အချစ်သံယောဇဉ်တွယ်တာရာလေး(အခ်စ...

I-am-K által

98.7K 5.9K 176

xiao zhan - seme wang yibo-uke #zsww #zhanyi Start.. 14/1/2020 End. .. Uni+zawgyi ဒီfic ေလးက birthday pres... Több

1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21 (final)

13

3.3K 239 8
I-am-K által


_

#Unicode

_


_____

X company ကိုရောက်တော့ Xiao Zhanသည် အတူတူသွားချင်ပေမဲ့၊

သူ့ကို ဒီရုံးမှာ ရိပေါ်က လွဲရင် အကုန်လုံးက CEOမှန်းသိကြတော့ အတူတူသွားပါပြီရဲ့ ထားဦး.. သူ့ကို CEOလို့နှုတ်ဆက်တော့ သူ့ပေါက်စီလေး သိရင် ဂွိနေဦးမယ်

" ကျန့်ကော ကျွန်တော် ဒီနားမှာ တစ်ခုခုဝယ်စရာရှိလို့သွားလိုက်ဦးမယ်"

" အင်း အဲ့ဒါဆို ကိုယ်အရင်သွားပြီနော်"

ရိပေါ်ကျန့်ကောကို ပ,ထုတ်လိုက်ခြင်းသည်ခုနက သူ ကားပေါ်ကနေကြည့်နေတာ  ရုံအောက်က ရေခဲမုန့်ဆိုင်လေး ..။

အဟင်း ထို့အတွက် သူ ကျန့်ကောကို အရင်သွားခိုင်းလိုက်ခြင်း။

ကျန့်ကောကိုပြောရင် သူ စားရမှာမဟုတ်ဘူး စောစောစီးစီး အအေးတွေစားနေတယ်ဆိုပြီး ဆူနေဦးမယ်‌။

ရိပေါ်  ရေခဲမုန့် ဆိုင်သွားလိုက်သည်။

" ညီ ဘယ်ရောင် စားမလဲ"

" အင်း....Strawberry"

"Strawberry "

အသံပြိုင်ကြားလို့ ရိပေါ်လှည့်ကြည့်လိုက်တော့ ကြည့်ရတာ ကျန့်ကောတို့လိုဂုဏ်သရေရှိလူကြီး တစ်ယောက်ပါပဲ၊

ကလေးကလားနဲ့ ရေခဲမုန့် တွေ စားနေတယ်. ဘယ်လိုလူပါလိမ့်...

ကားပေါ်က သားငယ်လေးရဲ့ပူဆာမှုကြောင့် Mike ရေခဲမုန့်လာဝယ်ခြင်းဖြစ်သည်။

ရုပ်ကလေးက ကလေးလိုနဲ့ ချစ်ဖို့ကောင်းတဲ့ကောင်လေးကလဲ ရေခဲမုန့်လာဝယ်စားပုံပဲ..

" ညီ အကို့ကို အရင်ပေးနိုင်မလား ကားပေါ်မှာကလေးက ကောက်နေလို့ မြန်မြန်သွားရမှာမို့"

" အယ် ရမလား ကျွန်တော် အရင်မှာနေတာလေ အစ်ကို ကျွန်တော် အရင်လာပြီး ကျွန်တော် အရင်မှာတာ ဟုတ်တယ်မလား အဲ့တော့ ကျွန်တော့်ကို အရင်ပေး"

*ကြည့် ခုနက ချစ်ဖို့ကောင်းတယ်ပဲထင်နေတာ စွာတာတာလေးပဲ တမျိုး ကလေးအတွက်ပါဆိုတာတောင် အနိုင်ပိုင်းချင်နေသေးတယ် တကာ်ါငစွာလေ  *

" ကျေးဇူးပြု၍ ကိုယ့်ကို ကူညီပါ ညီရယ် အစ်ကို သားလေး က စိတ်ကောက်ရင် အတော်နဲ့ချော့ မရလို့ပါ"

" ဘယ်မှာလဲ ခင်များ ကလေး  ရှိလဲမရှိဘဲနဲ့ ကျွန်တော့်ကို အရင်ပေး ကျွန်တော် အလုပ် ရှိသေးတယ် ဗျ"

"ညီ အစ်ကို ကို အရင် ပေးပါ "

" မရဘူးနော် ကျွန်တော့်ကို အရင်ပေး"

လူနှစ်ယောက်ကြားထဲ ဟိုကြည့် ဒီကြည့်နဲ့ ဗျာ များနေရတာက ရေခဲမုန့်ရောင်းသမားလေးပင်။

" အစ်ကို ကျွန်တော့်ကို အရင်ပေး"

"ညီ အစ်ကိုကို အရင်ပေး"

ရိပေါ် ပုံမှန်ဆို ဦးစားပေးကာ သူနောက်မှ ယူမည်ဖြစ်သော်လည်း သူ အလုပ်ကရှိသေးသည်။

သိပ်ကြာလို့မကောင်းဘူး ရိထျန်းပြောချက်အရဆို အစ်မလော့ရဲ့ ဆူပူခြင်း ခံရမည့်ကိန်း မြင်ယောင်နေသည်။

" အစ်ကို ကျွန်တော် အလုပ်ရှိသေးလို့ မြန်မြန် အထက်က ဆူမှာလဲစိုးရသေးတယ်ဗျ"

" ညီ အစ်ကို ကို အရင်ပေးပါ အစ်ကို့ သားလေး က ကောက်နေရင် အတော်နဲ့ချော့မလို့ပါ"

နောက်ဆုံး နား မခံနိုင်တဲ့အဆုံး ရေခဲမုန့်ရောင်းသမားလေးခင်မျာ ။

" အားး တော်ကြပါတော့ ကျွန်တော် နားပူလာပြီ နေပူထဲမှာရေခဲမုန့် ရောင်းရရင်တောင် စိတ်မညစ်ဘူး ခင်များတို့လုပ်မှ လူက နေရင်းထိုင်ရင်း စိတ်ညစ်နေပြီ"

"...."

"...."

အော်သံကြောင့်တိတ်သွားသော ရိပေါ်နဲ့ Mike ။

"  ဒီ က ညီတစ်ခုယူထား"

"ဒီက အစ်ကို ကလဲ ယူထား တစ်ခု"

ရေခဲမုန့် အသားကိုဘဲအသီးသီးယူစေပြီး နောက်တော့မှ အဆာပလာ အစုံကို တစ်ယောက်တစ်ခုစီ ထည့်စေပြီးအလှည့်ကျ ထည့်ပြီးမှနောက်ဆုံးတော့ တစ်ယောက်တစ်ခုရသွားကာ အဆင်ပြေသွားတော့သည်။

ရိပေါ်လည် ရသွားတော့ ပိုက်ဆံ အရင်ရှင်းကာ  သူစားမယ်လုပ်တော့ သူရှေ့မှာ လာရပ်နေတဲ့ ကလေးလေး ကြည့်ရတာ ခုနအစ်ကိုရဲ့ သား ဆိုတာ ဖြစ်မယ်ထင်တယ်။

သူလဲ ထို ကလေးရှေ့သွားပြီ။

" ကလေးလေး စားချင်လို့လား"

ချစ်စရာ ဆံပင်ကောက်ကောက်လေးနှင့် အတော်လေးချစ်ဖို့ကောင်းသည်။

ခေါင်းလေးငြိမ့်ပြလာတာလေးက ချစ်စရာလေး အသည်းယားစွာ ဆံပင်ကောက်ကောက်လေးကို ဆွဲဖွမိတော့ အနောက်လေးရို့သွားကာ  မကြိုက်ဟန်။

သို့ပင်မဲ့ ဘာမှ မပြောဘဲ နှုတ်ခမ်းလေးဆူသွားသည်။

" စားချင်ရင် ကိုကိုက ကျွေးမှာပေါ့ ရော့ယူ"

အသာပြုံးပြကာ ပေးတော့ လက်သေးသေးလေးတွေနဲ့လှမ်းယူသည်။

တအားချစ်ဖို့ကောင်းတာပဲ..

