အချစ်သံယောဇဉ်တွယ်တာရာလေး(အခ်စ...

By I-am-K

98.7K 5.9K 176

xiao zhan - seme wang yibo-uke #zsww #zhanyi Start.. 14/1/2020 End. .. Uni+zawgyi ဒီfic ေလးက birthday pres... More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21 (final)

15

3.6K 244 4
By I-am-K

#Unicode

_



____

"ကျန်းရွှမ်းလု"

" မမလု"

မဲ့ပြုံးနဲ့ကြည့်နေတဲ့မမလုသည် အတော်လေး ဒေါသထွက်နေပုံပင် ။

ဒေါသမျက်လုံးနဲ့ မဲ့ပြုံးမျက်နှာနှင့်မို့

သူအရင်သိခဲ့သော အပြုံးချိုချိုလေးနဲ့ မမလု  လားလားမှမဆိုင်။

  အရိုက်ခံရတဲ့သူ အစ်မလော့ ကတော့ မီးဝင်းဝင်းတောက်နေတဲ့ ဒေါသ မျက်လုံးတို့ဖြင့် လက်ပြန်ရွယ်လိုက်သော်လည်း.........။

" ရပ်လိုက်စမ်း "

၀မ်ကျူလျှို ရဲ့ စကားတစ်ခွန်းကြောင့် လော့ရှားဟန်ရဲ့ မြောက်တက်သွားသော လက်ဟာဖြင့် လေပေါ်မှာ ရပ်တန့်သွားရသည်။

"အကိုကျူလျို "

" အဟက် မထင်ထားမိဘူး မင်းကို အစကတည်းကသတိပေးခဲ့တာကို အခုတော့ လက်ပူလက်ကြပ်မိပြီပေါ့ "

" မဟုတ်ဘူး အကို လော့လော့ကို  သူ အရင် ရိုက်တာ ဒီမှာကြည့် "

ဟုဆိုကာ သူ့ ရဲ့ ပါးနှစ်ဖက်ကိုပြလို့ ပြောလာတော့ ၀မ်ကျူ လျှို ဟာ အရေးမစိုက်သည့်အပြင်

" အမလု အနှာက်အယှက် ပေးမိပါပြီ ကျန်တဲ့ကိစ္စကျွန်တော်ရှင်းလိုက်ပါ့မယ် အခု CEO က ရုံးခန်းကို အရင် လာခဲ့ပါတဲ့ "

ရွှမ်းလု ဘာမှမပြောဘဲ ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်မသွားသေးဘဲ လောရှားဟန်ကို ကြည့်ကာခြေတစ်လှမ်း လမ်းလိုက်ကာ ရှေ့တိုးလိုက်တော့ လော့ရှားဟန်က ကြောက်နေဟန် နောက်သို့ ဆုတ်သွားသည်။
ရွှမ်းလု ဟာ မဲ့ပြုံး ပြုံးလို့ လော့ရှားဟန်ရဲ့ သူငယ်ချင်းဆီကကော်ဖီဘူးကိုယူလိုက်ပြီး အဖုံးဖွင့်ကာ ပါးရိုက်ရုံနှင့်မကျေနပ်လို့ ကော်ဖီနှင့်ပါ ခေါင်းပေါ်လောင်းချလိုက်တော့သည်။

လော့ရှားဟန်ပါ မက အခြားသောသူများပါ အံ့သြနေကြလျက် တကယ်ကိုမထင်မှတ်ထားတာမို့ အကုန်လုံးဟာ အကြောင်သားနဲ့ မလှုပ်မယှက် ရပ်နေကြလေသည်။

~~ဒုန်း~~

ရုတ်တရက် ဒုန်းကနဲ အသံမြည်ကာ တံခါးဖွင့်သံနှင့်အတူ ရိပေါ်နှင့်အတူကြောင်ရပ်နေသောသူများဟာ တံခါးဘက်ကိုကြည့်တော့ "၀မ်ကျိုးချန်"

ရိပေါ်စိတ်ထဲတွေးမိတာဟာဖြင့်
* ဟွန့် CEO ဖြစ်ပြီး အိနြေ္ဒကိုမရဘူး ကျန့်ကောနဲ့များ ကွာပ"
.
.
.
.
.
ကျိုးချန် ခင်များ စာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ် နေတုန်း

