အရှင့်ကြင်ရာတော်(BL)[Complete]
By MorikawaKi
232K 10.4K 161
အရှင်...ကျွန်တော့််ကို အရှင်ချစ်တယ်ဆိုတာ ကျွန်တော်သိပေမယ့် အရှင်က အခြားလူတွေကိုလည်း ဒီလိုမျိုးချစ်မိမှာကို အရ... More
အပိုင်း(၁)
ဇာတ်ကောင်မိတ်ဆက်
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၇)/အပိုင္း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
ဇာတ်သိမ်းပိုင်း
Extra
ေက်းဇူးတင္လႊာ
Hello
Side Chapter
အပိုင်း (၁၆)
2.9K 260 0
By MorikawaKi
အချိန်တွေကတရွေ့ရွေ့လှည့်ပတ်လာသည်။ စစ်ယီတို့ချင်းတိုင်းပြည်ကပြန်ရောက်တာ တစ်ပတ်လောက်ပင်ကြာလေပြီ။ ရွှမ်းမော့ကတော့ ချင်းတိုင်းပြည်တွင်သာနေတော့သည်။ မိဖုရားနောက်တစ်ပါးတင်မြှောက်မှာမို့ နန်းတော်ထဲတွင် တစ်ဖန်စည်ကားနေပြန်သည်။
             စစ်ယီကတော့ ချီမင်းကို ဝတ်စုံသေချာပင် ပြင်ဆင်ပေးလေသည်။နီရဲနေသော မင်္ဂလာဝတ်စုံနှင့် ချီမင်းကအတေ ဒါလေးက လက်ဆောင်”
            စစ်ယီက ချီမင်းကို လောလိုက်ပြီး နှုတ်ခမ်းလေးကို ထိကပ်လိုက်ကာ သူမဟုတ်သလို အဝေးသို့သွားသော စစ်ယီပါလေ။ ချီမင်း စစ်ယီ၏အပြုအမူလေးကြောင့် ပြုံးမိသွားပြီး စစ်ယီအနားသွားဖို့အလုပ် တံခါးအပြင်က သတိပေးချက်ကြောင့် မျက်နှာပျတ်သွားသည်။
”မင်းကြီး မင်္ဂလာအချိန်ရောက်ပါပြီ အဆင်သင့်ပြင်ပြီးရင် ထွက်လာခဲ့ပါတော့”
”သွားတော့လေ ချီမင်း။ ကျွန်တော် အနောက်က လိုက်ခဲ့မယ်”
          စစ်ယီကပါ အနောက်ကရော၍ ပြောလိုက်သည်။ ချီမင်းကတော့ သက်ပြင်းချလိုက်ကာ တံခါးဖွင့်ပြီး အပြင်သွားလေသည်။ အမှန်အတိုင်းဆို သူဒီနေ့ကို မရောက်ချင်ပါလေ။
             ချီမင်းထွက်သွားတော့မှ စစ်ယီလည်း ကုတင်ထက်ကို အားလျော့စွာထိုင်မိတော့သည်။ အနည်းငယ်ဖောင်းနေသော သူ၏ဗိုက်ကလေးကို ပွတ်သပ်လိုက်ရင်း စစ်ယီကနူးညံ့စွာပြုံးလိုက်သည်။ ခဏကြာတော့မှ မတ်တပ်ပြန်ရပ်ကာ မင်္ဂလာခန်းမဆောင်ဆီကိုသွားတော့သည်။
မင်္ဂလာခန်းမဆောင်ထက်ဝယ်-
”ချွေးမလေး လာ”
          ချင်းလီကစစ်ယီကိုတွေ့သည်နှင့် ပခုံးလေးက်ိုဖက်ကာ သူ၏နားတွင်ရှိသော မိဖုရားခေါင်ရဲ့ ပလ္လင်ဆီသို့ ခေါ်သွားကာ နေရာပြင်ဆင်ပေးပြီးမှ သူမအတွက်စီစဉ်ထားသော မယ်တော်ကြီးနေရာတွင် ထိုင်တော့သည်။ ကုန်းရှဲ့ကတော့ သူ၏ရှေ့တွင် သားတော်လေးကို ချီမင်းထက်ပင် အဖြစ်သည်းနေသော ချင်းလီကို မျက်စိစပါးမွှေးစူးနေလေပြီ။
             စစ်ယီ ရောက်ရောက်ချင်းပင် ချီမင်းကို ရှာပေမယ့်မတွေ့ပေ။ ပြီးတော့မှ သတိရမိတာက သတို့သားဖြစ်သူဟာ သတို့သမီးနှင့် အတူလာမည်ဆိုသည်ပါ။
”မင်းကြီးနဲ့မင်းသားလန်ရင်း ကြွချီလာပါပြီ”
           စိတ်၏တွန်းအားကြောင့်လား အကြားအမြင်ရတာလားမသိ။ စစ်ယီဒီလိုတွေးပြီး သိပ်မကြာခင်မှာပင် ချီမင်းကရောက်လာတော့သည်။ အခြားလူများက မတ်တပ်ရပ်ပြီး ဂါရဝပြုလိုက်သောကြောင့် စစ်ယီလည်းသူပါ ဂါရဝပြုဖို့လုပ်ပေမယ့် ချင်းလီကတားလိုက်သည်။
            မိဖုရားခေါင်နှင့်မယ်တော်ကြီးဟာ ဂါရဝပြုစရာမလိုပါ။ ယဉ်ကျေးမှုအရသာလုပ်ပေမယ့် တကယ်သာဆို အခြားလူမပြောနှင့် မင်းကြီးကိုတောင် ဦးညွှတ်စရာပင်မလိုပါ။ ပြီးတော့ ချင်းလီတားသည်က သူမ၏သားတော်လေးချီမင်းက စစ်ယီထိုသို့ ဦးညွှတ်မည်သိတော့ မညွှတ်အောင် တားထားခိုင်းလေခြင်းပါ။
စစ်ယီ...မင်းကအမြဲချစ်စရာလေးပါလား။
         မင်္ဂလာခန်းမဆောင်ထဲ ရောက်နေပေမယ့် ချီမင်း၏စိတ်က စစ်ယီဆီတွင်သာလေ။ ဒါကို အခြားမပြောနဲ့ ဘေးကလန်ရင်းပင်လျှင် သတိထားမိပေသည်။
             မုချင်းကလည်းသမားတော်နေရာကနေ မင်းကြီးတို့ကိုကြည့်နေရင်း မင်းကြီးက ရှေ့တည့်တည့်မလှည့်ဘဲ စစ်ယီဘက်ကိုဘဲ လှည့်ကြည့်လှည့်ကြည့်နှင့်  အကြည့်ရောက်နေသောကြောင့် ခဏနေ လိမ်းဆေးပေးရမှန်း ကြိုသိသွားသည်။ ဘာကြောင့်မှန်းမသိ မုချင်းအကြည့်တို့က ပင်းလျန်ဆီရောက်သွားလေတော့ကိုယ်ရံတော် ပင်းလျန်ကသူ့ကို စိုက်ကြည့်နေသည်ဆိုတာ မိသွားလေသည်။ ပင်းလျန်လည်း သူခိုးလူမိဖြစ်တော့မှ အကြည့်လွှဲလိုက်ကာ မင်းကြီးတို့ဆီပြန်လှည့်တော့သည်။
ကြည့်ရတာ....ခဏနေနှစ်ယောက်လုံး ဇာတ်ခိုင်တော့မယ်ထင်တယ်။
             မုချင်းကတွေးလိုက်မိသည်။
              လက်ဆက်ပွဲပြီးတော့ မင်္ဂလာအိပ်ခန်းကို ဝင်ရမည့်အချိန်ကြမှ ချီမင်း၏ပူပင်မှုတွေ စတင်လာသည်။ သူစစ်ယီကလွဲရင် ဘယ်သူနဲ့မှအတူ မဖြတ်သန်းချင်ပါလေ။  ဟုတ်ပေသားပဲ သူ့စိတ်နှင့်သူလေ သူမသွားချင်ရင် မသွားလို့ရပေသားပဲ။
”မင်းသွားတော့ ငါမင်းကို လက်ဖျားနဲ့တောင် ထိမှာမဟုတ်ဘူး”
         လန်ရင်းမသွားခင် လန်ရင်း၏နားနားကပ်ပြီး ချီမင်းကပြောလိုက်သည်။ တိုးညှင်းပြီး သာမန်စကားလေးတစ်ခွန်းသာဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ။ လန်ရင်းတစ်ယောက် နာကျင်သလို ခံစားမိသည်။ နဂိုကတည်းက ဒီလိုလုပ်မယ်ဆိုတာသိပေမယ့် ဘာအကြောင်းကြောင့် နာကျင်မှန်းမသိပေ။
”ကောင်းပါပြီ”
            ဘေးလူကြားရုံသာ လန်ရင်းကဆိုလိုက်ပြီး နောက်ကျောပေးကာ သူ့အဆောင်သူ ပြန်သွားတော့သည်။ ချီမင်းလည်း သက်ပြင်းချကာ ဝတ်ရုံလက်ကိုခါလိုက်ပြီးစစ်ယီက ဒီမှာရှိနေပေမယ့် စစ်ယီအဆောင်ဆီ  ကြိုသွားပြီးစောင့်နေသည်။
