SCROLL DOWN FOR ZAWGYI
UNICODE
CH15 - I KNEW OF IT ALL
လုဖုန်းတစ်ယောက် ငြီးငွေ့ဖွယ်ရာVအလုပ်တစ်ခုဟု မမြင်ဘဲ ရှန့်မင်အော်ဖုန်းကို ထပ်ခါထပ်ခါ ခေါ်နေမိသည် ။ ရှားရှားပါးပါးကျန်သော ဖုန်းဘတ္ထရီ လုံးဝကုန်သွားချိန်အထိပင် ။ ယခုချိန်တွင် ဖုန်းလည်း ထပ်ဆက်လို့မရတော့။ လုဖုန်း ဘယ်လောက်ပင် အားထုတ်ပါစေ တစ်ဖက်လူမှာ နောက်ဆုံးသောအချိန်အထိ ဖုန်းမကိုင်ခဲ့ပေ ။
လုဖုန်း ဆေးရုံကော်ရစ်တာတွင် ဆောင့်ကြောင့်ထိုင်လျက် နာကျင်စွာပင် ဆံပင်ကို အားစိုက်ဆောင့်ဆွဲထားမိကာ မျက်နှာကို လက်များကြားအပ်ထားမိသည် ။
ရှန့်မင်အော် သူ့ဖုန်းကို မကိုင်ခဲ့ ။ ဒီလိုအချိန်မျိုးမှာပင် သူ့ဖုန်းကိုကိုင်ဖို့ ငြင်းဆန်နေဆဲ ။
လုဖုန်း ဖြစ်စေချင်သောအရာသည် တစ်ခုတည်းသာ ။ ရှန့်မင်အော်၏အသံကိုကြားရရုံ ။ ရှန့်မင်အော်အနေဖြင့် ဒီအချိန်မျိုးတွင် နှစ်သိမ့်မှုမပေးဆိုလျှင်တောင်မှ သူဖုန်းကိုဆက်ကိုင်ထားရင်း အရာရာကိုသည်းခံမိမှာပင် ။ ထိုအရာသည် စိတ်ပျက်အားလျော့ဖွယ်ကောင်းပြီး နာကျင်ရလျှင်တောင်မှ လုဖုန်းစွန့်ခွာလိမ့်မည်မဟုတ် ။
သို့သော် ရှန့်မင်အော်ကား သူ၏အသေးငယ်ဆုံးသော ဆန္ဒတစ်ခုကိုပင် ဖြည့်ဆည်းမပေးခဲ့ ။
"လူလိမ်..."
လုဖုန်း မျက်လုံးတစ်ချက်မှိတ်လိုက်ပြီး မျက်ဝန်းထဲမှ ပူလောင်မှုတို့ကို ပါးပြင်ထက် စီးဆင်းစေလိုက်သည် ။
အမျိုးသမီးတစ်ယောက်၏ နူးညံ့လှသောအသံက လုဖုန်းရှေ့တွင် ထွက်ပေါ်မလာခင်အထိ လုဖုန်းထိုပုံစံအတိုင်း ထိုင်နေမိခဲ့၏ ။ လုဖုန်းခေါင်းမော့လိုက်သည်နှင့် မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုတို့နှင့် သူ့ကိုကြည့်နေသော နာ့စ်မလေးကို တွေ့လိုက်ရလေသည် ။
"မစ္စတာလု ၊ ရှင် အဆင်ပြေရဲ့လား ?"
လုဖုန်း မျက်နှာကို ပွတ်သပ်လိုက်ပြီး ထရပ်လိုက်သည် ။
"ကျွန်တော် အဆင်ပြေပါတယ် ၊ ကားရောက်နေပြီလား "
နာ့စ်မလေးက ခေါင်းတစ်ချက် ညိတ်ပြ၏ ။
"မီးသဂြိုလ်ရုံက ကားကရောက်နှင့်နေပြီ ။ ပြီးတော့ မြေအောက်ကားပါကင်မှာ စောင့်နေတယ် ၊ ရှင်အခု ဆင်းသွားလို့ရပြီ "
သူတို့နှစ်ယောက်စကားပြောနေစဥ်မှာပင် ဆေးရုံလုပ်သားတစ်ဦးက လူနာထမ်းစင်တစ်ခုကို သယ်ထုတ်လာ၏ ။ ထိုလူနာထမ်းစင်အပေါ်တွင်လည်း အဝတ်ဖြူတစ်ခုက အုပ်ထားသေး၏ ။
ထိုထမ်းစင် လုဖုန်းရှေ့ဖြတ်သွားချိန် အောက်ခြေမှဘီးများ၏ လှုပ်ခါခြင်းကြောင့်လားတော့မသိ ။ ဖြူဖျော့ကာ ရှုံ့တွနေသောလက်တစ်ဖက်က အောက်သို့ ထွက်ကျလာ၏ ။
"ခနလေး..."
ဆေးရုံလုပ်သားမှာ လုဖုန်းအသံကိုကြားကြားချင်းပင် ရပ်တန့်သွား၏ ။ လုဖုန်း ထိုလူနာထမ်းစင်ဆီသို့ ဦးတည်လျှောက်သွားပြီး အသက်ရှင်ခြင်း အငွေ့အသက်တစ်စုံတစ်ရာပင် မရှိတော့သော ရေခဲတစ်မျှအေးစက်နေသည့် ထိုလက်ကိုသေချာကိုင်ကာ အဝတ်ဖြူအောက်ဝယ် ပြန်ထားပေးလိုက်၏ ။
ထိုလက်တစ်စုံ၏မြင်ကွင်းသည် လုဖုန်းအတွက် သစ်လွင်နေဆဲ ၊ အထိအတွေ့ အရိပ်အငွေ့တို့သည် စွဲကျန်ရစ်နေဆဲပင် ။ သို့သော် ယခုတွင်မူ ထိုလက်တစ်စုံ၏ပိုင်ရှင်မှာ သူ့အားပြုံးမပြနိုင်တော့သလို အားဖုန်းဟုလည်း ခေါ်နိုင်တော့မည်မဟုတ် ။ ရာသီဥတုအေးသောအခါ အဝတ်များများထပ်ဝတ်ရန် ၊ ပူသောအခါရေများများသောက်ရန် တကျည်ကျည်မပြောနိုင်တော့ပေ ။
လူတစ်ယောက်၏သေဆုံးခြင်းကား ငြိမ်းသွားသောအလင်းရောင် သို့မဟုတ် နှင်းတောထဲကျသွားသော စွတ်ပြုတ်နှင့်တူပေ၏ ။ မီးအိမ်ထဲမှ မီးစားကုန်သွားလျှင် ဖြစ်ဖြစ် ၊ နှင်းများ အရည်ပျော်ကျသွားလျှင်ဖြစ်ဖြစ် ဤကမ္ဘာမြေပေါ်တွင် ခြေရာလက်ရာတစ်စိုးတစိမျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလိမ့်မည်ပင် ။
သင့်အနေနှင့် မီးအိမ်ကိုသေသေချာချာ စစ်ဆေးမည်မဟုတ်သကဲ့သို့ ပျောက်ကွယ်သွားသော နှင်းမှုန်များကို ပြန်လည်ခေါ်ယူရန်လည်း ဝီရိယရှိရှိကြိုးစားလိမ့်မည်မဟုတ် ။ သို့သော် လူဟူသောသတ္တဝါကား ထိုအရာများနှင့်မတူညီဘဲ ကွာခြားလှ၏ ။ သေလွန်သွားခဲ့ပြီးလျှင်တောင်မှ မရေတွက်နိုင်သော အမှတ်တရများ ၊ မေ့ပျောက်၍မရသော သံယောဇဥ်အနှောင်အဖွဲ့များကို ချန်ထားခဲ့ကြသည်မလား ။ ထိုအရာတို့တွင် အဆုံးမရှိသော စကားဖြင့်ဖော်မပြနိုင်သော နောင်တ,တရားများလည်း ပါဝင်နေပေ၏ ။
အနက်ရောင်အလုံပိတ်ယာဥ်တစ်စီးက လုဖုန်းအမေကို လာရောက်သယ်ယူခဲ့၏ ။ လုဖုန်းက ဒရိုင်ဘာနှင့်အတူ ရှေ့ခုံတွင်ထိုင်ကာ မီးသဂြိုလ်စက်ရုံဆီ ထွက်ခွာခဲ့ကြသည် ။ စာရွက်စာတမ်းကိစ္စများအားလုံး အပြီးသတ်ပြီးသောအခါ ထိုနေရာမှ ဝန်ထမ်းများမှနေ၍ နှုတ်ဆက်ပွဲလုပ်ချင်သလားဟူ၍ လုဖုန်းကိုမေးလာခဲ့၏ ။
သူ့အမေအနေနှင့် မကွယ်လွန်မီကပင် နှုတ်ဆက်ပွဲစျာပနာလိုအရာမျိုး မလုပ်ချင်ကြောင်း မလိုမရှိကြောင်း ၊ လူများကသူမကိုကြည့်ကာ လှောင်ပြောင်သရော်၍ သနားသလိုအကြည့်မခံနိုင်ကြောင်း အထူးတလှယ် မှာသွားခဲ့ဖူး၏ ။
သူမသေဆုံးချိန်တွင် သူမအတွက် အမှန်တကယ်ဝမ်းနည်းပြီး ပူဆွေးသောကရောက်မည့်သူ များများစားစားရှိမည်မဟုတ်မှန်း သူမနှလုံးသား၏ အနက်တစ်နေရာမှ အစကတည်းက သိနေခဲ့၏ ။
"ဟင့်အင်း ၊အဲ့လိုပွဲမျိုး မလိုပါဘူး "
လုဖုန်းပြန်ဖြေလိုက်သည်ကို ကြားပြီနောက် ဝန်ထမ်းမှာ မှတ်တမ်းစာရွက်ပေါ်သို့ တောက်ပလှသော အနီရောင်တံဆိပ်တုံးကို နှိပ်လိုက်ပြီး လုဖုန်းထံကမ်းပေးလိုက်သည် ။ ထို့နောက် အရိုးပြာကိုသိမ်းဆည်းရန် တခြားတစ်နေရာတွင် စောင့်ဆိုင်းဖို့ပါ ပြောလာခဲ့၏ ။
လက်ရှိအချိန်၏ ရာသီဥတုကား မှိုင်းပြအေးစက်နေခဲ့ပါ၏ ။ အရိုးပြာများကိုသိမ်းဆည်းဖို့ရန် စောင့်ဆိုင်းရမည့်နေရာတွင် အပူပေးစက်တစ်လုံးတစ်လေမျှ ဖွင့်ထားခြင်းမရှိခဲ့ ။ ကြွေပြားများမှာလည်း အေးစက်စက်လေထု၏ အအေးဓာတ်က စီးကူးနေခဲ့ပုံပေါ်သည် ။ ထိုနေရာရှိ ပလတ်စတစ်ထိုင်ခုံများပေါ်တွင် ရေခဲတစ်လွှာဖုံးအုပ်ထားသကဲ့သို့ အေးစက်နေခဲ့ပြီး လူတစ်ယောက်ထိုင်ဖို့ရန် သို့မဟုတ် ကြာကြာထိုင်နေဖို့ရန်အတွက်ပင် ခက်ခဲလှပေ၏ ။
နာရီဝက်မျှ စောင့်ဆိုင်းပြီးသည့်အချိန်တွင်ကား လုဖုန်းအမေ၏နာမည်မှာ ကြီးမားသောမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့ချေပြီ ။
အရိုးပြာကို ကြော့ရှင်းလှပသော အရိုးပြာအိုးထဲတွင် ထည့်ထားခဲ့၏ ။ ထိုအရိုးပြာအိုးကို သူ့ထံလကမ်းပေးစဥ် လက်ချောင်းများမှတစ်ဆင့် ကြွင်းကျန်ရစ်သော အပူငွေ့အပိုင်းအစကို လုဖုန်းခံစားမိသေး၏ ။
လုဖုန်း အရိုးပြာအိုးကိုကိုင်ကာ ဝန်ထမ်းအားကျေးဇူးတင်စကားဆိုပြီးနောက် ထိုနေရာမှထွက်ခွာလာခဲ့သည် ။
မီးသဂြိုလ်စက်ရုံရှေ့ဖြတ်သွားသော တက္ကစီများမှာ လွယ်လွယ်နှင့် မရပ်ပေးကြ ။ တက္ကစီအများစုမှာ လူမပါသော်ငြား လုဖုန်းလက်ထဲမှ အရိုးပြာအိုးကိုမြင်သည်နှင့် အရှိန်ပိုတင်ကာ လုဖုန်းကိုကျော်မောင်းသွားကြ၏ ။ လုဖုန်း သူတို့၏ကားနံပါတ်ကိုမမြင်လိုက်ရခင်မှာပင် အရိပ်အရောင်မျှပင် မကျန်စေရဘဲ ပျောက်ကွယ်သွားရလောက်သည်အထိ မြန်ဆန်ကြ၏ ။
လုဖုန်းမှာ မီးသဂြိုလ်ရုံထဲသို့ပြန်ဝင်ကာ ဖုန်းငှားဆက်ဖို့သာ တတ်နိုင်တော့သည် ။ လုဖုန်း ဝေ့ရှဲအား ဖုန်းခေါ်ပြီး သူ့ကိုလာခေါ်နိုင်မခေါ်နိုင် လှမ်းမေးလိုက်သည် ။
ဝေ့ရှဲမှာ လုဖုန်းအား ယခုလက်ရှိရောက်နေသည့်နေရာတွင်သာနေရန် ၊ ယခုချက်ချင်း သူလာခေါ်မည်ဟူသော စကားနှစ်ခွန်းမှလွဲ၍ တခြားစကားလုံးများ မပြောခဲ့ ။
လုဖုန်း လမ်းမကြီး၏ဘေးတွင် မတ်တပ်ရပ်နေမိကာ လက်တစ်ဖက်က အရိုးပြာအိုးကို ထွေးပိုက်ထားရင်း တခြားတစ်ဖက်က စီးကရက်ကိုထုတ်ယူကာ မီးညှိလိုက်၏ ။
လုဖုန်း မတ်တပ်ရပ်နေရာနေရာ၏ ကြမ်းပြင်ပေါ် စီးကရက်ပြာမှုန်များ ပြန့်ကြဲသွားချိန် သူ့ဆံပင်မှာလည်း လေထန်ပြင်းပြင်းကြောင့် ဖရိုဖရဲဖြစ်နေခဲ့ပြီး ခေါင်းမှာလည်း တဒုတ်ဒုတ်ကိုက်ခဲနေခဲ့သည် ။ ထိုအခိုက်အတန့်မှာပင် ဝေ့ရှဲကားမှာ လမ်းမကြီးတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့၏ ။
လုဖုန်း ကားထဲသို့ဝင်ထိုင်လိုက်ချိန်မှာပင် လေထုနွေးနွေးက သူ့ကိုခြုံလွှမ်း၏ ။ လုဖုန်း သက်ပြင်းရှည်တစ်ချက်ချပြီးနောက် တစ်ချိန်တည်းမှာပင် ပြန်လည်အသက်ရှင်လာသူကဲ့သို့ ခံစားလိုက်ရသည်။
"အားဖုန်း မင်းအဆင်ပြေရဲ့လား ?"