" ကျိုးချန် အလွှာ၂ မှာ လုလုကျဲရှိတယ် အဲ့ဒါ ငါ့ ဆီလာခဲ့လိုသွာ့းပြောလိုက်ဦး အခုနော်"

" ဟုတ်ကဲ့"

ကျိုးချန် အလွှာ၂ကို သွားရန်ပြင်လိုက်သော်လည်း မျက်နှာသေကောင်ကျူ လျှို ကိုတွေ့လိုသောကြောင့် ခေါ်ကာ လုကျဲ ဆီသွားပြောခိုင်းလိုက်ပြီး စစ်စရာရှိတာများကို စစ်နေလိုက်သည်။

ရုတ်တရက် ထွက်လာသောCEO ကြောင့် သူ့ကိုမြင်လိုက်သည်ဆိုတာနဲ့ ဘာလို့ အခု ထိမသွားရသေးတာလဲဆိုတဲ့ အကြည့်နဲ့မို့ ဖြေရှင်းချက်ပေးချင်သော်လည်း CEOဟာ အလုပ်ကို သူများအား တဆင့်ခိုင်းခြင်းလုံးဝမကြိုက်သောသူမို့
သွားလေးအသာဖီးပြကာ လှစ်ထွက်လာခဲ့သည်။

သူခေါ်ခိုင်းတာကြာလှပြီ အခုထိမလာသေးတာမို့ အမြန်ရောက်ရန်သွားလိုက်သော်လည်း ကော်ဖီပတ်ခံရတဲ့သူနဲ့ ကြောင် အ နေကြသောသူများနှင့် တွေ့လိုက်ရတော့သူ့ စိတ်ထဲ သိပ် ဘ၀င်မကျ။

ဘယ်လိုဖြစ်ပြီး ဒီလိုတွေ စည်းကမ်းမရှိရတာလဲ
သူ့အား အကုန်လုံးက ၀ိုင်းကြည့်နေကြသည်မို့ ချောင်းလေး ဟန့်ကာဖြင့်

" အဟမ်း ဒါက ဘယ်လိုဖြစ်နေတာလဲ "

" ကျိုးချန် "

" ဟုတ်ကဲ့ မမလု CE..."

" သိပြီးသား လာခဲ့မယ်"

ရိပေါ်ဟာ နားမလည်တော့ပေ။

CEOဖြစ်ပြီ ပြာယာခက်ကာ မမလုကိုတောင် လာခေါ်သေးတယ် မမလုကရော ဘယ်သူမို့လို့လဲ..

တကယ်ဆို secretaryဖြစ်တဲ့ ကျန့်ကောကိုလွှတ်လိုက်ရမှာမဟုတ်ဘူးလား

အာ မေ့နေတာ ကျန့်ကောက CEO ကို ပိုင်တယ်တဲ့ ပြောဖူးတယ်

အင်း ကျန့်ကောတို့များ CEOကိုတောင် အလုပ်ပြန်ခိုင်းနိုင်တယ် တကယ်ပဲ..

ကော်ဖီရည်တွေနဲ့ လူရုပ်ပင်မပေါက်တော့သော ကောင်လေးကို ကျိုးချန်ကြည့်မိတော့ သေချာပေါက် သူတိုက်မိခဲ့တဲ့ကောင်လေးပဲ။

နေပါဦး အဲ့ကောင်လေး ကြောင့် ဟိုတစ်ခါက ဘုမသိဘမသိ အဟောက်ခံလိုက်ရတာ ဒီကိစ္စCEOသာသိရင် လုပ်တဲ့သူတော့  သေပြီပဲ..

နေပါဦး သူကြံမှပါလေ။

" အာ မမလု ရုံးခန်းကိုသိမယ်ထင်တယ် အရင်သွားလိုက်ပါဦး ကျွန်တော်နောက်က လိုက်ခဲ့ပါမယ်"

" အင်း "

ရွှမ်းလု ထွက်သွားတော့မှ ကျိုးချန် ရိပေါ် ကိုသေချာကြည့်ကာ..၊

" ဟိုးတစ်နေ့ တုန်းက တိုက်မိတဲ့ကောင်လေးဘဲ အဆင်ပြေရဲ့လား"

" ဗျာ အာ ဟုတ်ကဲ့ ပြေပါတယ်"

သူ့အားလှည့်ကာ စကားပြောလာသော မောင်ပြာယာCEOကြောင့် ရိပေါ်လဲ ကြောင် အအ နဲ့ ဖြေလိုက်တော့...

