အချစ်သံယောဇဉ်တွယ်တာရာလေး(အခ်စ...

By I-am-K

98.8K 5.9K 176

xiao zhan - seme wang yibo-uke #zsww #zhanyi Start.. 14/1/2020 End. .. Uni+zawgyi ဒီfic ေလးက birthday pres... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21 (final)

19

3.5K 228 13
By I-am-K

# Unicode

..

.

...........

Xiao Zhan ကျိုးချန်အား အသေအချာစုံစမ်းခိုင်းထားသော  ဟော့ပေါ့ဆိုင်သို့သောမောင်းလာခဲ့သည်။

အပြင်ကနေကြည့်ရတာတော့သေသေသပ်သပ်ရှိလှသည်။

*ကျိုးချန် မဆိုးဘူး အရွေးတော်သားပဲ *

" ပေါက်စီလုံးလေး လာ ကိုကို့ကိုတွဲ အဆင်ပြေရဲ့လား မဟုတ်ရင်ကိုကို ချီရဦးမလား"

ရိပေါ် Xiao Zhan စကားအားအဖက်မလုပ်ဘဲ မျက်စောင်းထိုးကာ ထော့နဲ့ထော့နဲ့နှင့် ဆိုင်တွင်းသို့သာဝင်သွားတော့သည်။

ရိပေါ်သိတာပေါ့ ..အဲ့ကိုကိုစုတ်က သူ့ကို ကူညီပေးချင်သလိုလို ချီလည်းချီရော တစ်ခါတစ်လေ  သူ့ခန္ဓာကိုယ်ကို  အသေညှစ်တာ ..

ရိပေါ်မှာ သူ့ကိုကို  အား မျက်စောင်းထိုးလွန်းလို့ ရိပေါ် မျက်လုံးလဲ  စွေတော့မည်ဖြစ်သည်။

ရိပေါ်ဆိုင်ထဲဝင်လာတော့ သန့်ရှင်းသပ်ရပ်လွန်း၍ စားချင်စရာကောင်းလှသောနေရာလေးပင်။

ရိပေါ် နေရာလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်သည်။
ကိုကိုကတော့မှာစရာရှိတာ သူကိုယ်တိုင်သွား မှာနေသည်။

" ပေါက်စီလုံးလေး ခန နေ လာလိမ့်မယ်နော်"

" အင်း"

" ပေါက်စီလုံးလေး ကိုကို့ ကို စကားမပြောချင်ဘူးလား"

" ဘာကိုပြောရမှာလဲ"

" အရင်က ပေါက်စီလုံးလေးဆို ကိုကိုအနား ရောက်မလာနဲ့ ရောက်လာတာနဲ့ စကားလေးတွေ တတွတ်တွတ်ပြောနေတက်တာ အခုမုန်လာဥလေးကကျ  စကားနည်းလိုက်တာ "

" ကျန့်ကော ကျွန်တော် တခါတလေ စဉ်းစားမိတယ် ခင်များ ကျွန်တော် ကို ချစ်နေတာလား ကျွန်တော်ရဲ့ ငယ်ဘ၀တုန်းကပေါက်စ ကိုလား လို့လေ"

" ဟားး ဟား ကလေးပေါက် က သ၀န်တိုနေတာလား ကလေးငယ်ရယ် ကတယ့် ကလေးလေးပါပဲကွာ "

ရိပေါ်ခေါင်းလေးကိုဆွဲဖွ လိုက်တော့
ရိပေါ်ဟာ ချက်ချင်းခေါင်းပေါ်ရောက်လာတဲ့ လက်အား ခေါင်းကိုခါကာ ဖယ်လိုက်လေသည်။

ထို့နောက် မကျေနပ်နေသော ပုံစံ၊
ဆူပုပ်ပုပ်မျက်နှာထားလေးဖြင့်နှုတ်ခမ်းလေးထော်ကာ

" ဘယ်သူကသ၀န်တိုလို့လဲ ကျွန်တော်က သေချာသိချင်ရုံပါ"

နှုတ်ခမ်းလေးထော်ကာပြောလာတဲ့ ကလေးပေါက်လေးကိုကြည့်ကာ Xiao Zhan မှာ အသည်းတယားယား။

ချစ်လိုက်တာကွာ

" အိုက်ယား ပေါက်စီလုံးလေးကိုလဲချစ်တယ် အခု မုန်လာဥလေးကိုလဲချစ်တယ် ဟုတ်ပြီလား ဒါပေမဲ့...."

ဘာကို ဒါပေမဲ့လဲဆိုတဲ့ အကြည့်နဲ့ကြည့်လာတာကြောင့် Xiao Zhan နှုတ်ခမ်းတွန့်ကာ ပြုံးချင်နေသော နှုတ်ခမ်းပါးအောက်သားလေးကို သွားနဲ့ဖိကိုက်ရင်း ရယ်ချင်ပတ်ကျိ မျက်နှာထားဖြင့်...။

" ဒါပေမဲ့ ငယ်ငယ်က ကိုကို့စကားပိုနားထောင်တဲ့ ပေါက်စီလုံးလေးကို ပိုချစ်တယ်"

ထော်နေသောနှုတ်ခမ်းလေးမှာ ပိုမိုထော်လာပြီဖြစ်သည်။

နှလုံးကလေးများရဲတက်လာသယောင်ထင်ရပြီး မျက်ခုံးကလေးများအား တွန့်နေသည်မှာ အသည်းယားစဖွယ်။

" ခင်များးး ဟွန့် ရတာပေါ့ အဲ့ပေါက်စီလုံးကိုပဲချစ်နေလိုက်တော့ ကျွန်တော်အနားမလာခဲ့နဲ့ ပြီးတော့ ခင်များကိုလဲမချစ်ဘူး  "

" မုန်လာဥလေး ဟော့ပေါ့ကိုသာ ကုန်အောင်စားနော် စကားကိုကုန်အောင်မပြောနဲ့ နောက်တော့မှ ကိုကို့ကိုပဲ ချစ်ပါတယ်လို့ လာပြောကြည့် အဲ့ထော်နေတဲ့နှုတ်ခမ်းကို ဖူးယောင်နေတဲ့အထိနမ်းပစ်မှာ ဟွန်းဟွန်း"

လူယုတ်မာရယ်သံကြီးနဲ့ပြောလိုက်တာမို့ ရိပေါ်မှာ ကြက်သီးဖြန်းကနဲ့။

တကယ်ကြီး  လုပ်မှာလားဟ...!

