အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

54.7K 5.3K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Say you love me 3

988 131 42
By Nova_Danica

[Unicode]

အနည်းငယ် စိုစွတ်‌နေသော ဘောင်းဘီကို လိပ်တင်ကာ ကျောက်တုံးပေါ်သို့ ထိုင်ချလိုက်သည်။ မေခနှင့် မလိခ ပေါင်းဆုံသော ဧရာ၀တီမြစ်သည် လွမ်းလတ်နောင်၏ ခြေထောက်အောက်၌ စီးဆင်းလျက် ရှိ၏။

ရေပြင်က ကြည်လင်စိမ်းလဲ့နေသည်။ ကျောက်စရစ်ခဲလေးများကို တိုက်ရိုက် မြင်နေရပြီး တစ်ဖက်ကမ်းမှ တောအုပ်များကလည်း အုံ့ဆိုင်းမှိုင်းလို့ နေကြသည်။

ရာဇ၀င်များ၏ သတို့သမီး။ ဧရာ၀တီမြစ်ကို ဒီလိုကင်ပွန်းတပ်ကာ အမြတ်တနိုး ခေါ်ကြသည်။ ဒါဆိုလျှင် သတို့သမီး ဖြစ်သောသူအား မွေးဖွားပေးခဲ့သည့် မြစ်ဆုံကျ ဘယ်လိုကင်ပွန်းတပ်ရင် ကောင်းမလဲ။

"အဲ့ဒါဆို ဝေက ပြန်မလိုက်ဖြစ်တော့ဘူးပေါ့"

"ဟုတ်တယ် မမမေလွမ်း။ မေမေ့ကို ဂရုစိုက်ပေးပါဦးနော်။ မနွေကိုရောပဲ။ အိမ်ကနေ ရုတ်တရက်ကြီး ခွဲလာတော့ ၀မ်းနည်းသလိုလိုကြီးနဲ့ အဆင်မပြေပါဘူး။"

"ဒီလိုပဲ‌ပေါ့ ဝေရယ်။ ကိုယ့်အိမ်‌ထောင်နဲ့ ကိုယ် ဖြစ်သွားပြီဆိုတော့ အရင်လိုတော့ ဘယ်ဟုတ်ပါတော့မလဲ။ စိတ်ချပါ။ မမက မေမေရော၊ နွေရောကို ဂရုစိုက်ပါ့မယ်"

"ယား...ဒီတစ်ခေါက်တော့ အဝေးကြီးရောက်သားပဲ။ ဖေဖေ့ကို စိန်ခေါ်မယ်။ သားနိုင်ရင် လိုချင်တာ တစ်ခုခု၀ယ်ပေး။"

အနောက်က လိုက်လာသော မေမေနှင့် တီဝေ၊ ကိုမြတ်နှင့် ဖေဖေတို့၏ အသံများက သူနားထဲသို့ ၀င်ရောက်လာပြီးနောက် ပြည့်လျှံကာ ပြန်ထွက်သွားကြသည်။

ရေတွေကို ခြေထောက်နှင့် ကန်လိုက်ပြီးနောက် သက်ပြင်း ချလိုက်မိ၏။ မေခနှင့် မလိခ ဆုံသလိုပဲ သူနှင့် ဦး၏ အချစ်တွေလည်း ဒီလို ဆုံဆည်းကြရင် ကောင်းမည်။

မေခနဲ့ မလိခရေ မင်းတို့ ဘာဆုတွေတောင်းခဲ့ကြလို့ ဒီနေရာမှာ လာဆုံကြတာလဲ။ ဒီနေရာမှာ ငါရော ဆုတောင်းရင် မင်းတို့လို ပြည့်နိုင်သလား...။

ရင်ထဲက လာသမျှကို စိတ်ရှိလက်ရှိ အော်ထုတ်ပစ်လိုက်လျှင် မကောင်းရှိရော့တော့မည်။ ခြိမ်းခြောက်၍လည်း ယူလို့မရ၊ ခယ၍လည်း ယူလို့မရ။ အလိုမကျမှုတို့ကြောင့် ခံစားချက်တို့ ပြည့်ကျပ်ကာ လူပါ မွန်းနစ်နေရသည်။

"ကိုမြတ် ကင်မရာလေး ငှားစမ်းပါ"

မြစ်ဆုံက ကမူပေါ် တက်ကာ စီးပိုးကြည့်တော့ ပိုလှရသည်။ ဟန်နှင့် ပန်နှင့် ရိုက်လိုက်ပြီးနောက် ကင်မရာကို ကိုမြတ်ဆီ ပြန်ပေးလိုက်၏။

"ပြန်ရောက်ရင် ညီ့ကို ပုံထုတ်ပေးအလား ကိုမြတ်"

ကိုမြတ်က အကဲခတ်သလို ကြည့်လာသည်။ လွမ်းလတ်နောင်ကတော့ ခေါင်းအောက်စိုက်ဖြင့် ရေထဲ နှစ်ထားသော ခြေချောင်းများကိုသာ ကွေးလိုက်၊ ဆန့်လိုက် လုပ်နေမိသည်။

"ကိုလတ်"

"ဟင်...ဗျာ"

"ညီလေး တစ်ခုခု ဖြစ်နေလို့လား"

"ဟင့်အင်း။ ဘာမှမဖြစ်ပါဘူး။"