" စားလို့ကောင်းလား"

လို့မေးတော့ ခေါင်းလေး ငြိမ့်ပြလာကာ သူ့ကို အာရုံမစိုက်ဘဲ ရေခဲမုန့် ကိုသာ အာရုံစိုက်နေသည်။

ပါးဖောင်းဖောင်းလေးတွေကိုဆွဲတော့
အစားပျက်သွားလို့ စိတ်တိုသွားဟန် မျက်စောင်းအသေးစားလေးထိုးလာသည်။

ချစ်ဖို့ကောင်းကောင်းလွန်းသည်။

အသည်းယားလွန်းလို့ ပါးဆွဲလိုက် ဆံပင်လေးဖွ လိုက်နဲ့  အမျိုးမျိုးစ နေတော့ ကလေးငယ်လေး ဟာ မကြိုက်ဟန်ပြပေမဲ့ ဘာမှတော့မပြော နှုတ်ခမ်းလေးဆူလိုက် မျက်စောင်းလေးထိုးလိုက်နဲ့ တ  စစ နဲ့ ဆူပုပ်လာတာလေးက လွဲ၍ ဘာမှတော့မတုံ့ပြန်...။

ထိုအဖြစ်အပျက်အစုံကိုမြင်ကာ ကြက်သေ သေနေတဲ့သူဟာတော့ Mike ပင်။

သူ့သားလေးဟာ သူက လွဲရင် တခြားသူကို အဖက်မလုပ်ရုံမက အကြည့်ပင် မစွံတက်ပေ။ တကယ့် အချေကိုယ်တော်လေးဆိုရင်လည်းမမှားပေ။

ကြောင်တောင်တောင်နဲ့ သူတို့နားရောက်လာတဲ့ ရေခဲမုန့် ၀ယ်တဲ့သူကိုကြည့်ကာ အသိမရှိပုံ တစ်ခုခုကို ထူးဆန်းစွာ လက်မခံနိုင်ဟန်။

အတော်လေး အူကြောင်ကြောင်နိုင်တဲ့လူပဲ ပြောတော့ ကလေးအတွက်ရေခဲမုန့်လာဝယ်တာဆိုပြီး..။

တော်ကြာကလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲမသိ။

" ကဲ ခင်များ အသိဝင်တော့ ကျွန်တော် ခင်များလက်ထဲက ရေခဲမုန့်လဲ မယူတော့ဘူး သွားပြီ"

ရိပေါ် ထိုလူကို ပြောပြီး ထွက်မလို့လုပ်တော့ သူ့ ရဲ့ အင်္ကျီစလေးကို အစွဲခံရသလိုမို့ လှည့်ကြည့်တော့ ကလေးပေါက်စလေး  ပြီးတော့တိုးတိုးလေးပြောတယ်။

" ရှဲ့ရှဲ့ " တဲ့လေ။

ချစ်လွန်းလို့ ပါးလေးကိုတစ်ချက်မွှေးကြူးလိုက်တော့ ပါးလေးတွေမို့တက်သွားအောင်ပြုံးပြလေရဲ့...။
သူလည်း အလုပ်နောက်ကျမှ စိုး၍ ထွက်လာခဲ့တော့သည်။

သားလေးကို တစ်ချက်နမ်းကာထွက်သွားတဲ့ကောင်လေးကိုကြည့်ကာ Mike အသည်းယားနေမိသည်။

သားလေးကလည်း ထိုကောင်လေးကို မြင်မြင်ချင်းခင်တွယ်ပုံပင် ။

ဘယ်သူ့အနမ်းမှ မခံတဲ့သားငယ်ဟာ သူ့ကိုနမ်းတာ မတွန်းထုတ်တဲ့အပြင် ပြုံးတောင်ပြလိုက်သေးသည်။

*ကောင်လေးရေ မင်းလေးက ဘယ်သူများလဲကွာ သားရဲ့ ခင်တွယ်မှုကို ရလိုက်ရုံမကဘဲ ဖအေရဲ့ စိတ်ဝင်စားမှုကိုပါရသွားတယ်ကွ နောကတစ်ခေါက် ထပ်တွေ့ချင်သေးတယ်"
.
.
.
.
.
.
.

----------


ရိပေါ် သူထိုင်တဲ့နေရာရောက်တော့ အချိန်အားဖြင့်၇း၄၅ မိနစ်ရှိနေပြီဖြစ်သည်။

ပုံမှန်ဆို အလုပ်မတက်သေးတာကြောင့် မမလုနဲ့ ရိထျန်းတို့က စကားပြောကြသည်။

" ၀မ်ဝမ် အဆင်ပြေသွားပြီလား  ခြေထောက်က အဆစ်လွဲသွားတာဆို"

"ဗျာ မဟုတ်တာ မမလုရယ် အဆစ်ယောင်သွားရုံပါဗျ မမလုကိုဘယ်သူပြောတာလဲ"

လှည့်ပတ်ကြည့်လိုက်တော့ သကောင့်သား ရိထျန်း ။

သူ့ဆီအကြည့်ပုံမိတော့ သွားလေးဖီးပြကာ အပြောများသွားတာပါဆိုတဲ့ မျက်နှာပေးနဲ့
အကုန်လုံးကတော့ မနိုင်ဘူး ဆိုတဲ့ပုံစံနဲ့ခေါင်းတစ်ရမ်းရမ်းခါနေကြလျက်။

" အားနေကြတယ်ပေါ့ ဟုတ်လား"

အသံစူးစူးနဲ့ မတွေ့ရတဲ့၃ရက်အတွင်း အတော်လေး အာဏာပြထားပုံရတယ်။

" အမလော့ အလုပ်မှမတက်သေးတာ စကားပြောလို့မရဘူးလား"

မဟုတ်မခံစိတ်ရှိတဲ့ရိထျန်းက စကားဆိုတော့..

ရိထျန်းရဲ့စကားကိုအာရုံစိုက်ပုံမပေါ် ရိပေါ်ကိုသာ ကြည့်နေလျက်။

" အိုး ၀မ်ရိပေါ် နောက်ဆုံးတော့ မင်းလာပြီပေါ့"

" ဟုတ်ကဲ့ အစ်မလော့"

" ဘယ်လိုလုပ်ရမလဲ မင်းကိုမြင်တာနဲ့ ငါမှာ အလုပ်တွေခိုင်းစရာ တပုံကြီးပဲတွေ့နေရတယ်"

သောက်မြင်ကပ်စရာမျက်နှာနဲ့ပြောနေသည်မှာ လု တစ်ယောက် လက်ယားလာပြီး ပါးရိုက်ချင်စိတ်တောင်ပေါက်လာသည်။

လော့သည် နာရီကိုသေချာကြည့်ကာ..

" အိုး ၈း၀၀ထိုးပြီပဲ ၀မ်ရိပေါ်ရေ လာပါဦး အစ်မရဲ့ အလုပ်တွေဝိုင်းကူမယ်မလား"

အမှန်ဆို ၅မိနစ်လိုသေးသော်လည်း အလုပ်ချိန်ရောက်ခါနီးပြီမို့ ရိပေါ်လည်း ဘာမှမပြောဘဲလိုက်လာခဲ့လိုက်သည်။

" ၀မ်ရိပေါ် ဒီမှာ အနီရောင်ဖိုင်တွေ ၉း၀၀နာရီ အပြီးလိုချင်တယ်"

ရိပေါ် ဖိုင်တွေကိုကြည့်လိုက်တော့ အထပ်လိုက်ကြီး သူတစ်ယောက်တည်းလုပ်လို့ ၁၀း၀၀နာရီ ထိုးရင်တောင်ပြီးမည်မဟုတ် အရင်က ရက်ပျက်ထားသည်မို့ ဘာမှမပြောဘဲ ဖိုင်တွေကိုသာ ယူလာလိုက်သည်။
.
.
.
.
.

---------

ဒီနေ့ အလုပ်တော်တော်များ မဲ့နေ့မို့ Xiao Zhan စားပွဲပေါ်က ရှိရှိသမျှ ဖိုင်တွေကို လက်မှတ်ထိုးရင်း သူ့ထမင်းဘူးလေး ကြွားဖို့ အချိန်ရအောင်လုနေရသေးသည်။
ကျိုးချန် ကလဲ ဟိုဟာ ယူလာလိုက် ဒီဟာ ယူလာလိုက်နဲ့ မပြီးနိုင်တဲ့ဖိုင်တွေဆိုတာ မပြောချင်ဘူး တစ်ပတ်လုံးလုံးရုံးမတက်လို့ လက်မှတ်ထိုးစရာ ဖိုင်တွေ  ပုံနေသလားမှတ်ရတယ်...။

" CEO ဒီဖိုင်လေး လက်မှတ်ထိုးပေးပါဦး"

"အင်း"

သိပ်မကြာပါဘူး ၀င်လာပြန်ပြီ။

" CEO .."

" အင်း "

သိပ်မကြာပြန်ဘူး ၀င်လာပြန်ပြီ။

"CE..."

" အင်း"

သူတောင်ဘာမှမပြောရသေးဘူး
အင်း ဟု ဆိုလာသော CEOကြောင့် သူ လက်မှတ်ထိုး ခိုင်းမယ်လို့ထင်နေပုံပင် ။

" အာ CEO ဒီတစ်ခါ လက်မှတ်ထိုးရမှာမဟုတ်ဘူးခင်မျ "

"အဲ့ဒါဆို ဘာကိစ္စ.."

