Unicode
ချောင်ယွီဟာ ၁၇ - ၁၈ ရာစုနှစ်စတိုင်ဇိမ်ခံအိပ်ရာကြီးပေါ်တွင် သလင်းကျောက်နဲ့ပြုလုပ်ထားတဲ့ မီးဆိုင်းချိတ်ဆွဲထားသော အခန်းကြီးထဲတွင် နိုးထလာ၏။
သူ့အပေါ်ကစောင်ကို ဘေးဘက်ကိုဖယ်လိုက်ပြီး အိပ်ရာကနေထလာ၏။ ပြတင်းပေါက်ရှည်ကြီးတစ်လျှောက် လမ်းလျှောက်လာပြီး ပြတင်းပေါက်ကိုမှန်ကို စိတ်ရှုပ်ထွေးစွာကြည့်နေ၏။
ဖုန်းရှို့ရော ဘယ်မှာလဲ?
စိတ်ညစ်ညူးနေတာကို ခေါင်းကိုခါလိုက်ရင်း ရှင်းထုတ်လိုက်တယ်။ လွန်ခဲ့တဲ့နှစ်ရက်က အဖြစ်အပျက်တွေကို ပြန်မှတ်မိအောင်ကြိုးစားလိုက်တယ်။
သူ ဖုန်းရှို့ကိုမသိခဲ့ပါဘူး။ ပြောရမယ်ဆိုရင် မနေ့ကမှသူတို့တွေခဲ့တာ, ဒါမှမဟုတ် သေချာပြောရမယ်ဆိုရင် အဲ့ညကမတတ်သာပဲသူတို့သိခဲ့ရတာ။
အဲ့ညက သူ ညနေပိုင်းအိမ်စာကိုလုပ်နေခဲ့တာ။ ဆရာမက အတန်းချိန်နည်းနည်းနောက်ကျမှလွှတ်လိုက်တာကြောင့် အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်။ သူ့အဖွားစိတ်ပူနေမှာကိုစိုးရိမ်တာကြောင့် အိမ်ကိုဖြတ်လမ်းကနေပြန်လာခဲ့တယ်။
လမ်းမှာလူတွေအများကြီးရှိမနေပေမယ့်လည်း လမ်းမီးရှိနေတာကြောင့် သိပ်တော့ကြောက်စရာမကောင်းပေ။
ဒါပေမယ့် အိမ်ပြန်လမ်းမှာ အမည်းရောင်ဝတ်ဆင်ထားကာ အမည်းရောင်မျက်နှာဖုံးကိုတပ်ဆင်ထားတဲ့အရပ်ရှည်ရှည်လူတစ်ယောက်ဟာ ခေါင်းငုံ့ထားတာကို ချောင်ယွီ မမျှော်လင့်ပဲတွေ့လိုက်ရတယ်။ ထိုသူရဲ့အကြည့်တွေဟာပေါ်ထွက်လာတာကြောင့် သူအနည်းငယ်စိတ်တုန်လှုပ်သွားရသည်။ ထိုသူသယ်ထားတဲ့အမည်းရောင်အိတ်ဟာ မှုခင်းတွေမှာသုံးလေ့ရှိသည့်အိတ်နှင့်ဆင်တူနေ၏။
ခေါင်းယွီဟာ အားနည်းတဲ့ကျောင်းသားလေးတစ်ယောက်ဖြစ်တယ်။ ဒီလိုလူမျိုးကိုတွေ့လိုက်ရတော့ သဘာဝအရကြောက်လန့်သွားပြီး ထွက်ပြေးချင်ခဲ့တယ်။
နောက်ဆုံးမှာတော့ ထိုလူနားမှထွက်ပြေးဖို့ကြိုးစားနေရင်း ကားတစ်စီးဟာတစ်ဟုန်ထိုးရောက်ရှိလာကာ သူတို့နှစ်ယောက်လုံးကိုတိုက်မိသွားတော့သည်။
ထို့နောက် ချောင်ယွီဟာ တိုက်မိသွားတဲ့သူ့ကိုသူကြည့်ရင်း လူအုပ်စုကြားထဲမှာ အော်လိုက်တယ်။
တစ်ခဏကြာပြီးသည်အထိ သူမယုံနိုင်သေးပေ။ မှန်ကိုမသုံးဘဲနဲ့ သူ့ကိုသူဘာကြောင့်ပြန်မြင်နေရတာလဲ?!
မဖြစ်နိုင်တာ - သူသေသွားပြီလား?
