အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Do I miss something? 3

1K 144 41
By Nova_Danica

[Unicode]

ရာသီဥတုက ပူလာသဖြင့် ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်လောက်အထိ လွမ်းလတ်နောင် ပင့်ခေါက်လိုက်သည်။ ခြေသည်းညှပ်ထားသဖြင့် တိတိညီနေသော ကိုယ့်ခြေထောက် ကိုယ် ငုံ့ကြည့်ကာလည်း ကျေနပ်စွာ ပြုံးလိုက်မိ၏။ နာရီမှာ မနက်ရှစ်နာရီ ကွက်တိ။

ဒီလောက်ဆို မင်းဘယ်ပြေးမလဲ သောင်ယံ ဟားဟား။

အဆောင်ထဲမှ ထွက်လာသူကို ပြုံးပြနေစဉ်မှာပင် ပြန်လည်ရရှိလာသော အပြုံးတစ်ပွင့်ကြောင့် first impression ကောင်းသွားပြီဟု ထင်မိသည်မှာ လွမ်းလတ်နောင် တွက်ကိန်းမှားသွားခြင်းပင် ဖြစ်သည်။ တကယ်တမ်းတွင် နွားပွဲစားတွေလို သွားဖြီးပြနေသောသူ့အား ကျော်ပြီး သောင်ယံက အနောက်ဘက်ဆီသို့ ဆက်လက် လျှောက်သွားလေ၏။

မကျေမနပ်ဖြင့် ခေါင်းကို အလျင်အမြန် လိုက်ပါ လှည့်လိုက်လျှင် တွေ့လိုက်သည်က...

"ခန့်တည်နိုင် !!"

သောင်ယံနှင့် ရယ်ရယ်မောမော စကားပြောနေသူကို ကြည့်ကာ လွမ်းလတ်နောင် တောက်တစ်ချက် ခေါက်လိုက်မိ၏။ ဒီလူကို သူသိသည်။ ကွယ်ရာမှာ တခြားသူတို့က ထိုလူအား နှစ်လမ်းသွားဟု ခေါ်တတ်ကြ၏။

သို့သော် ဟိုအရင် ကိုဆက်တို့က ထိုလူဟာ မိန်းကလေး၊ ယောကျ်ားလေး နှစ်မျိုးစလုံး ရသည်ဟု ခဏခဏ ပြောကြစဉ်က သူကပင် ထိုလူ့ဘက်က နာလိုက်သေး၏။ လူတစ်ယောက်၏ သိက္ခာအား ဂဃနဏမသိဘဲ ရမ်းသန်းထင်ကြေးပေးတာမျိုးကို သူမကြိုက်။

အခု...အခု သူတို့ပြောတာက မှန်နေသလိုလို၊ လွမ်းလတ်နောင် စိတ်ထဲက ထင်လာသည်။ စာအုပ်တစ်အုပ် ပေးရာတွင် ဒီလောက်အထိ ပြောစရာ စကားများများ ရှိလေသလား။ ဘာကြောင့် ထိုလူ့လက်က သောင်ယံ့ပုခုံးပေါ် ရောက်လိုက်၊ လက်ပေါ် ရောက်လိုက် ဖြစ်နေရသလဲ။ သူ့ကို ရန်လိုနေသည့် သောင်ယံကရော ဒီကောင့်ကျတော့ ငြိမ်နေရသလား။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင်တော့ မကြည့်ချင်တော့သဖြင့် လွမ်းလတ်နောင် ဒီဘက် ပြန်လှည့်နေလိုက်သည်။ လူတစ်ယောက်ကို တော်ရုံတန်ရုံ ကြည့်မရ မဖြစ်တတ်သော်လည်း ဒီလူကျမှ တော်တော်‌လေး ကျက်သရေမရှိဟု ခံစားနေရ၏။

"မင်း ဘာလာလုပ်ပြန်တာလဲ"

မေးသံကြားသော်လည်း စိတ်ဆိုးနေသည့် အရှိန်ကြောင့် လွမ်းလတ်နောင် မထူး။

"မပြောချင်လည်း နေပေါ့"

ဒီတော့ ကိုစိတ်တိုက အနားမှ ကျော်ကာ အထဲပြန်၀င်မည့်ဟန် ပြင်နေ၍ ကပျာကယာ လက်တစ်ဖက်အား လှမ်းဆွဲထားလိုက်ရသည်။

"အဲ့လူက ဘာတွေ ဒီလောက်အထိ ပြောနေတာလဲ"

