For Zawgyi
တိတ္ဆိတ္ေနေသာ နန္းေဆာင္ထဲတြင္ နမ္ဂြၽန္းနဲ႔ ေဆာ့ဂ်င္ ၿငိမ္သက္စြာထိုင္ေနသည္။
တုန္ရီေနေသာ ေဆာ့ဂ်င္လက္မ်ားကို နမ္ဂြၽန္းထိန္းကိုင္သည္။
"ငါ ငါ မလုပ္ႏိုင္ဘူး joon..အိမ္ေရွ႕စံကို
သစၥာမေဖာက္ႏိုင္ဘူး"
တုန္ရီစြာထြက္ေပၚလာေသာ ေဆာ့ဂ်င္အသံ
သည္တိတ္ဆိတ္မႈကိုၿဖိဳခြဲလိုက္သည္။
ေ႐ြးခ်ယ္စရာေတြထဲ
အိမ္ေရွ႕စံ မပါတာခဲ့မို႔
မေ႐ြးခ်ယ္ႏိုင္ေတာ့ဘူး အရွင္~~~~
"ဒီေန႔မင္း အိမ္ေရွ႕စံ ဂြၽန္နဲ႔ေတြ႕လိုက္ပါ"
.
.
.
.
.
.
"အိမ္ေရွ႕စံ ဂြၽန္"
ေဆာ့ဂ်င္လက္ကို ဆြဲရင္းသူမေရာက္ဘူးေသာနန္းတြင္းထဲသို႔ ေဂ်ာင္ကုေလွ်ာက္သြားေနသည္။
လက္ကိုႏူးညံ့စြာဆုတ္ကိုင္ထားေသာ အိမ္ေရွ႕စံကို ေဆာ့ဂ်င္ေငးေနသည္။
အိမ္ေရွ႕စံမ်က္ႏွာသည္ ၿပဳံးေရာင္သန္းေနသည္။
"ကိုယ္တို႔ နန္းေတာ္ျပင္ခိုးထြက္ၾကမယ္.ဒီလမ္း က မင္းနဲ႔ကိုယ္ပဲ သိတဲ့ လွ်ိဳ႕ဝႈက္လမ္းေနာ္"
"ဒါဆိုဘာလို႔ ကြၽန္ေတာ့္ကို ေျပာျပလဲ"
"မင္းကေတာ့ ကိုယ့္ကို ဘယ္ေတာ့မွ သစၥာမေဖာက္ေလာက္ဘူးထင္လို႔ေလ"
အိမ္ေရွ႕စံဂြၽန္ ေဆာ့ဂ်င္ဘက္လွည့္ကာ ရီရင္းေျပာသည္။
ေဆာ့ဂ်င္ရင္ထဲ ႏွလုံးရပ္မတန႔္ျဖစ္သြားသည္
သူသာ သစၥာေဖာက္သြားရင္ မေတြးဝံ့ႏိုင္ေတာ့ပါ။
ေ႐ြးခ်ယ္မႈေတြက ခက္ခဲတယ္ အိမ္ေရွ႕စံ....
နန္းေတာ္အျပင္ေရာက္သည္နဲ႔ ရင္ထဲေပါ့သြားသလိုပင္...