ဝေ့ရှဲက သူ့အားတစ်ချက်ကြည့်လာခဲ့၏ ။
"မင်း အသွင်အပြင်ကိုကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ "
လုဖုန်း အရိုးပြာအိုးကို ပေါင်ပေါ်တင်ပြီး လက်ချောင်းများကား ထိုအရာ၏အေးစက်စက်မျက်နှာပြင်ထက် ပြေးလွှားနေခဲ့လျက် ။
"ကျွန်တော် အဆင်ပြေပါတယ် "
အရိုးပြာအိုးထက်ရှိ နောက်ဆုံးသောအပူငွေ့အပိုင်းအစကား လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ ။ ရှန့်မင်အော်ပြောခဲ့ဖူးတာကို လုဖုန်းသတိရမိသည် ။ အနက်ရောင်သည် ဘဝအစိတ်အပိုင်း၏ အဆုံးသတ်ဟု ရှန့်မင်အော်ပြောခဲ့ဖူးသည် ။ တကယ်တော့ အနက်ရောင်က အဆုံးသတ်မဟုတ် ။ တကယ့် အဆုံးသတ်ကား အေးစက်မှုပင် ။
ထိုအရာမှာ အတော့်ကို အေးစက်လွန်းလှသည် ။
လုဖုန်း အနောက်သို့မှီချနိုင်ရန် ကားထိုင်ခုံကို ချိန်ညှိလိုက်ပြီး မျက်လုံးမှိတ်ချလိုက်သည် ။
"သင်္ချိုင်းကိုရောက်ရင် ကျွန်တော့်ကိုနှိုးလိုက် "
ဝေ့ရှဲနှင့်သူ သင်္ချိုင်းသို့ရောက်သောအခါ ကောင်းကင်တစ်ခွင်ကား တိမ်မှောင်တို့ဖုံးလွှမ်းနေခဲ့ပြီ ။ ဝေ့ရှဲက သူနှင့်အတူလိုက်ဖို့စီစဥ်ထားသော်ငြား လုဖုန်း ယဥ်ကျေးစွာပင် ငြင်းခဲ့လိုက်၏။
" ကျွန်တော့ကို အဖော်ပြုပေးစရာမလိုပါဘူး ၊ ကျွန်တော် ဒီအရွယ်ပဲရောက်နေပြီ ၊ ဒါ ကျွန်တော်လုပ်နိုင်တဲ့အရာပါ "
"အားဖုန်း.."
ဝေ့ရှဲမှာ ကားတံခါးကိုကိုင်ထားလျက် စိတ်မချဟူသော မျက်နှာအမူအရာမျိူးဖြင့် ပြောလာခဲ့၏။
"တကယ် အဆင်ပြေပါတယ် .."
ဝေ့ရှဲစကားကိုဆုံးအောင် ပြောခွင့်မပေးဘဲ လုဖုန်းနောက်တစ်ကြိမ်ထပ်ငြင်းလိုက်မိသည် ။
ဝေ့ရှဲတစ်ယောက် လုဖုန်းကို ဖျောင်းဖျလို့မရတော့မှန်းသိသွားသောအခါ လုဖုန်းဆန္ဒကို မျက်စိမှိတ်၍သာ လိုက်လျောလိုက်ရတော့၏ ။
"အဲ့ဒါဆို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် "
သင်္ချိုင်းရှိ ဝန်ထမ်းမှာ လှေကားတစ်စင်းယူလာပြီး နံရံကလိုင်ပေါက်ကိုဖွင့်ဖို့ရန် လုဖုန်းအား ကူညီပေး၏ ။ ဖွင့်ပြီးနောက်တွင်ကား မိခင်ဖြစ်သူ၏အရိုးပြာပါသောအိုးကို လုဖုန်း ထိုကလိုင်ပေါက်အတွင်း အသေအချာနေရာချလိုက်၏ ။
ယခုအချိန်တွင်ကား သူတို့နှစ်ယောက်မှာ ဇနီးနှင့်ခင်ပွန်းတို့အဖြစ် ပြန်လည်ပေါင်းစည်းသွားခဲ့ကြလေပြီ ။ လုဖုန်းအနေနှင့်လည်း သားသမီးမဖြစ်ထိုက်သော သားတစ်ယောက်၏ ချို့ယွင်းအားနည်းချက်များအကြောင်း နှစ်ယောက်လုံးကို တစ်ခုချင်းစီသေချာပြောပြနိုင်တော့မည် ။
လုဖုန်း သုံးကြိမ်သုံးခါ ဦးညွတ်ကန်တော့ပြီးနောက် ထိုနေရာတွင်ကြာကြာမနေတော့ဘဲ သူ့အားကူညီပေးခဲ့သော ဝန်ထမ်းကို ကျေးဇူးတင်စကားဆိုကာ ကားပါကင်ဆီသို့ တစ်ယောက်တည်း ဦးတည်လျှောက်လာခဲ့၏။
မြန်မြန်ဆန်ဆန်ပင် ပြန်လာသောလုဖုန်းကို တွေ့လိုက်ရသော ဝေ့ရှဲမှာ အတန်ငယ် အံ့အားသင့်သွားပုံရသည် ။
"အားလုံး ပြီးခဲ့ပြီလား ?"
"ပြီးခဲ့ပြီ "
ဝေ့ရှဲ ကားစက်နှိုးလိုက်ပြီး ရည်ရွယ်ချက်ရှိရှိနှင့်ပင် ပေါ့ပါးပြီး,သာမာန်ဆန်သောလေသံမျိုးနှင့် စကားပြောလာခဲ့၏ ။
"သွားရအောင် ၊ စန်းကောက မင်းကိုညစာလိုက်ကျွေးမယ်ပြောတယ် "
မကြာသေးမီအချိန်ကပင် လုဖုန်းတစ်ယောက် ခန္ဓာကိုယ်မှအေးစိမ့်စိမ့်ဓာတ်ကိုခံစားမိရုံမက ခေါင်းတဆစ်ဆစ်ကိုက်ခြင်းကိုပါခံစားခဲ့ရ၏ ။ မကြာခင် ဖျားတော့မည်ဆိုသော အရိပ်အရောင်များနှင့်ပင် တူလှပေသည် ။
နေ့လည်က ရေကန်ထဲသို့ ခုန်ချအပြီးတွင် လုဖုန်း ရေမချိုး,အဝတ်အစားမလဲရသေးဘဲ သူ့အမေဆီသို့ အပြေးသွားခဲ့ရသည် ။ ပြီးနောက် ဖြစ်ပျက်သွားသောအရာမှန်သမျှကို လိုက်လံကိုင်တွယ်ဖြေရှင်းနေရသည့်အတွက် ယခုချိန်ထိ သူလုံးဝအနားမယူရသေး ။
လုဖုန်း ခန္ဓာကိုယ်ထက်မှ အဝတ်အစားများမှာ လေသလပ်၍သော်လည်းကောင်း ၊ ခန္ဓာကိုယ်အပူချိန်ကြောင့်သော်လည်းကောင်း ခြောက်သွေ့လုနီးပါးဖြစ်နေသော်ငြား ဖိနပ်များမှာတော့ ယခုအချိန်ထိ စိုစွတ်နေဆဲပင် ။ အေးစက်လှသောရေထဲ စိမ်ထားသကဲ့သို့ဖြစ်နေသော ခြေထောက်များမှ နွေးထွေးမှုတစ်စုံတစ်ရာကိုပင် သူ,မခံစားမိ ။
"ကျွန်တော့ကို ကျွန်တော်တို့အပေါင်ဆိုင်နားက ကုန်တိုက်ကိုသာ လိုက်ပို့ပေးပါ "
(T/N အရှေ့မှာတုန်းက ရှန့်မင်အော်ရဲ့ LawFirm ရှိတဲ့နေရာကို ရုံးအဆောက်အအုံလို့ပဲ ရေးခဲ့ပါတယ် ၊ တကယ်တော့ ရုံးခန်းက အဲ့ကုန်တိုက်နဲ့နီးနီးလေးပါ လိုအပ်ချက်များအတွက် ဆောရီးပါ )
ဝေ့ရှဲကား လုဖုန်း၏စကားကို အနည်းငယ်တော့ အံ့အားသင့်သွား၏ ။
'ကုန်တိုက် ? မင်းတစ်ခုခု ဝယ်စရာရှိလို့လား ? ငါအဖော်လိုက်ပေးရမလား ?"