" ဘာကိုပြေရမှာလဲ တစ်ကိုယ်လုံး ရစရာကို မရှိနေတာကို လာပါ အစ်ကိုနဲ့ လိုက်ခဲ့"

ကျိုးချန်လည်း လက်ကကိုင်ကာ ခေါ်သွားတာမို့ ရိပေါ်လေးဟာ ခြေထောက်ကနာနေတာက တစ်မျိုး၊
ကော်ဖီရည်တွေကြောင့်ကတစ်မျိုး ထော့နဲ့ထော့နဲ့ ဖြင့် ပါလာခဲ့ရသည်။

ရွှမ်းလု အခန်းထဲရောက်တော့ ထမင်းဘူးကိုကြည့်ကာဖြင့် ပီတိဖြာနေသော သူ့ရဲ့အဖေမတူအမေကွဲ မောင်လေးကြောင့် မျက်နှာ ရွဲကြီးဖြင့် ကြည့်ကာဖြင့် ..။

" အဲ့ ထမင်းဘူး က တသသနဲ့ဆိုရင်တော့ သေချာပြီ ငါ့မောင် လေး တကယ်ရှိနေတာပဲ"

စကားသံကြားသောကြောင့် ကြည့်လိုက်တော့ မမလုမို့ အသာပြုံးလိုက်ကာ..။

" ဒါပေါ့ တကယ်ရှိလို့ပေါ့ဗျ  ဒါနဲ့ လုကျဲ ဘာလို့ အခုမှ ရောက်လာတာလဲ ကြာလိုက်တာဗျာ "

"အဲ့ဒါက အရင်ထားဦး ဘာဖြစ်လို့ မောင်လေးထိုင်နေတဲ့ရုံးမှာ အကျင့်ပျက်လူတွေရှိနေရတာလဲ"

" ဘာရယ် အခု ဘာဖြစ်နေလို့လဲဗျ"

" အင်း ပြောရရင်တော့ အရှည်ကြီးပဲ အရင်ဆုံး ရုံးခွဲချုပ်တစ်ခုကို အရင်လေ့လာရေးသွားတာ အရမ်းကိုနွေးထွေးတဲ့ မိသားစုကိုရောက်သွားသလိုခံစားရတယ်.
နောက်တော့ သူတို့လို အရည်အချင်းပြည့်စုံတဲ့ ကလေးတွေကို ပင်မရုံးချုပ်မှာ အလုပ်လုပ်စေချင်လို့ တမင်တကာကို ရုံးချုပ်ကိုခေါ်စာပို့ခိုင်းလိုက်တာ
ငါ့မောင် ထိုင်တဲ့ ရုံးရောက်မှ တွေ့တော့တာပဲ အရင်တုန်းကတော့သည်းခံသေးတယ်။
နောက်တော့ ကို့ မောင်လေးလိုသဘောထားရတဲ့ ရိပေါ်ဆိုတဲ့ကောင်လေးကိုကော်ဖီနဲ့ ပတ်လိုက်လို့ မခံနိုင်တော့တဲ့အဆုံး ပါးရိုက်လာလိုက်တယ်"

" ဘာ!! ဘာ ရိပေါ်ကိုကော်ဖီနဲ့ ပတ်တယ် "

" အင်း ဟုတ်တယ် ရိပေါ်ကို သိလို့လား  ဧကန္တ ထမင်းဘူးလေးက.."

" အင်း အဲ့အကြောင်းနောက်မှပြောကြတာပေါ့ အခုကျွန်တော်သွားလိုက်ဦးမယ်"

" အယ် နေ နေဦးလေ"

အင်း မထင်မှတ်ဘဲ သူ့မောင်ကို ပြာယာခက်စေသူ။
ငယ်ငယ်က ကိစ္စအချို့ကြောင့် ဂေဟာကိုရောက်ခဲ့ပြီး၊ အဲ့ဂေဟာမှာဘဲတွေ့ခဲ့တဲ့ပါက်စီလေးဆိုတဲ့ကလေးကို အမြဲလွမ်းနေတက်ပြီး အပြုံးအရယ်နည်းလှသော သူမမောင်အားပြုံးပျော်အောင်လုပ်နိုင်ခဲ့တဲ့
ထမင်းဘူးလေးဟာ မတော်တရော် မိန်းကလေးများဆိုပြီး တွေးပူမိခဲ့သေးတယ် ။
အခုတော့ သူမ မောင်လေးလို သဘောထားရတဲ့ ရိပေါ်ဆိုတဲ့ကလေးလေးတဲ့လေ ။

သူမ သိပ်ကျေနပ်တာပေါ့ သူမ ရဲ့ မောင်ဖြစ်သူကိုလစိတ်ပူခဲ့ရတာတာ အခုတော့ စိတ်အေးသွားရပြီ......။


                              ***

မျက်နှာမကောင်းစွားဖြင့် တစ်ခုခုကို ပူပင်နေဟန်မျက်နှာလေးဖြင့်ကော်ဖီဖျော်နေသောဟောက်ရွမ်းကို ကျိယန် ကြည့်နေတာကြာပြီ
အချစ် မျက်နှာမကောင်းနေတာ သူ့မားမားနဲ့ တွေ့ပြီးကတည်းကပင်.။

အခုတော့ သေချာအောင်မေးမှဖြစ်တော့မည်။

သူ့ကြောင့်များ စိတ်အနှောင့်အယှက်ဖြစ်သွားလားဆိုတာကိုပေါ့။

" အချစ် ဘာဖြစ်နေတာလဲဟင် မျက်နှာလဲမကောင်းပါဘူး မောင့် မားမားကြောင့်လားဟင်"
" အင်.. ဟင် မဟုတ်ပါဘူး ဘာဖြစ်လို့လဲ"

ဟောက်ရွှမ်းအတွေးများနေတုန်း စကားသံကြားမှ အသိဝင်လာတော့သည်။

"မဟုတ်တာ အချစ် ကို မောင်ကြည့်နေတာ မျက်နှာလဲမကောင်းဘူး"

"ဟင် မဟုတ်ပါဘူး တကယ် မောင့်မားမားကြောင့်မဟုတ်ပါဘူး ဒီတိုင်း ပူပန်စရာနည်းနည်းရှိလို့ပါ "

" ဘာ.. ဘာ ခုနကဘယ်လိုခေါ်လိုက်တယ်"

ကျိယန်တစ်ယောက်မယုံနိုင်ဟန် မျက်နှာထားဖြင့် ပြန်မေးမိတော့ ဟောက်ရွှမ်းဟာ ရှက်ပြုံးလေးပြုံးကာ..၊

" မောင်.. မောင် လို့လေ"

" တကယ်လား  အချစ်  မောင် အိပ်မက်,မက်နေတာမဟုတ်ဘူးမလား"

ဟောက်ရွှမ်းသူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခေါ်မိလိုက်တဲ့ နာမ်စားလေးကြောင့် သူရှက်နေမိနေပြီ။

အရေးထဲ အဲ့မောင်ကတမျိုး အိပ်မက်,မက်တယ်ထင်နေသေးတယ်။

" အိပ်မက် မက်တယ်ထင်နေရင်လဲ အိပ်မက်လို့ပဲမှတ်လိုက်"

စောင့်အောင့်ကာပြောပြီးထွက်သွားသော အချစ်ကြောင့် ကျိယန်တစ်ယောက်ပြုံးပျော်ကာ နောက်က လိုက်သွားတော့သည်။


                            *********

ကျိုးချန်တဲ့ အခေါ်ကောင်းမှုကြောင့် ရိပေါ်မှာ ယှက်ကန်ယှက်ကန်လေးပါလာတာကြောင့်  ကျိုးချန် အရှိန်ကိုလျော့လို့ သန့်စင်ခန်းထဲသာခေါ်လာလိုက်သည်။

အခန်းထဲရောတော့ ကောင်လေးရဲ့အပေါ်အကျီင်္ီကိုချွတ်ခိုင်းလိုက်တော့ အတင်းငြင်းလာတယ်။
သူက ကော်ဖီတွေပေနေလို့ ဆေးပေးမို့ကို အတင်းကိုငြင်းတော့တာပဲ..

