SCROLL DOWN FOR ZAWGYI
UNICODE
CH13- MARRIED TO A LACKING HUSBAND
မော့ချိုးသည် ရှားပါးလှသော နာမည်နောက်စာလုံးကို ပိုင်ဆိုင်ထားသော်ငြား လုဖုန်းနှင့်အတူတူကျောင်းတက်စဥ်အခါကမူ မော့ချိုး၏စာမေးပွဲအဆင့်များမှာ သာမန်ဖြစ်သကဲ့သို့ ရုပ်ရည်ရူပကာကလည်း ထူးကဲမနေခဲ့ ။ မျက်နှာအမူအရာမှာ အမြဲတမ်းသုန်မှုန်နေတတ်ပြီး တစ်စုံတစ်ခုကိုကြောက်ရွံ့ကာအမြဲတစေ ရတက်မအေးစိုးရိမ်နေသည့်ပုံပေါ်ပေ၏ ။
ပြီးလျှင် ဘီယာပုလင်းဖင်တို့ကိုပင် အမှတ်ရစေနိုင်လောက်သော မျက်မှန်ထူထူကို အမြဲဝတ်ဆင်တတ်၏ ။ ထို့ပြင် တခြားသူများနှင့် အဆက်အဆံမလုပ်ပဲ တစ်ယောက်တည်းသာနေတတ်သည်ကိုလည်း လုဖုန်းသတိထားမိသည် ။
အရွယ်ရောက်ပြီးသူတို့၏ လောကတွင် ဝင်ဆန့်နိုင်ဖို့ရန် လူအများက လက်ခံနိုင်သူတစ်ယောက်ဖြစ်ဖို့ရန်မှာ မိမိ၏မျက်နှာအစစ်ကို ဖုံးကွယ်ကာ တခြားသူများအတွက် အနစ်နာခံပေးဖို့ လိုအပ်ပေသည် ။ လူငယ်လူရွယ်များကြားတွင်ကား ထိုသို့မဟုတ် ။ တစ်ဦးအပေါ်တစ်ဦး ဆက်ဆံပုံများ ၊ ခံစားချက်များသည် ဖုံးကွယ်မှုနည်းကာ ပို၍စစ်မှန်၏ ။ သို့သော် တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားသော စည်းမျဥ်းများကတော့ ရှိနေသေးသည် ။
မော့ချိုး၏မူမမှန်သော အပြုအမူများ ၊ သူကိုယ်တိုင် ပတ်ဝန်းကျင်မှ လူများနှင့် အဆက်အဆံမလုပ်ပဲ ရှောင်ပြေးနေမှုတို့က နောက်ဆုံးတွင် သူ့အားသိုးဖြူအုပ်ထဲမှ သိုးမည်းတစ်ကောင်ဖြစ်လာစေပြီး မကြာခင်မှာပင် လူတိုင်းနီးပါးက မော့ချိုးကို သည်းမခံနိုင်ဖြစ်လာတော့သည်။
အစပထမတွင်ကား သက်တူရွယ်တူသူငယ်ချင်းများကြားတွင် သူ့အကျင့်စရိုက်နှင့်ပတ်သက်၍ တိုးတိုးတိတ်တိတ်မကောင်းပြောခြင်း ၊ မော့ချိုး၏စကားလုံးများ ၊ အပြုအမူများနှင့်ပတ်သက်၍ နောက်ကွယ်တွင် ပြယ်ရယ်ပြုခြင်းတို့သာ ရှိခဲ့သည် ။
သို့သော် တဖြည်းဖြည်းနှင့်ပင် အရာရာတိုင်းမှာ ပို၍ပြင်းထန်လာခဲ့ပြီး လူများက သူ့မျက်စိရှေ့တွင်ပင် တိုက်ရိုက်အရှက်ခွဲခြင်း လှောင်ပြောင်ခြင်းတို့ကို ပြုလုပ်လာကြတော့သည် ။
အဆုံးသောဘဝတွင်ကား မော့ချိုးလမ်းလျှောက်လာပြီဆိုလျှင်ကို လူများမှာ ဘေးသို့ရှောင်သွားတတ်ပြီး မော့ချိုးလက်နှင့်ထိတွေ့သမျှ ပစ္စည်းအားလုံး၏တည်နေရာကား မီးလင်းဖိုသို့သာ ။
မော့ချိုးကား လမ်းလျှောက်နေသော အဏုမြူစွန့်ပစ်ပစ္စည်းပမာ ၊ လူတိုင်း၏ရှောင်ဖယ်ခြင်းကို ခံခဲ့ရ၏ ။ ထိုမျှမကသေး ။ သူ့အဆင့်များမှာ တိုးတက်လာခြင်းမရှိဘဲ ဆက်လက်၍ဖရိုဖရဲဖြစ်နေခဲ့ခြင်းကြောင့် အတန်းပိုင်ဆရာမနှင့် မော့ချိုးအကြား ပြဿနာတစ်ချို့ ရှိခဲ့သေး၏။
မော့ချိုးအား ဝိုင်းအနိုင်ကျင့်မှုမှာ တစတစပို၍ပြင်းထန်လာခဲ့သည် ။ တစ်ခါကဆိုလျှင် တစ်စုံတစ်ယောက်မှနေ၍ မော့ချိုးအားလှေကားထိပ်မှ တွန်းချသောကြောင့် မော့ချိုးခြေထောက်တစ်ဖက် ဒဏ်ရာရခဲ့ရ၏ ။ ထိုဖြစ်စဥ်ကို ကျောင်းအာဏာပိုင်များက သိသွားသောအခါ အတန်းပိုင်ဆရာမနှင့်အတူ မော့ချိုးအတွက် အစီအစဥ်တစ်ခုဖြစ်ဖြစ် ဖန်တီးရန် ခေါင်းချင်းဆိုင်ဆွေးနွေးကြတော့သည် ။