"ကျွန်တော်တစ်ယောက်ယောက်ကို သွားရှာချင်လို့ " လုဖုန်း တစ်စက္ကန့်မျှရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် ။
"ကျွန်တော့ အကိုကိုသွားရှာမလို့ "
လုဖုန်း ကားတံခါးကိုမှီထားမိသည် ။ ဖြတ်သွားသောကားများဆီမှ မီးရောင်များက အမြင်အာရုံထဲတွင် တဖျတ်ဖျတ်တလက်လက် ။
ရှန့်မင်အော်ကား ထိုကားမီးရောင်များနှင့်ပင် သဘောတရားဆင်၏ ။ မျက်စိရှေ့တွင် မြင်နေရသော်ငြား မဖမ်းဆုပ်ထားနိုင် ။ ရှန့်မင်အော်အတွက်လည်း လုဖုန်းဆိုသူသည် သာမန်ဖြတ်သွားဖြတ်လာတစ်ယောက်ထက်မပို ။
"အဲ့တာတော့ဟုတ်တယ် ၊ မင်းအမေဆုံးသွားတာကို သူ့ကိုတော့ အသိပေးဖို့လိုအပ်တယ် "
ဝေ့ရှဲ ထိုစကားတစ်ခွန်းသာပြောပြီး တခြားစကားထပ်မပြောတော့ ။ မကြာမီမှာပင် ဝေ့ရှဲ၏ကားက ကုန်တိုက်အဆောက်အအုံရှေ့သို့ ဆိုက်ရောက်လာခဲ့သည် ။
လက်ရှိအချိန်ကာလတွင် မိုးကောင်းကင်မှာ လုံးဝကိုအမှောင်ကျသွားခဲ့လေပြီ ။ သို့သော်ငြား လုဖုန်းတို့ပတ်ပတ်လည်တွင် အရာအားလုံးက မီးရောင်အောက်၌ နေ့အချိန်ကဲ့သို့ပင် အရောင်အသွေးစုံလင်စွာ တောက်ပထိန်လင်းနေလျက် ။
လုဖုန်း ဝေ့ရှဲထံလက်ပြကာ နှုတ်ဆက်စကားဆိုပြီးနောက် လက်နှစ်ဖက်ကိုအိတ်ကပ်ထဲထိုးထည့်ကာ ရှန့်မင်အော်၏ Law Firmဆီသို့ ဦးတည်လျှောက်လာခဲ့၏ ။
အချိန်ကား ညခုနစ်နာရီပင်ရှိပြီဖြစ်သော်ငြား အလုပ်အခုမှအပြီးသတ်ကာ အိမ်ပြန်သူအများအပြားရှိနေသေး၏ ။ လုဖုန်း ဓာတ်လှေကားဖြင့် အထပ်တစ်ထပ်စီတက်လေတိုင်း လူများစွာက ဓာတ်လှေကားထဲအတင်းတိုးဝင်ရန် အပြင်တွင်အသည်းအသန်စောင့်ဆိုင်းနေကြ၏ ။
ကျင်ရှန့်Law Firmရှိရာ အထပ်သို့ရောက်သောအခါ လုဖုန်းတစ်ယောက်အပြင်ထွက်ဖို့ရန် အတော့်ကိုပင် ကြိုးစားလိုက်ရသည် ။ အပြင်ထွက်ရဖို့အရေး ကြိုးစားနေသည့်အခိုက် ကံကောင်း၍သာ ဖိနပ်ကျွတ်မကျန်ခဲ့ခြင်း ။
ခန္ဓာကိုယ်ထဲရှိ စွမ်းအင်လက်ကျန်ထဲမှ အတော်များများကို အသုံးချလိုက်ပြီးနောက် လုဖုန်းမှာ ပို၍ခေါင်းမူးလာသလိုပင် ခံစားလိုက်ရ၏ ။
Law Firmသည်ကား မီးဖွင့်ထားဆဲဖြစ်ပြီး လုဖုန်း တံခါးအဝင်ဝသို့ရောက်သွားချိန် ဝန်ထမ်းမလေးတစ်ယောက် အိတ်ကိုသယ်ကာ အထဲမှထွက်လာသည်ကိုတွေ့လိုက်ရသည် ။
"မစ္စတာလု!? "
လုဖုန်းကိုမြင်သွားသော ထိုဝန်ထမ်းမလေးမှာ အတန်ငယ် အံ့အားသင့်သွားပုံရသည် ။
"ဘယ်လိုလုပ် ရုတ်တရက်ရောက်လာတာလဲရှင် ?"
"ကျွန်တော့အကို ဘယ်မှာလဲ "
လုဖုန်း ရုံးခန်းတွင်းသို့တစ်ချက်ခြောင်းကြည့်လိုက်ပြီး မီးတော်တော်များများဖွင့်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရသောအခါ ရှန့်မင်အော် ရုံးခန်းထဲတွင်ရှိနေလောက်သေးသည်ဟု မှတ်ချက်ချလိုက်မိသည် ။
"မကြာသေးခင်ကပဲ ကျွန်မတို့ အရေးကြီးတဲ့Caseတစ်ခုကို ကိုင်ခဲ့ရတယ် ၊ ရှေ့နေရှန့်အနေနဲ့လည်း အဲ့Caseကိုအတော် အလေးထားပုံပဲ ၊ တစ်နေကုန် Videoကတစ်ဆင့် ဆွေးနွေးနေခဲ့တာ ၊ ကျွန်မအထင်တော့ သူအခု စီးကရက်သောက်ဖို့အတွက် အရေးပေါ်လှေကားတွေဆီ ခနထွက်သွားပုံရတယ် "
သူမက အရေးပေါ်လှေကားရှိရာဆီသို့ ညွှန်ပြရင်းပြောလာခဲ့သည် ။
လုဖုန်း သူမကို ခေါင်းတစ်ချက်ညိတ်ပြပြီး အရေးပေါ်လှေကားများဆီသို့ ထွက်လာခဲ့၏ ။
လုဖုန်း လေးလံလှသော အရေးပေါ်ထွက်ပေါ်တံခါးကို ဖွင့်လိုက်လိုက်ချင်းမှာပင် ထူထဲသောဆေးလိပ်မီးခိုးငွေ့တို့က သူ့မျက်နှာဆီ ရိုက်ခတ်လာခဲ့၏ ။
နံရံကိုမှီ ခေါင်းငိုက်စိုက်၍ ဆေးလိပ်သောက်နေခဲ့သောရှန့်မင်အော်မှာ လက်ထဲကဖုန်းဆီ အာရုံရောက်နေခဲ့ဟန်တူသည် ။ ဖုန်းမျက်နှာပြင်မှ ရောင်ပြန်ဟပ်သော အေးစက်စက်အလင်းက သူ့မျက်နှာသွင်ပြင်အား ပို၍စူးရှစေသော်ငြား မျက်ဝန်းအကြည့်များကိုတော့ မှုန်မှိုင်းနေစေခဲ့၏။
လုဖုန်း တံခါးဖွင့်လိုက်သံကို ကြားကြားချင်းပင် ရှန့်မင်အော်ခေါင်းထောင်လာခဲ့ပြီး အနည်းငယ်မျှပင် ကြက်သေသေသွားပုံရသည် ။ တစ်ခုခုကိုလုပ်နေဆဲဖြစ်သော သူ့လက်များပင်လျှင် ရပ်တန့်နေခဲ့လျက် ။
"အကို့မှာ စီးကရက်ထပ်ရှိသေးလား ? ကျွန်တော့်ကို တစ်လိပ်လောက်ပေး"
လုဖုန်း ရှန့်မင်အော်ဆီသို့ ဦးတည်လျှောက်သွားပြီး စီးကရက်တစ်လိပ်တောင်းလိုက်သည် ။
ရှန့်မင်အော်မှာ တစ်ခဏမျှ တွန့်ဆုတ်သွားပုံရပြီးနောက်တွင်မှ ကုတ်အင်္ကျီအတွင်းမှ စီးကရက်ဘူးလိုက်ကိုထုတ်ကာ မီးခြစ်နှင့်အတူ လုဖုန်းထံကမ်းပေးလာတော့သည် ။
လုဖုန်း လှေကားအုံဘေးဘက်တွင်ထိုင်ချကာ အေးအေးဆေးဆေးပင် စီးကရက်ကိုမီးညှိလိုက်သည် ။ ပြီးနောက် ခေါင်းကို နောက်ဘက်တစ်ချက်စောင်းကာ ရှန့်မင်အော်ရှိရာ အရပ်ဆီသို့ ဆေးလိပ်ငွေ့များ မှုတ်ထုတ်လိုက်သည် ။
"အမေ ဆုံးသွားပြီ "
ရစ်ပတ်တက်နွယ်နေသော မီးခိုးငွေ့များကြား ရှန့်မင်အော်၏မျက်နှာအမူအရာ စိတ်ခံစားချက်များအကြောင်း ဝေဖန်ပိုင်းခြားနိုင်ဖို့ လုဖုန်းအတွက်ခက်ခဲလှသည် ။
"ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး " ဟူ၍ အတိမ်းအစောင်းမရှိသော တစ်ဖြောင့်တည်းသောလေသံဖြင့်ပြောလိုက်သည်ကိုသာ လုဖုန်းကြားလိုက်နိုင်၏ ။
"ကျွန်တော့်ဖုန်းကို ဘာလို့မကိုင်ခဲ့တာလဲ ?"
ရှန့်မင်အော် မျက်လွှာချလိုက်ပြီး ဖုန်းစခရင်ကိုတစ်ချက်ကြည့်ကာ အိတ်ကပ်ထဲပြန်ထိုးထည့်လိုက်ပြီး ပြောလာခဲ့၏ ။
"မင်းဖုန်းခေါ်ရင် ကိုင်ပါ့မယ်လို့ ငါအာမ,မခံခဲ့ဖူးဘူး "
"Fuck , မင်းမေ ..."
လုဖုန်း ဒီထက်ပိုဆိုးသောစကားလုံးများဖြင့် ဆဲရန်ပြင်လိုက်သော်ငြား ရှန့်မင်အော်၏အမေမှာ သူ့အမေလည်းဖြစ်ကြောင်း ပြန်သတိရလိုက်မိချိန် ကျန်စကားလုံးများကို မဆဲမိအောင် ပြန်ထိန်းချုပ်လိုက်ရသည် ။
"ရှန့်မင်အော် ၊ အကိုကျွန်တော့်ကို အတော်ရွံရှာစက်ဆုပ်သလား ? ၊ ကျွန်တော် ဒီလောက်ထိ တောင်းပန်ခယခဲ့တာတောင် ဖုန်းမကိုင်ခဲ့ဘူးဆိုတော့?"
ရှန့်မင်အော်ကား တုံ့ပြန်စကားမဆိုဘဲ တိတ်နေခဲ့၏ ။ မသိလျှင် အသံမထွက်အောင်ရည်ရွယ်၍ပြုလုပ်ထားသည့် အဆိပ်အကျွေးခံထားရသည့်အလား ။
ထိုကဲ့သို့ ငြိမ်နေခြင်းသည် လုဖုန်း၏စိတ်တိုဒေါသထွက်ခြင်းက ရှန့်မင်အော်အတွက် အသိအမှတ်ပြုဖို့ရန်ပင် မတန်၍လား ? လုဖုန်း ယခုလေးတင် မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရသည်ကိုပဲ ထောက်ထားညှာတာနေ၍ပဲ ပုံမှန်အတိုင်း မတုံ့ပြန်ပဲ နေနေသည်လား ?
" အမေက အကို့အပေါ်ထားတဲ့ ကျွန်တော့ရဲ့ခံစားချက်တွေအကြောင်း သိနေခဲ့တယ် "
လုဖုန်း ခေါင်းငိုက်စိုက်ချထားမိပြီး ခြေထောက်အောက်ရှိ အဝါရောင်ကြွေပြားကို စိုက်ကြည့်ကာ ခါးသက်စွာရယ်လိုက်မိသည် ။
"သူမ,မသေခင် သူမရဲ့နောက်ဆုံးဆန္ဒက အကို့ကိုထပ်မတွေ့ဖို့ပဲ ၊ ကျွန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီးတော့ အိမ်ထောင်ပြုဖို့ ၊ အကို့ကိုဘယ်တော့မှ ထပ်မတွေ့ဖို့မှာသွားခဲ့တာ ၊ သူမက ကျွန်တော့်ကို သူမ,ဆန္ဒအတိုင်းလုပ်ဖို့ ကတိတောင်းခဲ့တယ် ၊ တောင်းဆိုခဲ့တယ် "
လုဖုန်း ဆံပင်များကို လက်ဖြင့်ဆွဲဆုပ်ရင်း ဝမ်းနည်းစွာပြောနေမိသည် ။
"ကျွန်တော် တစ်ခွန်းတစ်လေမှ မပြောနိုင်ခဲ့ဘူး ၊ ကျွန်တော် မရွေးချယ်နိုင်ခဲ့ဘူး ...ကျွန်တော်ဘာလို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့ရတာလဲ ?"