"ဘာပြောပြော မင်းကို အစီရင်ခံစရာလား"

မခန့်သော မျက်နှာကြောင့် ပိုစိတ်တိုသွားသော်လည်း အပြုံးလေးနှင့် လွမ်းလတ်နောင် ပြန်လည် ဖုံးဖိလိုက်သည်။ သောင်ယံ့ကို ဒီလောက်တော့ အလျှော့ပေးသင့်သည်။ သောင်ယံက သူအချစ်ရဆုံး သူငယ်ချင်း။ ထို့အပြင် အကြာကြီး ဝေးကွာနေခဲ့သည်။

"Ok ကောင်းပြီ။ ငါပဲ စိတ်လျှော့လိုက်မယ်။ ငယ်ငယ်တုန်းက သံယောဇဉ်ထောက်ပြီး ဒီမှာ ခဏထိုင်ပေးလို့ ရမလား"

အနည်းငယ် တွေဝေသွားသော်လည်း သောင်ယံက ထိုင်သည်။

"ပြော ဘာလဲ"

"မင်း စိတ်ဆိုးနေတဲ့ကိစ္စ ပြော။ ငါရှင်းပေးမယ်။ ဘာလို့ ဒီလောက်အထိ မခေါ်နိုင် မပြောနိုင် ဖြစ်နေရတာလဲ"

သောင်ယံက ဟက်ခနဲ တစ်ချက်ရယ်လေသည်။

"ငါက မခေါ်နိုင်၊ မပြောနိုင် ဖြစ်နေတယ် ! ဒါဆို မင်းကရော ? မင်း ဒီနှစ်တွေအတွင်းမှာ ငါ့ကို ဆက်သွယ်ခဲ့ဖူးလား"

အမေးစကားကြောင့် အလွန်အမင်း ရှင်းပြချင်နေသော လွမ်းလတ်နောင်မှာ နှုတ်ဆွံ့သွားရသည်။ ခေါင်းကလည်း တဖြည်းဖြည်း ငုံ့၀င်သွား၏။

"ငါ..."

"ချောင်းသာကနေ ပြန်လာရင် ခရုလေးတွေ ယူလာခဲ့မယ် ပြောပြီး တစ်ခါလေးတောင် ပြန်လာနှုတ်ဆက်ဖော်‌တောင် မရခဲ့တဲ့သူကို ငါက ဖက်တွယ်နေစရာ လိုသလား"

လွမ်းလတ်နောင် ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။

"မဟုတ်ဘူး သောင်ယံ။ ငါ မင်းဆီကို ပြန်မလာဖြစ်ခဲ့တာ မှန်ပါတယ်။ ငါတို့မျက်နှာခြင်းဆိုင် နှုတ်ဆက်ခွင့်တောင် သေချာမရခဲ့ဘူး ဆိုတာလည်း မှန်တယ်"

တဖြည်းဖြည်း တိုး၀င်လာသော စကားသံကြောင့် သောင်ယံ့ နှုတ်ခမ်းအစွန်လေးက ကော့တက်သွားသည်။ လှပသော မဲ့ပြုံးလေးတစ်ခု ဖြစ်ပေါ်လာချိန်တွင် ခပ်ရွဲ့ရွဲ့စကားသံတစ်ခုကပါ ထွက်လာ၏။

"မင်း ၀န်ခံနေပြီပဲ"

"ဒါပေမဲ့ ငါ မင်းဆီကို စာတွေ မှန်မှန်ပို့တယ်လေ သောင်ယံ။ မင်းကသာ ငါ့ကိုပြန်မ..."

စူးစိုက်ကြည့်နေသော သောင်ယံ့မျက်၀န်းထောင့်များက ချက်ချင်း ရဲတက်လာပြီး ထိုင်နေရာမှလည်း ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။

"အပိုတွေ လာမပြောနဲ့ လွမ်းလတ်နောင် ! ငါ ဘာစာမှလည်း မရဘူး။ လိုလည်း မလိုချင်ဘူး။ ခု မင်းစိတ်ရှင်းသွားပြီမလား။ ပြန်လိုက်တော့"

သောင်ယံ့အသံက အလွန်အမင်း မာကျောနေခဲ့၏။ စကားတို့မှာ သူ့ကို နာကျင်မှုပေးဖို့ လာနေသည့် ဆူးချောင်းများလိုပင်။ တစ်ခဏအတွင်း၌ ငယ်စဉ်က သိပ်ကို နူးညံ့၍ သူ့အား ကြင်နာခဲ့ဖူးသော သောင်ယံဦးအား ရှာဖွေ၍ မတွေ့တော့။

