แ€แ€ปแ€…แ€บแ€…แ€›แ€ฌแ€กแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€†แ€ฏแ€ถแ€ธแ€žแ€ฑแ€ฌแ€กแ€›แ€•แ€บแ€€แ€ฝแ€ฌแ€...

By 13Emlla

59.4K 8.3K 74

๐•‹๐•š๐•ฅ๐•๐•– - ๐•‹๐•™๐•– โ„‚๐•ฆ๐•ฅ๐•–๐•ค๐•ฅ โ„๐•š๐•˜๐•™๐•ฅ ๐”ป๐•š๐•—๐•—๐•–๐•ฃ๐•–๐•Ÿ๐•”๐•–, ๆœ€่Œ่บซ้ซ˜ๅทฎ ๐”ธ๐•ฆ๐•ฅ๐•™๐• ๐•ฃ - ็ขณ้…ธ, โ„‚๐•’๐•ฃ๐•“๐• ๐•Ÿ๐•š๐•” ๐”ธ๐•”... More

แ€…แ€ฌแ€…แ€ฅแ€บแ€™แ€ญแ€แ€บแ€†แ€€แ€บ/ แ€…แ€ฌแ€…แ€ฅแ€นแ€™แ€ญแ€แ€นแ€†แ€€แ€น
แ€กแ€แ€”แ€บแ€ธ (แ)/ แ€กแ€แ€”แ€นแ€ธ (แ)
แ€กแ€แ€”แ€บแ€ธ (แ‚)/ แ€กแ€แ€”แ€นแ€ธ (แ‚)
แ€กแ€แ€”แ€บแ€ธ (แƒ)/ แ€กแ€แ€”แ€นแ€ธ (แƒ)
แ€กแ€แ€”แ€บแ€ธ (แ„)/ แ€กแ€แ€”แ€นแ€ธ (แ„)
แ€กแ€แ€”แ€บแ€ธ (แ†)/ แ€กแ€แ€”แ€นแ€ธ (แ†)
แ€กแ€แ€”แ€บแ€ธ (แ‡)/ แ€กแ€แ€”แ€นแ€ธ (แ‡)
แ€กแ€แ€”แ€บแ€ธ (แˆ)/ แ€กแ€แ€”แ€นแ€ธ (แˆ)
แ€กแ€แ€”แ€บแ€ธ (แ‰)/ แ€กแ€แ€”แ€นแ€ธ (แ‰)
แ€กแ€แ€”แ€บแ€ธ (แแ€)/ แ€กแ€แ€”แ€นแ€ธ (แแ€)
แ€กแ€แ€”แ€บแ€ธ (แแ) - แ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ/ แ€กแ€แ€”แ€นแ€ธ (แแ) - แ€กแ€แ€บแ€•แ€นแ€•แ€ญแ€ฏ

แ€กแ€แ€”แ€บแ€ธ (แ…)/ แ€กแ€แ€”แ€นแ€ธ (แ…)

2.9K 640 2
By 13Emlla

Unicode

ချောင်ယွီက ရွှေလှောင်အိမ်လိုအိမ်ကြီးထဲမှာ အတင်းပိတ်လှောင်ခံထားရတယ်။ သူ့မှာဖုန်းရှိပေမယ့်လည်း သူ့အိမ်မှာတော့ဖုန်းမရှိပေ။ ဖုန်းရှို့နဲ့ဘယ်လိုအဆက်အသွယ်လုပ်ရမလဲဆိုတာ သူမသိချေ။

စူ့အဖွားကကျန်းမာရေးမကောင်းပေ။ အကယ်၍ သူမသာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲ့ကောင်ဂရုမစိုက်မှာကို သူစိုးရိမ်နေမိတယ်။ ချောင်ယွီ စိတ်ပျက်လက်ပျက်နဲ့အိပ်ရာပေါ်မှာထိုင်နေတယ်။ သူ့ခန္ဓာကိုယ်ကို ဖုန်းရှို့ဘယ်လိုလုပ်သလဲဆိုတာ သူဂရုမစိုက်တော့ပေ။ သူ့အဖွားက သူ့ရဲ့ကျန်ရှိတဲ့တစ်ဉီးတည်းသောဆွေမျိုးပင်။

ဒါပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်နေတာက သူ့ရဲ့စွမ်းအားတွေကိုဖြုန်းတီးပြစ်နေတာပဲ။

မနက် တစ်နာရီ, နှစ်နာရီအတွင်းမှာ သူ့ဖုန်းမြည်လာ၏။

တစ်ဖက်သူရဲ့အသံက အနည်းငယ်ပြောင်းလဲသွားပေမယ့်လည်း ဒါကသူ့အသံဆိုတာကိုမှတ်မိသေးသည်။

ဒါက ဖုန်းရှို့ပဲ!

ချောင်ယွီလျင်မြန်စွာမေးလိုက်တယ်။ "ငါ့အဖွားရော? ငါ့အဖွားရောဘယ်လိုနေလဲ?"

