အစိမ်းရင့်ရောင် စာမျက်နှာ { C...

Od Nova_Danica

54.7K 5.3K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... Více

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Do I miss something? 1

1K 140 18
Od Nova_Danica

[Unicode]

နေက ကောင်းကင်၏ အလယ်တည့်တည့်သို့ ရောက်ရှိလာသည့် အချိန်တွင် လေကလည်း ပြောင်းလဲကာ လာသည်။ ရန်ကုန်လေသည် ပူသည်၊ သို့သော်လည်း အညာလေလို မဟုတ်။

အညာလေသည် သဲမှုန်လေးတွေပေါ်မှ ဖြတ်တိုက်လာသော လေဖြစ်၍ အပူလွန်ကဲသည်။ ပတ်၀န်းကျင်ကလည်း ခြောက်သွေ့သည်။ အိပ်ရာနိုးကာစက မပီမပြင်သာ ရှိသေးသော အညာသည် တရွေ့ရွေ့ ဖြတ်ကျော်ပြီးနောက်တွင် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာ၏။

မြို့ပြရန်ကုန်၏ တိုက်တာများနှင့် ကွဲလွဲသော ခြေတံရှည်၊ ခြေတံတိုအိမ်များက လမ်းတစ်လျှောက်၌ ရှိသည်။ ထနောင်းပင်အို၊ ပင်ပျိုတို့နှင့်အတူ တမာရနံ့တွေက ‌ကားတွင်းသို့ ဝေ့ဝဲကာလာနေသည်။ အခက်အလက် ဝေဖြာသော ထန်းပင်ပေါ်မှ ခါး၌ ထန်းရည်အိုးများ ချိတ်ထားသည့် ဦးကြီးတစ်ဦး ဆင်းလာသည် မြင်‌သောအခါ-

နွေဦးကာလ၊ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုး လွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျှက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ဟူသော ‌၀န်ကြီးပဒေသရာဇာ၏ '‌နွေဦးကာလ မြူထသောအခါကို' သတိရမိ၏။

"ဘယ်နှစ်နာရီ ထိုးပြီလဲ"

"ဆယ့်တစ်နာရီ ခွဲပြီ။ ဆယ့်နှစ်ကျရင် ပုပ္ပားမှာ ထမင်း၀င်စားကြမယ်"

"အေးအေး မောင်းပါကွာ။ ပုဂံကို ညနေရောက် ပြီးတာပါပဲ"

Schedule ညှိနှိုင်းနေသည့် အထဲတွင် ပုပ္ပားဟူသော အမည်ပါလာသဖြင့် လွမ်းလတ်နောင် ရင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။

စိတ်ထဲက အမေးစကားတွေကို ဖြေရှင်းပြီးမှ သူလည်း နေလို့ထိုင်လို့ ကောင်းသွားမှာ အမှန်။ အခုတော့ သို့လောသို့လောနှင့်။ အဘွားကတော့ ညာမည် မဟုတ်၊ သို့သော်လည်း သူပုပ္ပားမှာ နေခဲ့ရိုးမှန်လျှင် အဘယ့်ကြောင့် မမှတ်မိရသနည်း။ ထိုကိစ္စကို စိတ်တိုင်းမကျ ဖြစ်မိသည်။

"ဆင်းကြတော့ ငါ့ကောင်တွေ။ ရောက်ပြီ။ ဒါ ငါတို့လာတိုင်း စားနေကျ ထမင်းဆိုင်"

စားချင်စိတ် မရှိသော်လည်း ဗိုက်ပြည့်မှ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်မည်မို့ ဆိုင်အတွင်းသို့ လွမ်းလတ်နောင် ၀င်ထိုင်လိုက်သည်။

လမ်းဘေးဆိုင် ဖြစ်သော်လည်း သပ်ရပ်သန့်ရှင်းလှသဖြင့် လူကြိုက်များကြပုံ ပေါ်သည်။ ငပိရည်၊ တို့စရာ အစုံအလင်ပါသော လက်ရာဆန်းလေးကြောင့် ထမင်းပွဲက အတော်ကို စားလို့မြိန်လှသည်။ မန်ကျည်းရွက် ဟင်းရည်လေးက ချဥ်ဖြုံ့ဖြုံ့နှင့်မို့ ပါလာသူမှန်သမျှ လိုက်ပွဲမယူသူ မရှိချေ။