"မဟုတ်ဘူး သောင်ယံ။ ငါ အပိုတွေပြောနေတာလို့ မင်းထင်ချင် ထင်လိမ့်မယ်။ ဒါပေမဲ့ ငါမှန်တယ်ဆိုတဲ့အကြောင်း သက်သေပြမယ်"

ပြောရင်း ထိုင်ရာမှ ထကာ လွမ်းလတ်နောက် ကျောခိုင်းထွက်လိုက်သည်။ စိတ်အဟုန်ကြောင့် နှုတ်ခမ်းတစ်စုံကိုကား ဖိကိုက်ထားမိ၏။

"မင်းဘာမင်း လုပ်ချင်တာလုပ်၊ ငါ စိတ်မ၀င်စားဘူး...!!!"

ဖြတ်သွားသော ကားသံကြား၌ နောက်ပါးက အသံသဲ့သဲ့ကို ထပ်မံကြားရပြန်သည်။ ထိုအသံကြောင့်ပင် လွမ်းလတ်နောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့၏။

"ဒုန်း ဒုန်း ဒုန်း"

အိမ်ပေါ်သို့ ပြေးတက်လာသော ခြေသံကြောင့် တီနွေက နှစ်ချောင်းထိုး ထိုးနေရာမှ လွမ်းလတ်နောင်ကို မော့ကြည့်သည်။

"တီဝေရော တီနွေ"

"တီဝေ အပြင်သွားတယ်။ ပြန်မလာသေးဘူး"

မနားတမ်း ပြေးလာသဖြင့် လွမ်းလတ်နောင် ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ရေဆာနေသော်လည်း ဆက်မသွားဘဲ ခုံပေါ်သို့ထိုင်ချကာ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားလိုက်၏။

ဒီလိုမျိုး ခံစားရတာ သူ့ဘ၀မှာ ပထမဆုံး အကြိမ်ပင်။ တစ်အိမ်လုံး၊ သို့မဟုတ် ရောက်လေရာ နေရာတိုင်းမှာ အချစ်ခံရသော သူ့အတွက် လျစ်လျူရှုခံရခြင်းကို နေသားမကျ။ သူ အကောင်းဆုံး ကြိုးစားပါလျက် သူ့ကို ဂရုမစိုက်သော သူအတွက် ရင့်ကျက်နေပြီ ဖြစ်သော်လည်း မျက်ရည်တို့က လက်ဖဝါးကိုဖြတ်ကာ ခုံပေါ်သို့ တတောက်တောက်နှင့် ကျလာတော့သည်။

"ကွယ်...လတ်ကလေးရယ်။ ဘာလို့ ငိုနေတာတုန်း"

တသိမ့်သိမ့်တုန်နေသော သူ့ကျောပြင်ကို တီနွေက လာရောက် ပွတ်သပ်ရင်း ချော့သည်။ တီနွေ့အသံကြောင့် အဘွားကလည်း အခန်းထဲမှ ထွက်လာ၏။ လွမ်းလတ်နောင်ကတော့ ရှိုက်ကာ ရှိုက်ကာ ငိုမိနေဆဲ။

"ဟယ် လတ်ကလေး ရောက်နေတာပဲ။ ဟောတော့် ဘာဖြစ်နေကြတာတုန်း"

အပြင်မှ ပြန်လာသည့် တီဝေက အခြေအနေကို ကြည့်ကာ အံ့ဩသွားပုံ ရသည်။ လွမ်းလတ်နောင် မငိုသည်မှာ ကြာပြီ မဟုတ်ပါလား။

"မသိပါဘူး ဝေရယ်။ တီဝေရောလို့ မေးပြီးကတည်းက ငိုနေတာ"

"ဘာဖြစ်လို့လဲ လတ်ကလေး။ တီဝေ့ဆီက တစ်ခုခု လိုချင်လို့လား"

တီဝေ့မျက်နှာကို မော့ကြည့်ကာ လွမ်းလတ်နောင် မျက်ရည်များအား ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်သည်။ ထို့နောက် ကွဲအက်နေသော အသံဖြင့် ရှိုက်ရင်း မေးမိ၏။

"တီဝေ့ကို သားပို့ခိုင်းတဲ့ စာတွေရော"

"စာတွေ ?"

