Unicode
ပိတ်ရက်မှာတော့ ချောင်ယွီကအိမ်မှာအိပ်စာလုပ်နေချိန် အိမ်အကူမှအခန်းတံခါးလာခေါက်၏။ "ရှို့ရှို့ မင်းကိုလာရှာနေတဲ့သူရှိတယ်"
ချောင်ယွီက အိမ်အကူနှင့် ဧည့်ခန်းထဲကိုလိုက်သွားခဲ့သည်။
တံခါးပေါက်ဝမှာတော့ အလင်းလာရာမှာပိတ်ရပ်နေတဲ့ပိန်ပိန်သေးသေးပုံစံလေးတစ်ခုကိုတွေ့လိုက်ရသည်။
ဖုန်းရှို့ပင်ဖြစ်သည်။
ချောင်ယွီက ဖုန်းရှို့ကိုအိပ်ခန်းထဲဆွဲခေါ်သွားသည်။
"ဖုန်းရှို့ မင်းရဲ့အဖေကိုလွမ်းလို့လာခဲ့တာလား? မင်းအဖေက ကုမ္ပဏီမှာပဲရှိသေးတယ်"
"အဲ့ဒါချည်းပဲမဟုတ်ဘူး" ဖုန်းရှို့ပြုံး၏။ "ငါ့ကိုငါလွမ်းလို့လေ, ငါ့ကိုယ်ငါတွေ့ချင်လို့လာတာတောင်မရဘူးလား?"
"မင်း မနေ့ကဗီဒီယိုကောခေါ်သေးတယ်မဟုတ်ဘူးလား?" ချောင်ယွီမေး၏။
"ဗီဒီယိုကောလ်ကဘာလို့ခေါ်ရတာလဲ? ငါမြင်ပဲမြင်ရတာလေ။ ထိလို့မှမရတာ.., ငါ့ကိုယ်ငါထိချင်တယ်" ဖုန်းရှို့က ချောင်ယွီရဲ့ခေါင်းထိပ်ကဆံပင်ကို လှမ်းပြိးထိချင်ပေမယ့် မမှီဘူးဖြစ်နေသည်။ သက်ပြင်းချပြီးမေးလိုက်သည်။ "မင်းဘာလို့အရမ်းပုနေရတာလဲ"
ချောင်ယွီအနည်းငယ်ရှက်သွားရပြီး သူ့ဘေးကခုံလေးပေါ်မှာထိုင်ချလိုက်သည်။ "ငါ့အဖွားပြေတာကတော့ ငါ့မိဘတွေကအရပ်မရှည်ကြလို့တဲ့"
ချောင်ယွီရဲ့မိဘတွေက အရင်တုန်းကတည်းကဆုံးသွားပြီဖြစ်သည်။ ဒီအကြောင်းအစချီလိုက်တဲ့ဖုန်းရှို့က အနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။ "အဲဒါ ငါအရမ်းအရပ်ရှည်နေလို့ပဲဖြစ်ရမယ်"
"မဟုတ်ဘူး, ဖုန်းရှို့, ငါအမှန်တိုင်းပြောနေတာ။ အရပ်ရှည်တာကောင်းတယ်။ မိန်းကလေးတွေက အရပ်ရှည်တဲ့သူကိုသဘောကျတယ်"
"တကယ်လား" ဖုန်းရှို့တစ်ခုခုအထာနပ်သွားသည့်ပုံဖြင့် အသံနိမ့်လိုက်ရင်း သူ့ကိုမေးလိုက်သည်။ "ဒါဆို, မင်းရော..မင်းရောအရပ်ရှည်တဲ့သူကိုကြိုက်လား"
ချောင်ယွီက ဖုန်းရှို့ရဲ့တည်နေတဲ့မျက်လုံးတွေကိုကြည့်လိုက်ပြီး မနေ့ညကအိပ်မက်ကိုသတိပြန်ရသွားတော့သည်။ စိတ်ညှို့ခံထားရသလိုပင် သူ့ခေါင်းကိုငြိမ့်လိုက်သည်။
ဖုန်းရှို့အတည်းငယ်စိတ်လှုပ်ရှားသွားရပြီး "ဒါမင်းငါ့ကိုဘယ်လိုတွေးသလဲဆိုတာလား"
"အရမ်း-အရမ်းကောင်းတယ်" ချောင်ယွီပြန်ဖြေ၏။
သူနည်းနည်းလေးထပ်မေးလိုက်ရင် သူကြားချင်သည့်စကားတွေကိုကြားရတော့လိမ့်မယ်လို့ခံစားနေရသည်။ သူ့စိတ်ထဲကပျော်ရွှင်မှုတွေကို ထိန်းချုပ်လိုက်ပြီး မေးလိုက်တယ်။ "ဒီကအကိုကြီးကလာဘို့တောင့်ခံထားဖို့လိုသလဲဆိုတာ မင်းသိလား?"
"ဘာတွေတောင့်ခံနေတာလဲ?"
