Unicode❣️
ကိုကိုကအနာရှိန်ဖြင့်ဖျားနေသောကြောင့်ယခုညတော့ဖေးယွီကိုကိုနဲ့အတူအိပ်ဖြစ်သည်။အရင်ကကိုကို့အခန်းအခုတော့သူ့အခန်းလို့ပြောလို့ရတဲ့အခန်းမှာပေါ့...။
ဆေးသောက်ထား၍အိပ်ပျော်နေတဲ့ကိုကို့ကိုကြည့်ရင်းချန်ဖေးယွီအတွေးများကမနက်ကကိစ္စများဆီသို့...
ဟိုတစ်နေ့ကသူတို့နောက်ကိုလူလိုက်တဲ့ကိစ္စကမားလုပ်ခိုင်းတာမှန်းသိသောကြောင့်မားနဲ့တွေ့ရန်သူမသွားချင်သောအိမ်ကြီးသို့ထွက်လာခဲ့လိုက်သည်။ဒီအချိန်ဆိုအကုန်လုံးကအလုပ်သွားနေကြမှာမို့မားတစ်ယောက်သာရှိမဲ့အချိန်ကိုရွေးပြီးလာခဲ့ခြင်းဖြစ်သည်။
"Oh!!ငါ့သားလေး...နောက်ဆုံးတော့ပြန်လာပြီပေါ့"
ဧည့်ခန်းထဲမှာသတင်းစာထိုင်ဖတ်နေတဲ့မားကဖေးယွီကိုမြင်တော့ဝမ်းသာအားရနဲ့လာဖက်သည်။
"မဟုတ်ဘူး မားကိုပြောစရာရှိလို့လာခဲ့တာ ပြီးတာနဲ့သားပြန်သွားမှာ"
ဖေးယွီစကားကိုကြားတော့မားကစိတ်ပျက်သွားဟန်ဖြင့်ဧည့်ခန်းကဆိုဖာမှာပြန်ထိုင်လိုက်သည်။
"အဲ့တော့ သားကမားကိုဘာပြောစရာရှိလို့လဲ"
ဖေးယွီလည်းမားနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး
"သားနောက်ကိုလူလွှတ်ပြီးစောင့်ကြည့်ခိုင်းတာတွေမလုပ်ပါနဲ့ ပြီးတော့ကိုကို့ကိုလုံးဝမထိပါနဲ့ "
"ဖေးယွီ!!သားကိုစိတ်မချလို့နောက်ကလူလွှတ်ပြီးစောင့်ကြည့်ခိုင်းတာမားလွန်လို့လား အဲ့လိုမလုပ်စေချင်ရင်သားအိမ်ပြန်လာခဲ့ ပြီးတော့သားရဲ့ဟိုကောင်လေးကိုမားဘာလုပ်သေးလို့လဲ"
"မားအကြောင်းကိုသိလို့ပြောနေတာ အရင်တုန်းကလည်းမားသဘောမကျတဲ့သားသူငယ်ချင်းတွေကိုတစ်ခုမဟုတ်တစ်ခုပြဿနာပေးနေကြပဲလေ ဒီတစ်ခါသားလုံးဝသည်းခံမှာမဟုတ်ဘူးနော် ကိုကို့ကိုထိတဲ့နေ့မားအိပ်မက်တွေပျက်စီးတဲ့နေ့လို့မှတ်ထားပေးပါ"
"မင်း!!ဒါအမေကိုပြောရမဲ့စကားလား အဲ့ကောင်လေးကိုငါဘာလုပ်နေသေးလို့လဲ ဘာလို့ဒီလောက်တောင်အဖြစ်သည်းနေရတာလဲ ဖေးယွီ မဟုတ်မှလွဲရော မားထင်နေတာမဟုတ်ပါဘူးနော်..."
"..."
