Days of Counting Camellia (Hi...

By All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... More

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[13] The Deadly Simulation

5K 429 47
By All-shine

Check Zawgyi version below ⬇️

#Unicode

နားရွက်ဖြားတွင် ရုတ်တရက်ခံစားလိုက်ရသော အေးစက်စက်အထိအတွေ့ကြောင့် မျက်လုံးကိုဖြတ်ခနဲဖွင့်ကြည့်လိုက်တော့ Afa အား ငုံ့မိုးကြည့်နေသော မျက်ဝန်းနက်‌တို့နှင့်ထိတ်တိုက်တွေ့သည် ။
Afa သည်ညက ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပုံပြင်စာအုပ်ကိုဖတ်နေရင်း သတိမထားမိပဲအိပ်ပျော်သွားခဲ့တာဖြစ်သည် ။
ယခု ကျွန်မလေးသည် သလွန်ဘေးသားမွှေးကောဇောပေါ်၌ ကုပ်ကွေးကာလှဲလျောင်းလျက်သား ။

Afa ဘယ်နေရာမှာအိပ်သလဲက အရေးမဟုတ်ပါ ။ ပြဿနာမှာ အရှင်သခင်၏ ခွင့်ပြုချက်မပါပဲ အိပ်စက်မိခြင်းဖြစ်လေသည် ။

' ခွင့်ပြုမှအိပ် ၊ ခွင့်ပြုမှစား ' တဲ့ ။
ဒါဟာ အရှင့်ရဲ့အိပ်ဆောင်မှာခစားရတဲ့ကျွန်ငယ်အတွက် တစ်ခုတည်းသောစည်းမျဉ်းပဲဖြစ်၏ ။
သူ၏အမိန့်မပါပဲ ကိုယ့်သဘောနဲ့ကိုယ်ဘာမှလုပ်ခွင့်မရှိ ။
အိပ်ဆောင်စောင့် အစေခံယောင်္ကျား၏မှာကြားချက်များကို ပြန်လည်ကြားယောင်မိသည် ။

ကျွန်မလေးသည် သေချာသိနေခဲ့သည် ။
သခင်ဖြစ်သူသည် သူမကိုအပြစ်တွေပေးတော့မည် ။

သို့သော် . . .

သူ၏တန်ဖိုးထားရပါသောပုံပြင်စာအုပ်ကိုပင် ခေါင်းအုံးကာ ကျကျနနလှဲလျောင်းနေသော Afa အား သူသည်အနားမှာငြိမ်သက်စွာထိုင်ကြည့်နေလေသည် ။
သူ့ရဲ့လက်ချောင်းများက Afa ရဲ့နားရွက်ဖြားကို ခပ်ဖွဖွလေးဖိကိုင်ထား၏ ။
နက်မှောင်သောအကြည့်တွေထဲ ဆန်းဆန်းပြားပြားအရာတွေကိန်းဝတ်နေသဖြင့် စူးစမ်းမိတဲ့ကျွန်ငယ်သည် အကြည့်မလွှဲနိုင် ။
ထိုအခိုက်တန့်လေးတွင် အရာရာဟာနှေးကွေးသွားသလို ၊ သူ့ရဲ့အသေးစိတ်ကိုကအစ Afa မြင်နိုင်သည် ။
ရုတ်တရက်အကြည့်ချင်း‌တိုက်ဆိုင်သွားချိန် ပြူးကျယ်သွားသောမျက်ဆံနက်ကြီးများ ၊ ပွင့်ဟသွားတဲ့နှုတ်ခမ်းလွှာ ၊ လျှို့ဝှက်ချက်တွေကို အချိန်မှီပုတ်ခတ်ကာကောက်သိမ်းလိုက်တဲ့ မျက်တောင်ရှည်တို့ . . . ။

Ash : " . . .သခင်ရှေ့မှာ သက်တောင့်သက်သာလှဲနေရဲတယ်‌ပေါ့လေ အရိုအသေတန်လိုက်တာ . . . "

Afa အား သူအော်ငေါက်တော့သည် ။
တစ်စက္ကန့်အခိုက်တန့်လေးကျော်လွန်သော် ရီဝေတဲ့မျက်ဝန်းတို့သည် ရုတ်ချည်း‌ဗြောင်းပြန်ဖြစ်သွား၏ ။
နတ်သားပမာလှပသောမျက်နှာလေးသည် ပြောင်းလဲသွားသောအမူအရာကြောင့် ဒေါသကြီးတဲ့နတ်ဆိုးတစ်ကောင်ပြန်ဖြစ်သွားပြီ ။
မျက်မှောင်တွေတွန့်ကွေးကာ အေးစက်သောလက်ချောင်းသွယ်များသည် Afa၏ နားရွက်ဖြား‌‌မှ ချက်ချင်းဆုတ်ခွာသွား၏ ။

Afa သာ အချိန်မှီမနိုးလာလျှင် သူဘာလုပ်ပစ်မှာလဲမသိ ?
သေချာတာက Afa ရဲ့ နားရွက်သည် အန္တရာယ်မှ လွတ်မြောက်သွားတာပဲဖြစ်မည် ။
သန့်ရှင်းစင်ကျယ်‌သောနှင်းရည်စက်လေးသည် လောကီ၏ရှုပ်ထွေးပုံကို မသိနားမလည်လျက် ။

" ခွင့်. . . ခွင့်လွှတ်ပါ အရှင် "

Afa လဲ ပြာသလဲလဲထထိုင်ကာ တောင်းပန်လိုက်၏ ။
သူ့အားမျက်လုံးလေးဝိုင်းကာ ‌အကဲခတ်နေသော Afa ကို သူအလိုမကျစွာပြန်ကြည့်သည်။

Ash : " နောက်ဆိုအိပ်ချင်ရင် ကိုယ့်နေရာမှာကိုယ်အိပ် ။ အလေအလွင့်တွေလိုမျိုး ရရာနေရာမှာ ကျောခင်းနေတာမတွေ့ရစေနဲ့ "

ထိုသို့မာထန်စွာမိန့်ကြားပြီး သူထရပ်သည် ။ ပြီးနောက် ကြမ်းပြင်မှာထိုင်ငိုင်နေသော Afa အား လစ်လျှုရှုကာ သလွန်‌နက်ကြီး၏ခေါင်းရင်း၌ချိတ်ဆွဲထားသော လူခေါ်ခေါင်းလောင်းကို သွားလှုပ်ယမ်းလိုက်လေသည် ။
တချွင်ချွင်မြည်သွားသော ခေါင်းလောင်းသံနှင့်အတူ အိပ်‌ဆောင်တံခါးမကြီးပွင့်သွားကာ အပြင်မှအချွေအရံအုပ်လိုက်ကြီးဝင်ချလာတော့သည် ။

" အရှင့်ရဲ့ အရောင်အဝါကြောင့် ကောင်းသောနံနက်ခင်းဖြစ်ကြောင်းပါ !!! "

အနှီအကဲပိုသော အစေခံယောင်္ကျားသည် အိပ်ဆောင်စောင့် Nicole ပင်ဖြစ်‌လေသည် ။
Nicole သည် ဖြူဖွေးသောမျက်နှာသွယ်သွယ်နှင့်ကောင်ချောလေးတစ်ယောက်ဖြစ်သော်လည်း အရှင်သခင်ကိုဖူးမျှော်ရတိုင်း မျက်နှာကြီးနီကာကျယ်လောင်စွာအော်ဟစ် ချီးမွမ်းတတ်သည် ။
သူသည်အမြဲတမ်း ထိုသို့မပြုလုပ်နေလျှင် မိန်းကလေးတွေကြားထဲရေပန်းစားမှာသေချာသည် ။

အိပ်ဆောင်ထဲအသီးသီးဝင်ရောက်လာသောအစေခံတို့သည် ကောဇောပေါ်မှကုန်းရုန်းထကာ ဘယ်နေရာသွားနေရမလဲ မသိ ယောင်လည်လည်ဖြစ်နေရှာသော ကျွန်မလေးကို မျက်လုံးတွေဆွေစောင်းပြီးကြည့်ကြသည် ။
သူတို့၏မျက်လုံးများသည် မနေ့ညကအရှင်သခင်နဲ့Afa ဘာဖြစ်ပျက်သွားသလဲဆိုသည့် သဲလွန်စများကျန်လေမလား စူးစမ်းရှာ‌ဖွေကြခြင်းပင် ။

အရှင်သခင်ရှေ့ဖြစ်၍ မသိမသာကြည့်ကြသော်လည်း လွန်စွာနေရခက်စေသည် ။
Afa မှာ အရှင်သခင်အားလှမ်း‌မျှော်ကြည့်ကာ အားကိုးရနိုးနိုးမျှော်လင့်မိပေမယ့် သူကမျက်လုံးချင်းဆုံတာနဲ့ မသိယောင်ဆောင်မျက်နှာလွှဲသွား၏ ။
အခက်တွေ့နေသောကျွန်ငယ်အား သူဂရုမစိုက် ၊ ဆက်သလာသော နံနက်ခင်းခံတွင်းရှင်းရေနွေးကြမ်းခွက်အကြည်လေးကို ကိုင်ကာအရသာခံသောက်ရင်း အေးချမ်းစွာထိုင်နေလေတော့သည် ။

သူသာ Afa ကို အပြင်ထွက်သွားဖို့ အမိန့်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ. . . ။
ဒါပေမယ့် Afa ရဲ့ အနေခက်မှုဟာ သူ့အရေးမှမဟုတ်တာပဲ ။

ထို့ကြောင့် Afa သည် သူတို့မြင်ကွင်းမှပုန်းရန် နေရာရှာလိုက်သောအခါ သလွန်၏အနီးနား၌ အဝတ်ချိတ်ရန်အသင့်‌ထောင်ထားသောအဝတ်တန်းတစ်ခုကိုတွေ့ရလေသည် ။
ထိုတန်းပေါ်၌ ပစ်စလက်ခတ်လုံးကာတင်ထားသော အဖြူရောင်သားမွှေးထည်ခပ်ကြီးကြီးတစ်ထည်ရှိနေ၏ ။
Afa လဲ ဝမ်းသာအားရ အနောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး ထိုအဝတ်ဖြူအနောက်သို့ကိုယ်လေးယို့ကာ မသိမသာကွယ်နေလိုက်တော့သည် ။
ပုန်းနေရာမှ ချောင်းကြည့်လျှင် အခန်းအလယ်ရှိ ကျောက်စိမ်းဖြူခုံပေါ်၌မေးတစ်ဖက်ထောက်ကာ ပျင်းတွဲတွဲထိုင်နေသောဧကရာဇ်ငယ်နှင့် သူ့ရဲ့ထိုင်နေပုံကြောင့် ခြေလက်ဆေးပေးရန်အခက်တွေ့နေကြသော စေကျွန်များကိုတွေ့ရပေမည် ။