စိတ်မရှည်တက်တဲ့သူပါဆို တကယ်စိတ်ကိုဆွဲဆန့်ထားရတယ်

" CE..CEO ရယ် ရတယ် ကျွန်တော့်ဘာသာဆေးပါမယ်"

"ဘာ... ဘာရယ် CEO ဘယ်မှာလဲ"

"ဗျာ"

ကျိုးချန်၏ပြန်မေးလာသော အမေးစကားကြောင့်ရိပေါ်ကြောင်,အ သွားရ
သည်။

" ရိပေါ် အဆင်ပြေရဲ့လား"

အချိန်ကိုက်ပင်ရောက်လာသော CEOကြောင့် ကျိုးချန် တစ်ယောက် ၀မ်းသာအားရဖြင့်

"CEO လာပြီလား အဲ့ဒါဆိုကျွန်တော်သွားပြီနော်"

Xiao Zhan တစ်ယောက် ကျိုးချန်ကို အသေပင်သတ်ချင်နေပြီ။

အဲ့ CEOကို အရမ်းခေါ်ချင်နေရင် နောက်နေ့ ကျမှ အနားတမ်းခေါ်ခိုင်းဦးမယ်...!

ကျိုးချန်ရဲ့စကားလည်းဆုံးရော ရိပေါ်တစ်ယောက်၊  ကျိုးချန်ကို ကြည့်လိုက် ကျန့်ကောကိုကြည့်လိုက်ဖြင့် မျက်မှောင်ကြီးကျုံ့လို့ ဘာ သဘောလဲဆိုတဲ့ အကြည့်များဖြင့်...။

ကျိုးချန် ကတော့ CEO လာလို့ ၀မ်းသာအားရခေါ်ကာ ပြောလိုက်ပေမဲ့ CEOရဲ့ သေချင်နေပြီလားဆိုတဲ့အကြည့်  ...?

ရိပေါ်ဆိုတဲ့ကောင်လေးက CEOကို ဘာသဘောလဲဆိုတဲ့အကြည့်တွေနဲ့...?

ကျိုးချန်မှာ ဘယ်သူ့ကိုကြည့်ရမလဲမသိတော့ဘူး ။

တစ်ယောက်ယောက်များကယ်တင်ပေးကြပါ ကယ်တင်မပေးနိုင်ဘူးလား အဟင့် ငါလေး ဘာလုပ်မိလို့လဲ ဘာများမှားသွားလို့လဲ ༎ຶ‿༎ຶ





~~~~~~~~~~~~~~~~



အမှားပါရင် ဖြည့်ဖတ်ပေးပါ စာသိပ်မစစ်နိုင်လို့ပါ



Amaryllis K (ZSWW)

Thank for reading all my   readers.😘










__________________



#Zawgyi

_



____

"ကျန်းရွှမ်းလု"

" မမလု"





" ရပ်လိုက်စမ်း "


"အကိုကျူလျို "







~~ဒုန်း~~


.
.
.
.
.


" ဟုတ်ကဲ့"






" ကျိုးချန် "

" ဟုတ်ကဲ့ မမလု CE..."

" သိပြီးသား လာခဲ့မယ်"








နေပါဦး သူကြံမှပါလေ။


" အင်း "

















" အယ် နေ နေဦးလေ"




                              ***


အခုတော့ သေချာအောင်မေးမြှဖစ်တော့မည်။








" မောင်.. မောင် လို့လေ"







                            *********





"ဘာ... ဘာရယ် CEO ဘယ်မှာလဲ"

"ဗျာ"

သည်။

" ရိပေါ် အဆင်ပြေရဲ့လား"














~~~~~~~~~~~~~~~~






Amaryllis K (ZSWW)





Continue Reading

You'll Also Like

53.4K 2.5K 15
ငါရှေ့ဆက်တိုးသင့်လား ဒီတိုင်းလေးပဲရပ်နေရမလား ဝေခွဲရခက်နေတယ် Xiao Zhan ကျွန်တော်ရှေ့ဆက်တိုးချင်တယ် ဒါမဲ့ Geကျွန်တော့ကို ရွံ့သွားမှာအရမ်းကြောက်တယ် Ge...
65K 9K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
29.6K 6.6K 38
tk sinhala
51.9K 13.8K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