"အဖွားကနေကောင်းပါတယ်"

ချောင်ယွီ စိတ်သက်သာရာရသွားတာကြောင့် သက်ပြင်းချလိုက်တယ်။

ထို့နောက် ဖုန်းရှို့ပြောလိုက်တယ်။ "မင်း ဘာလို့အထဲမှာရှိနေသေးတာလဲ? ပိုက်ဆံနည်းနည်းယူပြီးထွက်လာခဲ့"

ချောင်ယွီအခက်တွေ့သွားရတော့သည်။ "မင်းအဖေက လူတွေလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာ, ငါဘယ်လိုလုပ်,လုပ်လို့ရမှာတုန်း"

"ငါ့အိပ်ရာအောက်မှာ အပေါက်သေးသေးလေးရှိတယ်။ တွေ့လား"

ခေါင်းယွီ သူ့ပါးကိုကြမ်းပြင်နဲ့ကပ်ပြီး အိပ်ရာအောက်ကိုငုံ့ကြည့်လိုက်တယ်။ တကယ်ကို လေးထောင့်ပုံစံအပေါက်ငယ်ရှိနေ၏။

"မြင်တယ်, မြင်တယ်" ချောင်ယွီပြန်ပြော၏။

ထို့နောက် ဖုန်းရှို့ပြော၏။ "ဗီရိုလေးဆင့်မြောက်ရဲ့ဒုတိယအံဆွဲထဲမှာ အိပ်ရာခင်းအစလေးစရှိတယ်"

ချောင်ယွီပြေးသွားပြီးစစ်လိုက်တယ်။ တစ်ဖက်သူကတကယ်မြင်နိုင်နေသလိုပင်။ ဟုတ်မှန်ကြောင်း သူခေါင်းငြိမ့်လိုက်တယ်။

"အခု အဲ့အစတွေကိုအကုန်ပေါင်းချည်လိုက်, ပြီးရင် အနောက်ပြတင်းပေါက်ကနေဆင်းလာခဲ့။ ငါ့အိမ်နံရံတွေက နိမ့်တော့မင်းတိုင်းတာလို့ရတာပေါ့။ လုံလုံခြုံခြုံယူလာဖို့မေ့နဲ့"

ချောင်ယွီ အနောက်ပြတင်းပေါက်ကို သွားပြေးကြည့်လိုက်တယ်။ "ငါ နည်းနည်းကြောက်တယ်"

"မင်း ဘာတွေကြောက်နေတာလဲ?! မင်း ငါ့လိုတောင့်တင်းတဲ့ခန္ဓာကိုယ်ကြီးပိုင်ထားပြီးတော့ ကြောက်နေသေးတယ်! မြန်မြန်, ခြံစည်းရိုးအနောက်ဘက်မှာစောင့်နေတယ်!"

ချောင်ယွီအဝတ်ဝတ်လိုက်ပြီး မီးခံသေတ္တာကို ကျောင်းလွယ်အိတ်ထဲထည့်လိုက်ပြီး အခင်းစတွေကိုစတင်ဆက်လေတော့သည်။

ဒါဟာ ရုပ်ရှင်တွေထဲကလုပ်သလိုမျိုး လိုက်လုပ်တာသူ့ရဲ့ပထမဆုံးဖြစ်၏။

သူနံရံကနေဆင်းလာတော့ ဖုန်းရှို့က သူ့ပါးစပ်ထဲမှာသွားတိုက်တံကိုက်ထားပြီး နံရံဘေးမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။

ဖုန်းရှို့ မတ်တတ်ရပ်လိုက်ပြီး သူ့ဆီလျှောက်လာခဲ့တယ်။

ချောင်ယွီက ပြေးလာပြိး တစ်ဖက်သူကိုဆွဲဖက်လိုက်သည်။ အချိန်အကြာကြီးအကျွမ်းတကျင်မရှိခဲ့တာကြောင့် သူ့ကိုယ်ပိုင်မျက်နှာဖြစ်နေရင်တောင်မှ ချစ်စရာကောင်းတယ်လို့တွေးမိနေတုန်းပဲ။

ဖုန်းရှို့ကသူ့ပွေ့ဖက်မှုကြားမှာ ချောင်းအနည်းငယ်ဆိုးလိုက်တယ်။ "ညီငယ်လေး, ညီငယ်လေး..နည်းနည်းလောက်ညင်ညင်သာသာလုပ်ပါကွာ, မင်းရဲ့ခန္ဓာကိုယ်က အခုဘယ်လိုအခြေအနေလဲဆိုတာ မင်းသိရဲ့လား?! မင်းငါ့ကို အသက်ရှုကြပ်ပြီးသေစေချင်လို့လား"

ချောင်ယွီက သူညှစ်ထားကို လွှတ်ပေးလိုက်တယ်။ "တောင်းပန်ပါတယ်, တောင်းပန်ပါတယ်!"