" အော် ၁၁းနာရီလောက်ရောက်ရင် အပြင်သွားစရာရှိတယ်လို့ပြောမလို့ဗျ 
ရှန်ဟိုင်း က ရုံးခွဲကိုသွားရမယ်ဗျ"

" အော် အဲ့လိုလား အင်းပြီးရော"
.
.
.
.
.
.

---------

ဟောက်ရွှမ်း ဒီနေ့ စစ်စရာ စရင်းတွေမှ အထပ်လိုက်ပင် ။

သူမနေ့က လုပ်သမျှ အမှားမှား အယွင်းယွင်းမို့ပြန်ပြင်နေရသည်။

ဘာကြောင့်မှန်းမသိ သူ မနေ့ကညနေကမှားသမျှ  စရင်းတွေ ဒီနေ့မနက်ပြန်စစ်သာစစ်နေတာ စရင်းတွေပေါ်အာရုံမရှိဘဲ မနေ့က အဖြစ်အပျက် တချို့ဆီသာအာရုံရောက်နေကာ တစ်ခုခုကို ပူပန်နေဟန်..။

-

--

Flash back start----

ကျိယန် ကားကိုမှန်မှန်မောင်းလာကာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ။

ခမ်းနားထည်ဝါသော Hotel တစ်ခုဆီသို့  ကားလဲရပ်လိုက်ရော ကားထဲက မဆင်းခင် ...

" ဟောက်ရွှမ်း ကိုယ် မင်းကို အနူးအညွှတ်အကူအညီတောင်းနေတာပါ၊ ကျေးဇူးပြု၍ ဒီတိုင်း တကယ့် ချစ်သူတွေလိုသရုပ်ဆောင်ပေးပါ လုံးဝ ချစ်ချစ်ခင်ခင် ပုံစံမျိုးပေါ့ အဆင်ပြေမယ်လား"

သူ့နာမည်ကိုခေါ်လာတာမို့ ဟောက်ရွှမ်း ရင်ထဲမလိုမကျ မသိရင် ချစ်သူတွေ စိတ်ကောက်နေကြသလိုနှင့်တူနေသယောင် ဟောက်ရွှမ်းလည်း
အင်း ဟုသာပြော၍ ခေါင်းငြိမ့်ပြလိုက်သည်။

ဟောက်ရွှမ်း ဒီလိုခမ်းနားတဲ့ Hotel မပြောနဲ့ အလယ်အလတ်တန်းစားများ ပါလာရောက်စားသောက်နိုင်သော Hotel များကိုပါလာဖူးသည်မဟုတ်။

အခုလိုခမ်းနားထည်ဝါလှသော အဆောက်အဦးအတွင်း လာရသည်မို့ မြင်မြင်သမျှဟာ အတော်လေးကြည့်ကောင်းကာ ခန်းနားထည်ဝါလွန်းလှသည်။

နောက်ဆုံးတော့ရောက်ခဲ့ပါပြီ VIP အခန်းတစ်ခု။

ဟောက်ရွှမ်းလဲ ငြိမ်ကုပ်ကာ လိုက်လာခဲ့သည်။
အခန်းထဲမ၀င်ခင် ကျိယန်ဟာ ဟောက်ရွှမ်းရဲ့ လက်ကို ကိုင်၍  ..

" အချစ် မောင့်နောက်က လိုက်ခဲ့ပေးပါ မောင်ပြောသလိုပဲ သရုပ်ဆောင်ပေးပါ မောင်တို့ အတူတူလုပ်နိုင်မယ်မလား မောင့်  မားမား ကပြောရဆိုရခက်တဲ့သူမဟုတ်တော့ မောင်တို့ကို လက်ခံပေးနိုင်မှာပါ"

ဟောက်ရွှမ်းကြောင်တောင်ကြောင်သွားသည်။

သူပြောတော့ သရုပ်ဆောင်ပေးရမှာတဲ့အခုဟာက တကယ်ကြီး ယောက္ခမနဲ့တွေ့ရတော့မလိုလို ပင် ။

နေရင်းထိုင်ရင်း သူတောင် ခြေဖျား လက်ဖျားများ အေးစက်လာသည်။

ကျိယန် အချစ်ရဲလက်ကို ကိုင်ထားသည်မို့ သူ့စကားလဲဆုံးရော လက်ဖျားများက အေးစက်လာသောအချစ်ကြောင့် သူမှာကြိတ်ပြုံးရသည်။

ဒီကောင်လေး တကယ် မသိရင် ယောက္ခမကြီးနဲ့ တွေ့ရတော့မဲ့ သူလို စိတ်လှုပ်ရှားနေသည်။

တကယ်လဲတွေ့ရတော့မှာကိုးး

အခန်းထဲဝင်လိုက်တော့ ကျိယန်ရဲ့မာမားသည်
ကျက်သရေရှိစွာထိုင်နေပြီး အတော်လေးကြည့်၍လှသည့် အမျိုးသမီးကြီးပင်။

သူ့မှာ အမေ မရှိသောဟောက်ရွှမ်းအဖို့ ကျိယန်မာမားကို ကြည့်ကာ သူ့ရဲ့ မရှိတဲ့မာမားကိုတောင် သတိရသွားသည်။

"မား  ကျွန်တော်တို့ရောက်ပြီ "

"အင်း "

ထိုင်လို့လဲမပြောသေးတာကြောင့် ထိုင်မလို့ လုပ်နေတဲ့ ကျိယန်ကို လက်က ဆောင့်ဆွဲထားရသေးသည်။

သူဆွဲထားမှန်းသိတော့ ဘာလဲ ဆိုတဲ့ အမူအရာဖြင့် မျက်ခုံးပင့်ပြတော့ သူလဲ ခေါင်းလေးသာအသာရမ်းပြလိုက်သည်။

သူတို့အမူအရာကို သေချာကြည့်နေဟန် မောင့်မာမား အဲ့ ကျိယန်မာမားဟာ နှုတ်ခမ်းတွန့်ရုံပြုံးပြကာ ...

" ယန်လေး ကြည့်စမ်း မင်းနဲ့ သားမက်လေးနဲ့များကွာပါ့
ယဉ်ကျေးမှုမရှိတာ လူကြီးက မထိုင်ခိုင်းသေးဘဲ ဇိုးဇိုးဇက်ဇက် ၀င်မထိုင်ရဘူးဆိုတာ သားမက်လေးတောင်သိတယ်"

ဟုဆိုကာ ထိုင်ရာကနေ ထလာပြီး တွဲထားတဲ့ ကျိယန်ရဲ့လက်ကို ပုတ်ထုတ်ကာ ဟောက်ရွမ်းရဲ့ လက်ကိုကိုင်ကာ သူ ထိုင်တဲ့ ခုံနားမှာ ထိုင်စေသည်။

" ကြည့်စမ်းပါဦး မား သားမက်လေးက ချစ်ဖို့ကောင်းလိုက်တာ အူတူတူလေးနဲ့  ကျိယန်နဲ့များကွာပ"

A/N- ( အခု ဒီ Fic ထဲမှာပါတဲ့ ဟောက်ရွှမ်းဟာ TU ကားထဲက ဟောက်ရွှမ်းနဲ့လားလားမျှမဆိုင်ပါဘူးနော် ဇာတ်ကား နာမည်က *မရဏကန္တာရသဲပင်လယ်*ပါ
အဲ့ထဲမှာက ဟောက်ရွမ်းက အဓိက ဇာတ်လိုက်ရဲ့သူငယ်ချင်းလေးပါ အဲ့ဇာတ်ကားရဲ့ character လေးကို ထည့်ကြည့်ပေးစေချင်တယ် အဲ့ကားထဲမှာ အူတူတူလေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ပုံစံလေးပါ )

" မား သားရဲ့အချစ်ကိုပြန်ပေးဗျာ"

" အမယ် မားက မားသားမက်ကိုခေါ်တာ ယန်လေးရဲ့ အချစ်ကို မယူပါဘူးနော်"

သားအမိနှစ်ယောက်ကြား ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ အူတူတူဖြစ်နေသည်မှာ ဟောက်ရွှမ်းပင်။

" မား မရဘူးဗျာ ဒါကျွန်တော့်အချစ်
အချစ်လာ မောင့်ဆီလာ"

ဟုဆိုကာ ဟောက်ရွှမ်းရဲ့လက်ကိုဆွဲကာ သူခုံနဲ့ အနီးဆုံးခုံကို နီးသထက်နီးအောင်ဆွဲယူပြီး ထိုင်ခိုင်းစေသည်။ 

ကျိယန်မားမားက တော့ ဘာမှမပြောဘဲ ကြည့်နေသည်။

သူသားလေးကို ဒီလို လုပ်ငန်းရှင်ကြီးဖြစ်အောင် လုပ်ပေးတဲ့ကလေးဟာ သူ့ရှေ့ အူတူတူလေးထိုင်နေတဲ့ကောင်လေးကြောင့်ဆိုလဲမမှားပေ။

  သူ့သားဂျစ်ကန်ကန်လေးဟာ စာဆိုလဲ မလုပ် အစားဆိုလဲ ဟုတ်တိပတိမစားဘဲ ဂိမ်းသာ ဆော့နေတက်သည်မို့ သူမ သားအတွက်စိုးရိမ်ပေမဲ့..