‌သူ့အား အနီးကပ်ခစားသောနန်းတွင်းသူများသည် လွန်စွာချောမောကြကာ တင်းကျပ်တဲ့နန်းတွင်းစည်းကမ်းများကို သင်သူတတ်မြောက်ထားသည့် အရည်အချင်းပြည့်မှီသူများဖြစ်၍ သူမတို့၏လက်ကလေးတစ်ချောင်းရွေ့လျားပုံကအစ လိပ်ပြာတောင်ပံခတ်သလို ညှင်သာလှ၏ ။
ထိုလက်ကလေးများသည် နတ်တမျှလှပသောလူသား၏ခန္ဓာကိုယ်ကို နေ့တိုင်းထိတွေ့ရမှာပေါ့ ။
ဒီလောက်လှတဲ့မိန်းမပျိုလေး‌တွေအပေါ် သူစိတ်မပါဘူးဆိုတာဟာ မဖြစ်နိုင် ။
စိတ်မလှုပ်ရှားဘူးဆိုလျှင် သူသည် နှင်းတောင်ထိတ်က ရွှေ့မရသောဧရာမကျောက်တုံးကြီးပဲဖြစ်မည် ။

‌Afa သည် များစွာသောမိန်းမချောလေးများကိုသူနဲ့ယှဉ်တွဲကာ စိတ်ကူးနေမိသည် ။
ရေနွေးခွက်ကိုကိုင်လိုက် ချလိုက်လုပ်နေသော သွယ်လျတဲ့လက်ချောင်းများသည် မိန်းမပျိုလေးတွေရဲ့ပါးပြင်ကို နူးနူးညံ့ညံ့ထိကိုင်ခဲ့မှာ . . . ။
ရေနွေးတစ်ကျိုက်သောက်ပြီးတိုင်း တဖန်စိုစွတ်ကာကျန်ခဲ့တဲ့ နှုတ်ခမ်းနီနီတွေဟာလဲ ‌တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းတွေကို ညှင်ညှင်သာသာနမ်းရှိုက်ခဲ့မှာ . . . ။

သူ့ရဲ့ အလေးပေးမှုကိုခံရတာက ဘယ်လိုခံစားချက်ဖြစ်လေမလဲ ?
အစဉ်အမြဲမာထန်နေတဲ့သူပေမယ့် သူမြတ်နိုးတဲ့ချစ်သူရှေ့မှာတော့ လေပြေလေးလိုနူးညံ့မယ်ထင်ပါတယ် . . . ။
မဖြတ်သင့်သောစည်းများကိုဖြတ်ကာ နယ်ကျော်ခဲ့ပြီဖြစ်သော အတွေးအိပ်မက်များကို Afa သည်တားစီးမရနိုင်ခဲ့ပါ ။
မျက်ဝန်းညိုတို့သည် နေရောင်နွေးနွေးအောက်က လက်လှမ်းမမှီနိုင်သောလူသားကိုသာ တစိုက်မတ်မတ်ငေးမောနေခဲ့မိလေသည် ။

ကျွန်ငယ်မသိသည်မှာ သခင်သည်အမှန်တကယ် ဧရာမကျောက်တုံးကြီးဖြစ်လေသည် ။
နုလျသောအလှများကတောင် သူ၏နှလုံးသားကို မရွှေ့လျားနိုင်ကြပေ ။
မိန်းမပျိုလေးများက သူ့အားခစားနေသည့်တချိန်လုံးမှာ သူသည်လွန်စွာပျင်းရိသောမျက်နှာထားနှင့် ။
Xavia Ash သည် အခြားသောယောင်္ကျားသားများနှင့်မတူပဲ အထိအတွေ့ရာဂတဏှာ၌ ပျော်ဝင်မှုမရှိ ။
ဧကရာဇ်တစ်ပါးဖြစ်နေသည့်တိုင် စည်းစိမ်တွင်ယစ်မူးပျော်ပါးခြင်းမျိုးမတွေ့ရ ။
ဒါကြောင့် Xavia ၏ ဧကရာဇ်ငယ်သည် နီးစပ်ရခက်ခဲသော တည်ရှိမှုမျိုးပဲဖြစ်လေသည် ။

ခြေလက်ဆေးကြောနေရင်းတအောင့်ကြာသောအခါ ဧကရာဇ်သည် မတ်တပ်ထရပ်လိုက်သည် ။
ထိုအမူအရာကိုမြင်တာနဲ့ချက်ချင်း ရေနွေးဇလုံ၊ ပဝါစသဖြင့်ကိုင်ထားသော အစေခံများအနောက်ဆုတ်သွားကြ၏ ။
ပြီးနောက် အစေခံများအားလုံး အဝတ်ဖြူတစ်ခုကိုအသီးသီးထုတ်လိုက်ကြကာ သူတို့၏မျက်လုံးကို ကာစီးလိုက်ကြ‌လေသည် ။
ထိုမြင်ကွင်းသည် ထူးဆန်းလွန်းသည်ဖြစ်ရာ သားမွှေးထည်ကြီးအနောက်မှ Afa သည် အံ့ဩကာငေးကြည့်လျက် ။

Ash : " ဘာငေးနေတာလဲ ? "

စပ်စုသောမျက်လုံးလေးများကို သတိပြုမိသောသူက Afa ဖက်လှည့်လာကာမေး လေသည် ။

စိုက်ကြည့်နေတဲ့မျက်ဝန်းနက်တွေမှာ စူးစမ်းလိုခြင်းတွေနဲ့ တောက်ပနေ၏ ။
ခပ်ဖွဖွအပြုံးသေးသေးကြောင့်ဖြစ်ပေါ်လာသော ပါးနှစ်ဖက်မှတွင်းနက်ကလေးနှစ်ခုက သူစိတ်ပျော်နေကြောင်းဖော်ပြလေသည် ။

အနည်းငယ်ပြုံးတာနဲ့ မာထန်တဲ့စရိုက်ကို သစ္စာဖောက်သွားတဲ့ ထိုတွင်းလေးများကြောင့်ပဲ သူဟာအမြဲတမ်းကြမ်းတမ်းယောင်ဆောင်နေရော့သလား ?

အဲဒီပါးချိုင့်တွေကို မြင်ဖူးတဲ့သူရော လောကမှာ ဘယ်နှယောက်တည်ရှိနေသလဲ ?

သူတို့တွေထဲ Afa ရောပါလောက်ပြီလို့ ဆိုလို့ရသလား ?

‌သေးနုတ်သောအပြုံးလေးမှာတင် မိုက်ခနဲဖြစ်သွားရအောင် သူသည်အနှိုင်းမဲ့၏ ။
ရော့ရဲတဲ့ ညဝတ်အကျီရင်ဟိုက်နဲ့ နတ်ဆိုးသည်ခြေလှမ်းကျယ်ကြီးတွေဖြင့် ကြောင်အမ်းနေသောကျွန်မလေးဆီ ဦးတည်၍လာတော့သည် ။
သူ့အနောက်မှ မျက်လုံးစည်းထားသောအစေခံများပါလိုက်လာကြသည် ။
မျက်လုံးစည်းထားပေမယ့် အခက်အခဲမရှိ‌သွားလာနိုင်ကြ၍ မျက်လုံးစည်းအဝတ်သည် မြင်ကွင်းကိုအလုံးစုံကာဖို့ပြုလုပ်ထားတာမဟုတ်ဟုယူဆရမည် ။
အသင့်အတင့်မြင်ရလောက်တဲ့ အထူအပါးပဲဖြစ်မည် ။

ဒါဆိုရင် ဝတ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ ?

သူတစ်ယောက်တည်းဆိုလျှင်တောင်မှ ကြောက်ရွံ့နေသော Afa သည် အချွေအရံတစ်အုပ်ကြီးပါအနားရောက်လာ၍ လန့်ကာသားမွှေးထည်၏အနောက်သို့ပြန်လည်ဝင်ပုန်းလိုက်လေသည် ။
ကျွန်မလေး၏အပြုအမူသည် လွန်စွာကြောင်တောင်တောင်နိုင်၏ ။

Ash : " ဘာဖြစ်တာလဲ ? ခုဏက ကိုယ်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို ပေါက်ထွက်မတတ်လိုက်ကြည့်နေပြီးတော့ အခုမှကြောက်ရကောင်းမှန်းသိသလား ? "

ရယ်သဲ့သဲ့ အသံအက်ရှရှသည် တစ်စုံတစ်ယောက်ကို ချိန်းချောက်နေတာနဲ့မတူ ။ ကြောက်ရွံ့နေတဲ့ ကြောင်ကလေး၊ ခွေးကလေးကိုချော့မြူသည့် သခင်၏အသံနှင့်ပိုတူ၏ ။

မိမိ၏တည်ရှိမှုကို သူဘယ်လောက်ဖိနှိမ်ထားကြောင်း Afa သည် သတိမပြုနိုင်ပါ ။
အဘယ်ကြောင့်ဆိုသော် နူးညံ့သောသူ၏အသံသည် Afa ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရှိအာရုံကြောများကို ခပ်ကျဉ်ကျဉ်လေးထိုးဆွသွားတာကြောင့်ပဲဖြစ်သည် ။

အဲ့ဒီဆွဲဆောင်မှုတွေနဲ့ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ ?
Afa ရဲ့မေးခွန်းကို နောက်ထပ်သူပြုလုပ်လိုက်တဲ့အမူအရာကဖြေကြားပေးသွား၏ ။

သားမွှေးဝတ်ရုံ၏အနောက်မှာကွယ်နေသော Afa အားလာဆွဲထုတ်ကာ သူ့ရှေ့မှာရပ်စေသည် ။
ထို့နောက် သူ့အားမရဲတရဲအကဲခတ်နေရှာသော Afa ရဲ့ခေါင်းကိုအားကြီးနဲ့ကြမ်းတမ်းစွာဖိဖွသည် ။
သူကအရမ်းကြီးလုပ်တာမို့ သေးငယ်သော Afa သည်ယိုင်လဲလုမတတ်ဖြစ်ရ၏ ။
သူကအဲဒါကို သဘောကျသည် ။

Ash : " ဟား ဟား "

အဲဒီအချိန်မှာ Afa သိလိုက်ပြီ ။
သူသည် တန်ဖိုးမဲ့သော Afa အားအနားမှာထားခြင်းသည် ဘာမှကြီးကြီးမားမားရည်ရွယ်ချက်မရှိ ။
Afa သည် သူစိတ်‌ပျော်ဖို့ ပြုချင်သလိုပြုလို့ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးဖြစ်သည် ။
သူ့ရဲ့မျက်လုံးထဲအမြင်မစောင်းစေဖို့ Afa သည်ဟန်ဆောင်နေရမှာဖြစ်သော်လည်း သူကတော့ Afa ဘယ်လိုထင်ထင်ဂရုစိုက်စရာမလို ။
သူပျော်လျှင်ကစားမည် ။ သူမပျော်လျှင် အနိုင်ကျင့်မည် ။

သူ့အပြုံး‌လေးအပေါ် အချက်ပေးလွဲပြီး တုန်ခါမိခဲ့တဲ့ရင်ဖက်ထဲက မြည်သံတွေသည် ရှက်ဖို့သိပ်ကောင်းသည် ။

Afa သည် သူ့အားကြောင့် လဲကျမသွားအောင် မတ်မတ်လေးတောင့်ရပ်ရင်း မျက်လုံးတွေကိုပါမှိတ်ပစ်ထားလိုက်သည် ။
ချိုသာတဲ့အပြုံးတွေကိုဆက်ငေးမိရင် အထင်တွေမှားတော့မှာမို့ ။
ကိုယ့်နေရာကိုယ်မမေ့ရလေအောင် ပါးချိုင့်လေးတွေကို မျက်ကွယ်ပြုလိုက်သည် ။

Ash : " ဟင် ? ဘာဖြစ်လဲ ? မျက်လုံးဖွင့်စမ်း "

သူ့ရှေ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားမိ၍လားမသိ ၊ အသံတွေကအလိုမကျတော့ ။
အမိန့်အတိုင်း ပြန်ဖွင့်ကြည့်လိုက်တော့ Afa ရဲ့မျက်နှာကို စူးစိုက်ကြည့်နေသောသူ့ကိုတွေ့ရသည် ။
သူ့မျက်နှာမှာ စိုးရိမ်မှုများ . . . ။

Afa ပဲ အမြင်မှားလေသလား ?

