Unicode
ဘယ်လိုအပေးအယူလုပ်ရမလဲ? ချောင်ယွီ ဂရုတစိုက်တွေးနေပေမယ့်လည်း အဖြေရသေးမည့်ပုံမပေါ်ချေ။
လေးလေးနက်နက်တွေးဆနေရင်း အပေါ့သွားချင်စိတ်ကပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာ၏။
ချောင်ယွီ တနေ့လုံးအပေါ့မသွားရသေးပေ။ IV နှစ်လုံးလောက်သွင်းပြီးတော့ အပေါ့သွားချင်စိတ်ကပိုပြီးပြင်းထန်လာ၏။
အခန်းထဲက သန့်စင်ခန်းကိုအပြေးလေးသွားလိုက်ပြီး ဘောင်းဘီကိုဆွဲချလိုက်ပြီးတော့ သူအနည်းငယ်တုံ့ဆိုင်းနေတယ်။
မ...မကိုင်ဘဲနေရင်........မ....ထိဘဲနေရင်....တောင်မှ...
မနေ့က သူရေချိုးတော့ သူ့မျက်လုံးတွေကိုပိတ်ထားခဲ့တာ , ဒါပေမယ့် အပေါ့သွားရင်တော့ မျက်လုံးပိတ်ထားလို့မရဘူးလေ။ အိမ်သာခွက်က အဲ့လောက်မကြီးဘူးလေ။
ချောင်ယွီတွေးလေတော့ သူ့မျက်နှာဟာပိုပိုနီရဲလာပြီး အပေါ့သွားချင်စိတ်ကလည်း ပိုပိုပြင်းထန်လာတော့သည်။
သူ ဖုန်းရှို့ရဲ့ညီလေးကို နှုတ်ဆက်ဖို့သူ့ကိုယ်သူတွန်းအားပေးလိုက်တယ်။
သူနှုတ်ဆက်ပြီးနောက် သူ့မျက်နှာဟာအဖျားတက်သလို ပူလာတော့သည်။
ဘာလို့, ဘာလို့ အရမ်းကြီးနေရတာလဲ? ချောင်ယွီက လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး အရင်ကလုပ်သလို သူ့လက်ကြားထဲကနေပေါက်လိုက်တော့သည်။
ပေါက်ပြီးနောက် သူပြန်လာပြီး မျက်နှာနီရဲနေကာ နှလုံးသားကခုန်ပေါက်နေရင်း အိပ်ရာပေါ်မှာထိုင်လိုက်တယ်။ ထောင့်မေရာမှာထိုင်ကာ သူ့ခြေထောက်တွေလက်ဖြင့်ကိုပိုက်လိုက်ရင်း တချို့အကြောင်းတွေကိုစတင်တွေးတောလေတော့သည်။
နည်းနည်း, နည်းနည်းချင်းစီ သူအားနည်းလာရတဲ့အကြောင်းကို ပြန်လည်စဉ်းစားနေတယ်။
သူ ဒေါသထွက်လာရတော့သည်!
အဲ့မကောင်းတဲ့သူက သူ့ခန္ဓာကိုယ်ကို ဘယ်လို,ဘယ်ညာလုပ်တဲ့ပုံကိုစဉ်းစားမိတော့ ရှက်ရွံ့ခြင်းကြောင့်ဒေါသထွက်လာရတော့သည်။ သူ့တို့ခန္ဓာကိုယ်တွေ အမြန်ဆုံးပြန်ပြောင်းလဲဖို့လိုတယ်။
ဒါပေမယ့် သူအခုဘယ်မှာလဲ?!