"ငါဘာကိုတောင့်ခံနေလဲလို့မင်းမေးလိုက်တာလား!" ဖုန်းရှို့စကားလုံးတွေရဲ့အနောက်ကအဓိပ္ပာယ်က ဘာလဲဆိုတာ သေချာရှင်းလင်းနေတာပဲ။
ချောင်ယွီရဲ့မျက်နှာကမြန်မြန်ဆန်ဆန်ပဲနီရဲလာတော့သည်။ သူ့စားပွဲပေါ်ကဘောပင်ကိုယူလိုက်ပြီး စကားလုံးအနည်းငယ်ကို စာရွက်ပေါ်မှာ ချရေးလိုက်သည်။ အရှက်တရားကိစ္စတွေကိုရည်ညွှန်းပြီး သူညင်သာစွာမေးလိုက်သည်။ "ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ငါမင်းကိုကြိုက်လို့လေ!, တခြားဘာရှိရဦးမှာလဲ? ငါမင်းအပေါ်မှာအခွင့်ကောင်းမယူခဲ့ချင်လို့"
ချောင်ယွီရှက်သွားပြီး သူ့မျက်လုံးတွေကိုရုတ်တရက်ကာလိုက်သည်။
သူ့လက်တွေကိုမြဲမြံစွာကာထားတာကြောင့် သူ့မျက်နှာကိုမမြင်ရပေ။ လက်ချောင်းကြားကနေထွက်လာတဲ့အနီရောင်သန်းနေတာကိုသာ သူမြင်နေရသည်။
ထိုသူက သူ့နား,နားကိုကပ်လာပြီး သူ့စကားတွေကိုထပ်ပြော၏။ "ငါမင်းကိုအများကြီးကြိုက်တယ်"
ချက်ချင်းပင် သူ့နှုတ်ခမ်းပါးဟာစိုစွတ်မှုကိုခံစားလိုက်ရသည်။ အနမ်းမှာ နဂါးပျံဟာရေပြင်ကိုရှပ်ထိသွားသကဲ့သို့ဖြစ်ပေမယ့်လည်း ချောင်ယွီကထိုင်ခုံပေါ်ကနေလဲကျသွားသလိုဖြစ်တော့မည်ကိုအံ့ဩသွားရသည်။ အမှောင်ထဲတွင် သူ့ခေါင်းနောက်ဘက်ကနေ အရှေ့သို့တွန်းပို့ခြင်းခံထားရပြီး မကြာခင်မှာပင်နက်ရှိုင်းသောအနမ်းတစ်ခုဖြစ်တည်လာတော့သည်။
သူ့မျက်နှာကြီးကို သူနမ်းရတာကဝန်ထုပ်ဝန်ပိုးကြီးလိုခံစားရမယ်လို့ သူထင်ခဲ့ပေမယ့်လည်း သူနမ်းလိုက်တဲ့အချိန်မှာ ဝိညာဉ်နှစ်ခုကဆက်သွယ်နေလိမ့်မယ်လို့မထင်ခဲ့မိဘူး။
အချိန်တွေရပ်သွားချိန်မှာ လူနှစ်ယောက်ပေါ်ကျရောက်နေတဲ့လိုက်ကာကြားမှနေရောင်ခြည်ဟာ ရွှေရောင်လွှမ်းနေသလိုပင်။
အနမ်းဟာ ၁၀ စက္ကန့်မျှကြာမြင့်သည်။ ချောင်ယွီမျက်လုံးဖွင့်လိုက်ပြီး နေရောင်ခြည်ကိုနေသားကျဖို့အတွက် အကြိမ်အနည်းငယ်လောက်မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဖုန်းရှို့ရယ်လိုက်သည်။ "မင်းငြင်းလိမ့်မယ်လို့ငါထင်ခဲ့တာ, မင်းဘာလို့မငြင်းခဲ့တာလဲ"
ချောင်ယွီဘာစကားမှမပြောချေ။ ဖုန်းရှို့ သူ့နောက်ကိုဆက်လိုက်နေသည်။ "ဘာလို့လဲ? ဘာလို့ငါ့ကိုမပြောပြတာလဲ"
နောက်ဆုံးမှာတော့ ချောင်ယွီရဲ့မျက်နှာတစ်လုံးနီမြန်းလာသည်အထိမေးခွန်းထုတ်ခံလိုက်ရတော့သည်။ အသံတိတ်မှ သူဖြေလိုက်သည်။ "ဘယ်လိုလုပ်ရမလဲ? ငါလည်းမင်းကြိုက်နေတယ်"
ဖုန်းရှို့ ကျေနပ်မှုတွေဖြင့်ပြန်ဖြေလိုက်သည်။ သူစားပွဲပေါ်မှာထိုင်နေပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။ "ဒါဆို အတူတူရှိကြရအောင်လေ"