Ash : " မျက်လုံးကနာလို့လား ? "

မြင်နေတာကိုမယုံရဲ ။
သူက နိမ့်ကျတဲ့ဤကျွန်ငယ်အတွက် စိုးရိမ်သည်တဲ့လား ?
သူ့မေးခွန်းကို Afa ခေါင်းခါပြီး ငြင်းလိုက်သည် ။
ထိုအခါ သူမျက်မှောင်ကျုံ့၏ ။

Ash : " အဲဒါဆိုရင် ဘာကြောင့် မျက်လုံးကိုအတင်းမှိတ်ထားသလဲ ? ကိုယ်တော့်ကို မမြင်ချင်လောက်အောင် မုန်းနေတဲ့သဘောလား ? နိမ့်ကျတဲ့ကျွန်ကလေ . . .? "

ဦးတည်ရာတွေပြောင်းချင်သလိုပြောင်းပေမယ့် ကြမ်းတမ်းစွာတိုက်ခတ်တာကတော့အမြဲပင် ။
သူ့ရဲ့ ဒေါသပဲဖြစ်ဖြစ် ၊ဆော့ကစားမှုပဲဖြစ်ဖြစ် သူစေတဲ့လေပြင်းတွေဟာ သေးငယ်တဲ့တည်ရှိမှုလေးအတွက် မနိုင်ဝန်ဖြစ်ရ၏ ။
သခင်ရဲ့ အပြောင်းအလဲမြန်သောစိတ်သည် ကျွန်ငယ်လေးအတွက် အမြဲတမ်းကြောက်ရွံ့နေရမည့်ဓားသွားလို ။ သေးမွှားတဲ့ဒီကျွန်မလေးကိုသူလစ်လျှုရှုလိုက်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲ ... ။
သူကလဲ ဘာကြောင့် Afa ရဲ့အ‌ရေးမပါတဲ့ အပြုအမူတွေကိုကအစလိုက်ကြည့်နေသလဲနားမလည်နိုင်ပေ ။

Afa ရဲ့ အံ့ဩနေသောမျက်နှာငယ်အရှေ့၌ သူသည် လွန်စွာစိတ်ဆိုးနေလေတော့သည် ။

Ash : " အဲသလိုဆက်လုပ်နေ တစ်နေ့မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် ။ အခုမေးနေတာဖြေစမ်း ဘာကြောင့်မျက်လုံးကိုမှိတ်တာလဲ ? "

သူ့အသံနက်နက်ဖြင့်တစ်ချက်အော်လျှင် Afa တင်မက အနောက်မှနန်းတွင်းသူလေးများပါ တုန်ယင်ကုန်ကြသည် ။
ဒါတောင်မှ သူမတို့သည် Afa လိုမျိုး နတ်ဆိုး၏ဒေါသမျက်နှာလှလှကို ကြည့်နေရတာမဟုတ် ။

" မ. . . မမုန်းဘူး . . . Afa က မုန်းလို့မဟုတ်ဘူး . . . "

ကြောက်လန့်ကာတုန်ယင်နေသော Afa ရဲ့အသံတွေသည် တိုးညှင်းစွာထွက်သွား၏ ။
နဂိုတည်းက လေသံလေးသာကျန်၍ စကားလုံးတွေသည်အားမပါ ။
တောင်းပန်နေတာမဟုတ်လျှင်တောင် ကြားရသူတိုင်းသနားဂရုဏာသက်မိမည် ။
ဒါပေမယ့် နှလုံးသားမဲ့တဲ့ Xavia Ash အပေါ်တော့မသက်ရောက်ပုံပင် ။

Ash : " ဘာဖြစ်လဲ ပြန်ပြောစမ်း "

သူ့မျက်ဝန်းနက်တွေထဲ ရှုပ်ထွေးမှုများဖြစ်ပေါ်လာ၏ ။
ရှင်းမရသောပုစ္ဆာတစ်ခုအတွက် အဖြေကိုရှာဖွေတွေ့ရှိခဲ့ပေမယ့် မရေမရာ ။
သူသည် Afa ရဲ့အဆိုကို မယုံကြည်ပေ ။ ထပ်ကာမေးသည် ။

Afa က သူ့ကို မမုန်းပါဘူးဆိုတဲ့စကားဟာ သူ့အတွက်သိပ်ကိုအလိမ်အညာဆန်နေမှာပေါ့ ။
ဒါပေမယ့် သူယုံပါလေ Afa ဟာ သူ့ကိုမမုန်းပါ ၊ အပြစ်မတင်ပါ ။
သူသည် တန်ဖိုးမဲ့တဲ့ Afa ရဲ့ဘဝကို တန်ဖိုးတစ်ခုပေးခဲ့သူဖြစ်သည် ။
ထိုတန်ဖိုးသည် Afa ရဲ့တည်ရှိမှုတစ်ခုတည်းနဲ့ ‌သွေးချောင်းစီးမယ့်အဖြစ်ကို တားဆီးနိုင်ခဲ့ခြင်းမှအစ ၊ အကြင်သူ၏ ရန်ငြိုးတွေကို Afa ရဲ့အပေါ်ပုံကျစေခြင်းအထိ ရည်ရွယ်ချက်ပေါင်းများစွာပါဝင်၏ ။

သူသည် Afa Raven အား သေလောက်အောင်မုန်းနိုင်သော်လည်း Afa သည် သူ့ကိုမုန်းခွင့်မရှိ ။
ဒါဟာ တစ်ချိန်က Afa မြင်ဖူးခဲ့တဲ့ သူ့ကိုကန်ကျောက်နေခဲ့သောခြေထောက်တွေကြားတောင် အံကိုကြိတ်ပြီးမာနတွေကိုသယ်ပိုးခဲ့တဲ့ မျက်လုံးနက်တွေနဲ့ကောင်လေးကို မျက်နှာလွှဲခဲ့စဉ်ကတည်းက ဆုံးဖြတ်ခဲ့တာဖြစ်သည် ။
Afa သည် ထိုအချိန်တည်းက ကောင်လေးရဲ့အငြိုးမျက်ဝန်းတွေကိုကြည့်ရင်း Raven တစ်ယောက်ဖြစ်နေရသောရန်‌ကျွေးကို သယ်ပိုးဖို့အသင့်ဖြစ်နေခဲ့ပါသည် ။

Afa လည်ချောင်းထဲမှအားယူကာထပ်မံဖြေကြားလိုက်သည် ။

" Afa အရှင့်ကို မုန်းလို့မဟုတ်ဘူး ... "

Afa သူ့ကို ကြောက်တာပါ ... ။ အပြစ်ရှိလို့ ကြောက်‌နေခဲ့တာပါ... ။

Afa ဆက်မပြောတော့ပဲ ရပ်လိုက်သည် ။ ကြောက်တာတစ်ခုတည်းနဲ့ သူ့မျက်နှာကိုမကြည့်ရဲခဲ့တာမဟုတ်ဘူးလေ ။
နောက်ဆက်တွဲအကြောင်းအရင်းကို သစ္စာဖောက်ခဲ့တဲ့ ဘယ်ဖက်ကနှလုံးသားလေးသာသိတော့မည် ။

သူသည်ငြိမ်သက်နေခဲ့သည် ။
Afa ရဲ့မျက်လုံးတွေထဲ သံသယတွေနဲ့စူးစိုက်ကြည့်နေပေမယ့် ၊နှုတ်ခမ်းနီနီတို့သည် တစ်စုံတစ်ရာကိုပြောကြားလိုသလို အနည်းငယ်ပွင့်ဟသွား၏ ။
Afa သည် ထိုမြင်ကွင်း၌အသက်ကိုအောင့်ကာငေးနေရင်း သူကျေနပ်သွားစေဖို့ ဆုတောင်းရသည် ။

Ash : " ဒီဧကရာဇ်က မင်းမုန်းလဲအရေးမစိုက်ဘူး ! "

ထိုသို့ဒေါသတကြီးအော်ငေါက်ကာ လှည့်ထွက်သွားတဲ့ရှင်ဘုရင်သည် Afa ရဲ့မျက်လုံးထဲ၌ ထူးဆန်းစွာကြောက်စရာမကောင်းနေတော့ပေ ။
အားရော့သွားတဲ့ မျက်ဝန်းထဲကမီးလျှံတွေကြောင့်ပဲလားမသိ ၊ ရင်ထဲနွေးပြီးသာ ကျန်ခဲ့တော့သည် ။

လှည့်ထွက်သွားသောသူ့နောက်ကျောကို ကျွန်မလေးသည် ခပ်ဖွဖွပြုံးကာငေး‌နေမိသည် ။
ကျယ်ပြန့်သောနောက်ကျောပြင် ၊ အားအင်အပြည့်နဲ့ခြေလှမ်း ၊ သေချာပေါက်ကန်ချိုးလို့မရတော့သောသန်မာသည့်ခန္ဓာကိုယ် ...။
ထိုကောင်လေးသည် ဘယ်တော့မှသူတပါးခြေဖဝါးအောက်ရောက်တော့မှာမဟုတ် ။
သူသည် မာနကြီးသော၊ အာဏာကြီးသော ၊ တစ်လောကလုံးက ကြောက်ရွံ့ရသော ဧကရာဇ်တစ်ပါးအဖြစ်ရောက်ခဲ့လေပြီ ။
သူသည် တစ်ချိန်ကအရေခွံကိုခွာချကာ လှပသောလိပ်ပြာတစ်ကောင်အဖြစ်ပြောင်းလဲခဲ့လေပြီ ။
ဒါမှမဟုတ်ပဲ သူဟာအမြဲတမ်း လှပသောလိပ်ပြာတစ်ကောင်ဖြစ်နေခဲ့တာနေမည် ။
မပြောင်းလဲခဲ့တာဟာ အခုအချိန်အထိသေးနုတ်နေခဲ့တဲ့ Afa သာ ။