မိခင်ဖြစ်သူမှာ သူ၏လက်ကို အသေအချာဆုပ်ကိုင်ထားခဲ့၏ ။ သူမအနေဖြင့် သူမကတိအပေါ် လုဖုန်းခေါင်းညိတ်လိုက်သည်ကို မြင်ခဲ့ရလျှင်ပင် ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ခဲ့လိမ့်မည် ။ သို့သော် လုဖုန်းကာ ထိုနေရာတွင်ရပ်နေခဲ့သော အရူးအနှမ်းတစ်ယောက်သက်သက်သာ ။ အာမခံချက်နှင့်တူသည့် တစ်စုံတစ်ရာကိုမျှ သူမ,ထံ မပေးနိုင်ခဲ့ ။
"လုဖုန်း..."
လုဖုန်း၏လက်တို့ကိုဆုပ်ကိုင်ထားသော သူမလက်တို့မှာ တဖြည်းဖြည်းအားလျော့လာခဲ့ပြီး မျက်ဝန်းထဲရှိ အလင်းမှိန်မှိန်မှာလည်း နဂိုထက်ပို၍ အရောင်ဖျော့လာခဲ့၏ ။ ပြီးနောက် သူမကိုယ်ထဲတွင် ကျန်ရစ်နေသေးသော အသက်ဝိဉာဥ်အပိုင်းအစအားလုံးကို လွှတ်ထုတ်ချင်နေသည့်အလား သက်ပြင်းရှည်တစ်ခုချလိုက်သော သူမ ။
ထိုသက်ပြင်းတစ်ချက်နှင့်အတူ ပြေကျသွားသော သူမလက်တစ်စုံ ၊ လုဖုန်းအား ထပ်မံ၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားတော့သော ထိုလက်တစ်စုံ ။
သူမ၏ လက်ချောင်းထိပ်များ လုံးဝဥဿုံပြေလျော့သွားချိန် ထိုလျှောကျသွားသော လက်ချောင်းများအား လုဖုန်းရုတ်ချည်းပင် အလိုအလျောက်ပြန်လည်ဆုပ်ကိုင်လိုက်မိသည် ။
"အမေ!?"
လုဖုန်း အထိတ်တလန့်နှင့် ခေါ်လိုက်မိသည် ။ သို့သော် သူမကား လုဖုန်းကိုမတုံ့ပြန်လာတော့ ၊
မျက်စိတစ်ဝက်ဖွင့်လျက် အနေအထားနှင့်သာ လှဲလျောင်းနေခဲ့ပါ၏ ။
တုန်ရီနေသော လက်များနှင့်ပင် လုဖုန်း သူမနှာခေါင်းနားဆီသို့ရွှေ့သွားပြီး အသက်ရှုခြင်းရှိမရှိ စမ်းသပ်နေမိသည် ။ ပြီးနောက် သိလိုက်ရသည်က သူမအသက်ရှူရပ်သွားခဲ့လေပြီ ။
သူမ,မသေဆုံးမီ နောက်ဆုံးဆန္ဒလေးက မပြည့်ဝခဲ့၍လားတော့မသိ ၊ သေလွန်သည့်အချိန်တွင်ပင် မျက်ဝန်းတို့မှာ ဖွင့်ဟလျက် ကျန်နေခဲ့၏ ။
လုဖုန်း မိခင်ဖြစ်သူ၏လက်များကိုဆုပ်ကိုင်ကာ သူ့နဖူးထက်အပ်ထားမိသည် ။ ခန္ဓာကိုယ်မှ အားအင်များ တဖြည်းဖြည်းဆုတ်ယုတ်သွားခြင်းနှင့်အတူ ဒူးနှစ်ဖက်က ကြမ်းပြင်ပေါ်ထောက်လျက် ကျသွားတော့၏ ။
"ကျွန်တော် တောင်းပန်ပါတယ်..."
လုဖုန်း , သူ မလိမ္မာခဲ့တာ သူသိသည် ။ ဘယ်တော့မှ သူ,မလိမ္မာခဲ့ ။ ကောင်းမွန်သောသားတစ်ယောက် ဖြစ်နိုင်ခဲ့သော်ငြား လုဖုန်းမလုပ်မိခဲ့ ။ လုဖုန်းအနေနှင့် သူမ၏သားဖြစ်ဖို့ရန် မထိုက်တန်လှ ။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
သူ့လိုသားတစ်ယောက်ရှိခဲ့ခြင်းသည် မိဘနှစ်ပါးအတွက် တကယ့်ကံဆိုးမိုးမှောင်ကျသလို ဖြစ်ခဲ့လိမ့်မည် ။ သူ့အချင်းအစား သူ့ကိုသာလွှင့်ပစ်ခဲ့သင့်သည် ။ ထိုအချင်းကပင် သူ့ထက်ပိုကောင်းနေခြင်း ဖြစ်ချင်ဖြစ်လိမ့်မည် ။
(T/N လူ့အချင်းကိုပြောတာပါ မွေးတုန်းက ပါတဲ့အချင်းလေ )
လုဖုန်းဆေးရုံကြမ်းပြင်ပေါ် ဒူးထောက်ထားမိရင်း မိခင်ဖြစ်သူ၏လက်ကိုဆွဲကိုင်ကာ နောင်တများကိုသာ တတွတ်တွတ်ပြောနေမိခဲ့ပါ၏ ။ နာ့စ်မလေးက တစ်ခုခုမှားနေပြီမှန်း သတိထားမိပြီး ဆရာဝန်များက သူ့ကိုဆွဲမထူခင်အထိ ထိုအတိုင်းသာ ။
နာကျင်မှု ၊ ဝမ်းနည်းပူဆွေးမှု ၊ နောင်တတရား ၊ လစ်ဟာသွားမှုများ ၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့် စိတ်ခံစားချက်များကို ရင်ဝယ်ပိုက်ထားလျက် ။ ဤကမ္ဘာပေါ်တွင် သူ့ကိုချစ်သောသူတစ်ယောက် မရှိတော့ပြီ ။ သည်လိုနှင့်ပင် ဤကမ္ဘာပေါ်ရှိ သူ့ကိုချစ်သောသူ နောက်ထပ်တစ်ယောက်ထပ်မံလျော့သွားခဲ့ပြန်သည် ။
လုဖုန်း အနီးတစ်ဝိုက်ပတ်ဝန်းကျင်တွင်ကား ဆရာဝန်နှင့်သူနာပြုများသာ ရှိနေခဲ့၏ ။ သူ့ဘဝတွင် ဤမျှလောက်ထိ အထီးကျန်ဆန်မှုကို မခံစားဖူးခဲ့ ။
လုဖုန်း စိတ်မရှည်စွာပင် ရှန့်မင်အော်ကို ဖုန်းခေါ်ခဲ့မိသည် ။ ရှန့်မင်အော်၏တည်ရှိမှုကိုတော့ လုဖုန်းအတည်ပြုချင်ပါသေးသည် ။ သို့သော် ရှန့်မင်အော်ကား သူ့ဖုန်းကို လုံးဝမကိုင်ခဲ့ရုံမက စာတစ်ကြောင်းတစ်လေလောက်တောင် ပြန်မပို့ခဲ့ ။
အစက်တစ်စက်ကဲ့သို့ သေးငယ်သောအရာလေးတစ်ခုပင် မပို့ခဲ့ ။
လုဖုန်းအတွက် စိတ်ကျေနပ်မှုရရှိဖို့ရန် အခိုက်အတန့်အနည်းငယ်မျှသာ လိုအပ်ကြောင်း သိနေခဲ့တာတောင်မှ ထိုအသေးငယ်ဆုံးသော ပျော်ရွှင်ဖွယ်အခိုက်အတန့်လေးကို မဖြည့်ဆည်းပေးနိုင်သည်အထိ နှမြောတွန့်တိုလှသော ရှန့်မင်အော်ပါပေ ။
ရှန့်မင်အော်၌ လုပ်စရာအလုပ်တွေရှိနေမှန်း လုဖုန်းသိသည် ။ ရှန့်မင်အော်၌ ကိုယ်ပိုင်ဘဝရှိနေသေးသည်ကိုလည်း လုဖုန်းသိသည် ။ ခွေးတစ်ကောင်ကပင် သူ့ထက်ပိုအခွင့်အရေးပေးခံရနိုင်သည်ကို သူသိသည် ။ ဟုတ်ပါသည် ။ လုဖုန်းသိနေခဲ့ပါသည် ။
ဤကမ္ဘာပေါ်၌ သူ့ကိုချစ်သောသူတစ်ယောက်မှ မရှိတော့ ။ သူချစ်နှစ်သက်မိသည့် တစ်ယောက်တည်းသောသူမှာလည်း သူ့ကိုပြန်မချစ် ။
ရှန့်မင်အော်ကား သူ့ကို လမ်းဘေးတစ်လျှောက်ပေါက်နေသော ကျူပင်ကဲ့သို့မြင်ပြီး သန်းတစ်ကောင်ကဲ့သို့ အမြဲတမ်းရှောင်ကွင်းနေခဲ့၏ ။
တစ်နေ့ လုဖုန်းသေခဲ့လျှင်တောင်မှ ရှန့်မင်အော် မျက်ရည်တစ်စက်ပင် ကျလိမ့်မည်မဟုတ် ။
လုဖုန်း ထိုအရာအားလုံးကို သိနေခဲ့ပါ၏ ။
( T/N ဘာသာပြန်တာ အဆင်မပြေရင်လည်း ပြောကြပါဦး အခုတလော အားနည်းချက်တွေရှိသလားဆိုပြီး ယောင်လည်လည်နဲ့insecureဖြစ်နေလို့ ✨)
ZAWGYI
CH15 - I KNEW OF IT ALL
လုဖုန္းတစ္ေယာက္ ၿငီးေငြ႕ဖြယ္ရာVအလုပ္တစ္ခုဟု မျမင္ဘဲ ရွန့္မင္ေအာ္ဖုန္းကို ထပ္ခါထပ္ခါ ေခၚေနမိသည္ ။ ရွားရွားပါးပါးက်န္ေသာ ဖုန္းဘတၳရီ လုံးဝကုန္သြားခ်ိန္အထိပင္ ။ ယခုခ်ိန္တြင္ ဖုန္းလည္း ထပ္ဆက္လို႔မရေတာ့။ လုဖုန္း ဘယ္ေလာက္ပင္ အားထုတ္ပါေစ တစ္ဖက္လူမွာ ေနာက္ဆုံးေသာအခ်ိန္အထိ ဖုန္းမကိုင္ခဲ့ေပ ။
လုဖုန္း ေဆး႐ုံေကာ္ရစ္တာတြင္ ေဆာင့္ေၾကာင့္ထိုင္လ်က္ နာက်င္စြာပင္ ဆံပင္ကို အားစိုက္ေဆာင့္ဆြဲထားမိကာ မ်က္ႏွာကို လက္မ်ားၾကားအပ္ထားမိသည္ ။
ရွန့္မင္ေအာ္ သူ႕ဖုန္းကို မကိုင္ခဲ့ ။ ဒီလိုအခ်ိန္မ်ိဳးမွာပင္ သူ႕ဖုန္းကိုကိုင္ဖို႔ ျငင္းဆန္ေနဆဲ ။
လုဖုန္း ျဖစ္ေစခ်င္ေသာအရာသည္ တစ္ခုတည္းသာ ။ ရွန့္မင္ေအာ္၏အသံကိုၾကားရ႐ုံ ။ ရွန့္မင္ေအာ္အေနျဖင့္ ဒီအခ်ိန္မ်ိဳးတြင္ ႏွစ္သိမ့္မႈမေပးဆိုလွ်င္ေတာင္မွ သူဖုန္းကိုဆက္ကိုင္ထားရင္း အရာရာကိုသည္းခံမိမွာပင္ ။ ထိုအရာသည္ စိတ္ပ်က္အားေလ်ာ့ဖြယ္ေကာင္းၿပီး နာက်င္ရလွ်င္ေတာင္မွ လုဖုန္းစြန့္ခြာလိမ့္မည္မဟုတ္ ။
သို႔ေသာ္ ရွန့္မင္ေအာ္ကား သူ၏အေသးငယ္ဆုံးေသာ ဆႏၵတစ္ခုကိုပင္ ျဖည့္ဆည္းမေပးခဲ့ ။
"လူလိမ္..."