ချောင်ယွီမျက်မှောင်ကြုံ့၏။ "ငါတို့ခန္ဓာကိုယ်တွေပြန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေမရှာရသေးဘူးနော်, မကြာခင် ကောလိပ်ဝင်ခွင့်စာမေးပွဲစတော့မယ်, မင်း ငါ့အတွက်ဖြေပေးမှာလား"
"သိပံ္ပမေဂျာဆိုရင်တော့ အဆင်ပြေတယ်, ကံမကောင်းစွာနဲ့ မင်းကစာပေအနုပညာပိုင်းဖြစ်နေတော့ ရမ်းဖြေရုံပဲတတ်နိုင်တယ်" ဖုန်းရှို့ တိုက်ရိုက်ပြောချလိုက်သည်။
"ငါ့ဟာငါဖြေချင်တာ, ငါ့အဖွားကိုစိတ်မပျက်စေချင်ဘူး။ ပြီးတော့ ငါ့အဖွားကိုလည်းနည်းနည်းလွမ်းတယ်။ ငါဒီမှာပဲအမြဲတမ်းနေလို့မရဘူးလေ" ချောင်ယွီ သူ့အိတ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး ဖုန်းရှို့ထံဗီဒိယိုအများအပြားပို့လိုက်သည်။
"ဖုန်းရှို့, ဒီဟာတွေက ငါမင်းအဖေကိုတိတ်တိတ်ကလေးခိုးရိုက်ထားတဲ့ဟာတွေပဲ။ ငါမင်းကိုပို့ချင်ခဲ့ပေမယ့်လည်း မင်းအဖေအကြောင်း မပြောချင်လောက်ဘူးထင်လို့မပို့ခဲ့တာ, တကယ်တော့ သူလည်းပဲတော်တော်ပင်ပန်းနေပြီ။ မင်းသာနည်းနည်းလေးပိုပြီး လိမ္မာလိုက်မယ်ဆိုရင် မင်းအဖေလည်း ဒေါသလျော့သွားမှာပါ"
ချောင်ယွီက ဖုန်းရှို့ရဲ့အမူအရာကိုချောင်းကြည့်လိုက်ပြီး ဘာမှပြောင်းလဲမသွားဘူးဆိုတာတွေ့လိုက်ရသည်။ သူထပ်ပြော၏။ "ငါဒီရက်တွေအတွင်းမှာနာနာခံခံပဲနေခဲ့တယ်။ မင်းအဖေကလည်း ငါမလုပ်ချင်တဲ့အလုပ်ကိုလည်းမလုပ်ခိုင်းဘူး"
ပြောပြီးတော့ ဖုန်းရှို့ရဲ့အမုအရာကိုတစ်ချက်ချောင်းကြည့်လိုက်သေးသည်။ ဘာမှမပြောဘဲသေချာနားထောင်နေတာကိုမြင်ရတာတော့ သူအနည်းငယ်စိတ်ကြီးဝင်သွားရပြီး သူပြောလိုက်တာအကျိုးသင့်သည်ဟုခံစားလိုက်ရသည်။ သူဆက်ပြော၏။ "တကယ်တော့ မိဘတွေအားလုံးကဒီလိုပါပဲ, သူတို့တွေက တခြားသူတွေထက်သူတို့သားသမီးကိုပိုတော်စေချင်တာမျိုး, သူများတွေလိုပဲ ပုံမှန်ဘဝကိုဖြတ်သန်းစေချင်တာမျိုးပဲဖြစ်စေချင်တာ, ဥပမာ - လိင်ပိုင်းဆိုင်ရာကိစ္စလိုမျိုးပေါ့, သူတို့ကလေးတွေအနေနဲ့ သူတို့ဘယ်လိုကနေလာသလဲဆိုတာ ငါတို့ပဲနားလည်နိုင်တာလေ"
ချောင်ယွီကနေဒါကိုပြောတော့ ဖုန်းရှို့နှလုံးသားလေးနူးညံ့သွားရသည်။ သူ့ဇနီးလေးက ကြည့်ကောင်းပြီးနာခံတတ်ရုံတင်မကဘူး, သိမြင်နားလည်နိုင်စွမ်းလည်းရှိတယ်။
သူ ချောင်ယွီခေါင်းကိုပုတ်လိုက်ပြီး နူးညံ့စွာပြော၏။ "မုန်လာဥခေါင်းလေးရယ်.., ငါ့အရှေ့မှာလူကြီးတစ်ယောက်လိုလုပ်နေရအောင် မင်းအသက်ကဘယ်လောက်ရှိသေးလို့တုန်း"
ချောင်ယွီမတ်တတ်ရပ်လိုက်သည်။ "ငါအခု-ငါအခု မင်းထက်အရပ်ရှည်သွားပြီလေ"
ဖုန်းရှို့ပြောသည်။ "မင်း ငါ့ခန္ဓာကိုယ်ထဲမှာရှိနေလို့မဟုတ်ဘူးလား"
ချောင်ယွီ သူ့ကိုလက်ညှိုးထိုးလိုက်ပြီး "ငါဂရုမစိုက်ဘူး! မင်း ငါ့စကားကိုနားထောင်ရမယ်!"
