ချည်တိုင်

By hAnn63

239K 22.3K 1.3K

ချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
25
26
27
28
29 (Final Episode)
Episode : Zero : Tie Me Down
Author's noted.
Book publishing.
Book Order.
ချည်တိုင် Sec Edition

22

6.2K 641 38
By hAnn63

ကုန်လွန်ခဲ့တဲ့တစ်နှစ်ကို ပြန်လှည့်ကြည့်ဖြစ်တော့ ဘဝထဲကို Jane ဝင်လာတာကလွဲလို့ ဘာမှထွေထွေထူးထူးမရှိခဲ့ပါဘူး။ Jane ရောက်လာတာကိုက Jisoo အတွက် အပြောင်းအလဲကြီးတစ်ခုပဲ။ Daniel ဆီက လမ်းခွဲစကားကြားပြီးတော့ ဘာမှမထူးဆန်းသွားတဲ့ ကိုယ့်ခံစားချက်ရဲ့အတိမ်အနက်ကိုသိပ်ကြောက်လာတယ်။ Daniel နဲ့ တွဲခဲ့တာ ဘယ်နနှစ်လဲတောင်မမှတ်မိတော့ဘူး။ Jane ကိုတော့ ပထမဆုံးစမြင်ခဲ့တဲ့ကျောပြင်ကလေးကအစ အခုထိမှတ်မိနေတယ်။ Daniel နဲ့ အတူရှိတုန်းကတော့ အမေ့ဆီလုံးဝ စိတ်မရောက်ခဲ့ဘူး။ မိန်းမတစ်ယောက်ကိုချစ်နေတယ်လို့မခံစားရတာကြောင့်ဖြစ်ပါလိမ့်မယ်။

နှစ်သစ်ကူးညက အမေ့ကို အတင်းတွန်းတိုက်ပြီး ထွက်လာဖို့တောင် ခြေထောက်သေတွေကို အတင်းလှုပ်နှိုးပြီး လှမ်းခဲ့ရတယ်။ Jane စောင့်နေမယ်ဆိုတာသိတဲ့စိတ်က အမေ့ကိုထားခဲ့ပစ်ဖို့၊ အဲ့အကြောင်းတွေ ဘာမှမငြင်းခုံဖို့တွန်းအားပေးတယ်။ အဖေ့ကိုလျစ်လျူခဲ့ရလို့ စိတ်မကောင်းပြန်ဘူး။ ဒီအတိုင်းဆက်သွားရရင် Jisoo ပင်ပန်းလွန်းလို့သေသွားနိုင်တယ်။

"အစ်မ ဒီပုံကအစ်မရိုက်ထားတာလား"

Jane ရဲ့ မေးခွန်းကြောင့် အလုပ်ထဲအာရုံမရဖြစ်နေရာကနေ Jisoo အသိဝင်သွားတယ်။ မနက်က အဖေ့ကိုဖုန်းခေါ်တာမကိုင်လို့ စိတ်ပူနေတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ တော်ရုံသွားတွေ့ခဲပေမယ့် အမြဲ ဖုန်းနဲ့ဆက်သွယ်တာမို့ အဖေက Jisoo ဖုန်းဆို ချက်ချင်းကိုင်တယ်။ ဆိုင်ကိုသွားတော့လဲ ဆိုင်ပိတ်ထားတယ်။ အိမ်ကိုလိုက်သွားဖို့က အရမ်းဝေးလို့ အလုပ်ပျက်လို့လဲမဖြစ်တာမို့ ဇွတ်ကိုလာလိုက်ရတယ်။

"ဟုတ်တယ် Jennie"

လက်သူကြွယ်ကဆင်တူလက်စွပ်တွေကို တစ်ချို့တစ်လေကတော့ သတိထားမိနေပြီ။ Jisoo အကြောင်းသိနေတဲ့သူတွေမို့ သူမနဲ့ Jane က ဘာဆိုတာ တစ်ချို့တွေရိပ်မိနေကြပြီ။ သူမနဲ့ Jane က ပုံမှန်ပါပဲ။ အလုပ်မှာခေါ်ပြောနေကျအတိုင်းပဲ ခပ်တန်းတန်းဆက်ဆံနေကြတုန်းပဲ။ တစ်ခုခုဆို သူရော ကိုယ်ရော ထိခိုက်နိုင်တယ်။ Jennie ဟာ Jane လုပ်ငန်းရဲ့ ဆက်ခံသူဖြစ်လာမှာ။ သူမကလဲ ဒီအလုပ်ကနေ ရှေ့ဆက်ပြီးတက်သွားဖို့ပဲရှိတယ်။ နှစ်ယောက်လုံးရဲ့ရှေ့ရေးက သေချာနေမှဖြစ်မယ်။ အချစ်ကိုပဲပိုက်ပြီး စမ်းတဝါးဝါးလက်တွဲသွားမယ့်ထဲမှာ Jisoo မပါဘူး။ Jane ကိုယ်တိုင်ကလဲ အလုပ်နဲ့ပတ်သက်ရင် အရမ်းတိကျတဲ့သူမို့ သူလဲ Jisoo နဲ့ထပ်တူအတွေးရှိမှာပါ။

"Kim Jisoo shi အလုပ်ထဲကိုအာရုံစိုက်ပေးပါလား"

Jane ရဲ့ ခပ်ကျယ်ကျယ်အသံ။ သက်ပြင်းတစ်ချက်ကိုချလိုက်တော့ Jane က သူမကို စူးစိုက်ကြည့်နေတယ်။

"Sorry"

ရိပ်မိနေတဲ့တစ်ချို့ကတော့ သမီးရည်းစားနှစ်ယောက် အချစ်စမ်းနေတယ်လို့ထင်သလားမသိ။ သေချာကြည့်ပြီး ပြုံးစိစိလုပ်နေကြတယ်။

"ဒီတစ်ခေါက် show မှာ ကျွန်မကိုယ်တိုင် ဝတ်ပြီး လျှောက်ပေးမှာ"

Jane ရဲ့ စကားကြောင့် Jisoo ကျောတွေမတ်သွားတယ်။

"Model လုပ်တော့မလို့လား Jennie"

Jongsuk ရဲ့ မေးခွန်းကို Jane က အရေးလုပ်ဖြေမနေဘူး။

"ဒယ်ဒီတောင်းဆိုလို့ပါ ဒီတစ်ပွဲပါပဲ"

Jisoo မကြိုက်ဘူး။ ဟုတ်တယ်။ Jane ကို အန်ကယ်ပွဲထုတ်နေတာသိပေမယ့် အခုလိုထိလုပ်စရာမလိုဘူးလို့မြင်တယ်။ အခုလို show အထိပါ လျှောက်ပေးလိုက်ရင် နဂိုထက် နှစ်ဆပိုပြီး အာရုံအစိုက်ခံလာရမှာ။ အဲ့အရာတွေက သူမနဲ့ Jane ရဲ့ ကိုယ်ပိုင်အချိန်တွေကို မထိခိုက်လာနိုင်ပါဘူးလို့ ဘယ်သူအာမခံနိုင်လဲ။

ဘောပင်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ဘာစကားမှဝင်မပြောမိအောင် Jisoo ထိန်းထားရတယ်။ ပြီးတော့ Jane က လက်ခံထားတာမို့ Jisoo ဝင်ပြောလိုက်ရင် စကားများကြမှာပဲ။