သူခန္ဓာကိုယ်ရဲ့ဖြူစင်မှုလေးကိုကာကွယ်ဖို့အတွက် ခြေဗလာနဲ့နာကျင်နေရင်းအောက်ကိုပြေးဆင်းလာခဲ့တယ်။
ဧည့်ခန်းလှေကားရောက်တော့ ဝဝဖိုင့်ဖိုင့်အမျိုးသားကြီးဟာ ဆိုဖာပေါ်မှာထိုင်ရင်း စာရွက်စာတမ်းတွေကိုလက်မှတ်ထိုးနေ၏။
သူ့ဘေးမှာတော့လက်တောက်နှစ်ယောက်ရပ်နေကာ တစ်ယောက်ကတော့စာရွက်တွေကိုစီနေပြီး ကျန်တစ်ယောက်ကတော့ စာရွက်တွေကိုလှန်ပေးနေ၏။
သူ့ခန္ဓာကိုယ်ကိုပြန်ရဖို့စိတ်လောနေတာကြောင့် ထိုသူကဘယ်သူလဲဆိုတာကိုမတွေးနေနိုင်တော့ဘဲ အပြင်ကိုခြေဗလာဖြင့်ထွက်သွားလေတော့သည်။
သူ့သားဘာဖြစ်နေသလဲဆိုတာ ဖုန်းဟွေ့နားမလည်နိုင်တော့ပေ။ ချက်ချင်းပင် သူ့လက်ထဲမှစာရွက်စာတမ်းတွေကိုချလိုက်ပြီး လူခေါ်ကာ သူ့သားကိုရပ်တန့်လိုက်စေ၏။ ခါးသက်စွာနဲ့သူ့သားကိုမေးလိုက်တယ်။ "သား.. ညလယ်ခေါင်ရောက်နေပြီလေ, အဝတ်အစားတွေမလဲဘဲ ဘယ်ကိုသွားမလို့လဲ? မင်း များများအနားယူရမယ်လို့ဆရာဝန်ပြောသွားတယ်လေ"
ချောင်ယွီ ဂရုမစိုက်ပေ။ သူပါးစပ်ဖွင့်ဟလိုက်ပြီး ပြောလာ၏။ "ကျွန်တော်က ခင်ဗျားသားမဟုတ်ဘူး, ခင်ဗျားသားနဲ့ ကျွန်တော် ခန္ဓာကိုယ်ချင်းလဲသွားတာ, ခင်ဗျားသားက ဒီမှာမဟုတ်ဘူး"
ဖုန်းဟွေ့ ကြောင်သွားရတော့သည်။
သူနဲ့ သူ့ကြားမှာ ဖြစ်ခဲ့သမျှအရာအားလုံးကို ဖုန်းဟွေ့ကို ချောင်ယွီဆက်ရှင်းပြလိုက်တယ်။
ချောင်ယွီကဘယ်သူလဲ? ဖုန်းဟွေ့မသိပေမယ့်လည်း သေချာဂရုတစိုက်နားထောင်နေပြီး ကြားဖြတ်ပြီးတောင်မှမပြောရဲပေ။ သူ့သားရဲ့စကားတွေဟာ အမှန်ဖြစ်လာလေလေ သူပိုပြိးစိတ်ရှုပ်လာရလေလေဖြစ်ရတော့သည်။
သူ့သားကို လက်တွဲဖော်ကောင်းကောင်းရှာပေးချင်ခဲ့ရုံလေးပဲလေ, ဘာ့ကြောင့် အကျင့်စရိုက်တွေကွာခြားသွားရတာလဲ?
အရာရာတိုင်းရဲ့အဖြစ်အပျက်တွေက အရမ်းကိုမြန်ဆန်သွားခဲ့တာကြောင့် သူလက်မခံနိုင်ပေ။
သူပျိုးထောင်ပေးခဲ့တဲ့စိတ်ကစဉ့်ကလျားရောဂါကို သူဒီထက်ပိုပြီးမဆိုးလာခင် မြန်မြန်အမြစ်ဖြတ်ပြစ်ရမယ်။
(ပြောချင်တာက သူ့အဖေကသူ့ကိုဂရုမစိုက်ပေးနိုင်ခဲ့လို့ ကလေးကဒီလိုဖြစ်သွားတယ်လို့ထင်နေတာ)
သူဆိုဖာကိုမှီလိုက်ပြီးတော့ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်။ သူ့လက်ထောက်တစ်ယောက်ကိုညွှန်ကြားလိုက်တယ်။ "အရင်ဆုံး ငါ့သားကို သူ့အခန်းထဲပြန်ပို့လိုက်"
သ့သားကိုပြန်ပို့လိုက်ပြီးနောက် မျက်ခုံးတွေကိုတွန့်ကွေးထားရင်း သူ့လက်အောက်ငယ်သားတွေကို အမီန့်ပေးလိုက်တယ်။ "မြန်မြန်, မြန်မြန်... ဒီကို အတော်ဆုံးစိတ်အထူးကုဆရာဝန်ကိုလွှတ်လိုက်"
ထို့နောက်တွင် သုံး လေးရက်ကြာပြီးနောက် , စိတ်အထူးကုဆရာဝန်နဲ့အိပ်မွေ့ချကုသခြင်းခံခဲ့ရတယ်။
သူ့စိတ်ဟာလည်း ချောက်ကမ်းပါးအထိပြိုလဲနေရပြီ။ သူနေကောင်းနေတာကို မကောင်းဘူးပြောကြမှာ သူအကြောက်ဆုံးဖြစ်နေ၏။
သူ့စိတ်ကျန်းမာရေးကို ကောင်းအောင်ကုသပေးနိုင်ပြီလို့ထင်နေကြတာကို သူခံစားနေမိသည်။ သူ့ကိုယ်သူချောင်ယွီလို့သတ်မှတ်ထားပေမယ့်လည်း တခြားသူတွေကတော့ သူ့ကိုပုံမှန်မဟုတ်ဘူးလို့ သတ်မှတ်ထားကြတယ်။ သူငိုချင်ပေမယ့်လည်း ညဘက်မှသာတိတ်တိတ်လေးခိုးငိုရသည်။
ဒါပေမယ့် သူကတကယ့်ချောင်ယွီလေ! ဟို ဖုန်းရှို့ဆိုတဲ့အကောင်ဘယ်မှာလည်း?!
ဒီလိုတွေသာဆက်သွားနေမယ်ဆိုရင် သူတကယ်ဖုန်းရှို့ဖြစ်လာတော့မယ်။ သူ အဲ့အကောင်မဖြစ်ချင်ဘူး!
ဖုန်းဟွေ့ကို နေမကောင်းတဲ့အကြောင်းတွေရှင်းပြနေတဲ့အချိန်မှာ ချောင်ယွီကလည်းလိုက်နာတယ်။ ဖုန်းဟွေ့ကို အမှန်တိုင်းပြောပြတာကအလုပ်မဖြစ်ဘူးဆိုတာ သူနားလည်သွားတယ်။
ချောင်ယွီက နောင်တရနေတဲ့မျက်မှာဘေးနဲ့ကြည့်လာပြီး "အဖေ, သားမှားသွားပါတယ်"
ဒါကိုကြားတော့ ဖုန်းဟွေ့ကဆရာဝန်ကိုထပ်ခေါ်လိုက်ပြန်တယ်။ "ဒေါက်တာချန်ရေ, မနက်ဖြန်ပြန်လာခဲ့ပါဉီး ကျွန်တော့သားလေး ပြန်မကောင်းသေးဘူးထင်တယ်"
ဆရာဝန်ကအေးခဲသွားရတော့သည်။ "ဘာဖြစ်လို့လဲ?"
ဖုန်းဟွေ့က မျက်မှောင်ကြုံ့ပြီးပြောလာတယ်။ "ကျွန်တော့သားက တစ်ခါမှဒီလောက်မနာခံဖူးဘူး"
ဒေါက်တာချန် : "........."
ချောင်ယွီ ကြက်သေသေသွားရတော့သည်။ ဘယ်လိုတောင်ဆိုးလိုက်တဲ့ဖုန်းရှို့လဲ?!
*********
Zawgyi
ဘယ္လိုအေပးအယူလုပ္ရမလဲ? ေခ်ာင္ယြီ ဂရုတစိုက္ေတြးေနေပမယ့္လည္း အေျဖရေသးမၫ့္ပံုမေပၚေခ်။
ေလးေလးနက္နက္ေတြးဆေနရင္း အေပါ့သြားခ်င္စိတ္ကျပင္းျပင္းထန္ထန္ျဖစ္ေပၚလာ၏။
ေခ်ာင္ယြီ တေန့လံုးအေပါ့မသြားရေသးေပ။ IV ႏွစ္လံုးေလာက္သြင္းၿပီးေတာ့ အေပါ့သြားခ်င္စိတ္ကပိုၿပီးျပင္းထန္လာ၏။
အခန္းထဲက သန႔္စင္ခန္းကိုအေျပးေလးသြားလိုက္ၿပီး ေဘာင္းဘီကိုဆြဲခ်လိုက္ၿပီးေတာ့ သူအနည္းငယ္တံု႔ဆိုင္းေနတယ္။
မ...မကိုင္ဘဲေနရင္........မ....ထိဘဲေနရင္....ေတာင္မွ...