သိပ်မကြာလိုက် စာကို ပုံမှန်ကျက်ရုံမျှမက  သရေစာကိုပဲ အာသီသများတက်သောသူမသားဟာ ထမင်းဘူးထည့်ခိုင်းတဲ့အထိ ကို လိမ္မာသွားသည်။

အကျိုးအကြောင်းစုံစမ်းကြည့်တော့ သူမသားတက်နေတဲ့ကျောင်းကကောင်လေးတစ်ယောက်ကြောင့်တဲ့လေ။

စစချင်း အမြင်မကြည်ပေးနိုင်ခဲ့ပေမဲ့ တဖြည်းဖြည်းအပြောင်းလဲကြီးပြောင်းလဲလာတဲ့ သားဖြစ်သူကြောင့်သူမဟာ သားငယ်ငယ်လေးကတည်းက တောင်းထားတဲ့ကတိကြောင့် မငြိုငြင်ကာ သားမက်အဖြစ်သဘောတူပေးနိုင်ခဲ့သည်။

" မား ဘာတွေတွေးနေတာလဲဗျာ စားကြမယ်လေဗျာ ဟင်းတွေရောက်ပြီဗျ"

"အင်း စားကြတာပေါ့ သားမက်လေး အားမနာနဲ့နော် စား မားကို မရှိန်နေနဲ့ စားသာစား သိလား"

ကျိယန်ဟာ သူ့မားမားနဲ့တူပုံရသည် အပြုံးချိုချိုလေးကို အမွေရထားဟန် အခု သူကိုပြုံးပြနေသည်မှာ လဲ အေးချမ်းလှသည့်‌မေမေတစ်ယောက်ကောက်ရသွားသလိုပင်။

" မားသမက်လေးက စကားနည်းလိုက်တာကွယ် စကားလေးဘာလေးပြောပါဦး "

" ဟုတ်.. ဟုတ်ကဲ့ ကောင်းကောင်းစားပါ့မယ် အန်တီ"

" အမ် ဘာရယ်"

"အချစ် မား လို့ခေါ်လိုက်လေ"

သူအနားတိုးကာ ပြောလိုက်သော ကျိယန်ကြောင့် သူ့စကားကိုပြန်ပြင်လိုက်ရသည်။

" ကောင်းကောင်းစားပါ့မယ်လို့ မာ.. မား"

" အင်း အဲ့လိုမှပေါ့ကွယ်"

ထိုအခါမှသာ ကျေနပ်သွားဟန် မောင့်မာမားကြောင့် ဟောက်ရွှမ်းမှာ ငိုမိမလိုပင် ဖြစ်ရသေးသည်။

သူ့မှာငယ်ငယ်လေးကတည်းက ခေါ်စရာ အမေ မရှိခဲ့သည်မို့ အခုလိုခေါ်ခွင့်ရ၍ ပျော်လွန်း၍ ငိုမိမတက်ပင်။

သူ့အကြောင်းကို နားလည်သည့်အလားမောင်ဟာ လက်ကိုင်ပုဝါစ လေးပေးတော့ သူမှာကျတော့မဲ့ မျက်ရည်တို့အားခိုးသုပ်ရသေးသည်။

flash back end...

----

ဟောက်ရွှမ်းတစ်ခုခုကိုပူပန်ကာ စိတ်ပူနေရတဲ့အကြောင်းကတော့ ၀မ်ဝမ်ကြောင့်ပင်။

သူ ကတော့ ဟုတ်ပါပြီ။

ကျိယန်ကိုသာ လက်ခံလိုက်ရင် ၀မ်ဝမ်က တစ်ယောက်ထဲ ကျန်ခဲ့မည့်အရေးကို စိတ်ပူနေခြင်းသာ..။
သူမနေ့က ပျော်ခဲ့ရသော်လည်း သူရဲ့ သွေးမတော်သည့်ညီလေးအကြောင်းတွေးလိုက်ရင် ရင်ထဲမကောင်း၊
အဲ့ဒါကြောင့်ပင် သူမှာ စရင်းတွေထဲအာရုံမရှိခြင်းပင်။


-----

" ၀မ်ရိပေါ် ပြီးပြီလား"

" မပြီးသေးပါဘူး အမလော့"

" ဘာ အခုထိမပြီးသေးဘူးဟုတ်လား"

" ဟုတ်ကဲ့"

" ကျစ်* အလုပ်ကို လုပ်တာနှေးကွေးလိုက်တာ လိပ်ကအဘ ပြန်ခေါ်နေရတယ် ထားလိုက်ပြီးသလောက်လာထပ် ပြီးရင် ဒီဖိုင်တွေ ၃လွှာနဲ့ ၄လွှာကိုသွားပို့လိုက် "

ရိပေါ်သူစစ်ပြီးသမျှ ဖိုင်ကို ယူကာ အစ်မလော့ စားပွဲပေါ်သွားတင်ရင်း သူ့လက်နဲ့ မဆန့်တဆန့် အနေအထားရှိသည့် ဖိုင်တွေကိုယူကာ အလွှာအသီးသီးသို့တက်လာလိုက်သည်။

သူ့ခြေထောက်ဟာ ကောင်းနေပြီဖြစ်သော်လည်း လမ်းများများလျောက်နေရသဖြင့် တခါတလေ နာလာသည်။

သို့ပင်မဲ့ လည်း အမှု မထားဘဲ အလွှာအသီးသီးကို ဟိုကူးဒီခက်ဖြင့် ပို့နေသည်မှာ နောက်ဆုံးတော့ပြီးခဲ့ပြီမို့ ကိုယ့်အထပ်ကိုသာ ပြန်လာခဲ့သည်။

ရောက်ရောက်ခြင်း ခြေထောက်က နာနေသည်မို့ ခန နားရန်ပြင်လိုက်သော်လဲ အမောမပြေချင်စရာ ခေါ်သံကိုကြားရပြန်ပြီ

" ၀မ်ရိပေါ်"









~~~~~~~~~~~~~~~~







Amaryllis K. // ZSWW //

Jan.3.2021(10:55PM)






~~~~~~~~~



~~Zawgyi~~

_____

X company ကိုေရာက္ေတာ့ Xiao Zhanသည္ အတူတူသြားခ်င္ေပမဲ့၊

သူ႔ကို ဒီရံုးမွာ ရိေပၚက လြဲရင္ အကုန္လံုးက CEOမွန္းသိၾကေတာ့ အတူတူသြားပါၿပီရဲ့ ထားဦး.. သူ႔ကို CEOလို႔ႏႈတ္ဆက္ေတာ့ သူ႔ေပါက္စီေလး သိရင္ ဂြိေနဦးမယ္

" က်န႔္ေကာ ကြၽန္ေတာ္ ဒီနားမွာ တစ္ခုခုဝယ္စရာရိွလို႔သြားလိုက္ဦးမယ္"

" အင္း အဲ့ဒါဆို ကိုယ္အရင္သြားၿပီေနာ္"

ရိေပၚက်န႔္ေကာကို ပ,ထုတ္လိုက္ျခင္းသည္ခုနက သူ ကားေပၚကေနၾကၫ့္ေနတာ  ရံုေအာက္က ေရခဲမုန႔္ဆိုင္ေလး ..။

အဟင္း ထို႔အတြက္ သူ က်န႔္ေကာကို အရင္သြားခိုင္းလိုက္ျခင္း။

က်န႔္ေကာကိုေျပာရင္ သူ စားရမွာမဟုတ္ဘူး ေစာေစာစီးစီး အေအးေတြစားေနတယ္ဆိုၿပီး ဆူေနဦးမယ္‌။

ရိေပၚ  ေရခဲမုန႔္ ဆိုင္သြားလိုက္သည္။

" ညီ ဘယ္ေရာင္ စားမလဲ"

" အင္း....Strawberry"

"Strawberry "

အသံၿပိဳင္ၾကားလို႔ ရိေပၚလွၫ့္ၾကၫ့္လိုက္ေတာ့ ၾကၫ့္ရတာ က်န႔္ေကာတို႔လိုဂုဏ္သေရရိွလူႀကီး တစ္ေယာက္ပါပဲ၊

ကေလးကလားနဲ႔ ေရခဲမုန႔္ ေတြ စားေနတယ္. ဘယ္လိုလူပါလိမ့္...