နေ့လည်ခင်းတစ်ခုလုံး ခေါင်းချင်းဆိုင်ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသောအကြံကား ရိုးရှင်းပြီး တည့်ထိုးဆန်လွန်းလှ၏ ။ သူတို့အစီအစဥ်တွင် အဓိကပါဝင်သူကား လုဖုန်းပင် ။
မော့ချိုးကို လုဖုန်းနှင့်တွဲစေပြီး အိမ်စာများကိုကူညီပေးခြင်း ၊ စိတ်ခံစားချက်အနေနှင့်လည်း အကောင်းဘက်သို့ရောက်အောင် ဆွဲခေါ်ပေးခြင်းဖြင့် လုဖုန်းနှင့်မော့ချိူးတို့နှစ်ဦးသားမှာ အတူတူတိုးတက်ကြီးပြင်းလာကြမည်ဟူ၍ပင် ။
ထိုအကြံကို စဥ်းစားပေးခဲ့သူ မည်သူပင်ဖြစ်စေ ထိုသူကား လုံးဝကိုဉာဏ်ကြီးရှင်ဖြစ်သည်ကိုတော့ လုဖုန်းဝန်ခံရပေမည် ။
လုဖုန်းအနေနှင့် မော့ချိုး၏စောင့်ရှောက်သူတစ်ယောက်ဖြစ်လာသောအခါ အသစ်သစ်သောတာဝန်များကို ပေးအပ်ခြင်းခံရတော့သည် ။ လုဖုန်းမှာ ထိုင်ခုံနေရာကိုပင်ပြောင်းကာ မော့ချိုးဘေးနားတွင် သွားထိုင်ပေးရသည် ။
လူတိုင်းနီးပါးမှာ မော့ချိုးအား သည်းခံနိုင်ခြင်း မရှိသေးသော်ငြား မော့ချိုးဘေးတွင် လုဖုန်းရောက်လာသည်ကြောင့်ထင့် ။ အနိုင်ကျင့်မှုများသည် ယခင်ကလောက် မပြင်းထန်တော့ ။
လုဖုန်း သူ၏တာဝန်ကို ထူးချွန်ပြောင်မြောက်အောင် ထမ်းဆောင်နိုင်ခဲ့၍လားတော့မသိ ။ နောက်ဆုံးတော့ မော့ချိုး၏စာမေးပွဲအဆင့်များမှာ သိသိသာသာတိုးတက်လာခဲ့၏ ။
အတန်းပိုင်ဆရာမမှာလည်း မော့ချိုး၏ပြောင်းလဲတိုးတက်လာမှုအတွက် အတော့်ကိုပင်စိတ်လှုပ်ရှားနေပုံရသည် ။ စာသင်နှစ်ပြီးဆုံးသည့်အထိ မော့ချိုးအားစာပြပေးရန် လုဖုန်းကို တာဝန်ပေးအပ်ထားတော့သည် ။
အချိန်များမှာ တဖြည်းဖြည်းကုန်ဆုံးလာရင်းနှင့်ပင် စာသင်နှစ်တစ်နှစ်ကား ပြီးဆုံးသွားခဲ့၏ ။ သို့သော် လုဖုန်းနှင့်မော့ချိုးတို့ကား ဤလောက်နှင့် အဆက်ပြတ်မသွားခဲ့ ။
နောက်စာသင်နှစ်တစ်နှစ်တွင်လည်း ထိုနည်းလည်းကောင်းပင် ။ လုဖုန်းမှာ နှစ်နှစ်ဆက်တိုက် မော့ချို့အားစောင့်ရှောက်ရန် စာပြပေးဖို့ရန် တာဝန်ယူထားရသူတစ်ဦး ဖြစ်ခဲ့ပေ၏ ။
အဆုံးတွင် လုဖုန်းရရှိလိုက်သည်ကား ဘွဲ့နှင်းသဘင်၌ အတန်းပိုင်ဆရာမ၏ ကျေးဇူးတင်စကားပင် ။ လုဖုန်းအနေနဲ့ မိမိနှင့်အတန်းတူအပေါင်းအသင်းကို ကူညီပေးရာ၌ ဘယ်လိုတောင် စိတ်အားထက်သန်ခဲ့ကြောင်း ၊ ဆရာ/ဆရာမများ၏ အခက်အခဲကို မျှဝေကာပုခုံးထမ်းကူညီပေးရာ၌လည်း အကူအညီအကြီးကြီးဖြစ်ခဲ့ကြောင်း ပြောကာ ချီးကျုးခြင်းခံခဲ့ရပေ၏ ။
အထက်တန်းကျောင်းပြီးသွားသောအခါ သူနှင့်မော့ချိုး ထပ်တွေ့ဖြစ်ခြင်းမရှိကြတော့ ။ သူတို့နှစ်ယောက်တည်းရှိသည့်အချိန်မှာလည်း နှစ်ယောက်သားမှာ စကားပြောခဲလှသည် ။ မော့ချိုးကလည်း စကားပြောလေ့သိပ်မရှိ ။ လုဖုန်းအနေနှင့်လည်း သူနှင့်မော့ချိုး နှစ်ယောက်သားမှာ မတူညီသောလူနှစ်ယောက်ဖြစ်သည်ကို ခံစားမိ၍ မော့ချိုးနှင့်အကွာအဝေးတစ်ခုမှာပင် နေဖြစ်ခဲ့သည် ။