လုဖုန္း မ်က္လုံးတစ္ခ်က္မွိတ္လိုက္ၿပီး မ်က္ဝန္းထဲမွ ပူေလာင္မႈတို႔ကို ပါးျပင္ထက္ စီးဆင္းေစလိုက္သည္ ။
အမ်ိဳးသမီးတစ္ေယာက္၏ ႏူးညံ့လွေသာအသံက လုဖုန္းေရွ႕တြင္ ထြက္ေပၚမလာခင္အထိ လုဖုန္းထိုပုံစံအတိုင္း ထိုင္ေနမိခဲ့၏ ။ လုဖုန္းေခါင္းေမာ့လိုက္သည္ႏွင့္ မ်က္ဝန္းထဲ၌ စိုးရိမ္ပူပန္မႈတို႔ႏွင့္ သူ႕ကိုၾကည့္ေနေသာ နာ့စ္မေလးကို ေတြ႕လိုက္ရေလသည္ ။
"မစၥတာလု ၊ ရွင္ အဆင္ေျပရဲ႕လား ?"
လုဖုန္း မ်က္ႏွာကို ပြတ္သပ္လိုက္ၿပီး ထရပ္လိုက္သည္ ။
"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ၊ ကားေရာက္ေနၿပီလား "
နာ့စ္မေလးက ေခါင္းတစ္ခ်က္ ညိတ္ျပ၏ ။
"မီးသၿဂိဳလ္႐ုံက ကားကေရာက္ႏွင့္ေနၿပီ ။ ၿပီးေတာ့ ေျမေအာက္ကားပါကင္မွာ ေစာင့္ေနတယ္ ၊ ရွင္အခု ဆင္းသြားလို႔ရၿပီ "
သူတို႔ႏွစ္ေယာက္စကားေျပာေနစဥ္မွာပင္ ေဆး႐ုံလုပ္သားတစ္ဦးက လူနာထမ္းစင္တစ္ခုကို သယ္ထုတ္လာ၏ ။ ထိုလူနာထမ္းစင္အေပၚတြင္လည္း အဝတ္ျဖဴတစ္ခုက အုပ္ထားေသး၏ ။
ထိုထမ္းစင္ လုဖုန္းေရွ႕ျဖတ္သြားခ်ိန္ ေအာက္ေျခမွဘီးမ်ား၏ လႈပ္ခါျခင္းေၾကာင့္လားေတာ့မသိ ။ ျဖဴေဖ်ာ့ကာ ရႈံ႕တြေနေသာလက္တစ္ဖက္က ေအာက္သို႔ ထြက္က်လာ၏ ။
"ခနေလး..."
ေဆး႐ုံလုပ္သားမွာ လုဖုန္းအသံကိုၾကားၾကားခ်င္းပင္ ရပ္တန့္သြား၏ ။ လုဖုန္း ထိုလူနာထမ္းစင္ဆီသို႔ ဦးတည္ေလွ်ာက္သြားၿပီး အသက္ရွင္ျခင္း အေငြ႕အသက္တစ္စုံတစ္ရာပင္ မရွိေတာ့ေသာ ေရခဲတစ္မွ်ေအးစက္ေနသည့္ ထိုလက္ကိုေသခ်ာကိုင္ကာ အဝတ္ျဖဴေအာက္ဝယ္ ျပန္ထားေပးလိုက္၏ ။
ထိုလက္တစ္စုံ၏ျမင္ကြင္းသည္ လုဖုန္းအတြက္ သစ္လြင္ေနဆဲ ၊ အထိအေတြ႕ အရိပ္အေငြ႕တို႔သည္ စြဲက်န္ရစ္ေနဆဲပင္ ။ သို႔ေသာ္ ယခုတြင္မူ ထိုလက္တစ္စုံ၏ပိုင္ရွင္မွာ သူ႕အားၿပဳံးမျပနိုင္ေတာ့သလို အားဖုန္းဟုလည္း ေခၚနိုင္ေတာ့မည္မဟုတ္ ။ ရာသီဥတုေအးေသာအခါ အဝတ္မ်ားမ်ားထပ္ဝတ္ရန္ ၊ ပူေသာအခါေရမ်ားမ်ားေသာက္ရန္ တက်ည္က်ည္မေျပာနိုင္ေတာ့ေပ ။
လူတစ္ေယာက္၏ေသဆုံးျခင္းကား ၿငိမ္းသြားေသာအလင္းေရာင္ သို႔မဟုတ္ ႏွင္းေတာထဲက်သြားေသာ စြတ္ျပဳတ္ႏွင့္တူေပ၏ ။ မီးအိမ္ထဲမွ မီးစားကုန္သြားလွ်င္ ျဖစ္ျဖစ္ ၊ ႏွင္းမ်ား အရည္ေပ်ာ္က်သြားလွ်င္ျဖစ္ျဖစ္ ဤကမာၻေျမေပၚတြင္ ေျခရာလက္ရာတစ္စိုးတစိမွ်ပင္ မက်န္ရစ္ဘဲ ေပ်ာက္ကြယ္သြားလိမ့္မည္ပင္ ။
သင့္အေနႏွင့္ မီးအိမ္ကိုေသေသခ်ာခ်ာ စစ္ေဆးမည္မဟုတ္သကဲ့သို႔ ေပ်ာက္ကြယ္သြားေသာ ႏွင္းမႈန္မ်ားကို ျပန္လည္ေခၚယူရန္လည္း ဝီရိယရွိရွိႀကိဳးစားလိမ့္မည္မဟုတ္ ။ သို႔ေသာ္ လူဟူေသာသတၱဝါကား ထိုအရာမ်ားႏွင့္မတူညီဘဲ ကြာျခားလွ၏ ။ ေသလြန္သြားခဲ့ၿပီးလွ်င္ေတာင္မွ မေရတြက္နိုင္ေသာ အမွတ္တရမ်ား ၊ ေမ့ေပ်ာက္၍မရေသာ သံေယာဇဥ္အေႏွာင္အဖြဲ႕မ်ားကို ခ်န္ထားခဲ့ၾကသည္မလား ။ ထိုအရာတို႔တြင္ အဆုံးမရွိေသာ စကားျဖင့္ေဖာ္မျပနိုင္ေသာ ေနာင္တ,တရားမ်ားလည္း ပါဝင္ေနေပ၏ ။
အနက္ေရာင္အလုံပိတ္ယာဥ္တစ္စီးက လုဖုန္းအေမကို လာေရာက္သယ္ယူခဲ့၏ ။ လုဖုန္းက ဒရိုင္ဘာႏွင့္အတူ ေရွ႕ခုံတြင္ထိုင္ကာ မီးသၿဂိဳလ္စက္႐ုံဆီ ထြက္ခြာခဲ့ၾကသည္ ။ စာ႐ြက္စာတမ္းကိစၥမ်ားအားလုံး အၿပီးသတ္ၿပီးေသာအခါ ထိုေနရာမွ ဝန္ထမ္းမ်ားမွေန၍ ႏႈတ္ဆက္ပြဲလုပ္ခ်င္သလားဟူ၍ လုဖုန္းကိုေမးလာခဲ့၏ ။
သူ႕အေမအေနႏွင့္ မကြယ္လြန္မီကပင္ ႏႈတ္ဆက္ပြဲစ်ာပနာလိုအရာမ်ိဳး မလုပ္ခ်င္ေၾကာင္း မလိုမရွိေၾကာင္း ၊ လူမ်ားကသူမကိုၾကည့္ကာ ေလွာင္ေျပာင္သေရာ္၍ သနားသလိုအၾကည့္မခံနိုင္ေၾကာင္း အထူးတလွယ္ မွာသြားခဲ့ဖူး၏ ။
သူမေသဆုံးခ်ိန္တြင္ သူမအတြက္ အမွန္တကယ္ဝမ္းနည္းၿပီး ပူေဆြးေသာကေရာက္မည့္သူ မ်ားမ်ားစားစားရွိမည္မဟုတ္မွန္း သူမႏွလုံးသား၏ အနက္တစ္ေနရာမွ အစကတည္းက သိေနခဲ့၏ ။
"ဟင့္အင္း ၊အဲ့လိုပြဲမ်ိဳး မလိုပါဘူး "
လုဖုန္းျပန္ေျဖလိုက္သည္ကို ၾကားၿပီေနာက္ ဝန္ထမ္းမွာ မွတ္တမ္းစာ႐ြက္ေပၚသို႔ ေတာက္ပလွေသာ အနီေရာင္တံဆိပ္တုံးကို ႏွိပ္လိုက္ၿပီး လုဖုန္းထံကမ္းေပးလိုက္သည္ ။ ထို႔ေနာက္ အရိုးျပာကိုသိမ္းဆည္းရန္ တျခားတစ္ေနရာတြင္ ေစာင့္ဆိုင္းဖို႔ပါ ေျပာလာခဲ့၏ ။
လက္ရွိအခ်ိန္၏ ရာသီဥတုကား မွိုင္းျပေအးစက္ေနခဲ့ပါ၏ ။ အရိုးျပာမ်ားကိုသိမ္းဆည္းဖို႔ရန္ ေစာင့္ဆိုင္းရမည့္ေနရာတြင္ အပူေပးစက္တစ္လုံးတစ္ေလမွ် ဖြင့္ထားျခင္းမရွိခဲ့ ။ ေႂကြျပားမ်ားမွာလည္း ေအးစက္စက္ေလထု၏ အေအးဓာတ္က စီးကူးေနခဲ့ပုံေပၚသည္ ။ ထိုေနရာရွိ ပလတ္စတစ္ထိုင္ခုံမ်ားေပၚတြင္ ေရခဲတစ္လႊာဖုံးအုပ္ထားသကဲ့သို႔ ေအးစက္ေနခဲ့ၿပီး လူတစ္ေယာက္ထိုင္ဖို႔ရန္ သို႔မဟုတ္ ၾကာၾကာထိုင္ေနဖို႔ရန္အတြက္ပင္ ခက္ခဲလွေပ၏ ။
နာရီဝက္မွ် ေစာင့္ဆိုင္းၿပီးသည့္အခ်ိန္တြင္ကား လုဖုန္းအေမ၏နာမည္မွာ ႀကီးမားေသာမ်က္ႏွာျပင္ေပၚတြင္ ေပၚထြက္လာခဲ့ေခ်ၿပီ ။
အရိုးျပာကို ေၾကာ့ရွင္းလွပေသာ အရိုးျပာအိုးထဲတြင္ ထည့္ထားခဲ့၏ ။ ထိုအရိုးျပာအိုးကို သူ႕ထံလကမ္းေပးစဥ္ လက္ေခ်ာင္းမ်ားမွတစ္ဆင့္ ႂကြင္းက်န္ရစ္ေသာ အပူေငြ႕အပိုင္းအစကို လုဖုန္းခံစားမိေသး၏ ။
လုဖုန္း အရိုးျပာအိုးကိုကိုင္ကာ ဝန္ထမ္းအားေက်းဇူးတင္စကားဆိုၿပီးေနာက္ ထိုေနရာမွထြက္ခြာလာခဲ့သည္ ။
မီးသၿဂိဳလ္စက္႐ုံေရွ႕ျဖတ္သြားေသာ တကၠစီမ်ားမွာ လြယ္လြယ္ႏွင့္ မရပ္ေပးၾက ။ တကၠစီအမ်ားစုမွာ လူမပါေသာ္ျငား လုဖုန္းလက္ထဲမွ အရိုးျပာအိုးကိုျမင္သည္ႏွင့္ အရွိန္ပိုတင္ကာ လုဖုန္းကိုေက်ာ္ေမာင္းသြားၾက၏ ။ လုဖုန္း သူတို႔၏ကားနံပါတ္ကိုမျမင္လိုက္ရခင္မွာပင္ အရိပ္အေရာင္မွ်ပင္ မက်န္ေစရဘဲ ေပ်ာက္ကြယ္သြားရေလာက္သည္အထိ ျမန္ဆန္ၾက၏ ။
လုဖုန္းမွာ မီးသၿဂိဳလ္႐ုံထဲသို႔ျပန္ဝင္ကာ ဖုန္းငွားဆက္ဖို႔သာ တတ္နိုင္ေတာ့သည္ ။ လုဖုန္း ေဝ့ရွဲအား ဖုန္းေခၚၿပီး သူ႕ကိုလာေခၚနိုင္မေခၚနိုင္ လွမ္းေမးလိုက္သည္ ။
ေဝ့ရွဲမွာ လုဖုန္းအား ယခုလက္ရွိေရာက္ေနသည့္ေနရာတြင္သာေနရန္ ၊ ယခုခ်က္ခ်င္း သူလာေခၚမည္ဟူေသာ စကားႏွစ္ခြန္းမွလြဲ၍ တျခားစကားလုံးမ်ား မေျပာခဲ့ ။
လုဖုန္း လမ္းမႀကီး၏ေဘးတြင္ မတ္တပ္ရပ္ေနမိကာ လက္တစ္ဖက္က အရိုးျပာအိုးကို ေထြးပိုက္ထားရင္း တျခားတစ္ဖက္က စီးကရက္ကိုထုတ္ယူကာ မီးညွိလိုက္၏ ။
လုဖုန္း မတ္တပ္ရပ္ေနရာေနရာ၏ ၾကမ္းျပင္ေပၚ စီးကရက္ျပာမႈန္မ်ား ျပန့္ႀကဲသြားခ်ိန္ သူ႕ဆံပင္မွာလည္း ေလထန္ျပင္းျပင္းေၾကာင့္ ဖရိုဖရဲျဖစ္ေနခဲ့ၿပီး ေခါင္းမွာလည္း တဒုတ္ဒုတ္ကိုက္ခဲေနခဲ့သည္ ။ ထိုအခိုက္အတန့္မွာပင္ ေဝ့ရွဲကားမွာ လမ္းမႀကီးတစ္ဖက္ျခမ္းမွ ထြက္ေပၚလာခဲ့၏ ။
လုဖုန္း ကားထဲသို႔ဝင္ထိုင္လိုက္ခ်ိန္မွာပင္ ေလထုေႏြးေႏြးက သူ႕ကိုၿခဳံလႊမ္း၏ ။ လုဖုန္း သက္ျပင္းရွည္တစ္ခ်က္ခ်ၿပီးေနာက္ တစ္ခ်ိန္တည္းမွာပင္ ျပန္လည္အသက္ရွင္လာသူကဲ့သို႔ ခံစားလိုက္ရသည္။
"အားဖုန္း မင္းအဆင္ေျပရဲ႕လား ?"