"မဖြစ်နိုင်ဘူး မဟုတ်ဘူးမလား ယွီအာ ဖြေစမ်းပါအုံး မားထင်သလိုမဟုတ်ဘူးမလားလို့"
"ကိုကို့ကိုလုံးဝမထိပါနဲ့ သားပြန်တော့မယ်"
"ယွီအာ..ဒီတစ်ပတ်ပိတ်ရက်တော့ပြန်လာခဲ့ပါ မင်းအဘိုးမွေးနေ့ရှိတာသိတယ်မလား အဲ့တစ်ရက်တော့ပြန်လာခဲ့နော်"
"ဖိုးဖိုးမွေးနေ့ကျသားလာခဲ့ပါ့မယ် ကျန်းမာရေးဂရုစိုက်ပါမား သားသွားတော့မယ်"
ပြောပြီးပြီးချင်းထွက်သွားတဲ့သားဖြစ်သူကိုကြည့်ရင်းချန်ကတော်မှာရင်လေးမိသည်။
"ကောင်စုတ်လေး သူပဲငါ့ကိုနေမကောင်းဖြစ်အောင်လုပ်မှာ မဖြစ်သေးပါဘူး ဒီအတိုင်းလွှတ်ထားလို့တော့လုံးဝမဖြစ်ဘူး သားကအဲ့ကောင်လေးအပေါ်သံယောဇဥ်တွေအရမ်းမလွန်ခင်မြန်မြန်ကိစ္စပြတ်အောင်လုပ်ထားရမယ်"
ဖေးယွီမားဆီကပြန်လာပြီးအိမ်ရောက်တော့ကိုကို့ပုံစံကိုမြင်ပြီးအရမ်းကိုစိုးရိမ်သွားခဲ့သည်။ဘာမှသေချာမစဥ်းစားနိုင်တော့ဘဲ
ကိုယ့်ကိုယ်ကိုသာအပြစ်တင်နေမိသည်။သူသာပိုပြီးဂရုစိုက်ပေးခဲ့ရင်...
ကိုကိုနာကျင်နေတာကိုမြင်ပြီးသူသာအစားနာကျင်ပေးလိုက်ချင်သည်။ထိုလူသားရဲ့မျက်ရည်တစ်စက်ကသူ့နှလုံးသားအတွက်ဓားတစ်ချက်လိုပဲ...သိပ်ကိုနာကျင်ရတယ်။ပိုပိုပြီးလည်းကိုကို့အပေါ်ထားတဲ့ခံစားချက်တွေသေချာလာခဲ့တယ်.။သူကိုကို့ကို...
"ဖေးယွီ မအိပ်သေးဘဲနဲ့ဘာလုပ်နေတာလဲ အိပ်ရတာအဆင်မပြေဘူးလား"
"အိပ်မပျော်သေးလို့ပါ ကိုကိုရောဘယ်လိုနေသေးလဲ ဒဏ်ရာကနာနေလို့လား"
"မဟုတ်ပါဘူး ရေဆာလို့"
"ကျွန်တော်ယူပေးမယ်နော်"
ကုတင်ဘေးနားကစားပွဲပေါ်မှာတင်ထားတဲ့ရေခွက်ကိုရေထည့်ပြီးကိုကို့ကိုပေးလိုက်လေသည်။ရေသောက်ပြီးတော့
"အိပ်ရတာအဆင်မပြေရင်ဟိုဘက်အခန်းမှာသွားအိပ်လေ ငါကအဆင်ပြေနေပါပြီ သိပ်လည်းမနာတော့ပါဘူး"
"ရပါတယ် အိပ်ရတာအဆင်ပြေပါတယ် ကိုကိုသာစိတ်ချလက်ချအိပ်ပါ "
"အဆင်ပြေတယ်ဆိုလည်းပြီးတာပါပဲ"
"ဒါနဲ့လေ တစ်ခုလောင်မေးချင်လို့ မနက်ကိစ္စ...ကိုကိုအဆင်ပြေရဲ့လားဟင် "
