါဝန်လေးအားဝတ်ထားသည်။ဂျိုင်းပြတ်ဂါဝန်ဖြစ်၍ လက်မောင်းသားလေးက ဝင်းအိနေအောင်မြင်နေရသည်။
လှိုင်းတွန့်တွန့် လာဗင်ဒါ ဆံချောင်းလေးကို ပန်းရောင်တစ်ကြောင်းcolorဖောက်ထားသည်။ကြည့်ရတာတော်တော်ခေတ်ရှေးပြေးမှန်းသိသာသည်။

သူမလေးကခုထိသူ့ကိုမကြည့်သေး။ဘေးကမွေးနေ့ရှင့်နှင်သာစကားပြောနေသည်။

"ကျစ် သက်ထားနင်ဘာလုပ်လိုက်တာလဲ ကဒ်ကိုငါ့လာပေးရသလား"

"ဟာ ငါပေးတာမှ မဟုတ်တာကို ဘယ်သူပေးမှန်းတောင်ငါမသိဘူး"

"စိတ်ရှုပ်တယ်"

"နင်ကလည်းဒါလေးကို စိတ်မဆိုးနဲ့နော်"

"အဟမ်း"

"ဟင်.....ဦး!"

စစ်သည်ချောင်းတစ်ချက်ဟန့်လိုက်သည့်အခါ သူမလေးက လှည့်ကြည့်သည်။ဟိုနေ့က မိန်းကလေး။

သွင်ရုတ်တရက် အံသြ သွားသည်။သူ့ရှေ့တွင်ရပ်နေသည်က သူ့ရဲ့အချေဦး။

သူမအဲ့သြလွန်းလို့ "ဦး" လို့တောင်ထွက်သွားသည်မလား။ဟိုကတော့ကြားဟန်မတူ။
သွင် ပျော်ရမလား ဝမ်းနည်းရမလားကိုမသိ။

"အဟမ်း ကိုစစ် Rose challenge ခေါ်တော့မယ်နော် တကယ်ပါ coupleတွေကလည်း တကယ့်အာဂတွေ"

"ဟုတ်ပါပီရှင့် အခုRoseခေါ်မယ့်Challengeက နှစ်ဦးသား စင်ပေါ်မှာ စုံတွဲ အက​ ကပေးရမှာဖြစ်ပါတယ် Rose အထင် နိုင်ရင် ဟိုနားမှာ ချထားတဲ့ စုံတွဲလက်ကောက်လေးတွေကို ရရှိမှာဖြစ်ပါတယ်"

"ဟင်"

"ဝိုး.....ဖြောင်း.....ဖြောင်း"

စစ်သည်စိတ်အိုက်သွားသည်။လည်ပင်းပေါ်က နက်တိုင်အားဖြေချလိုက်သည်။သူမလေးကတော့ ခပ်တည်တည်ပင်။ပုခုံးတစ်ချက်သာတွန့်ပြသည်။

"ကိုစစ် မလုပ်လို့မရဘူးနော်"

သွင်လည်းသူ့ရှေ့လျှောက်သွားကာ သူ့ထက်ရှည်သော ဦး၏ အကျီစအား လည်ပင်းနားမှစွဲ၍ စူးစိုက်ကြည့်လိုက်သည်။
စစ်သည်လည်းသူ့အားလာစိန်ခေါ်သော ချာတိတ်မလေးအား တစ်ချက်ကြည့်လိုက်သည်။

ညှို့ဓာတ်ပါသောမျက်ဝန်းညိုညိုလေးနှင့် တည်ငြိမ်လှသောမျက်ဝန်းနက်တို့က မခွာတမ်းကြည်နေ့ကြသည်။
ဘယ်ဘက်ရင်အုံမာလည်း ပေါက်ထွက်မည့်အလား နှလုံးခုန်သံတေက........။
သို့သော်ဟန်ဆောင်ကောင်းသော သူနှစ်ယောက်ကတော့....