ချောင်ယွီ သူ့မျက်နှာသူထိကြည့်လိုက်တယ်။ နွေးနေတယ်။ သူမသေသေးဘူးပဲ။ ထို့နောက် မျက်နှာဖုံးတစ်ခု, ဦးထုပ်တစ်လုံး, ပြီးတော့ လွယ်အိတ်ကြီးကြီးတစ်လုံး.....
ဒါက မဖြစ်နိုင်တာ...!
သူ့အရှေ့က 'ချောင်ယွီ' ဟာ သူ့မျက်နှာကိုအနီးကပ်တိုးလာပြီး သူတို့မျက်လုံးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့မျက်နှာကိုကြည့်ရန်ကြိုးစားလိုက်တယ်။
လမ်းမီးရောင်ရှိနေပေမယ့် ကောင်းကင်ဟာမှောင်မဲနေတာကြောင့် သူတို့ဘာမှမမြင်ရပေ။ သို့သော်လည်း သူတို့နေရာလဲသွားတာကို လက်ခံရုံပဲတတ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။
သူတို့ဝိဉာဉ်တွေ..... ပြောင်းလဲသွားခဲ့ရပြီ။
သူ့အရှေ့မှ 'ချောင်ယွီ' ဟာ ပါးစပ်ဖွင့်လာပြီး "ငါ့နာမည်က ဖုန်းရှို့, မင်းရော?"
တခြားဘက်မှ 'ဖုန်းရှို့' ဟာ တုန့်ဆိုင်းသွားသည်။ သူတကယ်မယုံနိုင်သေးပေ။ တစ်ခဏလောက် တုန့်ဆိုင်းနေပြီးမှ သတိရှိစွာနဲ့ပြန်ဖြေလာ၏။ "ဟယ်-ဟယ်လို, ငါ-ငါကချောင်ယွီ''
သူတို့ကြုံတွေ့နေရတဲ့ပြဿနာကို မဆွေးနွေးခင် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်စိတ်ရှုပ်ထွေးစွာကြည့်နေကြတယ်။
ဖုန်းရှို့အိမ်မပြန်ချင်ပေ။ ပြိးတော့ ချောင်ယွီကလည်း ဒီလိုပုံစံနဲ့အိမ်ပြန်လို့မရပေ။
သူတို့နှစ်ယောက်ဆွေးနွေးပြီးသွားတဲ့အခါမှာတော့ ဖုန်းရှို့က ချောင်ယွီနောက်လိုက်ပြီး ချောင်ယွီအိမ်ကိုပြန်လာခဲ့တယ်။
ချောင်ယွီရဲ့နေရာဟာ အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းနှစ်ခန်းပါရှိပြီး ရိုးရှင်းပြီး အရမ်းနွေးထွေးလေတယ်။
အဖွားကိုနှုတ်ဆက်ပြီးနောက် သူတို့ရေချိုးကြပြီး ညရောက်တော့ အိပ်ရာတစ်ခုတည်းမှာအိပ်ခဲ့ကြတယ်။
ချောင်ယွီက တစ်ညလုံးအိပ်မပျော်ခဲ့ပေမယ့်လည်း ဖုန်းရှို့ကတော့ တည်ငြိမ်စွာနဲ့ အိပ်ပျော်ခဲ့တယ်။
နောက်နေ့ရောက်တော့ ဖုန်းရှို့ကတော့အရင်လိုပဲကျောင်းသွားတယ်။ ဒါပေမယ့် သူရောက်ရောက်ချင်းပဲ သူမကျောင်းသားစာရင်းကောက်တော့ သူကအတန်းထဲကကျောင်းသားမဟုတ်တာကြောင့် နှင်ထုတ်ခံထိခဲ့တယ်။
ချောင်ယွီက သူ့ကိုယ်ပေါ်ကအဝတ်အစားမည်းမည်းတွေကို ကြည့်လိုက်ပြီး သူ့မျက်နှာကိုဆွဲဆိတ်ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ သူ့လက်ရှိအခြေအနေဟာ ဖုန်းရှို့ဖြစ်နေပြီး အိပ်မက်မဟုတ်ပေ။ တကယ်အတည်ဖြစ်နေ၏။