"ဘာစာလဲ ဝေ"

"‌ဪ...သိပြီ။ ခဏစောင့်ဦး"

တီဝေက အခန်းထဲသို့ ၀င်သွားလျှင် အဘွားနှင့် တီနွေက နားမလည်ဟန်ဖြင့် သူတို့နှစ်‌ယောက်အား ဝိုင်းကြည့်ကြသည်။

"လတ်ကလေးကို ပြောမယ် ပြောမယ်နဲ့ မေ့နေတာ။ အဲ့တုန်းက စာတိုက်က ကိုထွန်းသူက တီဝေ့ကို ပိုးနေတာ‌လေ။ အမြင်ကတ်လို့ သူမရှိမှ ပို့ပေးမယ်ဆိုပြီး သိမ်းသိမ်းထားလိုက်တာ"

"ကိုထွန်းသူ ပြောင်းသွားတော့လည်း တီဝေက မေ့နေတာနဲ့။ ဒါတောင် ပြီးခဲ့တဲ့လက အ၀တ်တွေ ရှင်းရင်းနဲ့ တွေ့လို့ မှတ်မှတ်ရရ သိမ်းထားတာ"

စားပွဲခုံပေါ်သို့ ချလိုက်သော ယွန်းသေတ္တာငယ်ကို လွမ်းလတ်နောင် ဆွဲဖွင့်လိုက်လျှင် သူပို့ခဲ့သော စာအစောင် ၁၀၀ မှာ မပျောက်မပျက်ဘဲ တည်ရှိနေ၏။

"လတ်ကလေးရယ် မင့်အန်တီဝေကိုမှ စာပို့ခိုင်းရတယ်လို့။ ၀က်သားနော် ၀က်သား...ခိခိ"

တီနွေက နောက်လိုက်၍ တီဝေက ရှက်သွားဟန်ဖြင့် လက်သည်းကို စိပ်နေသည်။ လွမ်း‌လတ်နောင်မှာ သေတ္တာပြန်တွေ့၍ ၀မ်းသာအားရ ဆွဲယူ ဖက်ထားလိုက်သော်ငြားလည်း 'မင်းဘာမင်း လုပ်ချင်တာလုပ်။ ငါ စိတ်မ၀င်စားဘူး' ဟူသော အသံကြောင့် ပြန်ချကာ ထားလိုက်မိ၏။

သောင်ယံ မုန်းလည်း မုန်းချင်စရာပင်။ အချစ်ဆုံးပါ၊ မမေ့ပါဘူးဟု ပြောခဲ့ပြီး စာတစ်စောင်ပင် လက်ခံမရရှိခဲ့။ ဖုန်း အဆက်အသွယ်လည်း မလုပ်ခဲ့။ ထို့အတူ သုံးနှစ်လုံးလုံး ပြန်လည်း မလာခဲ့။

တွေးရင်း စိတ်ထဲ ပို၀မ်းနည်းသွားရ၏။ သောင်ယံ့စိတ်အရ ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်တော့။

TBC...

A/N - သောင်ယံက ခုထိကိုယ်ယောင်မပြသေးဘူးနော်...အကြောင်းအရာတော်တော်များများက ကိုလတ်ရဲ့အတွေးတွေနဲ့ သူတို့ရဲ့အတိတ်တွေ 💚

[Zawgyi]

ရာသီဥတုက ပူလာသျဖင့္ ရွပ္အကၤ်ီလက္ကို တံေတာင္ဆစ္ေလာက္အထိ လြမ္းလတ္ေနာင္ ပင့္ေခါက္လိုက္သည္။ ေျခသည္းညွပ္ထားသျဖင့္ တိတိညီေနေသာ ကိုယ့္ေျခေထာက္ ကိုယ္ ငုံ႕ၾကည့္ကာလည္း ေက်နပ္စြာ ၿပဳံးလိုက္မိ၏။ နာရီမွာ မနက္ရွစ္နာရီ ကြက္တိ။

ဒီေလာက္ဆို မင္းဘယ္ေျပးမလဲ ေသာင္ယံ ဟားဟား။

အေဆာင္ထဲမွ ထြက္လာသူကို ၿပဳံးျပေနစဥ္မွာပင္ ျပန္လည္ရရွိလာေသာ အၿပဳံးတစ္ပြင့္ေၾကာင့္ first impression ေကာင္းသြားၿပီဟု ထင္မိသည္မွာ လြမ္းလတ္ေနာင္ တြက္ကိန္းမွားသြားျခင္းပင္ ျဖစ္သည္။ တကယ္တမ္းတြင္ ႏြားပြဲစားေတြလို သြားၿဖီးျပေနေသာသူ႕အား ေက်ာ္ၿပီး ေသာင္ယံက အေနာက္ဘက္ဆီသို႔ ဆက္လက္ ေလွ်ာက္သြားေလ၏။

မေက်မနပ္ျဖင့္ ေခါင္းကို အလ်င္အျမန္ လိုက္ပါ လွည့္လိုက္လွ်င္ ေတြ႕လိုက္သည္က...