" ခင်..ခင်များ လာမခြောက်နဲ့ ၀မ်ရိပေါ်တို့က စကားကို နှစ်ခါမပြောဘူး"

" ဒါပေါ့ ဒါပေါ့ နှစ်ခါမပြောဘူး အခါခါပဲပြောမှာပါ ကိုကို့ကိုချစ်တယ် လို့လေ"

"ကျန့်ကော.....!!! အေး ခင်များ ကျွန်တော့ ကို လာစွနေတာလား မနက်ကျထမင်းဘူးမထည့်ပေးတော့ဘူး"

"ကိုကိုကလဲ မယူပါဘူး"

မျက်ခုံးကြီးတွန့်ကာ မျက်မှောင်ကြီးကျုံ့လျက် တကယ်မယူတော့ဘူးပေါ့ဆိုတဲ့ အကြည့်နဲ့ သူ့ရဲ့ မုန်လာဥလေးဟာကြည့်လာတာမို့
ပြောင်စပ်စပ်မျက်နှာပေးနဲ့.....။။။။

" မနက် အလုပ်ပိတ်တယ်လေ အဲ့တော့  ကိုကို က ကိုယ်တိုင်လာစားမှာပေါ့လို့"

"  ခင်များ ကို ဘယ်သူကကျွေးမယ်ပြောလို့လဲ"

"အော် မုန်လာဥလေးရယ် ကိုကိုက ကိုကို့အနာဂတ်ယောကျာ်းလေးချက်တဲ့ထမင်းကို ခွင့်ပြုချက်ရမှ စားရမှာလားလို့"

" ဘာ...ဘာကို  ယောကျာ်းလောင်းလဲ"

" မုန်လာဥလေး မုန်လာဥလာမလုပ်နဲ့ ကိုကို ဘ၀လက်တွဲဖော်အဖြစ်သတ်မှတ်ထားတဲ့သူက ကိုကို့ယောကျာ်းလောင်းပဲလေ"

"မုန်လာဥပါဆို မုန်လာဥလာမလုပ်နဲ့တဲ့ "

" ဟားဟား နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် မုန်လာဥအဖြစ်လက်ခံသွားပြီပေါ့"

" ဘယ်သူကလက်ခံလို့လဲ "

" ခုနကမှ မုန်လာဥပေါက်စီလုံးလေးကိုယ်တိုင်ပြောလိုက်တာလေ"

"မပြောပါဘူးဆို"

"ပြောပါတယ်"

"မပြောဘူးလို့"

"ပြော..အ့"

ရိပေါ်အား စနေသော Xiao Zhanခင်မျာ  ဒေါက်ကနဲ ခေါက်သံနဲ့အတူ ခေါင်းတစ်လုံး လုံး ပူထူသွားတော့သည်။

ဒီလက်သံ သူမသိဘဲနေမလား

" မားးး....."

"ဘာလဲ ဟိုကလေးက မပြောဘူးဆို မပြောဘူးပေါ့ မင်းကဘာလျှာရှည်ပြီးပြောပါတယ်လို့ပြောနေတာလဲ"

Xiao Zhan အတွက် ဒီနေ့ ကံမကောင်းပေ။

သူခေါက်ခံရတာ ၂ခါရှိပြီ ခေါင်းကိုခေါက်လွန်းလို့ ပေါက်စီလုံးလေးကိုမေ့သွားရင် ဘယ်လိုလုပ်မလဲ.....?

" မားး သားကိုပဲလာခေါက်နေတယ် သား အတိတ်မေ့ပြီး ပေါက်စီလုံးလေးကို မေ့သွားရင် ဘယ်နှယ့်လုပ်မလဲ"

"ပေါက်ကရတွေပြောမနေနဲ့ ဖယ်စမ်း"

Xiaoမားမား သူ့ သားရဲ့ လက်တွဲဖော် အား သိချင်လွန်း၍ကတစ်ကြောင်း ဟိုက်ခွမ်း၏ကောင်လေးဟာ သူ(မ)သား၏အလုပ်ရုံတွင်ရှိသောကြောင့် အကဲခတ်ချင်သောကတစ်ကြောင်း၊ သူ(မ)၏သား ရှိရာကိုလာခဲ့လိုက်သည်။

သူ(မ) ကားပါကင်ထိုးပြီး ကားထဲကထွက်မည်အလုပ် သူ(မ)၏သားသည်ကောင်လေးတစ်ယောက်ကို ပွေ့ချီကာ ထွက်သွားသည်ကိုမြင်လိုက်သော်လည်း အလုပ်တွင်ရွှမ်းလု ရောက်နေသောကြောင့်  တစ်ခုခုသိရရန် လုလုဆီကိုသာသွားလိုက်သည်။

ဟိုရောက်တော့ အချီခံရသောကောင်လေးဟာ ထမင်းဘူးလေးဖြစ်ကြောင်းနှင့် ကျန့်ကျန့်ရဲ့ လက်တွဲဖော်လေးဖြစ်ကြောင်း ဘယ်လိုဘယ်ပုံချစ်ဖို့ကောင်းကာ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊
ချီးကျူးစကားများကိုကြားလိုက်ရသော Xiao မားမားမှာ မျက်နှာဘေးတစ်စောင်းသာ မြင်လိုက်ရသော်လည်း
ဖောင်းနေတဲ့ပါးလေးတွေကိုကြည့်ကာ ကားထဲ မှာ တွေ့ကတည်းက အသည်းယားနေခဲ့ခြင်းဖြစ်သည်။