သူဟာ ကျောင်းတစ်ခါမှပျက်ကွက်ဖူးသည့်ကျောင်းသားကောင်းတစ်ယောက်ဖြစ်၏။ ဒါပေမယ့် ဒီတစ်ခါတော့ မျှော်လင့်ချက်မရှိပေ။
ချောင်ယွီက အိမ်ကိုအပြေးလေးပြန်လာပြီး အောက်ထပ်မှာလူအိုကြီးတွေနဲ့အတူ ချက်စ်ကစားနေတဲ့ဖုန်းရှို့ကို ဆွဲခေါ်သွားလိုက်တယ်။
သူအခုဖုန်းရှို့ကိုယ်ထဲမှာရှိနေတာကြောင့် သစ်ရွက်သေးသေးလေးတစ်ရွက်ဆွဲခေါ်သွားသလို သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကိုဆွဲခေါ်သွားနိုင်၏။
ဖုန်းရှို့ကို အတန်းထဲကိုဆွဲခေါ်သွားပြီး ကျောင်းမပိတ်ခင်ဂိတ်ဝကိုအပြေးလေးသွားလိုက်တယ်။
သောကြာနေ့ဖြစ်တာကြောင့် အစောကြီးပြီးသွားခဲ့တယ်။ ဒါပေမယ့် သူနည်းနည်းလေးတောင်မလှုပ်ရဲပေ။ သူ့အဖွားဆီက မနက်စာမုန့်ဖိုးတောင်းဖို့မေ့လာခဲ့ပြီး သူ့အဖွားက ဖုန်းရှို့ကိုပဲပေးပေလိမ့်မည်။ သူအရမ်းဗိုက်ဆာနေပေမယ့်လည်း ဖုန်းရှို့အတန်းလစ်သွားမည်ကိုစိုးတာကြောင့် နည်းနည်းလေးတောင်မလှုပ်ရဲပေ။
အကြောင်းပြချက်တချို့ကြောင့် ဒီလူကိုစကားအနည်းငယ်ပြောလိုက်ပေမယ့်လည်း ထိုလူက သူ့ကိုအရမ်းကိုမသက်မသာတဲ့အမူအရာမျိုးပေးလာခဲ့တယ်။
ဖုန်းရှို့ကလည်း သူ့မျှော်လင့်ချက်ကိုမစွန့်လွှတ်လိုက်ပေ။
သူကျောင်းမှာရှိနေတုန်းက အရမ်းမုန်းခဲ့တယ်။ တက္ကသိုလ်ကနေဘွဲ့ရတော့ ကျောင်းတက်ဖို့ဖိအားပေးခံရပြန်တယ်။
မနက်ပိုင်းအတန်းပြီးတော့ ဖုန်းရှို့အတန်းလစ်ဖို့နံရံပေါ်ကျော်တက်နေပြန်တယ်။
သူ့ခန္ဓာကိုယ်က သေးပြီးတော့ မသန်မာပေမယ့်လည်း သွက်လက်ဖျတ်လတ်တယ်။ မနက်ပိုင်းမှာထွက်သွားပြီး နေ့လည်တော့ပြန်လာတယ်။
ပထမကတော့ အိမ်ကိုတန်းပြန်ချင်ခဲ့ပေမယ့် သူရုတ်တရက်သတိရလိုက်တယ်။ ဒီမနက်တုန်းက ဒီခန္ဓာကိုယ်က သု့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတာပဲ? အကူအညီမဲ့စွာနဲ့ သူ ဒီခန္ဓာကိုယ်ကြီးကိုလည်းထားခဲ့လို့မရဘူး။
ပြီးတော့ သူကျောင်းကိုပြန်လာခဲ့တယ်။
မမျှော်လင့်စွာနဲ့ပဲ သူ့ခန္ဓာကိုယ်ကြီးက တကယ်ကြီးကိုကျောင်းပေါက်ဝမှာစောင့်နေခဲ့တယ်။
အဲ့ဒီအချိန်ခဏလေးအတွင်းမှာ သံသယအကြည့်တွေက သူ့ကိုနည်းနည်းနားမလည်နိုင်ဖြစ်စေသည်။