အထက်တန်းကျောင်းဘွဲ့ရပြီးသောအခါ နှစ်ယောက်သား မတူညီသောလမ်းအသီးသီးကို ဆက်လျှောက်ခဲ့ကြသည် ။ အဆက်အသွယ်လုပ်ဖို့ရန်ပင် အချက်အလက်များ လဲလှယ်ခဲ့ခြင်းပင်မရှိခဲ့ ။
ဒီနေ့တွင် မော့ချိုးအား ပြန်တွေ့လိုက်ရခြင်းသည် လုဖုန်းဘယ်တော့မှ မထင်မှတ်ထားခဲ့သော အရာပင် ။
"ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ? "
မော့ချိုးက မှတ်ချက်ပြု၏ ။ သူ့မျက်ဝန်းများကား ပျော်ရွှင်ကြည်နူးမှုတို့နှင့်အတူ အတိတ်ကိုလွမ်းဆိတ်ခြင်း အရိပ်အရောင်တို့ ပြည့်နှက်နေလျက် ။
"ငါတို့နှစ်ယောက် မတွေ့တာအတော်ကြာပြီမလား ၊ မင်းကို...မင်းကို ငါဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ "
ယခင်ထက် အနည်းငယ်ပါးသွားသော မျက်မှန်အထူ ၊ ပိုရှည်လာသော အရပ်အမောင်းကလွဲ၍ မော့ချိုး၏အကျင့်စရိုက်မှာ တော်တော်များများ မပြောင်းလဲသေးဟန်ပင် ။
လုဖုန်း တစ်ချက်ရယ်လိုက်မိပြီး တုံ့ပြန်စကားဆိုလိုက်သည် ။
"မင်းပြောနေတာက မသိရင် ငါသေသွားတဲ့အတိုင်းပဲ "
မော့ချိုးမှာ ရုတ်တရက်ထိတ်လန့်သွားပြီး အလျင်အမြန်ပင် မဟုတ်ပါဟူသည့်သဘောနှင့် လက်ကိုခါယမ်းပြတော့သည် ။
"မဟုတ်..မဟုတ်ပါဘူး ငါပြောတာမှားသွားတယ် ...ငါပြောချင်တာက မင်းကိုထပ်တွေ့ရလိမ့်မယ်လို့ ငါတစ်ခါမှမတွေးမိခဲ့ဖူးဆိုတာကိုပါ "
စကားလုံးရွေးချယ်သုံးနှုန်းခြင်းနှစ်ခုကြားမှ ကွာခြားချက်ကား တကယ်တော့ မပြောပလောက်ပါပေ ။
လုဖုန်း မော့ချိုးအားစနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး စကားဆက်ပြောတော့သည် ။
"မင်း ဒီကိုရောက်နေတာက ?"
မော့ချိုးမှာ အသိပြန်ဝင်သွားဟန်တူပြီး သူ့လက်ကိုင်ဖုန်းကိုထုတ်ကာ လုဖုန်းအားပြလာတော့သည်။
"သြော် ဟုတ်တယ် ၊ ငါဒီကို ပုံတူပန်းချီယူဖို့လာခဲ့တာ "
ရှန်းရှောင်ရှဲမှာ အတန်ငယ်အံ့အားသင့်နေခဲ့၏ ။
"ဒီကတစ်ယောက်က ရှန်းရှောင်ရှဲပုံတူပန်းချီကို ဝယ်ခဲ့တဲ့တစ်ယောက်လား ?"
ရှန်းရှောင်ရှဲ၏ မော့ချိုးအပေါ် စစ်ဆေးသုံးသပ်နေသကဲ့သို့ အကြည့်က အတော့်ကိုပေါ်ထင်ပြီး ဗြောင်ကျလွန်း၏ ။ မော့ချိုးမျက်နှာမှာ တဖြည်းဖြည်းအနီရောင်သန်းလာပြီး စကားပြန်ဖြေသောအခါတွင်မူ အထစ်ထစ်အငေါ့ငေါ့ပါ ဖြစ်ကုန်တော့သည် ။
"မ..မဟုတ်ပါဘူး ကျွန်တော်က Illustratorအဖြစ် အလုပ်လုပ်တဲ့သူပါ ၊ လောကျန်းယွင်ရဲ့ ခန္ဓာကိုယ်အချိုးအစားက အရမ်းမိုက်တော့ Reference တစ်ခုအနေနဲ့ သူ့ပုံတူပန်းချီကို ဝယ်ချင်မိလို့ပါ "
မော့ချိုးကား တစ်ယောက်တစ်လေကမှ သူ့ကိုအစ်အောက်မမေးရသေးခင်မှာတင် သူကိုယ်တိုင်ဖော်ထုတ်ပြသွားတော့၏ ။ ရှန်းရှောင်ရှဲကား မည်သည့်မေးခွန်းကိုမှ မမေးရသေးသည့်တိုင် မော့ချိုးမှာ အလျင်အမြန်ပင် အရာအားလုံးကို ဖွင့်ချပစ်တော့၏ ။