ဒီရက်ပိုင်းတွေထဲလဲ တောက်လျှောက်အဆင်ပြေနေတာ။ နောက်တစ်ပတ်ဆို Jane ရဲ့မွေးနေ့ရောက်ပြီ။ တစ်ခုခုစီစဉ်ပေးဖို့စိတ်ကူးနေပေမယ့် ဘာလုပ်ပေးရမယ်ဆိုတာ Jisoo မသိဘူး။ ပိုဆိုးတာက သူ့အဖေက ပွဲတွေလုပ်ပေးမယ့်ပုံစံမို့ သူမရဲ့ဘာမှန်းမသိသေးတဲ့အစီအစဉ်က အသုံးဝင်ပါမယ်ဆိုတာ မသေချာဘူးလေ။

"အစ်မ နေ့လယ်စာသွားစားမယ်လို့။ ဘာတွေတွေးနေတာလဲဗျာ ညီမတစ်ယောက်လုံးဒီမှာရှိနေတာကို"

ဘေးနားက ခပ်တိုးတိုးအသံလေးက Jisoo ကို အားနာသွားစေတယ်။

"မဟုတ်ဘူး Jane ရယ်။ မနက်က အဖေဖုန်းမကိုင်လို့ အစ်မ အတွေးများနေတာပါ"

"ဟင် ဟုတ်လား။ အိမ်ကိုလိုက်သွားကြည့်လေ။ ညီမလိုက်ပို့မယ်အခု"

"ရတယ် မလိုက်ပါနဲ့"

အလောတကြီးတားလိုက်ပြီးမှ ကိုယ့်ပါးကိုပြန်ရိုက်ချင်သွားတယ်။ ဖြတ်ခနဲညှိုးသွားတဲ့ အဲ့မျက်နှာဝိုင်းဝိုင်းလေးကိုကြည့်ပြီး Jisoo ရင်ထဲ လှိုက််ခနဲဝမ်းနည်းသွားတယ်။

"မဟုတ်ဘူး အစ်မက .."

"ရပါတယ်အစ်မရဲ့ ညီမနားလည်ပါတယ်။ အကယ်၍ အစ်မက အန်ကယ့်ဆီသွားမယ်ဆိုရင် ညီမက ရုံးဆင်းတော့မယ်လေ"

"ဟင့်အင်း မဟုတ်ဘူး Jane နားမလည်ဘူး။ အဲ့လိုဖြစ်သွားစေလို့ အစ်မက တောင်းပန်ပါတယ်။ နော် .. Jane ငယ်လေး။ နေ့လယ်စာအတူစားပြီးရင် Jane က အိမ်ပြန်တော့။ အစ်မက အဖေ့ဆီကိုသွားမယ် ဟုတ်ပြီလား"

အဲ့ပါးဖောင်းဖောင်းလေးကို လက်မနဲ့ပွတ်သပ်ပြောလိုက်တော့မှ Jane က ပြုံးရိပ်သန်းလာတယ်။ အလုပ်ထဲမှာရှိနေတာကို သတိလက်လွတ်ဖြစ်နေတာပဲ။ Jisoo ဆတ်ခနဲခွါလိုက်ပြီး အရင်ထွက်လာရတယ်။

"မွေးနေ့ကို ဘာလုပ်မှာလဲ Jane အစ်မမေးတာက အန်ကယ်များ တစ်ခုခုလုပ်မလားလို့လေ"

ပဲခေါက်ဆွဲကြိုက်တဲ့ ကလေးမက ခေါက်ဆွဲကိုအားရပါးရဝါးရင်း ခေါင်းခါပြတယ်။ ဒီဆိုင်လေးကို မကြာခဏ သူမတို့လာစားဖြစ်ကြတယ်။ Jane လက်တွေကို ပထမဆုံးနမ်းဖြစ်ခဲ့တဲ့နေရာလေးမို့ အမှတ်တရလဲသိပ်ဖြစ်တယ်လေ။

"ပွဲမလုပ်ဘူးလို့ ဒယ်ဒီ့ကို ညီမပြောထားတယ်။ အဲ့နေ့ကျ အစ်မရယ် ညီမရယ် ဒယ်ဒီရယ် ညစာအတူစားလို့ ရမလားဟင်"

ပဲခေါက်ဆွဲတွေကို မျိုမချသေးပဲငုံထားရင်း Jisoo ဆီက အဖြေကိုစောင့်နေတဲ့အမျိုးသမီးငယ်။ Jisoo သူ့ကိုစိုက်ကြည့်မိရင် အသည်းယားလာလွန်းလို့ စိတ်ကိုသိပ်ထိန်းရတယ်။ အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်မိတော့ နေ့လယ်ခင်းမှာတောင် နှင်းတွေကျနေပြီ။

"အင်း။ ညစာစားကြမယ် အစ်မ လာခဲ့မယ် Jane"

"တကယ်?!!"

မျက်ဝန်းတွေကျယ်သွားပြီး သိပ်ပျော်သွားတဲ့ အရူးမလေးရဲ့ပုံရိပ်က Jisoo မျက်ဝန်းထဲချစ်စဖွယ်ဝင်လာတယ်။

"တကယ်ပါ Jane ရဲ့။ အစ်မ ကြိုးစားပြီး အန်ကယ်နဲ့အဆင်ပြေအောင်နေပါ့မယ်"

"အစ်မက အကောင်းဆုံးပဲ။ အစ်မကို Jane က အရမ်းချစ်တယ်"

နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီးပြောလာတဲ့ကလေးငယ်။ Jisoo ဟာ သူနဲ့တကယ်ရောထိုက်တန်ရဲ့လား။ အဖေ့ရှေ့ကိုတောင် ခေါ်မပြသွားနိုင်တဲ့သူမလိုလူနဲ့လေ။

"စားပြီးပြီဆိုတော့ အစ်မလဲသွားတော့လေ။ ညီမလဲအိမ်ပြန်တော့မယ်။ ဒီနေ့ ကုန်တိုက်ကိုခဏသွားပြီး လိုတာလေးတွေဝယ်မလို့။ အစ်မ မပါပေမယ့် တစ်ခါတည်းသွားလိုက်ပါ့မယ် မဟုတ်ရင် မသွားဖြစ်ပဲနေမယ်"

သူ့အိတ်ထဲ ပိုက်ဆံအိတ်နဲ့ဖုန်းကိုထည့်ရင်းပြောနေတဲ့ Jane ကိုကြည့်ရင်း Jisoo မျက်ရည်တွေဝဲလာတယ်။ ဒီဝမ်းနည်းစိတ်ကို ဘယ်လိုထိန်းချုပ်ရပါ့မလဲ။ အစတည်းက ဒီလိုတွေအားနာရမှာသိပ်ကြောက်လို့ သူနဲ့ကိုယ့်ကိုကိုယ် ဇာတ်မျောကြီးထဲသွင်းထားလိုက်တာ။ ဒီလိုဖြစ်လာရင် ဘယ်လိုဖြေရှင်းရပါမယ်ဆိုတာ Jisoo မသိဘူး။

"အစ်မ ငိုချလိုက်မယ်ဆိုရင် ညီမဘယ်လိုနေရမလဲအစ်မရယ်"

မေးထောက်ထားလျက်ကနေ မလှုပ်မရှက်နဲ့ ငိုမိတော့မတတ်ဖြစ်နေတဲ့သူမကို Jane က ခပ်တိုးတိုးလေးပြောလာတယ်။

"တောင်းပန်ပါတယ် .. ဒီလိုလူနဲ့ဆုံစေခဲ့မိလို့ အစ်မက တောင်းပန်ပါတယ်"

