Unicode
********နှစ်လကြာပြီးနောက်********
ခေါင်းလောင်းသံဟာ စာမေးပွဲပြီးပြီဆိုတာကိုညွှန်ပြနေ၏။
ဖုန်းရှို့ ချောင်ယွီလက်ထဲမှဘောပင်ကိုယူလိုက်ပြီး သူ့လက်တွေကိုဆုပ်ထွေးလိုက်သည်။ "နောက်တစ်ခါကျရင် ဘာသာတွေရဲ့အချိန်ဇယားပြောင်းလို့ရမလား? မင်း အဲ့အက်ဆေးတွေအားလုံးကိုရေးလိုက်ရင် ငါစိတ်ဖိစီးသလိုခံစားရတယ်ကွာ။ အဓိကအချက်လေးတွေပဲချရေးလိုက်လို့မရဘူးလား? အများကြီးတွေရေးနေဖို့လို,လို့လားကွာ"
ချောင်ယွီက စာရွက်အထပ်လိုက်ကြီးကိုကိုင်ထားပြီး အဖြေတွေနှင့်တွဲနေ၏။ "မင်းရေးလေလေ, ပိုကောင်းလာလေပေါ့, ဒါတွေက အဖြေတိုလေးတွေပဲ။ မှားရေးမိရင် အမှတ်မလျော့ဘူးလေ, မရေးရင်တော့ အမှတ်လျော့တာပေါ့"
ဖုန်းရှို့က ချောင်ယွီလက်ကိုကိုင်ထားပြီး မှုတ်ပေးနေ၏။ ဒီလိုနူးညံ့ချောမွေ့တဲ့လက်သေးသေးလေးတွေက အက်ဆေးတွေ အများကြီးရေးတာကြောင့် အသားမာတောင်တက်နေ၏။ အဲ့ဒါက သူ့ကိုစိတ်မကောင်းဖြစ်စေသည်။ "တနင်္ဂနွေနေ့မှာတောင် ဘာလို့အဲ့လောက်အများကြီးရေးနေရတာလဲ? မင်းအနားယူသင့်တယ်လေ"
ချောင်ယွီက သူ့ကိုလျစ်လျူရှုလိုက်ပြီး အဖြေလွှာလို့သတ်မှတ်ထားတဲ့စာရွက်ပေါ်မှာ စက်ဝိုင်းတွေဆက်ဆွဲနေ၏။
တစ်ဖက်မှာတော့ ဖုန်းရှို့ သူ့ကိုနှောင့်ယှက်နေ၏။ "ငါဒီလေးလလုံးလုံး ယောက်ျားလေးနှစ်ယောက်အတူတူရှိနေတာက ပုံမှန်ပဲဆိုတာလကိခံဖို့အတွက် ကြိုးစားခဲ့တယ်။ ငါ့အဖေကလည်း ကောင်လေးရှာနေတာကို မတားတော့ဘူး"
ချောင်ယွီ သူ့စာရွက်တွေကိုသာကြည့်နေရင်း 'ဟွန်း' ဆိုတဲ့အသံ နှစ်ခါသာပြုလုပ်ခဲ့တယ်။
ဖုန်းရှို့ဆက်ပြော၏။ "နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ သူတို့ကိုသိမ်းသွင်းပြီးတောင်မှ မင်းမှာဘာမှပြောစရာမရှိဘူးပေါ့"
ချောင်ယွီက သူ့အကြည့်တွေကိုတစ်ချက်လေးတောင်မရွှေ့ပဲ ဆက်ရေးနေသည်။ "ဘာပြောရမှာလဲ"
ဖုန်းရှို့ သူ့လက်ထဲကဘောပင်ကိုဆွဲယူလိုက်ပြီး "ချောင်ယွီလေးရယ်, မင်းမွေးနေ့ကမနေ့ကပဲလေ။ ပြီးတော့ ၁၈ နှစ်ပြည့်သွားပြီလေ"
ချောင်ယွီ ချက်ချင်းပင်လန့်သွားရပြီး သူ့အကြည့်တွေဟာရုတ်တရက်အံ့အားသင့်သွားပြီး သူ့ဖင်လေးကိုင်ကာပင့်မလိုက်ပြီး "ဟေး! မင်းဘာလုပ်နေတာတုန်း!"
ဖုန်းရှို့ သူ့ကိုအိပ်ရာပေါ်မှာဖိထားလိုက်ပြီးကိုင်လိုက်သည်။ "ပိတ်ရက်တွေမှာနားဦး။ လူကြီးကစားနည်းတွေ ငါမင်းကိုသင်ပေးပါရစေ"
ချောင်ယွီမျက်နှာတစ်ခုလုံးနီမြန်းလာရပြီး "မလုပ်နဲ့, အရမ်းကိုအရှက်မရှိဘူး"
ဖုန်းရှို့ရယ်လိုက်ပြီး ကောင်ငယ်လေးကိုသူ့အောက်မှာ နှစ်နာရိလောက်ဖိထားလိုက်တယ်။
နောက်ဆုံးမှာတေ့ ချောင်ယွီမောပန်းသွားပြီး ချွေးတွေဖြင့် ဖုန်းရှို့လက်ထဲမှာပွေ့ဖက်ခြင်းခံထားရလိုက်တော့သည်။
ဖုန်းရှို့ သူ့ကိုစောင်ဖြင့်ကာပေးလိုက်ပြီး လည်ပင်းပေါ်မှာချန်ထားခဲ့တဲ့အနီရောင်အမှတ်အသားလေးကိုပွတ်သပ်ရင်း ပျော်ရွှင်ကြည်နူးနေတာ့သည်။ သူသက်ပြင်းချလိုက်ပြီး "ငါမင်းကို ငါ့ရဲ့ကိုယ်ပိုင်လက်နဲ့ထိလိုက်တဲ့အချိန်တိုင်း စိတ်အသက်သာဆုံးပဲ။ ဒီတစ်ကြိမ်လေးပဲ, နောက်တစ်ခါကျရင် မင်းကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးတဲ့နောက်မှပဲ..."
ချောင်ယွီ မူးနောက်နောက်နဲ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ ပြီးတော့ ခေါင်းခါလိုက်သည်။ သူ့လက်တွေဖြင့် ဖုန်းရှို့လည်ပင်းကိုချိတ်ဆွဲလိုက်ပြီး စကားလုံးတစ်လုံးကိုရေရွတ်လိုက်သည်။ "ဖက်ပေး"
~END~
....
တကယ်ကိုပြီးဆုံးသွားခဲ့ပါပြီ။ တောက်လျှောက်ဖတ်ပေးလာကြတဲ့သူတွေကိုရော ၊ အခုမှဖတ်မယ့်သူတွေကိုရော အထူးပင်ကျေးဇူးတင်ရှိပါသည်။
11.01.2021 (Mon)
9:12 PM
•••••
Zawgyi
********နှစ်လကြာပြီးနောက်********
နောက်ဆုံးမှာတေ့ ချောင်ယွီမောပန်းသွားပြီး ချွေးတြွေဖင့် ဖုန်းရှို့လက်ထဲမှာပွေ့ဖက်ခြင်းခံထားရလိုက်တော့သည်။
~END~
....
11.01.2021 (Mon)
9:12 PM