ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.8K 978 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-12(U+Z)

238 17 15
By mg-yoe-shin

အမှတ်မထင် တွေ့လိုက်ရသည့် နောင်ရိုး၏ ပုံစံကြောင့် ထိန်လင်း အံ့ဩမှင်တက်ဖြစ်သွားရသည်။ဒီလိုလုပ်ဖို့ ကြံစည်ချောက်တွန်းခဲ့တာ ဆုလဲ့ပဲဖြစ်မည်ဆိုတာ ထိန်လင်းသိပါသည်။

မိန်းမကြီးဝတ်စုံလေးနှင့် လှနေသော နောင်ရိုး၏ မျက်နှာလေးသည် မှုန်သုန်သုန်ဖြစ်ကာ ပါးပြင်လေးမှာ နီရဲနေသည်။မျက်နှာချေမှုန့် အနီရောင်များကြောင့်လား ကျွန်တော် စလိုက်၍လား မသိပေ။

အချိန်ခဏကြာအောင် ကကွက်များအကြောင်း ဆွေးနွေးတိုင်ပင်ပြီးသည်နှင့် အဆင်ပြေသွားလေသည်။ဒီကောင်က ပွဲကြိုက်ခင် အဲ မဟုတ်သေးပါဘူး ပွဲကြိုက်မောင်ဆိုတော့ ကကွက်တွေက အလွတ်ရနေတာ။

နောင်ရိုးကိုကြည့်ကာထိန်လင်းအောင် ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ဘိုမရုပ်လေးတစ်ရုပ်နယ် ချစ်စရာကောင်းနေသော နောင်ရိုးကိုကြည့်ရင်း အသည်းတွေယားနေမိသည်။

"ကိုကြီး ထိန်လင်‌းအောင်။ဆရာမက ရုံးခန်းဘက်ကို ခဏလာခဲ့ပါဦးတဲ့..."

"ဪ အေးအေး"

အငယ်တန်းမှ ကလေးငယ်လေးတစ်ယောက်၏ စကားသံကြောင့် ထိန်လင်း အတွေးတွေ ပျက်ပြယ်သွားရ‌ေလသည်။

"ဒါဆို ငါခဏ သွားလိုက်ဦးမယ်..."

"ငါလည်းလိုက်မယ်"

"ဒါဆို နောင်ရိုး...မင်း ဒီမှာပဲနေခဲ့နော်...ငါတို့ခဏနေပြန်လာခဲ့မယ်"

"အေး"

နောင်ရိုးကိုပြောခဲ့ပြီးသည်နှင့် ထိန်လင်းရောဆုလဲ့ပါ ကျောင်းရုံးခန်းလေးဆီသို့ ထွက်လာခဲ့လိုက်သည်။

ဆရာမက မည်သည့်အကြောင်းပြောမလဲဟု ရင်ခုန်နေရသော်လည်း ထင်ထားသည့်အတိုင်းပင် ကသည့်အခါ လက်တွဲညီညီဖြစ်ဖို့ ဆွဲခေါ်ဖို့၊ဒီနေ့မှဗြုန်းစားကြီးပြောင်းလဲသွားမှုအတွက် ကပျာကယာစီစဉ်လိုက်ရတာမို့ စိတ်မခုဖို့ ပြောသည်။

ဆရာမ မသိလို့သာပါ။ဒီလို လူပြောင်းလိုက်သည့်အတွက် သူက ပိုတောင်ပျော်နေသေးသည်လေ။ပြီးတော့ ဘိုမရုပ်လေးတစ်ရုပ်လို လှပနေတဲ့ နောင်ရိုးကို သူ အကြာကြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်သေးသည်။

ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့ပြီး စင်မြင့်အနောက်ရှိ အခန်းငယ်လေးထဲသို့ ဝင်မည်အပြုတွင် အခန်းထဲတွင်ရှက်‌သွေးဖြာပန်းနုရောင်ပါးပြင်လေးနှင့် ခေါင်းငုံ့လျက်စကားပြောနေသော နောင်ရိုးနှင့်ဟိုကောင်သီဟနိုင်ကို မြင်လိုက်ရတာမို့ ဒေါသက ထောင်းခနဲထလာသည်။

ဘာရယ်ကြောင့်မှန်းမသိ နောင်ရိုးကို ဟိုကောင်နှင့်မခေါ်မပြောစေချင်ပါ။စိတ်ထဲတွင် အူတိုနေမိသည်။ဒီကောင့်အကြောင်းလည်း နောင်ရိုးသိမှာပါလေ။သီဟနိုင်ဆိုတာ သူကြီးသားပီပီ မြောက်ကြွကြွနဲ့ သူတစ်ပါးအပေါ် အမြဲတမ်း အနိုင်ယူချင်နေတဲ့ကောင်လေ။

နောင်ရိုးအနားမှ သီဟထွက်သွားတော့မှ ထိန်လင်း အခန်းထဲသို့ ဝင်သွားလိုက်သည်။

"နောင်ရိုး"

"ဟင်"

"ဟိုကောင်ကမင်းကို ဘာတွေလာဖောနေတာလဲ.."

"ဘာမှမဟုတ်ပါဘူးကွာ ဒီအတိုင်းပဲ ထွေရာလေးပါး ပြောမိကြရုံပါပဲ..."

အရင်က ဖြစ်ပျက်ခဲ့တဲ့ ပြဿနာကို မေ့သွားဟန်ဖြင့် အေးအေးဆေးဆေးပြန်ပြောနေသော နောင်ရိုးကိုကြည့်ကာ ထိန်လင်း စိတ်မရှည်နိုင်ပေ။

"ဒီကောင်က ငါနဲ့ဆို လိုက်ပြိုင်ချင်နေတာနော် ငါနဲ့ဒီကောင်က ကြက်ဦးကြက်ကင်းဦးကင်းပဲ..."

"မင်းကလည်း ငါကဘာလုပ်နေလို့လဲ ဒီအတိုင်းသူစကားပြောလို့ ငါကပြန်ပြောရုံပဲ..."

"ဟေ့ကောင် နောင်ရိုး မင်း အဲ့ကောင်အ‌ေကြာင်းလည်း သိသားနဲ့ကွာ သီဟနဲ့သိပ်မပေါင်းနဲ့ ငါမကြိုက်ဘူး..မင်းကငါ့အပိုင်ပဲ ငါကလွဲပြီး မင်း ဘယ်သူနဲ့မှ အရောတဝင်မနေရဘူး"

"မင်းကလဲကွာ.."

မင်းကို ဘယ်သူနဲ့မှ မပတ်သတ်စေချင်ဘူး
ငါကလွဲရင်ပေါ့။မင်းသာ သက်မဲ့ အရုပ်လေးတစ်ရုပ်သာဆိုရင် ဘယ်လောက်များကောင်းလိုက်လေမလဲ။ဘယ်သူမှမထိရဲ မကိုင်ရဲအောင် ငါမင်းကို အပိုင်ဝယ်ထားမိမှာ။

"အခမ်းအနားအစီအစဉ်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်ရှင်..."

စင်မြင်ဆီမှ အခမ်းအနားအစီအစဉ်စတင်ဖွင့်လှစ်‌ကြောင်း ကြေညာသံနှင့်အတူ လက်ခုပ်ဩဘာသံများက သောင်းသောင်းဖြဖြထွက်ပေါ်လာသည်။
ထိုအသံများကြောင့် နောင်ရိုးနှင့်လည်း စကားစပြတ်သွားတော့သည်။အခမ်းအနားစတင်ပြီးမကြာမှီမှာပင် မူလတန်းမှဆရာမတစ်ဦး၏ အစီအစဉ်များ အစဉ်ကြေညာသံက အသံချဲ့စက်မှတစ်ဆင့် အတိုင်းသားကြားနေရသည်။

ပြီး‌ေနာက် ကျောင်းအုပ်ဆရာကြီး၏ မိန့်ခွန်းသံ ထွက်ပေါ်လာသည်။မိဘ၊ဆရာ၊ကျောင်းသား အားလုံးပူးပေါင်းကြရန်၊ ပညာခေတ်မို့ လေးတန်းငါးအောင် သေစာရှင်စာဖတ်တတ်ရုံနဲ့ မရပ်တန့်ထားကြဖို့ စသည်ဖြင့်ဟောပြော၍ နိဂုံးချုပ်သွားသည်။ထို့နောက် ကျေးရွာထဲမှရွာသူကြီး ဦးထွန်းတောက်၏ ကျေးဇူးတင်စကားသံထွက်ပေါ်လာသည်။အစီအစဉ်တစ်ခုပြီးသည်နှင့်ဆရာမ၏ ကျေးဇူးတင်စကားများ၊လက်ခုပ်သံသောင်းသောင်းဖျဖျများ ထွက်ပေါ်လာသည်။

"ဆက်လက်ပြီး အစီအစဉ် (၄)အရ အဌမတန်း ကျောင်းသားလေးများဖြစ်တဲ့ မောင်ထိန်လင်းအောင်နှင့် မောင်နောင်ရိုးသသစ်တို့မှ ‌ဦးရွှေရိုးဒေါ်မိုး သီချင်းနှင့် ကပြဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်ရှင့်...."

ဆရာမ၏ ကြေညာသံဆုံးသည်နှင့် ထိန်လင်းနှင့်နောင်ရိုးသစ်ပါ စင်မြင့်၏ ကာလကာ နောက်တွင် နေရာယူရသည်။
ထိန်လင်းအောင် ရင်ခုန်နေသည်။လူအများရှေ့တွင် ဖျော်ဖြေရသော ခံစားချက်က လေထဲရောက်နေသလို ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည်။

မြန်မာ့ကျေးလက်၏ အိုးစည်သံ နှဲသံချွဲချွဲလေးနှင့်အတူ ဦးရွှေရိုးဒေါ်မိုးသီချင်း၏ တီးလုံးသံနှင့်အတူ အရှေ့မှ ကလာကာ အနီရောင်ကြီးသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

"ဦးရွှေရိုးလို့ နာမည်ကျော်တယ် ခုံးမျက်စ ဟန်နှစ်သွယ်...."

ထိန်လင်းအောင် ဟန်ပါပါဖြင့် ပုဆိုးလေးကို မြှောက်လိုက် ပုသိမ်ထီးလေး ဝှေ့ရမ်းလှည့်ကာဖြင့် ကပြရသည်။တစ်ခါတခါ နှုတ်ခမ်းမွှေးအတုများ တပ်ထားသော နှုတ်ခမ်းလေးကို ဘယ်ညာရွဲ့ကာ ကစားပြရသေးသည်။

"ကိုကိုရွှေရိုးရယ် ကိုကိုရွှေရိုးရယ် ကြင်သူကိုမျှော်ကာ တစ်ယောက်မှပေါ်မလာ‌ စောင့်စားလို့နေတာ စောင့်စားလို့နေတာ ရိုးပေတာ အ,ပေတာ ဖူးစာရှင်လိုချင်ပါလှတယ် အိုးလေ လေ မောင်ရာ ရိုးပေတာ ရိုးပေတာ ဦးရွှေရိုးကြီးရာ ......ဟုတ်ပေ့.."

သီချင်းသံလေးနှင့်အတူ မိန်းကလေးတစ်ယောက်နှယ် ကပ်ကာ ထိကပါးရိကပါး ဟန်ပြကနေသော နောင်ရိုးသစ်ကို ကြည့်ရင်း ထိန်လင်းစိတ်တွေက အစိုးမရပေ။သီချင်းမဆုံးမီကပင် ဖက်ထားချင်စိတ်တွေ ပေါ်လာရလေသည်။

ဘာဖြစ်လို့လဲ မိန်းကလေးတစ်ယောက်လို ချောမောလှပနေရတာလဲ နောင်ရိုးရာ။
မင်းသာ မိန်းကလေးဖြစ်ရင် သိပ်ကောင်းမှာပဲ။

သီချင်းဆုံးခါနီးတွင် နှစ်ယောက်သားလက်ချင်းချိတ်ကာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဆော့သကဲ့သို့ လှည့်ရသည်။တီးလုံးသံနှင့်အတူ ညီညီညာညာကကြရသည်။သီချင်းဆုံးသည်နှင့် ဟာသနှော၍ ဖင်ချင်းတိုက်ရသည်။

လက်ခုပ်သံများက စည်ဝေသွားသည်။
ဆုတော်ငွေများလည်း အတော်အသင့်လိုက်ရသည်။

"နောင်ရိုး"

"ဘာလဲ.."

"မင်း...မင်းကိုငါ ညကျတွေ့ချင်တယ်"

"ဟင် ဘာလို့လဲ..."

"မင်းအိမ်ရှေ့ကစောင့်နေ ငါလာခဲ့မယ်နော်...ထပ်မမေးနဲ့..."

ထိန်လင်း ရင်အစုံသည် တဒိတ်ဒိတ်ခုန်တာမို့ စကားများကိုပင် ထိန်းပြောနေရသည်။ကြာရင် ကျွန်တော့်ရင်တွေ ပေါက်ထွက်ကုန်လိမ့်မယ် ထင်တယ်။

"ဟဲ့ နင်တို့နှစ်ယောက် အရမ်းမိုက်တယ် ငါဖြင့် အံ့ဩနေတယ်..."

စင်မြင့်အောက်ရောက်ရောက်ချင်းမှာပင် ဆုလဲ့နှင်း၏ ချီးကျူးစကားသံကို ပထမဦးဆုံးကြားလိုက်ရသည်။

"လေပေါမနေနဲ့ ဒီမှာ ငါ့ကို ကူပြီး ပြန်ဖြုတ်ပေးဦးနေရတာ စိတ်ကျဉ်းကြပ်နေပြီ.."

နောင်ရိုးသည် ဆုလဲ့နှင့်အတူ အခန်းငယ်လေးထဲသို့ ဝင်သွားသည်။တစ်အောင့်ကြာမှ မြင်နေကျပုံစံလေးအတိုင်းပြန်ထွက်လာသည်။

"ငါ ပြန်တော့မယ် နောင်ရိုး..."

"မင်း ဆုလဲ့နဲ့ပြန်မှာမလား...ငါ လိုက်မပို့တော့ဘူးနော်..."

"အင်း.."

"မင်း ငါ့ပြောထားတာ မမေ့နဲ့ဦးနော်..."

ခေါင်းကလေးကို အသာအယာညိတ်ကာ အနားကနေ ထွက်ခွာသွားသည်။ငါ မင်းကို ပြောချင်လွန်းလို့ ရင်ဘတ်ထဲက ပေါက်ထွက်မတတ်ပါပဲ နောင်ရိုးရာ။ညကျရင်တော့ မင်း ငါ့ပြောချင်နေတာကြာပြီဖြစ်တဲ့ စကားတွေကို မင်းစိတ်လိုလက်ရနားထောင်ပေးဖို့ မျှော်လင့်ရတာပဲ။

ထိန်လင်း ကထားသည့်ဝတ်စုံကို ချွတ်မနေတော့ပဲ အိမ်သို့ပြန်လာခဲ့လိုက်သည်။
အိမ်ရောက်သည်နှင့် တရေးတမော အိပ်လိုက်သည်။ သူအိပ်ယာနိုး‌ေတာ့ အချိန်က ငါးနာရီပင် ကျော်နေလေပြီ။ရေမိုးချိုး အဝတ်အစားလဲလိုက်သည်။

"မေမေ"

"သား ခဏနေ ဆုလဲ့တို့အိမ်ဘက်သွားချင်လို့"

"မှောင်ရိပ်တောင်သမ်းနေပြီ သားက ဘာလုပ်သွားမှာလဲ..."

"ရှေ့အပတ်ဆို အတန်းတင်စာမေးပွဲဖြေရတော့မှာလေ...သား နားမလည်တဲ့စာတွေ ရှင်းခိုင်းချင်လို့..."

တကယ်က စာကြောင့် မဟုတ်။နောင်ရိုးဆီ သွားချင်၍သာဖြစ်သည်။မေမေ့ကို လိမ်လို့ ငရဲကျမယ်ဆိုရင် ဟိုကောင်နောင်ရိုးကိုပါ သူအပါ ခေါ်ရမည်ထင်သည်။

"အေးလေ ဒါဆို ထမင်းစားသောက်ပြီးသွားပေါ့ နောက်တော့မကျစေနဲ့‌ေနာ်ဓာတ်မီးယူသွားဖို့လည်း မမေ့နဲ့.."

"ဟုတ် ဟုတ်ကဲ့ မေမေ"

ထိန်လင်းတစ်ယောက် မေမေ့ဆီကခွင့်ပြုချက်ရသွားတာကြောင့် ပျော်ရွှင်သွားသည်။မေမေအလွယ်တကူ လက်ခံသည်ကိုပင် ကျေးဇူးတင်ရမည်။

ထိန်လင်း ထမင်းကို ကြောင်စာလောက်သာ အနည်းငယ်စားပြီး ဟန်ပြလုပ်ရန်ပြင်ဆင်ထားသော စာအုပ်အနည်းငယ်ကို ယူကာ အိမ်မှထွက်လာခဲ့လိုက်သည်။

"နောက်ကျမနေစေနဲ့နော်"ဟူသော မေမေ့၏ တဖွဖွအမှာစကားများကို ခေါင်းကလေးညိတ်ရုံသာ ညိတ်ပြခဲ့ပြီး နောင်ရိုးတို့ အိမ်ကလေးဆီ ထွက်လာခဲ့လိုက်သည်။

နောင်ရိုးတို့အိမ်လေးသည် မှောင်ရိပ်ကြီးစိုးကာ ရေနံဆီမီးခွက်မှ အလင်းရောင်ဖြိုးဖြိုးဖျဖျမှလွဲ၍ တခြားအလင်းရောင် ထွက်ပေါ်မနေပေ။

"နောင်ရိုး နောင်ရိုး..."

အိမ်‌ရှေ့ ခြံအပြင်ဘက်မှရပ်ကာ အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်သည်။ခဏကြာသည်နှင့် အိမ်ထဲမှ လူရိပ်တစ်ခုက လှုပ်ရှားလာသည်။ပြီးနောက် အိမ်ပေါက်ဝလေးဆီမှ တစ်ဆင့် ခြံထဲသို့ တဖြည်းဖြည်း‌ေရွ့လာ‌ေလသည်။မကြာလိုက်‌ေသာအချိန်တွင် နောင်ရိုးသစ်ဆိုသော ကောင်လေး သူ့အနားသို့ရောက်လာလေသည်။

"အသံပြဲကြီးနဲ့ကွာ...ဘာလဲ.."

"မင်းကလည်းကွာ..."

"လာခြံပေါက်ဝမှာရပ်မနေနဲ့ လာဘ်ပိတ်တယ်။ဟိုဘက်နားသွားမယ်..."

နောင်ရိုးတို့အိမ်လေး၏ အရှေ့တောင်အရပ်တွင် ရှိနေသည့် ဇွန်ပန်းရုံကြီးဆီသို့ နှစ်ယောက်သားထွက်လာခဲ့လိုက်သည်။ဇွန်ပန်းရုံကြီး၏ အနားတွင် သစ်တုံးလေးနှစ်တုံးကို ကန့်လန့်အ‌ေနအထားဖြင့်ချထားသည်။ ထိုတုံးလေးပေါ်တွင် နှစ်ယောက်သား အတူတူထိုင်ချလိုက်ကြသည်။

"မင်း ငါ့ကို ပြောမယ်ဆိုတာ ဘာလဲ .."

"ငါ...မင်းကို..."

ပြောမည့်စကားတွေက လည်ချောင်းဝမှ ထွက်မလာပေ။ခြေဖျားလက်ဖျားတွေ အေးစက်ကာ ဘယ်ကနေ ဘယ်လိုစပြောရမည်မသိ။တစ်ခါတ‌ခါ အိမ်ရှေ့မှ ဆိတ်ဖလူးပန်းရနံ့က နှာခေါင်းဝသို့ လာတိုးသည်။

"ငါ မင်းကို ဘာလဲ ဆက်ပြောလဲ မင်းစကားက အရင်းမရှိ အဖျားမရှိနဲ့"

"ငါ မင်းကို အရမ်းခင်တယ်လို့..."

"ဟာကွာ...ဒါလေးပြော‌ဖို့အရေးကို ခုလိုညကြီးမင်းကြီးတောင် လာပြောရသလား...ငါက ဘာများပြောမှာလဲလို့...မင်းနဲ့ငါခင်တာ တစ်ကျောင်းလုံးသိတယ် အေး ပြီးတော့ တစ်ရွာလုံးလည်း သိနေတာပဲကွာ ခုမှ အထူးအဆန်းကွာ..."

"မဟုတ်ဘူးကွာ ငါပြောချင်တာက..."

ထိန်လင်းအောင် စကားစရှာမရဖြစ်နေတာမို့ ခေါင်းကို ခပ်မြန်မြန်ကုတ်လိုက်သည်။ နောင်ရိုးသစ် သေချာစိုက်ကြည့်ကာ မည်သည့်စကားမျှမပြောပဲ နားထောင်နေသည်။

"ငါ မင်းကိုခင်တယ် ဟုတ်တယ် ဒါပေမယ့် ငါမင်းကို တခြားသူတွေနဲ့ ခေါ်တာ ပြောတာမြင်ရင် ငါစိတ်တိုတယ်။ပြီးတော့ မင်းငါ့အနား ရှိနေရင် ငါစိတ်ကအလိုလိုပျော်လာတယ်ကွာ...ဒါက ငါမင်းကိုပိုခင်တွယ်နေတာလား...ဘယ်လိုအမည်ဖော်ရမလဲ မသိဘူးကွာ..."

"...."

နှစ်ယောက်သားကြားတွင် တိတ်ဆိတ်မှုက အပ်ကျသံပင်ကြားရလောက်အောင် ကြီးစိုးသွားသည်။ မှောင်ရိပ်က တဖြည်းဖြည်း သမ်းလာသည်။

"နောင်ရိုး...ငါ မင်းကို သူငယ်ချင်းထက်ပိုပြီးခင်နေမိပြီ ထင်တယ်.."

"ဟင် ဘယ်လိုမျိုးလဲ .."

"ငါလည်း အဲ့တာကို အဓိပ္ပါယ်မဖော်တတ်တာကွာ...ငါထင်တာက သူငယ်ချင်းထက်ပိုပြီး ခင်မင်နေမိတယ်ဆိုတော့ ညီအစ်ကိုလိုမျိုးများလား..."

"အင်း ဖြစ်နိုင်တယ်..."

"ဗုန်း အုံး..."

"အမေ့..."

မထင်မှတ်ပဲ ကြားလိုက်ရသည့် အထိတ်တလန့်အသံကြောင့် နောင်ရိုးသစ် တစ်ကိုယ်လုံးတုန်တက်သွားသည်။ဒီကောင်က သရဲအလွန်ကြောက်တာ။လက်ဖျားလေးများပင် အေးစက်နေတာမို့ အနွေးဓာတ်ရစေရန် နောင်ရိုး၏ လက်ချောင်းဖြူသွယ်သွယ်လေးများကို ဆုပ်ကိုင်ထားလိုက်သည်။

"အုန်းပင်ပေါ်က အုန်းလက်ကြွေကျတာပါကွာ ကြောက်စရာမလိုပါဘူး မင်းအနားမှာ ငါတစ်ယောက်လုံးရှိနေတာပဲဟာ..."

"သားရေ...ဘယ်ရောက်နေတာလဲ"

"အမေ့ခေါ်နေပြီ ငါသွားတော့မယ်..."

"အင်း...နောက်နေ့ မင်းနဲ့ငါ အတူတူစာလုပ်မယ်နော်..နောင်ရိုး"

"အင်း"

အင်း ဟူ၍ ခေါင်းကို တတွင်တွင်ညိတ်ကာ အနားမှ ထွက်သွားတော့သည်။နောင်ရိုး အိမ်ထဲဝင်သွားမှ ထိန်လင်းအောင် တစ်ယောက် လက်နှိပ်ဓာတ်မီးလေးကိုထိုးကာ အိမ်ပြန်လာခဲ့လိုက်တော့သည်။

ဒီနေ့ညတော့ အိမ်မက်တွေ လှပဖို့ထက် အမည်ဖော်မရသော စိတ်ခံစားမှုအချို့ကို
အဖြေပေါ်အောင် စဉ်းစားရတော့မည်ဖြစ်သည်။ညီအစ်ကိုလို သံယောဇဉ်တွယ်နေမှုလား။သူငယ်ချင်းသံယောဇဉ်လား။
ဒါမှမဟုတ်........။

_Updateတင်မယ့်ရက်မဟုတ်ပေမယ့် စောစောကြိုတင်လိုက်လို့ စိတ်မဆိုးကြဘူးမလား။အားလုံးကို ချစ်ပါတယ်ခင်ဗျာ။ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ။

Zawgyi Version—

အမွတ္မထင္ ေတြ႕လိုက္ရသည့္ ေနာင္ရိုး၏ ပုံစံေၾကာင့္ ထိန္လင္း အံ့ဩမွင္တက္ျဖစ္သြားရသည္။ဒီလိုလုပ္ဖို႔ ႀကံစည္ေခ်ာက္တြန္းခဲ့တာ ဆုလဲ့ပဲျဖစ္မည္ဆိုတာ ထိန္လင္းသိပါသည္။

မိန္းမႀကီးဝတ္စုံေလးႏွင့္ လွေနေသာ ေနာင္ရိုး၏ မ်က္ႏွာေလးသည္ မႈန္သုန္သုန္ျဖစ္ကာ ပါးျပင္ေလးမွာ နီရဲေနသည္။မ်က္ႏွာေခ်မႈန႔္ အနီေရာင္မ်ားေၾကာင့္လား ကြၽန္ေတာ္ စလိုက္၍လား မသိေပ။

အခ်ိန္ခဏၾကာေအာင္ ကကြက္မ်ားအေၾကာင္း ေဆြးႏြေးတိုင္ပင္ၿပီးသည္ႏွင့္ အဆင္ေျပသြားေလသည္။ဒီေကာင္က ပြဲႀကိဳက္ခင္ အဲ မဟုတ္ေသးပါဘူး ပြဲႀကိဳက္ေမာင္ဆိုေတာ့ ကကြက္ေတြက အလြတ္ရေနတာ။

ေနာင္ရိုးကိုၾကည့္ကာထိန္လင္းေအာင္ ရင္ေတြ တဒိတ္ဒိတ္ခုန္ေနသည္။ဘိုမ႐ုပ္ေလးတစ္႐ုပ္နယ္ ခ်စ္စရာေကာင္းေနေသာ ေနာင္ရိုးကိုၾကည့္ရင္း အသည္းေတြယားေနမိသည္။

"ကိုႀကီး ထိန္လင္းေအာင္။ဆရာမက ႐ုံးခန္းဘက္ကို ခဏလာခဲ့ပါဦးတဲ့..."

"ဪ ေအးေအး"

အငယ္တန္းမွ ကေလးငယ္ေလးတစ္ေယာက္၏ စကားသံေၾကာင့္ ထိန္လင္း အေတြးေတြ ပ်က္ျပယ္သြားရေလသည်။

"ဒါဆို ငါခဏ သြားလိုက္ဦးမယ္..."

"ငါလည္းလိုက္မယ္"

"ဒါဆို ေနာင္ရိုး...မင္း ဒီမွာပဲေနခဲ့ေနာ္...ငါတို႔ခဏေနျပန္လာခဲ့မယ္"

"ေအး"

ေနာင္ရိုးကိုေျပာခဲ့ၿပီးသည္ႏွင့္ ထိန္လင္းေရာဆုလဲ့ပါ ေက်ာင္း႐ုံးခန္းေလးဆီသို႔ ထြက္လာခဲ့လိုက္သည္။

ဆရာမက မည္သည့္အေၾကာင္းေျပာမလဲဟု ရင္ခုန္ေနရေသာ္လည္း ထင္ထားသည့္အတိုင္းပင္ ကသည့္အခါ လက္တြဲညီညီျဖစ္ဖို႔ ဆြဲေခၚဖို႔၊ဒီေန႕မွျဗဳန္းစားႀကီးေျပာင္းလဲသြားမႈအတြက္ ကပ်ာကယာစီစဥ္လိုက္ရတာမို႔ စိတ္မခုဖို႔ ေျပာသည္။

ဆရာမ မသိလို႔သာပါ။ဒီလို လူေျပာင္းလိုက္သည့္အတြက္ သူက ပိုေတာင္ေပ်ာ္ေနေသးသည္ေလ။ၿပီးေတာ့ ဘိုမ႐ုပ္ေလးတစ္႐ုပ္လို လွပေနတဲ့ ေနာင္ရိုးကို သူ အၾကာႀကီး တစိမ့္စိမ့္ထိုင္ၾကည့္ခ်င္ေသးသည္။

႐ုံးခန္းထဲမွ ျပန္ထြက္လာခဲ့ၿပီး စင္ျမင့္အေနာက္ရွိ အခန္းငယ္ေလးထဲသို႔ ဝင္မည္အျပဳတြင္ အခန္းထဲတြင္ရွက္ေသြးျဖာပန္းႏုေရာင္ပါးျပင္ေလးႏွင့္ ေခါင္းငုံ႕လ်က္စကားေျပာေနေသာ ေနာင္ရိုးႏွင့္ဟိုေကာင္သီဟနိုင္ကို ျမင္လိုက္ရတာမို႔ ေဒါသက ေထာင္းခနဲထလာသည္။

ဘာရယ္ေၾကာင့္မွန္းမသိ ေနာင္ရိုးကို ဟိုေကာင္ႏွင့္မေခၚမေျပာေစခ်င္ပါ။စိတ္ထဲတြင္ အူတိုေနမိသည္။ဒီေကာင့္အေၾကာင္းလည္း ေနာင္ရိုးသိမွာပါေလ။သီဟနိုင္ဆိုတာ သူႀကီးသားပီပီ ေျမာက္ႂကြႂကြနဲ႕ သူတစ္ပါးအေပၚ အၿမဲတမ္း အနိုင္ယူခ်င္ေနတဲ့ေကာင္ေလ။

ေနာင္ရိုးအနားမွ သီဟထြက္သြားေတာ့မွ ထိန္လင္း အခန္းထဲသို႔ ဝင္သြားလိုက္သည္။

"ေနာင္ရိုး"

"ဟင္"

"ဟိုေကာင္ကမင္းကို ဘာေတြလာေဖာေနတာလဲ.."

"ဘာမွမဟုတ္ပါဘူးကြာ ဒီအတိုင္းပဲ ေထြရာေလးပါး ေျပာမိၾက႐ုံပါပဲ..."

အရင္က ျဖစ္ပ်က္ခဲ့တဲ့ ျပႆနာကို ေမ့သြားဟန္ျဖင့္ ေအးေအးေဆးေဆးျပန္ေျပာေနေသာ ေနာင္ရိုးကိုၾကည့္ကာ ထိန္လင္း စိတ္မရွည္နိုင္ေပ။

"ဒီေကာင္က ငါနဲ႕ဆို လိုက္ၿပိဳင္ခ်င္ေနတာေနာ္ ငါနဲ႕ဒီေကာင္က ၾကက္ဦးၾကက္ကင္းဦးကင္းပဲ..."

"မင္းကလည္း ငါကဘာလုပ္ေနလို႔လဲ ဒီအတိုင္းသူစကားေျပာလို႔ ငါကျပန္ေျပာ႐ုံပဲ..."

"ေဟ့ေကာင္ ေနာင္ရိုး မင္း အဲ့ေကာင္အေကြာင်းလည်း သိသားနဲ႕ကြာ သီဟနဲ႕သိပ္မေပါင္းနဲ႕ ငါမႀကိဳက္ဘူး..မင္းကငါ့အပိုင္ပဲ ငါကလြဲၿပီး မင္း ဘယ္သူနဲ႕မွ အေရာတဝင္မေနရဘူး"

"မင္းကလဲကြာ.."

မင္းကို ဘယ္သူနဲ႕မွ မပတ္သတ္ေစခ်င္ဘူး
ငါကလြဲရင္ေပါ့။မင္းသာ သက္မဲ့ အ႐ုပ္ေလးတစ္႐ုပ္သာဆိုရင္ ဘယ္ေလာက္မ်ားေကာင္းလိုက္ေလမလဲ။ဘယ္သူမွမထိရဲ မကိုင္ရဲေအာင္ ငါမင္းကို အပိုင္ဝယ္ထားမိမွာ။

"အခမ္းအနားအစီအစဥ္ဖြင့္လွစ္ေၾကာင္း ေၾကညာအပ္ပါတယ္ရွင္..."

စင္ျမင္ဆီမွ အခမ္းအနားအစီအစဥ္စတင္ဖြင့္လွစ္ေၾကာင္း ေၾကညာသံႏွင့္အတူ လက္ခုပ္ဩဘာသံမ်ားက ေသာင္းေသာင္းျဖျဖထြက္ေပၚလာသည္။
ထိုအသံမ်ားေၾကာင့္ ေနာင္ရိုးႏွင့္လည္း စကားစျပတ္သြားေတာ့သည္။အခမ္းအနားစတင္ၿပီးမၾကာမွီမွာပင္ မူလတန္းမွဆရာမတစ္ဦး၏ အစီအစဥ္မ်ား အစဥ္ေၾကညာသံက အသံခ်ဲ့စက္မွတစ္ဆင့္ အတိုင္းသားၾကားေနရသည္။

ၿပီးေနာက် ေက်ာင္းအုပ္ဆရာႀကီး၏ မိန႔္ခြန္းသံ ထြက္ေပၚလာသည္။မိဘ၊ဆရာ၊ေက်ာင္းသား အားလုံးပူးေပါင္းၾကရန္၊ ပညာေခတ္မို႔ ေလးတန္းငါးေအာင္ ေသစာရွင္စာဖတ္တတ္႐ုံနဲ႕ မရပ္တန႔္ထားၾကဖို႔ စသည္ျဖင့္ေဟာေျပာ၍ နိဂုံးခ်ဳပ္သြားသည္။ထို႔ေနာက္ ေက်း႐ြာထဲမွ႐ြာသူႀကီး ဦးထြန္းေတာက္၏ ေက်းဇူးတင္စကားသံထြက္ေပၚလာသည္။အစီအစဥ္တစ္ခုၿပီးသည္ႏွင့္ဆရာမ၏ ေက်းဇူးတင္စကားမ်ား၊လက္ခုပ္သံေသာင္းေသာင္းဖ်ဖ်မ်ား ထြက္ေပၚလာသည္။

"ဆက္လက္ၿပီး အစီအစဥ္ (၄)အရ အဌမတန္း ေက်ာင္းသားေလးမ်ားျဖစ္တဲ့ ေမာင္ထိန္လင္းေအာင္ႏွင့္ ေမာင္ေနာင္ရိုးသသစ္တို႔မွ ဦးေ႐ႊရိုးေဒၚမိုး သီခ်င္းႏွင့္ ကျပေဖ်ာ္ေျဖေပးသြားမွာ ျဖစ္ပါတယ္ရွင့္...."

ဆရာမ၏ ေၾကညာသံဆုံးသည္ႏွင့္ ထိန္လင္းႏွင့္ေနာင္ရိုးသစ္ပါ စင္ျမင့္၏ ကာလကာ ေနာက္တြင္ ေနရာယူရသည္။
ထိန္လင္းေအာင္ ရင္ခုန္ေနသည္။လူအမ်ားေရွ႕တြင္ ေဖ်ာ္ေျဖရေသာ ခံစားခ်က္က ေလထဲေရာက္ေနသလို ရင္ထဲတြင္ တဒိတ္ဒိတ္ခုန္ေနသည္။

ျမန္မာ့ေက်းလက္၏ အိုးစည္သံ ႏွဲသံခြၽဲခြၽဲေလးႏွင့္အတူ ဦးေ႐ႊရိုးေဒၚမိုးသီခ်င္း၏ တီးလုံးသံႏွင့္အတူ အေရွ႕မွ ကလာကာ အနီေရာင္ႀကီးသည္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။

"ဦးေ႐ႊရိုးလို႔ နာမည္ေက်ာ္တယ္ ခုံးမ်က္စ ဟန္ႏွစ္သြယ္...."

ထိန္လင္းေအာင္ ဟန္ပါပါျဖင့္ ပုဆိုးေလးကို ျမႇောက္လိုက္ ပုသိမ္ထီးေလး ေဝွ႕ရမ္းလွည့္ကာျဖင့္ ကျပရသည္။တစ္ခါတခါ ႏႈတ္ခမ္းေမႊးအတုမ်ား တပ္ထားေသာ ႏႈတ္ခမ္းေလးကို ဘယ္ညာ႐ြဲ႕ကာ ကစားျပရေသးသည္။

"ကိုကိုေ႐ႊရိုးရယ္ ကိုကိုေ႐ႊရိုးရယ္ ၾကင္သူကိုေမွ်ာ္ကာ တစ္ေယာက္မွေပၚမလာ ေစာင့္စားလို႔ေနတာ ေစာင့္စားလို႔ေနတာ ရိုးေပတာ အ,ေပတာ ဖူးစာရွင္လိုခ်င္ပါလွတယ္ အိုးေလ ေလ ေမာင္ရာ ရိုးေပတာ ရိုးေပတာ ဦးေ႐ႊရိုးႀကီးရာ ......ဟုတ္ေပ့.."

သီခ်င္းသံေလးႏွင့္အတူ မိန္းကေလးတစ္ေယာက္ႏွယ္ ကပ္ကာ ထိကပါးရိကပါး ဟန္ျပကေနေသာ ေနာင္ရိုးသစ္ကို ၾကည့္ရင္း ထိန္လင္းစိတ္ေတြက အစိုးမရေပ။သီခ်င္းမဆုံးမီကပင္ ဖက္ထားခ်င္စိတ္ေတြ ေပၚလာရေလသည္။

ဘာျဖစ္လို႔လဲ မိန္းကေလးတစ္ေယာက္လို ေခ်ာေမာလွပေနရတာလဲ ေနာင္ရိုးရာ။
မင္းသာ မိန္းကေလးျဖစ္ရင္ သိပ္ေကာင္းမွာပဲ။

သီခ်င္းဆုံးခါနီးတြင္ ႏွစ္ေယာက္သားလက္ခ်င္းခ်ိတ္ကာ ဝိုင္းႀကီးပတ္ပတ္ဒူေဝေဝေဆာ့သကဲ့သို႔ လွည့္ရသည္။တီးလုံးသံႏွင့္အတူ ညီညီညာညာကၾကရသည္။သီခ်င္းဆုံးသည္ႏွင့္ ဟာသႏွော၍ ဖင္ခ်င္းတိုက္ရသည္။

လက္ခုပ္သံမ်ားက စည္ေဝသြားသည္။
ဆုေတာ္ေငြမ်ားလည္း အေတာ္အသင့္လိုက္ရသည္။

"ေနာင္ရိုး"

"ဘာလဲ.."

"မင္း...မင္းကိုငါ ညက်ေတြ႕ခ်င္တယ္"

"ဟင္ ဘာလို႔လဲ..."

"မင္းအိမ္ေရွ႕ကေစာင့္ေန ငါလာခဲ့မယ္ေနာ္...ထပ္မေမးနဲ႕..."

ထိန္လင္း ရင္အစုံသည္ တဒိတ္ဒိတ္ခုန္တာမို႔ စကားမ်ားကိုပင္ ထိန္းေျပာေနရသည္။ၾကာရင္ ကြၽန္ေတာ့္ရင္ေတြ ေပါက္ထြက္ကုန္လိမ့္မယ္ ထင္တယ္။

"ဟဲ့ နင္တို႔ႏွစ္ေယာက္ အရမ္းမိုက္တယ္ ငါျဖင့္ အံ့ဩေနတယ္..."