ရှန်းရှောင်ရှဲကား ရုတ်တရက် အရာရာကိုနားလည်သွားဟန်တူပြီး "သြော်"ဟုသာဆိုကာ သူ့လက်ထဲရှိ ဖုန်းတစ်လုံးနှင့်ပင် ဆိုဖာမှာထိုင်ပြီး ဂိမ်းပြန်ကစားနေတော့၏ ။
လုဖုန်း လျိုရွဲ့အား ပုံတူပန်းချီကိုပြန်သွားယူခိုင်းလိုက်ပြီး မော့ချိုးအတွက် ဘောက်ချာတစ်စောင်ရေးကာ လက်မှတ်ထိုးဖို့ရန် ကမ်းပေးလိုက်၏ ။
"ကျေးဇူးပဲ " မော့ချိုးက ကျေးဇူးတင်စကားဆိုးပြီး လက်မှတ်ထိုးထားသော ဘောက်ချာကို လုဖုန်းထံပြန်ပေးလာခဲ့သည် ။
လုဖုန်းအနေနှင့်လည်း ကျေးဇူးတုံ့ပြန်စကား ပြန်ပြောလိုက်သည် ။
မော့ချိုးကဲ့သို့ ဝယ်သူများမရှိခဲ့လျှင် လုဖုန်းတို့၏စီးပွားရေးလုပ်ငန်းအနေနှင့် ရေရှည်တည်တံ့နိုင်မည်မဟုတ် ။
လောကျန်းယွင်၏ ပုံတူပန်းချီကိုကား သပ်ရပ်သောစက္ကူအမာသားဘူးထဲတွင် သေသေချာချာထည့်သွင်းထား၏ ။
ပုံတူပန်းချီထဲတွင်ကား လောကျန်းယွင်ဘေးပတ်လည် နေရာတစ်ဝိုက်သည် အမှောင်ကျနေခဲ့ပြီး လောကျန်းယွင်မှာ အပြာရင့်ရောင် သားရေသားခုံပေါ်တွင် ထိုင်နေခဲ့၏ ။ သူ့မျက်နှာထက်ရောင်ပြန်ဟပ်နေသော မှိန်ပျပျအလင်း နှင့် ဆေးခြယ်ကောက်ကြောင်းတစ်ခုစီတိုင်းက လောင်ကျန်းယွင်အား ပို၍ပင်အနုပညာဆန်စွာ တည်ရှိစေ၏ ။
လောကျန်းယွင်မှာ ထိုင်ခုံမှာထိုင်နေရင်း ရှေ့သို့အနည်းငယ်စောင်းကာ မျက်လုံးများကား ကင်မရာကို တည့်တည့်စိုက်ကြည့်နေခဲ့၏ ။ ကြောရှင်းခန့်ညားမှုတို့အလယ်တွင် စိတ်ကြီးဝင်ခြင်း မာန်မာနတို့ကို အရိပ်အရောင်မျှခပ်ပါးပါး တွေ့ရှိရ၏ ။
မော့ချိုးမှာ စက္ကူဘူးကို ဂရုတစိုက်ယူလိုက်ပြီး မျက်ဝန်းများကား လောကျန်းယွင်၏မျက်နှာသွင်ပြင်ပေါ်တွင်သာ ကော်နှင့်ကပ်ထားသကဲ့သို့ စွဲမြဲနေခဲ့သည် ။ လုဖုန်းက သူ့ကို ပစ္စည်းအားစစ်ဆေးကြည့်ဖို့ရန် သတိပေးလိုက်သည့်အခါမှသာလျှင် မော့ချိုးမှာ အတွေးများထဲမှာ နိုးထလာသူတစ်ယောက်နှယ် ကြောင်အမ်းအမ်းနှင့်ပင် ပစ္စည်းကိုသေချာစစ်ကြည့်တော့သည် ။
ပစ္စည်း၌ပြဿနာတစ်စုံတစ်ရာ မရှိသည်ကို အတည်ပြုပြီးနောက်တွင် လုဖုန်းတစ်ယောက် ပန်းချီကားကိုထုတ်ပိုးဖို့ရန် လျိုရွဲ့ထံမှအိတ်တစ်အိတ်တောင်းပြီး မော့ချိုးအား ကမ်းပေးလိုက်သည် ။ အစပထမ၌ မော့ချိုးမှာ အိတ်ကိုယူကာ မထွက်သွားသေးပဲ ထိုနေရာတွင်သာ ရပ်နေခဲ့၏ ။
လုဖုန်းမှာ မော့ချိုး၌ပြောစရာတစ်ခုခုရှိနေပြီး တစ်ချိန်တည်းမှာပင် ပြောဖို့တုံ့ဆိုင်းနေသည်ကို ရိပ်မိသွားသောအခါ စကားလမ်းကြောင်းပေးရတော့သည် ။
" အဆင်မပြေတာ တစ်ခုခုရှိလို့လား ? ရှိရင် ပြောသာပြောပါ "
"လုဖုန်း ဘယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကအတန်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြတာပဲ ငါ့...ငါ့ကို မင်းဖုန်းနံပါတ် ပေးလို့ရမလား? "
မော့ချိုး၏လက်ချောင်းများမှာ အိတ်လက်ကိုင်ကို အသေဆုပ်ထားခဲ့ပြီး စိုးရိမ်ပူပန်နေမှုကား မျက်နှာထက်တွင် အထင်းသားပေါ်လွင်နေ၏ ။
"နောက်ကျ မင်းအားရင် ငါတို့တူတူမုန့်ထွက်စား...စားကြမလား?"