"နည်းနည်းပါးပါး အနားယူပြီး အပူသက်သာအောင် လုပ်ကြ။ ဒီလက်ဖက်ရည်‌လေး သောက်ပြီးရင် ခရီးဆက်ကြမယ်"

တမာပင်ရိပ်အောက် ရောက်၍ တမာရနံ့က လှိုင်နေသည်။ လေကလည်း မြူးမြူးလေး တိုက်သည်။ ကားလမ်းတစ်လျှောက် မောင်းသွားကြသော ကားကြီးကားငယ်တို့ကား ကျဲလိုက်၊ များလိုက်ဖြင့်။

ကျန်သင့်၊ မကျန်သင့် အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ ဆုံးဖြတ်ချက်တစ်ခုအား လွမ်းလတ်နောင် ခိုင်မာစွာ ချလိုက်တော့သည်။

"ကိုဆက် မင်းတို့ပဲ သွားလိုက်တော့။ ငါမလိုက်တော့ဘူး"

သူ့စကားကြောင့် ကိုဆက်က ထန်းလျက်စားကာ ကားလမ်းတစ်လျှောက် ငေးနေရင်းမှ လှည့်ကြည့်လာသည်။

"ဟ ဘယ်လိုဖြစ်တာလဲ။ မင်းက ဒီအထိ ရောက်ပြီးမှ ရန်ကုန်ကို တစ်ယောက်တည်း ပြန်ဦးမလို့လား"

လွမ်းလတ်နောင် ခေါင်းယမ်းပြလိုက်သည်။

"ငါ မပြန်ပါဘူး။ ဒီမှာ ကျန်ခဲ့မှာ"

"ဒီမှာ ?"

ကိုဆက်က အနည်းငယ် စဉ်းစားနေသေး၏။ စက္ကန့်အချို့ကြာမှ အဖြေသိသွားပုံရသည်။

"ဪ...အေး။ မင်းငယ်ငယ်က ဒီမှာ နေသေးတာပဲဟာ။ ဒါပေမဲ့ကွာ အပြန်မှ ၀င်ပါလား"

"ဟုတ်သားပဲ ကိုလတ်ရ။ ပြန်မှ ၀င်ပါ့လား"

"ကိုလတ်ကလည်း သူငယ်ချင်းတွေ စုံတုန်းကို ကျန်မခဲ့စမ်းပါနဲ့"

တစ်ခရီးတည်း လာပြီးမှ အတူလိုက်စေချင်ဟန်ဖြင့် ကျန်သူများကပါ ဝိုင်း၀န်း ပြောဆိုလာကြသည်။ သို့တိုင် လွမ်းလတ်နောင် ခေါင်းမာဆဲ။

"ပုဂံကို ငါက ခဏခဏ ရောက်ဖြစ်ပါတယ်။ ပြီးတော့ လုပ်စရာလေး နည်းနည်း ရှိနေလို့။ အေးဆေးသာ သွားကြ။ ဘာမှ စိတ်မပူကြနဲ့"

"ပုဂံရောက်ရင် ငါ့ကို ဖုန်းဆက်ဦး‌နော် ကိုဆက်။ ကဲ... ငါသွားပြီ"

ကိုဆက် တုံ့ပြန်လာမည်ကို မစောင့်တော့ဘဲ ကားပေါ်က ကျောပိုးအိတ်ကို ဆွဲယူကာ လမ်းမပေါ်သို့ ပြေးတက်လိုက်သည်။ ထို့နောက် လာနေသည့် တွေ့ရာ Hilux ကားတစ်စီးကို တားကာ သွားချင်သည့် နေရာဆီ ပြောဆိုလိုက်တော့၏။

ထနောင်းပင်ပေါ်ရှိ ငှက်အော်သံက တစာစာမြည်နေ၏။ မျက်စိရှေ့က သဲထူသော လမ်းကလေးသည် ဆိုင်ကယ်ရာ၊ စက်ဘီးရာတို့ဖြင့် ပြည့်နှက်နေလေသည်။ လေပူတို့က တဝေါဝေါ မြည်သံပေး၍ တိုက်ခတ်သွားချိန်တွင် အဝါရောင် ရွက်ကြွေများက သူ့ခေါင်းပေါ်နှင့် လမ်းလေးပေါ်သို့ သဲသဲမဲမဲ ကျဆင်းလာကြ၏။