"ခန႔္တည္နိုင္ !!"

ေသာင္ယံႏွင့္ ရယ္ရယ္ေမာေမာ စကားေျပာေနသူကို ၾကည့္ကာ လြမ္းလတ္ေနာင္ ေတာက္တစ္ခ်က္ ေခါက္လိုက္မိ၏။ ဒီလူကို သူသိသည္။ ကြယ္ရာမွာ တျခားသူတို႔က ထိုလူအား ႏွစ္လမ္းသြားဟု ေခၚတတ္ၾက၏။

သို႔ေသာ္ ဟိုအရင္ ကိုဆက္တို႔က ထိုလူဟာ မိန္းကေလး၊ ေယာက်္ားေလး ႏွစ္မ်ိဳးစလုံး ရသည္ဟု ခဏခဏ ေျပာၾကစဥ္က သူကပင္ ထိုလူ႕ဘက္က နာလိုက္ေသး၏။ လူတစ္ေယာက္၏ သိကၡာအား ဂဃနဏမသိဘဲ ရမ္းသန္းထင္ေၾကးေပးတာမ်ိဳးကို သူမႀကိဳက္။

အခု...အခု သူတို႔ေျပာတာက မွန္ေနသလိုလို၊ လြမ္းလတ္ေနာင္ စိတ္ထဲက ထင္လာသည္။ စာအုပ္တစ္အုပ္ ေပးရာတြင္ ဒီေလာက္အထိ ေျပာစရာ စကားမ်ားမ်ား ရွိေလသလား။ ဘာေၾကာင့္ ထိုလူ႕လက္က ေသာင္ယံ့ပုခုံးေပၚ ေရာက္လိုက္၊ လက္ေပၚ ေရာက္လိုက္ ျဖစ္ေနရသလဲ။ သူ႕ကို ရန္လိုေနသည့္ ေသာင္ယံကေရာ ဒီေကာင့္က်ေတာ့ ၿငိမ္ေနရသလား။

ဆယ့္ငါးမိနစ္ခန႔္ ၾကာၿပီးေနာက္တြင္ေတာ့ မၾကည့္ခ်င္ေတာ့သျဖင့္ လြမ္းလတ္ေနာင္ ဒီဘက္ ျပန္လွည့္ေနလိုက္သည္။ လူတစ္ေယာက္ကို ေတာ္႐ုံတန္႐ုံ ၾကည့္မရ မျဖစ္တတ္ေသာ္လည္း ဒီလူက်မွ ေတာ္ေတာ္‌ေလး က်က္သေရမရွိဟု ခံစားေနရ၏။

"မင္း ဘာလာလုပ္ျပန္တာလဲ"

ေမးသံၾကားေသာ္လည္း စိတ္ဆိုးေနသည့္ အရွိန္ေၾကာင့္ လြမ္းလတ္ေနာင္ မထူး။

"မေျပာခ်င္လည္း ေနေပါ့"

ဒီေတာ့ ကိုစိတ္တိုက အနားမွ ေက်ာ္ကာ အထဲျပန္၀င္မည့္ဟန္ ျပင္ေန၍ ကပ်ာကယာ လက္တစ္ဖက္အား လွမ္းဆြဲထားလိုက္ရသည္။

"အဲ့လူက ဘာေတြ ဒီေလာက္အထိ ေျပာေနတာလဲ"

"ဘာေျပာေျပာ မင္းကို အစီရင္ခံစရာလား"

မခန႔္ေသာ မ်က္ႏွာေၾကာင့္ ပိုစိတ္တိုသြားေသာ္လည္း အၿပဳံးေလးႏွင့္ လြမ္းလတ္ေနာင္ ျပန္လည္ ဖုံးဖိလိုက္သည္။ ေသာင္ယံ့ကို ဒီေလာက္ေတာ့ အေလွ်ာ့ေပးသင့္သည္။ ေသာင္ယံက သူအခ်စ္ရဆုံး သူငယ္ခ်င္း။ ထို႔အျပင္ အၾကာႀကီး ေဝးကြာေနခဲ့သည္။

"Ok ေကာင္းၿပီ။ ငါပဲ စိတ္ေလွ်ာ့လိုက္မယ္။ ငယ္ငယ္တုန္းက သံေယာဇဥ္ေထာက္ၿပီး ဒီမွာ ခဏထိုင္ေပးလို႔ ရမလား"

အနည္းငယ္ ေတြေဝသြားေသာ္လည္း ေသာင္ယံက ထိုင္သည္။

"ေျပာ ဘာလဲ"

"မင္း စိတ္ဆိုးေနတဲ့ကိစၥ ေျပာ။ ငါရွင္းေပးမယ္။ ဘာလို႔ ဒီေလာက္အထိ မေခၚနိုင္ မေျပာနိုင္ ျဖစ္ေနရတာလဲ"

ေသာင္ယံက ဟက္ခနဲ တစ္ခ်က္ရယ္ေလသည္။

"ငါက မေခၚနိုင္၊ မေျပာနိုင္ ျဖစ္ေနတယ္ ! ဒါဆို မင္းကေရာ ? မင္း ဒီႏွစ္ေတြအတြင္းမွာ ငါ့ကို ဆက္သြယ္ခဲ့ဖူးလား"

အေမးစကားေၾကာင့္ အလြန္အမင္း ရွင္းျပခ်င္ေနေသာ လြမ္းလတ္ေနာင္မွာ ႏႈတ္ဆြံ႕သြားရသည္။ ေခါင္းကလည္း တျဖည္းျဖည္း ငုံ႕၀င္သြား၏။

"ငါ..."

"ေခ်ာင္းသာကေန ျပန္လာရင္ ခ႐ုေလးေတြ ယူလာခဲ့မယ္ ေျပာၿပီး တစ္ခါေလးေတာင္ ျပန္လာႏႈတ္ဆက္ေဖာ္‌ေတာင္ မရခဲ့တဲ့သူကို ငါက ဖက္တြယ္ေနစရာ လိုသလား"

လြမ္းလတ္ေနာင္ ဆတ္ခနဲ ေမာ့ၾကည့္လိုက္မိသည္။

"မဟုတ္ဘူး ေသာင္ယံ။ ငါ မင္းဆီကို ျပန္မလာျဖစ္ခဲ့တာ မွန္ပါတယ္။ ငါတို႔မ်က္ႏွာျခင္းဆိုင္ ႏႈတ္ဆက္ခြင့္ေတာင္ ေသခ်ာမရခဲ့ဘူး ဆိုတာလည္း မွန္တယ္"

တျဖည္းျဖည္း တိုး၀င္လာေသာ စကားသံေၾကာင့္ ေသာင္ယံ့ ႏႈတ္ခမ္းအစြန္ေလးက ေကာ့တက္သြားသည္။ လွပေသာ မဲ့ၿပဳံးေလးတစ္ခု ျဖစ္ေပၚလာခ်ိန္တြင္ ခပ္႐ြဲ႕႐ြဲ႕စကားသံတစ္ခုကပါ ထြက္လာ၏။

"မင္း ၀န္ခံေနၿပီပဲ"

"ဒါေပမဲ့ ငါ မင္းဆီကို စာေတြ မွန္မွန္ပို႔တယ္ေလ ေသာင္ယံ။ မင္းကသာ ငါ့ကိုျပန္မ..."

စူးစိုက္ၾကည့္ေနေသာ ေသာင္ယံ့မ်က္၀န္းေထာင့္မ်ားက ခ်က္ခ်င္း ရဲတက္လာၿပီး ထိုင္ေနရာမွလည္း ဝုန္းခနဲ မတ္တပ္ထရပ္လိုက္သည္။

"အပိုေတြ လာမေျပာနဲ႕ လြမ္းလတ္ေနာင္ ! ငါ ဘာစာမွလည္း မရဘူး။ လိုလည္း မလိုခ်င္ဘူး။ ခု မင္းစိတ္ရွင္းသြားၿပီမလား။ ျပန္လိုက္ေတာ့"

ေသာင္ယံ့အသံက အလြန္အမင္း မာေက်ာေနခဲ့၏။ စကားတို႔မွာ သူ႕ကို နာက်င္မႈေပးဖို႔ လာေနသည့္ ဆူးေခ်ာင္းမ်ားလိုပင္။ တစ္ခဏအတြင္း၌ ငယ္စဥ္က သိပ္ကို ႏူးညံ့၍ သူ႕အား ၾကင္နာခဲ့ဖူးေသာ ေသာင္ယံဦးအား ရွာေဖြ၍ မေတြ႕ေတာ့။