အပူပင္မရွိပဲ ေျပးလႊားေဆာ့ကစားေနေသာ ကေလးငယ္မ်ားကို ေဆာ့ဂ်င္ မ်က္စိတဆုံး
လိုက္ၾကည့္သည္။
ဆုတ္ကိုင္ထားေသာ လက္ဖဝါးေလးသည္ ဘယ္ေတာ့မွ မလႊတ္ခ်င္ေအာင္ျပဳစားထားသည္။
လမ္းေလွ်ာက္ေနရင္း ေဆာ့ဂ်င္ပါးစပ္မွ ကန္စြန္းဥျပဳတ္ေလးစားခ်င္လိုက္တာဟု႐ုတ္တရက္ထြက္သြားသည္။
အိမ္ေရွ႕စံ ဂြၽန္က သူ႔အားမ်က္ေမွာက္က်ဳံ႕ၾကည့္ေတာ့ ေဆာ့ဂ်င္ျပန္ရယ္ျပသည္။
"ဒီမွာေစာင့္ေန"
အမိန႔္ဆန္ေသာစကားသံေနာက္တြင္ အိမ္ေရွ႕စံဂြၽန္ေက်ာျပင္ကို ေဆာ့ဂ်င္ေတြေဝစြာေငးၾကည့္ေနသည္။
ခ်စ္ရပါေသာလူသားေလးစားခ်င္ေသာ ကန္စြန္းဥ ကိုအိမ္ေရွ႕စံေဈးပတ္ရွာလိုက္ရသည္။
ေစာင့္ခိုင္းထားေသာ ေနရာတြင္ရွိမေနေသာေဆာ့ဂ်င္ေၾကာင့္ ေခါင္းေတြထူပူလာသည္။
"Jin.....seokjin"
အသံျပဳရွာေသာ္လဲ အသံျပန္မလာ။
သြားလာေနေသာလူမ်ားၾကားအ႐ူးတစ္ေယာက္လို လိုက္ေမးေနသည္။
ေအာင့္တတ္လာေသာ ရင္ဘက္နဲ႔အတူ မ်က္ရည္စမ်ားေဝ့တတ္လာသည္။
"ေဟ့ေရာင္ေတြ မင္းတို႔လူမ်ာတယ္ဆိုၿပီးအႏိုင္မက်င့္နဲ႔ကြာ"
ဆူပုတ္စြာထြက္လာေသာ အသံေၾကာင့္အသံလာရာ လမ္းၾကားေလးကို အိမ္ေရွ႕စံေျပးလာသည္။
တစ္ခုခုျဖစ္ရင္ ကိုယ့္ကိုကိုယ္ခြင့္လႊတ္ႏိုင္မွာမဟုတ္ဘူး....
အသံလာရာေျပးၾကည့္ေတာ့ ကေလးငါးေယာက္အလယ္တြင္ ဝင္ကာဇယ္ေတာက္ေနေသာ ေဆာ့ဂ်င္ကိုေတြ႕ရသည္။
ကေလးေတြနဲ႔အၿပိဳင္ ျငင္းေနေသာေဆာ့ဂ်င္သည္ ႏႈတ္ခမ္းႀကီးဆူေထာ္ေနသည္။
"ငါႏိုင္တာပါဆိုကြာ"
"ဟာ...ကိုႀကီးကလဲ အႀကီးျဖစ္ၿပီး အႏိုင္မက်င့္နဲ႔ေလ"
"ဘယ္မွာအႏိုင္က်င့္လို႔လဲ မထိပါဘူးဆို"
ကေလးနဲ႔အၿပိဳင္ျငင္းေနေသာ ေဆာ့ဂ်င္သည္
အိမ္ေရွ႕စံကို သတိေတာင္မျပဳမိ။
ဒီကေတာ့ ေပ်ာက္သြားတယ္ထင္ၿပီး လန႔္သြားလိုက္တာ ေပါက္စက ဒီမွာကေလးဗိုလ္လာလုပ္ေနတယ္။
"အဟမ္း"
ေဂ်ာင္ကုေခါင္းဟန႔္သံ ေၾကာင့္ျငင္းခုန္သံတို႔ရပ္စဲၿပီး သူ႔ဆီအၾကည့္ေရာက္လာသည္။
"အာ....ကု အေတာ္ပဲ..ဒီကေလးေတြ ကြၽန္ေတာ့ကို ညစ္ေနတယ္"
ေဆာ့ဂ်င္ သည္သူ႔ေတြ႕မွ မုန႔္လုခံရေသာကေလး မိဘကိုျပန္တိုင္သလို တတြတ္တြတ္တိုင္ေနသည္။
"ကဲပါ.လာေတာ့ မေဆာ့နဲ႔ေတာ့..ကေလးေတြလဲေနာက္မညစ္နဲ႔ "