ထိုင်နေရာ ကျောက်တုံးပေါ်သို့ ကိုမြတ်က လာရောက် ထိုင်ချသည်။ ပုခုံးကိုလာဖက်ထားပြီး စကားလည်း ဆက်၏။

"မညာပါနဲ့ ကိုလတ်ရာ။ ကိုကြီးက ညီလေး မျက်နှာကို အမြဲ ကြည့်နေတဲ့သူပါ။"

ရေထဲမှာ သူတို့နှစ်ယောက် မျက်နှာက ပေါ်နေသည်။ ခြေထောက်တွေကို ဘယ်ညာ ယမ်းလိုက်ပြီးနောက် တိုးတိတ်စွာ ဆိုလိုက်မိ၏။

"အချစ်ဆိုတာ ဆန်းကြယ်တယ်နော် ကိုမြတ်"

"ကဲ ဆိုစမ်းပါဦး"

"ဘယ်လောက်ပဲ တခြားမှာ အနိုင်ရနေပါစေ။ ကိုယ်ချစ်တဲ့သူကို ကျတော့ လူတိုင်းက ဒူးထောက် အရှုံးပေးကြတာပဲနော်။"

"ညီက မကျေနပ်ဘူးလား"

"ဟင် !"

နားမလည်စွာ ပြန်ကြည့်လိုက်လျှင် ကိုမြတ်၏ ဂရုဏာသက်သော မျက်ဝန်းတို့အား တွေ့ရသည်။

"ကိုယ် ချစ်လွန်းလို့ ဒူးထောက်တဲ့အပေါ်မှာ ညီက မကျေနပ်ဘူးလားလို့"

"ကျေနပ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် သူ့ကို ပိုင်ဆိုင်ချင်တယ်။"

မကြင်နာစွာ စိမ်းလေသော စကားများနှင့် အေးတိအေးစက် နှလုံးသား။ မမှန်ကန်လျှင် တစ်ချက်ကလေးမှ မျက်နှာသာ မပေးသည့် တည်ကြည်သော စိတ်နေစိတ်ထား။

နီစွေးသော ပါးပြင်ကို နမ်းမွှေးချင်သလို ချိုသာသော ချစ်စကားများအားလည်း ကြားချင်မိရပါ၏။ ဦး၌ ရှိသမျှ အရာအားလုံး လွမ်းလတ်နောင်သာ ပိုင်ချင်မိရပါ၏။

"ချစ်တယ် ဆိုတာက လုပ်ယူလို့ ရတဲ့အရာ မဟုတ်ဘူး ညီရ။ မင်း သူ ပြန်ချစ်လာတဲ့အထိ စောင့်ရင် စောင့်။ ဒါမှမဟုတ်...။ ဘယ်လိုမှ မျှော်လင့်ချက် မရှိတော့ရင်တော့ လက်လျှော့လိုက်ပေါ့ကွာ။"

"လက်လျှော့ရမယ် ?"

ကိုမြတ်က စိတ်သက်သာစေဖို့ လွှတ်ချရန် ပြောမှန်း သိသော်လည်း ခေါင်းယမ်းလိုက်မိသည်။

ဦးကို ဘယ်တော့မှ လက်မလွှတ်နိုင်။

သို့သော်လည်း ဦးက သူ့ကို မချစ်။

ကိုမြတ်ကို ပြောပြချင်မိသည်။ ကျွန်တော် အခု ခံစားရတာထက် အတင်းအကြပ် လုပ်လိုက်လို့ သူ မုန်းသွားမှာကို ပိုစိုးရိမ်မိကြောင်း ပြောပြချင်မိသည်။

"ဘယ်သူက ငါ့ညီကို ဒီလောက်အထိ ခံစားရအောင် လုပ်တာလဲကွ။ ဟင်။ ပြောစမ်းပါဦး။"

"ကိုမြတ် ပုခုံးကို ကျွန်တော် ခဏ ငှားလို့ ရမလား"

အဖြေကိုပင် မစောင့်တော့ဘဲ အချိန်အတော်ကြာ ချုပ်တီးထားခဲ့သောမျက်ရည်တို့ကို အတိုးချကာ ငိုလိုက်မိသည်။

ဦး...။ ဦးအတွက်နဲ့ပဲ သူ ငိုရသလို၊ ဦးအတွက်နဲ့ပဲ သူ ပျော်ချင်သည်။ မကြင်နာလေသည့် ဦးကိုမှ ချစ်မိတာ အတော်များ မှားနေလေရော့သလား။

တွေးရင်း ငိုရင်း ထိုနေ့က မြစ်ဆုံ၏ ရေအလျဉ်မှာ လွမ်းလတ်နောင့်မျက်ရည်တို့ မျောပါသွားခဲ့၏။

ကားမှန်ပြင်မှာ မိုးရေတို့ ကပ်ငြိနေသည်။ Wiper က တလှုပ်လှုပ်နှင့် တက်လိုက်ဆင်းလိုက် သုတ်နေသည်ကို ငေးကြည့်နေမိ၏။

"ဟာ ကိုလတ် ငြိမ်နေပါလားကွ။ ဟိုဘက် မသွားတော့ဘူးလား။"