စင္ျမင့္ေအာက္ေရာက္ေရာက္ခ်င္းမွာပင္ ဆုလဲ့ႏွင္း၏ ခ်ီးက်ဴးစကားသံကို ပထမဦးဆုံးၾကားလိုက္ရသည္။

"ေလေပါမေနနဲ႕ ဒီမွာ ငါ့ကို ကူၿပီး ျပန္ျဖဳတ္ေပးဦးေနရတာ စိတ္က်ဥ္းၾကပ္ေနၿပီ.."

ေနာင္ရိုးသည္ ဆုလဲ့ႏွင့္အတူ အခန္းငယ္ေလးထဲသို႔ ဝင္သြားသည္။တစ္ေအာင့္ၾကာမွ ျမင္ေနက်ပဳံစံေလးအတိုင္းျပန္ထြက္လာသည္။

"ငါ ျပန္ေတာ့မယ္ ေနာင္ရိုး..."

"မင္း ဆုလဲ့နဲ႕ျပန္မွာမလား...ငါ လိုက္မပို႔ေတာ့ဘူးေနာ္..."

"အင္း.."

"မင္း ငါ့ေျပာထားတာ မေမ့နဲ႕ဦးေနာ္..."

ေခါင္းကေလးကို အသာအယာညိတ္ကာ အနားကေန ထြက္ခြာသြားသည္။ငါ မင္းကို ေျပာခ်င္လြန္းလို႔ ရင္ဘတ္ထဲက ေပါက္ထြက္မတတ္ပါပဲ ေနာင္ရိုးရာ။ညက်ရင္ေတာ့ မင္း ငါ့ေျပာခ်င္ေနတာၾကာၿပီျဖစ္တဲ့ စကားေတြကို မင္းစိတ္လိုလက္ရနားေထာင္ေပးဖို႔ ေမွ်ာ္လင့္ရတာပဲ။

ထိန္လင္း ကထားသည့္ဝတ္စုံကို ခြၽတ္မေနေတာ့ပဲ အိမ္သို႔ျပန္လာခဲ့လိုက္သည္။
အိမ္ေရာက္သည္ႏွင့္ တေရးတေမာ အိပ္လိုက္သည္။ သူအိပ္ယာနိုးေတာ့ အခ်ိန္က ငါးနာရီပင္ ေက်ာ္ေနေလၿပီ။ေရမိုးခ်ိဳး အဝတ္အစားလဲလိုက္သည္။

"ေမေမ"

"သား ခဏေန ဆုလဲ့တို႔အိမ္ဘက္သြားခ်င္လို႔"

"ေမွာင္ရိပ္ေတာင္သမ္းေနၿပီ သားက ဘာလုပ္သြားမွာလဲ..."

"ေရွ႕အပတ္ဆို အတန္းတင္စာေမးပြဲေျဖရေတာ့မွာေလ...သား နားမလည္တဲ့စာေတြ ရွင္းခိုင္းခ်င္လို႔..."

တကယ္က စာေၾကာင့္ မဟုတ္။ေနာင္ရိုးဆီ သြားခ်င္၍သာျဖစ္သည္။ေမေမ့ကို လိမ္လို႔ ငရဲက်မယ္ဆိုရင္ ဟိုေကာင္ေနာင္ရိုးကိုပါ သူအပါ ေခၚရမည္ထင္သည္။

"ေအးေလ ဒါဆို ထမင္းစားေသာက္ၿပီးသြားေပါ့ ေနာက္ေတာ့မက်ေစနဲ႕ေနာ်ဓာတ်မီးယူသွားဖို့လည်း မေမ့နဲ႕.."

"ဟုတ္ ဟုတ္ကဲ့ ေမေမ"

ထိန္လင္းတစ္ေယာက္ ေမေမ့ဆီကခြင့္ျပဳခ်က္ရသြားတာေၾကာင့္ ေပ်ာ္႐ႊင္သြားသည္။ေမေမအလြယ္တကူ လက္ခံသည္ကိုပင္ ေက်းဇူးတင္ရမည္။

ထိန္လင္း ထမင္းကို ေၾကာင္စာေလာက္သာ အနည္းငယ္စားၿပီး ဟန္ျပလုပ္ရန္ျပင္ဆင္ထားေသာ စာအုပ္အနည္းငယ္ကို ယူကာ အိမ္မွထြက္လာခဲ့လိုက္သည္။

"ေနာက္က်မေနေစနဲ႕ေနာ္"ဟူေသာ ေမေမ့၏ တဖြဖြအမွာစကားမ်ားကို ေခါင္းကေလးညိတ္႐ုံသာ ညိတ္ျပခဲ့ၿပီး ေနာင္ရိုးတို႔ အိမ္ကေလးဆီ ထြက္လာခဲ့လိုက္သည္။

ေနာင္ရိုးတို႔အိမ္ေလးသည္ ေမွာင္ရိပ္ႀကီးစိုးကာ ေရနံဆီမီးခြက္မွ အလင္းေရာင္ၿဖိဳးၿဖိဳးဖ်ဖ်မွလြဲ၍ တျခားအလင္းေရာင္ ထြက္ေပၚမေနေပ။

"ေနာင္ရိုး ေနာင္ရိုး..."

အိမ္ေရွ႕ ၿခံအျပင္ဘက္မွရပ္ကာ အသံခပ္အုပ္အုပ္ျဖင့္ ေခၚလိုက္သည္။ခဏၾကာသည္ႏွင့္ အိမ္ထဲမွ လူရိပ္တစ္ခုက လႈပ္ရွားလာသည္။ၿပီးေနာက္ အိမ္ေပါက္ဝေလးဆီမွ တစ္ဆင့္ ၿခံထဲသို႔ တျဖည္းျဖည္းေရွ့လာေလသည်။မကြာလိုက်ေသာအချိန်တွင် ေနာင္ရိုးသစ္ဆိုေသာ ေကာင္ေလး သူ႕အနားသို႔ေရာက္လာေလသည္။

"အသံၿပဲႀကီးနဲ႕ကြာ...ဘာလဲ.."

"မင္းကလည္းကြာ..."

"လာၿခံေပါက္ဝမွာရပ္မေနနဲ႕ လာဘ္ပိတ္တယ္။ဟိုဘက္နားသြားမယ္..."

ေနာင္ရိုးတို႔အိမ္ေလး၏ အေရွ႕ေတာင္အရပ္တြင္ ရွိေနသည့္ ဇြန္ပန္း႐ုံႀကီးဆီသို႔ ႏွစ္ေယာက္သားထြက္လာခဲ့လိုက္သည္။ဇြန္ပန္း႐ုံႀကီး၏ အနားတြင္ သစ္တုံးေလးႏွစ္တုံးကို ကန႔္လန႔္အေနအထားဖြင့်ချထားသည်။ ထိုတုံးေလးေပၚတြင္ ႏွစ္ေယာက္သား အတူတူထိုင္ခ်လိဳက္ၾကသည္။

"မင္း ငါ့ကို ေျပာမယ္ဆိုတာ ဘာလဲ .."

"ငါ...မင္းကို..."

ေျပာမည့္စကားေတြက လည္ေခ်ာင္းဝမွ ထြက္မလာေပ။ေျခဖ်ားလက္ဖ်ားေတြ ေအးစက္ကာ ဘယ္ကေန ဘယ္လိုစေျပာရမည္မသိ။တစ္ခါတခါ အိမ္ေရွ႕မွ ဆိတ္ဖလူးပန္းရနံ႕က ႏွာေခါင္းဝသို႔ လာတိုးသည္။

"ငါ မင္းကို ဘာလဲ ဆက္ေျပာလဲ မင္းစကားက အရင္းမရွိ အဖ်ားမရွိနဲ႕"

"ငါ မင္းကို အရမ္းခင္တယ္လို႔..."

"ဟာကြာ...ဒါေလးေျပာဖို႔အေရးကို ခုလိုညႀကီးမင္းႀကီးေတာင္ လာေျပာရသလား...ငါက ဘာမ်ားေျပာမွာလဲလို႔...မင္းနဲ႕ငါခင္တာ တစ္ေက်ာင္းလုံးသိတယ္ ေအး ၿပီးေတာ့ တစ္႐ြာလုံးလည္း သိေနတာပဲကြာ ခုမွ အထူးအဆန္းကြာ..."

"မဟုတ္ဘူးကြာ ငါေျပာခ်င္တာက..."

ထိန္လင္းေအာင္ စကားစရွာမရျဖစ္ေနတာမို႔ ေခါင္းကို ခပ္ျမန္ျမန္ကုတ္လိုက္သည္။ ေနာင္ရိုးသစ္ ေသခ်ာစိုက္ၾကည့္ကာ မည္သည့္စကားမွ်မေျပာပဲ နားေထာင္ေနသည္။

"ငါ မင္းကိုခင္တယ္ ဟုတ္တယ္ ဒါေပမယ့္ ငါမင္းကို တျခားသူေတြနဲ႕ ေခၚတာ ေျပာတာျမင္ရင္ ငါစိတ္တိုတယ္။ၿပီးေတာ့ မင္းငါ့အနား ရွိေနရင္ ငါစိတ္ကအလိုလိုေပ်ာ္လာတယ္ကြာ...ဒါက ငါမင္းကိုပိုခင္တြယ္ေနတာလား...ဘယ္လိုအမည္ေဖာ္ရမလဲ မသိဘူးကြာ..."

"...."

ႏွစ္ေယာက္သားၾကားတြင္ တိတ္ဆိတ္မႈက အပ္က်သံပင္ၾကားရေလာက္ေအာင္ ႀကီးစိုးသြားသည္။ ေမွာင္ရိပ္က တျဖည္းျဖည္း သမ္းလာသည္။

"ေနာင္ရိုး...ငါ မင္းကို သူငယ္ခ်င္းထက္ပိုၿပီးခင္ေနမိၿပီ ထင္တယ္.."

"ဟင္ ဘယ္လိုမ်ိဳးလဲ .."

"ငါလည္း အဲ့တာကို အဓိပ္ပါယ်မဖော်တတ်တာကွာ...ငါထင္တာက သူငယ္ခ်င္းထက္ပိုၿပီး ခင္မင္ေနမိတယ္ဆိုေတာ့ ညီအစ္ကိုလိုမ်ိဳးမ်ားလား..."

"အင္း ျဖစ္နိုင္တယ္..."

"ဗုန္း အုံး..."

"အေမ့..."

မထင္မွတ္ပဲ ၾကားလိုက္ရသည့္ အထိတ္တလန႔္အသံေၾကာင့္ ေနာင္ရိုးသစ္ တစ္ကိုယ္လုံးတုန္တက္သြားသည္။ဒီေကာင္က သရဲအလြန္ေၾကာက္တာ။လက္ဖ်ားေလးမ်ားပင္ ေအးစက္ေနတာမို႔ အႏြေးဓာတ္ရေစရန္ ေနာင္ရိုး၏ လက္ေခ်ာင္းျဖဴသြယ္သြယ္ေလးမ်ားကို ဆုပ္ကိုင္ထားလိုက္သည္။

"အုန္းပင္ေပၚက အုန္းလက္ေႂကြက်တာပါကြာ ေၾကာက္စရာမလိုပါဘူး မင္းအနားမွာ ငါတစ္ေယာက္လုံးရွိေနတာပဲဟာ..."

"သားေရ...ဘယ္ေရာက္ေနတာလဲ"

"အေမ့ေခၚေနၿပီ ငါသြားေတာ့မယ္..."

"အင္း...ေနာက္ေန႕ မင္းနဲ႕ငါ အတူတူစာလုပ္မယ္ေနာ္..ေနာင္ရိုး"

"အင္း"

အင္း ဟူ၍ ေခါင္းကို တတြင္တြင္ညိတ္ကာ အနားမွ ထြက္သြားေတာ့သည္။ေနာင္ရိုး အိမ္ထဲဝင္သြားမွ ထိန္လင္းေအာင္ တစ္ေယာက္ လက္ႏွိပ္ဓာတ္မီးေလးကိုထိုးကာ အိမ္ျပန္လာခဲ့လိုက္ေတာ့သည္။

ဒီေန႕ညေတာ့ အိမ္မက္ေတြ လွပဖို႔ထက္ အမည္ေဖာ္မရေသာ စိတ္ခံစားမႈအခ်ိဳ႕ကို
အေျဖေပၚေအာင္ စဥ္းစားရေတာ့မည္ျဖစ္သည္။ညီအစ္ကိုလို သံေယာဇဥ္တြယ္ေနမႈလား။သူငယ္ခ်င္းသံေယာဇဥ္လား။
ဒါမွမဟုတ္........။

_Updateတင္မယ့္ရက္မဟုတ္ေပမယ့္ ေစာေစာႀကိဳတင္လိုက္လို႔ စိတ္မဆိုးၾကဘူးမလား။အားလုံးကို ခ်စ္ပါတယ္ခင္ဗ်ာ။က်န္းမာေရးကို အထူးဂ႐ုစိုက္ၾကပါ။



Continue Reading

You'll Also Like

2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
398K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...