ဖုန်းရှို့ရဲ့မီးခံသေတ္တာထဲမှာတော့ ချက်လက်မှတ်နှစ်ရွက်ကလွဲလို့ ကျန်တာက ငွေသားတွေဖြစ်၏။

"ပိုက်ဆံတွေအများကြီး ဘာလို့,လိုတာလဲ" ချောင်ယွီကစပ်စု၏။

"မင်းအဖွား မနေ့ကရုတ်တရက်ကြီးနေထိုင်မကောင်းဖြစ်လို့" ဖုန်းရှို့ပြော၏။

ချောင်ယွီစိတ်ပူသွားရသည်။ "အာ?! ဒါဆို...ငါ..., ဘာလို့လဲ?"

"အသက်ကြီးပြီလေ။ သာမာန်ကိစ္စပါပဲ" ဖုန်းရှို့ သူ့နောက်ကျောကိုပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ "တကယ်လို့ ဆေးဆက်သောက်မယ်ဆိုရင် အဆင်ပြေပါတယ်"

"အာ?!" ချောင်ယွီရဲ့မျက်ခုံးတွေကိုတွန့်ချိုးထားပြီး သူတော်တော်လေးစိတ်ပျက်နေ၏။ သူ့နဲ့သူ့အဖွားဟာ တစ်ဦးပေါ် တစ်ဦးအမြဲတမ်း မှီခိုခဲ့ကြတာဖြစ်သည်။ တကယ်လို့ သူ့အဖွားသာ..........ချောင်ယွီ စတင်ပြီးမျက်ရည်ကျလာတော့သည်။

"သူ အဆင်ပြေနေပါသေးတယ်" ဖုန်းရှို့က လေးလံတဲ့သူ့ရဲ့မီးခံသေတ္တာကိုယူလိုက်တယ်။ "ဒီမှာ ပိုက်ဆံတွေရှိတယ်လေ, စိတ်ပူစရာမလိုပါဘူး"

"ဒါပေမဲ့ ဒါတွေကမင်းရဲ့ပိုက်ဆံတွေလေ..." ချောင်ယွီပြော၏။

"အခု ငါကမင်းရဲ့ခန္ဓာကိုယ်ထဲမှာလေ, ငါ့ပိုက်ဆံကမင်းရဲ့ပိုက်ဆံပဲ။ အဲ့အကြောင်းစိတ်မပူနဲ့"

တကယ်တော့ ဖုန်းရှို့လည်း အပြစ်ရှိစိတ်ခံစားရသည်။ သူ့မှာအဖွားလည်းမရှိဘူး, သူ့အဖေကလည်း အနားမှာမရှိခဲ့ဖူးဘူး။ ကိုယ်ချစ်တဲ့သူဆီကနေ ဂရုစိုက်ခံရတဲ့ခံစားချက်ကို ပထမဆုံးခံစားဖူးတာကြောင့် သူလည်းလောဘတက်ပြီး ချောင်ယွီအိမ်မှာရက်အနည်းငယ်လောက်ဆက်နေလိုက်တယ်။

ဒီမနက်ရောက်တော့ ချောင်ယွီအဖွားက ခေါင်းမူးတယ်။ ဆေးစစ်ကြည့်ဖို့အတွက်ဆေးရုံကိုခေါ်သွားခဲ့တယ်။ သာမာန်သက်ကြီးရောဂါလို့ ပြောလိုက်တယ်။

ဆရာဝန်ပြောတာက ဆေးဆက်သောက်ရမယ်။ ဒါပေမယ့် သူ့အဖွားကလက်မခံဘဲ သူ့မြေးလေးကိုအိမ်ပြန်ခေါ်လာခဲ့ပြီး ပိုက်ဆံက သူမရဲ့မြေးလေးတက္ကသိုလ်စရိတ်အတွက်လို့ပြောခဲ့တယ်။

ဖုန်းရှို့က အိမ်ပေါင်ဖို့အကြံပေးလိုက်တယ်။

အဖွားက ပြင်းပြင်းထန်ထန်ကိုငြင်းတယ်။ "ဒီအိမ်က မင်းဇနီးလောင်းအတွက် မင်းမိဘတွေချန်ပေးခဲ့တဲ့တစ်ခုတည်းသောအမွေဘဲ"

ဒါကိုကြားတော့ ဖုန်းရှို့ရဲ့နှလုံးသားလေးမသက်မသာဖြစ်သွားရတော့သည်။ သူငယ်ငယ်ကတည်းက ပိုက်ဆံဆိုတာသူ့အတွက် ကိန်းဂဏန်းတစ်ခုသာသာပင်။ ဘယ်တုန်းကမှစိတ်ပူစရာမလိုခဲ့ချေ။ ဒါပေမဲ့ အခုတော့ ချောင်ယွီနဲ့ချောင်ယွီအဖွားအတွက် တူညီတဲ့ဒီပိုက်ဆံကိုပဲ အသက်တစ်ချောင်းကယ်ဖို့သုံးလိုက်တော့မည်။

ဖုန်းရှို့က အချစ်ငတ်ခဲ့ရသည်။ သူ့ကမ္ဘာမှာ ဂရုစိုက်ခံရတယ်ဆိုတာဈေးကြီးပြီး ဝယ်နဲ့ပင်ဝယ်လို့မရပေ။ ချောင်ယွီအတွက်ကတော့ ပြောင်းပြန်ဖြစ်၏။ သူတို့မိသားစုက ဆင်းရဲတယ်။ ဘယ်လိုကောင်းတဲ့အရာက အချစ်တွေကိုယူဆောင်လာပေးမှာလဲ? ပိုက်ဆံမရှိရင် သူတို့ရဲ့အကျပ်အတည်းတွေကလည်း ဖြေရှင်းလို့မရပေ။

သူခါးသက်စွာပြုံးလိုက်သည်။ ဘယ်လိုတောင်စောက်ကျိုးနည်းတဲ့အရာတွေလည်းကွာ!