ေဝ့ရွဲက သူ႕အားတစ္ခ်က္ၾကည့္လာခဲ့၏ ။
"မင္း အသြင္အျပင္ကိုၾကည့္ရတာ သိပ္အဆင္မေျပသလိုပဲ "
လုဖုန္း အရိုးျပာအိုးကို ေပါင္ေပၚတင္ၿပီး လက္ေခ်ာင္းမ်ားကား ထိုအရာ၏ေအးစက္စက္မ်က္ႏွာျပင္ထက္ ေျပးလႊားေနခဲ့လ်က္ ။
"ကြၽန္ေတာ္ အဆင္ေျပပါတယ္ "
အရိုးျပာအိုးထက္ရွိ ေနာက္ဆုံးေသာအပူေငြ႕အပိုင္းအစကား လုံးဝေပ်ာက္ကြယ္သြားခဲ့ေခ်ၿပီ ။ ရွန့္မင္ေအာ္ေျပာခဲ့ဖူးတာကို လုဖုန္းသတိရမိသည္ ။ အနက္ေရာင္သည္ ဘဝအစိတ္အပိုင္း၏ အဆုံးသတ္ဟု ရွန့္မင္ေအာ္ေျပာခဲ့ဖူးသည္ ။ တကယ္ေတာ့ အနက္ေရာင္က အဆုံးသတ္မဟုတ္ ။ တကယ့္ အဆုံးသတ္ကား ေအးစက္မႈပင္ ။
ထိုအရာမွာ အေတာ့္ကို ေအးစက္လြန္းလွသည္ ။
လုဖုန္း အေနာက္သို႔မွီခ်နိဳင္ရန္ ကားထိုင္ခုံကို ခ်ိန္ညွိလိုက္ၿပီး မ်က္လုံးမွိတ္ခ်လိဳက္သည္ ။
"သခၤ်ိဳင္းကိုေရာက္ရင္ ကြၽန္ေတာ့္ကိုႏွိုးလိုက္ "
ေဝ့ရွဲႏွင့္သူ သခၤ်ိဳင္းသို႔ေရာက္ေသာအခါ ေကာင္းကင္တစ္ခြင္ကား တိမ္ေမွာင္တို႔ဖုံးလႊမ္းေနခဲ့ၿပီ ။ ေဝ့ရွဲက သူႏွင့္အတူလိုက္ဖို႔စီစဥ္ထားေသာ္ျငား လုဖုန္း ယဥ္ေက်းစြာပင္ ျငင္းခဲ့လိုက္၏။
" ကြၽန္ေတာ့ကို အေဖာ္ျပဳေပးစရာမလိုပါဘူး ၊ ကြၽန္ေတာ္ ဒီအ႐ြယ္ပဲေရာက္ေနၿပီ ၊ ဒါ ကြၽန္ေတာ္လုပ္နိုင္တဲ့အရာပါ "
"အားဖုန္း.."
ေဝ့ရွဲမွာ ကားတံခါးကိုကိုင္ထားလ်က္ စိတ္မခ်ဟဴေသာ မ်က္ႏွာအမူအရာမ်ိဴးျဖင့္ ေျပာလာခဲ့၏။
"တကယ္ အဆင္ေျပပါတယ္ .."
ေဝ့ရွဲစကားကိုဆုံးေအာင္ ေျပာခြင့္မေပးဘဲ လုဖုန္းေနာက္တစ္ႀကိမ္ထပ္ျငင္းလိုက္မိသည္ ။
ေဝ့ရွဲတစ္ေယာက္ လုဖုန္းကို ေဖ်ာင္းဖ်လိဳ႕မရေတာ့မွန္းသိသြားေသာအခါ လုဖုန္းဆႏၵကို မ်က္စိမွိတ္၍သာ လိုက္ေလ်ာလိုက္ရေတာ့၏ ။
"အဲ့ဒါဆို ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ "
သခၤ်ိဳင္းရွိ ဝန္ထမ္းမွာ ေလွကားတစ္စင္းယူလာၿပီး နံရံကလိုင္ေပါက္ကိုဖြင့္ဖို႔ရန္ လုဖုန္းအား ကူညီေပး၏ ။ ဖြင့္ၿပီးေနာက္တြင္ကား မိခင္ျဖစ္သူ၏အရိုးျပာပါေသာအိုးကို လုဖုန္း ထိုကလိုင္ေပါက္အတြင္း အေသအခ်ာေနရာခ်လိဳက္၏ ။
ယခုအခ်ိန္တြင္ကား သူတို႔ႏွစ္ေယာက္မွာ ဇနီးႏွင့္ခင္ပြန္းတို႔အျဖစ္ ျပန္လည္ေပါင္းစည္းသြားခဲ့ၾကေလၿပီ ။ လုဖုန္းအေနႏွင့္လည္း သားသမီးမျဖစ္ထိုက္ေသာ သားတစ္ေယာက္၏ ခ်ိဳ႕ယြင္းအားနည္းခ်က္မ်ားအေၾကာင္း ႏွစ္ေယာက္လုံးကို တစ္ခုခ်င္းစီေသခ်ာေျပာျပနိုင္ေတာ့မည္ ။
လုဖုန္း သုံးႀကိမ္သုံးခါ ဦးၫြတ္ကန္ေတာ့ၿပီးေနာက္ ထိုေနရာတြင္ၾကာၾကာမေနေတာ့ဘဲ သူ႕အားကူညီေပးခဲ့ေသာ ဝန္ထမ္းကို ေက်းဇူးတင္စကားဆိုကာ ကားပါကင္ဆီသို႔ တစ္ေယာက္တည္း ဦးတည္ေလွ်ာက္လာခဲ့၏။
ျမန္ျမန္ဆန္ဆန္ပင္ ျပန္လာေသာလုဖုန္းကို ေတြ႕လိုက္ရေသာ ေဝ့ရွဲမွာ အတန္ငယ္ အံ့အားသင့္သြားပုံရသည္ ။
"အားလုံး ၿပီးခဲ့ၿပီလား ?"
"ၿပီးခဲ့ၿပီ "
ေဝ့ရွဲ ကားစက္ႏွိုးလိုက္ၿပီး ရည္႐ြယ္ခ်က္ရွိရွိႏွင့္ပင္ ေပါ့ပါးၿပီး,သာမာန္ဆန္ေသာေလသံမ်ိဳးႏွင့္ စကားေျပာလာခဲ့၏ ။
"သြားရေအာင္ ၊ စန္းေကာက မင္းကိုညစာလိုက္ေကြၽးမယ္ေျပာတယ္ "
မၾကာေသးမီအခ်ိန္ကပင္ လုဖုန္းတစ္ေယာက္ ခႏၶာကိုယ္မွေအးစိမ့္စိမ့္ဓာတ္ကိုခံစားမိ႐ုံမက ေခါင္းတဆစ္ဆစ္ကိုက္ျခင္းကိုပါခံစားခဲ့ရ၏ ။ မၾကာခင္ ဖ်ားေတာ့မည္ဆိုေသာ အရိပ္အေရာင္မ်ားႏွင့္ပင္ တူလွေပသည္ ။
ေန႕လည္က ေရကန္ထဲသို႔ ခုန္ခ်အၿပီးတြင္ လုဖုန္း ေရမခ်ိဳး,အဝတ္အစားမလဲရေသးဘဲ သူ႕အေမဆီသို႔ အေျပးသြားခဲ့ရသည္ ။ ၿပီးေနာက္ ျဖစ္ပ်က္သြားေသာအရာမွန္သမွ်ကို လိုက္လံကိုင္တြယ္ေျဖရွင္းေနရသည့္အတြက္ ယခုခ်ိန္ထိ သူလုံးဝအနားမယူရေသး ။
လုဖုန္း ခႏၶာကိုယ္ထက္မွ အဝတ္အစားမ်ားမွာ ေလသလပ္၍ေသာ္လည္းေကာင္း ၊ ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ေသာ္လည္းေကာင္း ေျခာက္ေသြ႕လုနီးပါးျဖစ္ေနေသာ္ျငား ဖိနပ္မ်ားမွာေတာ့ ယခုအခ်ိန္ထိ စိုစြတ္ေနဆဲပင္ ။ ေအးစက္လွေသာေရထဲ စိမ္ထားသကဲ့သို႔ျဖစ္ေနေသာ ေျခေထာက္မ်ားမွ ေႏြးေထြးမႈတစ္စုံတစ္ရာကိုပင္ သူ,မခံစားမိ ။
"ကြၽန္ေတာ့ကို ကြၽန္ေတာ္တို႔အေပါင္ဆိုင္နားက ကုန္တိုက္ကိုသာ လိုက္ပို႔ေပးပါ "
(T/N အေရွ႕မွာတုန္းက ရွန့္မင္ေအာ္ရဲ႕ LawFirm ရွိတဲ့ေနရာကို ႐ုံးအေဆာက္အအုံလို႔ပဲ ေရးခဲ့ပါတယ္ ၊ တကယ္ေတာ့ ႐ုံးခန္းက အဲ့ကုန္တိုက္နဲ႕နီးနီးေလးပါ လိုအပ္ခ်က္မ်ားအတြက္ ေဆာရီးပါ )
ေဝ့ရွဲကား လုဖုန္း၏စကားကို အနည္းငယ္ေတာ့ အံ့အားသင့္သြား၏ ။
'ကုန္တိုက္ ? မင္းတစ္ခုခု ဝယ္စရာရွိလို႔လား ? ငါအေဖာ္လိုက္ေပးရမလား ?"