မေန့က သူေရခ်ိဳးေတာ့ သူ႔မ်က္လံုးေတြကိုပိတ္ထားခဲ့တာ , ဒါေပမယ့္ အေပါ့သြားရင္ေတာ့ မ်က္လံုးပိတ္ထားလို႔မရဘူးေလ။ အိမ္သာခြက္က အဲ့ေလာက္မႀကီးဘူးေလ။
ေခ်ာင္ယြီေတြးေလေတာ့ သူ႔မ်က္ႏွာဟာပိုပိုနီရဲလာၿပီး အေပါ့သြားခ်င္စိတ္ကလည္း ပိုပိုျပင္းထန္လာေတာ့သည္။
သူ ဖုန္းရိႈ႔ရဲ့ညီေလးကို ႏႈတ္ဆက္ဖို႔သူ႔ကိုယ္သူတြန္းအားေပးလိုက္တယ္။
သူႏႈတ္ဆက္ၿပီးေနာက္ သူ႔မ်က္ႏွာဟာအဖ်ားတက္သလို ပူလာေတာ့သည္။
ဘာလို႔, ဘာလို႔ အရမ္းႀကီးေနရတာလဲ? ေခ်ာင္ယြီက လက္တစ္ဖက္ကိုေျမႇာက္လိုက္ၿပီး အရင္ကလုပ္သလို သူ႔လက္ၾကားထဲကေနေပါက္လိုက္ေတာ့သည္။
ေပါက္ၿပီးေနာက္ သူျပန္လာၿပီး မ်က္ႏွာနီရဲေနကာ ႏွလံုးသားကခုန္ေပါက္ေနရင္း အိပ္ရာေပၚမွာထိုင္လိုက္တယ္။ ေထာင့္ေမရာမွာထိုင္ကာ သူ႔ေျခေထာက္ေတြလက္ျဖင့္ကိုပိုက္လိုက္ရင္း တခ်ိဳ႕အေၾကာင္းေတြကိုစတင္ေတြးေတာေလေတာ့သည္။
နည္းနည္း, နည္းနည္းခ်င္းစီ သူအားနည္းလာရတဲ့အေၾကာင္းကို ျပန္လည္စဉ္းစားေနတယ္။
သူ ေဒါသထြက္လာရေတာ့သည္!
အဲ့မေကာင္းတဲ့သူက သူ႔ခႏၶာကိုယ္ကို ဘယ္လို,ဘယ္ညာလုပ္တဲ့ပံုကိုစဉ္းစားမိေတာ့ ရွက္ရြံ႔ျခင္းေၾကာင့္ေဒါသထြက္လာရေတာ့သည္။ သူ႔တို႔ခႏၶာကိုယ္ေတြ အျမန္ဆံုးျပန္ေျပာင္းလဲဖို႔လိုတယ္။
ဒါေပမယ့္ သူအခုဘယ္မွာလဲ?!