""ကိုယ်မကတတ်ဘူး""

""ဟမ်""

UG Entertainment တစ်ခု၏ ပိုင်ရှင်က အကမကတတ်ဘူးဆိုသော​ကြောင့် မျက်နှာချင်းအပ်ထားသော သူတို့နှစ်ဦးကြားမှ အသွင်ခြားအံ့သြ သွားသည်။

""ကိုယ်တကယ်ပြောနေတာ ""

ဘာပွဲပဲ ဖြစ်နေပါစေ အရှုံးပေးရတာကို မကျေနပ်သည့် အသွင်ခြား ပထမဆုံးအကြိမ်အဖြစ်ရှုံးခဲ့ရလေသည်။ သို့ပေမဲ့ ဦးနဲ့ ပထမဆုံးအနေနှင့် ဦး၏လက်ကို ကိုင်ကာ က ခွင့်ရခဲ့သည့် ကံအကောင်းဆုံးမိန်းကလေးတော့ဖြစ်ခဲ့လေသည်။

🍒🍒🍒🍒🍒🍒🍒

"Good morning ဒယ်ဒီ"

"ဟင်စောစောစီးစီးပါလား သမီးသွင်"

"မနေ့ည partyသွားတာတောင်စောနေပါ့လား"

စောမှာပေါ့ ဒယ်ဒီရယ် သွင်ရန်ခုန်လွန်ပီး အိပ်မှ မပျော်တာ စိတ်ထဲတွင်သာပြောကာ

"သမီးကမထရတော့ဘူးလားအစောကြီး"

မှန်သည်။ အသွင်partyမှ ပြန်လာကတည်းက နှုတ်ခမ်းလေးကိုလက်ဖြင့်ထိကာ တစ်ယောက်ပြုံးနေတာ အိပ်တောင်မပျော် ပေ။ထို့ကြောင့်အစောကြီးဆင်းလာခြင်းဖြစ်သည်။

"မဟုတ်ပါဘူးကွယ် ဒယ်ဒီကမေးကြည့်တာပါ ဒီရက်ပိုင်း သမီးကငြိမ်နေတာကို"

"ကိုစကားမရှာနဲ့ သမီးလိမ္မာနေတာကို"

"ဟားဟား ချစ်ကတော့လုပ်ပီး ကိုလည်းအကောင်းပြောတာပါဗျာ"

"အဲ့မှာ မကြီးမငယ်နဲ့ချစ်နေလိုက်ကြ"

"ဟင်....ကိုရန်"

ထူထပ်သည့် အနွေးထည်တစ်ထည်နှင့်ဂျင်းပြာဘောင်းဘီအကျယ်အား ဝတ်ဆင်ထားကာ မျက်နှာကိုလည်း maskနှင့်ဖုံးအုပ်ထားသည်။ ခပ်အုပ်အုပ်ကျနေသာ ရှေ့ဆံပင်များက သေချာ ဆွဲထင်ထားသည့် မျက်ခုံးညိုညိုကိုတောင် ကျော်လွန်နေလေသည်။ နားထက် ချိတ်ဆွဲထားသည့် တဖက်တည်းသော လက်ဝါးကပ်တိုင်လို နားကပ်ဆွဲက တလှုပ်လှုပ်နှင့်။

"သားပြန်ရောက်နေတာလား မာမီ့​ကို မပြောဘူး မာမီလာကြိုမှာပေါ့ကွယ်"

"ကျွန်တော်လည်း showပီးပီးချင်း ဆင်းလာတာဂျာကြီးနဲ့"
(ကမ္ဘာရန်ပါနော် ရှေးရိုးကမ္ဘာ နဲ့ကအမွှာပါနော်)

ပြင်ဦးလွင်က ရှိုးပွဲ ပြီးပြီးချင်း မနားရသေးဘဲ ကားနှင့် နှစ်ဦးသားဆင်းလာကြ ကာ နှစ်ရက်လောက်လောက်ထိ ရန်(ကမ္ဘာရန်ရှင်း)မအိပ်ရသေးပေ။
မိတ်ကပ်လိမ်းထားသောကြောင့် မျက်လုံးက မသိသာပေမဲ့ သိသိသာသာကို မျက်တွင်းကျနေသည်။

"ဒါနဲ့ကိုကြီးခြားရော"

ရန် မတွေ့၍မေးလိုက်သည်။မရှေးကတော့ ခြံထဲမာ နှင်းဆီခူးနေသည်ကိုတွေ့၍ နှုတ်ဆက်ပီးအိမ်ထဲဝင်လာခဲ့သည်။သူလည်းခဏနေဝင်လာမာမဟုတ်လား။

ဒယ်ဒီ မာမီနဲ့အသွင်ခြားက နံနက်စာစားနေသည်။သူက အဆိုတော်တစ်​ေယာက် နယ်ဘက်တွင်showပွဲရှိသောကြောင့် အိမ်တွင်သိပ်မနေ။

"ကိုလေး သွင်ဒီနေ့ည Djတီးရမယ် ကိုလေးလိုက်မလား"

"အင်း လိုက်မာပေါ့ ပီးတော့ပြောစရာလည်းရှိသေးတယ်"

"အင်းဟုတ်ပီ "