ကားေပၚက သားငယ္ေလးရဲ့ပူဆာမႈေၾကာင့္ Mike ေရခဲမုန႔္လာဝယ္ျခင္းျဖစ္သည္။

ရုပ္ကေလးက ကေလးလိုနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးကလဲ ေရခဲမုန႔္လာဝယ္စားပံုပဲ..

" ညီ အကို႔ကို အရင္ေပးႏိုင္မလား ကားေပၚမွာကေလးက ေကာက္ေနလို႔ ျမန္ျမန္သြားရမွာမို႔"

" အယ္ ရမလား ကြၽန္ေတာ္ အရင္မွာေနတာေလ အစ္ကို ကြၽန္ေတာ္ အရင္လာၿပီး ကြၽန္ေတာ္ အရင္မွာတာ ဟုတ္တယ္မလား အဲ့ေတာ့ ကြၽန္ေတာ့္ကို အရင္ေပး"

*ၾကၫ့္ ခုနက ခ်စ္ဖို႔ေကာင္းတယ္ပဲထင္ေနတာ စြာတာတာေလးပဲ တမ်ိဳး ကေလးအတြက္ပါဆိုတာေတာင္ အႏိုင္ပိုင္းခ်င္ေနေသးတယ္ တကာ္ါငစြာေလ  *

" ေက်းဇူးျပဳ၍ ကိုယ့္ကို ကူညီပါ ညီရယ္ အစ္ကို သားေလး က စိတ္ေကာက္ရင္ အေတာ္နဲ႔ေခ်ာ့ မရလို႔ပါ"

" ဘယ္မွာလဲ ခင္မ်ား ကေလး  ရိွလဲမရိွဘဲနဲ႔ ကြၽန္ေတာ့္ကို အရင္ေပး ကြၽန္ေတာ္ အလုပ္ ရိွေသးတယ္ ဗ်"

"ညီ အစ္ကို ကို အရင္ ေပးပါ "

" မရဘူးေနာ္ ကြၽန္ေတာ့္ကို အရင္ေပး"

လူႏွစ္ေယာက္ၾကားထဲ ဟိုၾကၫ့္ ဒီၾကၫ့္နဲ႔ ဗ်ာ မ်ားေနရတာက ေရခဲမုန႔္ေရာင္းသမားေလးပင္။

" အစ္ကို ကြၽန္ေတာ့္ကို အရင္ေပး"

"ညီ အစ္ကိုကို အရင္ေပး"

ရိေပၚ ပံုမွန္ဆို ဦးစားေပးကာ သူေနာက္မွ ယူမည္ျဖစ္ေသာ္လည္း သူ အလုပ္ကရိွေသးသည္။

သိပ္ၾကာလို႔မေကာင္းဘူး ရိထ်န္းေျပာခ်က္အရဆို အစ္မေလာ့ရဲ့ ဆူပူျခင္း ခံရမၫ့္ကိန္း ျမင္ေယာင္ေနသည္။

" အစ္ကို ကြၽန္ေတာ္ အလုပ္ရိွေသးလို႔ ျမန္ျမန္ အထက္က ဆူမွာလဲစိုးရေသးတယ္ဗ်"

" ညီ အစ္ကို ကို အရင္ေပးပါ အစ္ကို႔ သားေလး က ေကာက္ေနရင္ အေတာ္နဲ႔ေခ်ာ့မလို႔ပါ"

ေနာက္ဆံုး နား မခံႏိုင္တဲ့အဆံုး ေရခဲမုန႔္ေရာင္းသမားေလးခင္မ်ာ ။

" အားး ေတာ္ၾကပါေတာ့ ကြၽန္ေတာ္ နားပူလာၿပီ ေနပူထဲမွာေရခဲမုန႔္ ေရာင္းရရင္ေတာင္ စိတ္မညစ္ဘူး ခင္မ်ားတို႔လုပ္မွ လူက ေနရင္းထိုင္ရင္း စိတ္ညစ္ေနၿပီ"

"...."

"...."

ေအာ္သံေၾကာင့္တိတ္သြားေသာ ရိေပၚနဲ႔ Mike ။

"  ဒီ က ညီတစ္ခုယူထား"

"ဒီက အစ္ကို ကလဲ ယူထား တစ္ခု"

ေရခဲမုန႔္ အသားကိုဘဲအသီးသီးယူေစၿပီး ေနာက္ေတာ့မွ အဆာပလာ အစံုကို တစ္ေယာက္တစ္ခုစီ ထၫ့္ေစၿပီးအလွၫ့္က် ထၫ့္ၿပီးမွေနာက္ဆံုးေတာ့ တစ္ေယာက္တစ္ခုရသြားကာ အဆင္ေျပသြားေတာ့သည္။

ရိေပၚလည္ ရသြားေတာ့ ပိုက္ဆံ အရင္ရွင္းကာ  သူစားမယ္လုပ္ေတာ့ သူေရ႔ွမွာ လာရပ္ေနတဲ့ ကေလးေလး ၾကၫ့္ရတာ ခုနအစ္ကိုရဲ့ သား ဆိုတာ ျဖစ္မယ္ထင္တယ္။

သူလဲ ထို ကေလးေရ႔ွသြားၿပီ။

" ကေလးေလး စားခ်င္လို႔လား"

ခ်စ္စရာ ဆံပင္ေကာက္ေကာက္ေလးႏွင့္ အေတာ္ေလးခ်စ္ဖို႔ေကာင္းသည္။

ေခါင္းေလးၿငိမ့္ျပလာတာေလးက ခ်စ္စရာေလး အသည္းယားစြာ ဆံပင္ေကာက္ေကာက္ေလးကို ဆြဲဖြမိေတာ့ အေနာက္ေလးရို႔သြားကာ  မႀကိဳက္ဟန္။

သို႔ပင္မဲ့ ဘာမွ မေျပာဘဲ ႏႈတ္ခမ္းေလးဆူသြားသည္။

" စားခ်င္ရင္ ကိုကိုက ေကြၽးမွာေပါ့ ေရာ့ယူ"

အသာၿပံဳးျပကာ ေပးေတာ့ လက္ေသးေသးေလးေတြနဲ႔လွမ္းယူသည္။

တအားခ်စ္ဖို႔ေကာင္းတာပဲ..

" စားလို႔ေကာင္းလား"

လို႔ေမးေတာ့ ေခါင္းေလး ၿငိမ့္ျပလာကာ သူ႔ကို အာရံုမစိုက္ဘဲ ေရခဲမုန႔္ ကိုသာ အာရံုစိုက္ေနသည္။

ပါးေဖာင္းေဖာင္းေလးေတြကိုဆြဲေတာ့
အစားပ်က္သြားလို႔ စိတ္တိုသြားဟန္ မ်က္ေစာင္းအေသးစားေလးထိုးလာသည္။

ခ်စ္ဖို႔ေကာင္းေကာင္းလြန္းသည္။

အသည္းယားလြန္းလို႔ ပါးဆြဲလိုက္ ဆံပင္ေလးဖြ လိုက္နဲ႔  အမ်ိဳးမ်ိဳးစ ေနေတာ့ ကေလးငယ္ေလး ဟာ မႀကိဳက္ဟန္ျပေပမဲ့ ဘာမွေတာ့မေျပာ ႏႈတ္ခမ္းေလးဆူလိုက္ မ်က္ေစာင္းေလးထိုးလိုက္နဲ႔ တ  စစ နဲ႔ ဆူပုပ္လာတာေလးက လြဲ၍ ဘာမွေတာ့မတံု႔ျပန္...။

ထိုအျဖစ္အပ်က္အစံုကိုျမင္ကာ ၾကက္ေသ ေသေနတဲ့သူဟာေတာ့ Mike ပင္။

သူ႔သားေလးဟာ သူက လြဲရင္ တျခားသူကို အဖက္မလုပ္ရံုမက အၾကၫ့္ပင္ မစြံတက္ေပ။ တကယ့္ အေခ်ကိုယ္ေတာ္ေလးဆိုရင္လည္းမမွားေပ။

ေၾကာင္ေတာင္ေတာင္နဲ႔ သူတို႔နားေရာက္လာတဲ့ ေရခဲမုန႔္ ၀ယ္တဲ့သူကိုၾကၫ့္ကာ အသိမရိွပံု တစ္ခုခုကို ထူးဆန္းစြာ လက္မခံႏိုင္ဟန္။