အနည်းငယ် ချီတုံချတုံနှင့် ယောင်ဝါးဝါး ဖြစ်နေသော်လည်း တစ်စုံတစ်ရာကို သိနေဟန်ဖြင့် ထိုလမ်းထဲသို့ စိုက်စိုက်မြိုက်မြိုက် ၀င်ကာ သွားလိုက်သည်။ တမာပင်တွေ၊ သရက်ပင်တွေ တန်းနေသော အိမ်ငါးလုံးခန့်ကို ဖြတ်ကျော်ပြီးသောအခါတွင် လမ်းဘက်သို့ ကိုင်းကျနေသော စံကားဝါပင်ကြီး တစ်ပင်ကို ဝေးဝေးမှလှမ်းမြင်လိုက်ရ၏။

ထို့အတူ လူသုံးလေးယောက်ခန့်ကလည်း လမ်းနှင့် မလွတ်သော အကိုင်းကြီး တစ်ကိုင်းအား ချိုင်ချနေလေသည်။ ရုတ်တရက် သူပိုင်ပစ္စည်းတစ်ခုအား ပေးလိုက်ရသလိုမျိုး လွမ်းလတ်နောင် အလိုလို နှမြောသွားမိရ၏။

"ဒီမှာ ခင်ဗျ။ အိမ်ရှင်တွေ ရှိလား မသိဘူး"

သစ်ပင်ခုတ်‌နေသည့် လူတချို့ အနား ရပ်ကာ မေးလိုက်လျှင် ရှိသည်ဟု ပြန်ပြောလာကြသည်။ ထို့ကြောင့် လွမ်းလတ်နောင်လည်း ကိုယ့်အိမ်ကိုယ့်ယာပမာ စွတ်၀င်သွားလိုက်၏။

ထိုအခိုက်မှာပင် အိမ်ပေါ်မှ အမျိုးသမီးတစ်ဦးက ဆင်းလာသည်။ မှတ်မိလောက်မလား ကြိုးစားနေစဉ်မှာပင် ထိုအမျိုးသမီးကလည်း သူ့အား စူးစမ်းဟန်ဖြင့် ပြန်ကြည့်နေ၏။

"ဘာကိစ္စရှိလို့လဲ မောင်လေး"

"ဒါ ဆရာကြီးဦးသာဦးရဲ့အိမ်လား မသိဘူး ခင်ဗျာ"

အမျိုးသမီး၏ မျက်နှာက ပြုံးသွားလေသည်။ လွမ်းလတ်နောင်၏ မျှော်လင့်ချက် ရောင်ခြည်လေးလည်း သန်းသလိုလို ရှိလာ၏။

"ဪ ဆရာကြီးတပည့် ထင်တယ်"

"ဗျာ။ ဟုတ် ဟုတ်ကဲ့"

"ဆရာကြီးတို့က မရှိတော့ဘူးကွဲ့။ ဒီအိမ်ကို ရောင်းပြီး ပြောင်းသွားကြပြီ"

သို့ရာတွင် အဆုံးသတ် စကားကြောင့် သူ့ရင်ထဲရှိ မျှော်လင့်ခြင်း ကြိုးမျှင်လေးဟာ ကတ်ကြေးနှင့် တိခနဲ ကိုက်လိုက်သည့်ပမာ ထောင်းခနဲ မြည်အောင် ပြတ်သွားလေသည်။

"ဒါဆို ဒီအိမ်မှာ ဆရာကြီးတို့ နေဖူးတယ်ပေါ့နော်။ ဟို...ဘယ်ကို ပြောင်းသွားတာလဲ ဆိုတာရော အစ်မ သိလားဗျ"

"အဲ့ဒါတော့ အစ်မလည်း မသိဘူး။ မေမေတို့ဆီကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ရောင်းခဲ့တာ"

ပဟေဠိတစ်ခုက လွမ်းလတ်နောင်ထံ ထပ်မံ ရောက်ရှိလာပြန်လေသည်။

"လွန်ခဲ့တဲ့ သုံးနှစ်...! ဘာကြောင့် ပြောင်းသွားမှန်းလဲ အစ်မ မသိဘူးပေါ့"

"အေးကွယ် အစ်မလည်း စိတ်မကောင်းပါဘူး။ အဲ့တုန်းက အစ်မကလည်း ဒီမှာ မရှိတော့ မောင်လေးရယ်..."