ကျောင်းပေါက်ဝမှ ကျောင်းစောင့်က ချောင်ယွီရဲ့မျက်နှာကိုချက်ချင်းသတိပြုမိသွားတယ်။ ချောင်ယွီ အနိုင်ကျင့်ခံရတိုင်း ကျောင်းစောင့်က အမြဲတမ်းကယ်ပေးလေ့ရှိတယ်။ တကိုယ်လုံးအမည်းရောင်ဝတ်ဆင်ထားတဲ့လူငယ်တစ်ယောက်က 'ချောင်ယွီ' ကို ကျောင်းလာပို့တာမြင်လိုက်ပြီး သူ 'ချောင်ယွီ' ကို မြင်တော့ ချက်ချင်းပဲသွားနှုတ်ဆက်လိုက်တယ်။ "ချောင်ယွီ, မင်းအကိုဒီမှာ ၊ မင်းအနိုင်ကျင့်ခံရမှာစိုးလို့ သူတနေ့လုံးလာစောင့်ပေးနေတာ"
တစ်နေ့လုံးစောင့်နေတာ? ! ဖုန်းရှို့အနည်းငယ်ရှက်သွားရသည် ။ ကျောင်းစောင့်ကြီးကသိမှာမဟုတ်လောက်ဘူးဆိုပေမယ့်လည်း သူဘာလို့တစ်နေ့လုံးလာစောင့်နေလဲဆိုတာ သူကတော့သိနေတယ်လေ။ ကျောင်းလစ်သွားမှာကိုကြောက်နေတာလေ..။
ဒါပေမယ့် သူလစ်လိုက်သေးတယ်လေ။
ဒီနေ့သူ့ကိုယ်သူမှန်ထဲမှာကြည့်တော့ ဒီကောင်လေးက အရမ်းချစ်ဖို့ကောင်းတယ်။ သူရဲ့ရှည်ရှည်မျောမျောကိုယ်ပိုင်ခန္ဓာကိုယ်ကြီးကိုကြည့်ပြီး အကယ်၍ သူသာအတွင်းထဲထိထိုးဖောက်မြင်ရမယ်ဆိုရင် အရိပ်သေးသေးလေးကထောင့်တစ်နေရာကနေ ချောင်းကြည့်နေတဲ့ပုံကိုတွေ့ရလိမ့်မယ်။
သူ့စိတ်ကူးယဉ်ကကြိးထွားလာပြီး သူ့နှလုံးသားဟာလည်းခုန်သွားေတော့သည်။ သူအိမ်ကထွက်လာတုန်းကယူလာခဲ့တဲ့ပိုက်ဆံကိုသုံးပြီး ဘယ်လိုဖြုန်းပြီး ပျော်ရွှင်ရမလဲဆိုတာ သူချောင်ယွီကိုသင်ပေးမယ်။
ဖုန်းရှို့ကတော့ အရာအားလုံးအဆင်ပြေနေပေမယ့် ချောင်ယွီကတော့မဟုတ်ပေ။ ဘယ်လောက်ကုန်ကျသလဲဆိုတာလည်းမသိဘဲ အူကြောင်ကြောင်နဲ့သာ နောက်မှလိုက်သွားလေသည်။
သုတို့နှစ်ယောက် ည ခုနစ်နာရီ, ရှစ်နာရီအထိ ကစားလိုက်ကြတာ မနက်ကချောင်ယွီအဖွားပေးလိုက်တဲ့ငါးဆယ်ယွမ်ပဲ သူ့အိတ်ကပ်ထဲမှာကျန်တဲ့အထိပဲ။ ကြွေမွနေတဲ့နုတ်စာရွက်ကလေးလို သူ့ဘောင်းဘီအိတ်ကပ်ထဲမှာထည့်လိုက်တယ်။
သူတို့ဆော့လို့ဝသွားတော့ သူတို့စိတ်တွေတည်ငြိမ်သွားခဲ့ပြီ။ အခုချိန်ကတော့ ဝိဉာဉ်ပြောင်းလဲသွားတဲ့အကြောင်း ဆွေးနွေးဖို့အချိန်တန်ပြီ။
••••
Zawgyi
ေခ်ာင္ယြီဟာ ၁၇ - ၁၈ ရာစုႏွစ္စတိုင္ဇိမ္ခံအိပ္ရာႀကီးေပၚတြင္ သလင္းေက်ာက္နဲ႔ျပဳလုပ္ထားတဲ့ မီးဆိုင္းခ်ိတ္ဆြဲထားေသာ အခန္းႀကီးထဲတြင္ ႏိုးထလာ၏။
သူ႔အေပၚကေစာင္ကို ေဘးဘက္ကိုဖယ္လိုက္ၿပီး အိပ္ရာကေနထလာ၏။ ျပတင္းေပါက္ရွည္ႀကီးတစ္ေလ်ွာက္ လမ္းေလ်ွာက္လာၿပီး ျပတင္းေပါက္ကိုမွန္ကို စိတ္ရႈပ္ေထြးစြာၾကၫ့္ေန၏။
ဖုန္းရိႈ႔ေရာ ဘယ္မွာလဲ?
စိတ္ညစ္ၫူးေနတာကို ေခါင္းကိုခါလိုက္ရင္း ရွင္းထုတ္လိုက္တယ္။ လြန္ခဲ့တဲ့ႏွစ္ရက္က အျဖစ္အပ်က္ေတြကို ျပန္မွတ္မိေအာင္ႀကိဳးစားလိုက္တယ္။
သူ ဖုန္းရိႈ႔ကိုမသိခဲ့ပါဘူး။ ေျပာရမယ္ဆိုရင္ မေန့ကမွသူတို႔ေတြခဲ့တာ, ဒါမွမဟုတ္ ေသခ်ာေျပာရမယ္ဆိုရင္ အဲ့ညကမတတ္သာပဲသူတို႔သိခဲ့ရတာ။
အဲ့ညက သူ ညေနပိုင္းအိမ္စာကိုလုပ္ေနခဲ့တာ။ ဆရာမက အတန္းခ်ိန္နည္းနည္းေနာက္က်မွလႊတ္လိုက္တာေၾကာင့္ အိမ္ကိုလမ္းေလ်ွာက္ျပန္လာခဲ့တယ္။ သူ႔အဖြားစိတ္ပူေနမွာကိုစိုးရိမ္တာေၾကာင့္ အိမ္ကိုျဖတ္လမ္းကေနျပန္လာခဲ့တယ္။
လမ္းမွာလူေတြအမ်ားႀကီးရိွမေနေပမယ့္လည္း လမ္းမီးရိွေနတာေၾကာင့္ သိပ္ေတာ့ေၾကာက္စရာမေကာင္းေပ။
ဒါေပမယ့္ အိမ္ျပန္လမ္းမွာ အမည္းေရာင္ဝတ္ဆင္ထားကာ အမည္းေရာင္မ်က္ႏွာဖံုးကိုတပ္ဆင္ထားတဲ့အရပ္ရွည္ရွည္လူတစ္ေယာက္ဟာ ေခါင္းငံု႔ထားတာကို ေခ်ာင္ယြီ မေမ်ွာ္လင့္ပဲေတြ့လိုက္ရတယ္။ ထိုသူရဲ့အၾကၫ့္ေတြဟာေပၚထြက္လာတာေၾကာင့္ သူအနည္းငယ္စိတ္တုန္လႈပ္သြားရသည္။ ထိုသူသယ္ထားတဲ့အမည္းေရာင္အိတ္ဟာ မႈခင္းေတြမွာသံုးေလ့ရိွသၫ့္အိတ္ႏွင့္ဆင္တူေန၏။
ေခါင္းယြီဟာ အားနည္းတဲ့ေက်ာင္းသားေလးတစ္ေယာက္ျဖစ္တယ္။ ဒီလိုလူမ်ိဳးကိုေတြ့လိုက္ရေတာ့ သဘာဝအရေၾကာက္လန႔္သြားၿပီး ထြက္ေျပးခ်င္ခဲ့တယ္။
ေနာက္ဆံုးမွာေတာ့ ထိုလူနားမွထြက္ေျပးဖို႔ႀကိဳးစားေနရင္း ကားတစ္စီးဟာတစ္ဟုန္ထိုးေရာက္ရိွလာကာ သူတို႔ႏွစ္ေယာက္လံုးကိုတိုက္မိသြားေတာ့သည္။
ထို႔ေနာက္ ေခ်ာင္ယြီဟာ တိုက္မိသြားတဲ့သူ႔ကိုသူၾကၫ့္ရင္း လူအုပ္စုၾကားထဲမွာ ေအာ္လိုက္တယ္။
တစ္ခဏၾကာၿပီးသည္အထိ သူမယံုႏိုင္ေသးေပ။ မွန္ကိုမသံုးဘဲနဲ႔ သူ႔ကိုသူဘာေၾကာင့္ျပန္ျမင္ေနရတာလဲ?!
မျဖစ္ႏိုင္တာ - သူေသသြားၿပီလား?
ေခ်ာင္ယြီ သူ႔မ်က္ႏွာသူထိၾကၫ့္လိုက္တယ္။ ေနြးေနတယ္။ သူမေသေသးဘူးပဲ။ ထို႔ေနာက္ မ်က္ႏွာဖံုးတစ္ခု, ဦးထုပ္တစ္လံုး, ၿပီးေတာ့ လြယ္အိတ္ႀကီးႀကီးတစ္လံုး.....
ဒါက မျဖစ္ႏိုင္တာ...!
သူ႔အေရ႔ွက 'ေခ်ာင္ယြီ' ဟာ သူ႔မ်က္ႏွာကိုအနီးကပ္တိုးလာၿပီး သူတို႔မ်က္လံုးေတြနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ့မ်က္ႏွာကိုၾကၫ့္ရန္ႀကိဳးစားလိုက္တယ္။
လမ္းမီးေရာင္ရိွေနေပမယ့္ ေကာင္းကင္ဟာေမွာင္မဲေနတာေၾကာင့္ သူတို႔ဘာမွမျမင္ရေပ။ သို႔ေသာ္လည္း သူတို႔ေနရာလဲသြားတာကို လက္ခံရံုပဲတတ္ႏိုင္တယ္လို႔ ခံစားလိုက္ရတယ္။
သူတို႔ဝိဉာဉ္ေတြ..... ေျပာင္းလဲသြားခဲ့ရၿပီ။
သူ႔အေရ႔ွမွ 'ေခ်ာင္ယြီ' ဟာ ပါးစပ္ဖြင့္လာၿပီး "ငါ့နာမည္က ဖုန္းရိႈ႔, မင္းေရာ?"
တျခားဘက္မွ 'ဖုန္းရိႈ႔' ဟာ တုန႔္ဆိုင္းသြားသည္။ သူတကယ္မယံုႏိုင္ေသးေပ။ တစ္ခဏေလာက္ တုန႔္ဆိုင္းေနၿပီးမွ သတိရိွစြာနဲ႔ျပန္ေျဖလာ၏။ "ဟယ္-ဟယ္လို, ငါ-ငါကေခ်ာင္ယြီ''
သူတို႔ႀကံဳေတြ့ေနရတဲ့ျပႆနာကို မေဆြးေနြးခင္ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္စိတ္ရႈပ္ေထြးစြာၾကၫ့္ေနၾကတယ္။
ဖုန္းရိႈ႔အိမ္မျပန္ခ်င္ေပ။ ၿပိးေတာ့ ေခ်ာင္ယြီကလည္း ဒီလိုပံုစံနဲ႔အိမ္ျပန္လို႔မရေပ။
သူတို႔ႏွစ္ေယာက္ေဆြးေနြးၿပီးသြားတဲ့အခါမွာေတာ့ ဖုန္းရိႈ႔က ေခ်ာင္ယြီေနာက္လိုက္ၿပီး ေခ်ာင္ယြီအိမ္ကိုျပန္လာခဲ့တယ္။
ေခ်ာင္ယြီရဲ့ေနရာဟာ အိပ္ခန္းႏွစ္ခန္းနဲ႔ ဧၫ့္ခန္းႏွစ္ခန္းပါရိွၿပီး ရိုးရွင္းၿပီး အရမ္းေနြးေထြးေလတယ္။
အဖြားကိုႏႈတ္ဆက္ၿပီးေနာက္ သူတို႔ေရခ်ိဳးၾကၿပီး ညေရာက္ေတာ့ အိပ္ရာတစ္ခုတည္းမွာအိပ္ခဲ့ၾကတယ္။
ေခ်ာင္ယြီက တစ္ညလံုးအိပ္မေပ်ာ္ခဲ့ေပမယ့္လည္း ဖုန္းရိႈ႔ကေတာ့ တည္ၿငိမ္စြာနဲ႔ အိပ္ေပ်ာ္ခဲ့တယ္။
ေနာက္ေန့ေရာက္ေတာ့ ဖုန္းရိႈ႔ကေတာ့အရင္လိုပဲေက်ာင္းသြားတယ္။ ဒါေပမယ့္ သူေရာက္ေရာက္ခ်င္းပဲ သူမေက်ာင္းသားစာရင္းေကာက္ေတာ့ သူကအတန္းထဲကေက်ာင္းသားမဟုတ္တာေၾကာင့္ ႏွင္ထုတ္ခံထိခဲ့တယ္။
ေခ်ာင္ယြီက သူ႔ကိုယ္ေပၚကအဝတ္အစားမည္းမည္းေတြကို ၾကၫ့္လိုက္ၿပီး သူ႔မ်က္ႏွာကိုဆြဲဆိတ္ၾကၫ့္လိုက္တယ္။ ေနာက္ဆံုးမွာေတာ့ သူ႔လက္ရိွအေျခအေနဟာ ဖုန္းရိႈ႔ျဖစ္ေနၿပီး အိပ္မက္မဟုတ္ေပ။ တကယ္အတည္ျဖစ္ေန၏။
သူဟာ ေက်ာင္းတစ္ခါမွပ်က္ကြက္ဖူးသၫ့္ေက်ာင္းသားေကာင္းတစ္ေယာက္ျဖစ္၏။ ဒါေပမယ့္ ဒီတစ္ခါေတာ့ ေမ်ွာ္လင့္ခ်က္မရိွေပ။
ေခ်ာင္ယြီက အိမ္ကိုအေျပးေလးျပန္လာၿပီး ေအာက္ထပ္မွာလူအိုႀကီးေတြနဲ႔အတူ ခ်က္စ္ကစားေနတဲ့ဖုန္းရိႈ႔ကို ဆြဲေခၚသြားလိုက္တယ္။
သူအခုဖုန္းရိႈ႔ကိုယ္ထဲမွာရိွေနတာေၾကာင့္ သစ္ရြက္ေသးေသးေလးတစ္ရြက္ဆြဲေခၚသြားသလို သူ႔ကိုယ္ပိုင္ခႏၶာကိုယ္ကိုဆြဲေခၚသြားႏိုင္၏။
ဖုန္းရိႈ႔ကို အတန္းထဲကိုဆြဲေခၚသြားၿပီး ေက်ာင္းမပိတ္ခင္ဂိတ္ဝကိုအေျပးေလးသြားလိုက္တယ္။
ေသာၾကာေန့ျဖစ္တာေၾကာင့္ အေစာႀကီးၿပီးသြားခဲ့တယ္။ ဒါေပမယ့္ သူနည္းနည္းေလးေတာင္မလႈပ္ရဲေပ။ သူ႔အဖြားဆီက မနက္စာမုန႔္ဖိုးေတာင္းဖို႔ေမ့လာခဲ့ၿပီး သူ႔အဖြားက ဖုန္းရိႈ႔ကိုပဲေပးေပလိမ့္မည္။ သူအရမ္းဗိုက္ဆာေနေပမယ့္လည္း ဖုန္းရိႈ႔အတန္းလစ္သြားမည္ကိုစိုးတာေၾကာင့္ နည္းနည္းေလးေတာင္မလႈပ္ရဲေပ။
အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ဒီလူကိုစကားအနည္းငယ္ေျပာလိုက္ေပမယ့္လည္း ထိုလူက သူ႔ကိုအရမ္းကိုမသက္မသာတဲ့အမူအရာမ်ိဳးေပးလာခဲ့တယ္။
ဖုန္းရိႈ႔ကလည္း သူ႔ေမ်ွာ္လင့္ခ်က္ကိုမစြန႔္လႊတ္လိုက္ေပ။
သူေက်ာင္းမွာရိွေနတုန္းက အရမ္းမုန္းခဲ့တယ္။ တကၠသိုလ္ကေနဘြဲ႔ရေတာ့ ေက်ာင္းတက္ဖို႔ဖိအားေပးခံရျပန္တယ္။
မနက္ပိုင္းအတန္းၿပီးေတာ့ ဖုန္းရိႈ႔အတန္းလစ္ဖို႔နံရံေပၚေက်ာ္တက္ေနျပန္တယ္။
သူ႔ခႏၶာကိုယ္က ေသးၿပီးေတာ့ မသန္မာေပမယ့္လည္း သြက္လက္ဖ်တ္လတ္တယ္။ မနက္ပိုင္းမွာထြက္သြားၿပီး ေန့လည္ေတာ့ျပန္လာတယ္။
ပထမကေတာ့ အိမ္ကိုတန္းျပန္ခ်င္ခဲ့ေပမယ့္ သူရုတ္တရက္သတိရလိုက္တယ္။ ဒီမနက္တုန္းက ဒီခႏၶာကိုယ္က သု႔ခႏၶာကိုယ္မဟုတ္ဘူးဆိုတာပဲ? အကူအညီမဲ့စြာနဲ႔ သူ ဒီခႏၶာကိုယ္ႀကီးကိုလည္းထားခဲ့လို႔မရဘူး။
ၿပီးေတာ့ သူေက်ာင္းကိုျပန္လာခဲ့တယ္။
မေမ်ွာ္လင့္စြာနဲ႔ပဲ သူ႔ခႏၶာကိုယ္ႀကီးက တကယ္ႀကီးကိုေက်ာင္းေပါက္ဝမွာေစာင့္ေနခဲ့တယ္။
အဲ့ဒီအခ်ိန္ခဏေလးအတြင္းမွာ သံသယအၾကၫ့္ေတြက သူ႔ကိုနည္းနည္းနားမလည္ႏိုင္ျဖစ္ေစသည္။
ေက်ာင္းေပါက္ဝမွ ေက်ာင္းေစာင့္က ေခ်ာင္ယြီရဲ့မ်က္ႏွာကိုခ်က္ခ်င္းသတိျပဳမိသြားတယ္။ ေခ်ာင္ယြီ အႏိုင္က်င့္ခံရတိုင္း ေက်ာင္းေစာင့္က အၿမဲတမ္းကယ္ေပးေလ့ရိွတယ္။ တကိုယ္လံုးအမည္းေရာင္ဝတ္ဆင္ထားတဲ့လူငယ္တစ္ေယာက္က 'ေခ်ာင္ယြီ' ကို ေက်ာင္းလာပို႔တာျမင္လိုက္ၿပီး သူ 'ေခ်ာင္ယြီ' ကို ျမင္ေတာ့ ခ်က္ခ်င္းပဲသြားႏႈတ္ဆက္လိုက္တယ္။ "ေခ်ာင္ယြီ, မင္းအကိုဒီမွာ ၊ မင္းအႏိုင္က်င့္ခံရမွာစိုးလို႔ သူတေန့လံုးလာေစာင့္ေပးေနတာ"
တစ္ေန့လံုးေစာင့္ေနတာ? ! ဖုန္းရိႈ႔အနည္းငယ္ရွက္သြားရသည္ ။ ေက်ာင္းေစာင့္ႀကီးကသိမွာမဟုတ္ေလာက္ဘူးဆိုေပမယ့္လည္း သူဘာလို႔တစ္ေန့လံုးလာေစာင့္ေနလဲဆိုတာ သူကေတာ့သိေနတယ္ေလ။ ေက်ာင္းလစ္သြားမွာကိုေၾကာက္ေနတာေလ..။
ဒါေပမယ့္ သူလစ္လိုက္ေသးတယ္ေလ။
ဒီေန့သူ႔ကိုယ္သူမွန္ထဲမွာၾကၫ့္ေတာ့ ဒီေကာင္ေလးက အရမ္းခ်စ္ဖို႔ေကာင္းတယ္။ သူရဲ့ရွည္ရွည္ေမ်ာေမ်ာကိုယ္ပိုင္ခႏၶာကိုယ္ႀကီးကိုၾကၫ့္ၿပီး အကယ္၍ သူသာအတြင္းထဲထိထိုးေဖာက္ျမင္ရမယ္ဆိုရင္ အရိပ္ေသးေသးေလးကေထာင့္တစ္ေနရာကေန ေခ်ာင္းၾကၫ့္ေနတဲ့ပံုကိုေတြ့ရလိမ့္မယ္။
သူ႔စိတ္ကူးယဉ္ကႀကိးထြားလာၿပီး သူ႔ႏွလံုးသားဟာလည္းခုန္သြားေတာ့သည္။ သူအိမ္ကထြက္လာတုန္းကယူလာခဲ့တဲ့ပိုက္ဆံကိုသံုးၿပီး ဘယ္လိုျဖဳန္းၿပီး ေပ်ာ္ရႊင္ရမလဲဆိုတာ သူေခ်ာင္ယြီကိုသင္ေပးမယ္။
ဖုန္းရိႈ႔ကေတာ့ အရာအားလံုးအဆင္ေျပေနေပမယ့္ ေခ်ာင္ယြီကေတာ့မဟုတ္ေပ။ ဘယ္ေလာက္ကုန္က်သလဲဆိုတာလည္းမသိဘဲ အူေၾကာင္ေၾကာင္နဲ႔သာ ေနာက္မွလိုက္သြားေလသည္။
သုတို႔ႏွစ္ေယာက္ ည ခုနစ္နာရီ, ရွစ္နာရီအထိ ကစားလိုက္ၾကတာ မနက္ကေခ်ာင္ယြီအဖြားေပးလိုက္တဲ့ငါးဆယ္ယြမ္ပဲ သူ႔အိတ္ကပ္ထဲမွာက်န္တဲ့အထိပဲ။ ေႂကြမြေနတဲ့ႏုတ္စာရြက္ကေလးလို သူ႔ေဘာင္းဘီအိတ္ကပ္ထဲမွာထၫ့္လိုက္တယ္။
သူတို႔ေဆာ့လို႔ဝသြားေတာ့ သူတို႔စိတ္ေတြတည္ၿငိမ္သြားခဲ့ၿပီ။ အခုခ်ိန္ကေတာ့ ဝိဉာဉ္ေျပာင္းလဲသြားတဲ့အေၾကာင္း ေဆြးေနြးဖို႔အခ်ိန္တန္ၿပီ။