"မဟုတ္ဘူး ေသာင္ယံ။ ငါ အပိုေတြေျပာေနတာလို႔ မင္းထင္ခ်င္ ထင္လိမ့္မယ္။ ဒါေပမဲ့ ငါမွန္တယ္ဆိုတဲ့အေၾကာင္း သက္ေသျပမယ္"

ေျပာရင္း ထိုင္ရာမွ ထကာ လြမ္းလတ္ေနာက္ ေက်ာခိုင္းထြက္လိုက္သည္။ စိတ္အဟုန္ေၾကာင့္ ႏႈတ္ခမ္းတစ္စုံကိုကား ဖိကိုက္ထားမိ၏။

"မင္းဘာမင္း လုပ္ခ်င္တာလုပ္၊ ငါ စိတ္မ၀င္စားဘူး...!!!"

ျဖတ္သြားေသာ ကားသံၾကား၌ ေနာက္ပါးက အသံသဲ့သဲ့ကို ထပ္မံၾကားရျပန္သည္။ ထိုအသံေၾကာင့္ပင္ လြမ္းလတ္ေနာင္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိေတာ့၏။

"ဒုန္း ဒုန္း ဒုန္း"

အိမ္ေပၚသို႔ ေျပးတက္လာေသာ ေျခသံေၾကာင့္ တီေႏြက ႏွစ္ေခ်ာင္းထိုး ထိုးေနရာမွ လြမ္းလတ္ေနာင္ကို ေမာ့ၾကည့္သည္။

"တီေဝေရာ တီေႏြ"

"တီေဝ အျပင္သြားတယ္။ ျပန္မလာေသးဘူး"

မနားတမ္း ေျပးလာသျဖင့္ လြမ္းလတ္ေနာင္ ရင္ဘတ္အစုံက နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည္။ ေရဆာေနေသာ္လည္း ဆက္မသြားဘဲ ခုံေပၚသို႔ထိုင္ခ်ကာ မ်က္ႏွာကို လက္ဝါးျဖင့္ အုပ္ထားလိုက္၏။

ဒီလိုမ်ိဳး ခံစားရတာ သူ႕ဘ၀မွာ ပထမဆုံး အႀကိမ္ပင္။ တစ္အိမ္လုံး၊ သို႔မဟုတ္ ေရာက္ေလရာ ေနရာတိုင္းမွာ အခ်စ္ခံရေသာ သူ႕အတြက္ လ်စ္လ်ဴရႈခံရျခင္းကို ေနသားမက်။ သူ အေကာင္းဆုံး ႀကိဳးစားပါလ်က္ သူ႕ကို ဂ႐ုမစိုက္ေသာ သူအတြက္ ရင့္က်က္ေနၿပီ ျဖစ္ေသာ္လည္း မ်က္ရည္တို႔က လက္ဖဝါးကိုျဖတ္ကာ ခုံေပၚသို႔ တေတာက္ေတာက္ႏွင့္ က်လာေတာ့သည္။

"ကြယ္...လတ္ကေလးရယ္။ ဘာလို႔ ငိုေနတာတုန္း"

တသိမ့္သိမ့္တုန္ေနေသာ သူ႕ေက်ာျပင္ကို တီေႏြက လာေရာက္ ပြတ္သပ္ရင္း ေခ်ာ့သည္။ တီေႏြ႕အသံေၾကာင့္ အဘြားကလည္း အခန္းထဲမွ ထြက္လာ၏။ လြမ္းလတ္ေနာင္ကေတာ့ ရွိုက္ကာ ရွိုက္ကာ ငိုမိေနဆဲ။

"ဟယ္ လတ္ကေလး ေရာက္ေနတာပဲ။ ေဟာေတာ့္ ဘာျဖစ္ေနၾကတာတုန္း"

အျပင္မွ ျပန္လာသည့္ တီေဝက အေျခအေနကို ၾကည့္ကာ အံ့ဩသြားပုံ ရသည္။ လြမ္းလတ္ေနာင္ မငိုသည္မွာ ၾကာၿပီ မဟုတ္ပါလား။

"မသိပါဘူး ေဝရယ္။ တီေဝေရာလို႔ ေမးၿပီးကတည္းက ငိုေနတာ"

"ဘာျဖစ္လို႔လဲ လတ္ကေလး။ တီေဝ့ဆီက တစ္ခုခု လိုခ်င္လို႔လား"

တီေဝ့မ်က္ႏွာကို ေမာ့ၾကည့္ကာ လြမ္းလတ္ေနာင္ မ်က္ရည္မ်ားအား ခပ္ၾကမ္းၾကမ္း ပြတ္သုတ္ပစ္လိုက္သည္။ ထို႔ေနာက္ ကြဲအက္ေနေသာ အသံျဖင့္ ရွိုက္ရင္း ေမးမိ၏။

"တီေဝ့ကို သားပို႔ခိုင္းတဲ့ စာေတြေရာ"

"စာေတြ ?"