အားတုံ့အားနာဖြစ်နေသော အစ်မအား ဆက်မေးနေလျှင်လည်း အကြောင်းထူးရှိမည် မဟုတ်သောကြောင့် လွမ်းလတ်နောင် လက်လျှော့လိုက်တော့သည်။

"ဟုတ်ကဲ့။ ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး အစ်မ"

လေးကန်နေသော ခြေလှမ်းများနှင့် ခြံ၀င်း အပြင်ဘက်သို့ ထွက်လာရင်းမှ ခုတ်လှဲ၍ ပြီးစီးသွားပြီ ဖြစ်သော စံကားဝါပင်ကြီးကို မော့ကြည့်မိသည်။ အချိန်အခါသင့် ဆိုသလို ခြေထောက်ရှေ့သို့ မအာ့တအာ ပန်းလေးတစ်ပွင့် ကြွေကျလာ၏။ ငုံ့ကိုင်းကာ ‌ဖွဖွလေး ကောက်ယူပြီး‌နောက်တွင် လေနှင်ရာလွင့်သော တိမ်တိုက်လို၊ ဗလာသက်သက် စိတ်မျိုးဖြင့် ထိုလမ်းကြားလေးထဲမှ လွမ်းလတ်နောင် ပြန်ထွက်ခဲ့လိုက်သည်။

ဘယ်မှာ ရှာရဦးမည်တဲ့လဲ။ ဘာကြောင့် ရုတ်တရက်ကြီး လမ်းစပျောက်သွားရသလဲ။ သူကပဲ ထင်ယောင်ထင်မှား ဖြစ်နေခဲ့သည်လား။

သေချာပေါက် ဒီညတော့ သူပြန်ဖြစ်မည် မဟုတ်။ ထို့အတူ မနက်ဖြန်လည်း မပြန်ချင်။ နေ၀င်လျှင် နားရဦးမည်မို့ ဟိုတယ် အသေးစားတစ်ခု တွေ့ရှိချိန်တွင် အထဲ ၀င်သွားလိုက်၏။

"နှစ်‌ယောက်ခန်း ယူမလား။ တစ်‌ယောက်ခန်း ယူမလား ညီလေး"

"တစ်‌ယောက်ခန်းပဲ ပေးပါ"

"စံကားဝါမြေက ကြိုဆိုပါတယ်။ ပျော်ရွှင်ပါစေ"

"ကျေးဇူးအများကြီး တင်ပါတယ်"

ဧည့်ကြိုသမားက လွမ်းလတ်နောင်အား အခန်းလိုက်ပြသည်။ နေရာရောက်လျှင် လက်ထဲသို့ သော့ပေးခဲ့ပြီး တံခါးပိတ်ကာ ပြန်ထွက်သွား၏။

ဝေးဝေးက ပုပ္ပားတောင်မှာ ပြတင်းပေါက်နှင့် တန်းနေ၍ ခုတင်ပေါ် လှဲအိပ်နေရင်းမှပင် လှမ်းမြင်နိုင်လေသည်။ ကျောပိုးအိတ်ကို ဘေးပစ်ချရင်း မနက်ဖြန်တော့ ပုပ္ပားတောင်တက်ဦးမှဟု တွေးကာ မျက်လုံး မှိတ်ထားလိုက်တော့၏။

TBC...

[Zawgyi]

ေနက ေကာင္းကင္၏ အလယ္တည့္တည့္သို႔ ေရာက္ရွိလာသည့္ အခ်ိန္တြင္ ေလကလည္း ေျပာင္းလဲကာ လာသည္။ ရန္ကုန္ေလသည္ ပူသည္၊ သို႔ေသာ္လည္း အညာေလလို မဟုတ္။

အညာေလသည္ သဲမႈန္ေလးေတြေပၚမွ ျဖတ္တိုက္လာေသာ ေလျဖစ္၍ အပူလြန္ကဲသည္။ ပတ္၀န္းက်င္ကလည္း ေျခာက္ေသြ႕သည္။ အိပ္ရာနိုးကာစက မပီမျပင္သာ ရွိေသးေသာ အညာသည္ တေ႐ြ႕ေ႐ြ႕ ျဖတ္ေက်ာ္ၿပီးေနာက္တြင္ တျဖည္းျဖည္းႏွင့္ ႐ုပ္လုံးေပၚလာ၏။