""ဝါး....အိပ်ချင်လိုက်တာ""

လက်မောင်းနှစ်ဖက်အား ဆန့်တန်းရင်း အိမ်ပေါ်သို့တက်သွားကာ အခန်းထဲသို့ဝင်သည်။ ရန် ပင်ပန်းနေမှန်းသိသောကြောင့် အလိုသိစွာ သိပ်မမေးမြန်းကြပေ။

🍒🍒🍒🍒🍒🍒🍒🍒

စစ်မှန်ခြင်းတစ်ယောက် စိတ်ညစ်ညစ်ဖြင့်မန်းလေးတက်လာရသည်။စိတ်ကလည်းဘဝင်မကျ။မနက်ထ ထချင်း အဘွားဒေါ် ငွေမိုးစက်က ဧည့်ခန်းတွင်ကျကျနနထိုင်စောင့်နေသည်လေ။

"မင်းဒီနေ့မန်းလေးသွား နောက်ရက်ကျ ကျောင်းပိတ်ရက်ရောက်ပီ မြေးမလေးကိုသွားတွေ့ချေ။"

"ဘွား မမြန်လွန်းဘူးလား လောမနေပါနဲ့ အေးဆေးပေါ့"

"မလောလို့မရဘူး မင်းက စစ်သည်လိုနားထောင်တာမဟုတ်ဘူး မလိမ့်တပတ်နဲ့ပြေးအုန်းမှာ ငါသိတယ် ငါစီစဥ်ပီးပီ"

"ဘွားရယ် စောလွန်းလို့ပြောတာပါ"

"မရဘူးသွားအဝတ်ထည့်ချေ။"

"နေအုန်း တစ်ခုတော့ပြောထားမယ်နော် ဒီမိန်းကလေးကိုတော့မင်းငြင်းလိုမရဘူးစစ်မှန်ခြင်း"

"မြေးမလေးကိုမင်းငြင်းဖို့မကြိုးစားနဲ့ သူမက သူများနဲ့မတူဘူး ငါ့အကြိုက် ငါချစ်တယ် မင်းသိထား"

ခြင်းလည်းမနိုင်တော့ပါ။ခြင်းကစစ်သည်လိုမဟုတ် ပြန်မပြောနားမထောင်တတ်။မလုပ်ချင်တာဆို ဉာဏ်များတတ်သည်။အဖွားကဒါကိုသိသည်။သိလို့လည်းParisက မပြန်လာခင်ကတည်းကကြိုစီစဥ်ထားခြင်းဖြစ်သည်။

ခြင်းတွေးလက်စအားရပ်ကာ ကားကိုအာရုံစိုက်မောင်းလိုက်သည်။မန်းလေးထဲရောက်နေပီမဟုတ်လား။ဒီညနေသူမနှင့်သွားတွေ့ရမည်။သူမလေးအကြောင်း ဘာမမသိ။နာမည်တစ်ခုသာသိပီး ဒီနှစ်မှကျောင်း ပြီးမယ်ဆိုတာသာသိသည်။ အဘွားပြောရင်လည်းစိတ်မဝင်စားသောကြောင့် ဖြူသလားမည်းသလားမသိ။ ခြင်းကအပျော်အပါးကြိုက်သည်။သို့သော်မိန်းကလေးမာ မူးရင်တောင်ရှုစရာမရှိ။သူ့ရုပ်ရည်နှင့် လိုက်ကပ်သည့်မိနး်ကလေးများစွာရှိသည်။

သူစိတ်မဝင်စား။အလုပ်ကိုသာစိတ်ဝင်စားပီးအားတဲ့အချိ​န်ပျော်ပါးနေတတ်သည်။အဘွားတို့ကမိဘတေမရှိတော့ကတည်းက ထိန်းကျောင်းလာလို့ ဘွားစကားကိုမလွန်ဆန်နိုင်ပေ။
စစ်မှန်ခြင်းကတော့ ခါတိုင်းတွေ့နေကြအိမ်ထောင်ဖက်တွေလိုတော့ ပေါ့ပေါ့မနေရဲ။ဘွားပြောခဲ့သည်မလား
"မြေးမလေးကို ချစ်သည်တဲ့"

"မိုင် မနက်ဖြန်ငါတို့အဖွဲ့တင်ပြရမယ့်ဟာတေမမေ့နဲ့နော် ​ပြီးတော့အတန်းမှန်ပါအုန်းဟ"