သူ(မ)၏သားလက်တွဲဖော်ဟာ မိန်းကလေးမဟုတ်သော်ငြား ယောကျာ်းလေး ဖြစ်နေလျှင်လဲ သူ(မ)လက်ခံပေးမှာဖြစ်သည်။

Xiaoမားမား သူ(မ)၏ သားမက်လေးအား အနီးကပ်ကြည့်ချင်လွန်းလှ၍ ဟိုက်ခွမ်းကောင်လေးအား မေးကာ လိုက်လာခဲ့ခြင်းဖြစ်သည်။

" သားမက်လေးက ကျန့်ကျန့်ကို ထမင်းဘူးနေတိုင်းထည့်ပေးနေတဲ့ ထမင်းဘူးလေးပေါ့ ကြည့်စမ်းပါဦး ချစ်ဖို့ကောင်းလိုက်တာ"

ရိပေါ် ကျန့်ကောနဲ့ ငြင်းနေတုန်း ရုတ်တရက်ရောက်လာသော ကျန့်ကောမားမားကိုကြည့်ကာ ကြောင်,အ နေသော်လည်း သူ့အားပြုံးရွှင်သောမျက်နှာထားဖြင့်ပြောလာသော ကျန့်ကောမားမားကိုကြောင့် ဘာရယ်မသိ ရင်ထဲအေးသွားရသည်။

" ဗျာ ဟုတ်ကဲ့ခင်မျ ဟီးဟီး"

"အိုက်ယိုး...သားမက်လေးက ချစ်ဖို့ကောင်းလွန်းလို့ ကျန့်ကျန့်နဲ့တောင် မတန်ဘူးကွယ် ပါးလေးက ဖောင်းဖောင်းနဲ့ တကယ့်ကလေးလေး"

xiao zhan သူ့မားမားရဲ့ စကားကြောင့် မ
ကျေနပ်ဟန်ဖြင့်..

" မား..ဘာကိုမတန်ရမှာလဲ မုန်လာဥပေါက်စီလုံးလေးက ဟောဒီက ကျန့်ကျန့်ဆိုတဲ့ သားအတွက်မွေးဖွှားလာတာ ဟုတ်တယ်မလား ကိုကို့ကလေးလေး"

" တိတ်စမ်း နောက်မှစကားပြော
သားမက်လေးက ဘယ်မှာ၊ဘယ်သူနဲ့နေတာလဲ မိဘရှိလား
အုပ်ထိန်းသူတွေကရော ကျန့်ကျန့်နဲ့ ချစ်သူဖြစ်တာသဘောတူရဲ့လား
ဘယ်တော့လောက်မင်္ဂလာဆောင်ကြမလဲ မားမားတို့ဘက်က ကန့်ကွက်စရာမရှိပါဘူး ဒီလောက်ချစ်ဖို့ကောင်းတဲ့သားမက်လေးကို သားအဖြစ်တောင်မွေးစားချင်နေတာ"

" အယ် အားရီခင်မျ  ကျွန်တော်နဲ့ ကျန့်ကောက..."

" သားမက်လေးရယ် Xiaoမားလို့ခေါ်ပါကွယ် နောက်လဲခေါ်ရမဲ့ဟာကို ပြီးတော့ သားလို့ပဲပြောပါ ကျွန်တော်လို့သုံးရင် သူစိမ်းဆန်တယ်ကွဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ Xiao..Xiaoမား သားပြောချင်တာက ကျန့်ကောနဲ့ သားနဲ့က..."

"  သားမက်လေးရယ် မားသိတာပေါ့ ချစ်သူဖြစ်တာမကြာသေးဘူးဆိုတာ
ဒါပေမဲ့ မားသားကျန့်ကျန့်ကို လဲကြည့်ပါဦးကွယ်
အသက် ၃၀ပြည့်တော့မယ် မားမားလဲ အသက်ကြီးပြီ ဆိုတော့ ဘ၀လက်တွဲဖော်ရှိစေချင်ပြီကွယ်....၊မားကလေ ဖြစ်နိုင်ရင် မနက်ဖြန်  သားမက်လေးနဲ့ ကျန့်ကျန့်ကို လက်ထပ်ပေးစေချင်နေတာ "

" ဗျာ "

မျက်လုံးလေးပြူးကာ အံ့သြနေသော ပေါက်စီလုံးလေးကိုကြည့်ကာ Xiao Zhanပါမက Xiaoမားပါအသည်းတယားယား...။

" မားးရယ် မနက်ဖြန်ဆိုတာကျမမြန်လွန်းဘူးလား"

" ၀င်ပါပြန်ပြီ"

xiaoမား၏အကြည့်ကြောင့် Xiao  Zhanမှာ ဇတ်ကလေးပုကာ လက်နဲ့ ပါးစပ်ကို ပိတ်လိုက်သည်။
Xiaoမားသည် ရှောင်းကျန့်အား မျက်စောင်းထိုးလိုက်ပြီ သူ(မ)၏ သားမက်လေးအား ...

" သားမက်လေးမှာ မိဘတွေရှိကြလားကွယ်"

" သားမှာ မိဘမရှိပါဘူး သားကမိဘမဲ့ဂေဟာမှာကြီးပြင်းလာသူပါ နောက်တော့ ဂေဟာက ထွက်လာပြီး  အစ်ကိုနဲ့နေပါတယ်"

" အို သားမက်လေးရယ် မားစိတ်မကောင်းလိုက်တာကွယ် ဒါနဲ့ ဂေဟာမှာနေတာဆိုတော့ကျန့်ကျန့်ရဲ့ ပေါက်စီလုံးလေးပေါ့"

"ဗျာ"

"ကြည့်စမ်းပါဦး ကျန့်ကျန့် နေ့ရော၊ ညပါ လွမ်းနေရတဲ့ကလေးလေးက မားသမက်လေးကိုးး အဲ့ဒါကြောင့် ချစ်ဖို့ကောင်းနေတာဖြစ်မယ်"


" မားနော် သားရဲ့ မုန်လာဥလေးကလဲ ချစ်ဖို့ကောင်းပါတယ် ငယ်ငယ်ကလဲချစ်ဖို့ကောင်းတယ် ကြီးလာတော့ ပိုပြီးတောင်ချစ်ဖို့ကောင်းလာသေး"

ပြောလည်းပြော ရိပေါ်လေး၏ ပါးကိုလာဆွဲလာသည်မို့ ရိပေါ်လေးမှာ ပါးလေးတစ်ဖက် နီသွားရသည်။

" အ့ "

" ကျန့်ကျန့် ကြည့်စမ်း ငါ့သားမက်လေးရဲ့ ပါးလေး အိုး ကြည့်စမ်းပါဦး နီသွားပြီ"

~~ဒေါက်~~..!