ရင်တွင်းမှခါးသီးကာ လှိုက်တက်လာသော ခံစားချက်တွေကြောင့်ပဲလားမသိ ၊ မျက်လုံးတွေစူးစပ်လာတော့သည် ။
ထို့နောက် မြင်ကွင်းတွေဝေဝါးသွားကာ လှပသောကျောပြင်မှ အကြည့်တွေခွာလိုက်၏ ။

Ash : " လုပ်စရာရှိတာဆက်လုပ်တော့ ။ ပြီးတော့ မင်း , ငေးမောမနေပဲ မျက်လုံးမှိတ်ထားတော့ "

ပထမအမိန့်စကားက သူ့ကို ညီလာခံဝင်ဖို့ဝတ်စုံပြင်ပေးနေပြီဖြစ်သောစေကျွန်များအဖို့ဖြစ်ကာ ၊ ' မင်း ' ဆိုတဲ့အခေါ်အဝေါ်ကတော့ Afa အတွက်ဖြစ်၏ ။
သူ့ရဲ့အမိန့်တော်ကိုကြားသည်နှင့် မျက်လုံးကိုအဝတ်စည်းထားသော Nicole သည်အခက်အခဲမရှိ Afa နားခပ်မြန်မြန်လျောက်လာကာ မျက်လုံးစည်းအဝတ်ဖြူစတစ်ခုကို ကမ်းပေးတော့သည် ။
အဝတ်ဖြူစကိုယူလိုက်ရင်း Afa သည် ထိုအခါမှ မျက်လုံးစည်းရခြင်းရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည် ။

မျက်လုံးစည်းထားသောနန်းတွင်းသူလေးနှစ်ယောက်သည် ဧကရာဇ်ငယ်၏ညအိပ်ဝတ်ရုံကို ညှင်သာစွာချွတ်ပေးနေပြီဖြစ်၏ ။ ဘေး၌ဝိုင်းနေသော နန်းတွင်းသူလေးသုံးယောက်၏လက်ထဲ၌မှု ညီလာခံတက်ရန် အဆင်တဆာများကို တယိုတသေကိုင်ဆောင်ထားလေသည် ။
ဝတ်ရုံကိုခန္ဓာကိုယ်မှဖယ်ရန် ကိုင်တွယ်ရသောသူမတို့၏လက်ချောင်းလေးများသည် ဖြေးညှင်းစွာရွေ့လျားလျက် အရှင်သခင်၏အသားကို မထိမိရန်သတိကြီးကြီးထားနေကြသည် ။
ထိုလှုပ်ရှားမှုတို့သည် အသေအချာလေ့ကျင့်ထားသောအမူအကျင့်ဖြစ်ကြောင်းသိသာ၏ ။

အချိန်တွေပါရပ်တန့်သွားသလို ‌ညှင်သာသောအရွေ့လေးများ၌ လှပသောလူသားတစ်ယောက်ရှိနေတာက အနုပညာတစ်ခုပမာ ။

Nicole : " အမြန်စည်းလေ အရှင့်ရဲ့ခန္ဓာကို မတော်တဆမြင်ရင်တောင်မှ သေဒဏ်ဆိုတာမသိဘူးလား ? "

Afa ရဲ့ မြင်ကွင်းကို ခန္ဓာကိုယ်ကြီးဖြင့်လာပိတ်ရပ်လိုက်ပြီး တီးတိုးသတိပေးလာသော Nicole ကြောင့် Afa သည်အိပ်မက်မှနိုးသွားခဲ့၏ ။
ထို့နောက် အဝတ်ဖြူပါးလေးကိုမျက်လုံး၌ တင်းကျပ်စွာစည်းထားလိုက်တော့သည် ။

စည်းစည်းပြီးခြင်းပင် အဝတ်အစားမဲ့သွားသောအရိပ်နက်လေးကိုမြင်လိုက်တဲ့ Afa သည် မျက်လုံးကိုချက်ချင်းလွှဲလိုက်ရတော့သည် ။
မျက်နှာတစ်ခုလုံးပူပြင်းကာ အာတွေခြောက်သည် ။ ရင်ထဲကစူးအောင့်ကာ အသက်ရှူဖို့ခက်ခဲသည် ။
ဒါဟာ အမည်မသိတဲ့လိုအင်တွေလား ။
အဲ့ဒီမျက်စိရှေ့ကတည်ရှိမှုသည် Afa ရဲ့ခန္ဓာကိုယ်ထဲမှာရှိကြောင်း မိမိကိုယ်တိုင်တောင်မသိခဲ့သော အာရုံကြောတွေကို နှိုးထစေလေသည် ။
အသည်းနှလုံးတွေပေါက်ထွက်မတတ်ခုန်ကာ တစ်ကိုယ်လုံးတုန်ယင်လာပြီး ဖြစ်နိုင်ရင် Afa သည် ဤအခန်းထဲကနေ ထွက်ပြေးချင်မိသည်အထိ ။

အဝတ်စည်းထားပေမယ့် ဗလာကျင်းသွားတဲ့အချိုးအစားတွေကို အရိပ်လေးပမာမြင်နေရသေးတာက ပိုမိုစည်းဖောက်နေကြောင်း သူမသိလေရော့သလား ?

သူ့ခန္ဓာကိုယ်ကိုမြင်ရင် သေဒဏ်ချမည်တဲ့လား ?
ဝေဝေဝေါးဝါးမျက်လုံးစည်းအဝတ်ဖြူတစ်ဆကိုဖောက်ပြီးမြင်ရတဲ့မြင်ကွင်းသည် အခန်းထဲကလူတိုင်းကို ခိုးလိုးခုလုဖြစ်နေစေ‌ကြောင်း အနှီဧကရာဇ်သည် ဘယ်တော့မှသိနိုင်မည်မဟုတ် ။
ဒါဟာ သူ့ကိုခစားတဲ့စေကျွန်တွေ နေ့တိုင်းကြုံရတဲ့ အန္တရာယ်ဖြစ်မည် ။
အခုမှ ယောင်္ကျားတဖြစ်လဲ ရှင်ဘုရင်ရှေ့မှာဆောက်တည်ရာမရ ရှက်သွေးဖြာတဲ့ Nicole ရဲ့ အမူအရာကို သဘောပေါက်နားလည်သွားတော့သည် ။

သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ ?
သူအခု Afa ကို ဘာလုပ်လိုက်ပြီလဲ ?
စကားတစ်ချက်မပြော၊ တစ်ချက်မထိပဲ လူကိုသိမ်းပိုက်ချယ်လှယ်ခံလိုက်ရသလိုပင် ။

ထိုအခိုက်တန့်လေးသည် Afa သိထားခဲ့သော ရိုးရှင်းတဲ့လောကကြီးပြိုပျက်ပြီး ၊ အရောင်စုံသောလောကသစ်စတင်ချိန်ဖြစ်ခဲ့လေသည် ။

Xavia Ash သည် လွန်စွာထူးဆန်းသောကောင်လေးတစ်ယောက်ဖြစ်သလို ၊ လွန်စွာထူးခြားသောဧကရာဇ်တစ်ပါးလဲဖြစ်လေတော့သည် ။
ဒါ့အပြင် လူတိုင်းသတိထားသင့်သည့် အချက်တစ်ခုမှာ သူသည် ယောင်္ကျားမိန်းမမ‌ရွေးလူတစ်‌ယောက်ရဲ့သိက္ခာတွေ၊ စောင့်စည်းမှုတရားတွေကို စုတ်ပြတ်သတ်သွားအောင်ခွာချနင်း‌ချေပစ်နိုင်သည့် ညှို့ဓာတ်ပြင်းသောနတ်ဆိုးလှလှတစ်ကောင်ဖြစ်ကြောင်း ... ။

_______________________________
_______________________________

#Zawgyi

နား႐ြက္ျဖားတြင္ ႐ုတ္တရက္ခံစားလိုက္ရေသာ ေအးစက္စက္အထိအေတြ႕ေၾကာင့္ မ်က္လုံးကိုျဖတ္ခနဲဖြင့္ၾကည့္လိုက္ေတာ့ Afa အား ငုံ႔မိုးၾကည့္ေနေသာ မ်က္ဝန္းနက္‌တို႔ႏွင့္ထိတ္တိုက္ေတြ႕သည္ ။
Afa သည္ညက ရွင္ဘုရင္၏အမိန႔္ေတာ္အတိုင္း ပုံျပင္စာအုပ္ကိုဖတ္ေနရင္း သတိမထားမိပဲအိပ္ေပ်ာ္သြားခဲ့တာျဖစ္သည္ ။
ယခု ကြၽန္မေလးသည္ သလြန္ေဘးသားေမႊးေကာေဇာေပၚ၌ ကုပ္ေကြးကာလွဲေလ်ာင္းလ်က္သား ။

Afa ဘယ္ေနရာမွာအိပ္သလဲက အေရးမဟုတ္ပါ ။ ျပႆနာမွာ အရွင္သခင္၏ ခြင့္ျပဳခ်က္မပါပဲ အိပ္စက္မိျခင္းျဖစ္ေလသည္ ။

' ခြင့္ျပဳမွအိပ္ ၊ ခြင့္ျပဳမွစား ' တဲ့ ။
ဒါဟာ အရွင့္ရဲ႕အိပ္ေဆာင္မွာခစားရတဲ့ကြၽန္ငယ္အတြက္ တစ္ခုတည္းေသာစည္းမ်ဥ္းပဲျဖစ္၏ ။
သူ၏အမိန႔္မပါပဲ ကိုယ့္သေဘာနဲ႔ကိုယ္ဘာမွလုပ္ခြင့္မရွိ ။
အိပ္ေဆာင္ေစာင့္ အေစခံေယာက်ၤား၏မွာၾကားခ်က္မ်ားကို ျပန္လည္ၾကားေယာင္မိသည္ ။

ကြၽန္မေလးသည္ ေသခ်ာသိေနခဲ့သည္ ။
သခင္ျဖစ္သူသည္ သူမကိုအျပစ္ေတြေပးေတာ့မည္ ။

သို႔ေသာ္ . . .