မော့ချိုးအသံမှာ ပြောနေရင်းနှင့်ပင် တဖြည်းဖြည်းတိုးဝင်သွားသည်ဖြစ်ရာ စကားဆုံးခါနီးတွင်ကား သူ့အသံမှာ လေသံမျှမျှ အဆင့်သာရှိတော့၏ ။ ယခုကဲ့သို့ အခြေအနေကို မသိသူများအဖို့ အနားတွင် ယင်ကောင်တစ်ကောင် တဝီဝီပျံနေသံဟုသာ ထင်ကြပေလိမ့်မည် ။
"အဲ့ဒါ အရေးကြီးတဲ့ကိစ္စလို့တော့ ငါထင်တယ် ၊ မင်းမှာ ငါတို့ဆိုင်ရဲ့ WeChat Accountရှိတယ်မလား ၊ ငါ ရှန်းရှောင်ရှဲကို ငါ့ဖုန်းနံပါတ်ကို ပို့ခိုင်းလိုက်မယ်လေ "
လုဖုန်း၏ လက်ကိုင်ဖုန်းကား စားပွဲထက်တွင်ရှိနေခဲ့၏ ။ မော့ချိုးအနေနှင့်လည်း ပုံတူပန်းချီအတွက် လက်ကျန်ငွေကို ဖုန်းနှင့်ပေးချေရမည်ဖြစ်သောကြောင့် ဒီနေ့သေချာပေါက် ဖုန်းယူလာရပေလိမ့်မည် ။ သို့သော် ယခုချက်ချင်းမှာပင် လုဖုန်း ရှန့်မင်အော်ကဲ့သို့ ပြုမူလိုက်မိသည် ။ နှစ်ယောက်သားကြားတွင် မရိုးသားမှုအလွှာပါးပါးကို ကန့်လန့်ကား ချထားခဲ့လျက် ။
ထောင်ထဲတွင် ၁၀နှစ်နေခဲ့ရသူတစ်ယောက်အနေနှင့် လုဖုန်း အတန်းဖော်ဟောင်း သူငယ်ချင်းဟောင်းများနှင့် ပြန်မတွေ့လို အဆက်အသွယ်မလုပ်လိုပေ ။ ငယ်ရွယ်စဥ်အချိန်အခါ လုဖုန်းနှင့်သူတို့၏ဘဝများ အမှတ်တရများအကြောင်း ပြန်မတွေးလိုတော့ပြီဆိုလျှင် ပိုမှန်ပေလိမ့်မည် ။
နောင်တစ်ချိန် မော့ချိုးက သူတက်ခဲ့သောတက္ကသိုလ်အကြောင်း မေးလာခဲ့သော် လုဖုန်း၌ပြန်ဖြေစရာမရှိ ။ ဒီဆယ်နှစ်အတွင်း လုဖုန်းရှိနေခဲ့သောနေရာသည် ထောင်အကျဥ်းခန်းထဲတွင်သာ ။ ထိုအကြောင်း မော့ချိုးသိသွားခဲ့လျှင်လည်း ရှော့ခ်ရထိတ်လန့်လိမ့်မည် ။ လုဖုန်း အနေနှင့်လည်း နေရထိုင်ရမသက်မသာဖြစ်ပေလိမ့်မည် ။
မည်သူတစ်ဦးတစ်ယောက်ကမှ မိမိ၏တန်ဖိုးနှင့် ဂုဏ်သိက္ခာကိုထိုးသတ်နိုင်လောက်မည့် ကိစ္စတစ်ရပ်ကို ပြန်အစဖော်ချင်ကြလိမ့်မည်မဟုတ် ။
"မဟုတ်ဘူး ထားလိုက်တော့ ၊ ငါပဲ မင်းကို Add လိုက်မယ်"
မော့ချိုး၏စိတ်ကား ရိုးရှင်းပြီး စကားလုံးများ၏ သွယ်ဝိုက်ပြောသောအဓိပ္ပာယ်ကို နားလည်နိုင်ဟန်မတူ ။ ယခုလည်း လုဖုန်းပြောလိုက်သည်ကို ကြားကြားချင်ပင် ပျော်ရွှင်စွာနှင့် ဖုန်းကိုအပြင်သို့ ထုတ်ယူနေချေပြီ ။
လုဖုန်းမှာ ဤသို့သောအခြေအနေကို မျှော်လင့်မထားသည်ဖြစ်ရာ အချိန်အနည်းငယ် ရပ်တန့်နေပြီးနောက်မှာ စားပွဲပေါ်ရှိဖုန်းကို လှမ်းယူလိုက်သည် ။
"Ah , Okay "
မော့ချိုးကား ဖြစ်ပျက်သွားသောအချင်းအရာများနှင့် ပတ်သက်၍ ကျေကျနပ်နပ်နှင့်ပင် ဆိုင်မှထွက်ခွာသွားချေပြီ ။ လုဖုန်းမှာ Contactထဲတွင် မှတ်ထားသော နာမည်အသစ်ကို အချိန်အတော်ကြာထိ စိုက်ကြည့်နေမိသည် ။ ထိုနာမည်ကို Blacklistထဲထည့်သင့် မထည့်သင့် တုံ့ဆိုင်းနေလျက် ။
လုဖုန်း တစ်ယောက် ဖုန်းမျက်နှာပြင်ပေါ်ရှိ မော့ချိုးနာမည်ကို နှိပ်ဖို့ရန်အချိန်ကြာစဥ်းစားလိုက်ပြီးနောက်တွင်ကား ဒီတိုင်းသာဆက်ထားလိုက်ဖို့ရန် လုဖုန်းဆုံးဖြတ်လိုက်သည် ။ မော့ချိုးအနေနှင့် သူတို့ဆိုင်၏ ဖောက်သည်ဟောင်းတစ်ယောက်ဖြစ်သည်ကို ထည့်သွင်းစဥ်းစားထားခြင်းကြောင့်သာ ဤအခြေအနေတွင် ရပ်တန့်ထားလိုက်သည်ဆိုလည်း မမှားပေ ။
___
ရှန့်မင်အော်၏ဝန်ထမ်းတစ်ယောက်ကို ဝင်ရောက်ကယ်ဆယ်ရင်း လုဖုန်းဒဏ်ရာရသွားသည့်အချိန်မှစ၍ လုဖုန်းအပေါ် ရှန့်မင်အော်၏ သဘောထားမှာ အတန်ငယ်ပြောင်းလဲလာပုံရသည် ။
ယခင်ကဆိုလျှင် လုဖုန်းတစ်ယောက် အနားသို့ချဥ်းကပ်ဖို့ ကြိုးစားတိုင်း ရှန့်မင်အော်မှာ ရန်စခံရသော ဝံပုလွေတစ်ကောင်နှယ် ဒေါသထွက်ပြလိမ့်မည် ။ ထို့ပြင် သတိပေးသည့်အလား မာန်ဖီသံကျယ်ကျယ်လောင်လောင်ထုတ်လွှတ်ကာ မည့်သည့်အချိန်တွင်မဆို လုဖုန်းကို ရိုက်ချဖို့ရန် ဟန်ပြင်ထားလိမ့်မည် ။
လက်ရှိအချိန်တွင်မူ လုဖုန်းတစ်ယောက် သူ့မျက်စိရှေ့တွင် တစ်ချိန်လုံးတဝဲလည်လည် ရှိနေခဲ့လျှင်တောင်မှ ရှန့်မင်အော်မှာ လုဖုန်းမရှိသလိုပင် မသိချင်ယောင်ဆောင်ထားပေ၏ ။
ရှန့်မင်အော်ကိုကြည့်ရသည်မှာ လုဖုန်းအား လုပ်ချင်ရာလုပ်ဟူ၍ လွှတ်ပေးထားလိုက်သည့် ပုံစံမျိုးပင် ။ နောက်ဆုံး မတတ်နိုင်တော့သည့်အခါ လုဖုန်းကိုယ်တိုင် လက်လျှော့အရှုံးပေးသွားလိမ့်မည်ဟု တွက်ဆထားပုံရသည် ။ထို့ကြောင့် ရှန့်မင်အော်မှာ လုဖုန်းအကြောင်းကို ဂရုစိုက်ခြင်းမရှိတော့သကဲ့သို့ အာရုံလည်းမစိုက်တော့ ။
ရှန့်မင်အော်တစ်ယောက် လုဖုန်းအပေါ် ယခင်ကကဲ့သို့ အချိန်တိုင်းမနှစ်သက်ခြင်းကို ပြသခြင်းမရှိတော့သည်မှာ အမှန်စင်စစ် လုဖုန်းအတွက် ကောင်းသောအရာဟုဆိုနိုင်ပေသည် ။ သို့သော် ယခု ရှန့်မင်အော် လုဖုန်းအားဆက်ဆံနေပုံမှာ ဘာမှမရှိသောလေထုကဲ့သို့ပင် ။ မမြင်နိုင်မကြာနိုင်မခံစားနိုင်သော ဖြစ်တည်မှုတစ်ခုနှယ် လုဖုန်းကိုသဘောထားပုံရသည် ။ အမှန်အတိုင်းပြောရလျှင် ထိုသို့ပြုမူဆက်ဆံခြင်းက လုဖုန်း ရှန့်မင်အော်ကို ရန်စခြင်းဖြင့်ရလာသည့် ပျော်ရွှင်မှုများကို လုံးဝကိုဖျက်ဆီးပစ်လိုက်သည်ဆိုလည်း မမှား ။
"ကျွန်မ တကယ်အနူးအညွတ်တောင်းပန်ပါတယ် ၊ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ကျွန်မတာဝန်ယူပေးသင့်တယ် ၊ ဒီကိစ္စတွေက သူ့ကိုဒီလောက်ထိ ရန်စသလို ဖြစ်သွားမယ်လို့ ကျွန်မ,မထင်မိခဲ့ဘူး..."