ဖုန်းရှို့ ပြုံးလိုက်ပြီး သူ့ခါးလေးကိုဖက်လိုက်သည်။ "ငါတို့ခန္ဓာကိုယ်တွေပြန်ရတဲ့အထိစောင့်နေလိုက်, အဲ့အချိန်ကျရင် မင်းငါ့စကားကိုနားထောင်ရလိမ့်မယ်!"
သူ့စကားကိုအတည်မယူဘူးလို့ထင်လိုက်တာကြောင့် ချောင်ယွီစိတ်ပျက်လက်ပျက်နဲ့သာထိုင်ချလိုက်တော့သည်။ "ဖုန်းရှို့ ငါအတည်ပြောနေတာနော်"
ဖုန်းရှို့ခေါင်းငြိမ့်၏။ "ငါသိပါတယ်, ဒီနေ့အဖြေရှာရအောင်, အချိန်မဖြုန်းတော့ဘူး"
"ဟုတ်ပြီ!"
ထို့နောက် ဖုန်းရှို့ပြော၏။ "အခု ငါ့အဖေကိုဒီခန္ဓာကိုယ်နဲ့မပြောနိုင်ဘူး။ အလုပ်အရမ်းကြိုးစားနေဖို့မလိုဘူး, ပိုက်ဆံအများကြီးဝင်နေဖို့လည်းမလိုဘူး, သုံးဖို့လုံလောက်ရင်ရပြီလို့ ငါ့အဖေကိုကူပြောပေးပါလား? သူ့အရေးမပါတဲ့အလုပ်တွေကိုခွဲပေးဖို့, အရမ်းဈေးကြီးတဲ့အဝတ်မစားတွေမဝယ်ဖို့, သက်တောင့်သက်သာရှိတဲ့အဝတ်တွေရပြီဆိုတာ ပြောပေးပါလား။ အရင်တုန်းက သူ့သားက တခြားသခင်လေးတွေကအနားမှာပဲဝန်းရံနေပြီး သူ့အပေါ်ဘံအမြင်တွေပဲအရမ်းဂရုစိုက်နေခဲ့ရတယ်။ အခုတော့ သွေးနဲ့ချွေးနဲ့ရင်းပြီး အလုပ်ကြိုးစားရတာကအရေးကြီးမှန်းသိပါပြီလို့, သူ့သားအလုပ်ကြိုးစားပြီး သူ့ကိုမသိမ်ငယ်စေရပါဘူးလို့ပြောပေးပါ"
ချောင်ယွီ အာရုံစိုက်ပြီး ဆိတ်ငြိမ်စွာနဲ့သူ့စကားလုံးတွေကိုမှတ်နေ၏။ စာရိုက်မှတ်ဖို့ရန်အတွက် ဖုန်းကိုတောင်ဆွဲထုတ်လိုက်သေးသည်။ "မင်းထပ်ပြောပေးပါလား, ငါဒီအပိုင်းလေးမေ့သွားလို့"
ဖုန်းရှို့ရယ်လိုက်ပြီး သူ့ခေါင်းကိုပုတ်လိုက်သည်။ "ညံ့လိုက်တာ! ငါ့ကိုယ်စားငါ့အဖေကိုကောင်းကောင်းစောင့်ရှောက်ပေးပါ။ သုံး လေးနှစ်အတွင်းမှာ မင်းသူ့ကိုအဖေလို့ခေါ်ရတော့မယ်"
.....
ဒီဟာပိုအပြီးဖြတ်ချင်လို့ မြန်မြန်ရေးနေတာ။ နှစ်ပိုင်းလိုသေးတယ်။ ညဘက်ရေးလို့ပြီးရင် တင်ပေးမယ်နော်။ တင်ပေးချင်လို့ရေးနေတာ ထမင်းတောင်မစားရသေးဘူး ><
•••••
Zawgyi
ပိတ္ရက္မွာေတာ့ ေခ်ာင္ယြီကအိမ္မွာအိပ္စာလုပ္ေနခ်ိန္ အိမ္အကူမွအခန္းတံခါးလာေခါက္၏။ "ရိႈ႔ရိႈ႔ မင္းကိုလာရွာေနတဲ့သူရိွတယ္"
ေခ်ာင္ယြီက အိမ္အကူႏွင့္ ဧၫ့္ခန္းထဲကိုလိုက္သြားခဲ့သည္။
တံခါးေပါက္ဝမွာေတာ့ အလင္းလာရာမွာပိတ္ရပ္ေနတဲ့ပိန္ပိန္ေသးေသးပံုစံေလးတစ္ခုကိုေတြ့လိုက္ရသည္။
ဖုန္းရိႈ႔ပင္ျဖစ္သည္။
ေခ်ာင္ယြီက ဖုန္းရိႈ႔ကိုအိပ္ခန္းထဲဆြဲေခၚသြားသည္။
"ဖုန္းရိႈ႔ မင္းရဲ့အေဖကိုလြမ္းလို႔လာခဲ့တာလား? မင္းအေဖက ကုမၸဏီမွာပဲရိွေသးတယ္"
"အဲ့ဒါခ်ည္းပဲမဟုတ္ဘူး" ဖုန္းရိႈ႔ၿပံဳး၏။ "ငါ့ကိုငါလြမ္းလို႔ေလ, ငါ့ကိုယ္ငါေတြ့ခ်င္လို႔လာတာေတာင္မရဘူးလား?"