"အဆင်ပြေပါတယ်လို့တော့မလိမ်ချင်ပါဘူး ဝမ်းနည်းမိတာတော့အမှန်ပဲ ကိုကြီးကတစ်ခါမှအဲ့လိုမလုပ်ဖူးဘူးလေ ဒါပေမဲ့လည်းကိုကြီးမှာလည်းအကြောင်းတစ်ခုခုရှိလို့နေမှာပါ အဲ့တာကြောင့်ကိုကြီးကိုပိုစိတ်ပူမိတယ် ကိုကြီးဒီအတောအတွင်းဘယ်လိုနေထိုင်စားသောက်နေတာလဲဆိုတာလုံးဝမသိရဘူး ကိုကြီးမှာပြဿနာတစ်ခုခုဖြစ်နေတာထင်တယ်နော် ငါဘယ်လိုကူညီရမလဲတောင်မသိတော့ပါဘူး"
"တစ်ခုခုဖြစ်လာရင်ကျွန်တော်ကိုကို့အနားမှာရှိပါတယ် ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးမယ်နော်"
"ကျေးဇူးတင်ပါတယ် ဘာပဲဖြစ်ဖြစ်အနားမှာမင်းရှိနေတော့အားရှိသလိုခံစားရတယ်"
"ကျေးဇူးတင်စရာမလိုပါဘူးကိုကိုရယ် ကျွန်တော့်ကိုခေါ်ထားပြီးထမင်းပါကျွေးထားတာကျွန်တော်ကပြန်ပြီးတောင်ကျေးဇူးတင်ရအုံးမယ် ကိုကိုသာမရှိရင်ကျွန်တော်တစ်နေရာရာမှာလေလွင့်နေမယ်ထင်တယ်"
"အဲ့တာပြောတာ မင်းရဲ့ပါးပါးနဲ့ပြန်အဆင်မပြေသေးဘူးလားဟင်"
"ဘာလို့လဲ ကိုကိုကကျွန်တော်ကိုတင်မကျွေးနိုင်တော့ဘူးလား"
"ငါပြောတာအဲ့လိုသဘောမျိုးမဟုတ်ဘူးလေ မိဘနဲ့သားသမီးကြားမှာတခါတလေအထင်အမြင်လွဲမှုတွေတော့ရှိတာပဲ သားသမီးတွေကမှားနေရင်တောင်မိဘတွေကခွင့်လွှတ်တတ်ကြပါတယ်"
"ဟုတ်ကဲ့ပါ ကျွန်တော်ပါးပါးနဲ့သွားတွေ့လိုက်ပါ့မယ် ဒါနဲ့ကိုကိုနေမကောင်းတော့အလုပ်ကိိုခုရက်ပိုင်းကျွန်တော်အစားသွားပေးမယ် မငြင်းနဲ့နော် ခွင့်ယူလိုက်ရင်တစ်ရက်ဆိုရင်ဆိုသလောက်နစ်နာတယ်မလား ကျွန်တော်လည်းအလုပ်မှမရှိတာ ကျွန်တော်အစားသွားပေးမယ်နော်"
"ဟုတ်ပါပြီ သဘောပါပဲ မင်းကိုတော့ပြောမနိုင်ပါဘူးကွာ"
ဒီလိုနဲ့ပဲလော်ယွင်ရှီးနေမကောင်းတဲ့ရက်တွေမှာဖေးယွီကအစားသွားလုပ်ပေးခဲ့သည်။
ဘေးအိမ်ကမားကလည်းလော်ယွင်ရှီးတို့ကိုသူ့အိမ်မှာပဲချက်ကျွေးကာသေချာဂရုစိုက်ပေးလေသည်။လော်ယွင်ရှီးရဲ့ဒဏ်ရာတောင်ပြန်ကောင်းလာပြီဖြစ်သည်။
ပိတ်ရက်ရောက်တော့..
"ကိုကို ကျွန်တော်ကိစ္စရှိလို့အပြင်ခဏသွားအုံးမယ်"
"ဘယ်ကိုလဲ"
"အိမ်ပြန်မလို့.."