သူ၏တန္ဖိုးထားရပါေသာပုံျပင္စာအုပ္ကိုပင္ ေခါင္းအုံးကာ က်က်နနလွဲေလ်ာင္းေနေသာ Afa အား သူသည္အနားမွာၿငိမ္သက္စြာထိုင္ၾကည့္ေနေလသည္ ။
သူ႔ရဲ႕လက္ေခ်ာင္းမ်ားက Afa ရဲ႕နား႐ြက္ျဖားကို ခပ္ဖြဖြေလးဖိကိုင္ထား၏ ။
နက္ေမွာင္ေသာအၾကည့္ေတြထဲ ဆန္းဆန္းျပားျပားအရာေတြကိန္းဝတ္ေနသျဖင့္ စူးစမ္းမိတဲ့ကြၽန္ငယ္သည္ အၾကည့္မလႊဲႏိုင္ ။
ထိုအခိုက္တန႔္ေလးတြင္ အရာရာဟာေႏွးေကြးသြားသလို ၊ သူ႔ရဲ႕အေသးစိတ္ကိုကအစ Afa ျမင္ႏိုင္သည္ ။
႐ုတ္တရက္အၾကည့္ခ်င္း‌တိုက္ဆိုင္သြားခ်ိန္ ျပဴးက်ယ္သြားေသာမ်က္ဆံနက္ႀကီးမ်ား ၊ ပြင့္ဟသြားတဲ့ႏႈတ္ခမ္းလႊာ ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို အခ်ိန္မွီပုတ္ခတ္ကာေကာက္သိမ္းလိုက္တဲ့ မ်က္ေတာင္ရွည္တို႔ . . . ။

Ash : " . . .သခင္ေရွ႕မွာ သက္ေတာင့္သက္သာလွဲေနရဲတယ္‌ေပါ့ေလ အ႐ိုအေသတန္လိုက္တာ . . . "

Afa အား သူေအာ္ေငါက္ေတာ့သည္ ။
တစ္စကၠန႔္အခိုက္တန႔္ေလးေက်ာ္လြန္ေသာ္ ရီေဝတဲ့မ်က္ဝန္းတို႔သည္ ႐ုတ္ခ်ည္း‌ေျဗာင္းျပန္ျဖစ္သြား၏ ။
နတ္သားပမာလွပေသာမ်က္ႏွာေလးသည္ ေျပာင္းလဲသြားေသာအမူအရာေၾကာင့္ ေဒါသႀကီးတဲ့နတ္ဆိုးတစ္ေကာင္ျပန္ျဖစ္သြားၿပီ ။
မ်က္ေမွာင္ေတြတြန႔္ေကြးကာ ေအးစက္ေသာလက္ေခ်ာင္းသြယ္မ်ားသည္ Afa၏ နား႐ြက္ျဖား‌‌မွ ခ်က္ခ်င္းဆုတ္ခြာသြား၏ ။

Afa သာ အခ်ိန္မွီမႏိုးလာလွ်င္ သူဘာလုပ္ပစ္မွာလဲမသိ ?
ေသခ်ာတာက Afa ရဲ႕ နား႐ြက္သည္ အႏၲရာယ္မွ လြတ္ေျမာက္သြားတာပဲျဖစ္မည္ ။
သန႔္ရွင္းစင္က်ယ္‌ေသာႏွင္းရည္စက္ေလးသည္ ေလာကီ၏ရႈပ္ေထြးပုံကို မသိနားမလည္လ်က္ ။

" ခြင့္. . . ခြင့္လႊတ္ပါ အရွင္ "

Afa လဲ ျပာသလဲလဲထထိုင္ကာ ေတာင္းပန္လိုက္၏ ။
သူ႔အားမ်က္လုံးေလးဝိုင္းကာ ‌အကဲခတ္ေနေသာ Afa ကို သူအလိုမက်စြာျပန္ၾကည့္သည္။

Ash : " ေနာက္ဆိုအိပ္ခ်င္ရင္ ကိုယ့္ေနရာမွာကိုယ္အိပ္ ။ အေလအလြင့္ေတြလိုမ်ိဳး ရရာေနရာမွာ ေက်ာခင္းေနတာမေတြ႕ရေစနဲ႔ "

ထိုသို႔မာထန္စြာမိန႔္ၾကားၿပီး သူထရပ္သည္ ။ ၿပီးေနာက္ ၾကမ္းျပင္မွာထိုင္ငိုင္ေနေသာ Afa အား လစ္လွ်ဳရႈကာ သလြန္‌နက္ႀကီး၏ေခါင္းရင္း၌ခ်ိတ္ဆြဲထားေသာ လူေခၚေခါင္းေလာင္းကို သြားလႈပ္ယမ္းလိုက္ေလသည္ ။
တခြၽင္ခြၽင္ျမည္သြားေသာ ေခါင္းေလာင္းသံႏွင့္အတူ အိပ္‌ေဆာင္တံခါးမႀကီးပြင့္သြားကာ အျပင္မွအေခြၽအရံအုပ္လိုက္ႀကီးဝင္ခ်လာေတာ့သည္ ။

" အရွင့္ရဲ႕ အေရာင္အဝါေၾကာင့္ ေကာင္းေသာနံနက္ခင္းျဖစ္ေၾကာင္းပါ !!! "

အႏွီအကဲပိုေသာ အေစခံေယာက်ၤားသည္ အိပ္ေဆာင္ေစာင့္ Nicole ပင္ျဖစ္‌ေလသည္ ။
Nicole သည္ ျဖဴေဖြးေသာမ်က္ႏွာသြယ္သြယ္ႏွင့္ေကာင္ေခ်ာေလးတစ္ေယာက္ျဖစ္ေသာ္လည္း အရွင္သခင္ကိုဖူးေမွ်ာ္ရတိုင္း မ်က္ႏွာႀကီးနီကာက်ယ္ေလာင္စြာေအာ္ဟစ္ ခ်ီးမြမ္းတတ္သည္ ။
သူသည္အၿမဲတမ္း ထိုသို႔မျပဳလုပ္ေနလွ်င္ မိန္းကေလးေတြၾကားထဲေရပန္းစားမွာေသခ်ာသည္ ။

အိပ္ေဆာင္ထဲအသီးသီးဝင္ေရာက္လာေသာအေစခံတို႔သည္ ေကာေဇာေပၚမွကုန္း႐ုန္းထကာ ဘယ္ေနရာသြားေနရမလဲ မသိ ေယာင္လည္လည္ျဖစ္ေနရွာေသာ ကြၽန္မေလးကို မ်က္လုံးေတြေဆြေစာင္းၿပီးၾကည့္ၾကသည္ ။
သူတို႔၏မ်က္လုံးမ်ားသည္ မေန႔ညကအရွင္သခင္နဲ႔Afa ဘာျဖစ္ပ်က္သြားသလဲဆိုသည့္ သဲလြန္စမ်ားက်န္ေလမလား စူးစမ္းရွာ‌ေဖြၾကျခင္းပင္ ။

အရွင္သခင္ေရွ႕ျဖစ္၍ မသိမသာၾကည့္ၾကေသာ္လည္း လြန္စြာေနရခက္ေစသည္ ။
Afa မွာ အရွင္သခင္အားလွမ္း‌ေမွ်ာ္ၾကည့္ကာ အားကိုးရႏိုးႏိုးေမွ်ာ္လင့္မိေပမယ့္ သူကမ်က္လုံးခ်င္းဆုံတာနဲ႔ မသိေယာင္ေဆာင္မ်က္ႏွာလႊဲသြား၏ ။
အခက္ေတြ႕ေနေသာကြၽန္ငယ္အား သူဂ႐ုမစိုက္ ၊ ဆက္သလာေသာ နံနက္ခင္းခံတြင္းရွင္းေရေႏြးၾကမ္းခြက္အၾကည္ေလးကို ကိုင္ကာအရသာခံေသာက္ရင္း ေအးခ်မ္းစြာထိုင္ေနေလေတာ့သည္ ။

သူသာ Afa ကို အျပင္ထြက္သြားဖို႔ အမိန႔္ေပးရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ. . . ။
ဒါေပမယ့္ Afa ရဲ႕ အေနခက္မႈဟာ သူ႔အေရးမွမဟုတ္တာပဲ ။

ထို႔ေၾကာင့္ Afa သည္ သူတို႔ျမင္ကြင္းမွပုန္းရန္ ေနရာရွာလိုက္ေသာအခါ သလြန္၏အနီးနား၌ အဝတ္ခ်ိတ္ရန္အသင့္‌ေထာင္ထားေသာအဝတ္တန္းတစ္ခုကိုေတြ႕ရေလသည္ ။
ထိုတန္းေပၚ၌ ပစ္စလက္ခတ္လုံးကာတင္ထားေသာ အျဖဴေရာင္သားေမႊးထည္ခပ္ႀကီးႀကီးတစ္ထည္ရွိေန၏ ။
Afa လဲ ဝမ္းသာအားရ အေနာက္သို႔အနည္းငယ္ဆုတ္လိုက္ၿပီး ထိုအဝတ္ျဖဴအေနာက္သို႔ကိုယ္ေလးယို႔ကာ မသိမသာကြယ္ေနလိုက္ေတာ့သည္ ။
ပုန္းေနရာမွ ေခ်ာင္းၾကည့္လွ်င္ အခန္းအလယ္ရွိ ေက်ာက္စိမ္းျဖဴခုံေပၚ၌ေမးတစ္ဖက္ေထာက္ကာ ပ်င္းတြဲတြဲထိုင္ေနေသာဧကရာဇ္ငယ္ႏွင့္ သူ႔ရဲ႕ထိုင္ေနပုံေၾကာင့္ ေျခလက္ေဆးေပးရန္အခက္ေတြ႕ေနၾကေသာ ေစကြၽန္မ်ားကိုေတြ႕ရေပမည္ ။

‌သူ႔အား အနီးကပ္ခစားေသာနန္းတြင္းသူမ်ားသည္ လြန္စြာေခ်ာေမာၾကကာ တင္းက်ပ္တဲ့နန္းတြင္းစည္းကမ္းမ်ားကို သင္သူတတ္ေျမာက္ထားသည့္ အရည္အခ်င္းျပည့္မွီသူမ်ားျဖစ္၍ သူမတို႔၏လက္ကေလးတစ္ေခ်ာင္းေ႐ြ႕လ်ားပုံကအစ လိပ္ျပာေတာင္ပံခတ္သလို ညႇင္သာလွ၏ ။
ထိုလက္ကေလးမ်ားသည္ နတ္တမွ်လွပေသာလူသား၏ခႏၶာကိုယ္ကို ေန႔တိုင္းထိေတြ႕ရမွာေပါ့ ။
ဒီေလာက္လွတဲ့မိန္းမပ်ိဳေလး‌ေတြအေပၚ သူစိတ္မပါဘူးဆိုတာဟာ မျဖစ္ႏိုင္ ။
စိတ္မလႈပ္ရွားဘူးဆိုလွ်င္ သူသည္ ႏွင္းေတာင္ထိတ္က ေ႐ႊ႕မရေသာဧရာမေက်ာက္တုံးႀကီးပဲျဖစ္မည္ ။