ၿမိဳ႕ျပရန္ကုန္၏ တိုက္တာမ်ားႏွင့္ ကြဲလြဲေသာ ေျခတံရွည္၊ ေျခတံတိုအိမ္မ်ားက လမ္းတစ္ေလွ်ာက္၌ ရွိသည္။ ထေနာင္းပင္အို၊ ပင္ပ်ိဳတို႔ႏွင့္အတူ တမာရနံ႕ေတြက ‌ကားတြင္းသို႔ ေဝ့ဝဲကာလာေနသည္။ အခက္အလက္ ေဝျဖာေသာ ထန္းပင္ေပၚမွ ခါး၌ ထန္းရည္အိုးမ်ား ခ်ိတ္ထားသည့္ ဦးႀကီးတစ္ဦး ဆင္းလာသည္ ျမင္‌ေသာအခါ-

ေႏြဦးကာလ၊ ျမဴထေသာအခါ
ရင္းေထာင္ရင္းဆြဲ၊ ေဆာင္ၿမဲအိုး လြယ္ကာ
ဓားႏွီးထက္စြာ၊ ခါးမွာခ်ပ္လွ်က္
ထန္းပြင့္ထန္းခိုင္၊ ႐ႊန္းၿမိဳင္ၿမိဳင္
ကလိုင္သာလြယ္လို႔ တက္သည္ႏွင့္ေလး။

ဟူေသာ ‌၀န္ႀကီးပေဒသရာဇာ၏ '‌ေႏြဦးကာလ ျမဴထေသာအခါကို' သတိရမိ၏။

"ဘယ္ႏွစ္နာရီ ထိုးၿပီလဲ"

"ဆယ့္တစ္နာရီ ခြဲၿပီ။ ဆယ့္ႏွစ္က်ရင္ ပုပၸားမွာ ထမင္း၀င္စားၾကမယ္"

"ေအးေအး ေမာင္းပါကြာ။ ပုဂံကို ညေနေရာက္ ၿပီးတာပါပဲ"

Schedule ညွိႏွိုင္းေနသည့္ အထဲတြင္ ပုပၸားဟူေသာ အမည္ပါလာသျဖင့္ လြမ္းလတ္ေနာင္ ရင္မွာ လႈပ္လႈပ္ရွားရွား ျဖစ္လာျပန္သည္။

စိတ္ထဲက အေမးစကားေတြကို ေျဖရွင္းၿပီးမွ သူလည္း ေနလို႔ထိုင္လို႔ ေကာင္းသြားမွာ အမွန္။ အခုေတာ့ သို႔ေလာသို႔ေလာႏွင့္။ အဘြားကေတာ့ ညာမည္ မဟုတ္၊ သို႔ေသာ္လည္း သူပုပၸားမွာ ေနခဲ့ရိုးမွန္လွ်င္ အဘယ့္ေၾကာင့္ မမွတ္မိရသနည္း။ ထိုကိစၥကို စိတ္တိုင္းမက် ျဖစ္မိသည္။

"ဆင္းၾကေတာ့ ငါ့ေကာင္ေတြ။ ေရာက္ၿပီ။ ဒါ ငါတို႔လာတိုင္း စားေနက် ထမင္းဆိုင္"

စားခ်င္စိတ္ မရွိေသာ္လည္း ဗိုက္ျပည့္မွ ကိုယ္လုပ္ခ်င္တာေတြ လုပ္နိုင္မည္မို႔ ဆိုင္အတြင္းသို႔ လြမ္းလတ္ေနာင္ ၀င္ထိုင္လိုက္သည္။

လမ္းေဘးဆိုင္ ျဖစ္ေသာ္လည္း သပ္ရပ္သန႔္ရွင္းလွသျဖင့္ လူႀကိဳက္မ်ားၾကပုံ ေပၚသည္။ ငပိရည္၊ တို႔စရာ အစုံအလင္ပါေသာ လက္ရာဆန္းေလးေၾကာင့္ ထမင္းပြဲက အေတာ္ကို စားလို႔ၿမိန္လွသည္။ မန္က်ည္း႐ြက္ ဟင္းရည္ေလးက ခ်ဥ္ၿဖဳံ႕ၿဖဳံ႕ႏွင့္မို႔ ပါလာသူမွန္သမွ် လိုက္ပြဲမယူသူ မရွိေခ်။

"နည္းနည္းပါးပါး အနားယူၿပီး အပူသက္သာေအာင္ လုပ္ၾက။ ဒီလက္ဖက္ရည္‌ေလး ေသာက္ၿပီးရင္ ခရီးဆက္ၾကမယ္"

