သူကြီးကတော်(BL)
By HotMontSanePaung
805K 68.9K 2.4K
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and... More
ကြိုတင်ပန်ကြားခြင်း
အခန်း - ၁
အခန်း -၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း -၁၆
အခန်း -၁၇
အခန်း -၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း-၂၂
အခန်း - ၂၃
အခန်း -၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇(ဇာတ်သိမ်းပိုင်း)
Extra -1
Extra - 2
~ကျေးဇူးတင်လွှာ~
Special Extra
Final Extra
ပြန်ဖျက်မှာပါ
စာအုပ်စာအုပ်
Bookie
စာအုပ်
B
အခန်း - ၉
20.7K 2.2K 37
By HotMontSanePaung
Unicode
တုတ်ကိုပစ်ချပြီး အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့သည်။မဟုတ်တာအလုပ်လွန်သွားလို့လားမသိ ပစ်တိုင်းထောင် ‌မိုးတွင်ကြီးလက်ဆီထွက်နေခဲ့သည်။
အိမ်ပြန်ရောက်ရင် ဘယ်လိုပြန်ပြောရမည်ကိုသူမသိ။သူလက်ချက်ဖြင့် ခင်သောင်းမှာလည်း သေသလား၊ရှင်သလားပင်မသိ။အကယ်၍များ....အကယ်၍များ....ခင်သောင်းသေသွားရင်။အား....ငါလူသတ်သလိုဖြစ်သွားပြီပေါ့။ဒါပေမဲ့ ငါ့အပြစ်တစ်ခုတည်းလည်းမဟုတ်ဘူးလေ။သူငါ့အင်ကျီ ကြယ်သီးတွေ ဘာလို့လာဖြုတ်လဲ။စဥ်းစားကြည့်လိုက်‌ေတာ့ ကြယ်သီးလာဖြုတ်တာနဲ့တင် သူထိုသို့လုပ်မိလိုက်မည်မထင်။ခင်သောင်း၏အကြည့်တွေ။မျက်လံးထဲမှ တဏာရာဂများယိုစိမ့်‌ေနသည်မှာ ဖြတ်ရိုက်ချင်စရာပင်။ ဒါသူအရင်စတာ ပစ်တိုင်းထောင်ကို လာစရင်တော့ ဒီလိုပဲ ဇာတ်သိမ်းရမှာပဲ။
ခြံထဲသို့ခြေသံခပ်ဖွဖွနှင့်ဝင်ပြီး။အခြေအနေအားအကဲခတ်ကာ ပစ်တိုင်းထောင် အိမ်နောက်ဖက် စပါးကျီထဲမှဝါးလှေကားယူပြီး သူ့အခန်းရှိပြတင်းပေါက်ဆီသို့ လှေကားဖြင့်တက်ခဲ့လေသည်။ဖေဖေ ဒီနေ့ပင်အိမ်ပြန်ရောက်မည်ဟု ကြားသောကြောင့် စိတ်ချလက်ချနှင့်နောက်ကျကာပြန်ခဲ့ခြင်းဖြစ်သည်။အမေဖြစ်သူ အဖေဖြစ်သူ၏ ဝေယျာဝစ္စများအားလုပ်ပေးရင်း သူအိမ်ပြန်မရောက်သေးသည်ကို သတိမရလောက်ဟူသောအမှတ်ကြောင့်ပင်။
အခန်းထဲသို့ရောက်ရောက်ခြင်း အခန်းတံခါးချက်အားအရင်ချသည်။‌ထို့နောက်မှ ပြတင်းပေါက်နားသို့ပြန်သွားပြီး ဝါးလှေကားအားဆွဲယူကာ အခန်းထဲရှိဗီရိုနောက်သို့ ထည့်ကာဖွက်ထားလိုက်သည်။နောက်နေ့မှပဲသွားပြန်ထားတော့မည်။ပြတင်းပေါက်နားသို့ တရွေ့ရွေ့သွားကာ ဝိုင်းစက်ပြည့်ဝန်းနေသောလမင်းကြီးအား လှမ်းကြည့်ကာဆုတောင်းမိသည်။
ခိုးပြေးသွားသော မမသော်တို့စုံတွဲ အစစအရာရာအဆင်ပြေချောမွေ့ပါစေ။...လို့။
>>>>>
" သား ဘုန်းမြတ်ရေသွားပါပြီ။သွားပါပြီ။ အမလေးလေး ..... "
နံနက်ခင်းစောစောစီးစီ သူကြီးအိမ်၌ ‌ငိုသံများနှင့်စီဝေလျက်။