ခေါင်းကိုငုံ့ချလိုက်တော့ မျက်ရည်တွေမှောက်ကျသွားတယ်။ Jisoo ဒီခံစားချက်တွေနဲ့ရူးသွားတော့မလိုခံစားနေရတယ်။ Jane ကိုသိပ်ချစ်တာ။ အကုန်မျှဝေခံစားပေးချင်တာဆိုပေမယ့် သူမက အမေနဲ့ပတ်သက်ပြီး အဖေ့ကို အားနာရတဲ့အဲ့အသိ။ Jane နဲ့သူမ တွဲနေတာသိရင် အဖေဘယ်လိုတုံ့ပြန်မလဲဆိုတာ Jisoo မသိပါဘူး။ သေချာတာတော့ အမေပေးခဲ့တဲ့ဒဏ်ရာအတိုင်း အဖေခံစားရမှာ။ အဲ့ဒဏ်ရာအတိုင်းထပ်တူမဟုတ်ရင်တောင် အဲ့နာကျင်မှုတွေရဲ့အနီးဆုံးက ပူလောင်မှုကိုခံစားရမှာ။

"ညီမအတွက်တော့လေ .. အစ်မကိုချစ်တာက ရည်းစားဖြစ်လာမှချစ်တာမဟုတ်ဘူး သိရဲ့လား။ အစ်မနဲ့ Daniel တွဲခဲ့တယ်ဆိုတာသိပြီးတည်းက ညီမနေရာကိုပြန်သုံးသပ်ဖြစ်ခဲ့ပြီး အစ်မအတွက် ဘယ်လိုလူတစ်ယောက်ဖြစ်ချင်နေပါတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိခဲ့တာမို့လို့ အစ်မကိုချစ်တာ တစ်နှစ်ရှိပြီ။ အစ်မနဲ့အတူရှိခဲ့တာ တစ်နှစ်ရှိပြီလို့"

Jane ကို မျက်ရည်တွေနဲ့ငေးနေရုံကလွဲလို့ ဘာမှပြန်မပြောနိုင်တဲ့ ကိုယ့်အဖြစ်ကို အားမရလိုက်တာ။

"စည်းတွေတားထားခဲ့တာကို နားမလည်ခဲ့တုန်းက သိပ်ကိုခံစားခဲ့ရပေမယ့် ညီမက အစ်မပြန်ခေါ်တာနဲ့ ပါလာတဲ့မိန်းမပါ"

အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ပြီး မျက်ရည်ထပ်မကျအောင်ထိန်းလိုက်ပေမယ့် မရခဲ့ပါဘူး။ Jane ရှေ့မှာငိုမိတာ ဒါနဲ့ဆို လေးခါမြောက်ပဲ။

"အစ်မအမေနဲ့ တိုက်ရိုက်ရှင်းလိုက်ပါလားဟင်"

သူ့အမေအကြောင်းထည့်ပြောလိုက်တော့ မျက်ခုံးနှစ်ခုကို ကျုံ့လိုက်တဲ့အစ်မကြောင့် Jennie စိုးရိမ်သွားတယ်။ ဒါပေမယ့် ဒါကြီးကိုပြောမှဖြစ်မယ်။ အစ်မက သူ့အမေအပေါ်မုန်းနေသ၍ Jennie ကို စိတ်သန့်သန့်နဲ့ချစ်နိုင်မယ်လို့ Jennie မထင်ဘူး။

"ရှင်းရင် အဖြေရမယ်ထင်လား? အစ်မ မရှင်းခဲ့ဘူးထင်လို့လား Jane အဲ့မိန်းမက သူပျော်မယ့်လမ်းကိုပဲအဆုံးထိရွေးမယ့်မိန်းမလေ"

အဲ့မိန်းမဆိုတဲ့အသုံးအနှုန်းကို Jennie စိတ်ခုသွားတယ်။ သူမနဲ့မာမီက သိပ်ကောင်းတဲ့ သားအမိဆက်ဆံရေးကိုရခဲ့တာမို့ဖြစ်ကောင်းဖြစ်နိုင်တယ်။

"အစ်မကရော အခု မိန်းမတစ်ယောက်ကိုချစ်မိနေတာမဟုတ်လို့လား"

အစ်မရဲ့မျက်ဝန်းတွေက အနာကို ဆတ်ခနဲအရိုက်ခံလိုက်ရတဲ့လူတစ်ယောက် နာကျင်လွန်းလို့ အသက်ရှူပါမှားသွားသလိုမျိုးယောက်ယက်ခတ်သွားတယ်။ Jennie စကားမှားသွားပြီ။ Jennie ... အစ်မရဲ့ အထိမခံနိုင်တဲ့အစိတ်အပိုင်းကိုမှ သွားပြီး ပုတ်ခတ်လိုက်မိပြီ။

"နင်ရောငါရော အိမ်ထောင်ရှိရက်နဲ့ဖောက်ပြန်နေကြလို့လား Jennie!! ဟမ် !! နင်က နင့်ယောက်ျားကိုပစ်ပြီး ငါ့ကိုကြိုက်တာမို့လို့လား!! ငါကရော ငါ့အိမ်ထောင်ကမသိအောင် နင်နဲ့ဖောက်ပြန်နေတာမို့လို့လား!!"

နင်? ငါ? Jennie?

ဒါတွေကို အစ်မပါးစပ်ကပြောထွက်လာတယ်? Jennie အိတ်ကိုပိုက်ပြီး ထိုင်နေရာကနေ ဒီခုံလေးထဲ ပြာကျသွားချင်လာတယ်။ အစ်မက .. အစ်မက .. Jennie ကို အော်နေတယ်။ နင်တွေငါတွေနဲ့ပြောနေတယ်။ သိပ်ကိုဒေါသထွက်နေတယ်။ ဘယ်လောက်စိတ်ဆိုးစရာဖြစ်ဖြစ် အေးအေးဆေးဆေး ပြောပြတဲ့အစ်မကလေ?

တုန်ယင်လာတဲ့လက်တွေကို အစ်မမမြင်အောင်  အိတ်အောက်ကိုဖွက်ထားလိုက်ရတယ်။ Jennie ငိုချင်တယ်။ ဘာလုပ်ရမလဲ။

"သွားတော့ ပြန်တော့"

အော်လိုက်မိလို့ တောင်းပန်မယ်ထင်ထားခဲ့ပေမယ့်၊ နာမည်တပ်ခေါ်မိလို့ တောင်းပန်မယ်ထင်ထားခဲ့ပေမယ့် အစ်မက သူမကို နှင်သတဲ့။ Jennie အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

"ရှင့်ဟာရှင်အရင်ပြန်။ ကျွန်မဒီမှာထိုင်နေဦးမှာ!!"

ကလေးတစ်ယောက် မအေကိုပြန်အော်သလိုလေသံမျိုးနဲ့ပြန်အော်တော့ အစ်မက Jennie ကို သက်ပြင်းချပြီးကြည့်တယ်။ Jennie ငိုနေတာကို သူမျက်လုံးကောင်းသေးရင်မြင်မှာပေါ့။

"ကောင်းပြီ"

ထထွက်သွားတဲ့ အဲ့ကျောပြင်ကျယ်ဟာ ဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့ကျောပြင်မျိုးပါပဲ။ ခေါက်ဆွဲပန်းကန်ဘေးကို ခေါင်းငိုက်စိုက်ကျပြီး Jennie တသိမ့်သိမ့်ငိုကျန်ခဲ့တယ်။ ဘယ်သူမှမမှားတဲ့ ရန်ပွဲတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမှပြေလည်တတ်လဲဆိုတာ သူမ မသိဘူး။ အစ်မကတော့ သိနေပါစေလို့ Jennie ဆုတောင်းတယ်။

ဆိုင်အရှေ့လမ်းမဘေးက သစ်ပင်နားမှာ Jisoo ဘာလုပ်ရမှန်းမသိဘူး။ ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်သွားတော့မလိုခံစားနေရတယ်။ Jane က သူမကိုနားမလည်ဘူး .. Jane က သူမရဲ့နာကျင်မှုကို လုံးဝနားမလည်ဘူး။ အမေနဲ့အတူတူဖြစ်နေပြီး အမေ့ကိုကျ မုန်းနေတယ်လို့ အထင်ခံရမှာသိပ်ကြောက်တဲ့မိန်းမကိုမှ အဲ့စကားနဲ့ ထိုးနှက်တဲ့ Jane.