ေဂ်ာင္ကုစကားဆုံးေတာ့ေဆာ့ဂ်င္ၿပဳံးတုံးတုံးနဲ႔ သူနဲ႔ျငင္းေနေသာ ကေလးမ်ားအား ေအာင္ႏိုင္သူအၿပဳံးၿပဳံးကာ ထြက္သြားေလသည္။
"ကဲဆိုစမ္းပါဦး..ေစာင့္ခိုင္းတဲ့ေနရာမွာမေစာင့္ပဲ ကေလးေတြနဲ႔သြားေဆာ့ေနရလား"
"ပ်င္းလို႔ပါ.ဒါနဲ႔လက္ထဲက ကြၽန္ေတာ့္အတြက္လား"
လက္ထဲက ကန္စြန္းဥထုတ္ေလးကို ေဆာ့ဂ်င္ထံေပးေတာ့ ေဆာ့ဂ်င္မ်က္လုံးမ်ားဝင္းလဲ့သြားသည္။
"လမ္းမွာေတြ႕လို႔ ယူလာတာ!စားလိုက္ေတာ့"
ခပ္တည္တည္နဲ႔ လမ္းေလွ်ာက္ေနေသာအိမ္ေရွ႕စံေဘးတြင္ ကန္စြန္းဥထုတ္ေလးပိုက္ကာ ၿပဳံးဖီးရင္း စကားတတြတ္တြတ္မ်ားလာေသာေကာင္ေလးလဲ ရွိသည္။
တေန႔လုံး စကားမ်ားလိုက္မုန႔္စားလိုက္လုပ္ေနေသာ ေဆာ့ဂ်င္ကို အိမ္ေရွ႕စံၾကည့္မဝျဖစ္ေနသည္။
ခိုး၍လဲ ၾကည့္သလို ေပၚတင္လဲၾကည့္သည္။
"တကယ္သိခ်င္တာရွိတယ္သိလား ကု"
လမ္းေလွ်ာက္ေနရင္း မ်က္လုံးေလးေစာင္းကာေျပာေသာ ေဆာ့ဂ်င္ကို အိမ္ေရွ႕စံ မ်က္ခုံးပင့္ျပလိုက္သည္။
"ကုက ရီလိုက္ရင္ဘာလို႔ ယုန္သြားႀကီးေတြေပၚလာတာလဲ..ေသခ်ာေတြးၾကည့္ရင္ မင္းႀကီးယြန္းဂီမွာလဲ မရွိဘူး ၾကင္ယာေတာ္ဟိုေဆာ့ မွာလဲမရွိပါဘူး!မဟုတ္မွ...."
"မဟုတ္မွ ဘာျဖစ္လဲ"
အိမ္ေရွ႕စံသည္ သူ႔အားမ်က္ေမွာက္က်ဳံ႕ကာေမးသည္။
ေဆာ့ဂ်င္ အိမ္ေရွ႕စံအားၾကည့္ရင္း ခြက္ထိုးခြက္လွန္ရီျပန္သည္။
အိမ္ေရွ႕စံသည္ သူ႔စကားကိုတကယ္ေလးနက္စြာေတြးေနသည္။
႐ုတ္တရက္ဆန္ေသာ ေဆာ့ဂ်င္အျပဳမူေၾကာင့္သူ႔အား အိမ္ေရွ႕စံမ်က္လုံးေလးျပဴးကာၾကည့္ေနသည္။
အရပ္ခ်င္းသိပ္မကြာေသာေၾကာင့္ ေဆာ့ဂ်င္လက္ႏွစ္ဖက္သည္ အိမ္ေရွ႕စံမ်က္ႏွာအားထိေတြ႕ကာ ေဆာ့ဂ်င္ေျခဖ်ားမ်ားေထာက္လိုက္သည္။
မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားခ်ိန္ ေဆာ့ဂ်င္ အိမ္ေရွ႕စံ၏ ႏွာေခါင္းလုံးလုံးေလးကို ခပ္ဖြဖြနမ္းလိုက္သည္။
ထို႔ေနာက္ ပါးျပင္ ထို႔ေနာက္ႏွာဖူး ထို႔ေနာက္အံ့အားသင့္စြာၾကည့္ေနေသာ မ်က္လုံးမ်ားနဲ႔ အၾကည့္ခ်င္းဆုံၿပီး အနမ္းေႏြးေႏြးသည္ အိမ္ေရွ႕စံ ႏႈတ္ခမ္း၌ အဆုံးသတ္သည္။
"ခ်စ္တယ္ ....."