‌Afa သည္ မ်ားစြာေသာမိန္းမေခ်ာေလးမ်ားကိုသူနဲ႔ယွဥ္တြဲကာ စိတ္ကူးေနမိသည္ ။
ေရေႏြးခြက္ကိုကိုင္လိုက္ ခ်လိုက္လုပ္ေနေသာ သြယ္လ်တဲ့လက္ေခ်ာင္းမ်ားသည္ မိန္းမပ်ိဳေလးေတြရဲ႕ပါးျပင္ကို ႏူးႏူးညံ့ညံ့ထိကိုင္ခဲ့မွာ . . . ။
ေရေႏြးတစ္က်ိဳက္ေသာက္ၿပီးတိုင္း တဖန္စိုစြတ္ကာက်န္ခဲ့တဲ့ ႏႈတ္ခမ္းနီနီေတြဟာလဲ ‌တစ္စုံတစ္ေယာက္ရဲ႕ႏႈတ္ခမ္းေတြကို ညႇင္ညႇင္သာသာနမ္းရႈိက္ခဲ့မွာ . . . ။

သူ႔ရဲ႕ အေလးေပးမႈကိုခံရတာက ဘယ္လိုခံစားခ်က္ျဖစ္ေလမလဲ ?
အစဥ္အၿမဲမာထန္ေနတဲ့သူေပမယ့္ သူျမတ္ႏိုးတဲ့ခ်စ္သူေရွ႕မွာေတာ့ ေလေျပေလးလိုႏူးညံ့မယ္ထင္ပါတယ္ . . . ။
မျဖတ္သင့္ေသာစည္းမ်ားကိုျဖတ္ကာ နယ္ေက်ာ္ခဲ့ၿပီျဖစ္ေသာ အေတြးအိပ္မက္မ်ားကို Afa သည္တားစီးမရႏိုင္ခဲ့ပါ ။
မ်က္ဝန္းညိဳတို႔သည္ ေနေရာင္ေႏြးေႏြးေအာက္က လက္လွမ္းမမွီႏိုင္ေသာလူသားကိုသာ တစိုက္မတ္မတ္ေငးေမာေနခဲ့မိေလသည္ ။

ကြၽန္ငယ္မသိသည္မွာ သခင္သည္အမွန္တကယ္ ဧရာမေက်ာက္တုံးႀကီးျဖစ္ေလသည္ ။
ႏုလ်ေသာအလွမ်ားကေတာင္ သူ၏ႏွလုံးသားကို မေ႐ႊ႕လ်ားႏိုင္ၾကေပ ။
မိန္းမပ်ိဳေလးမ်ားက သူ႔အားခစားေနသည့္တခ်ိန္လုံးမွာ သူသည္လြန္စြာပ်င္းရိေသာမ်က္ႏွာထားႏွင့္ ။
Xavia Ash သည္ အျခားေသာေယာက်ၤားသားမ်ားႏွင့္မတူပဲ အထိအေတြ႕ရာဂတဏွာ၌ ေပ်ာ္ဝင္မႈမရွိ ။
ဧကရာဇ္တစ္ပါးျဖစ္ေနသည့္တိုင္ စည္းစိမ္တြင္ယစ္မူးေပ်ာ္ပါးျခင္းမ်ိဳးမေတြ႕ရ ။
ဒါေၾကာင့္ Xavia ၏ ဧကရာဇ္ငယ္သည္ နီးစပ္ရခက္ခဲေသာ တည္ရွိမႈမ်ိဳးပဲျဖစ္ေလသည္ ။

ေျခလက္ေဆးေၾကာေနရင္းတေအာင့္ၾကာေသာအခါ ဧကရာဇ္သည္ မတ္တပ္ထရပ္လိုက္သည္ ။
ထိုအမူအရာကိုျမင္တာနဲ႔ခ်က္ခ်င္း ေရေႏြးဇလုံ၊ ပဝါစသျဖင့္ကိုင္ထားေသာ အေစခံမ်ားအေနာက္ဆုတ္သြားၾက၏ ။
ၿပီးေနာက္ အေစခံမ်ားအားလုံး အဝတ္ျဖဴတစ္ခုကိုအသီးသီးထုတ္လိုက္ၾကကာ သူတို႔၏မ်က္လုံးကို ကာစီးလိုက္ၾက‌ေလသည္ ။
ထိုျမင္ကြင္းသည္ ထူးဆန္းလြန္းသည္ျဖစ္ရာ သားေမႊးထည္ႀကီးအေနာက္မွ Afa သည္ အံ့ဩကာေငးၾကည့္လ်က္ ။

Ash : " ဘာေငးေနတာလဲ ? "

စပ္စုေသာမ်က္လုံးေလးမ်ားကို သတိျပဳမိေသာသူက Afa ဖက္လွည့္လာကာေမး ေလသည္ ။

စိုက္ၾကည့္ေနတဲ့မ်က္ဝန္းနက္ေတြမွာ စူးစမ္းလိုျခင္းေတြနဲ႔ ေတာက္ပေန၏ ။
ခပ္ဖြဖြအၿပဳံးေသးေသးေၾကာင့္ျဖစ္ေပၚလာေသာ ပါးႏွစ္ဖက္မွတြင္းနက္ကေလးႏွစ္ခုက သူစိတ္ေပ်ာ္ေနေၾကာင္းေဖာ္ျပေလသည္ ။

အနည္းငယ္ၿပဳံးတာနဲ႔ မာထန္တဲ့စ႐ိုက္ကို သစၥာေဖာက္သြားတဲ့ ထိုတြင္းေလးမ်ားေၾကာင့္ပဲ သူဟာအၿမဲတမ္းၾကမ္းတမ္းေယာင္ေဆာင္ေနေရာ့သလား ?

အဲဒီပါးခ်ိဳင့္ေတြကို ျမင္ဖူးတဲ့သူေရာ ေလာကမွာ ဘယ္ႏွေယာက္တည္ရွိေနသလဲ ?

သူတို႔ေတြထဲ Afa ေရာပါေလာက္ၿပီလို႔ ဆိုလို႔ရသလား ?

‌ေသးႏုတ္ေသာအၿပဳံးေလးမွာတင္ မိုက္ခနဲျဖစ္သြားရေအာင္ သူသည္အႏႈိင္းမဲ့၏ ။
ေရာ့ရဲတဲ့ ညဝတ္အက်ီရင္ဟိုက္နဲ႔ နတ္ဆိုးသည္ေျခလွမ္းက်ယ္ႀကီးေတြျဖင့္ ေၾကာင္အမ္းေနေသာကြၽန္မေလးဆီ ဦးတည္၍လာေတာ့သည္ ။
သူ႔အေနာက္မွ မ်က္လုံးစည္းထားေသာအေစခံမ်ားပါလိုက္လာၾကသည္ ။
မ်က္လုံးစည္းထားေပမယ့္ အခက္အခဲမရွိ‌သြားလာႏိုင္ၾက၍ မ်က္လုံးစည္းအဝတ္သည္ ျမင္ကြင္းကိုအလုံးစုံကာဖို႔ျပဳလုပ္ထားတာမဟုတ္ဟုယူဆရမည္ ။
အသင့္အတင့္ျမင္ရေလာက္တဲ့ အထူအပါးပဲျဖစ္မည္ ။

ဒါဆိုရင္ ဝတ္ရတဲ့ရည္႐ြယ္ခ်က္က ဘာလဲ ?

သူတစ္ေယာက္တည္းဆိုလွ်င္ေတာင္မွ ေၾကာက္႐ြံ႕ေနေသာ Afa သည္ အေခြၽအရံတစ္အုပ္ႀကီးပါအနားေရာက္လာ၍ လန႔္ကာသားေမႊးထည္၏အေနာက္သို႔ျပန္လည္ဝင္ပုန္းလိုက္ေလသည္ ။
ကြၽန္မေလး၏အျပဳအမူသည္ လြန္စြာေၾကာင္ေတာင္ေတာင္ႏိုင္၏ ။

Ash : " ဘာျဖစ္တာလဲ ? ခုဏက ကိုယ္ေတာ့္ခႏၶာကိုယ္တစ္ခုလုံးကို ေပါက္ထြက္မတတ္လိုက္ၾကည့္ေနၿပီးေတာ့ အခုမွေၾကာက္ရေကာင္းမွန္းသိသလား ? "

ရယ္သဲ့သဲ့ အသံအက္ရွရွသည္ တစ္စုံတစ္ေယာက္ကို ခ်ိန္းေခ်ာက္ေနတာနဲ႔မတူ ။ ေၾကာက္႐ြံ႕ေနတဲ့ ေၾကာင္ကေလး၊ ေခြးကေလးကိုေခ်ာ့ျမဴသည့္ သခင္၏အသံႏွင့္ပိုတူ၏ ။

မိမိ၏တည္ရွိမႈကို သူဘယ္ေလာက္ဖိႏွိမ္ထားေၾကာင္း Afa သည္ သတိမျပဳႏိုင္ပါ ။
အဘယ္ေၾကာင့္ဆိုေသာ္ ႏူးညံ့ေသာသူ၏အသံသည္ Afa ရဲ႕ခႏၶာကိုယ္တစ္ခုလုံးရွိအာ႐ုံေၾကာမ်ားကို ခပ္က်ဥ္က်ဥ္ေလးထိုးဆြသြားတာေၾကာင့္ပဲျဖစ္သည္ ။

အဲ့ဒီဆြဲေဆာင္မႈေတြနဲ႔ သူဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ ?
Afa ရဲ႕ေမးခြန္းကို ေနာက္ထပ္သူျပဳလုပ္လိုက္တဲ့အမူအရာကေျဖၾကားေပးသြား၏ ။

သားေမႊးဝတ္႐ုံ၏အေနာက္မွာကြယ္ေနေသာ Afa အားလာဆြဲထုတ္ကာ သူ႔ေရွ႕မွာရပ္ေစသည္ ။
ထို႔ေနာက္ သူ႔အားမရဲတရဲအကဲခတ္ေနရွာေသာ Afa ရဲ႕ေခါင္းကိုအားႀကီးနဲ႔ၾကမ္းတမ္းစြာဖိဖြသည္ ။
သူကအရမ္းႀကီးလုပ္တာမို႔ ေသးငယ္ေသာ Afa သည္ယိုင္လဲလုမတတ္ျဖစ္ရ၏ ။
သူကအဲဒါကို သေဘာက်သည္ ။

Ash : " ဟား ဟား "

အဲဒီအခ်ိန္မွာ Afa သိလိုက္ၿပီ ။
သူသည္ တန္ဖိုးမဲ့ေသာ Afa အားအနားမွာထားျခင္းသည္ ဘာမွႀကီးႀကီးမားမားရည္႐ြယ္ခ်က္မရွိ ။
Afa သည္ သူစိတ္‌ေပ်ာ္ဖို႔ ျပဳခ်င္သလိုျပဳလို႔ရတဲ့ အိမ္ေမြးတိရစာၦန္ေလးျဖစ္သည္ ။
သူ႔ရဲ႕မ်က္လုံးထဲအျမင္မေစာင္းေစဖို႔ Afa သည္ဟန္ေဆာင္ေနရမွာျဖစ္ေသာ္လည္း သူကေတာ့ Afa ဘယ္လိုထင္ထင္ဂ႐ုစိုက္စရာမလို ။
သူေပ်ာ္လွ်င္ကစားမည္ ။ သူမေပ်ာ္လွ်င္ အႏိုင္က်င့္မည္ ။