လိုက်နေကျလမ်း မလိုက်တော့ သူငယ်ချင်းတွေက တအံ့တဩ မေးကြသည်။ တက်ကြွမှုတို့ ပျောက်ဆုံးနေသော လွမ်းလတ်နောင်က အဆုံးအထိ ငူငူငိုင်ငိုင်။

"အင်း။ စာမလုပ်တာ ကြာလို့ စာလေးဘာလေးလုပ်ရင် ကောင်းမလားလို့။"

"ဒါကြောင့် မိုးတွေ ထရွာတာကိုး။ YU က ကောင်မလေးတွေတော့ ဘေးဆိုးအန္တရာယ်ကနေ ကင်းဝေးသွားကြပြီပဲ။"

"ခွေးကောင်တွေ။ ‌အေးပါ။ မင်းတို့ပြောထားကြ။"

ဘတ်စ်ကားမှတ်တိုင်က ထွက်လာပြီးနောက်မှာလည်း မိုးက ရွာလိုက်သည်မှာ တအုန်းအုန်း။ ချိုင့်ခွက်တွေကို ခြေနဲ့ ထိုးကော်ရင်း ပလက်ဖောင်းတစ်လျှောက် လျှောက်လာခဲ့လိုက်သည်။ ရာမညဆောင်ရှေ့ မရောက်ဖြစ်သည်မှာလည်း တစ်လခန့် ရှိလေပြီ။

မေ့ပျောက်၍ မရသော်လည်း သူ့အချစ်က ဆူးညောင့်ခလုတ် ဖြစ်နေသည်မို့ ထွင်စရာ မလိုအောင် ရင်နာနာနဲ့ပဲ ထွက်သွားပေးရသည်ပေါ့ ဦး။

"ဟော...ကိုဆက်။ တစ်ယောက်တည်းလား။"

"မင်းက ဘယ်နှစ်ယောက် မြင်လို့လဲ"

ကိုဆက်က ထီးကို လက်ပြောင်းကိုင်ရင်း အငေါ်တူးသည်။

"အတန်း ပြီးသွားပြီလား။ လာ အတူတူပြန်ကြမယ်လေ။"

"ငါ့ကို မနေ့က သောင်ယံဦးက လာ‌မေးသေးတယ်"

သောင်ယံဦးဆိုသည်နှင့် လွမ်းလတ်နောင့် မျက်လုံးအကြည့်က ဝင်းလက်သွားရသည်။ ဦးက သူ မလာသည့် အကြောင်းများ မေးသတဲ့လား။

"ဘာ...ဘာတဲ့လဲ"

"ကြည့်စမ်း။ ခုန အီးမှန်ထားတဲ့ ရုပ်ကနေ ချက်ချင်း ပြောင်းသွားပြီ။ ငါ ထင်နေတယ်နော်။ မင်းတို့ တစ်ခုခုပဲ။"

ကိုဆက်က ပုခုံးကို လာရိုက်သည်။ ဝေ့နေသည်ကြောင့် စိတ်မရှည် ဖြစ်လာရ၏။

"ဘာကို တစ်ခုခု ရမှာလဲ။ ပြောစမ်းပါ။ သူက ဘာပြောလဲ။"

"ဪ မနက်ဖြန် အတန်းတက်မှာလားတဲ့"

"ခွေးကောင် အကောင်းမှတ်လို့နားထောင်နေတာကို"

လွမ်းလတ်နောင့်ရုပ်က ရုတ်ချည်း ဠင်းတနှင့် နင်လား ငါလား ဖြစ်သွားရတော့သည်။ ဒါပေါ့။ ဦးက သူ့အကြောင်း ဘာမေးမှာလဲ။ သူ မလာတော့ မျက်စိနောက် သက်သာသည်ပေါ့။

"မင်းတို့က ရန်ဖြစ်ထားကြတာလား။ သောင်ယံဦးဆီက ဘာမျှော်နေတာလဲ။"

"ဘာမမျှော်ပါဘူး။ မင်းဘာမင်း ငါ့ကိုလာပြောတာ မဟုတ်ဘူးလား။ ငါ ဘာမေးလို့လဲ။"

"ဟော ဟိုမှာ သောင်ယံဦး"

ရှက်ရမ်းရမ်းကာ ပြောနေမိလျှင် ကိုဆက်က အလန့်တကြား ထလုပ်ပြန်သည်။ စိတ်ရှိတိုင်းသာဆို ဒီကောင်လည်း ထိုးခံရပြီပင်။

"လျှောက်မပြောနဲ့။ အပိုတွေ။"

"မယုံနေကွာ။ မင်းနောက်မှာ ရောက်နေပြီ။ ကျွန်တော် ရှောင်ပေးရမှာလား ok ။"

နောက်ကို ကြည့်ကာ ပုံနှင့်ပန်းနှင့် လုပ်ပြနေ၍ စိုက်ကြည့်ကာ အော်ရယ်လိုက်မိသည်။ တော်တော်လည်း အပိုတွေလုပ်တဲ့ ကောင်။

"ကိုလတ်"

ထိုစဉ် နောက်မှ ထွက်ပေါ်လာသော အသံကြောင့် လူက ခပ်တောင့်တောင့်ကြီး ဖြစ်သွားပြီး မယုံနိုင်စွာဖြင့် လှည့်ကြည့်မိသည်။ တကယ်ကြီး ဦးက သူ့နောက်မှာ ရောက်နေ၏။