တမာပင္ရိပ္ေအာက္ ေရာက္၍ တမာရနံ႕က လွိုင္ေနသည္။ ေလကလည္း ျမဴးျမဴးေလး တိုက္သည္။ ကားလမ္းတစ္ေလွ်ာက္ ေမာင္းသြားၾကေသာ ကားႀကီးကားငယ္တို႔ကား က်ဲလိုက္၊ မ်ားလိုက္ျဖင့္။

က်န္သင့္၊ မက်န္သင့္ အတန္ၾကာ စဥ္းစားၿပီးေနာက္တြင္ေတာ့ ဆုံးျဖတ္ခ်က္တစ္ခုအား လြမ္းလတ္ေနာင္ ခိုင္မာစြာ ခ်လိဳက္ေတာ့သည္။

"ကိုဆက္ မင္းတို႔ပဲ သြားလိုက္ေတာ့။ ငါမလိုက္ေတာ့ဘူး"

သူ႕စကားေၾကာင့္ ကိုဆက္က ထန္းလ်က္စားကာ ကားလမ္းတစ္ေလွ်ာက္ ေငးေနရင္းမွ လွည့္ၾကည့္လာသည္။

"ဟ ဘယ္လိုျဖစ္တာလဲ။ မင္းက ဒီအထိ ေရာက္ၿပီးမွ ရန္ကုန္ကို တစ္ေယာက္တည္း ျပန္ဦးမလို႔လား"

လြမ္းလတ္ေနာင္ ေခါင္းယမ္းျပလိုက္သည္။

"ငါ မျပန္ပါဘူး။ ဒီမွာ က်န္ခဲ့မွာ"

"ဒီမွာ ?"

ကိုဆက္က အနည္းငယ္ စဥ္းစားေနေသး၏။ စကၠန႔္အခ်ိဳ႕ၾကာမွ အေျဖသိသြားပုံရသည္။

"ဪ...ေအး။ မင္းငယ္ငယ္က ဒီမွာ ေနေသးတာပဲဟာ။ ဒါေပမဲ့ကြာ အျပန္မွ ၀င္ပါလား"

"ဟုတ္သားပဲ ကိုလတ္ရ။ ျပန္မွ ၀င္ပါ့လား"

"ကိုလတ္ကလည္း သူငယ္ခ်င္းေတြ စုံတုန္းကို က်န္မခဲ့စမ္းပါနဲ႕"

တစ္ခရီးတည္း လာၿပီးမွ အတူလိုက္ေစခ်င္ဟန္ျဖင့္ က်န္သူမ်ားကပါ ဝိုင္း၀န္း ေျပာဆိုလာၾကသည္။ သို႔တိုင္ လြမ္းလတ္ေနာင္ ေခါင္းမာဆဲ။

"ပုဂံကို ငါက ခဏခဏ ေရာက္ျဖစ္ပါတယ္။ ၿပီးေတာ့ လုပ္စရာေလး နည္းနည္း ရွိေနလို႔။ ေအးေဆးသာ သြားၾက။ ဘာမွ စိတ္မပူၾကနဲ႕"

"ပုဂံေရာက္ရင္ ငါ့ကို ဖုန္းဆက္ဦး‌ေနာ္ ကိုဆက္။ ကဲ... ငါသြားၿပီ"

ကိုဆက္ တုံ႕ျပန္လာမည္ကို မေစာင့္ေတာ့ဘဲ ကားေပၚက ေက်ာပိုးအိတ္ကို ဆြဲယူကာ လမ္းမေပၚသို႔ ေျပးတက္လိုက္သည္။ ထို႔ေနာက္ လာေနသည့္ ေတြ႕ရာ Hilux ကားတစ္စီးကို တားကာ သြားခ်င္သည့္ ေနရာဆီ ေျပာဆိုလိုက္ေတာ့၏။

ထေနာင္းပင္ေပၚရွိ ငွက္ေအာ္သံက တစာစာျမည္ေန၏။ မ်က္စိေရွ႕က သဲထူေသာ လမ္းကေလးသည္ ဆိုင္ကယ္ရာ၊ စက္ဘီးရာတို႔ျဖင့္ ျပည့္ႏွက္ေနေလသည္။ ေလပူတို႔က တေဝါေဝါ ျမည္သံေပး၍ တိုက္ခတ္သြားခ်ိန္တြင္ အဝါေရာင္ ႐ြက္ေႂကြမ်ားက သူ႕ေခါင္းေပၚႏွင့္ လမ္းေလးေပၚသို႔ သဲသဲမဲမဲ က်ဆင္းလာၾက၏။