”ချွေးမလေး မုန့်စားပါဦး”
            လန်ရင်းအဆောင်နှင့် ဆန်ကျင်ဘက်ဆီသွားသော ချီမင်းကို စစ်ယီကြည့်နေရင်း ချင်းလီကစစ်ယီကို အချိုမုန့် ခွင့်ကျွေးခြင်းပါလေ။ တစ်ဆက်တည်း  သူမကစစ်ယီကို စကားပြောဖို့ သူမအဆောင်ကို ခေါ်သွားသည်။
-------------------------–----------
        နှစ်ဦးသားစကားကောင်းနေသည်မို့လို့ စစ်ယီညဘက်ပိုင်းလောက်မှ သူ၏အဆောင်ကို ပြန်လာမိသည်။ အဆောင်တံခါးကို ဖွင့်လိုက်တော့ စားပွဲခုံတွင် လက်တင်ကာအိပ်ပျော်နေသော ချီမင်းကိုတွေ့ရသည်။
”ချီမင်းကတော့ လုပ်ချလိုက်ပြန်ပြီ”
            တီးတိုးရေရွတ်လိုက်ပြီး အနားသို့သွားကာ အိပ်ပျော်နေသောချီမင်း၏ ကိုယ်ပေါ်သို့ စောင်ချုံပေးလိုက်တော့ အမြဲသတိကပ်နေတဲ့ ချီမင်းက နိုးလာခဲ့သည်။
”ကျွန်တော့်ကြောင့် နိုးသွားတာလား”
             မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် စစ်ယီကဆိုလိုက်သည်။ ချီမင်းလည်း ကလေးလေးတစ်ယောက်နှယ်ချစ်ဖို့ကောင်းသော စစ်ယီ၏ပါးလေးကို ညစ်လိုက်သည်။
”နာတယ်”
”ဟုတ်လား... အဲဒါဆိုပြန်လုပ်လေ”
            စစ်ယီဆီက အာမေဋိတ်အသံလေးကြားတော့ ချီမင်းက လက်လွှတ်လိုက်ကာ သူ၏ဘယ်ဘက်ပါးကို စစ်ယီအားညွှန်ပြလိုက်သည်။
”မသွားဘူးလား မင်းသားလန်ရင်းဆီကို”
       စစ်ယီက ချီမင်းနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ ချီမင်း၏ပခုံးနှစ်ဖက်ကို လက်ဖြင့်ဖိကိုင်ပြီး မေးလိုက်သည်။ ချီမင်းက သူ၏ဘယ်ဘက်ပခုံးထက်မှ စစ်ယီ၏လက်ကလေးကို ဆွဲယူလိုက်ကာ အနမ်းပွင့်ခြွေလိုက်သည်။
” စစ်ယီကလွဲပြီး ဘယ်သူနဲ့မှကိုယ် မအိပ်နိုင်ဘူး”
            အခြားလူတွေကြားရင်တော့ အပိုပြောတယ်ထင်ပေမယ့် ချီမင်းအမှန်တွေပြောနေမှန်း စစ်ယီအပြင်ဘယ်သူက သိနိုင်မှာလဲ။ စစ်ယီအခုမှတွေ့မိတာက ချီမင်းက အခုထိမင်္ဂလာဝတ်စုံဝတ်ထားသေးသည်လား။
” မအိုက်ဘူးလား ”
          စစ်ယီဆီက စကားကြားတော့ ချီမင်းက ဟက်ခနဲလူယုတ်မာအပြုံးပြုံးကာ စစ်ယီကို သူ၏ရင်ခွင်ထဲ ထည့်လိုက်သည်။ ဖြည်းဖြည်းလေးသာ ရင်ခွင်ထဲထည့်လိုက်သည်ပါ စစ်ယီဗိုက်ထဲတွင် ကလေးရှိနေသောကြောင့် သူကြမ်းလို့မဖြစ်ပေ။
”စစ်ယီ....ချွတ်ပေး”
”ကိုယ့်ဘာသာမလုပ်တတ်ဘူးလား.....ဖယ်”
             စစ်ယီက ချီမင်းအား တွန်းဖယ်လိုက်ကာ ဆိုပေမယ့် ချီမင်းမှာတော့ မလွှတ်ပေးချေ။
”မလုပ်တတ်ဘူး”
စစ်ယီ:”.....”
            စစ်ယီစွံ့အနေတုန်း ချီမင်းက စစ်ယီလက်ကို သူ၏ဝတ်စုံရင်ဘတ်ပေါ်တင်လိုက်တော့ စစ်ယီက လက်ရုန်းဖို့ပြင်လိုက်ပေမယ့် ချီမင်းက မရုန်းနိုင်အောင် ဖိကပ်ထားသည်။ နောက်တော့စစ်ယီမှာ သက်ပြင်းချလိုက်ပြီး ချီမင်းပေါင်ပေါ်တွင် တက်ထိုင်လိုက်သည်။
”ချွတ်ပေးရုံပဲ မှတ်လား”
            မယုံသင်္ကာအကြည့်ဖြင့် စစ်ယီကမေးလိုက်တော့ ချီမင်းကစပ်ဖြဲဖြဲဖြင့် ပြုံးပြလိုက်သည်။
တကယ့်ဘုရင်ရော...ဟုတ်ရဲ့လား။
             သူတို့နှစ်ယောက်ပေါင်းလာသည့် တလျောက်လုံး ချီမင်းကို စစ်ယီဘုရင်လို့ကို မမြင်တာလည်း မဆန်းပါလေ။ အနှီဘုရင်မှာ စစ်ယီရှေ့တွင် ဘယ်တုန်းကမှ ဘုရင်တစ်ပါးလို မနေထိုင်ပေ။
            သွယ်လျသောလက်သေးသေးလေးက ချီမင်း၏ဝတ်စုံအနီကို တုန်ယင်စွာ ချွတ်ပေးနေသည်။ အနှီလက်ကလေးက အရင်ကဓားကိုင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပင်။ အပေါ်လွှာချွတ်ပြီး ကတည်းကစကာ စစ်ယီချီမင်းကို အကြည့်ချင်းမဆုံတော့ဘဲ အခြားဘက်ကိုလှည့်နေသည်။ ချီမင်း ဝတ်စုံက တစ်လွှာချင်းကနေ အောက်ခံဝတ်စုံအလွှာထိ မရှိတော့။ စစ်ယီထိုအခါမှသတိရမိသည်က သူအောက်ခံထိ ချွတ်ပေးစရာမှမလိုတာလေ။
”စစ်ယီ ”
          ရှက်နေသောစစ်ယီက သူ့နဲ့ဝေးရာသွားတော့မှာကို သိနေပေသည်။ သို့အတွက်ကြောင့် ချီမင်းက စစ်ယီမသွားခင် စစ်ယီလက်ကလေးကို ဆုတ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်လေးကို ပွေ့ချီပြီးခေါ်သွားကာ ကုတင်ပေါ်လှဲခိုင်းလိုက်သည်။
တကယ်ဘဲ....ကလေးရပြီးတာတောင် ရှက်နေသေးတယ်။
             ချီမင်းကတွေးရင်း စစ်ယီ၏ နားရွက်ဖျားလေးကိ ဆွဲငုံကာ စစ်ယီလက်နှစ်ဖက်ကို သူ၏နောက်ကျောထက်တွင် ဖက်ထားစေသည်။
”နာရင် ကိုယ့်အားမနာနဲ့နော်”
             နားရွက်ဖျားလေးကို လွှတ်ပေးလိုက်ပြီး မျက်နှာနှစ်ခုကို နီးကပ်လိုက်ကာ ချီမင်းက ဆိုလိုက်ပြီးလုပ်ငန်းစဖို့ ပြင်တော့သည်။ စစ်ယီကတော့ မသိချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်လိုက်ပြီး ချီမင်းအားပိုတင်းကြပ်စွာပင် ဖက်ထားသည်။
----------------------------–---------
Zawgyi
”စစ်ယီ မင်းဒီနေ့အရမ်းလှတာပဲ”
            ချီမင်းကခန့်ညားသည်။ ချီမင်း၏အရှေ့က ချစ်ရသူလေးမှာလည်း နေနှင့်လလို ချီမင်းနှင့်လိုက်ဖတ်စွာပင် တည်ရှိနေသည်။
”မြန်မြန် ပြင်ဆင်ပါ။ နောက်ကျနေမယ် ဒါလေးက လက်ဆောင်”
”ချွေးမလေး လာ”
”ကောင်းပါပြီ”
-------------------------–----------
”နာတယ်”
” မအိုက်ဘူးလား ”
”စစ်ယီ....ချွတ်ပေး”
”မလုပ်တတ်ဘူး”
စစ်ယီ:”.....”
”စစ်ယီ ”
----------------------------–---------
Continue Reading
You'll Also Like
117K 9.7K 18
လှပပြေပြစ်တဲ့ကြွေရုပ်လေးတွေဟာ တိုက်မိရင် လဲကျပြိုကွဲသွားကြတယ် တစ်ယောက်သောသူ မြတ်နိုးရတဲ့ကြွေရုပ်လေးကတော့ ပိရမစ်ကြီးတစ်ခုပမာ ခိုင်ခန့်လွန်းလှတယ် Hun ♥...
20.6K 1.4K 6
Zawgyi >စီးပွားရေးလုပ်ငန်းအခြေအနေအရ လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝ... အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘာတွေကို ဖန်တီးပေးသွားမလဲ?? တိုတိုလေးပဲရေးမှာပါ...
122K 10.4K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...