"ဦး ! ဦး ဘာပြောစရာ ရှိလို့လဲ။ မ...မဟုတ်မှ ကိုယ့်ကို မချစ်ဘူးလို့ လာပြောတာလား။ နေ...နေပါစေ။ ဒီလိုသတင်းမျိုးတော့ ကိုယ် မကြားချင်ဘူး။"

"ကိုယ်...ကိုယ် ဘာမှ မကန့်ကွက်တာမို့လို့ ဦး လမ်းကိုသာ ဦး ဖြောင့်ဖြောင့်သွားပါ"

လမ်းကိုသာ ဖယ်ပေးသည်။ စကားက အထစ်ထစ်‌ အငေါ့ငေါ့ ဖြစ်နေ၏။ လွယ်အိတ်ကြိုးကို ခဏခဏ ဆုပ်ကိုင်နေသော လက်ချောင်းများအရ တုန်လှုပ်နေသည်လည်း ဖြစ်ရမည်။ မူဟန် မပြောင်းသေးသော သူအား ကြည့်ကာ သောင်ယံ့ စိတ်ထဲ ရယ်ချင်လာမိ၏။

ဒီကြောင်တောင်တောင် ကောင်လေးကတော့လေ။

"ငါပြောတာလည်း နားထောင်ပါဦး"

"........."

"သေချာ စဥ်းစားကြည့်ကြည့်တော့ ငါလည်း မင်းကို ကြိုက်သလိုလိုပဲ"

"ဟမ် ! ဘာ...ဘာပြောလိုက်တာလဲ။"

အရဲစွန့်ပြီး ပြောလိုက်သော်လည်း ကိုယ်တော်ချောက အူကြောင်ကြောင်လုပ်နေပြန်သည်။ လူက ရှက်သွားရတော့ ပြန်ပြေးချင်မိလာ၏။

"မြန်မာ့အသံက တစ်ခါပဲ လွှင့်တယ်။ နားမလည်ရင်လည်း ထားလိုက်တော့။"

ထားခဲ့ကာ လှည့်ပြန်မည် ပြင်တော့မှ

"အား...ကိုယ် အပြည့်အ၀ကို နားလည်သွားပြီ !!! ဦးက သိပ်ချစ်ဖို့ ကောင်းတာပဲ။"

ပြောပြောဆိုဆို ကိုယ်လုံးအား ဆွဲဖက်လိုက်ပြီး ပါးပေါ်သို့ အနမ်းတစ်ပွင့်ကပါ ချက်ချင်း ရောက်လာသည်။ လူကလည်း မျောက်မီးခဲ ကိုင်ထားသလို ခုန်ဆွခုန်ဆွနှင့်။

"လူရှေ့မှာ မနမ်းနဲ့"

မျက်မှောင်ကြုတ်ကာ ပြောလိုက်လျှင် လက်ကို ဆွဲကာ ခေါ်လာသည်။

"ဒီနေရာဆိုရင်ရော"

ပိတောက်ပင်ရိပ်အောက် ရောက်သောအခါ ပတ်ဝန်းကျင်နှင့် နည်းနည်း ကွယ်သွားသည်။ ဒီတော့ အကြံသမားလေးအား ပိုမိုပံ့ပိုးသလို ဖြစ်ရ၏။

ကျွမ်းကျင်စွာ လှုပ်ရှားနေသော အနမ်းများကြောင့် လူက တုန်တုန်ယင်ယင်။ အမှီ ရမလား၊ လည်ပင်းပေါ်သို့ တွယ်ချိတ်လိုက်တော့ ခါးကို တင်းကြပ်စွာဖြင့် သိမ်းဖက်ကာ ပိုမိုပြင်းထန်သော အနမ်းကမ္ဘာဆီ ခေါ်ဆောင်သွားတော့၏။

အင်း...။ လွမ်းလတ်နောင်၏ အချစ်ဇာတ်လမ်းကလေးဟာ ဒီလိုမျိုး စတင်ခဲ့ပါသည်။

TBC...

A/N - ကြိုက်သွားပါပြီ ကြိုက်သွားပါပြီ အဟိ 😊👏

[Zawgyi]

အနည္းငယ္ စိုစြတ္‌ေနေသာ ေဘာင္းဘီကို လိပ္တင္ကာ ေက်ာက္တုံးေပၚသို႔ ထိုင္ခ်လိဳက္သည္။ ေမခႏွင့္ မလိခ ေပါင္းဆုံေသာ ဧရာ၀တီျမစ္သည္ လြမ္းလတ္ေနာင္၏ ေျခေထာက္ေအာက္၌ စီးဆင္းလ်က္ ရွိ၏။

ေရျပင္က ၾကည္လင္စိမ္းလဲ့ေနသည္။ ေက်ာက္စရစ္ခဲေလးမ်ားကို တိုက္ရိုက္ ျမင္ေနရၿပီး တစ္ဖက္ကမ္းမွ ေတာအုပ္မ်ားကလည္း အုံ႕ဆိုင္းမွိုင္းလို႔ ေနၾကသည္။

ရာဇ၀င္မ်ား၏ သတို႔သမီး။ ဧရာ၀တီျမစ္ကို ဒီလိုကင္ပြန္းတပ္ကာ အျမတ္တနိုး ေခၚၾကသည္။ ဒါဆိုလွ်င္ သတို႔သမီး ျဖစ္ေသာသူအား ေမြးဖြားေပးခဲ့သည့္ ျမစ္ဆုံက် ဘယ္လိုကင္ပြန္းတပ္ရင္ ေကာင္းမလဲ။

"အဲ့ဒါဆို ေဝက ျပန္မလိုက္ျဖစ္ေတာ့ဘူးေပါ့"

"ဟုတ္တယ္ မမေမလြမ္း။ ေမေမ့ကို ဂ႐ုစိုက္ေပးပါဦးေနာ္။ မေႏြကိုေရာပဲ။ အိမ္ကေန ႐ုတ္တရက္ႀကီး ခြဲလာေတာ့ ၀မ္းနည္းသလိုလိုႀကီးနဲ႕ အဆင္မေျပပါဘူး။"

"ဒီလိုပဲ‌ေပါ့ ေဝရယ္။ ကိုယ့္အိမ္‌ေထာင္နဲ႕ ကိုယ္ ျဖစ္သြားၿပီဆိုေတာ့ အရင္လိုေတာ့ ဘယ္ဟုတ္ပါေတာ့မလဲ။ စိတ္ခ်ပါ။ မမက ေမေမေရာ၊ ေႏြေရာကို ဂ႐ုစိုက္ပါ့မယ္"

"ယား...ဒီတစ္ေခါက္ေတာ့ အေဝးႀကီးေရာက္သားပဲ။ ေဖေဖ့ကို စိန္ေခၚမယ္။ သားနိုင္ရင္ လိုခ်င္တာ တစ္ခုခု၀ယ္ေပး။"

အေနာက္က လိုက္လာေသာ ေမေမႏွင့္ တီေဝ၊ ကိုျမတ္ႏွင့္ ေဖေဖတို႔၏ အသံမ်ားက သူနားထဲသို႔ ၀င္ေရာက္လာၿပီးေနာက္ ျပည့္လွ်ံကာ ျပန္ထြက္သြားၾကသည္။

ေရေတြကို ေျခေထာက္ႏွင့္ ကန္လိုက္ၿပီးေနာက္ သက္ျပင္း ခ်လိဳက္မိ၏။ ေမခႏွင့္ မလိခ ဆုံသလိုပဲ သူႏွင့္ ဦး၏ အခ်စ္ေတြလည္း ဒီလို ဆုံဆည္းၾကရင္ ေကာင္းမည္။

ေမခနဲ႕ မလိခေရ မင္းတို႔ ဘာဆုေတြေတာင္းခဲ့ၾကလို႔ ဒီေနရာမွာ လာဆုံၾကတာလဲ။ ဒီေနရာမွာ ငါေရာ ဆုေတာင္းရင္ မင္းတို႔လို ျပည့္နိုင္သလား...။

ရင္ထဲက လာသမွ်ကို စိတ္ရွိလက္ရွိ ေအာ္ထုတ္ပစ္လိုက္လွ်င္ မေကာင္းရွိေရာ့ေတာ့မည္။ ၿခိမ္းေျခာက္၍လည္း ယူလို႔မရ၊ ခယ၍လည္း ယူလို႔မရ။ အလိုမက်မႈတို႔ေၾကာင့္ ခံစားခ်က္တို႔ ျပည့္က်ပ္ကာ လူပါ မြန္းနစ္ေနရသည္။

"ကိုျမတ္ ကင္မရာေလး ငွားစမ္းပါ"

ျမစ္ဆုံက ကမူေပၚ တက္ကာ စီးပိုးၾကည့္ေတာ့ ပိုလွရသည္။ ဟန္ႏွင့္ ပန္ႏွင့္ ရိုက္လိုက္ၿပီးေနာက္ ကင္မရာကို ကိုျမတ္ဆီ ျပန္ေပးလိုက္၏။

"ျပန္ေရာက္ရင္ ညီ့ကို ပုံထုတ္ေပးအလား ကိုျမတ္"

ကိုျမတ္က အကဲခတ္သလို ၾကည့္လာသည္။ လြမ္းလတ္ေနာင္ကေတာ့ ေခါင္းေအာက္စိုက္ျဖင့္ ေရထဲ ႏွစ္ထားေသာ ေျခေခ်ာင္းမ်ားကိုသာ ေကြးလိုက္၊ ဆန႔္လိုက္ လုပ္ေနမိသည္။

"ကိုလတ္"

"ဟင္...ဗ်ာ"

"ညီေလး တစ္ခုခု ျဖစ္ေနလို႔လား"

"ဟင့္အင္း။ ဘာမွမျဖစ္ပါဘူး။"

ထိုင္ေနရာ ေက်ာက္တုံးေပၚသို႔ ကိုျမတ္က လာေရာက္ ထိုင္ခ်သည္။ ပုခုံးကိုလာဖက္ထားၿပီး စကားလည္း ဆက္၏။

"မညာပါနဲ႕ ကိုလတ္ရာ။ ကိုႀကီးက ညီေလး မ်က္ႏွာကို အၿမဲ ၾကည့္ေနတဲ့သူပါ။"

ေရထဲမွာ သူတို႔ႏွစ္ေယာက္ မ်က္ႏွာက ေပၚေနသည္။ ေျခေထာက္ေတြကို ဘယ္ညာ ယမ္းလိုက္ၿပီးေနာက္ တိုးတိတ္စြာ ဆိုလိုက္မိ၏။

"အခ်စ္ဆိုတာ ဆန္းၾကယ္တယ္ေနာ္ ကိုျမတ္"

"ကဲ ဆိုစမ္းပါဦး"

"ဘယ္ေလာက္ပဲ တျခားမွာ အနိုင္ရေနပါေစ။ ကိုယ္ခ်စ္တဲ့သူကို က်ေတာ့ လူတိုင္းက ဒူးေထာက္ အရႈံးေပးၾကတာပဲေနာ္။"

"ညီက မေက်နပ္ဘူးလား"

"ဟင္ !"

နားမလည္စြာ ျပန္ၾကည့္လိုက္လွ်င္ ကိုျမတ္၏ ဂ႐ုဏာသက္ေသာ မ်က္ဝန္းတို႔အား ေတြ႕ရသည္။

"ကိုယ္ ခ်စ္လြန္းလို႔ ဒူးေထာက္တဲ့အေပၚမွာ ညီက မေက်နပ္ဘူးလားလို႔"

"ေက်နပ္ပါတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္ သူ႕ကို ပိုင္ဆိုင္ခ်င္တယ္။"

မၾကင္နာစြာ စိမ္းေလေသာ စကားမ်ားႏွင့္ ေအးတိေအးစက္ ႏွလုံးသား။ မမွန္ကန္လွ်င္ တစ္ခ်က္ကေလးမွ မ်က္ႏွာသာ မေပးသည့္ တည္ၾကည္ေသာ စိတ္ေနစိတ္ထား။

နီေစြးေသာ ပါးျပင္ကို နမ္းေမႊးခ်င္သလို ခ်ိဳသာေသာ ခ်စ္စကားမ်ားအားလည္း ၾကားခ်င္မိရပါ၏။ ဦး၌ ရွိသမွ် အရာအားလုံး လြမ္းလတ္ေနာင္သာ ပိုင္ခ်င္မိရပါ၏။

"ခ်စ္တယ္ ဆိုတာက လုပ္ယူလို႔ ရတဲ့အရာ မဟုတ္ဘူး ညီရ။ မင္း သူ ျပန္ခ်စ္လာတဲ့အထိ ေစာင့္ရင္ ေစာင့္။ ဒါမွမဟုတ္...။ ဘယ္လိုမွ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ရင္ေတာ့ လက္ေလွ်ာ့လိုက္ေပါ့ကြာ။"

"လက္ေလွ်ာ့ရမယ္ ?"

ကိုျမတ္က စိတ္သက္သာေစဖို႔ လႊတ္ခ်ရန္ ေျပာမွန္း သိေသာ္လည္း ေခါင္းယမ္းလိုက္မိသည္။

ဦးကို ဘယ္ေတာ့မွ လက္မလႊတ္နိုင္။

သို႔ေသာ္လည္း ဦးက သူ႕ကို မခ်စ္။

ကိုျမတ္ကို ေျပာျပခ်င္မိသည္။ ကြၽန္ေတာ္ အခု ခံစားရတာထက္ အတင္းအၾကပ္ လုပ္လိုက္လို႔ သူ မုန္းသြားမွာကို ပိုစိုးရိမ္မိေၾကာင္း ေျပာျပခ်င္မိသည္။

"ဘယ္သူက ငါ့ညီကို ဒီေလာက္အထိ ခံစားရေအာင္ လုပ္တာလဲကြ။ ဟင္။ ေျပာစမ္းပါဦး။"

"ကိုျမတ္ ပုခုံးကို ကြၽန္ေတာ္ ခဏ ငွားလို႔ ရမလား"

အေျဖကိုပင္ မေစာင့္ေတာ့ဘဲ အခ်ိန္အေတာ္ၾကာ ခ်ဳပ္တီးထားခဲ့ေသာမ်က္ရည္တို႔ကို အတိုးခ်ကာ ငိုလိုက္မိသည္။

ဦး...။ ဦးအတြက္နဲ႕ပဲ သူ ငိုရသလို၊ ဦးအတြက္နဲ႕ပဲ သူ ေပ်ာ္ခ်င္သည္။ မၾကင္နာေလသည့္ ဦးကိုမွ ခ်စ္မိတာ အေတာ္မ်ား မွားေနေလေရာ့သလား။

ေတြးရင္း ငိုရင္း ထိုေန႕က ျမစ္ဆုံ၏ ေရအလ်ဥ္မွာ လြမ္းလတ္ေနာင့္မ်က္ရည္တို႔ ေမ်ာပါသြားခဲ့၏။

ကားမွန္ျပင္မွာ မိုးေရတို႔ ကပ္ၿငိေနသည္။ Wiper က တလႈပ္လႈပ္ႏွင့္ တက္လိုက္ဆင္းလိုက္ သုတ္ေနသည္ကို ေငးၾကည့္ေနမိ၏။

"ဟာ ကိုလတ္ ၿငိမ္ေနပါလားကြ။ ဟိုဘက္ မသြားေတာ့ဘူးလား။"

လိုက္ေနက်လမ္း မလိုက္ေတာ့ သူငယ္ခ်င္းေတြက တအံ့တဩ ေမးၾကသည္။ တက္ႂကြမႈတို႔ ေပ်ာက္ဆုံးေနေသာ လြမ္းလတ္ေနာင္က အဆုံးအထိ ငူငူငိုင္ငိုင္။

"အင္း။ စာမလုပ္တာ ၾကာလို႔ စာေလးဘာေလးလုပ္ရင္ ေကာင္းမလားလို႔။"

"ဒါေၾကာင့္ မိုးေတြ ထ႐ြာတာကိုး။ YU က ေကာင္မေလးေတြေတာ့ ေဘးဆိုးအႏၲရာယ္ကေန ကင္းေဝးသြားၾကၿပီပဲ။"

"ေခြးေကာင္ေတြ။ ‌ေအးပါ။ မင္းတို႔ေျပာထားၾက။"

ဘတ္စ္ကားမွတ္တိုင္က ထြက္လာၿပီးေနာက္မွာလည္း မိုးက ႐ြာလိုက္သည္မွာ တအုန္းအုန္း။ ခ်ိဳင့္ခြက္ေတြကို ေျခနဲ႕ ထိုးေကာ္ရင္း ပလက္ေဖာင္းတစ္ေလွ်ာက္ ေလွ်ာက္လာခဲ့လိုက္သည္။ ရာမညေဆာင္ေရွ႕ မေရာက္ျဖစ္သည္မွာလည္း တစ္လခန႔္ ရွိေလၿပီ။

ေမ့ေပ်ာက္၍ မရေသာ္လည္း သူ႕အခ်စ္က ဆူးေညာင့္ခလုတ္ ျဖစ္ေနသည္မို႔ ထြင္စရာ မလိုေအာင္ ရင္နာနာနဲ႕ပဲ ထြက္သြားေပးရသည္ေပါ့ ဦး။

"ေဟာ...ကိုဆက္။ တစ္ေယာက္တည္းလား။"

"မင္းက ဘယ္ႏွစ္ေယာက္ ျမင္လို႔လဲ"

ကိုဆက္က ထီးကို လက္ေျပာင္းကိုင္ရင္း အေငၚတူးသည္။

"အတန္း ၿပီးသြားၿပီလား။ လာ အတူတူျပန္ၾကမယ္ေလ။"

"ငါ့ကို မေန႕က ေသာင္ယံဦးက လာ‌ေမးေသးတယ္"

ေသာင္ယံဦးဆိုသည္ႏွင့္ လြမ္းလတ္ေနာင့္ မ်က္လုံးအၾကည့္က ဝင္းလက္သြားရသည္။ ဦးက သူ မလာသည့္ အေၾကာင္းမ်ား ေမးသတဲ့လား။

"ဘာ...ဘာတဲ့လဲ"

"ၾကည့္စမ္း။ ခုန အီးမွန္ထားတဲ့ ႐ုပ္ကေန ခ်က္ခ်င္း ေျပာင္းသြားၿပီ။ ငါ ထင္ေနတယ္ေနာ္။ မင္းတို႔ တစ္ခုခုပဲ။"

ကိုဆက္က ပုခုံးကို လာရိုက္သည္။ ေဝ့ေနသည္ေၾကာင့္ စိတ္မရွည္ ျဖစ္လာရ၏။

"ဘာကို တစ္ခုခု ရမွာလဲ။ ေျပာစမ္းပါ။ သူက ဘာေျပာလဲ။"

"ဪ မနက္ျဖန္ အတန္းတက္မွာလားတဲ့"

"ေခြးေကာင္ အေကာင္းမွတ္လို႔နားေထာင္ေနတာကို"

လြမ္းလတ္ေနာင့္႐ုပ္က ႐ုတ္ခ်ည္း ဠင္းတႏွင့္ နင္လား ငါလား ျဖစ္သြားရေတာ့သည္။ ဒါေပါ့။ ဦးက သူ႕အေၾကာင္း ဘာေမးမွာလဲ။ သူ မလာေတာ့ မ်က္စိေနာက္ သက္သာသည္ေပါ့။

"မင္းတို႔က ရန္ျဖစ္ထားၾကတာလား။ ေသာင္ယံဦးဆီက ဘာေမွ်ာ္ေနတာလဲ။"

"ဘာမေမွ်ာ္ပါဘူး။ မင္းဘာမင္း ငါ့ကိုလာေျပာတာ မဟုတ္ဘူးလား။ ငါ ဘာေမးလို႔လဲ။"

"ေဟာ ဟိုမွာ ေသာင္ယံဦး"

ရွက္ရမ္းရမ္းကာ ေျပာေနမိလွ်င္ ကိုဆက္က အလန႔္တၾကား ထလုပ္ျပန္သည္။ စိတ္ရွိတိုင္းသာဆို ဒီေကာင္လည္း ထိုးခံရၿပီပင္။

"ေလွ်ာက္မေျပာနဲ႕။ အပိုေတြ။"

"မယုံေနကြာ။ မင္းေနာက္မွာ ေရာက္ေနၿပီ။ ကြၽန္ေတာ္ ေရွာင္ေပးရမွာလား ok ။"

ေနာက္ကို ၾကည့္ကာ ပုံႏွင့္ပန္းႏွင့္ လုပ္ျပေန၍ စိုက္ၾကည့္ကာ ေအာ္ရယ္လိုက္မိသည္။ ေတာ္ေတာ္လည္း အပိုေတြလုပ္တဲ့ ေကာင္။

"ကိုလတ္"