" အားး မားမား"

" မှတ်ပြီလား နောက်တစ်ခါ မင်းလက်ကြမ်းကြီးနဲ့ ဆွဲကြည့် ဒီထက်ပိုနာမယ်"

ရှောင်းကျန့် အား ကြိမ်းပြီး ရှောင်းမား ရိပေါ်ဘက်သို့လှည့်လာသည်။

"မားသမက်လေး အိုး.. ကြည့်ပါဦး တော်တော်လေးနားသွားရှာမှာ.. ဒါနဲ့
ဗိုက်စာနေရောပေါ့ စားကြမယ်လေ တော်ကြာ အေးကုန်ဦးမယ် "

"ဟုတ်ကဲ့ သိပ်မနာပါဘူး  Xiaoမား"

ရိပေါ်နှင့် Xiao Zhan လည်း  Xiaoမားပြောမှ စားရန် သတိရတော့သည်။

"သားမက်လေး က အစပ်ကြောက်တယ်ထင်တယ် အဲဒါကြောင့် အချိုမှာတာဖြစ်မယ် ကျန့်ကျန့်က အစပ်သိပ်ကြိုက်တာ သားအဖနှစ်ယောက်လုံးပဲ မားသမက်လေးက မားနဲ့ တူတယ် တော်ပါသေးရဲ့ကွယ်"

"ဟုတ်ကဲ့ဗျ"

"သားမက်လေး ဒါထည့်စားလေ"

"သားမက်လေး ဒါလေးလဲ စားကြည့်ဦး"

"သားမက်လေး........"

"သားမက်လေး........"

"သားမက်လေး........"

အချိန်ကြာလာသည်နှင့် အမျှ Xiao Zhanမျက်နှာသည် ညိုပုပ်လာလျက် မကျေနပ်နေတဲ့ မျက်နှာကြီးဖြစ်လာတော့သည်။

ဘယ်နှယ့်ဗျာ ကိုယ့် ချစ်သူကို ဂရုစိုက်ချင်လွန်းလို့  အတူတူလာစားပါတယ်ဆို  သူ့မားမားကပဲပေါက်စီလုံးလေးကို ဟိုဟာထည့်ပေး ဒီဟာထည့်ပေးနဲ့ သူ့ကိုတောင် မထည့်ပေးတဲ့အပြင်

နှစ်ယောက်လုံး၏လျစ်လျူ ရှု့ခြင်းကို ခံရသည်မို့ Xiao Zhan မှာ သူလာမိတာတောင် မှားပြီလားဟု တွေးမိလိုက်သည်။

* အဲ့လိုမှန်းသိရင်မလာပါဘူး အခုတော့ ငါ့မှာ လူပိုကြီးကိုဖြစ်လို့ *



..........

ထိုနေ့မှစ၍ရိပေါ်မှာ Xiaoတစ်မျိုးလုံးအတွင်း ဟိုးလေးတစ်ကျော်ကျော်ဖြင့် နာမည်ကြီးနေတော့သည်။

ဟိုလူကလည်း အိမ်ကိုခေါ်ခဲ့ပါဦး ဒီလူကလဲ အိမ်ကိုခေါ်ခဲ့ပါဦးဖြင့် အချစ်ခံလေးပင်။

ရှောင်းမားကတော့ သူ့သားမက်လေးအား အရင်ဆုံးတွေ့ပြီးပြီမို့ ဂုဏ်ဆာနေသော မျက်နှာထားဖြင့် ပြုံးပြုံးကြီးဖြင့် သူ့သားမက်လေး မည်မျှချစ်ဖို့ကောင်းကြောင်း ဖောက်သည်ချနေတော့သည်။



...