"ကြၽန္ေတာ္တစ္ေယာက္ေယာက္ကို သြားရွာခ်င္လို႔ " လုဖုန္း တစ္စကၠန့္မွ်ရပ္လိုက္ၿပီးေနာက္ ဆက္ေျပာလိုက္သည္ ။
"ကြၽန္ေတာ့ အကိုကိုသြားရွာမလို႔ "
လုဖုန္း ကားတံခါးကိုမွီထားမိသည္ ။ ျဖတ္သြားေသာကားမ်ားဆီမွ မီးေရာင္မ်ားက အျမင္အာ႐ုံထဲတြင္ တဖ်တ္ဖ်တ္တလက္လက္ ။
ရွန့္မင္ေအာ္ကား ထိုကားမီးေရာင္မ်ားႏွင့္ပင္ သေဘာတရားဆင္၏ ။ မ်က္စိေရွ႕တြင္ ျမင္ေနရေသာ္ျငား မဖမ္းဆုပ္ထားနိုင္ ။ ရွန့္မင္ေအာ္အတြက္လည္း လုဖုန္းဆိုသူသည္ သာမန္ျဖတ္သြားျဖတ္လာတစ္ေယာက္ထက္မပို ။
"အဲ့တာေတာ့ဟုတ္တယ္ ၊ မင္းအေမဆုံးသြားတာကို သူ႕ကိုေတာ့ အသိေပးဖို႔လိုအပ္တယ္ "
ေဝ့ရွဲ ထိုစကားတစ္ခြန္းသာေျပာၿပီး တျခားစကားထပ္မေျပာေတာ့ ။ မၾကာမီမွာပင္ ေဝ့ရွဲ၏ကားက ကုန္တိုက္အေဆာက္အအုံေရွ႕သို႔ ဆိုက္ေရာက္လာခဲ့သည္ ။
လက္ရွိအခ်ိန္ကာလတြင္ မိုးေကာင္းကင္မွာ လုံးဝကိုအေမွာင္က်သြားခဲ့ေလၿပီ ။ သို႔ေသာ္ျငား လုဖုန္းတို႔ပတ္ပတ္လည္တြင္ အရာအားလုံးက မီးေရာင္ေအာက္၌ ေန႕အခ်ိန္ကဲ့သို႔ပင္ အေရာင္အေသြးစုံလင္စြာ ေတာက္ပထိန္လင္းေနလ်က္ ။
လုဖုန္း ေဝ့ရွဲထံလက္ျပကာ ႏႈတ္ဆက္စကားဆိုၿပီးေနာက္ လက္ႏွစ္ဖက္ကိုအိတ္ကပ္ထဲထိုးထည့္ကာ ရွန့္မင္ေအာ္၏ Law Firmဆီသို႔ ဦးတည္ေလွ်ာက္လာခဲ့၏ ။
အခ်ိန္ကား ညခုနစ္နာရီပင္ရွိၿပီျဖစ္ေသာ္ျငား အလုပ္အခုမွအၿပီးသတ္ကာ အိမ္ျပန္သူအမ်ားအျပားရွိေနေသး၏ ။ လုဖုန္း ဓာတ္ေလွကားျဖင့္ အထပ္တစ္ထပ္စီတက္ေလတိုင္း လူမ်ားစြာက ဓာတ္ေလွကားထဲအတင္းတိုးဝင္ရန္ အျပင္တြင္အသည္းအသန္ေစာင့္ဆိုင္းေနၾက၏ ။
က်င္ရွန့္Law Firmရွိရာ အထပ္သို႔ေရာက္ေသာအခါ လုဖုန္းတစ္ေယာက္အျပင္ထြက္ဖို႔ရန္ အေတာ့္ကိုပင္ ႀကိဳးစားလိုက္ရသည္ ။ အျပင္ထြက္ရဖို႔အေရး ႀကိဳးစားေနသည့္အခိုက္ ကံေကာင္း၍သာ ဖိနပ္ကြၽတ္မက်န္ခဲ့ျခင္း ။
ခႏၶာကိုယ္ထဲရွိ စြမ္းအင္လက္က်န္ထဲမွ အေတာ္မ်ားမ်ားကို အသုံးခ်လိဳက္ၿပီးေနာက္ လုဖုန္းမွာ ပို၍ေခါင္းမူးလာသလိုပင္ ခံစားလိုက္ရ၏ ။
Law Firmသည္ကား မီးဖြင့္ထားဆဲျဖစ္ၿပီး လုဖုန္း တံခါးအဝင္ဝသို႔ေရာက္သြားခ်ိန္ ဝန္ထမ္းမေလးတစ္ေယာက္ အိတ္ကိုသယ္ကာ အထဲမွထြက္လာသည္ကိုေတြ႕လိုက္ရသည္ ။
"မစၥတာလု!? "
လုဖုန္းကိုျမင္သြားေသာ ထိုဝန္ထမ္းမေလးမွာ အတန္ငယ္ အံ့အားသင့္သြားပုံရသည္ ။
"ဘယ္လိုလုပ္ ႐ုတ္တရက္ေရာက္လာတာလဲရွင္ ?"
"ကြၽန္ေတာ့အကို ဘယ္မွာလဲ "
လုဖုန္း ႐ုံးခန္းတြင္းသို႔တစ္ခ်က္ေျခာင္းၾကည့္လိုက္ၿပီး မီးေတာ္ေတာ္မ်ားမ်ားဖြင့္ထားဆဲျဖစ္သည္ကို ေတြ႕လိုက္ရေသာအခါ ရွန့္မင္ေအာ္ ႐ုံးခန္းထဲတြင္ရွိေနေလာက္ေသးသည္ဟု မွတ္ခ်က္ခ်လိဳက္မိသည္ ။
"မၾကာေသးခင္ကပဲ ကြၽန္မတို႔ အေရးႀကီးတဲ့Caseတစ္ခုကို ကိုင္ခဲ့ရတယ္ ၊ ေရွ႕ေနရွန့္အေနနဲ႕လည္း အဲ့Caseကိုအေတာ္ အေလးထားပုံပဲ ၊ တစ္ေနကုန္ Videoကတစ္ဆင့္ ေဆြးေႏြးေနခဲ့တာ ၊ ကြၽန္မအထင္ေတာ့ သူအခု စီးကရက္ေသာက္ဖို႔အတြက္ အေရးေပၚေလွကားေတြဆီ ခနထြက္သြားပုံရတယ္ "
သူမက အေရးေပၚေလွကားရွိရာဆီသို႔ ၫႊန္ျပရင္းေျပာလာခဲ့သည္ ။
လုဖုန္း သူမကို ေခါင္းတစ္ခ်က္ညိတ္ျပၿပီး အေရးေပၚေလွကားမ်ားဆီသို႔ ထြက္လာခဲ့၏ ။
လုဖုန္း ေလးလံလွေသာ အေရးေပၚထြက္ေပၚတံခါးကို ဖြင့္လိုက္လိုက္ခ်င္းမွာပင္ ထူထဲေသာေဆးလိပ္မီးခိုးေငြ႕တို႔က သူ႕မ်က္ႏွာဆီ ရိုက္ခတ္လာခဲ့၏ ။
နံရံကိုမွီ ေခါင္းငိုက္စိုက္၍ ေဆးလိပ္ေသာက္ေနခဲ့ေသာရွန့္မင္ေအာ္မွာ လက္ထဲကဖုန္းဆီ အာ႐ုံေရာက္ေနခဲ့ဟန္တူသည္ ။ ဖုန္းမ်က္ႏွာျပင္မွ ေရာင္ျပန္ဟပ္ေသာ ေအးစက္စက္အလင္းက သူ႕မ်က္ႏွာသြင္ျပင္အား ပို၍စူးရွေစေသာ္ျငား မ်က္ဝန္းအၾကည့္မ်ားကိုေတာ့ မႈန္မွိုင္းေနေစခဲ့၏။
လုဖုန္း တံခါးဖြင့္လိုက္သံကို ၾကားၾကားခ်င္းပင္ ရွန့္မင္ေအာ္ေခါင္းေထာင္လာခဲ့ၿပီး အနည္းငယ္မွ်ပင္ ၾကက္ေသေသသြားပုံရသည္ ။ တစ္ခုခုကိုလုပ္ေနဆဲျဖစ္ေသာ သူ႕လက္မ်ားပင္လွ်င္ ရပ္တန့္ေနခဲ့လ်က္ ။
"အကို႔မွာ စီးကရက္ထပ္ရွိေသးလား ? ကြၽန္ေတာ့္ကို တစ္လိပ္ေလာက္ေပး"
လုဖုန္း ရွန့္မင္ေအာ္ဆီသို႔ ဦးတည္ေလွ်ာက္သြားၿပီး စီးကရက္တစ္လိပ္ေတာင္းလိုက္သည္ ။
ရွန့္မင္ေအာ္မွာ တစ္ခဏမွ် တြန့္ဆုတ္သြားပုံရၿပီးေနာက္တြင္မွ ကုတ္အကၤ်ီအတြင္းမွ စီးကရက္ဘူးလိုက္ကိုထုတ္ကာ မီးျခစ္ႏွင့္အတူ လုဖုန္းထံကမ္းေပးလာေတာ့သည္ ။
လုဖုန္း ေလွကားအုံေဘးဘက္တြင္ထိုင္ခ်ကာ ေအးေအးေဆးေဆးပင္ စီးကရက္ကိုမီးညွိလိုက္သည္ ။ ၿပီးေနာက္ ေခါင္းကို ေနာက္ဘက္တစ္ခ်က္ေစာင္းကာ ရွန့္မင္ေအာ္ရွိရာ အရပ္ဆီသို႔ ေဆးလိပ္ေငြ႕မ်ား မႈတ္ထုတ္လိုက္သည္ ။
"အေမ ဆုံးသြားၿပီ "
ရစ္ပတ္တက္ႏြယ္ေနေသာ မီးခိုးေငြ႕မ်ားၾကား ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာ စိတ္ခံစားခ်က္မ်ားအေၾကာင္း ေဝဖန္ပိုင္းျခားနိုင္ဖို႔ လုဖုန္းအတြက္ခက္ခဲလွသည္ ။
"ဆုံးရႈံးမႈအတြက္ စိတ္မေကာင္းပါဘူး " ဟူ၍ အတိမ္းအေစာင္းမရွိေသာ တစ္ေျဖာင့္တည္းေသာေလသံျဖင့္ေျပာလိုက္သည္ကိုသာ လုဖုန္းၾကားလိုက္နိုင္၏ ။
"ကြၽန္ေတာ့္ဖုန္းကို ဘာလို႔မကိုင္ခဲ့တာလဲ ?"
ရွန့္မင္ေအာ္ မ်က္လႊာခ်လိဳက္ၿပီး ဖုန္းစခရင္ကိုတစ္ခ်က္ၾကည့္ကာ အိတ္ကပ္ထဲျပန္ထိုးထည့္လိုက္ၿပီး ေျပာလာခဲ့၏ ။
"မင္းဖုန္းေခၚရင္ ကိုင္ပါ့မယ္လို႔ ငါအာမ,မခံခဲ့ဖူးဘူး "
"Fuck , မင္းေမ ..."
လုဖုန္း ဒီထက္ပိုဆိုးေသာစကားလုံးမ်ားျဖင့္ ဆဲရန္ျပင္လိုက္ေသာ္ျငား ရွန့္မင္ေအာ္၏အေမမွာ သူ႕အေမလည္းျဖစ္ေၾကာင္း ျပန္သတိရလိုက္မိခ်ိန္ က်န္စကားလုံးမ်ားကို မဆဲမိေအာင္ ျပန္ထိန္းခ်ဳပ္လိုက္ရသည္ ။
"ရွန့္မင္ေအာ္ ၊ အကိုကြၽန္ေတာ့္ကို အေတာ္႐ြံရွာစက္ဆုပ္သလား ? ၊ ကြၽန္ေတာ္ ဒီေလာက္ထိ ေတာင္းပန္ခယခဲ့တာေတာင္ ဖုန္းမကိုင္ခဲ့ဘူးဆိုေတာ့?"
ရွန့္မင္ေအာ္ကား တုံ႕ျပန္စကားမဆိုဘဲ တိတ္ေနခဲ့၏ ။ မသိလွ်င္ အသံမထြက္ေအာင္ရည္႐ြယ္၍ျပဳလုပ္ထားသည့္ အဆိပ္အေကြၽးခံထားရသည့္အလား ။
ထိုကဲ့သို႔ ၿငိမ္ေနျခင္းသည္ လုဖုန္း၏စိတ္တိုေဒါသထြက္ျခင္းက ရွန့္မင္ေအာ္အတြက္ အသိအမွတ္ျပဳဖို႔ရန္ပင္ မတန္၍လား ? လုဖုန္း ယခုေလးတင္ မိခင္ျဖစ္သူကိုဆုံးရႈံးလိုက္ရသည္ကိုပဲ ေထာက္ထားညွာတာေန၍ပဲ ပုံမွန္အတိုင္း မတုံ႕ျပန္ပဲ ေနေနသည္လား ?
