မနေ့က ကျောင်းစဖွင့်သည်။ဒီနေ့ နောင်ရိုးတို့ အသင်းအလှည့်ဖြစ်သည်။အသင်းခေါင်းဆောင်မို့ အနည်းငယ်တော့ အလုပ်ရှုပ်လှသည်။မနက်အိပ်ယာထကတည်းက လူက ကျောင်းသို့ ခြေသုတ်တင်ပြေးချင်လှပြီ။ဟိုသကောင့်သား ထိန်လင်းက ခုချိန်ထိ ရောက်မလာသေး။
ကျောင်းရောက်လျှင် အခန်းသန့်ရှင်းရေးလုပ်၊ အမှိုက်ပစ်နဲ့ အလုပ်ရှုပ်ချေဦးမည်။ နောက်ပြီး ဘုရားပန်းလဲရဦးမည်။
ဟုတ်သား။ မေ့တော့မလို့။
စာသင်ခန်းထဲမှ ဘုရားစင်အတွက် ပန်းဝယ်ရဦးမည်။ သူ့လက်ထဲမှ ပိုက်ဆံတစ်ပြားမှ မရှိ။အမေ့ဆီက မတောင်းချင်သော်လည်း တောင်းရဦးမည်။
"အမေ သားကို ပိုက်ဆံ၅ကျပ်လောက် ပေးပါလားဟင်"
နောင်ရိုး မရဲတရဲနှင့် အမေ့ကိုစကားစလိုက်ရသည်။အဆင်မပြေမှန်း သိပေမယ့် မလွဲမရှောင်တာမို့ တောင်းလိုက်ရခြင်းဖြစ်သည်။
သူ ကျောင်းမြန်မြန်ပြီးချင်လှပါပြီ။ဒါမှသာအမေ့ကို ကူညီနိုင်မှာမဟုတ်လား။
"သား ကျောင်းမှာမုန့်စားချင်လို့လား"
"မဟုတ်ပါဘူးအမေရယ် သားမုန့်မစားချင်ပါဘူး ဒီနေ့ကျောင်းမှာ သားတို့အသင်းလေဘုရားပန်းဝယ်လှူရမှာမို့..."
"ဪ အေးေအး အမေ့ဆီမှာရှိတယ် ယူသွားေချ ၅ကျပ်ဆို လောက်ရဲ့လား.."
"ဟုတ်ကဲ့ လောက်ပါတယ် အမေ"
ဖြစ်နိုင်လျှင် နောင်ရိုး အမေ့ဆီက ပိုက်ဆံမတောင်းချင်ပါ။တစ်နေ့လုပ်မှ တစ်နေ့စားရသည်မို့ ငွေငါးကျပ်သည်လည်း သူတို့သားအမိအတွက် ဟင်းတစ်ခွက်စာတော့ရသည်။
"အမေ"
"ဟင်"
"ဟို..."
"ဘာမှမဖြစ်ပါဘူး သားရယ် အမေ့မှာရှိပါေသးတယ် ယူသွားနော်"
"ဟုတ်"
"ရော့"
ချွေးခံအင်္ကျီညစ်ထေးထေးထဲမှ ငွေငါးကျပ်တန် တစ်ရွက်ကိုထုတ်ပေးလေသည်။နောင်ရိုး တုန်နေသည့် လက်အစုံကို ထိန်းကာ အမေ့ဆီမှ ငွေအား လှမ်းယူလိုက်လေသည်။
"ဒါဆို သားကျောင်းသွားတော့မယ်နော် အမေ"
"အေးအေး ဂရုစိုက်သွားနော် သား.."
အမေ့ကို ခေါင်းညိတ်အဖြေပေးရင်း အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။ ပြီးနောက် ပန်းရောင်းသည့် ဦးသာလှ၏ခြံသို့သွား၍ ဂန္ဓာပန်းလေးများကို ဝယ်ယူသည်။ ပန်းဝယ်ပြီးနောက် ကျောင်းသွားရန်အတွက် ရွာထိပ်ကနေ ထိန်လင်းအောင်ဆိုသည့် သကောင့်သားကို စောင့်နေလိုက်သည်။
တစ်အောင့်ကြာသည်နှင့် သကောင့်သားထိန်လင်းသည် စက်ဘီးလေးကို အသာအယာနင်းကာ အနားသို့ရောက်လာသည်။
"ငါက မင်းအိမ်ကို သွားခေါ်နေတာ.."ဟူ၍ စက်ဘီးကလေးအား ရပ်ကာရောက်ရောက်ချင်းပင် မမောမပန်းနိုင်စွာဖြင့် စကားစလာသည်။
ဒီကောင်ထိန်လင်းက ကိုးတန်းရောက်တော့ အနည်းငယ်ထွားလာသည်။ အရပ်ရှည်လာပြီး လက်မောင်းကြွက်သားများလည်း အနည်းငယ်ထွက်လာသည်။ စကားသံခပ်ဩဩဖြစ်လာသည်။လူကောင်ထွားတာမို့ အတန်းထဲမှာ သူ့ကို မော်နီတာခန့်ထားခြင်းဖြစ်မည်ထင်သည်။တစ်ခါတခါ ဒီကောင့်ကို သိပ်မနာလိုချင်။ အရပ်ကြီး ကလန့်ကလားနဲ့။
"ဘာကြည့်နေတာလဲ တက်လေသွားမယ်"
"ဟင်...."
"ပေး မင်းပန်းစည်ကြီး စက်ဘီးခြင်းထဲထည့်ခဲ့မယ်..."