မတူဘူးလေ .. မတူဘူးမလား။ ဟုတ်တယ်မလား။ Jane ကိုချစ်မိသွားရုံနဲ့ အဖေ့အနားက ထွက်လာဖို့ Jisoo မတွေးဘူးလေ။

နှင်းတဖွဲဖွဲကြားထဲ ဒူးပေါ်လက်ထောက်လို့ ခေါင်းငုံ့ငိုနေတဲ့မိန်းမကိုမြင်လိုက်မိရင် အဲ့ဒါ Jisoo Kim ပါပဲ။ ဒီကြောက်စိတ်ကိုဘယ်လိုတွန်းထုတ်ရမလဲလို့စဉ်းစားတိုင်း အဖြေမရခဲ့ပါဘူး။ သန်မာချင်ယောင်ဆောင်နေသမျှကာလပတ်လုံးဟာ အမေ့ကိုတွေးမိတာနဲ့ အရုပ်ကြိုးပြတ်!!

ကိုယ့်ကိုကိုယ်မုန်းလိုက်တာ .. အခုလိုဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် Jisoo သိပ်မုန်းတာပဲ။

"မငိုပါနဲ့တော့"

အနောက်နားကနေ ကျောပြင်ကိုကပ်ပြီး သိမ်းကြုံးပွေ့ဖက်ပေးလာတဲ့မိန်းမငယ်က Jisoo ကို မငိုဖို့နှစ်သိမ့်တယ်။ နှစ်သိမ့်စကားကိုကြားမှ ကိုယ့်ကိုကိုယ်တင်မိတဲ့အပြစ်စိတ်က ပိုကြီးသွားတယ်။ Jisoo မဟုတ်ရင် Jisoo ဖြစ်နေတာကို ဘယ်သူမှနားမလည်နိုင်ဘူး။ Jane တောင်မှပေါ့ .. Jisoo ဖြစ်နေတာကို နားမလည်နိုင်ပါဘူး။

"ပြန်တော့ Jane"

"တကယ်ပဲ ဘာဖြစ်နေတာလဲ!! အဲ့လိုအပြစ်တင်နေရင် ဘယ်လိုရှင်သန်မှာလဲ!!"

လူသွားလူလာရှိတာမို့လို့ Jane ရဲ့ ဒေါသကိုနားလည်တဲ့သူမက အလျှော့ပေးရမှာဆိုပေမယ့် Jisoo သိပ်ကို နာကျင်နေတယ်။

"ပြန်တော့ Jane ရယ်။ အစ်မ သိပ်ကို အထိန်းအချုပ်မဲ့နေတယ်။ စောစောကထက်ဆိုးတာတွေ Jane ကိုပြောမိလိမ့်မယ်"

ကိုယ်မနိုင်ပဲ ထမ်းထားခဲ့မိတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို Jane ကို သူမ မမြင်မိအောင် Jisoo သိပ်ကြိုးစားခဲ့ရတယ်။

"မွေးနေ့လဲ မလာနဲ့တော့ !! ကျွန်မဆီလုံးဝမလာနဲ့တော့ !! ပြန်မယ် ရှင်အဲ့လောက်ပြန်စေချင်နေရင် ပြန်မယ် !!"

Jisoo အရှေ့တည့်တည့်ကိုရောက်လာတဲ့ Jane က သူ့မျက်နှာပေါ်ပြေးဆင်းနေတဲ့ နှင်းစတွေကို ဒေါသတကြီးပွတ်သပ်ဖယ်ရင်းနဲ့ Jisoo ကိုအော်​တယ်။ ငိုချင်စိတ်ကြောင့်ရော အအေးဓာတ်ကြောင့်ရောနဲ့ အမျိုးသမီးငယ်ရဲ့နှာဖျားတွေရဲနေသည်။ သူမကို အမြဲ သည်းခံခဲ့တဲ့ကလေးလေးက အခုတော့ တကယ်ဒေါသထွက်နေပြီပဲ။

Jisoo ဘယ်လိုလုပ်ရပါ့မလဲ ... ဒီစိတ်ဒဏ်ရာအခက်အခဲကြီးကို Jisoo ဘယ်လိုရှင်းရပါ့မလဲ။ သူ့ကို ဗလာမျက်လုံးတွေနဲ့ပဲ ပြန်ငေးနိုင်တဲ့မိန်းမကို သူစိတ်ကုန်သွားမှာသိပ်စိုးတယ်။ လစ်ဟာသွားတဲ့အရှေ့ကမြင်ကွင်းက နာကျင်စရာအကောင်းဆုံးပဲ။ Jane ကိုချစ်မိလို့ ဖြစ်တည်နေရတဲ့ ဝေဒနာတွေဆိုပေမယ့် Jane ကိုချစ်နေသေးကြောင်းတော့ ပြောပြရဦးမှဖြစ်မယ်။

စိတ်ဒဏ်ရာမီးစာတို့သည် ချည်တိုင်အား ပြန်လောင်ကျွမ်းနေသည်။ ရစ်ပတ်ထားတဲ့ အတွယ်အနှောင်တွေများလေ ထိုမီးတောက်က ပိုကြီးလေဆိုတာ နှစ်ယောက်လုံး စဉ်းစားသင့်ခဲ့ကြပါသည်။

TBC......🧵
6 January 2021

•••

ကုန္လြန္ခဲ့တဲ့တစ္ႏွစ္ကို ျပန္လွည့္ၾကည့္ျဖစ္ေတာ့ ဘဝထဲကို Jane ဝင္လာတာကလြဲလို႔ ဘာမွေထြေထြထူးထူးမရွိခဲ့ပါဘူး။ Jane ေရာက္လာတာကိုက Jisoo အတြက္ အေျပာင္းအလဲႀကီးတစ္ခုပဲ။ Daniel ဆီက လမ္းခြဲစကားၾကားၿပီးေတာ့ ဘာမွမထူးဆန္းသြားတဲ့ ကိုယ့္ခံစားခ်က္ရဲ့အတိမ္အနက္ကိုသိပ္ေၾကာက္လာတယ္။ Daniel နဲ႔ တြဲခဲ့တာ ဘယ္နႏွစ္လဲေတာင္မမွတ္မိေတာ့ဘူး။ Jane ကိုေတာ့ ပထမဆုံးစျမင္ခဲ့တဲ့ေက်ာျပင္ကေလးကအစ အခုထိမွတ္မိေနတယ္။ Daniel နဲ႔ အတူရွိတုန္းကေတာ့ အေမ့ဆီလုံးဝ စိတ္မေရာက္ခဲ့ဘူး။ မိန္းမတစ္ေယာက္ကိုခ်စ္ေနတယ္လို႔မခံစားရတာေၾကာင့္ျဖစ္ပါလိမ့္မယ္။