" အေမက အကို႔အေပၚထားတဲ့ ကြၽန္ေတာ့ရဲ႕ခံစားခ်က္ေတြအေၾကာင္း သိေနခဲ့တယ္ "
လုဖုန္း ေခါင္းငိုက္စိုက္ခ်ထားမိၿပီး ေျခေထာက္ေအာက္ရွိ အဝါေရာင္ေႂကြျပားကို စိုက္ၾကည့္ကာ ခါးသက္စြာရယ္လိုက္မိသည္ ။
"သူမ,မေသခင္ သူမရဲ႕ေနာက္ဆုံးဆႏၵက အကို႔ကိုထပ္မေတြ႕ဖို႔ပဲ ၊ ကြၽန္ေတာ့္လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီးေတာ့ အိမ္ေထာင္ျပဳဖို႔ ၊ အကို႔ကိုဘယ္ေတာ့မွ ထပ္မေတြ႕ဖို႔မွာသြားခဲ့တာ ၊ သူမက ကြၽန္ေတာ့္ကို သူမ,ဆႏၵအတိုင္းလုပ္ဖို႔ ကတိေတာင္းခဲ့တယ္ ၊ ေတာင္းဆိုခဲ့တယ္ "
လုဖုန္း ဆံပင္မ်ားကို လက္ျဖင့္ဆြဲဆုပ္ရင္း ဝမ္းနည္းစြာေျပာေနမိသည္ ။
"ကြၽန္ေတာ္ တစ္ခြန္းတစ္ေလမွ မေျပာနိုင္ခဲ့ဘူး ၊ ကြၽန္ေတာ္ မေ႐ြးခ်ယ္နိုင္ခဲ့ဘူး ...ကြၽန္ေတာ္ဘာလို႔ ဆုံးျဖတ္ခ်က္မခ်နိဳင္ခဲ့ရတာလဲ ?"
မိခင္ျဖစ္သူမွာ သူ၏လက္ကို အေသအခ်ာဆုပ္ကိုင္ထားခဲ့၏ ။ သူမအေနျဖင့္ သူမကတိအေပၚ လုဖုန္းေခါင္းညိတ္လိုက္သည္ကို ျမင္ခဲ့ရလွ်င္ပင္ ၿငိမ္းခ်မ္းစြာ အိပ္စက္အနားယူနိုင္ခဲ့လိမ့္မည္ ။ သို႔ေသာ္ လုဖုန္းကာ ထိုေနရာတြင္ရပ္ေနခဲ့ေသာ အ႐ူးအႏွမ္းတစ္ေယာက္သက္သက္သာ ။ အာမခံခ်က္ႏွင့္တူသည့္ တစ္စုံတစ္ရာကိုမွ် သူမ,ထံ မေပးနိုင္ခဲ့ ။
"လုဖုန္း..."
လုဖုန္း၏လက္တို႔ကိုဆုပ္ကိုင္ထားေသာ သူမလက္တို႔မွာ တျဖည္းျဖည္းအားေလ်ာ့လာခဲ့ၿပီး မ်က္ဝန္းထဲရွိ အလင္းမွိန္မွိန္မွာလည္း နဂိုထက္ပို၍ အေရာင္ေဖ်ာ့လာခဲ့၏ ။ ၿပီးေနာက္ သူမကိုယ္ထဲတြင္ က်န္ရစ္ေနေသးေသာ အသက္ဝိဉာဥ္အပိုင္းအစအားလုံးကို လႊတ္ထုတ္ခ်င္ေနသည့္အလား သက္ျပင္းရွည္တစ္ခုခ်လိဳက္ေသာ သူမ ။
ထိုသက္ျပင္းတစ္ခ်က္ႏွင့္အတူ ေျပက်သြားေသာ သူမလက္တစ္စုံ ၊ လုဖုန္းအား ထပ္မံ၍ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္မထားေတာ့ေသာ ထိုလက္တစ္စုံ ။
သူမ၏ လက္ေခ်ာင္းထိပ္မ်ား လုံးဝဥႆုံေျပေလ်ာ့သြားခ်ိန္ ထိုေလွ်ာက်သြားေသာ လက္ေခ်ာင္းမ်ားအား လုဖုန္း႐ုတ္ခ်ည္းပင္ အလိုအေလ်ာက္ျပန္လည္ဆုပ္ကိုင္လိုက္မိသည္ ။
"အေမ!?"
လုဖုန္း အထိတ္တလန့္ႏွင့္ ေခၚလိုက္မိသည္ ။ သို႔ေသာ္ သူမကား လုဖုန္းကိုမတုံ႕ျပန္လာေတာ့ ၊
မ်က္စိတစ္ဝက္ဖြင့္လ်က္ အေနအထားႏွင့္သာ လွဲေလ်ာင္းေနခဲ့ပါ၏ ။
တုန္ရီေနေသာ လက္မ်ားႏွင့္ပင္ လုဖုန္း သူမႏွာေခါင္းနားဆီသို႔ေ႐ႊ႕သြားၿပီး အသက္ရႈျခင္းရွိမရွိ စမ္းသပ္ေနမိသည္ ။ ၿပီးေနာက္ သိလိုက္ရသည္က သူမအသက္ရႉရပ္သြားခဲ့ေလၿပီ ။
သူမ,မေသဆုံးမီ ေနာက္ဆုံးဆႏၵေလးက မျပည့္ဝခဲ့၍လားေတာ့မသိ ၊ ေသလြန္သည့္အခ်ိန္တြင္ပင္ မ်က္ဝန္းတို႔မွာ ဖြင့္ဟလ်က္ က်န္ေနခဲ့၏ ။
လုဖုန္း မိခင္ျဖစ္သူ၏လက္မ်ားကိုဆုပ္ကိုင္ကာ သူ႕နဖူးထက္အပ္ထားမိသည္ ။ ခႏၶာကိုယ္မွ အားအင္မ်ား တျဖည္းျဖည္းဆုတ္ယုတ္သြားျခင္းႏွင့္အတူ ဒူးႏွစ္ဖက္က ၾကမ္းျပင္ေပၚေထာက္လ်က္ က်သြားေတာ့၏ ။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..."
လုဖုန္း , သူ မလိမၼာခဲ့တာ သူသိသည္ ။ ဘယ္ေတာ့မွ သူ,မလိမၼာခဲ့ ။ ေကာင္းမြန္ေသာသားတစ္ေယာက္ ျဖစ္နိုင္ခဲ့ေသာ္ျငား လုဖုန္းမလုပ္မိခဲ့ ။ လုဖုန္းအေနႏွင့္ သူမ၏သားျဖစ္ဖို႔ရန္ မထိုက္တန္လွ ။
"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္..."
သူ႕လိုသားတစ္ေယာက္ရွိခဲ့ျခင္းသည္ မိဘႏွစ္ပါးအတြက္ တကယ့္ကံဆိုးမိုးေမွာင္က်သလို ျဖစ္ခဲ့လိမ့္မည္ ။ သူ႕အခ်င္းအစား သူ႕ကိုသာလႊင့္ပစ္ခဲ့သင့္သည္ ။ ထိုအခ်င္းကပင္ သူ႕ထက္ပိုေကာင္းေနျခင္း ျဖစ္ခ်င္ျဖစ္လိမ့္မည္ ။
(T/N လူ႕အခ်င္းကိုေျပာတာပါ ေမြးတုန္းက ပါတဲ့အခ်င္းေလ )
လုဖုန္းေဆး႐ုံၾကမ္းျပင္ေပၚ ဒူးေထာက္ထားမိရင္း မိခင္ျဖစ္သူ၏လက္ကိုဆြဲကိုင္ကာ ေနာင္တမ်ားကိုသာ တတြတ္တြတ္ေျပာေနမိခဲ့ပါ၏ ။ နာ့စ္မေလးက တစ္ခုခုမွားေနၿပီမွန္း သတိထားမိၿပီး ဆရာဝန္မ်ားက သူ႕ကိုဆြဲမထူခင္အထိ ထိုအတိုင္းသာ ။
နာက်င္မႈ ၊ ဝမ္းနည္းပူေဆြးမႈ ၊ ေနာင္တတရား ၊ လစ္ဟာသြားမႈမ်ား ၊ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိသည့္ စိတ္ခံစားခ်က္မ်ားကို ရင္ဝယ္ပိုက္ထားလ်က္ ။ ဤကမာၻေပၚတြင္ သူ႕ကိုခ်စ္ေသာသူတစ္ေယာက္ မရွိေတာ့ၿပီ ။ သည္လိုႏွင့္ပင္ ဤကမာၻေပၚရွိ သူ႕ကိုခ်စ္ေသာသူ ေနာက္ထပ္တစ္ေယာက္ထပ္မံေလ်ာ့သြားခဲ့ျပန္သည္ ။
လုဖုန္း အနီးတစ္ဝိုက္ပတ္ဝန္းက်င္တြင္ကား ဆရာဝန္ႏွင့္သူနာျပဳမ်ားသာ ရွိေနခဲ့၏ ။ သူ႕ဘဝတြင္ ဤမွ်ေလာက္ထိ အထီးက်န္ဆန္မႈကို မခံစားဖူးခဲ့ ။
လုဖုန္း စိတ္မရွည္စြာပင္ ရွန့္မင္ေအာ္ကို ဖုန္းေခၚခဲ့မိသည္ ။ ရွန့္မင္ေအာ္၏တည္ရွိမႈကိုေတာ့ လုဖုန္းအတည္ျပဳခ်င္ပါေသးသည္ ။ သို႔ေသာ္ ရွန့္မင္ေအာ္ကား သူ႕ဖုန္းကို လုံးဝမကိုင္ခဲ့႐ုံမက စာတစ္ေၾကာင္းတစ္ေလေလာက္ေတာင္ ျပန္မပို႔ခဲ့ ။
အစက္တစ္စက္ကဲ့သို႔ ေသးငယ္ေသာအရာေလးတစ္ခုပင္ မပို႔ခဲ့ ။
လုဖုန္းအတြက္ စိတ္ေက်နပ္မႈရရွိဖို႔ရန္ အခိုက္အတန့္အနည္းငယ္မွ်သာ လိုအပ္ေၾကာင္း သိေနခဲ့တာေတာင္မွ ထိုအေသးငယ္ဆုံးေသာ ေပ်ာ္႐ႊင္ဖြယ္အခိုက္အတန့္ေလးကို မျဖည့္ဆည္းေပးနိုင္သည္အထိ ႏွေျမာတြန့္တိုလွေသာ ရွန့္မင္ေအာ္ပါေပ ။
ရွန့္မင္ေအာ္၌ လုပ္စရာအလုပ္ေတြရွိေနမွန္း လုဖုန္းသိသည္ ။ ရွန့္မင္ေအာ္၌ ကိုယ္ပိုင္ဘဝရွိေနေသးသည္ကိုလည္း လုဖုန္းသိသည္ ။ ေခြးတစ္ေကာင္ကပင္ သူ႕ထက္ပိုအခြင့္အေရးေပးခံရနိုင္သည္ကို သူသိသည္ ။ ဟုတ္ပါသည္ ။ လုဖုန္းသိေနခဲ့ပါသည္ ။
ဤကမာၻေပၚ၌ သူ႕ကိုခ်စ္ေသာသူတစ္ေယာက္မွ မရွိေတာ့ ။ သူခ်စ္ႏွစ္သက္မိသည့္ တစ္ေယာက္တည္းေသာသူမွာလည္း သူ႕ကိုျပန္မခ်စ္ ။
ရွန့္မင္ေအာ္ကား သူ႕ကို လမ္းေဘးတစ္ေလွ်ာက္ေပါက္ေနေသာ က်ဴပင္ကဲ့သို႔ျမင္ၿပီး သန္းတစ္ေကာင္ကဲ့သို႔ အၿမဲတမ္းေရွာင္ကြင္းေနခဲ့၏ ။
တစ္ေန႕ လုဖုန္းေသခဲ့လွ်င္ေတာင္မွ ရွန့္မင္ေအာ္ မ်က္ရည္တစ္စက္ပင္ က်လိမ့္မည္မဟုတ္ ။
လုဖုန္း ထိုအရာအားလုံးကို သိေနခဲ့ပါ၏ ။
( T/N ဘာသာျပန္တာ အဆင္မေျပရင္လည္း ေျပာၾကပါဦး အခုတေလာ အားနည္းခ်က္ေတြရွိသလားဆိုၿပီး ေယာင္လည္လည္နဲ႕insecureျဖစ္ေနလို႔ ✨)