"မင္း မေန့ကဗီဒီယိုေကာေခၚေသးတယ္မဟုတ္ဘူးလား?" ေခ်ာင္ယြီေမး၏။
"ဗီဒီယိုေကာလ္ကဘာလို႔ေခၚရတာလဲ? ငါျမင္ပဲျမင္ရတာေလ။ ထိလို႔မွမရတာ.., ငါ့ကိုယ္ငါထိခ်င္တယ္" ဖုန္းရိႈ႔က ေခ်ာင္ယြီရဲ့ေခါင္းထိပ္ကဆံပင္ကို လွမ္းၿပိးထိခ်င္ေပမယ့္ မမွီဘူးျဖစ္ေနသည္။ သက္ျပင္းခ်ၿပီးေမးလိုက္သည္။ "မင္းဘာလို႔အရမ္းပုေနရတာလဲ"
ေခ်ာင္ယြီအနည္းငယ္ရွက္သြားရၿပီး သူ႔ေဘးကခံုေလးေပၚမွာထိုင္ခ်လိုက္သည္။ "ငါ့အဖြားေျပတာကေတာ့ ငါ့မိဘေတြကအရပ္မရွည္ၾကလို႔တဲ့"
ေခ်ာင္ယြီရဲ့မိဘေတြက အရင္တုန္းကတည္းကဆံုးသြားၿပီျဖစ္သည္။ ဒီအေၾကာင္းအစခ်ီလိုက္တဲ့ဖုန္းရိႈ႔က အနည္းငယ္စိတ္မေကာင္းျဖစ္သြားရသည္။ "အဲဒါ ငါအရမ္းအရပ္ရွည္ေနလို႔ပဲျဖစ္ရမယ္"
"မဟုတ္ဘူး, ဖုန္းရိႈ႔, ငါအမွန္တိုင္းေျပာေနတာ။ အရပ္ရွည္တာေကာင္းတယ္။ မိန္းကေလးေတြက အရပ္ရွည္တဲ့သူကိုသေဘာက်တယ္"
"တကယ္လား" ဖုန္းရိႈ႔တစ္ခုခုအထာနပ္သြားသၫ့္ပံုျဖင့္ အသံနိမ့္လိုက္ရင္း သူ႔ကိုေမးလိုက္သည္။ "ဒါဆို, မင္းေရာ..မင္းေရာအရပ္ရွည္တဲ့သူကိုႀကိဳက္လား"
ေခ်ာင္ယြီက ဖုန္းရိႈ႔ရဲ့တည္ေနတဲ့မ်က္လံုးေတြကိုၾကၫ့္လိုက္ၿပီး မေန့ညကအိပ္မက္ကိုသတိျပန္ရသြားေတာ့သည္။ စိတ္ၫွို႔ခံထားရသလိုပင္ သူ႔ေခါင္းကိုၿငိမ့္လိုက္သည္။
ဖုန္းရိႈ႔အတည္းငယ္စိတ္လႈပ္ရွားသြားရၿပီး "ဒါမင္းငါ့ကိုဘယ္လိုေတြးသလဲဆိုတာလား"
"အရမ္း-အရမ္းေကာင္းတယ္" ေခ်ာင္ယြီျပန္ေျဖ၏။
သူနည္းနည္းေလးထပ္ေမးလိုက္ရင္ သူၾကားခ်င္သၫ့္စကားေတြကိုၾကားရေတာ့လိမ့္မယ္လို႔ခံစားေနရသည္။ သူ႔စိတ္ထဲကေပ်ာ္ရႊင္မႈေတြကို ထိန္းခ်ဳပ္လိုက္ၿပီး ေမးလိုက္တယ္။ "ဒီကအကိုႀကီးကလာဘို႔ေတာင့္ခံထားဖို႔လိုသလဲဆိုတာ မင္းသိလား?"
"ဘာေတြေတာင့္ခံေနတာလဲ?"