ႏွစ္သစ္ကူးညက အေမ့ကို အတင္းတြန္းတိုက္ၿပီး ထြက္လာဖို႔ေတာင္ ေျခေထာက္ေသေတြကို အတင္းလွုပ္ႏွိုးၿပီး လွမ္းခဲ့ရတယ္။ Jane ေစာင့္ေနမယ္ဆိုတာသိတဲ့စိတ္က အေမ့ကိုထားခဲ့ပစ္ဖို႔၊ အဲ့အေၾကာင္းေတြ ဘာမွမျငင္းခုံဖို႔တြန္းအားေပးတယ္။ အေဖ့ကိုလ်စ္လ်ဴခဲ့ရလို႔ စိတ္မေကာင္းျပန္ဘူး။ ဒီအတိုင္းဆက္သြားရရင္ Jisoo ပင္ပန္းလြန္းလို႔ေသသြားနိုင္တယ္။

"အစ္မ ဒီပုံကအစ္မရိုက္ထားတာလား"

Jane ရဲ့ ေမးခြန္းေၾကာင့္ အလုပ္ထဲအာ႐ုံမရျဖစ္ေနရာကေန Jisoo အသိဝင္သြားတယ္။ မနက္က အေဖ့ကိုဖုန္းေခၚတာမကိုင္လို႔ စိတ္ပူေနတာလို႔ေျပာရင္ပိုမွန္ပါလိမ့္မယ္။ ေတာ္႐ုံသြားေတြ႕ခဲေပမယ့္ အျမဲ ဖုန္းနဲ႔ဆက္သြယ္တာမို႔ အေဖက Jisoo ဖုန္းဆို ခ်က္ခ်င္းကိုင္တယ္။ ဆိုင္ကိုသြားေတာ့လဲ ဆိုင္ပိတ္ထားတယ္။ အိမ္ကိုလိုက္သြားဖို႔က အရမ္းေဝးလို႔ အလုပ္ပ်က္လို႔လဲမျဖစ္တာမို႔ ဇြတ္ကိုလာလိုက္ရတယ္။

"ဟုတ္တယ္ Jennie"

လက္သူႂကြယ္ကဆင္တူလက္စြပ္ေတြကို တစ္ခ်ိဳ႕တစ္ေလကေတာ့ သတိထားမိေနၿပီ။ Jisoo အေၾကာင္းသိေနတဲ့သူေတြမို႔ သူမနဲ႔ Jane က ဘာဆိုတာ တစ္ခ်ိဳ႕ေတြရိပ္မိေနၾကၿပီ။ သူမနဲ႔ Jane က ပုံမွန္ပါပဲ။ အလုပ္မွာေခၚေျပာေနက်အတိုင္းပဲ ခပ္တန္းတန္းဆက္ဆံေနၾကတုန္းပဲ။ တစ္ခုခုဆို သူေရာ ကိုယ္ေရာ ထိခိုက္နိုင္တယ္။ Jennie ဟာ Jane လုပ္ငန္းရဲ့ ဆက္ခံသူျဖစ္လာမွာ။ သူမကလဲ ဒီအလုပ္ကေန ေရွ႕ဆက္ၿပီးတက္သြားဖို႔ပဲရွိတယ္။ ႏွစ္ေယာက္လုံးရဲ့ေရွ႕ေရးက ေသခ်ာေနမွျဖစ္မယ္။ အခ်စ္ကိုပဲပိုက္ၿပီး စမ္းတဝါးဝါးလက္တြဲသြားမယ့္ထဲမွာ Jisoo မပါဘူး။ Jane ကိုယ္တိုင္ကလဲ အလုပ္နဲ႔ပတ္သက္ရင္ အရမ္းတိက်တဲ့သူမို႔ သူလဲ Jisoo နဲ႔ထပ္တူအေတြးရွိမွာပါ။

"Kim Jisoo shi အလုပ္ထဲကိုအာ႐ုံစိုက္ေပးပါလား"

Jane ရဲ့ ခပ္က်ယ္က်ယ္အသံ။ သက္ျပင္းတစ္ခ်က္ကိုခ်လိုက္ေတာ့ Jane က သူမကို စူးစိုက္ၾကည့္ေနတယ္။

"Sorry"

ရိပ္မိေနတဲ့တစ္ခ်ိဳ႕ကေတာ့ သမီးရည္းစားႏွစ္ေယာက္ အခ်စ္စမ္းေနတယ္လို႔ထင္သလားမသိ။ ေသခ်ာၾကည့္ၿပီး ျပဳံးစိစိလုပ္ေနၾကတယ္။

"ဒီတစ္ေခါက္ show မွာ ကၽြန္မကိုယ္တိုင္ ဝတ္ၿပီး ေလၽွာက္ေပးမွာ"

Jane ရဲ့ စကားေၾကာင့္ Jisoo ေက်ာေတြမတ္သြားတယ္။

"Model လုပ္ေတာ့မလို႔လား Jennie"

Jongsuk ရဲ့ ေမးခြန္းကို Jane က အေရးလုပ္ေျဖမေနဘူး။

"ဒယ္ဒီေတာင္းဆိုလို႔ပါ ဒီတစ္ပြဲပါပဲ"

Jisoo မႀကိဳက္ဘူး။ ဟုတ္တယ္။ Jane ကို အန္ကယ္ပြဲထုတ္ေနတာသိေပမယ့္ အခုလိုထိလုပ္စရာမလိုဘူးလို႔ျမင္တယ္။ အခုလို show အထိပါ ေလၽွာက္ေပးလိုက္ရင္ နဂိုထက္ ႏွစ္ဆပိုၿပီး အာ႐ုံအစိုက္ခံလာရမွာ။ အဲ့အရာေတြက သူမနဲ႔ Jane ရဲ့ ကိုယ္ပိုင္အခ်ိန္ေတြကို မထိခိုက္လာနိုင္ပါဘူးလို႔ ဘယ္သူအာမခံနိုင္လဲ။

ေဘာပင္ကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး ဘာစကားမွဝင္မေျပာမိေအာင္ Jisoo ထိန္းထားရတယ္။ ၿပီးေတာ့ Jane က လက္ခံထားတာမို႔ Jisoo ဝင္ေျပာလိုက္ရင္ စကားမ်ားၾကမွာပဲ။

ဒီရက္ပိုင္းေတြထဲလဲ ေတာက္ေလၽွာက္အဆင္ေျပေနတာ။ ေနာက္တစ္ပတ္ဆို Jane ရဲ့ေမြးေန႔ေရာက္ၿပီ။ တစ္ခုခုစီစဥ္ေပးဖို႔စိတ္ကူးေနေပမယ့္ ဘာလုပ္ေပးရမယ္ဆိုတာ Jisoo မသိဘူး။ ပိုဆိုးတာက သူ႔အေဖက ပြဲေတြလုပ္ေပးမယ့္ပုံစံမို႔ သူမရဲ့ဘာမွန္းမသိေသးတဲ့အစီအစဥ္က အသုံးဝင္ပါမယ္ဆိုတာ မေသခ်ာဘူးေလ။

"အစ္မ ေန႔လယ္စာသြားစားမယ္လို႔။ ဘာေတြေတြးေနတာလဲဗ်ာ ညီမတစ္ေယာက္လုံးဒီမွာရွိေနတာကို"

ေဘးနားက ခပ္တိုးတိုးအသံေလးက Jisoo ကို အားနာသြားေစတယ္။

"မဟုတ္ဘူး Jane ရယ္။ မနက္က အေဖဖုန္းမကိုင္လို႔ အစ္မ အေတြးမ်ားေနတာပါ"

"ဟင္ ဟုတ္လား။ အိမ္ကိုလိုက္သြားၾကည့္ေလ။ ညီမလိုက္ပို႔မယ္အခု"

"ရတယ္ မလိုက္ပါနဲ႔"

အေလာတႀကီးတားလိုက္ၿပီးမွ ကိုယ့္ပါးကိုျပန္ရိုက္ခ်င္သြားတယ္။ ျဖတ္ခနဲညႇိုးသြားတဲ့ အဲ့မ်က္ႏွာဝိုင္းဝိုင္းေလးကိုၾကည့္ၿပီး Jisoo ရင္ထဲ လွိုက္္ခနဲဝမ္းနည္းသြားတယ္။

"မဟုတ္ဘူး အစ္မက .."