ဘုန်းမြတ်မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အိမ်ပေါ်သို့တက်လာသည်။ယခုမှပင် အစောတုန်းကအသေအချာမကြားခဲ့ရတဲ့ မိမိ၏အမေဖြစ်သူ၏ အော်ငိုသံအားအသေအချာကြားလိုက်ရသည်။ဘာများဖြစ်လို့ပါလိမ့်။ဒီလောက်ထက်ထိအော်ငိုနေယုံထောက်။
" အမေ ဘာဖြစ်လို့ဒီလောက်တောင် အော်ငိုနေရတာလဲဗျာ။သား နာမည်ကြီးတ တပြီးတော့။ "
" အမေလည်းအော်ငို ချင်လို့ငိုနေတာ မဟုတ်ပါဘူး။သားရယ် အခုတော့သားအစ်မ လုပ်ပုံကကောင်းလား ကြည့်အုံး။အမေတော့လေ ဟောဒီမျက်နှာကို ဘယ်နားထားလို့ထားရမည်မှန်းအသေအချာမသိတော့ပါဘူးကွယ်။ "
အမေဖြစ်သူ၏ သူ့မျက်နှာသူကိုင်ကာ ပြောနေသည်ကို ဘုန်းမြတ် အူကြောင်ကြောင်နှင့်ပင် ကြည့်လိုက်ရတော့သည်။ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကိုပင် သူအသေအချာမသိတော့။တစ်ယောက်လောက်လာရှင်းပြပေးရန်သာ မျှော်လင့်နေရတော့သည်။သို့သည့်တိုင် သူလက်မလျှော့အမေဖြစ်သူအား ရအောင်မေးရန်ဆုံးဖြတ်ထားသည်။
" အမေ့ သားကိုလည်းပြောပြပါအုံး။ဘာတွေဖြစ်နေလဲဆိုတာ။ "
အငိုမတိတ်ဘဲ မိမိနာမည်ကိုတကာ ဆက်တိုက်ငိုနေသောကြောင့် ဘုန်းမြတ်ခေါင်းရှိဆံပင်များကိုသာ လက်ဖြင့်အကြမ်းပတမ်းသပ်ကာမေးလိုက်ခြင်းဖြစ်သည်။
" ဘုန်းမြတ် သားအစ်မလေ သားအစ်မ... ။"
" ဘာဖြစ်လို့လဲ မမက။ "
" သားအစ်မ ယောက်ျားနောက်လိုက်သွားလို့။ "
" ခင်ဗျာ။ "
ဟုတ်ပါသည်။ဖြစ်ပျက်ခဲ့ ကိစ္စရပ်များအတွက် ဘုန်းမြတ် " ခင်ဗျာ " တစ်လုံးတည်းသာ ပြောနိုင်တော့သည်။
" ဟုတ်တယ်သားရဲ့ မင်းအစ်မမနက်တုန်းက အစောကြီးထပြီး ဘုရားမရှိခိုးထမင်းအိုးမတည်လို့။အမေ နေများမကောင်းဘူးလားဆိုပြီးတော့ ခြင်ထောင်လှန်ပြီးကြည့်တာ။စောင်ခြုံထားတဲ့ ဖက်လုံးကြီးပဲတွေ့တော့ အမေကအိမ်သာများသွားလားဆိုပြီး နောက်ဖေးအိမ်သာကို သွားကြည့်တော့လည်းမရှိ။အခန်းထဲပြန်ဝင်ကြည့်တော့ ဟောဒီစာတစ်စောင်ပဲတွေ့တယ်။သားအဖေကတော့ သားအစ်မကိုရှာမယ်ဆိုပြီး ထွက်သွားတာပဲ။သားအဖေလာမှာဖတ်မယ်ဆိုပြီးထားထားတာ။ "
ဟုဆိုကာ လက်ထဲလေးခေါက်ခေါက်ထားသော စာရွက်လေးအားကမ်းပေးလာသည်။ဖြန့်ပြီးဖတ်ကြည့်လိုက်တော့။
" အဖေနဲ့အမေ သမီးတောင်းပန်ပါတယ်။ပြီးတော့ ဘုန်းမြတ် မမတောင်းပန်ပါတယ်။ဟိုတစ်လောက အမေနဲ့အရီးလှ တို့တိုင်ပင်နေတာကြားပြီး အခုလိုအစောတလျင်ဆုံးဖြတ်ခဲ့မိလို့လဲတောင်းပန်ပါတယ်။ဟောဒီက သမီးမိုက်က သူရကိုမခွဲနိုင်လို့  မိုက်မဲစွာနဲ့အခုအပြုအမူကို လုပ်ခဲ့တာကိုခွင့်လွှတ်ပေးဖို့မတောင်းဆိုရဲပါဘူး။ လက်ဆယ်ချောင်းထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့ပါတယ်။ဖေဖေနဲ့မေမေ။
                                                   သမီးမေသော်တာ
ဘုန်းမြတ် စာတစ်စောင်လုံးအား အသံထွက်ဖတ်ပြီးတဲ့နောက်မှာတော့။အားပြင်းပြင်းနှင့် တောက်တစ်ချက်ခေါက်လိုက်သည်။