"ငါဘာကိုေတာင့္ခံေနလဲလို႔မင္းေမးလိုက္တာလား!" ဖုန္းရိႈ႔စကားလံုးေတြရဲ့အေနာက္ကအဓိပၸာယ္က ဘာလဲဆိုတာ ေသခ်ာရွင္းလင္းေနတာပဲ။
ေခ်ာင္ယြီရဲ့မ်က္ႏွာကျမန္ျမန္ဆန္ဆန္ပဲနီရဲလာေတာ့သည္။ သူ႔စားပြဲေပၚကေဘာပင္ကိုယူလိုက္ၿပီး စကားလံုးအနည္းငယ္ကို စာရြက္ေပၚမွာ ခ်ေရးလိုက္သည္။ အရွက္တရားကိစၥေတြကိုရည္ၫႊန္းၿပီး သူညင္သာစြာေမးလိုက္သည္။ "ဘာလို႔လဲ"
"ဘာလို႔လဲဆိုေတာ့ ငါမင္းကိုႀကိဳက္လို႔ေလ!, တျခားဘာရိွရဦးမွာလဲ? ငါမင္းအေပၚမွာအခြင့္ေကာင္းမယူခဲ့ခ်င္လို႔"
ေခ်ာင္ယြီရွက္သြားၿပီး သူ႔မ်က္လံုးေတြကိုရုတ္တရက္ကာလိုက္သည္။
သူ႔လက္ေတြကိုၿမဲျမံစြာကာထားတာေၾကာင့္ သူ႔မ်က္ႏွာကိုမျမင္ရေပ။ လက္ေခ်ာင္းၾကားကေနထြက္လာတဲ့အနီေရာင္သန္းေနတာကိုသာ သူျမင္ေနရသည္။
ထိုသူက သူ႔နား,နားကိုကပ္လာၿပီး သူ႔စကားေတြကိုထပ္ေျပာ၏။ "ငါမင္းကိုအမ်ားႀကီးႀကိဳက္တယ္"
ခ်က္ခ်င္းပင္ သူ႔ႏႈတ္ခမ္းပါးဟာစိုစြတ္မႈကိုခံစားလိုက္ရသည္။ အနမ္းမွာ နဂါးပ်ံဟာေရျပင္ကိုရွပ္ထိသြားသကဲ့သို႔ျဖစ္ေပမယ့္လည္း ေခ်ာင္ယြီကထိုင္ခံုေပၚကေနလဲက်သြားသလိုျဖစ္ေတာ့မည္ကိုအံ့ဩသြားရသည္။ အေမွာင္ထဲတြင္ သူ႔ေခါင္းေနာက္ဘက္ကေန အေရ႔ွသို႔တြန္းပို႔ျခင္းခံထားရၿပီး မၾကာခင္မွာပင္နက္ရိႈင္းေသာအနမ္းတစ္ခုျဖစ္တည္လာေတာ့သည္။
သူ႔မ်က္ႏွာႀကီးကို သူနမ္းရတာကဝန္ထုပ္ဝန္ပိုးႀကီးလိုခံစားရမယ္လို႔ သူထင္ခဲ့ေပမယ့္လည္း သူနမ္းလိုက္တဲ့အခ်ိန္မွာ ဝိညာဉ္ႏွစ္ခုကဆက္သြယ္ေနလိမ့္မယ္လို႔မထင္ခဲ့မိဘူး။
အခ်ိန္ေတြရပ္သြားခ်ိန္မွာ လူႏွစ္ေယာက္ေပၚက်ေရာက္ေနတဲ့လိုက္ကာၾကားမွေနေရာင္ျခည္ဟာ ေရႊေရာင္လႊမ္းေနသလိုပင္။
အနမ္းဟာ ၁၀ စကၠန႔္မ်ွၾကာျမင့္သည္။ ေခ်ာင္ယြီမ်က္လံုးဖြင့္လိုက္ၿပီး ေနေရာင္ျခည္ကိုေနသားက်ဖို႔အတြက္ အႀကိမ္အနည္းငယ္ေလာက္မ်က္လံုးပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။
ဖုန္းရိႈ႔ရယ္လိုက္သည္။ "မင္းျငင္းလိမ့္မယ္လို႔ငါထင္ခဲ့တာ, မင္းဘာလို႔မျငင္းခဲ့တာလဲ"
ေခ်ာင္ယြီဘာစကားမွမေျပာေခ်။ ဖုန္းရိႈ႔ သူ႔ေနာက္ကိုဆက္လိုက္ေနသည္။ "ဘာလို႔လဲ? ဘာလို႔ငါ့ကိုမေျပာျပတာလဲ"
ေနာက္ဆံုးမွာေတာ့ ေခ်ာင္ယြီရဲ့မ်က္ႏွာတစ္လံုးနီျမန္းလာသည္အထိေမးခြန္းထုတ္ခံလိုက္ရေတာ့သည္။ အသံတိတ္မွ သူေျဖလိုက္သည္။ "ဘယ္လိုလုပ္ရမလဲ? ငါလည္းမင္းႀကိဳက္ေနတယ္"
ဖုန္းရိႈ႔ ေက်နပ္မႈေတျြဖင့္ျပန္ေျဖလိုက္သည္။ သူစားပြဲေပၚမွာထိုင္ေနၿပီး သူ႔ကိုငံု႔ၾကၫ့္လိုက္သည္။ "ဒါဆို အတူတူရိွၾကရေအာင္ေလ"