သူ႔အၿပဳံး‌ေလးအေပၚ အခ်က္ေပးလြဲၿပီး တုန္ခါမိခဲ့တဲ့ရင္ဖက္ထဲက ျမည္သံေတြသည္ ရွက္ဖို႔သိပ္ေကာင္းသည္ ။

Afa သည္ သူ႔အားေၾကာင့္ လဲက်မသြားေအာင္ မတ္မတ္ေလးေတာင့္ရပ္ရင္း မ်က္လုံးေတြကိုပါမွိတ္ပစ္ထားလိုက္သည္ ။
ခ်ိဳသာတဲ့အၿပဳံးေတြကိုဆက္ေငးမိရင္ အထင္ေတြမွားေတာ့မွာမို႔ ။
ကိုယ့္ေနရာကိုယ္မေမ့ရေလေအာင္ ပါးခ်ိဳင့္ေလးေတြကို မ်က္ကြယ္ျပဳလိုက္သည္ ။

Ash : " ဟင္ ? ဘာျဖစ္လဲ ? မ်က္လုံးဖြင့္စမ္း "

သူ႔ေရွ႕မ်က္လုံးေတြကို တင္းတင္းမွိတ္ထားမိ၍လားမသိ ၊ အသံေတြကအလိုမက်ေတာ့ ။
အမိန႔္အတိုင္း ျပန္ဖြင့္ၾကည့္လိုက္ေတာ့ Afa ရဲ႕မ်က္ႏွာကို စူးစိုက္ၾကည့္ေနေသာသူ႔ကိုေတြ႕ရသည္ ။
သူ႔မ်က္ႏွာမွာ စိုးရိမ္မႈမ်ား . . . ။

Afa ပဲ အျမင္မွားေလသလား ?

Ash : " မ်က္လုံးကနာလို႔လား ? "

ျမင္ေနတာကိုမယုံရဲ ။
သူက နိမ့္က်တဲ့ဤကြၽန္ငယ္အတြက္ စိုးရိမ္သည္တဲ့လား ?
သူ႔ေမးခြန္းကို Afa ေခါင္းခါၿပီး ျငင္းလိုက္သည္ ။
ထိုအခါ သူမ်က္ေမွာင္က်ဳံ႕၏ ။

Ash : " အဲဒါဆိုရင္ ဘာေၾကာင့္ မ်က္လုံးကိုအတင္းမွိတ္ထားသလဲ ? ကိုယ္ေတာ့္ကို မျမင္ခ်င္ေလာက္ေအာင္ မုန္းေနတဲ့သေဘာလား ? နိမ့္က်တဲ့ကြၽန္ကေလ . . .? "

ဦးတည္ရာေတြေျပာင္းခ်င္သလိုေျပာင္းေပမယ့္ ၾကမ္းတမ္းစြာတိုက္ခတ္တာကေတာ့အၿမဲပင္ ။
သူ႔ရဲ႕ ေဒါသပဲျဖစ္ျဖစ္ ၊ေဆာ့ကစားမႈပဲျဖစ္ျဖစ္ သူေစတဲ့ေလျပင္းေတြဟာ ေသးငယ္တဲ့တည္ရွိမႈေလးအတြက္ မႏိုင္ဝန္ျဖစ္ရ၏ ။
သခင္ရဲ႕ အေျပာင္းအလဲျမန္ေသာစိတ္သည္ ကြၽန္ငယ္ေလးအတြက္ အၿမဲတမ္းေၾကာက္႐ြံ႕ေနရမည့္ဓားသြားလို ။ ေသးမႊားတဲ့ဒီကြၽန္မေလးကိုသူလစ္လွ်ဳရႈလိုက္ရင္ ဘယ္ေလာက္ေကာင္းလိုက္ေလမလဲ ... ။
သူကလဲ ဘာေၾကာင့္ Afa ရဲ႕အ‌ေရးမပါတဲ့ အျပဳအမူေတြကိုကအစလိုက္ၾကည့္ေနသလဲနားမလည္ႏိုင္ေပ ။

Afa ရဲ႕ အံ့ဩေနေသာမ်က္ႏွာငယ္အေရွ႕၌ သူသည္ လြန္စြာစိတ္ဆိုးေနေလေတာ့သည္ ။

Ash : " အဲသလိုဆက္လုပ္ေန တစ္ေန႔မင္းမ်က္လုံးေတြကို ေဖာက္ထုတ္ပစ္မယ္ ။ အခုေမးေနတာေျဖစမ္း ဘာေၾကာင့္မ်က္လုံးကိုမွိတ္တာလဲ ? "

သူ႔အသံနက္နက္ျဖင့္တစ္ခ်က္ေအာ္လွ်င္ Afa တင္မက အေနာက္မွနန္းတြင္းသူေလးမ်ားပါ တုန္ယင္ကုန္ၾကသည္ ။
ဒါေတာင္မွ သူမတို႔သည္ Afa လိုမ်ိဳး နတ္ဆိုး၏ေဒါသမ်က္ႏွာလွလွကို ၾကည့္ေနရတာမဟုတ္ ။

" မ. . . မမုန္းဘူး . . . Afa က မုန္းလို႔မဟုတ္ဘူး . . . "

ေၾကာက္လန႔္ကာတုန္ယင္ေနေသာ Afa ရဲ႕အသံေတြသည္ တိုးညႇင္းစြာထြက္သြား၏ ။
နဂိုတည္းက ေလသံေလးသာက်န္၍ စကားလုံးေတြသည္အားမပါ ။
ေတာင္းပန္ေနတာမဟုတ္လွ်င္ေတာင္ ၾကားရသူတိုင္းသနားဂ႐ုဏာသက္မိမည္ ။
ဒါေပမယ့္ ႏွလုံးသားမဲ့တဲ့ Xavia Ash အေပၚေတာ့မသက္ေရာက္ပုံပင္ ။

Ash : " ဘာျဖစ္လဲ ျပန္ေျပာစမ္း "

သူ႔မ်က္ဝန္းနက္ေတြထဲ ရႈပ္ေထြးမႈမ်ားျဖစ္ေပၚလာ၏ ။
ရွင္းမရေသာပုစာၦတစ္ခုအတြက္ အေျဖကိုရွာေဖြေတြ႕ရွိခဲ့ေပမယ့္ မေရမရာ ။ သူသည္ Afa ရဲ႕အဆိုကို မယုံၾကည္ေပ ။ ထပ္ကာေမးသည္ ။

Afa က သူ႔ကို မမုန္းပါဘူးဆိုတဲ့စကားဟာ သူ႔အတြက္သိပ္ကိုအလိမ္အညာဆန္ေနမွာေပါ့ ။
ဒါေပမယ့္ သူယုံပါေလ Afa ဟာ သူ႔ကိုမမုန္းပါ ၊ အျပစ္မတင္ပါ ။
သူသည္ တန္ဖိုးမဲ့တဲ့ Afa ရဲ႕ဘဝကို တန္ဖိုးတစ္ခုေပးခဲ့သူျဖစ္သည္ ။
ထိုတန္ဖိုးသည္ Afa ရဲ႕တည္ရွိမႈတစ္ခုတည္းနဲ႔ ‌ေသြးေခ်ာင္းစီးမယ့္အျဖစ္ကို တားဆီးႏိုင္ခဲ့ျခင္းမွအစ ၊ အၾကင္သူ၏ ရန္ၿငိဳးေတြကို Afa ရဲ႕အေပၚပုံက်ေစျခင္းအထိ ရည္႐ြယ္ခ်က္ေပါင္းမ်ားစြာပါဝင္၏ ။

သူသည္ Afa Raven အား ေသေလာက္ေအာင္မုန္းႏိုင္ေသာ္လည္း Afa သည္ သူ႔ကိုမုန္းခြင့္မရွိ ။
ဒါဟာ တစ္ခ်ိန္က Afa ျမင္ဖူးခဲ့တဲ့ သူ႔ကိုကန္ေက်ာက္ေနခဲ့ေသာေျခေထာက္ေတြၾကားေတာင္ အံကိုႀကိတ္ၿပီးမာနေတြကိုသယ္ပိုးခဲ့တဲ့ မ်က္လုံးနက္ေတြနဲ႔ေကာင္ေလးကို မ်က္ႏွာလႊဲခဲ့စဥ္ကတည္းက ဆုံးျဖတ္ခဲ့တာျဖစ္သည္ ။
Afa သည္ ထိုအခ်ိန္တည္းက ေကာင္ေလးရဲ႕အၿငိဳးမ်က္ဝန္းေတြကိုၾကည့္ရင္း Raven တစ္ေယာက္ျဖစ္ေနရေသာရန္‌ေကြၽးကို သယ္ပိုးဖို႔အသင့္ျဖစ္ေနခဲ့ပါသည္ ။

Afa လည္ေခ်ာင္းထဲမွအားယူကာထပ္မံေျဖၾကားလိုက္သည္ ။

" Afa အရွင့္ကို မုန္းလို႔မဟုတ္ဘူး ... "

Afa သူ႔ကို ေၾကာက္တာပါ ... ။ အျပစ္ရွိလို႔ ေၾကာက္‌ေနခဲ့တာပါ... ။

Afa ဆက္မေျပာေတာ့ပဲ ရပ္လိုက္သည္ ။ ေၾကာက္တာတစ္ခုတည္းနဲ႔ သူ႔မ်က္ႏွာကိုမၾကည့္ရဲခဲ့တာမဟုတ္ဘူးေလ ။
ေနာက္ဆက္တြဲအေၾကာင္းအရင္းကို သစၥာေဖာက္ခဲ့တဲ့ ဘယ္ဖက္ကႏွလုံးသားေလးသာသိေတာ့မည္ ။

သူသည္ၿငိမ္သက္ေနခဲ့သည္ ။
Afa ရဲ႕မ်က္လုံးေတြထဲ သံသယေတြနဲ႔စူးစိုက္ၾကည့္ေနေပမယ့္ ၊ႏႈတ္ခမ္းနီနီတို႔သည္ တစ္စုံတစ္ရာကိုေျပာၾကားလိုသလို အနည္းငယ္ပြင့္ဟသြား၏ ။
Afa သည္ ထိုျမင္ကြင္း၌အသက္ကိုေအာင့္ကာေငးေနရင္း သူေက်နပ္သြားေစဖို႔ ဆုေတာင္းရသည္ ။

Ash : " ဒီဧကရာဇ္က မင္းမုန္းလဲအေရးမစိုက္ဘူး ! "