အနည္းငယ္ ခ်ီတုံခ်တဳံႏွင့္ ေယာင္ဝါးဝါး ျဖစ္ေနေသာ္လည္း တစ္စုံတစ္ရာကို သိေနဟန္ျဖင့္ ထိုလမ္းထဲသို႔ စိုက္စိုက္ၿမိဳက္ၿမိဳက္ ၀င္ကာ သြားလိုက္သည္။ တမာပင္ေတြ၊ သရက္ပင္ေတြ တန္းေနေသာ အိမ္ငါးလုံးခန႔္ကို ျဖတ္ေက်ာ္ၿပီးေသာအခါတြင္ လမ္းဘက္သို႔ ကိုင္းက်ေနေသာ စံကားဝါပင္ႀကီး တစ္ပင္ကို ေဝးေဝးမွလွမ္းျမင္လိုက္ရ၏။

ထို႔အတူ လူသုံးေလးေယာက္ခန႔္ကလည္း လမ္းႏွင့္ မလြတ္ေသာ အကိုင္းႀကီး တစ္ကိုင္းအား ခ်ိဳင္ခ်ေနေလသည္။ ႐ုတ္တရက္ သူပိုင္ပစၥည္းတစ္ခုအား ေပးလိုက္ရသလိုမ်ိဳး လြမ္းလတ္ေနာင္ အလိုလို ႏွေျမာသြားမိရ၏။

"ဒီမွာ ခင္ဗ်။ အိမ္ရွင္ေတြ ရွိလား မသိဘူး"

သစ္ပင္ခုတ္‌ေနသည့္ လူတခ်ိဳ႕ အနား ရပ္ကာ ေမးလိုက္လွ်င္ ရွိသည္ဟု ျပန္ေျပာလာၾကသည္။ ထို႔ေၾကာင့္ လြမ္းလတ္ေနာင္လည္း ကိုယ့္အိမ္ကိုယ့္ယာပမာ စြတ္၀င္သြားလိုက္၏။

ထိုအခိုက္မွာပင္ အိမ္ေပၚမွ အမ်ိဳးသမီးတစ္ဦးက ဆင္းလာသည္။ မွတ္မိေလာက္မလား ႀကိဳးစားေနစဥ္မွာပင္ ထိုအမ်ိဳးသမီးကလည္း သူ႕အား စူးစမ္းဟန္ျဖင့္ ျပန္ၾကည့္ေန၏။

"ဘာကိစၥရွိလို႔လဲ ေမာင္ေလး"

"ဒါ ဆရာႀကီးဦးသာဦးရဲ႕အိမ္လား မသိဘူး ခင္ဗ်ာ"

အမ်ိဳးသမီး၏ မ်က္ႏွာက ၿပဳံးသြားေလသည္။ လြမ္းလတ္ေနာင္၏ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေလးလည္း သန္းသလိုလို ရွိလာ၏။

"ဪ ဆရာႀကီးတပည့္ ထင္တယ္"

"ဗ်ာ။ ဟုတ္ ဟုတ္ကဲ့"

"ဆရာႀကီးတို႔က မရွိေတာ့ဘူးကြဲ႕။ ဒီအိမ္ကို ေရာင္းၿပီး ေျပာင္းသြားၾကၿပီ"

သို႔ရာတြင္ အဆုံးသတ္ စကားေၾကာင့္ သူ႕ရင္ထဲရွိ ေမွ်ာ္လင့္ျခင္း ႀကိဳးမွ်င္ေလးဟာ ကတ္ေၾကးႏွင့္ တိခနဲ ကိုက္လိုက္သည့္ပမာ ေထာင္းခနဲ ျမည္ေအာင္ ျပတ္သြားေလသည္။

"ဒါဆို ဒီအိမ္မွာ ဆရာႀကီးတို႔ ေနဖူးတယ္ေပါ့ေနာ္။ ဟို...ဘယ္ကို ေျပာင္းသြားတာလဲ ဆိုတာေရာ အစ္မ သိလားဗ်"

"အဲ့ဒါေတာ့ အစ္မလည္း မသိဘူး။ ေမေမတို႔ဆီကို လြန္ခဲ့တဲ့ သုံးႏွစ္ကတည္းက ေရာင္းခဲ့တာ"

ပေဟဠိတစ္ခုက လြမ္းလတ္ေနာင္ထံ ထပ္မံ ေရာက္ရွိလာျပန္ေလသည္။

"လြန္ခဲ့တဲ့ သုံးႏွစ္...! ဘာေၾကာင့္ ေျပာင္းသြားမွန္းလဲ အစ္မ မသိဘူးေပါ့"

"ေအးကြယ္ အစ္မလည္း စိတ္မေကာင္းပါဘူး။ အဲ့တုန္းက အစ္မကလည္း ဒီမွာ မရွိေတာ့ ေမာင္ေလးရယ္..."