.....



~~~~~~~~~~~~~~~~


ဘာအနှောက်အယှက်မှမပါတဲ့ ပေါ့ပေါ့ပါးပါး fanficလေးပါ

ပြောချင်တာက နှုတ်ဆက်ရတော့မယ်နော်






။။။။။။။

Amaryllis K (ZSWW)







------------------



# Zawgyi

..

.

...........

Xiao Zhan က်ိဳးခ်န္အား အေသအခ်ာစံုစမ္းခိုင္းထားေသာ  ေဟာ့ေပါ့ဆိုင္သို႔ေသာေမာင္းလာခဲ့သည္။

အျပင္ကေနၾကၫ့္ရတာေတာ့ေသေသသပ္သပ္ရိွလွသည္။

*က်ိဳးခ်န္ မဆိုးဘူး အေရြးေတာ္သားပဲ *

" ေပါက္စီလံုးေလး လာ ကိုကို႔ကိုတြဲ အဆင္ေျပရဲ့လား မဟုတ္ရင္ကိုကို ခ်ီရဦးမလား"

ရိေပၚ Xiao Zhan စကားအားအဖက္မလုပ္ဘဲ မ်က္ေစာင္းထိုးကာ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ ဆိုင္တြင္းသို႔သာဝင္သြားေတာ့သည္။

ရိေပၚသိတာေပါ့ ..အဲ့ကိုကိုစုတ္က သူ႔ကို ကူညီေပးခ်င္သလိုလို ခ်ီလည္းခ်ီေရာ တစ္ခါတစ္ေလ  သူ႔ခႏၶာကိုယ္ကို  အေသၫွစ္တာ ..

ရိေပၚမွာ သူ႔ကိုကို  အား မ်က္ေစာင္းထိုးလြန္းလို႔ ရိေပၚ မ်က္လံုးလဲ  ေစြေတာ့မည္ျဖစ္သည္။

ရိေပၚဆိုင္ထဲဝင္လာေတာ့ သန႔္ရွင္းသပ္ရပ္လြန္း၍ စားခ်င္စရာေကာင္းလွေသာေနရာေလးပင္။

ရိေပၚ ေနရာလြတ္တစ္ခုတြင္ ၀င္ထိုင္လိုက္သည္။
ကိုကိုကေတာ့မွာစရာရိွတာ သူကိုယ္တိုင္သြား မွာေနသည္။

" ေပါက္စီလံုးေလး ခန ေန လာလိမ့္မယ္ေနာ္"

" အင္း"

" ေပါက္စီလံုးေလး ကိုကို႔ ကို စကားမေျပာခ်င္ဘူးလား"

" ဘာကိုေျပာရမွာလဲ"

" အရင္က ေပါက္စီလံုးေလးဆို ကိုကိုအနား ေရာက္မလာနဲ႔ ေရာက္လာတာနဲ႔ စကားေလးေတြ တတြတ္တြတ္ေျပာေနတက္တာ အခုမုန္လာဥေလးကက်  စကားနည္းလိုက္တာ "

" က်န႔္ေကာ ကြၽန္ေတာ္ တခါတေလ စဉ္းစားမိတယ္ ခင္မ်ား ကြၽန္ေတာ္ ကို ခ်စ္ေနတာလား ကြၽန္ေတာ္ရဲ့ ငယ္ဘ၀တုန္းကေပါက္စ ကိုလား လို႔ေလ"

" ဟားး ဟား ကေလးေပါက္ က သ၀န္တိုေနတာလား ကေလးငယ္ရယ္ ကတယ့္ ကေလးေလးပါပဲကြာ "

ရိေပၚေခါင္းေလးကိုဆြဲဖြ လိုက္ေတာ့
ရိေပၚဟာ ခ်က္ခ်င္းေခါင္းေပၚေရာက္လာတဲ့ လက္အား ေခါင္းကိုခါကာ ဖယ္လိုက္ေလသည္။

ထို႔ေနာက္ မေက်နပ္ေနေသာ ပံုစံ၊
ဆူပုပ္ပုပ္မ်က္ႏွာထားေလးျဖင့္ႏႈတ္ခမ္းေလးေထာ္ကာ

" ဘယ္သူကသ၀န္တိုလို႔လဲ ကြၽန္ေတာ္က ေသခ်ာသိခ်င္ရံုပါ"

ႏႈတ္ခမ္းေလးေထာ္ကာေျပာလာတဲ့ ကေလးေပါက္ေလးကိုၾကၫ့္ကာ Xiao Zhan မွာ အသည္းတယားယား။

ခ်စ္လိုက္တာကြာ

" အိုက္ယား ေပါက္စီလံုးေလးကိုလဲခ်စ္တယ္ အခု မုန္လာဥေလးကိုလဲခ်စ္တယ္ ဟုတ္ၿပီလား ဒါေပမဲ့...."

ဘာကို ဒါေပမဲ့လဲဆိုတဲ့ အၾကၫ့္နဲ႔ၾကၫ့္လာတာေၾကာင့္ Xiao Zhan ႏႈတ္ခမ္းတြန႔္ကာ ၿပံဳးခ်င္ေနေသာ ႏႈတ္ခမ္းပါးေအာက္သားေလးကို သြားနဲ႔ဖိကိုက္ရင္း ရယ္ခ်င္ပတ္က်ိ မ်က္ႏွာထားျဖင့္...။

" ဒါေပမဲ့ ငယ္ငယ္က ကိုကို႔စကားပိုနားေထာင္တဲ့ ေပါက္စီလံုးေလးကို ပိုခ်စ္တယ္"

ေထာ္ေနေသာႏႈတ္ခမ္းေလးမွာ ပိုမိုေထာ္လာၿပီျဖစ္သည္။

ႏွလံုးကေလးမ်ားရဲတက္လာသေယာင္ထင္ရၿပီး မ်က္ခံုးကေလးမ်ားအား တြန႔္ေနသည္မွာ အသည္းယားစဖြယ္။

" ခင္မ်ားးး ဟြန႔္ ရတာေပါ့ အဲ့ေပါက္စီလံုးကိုပဲခ်စ္ေနလိုက္ေတာ့ ကြၽန္ေတာ္အနားမလာခဲ့နဲ႔ ၿပီးေတာ့ ခင္မ်ားကိုလဲမခ်စ္ဘူး  "