ကံကောင်းစွာနဲ့ ဘုရားသခင်ကအရမ်းကိုသက်ညှာပေးခဲ့တာကြောင့် သူနဲ့ချောင်ယွီကိုခန္ဓာကိုယ်ချင်းပြောင်းလဲစေခဲ့တယ်။ မပြောင်းသာမပြောင်းခဲ့လျှင်-

ချောင်ယွီရှက်နေတာကြောင့် ဖုန်းရှို့ဘေးမှာရပ်နေရင်းခေါင်းကိုငုံ့ထားလေတယ်။ သူ့အသံကအလွန်မှကိုသနားစဖွယ်ဖြစ်နေ၏။ "ငါ သု့ကိုတွေ့ချင်တယ်...."

"ဒါဆို ငါ့အဖေကိုဘယ်လိုလုပ်မလဲ? နေ့ဘက်မှတွေ့လို့မရဘူးလား။ မင်းကလွတ်နေပြီး အိပ်ရာခင်းစတွေကလည်း အပြင်မှာတွဲလောင်းရှိနေသေးတာကို, ငါ့အဖေက ငါးနာရီဆိုအလုပ်သွားပြီ။ အဖေမြင်သွားရင်ဘယ်လိုလုပ်မတုန်း? နောက်ဆိုအိမ်ထဲကနေတောင်ထွက်လို့ရတော့မှာမဟုတ်ဘူး"

ချောင်ယွီအပြစ်ရှိသလိုခံစားလိုက်ရပြီး "ဖုန်းရှို့, ငါတို့ခန္ဓာကိုယ်ဘယ်ချိန်ပြန်ရလောက်မလဲ?"

ဖုန်းရှို့အကူအညီမဲ့စွာပြန်ဖြေလာ၏။ "ဘယ်လိုလုပ်ဒီလိုဖြစ်သွားလဲဆိုတာတောင်မသိတာ, ငါတွေးနေတာ တကယ်လို့မင်းတွေ့ချင်တယ်ဆိုရင် ငါဖုန်းအသစ်ဝယ်လိုက်ပြီး ဗီဒီယိုကောခေါ်လို့ရတယ်လေ"

ဖုန်းရှို့ : "ငါ သူမဘေးမှာအမြဲတမ်းရှိနေတာလေ, ဘယ်လိုလုပ်မင်းကိုလွမ်းနေမှာတုန်း"

ချောင်ယွီမှာလည်း တခြားအကြံမရှိပေ။ သူတို့လက်ရှိအကြပ်ရိုက်နေတာကိုဖြေရှင်းဖို့ သူ့မှာလည်းတခြားနည်းလမ်းမရှိပေ။ ဒီဝိညာဉ်ပြောင်းလဲသွားတဲ့ကိစ္စကို - တခြားသူတွေဘာလို့မယုံကြတာလဲ?! ဆေးရုံကလည်း ဒါကိုစိတ်ရောဂါအနေနဲ့ပဲသတ်မှတ်ကြမှာ။

"ကောင်းပြီလေ, ဒါဆိုလည်း ဗီဒီယိုကောပဲပြောကြတာပေါ့"

•••••

Zawgyi

ေခ်ာင္ယြီက ေရႊေလွာင္အိမ္လိုအိမ္ႀကီးထဲမွာ အတင္းပိတ္ေလွာင္ခံထားရတယ္။ သူ႔မွာဖုန္းရိွေပမယ့္လည္း သူ႔အိမ္မွာေတာ့ဖုန္းမရိွေပ။ ဖုန္းရိႈ႔နဲ႔ဘယ္လိုအဆက္အသြယ္လုပ္ရမလဲဆိုတာ သူမသိေခ်။

စူ႔အဖြားကက်န္းမာေရးမေကာင္းေပ။ အကယ္၍ သူမသာတစ္ခုခုျဖစ္ခဲ့မယ္ဆိုရင္ အဲ့ေကာင္ဂရုမစိုက္မွာကို သူစိုးရိမ္ေနမိတယ္။ ေခ်ာင္ယြီ စိတ္ပ်က္လက္ပ်က္နဲ႔အိပ္ရာေပၚမွာထိုင္ေနတယ္။ သူ႔ခႏၶာကိုယ္ကို ဖုန္းရိႈ႔ဘယ္လိုလုပ္သလဲဆိုတာ သူဂရုမစိုက္ေတာ့ေပ။ သူ႔အဖြားက သူ႔ရဲ့က်န္ရိွတဲ့တစ္ဉီးတည္းေသာေဆြမ်ိဳးပင္။

ဒါေပမယ့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာက သူ႔ရဲ့စြမ္းအားေတြကိုျဖဳန္းတီးျပစ္ေနတာပဲ။

မနက္ တစ္နာရီ, ႏွစ္နာရီအတြင္းမွာ သူ႔ဖုန္းျမည္လာ၏။

တစ္ဖက္သူရဲ့အသံက အနည္းငယ္ေျပာင္းလဲသြားေပမယ့္လည္း ဒါကသူ႔အသံဆိုတာကိုမွတ္မိေသးသည္။

ဒါက ဖုန္းရိႈ႔ပဲ!