အတန်းခေါင်းဆောင်က မိုင့်အခြေအနေကိုသိတာကြောင့်စိတ်ပူသလိုပြောလိုက်သည်။ဟိုတစ်နှစ်ကလည်းမိုင်နောက်ကျမှုကြောင်အတန်းစာမေးပွဲတောင်ငှာနမှူးဆီသူကိုယ်တိုင်မနဲသွားပြောရသည်မဟုတ်လား။

"ကျေးဇူးပဲEC မိုင်မနက်ဖြန်အတန်းမပျက်ပါဘူး သိတဲ့အတိုင်းအလုပ်တစ်ခုပြုတ်သွားတယ်"

"ဟင် အေးပါ Fighting"

"မိုင်"

"ပြော ကေသွယ်"

"နင်အလုပ်ပြုတ်တာဟိုဘွားတော်ဆီက မဟုတ်လား"

ကေသွယ်ဆိုလိုသည်က မိုင်စာသင်ပေးသည့်ကလေးအမေဖြစ်သည်။မိုင်အချိန်အလုပ်သုံးခုရှိသည်။ မနက်စောစောတွင် ဆယ်တန်းကလေးအား စာသင်ပေးသည့်ဂိုက်တစ်ခု။ ညနေကျောင်းဆင်းသင်ပေးသည့် ဂိုက်တစ်ခုနှင့် အဆောင်နားက ဆိုင်သေးလေးအား ညကူရောင်းပေးခြင်းဖြစ်သည်။

မိုင်ခုလိုကျောင်းတက်ရင်းအလုပ်လုပ်တာ သုံးနှစ်လောက်ရှိပီ။ပြောရမယ်ဆို သူမအကိုထောင်ကျကတည်းကပေါ့။

"အင်းဟုတ်တယ် ငါကျောင်းစာအုပ်ဖိုးပေးဖို့မလောက်တော့ဘူး အလုပ်ရှာနေတုန်းပဲ"

"ငါ လည်းကူရှာပေးပါ့မယ် ခုတော့ငါ့ကို စာရှင်းပြအုန်း စာရှင်းပြခပေးပါ့မယ်"

သူမသူငယ်ချင်းကအဲ့လို မိုင်အလုပ်ပြုတ်တိုင်း ညနေစာ ဒါမှ မဟုတ် နေ့လည်သာတေကို အကြောင်းမရှိ အကြောင်းရှာပီး ဝယ်ကျွေးတတ်သူလေ။မိုင်ကအလကားစားတတ်သူမဟုတ်တာ သူမသိသည်လေ။
ကေသွယ်က အိမ်ကပိုက်ဆံရှိပေမဲ့ သိပ်မမောက်မာ မာနတော့ကြီးသည်။သူမမှာသူငယ်ချင်းပေါသည်။ မိုင်ကတော့အေးဆေး တစ်ယောက်တည်းနေတတ်သူဖြစ်သည်။မည်သူမှ သိပ် မပေါင်းတတ်။ဒါတောင် သူမရအောင်ပေါင်းခဲ့သည်မဟုတ်လား။

"အင်းပါဟုတ်ပါပီ နောက်ရက်ဝယ်ကျွေး ညနေတော့ငါသွားစရာရှိသေးတယ်"

🎼🎼I'm so lonely I'm so lonely 🎼🎼

"ဟဲလို ဦးကြီး"

"ဟဲလို ရှောင်မိုင် ဦးကြီးသိပါတယ်ရှောင်မိုင်အကြောင်းကို ဒါပေသိ ဦးကြီးမျက်နှာမပျက်ချင်ဘူး ဦးကြီးရဲ့ကျေးဇူးရှင်ကို ညနေကျရင်သွားတွေ့လိုက်ပါနော်"

"နာမည်တော့မှတ်ထားအုန်း စစ်မှန်ခြင်းတဲ့"

"ဟုတ်ကဲ့"

မိုင်တကယ်ခေါင်းကိုက်မိသည်။မနေ့ကလည်းဗြုန်းစားကြီး လက်ထပ်ရမယ်တဲ့။ လက်ထပ်တာ ကမ်းလှမ်းတာကြာပီတဲ့ တမင်မပြောတာပါတဲ့ မိုင်ထက် ဆယ်နှစ်ကြီးသည်တဲ့။
လူကြီးတေမျက်နှာကြောင့်မိုင်သွားတွေ့ရမည်။
ဦးကြီးက အမေမရှိခင်ကတည်းက အဖေလိုပဲမဟုတ်လား။

ချစ်ခြင်းဖြင့်.....ပန်းရောင်စိတ်ကူး




Continue Reading

You'll Also Like

93.1K 2.5K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
334K 18.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1M 32.7K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest