#Unicode
_
____
"ကျန်းရွှမ်းလု"
" မမလု"
မဲ့ပြုံးနဲ့ကြည့်နေတဲ့မမလုသည် အတော်လေး ဒေါသထွက်နေပုံပင် ။
ဒေါသမျက်လုံးနဲ့ မဲ့ပြုံးမျက်နှာနှင့်မို့
သူအရင်သိခဲ့သော အပြုံးချိုချိုလေးနဲ့ မမလု လားလားမှမဆိုင်။
အရိုက်ခံရတဲ့သူ အစ်မလော့ ကတော့ မီးဝင်းဝင်းတောက်နေတဲ့ ဒေါသ မျက်လုံးတို့ဖြင့် လက်ပြန်ရွယ်လိုက်သော်လည်း.........။
" ရပ်လိုက်စမ်း "
၀မ်ကျူလျှို ရဲ့ စကားတစ်ခွန်းကြောင့် လော့ရှားဟန်ရဲ့ မြောက်တက်သွားသော လက်ဟာဖြင့် လေပေါ်မှာ ရပ်တန့်သွားရသည်။
"အကိုကျူလျို "
" အဟက် မထင်ထားမိဘူး မင်းကို အစကတည်းကသတိပေးခဲ့တာကို အခုတော့ လက်ပူလက်ကြပ်မိပြီပေါ့ "
" မဟုတ်ဘူး အကို လော့လော့ကို သူ အရင် ရိုက်တာ ဒီမှာကြည့် "
ဟုဆိုကာ သူ့ ရဲ့ ပါးနှစ်ဖက်ကိုပြလို့ ပြောလာတော့ ၀မ်ကျူ လျှို ဟာ အရေးမစိုက်သည့်အပြင်
" အမလု အနှာက်အယှက် ပေးမိပါပြီ ကျန်တဲ့ကိစ္စကျွန်တော်ရှင်းလိုက်ပါ့မယ် အခု CEO က ရုံးခန်းကို အရင် လာခဲ့ပါတဲ့ "
ရွှမ်းလု ဘာမှမပြောဘဲ ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်မသွားသေးဘဲ လောရှားဟန်ကို ကြည့်ကာခြေတစ်လှမ်း လမ်းလိုက်ကာ ရှေ့တိုးလိုက်တော့ လော့ရှားဟန်က ကြောက်နေဟန် နောက်သို့ ဆုတ်သွားသည်။
ရွှမ်းလု ဟာ မဲ့ပြုံး ပြုံးလို့ လော့ရှားဟန်ရဲ့ သူငယ်ချင်းဆီကကော်ဖီဘူးကိုယူလိုက်ပြီး အဖုံးဖွင့်ကာ ပါးရိုက်ရုံနှင့်မကျေနပ်လို့ ကော်ဖီနှင့်ပါ ခေါင်းပေါ်လောင်းချလိုက်တော့သည်။လော့ရှားဟန်ပါ မက အခြားသောသူများပါ အံ့သြနေကြလျက် တကယ်ကိုမထင်မှတ်ထားတာမို့ အကုန်လုံးဟာ အကြောင်သားနဲ့ မလှုပ်မယှက် ရပ်နေကြလေသည်။
~~ဒုန်း~~
ရုတ်တရက် ဒုန်းကနဲ အသံမြည်ကာ တံခါးဖွင့်သံနှင့်အတူ ရိပေါ်နှင့်အတူကြောင်ရပ်နေသောသူများဟာ တံခါးဘက်ကိုကြည့်တော့ "၀မ်ကျိုးချန်"
YOU ARE READING
Fanfictionxiao zhan - seme wang yibo-uke #zsww #zhanyi Start.. 14/1/2020 End. .. Uni+zawgyi ဒီfic လေးက birthday present လေးပါ မမကေခိုင် အတွက်ပါ မမရေ ပေးလိုက်ပြီနော်