"ဪ... သွားလေ ပါးပါးနဲ့အဆင်ပြေအောင်သေချာပြောလာခဲ့အုံးနော် "
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားတော့မယ်နော်"
ဖေးယွီကနှုတ်ဆက်ကာထွက်သွားလေသည်။လော်ယွင်ရှီးဘာလို့လဲတော့မသိ..ဖေးယွီထွက်သွားတာကိုကြည့်ရတာတစ်မျိုးကြီးခံစားနေရသည်။
"ငါ့နှယ့် သူကသူ့မိဘကိုသွားတွေ့တဲ့ဟာကိုဘာလို့စိတ်တွေပူနေမိပါလိမ့်"
ဒီနေ့အလုပ်ပြန်စလုပ်မှာမိုလို့
တစ်ယောက်တည်းBusဖြင့်အလုပ်ကိုလာလိုက်သည်။စူးစူးနဲ့ဆိုင်ရှေ့မှာတင်တွေ့တော့
"ဟယ် အစ်ကိုယွင်ရှီးနေပြန်ကောင်းသွားပြီလား"
"အင်း ကောင်းသွားပြီ"
"ဒါနဲ့ဖေးယွီကိုလည်းမမြင်ပါလား "
"အိမ်ခဏပြန်သွားတယ်"
"ဪ..ဒါကြောင့်အစ်ကို့နားမှာကော်လိုအမြဲတမ်းကပ်နေတဲ့ဖေးယွီကိုမမြင်ရတာကို"
"အင်း...အထဲသွားရအောင်လေ"
လော်ယွင်ရှီးလည်းစိတ်အခြေအနေမကောင်းတာနဲ့အလုပ်ထဲသို့သာစိတ်နှစ်ထားလိုက်တော့သည်။သို့သော်..စိတ်က လေးနေတော့မျက်နှာကလည်းမရွှင်..ဒါကိုစူးစူးက
"ခုကတည်းကလွမ်းနေပြီလား ဟိုကခဏသွားတာကို"လို့တောင်စနေသည်။
လော်ယွင်ရှီးပြုံးသာပြုံးပြလိုက်ရသည်။မတတ်နိုင်..ကိုယ့်ကိုယ်ကိုဘာဖြစ်လို့ဖြစ်နေမှန်းတောင်မသိတော့။
ခဏသွားမယ်လို့ပြောသွားတဲ့ကောင်လေးဟာသုံးရက်ကြာတာတောင်ပေါ်မလာ...ဖုန်းဆက်ရအောင်လည်းကောင်လေးဖုန်းနံပါတ်သူမသိ..မသိဆိုကောင်လေးကအမြဲသူ့နားမှာအချိန်ပြည့်ရှိနေခဲ့တာကို။သူတို့ကြားမှာဖုန်းနဲ့ဆက်သွယ်စရာအကြောင်းမှမရှိခဲ့တာ...ကောင်လေးဘယ်မှာနေလဲဆိုတာလဲမသိ။တကယ်တော့...သူချန်ဖေးယွီဆိုတဲ့ကောင်လေးကိုပဲသိခဲ့တာ။ကောင်လေးရဲ့နောက်ကပတ်သတ်တဲ့အရာတွေကိုသူမသိခဲ့၊ကောင်လေးကလည်းပြောမပြခဲ့သလိုသူကလည်းမမေးခဲ့..သူ့အတွက်ထိုအရာတွေကအရေးမပါ..ချန်ဖေးယွီဆိုတဲ့ကောင်လေးကသာအရေးပါခဲ့လေသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[A/N - သာသာ့ကျန်းမာရေးကလေခုတလောကောင်းသွားလိုက်ပြန်ပြီးနေမကောင်းဖြစ်လိုက်နဲ့ဖြစ်နေတာ😢အဲ့တာကြောင့်အကယ်၍များupdateကြာခဲ့ရင်
တောင်းပန်ပါတယ်နော် အတတ်နိုင်ဆုံး၂ရက်တစ်ပိုင်းupနိုင်အောင်ကြိုးစားပါ့မယ်😊commentလေးတွေနဲ့အားပေးတဲ့readerလေးတွေကိုကျေးဇူးတင်ပါတယ်😘သာသာ့ficကိုစောင့်နေပေးတယ်ဆိုတော့အားရှိသွားပြီးရအောင်ရေးပေးလိုက်တာ😁
ရေးလက်စOCကိုတောင်မရေးနိုင်ဘဲဒီFanficလေးကိုပဲဆက်ရေးနေတာပါ။စကားတွေမများတော့ဘူး...ဖတ်ပေးတဲ့ဒါဒါလေးတွေကိုကျေးဇူးတင်ပါတယ်💗]
4.1.2021💛
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Zawgyi code❣️
ကိုကိုကအနာရိွန္ျဖင့္ဖ်ားေနေသာေၾကာင့္ယခုညေတာ့ေဖးယြီကိုကိုနဲ႔အတူအိပ္ျဖစ္သည္။အရင္ကကိုကို႔အခန္းအခုေတာ့သူ႔အခန္းလို႔ေျပာလို႔ရတဲ့အခန္းမွာေပါ့...။
ေဆးေသာက္ထား၍အိပ္ေပ်ာ္ေနတဲ့ကိုကို႔ကိုၾကၫ့္ရင္းခ်န္ေဖးယြီအေတြးမ်ားကမနက္ကကိစၥမ်ားဆီသို႔...