တစ်နေ့ခင်းလုံး စေ့စေ့ပိတ်ထားခဲ့သော ရှန့်မင်အော်၏ရုံးခန်းတံခါးမှာ နောက်ဆုံးတော့ပွင့်လာခဲ့လေပြီ ။ ထို့အတူ ရုံးခန်းထဲမှ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ထွက်လာသည်ကိုပါ မြင်လိုက်ရသည် ။ ထိုအမျိုးသမီးကား သပ်ရပ်လှပစွာဝတ်စားထားသည်သာမက ဦးထုပ်ကလေးဆောင်းထားပြီး သားရေလက်အိတ်တစ်စုံကိုပါ လက်ထဲတွင် ကိုင်ထားသေး၏ ။
[ T/N - ဒီနေရာမှာ အဲ့အမျိုးသမီးဆောင်းထားတာက ဒီလိုဦးထုပ်ပါ Beret လို့ခေါ်ပါတယ်]
လုဖုန်း သတင်းစာထက်မှနေ၍ ခေါင်းအသာမော့ကြည့်စဥ် သူ့ဆီတစ်ချက် ဖျတ်ခနဲကြည့်လာသော ရှန့်မင်အော်၏ မျက်ဝန်းများနှင့်ဆုံ၏ ။ ရှန့်မင်အော်ကား ပုံမှန်ထက်ထူးထူးခြားခြား ဘာမှမရှိသကဲ့သို့ပင် လုဖုန်းကို တစ်ချက်မျှသာကြည့်ပြီး အကြည့်များကို ပြန်လည် ရုပ်သိမ်းသွား၏ ။
"ကျွန်မ ပန်းချီကားတွေကို မလိုချင်တော့ဘူး ၊ အရာအားလုံးကို ဒီလိုပဲအဆုံးသတ်လိုက်ရအောင်"
အမျိုးသမီး၏ မျက်နှာအမူအရာကား စိုးရိမ်ပူပန်မှုတို့ဖြင့် ပျက်ယွင်းနေ၏ ။ ထို့ပြင် ထွက်သွားဖို့ပြင်နေရင်းပင် သက်ပြင်းရှည်များ ခဏခဏချနေသေးသည် ။
"ကျွန်တော် နားလည်ပါပြီ ၊ ဂရုစိုက်သွားပါ "
ရှန့်မင်အော်ကား သူမကို အရှေ့တံခါးအထိ လိုက်လံပို့ဆောင်ပြီး သူမ, မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားမှသာလျှင် ပြန်လှည့်လာခဲ့၏ ။
လုဖုန်းမှာ သတင်းစာကို ဆက်မဖတ်ဖြစ်တော့ပဲ ရှန့်မင်အော်၏လှုပ်ရှားမှုများကိုသာ ခြေရာခံလိုက်ကြည့်နေမိ၏ ။
ရှန့်မင်အော်ကား လုဖုန်းရှိသည့်နေရာကို တမင်သက်သက် လှည့်မကြည့်သည်မှာ သိသာလှ၏ ။ အရာရာကိုသိနေသည့်အလား လုဖုန်းကိုတစ်ချက်ပင်မကြည့်ဘဲ သူ့နောက်ကိုလိုက်ခဲ့ဖို့ရန် လက်ချောင်းကိုကွေးကာ အချက်ပြလာတော့သည် ။
ရှန့်မင်အော် ရုံးခန်းထဲသို့ဝင်တော့မည်ကို တွေ့လိုက်လျှင်တွေ့လိုက်ခြင်းပင် လုဖုန်းမှာ သတင်းစာကိုလက်မှ အမြန်ချကာ ရှန့်မင်အော်နောက် အပြေးကလေးလိုက်ရတော့သည် ။
ရှန့်မင်အော်၏ရုံးခန်းအပြင်အဆင်မှာ ရိုးရှင်းလှပြီး အခန်းတွင်းအလင်းရောင်မှာလည်း ထိန်လင်းနေခဲ့သည် ။ အခန်းထဲတွင်လည်း မလိုအပ်သည့်တစ်စုံတစ်ရာကိုမှ ထည့်သွင်ထားခြင်းမရှိ ။ခုံနှင့် စားပွဲခုံများကိုပင်လျှင် အရိုးရှင်းဆုံးဒီဇိုင်းသာ သုံးထားပေ၏ ။
ရုံးခန်းတွင်း စားပွဲခုံထက်တွင်ကား ငွေရောင်လပ်တော့ပ်နှင့် စာအိတ်နီမှလွဲ၍ ဘောပင်ခဲတံတစ်ချောင်းပင်ရှိမနေခဲ့ ။
[T/N - စာအိတ်နီကတော့ သိကြမှာပါ နှစ်ကူးမှာ မုန့်ဖိုးပေးကြတဲ့အလေ့ပေါ့ ]
ရှန့်မင်အော်က စားပွဲခုံဆီသို့သွားကာ စာအိတ်နီကိုလှမ်းယူကာ လုဖုန်းအားကမ်းပေး၏ ။
"ယူလိုက် ၊ ဆေးရုံစရိတ်ပဲ "
ရုတ်တရက်ဆန်လှသော ချစ်ခြင်းမေတ္တာပြသမှုအပေါ် လုဖုန်းမှာ အနည်းငယ်ပင် နောက်တွန့်သွားမိသည် ။
"အကို ဒါက ကျွန်တော့ကိုပေးတာလား ?"