"ရပါတယ္အစ္မရဲ့ ညီမနားလည္ပါတယ္။ အကယ္၍ အစ္မက အန္ကယ့္ဆီသြားမယ္ဆိုရင္ ညီမက ႐ုံးဆင္းေတာ့မယ္ေလ"

"ဟင့္အင္း မဟုတ္ဘူး Jane နားမလည္ဘူး။ အဲ့လိုျဖစ္သြားေစလို႔ အစ္မက ေတာင္းပန္ပါတယ္။ ေနာ္ .. Jane ငယ္ေလး။ ေန႔လယ္စာအတူစားၿပီးရင္ Jane က အိမ္ျပန္ေတာ့။ အစ္မက အေဖ့ဆီကိုသြားမယ္ ဟုတ္ၿပီလား"

အဲ့ပါးေဖာင္းေဖာင္းေလးကို လက္မနဲ႔ပြတ္သပ္ေျပာလိုက္ေတာ့မွ Jane က ျပဳံးရိပ္သန္းလာတယ္။ အလုပ္ထဲမွာရွိေနတာကို သတိလက္လြတ္ျဖစ္ေနတာပဲ။ Jisoo ဆတ္ခနဲခြါလိုက္ၿပီး အရင္ထြက္လာရတယ္။

"ေမြးေန႔ကို ဘာလုပ္မွာလဲ Jane အစ္မေမးတာက အန္ကယ္မ်ား တစ္ခုခုလုပ္မလားလို႔ေလ"

ပဲေခါက္ဆြဲႀကိဳက္တဲ့ ကေလးမက ေခါက္ဆြဲကိုအားရပါးရဝါးရင္း ေခါင္းခါျပတယ္။ ဒီဆိုင္ေလးကို မၾကာခဏ သူမတို႔လာစားျဖစ္ၾကတယ္။ Jane လက္ေတြကို ပထမဆုံးနမ္းျဖစ္ခဲ့တဲ့ေနရာေလးမို႔ အမွတ္တရလဲသိပ္ျဖစ္တယ္ေလ။

"ပြဲမလုပ္ဘူးလို႔ ဒယ္ဒီ့ကို ညီမေျပာထားတယ္။ အဲ့ေန႔က် အစ္မရယ္ ညီမရယ္ ဒယ္ဒီရယ္ ညစာအတူစားလို႔ ရမလားဟင္"

ပဲေခါက္ဆြဲေတြကို မ်ိဳမခ်ေသးပဲငုံထားရင္း Jisoo ဆီက အေျဖကိုေစာင့္ေနတဲ့အမ်ိဳးသမီးငယ္။ Jisoo သူ႔ကိုစိုက္ၾကည့္မိရင္ အသည္းယားလာလြန္းလို႔ စိတ္ကိုသိပ္ထိန္းရတယ္။ အျပင္ဘက္ကိုတစ္ခ်က္လွမ္းၾကည့္မိေတာ့ ေန႔လယ္ခင္းမွာေတာင္ ႏွင္းေတြက်ေနၿပီ။

"အင္း။ ညစာစားၾကမယ္ အစ္မ လာခဲ့မယ္ Jane"

"တကယ္?!!"

မ်က္ဝန္းေတြက်ယ္သြားၿပီး သိပ္ေပ်ာ္သြားတဲ့ အ႐ူးမေလးရဲ့ပုံရိပ္က Jisoo မ်က္ဝန္းထဲခ်စ္စဖြယ္ဝင္လာတယ္။

"တကယ္ပါ Jane ရဲ့။ အစ္မ ႀကိဳးစားၿပီး အန္ကယ္နဲ႔အဆင္ေျပေအာင္ေနပါ့မယ္"

"အစ္မက အေကာင္းဆုံးပဲ။ အစ္မကို Jane က အရမ္းခ်စ္တယ္"

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးၿပီးေျပာလာတဲ့ကေလးငယ္။ Jisoo ဟာ သူနဲ႔တကယ္ေရာထိုက္တန္ရဲ့လား။ အေဖ့ေရွ႕ကိုေတာင္ ေခၚမျပသြားနိုင္တဲ့သူမလိုလူနဲ႔ေလ။

"စားၿပီးၿပီဆိုေတာ့ အစ္မလဲသြားေတာ့ေလ။ ညီမလဲအိမ္ျပန္ေတာ့မယ္။ ဒီေန႔ ကုန္တိုက္ကိုခဏသြားၿပီး လိုတာေလးေတြဝယ္မလို႔။ အစ္မ မပါေပမယ့္ တစ္ခါတည္းသြားလိုက္ပါ့မယ္ မဟုတ္ရင္ မသြားျဖစ္ပဲေနမယ္"

သူ႔အိတ္ထဲ ပိုက္ဆံအိတ္နဲ႔ဖုန္းကိုထည့္ရင္းေျပာေနတဲ့ Jane ကိုၾကည့္ရင္း Jisoo မ်က္ရည္ေတြဝဲလာတယ္။ ဒီဝမ္းနည္းစိတ္ကို ဘယ္လိုထိန္းခ်ဳပ္ရပါ့မလဲ။ အစတည္းက ဒီလိုေတြအားနာရမွာသိပ္ေၾကာက္လို႔ သူနဲ႔ကိုယ့္ကိုကိုယ္ ဇာတ္ေမ်ာႀကီးထဲသြင္းထားလိုက္တာ။ ဒီလိုျဖစ္လာရင္ ဘယ္လိုေျဖရွင္းရပါမယ္ဆိုတာ Jisoo မသိဘူး။

"အစ္မ ငိုခ်လိုက္မယ္ဆိုရင္ ညီမဘယ္လိုေနရမလဲအစ္မရယ္"

ေမးေထာက္ထားလ်က္ကေန မလွုပ္မရွက္နဲ႔ ငိုမိေတာ့မတတ္ျဖစ္ေနတဲ့သူမကို Jane က ခပ္တိုးတိုးေလးေျပာလာတယ္။

"ေတာင္းပန္ပါတယ္ .. ဒီလိုလူနဲ႔ဆုံေစခဲ့မိလို႔ အစ္မက ေတာင္းပန္ပါတယ္"