ေခ်ာင္ယြီမ်က္ေမွာင္ႀကံဳ႔၏။ "ငါတို႔ခႏၶာကိုယ္ေတျြပန္ရေအာင္ဘယ္လိုလုပ္ရမလဲဆိုတာ အေျဖမရွာရေသးဘူးေနာ္, မၾကာခင္ ေကာလိပ္ဝင္ခြင့္စာေမးပြဲစေတာ့မယ္, မင္း ငါ့အတြက္ေျဖေပးမွာလား"
"သိပံၸေမဂ်ာဆိုရင္ေတာ့ အဆင္ေျပတယ္, ကံမေကာင္းစြာနဲ႔ မင္းကစာေပအႏုပညာပိုင္းျဖစ္ေနေတာ့ ရမ္းေျဖရံုပဲတတ္ႏိုင္တယ္" ဖုန္းရိႈ႔ တိုက္ရိုက္ေျပာခ်လိုက္သည္။
"ငါ့ဟာငါေျဖခ်င္တာ, ငါ့အဖြားကိုစိတ္မပ်က္ေစခ်င္ဘူး။ ၿပီးေတာ့ ငါ့အဖြားကိုလည္းနည္းနည္းလြမ္းတယ္။ ငါဒီမွာပဲအၿမဲတမ္းေနလို႔မရဘူးေလ" ေခ်ာင္ယြီ သူ႔အိတ္ထဲမွဖုန္းကိုထုတ္လိုက္ၿပီး ဖုန္းရိႈ႔ထံဗီဒိယိုအမ်ားအျပားပို႔လိုက္သည္။
"ဖုန္းရိႈ႔, ဒီဟာေတြက ငါမင္းအေဖကိုတိတ္တိတ္ကေလးခိုးရိုက္ထားတဲ့ဟာေတြပဲ။ ငါမင္းကိုပို႔ခ်င္ခဲ့ေပမယ့္လည္း မင္းအေဖအေၾကာင္း မေျပာခ်င္ေလာက္ဘူးထင္လို႔မပို႔ခဲ့တာ, တကယ္ေတာ့ သူလည္းပဲေတာ္ေတာ္ပင္ပန္းေနၿပီ။ မင္းသာနည္းနည္းေလးပိုၿပီး လိမၼာလိုက္မယ္ဆိုရင္ မင္းအေဖလည္း ေဒါသေလ်ာ့သြားမွာပါ"
ေခ်ာင္ယြီက ဖုန္းရိႈ႔ရဲ့အမူအရာကိုေခ်ာင္းၾကၫ့္လိုက္ၿပီး ဘာမွေျပာင္းလဲမသြားဘူးဆိုတာေတြ့လိုက္ရသည္။ သူထပ္ေျပာ၏။ "ငါဒီရက္ေတြအတြင္းမွာနာနာခံခံပဲေနခဲ့တယ္။ မင္းအေဖကလည္း ငါမလုပ္ခ်င္တဲ့အလုပ္ကိုလည္းမလုပ္ခိုင္းဘူး"
ေျပာၿပီးေတာ့ ဖုန္းရိႈ႔ရဲ့အမုအရာကိုတစ္ခ်က္ေခ်ာင္းၾကၫ့္လိုက္ေသးသည္။ ဘာမွမေျပာဘဲေသခ်ာနားေထာင္ေနတာကိုျမင္ရတာေတာ့ သူအနည္းငယ္စိတ္ႀကီးဝင္သြားရၿပီး သူေျပာလိုက္တာအက်ိဳးသင့္သည္ဟုခံစားလိုက္ရသည္။ သူဆက္ေျပာ၏။ "တကယ္ေတာ့ မိဘေတြအားလံုးကဒီလိုပါပဲ, သူတို႔ေတြက တျခားသူေတြထက္သူတို႔သားသမီးကိုပိုေတာ္ေစခ်င္တာမ်ိဳး, သူမ်ားေတြလိုပဲ ပံုမွန္ဘဝကိုျဖတ္သန္းေစခ်င္တာမ်ိဳးပဲျဖစ္ေစခ်င္တာ, ဥပမာ - လိင္ပိုင္းဆိုင္ရာကိစၥလိုမ်ိဳးေပါ့, သူတို႔ကေလးေတြအေနနဲ႔ သူတို႔ဘယ္လိုကေနလာသလဲဆိုတာ ငါတို႔ပဲနားလည္ႏိုင္တာေလ"
ေခ်ာင္ယြီကေနဒါကိုေျပာေတာ့ ဖုန္းရိႈ႔ႏွလံုးသားေလးႏူးညံ့သြားရသည္။ သူ႔ဇနီးေလးက ၾကၫ့္ေကာင္းၿပီးနာခံတတ္ရံုတင္မကဘူး, သိျမင္နားလည္ႏိုင္စြမ္းလည္းရိွတယ္။
သူ ေခ်ာင္ယြီေခါင္းကိုပုတ္လိုက္ၿပီး ႏူးညံ့စြာေျပာ၏။ "မုန္လာဥေခါင္းေလးရယ္.., ငါ့အေရ႔ွမွာလူႀကီးတစ္ေယာက္လိုလုပ္ေနရေအာင္ မင္းအသက္ကဘယ္ေလာက္ရိွေသးလို႔တုန္း"
ေခ်ာင္ယြီမတ္တတ္ရပ္လိုက္သည္။ "ငါအခု-ငါအခု မင္းထက္အရပ္ရွည္သြားၿပီေလ"
ဖုန္းရိႈ႔ေျပာသည္။ "မင္း ငါ့ခႏၶာကိုယ္ထဲမွာရိွေနလို႔မဟုတ္ဘူးလား"
ေခ်ာင္ယြီ သူ႔ကိုလက္ၫွိုးထိုးလိုက္ၿပီး "ငါဂရုမစိုက္ဘူး! မင္း ငါ့စကားကိုနားေထာင္ရမယ္!"