" တောက်ခ်ခ်ခ်... မမ‌ရာလုပ်ရက်လိုက်တာ။ "
" မဟုတ်တာဘဲသားရယ်။အမေတို့တိုင်ပင်တာကြားပြီး ဒီလိုဖြစ်သွားတာဆိုတော့။သူလည်းကြံရာမရလို့ လုပ်မိလုပ်ရာလုပ်လိုက်မိတာနေမှာပါသားရယ် သားအစ်မကိုအပြစ်မမြင်ပါနဲ့။ "
ဘုန်းမြတ်ကတော့ ယောက်ျားသားပီပီ အစ်မဖြစ်သူလုပ်ရက်လိုက်လေခြင်းဟု ဒေါသထွက်နေသောလည်း အမေဖြစ်သူကတော့ ဒေါသထွက်ခြင်းအလျဥ်းးမရှိ။အင်းပေါ့လေ။ကိုယ်မွေးထားတဲ့သားသမီးကို ကိုယ်ကမှလက်သင့်မခံနိုင်ရင် မည်သူကများလက်သင့်ခံနိုင်မှာလဲ။တလောကလုံးက ဝိုင်းပြီးပြစ်ပယ်ထားရင်တောင် မိဘတွေကတော့ ဘယ်ပြစ်ပယ်ရက်ပါ့မလဲ။
အခုလည်းထိုနည်းတူစွာပင်။မိမိတို့တိုင်ပင်နေသည်ကို ကြား၍ယခုလိုဆုံးဖြတ်လိုက်ခြင်းဟု ဒေါ်မေသီခံယူထားသည်။ထို့ကြောင့် ယခုလိုဖြစ်သွားခြင်းသည်သူအသုံးမကျ၍သာ။သူ၏သမီးဖြစ်သူကို သူအသေအချာပွင့်ပွင့်လင်းလင်းမတိုင်ပင်ခဲ့သောကြောင့်ပင်။သူသာနည်းနည်းပိုပြီးသမီးဖြစ်သူနှင့် နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့လျှင် သမီးဖြစ်သူအားအသေအချာမေးမြန်းဖြစ်ခဲ့လျှင်။ယခုကဲ့သို့သောဖြစ်ရပ်များဖြစ်လာနိုင်မည်အုံးမလား။
တချို့သော ခိုးရာလိုက်ခြင်းများသည် မိမိ၏ရူးမိုက်မှုကြောင့်ဟုဆိုနိုင်သော်လည်း။အချို့ကတော့ အကြောင်းအရင်းတစ်ခုခုကြောင့်ပင်။မိဘများလက်ခံအောင်မည်သို့ပင် ကြိုးစားသော်လည်း တင်းမြဲတင်းဆဲဘယ်သောအခါမှ ဖြေလျော့ခြင်းမရှိခဲ့သော သဘောထားများကြောင့်။အချို့ကမူ " အချစ် " သောစကားလုံးနှစ်လုံးအား အကြောင်းပြကာ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘနှစ်ပါး၏ရင်ခွင်အစုံအား ခြေစုံကန်ကာမိုက်ရူးရဲဆန်ကြခြင်းပေ။
သို့သော် မေသော်တာ ကားမတူပေ။သူအနေနှင့် အိမ်ထောင်ပြုရမည့်အရွယ်တစ်ခုသို့ရောက်‌ေနလင့်သော်ကစား ယခုလိုအပြုအမူမျိုးမပြုလုပ်သင့်သော်ငြား မိမိ၏အမေဖြစ်သူက သူ့အမှားဟုသာတဖွဖွပြောနေခဲ့သည်။စိတ်ရှုပ်စရာကောင်းလွန်းလှသည်။အစတုန်းကတော့ ငိုးချည်းချက်မှနှင့် နောက်တော့လည်းသူ့အပြစ်ဟုသာပြောနေခြင်းကြောင့်။ဘုန်းမြတ်အမေဖြစ်သူ စိတ်တည်ငြိမ်အောင် မည်သို့ပင်လုပ်ပေးသင့်လဲမသိ‌တော့ တရားခွေပဲဖွင့်ပြလိုက်ရမလား။ရွာဦးဘုန်းကြီးကျောင်းကိုပဲ လိုက်ပို့လိုက်ရမလား။မသဲကွဲပေ။
ထိုစဉ် ခြံရှေ့မှ။
" သူကြီးရေ သူကြီး။ဗျို့ သူကြီး။ "
" အော် ရေခဲပါလား။လာလေ ခြံထဲဝင်။ထိုင်ပါ့ဦး။ "
ဘုန်းမြတ် အိမ်ပေါ်ကနေအောက်ဆင်းပြီး ကွပ်ပျစ်ပေါ်သို့ တက်ကာအကြမ်းရည်တစ်ခွက်ငှဲ့လိုက်သည်။ထို့နောက်မှ လာရင်းကိစ္စအားမေးလိုက်သည်။
" ကယ် ဆိုစမ်းပါဦး။လာရင်းကိစ္စ။ "
" အော် ခင်သောင်းလေ။ ဟို ငမူးငရူးခင်သောင်း။မနေ့ညနေက ရွာထိပ်မှာရိုက်ခံရလို့တဲ့။အဲ့ဒါ ချမ်းအေးကဟိုဘက်ရွာက ပြန်အလာတွေ့လို့။မဟုတ်ရင် အသက်ပျောက်နေလောက်ပြီ။အခုတောင် သွေးထွက်လွန်နေပြီတဲ့ လူနာတင်ကားအရောက်ကိုမစောင့်ဘဲ ကားငှားပြီးပြေးလို့တဲ့။ "
အကြမ်းရည်ခွက်အား ဖူးခနဲ့တစ်ချက်အသာမှုတ်ကာ။ဘုန်းမြတ်မေးလိုက်သည်။
" ဘယ်သူရိုက်တာတဲ့လဲ။ "
" မသိဘူး။ရွာထဲက မနက်ဆွမ်းချိုင့်ယူပြီးကြားတာကတော့......။ "
" ဘာ တဲ့ လဲ။ "
ဘုန်းမြတ် အကြမ်းရည်သောက်ကာ အသံဩရှရှဖြင့်တစ်လုံးချင်းမေးလိုက်သည်။
" ဒီလိုတဲ့....။ "
" ဟေ...ဟုတ်လား။ "
>>>>>>>>
" အရီးလေလှ အရီးလှရေ။ပစ်တိုင်းရော ရှိလား။ "
ဒေါ်လှရီ  အိမ်ခန်းထဲက ဒရောသောပါး ပြေးထွက်လာရင်း။
" ဘယ်သူတွေတုန်း။လူကြီးတွေအစုံအလင်နဲ့ပါလား။ "
__________________________________________
မုန့်စိမ်းပေါင်းရဲ့စကားသံ -
ပျော်ရွှင်စရာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေနော်။2021မှာ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်ကြပါစေနော်။မြန်မာလူမျိုးတွေပါးစပ်ဖျားမှာ စွဲနေတဲ့"ကံ"တစ်နှစ်လုံးကောင်းပါစေနော်။
နှစ်သစ်မှာဖြစ်ချင်တဲ့ ဆန္ဒကတော့ စိတ်ချမ်းချမ်းသာသာကိုယ်ကျန်းကျန်းမာမာ ဖြစ်ချင်ပါတယ်။ SVSS လေးလည်းရချင်တယ်။( အိမ်ကိုဝယ်ခွင့်ပြုစေချင်တာပါ။MDZS ကောပဲ။)
Tian Ya Ke လေးလည်းထွက်ရင် ဝယ်ခွင့်ရချင်သေးတယ်ဗျို့။
လူကြီးမင်းလေးတို့ရော ဘာဖြစ်ချင်လဲ။အပန်းမကြီးရင် ပြောပြသွားကြပါအုံး။ >.<
ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေ။
စာဖတ်ရှုသူလူကြီးမင်းလေးတို့ကို ကျေးဇူးတင်ပါတယ်။( ꈍᴗꈍ)
___________________________________________
Zawgyi
>>>>>
" ဘာဖြစ်လို့လဲ မမက။ "
" ခင်ဗျာ။ "
                                                   သမီးမေသော်တာ
ထိုစဉ် ခြံရှေ့မှ။
" သူကြီးရေ သူကြီး။ဗျို့ သူကြီး။ "
" အော် ရေခဲပါလား။လာလေ ခြံထဲဝင်။ထိုင်ပါ့ဦး။ "
" ကယ် ဆိုစမ်းပါဦး။လာရင်းကိစ္စ။ "
" ဘယ်သူရိုက်တာတဲ့လဲ။ "
" ဘာ တဲ့ လဲ။ "
" ဒီလိုတဲ့....။ "
" ဟေ...ဟုတ်လား။ "
>>>>>>>>
" အရီးလေလှ အရီးလှရေ။ပစ်တိုင်းရော ရှိလား။ "
__________________________________________
___________________________________________
Continue Reading
You'll Also Like
19.5K 1.7K 19
286K 18.3K 25
မ roလိုက်ရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေးသော နေ့စွဲများ ၊၊ BD present for မီးငယ်လေး♥ မ roလိုကျရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေ...
Spring By BD
General Fiction
151K 5.2K 50
Request (One Shots)
607K 48K 51
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}