ေခါင္းကိုငုံ႔ခ်လိုက္ေတာ့ မ်က္ရည္ေတြေမွာက္က်သြားတယ္။ Jisoo ဒီခံစားခ်က္ေတြနဲ႔႐ူးသြားေတာ့မလိုခံစားေနရတယ္။ Jane ကိုသိပ္ခ်စ္တာ။ အကုန္မၽွေဝခံစားေပးခ်င္တာဆိုေပမယ့္ သူမက အေမနဲ႔ပတ္သက္ၿပီး အေဖ့ကို အားနာရတဲ့အဲ့အသိ။ Jane နဲ႔သူမ တြဲေနတာသိရင္ အေဖဘယ္လိုတုံ႔ျပန္မလဲဆိုတာ Jisoo မသိပါဘူး။ ေသခ်ာတာေတာ့ အေမေပးခဲ့တဲ့ဒဏ္ရာအတိုင္း အေဖခံစားရမွာ။ အဲ့ဒဏ္ရာအတိုင္းထပ္တူမဟုတ္ရင္ေတာင္ အဲ့နာက်င္မွုေတြရဲ့အနီးဆုံးက ပူေလာင္မွုကိုခံစားရမွာ။

"ညီမအတြက္ေတာ့ေလ .. အစ္မကိုခ်စ္တာက ရည္းစားျဖစ္လာမွခ်စ္တာမဟုတ္ဘူး သိရဲ့လား။ အစ္မနဲ႔ Daniel တြဲခဲ့တယ္ဆိုတာသိၿပီးတည္းက ညီမေနရာကိုျပန္သုံးသပ္ျဖစ္ခဲ့ၿပီး အစ္မအတြက္ ဘယ္လိုလူတစ္ေယာက္ျဖစ္ခ်င္ေနပါတယ္ဆိုတာ ကိုယ့္ကိုကိုယ္သိခဲ့တာမို႔လို႔ အစ္မကိုခ်စ္တာ တစ္ႏွစ္ရွိၿပီ။ အစ္မနဲ႔အတူရွိခဲ့တာ တစ္ႏွစ္ရွိၿပီလို႔"

Jane ကို မ်က္ရည္ေတြနဲ႔ေငးေန႐ုံကလြဲလို႔ ဘာမွျပန္မေျပာနိုင္တဲ့ ကိုယ့္အျဖစ္ကို အားမရလိုက္တာ။

"စည္းေတြတားထားခဲ့တာကို နားမလည္ခဲ့တုန္းက သိပ္ကိုခံစားခဲ့ရေပမယ့္ ညီမက အစ္မျပန္ေခၚတာနဲ႔ ပါလာတဲ့မိန္းမပါ"

ေအာက္ႏွုတ္ခမ္းကိုခပ္ဖြဖြကိုက္ၿပီး မ်က္ရည္ထပ္မက်ေအာင္ထိန္းလိုက္ေပမယ့္ မရခဲ့ပါဘူး။ Jane ေရွ႕မွာငိုမိတာ ဒါနဲ႔ဆို ေလးခါေျမာက္ပဲ။

"အစ္မအေမနဲ႔ တိုက္ရိုက္ရွင္းလိုက္ပါလားဟင္"

သူ႔အေမအေၾကာင္းထည့္ေျပာလိုက္ေတာ့ မ်က္ခုံးႏွစ္ခုကို က်ဳံ႕လိုက္တဲ့အစ္မေၾကာင့္ Jennie စိုးရိမ္သြားတယ္။ ဒါေပမယ့္ ဒါႀကီးကိုေျပာမွျဖစ္မယ္။ အစ္မက သူ႔အေမအေပၚမုန္းေနသ၍ Jennie ကို စိတ္သန့္သန့္နဲ႔ခ်စ္နိုင္မယ္လို႔ Jennie မထင္ဘူး။

"ရွင္းရင္ အေျဖရမယ္ထင္လား? အစ္မ မရွင္းခဲ့ဘူးထင္လို႔လား Jane အဲ့မိန္းမက သူေပ်ာ္မယ့္လမ္းကိုပဲအဆုံးထိေရြးမယ့္မိန္းမေလ"

အဲ့မိန္းမဆိုတဲ့အသုံးအႏွုန္းကို Jennie စိတ္ခုသြားတယ္။ သူမနဲ႔မာမီက သိပ္ေကာင္းတဲ့ သားအမိဆက္ဆံေရးကိုရခဲ့တာမို႔ျဖစ္ေကာင္းျဖစ္နိုင္တယ္။

"အစ္မကေရာ အခု မိန္းမတစ္ေယာက္ကိုခ်စ္မိေနတာမဟုတ္လို႔လား"

အစ္မရဲ့မ်က္ဝန္းေတြက အနာကို ဆတ္ခနဲအရိုက္ခံလိုက္ရတဲ့လူတစ္ေယာက္ နာက်င္လြန္းလို႔ အသက္ရွူပါမွားသြားသလိုမ်ိဳးေယာက္ယက္ခတ္သြားတယ္။ Jennie စကားမွားသြားၿပီ။ Jennie ... အစ္မရဲ့ အထိမခံနိုင္တဲ့အစိတ္အပိုင္းကိုမွ သြားၿပီး ပုတ္ခတ္လိုက္မိၿပီ။

"နင္ေရာငါေရာ အိမ္ေထာင္ရွိရက္နဲ႔ေဖာက္ျပန္ေနၾကလို႔လား Jennie!! ဟမ္ !! နင္က နင့္ေယာက္်ားကိုပစ္ၿပီး ငါ့ကိုႀကိဳက္တာမို႔လို႔လား!! ငါကေရာ ငါ့အိမ္ေထာင္ကမသိေအာင္ နင္နဲ႔ေဖာက္ျပန္ေနတာမို႔လို႔လား!!"

နင္? ငါ? Jennie?

ဒါေတြကို အစ္မပါးစပ္ကေျပာထြက္လာတယ္? Jennie အိတ္ကိုပိုက္ၿပီး ထိုင္ေနရာကေန ဒီခုံေလးထဲ ျပာက်သြားခ်င္လာတယ္။ အစ္မက .. အစ္မက .. Jennie ကို ေအာ္ေနတယ္။ နင္ေတြငါေတြနဲ႔ေျပာေနတယ္။ သိပ္ကိုေဒါသထြက္ေနတယ္။ ဘယ္ေလာက္စိတ္ဆိုးစရာျဖစ္ျဖစ္ ေအးေအးေဆးေဆး ေျပာျပတဲ့အစ္မကေလ?

တုန္ယင္လာတဲ့လက္ေတြကို အစ္မမျမင္ေအာင္  အိတ္ေအာက္ကိုဖြက္ထားလိုက္ရတယ္။ Jennie ငိုခ်င္တယ္။ ဘာလုပ္ရမလဲ။

"သြားေတာ့ ျပန္ေတာ့"

ေအာ္လိုက္မိလို႔ ေတာင္းပန္မယ္ထင္ထားခဲ့ေပမယ့္၊ နာမည္တပ္ေခၚမိလို႔ ေတာင္းပန္မယ္ထင္ထားခဲ့ေပမယ့္ အစ္မက သူမကို ႏွင္သတဲ့။ Jennie ေအာက္ႏွုတ္ခမ္းကို ဖိကိုက္လိုက္တယ္။

"ရွင့္ဟာရွင္အရင္ျပန္။ ကၽြန္မဒီမွာထိုင္ေနဦးမွာ!!"

ကေလးတစ္ေယာက္ မေအကိုျပန္ေအာ္သလိုေလသံမ်ိဳးနဲ႔ျပန္ေအာ္ေတာ့ အစ္မက Jennie ကို သက္ျပင္းခ်ၿပီးၾကည့္တယ္။ Jennie ငိုေနတာကို သူမ်က္လုံးေကာင္းေသးရင္ျမင္မွာေပါ့။

"ေကာင္းၿပီ"

ထထြက္သြားတဲ့ အဲ့ေက်ာျပင္က်ယ္ဟာ ဘယ္တုန္းကမွမျမင္ခဲ့ဖူးတဲ့ေက်ာျပင္မ်ိဳးပါပဲ။ ေခါက္ဆြဲပန္းကန္ေဘးကို ေခါင္းငိုက္စိုက္က်ၿပီး Jennie တသိမ့္သိမ့္ငိုက်န္ခဲ့တယ္။ ဘယ္သူမွမမွားတဲ့ ရန္ပြဲေတြျဖစ္လာရင္ ဘယ္လိုေျဖရွင္းမွေျပလည္တတ္လဲဆိုတာ သူမ မသိဘူး။ အစ္မကေတာ့ သိေနပါေစလို႔ Jennie ဆုေတာင္းတယ္။

ဆိုင္အေရွ႕လမ္းမေဘးက သစ္ပင္နားမွာ Jisoo ဘာလုပ္ရမွန္းမသိဘူး။ ေခါင္းတစ္ခုလုံးေပါက္ကြဲထြက္သြားေတာ့မလိုခံစားေနရတယ္။ Jane က သူမကိုနားမလည္ဘူး .. Jane က သူမရဲ့နာက်င္မွုကို လုံးဝနားမလည္ဘူး။ အေမနဲ႔အတူတူျဖစ္ေနၿပီး အေမ့ကိုက် မုန္းေနတယ္လို႔ အထင္ခံရမွာသိပ္ေၾကာက္တဲ့မိန္းမကိုမွ အဲ့စကားနဲ႔ ထိုးႏွက္တဲ့ Jane.

မတူဘူးေလ .. မတူဘူးမလား။ ဟုတ္တယ္မလား။ Jane ကိုခ်စ္မိသြား႐ုံနဲ႔ အေဖ့အနားက ထြက္လာဖို႔ Jisoo မေတြးဘူးေလ။

ႏွင္းတဖြဲဖြဲၾကားထဲ ဒူးေပၚလက္ေထာက္လို႔ ေခါင္းငုံ႔ငိုေနတဲ့မိန္းမကိုျမင္လိုက္မိရင္ အဲ့ဒါ Jisoo Kim ပါပဲ။ ဒီေၾကာက္စိတ္ကိုဘယ္လိုတြန္းထုတ္ရမလဲလို႔စဥ္းစားတိုင္း အေျဖမရခဲ့ပါဘူး။ သန္မာခ်င္ေယာင္ေဆာင္ေနသမၽွကာလပတ္လုံးဟာ အေမ့ကိုေတြးမိတာနဲ႔ အ႐ုပ္ႀကိဳးျပတ္!!

ကိုယ့္ကိုကိုယ္မုန္းလိုက္တာ .. အခုလိုျဖစ္ေနတဲ့ ကိုယ့္ကိုကိုယ္ Jisoo သိပ္မုန္းတာပဲ။

"မငိုပါနဲ႔ေတာ့"

အေနာက္နားကေန ေက်ာျပင္ကိုကပ္ၿပီး သိမ္းၾကဳံးေပြ႕ဖက္ေပးလာတဲ့မိန္းမငယ္က Jisoo ကို မငိုဖို႔ႏွစ္သိမ့္တယ္။ ႏွစ္သိမ့္စကားကိုၾကားမွ ကိုယ့္ကိုကိုယ္တင္မိတဲ့အျပစ္စိတ္က ပိုႀကီးသြားတယ္။ Jisoo မဟုတ္ရင္ Jisoo ျဖစ္ေနတာကို ဘယ္သူမွနားမလည္နိုင္ဘူး။ Jane ေတာင္မွေပါ့ .. Jisoo ျဖစ္ေနတာကို နားမလည္နိုင္ပါဘူး။

"ျပန္ေတာ့ Jane"

"တကယ္ပဲ ဘာျဖစ္ေနတာလဲ!! အဲ့လိုအျပစ္တင္ေနရင္ ဘယ္လိုရွင္သန္မွာလဲ!!"

လူသြားလူလာရွိတာမို႔လို႔ Jane ရဲ့ ေဒါသကိုနားလည္တဲ့သူမက အေလၽွာ့ေပးရမွာဆိုေပမယ့္ Jisoo သိပ္ကို နာက်င္ေနတယ္။

"ျပန္ေတာ့ Jane ရယ္။ အစ္မ သိပ္ကို အထိန္းအခ်ဳပ္မဲ့ေနတယ္။ ေစာေစာကထက္ဆိုးတာေတြ Jane ကိုေျပာမိလိမ့္မယ္"

ကိုယ္မနိုင္ပဲ ထမ္းထားခဲ့မိတဲ့ ဝန္ထုပ္ဝန္ပိုးတစ္ခုလို Jane ကို သူမ မျမင္မိေအာင္ Jisoo သိပ္ႀကိဳးစားခဲ့ရတယ္။

"ေမြးေန႔လဲ မလာနဲ႔ေတာ့ !! ကၽြန္မဆီလုံးဝမလာနဲ႔ေတာ့ !! ျပန္မယ္ ရွင္အဲ့ေလာက္ျပန္ေစခ်င္ေနရင္ ျပန္မယ္ !!"

Jisoo အေရွ႕တည့္တည့္ကိုေရာက္လာတဲ့ Jane က သူ႔မ်က္ႏွာေပၚေျပးဆင္းေနတဲ့ ႏွင္းစေတြကို ေဒါသတႀကီးပြတ္သပ္ဖယ္ရင္းနဲ႔ Jisoo ကိုေအာ္​တယ္။ ငိုခ်င္စိတ္ေၾကာင့္ေရာ အေအးဓာတ္ေၾကာင့္ေရာနဲ႔ အမ်ိဳးသမီးငယ္ရဲ့ႏွာဖ်ားေတြရဲေနသည္။ သူမကို အျမဲ သည္းခံခဲ့တဲ့ကေလးေလးက အခုေတာ့ တကယ္ေဒါသထြက္ေနၿပီပဲ။

Jisoo ဘယ္လိုလုပ္ရပါ့မလဲ ... ဒီစိတ္ဒဏ္ရာအခက္အခဲႀကီးကို Jisoo ဘယ္လိုရွင္းရပါ့မလဲ။ သူ႔ကို ဗလာမ်က္လုံးေတြနဲ႔ပဲ ျပန္ေငးနိုင္တဲ့မိန္းမကို သူစိတ္ကုန္သြားမွာသိပ္စိုးတယ္။ လစ္ဟာသြားတဲ့အေရွ႕ကျမင္ကြင္းက နာက်င္စရာအေကာင္းဆုံးပဲ။ Jane ကိုခ်စ္မိလို႔ ျဖစ္တည္ေနရတဲ့ ေဝဒနာေတြဆိုေပမယ့္ Jane ကိုခ်စ္ေနေသးေၾကာင္းေတာ့ ေျပာျပရဦးမွျဖစ္မယ္။

စိတ္ဒဏ္ရာမီးစာတို႔သည္ ခ်ည္တိုင္အား ျပန္ေလာင္ကၽြမ္းေနသည္။ ရစ္ပတ္ထားတဲ့ အတြယ္အေႏွာင္ေတြမ်ားေလ ထိုမီးေတာက္က ပိုႀကီးေလဆိုတာ ႏွစ္ေယာက္လုံး စဥ္းစားသင့္ခဲ့ၾကပါသည္။

TBC......🧵
6 January 2021

Continue Reading

You'll Also Like

592K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
503K 36.6K 36
တစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုဘဲ ထုတ်ပြတက်ဖို့လိုတာ။ {29 Octobe...
348K 27.7K 87
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
25.2K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️