ေဆာ့ဂ်င္ရဲ႕ ဝန္ခံစကားအဆုံးတြင္
အိမ္ေရွ႕စံဂြၽန္သူ႔ေရွ႕က လူသားေလးအား ရင္ခြင္ထဲမွ လြတ္ထြက္မတတ္ဖတ္ထားသည္။
ရစ္တြယ္မိေသာ ခ်စ္ျခင္းေလးကို ခိုင္ၿမဲေနေစမိခ်င္သည္။
ခ်စ္ျခင္းတရားသည္ ထိုလူသားနဲ႔မွျဖစ္တည္လာသည္။
ခ်စ္ျခင္းတရားတြင္ေႏွာင္ဖြဲ႕မိေသာ ေကာင္ေလးႏွစ္ေယာက္ကံၾကမၼာသည္ အေမွာင္ဖုံးေနသည္။
Tbc......
မ sweet ဘူးဆိုလို႔ မရမကခ်ိဳေပးထားတယ္ေနာ္.ေနာက္က်သြားလို႔ ေဆာတီးပါ☹️
Thz for reading💜
For Unicode
တိတ်ဆိတ်နေသော နန်းဆောင်ထဲတွင် နမ်ဂျွန်းနဲ့ ဆော့ဂျင် ငြိမ်သက်စွာထိုင်နေသည်။
တုန်ရီနေသော ဆော့ဂျင်လက်များကို နမ်ဂျွန်းထိန်းကိုင်သည်။
"ငါ ငါ မလုပ်နိုင်ဘူး joon..အိမ်ရှေ့စံကို
သစ္စာမဖောက်နိုင်ဘူး"
တုန်ရီစွာထွက်ပေါ်လာသော ဆော့ဂျင်အသံ
သည်တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။
ရွေးချယ်စရာတွေထဲ
အိမ်ရှေ့စံ မပါတာခဲ့မို့
မရွေးချယ်နိုင်တော့ဘူး အရှင်~~~~
"ဒီနေ့မင်း အိမ်ရှေ့စံ ဂျွန်နဲ့တွေ့လိုက်ပါ"
.
.
.
.
.
.
"အိမ်ရှေ့စံ ဂျွန်"
ဆော့ဂျင်လက်ကို ဆွဲရင်းသူမရောက်ဘူးသောနန်းတွင်းထဲသို့ ဂျောင်ကုလျှောက်သွားနေသည်။
လက်ကိုနူးညံ့စွာဆုတ်ကိုင်ထားသော အိမ်ရှေ့စံကို ဆော့ဂျင်ငေးနေသည်။
အိမ်ရှေ့စံမျက်နှာသည် ပြုံးရောင်သန်းနေသည်။
"ကိုယ်တို့ နန်းတော်ပြင်ခိုးထွက်ကြမယ်.ဒီလမ်း က မင်းနဲ့ကိုယ်ပဲ သိတဲ့ လျှို့၀ှုက်လမ်းနော်"
"ဒါဆိုဘာလို့ ကျွန်တော့်ကို ပြောပြလဲ"
"မင်းကတော့ ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်လောက်ဘူးထင်လို့လေ"
အိမ်ရှေ့စံဂျွန် ဆော့ဂျင်ဘက်လှည့်ကာ ရီရင်းပြောသည်။
ဆော့ဂျင်ရင်ထဲ နှလုံးရပ်မတန့်ဖြစ်သွားသည်
သူသာ သစ္စာဖောက်သွားရင် မတွေး၀ံ့နိုင်တော့ပါ။
ရွေးချယ်မှုတွေက ခက်ခဲတယ် အိမ်ရှေ့စံ....
နန်းတော်အပြင်ရောက်သည်နဲ့ ရင်ထဲပေါ့သွားသလိုပင်...