"ဘာစာလဲ ေဝ"

"‌ဪ...သိၿပီ။ ခဏေစာင့္ဦး"

တီေဝက အခန္းထဲသို႔ ၀င္သြားလွ်င္ အဘြားႏွင့္ တီေႏြက နားမလည္ဟန္ျဖင့္ သူတို႔ႏွစ္‌ေယာက္အား ဝိုင္းၾကည့္ၾကသည္။

"လတ္ကေလးကို ေျပာမယ္ ေျပာမယ္နဲ႕ ေမ့ေနတာ။ အဲ့တုန္းက စာတိုက္က ကိုထြန္းသူက တီေဝ့ကို ပိုးေနတာ‌ေလ။ အျမင္ကတ္လို႔ သူမရွိမွ ပို႔ေပးမယ္ဆိုၿပီး သိမ္းသိမ္းထားလိုက္တာ"

"ကိုထြန္းသူ ေျပာင္းသြားေတာ့လည္း တီေဝက ေမ့ေနတာနဲ႕။ ဒါေတာင္ ၿပီးခဲ့တဲ့လက အ၀တ္ေတြ ရွင္းရင္းနဲ႕ ေတြ႕လို႔ မွတ္မွတ္ရရ သိမ္းထားတာ"

စားပြဲခုံေပၚသို႔ ခ်လိဳက္ေသာ ယြန္းေသတၱာငယ္ကို လြမ္းလတ္ေနာင္ ဆြဲဖြင့္လိုက္လွ်င္ သူပို႔ခဲ့ေသာ စာအေစာင္ ၁၀၀ မွာ မေပ်ာက္မပ်က္ဘဲ တည္ရွိေန၏။

"လတ္ကေလးရယ္ မင့္အန္တီေဝကိုမွ စာပို႔ခိုင္းရတယ္လို႔။ ၀က္သားေနာ္ ၀က္သား...ခိခိ"

တီေႏြက ေနာက္လိုက္၍ တီေဝက ရွက္သြားဟန္ျဖင့္ လက္သည္းကို စိပ္ေနသည္။ လြမ္း‌လတ္ေနာင္မွာ ေသတၱာျပန္ေတြ႕၍ ၀မ္းသာအားရ ဆြဲယူ ဖက္ထားလိုက္ေသာ္ျငားလည္း 'မင္းဘာမင္း လုပ္ခ်င္တာလုပ္။ ငါ စိတ္မ၀င္စားဘူး' ဟူေသာ အသံေၾကာင့္ ျပန္ခ်ကာ ထားလိုက္မိ၏။

ေသာင္ယံ မုန္းလည္း မုန္းခ်င္စရာပင္။ အခ်စ္ဆုံးပါ၊ မေမ့ပါဘူးဟု ေျပာခဲ့ၿပီး စာတစ္ေစာင္ပင္ လက္ခံမရရွိခဲ့။ ဖုန္း အဆက္အသြယ္လည္း မလုပ္ခဲ့။ ထို႔အတူ သုံးႏွစ္လုံးလုံး ျပန္လည္း မလာခဲ့။

ေတြးရင္း စိတ္ထဲ ပို၀မ္းနည္းသြားရ၏။ ေသာင္ယံ့စိတ္အရ ဘယ္ေတာ့မွ ခြင့္လႊတ္မည္ မဟုတ္ေတာ့။

TBC...

A/N - ေသာင္ယံက ခုထိကိုယ္ေယာင္မျပေသးဘူးေနာ္...အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားက ကိုလတ္ရဲ႕အေတြးေတြနဲ႕ သူတို႔ရဲ႕အတိတ္ေတြ 💚

Continue Reading

You'll Also Like

2.3M 152K 104
Doctor Handsome & Medical Student
16.2K 761 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -
3.7K 339 15
This story is set in Singapore and depicts an invisible love between two men
23.4K 1.8K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...