နောင်ရိုးလက်ထဲမှ ပန်းစည်းကို ထိန်လင်းလက်ထဲသို့ ထိုးပေးလိုက်သည်။နောင်ရိုးစက်ဘီးပေါ်သို့ ရောက်သည့် ထိန်လင်းသည် စက်ဘီးကလေးကို အသာအယာနင်းကာ ကျောင်းသို့လာခဲ့လိုက်သည်။
"နောင်ရိုး"
"ဟင်..ဘာလဲ"
"မင်း...အတန်းထဲကြ ဘယ်သူ့ကိုမှ
မရယ်မပြုံးပြပဲ နေပါလား"
ညက တစ်ညလုံး ပြောသင့် မပြောသင့်စဉ်းစားကာ တွေဝေနေခဲ့သော စကားကို ထိန်လင်း ပြောလိုက်သည်။
ဟုတ်တယ်လေ။နောင်ရိုးဆိုတဲ့ကောင် ဘယ်သူ့ကိုမှ မရယ်မပြုံးပြစေချင်ဘူး။ ပါးချိုင့်လေးတွေ နစ်ဝင်သွားအောင် ပြုံးလိုက်သည့်အခါတိုင်း ဒီကောင်ကို အတန်းထဲက ကောင်မလေးတွေက ကြိတ်ကြွေနေကြတာ သူ အမြင်ပင်ဖြစ်သည်။
"ဘာလို့လဲ"
"ဘာရယ်တော့ မဟုတ်ဘူးလေကွာ
ဒီအတိုင်းပဲပြောတာ"
နောင်ရိုးသစ် ဘာမှပြန်မဖြေပေ။ နောင်ရိုးဆီက ထွက်ကျလာမည့်စကားသံအား ကြားချင်ပေမယ့် မကြားရတော့ပေ။
အချိန်အတော်ကြာအောင် စက်ဘီးလေးကို ဒူးညောင်းခံအောင် နင်းပြီးနောက် ကျောင်းသို့ရောက်လေသည်။ ကျောင်းသို့ရောက်သည်နှင့် စက်ဘီးလေးအား စက်ဘီးရပ်သည့်နေရာတွင် တန်းစီသွားထားရသည်။
"အမေ့"
နောင်ရိုးသစ် စက်ဘီးခြင်းထဲမှ ပန်းစည်းလေးအား လှမ်းအယူတွင် ရှေ့တွင်ရှိနေသော အုတ်ကျိုးခဲလေးအား မမြင်ပဲ ခလုတ်ဝင်တိုက်မိတာေကြာင့် ဟန်ချက်ပျက်ကာ ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားရလေသည်။အမိအရ လှမ်းဆွဲကာဖက်ထားသည့် ထိန်လင်းလက်အစုံကြောင့် နောင်ရိုး ခန္ဓာကိုယ်လေးက ထိန်လင်းလက်ထဲမှ အသင့်သား။ထိန်လင်း မိန်းမောကာ မလွတ်မိပဲဖက်ထာရင်း နောင်ရိုး၏ ဝင်းမွတ်နေသော မျက်နှာပြင်လေးအား ငေးကြည့်မိသည်။ ရှည်လျားသော မျက်တောင်၊ မျှော့တစ်ေကာင်ကပ်ထားသည်ဟုပင်ထင်ရလောက်သော မျက်ခုံးနက်နက်များ၊သွေးခြည်သမ်းနေသော နှုတ်ခမ်းရဲရဲလေး....။
မင်း သိပ်လှတယ် နောင်ရိုး။
မင်းသာ မိန်းကလေးဖြစ်ရင် သိပ်ကောင်းမှာပဲ။ထိန်လင်းအောင် အတွေးများဖြင့်အချိန်အတော်ကြာအောင် ငေးကြည့်နေမိသည်။
"ဟေ့ကောင် ထိန်လင်း လွှတ်လေကွာ"
"ဟင်..အင်းအင်း"
သတိပေးသံကြားမှ ထိန်လင်း အသိပြန်ဝင်လာပြီး ယောင်ယမ်းကာ လွှတ်ပေးလိုက်ရေလသည်။
"ငါ မင်းလဲ ကျမှာစိုးလို့ပါကွာ"
"အေးပါ ငါသိပါတယ် ဒါပေမယ့် တခြားသူမြင်ရင် အဓိပ္ပါယ် တစ်မျိုးထင်ကုန်လိမ့်မယ်ကွ"
"ဘယ်လို အဓိပ္ပါယ်လဲ...နောင်ရိုး"
ထိန်လင်းေအာင် သိသိရက်နှင့်ပင် မေးလိုက်တာမို့ နောင်ရိုးသစ်၏ မျက်စောင်းလှလှလေးက ဒိုင်းခနဲ ရောက်လာသည်။ပြီးနောက် "ခွေးကောင်"ဟု ခပ်တိုးတိုးဆဲကာ ပန်းစည်းလေးယူပြီး အနားကနေ ထွက်သွားရန်ပြင်ေလသည်။
မြတ်စွာဘုရား...။
ကျွန်တော့်ရင်တွေ ပုစွန်ဆိတ်ငယ်လေးတစ်ကောင်လို တဆတ်ဆတ် ခုန်နေပါလား။တဆတ်ဆတ်ခုန်နေသောရင်ကို လက်ကလေးဖြင့် အသာအယာဖိထားရသည်။
"ဟဲ့ ဟဲ့ ဒါက ဘာဖြစ်လာရတာလဲ"
အနားသို့ တရောတပါးပြေးလာရင်းမှ ဆုလဲ့နှင်း၏ စူးစူးဝါးဝါးအသံကြောင့် နောင်ရိုးသစ်ခြေလှမ်းတွေသည် အလိုလို ရပ်တန့်သွားသည်။
"ဘာမှမဖြစ်ပါဘူးဟ"
"မဖြစ်ရင်လည်း ပြီးတာပါပဲ။ငါကမျက်စိမမြင်ဘူးလေ.."
ဆုလဲ့စကားကြောင့် နောင်ရိုးသစ်၏ ပါးပြင်လေးသည် ပန်းနုရောင်သမ်းကာ နီရဲသွားသည်။
"အတန်းထဲသွားရအောင်ဟာ ဒီနေ့က ငါ့အသင်းဆိုတော့ ဘုရားပန်းလဲရဦးမယ်..."
"အေးဟုတ်သားပဲ နင်သွားနှင့် ငါ အိမ်သာခဏသွားချင်လို့.."
"အေးအေး"
ဆုလဲ့ကို နှုတ်ဆက်ပြီးသည်နှင့် နောင်ရိုး စာသင်ခန်းလေးရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။ စာရေးခုံတွင် လွယ်အိတ်ထားကာ အသင်းမှာပါဝင်သော နာမည်စာရင်းကို ဖတ်ကာ အလုပ်များအား ခွဲဝေပေးလိုက်သည်။ ပြီးနောက် နောင်ရိုးသစ် ဘုရားပန်းလဲရန် စာသင်ခန်း၏အရှေ့ သင်ပုန်း၏ အထက်တွင်ရှိသော ဘုရားစင်လေးဆီသို့ လာခဲ့လိုက်သည်။
ဟင်။
ဘုရားစင်မှာ ဘုရားအိုးမရှိတော့။
ဘယ်သူယူသွားသည်မသိ...။ဒါမှမဟုတ် ခိုးခံရတာလား..။ခိုးခံရတာတော့ မဖြစ်နိုင်။ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ဘာသာတရားအလွန်ကိုင်းရှိုင်းသူများမဟုတ်လား။
"ဟေ့ကောင် နောင်ရိုး...ဒီမှာ ဘုရားပန်းအိုးက ဘုရားပန်းအေဟာင်းတွေလည်း စွန့်ပြီးပြီ"
ဟာ။
ဒီကောင် ထိန်လင်း မပြောမဆိုနှင့် လုပ်ချင်ရာလုပ်လိုက်ပြန်ပြီ။ဒီကောင်နဲ့ တကယ်မလွယ်တော့။
"ဒီနေ့က မင်းအသင်းနေ့မှ မဟုတ်တာ...မင်းက ဘာလို့လုပ်နေတာလဲ"
ထိန်လင်း ဘာဖြေရမှန်းမသိ အကြပ်ရိုက်သွားသည်။ ဦးနှောက်ကို အမြန်အလုပ်ပေးကာ ပြောရမည့် ဆင်ခြေစကားကို ရှာရသည်။
"ငါ့အသင်းနေ့မဟုတ်ပေမယ့် ငါက ဒီအခန်းရဲ့ အတန်းခေါင်းဆောင်လေ ဘယ်အသင်းေန့ပဲဖြစ်ဖြစ် ငါက ကြီးကြပ်ရမှာလေ မဟုတ်ဘူးလား..."
ထိန်လင်း စိတ်ထဲတွင်ပေါ်လာသည့် စကားလုံးများကို ပြောလိုက်သည်။ဘာပဲဖြစ်ဖြစ် နောင်ရိုးကတော့ ယုံသွားေလသည်။
ထိန်လင်းအောင် ဘုရားပန်းအိုးလေးကိုင်ကာ နောင်ရိုးနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။ ကျောင်းဆောင်လေး၏ ရှေ့တွင်ရှိသော လက်ဖြင့်နှိပ်ရသော စက်ရေတွင်းနားတွင် ဘုရားပန်းအိုးလေးကို ချပေးလိုက်သည်။
ဘုရားပန်းကိုင်းလေးများ၏ အောက်လက်အရွက်လေးတွေက ဖဲ့ခြွေသည်။ ဘုရားပန်းလေးများကို ရေအထပ်ထပ်ဆေးကြောသည်။ ပြီးမှ ဘုရားပန်းများကို ဘုရားပန်းအိုးလေးထဲသို့ ဂရုတစိုက်ထည့်သည်။နောင်ရိုးသစ်၏ လုပ်ပုံကိုင်ပုံ အစအဆုံးကို ထိန်လင်း ဘေးနားမှ ရပ်ကာ တငေးတမောကြည့်နေသည်။
"ဟေ့ကောင် ဘာကြည့်နေတာလဲ သွားမယ်လေ..."
"အင်း"
ထိန်လင်းအောင် တစ်ယောက် နောင်ရိုးသစ်အနားရောက်တိုင်း စပါးကျီမြွေတစ်ကောင်၏ အညှို့ခံထားရသည့် လူတစ်ယောက်လို တုပ်တုပ်မျှမလှုပ်နိုင်။ မိန်းမောကာဖြင့် မျက်နှာလေးကို ငေးကြည့်နေမိမြဲဖြစ်သည်။
အခန်းရှေ့ရောက်သည်နှင့် ထိန်လင်း စာရေးခုံမှာထိုင်လိုက်သည်။နောင်ရိုးကတော့ ဘုရားပန်းအိုးလေးကို ဂရုတစိုက်ကိုင်ကာ ဘုရားစင်လေးရှိရာဆီ ထွက်သွားသည်။
"ထိန်လင်း..."
ဩရှရှအသံလေးက နားထဲသို့ ခပ်ဖြည်းဖြည်းဝင်လာလေသည်။ ခေါ်သံနှင့်အတူ အားကိုးတကြီးကြည့်နေသည့်အကြည့်များ။
ဘုရားစင်ပေါ်သို့ ဘုရားအိုးတင်ရန် မမှီလှသည့် အရပ်ကြောင့် အကူအညီတောင်းနေခြင်းဖြစ်သည်။ ထိန်လင်းအောင် ထိုင်နေရာမှ ကပျာကယာထကာ ဘုရားစင်လေးရှိရာသို့ သွားလိုက်သည်။ပြီးနောက် နောင်ရိုးလက်ထဲရှိ ပန်းအိုးလေးအား တောင်းယူလိုက်သည်။
"ပေး"
နောင်ရိုး ကမ်းပေးလာသည့် ဘုရားပန်းအိုးလေးကိုယူကာ ဘုရားစင်လေးပေါ်သို့ သေသေချချာ ကျကျနနတင်ပေးလိုက်သည်။ဘုရားစင်ရှေ့မှ လှည့်မည်အပြု
"လာလေ ဘုရားရှိခိုးမယ်..."
နောင်ရိုးစကားကို သူ မလွန်ဆန်နိုင်။
နောင်ရိုးသစ်၏ ဘေးနားတွင် ပဆစ်တုပ်ကာ ထိုင်ချလိုက်သည်။ပြီးနောက် နှစ်ယောက်အတူတူ ဘုရားဦးချလိုက်ကြသည်။
ဘုရားဦးချပြီးသည်နှင့် နောင်ရိုးသည် ပါးစပ်မှ တပွစိစိနှင့် ဘာတွေမှန်းမသိရေရွတ်ကာ ဆုတောင်းနေသည်။ ပြီးမှ နောက်ထပ်တစ်ခါ ပြန်၍ ဦးသုံးကြိမ်ချသည်။
"မင်း ဘာဆုတွေ တောင်းနေတာလဲ နောင်ရိုး"
"ဘာရယ်တော့မဟုတ်ပါဘူး လှူနိုင်တမ်းနိုင်တဲ့ လက်တစ်စုံဖြစ်ရပါလို၏လို့ ...မင်းရော..."
"ငါလား .."
"အင်း"
"မင်းလိုတဲ့အခါတိုင်း အနားမှာရှိနေရပါစေလို့...ပြီးတော့..မင်းအနားမှာ အမြဲတမ်းအတူတူရှိနေနိုင်ပါစေလို့ ဆုတောင်းလိုက်တာ..."
သဘောကျဟန်ဖြင့် ပြုံးလေသည်။ဒီအပြုံးတွေကို ကျွန်တော် သိပ်မြတ်နိုးတာ။
ငါ မင်းကို သူငယ်ချင်းထက်ပိုပြီး ခုံမင်နေမိနေပြီ ထင်တယ် နောင်ရိုး။
"မင်းက ငါ သဘောကျအောင်တော့ ပြောတတ်သားပဲ ဟား ဟား"
"ဟောဗျာ ငါက တကယ်ပြောတာ တကယ်လည်း အဲ့အတိုင်းပဲ ဆုတောင်းလိုက်တာလေ ဘာလဲ မင်းမယုံဘူးလား"
"အေးပါ ယုံပါတယ်"
"နောက်ထပ် တောင်းတဲ့ ဆု တစ်ခုကျန်သေးတယ်"
"ဘာဆုလဲ"
"တပည့်တော်၏သူငယ်ချင်း နောင်ရိုးသစ် မိန်းမမရဘဲ တစ်သက်လုံး လူပျိုကြီးဖြစ်ပါစေလို့"
"ခွေးကောင်"ဟု ဆဲခံရလေသည်။ဆဲခံရလည်း ကျွန်တော့်မျက်နှာက အပြုံးမပျက်။
ဘာမှမသိတဲ့ ဖူးစာကို မင်းနဲ့ပါဖို့ ဘုရားမှာ တိုးတိုးလေး အပူကပ်နေတာပါလို့ ပြောရင် မင်းရယ်မှာလား နောင်ရိုး...။ငါ ဖူးစာတွေ၊ဦးရာတွေ ငါမသိဘူးနောင်ရိုး။ဒါေပမယ့် ငါ့ရဲ့တစ်ခုတည်းသော ဆန္ဒကငါ ခင်တွယ်မိတဲ့ မင်းအနားမှာ အမြဲတမ်းနေချင်တယ်။
တစ်အောင့်ကြာသည်နှင့် စာသင်ခန်းလေးထဲသို့ ဝင်လာသည့် ခြေသံတရှပ်ရှပ်ကြောင့် နှစ်ယောက်သား မတ်တပ်ရပ်လိုက်ကြသည်။လှည့်ကြည့်လိုက်တော့ ပျာကလက်စိန်မဖြစ်သည်။သူငယ်ချင်းမ ဆုလဲ့နှင်းကြောင့် ထိန်လင်း အတွေးတို့ ပျက်သွားလေသည်။ဆုလဲ့နှင်းဆိုသည့် ကောင်မလေး အရစ်ရှည်ကာ ဟိုမေးဒီမေး မေးနေလျှင် အခက်သားမို့ အခန်းထဲမှ ကပျာကယာ ထွက်လာခဲ့ရလေသည်။
"ဟဲ့ နောင်ရိုး...မနေ့ကသင်တဲ့ ဓာတုဗေဒတွေရော နားလည်ရဲ့လား။နင် ကျူရှင်တက်ပါ့လားဟယ်...စာတွေက ခက်လာပြီဟ"
"ရပါတယ် ငါအဆင်ပြေပါတယ်..."
"နင်ကလည်းဟာ..ငါကနင့်အတွက်ပြောတာပါ.."
"အေးပါငါသိပါတယ်..."
"ဒါနဲ့ ရှင်နဲ့ ကိုလောရှည်တို့က ဘာေတွ၊ဘယ်လိုဖြစ်ကြတာတုန်း..."
နောင်ရိုး မျက်နှာတစ်ခုလုံး ရေနွေးပူနှင့်ပက်ခံရသလို ပူထူသွားသည်။တော်သေးသည် အနားမှာ ထိန်လင်းဆိုတဲ့ကောင်မရှိလို့။
"ဟို...အဲ..."
"နင်တို့မလည်းနော် ကျောင်းသွားတာတောင် ငါမစောင့်ဘူး...ငါဖြင့်တစ်ယောက်တည်းလာရတာ..နင်တို့နှစ်ယောက်က နှစ်ယောက်တစ်ကမ္ဘာဆောက်ချင်နေကြတာလားပြော..."
မျက်နှာလေးစူပုတ်ပုတ်ဖြင့် ရန်တွေ့နေသော သူငယ်ချင်းမလေးဆုလဲ့နှင်းကြောင့် နောင်ရိုးစိတ်မကောင်းဖြစ်မိသည်။ဒါ ဟိုသကောင့်သား ထိန်လင်းကို ပြောမရလို့ ဖြစ်ရတာ။
"ဆုလဲ့ကို ခဏစောင့်ပြီးမှ အတူတူသွားရအောင်ပါ.."ဟုပြောလျှင် ပြောမရ။ဘာဖြစ်လို့မှန်းမသိ။
"ဒီနေ့က ငါအသင်းရှိလို့ပါဟာ..."
"ပြီးရော ညနေကျရင်ေတာ့ တူတူပြန်မှာနော်..."
"အေးပါ"
"ဒေါင် ဒေါင် ဒေါင်...."
ကျောင်းတက်ခေါင်းလောင်းသံကြောင့် ထိန်လင်းရပ်ေနသည့် ကျောင်းရှေ့ကော်ရစ်တာလေးဆီခဏသွားမည်ဟု စိတ်ကတွေးထားသော်လည်း မရောက်ဖြစ်တော့။တစ်အောင့်ကြာမှ ထိန်လင်း အခန်းထဲ ဝင်လာသည်။ဒီကောင် ဘယ်သွားခဲ့သလဲ မသိ။
"ထိန်လင်း"
"မင်း ဟိုတစ်နေ့က ပြတဲ့ ကောင်မလေးလေ ဘယ်အခန်းကလဲဆိုတာ ငါသိပြီ..."
သေပါရောကွာ...။
ဒီကောင်က အချိန်ကောင်းမှ လာပြောနေသေးသည်။ထိန်လင်းတစ်ယောက် ကြက်ကြီးလည်လိမ်ခံထားရသလို ဖြစ်နေသည်။
"မုန့်စားကျောင်းဆင်းရင် မင်းကို ငါလိုက်ပြရမလား"
ဘာပြန်ပြောရမှန်းမသိအောင် ထိန်လင်း
ကြောင်နေသည်။ထိန်လင်းအားအားတက်သရောပြောနေသော သူငယ်ချင်းကို တစ်လှည့်၊ ဘေးနားတွင်ထိုင်နေသော နောင်ရိုးကို တစ်လှည့်ကြည့်လိုက်သည်။ရင်တစ်ခုလုံး တင်းကြပ်နေရသည်။သူ နှာဘူးကျနေတာသာ နောင်ရိုးသိလျှင် ဘာပြောဦးမည်မသိ။
"ပဉ္စဂုဏံ အဟံဝန္တာမိ အာစရိယ ဂုဏံ အဟံဝန္တာမိ မင်္ဂလာပါဆရာမ...။"
ဆရာမ အခန်းထဲသို့ ရုတ်တရက်ဝင်လာတာမို့ ထိန်လင်းအများနှင့်တူ ဆရာမအားနှုတ်ဆက်လိုက်လေသည်။
နံဘေးမှ နောင်ရိုးကိုတစ်ချက်ငဲ့စောင်းကြည့်မိတော့ ဘာမှမဖြစ်ဟန် မျက်နှာထားက အေးအေးဆေးဆေးပင်ဖြစ်သည်။ သူ သက်ပြင်းတစ်ချက် ခိုးချမိသည်။
ငါ အဖြူရောင်စည်းကို ကျော်ချင်နေမိတာအခါခါပဲ နောင်ရိုး။ဒါပေမယ့် မင်း ငါ့ကို အထင်သေးပြီး ရွံ့ရှာသွားမှာလည်း ငါသိပ်ကြောက်တယ် နောင်ရိုး။ မင်းရင်ထဲမှာရော ငါ့အပေါ် ဘယ်လိုခံစားနေရသလဲ ငါ သိချင်မိတယ်။
အဖြူရောင်စည်းကို ကျော်ဖို့ ကျွန်တော် အားမွေးရပေဦးမည်။
-စာဖတ်ပေးကြသူ တစ်ယောက်ချင်းဆီကို တကယ်ကျေးဇူးတင်ပါတယ်နော်။အပြင်သွားရင် Maskတပ်ပါ။ ကျန်းမာအောင်နေကြပါနော်။
Zawgyi Version—
မေန႕က ေက်ာင္းစဖြင့္သည္။ဒီေန႕ ေနာင္ရိုးတို႔ အသင္းအလွည့္ျဖစ္သည္။အသင္းေခါင္းေဆာင္မို႔ အနည္းငယ္ေတာ့ အလုပ္ရႈပ္လွသည္။မနက္အိပ္ယာထကတည္းက လူက ေက်ာင္းသို႔ ေျခသုတ္တင္ေျပးခ်င္လွၿပီ။ဟိုသေကာင့္သား ထိန္လင္းက ခုခ်ိန္ထိ ေရာက္မလာေသး။
ေက်ာင္းေရာက္လွ်င္ အခန္းသန႔္ရွင္းေရးလုပ္၊ အမွိုက္ပစ္နဲ႕ အလုပ္ရႈပ္ေခ်ဦးမည္။ ေနာက္ၿပီး ဘုရားပန္းလဲရဦးမည္။
ဟုတ္သား။ ေမ့ေတာ့မလို႔။
စာသင္ခန္းထဲမွ ဘုရားစင္အတြက္ ပန္းဝယ္ရဦးမည္။ သူ႕လက္ထဲမွ ပိုက္ဆံတစ္ျပားမွ မရွိ။အေမ့ဆီက မေတာင္းခ်င္ေသာ္လည္း ေတာင္းရဦးမည္။
"အေမ သားကို ပိုက္ဆံ၅က်ပ္ေလာက္ ေပးပါလားဟင္"
ေနာင္ရိုး မရဲတရဲႏွင့္ အေမ့ကိုစကားစလိုက္ရသည္။အဆင္မေျပမွန္း သိေပမယ့္ မလြဲမေရွာင္တာမို႔ ေတာင္းလိုက္ရျခင္းျဖစ္သည္။
သူ ေက်ာင္းျမန္ျမန္ၿပီးခ်င္လွပါၿပီ။ဒါမွသာအေမ့ကို ကူညီနိုင္မွာမဟုတ္လား။
"သား ေက်ာင္းမွာမုန႔္စားခ်င္လို႔လား"
"မဟုတ္ပါဘူးအေမရယ္ သားမုန႔္မစားခ်င္ပါဘူး ဒီေန႕ေက်ာင္းမွာ သားတို႔အသင္းေလဘုရားပန္းဝယ္လႉရမွာမို႔..."
"ဪ ေအးေအး အေမ့ဆီမွာရွိတယ္ ယူသြားေချ ၅က်ပ္ဆို ေလာက္ရဲ႕လား.."
"ဟုတ္ကဲ့ ေလာက္ပါတယ္ အေမ"
ျဖစ္နိုင္လွ်င္ ေနာင္ရိုး အေမ့ဆီက ပိုက္ဆံမေတာင္းခ်င္ပါ။တစ္ေန႕လုပ္မွ တစ္ေန႕စားရသည္မို႔ ေငြငါးက်ပ္သည္လည္း သူတို႔သားအမိအတြက္ ဟင္းတစ္ခြက္စာေတာ့ရသည္။
"အေမ"
"ဟင္"
"ဟို..."
"ဘာမွမျဖစ္ပါဘူး သားရယ္ အေမ့မွာရွိပါေသးတယ် ယူသြားေနာ္"
"ဟုတ္"
"ေရာ့"
ေခြၽးခံအကၤ်ီညစ္ေထးေထးထဲမွ ေငြငါးက်ပ္တန္ တစ္႐ြက္ကိုထုတ္ေပးေလသည္။ေနာင္ရိုး တုန္ေနသည့္ လက္အစုံကို ထိန္းကာ အေမ့ဆီမွ ေငြအား လွမ္းယူလိုက္ေလသည္။
"ဒါဆို သားေက်ာင္းသြားေတာ့မယ္ေနာ္ အေမ"
"ေအးေအး ဂ႐ုစိုက္သြားေနာ္ သား.."
အေမ့ကို ေခါင္းညိတ္အေျဖေပးရင္း အိမ္ထဲမွ ထြက္လာခဲ့လိုက္သည္။ ၿပီးေနာက္ ပန္းေရာင္းသည့္ ဦးသာလွ၏ၿခံသို႔သြား၍ ဂႏၶာပန္းေလးမ်ားကို ဝယ္ယူသည္။ ပန္းဝယ္ၿပီးေနာက္ ေက်ာင္းသြားရန္အတြက္ ႐ြာထိပ္ကေန ထိန္လင္းေအာင္ဆိုသည့္ သေကာင့္သားကို ေစာင့္ေနလိုက္သည္။
တစ္ေအာင့္ၾကာသည္ႏွင့္ သေကာင့္သားထိန္လင္းသည္ စက္ဘီးေလးကို အသာအယာနင္းကာ အနားသို႔ေရာက္လာသည္။
"ငါက မင္းအိမ္ကို သြားေခၚေနတာ.."ဟူ၍ စက္ဘီးကေလးအား ရပ္ကာေရာက္ေရာက္ခ်င္းပင္ မေမာမပန္းနိုင္စြာျဖင့္ စကားစလာသည္။
ဒီေကာင္ထိန္လင္းက ကိုးတန္းေရာက္ေတာ့ အနည္းငယ္ထြားလာသည္။ အရပ္ရွည္လာၿပီး လက္ေမာင္းႂကြက္သားမ်ားလည္း အနည္းငယ္ထြက္လာသည္။ စကားသံခပ္ဩဩျဖစ္လာသည္။လူေကာင္ထြားတာမို႔ အတန္းထဲမွာ သူ႕ကို ေမာ္နီတာခန႔္ထားျခင္းျဖစ္မည္ထင္သည္။တစ္ခါတခါ ဒီေကာင့္ကို သိပ္မနာလိုခ်င္။ အရပ္ႀကီး ကလန႔္ကလားနဲ႕။
"ဘာၾကည့္ေနတာလဲ တက္ေလသြားမယ္"
"ဟင္...."
"ေပး မင္းပန္းစည္ႀကီး စက္ဘီးျခင္းထဲထည့္ခဲ့မယ္..."
ေနာင္ရိုးလက္ထဲမွ ပန္းစည္းကို ထိန္လင္းလက္ထဲသို႔ ထိုးေပးလိုက္သည္။ေနာင္ရိုးစက္ဘီးေပၚသို႔ ေရာက္သည့္ ထိန္လင္းသည္ စက္ဘီးကေလးကို အသာအယာနင္းကာ ေက်ာင္းသို႔လာခဲ့လိုက္သည္။
"ေနာင္ရိုး"
"ဟင္..ဘာလဲ"
"မင္း...အတန္းထဲၾက ဘယ္သူ႕ကိုမွ
မရယ္မၿပဳံးျပပဲ ေနပါလား"
ညက တစ္ညလုံး ေျပာသင့္ မေျပာသင့္စဥ္းစားကာ ေတြေဝေနခဲ့ေသာ စကားကို ထိန္လင္း ေျပာလိုက္သည္။
ဟုတ္တယ္ေလ။ေနာင္ရိုးဆိုတဲ့ေကာင္ ဘယ္သူ႕ကိုမွ မရယ္မၿပဳံးျပေစခ်င္ဘူး။ ပါးခ်ိဳင့္ေလးေတြ နစ္ဝင္သြားေအာင္ ၿပဳံးလိုက္သည့္အခါတိုင္း ဒီေကာင္ကို အတန္းထဲက ေကာင္မေလးေတြက ႀကိတ္ေႂကြေနၾကတာ သူ အျမင္ပင္ျဖစ္သည္။
"ဘာလို႔လဲ"
"ဘာရယ္ေတာ့ မဟုတ္ဘူးေလကြာ
ဒီအတိုင္းပဲေျပာတာ"
ေနာင္ရိုးသစ္ ဘာမွျပန္မေျဖေပ။ ေနာင္ရိုးဆီက ထြက္က်လာမည့္စကားသံအား ၾကားခ်င္ေပမယ့္ မၾကားရေတာ့ေပ။
အခ်ိန္အေတာ္ၾကာေအာင္ စက္ဘီးေလးကို ဒူးေညာင္းခံေအာင္ နင္းၿပီးေနာက္ ေက်ာင္းသို႔ေရာက္ေလသည္။ ေက်ာင္းသို႔ေရာက္သည္ႏွင့္ စက္ဘီးေလးအား စက္ဘီးရပ္သည့္ေနရာတြင္ တန္းစီသြားထားရသည္။
"အေမ့"
ေနာင္ရိုးသစ္ စက္ဘီးျခင္းထဲမွ ပန္းစည္းေလးအား လွမ္းအယူတြင္ ေရွ႕တြင္ရွိေနေသာ အုတ္က်ိဳးခဲေလးအား မျမင္ပဲ ခလုတ္ဝင္တိုက္မိတာေကြာင့် ဟန္ခ်က္ပ်က္ကာ ခႏၶာကိုယ္ေလး ယိမ္းယိုင္သြားရေလသည္။အမိအရ လွမ္းဆြဲကာဖက္ထားသည့္ ထိန္လင္းလက္အစုံေၾကာင့္ ေနာင္ရိုး ခႏၶာကိုယ္ေလးက ထိန္လင္းလက္ထဲမွ အသင့္သား။ထိန္လင္း မိန္းေမာကာ မလြတ္မိပဲဖက္ထာရင္း ေနာင္ရိုး၏ ဝင္းမြတ္ေနေသာ မ်က္ႏွာျပင္ေလးအား ေငးၾကည့္မိသည္။ ရွည္လ်ားေသာ မ်က္ေတာင္၊ ေမွ်ာ့တစ္ေကာင်ကပ်ထားသည်ဟုပင်ထင်ရလောက်သော မ်က္ခုံးနက္နက္မ်ား၊ေသြးျခည္သမ္းေနေသာ ႏႈတ္ခမ္းရဲရဲေလး....။
မင္း သိပ္လွတယ္ ေနာင္ရိုး။
မင္းသာ မိန္းကေလးျဖစ္ရင္ သိပ္ေကာင္းမွာပဲ။ထိန္လင္းေအာင္ အေတြးမ်ားျဖင့္အခ်ိန္အေတာ္ၾကာေအာင္ ေငးၾကည့္ေနမိသည္။
"ေဟ့ေကာင္ ထိန္လင္း လႊတ္ေလကြာ"
"ဟင္..အင္းအင္း"
သတိေပးသံၾကားမွ ထိန္လင္း အသိျပန္ဝင္လာၿပီး ေယာင္ယမ္းကာ လႊတ္ေပးလိုက္ရေလသည်။
"ငါ မင္းလဲ က်မွာစိုးလို႔ပါကြာ"
"ေအးပါ ငါသိပါတယ္ ဒါေပမယ့္ တျခားသူျမင္ရင္ အဓိပ္ပါယ် တစ္မ်ိဳးထင္ကုန္လိမ့္မယ္ကြ"
"ဘယ္လို အဓိပ္ပါယ်လဲ...ေနာင္ရိုး"
ထိန္လင္းေအာင် သိသိရက္ႏွင့္ပင္ ေမးလိုက္တာမို႔ ေနာင္ရိုးသစ္၏ မ်က္ေစာင္းလွလွေလးက ဒိုင္းခနဲ ေရာက္လာသည္။ၿပီးေနာက္ "ေခြးေကာင္"ဟု ခပ္တိုးတိုးဆဲကာ ပန္းစည္းေလးယူၿပီး အနားကေန ထြက္သြားရန္ျပင္ေလသည်။
ျမတ္စြာဘုရား...။
ကြၽန္ေတာ့္ရင္ေတြ ပုစြန္ဆိတ္ငယ္ေလးတစ္ေကာင္လို တဆတ္ဆတ္ ခုန္ေနပါလား။တဆတ္ဆတ္ခုန္ေနေသာရင္ကို လက္ကေလးျဖင့္ အသာအယာဖိထားရသည္။
"ဟဲ့ ဟဲ့ ဒါက ဘာျဖစ္လာရတာလဲ"
အနားသို႔ တေရာတပါးေျပးလာရင္းမွ ဆုလဲ့ႏွင္း၏ စူးစူးဝါးဝါးအသံေၾကာင့္ ေနာင္ရိုးသစ္ေျခလွမ္းေတြသည္ အလိုလို ရပ္တန႔္သြားသည္။
"ဘာမွမျဖစ္ပါဘူးဟ"
"မျဖစ္ရင္လည္း ၿပီးတာပါပဲ။ငါကမ်က္စိမျမင္ဘူးေလ.."
ဆုလဲ့စကားေၾကာင့္ ေနာင္ရိုးသစ္၏ ပါးျပင္ေလးသည္ ပန္းႏုေရာင္သမ္းကာ နီရဲသြားသည္။
"အတန္းထဲသြားရေအာင္ဟာ ဒီေန႕က ငါ့အသင္းဆိုေတာ့ ဘုရားပန္းလဲရဦးမယ္..."
"ေအးဟုတ္သားပဲ နင္သြားႏွင့္ ငါ အိမ္သာခဏသြားခ်င္လို႔.."
"ေအးေအး"
ဆုလဲ့ကို ႏႈတ္ဆက္ၿပီးသည္ႏွင့္ ေနာင္ရိုး စာသင္ခန္းေလးရွိရာဆီသို႔ ထြက္လာခဲ့လိုက္သည္။ စာေရးခုံတြင္ လြယ္အိတ္ထားကာ အသင္းမွာပါဝင္ေသာ နာမည္စာရင္းကို ဖတ္ကာ အလုပ္မ်ားအား ခြဲေဝေပးလိုက္သည္။ ၿပီးေနာက္ ေနာင္ရိုးသစ္ ဘုရားပန္းလဲရန္ စာသင္ခန္း၏အေရွ႕ သင္ပုန္း၏ အထက္တြင္ရွိေသာ ဘုရားစင္ေလးဆီသို႔ လာခဲ့လိုက္သည္။
ဟင္။
ဘုရားစင္မွာ ဘုရားအိုးမရွိေတာ့။
ဘယ္သူယူသြားသည္မသိ...။ဒါမွမဟုတ္ ခိုးခံရတာလား..။ခိုးခံရတာေတာ့ မျဖစ္နိုင္။ကြၽန္ေတာ္တို႔ ဗုဒၶဘာသာျမန္မာလူမ်ိဳးမ်ားသည္ ဘာသာတရားအလြန္ကိုင္းရွိုင္းသူမ်ားမဟုတ္လား။
"ေဟ့ေကာင္ ေနာင္ရိုး...ဒီမွာ ဘုရားပန္းအိုးက ဘုရားပန္းအေဟာင်းတွေလည်း စြန႔္ၿပီးၿပီ"
ဟာ။
ဒီေကာင္ ထိန္လင္း မေျပာမဆိုႏွင့္ လုပ္ခ်င္ရာလုပ္လိုက္ျပန္ၿပီ။ဒီေကာင္နဲ႕ တကယ္မလြယ္ေတာ့။
"ဒီေန႕က မင္းအသင္းေန႕မွ မဟုတ္တာ...မင္းက ဘာလို႔လုပ္ေနတာလဲ"
ထိန္လင္း ဘာေျဖရမွန္းမသိ အၾကပ္ရိုက္သြားသည္။ ဦးႏွောက္ကို အျမန္အလုပ္ေပးကာ ေျပာရမည့္ ဆင္ေျခစကားကို ရွာရသည္။
"ငါ့အသင္းေန႕မဟုတ္ေပမယ့္ ငါက ဒီအခန္းရဲ႕ အတန္းေခါင္းေဆာင္ေလ ဘယ္အသင္းေန့ပဲဖြစ်ဖြစ် ငါက ႀကီးၾကပ္ရမွာေလ မဟုတ္ဘူးလား..."
ထိန္လင္း စိတ္ထဲတြင္ေပၚလာသည့္ စကားလုံးမ်ားကို ေျပာလိုက္သည္။ဘာပဲျဖစ္ျဖစ္ ေနာင္ရိုးကေတာ့ ယုံသြားေလသည်။
ထိန္လင္းေအာင္ ဘုရားပန္းအိုးေလးကိုင္ကာ ေနာင္ရိုးႏွင့္အတူ အခန္းထဲမွ ထြက္လာခဲ့သည္။ ေက်ာင္းေဆာင္ေလး၏ ေရွ႕တြင္ရွိေသာ လက္ျဖင့္ႏွိပ္ရေသာ စက္ေရတြင္းနားတြင္ ဘုရားပန္းအိုးေလးကို ခ်ေပးလိုက္သည္။
ဘုရားပန္းကိုင္းေလးမ်ား၏ ေအာက္လက္အ႐ြက္ေလးေတြက ဖဲ့ေႁခြသည္။ ဘုရားပန္းေလးမ်ားကို ေရအထပ္ထပ္ေဆးေၾကာသည္။ ၿပီးမွ ဘုရားပန္းမ်ားကို ဘုရားပန္းအိုးေလးထဲသို႔ ဂ႐ုတစိုက္ထည့္သည္။ေနာင္ရိုးသစ္၏ လုပ္ပုံကိုင္ပုံ အစအဆုံးကို ထိန္လင္း ေဘးနားမွ ရပ္ကာ တေငးတေမာၾကည့္ေနသည္။
"ေဟ့ေကာင္ ဘာၾကည့္ေနတာလဲ သြားမယ္ေလ..."
"အင္း"
ထိန္လင္းေအာင္ တစ္ေယာက္ ေနာင္ရိုးသစ္အနားေရာက္တိုင္း စပါးက်ီေႁမြတစ္ေကာင္၏ အညွို႔ခံထားရသည့္ လူတစ္ေယာက္လို တုပ္တုပ္မွ်မလႈပ္နိုင္။ မိန္းေမာကာျဖင့္ မ်က္ႏွာေလးကို ေငးၾကည့္ေနမိၿမဲျဖစ္သည္။
အခန္းေရွ႕ေရာက္သည္ႏွင့္ ထိန္လင္း စာေရးခုံမွာထိုင္လိုက္သည္။ေနာင္ရိုးကေတာ့ ဘုရားပန္းအိုးေလးကို ဂ႐ုတစိုက္ကိုင္ကာ ဘုရားစင္ေလးရွိရာဆီ ထြက္သြားသည္။
"ထိန္လင္း..."
ဩရွရွအသံေလးက နားထဲသို႔ ခပ္ျဖည္းျဖည္းဝင္လာေလသည္။ ေခၚသံႏွင့္အတူ အားကိုးတႀကီးၾကည့္ေနသည့္အၾကည့္မ်ား။
ဘုရားစင္ေပၚသို႔ ဘုရားအိုးတင္ရန္ မမွီလွသည့္ အရပ္ေၾကာင့္ အကူအညီေတာင္းေနျခင္းျဖစ္သည္။ ထိန္လင္းေအာင္ ထိုင္ေနရာမွ ကပ်ာကယာထကာ ဘုရားစင္ေလးရွိရာသို႔ သြားလိုက္သည္။ၿပီးေနာက္ ေနာင္ရိုးလက္ထဲရွိ ပန္းအိုးေလးအား ေတာင္းယူလိုက္သည္။
"ေပး"
ေနာင္ရိုး ကမ္းေပးလာသည့္ ဘုရားပန္းအိုးေလးကိုယူကာ ဘုရားစင္ေလးေပၚသို႔ ေသေသခ်ခ်ာ က်က်နနတင္ေပးလိုက္သည္။ဘုရားစင္ေရွ႕မွ လွည့္မည္အျပဳ
"လာေလ ဘုရားရွိခိုးမယ္..."
ေနာင္ရိုးစကားကို သူ မလြန္ဆန္နိုင္။
ေနာင္ရိုးသစ္၏ ေဘးနားတြင္ ပဆစ္တုပ္ကာ ထိုင္ခ်လိဳက္သည္။ၿပီးေနာက္ ႏွစ္ေယာက္အတူတူ ဘုရားဦးခ်လိဳက္ၾကသည္။
ဘုရားဦးခ်ၿပီးသည္ႏွင့္ ေနာင္ရိုးသည္ ပါးစပ္မွ တပြစိစိႏွင့္ ဘာေတြမွန္းမသိေရ႐ြတ္ကာ ဆုေတာင္းေနသည္။ ၿပီးမွ ေနာက္ထပ္တစ္ခါ ျပန္၍ ဦးသုံးႀကိမ္ခ်သည္။
"မင္း ဘာဆုေတြ ေတာင္းေနတာလဲ ေနာင္ရိုး"
"ဘာရယ္ေတာ့မဟုတ္ပါဘူး လႉနိုင္တမ္းနိုင္တဲ့ လက္တစ္စုံျဖစ္ရပါလို၏လို႔ ...မင္းေရာ..."
"ငါလား .."
"အင္း"
"မင္းလိုတဲ့အခါတိုင္း အနားမွာရွိေနရပါေစလို႔...ၿပီးေတာ့..မင္းအနားမွာ အၿမဲတမ္းအတူတူရွိေနနိုင္ပါေစလို႔ ဆုေတာင္းလိုက္တာ..."
သေဘာက်ဟန္ျဖင့္ ၿပဳံးေလသည္။ဒီအၿပဳံးေတြကို ကြၽန္ေတာ္ သိပ္ျမတ္နိုးတာ။
ငါ မင္းကို သူငယ္ခ်င္းထက္ပိုၿပီး ခုံမင္ေနမိေနၿပီ ထင္တယ္ ေနာင္ရိုး။
"မင္းက ငါ သေဘာက်ေအာင္ေတာ့ ေျပာတတ္သားပဲ ဟား ဟား"
"ေဟာဗ်ာ ငါက တကယ္ေျပာတာ တကယ္လည္း အဲ့အတိုင္းပဲ ဆုေတာင္းလိုက္တာေလ ဘာလဲ မင္းမယုံဘူးလား"
"ေအးပါ ယုံပါတယ္"
"ေနာက္ထပ္ ေတာင္းတဲ့ ဆု တစ္ခုက်န္ေသးတယ္"
"ဘာဆုလဲ"
"တပည့္ေတာ္၏သူငယ္ခ်င္း ေနာင္ရိုးသစ္ မိန္းမမရဘဲ တစ္သက္လုံး လူပ်ိဳႀကီးျဖစ္ပါေစလို႔"
"ေခြးေကာင္"ဟု ဆဲခံရေလသည္။ဆဲခံရလည္း ကြၽန္ေတာ့္မ်က္ႏွာက အၿပဳံးမပ်က္။
ဘာမွမသိတဲ့ ဖူးစာကို မင္းနဲ႕ပါဖို႔ ဘုရားမွာ တိုးတိုးေလး အပူကပ္ေနတာပါလို႔ ေျပာရင္ မင္းရယ္မွာလား ေနာင္ရိုး...။ငါ ဖူးစာေတြ၊ဦးရာေတြ ငါမသိဘူးေနာင္ရိုး။ဒါေပမယ့် ငါ့ရဲ႕တစ္ခုတည္းေသာ ဆႏၵကငါ ခင္တြယ္မိတဲ့ မင္းအနားမွာ အၿမဲတမ္းေနခ်င္တယ္။
တစ္ေအာင့္ၾကာသည္ႏွင့္ စာသင္ခန္းေလးထဲသို႔ ဝင္လာသည့္ ေျခသံတရွပ္ရွပ္ေၾကာင့္ ႏွစ္ေယာက္သား မတ္တပ္ရပ္လိုက္ၾကသည္။လွည့္ၾကည့္လိုက္ေတာ့ ပ်ာကလက္စိန္မျဖစ္သည္။သူငယ္ခ်င္းမ ဆုလဲ့ႏွင္းေၾကာင့္ ထိန္လင္း အေတြးတို႔ ပ်က္သြားေလသည္။ဆုလဲ့ႏွင္းဆိုသည့္ ေကာင္မေလး အရစ္ရွည္ကာ ဟိုေမးဒီေမး ေမးေနလွ်င္ အခက္သားမို႔ အခန္းထဲမွ ကပ်ာကယာ ထြက္လာခဲ့ရေလသည္။
"ဟဲ့ ေနာင္ရိုး...မေန႕ကသင္တဲ့ ဓာတုေဗဒေတြေရာ နားလည္ရဲ႕လား။နင္ က်ဴရွင္တက္ပါ့လားဟယ္...စာေတြက ခက္လာၿပီဟ"
"ရပါတယ္ ငါအဆင္ေျပပါတယ္..."
"နင္ကလည္းဟာ..ငါကနင့္အတြက္ေျပာတာပါ.."
"ေအးပါငါသိပါတယ္..."
"ဒါနဲ႕ ရွင္နဲ႕ ကိုေလာရွည္တို႔က ဘာေတွ၊ဘယ်လိုဖြစ်ကြတာတုန်း..."
ေနာင္ရိုး မ်က္ႏွာတစ္ခုလုံး ေရႏြေးပူႏွင့္ပက္ခံရသလို ပူထူသြားသည္။ေတာ္ေသးသည္ အနားမွာ ထိန္လင္းဆိုတဲ့ေကာင္မရွိလို႔။
"ဟို...အဲ..."
"နင္တို႔မလည္းေနာ္ ေက်ာင္းသြားတာေတာင္ ငါမေစာင့္ဘူး...ငါျဖင့္တစ္ေယာက္တည္းလာရတာ..နင္တို႔ႏွစ္ေယာက္က ႏွစ္ေယာက္တစ္ကမၻာေဆာက္ခ်င္ေနၾကတာလားေျပာ..."
မ်က္ႏွာေလးစူပုတ္ပုတ္ျဖင့္ ရန္ေတြ႕ေနေသာ သူငယ္ခ်င္းမေလးဆုလဲ့ႏွင္းေၾကာင့္ ေနာင္ရိုးစိတ္မေကာင္းျဖစ္မိသည္။ဒါ ဟိုသေကာင့္သား ထိန္လင္းကို ေျပာမရလို႔ ျဖစ္ရတာ။
"ဆုလဲ့ကို ခဏေစာင့္ၿပီးမွ အတူတူသြားရေအာင္ပါ.."ဟုေျပာလွ်င္ ေျပာမရ။ဘာျဖစ္လို႔မွန္းမသိ။
"ဒီေန႕က ငါအသင္းရွိလို႔ပါဟာ..."
"ၿပီးေရာ ညေနက်ရင္ေတာ့ တူတူျပန္မွာေနာ္..."
"ေအးပါ"
"ေဒါင္ ေဒါင္ ေဒါင္...."
ေက်ာင္းတက္ေခါင္းေလာင္းသံေၾကာင့္ ထိန္လင္းရပ္ေနသည့် ေက်ာင္းေရွ႕ေကာ္ရစ္တာေလးဆီခဏသြားမည္ဟု စိတ္ကေတြးထားေသာ္လည္း မေရာက္ျဖစ္ေတာ့။တစ္ေအာင့္ၾကာမွ ထိန္လင္း အခန္းထဲ ဝင္လာသည္။ဒီေကာင္ ဘယ္သြားခဲ့သလဲ မသိ။
"ထိန္လင္း"
"မင္း ဟိုတစ္ေန႕က ျပတဲ့ ေကာင္မေလးေလ ဘယ္အခန္းကလဲဆိုတာ ငါသိၿပီ..."
ေသပါေရာကြာ...။
ဒီေကာင္က အခ်ိန္ေကာင္းမွ လာေျပာေနေသးသည္။ထိန္လင္းတစ္ေယာက္ ၾကက္ႀကီးလည္လိမ္ခံထားရသလို ျဖစ္ေနသည္။
"မုန႔္စားေက်ာင္းဆင္းရင္ မင္းကို ငါလိုက္ျပရမလား"
ဘာျပန္ေျပာရမွန္းမသိေအာင္ ထိန္လင္း
ေၾကာင္ေနသည္။ထိန္လင္းအားအားတက္သေရာေျပာေနေသာ သူငယ္ခ်င္းကို တစ္လွည့္၊ ေဘးနားတြင္ထိုင္ေနေသာ ေနာင္ရိုးကို တစ္လွည့္ၾကည့္လိုက္သည္။ရင္တစ္ခုလုံး တင္းၾကပ္ေနရသည္။သူ ႏွာဘူးက်ေနတာသာ ေနာင္ရိုးသိလွ်င္ ဘာေျပာဦးမည္မသိ။
"ပၪၥဂုဏံ အဟံဝႏၱာမိ အာစရိယ ဂုဏံ အဟံဝႏၱာမိ မဂၤလာပါဆရာမ...။"
ဆရာမ အခန္းထဲသို႔ ႐ုတ္တရက္ဝင္လာတာမို႔ ထိန္လင္းအမ်ားႏွင့္တူ ဆရာမအားႏႈတ္ဆက္လိုက္ေလသည္။
နံေဘးမွ ေနာင္ရိုးကိုတစ္ခ်က္ငဲ့ေစာင္းၾကည့္မိေတာ့ ဘာမွမျဖစ္ဟန္ မ်က္ႏွာထားက ေအးေအးေဆးေဆးပင္ျဖစ္သည္။ သူ သက္ျပင္းတစ္ခ်က္ ခိုးခ်မိသည္။
ငါ အျဖဴေရာင္စည္းကို ေက်ာ္ခ်င္ေနမိတာအခါခါပဲ ေနာင္ရိုး။ဒါေပမယ့္ မင္း ငါ့ကို အထင္ေသးၿပီး ႐ြံ႕ရွာသြားမွာလည္း ငါသိပ္ေၾကာက္တယ္ ေနာင္ရိုး။ မင္းရင္ထဲမွာေရာ ငါ့အေပၚ ဘယ္လိုခံစားေနရသလဲ ငါ သိခ်င္မိတယ္။
အျဖဴေရာင္စည္းကို ေက်ာ္ဖို႔ ကြၽန္ေတာ္ အားေမြးရေပဦးမည္။
-စာဖတ္ေပးၾကသူ တစ္ေယာက္ခ်င္းဆီကို တကယ္ေက်းဇူးတင္ပါတယ္ေနာ္။အျပင္သြားရင္ Maskတပ္ပါ။ က်န္းမာေအာင္ေနၾကပါေနာ္။