အပူပင်မရှိပဲ ပြေးလွှားဆော့ကစားနေသော ကလေးငယ်များကို ဆော့ဂျင် မျက်စိတဆုံး
လိုက်ကြည့်သည်။
ဆုတ်ကိုင်ထားသော လက်ဖ၀ါးလေးသည် ဘယ်တော့မှ မလွှတ်ချင်အောင်ပြုစားထားသည်။
လမ်းလျှောက်နေရင်း ဆော့ဂျင်ပါးစပ်မှ ကန်စွန်းဥပြုတ်လေးစားချင်လိုက်တာဟုရုတ်တရက်ထွက်သွားသည်။
အိမ်ရှေ့စံ ဂျွန်က သူ့အားမျက်မှောက်ကျုံ့ကြည့်တော့ ဆော့ဂျင်ပြန်ရယ်ပြသည်။
"ဒီမှာစောင့်နေ"
အမိန့်ဆန်သောစကားသံနောက်တွင် အိမ်ရှေ့စံဂျွန်ကျောပြင်ကို ဆော့ဂျင်တွေဝေစွာငေးကြည့်နေသည်။
ချစ်ရပါသောလူသားလေးစားချင်သော ကန်စွန်းဥ ကိုအိမ်ရှေ့စံစျေးပတ်ရှာလိုက်ရသည်။
စောင့်ခိုင်းထားသော နေရာတွင်ရှိမနေသောဆော့ဂျင်ကြောင့် ခေါင်းတွေထူပူလာသည်။
"Jin.....seokjin"
အသံပြုရှာသော်လဲ အသံပြန်မလာ။
သွားလာနေသောလူများကြားအရူးတစ်ယောက်လို လိုက်မေးနေသည်။
အောင့်တတ်လာသော ရင်ဘက်နဲ့အတူ မျက်ရည်စများဝေ့တတ်လာသည်။
"ဟေ့ရောင်တွေ မင်းတို့လူမျာတယ်ဆိုပြီးအနိုင်မကျင့်နဲ့ကွာ"
ဆူပုတ်စွာထွက်လာသော အသံကြောင့်အသံလာရာ လမ်းကြားလေးကို အိမ်ရှေ့စံပြေးလာသည်။
တစ်ခုခုဖြစ်ရင် ကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး....
အသံလာရာပြေးကြည့်တော့ ကလေးငါးယောက်အလယ်တွင် ၀င်ကာဇယ်တောက်နေသော ဆော့ဂျင်ကိုတွေ့ရသည်။
ကလေးတွေနဲ့အပြိုင် ငြင်းနေသောဆော့ဂျင်သည် နှုတ်ခမ်းကြီးဆူထော်နေသည်။
"ငါနိုင်တာပါဆိုကွာ"
"ဟာ...ကိုကြီးကလဲ အကြီးဖြစ်ပြီး အနိုင်မကျင့်နဲ့လေ"
"ဘယ်မှာအနိုင်ကျင့်လို့လဲ မထိပါဘူးဆို"
ကလေးနဲ့အပြိုင်ငြင်းနေသော ဆော့ဂျင်သည်
အိမ်ရှေ့စံကို သတိတောင်မပြုမိ။
ဒီကတော့ ပျောက်သွားတယ်ထင်ပြီး လန့်သွားလိုက်တာ ပေါက်စက ဒီမှာကလေးဗိုလ်လာလုပ်နေတယ်။
"အဟမ်း"
ဂျောင်ကုခေါင်းဟန့်သံ ကြောင့်ငြင်းခုန်သံတို့ရပ်စဲပြီး သူ့ဆီအကြည့်ရောက်လာသည်။
"အာ....ကု အတော်ပဲ..ဒီကလေးတွေ ကျွန်တော့ကို ညစ်နေတယ်"
ဆော့ဂျင် သည်သူ့တွေ့မှ မုန့်လုခံရသောကလေး မိဘကိုပြန်တိုင်သလို တတွတ်တွတ်တိုင်နေသည်။
"ကဲပါ.လာတော့ မဆော့နဲ့တော့..ကလေးတွေလဲနောက်မညစ်နဲ့ "
ဂျောင်ကုစကားဆုံးတော့ဆော့ဂျင်ပြုံးတုံးတုံးနဲ့ သူနဲ့ငြင်းနေသော ကလေးများအား အောင်နိုင်သူအပြုံးပြုံးကာ ထွက်သွားလေသည်။
"ကဲဆိုစမ်းပါဦး..စောင့်ခိုင်းတဲ့နေရာမှာမစောင့်ပဲ ကလေးတွေနဲ့သွားဆော့နေရလား"
"ပျင်းလို့ပါ.ဒါနဲ့လက်ထဲက ကျွန်တော့်အတွက်လား"
လက်ထဲက ကန်စွန်းဥထုတ်လေးကို ဆော့ဂျင်ထံပေးတော့ ဆော့ဂျင်မျက်လုံးများ၀င်းလဲ့သွားသည်။
"လမ်းမှာတွေ့လို့ ယူလာတာ!စားလိုက်တော့"
ခပ်တည်တည်နဲ့ လမ်းလျှောက်နေသောအိမ်ရှေ့စံဘေးတွင် ကန်စွန်းဥထုတ်လေးပိုက်ကာ ပြုံးဖီးရင်း စကားတတွတ်တွတ်များလာသောကောင်လေးလဲ ရှိသည်။
တနေ့လုံး စကားများလိုက်မုန့်စားလိုက်လုပ်နေသော ဆော့ဂျင်ကို အိမ်ရှေ့စံကြည့်မ၀ဖြစ်နေသည်။
ခိုး၍လဲ ကြည့်သလို ပေါ်တင်လဲကြည့်သည်။
"တကယ်သိချင်တာရှိတယ်သိလား ကု"
လမ်းလျှောက်နေရင်း မျက်လုံးလေးစောင်းကာပြောသော ဆော့ဂျင်ကို အိမ်ရှေ့စံ မျက်ခုံးပင့်ပြလိုက်သည်။
"ကုက ရီလိုက်ရင်ဘာလို့ ယုန်သွားကြီးတွေပေါ်လာတာလဲ..သေချာတွေးကြည့်ရင် မင်းကြီးယွန်းဂီမှာလဲ မရှိဘူး ကြင်ယာတော်ဟိုဆော့ မှာလဲမရှိပါဘူး!မဟုတ်မှ...."
"မဟုတ်မှ ဘာဖြစ်လဲ"
အိမ်ရှေ့စံသည် သူ့အားမျက်မှောက်ကျုံ့ကာမေးသည်။
ဆော့ဂျင် အိမ်ရှေ့စံအားကြည့်ရင်း ခွက်ထိုးခွက်လှန်ရီပြန်သည်။
အိမ်ရှေ့စံသည် သူ့စကားကိုတကယ်လေးနက်စွာတွေးနေသည်။
ရုတ်တရက်ဆန်သော ဆော့ဂျင်အပြုမူကြောင့်သူ့အား အိမ်ရှေ့စံမျက်လုံးလေးပြူးကာကြည့်နေသည်။
အရပ်ချင်းသိပ်မကွာသောကြောင့် ဆော့ဂျင်လက်နှစ်ဖက်သည် အိမ်ရှေ့စံမျက်နှာအားထိတွေ့ကာ ဆော့ဂျင်ခြေဖျားများထောက်လိုက်သည်။
မျက်နှာချင်းဆိုင်ဖြစ်သွားချိန် ဆော့ဂျင် အိမ်ရှေ့စံ၏ နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။
ထို့နောက် ပါးပြင် ထို့နောက်နှာဖူး ထို့နောက်အံ့အားသင့်စွာကြည့်နေသော မျက်လုံးများနဲ့ အကြည့်ချင်းဆုံပြီး အနမ်းနွေးနွေးသည် အိမ်ရှေ့စံ နှုတ်ခမ်း၌ အဆုံးသတ်သည်။
"ချစ်တယ် ....."
ဆော့ဂျင်ရဲ့ ၀န်ခံစကားအဆုံးတွင်
အိမ်ရှေ့စံဂျွန်သူ့ရှေ့က လူသားလေးအား ရင်ခွင်ထဲမှ လွတ်ထွက်မတတ်ဖတ်ထားသည်။
ရစ်တွယ်မိသော ချစ်ခြင်းလေးကို ခိုင်မြဲနေစေမိချင်သည်။
ချစ်ခြင်းတရားသည် ထိုလူသားနဲ့မှဖြစ်တည်လာသည်။
ချစ်ခြင်းတရားတွင်နှောင်ဖွဲ့မိသော ကောင်လေးနှစ်ယောက်ကံကြမ္မာသည် အမှောင်ဖုံးနေသည်။
Tbc......
မ sweet ဘူးဆိုလို့ မရမကချိပေးထားတယ်နော်.နောက်ကျသွားလို့ ဆောတီးပါ☹️
Thz for reading💜