သူခႏၶာကိုယ္ရဲ့ျဖဴစင္မႈေလးကိုကာကြယ္ဖို႔အတြက္ ေျခဗလာနဲ႔နာက်င္ေနရင္းေအာက္ကိုေျပးဆင္းလာခဲ့တယ္။
ဧၫ့္ခန္းေလွကားေရာက္ေတာ့ ဝဝဖိုင့္ဖိုင့္အမ်ိဳးသားႀကီးဟာ ဆိုဖာေပၚမွာထိုင္ရင္း စာရြက္စာတမ္းေတြကိုလက္မွတ္ထိုးေန၏။
သူ႔ေဘးမွာေတာ့လက္ေတာက္ႏွစ္ေယာက္ရပ္ေနကာ တစ္ေယာက္ကေတာ့စာရြက္ေတြကိုစီေနၿပီး က်န္တစ္ေယာက္ကေတာ့ စာရြက္ေတြကိုလွန္ေပးေန၏။
သူ႔ခႏၶာကိုယ္ကိုျပန္ရဖို႔စိတ္ေလာေနတာေၾကာင့္ ထိုသူကဘယ္သူလဲဆိုတာကိုမေတြးေနႏိုင္ေတာ့ဘဲ အျပင္ကိုေျခဗလာျဖင့္ထြက္သြားေလေတာ့သည္။
သူ႔သားဘာျဖစ္ေနသလဲဆိုတာ ဖုန္းေဟြ့နားမလည္ႏိုင္ေတာ့ေပ။ ခ်က္ခ်င္းပင္ သူ႔လက္ထဲမွစာရြက္စာတမ္းေတြကိုခ်လိုက္ၿပီး လူေခၚကာ သူ႔သားကိုရပ္တန႔္လိုက္ေစ၏။ ခါးသက္စြာနဲ႔သူ႔သားကိုေမးလိုက္တယ္။ "သား.. ညလယ္ေခါင္ေရာက္ေနၿပီေလ, အဝတ္အစားေတြမလဲဘဲ ဘယ္ကိုသြားမလို႔လဲ? မင္း မ်ားမ်ားအနားယူရမယ္လို႔ဆရာဝန္ေျပာသြားတယ္ေလ"
ေခ်ာင္ယြီ ဂရုမစိုက္ေပ။ သူပါးစပ္ဖြင့္ဟလိုက္ၿပီး ေျပာလာ၏။ "ကြၽန္ေတာ္က ခင္ဗ်ားသားမဟုတ္ဘူး, ခင္ဗ်ားသားနဲ႔ ကြၽန္ေတာ္ ခႏၶာကိုယ္ခ်င္းလဲသြားတာ, ခင္ဗ်ားသားက ဒီမွာမဟုတ္ဘူး"
ဖုန္းေဟြ့ ေၾကာင္သြားရေတာ့သည္။
သူနဲ႔ သူ႔ၾကားမွာ ျဖစ္ခဲ့သမ်ွအရာအားလံုးကို ဖုန္းေဟြ့ကို ေခ်ာင္ယြီဆက္ရွင္းျပလိုက္တယ္။
ေခ်ာင္ယြီကဘယ္သူလဲ? ဖုန္းေဟြ့မသိေပမယ့္လည္း ေသခ်ာဂရုတစိုက္နားေထာင္ေနၿပီး ၾကားျဖတ္ၿပီးေတာင္မွမေျပာရဲေပ။ သူ႔သားရဲ့စကားေတြဟာ အမွန္ျဖစ္လာေလေလ သူပိုၿပိးစိတ္ရႈပ္လာရေလေလျဖစ္ရေတာ့သည္။
သူ႔သားကို လက္တြဲေဖာ္ေကာင္းေကာင္းရွာေပးခ်င္ခဲ့ရံုေလးပဲေလ, ဘာ့ေၾကာင့္ အက်င့္စရိုက္ေတြကြာျခားသြားရတာလဲ?
အရာရာတိုင္းရဲ့အျဖစ္အပ်က္ေတြက အရမ္းကိုျမန္ဆန္သြားခဲ့တာေၾကာင့္ သူလက္မခံႏိုင္ေပ။
သူပ်ိဳးေထာင္ေပးခဲ့တဲ့စိတ္ကစဉ့္ကလ်ားေရာဂါကို သူဒီထက္ပိုၿပီးမဆိုးလာခင္ ျမန္ျမန္အျမစ္ျဖတ္ျပစ္ရမယ္။
(ေျပာခ်င္တာက သူ႔အေဖကသူ႔ကိုဂရုမစိုက္ေပးႏိုင္ခဲ့လို႔ ကေလးကဒီလိုျဖစ္သြားတယ္လို႔ထင္ေနတာ)
သူဆိုဖာကိုမွီလိုက္ၿပီးေတာ့ စိတ္ကိုတည္ၿငိမ္ေအာင္ထားလိုက္တယ္။ သူ႔လက္ေထာက္တစ္ေယာက္ကိုၫႊန္ၾကားလိုက္တယ္။ "အရင္ဆံုး ငါ့သားကို သူ႔အခန္းထဲျပန္ပို႔လိုက္"
သ့သားကိုျပန္ပို႔လိုက္ၿပီးေနာက္ မ်က္ခံုးေတြကိုတြန႔္ေကြးထားရင္း သူ႔လက္ေအာက္ငယ္သားေတြကို အမီန႔္ေပးလိုက္တယ္။ "ျမန္ျမန္, ျမန္ျမန္... ဒီကို အေတာ္ဆံုးစိတ္အထူးကုဆရာဝန္ကိုလႊတ္လိုက္"
ထို႔ေနာက္တြင္ သံုး ေလးရက္ၾကာၿပီးေနာက္ , စိတ္အထူးကုဆရာဝန္နဲ႔အိပ္ေမြ့ခ်ကုသျခင္းခံခဲ့ရတယ္။
သူ႔စိတ္ဟာလည္း ေခ်ာက္ကမ္းပါးအထိၿပိဳလဲေနရၿပီ။ သူေနေကာင္းေနတာကို မေကာင္းဘူးေျပာၾကမွာ သူအေၾကာက္ဆံုးျဖစ္ေန၏။
သူ႔စိတ္က်န္းမာေရးကို ေကာင္းေအာင္ကုသေပးႏိုင္ၿပီလို႔ထင္ေနၾကတာကို သူခံစားေနမိသည္။ သူ႔ကိုယ္သူေခ်ာင္ယြီလို႔သတ္မွတ္ထားေပမယ့္လည္း တျခားသူေတြကေတာ့ သူ႔ကိုပံုမွန္မဟုတ္ဘူးလို႔ သတ္မွတ္ထားၾကတယ္။ သူငိုခ်င္ေပမယ့္လည္း ညဘက္မွသာတိတ္တိတ္ေလးခိုးငိုရသည္။
ဒါေပမယ့္ သူကတကယ့္ေခ်ာင္ယြီေလ! ဟို ဖုန္းရိႈ႔ဆိုတဲ့အေကာင္ဘယ္မွာလည္း?!
ဒီလိုေတြသာဆက္သြားေနမယ္ဆိုရင္ သူတကယ္ဖုန္းရိႈ႔ျဖစ္လာေတာ့မယ္။ သူ အဲ့အေကာင္မျဖစ္ခ်င္ဘူး!
ဖုန္းေဟြ့ကို ေနမေကာင္းတဲ့အေၾကာင္းေတြရွင္းျပေနတဲ့အခ်ိန္မွာ ေခ်ာင္ယြီကလည္းလိုက္နာတယ္။ ဖုန္းေဟြ့ကို အမွန္တိုင္းေျပာျပတာကအလုပ္မျဖစ္ဘူးဆိုတာ သူနားလည္သြားတယ္။
ေခ်ာင္ယြီက ေနာင္တရေနတဲ့မ်က္မွာေဘးနဲ႔ၾကၫ့္လာၿပီး "အေဖ, သားမွားသြားပါတယ္"
ဒါကိုၾကားေတာ့ ဖုန္းေဟြ့ကဆရာဝန္ကိုထပ္ေခၚလိုက္ျပန္တယ္။ "ေဒါက္တာခ်န္ေရ, မနက္ျဖန္ျပန္လာခဲ့ပါဉီး ကြၽန္ေတာ့သားေလး ျပန္မေကာင္းေသးဘူးထင္တယ္"
ဆရာဝန္ကေအးခဲသြားရေတာ့သည္။ "ဘာျဖစ္လို႔လဲ?"
ဖုန္းေဟြ့က မ်က္ေမွာင္ႀကံဳ႔ၿပီးေျပာလာတယ္။ "ကြၽန္ေတာ့သားက တစ္ခါမွဒီေလာက္မနာခံဖူးဘူး"
ေဒါက္တာခ်န္ : "........."
ေခ်ာင္ယြီ ၾကက္ေသေသသြားရေတာ့သည္။ ဘယ္လိုေတာင္ဆိုးလိုက္တဲ့ဖုန္းရိႈ႔လဲ?!