အေတာ္ေလး အူေၾကာင္ေၾကာင္ႏိုင္တဲ့လူပဲ ေျပာေတာ့ ကေလးအတြက္ေရခဲမုန႔္လာဝယ္တာဆိုၿပီး..။

ေတာ္ၾကာကေလးတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲမသိ။

" ကဲ ခင္မ်ား အသိဝင္ေတာ့ ကြၽန္ေတာ္ ခင္မ်ားလက္ထဲက ေရခဲမုန႔္လဲ မယူေတာ့ဘူး သြားၿပီ"

ရိေပၚ ထိုလူကို ေျပာၿပီး ထြက္မလို႔လုပ္ေတာ့ သူ႔ ရဲ့ အက်ႌစေလးကို အစြဲခံရသလိုမို႔ လွၫ့္ၾကၫ့္ေတာ့ ကေလးေပါက္စေလး  ၿပီးေတာ့တိုးတိုးေလးေျပာတယ္။

" ရွဲ႔ရွဲ႔ " တဲ့ေလ။

ခ်စ္လြန္းလို႔ ပါးေလးကိုတစ္ခ်က္ေမႊးၾကဴးလိုက္ေတာ့ ပါးေလးေတြမို႔တက္သြားေအာင္ၿပံဳးျပေလရဲ့...။
သူလည္း အလုပ္ေနာက္က်မွ စိုး၍ ထြက္လာခဲ့ေတာ့သည္။

သားေလးကို တစ္ခ်က္နမ္းကာထြက္သြားတဲ့ေကာင္ေလးကိုၾကၫ့္ကာ Mike အသည္းယားေနမိသည္။

သားေလးကလည္း ထိုေကာင္ေလးကို ျမင္ျမင္ခ်င္းခင္တြယ္ပံုပင္ ။

ဘယ္သူ႔အနမ္းမွ မခံတဲ့သားငယ္ဟာ သူ႔ကိုနမ္းတာ မတြန္းထုတ္တဲ့အျပင္ ၿပံဳးေတာင္ျပလိုက္ေသးသည္။

*ေကာင္ေလးေရ မင္းေလးက ဘယ္သူမ်ားလဲကြာ သားရဲ့ ခင္တြယ္မႈကို ရလိုက္ရံုမကဘဲ ဖေအရဲ့ စိတ္ဝင္စားမႈကိုပါရသြားတယ္ကြ ေနာကတစ္ေခါက္ ထပ္ေတြ့ခ်င္ေသးတယ္"
.
.
.
.
.
.
.

----------


ရိေပၚ သူထိုင္တဲ့ေနရာေရာက္ေတာ့ အခ်ိန္အားျဖင့္၇း၄၅ မိနစ္ရိွေနၿပီျဖစ္သည္။

ပံုမွန္ဆို အလုပ္မတက္ေသးတာေၾကာင့္ မမလုနဲ႔ ရိထ်န္းတို႔က စကားေျပာၾကသည္။

" ၀မ္ဝမ္ အဆင္ေျပသြားၿပီလား  ေျခေထာက္က အဆစ္လြဲသြားတာဆို"

"ဗ်ာ မဟုတ္တာ မမလုရယ္ အဆစ္ေယာင္သြားရံုပါဗ် မမလုကိုဘယ္သူေျပာတာလဲ"

လွၫ့္ပတ္ၾကၫ့္လိုက္ေတာ့ သေကာင့္သား ရိထ်န္း ။

သူ႔ဆီအၾကၫ့္ပံုမိေတာ့ သြားေလးဖီးျပကာ အေျပာမ်ားသြားတာပါဆိုတဲ့ မ်က္ႏွာေပးနဲ႔
အကုန္လံုးကေတာ့ မႏိုင္ဘူး ဆိုတဲ့ပံုစံနဲ႔ေခါင္းတစ္ရမ္းရမ္းခါေနၾကလ်က္။

" အားေနၾကတယ္ေပါ့ ဟုတ္လား"

အသံစူးစူးနဲ႔ မေတြ့ရတဲ့၃ရက္အတြင္း အေတာ္ေလး အာဏာျပထားပံုရတယ္။

" အမေလာ့ အလုပ္မွမတက္ေသးတာ စကားေျပာလို႔မရဘူးလား"

မဟုတ္မခံစိတ္ရိွတဲ့ရိထ်န္းက စကားဆိုေတာ့..

ရိထ်န္းရဲ့စကားကိုအာရံုစိုက္ပံုမေပၚ ရိေပၚကိုသာ ၾကၫ့္ေနလ်က္။

" အိုး ၀မ္ရိေပၚ ေနာက္ဆံုးေတာ့ မင္းလာၿပီေပါ့"

" ဟုတ္ကဲ့ အစ္မေလာ့"

" ဘယ္လိုလုပ္ရမလဲ မင္းကိုျမင္တာနဲ႔ ငါမွာ အလုပ္ေတြခိုင္းစရာ တပံုႀကီးပဲေတြ့ေနရတယ္"

ေသာက္ျမင္ကပ္စရာမ်က္ႏွာနဲ႔ေျပာေနသည္မွာ လု တစ္ေယာက္ လက္ယားလာၿပီး ပါးရိုက္ခ်င္စိတ္ေတာင္ေပါက္လာသည္။

ေလာ့သည္ နာရီကိုေသခ်ာၾကၫ့္ကာ..

" အိုး ၈း၀၀ထိုးၿပီပဲ ၀မ္ရိေပၚေရ လာပါဦး အစ္မရဲ့ အလုပ္ေတြဝိုင္းကူမယ္မလား"

အမွန္ဆို ၅မိနစ္လိုေသးေသာ္လည္း အလုပ္ခ်ိန္ေရာက္ခါနီးၿပီမို႔ ရိေပၚလည္း ဘာမွမေျပာဘဲလိုက္လာခဲ့လိုက္သည္။

" ၀မ္ရိေပၚ ဒီမွာ အနီေရာင္ဖိုင္ေတြ ၉း၀၀နာရီ အၿပီးလိုခ်င္တယ္"

ရိေပၚ ဖိုင္ေတြကိုၾကၫ့္လိုက္ေတာ့ အထပ္လိုက္ႀကီး သူတစ္ေယာက္တည္းလုပ္လို႔ ၁၀း၀၀နာရီ ထိုးရင္ေတာင္ၿပီးမည္မဟုတ္ အရင္က ရက္ပ်က္ထားသည္မို႔ ဘာမွမေျပာဘဲ ဖိုင္ေတြကိုသာ ယူလာလိုက္သည္။
.
.
.
.
.

---------

ဒီေန့ အလုပ္ေတာ္ေတာ္မ်ား မဲ့ေန့မို႔ Xiao Zhan စားပြဲေပၚက ရိွရိွသမ်ွ ဖိုင္ေတြကို လက္မွတ္ထိုးရင္း သူ႔ထမင္းဘူးေလး ႂကြားဖို႔ အခ်ိန္ရေအာင္လုေနရေသးသည္။
က်ိဳးခ်န္ ကလဲ ဟိုဟာ ယူလာလိုက္ ဒီဟာ ယူလာလိုက္နဲ႔ မၿပီးႏိုင္တဲ့ဖိုင္ေတြဆိုတာ မေျပာခ်င္ဘူး တစ္ပတ္လံုးလံုးရံုးမတက္လို႔ လက္မွတ္ထိုးစရာ ဖိုင္ေတြ  ပံုေနသလားမွတ္ရတယ္...။

" CEO ဒီဖိုင္ေလး လက္မွတ္ထိုးေပးပါဦး"

"အင္း"

သိပ္မၾကာပါဘူး ၀င္လာျပန္ၿပီ။

" CEO .."

" အင္း "

သိပ္မၾကာျပန္ဘူး ၀င္လာျပန္ၿပီ။

"CE..."

" အင္း"

သူေတာင္ဘာမွမေျပာရေသးဘူး
အင္း ဟု ဆိုလာေသာ CEOေၾကာင့္ သူ လက္မွတ္ထိုး ခိုင္းမယ္လို႔ထင္ေနပံုပင္ ။

" အာ CEO ဒီတစ္ခါ လက္မွတ္ထိုးရမွာမဟုတ္ဘူးခင္မ် "

"အဲ့ဒါဆို ဘာကိစၥ.."

" ေအာ္ ၁၁းနာရီေလာက္ေရာက္ရင္ အျပင္သြားစရာရိွတယ္လို႔ေျပာမလို႔ဗ် 
ရွန္ဟိုင္း က ရံုးခြဲကိုသြားရမယ္ဗ်"

" ေအာ္ အဲ့လိုလား အင္းၿပီးေရာ"
.
.
.
.
.
.