အားတုံ႕အားနာျဖစ္ေနေသာ အစ္မအား ဆက္ေမးေနလွ်င္လည္း အေၾကာင္းထူးရွိမည္ မဟုတ္ေသာေၾကာင့္ လြမ္းလတ္ေနာင္ လက္ေလွ်ာ့လိုက္ေတာ့သည္။

"ဟုတ္ကဲ့။ ဒါဆို ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး အစ္မ"

ေလးကန္ေနေသာ ေျခလွမ္းမ်ားႏွင့္ ၿခံ၀င္း အျပင္ဘက္သို႔ ထြက္လာရင္းမွ ခုတ္လွဲ၍ ၿပီးစီးသြားၿပီ ျဖစ္ေသာ စံကားဝါပင္ႀကီးကို ေမာ့ၾကည့္မိသည္။ အခ်ိန္အခါသင့္ ဆိုသလို ေျခေထာက္ေရွ႕သို႔ မအာ့တအာ ပန္းေလးတစ္ပြင့္ ေႂကြက်လာ၏။ ငုံ႕ကိုင္းကာ ‌ဖြဖြေလး ေကာက္ယူၿပီး‌ေနာက္တြင္ ေလႏွင္ရာလြင့္ေသာ တိမ္တိုက္လို၊ ဗလာသက္သက္ စိတ္မ်ိဳးျဖင့္ ထိုလမ္းၾကားေလးထဲမွ လြမ္းလတ္ေနာင္ ျပန္ထြက္ခဲ့လိုက္သည္။

ဘယ္မွာ ရွာရဦးမည္တဲ့လဲ။ ဘာေၾကာင့္ ႐ုတ္တရက္ႀကီး လမ္းစေပ်ာက္သြားရသလဲ။ သူကပဲ ထင္ေယာင္ထင္မွား ျဖစ္ေနခဲ့သည္လား။

ေသခ်ာေပါက္ ဒီညေတာ့ သူျပန္ျဖစ္မည္ မဟုတ္။ ထို႔အတူ မနက္ျဖန္လည္း မျပန္ခ်င္။ ေန၀င္လွ်င္ နားရဦးမည္မို႔ ဟိုတယ္ အေသးစားတစ္ခု ေတြ႕ရွိခ်ိန္တြင္ အထဲ ၀င္သြားလိုက္၏။

"ႏွစ္‌ေယာက္ခန္း ယူမလား။ တစ္‌ေယာက္ခန္း ယူမလား ညီေလး"

"တစ္‌ေယာက္ခန္းပဲ ေပးပါ"

"စံကားဝါေျမက ႀကိဳဆိုပါတယ္။ ေပ်ာ္႐ႊင္ပါေစ"

"ေက်းဇူးအမ်ားႀကီး တင္ပါတယ္"

ဧည့္ႀကိဳသမားက လြမ္းလတ္ေနာင္အား အခန္းလိုက္ျပသည္။ ေနရာေရာက္လွ်င္ လက္ထဲသို႔ ေသာ့ေပးခဲ့ၿပီး တံခါးပိတ္ကာ ျပန္ထြက္သြား၏။

ေဝးေဝးက ပုပၸားေတာင္မွာ ျပတင္းေပါက္ႏွင့္ တန္းေန၍ ခုတင္ေပၚ လွဲအိပ္ေနရင္းမွပင္ လွမ္းျမင္နိုင္ေလသည္။ ေက်ာပိုးအိတ္ကို ေဘးပစ္ခ်ရင္း မနက္ျဖန္ေတာ့ ပုပၸားေတာင္တက္ဦးမွဟု ေတြးကာ မ်က္လုံး မွိတ္ထားလိုက္ေတာ့၏။

TBC...

Pokračovat ve čtení

Mohlo by se ti líbit

982K 185K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
79.6K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
4M 270K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
15.7K 726 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -