ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ခ...
By zinc_popcorn
300K 36.7K 3.3K
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား... More
အမှာစာ/ အမွာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Tasaungtine Special🥳
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Today is my Birthday🥳🙆🏻‍♀️
Part-30
Part-31
Part-32
Part-33
Part-34
Ending
​ကျေးဇူးတင်ခြင်း💌
Extra-1
Extra-3
Extra-4 (Ending)
Gifts for you guys💖❣
Special Extra-1
Special Extra-2
Special Extra-3
Special Extra-4
Special Extra-5(Ending)
About Second Edition!
Book Cover & Gifts for Sec edition!
About Preorder!
Preorder Now!
🎀နှစ်သစ်လက်​ဆောင်🎀
Extra-2
4.2K 565 117
By zinc_popcorn
Unicode...
မ​​နေ့ညကအ​ကြောင်း ပြန်​ပြောင်း​​ပြော​တော့ ဦးနိုးကြားကရယ်တယ်။ ဟက်ဟက်ပက်ပက်ကိုရယ်တာ။ ပိုးစိုးပက်စက် အားရပါးရ အူလှိုက်သဲလှိုက် နှလုံးကျွတ်ထွက်မတတ် ရယ်တာ။
ဟက်....​အချိန်မှားပြီး တက်ကြွ​နေလိုက်....
"ဒါဆို ခခ​လေး မအိပ်ရ​သေးဘူး​ပေါ့"
"သွား ​စကားလာမ​ပြောနဲ့"
"ခခကလည်း"
"သွား...တခြား​​နေရာသွား"
"ဒါ ကို့အိမ်​လေ...ကိုကဘယ်သွားရမှာလဲ"
"စခန်းမှာ သွားအိပ်​ချေ...သွား"
** တသွားသွားနဲ့ နှင်ထုတ်​နေပါ​တဲ့ သုခ။ စိတ်ဆိုးချင်စရာပါ​ပေ့ ဦးတာ။ **
"ကို ဒီ​တစ်ပတ်ခွင့်ယူထားတာ"
"အဲ​တော့"
"ကိုတို့ဟန်းနီးမွန်းထွက်ကြမလားလို့​လေ"
"အဲ​တော့"
"​ချောင်းသာ သွားကြမယ်​လေ"
"တစ်​ယောက်တည်းသွား...​သောင်ပြင်မှာ​ဟောက်​နေ...ဒီ​ရေတက်ပြီး တခါတည်းကပ္ပလီကျွန်းထိ​မျောသွားပါ​စေ"
"ခခ​လေးရာ...အဲ​လောက်စိတ်မဆိုးပါနဲ့​တော့...​ချောင်းသာကျမှ... အဲဒါပိုမ​ကောင်းဘူးလားလို့"
"မ​ကောင်းဘူး"
"ဒါဆို ဘယ်မှာ​ကောင်းလဲ​ပြော...ခခ​​ကောင်းတဲ့​နေရာ ​ပြောင်းမယ်"
"ဘာစကားကြီးလဲ...ဘယ်​နေရာမှ မ​ကောင်းဘူး"
"တစ်​နေရာရာ​တော့ ​ကောင်းလိုက်ပါ"
"မ​ကောင်းဘူး"
"ဒါဆို ခခက ဒီအတိုင်းကြီး တသက်လုံး​နေသွား​တော့မှာ​ပေါ့"
အခုမှ မျက်နှာငယ်​လေးနဲ့။ ဒါ​​ပေမဲ့ တအားတက်ကြွ​နေတာ။ ဟက်...မ​နေ့ညက ကာလနဂါးနဲ့တခြားစီ​နော်။ ​နေ့နိုး ညသိုး လူဆိုး ဟွန်း...။
** သုခတို့ စကား​ပြော​နေတာကို ခိုးနား​​ထောင်​နေ​တဲ့ လူတစ်စုရှိ​လေရဲ့။ ဖြစ်​ကြောင်းကုန်စဉ်ကိုသိပြီးဖြစ်တာမို့ မ​နေ့ညကအ​ကြွေး ဒီမနက်များဆပ်ကြမလားလို့ ​မျှော်လင့်တကိုး ​စောင့်​စားနေ​ကြတဲ့ လူတစ်စု။ **
"ဟက် ... ​ချောင်းသာတဲ့...​ ​ဟေ့​ကောင်​တွေ ဘယ်လိုလဲ" (​တေ​ဇော)
"​ချောင်းသာဆို​တော့လည်း ​ချောင်းသာ​ပေါ့ကွာ" (​သော်ကြီး)
"အို​ခေ"
** ဒီလိုနဲ့ ငါး​​ယောက်သား အိမ်ပြန်ပြီး ပြင်ဆင်ကြ​တော့တယ်။ **
..............
Honeymoon ထွက်မဲ့နေ့ မနက်~~~
"မီး​လေး...အိမ်ကို​သေချာကြည့်နော်... အလုပ်ကိစ္စနဲ့ အိမ်ဖုန်းလာရင် ခရီးသွား​နေတယ်​ဖြေလိုက်"
"စိတ်ချပါ...ပါပါးတို့သာ ​အားရ​အောင် ​ပျော်ခဲ့"
"သွားပြီ မီး​လေး​ရေ"
"ဘိုင့်ဘိုင် ပါပါး.... ဘိုင့်ဘိုင် ​ဖေ​ဖေ"
** ကားကိုစင်းလုံးငှားပြီးသွားခြင်း။ ဦးတာကိုယ်တိုင်​မောင်းမယ်ဆိုတာကို ခရီးရှည်ဖြစ်တာမို့ သုခက စိတ်မချ။ **
ဟို​ကောင်​တွေနဲ့ခွဲပြီး သီးသန့်ခရီးထွက်ရတာ လွတ်လပ်လိုက်တာ။ အင်း...​ဘေးမှာ ဦးရှိ​နေတာလည်းပါမှာ​ပေါ့။ သူတို့ကို ခခက ဟန်းနီးမွန်းထွက်မယ်ပဲ​ပြောထားတာ။ ဘယ်သွားမယ်လို့မ​ပြောခဲ့ဘူး။ ​တော်ကြာ လိုက်လာကြမှာစိုးလို့​လေ ဟီးဟီး။ ဘာပဲဖြစ်ဖြစ် ဘဝမှာ တစ်ခါ​တော့ ချစ်ရသူနဲ့နှစ်​ယောက်တည်း တစ်ကမ္ဘာတည်​ဆောက်ချင်တယ်​လေ။
​ချောင်းသာကမ်း​ခြေ~~~
ဝါး...သာယာလိုက်တာ...။ တစ်​နေကုန် တစ်ညလုံး ကားစီးလာရ​​တော့ ​တော်​တော်ကို​ညောင်းတယ်။ ဒီက ပင်လယ်ကြီးမြင်လိုက်တာနဲ့ အဲဒီဒဏ်​တွေ​မေ့​ရောပဲ။
** ဦးတာက သုခ​နောက်က​နေ ခါးကိုသိုင်းဖက်တယ်။ ခခရဲ့ပခုံး​ပေါ် ​မေးတင်ရင်း ​ရှေ့က အဆုံးမရှိ​တဲ့ ပင်လယ်ပြင်ကြီးကို ​ငေးကြည့်လိုက်တယ်။ **
"​ပြော​တော့ မ​ကောင်းဘူးဆို"
"ဝါး...မထင်ထား​အောင်ပဲ...ခခ တစ်ခါမှမ​ရောက်ဖူးဘူး"
"​ပျော်လား"
"အင်း​...ပျော်တယ် အရမ်းပဲ"
"ချစ်လား"
"​မေးစရာလို​သေးလား"
"စိတ်ဆိုး​​ပြေပြီလို့ ယူဆလိုက်မယ်​နော်"
"အင်း..."
"​ယေးးး....ပင်လယ်ကြီး​ရေ...ခခက ကျွန်​တော့်ကို စိတ်မဆိုး​တော့ဘူးတဲ့"
ရုတ်တရက်ကြီး လက်ကိုအ​ပေါ်​မြှောက်ပြီး အကျယ်ကြီး​အော်ပစ်တာ။ ခခ​တောင် ထိတ်လန့်သွားတယ်။ က​လေးကလား...ဒီလူကြီးက​တော့...။
** ဒီ့နောက် ဦးတာက သုခကို​ပွေ့ချီပြီး ဟိုတယ်ခန်းဆီ ဦးတည်လိုက်တယ်။ **
"ဦး...ဘာလုပ်တာလဲ...လူ​တွေကြည့်​နေပြီ"
"ကြည့်ကြည့်​ပေါ့...သူတို့က ကို့လို ချီစရာလူမရှိလို့ အားကျပြီးကြည့်တယ်ပဲမှတ်တယ်"
"မဟုတ်ပါဘူး... ခခလို ချီမဲ့သူမရှိလို့ အားကျ​နေကြတာပါ"
"အဟား...ဟုတ်ပါပြီဗျာ"
** ဟိုတယ်အခန်းကို ရောက်ပြီ။ ​သုခကို​မြေပြင်​ပေါ် ချပြီးပြီးချင်း သုခက ပခုံးကိုတွယ်ဖက်ထား​တော့တယ်။ **
အခန်းတံခါးက ဒီလိုချိန်ကျမှ ဖွင့်ရခက်လိုက်တာ....
တံခါးပွင့်တာနဲ့ နှစ်​​ယောက်သား အခန်းထဲအလုအယက်​ပြေးဝင်ကြ​​ရော။ ချက်ချင်းပြန်ပိတ်ပြီး ခုနကတည်းက ​ချုပ်တည်းထားတဲ့ဆန္ဒ​တွေကို ဖြည်ချလိုက်​တော့တယ်။
** တံခါးဝက​နေလို့ နှစ်ဦးသား နှုတ်ခမ်းလွှာနှစ်စုံကြား အနမ်းချင်းဖလှယ်ကြရင်း ​ခြေလှမ်းတို့က တဖြည်းဖြည်း ကုတင်ရှိရာဆီ။ ​​နောက်ဆုံးမှာတော့ ဦးတာက ခခကို ကုတင်​ပေါ် ညင်ညင်သာသာ လှဲချလိုက်​တော့တယ်။ ကြင်စ​မောင်နှံရဲ့ ရင်ခုန်သံများက ထပ်တူကျစွာ ​မောဟိုက်မှုများနဲ့။ **
ခခကို ကုတင်​ပေါ်အိပ်ခိုင်းပြီး​တော့ ဦးက သူ့ခရီး​​ဆောင်အိတ်ကို သွားဖွင့်တယ်။ ဒါဆို ဒီတစ်ခါ​တော့သေချာပါပြီ။ ဟီးဟီး....
၅မိနစ်ခန့် အိတ်ကို​မွှေ​နှောက်​နေ​တဲ့ ဦးတာ...
ခခစိတ်မရှည်​တော့ဘူး။ ဦးရှာ​နေတာ လိုအပ်တာ​တွေမဟုတ်ဘူးလား။
"ဦး ဘာဖြစ်လို့အဲ​လောက်ကြာ​နေတာလဲ"
"​နေဦး ခခ...ကို ​သေချာထည့်ခဲ့တယ်...​နေရာများမှားထည့်မိတာလား... ခခအိတ်ထဲများ ထည့်မိလားမသိဘူး...ခဏ​လေး ကိုရှာကြည့်ဦးမယ်"
ဘာလဲ။ တကယ့်အ​ရေးကြီးပစ္စည်းကျမှ ​မေ့ခဲ့ရလား။ ခခလည်း ကူရှာ​ပေးရ​တော့မှာ​ပေါ့။ မြန်မြန်​တွေ့မှဖြစ်မယ်။ ခခအိတ်ထဲမှာလည်းမရှိဘူး။
"ဒါ ဒါဆို​လေ ခခ...ကိုတို့ ဒီ...အ..တိုင်း....ပဲ"
နိုး​နော် နိုး။ ဘာဒီအတိုင်းလဲ။ တအားနာမှာ​ပေါ့ အီးဟီး။ အစုတ်ပလုတ်ကြီး သူမနာရတိုင်း သူများကို ဒီတိုင်းကြီး...
အခု ခခရုပ်က ငိုမဲ့မဲ့ဖြစ်​နေပြီလားဟင်...
"ခခ မငိုနဲ့​လေ...​အေး ​အေးပါကွာ...ဒီအတိုင်း မလုပ်​တော့ပါဘူး... ကျစ်...​သေချာထည့်ခဲ့ရက်နဲ့"
​ဒေါက် ​ဒေါက် ​ဒေါက်~~~
** တံခါး​ခေါက်သံ​ကြောင့် သုခက ​စောင်ကိုဆွဲခြုံလိုက်ပြီး ဦးတာက သွားဖွင့်တယ်။ **
တံခါးပွင့်တာနဲ့...
"​​ဟောဒီက ဘူး​လေးလိုနေတာလား"
** Lubricantဘူးကို ကိုင်လို့ ​ပြောသူက ​တေ​ဇော...။ အ​နောက်က လေး​ကောင်က စပ်ဖြီးဖြီးမျက်နှာ​ဘေးများနဲ့ ​နေကာမျက်မှန်ကြီး​တွေတပ်ပြီး တောင့်​တောင့်ကြီးရပ်​နေကြတယ်။ **
ဟင်...ဒီ​ကောင်​တွေ ဘယ်လိုလုပ် ဒီ​ရောက်​နေတာလဲ။ လက်ထဲက ဘူးက....။ ဒါဆို ပါမလာတာ ဒီ​ကောင်​တွေလက်ချက်လား။ သူခိုးအချင်းချင်း တစ်ကွက်​ကျော်ရိုက်တယ်​ပေါ့​လေ။
"ဖယ်...ဖယ် ဦး ဖယ်​နေ"
"တစ်ဘူးကို ၅​သောင်း...နှစ်ဘူးဆိုရင် 10% discount"
"​တိတ်စမ်း!!!"
ခခ​ဒေါသ​တွေ ငယ်ထိပ်​​ရောက်​​နေပြီ။ ဗြဲ...ဒီ​ကောင်​တွေက ဘာလို့ အ​နှောင့်အသွားမလွတ်ရတာလဲ။ ခခကိုဆို အမြဲအနိုင်ကျင့်ကြတယ်။
"အီးဟီး ... ခခကိုအနိုင်ကျင့်တယ်... ခခကိုဆို အမြဲအနိုင်ကျင့်တယ်... ဦး...ဒီ​​ကောင်​တွေက ခခကိုတအားအနိုင်ကျင့်တယ်...အီးဟီး...ဗြဲ"
** အ​ပေါက်ဝမှာပဲ ထိုင်ငိုရှာတဲ့ သုခ။ အဲဒီအခါကျမှ ငါး​ယောက်သား အထဲဝင်လာကြပြီး သုခကိုဆွဲထူတယ်။ **
"ငါတို့က စတာပါကွာ...​မင်းတို့ဘာသာ လွတ်လွတ်လပ်လပ်​နေကြ...မ​နှောင့်ယှက်ဘူးရယ်...ငါတို့လည်း ခရီးထွက်စရာမရှိတာနဲ့​လေ မစဉ်းစားတတ်တာနဲ့ ဦးတာစိတ်ကူးလိုပဲ ​ချောင်းသာထွက်လာကြတာ အဟဲ...တိတ်တိတ် ငိုရင်အားပြတ်မယ်" (​တေ​ဇော)
"ဟုတ်ပါတယ်ကွာ...ငါတို့အချစ်ဆုံးကြီး ​ဟန်းနီးမွန်းထွက်တာ ​ပျော်လွန်းလို့ ဝမ်းသာလွန်းလို့ လိုက်လာတာပါ" (​သော်ကြီး)
"ဘာမှ မဆိုင်သလိုပဲ" (သုခ)
"မဆိုင်လည်းဆိုင်လိုက်ပါကွာ...ကမ်း​ခြေမှာ အုပ်စုလိုက် ​ပျော်​ပျော်ပါးပါး​ပေါ့...ဟုတ်တယ်မလား" (ငထွန်း)
"ခု​လော​လောဆည် အဲဘူးထားခဲ့ပြီး အခန်းထဲက​နေ ထွက်သွားကြ​တော့ သွား"
"သွားမှာပါ...​ရော့​ရော့"
ခခ လှမ်းယူမယ်လုပ်​တော့ အ​မောင်​တေ​ဇောက လက်ကိုအ​နောက်ပြန်ဆုတ်သွားတယ်။
"ဒီလိုလုပ်ကွာ...တစ်ဘူးဝယ် တစ်ဘူးလက်​ဆောင်"
"​ရော့...အင့်...လက်​ဆောင်"
** သုခက သူချွတ်ထား​တဲ့ ​ခြေအိတ်နဲ့ ​တေ​ဇောကိုလှမ်း​ပေါက်တယ်။ ​ရှောင်လိုက်တာမို့ အ​နောက်က ဝဏ္ဏကိုသွားထိတယ်။ ​တေ​ဇောလက်ထဲကဘူးကို မရမကဆွဲလုထားလိုက်ရတယ်။ ဟိုငါး​ကောင်က​တော့ အခန်းပြင်​ရောက်သွား​လေပြီ။ **
​တော်​သေးတာ​ပေါ့။ လုထားလိုက်နိုင်လို့။ ကျစ်...တကယ်ပါပဲ။ သင်းတို့ အခန်း​ရှေ့က​နေ နား​ထောင်​နေမှာ​တော့ မဟုတ်ဘူးမလား။ သင်းတို့ရန်က ကင်း​ဝေး​အောင် အ​ဝေးကြီးလာခဲ့ကာမှ ​သ​န္ဓေဆိုး​တွေက လိုက်ဖြစ်​အောင်လိုက်လာတယ်။
"ဦးကို အားနာလိုက်တာ"
"မဟုတ်တာပဲ ... ခခသူငယ်ချင်း​တွေက ​ပျော်တတ်ကြတာပဲဟာ ... အခုလိုချင်တာရသွားပြီဆို​​တော့"
"အင်း...ဟို​ကောင်​တွေ အ​ရှေ့မှာ​စောင့်မ​နေ​လောက်ဘူးမလား"
"မရှိ​တော့ပါဘူး...ကို​​သေချာကြည့်ပြီးပြီ ... ထွက်သွားကြပြီ"
"အင်း...ဒါဆိုပြီးတာပဲ"
"ဒါဆို ကိုစပြီ​နော်"
"ဟုတ်"
** ဒီလိုနဲ့ မင်္ဂလာဦးညက အခဲမ​​ကျေခဲ့သမျှ အငြိုး​တွေကို ​ချောင်းသာကမ်း​ခြေမှာ ​ချေဖျက်ခဲ့​​လေတယ်။ ဦးတာနဲ့သုခတို့ရဲ့ အချစ်ချင်းဖလှယ်မှုက ည​နေ​​စောင်းတဲ့အထိကြာမြင့်ခဲ့​လေရဲ့။ **
ည​နေခင်း ​သောင်ပြင်​ပေါ်~~~
"ချီးယားစ်"
"ချီးယားစ်"
"မိုက်တယ်ကွာ...ကမ်း​ခြေမှာ ဒီလိုသာသာယာယာ ဘီယာ​လေးနဲ့ ပုစွန်ကင်​လေးနဲ့ ထိုင်ရမယ်လို့ စိတ်မကူးဖူးဘူး...မန်း​လေးသားဆို​တော့ ကမ်း​ခြေမကြိုက်တာအမှန်ပဲ...အခု​တော့ ကြိုက်သွားပြီကွာ" (​တေ​ဇော)
"​အေးကွာ...​ဟေ့​ကောင်​တွေ မင်းတို့မနက်က ဦးတာရဲ့မျက်နှာထားကို မြင်လိုက်တယ်မလား....တကယ်ကို ​တောင်းပန်တိုးလျှိုး​နေတဲ့ရုပ်" (​မြတ်သူ)
"​ဟုတ်ပါ့...ဘာတဲ့...ထွက်သွား​ပေးကြပါကွာ...အ​ရှေ့မှာလည်း ​ချောင်းမ​နေပါနဲ့...​ရော့ ​ရော့ မင်းတို့ ပုစွန်ကင်ဝယ်စားကြတဲ့...​ဟားဟား" (​သော်ကြီး)
"သူများကို ​ပြောင်မနေနဲ့...ဝဋ်လည်မယ်" (​တေ​ဇော)
"အံမယ်...အချစ်က​​လေးကလည်း...သူကထိပ်ဆုံးကကို"
"အဲဒါ​တော့ အဲဒါ​ပေါ့...ဒါ​ပေမဲ့ အခု​မှောင်လာပြီ​လေ...ည​ရောက်ရင် အ​နွေးဓါတ်လိုတယ်"
ခပ်တိုးတိုးဆိုလာတဲ့ ကျွန်​တော့်မီး​တောက်​လေးက ညကျရင် ကျွန်​တော်တို့ကို တခြား​ကောင်​တွေ​ချောင်းကြမှာ စိုး​နေတာပါပဲ။ သူများအလှည့်ကကျ မတရား တက်ကြွ​နေပြီး​တော့များ။
ကျွန်​တော်သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
"​မ​ကြောက်ပါဘူး...လုပ်ချင်တာလုပ်ကြပါ​စေ... ငါတို့လည်း လုပ်စရာရှိတာ လုပ်ကြတာ​ပေါ့"'
"မင်းက ​တော်​တော်အရှက်မရှိတဲ့အ​ကောင်"
"အဲအ​ကောင်က မင်း​ယောက်ျား"
"အဲအ​ကောင်​ယောက်ျားကလည်း ငါပဲ"
"ဟားဟား...ကြည့်ပါဦး နှာ​ခေါင်း​လေးနီ​နေပြီ...​တော်​တော့ အမူးလွန်ပြီး ညကျ အ​နွေးဓါတ်မရဘဲ​နေမယ်"
"မင်း ငါ့limitကို လာစမ်းတာလား ​ဟျောင့်...​တေ​ဇောကွ...ဘီယာ​လောက်နဲ့မဖြုံဘူး...ဟိုးက ပင်လယ်ထဲမှာ​တွေ့လား...ဦးလှ​ဆွေမျက်နှာကြီးက မင်းကို​လှောင်​နေပြီ"
"အခုလို​ပြောတာက မူး​နေတဲ့ပုံစံ"
"ငါမမူး​သေးဘူးကွ"
"မင်းမူး​နေပြီ"
"အဟင်းဟင်း...စမ်းသပ်မလား ငါ့​​​ယောက်ျား"
​ပြော​ပြောဆိုဆိုနဲ့ ​​ကျေးဇူးရှင်ဟာ ကျွန်​တော့်ကို​သောင်ပြင်​ပေါ်တွန်းလှဲတယ်။ သူကကျွန်​တော့်အ​ပေါ်က​နေ ခွထိုင်ပြီး နှုတ်ခမ်းကို သဲကြီးမဲကြီး နမ်း​တော့တာပဲ။ ​သော်ကြီးပါတဲ့....ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်တာ အဟဲ...။
"ဟာ...​ဟေ့​ကောင်​တွေ...စိတ်မထိန်းနိုင်​တော့ရင်လည်း အခန်းထဲသွားကြကွာ...ဒီမှာ သီချင်းဆိုမလို့ပါဆို...ဖီးကျဲလိုက်တာ" (မြတ်သူ)
"​အေးကွာ...သွားကြ ...​​ရေနဲ့ပက်ရမှာလားဟ" (ငထွန်း)
"ရွှတ် ... က​လေးကို​တောင် သတိရသွားပြီ... က​လေး​ရေ စာ​​မေးပွဲမြန်မြန်​ပြီးပါ​​တော့...အဟင့်" (ဝဏ္ဏ)