ေခ်ာင္ယြီလ်င္ျမန္စြာေမးလိုက္တယ္။ "ငါ့အဖြားေရာ? ငါ့အဖြားေရာဘယ္လိုေနလဲ?"

"အဖြားကေနေကာင္းပါတယ္"

ေခ်ာင္ယြီ စိတ္သက္သာရာရသြားတာေၾကာင့္ သက္ျပင္းခ်လိုက္တယ္။

ထို႔ေနာက္ ဖုန္းရိႈ႔ေျပာလိုက္တယ္။ "မင္း ဘာလို႔အထဲမွာရိွေနေသးတာလဲ? ပိုက္ဆံနည္းနည္းယူၿပီးထြက္လာခဲ့"

ေခ်ာင္ယြီအခက္ေတြ့သြားရေတာ့သည္။ "မင္းအေဖက လူေတြလႊတ္ၿပီးေစာင့္ၾကၫ့္ခိုင္းထားတာ, ငါဘယ္လိုလုပ္,လုပ္လို႔ရမွာတုန္း"

"ငါ့အိပ္ရာေအာက္မွာ အေပါက္ေသးေသးေလးရိွတယ္။ ေတြ့လား"

ေခါင္းယြီ သူ႔ပါးကိုၾကမ္းျပင္နဲ႔ကပ္ၿပီး အိပ္ရာေအာက္ကိုငံု႔ၾကၫ့္လိုက္တယ္။ တကယ္ကို ေလးေထာင့္ပံုစံအေပါက္ငယ္ရိွေန၏။

"ျမင္တယ္, ျမင္တယ္" ေခ်ာင္ယြီျပန္ေျပာ၏။

ထို႔ေနာက္ ဖုန္းရိႈ႔ေျပာ၏။ "ဗီရိုေလးဆင့္ေျမာက္ရဲ့ဒုတိယအံဆြဲထဲမွာ အိပ္ရာခင္းအစေလးစရိွတယ္"

ေခ်ာင္ယြီေျပးသြားၿပီးစစ္လိုက္တယ္။ တစ္ဖက္သူကတကယ္ျမင္ႏိုင္ေနသလိုပင္။ ဟုတ္မွန္ေၾကာင္း သူေခါင္းၿငိမ့္လိုက္တယ္။

"အခု အဲ့အစေတြကိုအကုန္ေပါင္းခ်ည္လိုက္, ၿပီးရင္ အေနာက္ျပတင္းေပါက္ကေနဆင္းလာခဲ့။ ငါ့အိမ္နံရံေတြက နိမ့္ေတာ့မင္းတိုင္းတာလို႔ရတာေပါ့။ လံုလံုၿခံဳၿခံဳယူလာဖို႔ေမ့နဲ႔"

ေခ်ာင္ယြီ အေနာက္ျပတင္းေပါက္ကို သြားေျပးၾကၫ့္လိုက္တယ္။ "ငါ နည္းနည္းေၾကာက္တယ္"

"မင္း ဘာေတြေၾကာက္ေနတာလဲ?! မင္း ငါ့လိုေတာင့္တင္းတဲ့ခႏၶာကိုယ္ႀကီးပိုင္ထားၿပီးေတာ့ ေၾကာက္ေနေသးတယ္! ျမန္ျမန္, ၿခံစည္းရိုးအေနာက္ဘက္မွာေစာင့္ေနတယ္!"

ေခ်ာင္ယြီအဝတ္ဝတ္လိုက္ၿပီး မီးခံေသတၲာကို ေက်ာင္းလြယ္အိတ္ထဲထၫ့္လိုက္ၿပီး အခင္းစေတြကိုစတင္ဆက္ေလေတာ့သည္။

ဒါဟာ ရုပ္ရွင္ေတြထဲကလုပ္သလိုမ်ိဳး လိုက္လုပ္တာသူ႔ရဲ့ပထမဆံုးျဖစ္၏။

သူနံရံကေနဆင္းလာေတာ့ ဖုန္းရိႈ႔က သူ႔ပါးစပ္ထဲမွာသြားတိုက္တံကိုက္ထားၿပီး နံရံေဘးမွာထိုင္ေနတာကိုေတြ့လိုက္ရတယ္။