ဟိုတစ္ေန့ကသူတို႔ေနာက္ကိုလူလိုက္တဲ့ကိစၥကမားလုပ္ခိုင္းတာမွန္းသိေသာေၾကာင့္မားနဲ႔ေတြ့ရန္သူမသြားခ်င္ေသာအိမ္ႀကီးသို႔ထြက္လာခဲ့လိုက္သည္။ဒီအခ်ိန္ဆိုအကုန္လံုးကအလုပ္သြားေနၾကမွာမို႔မားတစ္ေယာက္သာရိွမဲ့အခ်ိန္ကိုေရြးၿပီးလာခဲ့ျခင္းျဖစ္သည္။
"Oh!!ငါ့သားေလး...ေနာက္ဆံုးေတာ့ျပန္လာၿပီေပါ့"
ဧည့္ခန္းထဲမွာသတင္းစာထိုင္ဖတ္ေနတဲ့မားကေဖးယြီကိုျမင္ေတာ့ဝမ္းသာအားရနဲ႔လာဖက္သည္။
"မဟုတ္ဘူး မားကိုေျပာစရာရိွလို႔လာခဲ့တာ ၿပီးတာနဲ႔သားျပန္သြားမွာ"
ေဖးယြီစကားကိုၾကားေတာ့မားကစိတ္ပ်က္သြားဟန္ျဖင့္ဧည့္ခန္းကဆိုဖာမွာျပန္ထိုင္လိုက္သည္။
"အဲ့ေတာ့ သားကမားကိုဘာေျပာစရာရိွလို႔လဲ"
ေဖးယြီလည္းမားနဲ႔မ်က္ႏွာခ်င္းဆိုင္ခံုမွာဝင္ထိုင္လိုက္ၿပီး
"သားေနာက္ကိုလူလႊတ္ၿပီးေစာင့္ၾကည့္ခိုင္းတာေတြမလုပ္ပါနဲ႔ ၿပီးေတာ့ကိုကို႔ကိုလံုးဝမထိပါနဲ႔ "
"ေဖးယြီ!!သားကိုစိတ္မခ်လို႔ေနာက္ကလူလႊတ္ၿပီးေစာင့္ၾကည့္ခိုင္းတာမားလြန္လို႔လား အဲ့လိုမလုပ္ေစခ်င္ရင္သားအိမ္ျပန္လာခဲ့ ၿပီးေတာ့သားရဲ့ဟိုေကာင္ေလးကိုမားဘာလုပ္ေသးလို႔လဲ"
"မားအေၾကာင္းကိုသိလို႔ေျပာေနတာ အရင္တုန္းကလည္းမားသေဘာမက်တဲ့သားသူငယ္ခ်င္းေတြကိုတစ္ခုမဟုတ္တစ္ခုျပႆနာေပးေနၾကပဲေလ ဒီတစ္ခါသားလံုးဝသည္းခံမွာမဟုတ္ဘူးေနာ္ ကိုကို႔ကိုထိတဲ့ေန့မားအိပ္မက္ေတြပ်က္စီးတဲ့ေန့လို႔မွတ္ထားေပးပါ"
"မင္း!!ဒါအေမကိုေျပာရမဲ့စကားလား အဲ့ေကာင္ေလးကိုငါဘာလုပ္ေနေသးလို႔လဲ ဘာလို႔ဒီေလာက္ေတာင္အျဖစ္သည္းေနရတာလဲ ေဖးယြီ မဟုတ္မွလြဲေရာ မားထင္ေနတာမဟုတ္ပါဘူးေနာ္..."
"..."
"မျဖစ္ႏိုင္ဘူး မဟုတ္ဘူးမလား ယြီအာ ေျဖစမ္းပါအံုး မားထင္သလိုမဟုတ္ဘူးမလားလို႔"
"ကိုကို႔ကိုလံုးဝမထိပါနဲ႔ သားျပန္ေတာ့မယ္"
"ယြီအာ..ဒီတစ္ပတ္ပိတ္ရက္ေတာ့ျပန္လာခဲ့ပါ မင္းအဘိုးေမြးေန့ရိွတာသိတယ္မလား အဲ့တစ္ရက္ေတာ့ျပန္လာခဲ့ေနာ္"
"ဖိုးဖိုးေမြးေန့က်သားလာခဲ့ပါ့မယ္ က်န္းမာေရးဂရုစိုက္ပါမား သားသြားေတာ့မယ္"
ေျပာၿပီးၿပီးခ်င္းထြက္သြားတဲ့သားျဖစ္သူကိုၾကည့္ရင္းခ်န္ကေတာ္မွာရင္ေလးမိသည္။
"ေကာင္စုတ္ေလး သူပဲငါ့ကိုေနမေကာင္းျဖစ္ေအာင္လုပ္မွာ မျဖစ္ေသးပါဘူး ဒီအတိုင္းလႊတ္ထားလို႔ေတာ့လံုးဝမျဖစ္ဘူး သားကအဲ့ေကာင္ေလးအေပၚသံေယာဇဥ္ေတြအရမ္းမလြန္ခင္ျမန္ျမန္ကိစၥျပတ္ေအာင္လုပ္ထားရမယ္"
ေဖးယြီမားဆီကျပန္လာၿပီးအိမ္ေရာက္ေတာ့ကိုကို႔ပံုစံကိုျမင္ၿပီးအရမ္းကိုစိုးရိမ္သြားခဲ့သည္။ဘာမွေသခ်ာမစဥ္းစားႏိုင္ေတာ့ဘဲ
ကိုယ့္ကိုယ္ကိုသာအျပစ္တင္ေနမိသည္။သူသာပိုၿပီးဂရုစိုက္ေပးခဲ့ရင္...
ကိုကိုနာက်င္ေနတာကိုျမင္ၿပီးသူသာအစားနာက်င္ေပးလိုက္ခ်င္သည္။ထိုလူသားရဲ့မ်က္ရည္တစ္စက္ကသူ႔ႏွလံုးသားအတြက္ဓားတစ္ခ်က္လိုပဲ...သိပ္ကိုနာက်င္ရတယ္။ပိုပိုၿပီးလည္းကိုကို႔အေပၚထားတဲ့ခံစားခ်က္ေတြေသခ်ာလာခဲ့တယ္.။သူကိုကို႔ကို...
"ေဖးယြီ မအိပ္ေသးဘဲနဲ႔ဘာလုပ္ေနတာလဲ အိပ္ရတာအဆင္မေျပဘူးလား"
"အိပ္မေပ်ာ္ေသးလို႔ပါ ကိုကိုေရာဘယ္လိုေနေသးလဲ ဒဏ္ရာကနာေနလို႔လား"
"မဟုတ္ပါဘူး ေရဆာလို႔"
"ကြၽန္ေတာ္ယူေပးမယ္ေနာ္"
ကုတင္ေဘးနားကစားပြဲေပၚမွာတင္ထားတဲ့ေရခြက္ကိုေရထည့္ၿပီးကိုကို႔ကိုေပးလိုက္ေလသည္။ေရေသာက္ၿပီးေတာ့
"အိပ္ရတာအဆင္မေျပရင္ဟိုဘက္အခန္းမွာသြားအိပ္ေလ ငါကအဆင္ေျပေနပါၿပီ သိပ္လည္းမနာေတာ့ပါဘူး"
"ရပါတယ္ အိပ္ရတာအဆင္ေျပပါတယ္ ကိုကိုသာစိတ္ခ်လက္ခ်အိပ္ပါ "
"အဆင္ေျပတယ္ဆိုလည္းၿပီးတာပါပဲ"
"ဒါနဲ႔ေလ တစ္ခုေလာင္ေမးခ်င္လို႔ မနက္ကိစၥ...ကိုကိုအဆင္ေျပရဲ့လားဟင္ "
"အဆင္ေျပပါတယ္လို႔ေတာ့မလိမ္ခ်င္ပါဘူး ဝမ္းနည္းမိတာေတာ့အမွန္ပဲ ကိုႀကီးကတစ္ခါမွအဲ့လိုမလုပ္ဖူးဘူးေလ ဒါေပမဲ့လည္းကိုႀကီးမွာလည္းအေၾကာင္းတစ္ခုခုရိွလို႔ေနမွာပါ အဲ့တာေၾကာင့္ကိုႀကီးကိုပိုစိတ္ပူမိတယ္ ကိုႀကီးဒီအေတာအတြင္းဘယ္လိုေနထိုင္စားေသာက္ေနတာလဲဆိုတာလံုးဝမသိရဘူး ကိုႀကီးမွာျပႆနာတစ္ခုခုျဖစ္ေနတာထင္တယ္ေနာ္ ငါဘယ္လိုကူညီရမလဲေတာင္မသိေတာ့ပါဘူး"
"တစ္ခုခုျဖစ္လာရင္ကြၽန္ေတာ္ကိုကို႔အနားမွာရိွပါတယ္ ကြၽန္ေတာ္အတတ္ႏိုင္ဆံုးကူညီေပးမယ္ေနာ္"
"ေက်းဇူးတင္ပါတယ္ ဘာပဲျဖစ္ျဖစ္အနားမွာမင္းရိွေနေတာ့အားရိွသလိုခံစားရတယ္"
"ေက်းဇူးတင္စရာမလိုပါဘူးကိုကိုရယ္ ကြၽန္ေတာ့္ကိုေခၚထားၿပီးထမင္းပါေကြၽးထားတာကြၽန္ေတာ္ကျပန္ၿပီးေတာင္ေက်းဇူးတင္ရအံုးမယ္ ကိုကိုသာမရိွရင္ကြၽန္ေတာ္တစ္ေနရာရာမွာေလလြင့္ေနမယ္ထင္တယ္"
"အဲ့တာေျပာတာ မင္းရဲ့ပါးပါးနဲ႔ျပန္အဆင္မေျပေသးဘူးလားဟင္"
"ဘာလို႔လဲ ကိုကိုကကြၽန္ေတာ္ကိုတင္မေကြၽးႏိုင္ေတာ့ဘူးလား"
"ငါေျပာတာအဲ့လိုသေဘာမ်ိဳးမဟုတ္ဘူးေလ မိဘနဲ႔သားသမီးၾကားမွာတခါတေလအထင္အျမင္လြဲမႈေတြေတာ့ရိွတာပဲ သားသမီးေတြကမွားေနရင္ေတာင္မိဘေတြကခြင့္လႊတ္တတ္ၾကပါတယ္"
"ဟုတ္ကဲ့ပါ ကြၽန္ေတာ္ပါးပါးနဲ႔သြားေတြ့လိုက္ပါ့မယ္ ဒါနဲ႔ကိုကိုေနမေကာင္းေတာ့အလုပ္ကိုခုရက္ပိုင္းကြၽန္ေတာ္အစားသြားေပးမယ္ မျငင္းနဲ႔ေနာ္ ခြင့္ယူလိုက္ရင္တစ္ရက္ဆိုရင္ဆိုသေလာက္နစ္နာတယ္မလား ကြၽန္ေတာ္လည္းအလုပ္မွမရိွတာ ကြၽန္ေတာ္အစားသြားေပးမယ္ေနာ္"
"ဟုတ္ပါၿပီ သေဘာပါပဲ မင္းကိုေတာ့ေျပာမႏိုင္ပါဘူးကြာ"
ဒီလိုနဲ႔ပဲေလာ္ယြင္ရွီးေနမေကာင္းတဲ့ရက္ေတြမွာေဖးယြီကအစားသြားလုပ္ေပးခဲ့သည္။
ေဘးအိမ္ကမားကလည္းေလာ္ယြင္ရွီးတို႔ကိုသူ႔အိမ္မွာပဲခ်က္ေကြၽးကာေသခ်ာဂရုစိုက္ေပးေလသည္။ေလာ္ယြင္ရွီးရဲ့ဒဏ္ရာေတာင္ျပန္ေကာင္းလာၿပီျဖစ္သည္။
ပိတ္ရက္ေရာက္ေတာ့..
"ကိုကို ကြၽန္ေတာ္ကိစၥရိွလို႔အျပင္ခဏသြားအံုးမယ္"
"ဘယ္ကိုလဲ"
"အိမ္ျပန္မလို႔.."
"ဪ... သြားေလ ပါးပါးနဲ႔အဆင္ေျပေအာင္ေသခ်ာေျပာလာခဲ့အံုးေနာ္ "
"ဟုတ္ကဲ့ ဒါဆိုကြၽန္ေတာ္သြားေတာ့မယ္ေနာ္"
ေဖးယြီကႏႈတ္ဆက္ကာထြက္သြားေလသည္။ေလာ္ယြင္ရွီးဘာလို႔လဲေတာ့မသိ..ေဖးယြီထြက္သြားတာကိုၾကည့္ရတာတစ္မ်ိဳးႀကီးခံစားေနရသည္။
"ငါ့ႏွယ့္ သူကသူ႔မိဘကိုသြားေတြ့တဲ့ဟာကိုဘာလို႔စိတ္ေတြပူေနမိပါလိမ့္"
ဒီေန့အလုပ္ျပန္စလုပ္မွာမိုလို႔
တစ္ေယာက္တည္းBusျဖင့္အလုပ္ကိုလာလိုက္သည္။စူးစူးနဲ႔ဆိုင္ေရ႔ွမွာတင္ေတြ့ေတာ့
"ဟယ္ အစ္ကိုယြင္ရွီးေနျပန္ေကာင္းသြားၿပီလား"
"အင္း ေကာင္းသြားၿပီ"
"ဒါနဲ႔ေဖးယြီကိုလည္းမျမင္ပါလား "
"အိမ္ခဏျပန္သြားတယ္"
"ဪ..ဒါေၾကာင့္အစ္ကို႔နားမွာေကာ္လိုအၿမဲတမ္းကပ္ေနတဲ့ေဖးယြီကိုမျမင္ရတာကို"
"အင္း...အထဲသြားရေအာင္ေလ"
ေလာ္ယြင္ရွီးလည္းစိတ္အေျခအေနမေကာင္းတာနဲ႔အလုပ္ထဲသို႔သာစိတ္ႏွစ္ထားလိုက္ေတာ့သည္။သို႔ေသာ္..စိတ္က ေလးေနေတာ့မ်က္ႏွာကလည္းမရႊင္..ဒါကိုစူးစူးက
"ခုကတည္းကလြမ္းေနၿပီလား ဟိုကခဏသြားတာကို"လို႔ေတာင္စေနသည္။
ေလာ္ယြင္ရွီးၿပံဳးသာၿပံဳးျပလိုက္ရသည္။မတတ္ႏိုင္..ကိုယ့္ကိုယ္ကိုဘာျဖစ္လို႔ျဖစ္ေနမွန္းေတာင္မသိေတာ့။
ခဏသြားမယ္လို႔ေျပာသြားတဲ့ေကာင္ေလးဟာသံုးရက္ၾကာတာေတာင္ေပၚမလာ...ဖုန္းဆက္ရေအာင္လည္းေကာင္ေလးဖုန္းနံပါတ္သူမသိ..မသိဆိုေကာင္ေလးကအၿမဲသူ႔နားမွာအခ်ိန္ျပည့္ရိွေနခဲ့တာကို။သူတို႔ၾကားမွာဖုန္းနဲ႔ဆက္သြယ္စရာအေၾကာင္းမွမရိွခဲ့တာ...ေကာင္ေလးဘယ္မွာေနလဲဆိုတာလဲမသိ။တကယ္ေတာ့...သူခ်န္ေဖးယြီဆိုတဲ့ေကာင္ေလးကိုပဲသိခဲ့တာ။ေကာင္ေလးရဲ့ေနာက္ကပတ္သတ္တဲ့အရာေတြကိုသူမသိခဲ့၊ေကာင္ေလးကလည္းေျပာမျပခဲ့သလိုသူကလည္းမေမးခဲ့..သူ႔အတြက္ထိုအရာေတြကအေရးမပါ..ခ်န္ေဖးယြီဆိုတဲ့ေကာင္ေလးကသာအေရးပါခဲ့ေလသည္။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[A/N - သာသာ့က်န္းမာေရးကေလခုတေလာေကာင္းသြားလိုက္ျပန္ၿပီးေနမေကာင္းျဖစ္လိုက္နဲ႔ျဖစ္ေနတာ😢အဲ့တာေၾကာင့္အကယ္၍မ်ားupdateၾကာခဲ့ရင္
ေတာင္းပန္ပါတယ္ေနာ္ အတတ္ႏိုင္ဆံုး၂ရက္တစ္ပိုင္းupႏိုင္ေအာင္ႀကိဳးစားပါ့မယ္😊commentေလးေတြနဲ႔အားေပးတဲ့readerေလးေတြကိုေက်းဇူးတင္ပါတယ္😘သာသာ့ficကိုေစာင့္ေနေပးတယ္ဆိုေတာ့အားရိွသြားၿပီးရေအာင္ေရးေပးလိုက္တာ😁
ေရးလက္စOCကိုေတာင္မေရးႏိုင္ဘဲဒီFanficေလးကိုပဲဆက္ေရးေနတာပါ။စကားေတြမမ်ားေတာ့ဘူး...ဖတ္ေပးတဲ့ဒါဒါေလးေတြကိုေက်းဇူးတင္ပါတယ္💗]
4.1.2021💛
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::