** ဇိုးကြီးဝဏ္ဏက​တော့ ပင်လယ်ပြင်ကြီးကိုတိုင်တည်လို့ ရှိုက်ကြီးတငင် သူ့က​လေးကို တရှာတယ်။ မြတ်သူနဲ့ငထွန်းက​တော့ ဘီယာဘူးခွံကို ပုစွန်ကင်ထိုးတဲ့တုတ်တံနဲ့ တ​တောင်​တောင်တီးပြီး သီချင်း​အေး​အေး​လေးများ ညည်းကြ​လေတယ်။ **
ပုစွန်ဆီ​​ရောင်သမ်း​နေတဲ့​ကောင်းကင်ကြီးနဲ့ အပြာ​ရောင်​ရေပြင်ကြီးတို့ဟာ အလှမ်း​ဝေးလှတဲ့ တစ်​နေရာမှာ​တော့ ဆုံ​တွေ့ကြမယ်ထင်တယ်...။
~~~~~~~~~~~~~~~~~~~~
Zawgyi...
"သွား ​စကားလာမ​ပြောနဲ့"
"ခခကလည်း"
"သွား...တခြား​​နေရာသွား"
"အဲ​တော့"
"အဲ​တော့"
"မ​ကောင်းဘူး"
"မ​ကောင်းဘူး"
"အို​ခေ"
..............
"သွားပြီ မီး​လေး​ရေ"
ချောင်းသာကမ်း​ခြေ~~~
"​ပျော်လား"
"အင်း​...ပျော်တယ် အရမ်းပဲ"
"ချစ်လား"
"​မေးစရာလို​သေးလား"
"အင်း..."
"အဟား...ဟုတ်ပါပြီဗျာ"
ဒေါက် ​ဒေါက် ​ဒေါက်~~~
တံခါးပွင့်တာနဲ့...
"ဖယ်...ဖယ် ဦး ဖယ်​နေ"
"​တိတ်စမ်း!!!"
"ဘာမှ မဆိုင်သလိုပဲ" (သုခ)
"သွားမှာပါ...​ရော့​ရော့"
"​ရော့...အင့်...လက်​ဆောင်"
"ဦးကို အားနာလိုက်တာ"
"အင်း...ဒါဆိုပြီးတာပဲ"
"ဒါဆို ကိုစပြီ​နော်"
"ဟုတ်"
"ချီးယားစ်"
"ချီးယားစ်"
"ငါမမူး​သေးဘူးကွ"
"မင်းမူး​နေပြီ"
~~~~~~~~~~~~~~~~~~~~
Continue Reading
You'll Also Like
1.5M 140K 57
Unicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ် ယောက်ရဲ့ပုံပြင်ကတော့ ဘယ်တော့မှမဟောင်းမ...
115K 8.3K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...
330K 30.7K 55
Title : Philophobia Genre : Own Creation / BL Tags : Romance-Comedy Cover Artist : Moon U Author...
2.6K 200 11
"ဘဝမှာ နေရဖို့ ရက် အကန့်အသတ်ပဲ ကျန်တော့တဲ့ လူတစ်ယောက်ကို စွဲစွဲလန်းလန်း တွယ်တာသွားမိတယ်ဆို ခင်ဗျားတို့ အဲ့လူအပေါ် ဘယ်လို မြင်မလဲ။" "ဘဝမှာ နေရဖို့ ရက်...