ဖုန္းရိႈ႔ မတ္တတ္ရပ္လိုက္ၿပီး သူ႔ဆီေလ်ွာက္လာခဲ့တယ္။

ေခ်ာင္ယြီက ေျပးလာၿပိး တစ္ဖက္သူကိုဆြဲဖက္လိုက္သည္။ အခ်ိန္အၾကာႀကီးအကြၽမ္းတက်င္မရိွခဲ့တာေၾကာင့္ သူ႔ကိုယ္ပိုင္မ်က္ႏွာျဖစ္ေနရင္ေတာင္မွ ခ်စ္စရာေကာင္းတယ္လို႔ေတြးမိေနတုန္းပဲ။

ဖုန္းရိႈ႔ကသူ႔ေပြ့ဖက္မႈၾကားမွာ ေခ်ာင္းအနည္းငယ္ဆိုးလိုက္တယ္။ "ညီငယ္ေလး, ညီငယ္ေလး..နည္းနည္းေလာက္ညင္ညင္သာသာလုပ္ပါကြာ, မင္းရဲ့ခႏၶာကိုယ္က အခုဘယ္လိုအေျခအေနလဲဆိုတာ မင္းသိရဲ့လား?! မင္းငါ့ကို အသက္ရႈၾကပ္ၿပီးေသေစခ်င္လို႔လား"

ေခ်ာင္ယြီက သူၫွစ္ထားကို လႊတ္ေပးလိုက္တယ္။ "ေတာင္းပန္ပါတယ္, ေတာင္းပန္ပါတယ္!"

ဖုန္းရိႈ႔ရဲ့မီးခံေသတၲာထဲမွာေတာ့ ခ်က္လက္မွတ္ႏွစ္ရြက္ကလြဲလို႔ က်န္တာက ေငြသားေတျြဖစ္၏။

"ပိုက္ဆံေတြအမ်ားႀကီး ဘာလို႔,လိုတာလဲ" ေခ်ာင္ယြီကစပ္စု၏။

"မင္းအဖြား မေန့ကရုတ္တရက္ႀကီးေနထိုင္မေကာင္းျဖစ္လို႔" ဖုန္းရိႈ႔ေျပာ၏။

ေခ်ာင္ယြီစိတ္ပူသြားရသည္။ "အာ?! ဒါဆို...ငါ..., ဘာလို႔လဲ?"

"အသက္ႀကီးၿပီေလ။ သာမာန္ကိစၥပါပဲ" ဖုန္းရိႈ႔ သူ႔ေနာက္ေက်ာကိုပုတ္ေပးလိုက္ၿပီး ႏွစ္သိမ့္ေပးလိုက္တယ္။ "တကယ္လို႔ ေဆးဆက္ေသာက္မယ္ဆိုရင္ အဆင္ေျပပါတယ္"

"အာ?!" ေခ်ာင္ယြီရဲ့မ်က္ခံုးေတြကိုတြန႔္ခ်ိဳးထားၿပီး သူေတာ္ေတာ္ေလးစိတ္ပ်က္ေန၏။ သူ႔နဲ႔သူ႔အဖြားဟာ တစ္ဦးေပၚ တစ္ဦးအၿမဲတမ္း မွီခိုခဲ့ၾကတာျဖစ္သည္။ တကယ္လို႔ သူ႔အဖြားသာ..........ေခ်ာင္ယြီ စတင္ၿပီးမ်က္ရည္က်လာေတာ့သည္။

"သူ အဆင္ေျပေနပါေသးတယ္" ဖုန္းရိႈ႔က ေလးလံတဲ့သူ႔ရဲ့မီးခံေသတၲာကိုယူလိုက္တယ္။ "ဒီမွာ ပိုက္ဆံေတြရိွတယ္ေလ, စိတ္ပူစရာမလိုပါဘူး"

"ဒါေပမဲ့ ဒါေတြကမင္းရဲ့ပိုက္ဆံေတြေလ..." ေခ်ာင္ယြီေျပာ၏။

"အခု ငါကမင္းရဲ့ခႏၶာကိုယ္ထဲမွာေလ, ငါ့ပိုက္ဆံကမင္းရဲ့ပိုက္ဆံပဲ။ အဲ့အေၾကာင္းစိတ္မပူနဲ႔"

တကယ္ေတာ့ ဖုန္းရိႈ႔လည္း အျပစ္ရိွစိတ္ခံစားရသည္။ သူ႔မွာအဖြားလည္းမရိွဘူး, သူ႔အေဖကလည္း အနားမွာမရိွခဲ့ဖူးဘူး။ ကိုယ္ခ်စ္တဲ့သူဆီကေန ဂရုစိုက္ခံရတဲ့ခံစားခ်က္ကို ပထမဆံုးခံစားဖူးတာေၾကာင့္ သူလည္းေလာဘတက္ၿပီး ေခ်ာင္ယြီအိမ္မွာရက္အနည္းငယ္ေလာက္ဆက္ေနလိုက္တယ္။

ဒီမနက္ေရာက္ေတာ့ ေခ်ာင္ယြီအဖြားက ေခါင္းမူးတယ္။ ေဆးစစ္ၾကၫ့္ဖို႔အတြက္ေဆးရံုကိုေခၚသြားခဲ့တယ္။ သာမာန္သက္ႀကီးေရာဂါလို႔ ေျပာလိုက္တယ္။

ဆရာဝန္ေျပာတာက ေဆးဆက္ေသာက္ရမယ္။ ဒါေပမယ့္ သူ႔အဖြားကလက္မခံဘဲ သူ႔ေျမးေလးကိုအိမ္ျပန္ေခၚလာခဲ့ၿပီး ပိုက္ဆံက သူမရဲ့ေျမးေလးတကၠသိုလ္စရိတ္အတြက္လို႔ေျပာခဲ့တယ္။

ဖုန္းရိႈ႔က အိမ္ေပါင္ဖို႔အႀကံေပးလိုက္တယ္။

အဖြားက ျပင္းျပင္းထန္ထန္ကိုျငင္းတယ္။ "ဒီအိမ္က မင္းဇနီးေလာင္းအတြက္ မင္းမိဘေတြခ်န္ေပးခဲ့တဲ့တစ္ခုတည္းေသာအေမြဘဲ"

ဒါကိုၾကားေတာ့ ဖုန္းရိႈ႔ရဲ့ႏွလံုးသားေလးမသက္မသာျဖစ္သြားရေတာ့သည္။ သူငယ္ငယ္ကတည္းက ပိုက္ဆံဆိုတာသူ႔အတြက္ ကိန္းဂဏန္းတစ္ခုသာသာပင္။ ဘယ္တုန္းကမွစိတ္ပူစရာမလိုခဲ့ေခ်။ ဒါေပမဲ့ အခုေတာ့ ေခ်ာင္ယြီနဲ႔ေခ်ာင္ယြီအဖြားအတြက္ တူညီတဲ့ဒီပိုက္ဆံကိုပဲ အသက္တစ္ေခ်ာင္းကယ္ဖို႔သံုးလိုက္ေတာ့မည္။

ဖုန္းရိႈ႔က အခ်စ္ငတ္ခဲ့ရသည္။ သူ႔ကမ႓ာမွာ ဂရုစိုက္ခံရတယ္ဆိုတာေဈးႀကီးၿပီး ဝယ္နဲ႔ပင္ဝယ္လို႔မရေပ။ ေခ်ာင္ယြီအတြက္ကေတာ့ ေျပာင္းျပန္ျဖစ္၏။ သူတို႔မိသားစုက ဆင္းရဲတယ္။ ဘယ္လိုေကာင္းတဲ့အရာက အခ်စ္ေတြကိုယူေဆာင္လာေပးမွာလဲ? ပိုက္ဆံမရိွရင္ သူတို႔ရဲ့အက်ပ္အတည္းေတြကလည္း ေျဖရွင္းလို႔မရေပ။

သူခါးသက္စြာၿပံဳးလိုက္သည္။ ဘယ္လိုေတာင္ေစာက္က်ိဳးနည္းတဲ့အရာေတြလည္းကြာ!

ကံေကာင္းစြာနဲ႔ ဘုရားသခင္ကအရမ္းကိုသက္ၫွာေပးခဲ့တာေၾကာင့္ သူနဲ႔ေခ်ာင္ယြီကိုခႏၶာကိုယ္ခ်င္းေျပာင္းလဲေစခဲ့တယ္။ မေျပာင္းသာမေျပာင္းခဲ့လ်ွင္-

ေခ်ာင္ယြီရွက္ေနတာေၾကာင့္ ဖုန္းရိႈ႔ေဘးမွာရပ္ေနရင္းေခါင္းကိုငံု႔ထားေလတယ္။ သူ႔အသံကအလြန္မွကိုသနားစဖြယ္ျဖစ္ေန၏။ "ငါ သု႔ကိုေတြ့ခ်င္တယ္...."

"ဒါဆို ငါ့အေဖကိုဘယ္လိုလုပ္မလဲ? ေန့ဘက္မွေတြ့လို႔မရဘူးလား။ မင္းကလြတ္ေနၿပီး အိပ္ရာခင္းစေတြကလည္း အျပင္မွာတြဲေလာင္းရိွေနေသးတာကို, ငါ့အေဖက ငါးနာရီဆိုအလုပ္သြားၿပီ။ အေဖျမင္သြားရင္ဘယ္လိုလုပ္မတုန္း? ေနာက္ဆိုအိမ္ထဲကေနေတာင္ထြက္လို႔ရေတာ့မွာမဟုတ္ဘူး"

ေခ်ာင္ယြီအျပစ္ရိွသလိုခံစားလိုက္ရၿပီး "ဖုန္းရိႈ႔, ငါတို႔ခႏၶာကိုယ္ဘယ္ခ်ိန္ျပန္ရေလာက္မလဲ?"

ဖုန္းရိႈ႔အကူအညီမဲ့စြာျပန္ေျဖလာ၏။ "ဘယ္လိုလုပ္ဒီလိုျဖစ္သြားလဲဆိုတာေတာင္မသိတာ, ငါေတြးေနတာ တကယ္လို႔မင္းေတြ့ခ်င္တယ္ဆိုရင္ ငါဖုန္းအသစ္ဝယ္လိုက္ၿပီး ဗီဒီယိုေကာေခၚလို႔ရတယ္ေလ"

ဖုန္းရိႈ႔ : "ငါ သူမေဘးမွာအၿမဲတမ္းရိွေနတာေလ, ဘယ္လိုလုပ္မင္းကိုလြမ္းေနမွာတုန္း"

ေခ်ာင္ယြီမွာလည္း တျခားအႀကံမရိွေပ။ သူတို႔လက္ရိွအၾကပ္ရိုက္ေနတာကိုေျဖရွင္းဖို႔ သူ႔မွာလည္းတျခားနည္းလမ္းမရိွေပ။ ဒီဝိညာဉ္ေျပာင္းလဲသြားတဲ့ကိစၥကို - တျခားသူေတြဘာလို႔မယံုၾကတာလဲ?! ေဆးရံုကလည္း ဒါကိုစိတ္ေရာဂါအေနနဲ႔ပဲသတ္မွတ္ၾကမွာ။

"ေကာင္းၿပီေလ, ဒါဆိုလည္း ဗီဒီယိုေကာပဲေျပာၾကတာေပါ့"

Continue Reading

You'll Also Like

215K 35.7K 63
||Completed|| novelแ€แ€ฑแ€ฌแ€บแ€แ€ฑแ€ฌแ€บแ€™แ€ปแ€ฌแ€ธแ€™แ€ปแ€ฌแ€ธแ€™แ€พแ€ฌแ€†แ€ญแ€ฏ Mlแ€€mcแ€›แ€ฒแ€ท แ€•แ€ฏแ€ถแ€…แ€ถแ€กแ€™แ€พแ€”แ€บแ€€แ€ญแ€ฏแ€•แ€ฒ แ€กแ€›แ€„แ€บแ€แ€ฝแ€ฑแ€ทแ€€แ€ผแ€แ€ฌแ€™แ€ปแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€’แ€ฎแ€แ€…แ€บแ€แ€ซแ€แ€ฑแ€ฌแ€ท mlแ€กแ€‘แ€„แ€บแ€™แ€พแ€ฌแ€ธ แ€€แ€ฑแ€ฌแ€€แ€บแ€แ€ปแ€€แ€บแ€แ€ปแ€แ€ฒแ€ทแ€Ÿแ€ฌแ€œแ€ฑแ€ธแ€•แ€ซ๐Ÿคฃ novelแ€ฑแ€แ€ฌแ€นแ€ฑแ€แ€ฌแ€นแ€™...
33.5K 3.4K 6
แ€กแ€›แ€™แ€นโ€‹แ€ธโ€‹แ€ฑแ€ปแ€–แ€ฌแ€„แ€นโ€‹แ€ทแ€แ€šแ€นโ€‹แ‹ แ€กแ€›แ€™แ€บแ€ธแ€–แ€ผแ€ฑแ€ฌแ€„แ€ทแ€บแ€แ€šแ€บแ‹
11.9K 769 8
ๅคฉๅฎไผๅฆ–ๅฝ•" แ€”แ€แ€บแ€†แ€ญแ€ฏแ€ธแ€แ€ผแ€ฝแ€ฑแ€’แ€แ€นแ€แ€ฌแ€›แ€ฎ "แ€†แ€ญแ€ฏแ€แ€ฌ Author Fei Tian Ye Xiang(้žๅคฉๅคœ็ฟ”)แ€›แ€ฒแ€ท Volume (5)แ€แ€ฏ Chapter (221)แ€แ€ฏแ€•แ€ซแ€แ€„แ€บแ€แ€ฒแ€ท Xuan Huan , BL , Ancient Romance แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌ...
11.3K 875 21
แ€™แ€ผแ€ฑแ€ฌแ€€แ€บแ€กแ€›แ€•แ€บแ€€ แ€กแ€œแ€„แ€บแ€ธแ€†แ€ฏแ€ถแ€ธแ€€แ€ผแ€šแ€บแ€Ÿแ€ฌ แ€˜แ€ฌแ€œแ€ฒแ€œแ€ญแ€ฏแ€ท แ€™แ€ฑแ€ธแ€›แ€„แ€บ แ€œแ€ฐแ€แ€ญแ€ฏแ€„แ€บแ€ธแ€€ แ€“แ€ฐแ€แ€ถแ€€แ€ผแ€šแ€บแ€œแ€ญแ€ฏแ€ท แ€–แ€ผแ€ฑแ€€แ€ผแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ‹ แ€’แ€ซแ€†แ€ญแ€ฏ แ€แ€ฑแ€ฌแ€„แ€บแ€กแ€›แ€•แ€บแ€€ แ€€แ€ผแ€šแ€บแ€€แ€ญแ€ฏแ€›แ€ฑแ€ฌ แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€แ€ญแ€ฏแ€ท แ€žแ€ญแ€žแ€œแ€ฌแ€ธ ? Start Date - 4/ 11...