" မုန္လာဥေလး ေဟာ့ေပါ့ကိုသာ ကုန္ေအာင္စားေနာ္ စကားကိုကုန္ေအာင္မေျပာနဲ႔ ေနာက္ေတာ့မွ ကိုကို႔ကိုပဲ ခ်စ္ပါတယ္လို႔ လာေျပာၾကၫ့္ အဲ့ေထာ္ေနတဲ့ႏႈတ္ခမ္းကို ဖူးေယာင္ေနတဲ့အထိနမ္းပစ္မွာ ဟြန္းဟြန္း"

လူယုတ္မာရယ္သံႀကီးနဲ႔ေျပာလိုက္တာမို႔ ရိေပၚမွာ ၾကက္သီးျဖန္းကနဲ႔။

တကယ္ႀကီး  လုပ္မွာလားဟ...!

" ခင္..ခင္မ်ား လာမေျခာက္နဲ႔ ၀မ္ရိေပၚတို႔က စကားကို ႏွစ္ခါမေျပာဘူး"

" ဒါေပါ့ ဒါေပါ့ ႏွစ္ခါမေျပာဘူး အခါခါပဲေျပာမွာပါ ကိုကို႔ကိုခ်စ္တယ္ လို႔ေလ"

"က်န႔္ေကာ.....!!! ေအး ခင္မ်ား ကြၽန္ေတာ့ ကို လာစြေနတာလား မနက္က်ထမင္းဘူးမထၫ့္ေပးေတာ့ဘူး"

"ကိုကိုကလဲ မယူပါဘူး"

မ်က္ခံုးႀကီးတြန႔္ကာ မ်က္ေမွာင္ႀကီးက်ံဳ႔လ်က္ တကယ္မယူေတာ့ဘူးေပါ့ဆိုတဲ့ အၾကၫ့္နဲ႔ သူ႔ရဲ့ မုန္လာဥေလးဟာၾကၫ့္လာတာမို႔
ေျပာင္စပ္စပ္မ်က္ႏွာေပးနဲ႔.....။။။။

" မနက္ အလုပ္ပိတ္တယ္ေလ အဲ့ေတာ့  ကိုကို က ကိုယ္တိုင္လာစားမွာေပါ့လို႔"

"  ခင္မ်ား ကို ဘယ္သူကေကြၽးမယ္ေျပာလို႔လဲ"

"ေအာ္ မုန္လာဥေလးရယ္ ကိုကိုက ကိုကို႔အနာဂတ္ေယာက်ာ္းေလးခ်က္တဲ့ထမင္းကို ခြင့္ျပဳခ်က္ရမွ စားရမွာလားလို႔"

" ဘာ...ဘာကို  ေယာက်ာ္းေလာင္းလဲ"

" မုန္လာဥေလး မုန္လာဥလာမလုပ္နဲ႔ ကိုကို ဘ၀လက္တြဲေဖာ္အျဖစ္သတ္မွတ္ထားတဲ့သူက ကိုကို႔ေယာက်ာ္းေလာင္းပဲေလ"

"မုန္လာဥပါဆို မုန္လာဥလာမလုပ္နဲ႔တဲ့ "

" ဟားဟား ေနာက္ဆံုးေတာ့ ကိုယ့္ကိုကိုယ္ မုန္လာဥအျဖစ္လက္ခံသြားၿပီေပါ့"

" ဘယ္သူကလက္ခံလို႔လဲ "

" ခုနကမွ မုန္လာဥေပါက္စီလံုးေလးကိုယ္တိုင္ေျပာလိုက္တာေလ"

"မေျပာပါဘူးဆို"

"ေျပာပါတယ္"

"မေျပာဘူးလို႔"

"ေျပာ..အ့"

ရိေပၚအား စေနေသာ Xiao Zhanခင္မ်ာ  ေဒါက္ကနဲ ေခါက္သံနဲ႔အတူ ေခါင္းတစ္လံုး လံုး ပူထူသြားေတာ့သည္။

ဒီလက္သံ သူမသိဘဲေနမလား

" မားးး....."

"ဘာလဲ ဟိုကေလးက မေျပာဘူးဆို မေျပာဘူးေပါ့ မင္းကဘာလ်ွာရွည္ၿပီးေျပာပါတယ္လို႔ေျပာေနတာလဲ"

Xiao Zhan အတြက္ ဒီေန့ ကံမေကာင္းေပ။

သူေခါက္ခံရတာ ၂ခါရိွၿပီ ေခါင္းကိုေခါက္လြန္းလို႔ ေပါက္စီလံုးေလးကိုေမ့သြားရင္ ဘယ္လိုလုပ္မလဲ.....?

" မားး သားကိုပဲလာေခါက္ေနတယ္ သား အတိတ္ေမ့ၿပီး ေပါက္စီလံုးေလးကို ေမ့သြားရင္ ဘယ္ႏွယ့္လုပ္မလဲ"

"ေပါက္ကရေတြေျပာမေနနဲ႔ ဖယ္စမ္း"

Xiaoမားမား သူ႔ သားရဲ့ လက္တြဲေဖာ္ အား သိခ်င္လြန္း၍ကတစ္ေၾကာင္း ဟိုက္ခြမ္း၏ေကာင္ေလးဟာ သူ(မ)သား၏အလုပ္ရံုတြင္ရိွေသာေၾကာင့္ အကဲခတ္ခ်င္ေသာကတစ္ေၾကာင္း၊ သူ(မ)၏သား ရိွရာကိုလာခဲ့လိုက္သည္။

သူ(မ) ကားပါကင္ထိုးၿပီး ကားထဲကထြက္မည္အလုပ္ သူ(မ)၏သားသည္ေကာင္ေလးတစ္ေယာက္ကို ေပြ့ခ်ီကာ ထြက္သြားသည္ကိုျမင္လိုက္ေသာ္လည္း အလုပ္တြင္ရႊမ္းလု ေရာက္ေနေသာေၾကာင့္  တစ္ခုခုသိရရန္ လုလုဆီကိုသာသြားလိုက္သည္။

ဟိုေရာက္ေတာ့ အခ်ီခံရေသာေကာင္ေလးဟာ ထမင္းဘူးေလးျဖစ္ေၾကာင္းႏွင့္ က်န႔္က်န႔္ရဲ့ လက္တြဲေဖာ္ေလးျဖစ္ေၾကာင္း ဘယ္လိုဘယ္ပံုခ်စ္ဖို႔ေကာင္းကာ အက်င့္စာရိတၲေကာင္းမြန္ေၾကာင္း၊
ခ်ီးက်ူးစကားမ်ားကိုၾကားလိုက္ရေသာ Xiao မားမားမွာ မ်က္ႏွာေဘးတစ္ေစာင္းသာ ျမင္လိုက္ရေသာ္လည္း
ေဖာင္းေနတဲ့ပါးေလးေတြကိုၾကၫ့္ကာ ကားထဲ မွာ ေတြ့ကတည္းက အသည္းယားေနခဲ့ျခင္းျဖစ္သည္။

သူ(မ)၏သားလက္တြဲေဖာ္ဟာ မိန္းကေလးမဟုတ္ေသာ္ျငား ေယာက်ာ္းေလး ျဖစ္ေနလ်ွင္လဲ သူ(မ)လက္ခံေပးမွာျဖစ္သည္။

Xiaoမားမား သူ(မ)၏ သားမက္ေလးအား အနီးကပ္ၾကၫ့္ခ်င္လြန္းလွ၍ ဟိုက္ခြမ္းေကာင္ေလးအား ေမးကာ လိုက္လာခဲ့ျခင္းျဖစ္သည္။

" သားမက္ေလးက က်န႔္က်န႔္ကို ထမင္းဘူးေနတိုင္းထၫ့္ေပးေနတဲ့ ထမင္းဘူးေလးေပါ့ ၾကၫ့္စမ္းပါဦး ခ်စ္ဖို႔ေကာင္းလိုက္တာ"

ရိေပၚ က်န႔္ေကာနဲ႔ ျငင္းေနတုန္း ရုတ္တရက္ေရာက္လာေသာ က်န႔္ေကာမားမားကိုၾကၫ့္ကာ ေၾကာင္,အ ေနေသာ္လည္း သူ႔အားၿပံဳးရႊင္ေသာမ်က္ႏွာထားျဖင့္ေျပာလာေသာ က်န႔္ေကာမားမားကိုေၾကာင့္ ဘာရယ္မသိ ရင္ထဲေအးသြားရသည္။

" ဗ်ာ ဟုတ္ကဲ့ခင္မ် ဟီးဟီး"

"အိုက္ယိုး...သားမက္ေလးက ခ်စ္ဖို႔ေကာင္းလြန္းလို႔ က်န႔္က်န႔္နဲ႔ေတာင္ မတန္ဘူးကြယ္ ပါးေလးက ေဖာင္းေဖာင္းနဲ႔ တကယ့္ကေလးေလး"

xiao zhan သူ႔မားမားရဲ့ စကားေၾကာင့္ မ
ေက်နပ္ဟန္ျဖင့္..

" မား..ဘာကိုမတန္ရမွာလဲ မုန္လာဥေပါက္စီလံုးေလးက ေဟာဒီက က်န႔္က်န႔္ဆိုတဲ့ သားအတြက္ေမြးဖႊားလာတာ ဟုတ္တယ္မလား ကိုကို႔ကေလးေလး"

" တိတ္စမ္း ေနာက္မွစကားေျပာ
သားမက္ေလးက ဘယ္မွာ၊ဘယ္သူနဲ႔ေနတာလဲ မိဘရိွလား
အုပ္ထိန္းသူေတြကေရာ က်န႔္က်န႔္နဲ႔ ခ်စ္သူျဖစ္တာသေဘာတူရဲ့လား
ဘယ္ေတာ့ေလာက္မဂၤလာေဆာင္ၾကမလဲ မားမားတို႔ဘက္က ကန႔္ကြက္စရာမရိွပါဘူး ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့သားမက္ေလးကို သားအျဖစ္ေတာင္ေမြးစားခ်င္ေနတာ"

" အယ္ အားရီခင္မ်  ကြၽန္ေတာ္နဲ႔ က်န႔္ေကာက..."

" သားမက္ေလးရယ္ Xiaoမားလို႔ေခၚပါကြယ္ ေနာက္လဲေခၚရမဲ့ဟာကို ၿပီးေတာ့ သားလို႔ပဲေျပာပါ ကြၽန္ေတာ္လို႔သံုးရင္ သူစိမ္းဆန္တယ္ကြဲ႔ ဟုတ္ၿပီလား"

"ဟုတ္ကဲ့ပါ Xiao..Xiaoမား သားေျပာခ်င္တာက က်န႔္ေကာနဲ႔ သားနဲ႔က..."

"  သားမက္ေလးရယ္ မားသိတာေပါ့ ခ်စ္သူျဖစ္တာမၾကာေသးဘူးဆိုတာ
ဒါေပမဲ့ မားသားက်န႔္က်န႔္ကို လဲၾကၫ့္ပါဦးကြယ္
အသက္ ၃၀ျပၫ့္ေတာ့မယ္ မားမားလဲ အသက္ႀကီးၿပီ ဆိုေတာ့ ဘ၀လက္တြဲေဖာ္ရိွေစခ်င္ၿပီကြယ္....၊မားကေလ ျဖစ္ႏိုင္ရင္ မနက္ျဖန္  သားမက္ေလးနဲ႔ က်န႔္က်န႔္ကို လက္ထပ္ေပးေစခ်င္ေနတာ "

" ဗ်ာ "

မ်က္လံုးေလးျပဴးကာ အံ့ၾသေနေသာ ေပါက္စီလံုးေလးကိုၾကၫ့္ကာ Xiao Zhanပါမက Xiaoမားပါအသည္းတယားယား...။

" မားးရယ္ မနက္ျဖန္ဆိုတာက်မျမန္လြန္းဘူးလား"

" ၀င္ပါျပန္ၿပီ"

xiaoမား၏အၾကၫ့္ေၾကာင့္ Xiao  Zhanမွာ ဇတ္ကေလးပုကာ လက္နဲ႔ ပါးစပ္ကို ပိတ္လိုက္သည္။
Xiaoမားသည္ ေရွာင္းက်န႔္အား မ်က္ေစာင္းထိုးလိုက္ၿပီ သူ(မ)၏ သားမက္ေလးအား ...

" သားမက္ေလးမွာ မိဘေတြရိွၾကလားကြယ္"

" သားမွာ မိဘမရိွပါဘူး သားကမိဘမဲ့ေဂဟာမွာႀကီးျပင္းလာသူပါ ေနာက္ေတာ့ ေဂဟာက ထြက္လာၿပီး  အစ္ကိုနဲ႔ေနပါတယ္"

" အို သားမက္ေလးရယ္ မားစိတ္မေကာင္းလိုက္တာကြယ္ ဒါနဲ႔ ေဂဟာမွာေနတာဆိုေတာ့က်န႔္က်န႔္ရဲ့ ေပါက္စီလံုးေလးေပါ့"

"ဗ်ာ"

"ၾကၫ့္စမ္းပါဦး က်န႔္က်န႔္ ေန့ေရာ၊ ညပါ လြမ္းေနရတဲ့ကေလးေလးက မားသမက္ေလးကိုးး အဲ့ဒါေၾကာင့္ ခ်စ္ဖို႔ေကာင္းေနတာျဖစ္မယ္"


" မားေနာ္ သားရဲ့ မုန္လာဥေလးကလဲ ခ်စ္ဖို႔ေကာင္းပါတယ္ ငယ္ငယ္ကလဲခ်စ္ဖို႔ေကာင္းတယ္ ႀကီးလာေတာ့ ပိုၿပီးေတာင္ခ်စ္ဖို႔ေကာင္းလာေသး"

ေျပာလည္းေျပာ ရိေပၚေလး၏ ပါးကိုလာဆြဲလာသည္မို႔ ရိေပၚေလးမွာ ပါးေလးတစ္ဖက္ နီသြားရသည္။

" အ့ "

" က်န႔္က်န႔္ ၾကၫ့္စမ္း ငါ့သားမက္ေလးရဲ့ ပါးေလး အိုး ၾကၫ့္စမ္းပါဦး နီသြားၿပီ"

~~ေဒါက္~~..!

" အားး မားမား"

" မွတ္ၿပီလား ေနာက္တစ္ခါ မင္းလက္ၾကမ္းႀကီးနဲ႔ ဆြဲၾကၫ့္ ဒီထက္ပိုနာမယ္"

ေရွာင္းက်န႔္ အား ႀကိမ္းၿပီး ေရွာင္းမား ရိေပၚဘက္သို႔လွၫ့္လာသည္။

"မားသမက္ေလး အိုး.. ၾကၫ့္ပါဦး ေတာ္ေတာ္ေလးနားသြားရွာမွာ.. ဒါနဲ႔
ဗိုက္စာေနေရာေပါ့ စားၾကမယ္ေလ ေတာ္ၾကာ ေအးကုန္ဦးမယ္ "

"ဟုတ္ကဲ့ သိပ္မနာပါဘူး  Xiaoမား"

ရိေပၚႏွင့္ Xiao Zhan လည္း  Xiaoမားေျပာမွ စားရန္ သတိရေတာ့သည္။

"သားမက္ေလး က အစပ္ေၾကာက္တယ္ထင္တယ္ အဲဒါေၾကာင့္ အခ်ိဳမွာတာျဖစ္မယ္ က်န႔္က်န႔္က အစပ္သိပ္ႀကိဳက္တာ သားအဖႏွစ္ေယာက္လံုးပဲ မားသမက္ေလးက မားနဲ႔ တူတယ္ ေတာ္ပါေသးရဲ့ကြယ္"

"ဟုတ္ကဲ့ဗ်"

"သားမက္ေလး ဒါထၫ့္စားေလ"

"သားမက္ေလး ဒါေလးလဲ စားၾကၫ့္ဦး"

"သားမက္ေလး........"

"သားမက္ေလး........"

"သားမက္ေလး........"

အခ်ိန္ၾကာလာသည္ႏွင့္ အမ်ွ Xiao Zhanမ်က္ႏွာသည္ ညိုပုပ္လာလ်က္ မေက်နပ္ေနတဲ့ မ်က္ႏွာႀကီးျဖစ္လာေတာ့သည္။

ဘယ္ႏွယ့္ဗ်ာ ကိုယ့္ ခ်စ္သူကို ဂရုစိုက္ခ်င္လြန္းလို႔  အတူတူလာစားပါတယ္ဆို  သူ႔မားမားကပဲေပါက္စီလံုးေလးကို ဟိုဟာထၫ့္ေပး ဒီဟာထၫ့္ေပးနဲ႔ သူ႔ကိုေတာင္ မထၫ့္ေပးတဲ့အျပင္

ႏွစ္ေယာက္လံုး၏လ်စ္လ်ူ ရႈ႔ျခင္းကို ခံရသည္မို႔ Xiao Zhan မွာ သူလာမိတာေတာင္ မွားၿပီလားဟု ေတြးမိလိုက္သည္။

* အဲ့လိုမွန္းသိရင္မလာပါဘူး အခုေတာ့ ငါ့မွာ လူပိုႀကီးကိုျဖစ္လို႔ *



..........

ထိုေန့မွစ၍ရိေပၚမွာ Xiaoတစ္မ်ိဳးလံုးအတြင္း ဟိုးေလးတစ္ေက်ာ္ေက်ာ္ျဖင့္ နာမည္ႀကီးေနေတာ့သည္။

ဟိုလူကလည္း အိမ္ကိုေခၚခဲ့ပါဦး ဒီလူကလဲ အိမ္ကိုေခၚခဲ့ပါဦးျဖင့္ အခ်စ္ခံေလးပင္။

ေရွာင္းမားကေတာ့ သူ႔သားမက္ေလးအား အရင္ဆံုးေတြ့ၿပီးၿပီမို႔ ဂုဏ္ဆာေနေသာ မ်က္ႏွာထားျဖင့္ ၿပံဳးၿပံဳးႀကီးျဖင့္ သူ႔သားမက္ေလး မည္မ်ွခ်စ္ဖို႔ေကာင္းေၾကာင္း ေဖာက္သည္ခ်ေနေတာ့သည္။



...


.....



~~~~~~~~~~~~~~~~


ဘာအေနွာက္အယွက္မွမပါတဲ့ ေပါ့ေပါ့ပါးပါး fanficေလးပါ

ေျပာခ်င္တာက ႏႈတ္ဆက္ရေတာ့မယ္ေနာ္






။။။။။။။

Amaryllis K (ZSWW)


Continue Reading

You'll Also Like

29.9K 6.6K 38
tk sinhala
183K 21.9K 14
"မင္းကို္ယ္မင္း ကံဆိုးလွၿပီထင္ေနလား ငါ့သမက္က ၀မ္ရိေပၚကြ" ထိုစဥ္ အဖိုးႀကီး ေရွာင္းဟန္႔ ေသြးအန္ေလသတည္း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က...
140K 17.6K 12
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
52.8K 14K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