ထိုသို႔ေဒါသတႀကီးေအာ္ေငါက္ကာ လွည့္ထြက္သြားတဲ့ရွင္ဘုရင္သည္ Afa ရဲ႕မ်က္လုံးထဲ၌ ထူးဆန္းစြာေၾကာက္စရာမေကာင္းေနေတာ့ေပ ။
အားေရာ့သြားတဲ့ မ်က္ဝန္းထဲကမီးလွ်ံေတြေၾကာင့္ပဲလားမသိ ၊ ရင္ထဲေႏြးၿပီးသာ က်န္ခဲ့ေတာ့သည္ ။

လွည့္ထြက္သြားေသာသူ႔ေနာက္ေက်ာကို ကြၽန္မေလးသည္ ခပ္ဖြဖြၿပဳံးကာေငး‌ေနမိသည္ ။
က်ယ္ျပန႔္ေသာေနာက္ေက်ာျပင္ ၊ အားအင္အျပည့္နဲ႔ေျခလွမ္း ၊ ေသခ်ာေပါက္ကန္ခ်ိဳးလို႔မရေတာ့ေသာသန္မာသည့္ခႏၶာကိုယ္ ...။
ထိုေကာင္ေလးသည္ ဘယ္ေတာ့မွသူတပါးေျခဖဝါးေအာက္ေရာက္ေတာ့မွာမဟုတ္ ။
သူသည္ မာနႀကီးေသာ၊ အာဏာႀကီးေသာ ၊ တစ္ေလာကလုံးက ေၾကာက္႐ြံ႕ရေသာ ဧကရာဇ္တစ္ပါးအျဖစ္ေရာက္ခဲ့ေလၿပီ ။
သူသည္ တစ္ခ်ိန္ကအေရခြံကိုခြာခ်ကာ လွပေသာလိပ္ျပာတစ္ေကာင္အျဖစ္ေျပာင္းလဲခဲ့ေလၿပီ ။
ဒါမွမဟုတ္ပဲ သူဟာအၿမဲတမ္း လွပေသာလိပ္ျပာတစ္ေကာင္ျဖစ္ေနခဲ့တာေနမည္ ။
မေျပာင္းလဲခဲ့တာဟာ အခုအခ်ိန္အထိေသးႏုတ္ေနခဲ့တဲ့ Afa သာ ။

ရင္တြင္းမွခါးသီးကာ လႈိက္တက္လာေသာ ခံစားခ်က္ေတြေၾကာင့္ပဲလားမသိ ၊ မ်က္လုံးေတြစူးစပ္လာေတာ့သည္ ။
ထို႔ေနာက္ ျမင္ကြင္းေတြေဝဝါးသြားကာ လွပေသာေက်ာျပင္မွ အၾကည့္ေတြခြာလိုက္၏ ။

Ash : " လုပ္စရာရွိတာဆက္လုပ္ေတာ့ ။ ၿပီးေတာ့ မင္း , ေငးေမာမေနပဲ မ်က္လုံးမွိတ္ထားေတာ့ "

ပထမအမိန႔္စကားက သူ႔ကို ညီလာခံဝင္ဖို႔ဝတ္စုံျပင္ေပးေနၿပီျဖစ္ေသာေစကြၽန္မ်ားအဖို႔ျဖစ္ကာ ၊ ' မင္း ' ဆိုတဲ့အေခၚအေဝၚကေတာ့ Afa အတြက္ျဖစ္၏ ။
သူ႔ရဲ႕အမိန႔္ေတာ္ကိုၾကားသည္ႏွင့္ မ်က္လုံးကိုအဝတ္စည္းထားေသာ Nicole သည္အခက္အခဲမရွိ Afa နားခပ္ျမန္ျမန္ေလ်ာက္လာကာ မ်က္လုံးစည္းအဝတ္ျဖဴစတစ္ခုကို ကမ္းေပးေတာ့သည္ ။
အဝတ္ျဖဴစကိုယူလိုက္ရင္း Afa သည္ ထိုအခါမွ မ်က္လုံးစည္းရျခင္းရည္႐ြယ္ခ်က္ကို သေဘာေပါက္သြားေတာ့သည္ ။

မ်က္လုံးစည္းထားေသာနန္းတြင္းသူေလးႏွစ္ေယာက္သည္ ဧကရာဇ္ငယ္၏ညအိပ္ဝတ္႐ုံကို ညႇင္သာစြာခြၽတ္ေပးေနၿပီျဖစ္၏ ။ ေဘး၌ဝိုင္းေနေသာ နန္းတြင္းသူေလးသုံးေယာက္၏လက္ထဲ၌မႈ ညီလာခံတက္ရန္ အဆင္တဆာမ်ားကို တယိုတေသကိုင္ေဆာင္ထားေလသည္ ။
ဝတ္႐ုံကိုခႏၶာကိုယ္မွဖယ္ရန္ ကိုင္တြယ္ရေသာသူမတို႔၏လက္ေခ်ာင္းေလးမ်ားသည္ ေျဖးညႇင္းစြာေ႐ြ႕လ်ားလ်က္ အရွင္သခင္၏အသားကို မထိမိရန္သတိႀကီးႀကီးထားေနၾကသည္ ။
ထိုလႈပ္ရွားမႈတို႔သည္ အေသအခ်ာေလ့က်င့္ထားေသာအမူအက်င့္ျဖစ္ေၾကာင္းသိသာ၏ ။

အခ်ိန္ေတြပါရပ္တန႔္သြားသလို ‌ညႇင္သာေသာအေ႐ြ႕ေလးမ်ား၌ လွပေသာလူသားတစ္ေယာက္ရွိေနတာက အႏုပညာတစ္ခုပမာ ။

Nicole : " အျမန္စည္းေလ အရွင့္ရဲ႕ခႏၶာကို မေတာ္တဆျမင္ရင္ေတာင္မွ ေသဒဏ္ဆိုတာမသိဘူးလား ? "

Afa ရဲ႕ ျမင္ကြင္းကို ခႏၶာကိုယ္ႀကီးျဖင့္လာပိတ္ရပ္လိုက္ၿပီး တီးတိုးသတိေပးလာေသာ Nicole ေၾကာင့္ Afa သည္အိပ္မက္မွႏိုးသြားခဲ့၏ ။
ထို႔ေနာက္ အဝတ္ျဖဴပါးေလးကိုမ်က္လုံး၌ တင္းက်ပ္စြာစည္းထားလိုက္ေတာ့သည္ ။

စည္းစည္းၿပီးျခင္းပင္ အဝတ္အစားမဲ့သြားေသာအရိပ္နက္ေလးကိုျမင္လိုက္တဲ့ Afa သည္ မ်က္လုံးကိုခ်က္ခ်င္းလႊဲလိုက္ရေတာ့သည္ ။
မ်က္ႏွာတစ္ခုလုံးပူျပင္းကာ အာေတြေျခာက္သည္ ။ ရင္ထဲကစူးေအာင့္ကာ အသက္ရႉဖို႔ခက္ခဲသည္ ။
ဒါဟာ အမည္မသိတဲ့လိုအင္ေတြလား ။
အဲ့ဒီမ်က္စိေရွ႕ကတည္ရွိမႈသည္ Afa ရဲ႕ခႏၶာကိုယ္ထဲမွာရွိေၾကာင္း မိမိကိုယ္တိုင္ေတာင္မသိခဲ့ေသာ အာ႐ုံေၾကာေတြကို ႏႈိးထေစေလသည္ ။
အသည္းႏွလုံးေတြေပါက္ထြက္မတတ္ခုန္ကာ တစ္ကိုယ္လုံးတုန္ယင္လာၿပီး ျဖစ္ႏိုင္ရင္ Afa သည္ ဤအခန္းထဲကေန ထြက္ေျပးခ်င္မိသည္အထိ ။

အဝတ္စည္းထားေပမယ့္ ဗလာက်င္းသြားတဲ့အခ်ိဳးအစားေတြကို အရိပ္ေလးပမာျမင္ေနရေသးတာက ပိုမိုစည္းေဖာက္ေနေၾကာင္း သူမသိေလေရာ့သလား ?

သူ႔ခႏၶာကိုယ္ကိုျမင္ရင္ ေသဒဏ္ခ်မည္တဲ့လား ?
ေဝေဝေဝါးဝါးမ်က္လုံးစည္းအဝတ္ျဖဴတစ္ဆကိုေဖာက္ၿပီးျမင္ရတဲ့ျမင္ကြင္းသည္ အခန္းထဲကလူတိုင္းကို ခိုးလိုးခုလုျဖစ္ေနေစ‌ေၾကာင္း အႏွီဧကရာဇ္သည္ ဘယ္ေတာ့မွသိႏိုင္မည္မဟုတ္ ။
ဒါဟာ သူ႔ကိုခစားတဲ့ေစကြၽန္ေတြ ေန႔တိုင္းႀကဳံရတဲ့ အႏၲရာယ္ျဖစ္မည္ ။
အခုမွ ေယာက်ၤားတျဖစ္လဲ ရွင္ဘုရင္ေရွ႕မွာေဆာက္တည္ရာမရ ရွက္ေသြးျဖာတဲ့ Nicole ရဲ႕ အမူအရာကို သေဘာေပါက္နားလည္သြားေတာ့သည္ ။

သူဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ ?
သူအခု Afa ကို ဘာလုပ္လိုက္ၿပီလဲ ?
စကားတစ္ခ်က္မေျပာ၊ တစ္ခ်က္မထိပဲ လူကိုသိမ္းပိုက္ခ်ယ္လွယ္ခံလိုက္ရသလိုပင္ ။

ထိုအခိုက္တန႔္ေလးသည္ Afa သိထားခဲ့ေသာ ႐ိုးရွင္းတဲ့ေလာကႀကီးၿပိဳပ်က္ၿပီး ၊ အေရာင္စုံေသာေလာကသစ္စတင္ခ်ိန္ျဖစ္ခဲ့ေလသည္ ။

Xavia Ash သည္ လြန္စြာထူးဆန္းေသာေကာင္ေလးတစ္ေယာက္ျဖစ္သလို ၊ လြန္စြာထူးျခားေသာဧကရာဇ္တစ္ပါးလဲျဖစ္ေလေတာ့သည္ ။
ဒါ့အျပင္ လူတိုင္းသတိထားသင့္သည့္ အခ်က္တစ္ခုမွာ သူသည္ ေယာက်ၤားမိန္းမမ‌ေ႐ြးလူတစ္‌ေယာက္ရဲ႕သိကၡာေတြ၊ ေစာင့္စည္းမႈတရားေတြကို စုတ္ျပတ္သတ္သြားေအာင္ခြာခ်နင္း‌ေခ်ပစ္ႏိုင္သည့္ ညႇိဳ႕ဓာတ္ျပင္းေသာနတ္ဆိုးလွလွတစ္ေကာင္ျဖစ္ေၾကာင္း ... ။

_______________________________


Continue Reading

You'll Also Like

200K 33.6K 91
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
375K 37.1K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...