ဖုန္းရိႈ႔ ၿပံဳးလိုက္ၿပီး သူ႔ခါးေလးကိုဖက္လိုက္သည္။ "ငါတို႔ခႏၶာကိုယ္ေတျြပန္ရတဲ့အထိေစာင့္ေနလိုက္, အဲ့အခ်ိန္က်ရင္ မင္းငါ့စကားကိုနားေထာင္ရလိမ့္မယ္!"
သူ႔စကားကိုအတည္မယူဘူးလို႔ထင္လိုက္တာေၾကာင့္ ေခ်ာင္ယြီစိတ္ပ်က္လက္ပ်က္နဲ႔သာထိုင္ခ်လိုက္ေတာ့သည္။ "ဖုန္းရိႈ႔ ငါအတည္ေျပာေနတာေနာ္"
ဖုန္းရိႈ႔ေခါင္းၿငိမ့္၏။ "ငါသိပါတယ္, ဒီေန့အေျဖရွာရေအာင္, အခ်ိန္မျဖဳန္းေတာ့ဘူး"
"ဟုတ္ၿပီ!"
ထို႔ေနာက္ ဖုန္းရိႈ႔ေျပာ၏။ "အခု ငါ့အေဖကိုဒီခႏၶာကိုယ္နဲ႔မေျပာႏိုင္ဘူး။ အလုပ္အရမ္းႀကိဳးစားေနဖို႔မလိုဘူး, ပိုက္ဆံအမ်ားႀကီးဝင္ေနဖို႔လည္းမလိုဘူး, သံုးဖို႔လံုေလာက္ရင္ရၿပီလို႔ ငါ့အေဖကိုကူေျပာေပးပါလား? သူ႔အေရးမပါတဲ့အလုပ္ေတြကိုခြဲေပးဖို႔, အရမ္းေဈးႀကီးတဲ့အဝတ္မစားေတြမဝယ္ဖို႔, သက္ေတာင့္သက္သာရိွတဲ့အဝတ္ေတြရၿပီဆိုတာ ေျပာေပးပါလား။ အရင္တုန္းက သူ႔သားက တျခားသခင္ေလးေတြကအနားမွာပဲဝန္းရံေနၿပီး သူ႔အေပၚဘံအျမင္ေတြပဲအရမ္းဂရုစိုက္ေနခဲ့ရတယ္။ အခုေတာ့ ေသြးနဲ႔ေခြၽးနဲ႔ရင္းၿပီး အလုပ္ႀကိဳးစားရတာကအေရးႀကီးမွန္းသိပါၿပီလို႔, သူ႔သားအလုပ္ႀကိဳးစားၿပီး သူ႔ကိုမသိမ္ငယ္ေစရပါဘူးလို႔ေျပာေပးပါ"
ေခ်ာင္ယြီ အာရံုစိုက္ၿပီး ဆိတ္ၿငိမ္စြာနဲ႔သူ႔စကားလံုးေတြကိုမွတ္ေန၏။ စာရိုက္မွတ္ဖို႔ရန္အတြက္ ဖုန္းကိုေတာင္ဆြဲထုတ္လိုက္ေသးသည္။ "မင္းထပ္ေျပာေပးပါလား, ငါဒီအပိုင္းေလးေမ့သြားလို႔"
ဖုန္းရိႈ႔ရယ္လိုက္ၿပီး သူ႔ေခါင္းကိုပုတ္လိုက္သည္။ "ညံ့လိုက္တာ! ငါ့ကိုယ္စားငါ့အေဖကိုေကာင္းေကာင္းေစာင့္ေရွာက္ေပးပါ။ သံုး ေလးႏွစ္အတြင္းမွာ မင္းသူ႔ကိုအေဖလို႔ေခၚရေတာ့မယ္"
.....
ဒီဟာပိုအၿပီးျဖတ္ခ်င္လို႔ ျမန္ျမန္ေရးေနတာ။ ႏွစ္ပိုင္းလိုေသးတယ္။ ညဘက္ေရးလို႔ၿပီးရင္ တင္ေပးမယ္ေနာ္။ တင္ေပးခ်င္လို႔ေရးေနတာ ထမင္းေတာင္မစားရေသးဘူး ><