---------

ေဟာက္ရႊမ္း ဒီေန့ စစ္စရာ စရင္းေတြမွ အထပ္လိုက္ပင္ ။

သူမေန့က လုပ္သမ်ွ အမွားမွား အယြင္းယြင္းမို႔ျပန္ျပင္ေနရသည္။

ဘာေၾကာင့္မွန္းမသိ သူ မေန့ကညေနကမွားသမ်ွ  စရင္းေတြ ဒီေန့မနက္ျပန္စစ္သာစစ္ေနတာ စရင္းေတြေပၚအာရံုမရိွဘဲ မေန့က အျဖစ္အပ်က္ တခ်ိဳ႕ဆီသာအာရံုေရာက္ေနကာ တစ္ခုခုကို ပူပန္ေနဟန္..။

-

--

Flash back start----

က်ိယန္ ကားကိုမွန္မွန္ေမာင္းလာကာ ေနာက္ဆံုးေတာ့ ေရာက္လာခဲ့ၿပီ ။

ခမ္းနားထည္ဝါေသာ Hotel တစ္ခုဆီသို႔  ကားလဲရပ္လိုက္ေရာ ကားထဲက မဆင္းခင္ ...

" ေဟာက္ရႊမ္း ကိုယ္ မင္းကို အႏူးအၫႊတ္အကူအညီေတာင္းေနတာပါ၊ ေက်းဇူးျပဳ၍ ဒီတိုင္း တကယ့္ ခ်စ္သူေတြလိုသရုပ္ေဆာင္ေပးပါ လံုးဝ ခ်စ္ခ်စ္ခင္ခင္ ပံုစံမ်ိဳးေပါ့ အဆင္ေျပမယ္လား"

သူ႔နာမည္ကိုေခၚလာတာမို႔ ေဟာက္ရႊမ္း ရင္ထဲမလိုမက် မသိရင္ ခ်စ္သူေတြ စိတ္ေကာက္ေနၾကသလိုႏွင့္တူေနသေယာင္ ေဟာက္ရႊမ္းလည္း
အင္း ဟုသာေျပာ၍ ေခါင္းၿငိမ့္ျပလိုက္သည္။

ေဟာက္ရႊမ္း ဒီလိုခမ္းနားတဲ့ Hotel မေျပာနဲ႔ အလယ္အလတ္တန္းစားမ်ား ပါလာေရာက္စားေသာက္ႏိုင္ေသာ Hotel မ်ားကိုပါလာဖူးသည္မဟုတ္။

အခုလိုခမ္းနားထည္ဝါလွေသာ အေဆာက္အဦးအတြင္း လာရသည္မို႔ ျမင္ျမင္သမ်ွဟာ အေတာ္ေလးၾကၫ့္ေကာင္းကာ ခန္းနားထည္ဝါလြန္းလွသည္။

ေနာက္ဆံုးေတာ့ေရာက္ခဲ့ပါၿပီ VIP အခန္းတစ္ခု။

ေဟာက္ရႊမ္းလဲ ၿငိမ္ကုပ္ကာ လိုက္လာခဲ့သည္။
အခန္းထဲမ၀င္ခင္ က်ိယန္ဟာ ေဟာက္ရႊမ္းရဲ့ လက္ကို ကိုင္၍  ..

" အခ်စ္ ေမာင့္ေနာက္က လိုက္ခဲ့ေပးပါ ေမာင္ေျပာသလိုပဲ သရုပ္ေဆာင္ေပးပါ ေမာင္တို႔ အတူတူလုပ္ႏိုင္မယ္မလား ေမာင့္  မားမား ကေျပာရဆိုရခက္တဲ့သူမဟုတ္ေတာ့ ေမာင္တို႔ကို လက္ခံေပးႏိုင္မွာပါ"

ေဟာက္ရႊမ္းေၾကာင္ေတာင္ေၾကာင္သြားသည္။

သူေျပာေတာ့ သရုပ္ေဆာင္ေပးရမွာတဲ့အခုဟာက တကယ္ႀကီး ေယာကၡမနဲ႔ေတြ့ရေတာ့မလိုလို ပင္ ။

ေနရင္းထိုင္ရင္း သူေတာင္ ေျခဖ်ား လက္ဖ်ားမ်ား ေအးစက္လာသည္။

က်ိယန္ အခ်စ္ရဲလက္ကို ကိုင္ထားသည္မို႔ သူ႔စကားလဲဆံုးေရာ လက္ဖ်ားမ်ားက ေအးစက္လာေသာအခ်စ္ေၾကာင့္ သူမွာႀကိတ္ၿပံဳးရသည္။

ဒီေကာင္ေလး တကယ္ မသိရင္ ေယာကၡမႀကီးနဲ႔ ေတြ့ရေတာ့မဲ့ သူလို စိတ္လႈပ္ရွားေနသည္။

တကယ္လဲေတြ့ရေတာ့မွာကိုးး

အခန္းထဲဝင္လိုက္ေတာ့ က်ိယန္ရဲ့မာမားသည္
က်က္သေရရိွစြာထိုင္ေနၿပီး အေတာ္ေလးၾကၫ့္၍လွသၫ့္ အမ်ိဳးသမီးႀကီးပင္။

သူ႔မွာ အေမ မရိွေသာေဟာက္ရႊမ္းအဖို႔ က်ိယန္မာမားကို ၾကၫ့္ကာ သူ႔ရဲ့ မရိွတဲ့မာမားကိုေတာင္ သတိရသြားသည္။

"မား  ကြၽန္ေတာ္တို႔ေရာက္ၿပီ "

"အင္း "

ထိုင္လို႔လဲမေျပာေသးတာေၾကာင့္ ထိုင္မလို႔ လုပ္ေနတဲ့ က်ိယန္ကို လက္က ေဆာင့္ဆြဲထားရေသးသည္။

သူဆြဲထားမွန္းသိေတာ့ ဘာလဲ ဆိုတဲ့ အမူအရာျဖင့္ မ်က္ခံုးပင့္ျပေတာ့ သူလဲ ေခါင္းေလးသာအသာရမ္းျပလိုက္သည္။

သူတို႔အမူအရာကို ေသခ်ာၾကၫ့္ေနဟန္ ေမာင့္မာမား အဲ့ က်ိယန္မာမားဟာ ႏႈတ္ခမ္းတြန႔္ရံုၿပံဳးျပကာ ...

" ယန္ေလး ၾကၫ့္စမ္း မင္းနဲ႔ သားမက္ေလးနဲ႔မ်ားကြာပါ့
ယဉ္ေက်းမႈမရိွတာ လူႀကီးက မထိုင္ခိုင္းေသးဘဲ ဇိုးဇိုးဇက္ဇက္ ၀င္မထိုင္ရဘူးဆိုတာ သားမက္ေလးေတာင္သိတယ္"

ဟုဆိုကာ ထိုင္ရာကေန ထလာၿပီး တြဲထားတဲ့ က်ိယန္ရဲ့လက္ကို ပုတ္ထုတ္ကာ ေဟာက္ရြမ္းရဲ့ လက္ကိုကိုင္ကာ သူ ထိုင္တဲ့ ခံုနားမွာ ထိုင္ေစသည္။

" ၾကၫ့္စမ္းပါဦး မား သားမက္ေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ အူတူတူေလးနဲ႔  က်ိယန္နဲ႔မ်ားကြာပ"

A/N- ( အခု ဒီ Fic ထဲမွာပါတဲ့ ေဟာက္ရႊမ္းဟာ TU ကားထဲက ေဟာက္ရႊမ္းနဲ႔လားလားမ်ွမဆိုင္ပါဘူးေနာ္ ဇာတ္ကား နာမည္က *မရဏကႏၲာရသဲပင္လယ္*ပါ
အဲ့ထဲမွာက ေဟာက္ရြမ္းက အဓိက ဇာတ္လိုက္ရဲ့သူငယ္ခ်င္းေလးပါ အဲ့ဇာတ္ကားရဲ့ character ေလးကို ထၫ့္ၾကၫ့္ေပးေစခ်င္တယ္ အဲ့ကားထဲမွာ အူတူတူေလးနဲ႔ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ပံုစံေလးပါ )

" မား သားရဲ့အခ်စ္ကိုျပန္ေပးဗ်ာ"

" အမယ္ မားက မားသားမက္ကိုေခၚတာ ယန္ေလးရဲ့ အခ်စ္ကို မယူပါဘူးေနာ္"

သားအမိႏွစ္ေယာက္ၾကား ဟိုဘက္ၾကၫ့္လိုက္ ဒီဘက္ၾကၫ့္လိုက္နဲ႔ အူတူတူျဖစ္ေနသည္မွာ ေဟာက္ရႊမ္းပင္။