ထိုစဥ္ ေနာက္မွ ထြက္ေပၚလာေသာ အသံေၾကာင့္ လူက ခပ္ေတာင့္ေတာင့္ႀကီး ျဖစ္သြားၿပီး မယုံနိုင္စြာျဖင့္ လွည့္ၾကည့္မိသည္။ တကယ္ႀကီး ဦးက သူ႕ေနာက္မွာ ေရာက္ေန၏။

"ဦး ! ဦး ဘာေျပာစရာ ရွိလို႔လဲ။ မ...မဟုတ္မွ ကိုယ့္ကို မခ်စ္ဘူးလို႔ လာေျပာတာလား။ ေန...ေနပါေစ။ ဒီလိုသတင္းမ်ိဳးေတာ့ ကိုယ္ မၾကားခ်င္ဘူး။"

"ကိုယ္...ကိုယ္ ဘာမွ မကန႔္ကြက္တာမို႔လို႔ ဦး လမ္းကိုသာ ဦး ေျဖာင့္ေျဖာင့္သြားပါ"

လမ္းကိုသာ ဖယ္ေပးသည္။ စကားက အထစ္ထစ္‌ အေငါ့ေငါ့ ျဖစ္ေန၏။ လြယ္အိတ္ႀကိဳးကို ခဏခဏ ဆုပ္ကိုင္ေနေသာ လက္ေခ်ာင္းမ်ားအရ တုန္လႈပ္ေနသည္လည္း ျဖစ္ရမည္။ မူဟန္ မေျပာင္းေသးေသာ သူအား ၾကည့္ကာ ေသာင္ယံ့ စိတ္ထဲ ရယ္ခ်င္လာမိ၏။

ဒီေၾကာင္ေတာင္ေတာင္ ေကာင္ေလးကေတာ့ေလ။

"ငါေျပာတာလည္း နားေထာင္ပါဦး"

"........."

"ေသခ်ာ စဥ္းစားၾကည့္ၾကည့္ေတာ့ ငါလည္း မင္းကို ႀကိဳက္သလိုလိုပဲ"

"ဟမ္ ! ဘာ...ဘာေျပာလိုက္တာလဲ။"

အရဲစြန႔္ၿပီး ေျပာလိုက္ေသာ္လည္း ကိုယ္ေတာ္ေခ်ာက အူေၾကာင္ေၾကာင္လုပ္ေနျပန္သည္။ လူက ရွက္သြားရေတာ့ ျပန္ေျပးခ်င္မိလာ၏။

"ျမန္မာ့အသံက တစ္ခါပဲ လႊင့္တယ္။ နားမလည္ရင္လည္း ထားလိုက္ေတာ့။"

ထားခဲ့ကာ လွည့္ျပန္မည္ ျပင္ေတာ့မွ

"အား...ကိုယ္ အျပည့္အ၀ကို နားလည္သြားၿပီ !!! ဦးက သိပ္ခ်စ္ဖို႔ ေကာင္းတာပဲ။"

ေျပာေျပာဆိုဆို ကိုယ္လုံးအား ဆြဲဖက္လိုက္ၿပီး ပါးေပၚသို႔ အနမ္းတစ္ပြင့္ကပါ ခ်က္ခ်င္း ေရာက္လာသည္။ လူကလည္း ေမ်ာက္မီးခဲ ကိုင္ထားသလို ခုန္ဆြခုန္ဆြႏွင့္။

"လူေရွ႕မွာ မနမ္းနဲ႕"

မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္လွ်င္ လက္ကို ဆြဲကာ ေခၚလာသည္။

"ဒီေနရာဆိုရင္ေရာ"

ပိေတာက္ပင္ရိပ္ေအာက္ ေရာက္ေသာအခါ ပတ္ဝန္းက်င္ႏွင့္ နည္းနည္း ကြယ္သြားသည္။ ဒီေတာ့ အႀကံသမားေလးအား ပိုမိုပံ့ပိုးသလို ျဖစ္ရ၏။

ကြၽမ္းက်င္စြာ လႈပ္ရွားေနေသာ အနမ္းမ်ားေၾကာင့္ လူက တုန္တုန္ယင္ယင္။ အမွီ ရမလား၊ လည္ပင္းေပၚသို႔ တြယ္ခ်ိတ္လိုက္ေတာ့ ခါးကို တင္းၾကပ္စြာျဖင့္ သိမ္းဖက္ကာ ပိုမိုျပင္းထန္ေသာ အနမ္းကမာၻဆီ ေခၚေဆာင္သြားေတာ့၏။

အင္း...။ လြမ္းလတ္ေနာင္၏ အခ်စ္ဇာတ္လမ္းကေလးဟာ ဒီလိုမ်ိဳး စတင္ခဲ့ပါသည္။

TBC...

A/N - ႀကိဳက္သြားပါၿပီ ႀကိဳက္သြားပါၿပီ အဟိ 😊👏

Continue Reading

You'll Also Like

488K 19.6K 18
uni ဦးနဲ့သာဆိုနောင်နောင်ကအပျော်ရဆုံးပါဦးရယ် နောင်လင်းသန့်# ကလေးမင်းလေးကိုကိုယ်လက်ထပ်ရတဲ့ကြောင်းအရင်းကမင်းအဖေကိုလက်စားခြေချင်လို့..မင်းကိုအသုံးချပြီ...
408K 22.6K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
581K 20.3K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...