" မား မရဘူးဗ်ာ ဒါကြၽန္ေတာ့္အခ်စ္
အခ်စ္လာ ေမာင့္ဆီလာ"

ဟုဆိုကာ ေဟာက္ရႊမ္းရဲ့လက္ကိုဆြဲကာ သူခံုနဲ႔ အနီးဆံုးခံုကို နီးသထက္နီးေအာင္ဆြဲယူၿပီး ထိုင္ခိုင္းေစသည္။ 

က်ိယန္မားမားက ေတာ့ ဘာမွမေျပာဘဲ ၾကၫ့္ေနသည္။

သူသားေလးကို ဒီလို လုပ္ငန္းရွင္ႀကီးျဖစ္ေအာင္ လုပ္ေပးတဲ့ကေလးဟာ သူ႔ေရ႔ွ အူတူတူေလးထိုင္ေနတဲ့ေကာင္ေလးေၾကာင့္ဆိုလဲမမွားေပ။

  သူ႔သားဂ်စ္ကန္ကန္ေလးဟာ စာဆိုလဲ မလုပ္ အစားဆိုလဲ ဟုတ္တိပတိမစားဘဲ ဂိမ္းသာ ေဆာ့ေနတက္သည္မို႔ သူမ သားအတြက္စိုးရိမ္ေပမဲ့..

သိပ္မၾကာလိုက္ စာကို ပံုမွန္က်က္ရံုမ်ွမက  သေရစာကိုပဲ အာသီသမ်ားတက္ေသာသူမသားဟာ ထမင္းဘူးထၫ့္ခိုင္းတဲ့အထိ ကို လိမၼာသြားသည္။

အက်ိဳးအေၾကာင္းစံုစမ္းၾကၫ့္ေတာ့ သူမသားတက္ေနတဲ့ေက်ာင္းကေကာင္ေလးတစ္ေယာက္ေၾကာင့္တဲ့ေလ။

စစခ်င္း အျမင္မၾကည္ေပးႏိုင္ခဲ့ေပမဲ့ တျဖည္းျဖည္းအေျပာင္းလဲႀကီးေျပာင္းလဲလာတဲ့ သားျဖစ္သူေၾကာင့္သူမဟာ သားငယ္ငယ္ေလးကတည္းက ေတာင္းထားတဲ့ကတိေၾကာင့္ မၿငိဳျငင္ကာ သားမက္အျဖစ္သေဘာတူေပးႏိုင္ခဲ့သည္။

" မား ဘာေတြေတြးေနတာလဲဗ်ာ စားၾကမယ္ေလဗ်ာ ဟင္းေတြေရာက္ၿပီဗ်"

"အင္း စားၾကတာေပါ့ သားမက္ေလး အားမနာနဲ႔ေနာ္ စား မားကို မရိွန္ေနနဲ႔ စားသာစား သိလား"

က်ိယန္ဟာ သူ႔မားမားနဲ႔တူပံုရသည္ အၿပံဳးခ်ိဳခ်ိဳေလးကို အေမြရထားဟန္ အခု သူကိုၿပံဳးျပေနသည္မွာ လဲ ေအးခ်မ္းလွသည့္‌ေမေမတစ္ေယာက္ေကာက္ရသြားသလိုပင္။

" မားသမက္ေလးက စကားနည္းလိုက္တာကြယ္ စကားေလးဘာေလးေျပာပါဦး "

" ဟုတ္.. ဟုတ္ကဲ့ ေကာင္းေကာင္းစားပါ့မယ္ အန္တီ"

" အမ္ ဘာရယ္"

"အခ်စ္ မား လို႔ေခၚလိုက္ေလ"

သူအနားတိုးကာ ေျပာလိုက္ေသာ က်ိယန္ေၾကာင့္ သူ႔စကားကိုျပန္ျပင္လိုက္ရသည္။

" ေကာင္းေကာင္းစားပါ့မယ္လို႔ မာ.. မား"

" အင္း အဲ့လိုမွေပါ့ကြယ္"

ထိုအခါမွသာ ေက်နပ္သြားဟန္ ေမာင့္မာမားေၾကာင့္ ေဟာက္ရႊမ္းမွာ ငိုမိမလိုပင္ ျဖစ္ရေသးသည္။

သူ႔မွာငယ္ငယ္ေလးကတည္းက ေခၚစရာ အေမ မရိွခဲ့သည္မို႔ အခုလိုေခၚခြင့္ရ၍ ေပ်ာ္လြန္း၍ ငိုမိမတက္ပင္။

သူ႔အေၾကာင္းကို နားလည္သၫ့္အလားေမာင္ဟာ လက္ကိုင္ပုဝါစ ေလးေပးေတာ့ သူမွာက်ေတာ့မဲ့ မ်က္ရည္တို႔အားခိုးသုပ္ရေသးသည္။

flash back end...

----

ေဟာက္ရႊမ္းတစ္ခုခုကိုပူပန္ကာ စိတ္ပူေနရတဲ့အေၾကာင္းကေတာ့ ၀မ္ဝမ္ေၾကာင့္ပင္။

သူ ကေတာ့ ဟုတ္ပါၿပီ။

က်ိယန္ကိုသာ လက္ခံလိုက္ရင္ ၀မ္ဝမ္က တစ္ေယာက္ထဲ က်န္ခဲ့မၫ့္အေရးကို စိတ္ပူေနျခင္းသာ..။
သူမေန့က ေပ်ာ္ခဲ့ရေသာ္လည္း သူရဲ့ ေသြးမေတာ္သၫ့္ညီေလးအေၾကာင္းေတြးလိုက္ရင္ ရင္ထဲမေကာင္း၊
အဲ့ဒါေၾကာင့္ပင္ သူမွာ စရင္းေတြထဲအာရံုမရိျွခင္းပင္။


-----

" ၀မ္ရိေပၚ ၿပီးၿပီလား"

" မၿပီးေသးပါဘူး အမေလာ့"

" ဘာ အခုထိမၿပီးေသးဘူးဟုတ္လား"

" ဟုတ္ကဲ့"

" က်စ္* အလုပ္ကို လုပ္တာေနွးေကြးလိုက္တာ လိပ္ကအဘ ျပန္ေခၚေနရတယ္ ထားလိုက္ၿပီးသေလာက္လာထပ္ ၿပီးရင္ ဒီဖိုင္ေတြ ၃လႊာနဲ႔ ၄လႊာကိုသြားပို႔လိုက္ "

ရိေပၚသူစစ္ၿပီးသမ်ွ ဖိုင္ကို ယူကာ အစ္မေလာ့ စားပြဲေပၚသြားတင္ရင္း သူ႔လက္နဲ႔ မဆန႔္တဆန႔္ အေနအထားရိွသၫ့္ ဖိုင္ေတြကိုယူကာ အလႊာအသီးသီးသို႔တက္လာလိုက္သည္။

သူ႔ေျခေထာက္ဟာ ေကာင္းေနၿပီျဖစ္ေသာ္လည္း လမ္းမ်ားမ်ားေလ်ာက္ေနရသျဖင့္ တခါတေလ နာလာသည္။

သို႔ပင္မဲ့ လည္း အမႈ မထားဘဲ အလႊာအသီးသီးကို ဟိုကူးဒီခက္ျဖင့္ ပို႔ေနသည္မွာ ေနာက္ဆံုးေတာ့ၿပီးခဲ့ၿပီမို႔ ကိုယ့္အထပ္ကိုသာ ျပန္လာခဲ့သည္။

ေရာက္ေရာက္ျခင္း ေျခေထာက္က နာေနသည္မို႔ ခန နားရန္ျပင္လိုက္ေသာ္လဲ အေမာမေျပခ်င္စရာ ေခၚသံကိုၾကားရျပန္ၿပီ

" ၀မ္ရိေပၚ"









~~~~~~~~~~~~~~~~







Amaryllis K. // ZSWW //

Jan.3.2021(10:55PM)


Olvasás folytatása

You'll Also Like

35K 2K 50
YiZhan ZhanYi ဘယ္သူက seme . uke ဆိုၿပီးအရမ္းစြဲေနၾကတဲ့သူေတြအတြက္စိတ္မေကာင္းပါဘူး။ ကြ်န္ေတာ္ကႏွစ္ေယာက္စလံုးကိုခ်စ္လို႔ပါ။ ေနာက္ၿပီးေတာ့... manly ဆန...
154K 8.4K 44
ကြယ်လေးရဲ့3ပုဒ်မြောက် Yizhanficလေးပါ အရင်ficလေးတွေနဲ့နည်းနည်းကွဲပါမယ်နော် အားပေးကြပါအုံး💜💜
45.1K 8.2K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
54.8K 3.3K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။