စာအိတ်ကတော့ အတော်လေးကိုထူလှသည် ။ စာအိတ်ထဲတွင် အနည်းဆုံး ယွမ်တစ်သောင်းလောက်ပါမည်ဟု လုဖုန်းခံစားမိနေ၏ ။
"ဒါက ခုနက အမျိုးသမီးဆီကပေးတာ ၊ မစ္စစွန်း ၊ မင်းကိုဒဏ်ရာရအောင်လုပ်လိုက်တဲ့သူက အဲ့အမျိုးသမီးရဲ့ခင်ပွန်းဟောင်းပဲ "
ရှန့်မင်အော်ကား ထိုင်ခုံပေါ်ထိုင်လိုက်ကာ လပ်တော့ပ်ကို ဖွင့်၏ ။
"သူမအနေနဲ့ ဖြစ်ပျက်သွားတဲ့အရာတွေအပေါ် အပြစ်ရှိသလို ခံစားနေပုံရတယ် ၊ အဲ့တာကြောင့် ဆေးရုံစရိတ်အတွက် ကုန်ကျငွေပြန်ပေးသွားတာ"
"သူမက တကယ့်ကိုချို့တဲ့တဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့တာပဲ "
လုဖုန်း ထိုစာအိတ်နီကို ကိုင်ထားကာ တခြားလက်ဖဝါးတစ်ဖက်ကို အသာလှမ်းရိုက်နေမိသည် ။
"သူမဘဝမှာ နောက်တစ်ခါဆိုရင် ယောက်ျားကောင်းကောင်းကို တွေ့ရဖို့ မျှော်လင့်ပါတယ် "
" မင်းသွားလို့ရပြီ "
ရှန့်မင်အော်ကား ခေါင်းပင်တစ်ချက်မမော့ပဲ ပြောလာခဲ့၏ ။ မသိလျှင် ဧကရာဇ်တစ်ပါးက သူ့လက်အောက်ငယ်သားကို အလုပ်ထုတ်ပစ်ကာ အမိန့်ပေးထွက်သွားစေသည့်အတိုင်းပင် ။
လုဖုန်းမှာ ရှန့်မင်အော်၏ တစ်ဝက်သာမြင်ရသော မျက်နှာသွင်ပြင်ကို ကြည့်ရင်း သက်ပြင်းရှည်တစ်ခုကိုလွှတ်ထုတ်မိသည် ။
ထို့နောက် စားပွဲခုံဆီ တည့်တည့်လျှောက်သွားကာ ခုံပေါ်တက်ထိုင်လိုက်၏ ။ ပြီးလျှင် ရှန့်မင်အော်၏အာရုံစိုက်မှုကို ရဖို့ရန် လပ်တော့ပ်စခရင်ရှေ့တွင် စာအိတ်နီကို ဝှေ့ရမ်းပြမိသည် ။
"အမေ့မှာ အချိန်တွေ သိပ်မကျန်တော့ဘူး "
လုဖုန်း ရင်ထဲရှိ ခံစားချက်အလုံးစုံကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လေးနက်သောအသံဖြင့်ပြောနေမိသည် ။
"ဆရာဝန်ပြောပုံအရဆိုရင် နှစ်သစ်ကူးအထိတောင် တောင့်ခံချင်မှ တောင့်ခံနိုင်မယ်တဲ့ "
ရှန့်မင်အော်မှာ ရုတ်တရက်ပင် လပ်တော့နှင့်စာရိုက်နေခြင်းကိုရပ်တန့်ပြီး တိတ်တဆိတ်ပင် လုဖုန်းကိုခေါင်းမော့ကြည့်လာခဲ့၏ ။
လုဖုန်း အကြောက်ကြောက်အရွံ့ရွံ့နှင့်ပင် နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်မိသည် ။
"တကယ်လို့ ၊ တကယ်လို့ အဲ့နေ့ရောက်လာခဲ့သည်ရှိသော် ...အကို့ကို ကျွန်တော် ဖုန်းခေါ်လို့ရမလား ?"
လုဖုန်းအနေနဲ့ ရှန့်မင်အော်၏အဖော်ပြုပေးခြင်းကို မလိုအပ် ၊ ရှန့်မင်အော်ကို အပြေးလာစေ၍ သူ့ဘေးနားတွင် သူနှင့်အတူ စျာပနကိစ္စများဆောင်ရွက်စေဖို့လည်း သူ, မလိုအပ်ပေ ။ သူလိုချင်သည်ကား တစ်ခုတည်းသာ ...။
ကံကြမ္မာထံမှ ကံဆိုးမိုးမှောင်ကျခြင်းကို လက်ခံရရှိမည့်ထိုနေ့၌ လုဖုန်းကြားချင်သောအရာသည် ရှန့်မင်အော်၏အသံကိုသာ ။ ထိုအသံကိုသာ ကြားလိုက်ရလျှင် ပျော်ရွှင်မှုတစွန်းတစဖြစ်ဖြစ် ရရှိကောင်းရရှိနိုင်ပါရဲ့ ။
ရှန့်မင်အော်မှာ ထိုင်ခုံနောက်မှီကာ သရော်ဟန်ပြောလာခဲ့၏ ။
"မင်းဘာပဲလုပ်လုပ် ငါ့ဆီကခွင့်ပြုချက်မလိုဖူး ထင်တာပဲ "
"တကယ်တမ်းပြောရရင် ၊ အကိုက မခေါ်နဲ့လို့ပြောရင်တောင် ကျွန်တော်ကခေါ်နေဦးမှာပဲ "
လုဖုန်း နှုတ်ခမ်းသားထက် အပြုံးဖွဖွတင်ကာ တုံ့ပြန်စကားဆို၏ ။
"ဒါပေမဲ့ အကိုဖုန်းကိုင်မယ်ဆိုတဲ့ အာမခံချက်လေး ရချင်ခဲ့ရုံပါ "
ရှန့်မင်အော်က လုဖုန်းကိုတစ်ခုခုပြောဖို့ပြင်ရန် ပါးစပ်ဟရုံရှိသေးသည် ။ ရုတ်တရက် အသံထွက်လာသည်က လပ်တော့ပ်ဆီမှ ၊ တစ်စုံတစ်ယောက်က ရှန့်မင်အော်ကို ဗီဒီယိုကောလ်မှတစ်ဆင့် ဆွေးနွေးပွဲတက်ဖို့ ခေါ်လိုက်သည့်အသံမျိုးပင် ။
"ထွက်သွားတော့ "
ရှန့်မင်အော်မှာ လပ်တော့ပ်စခရင်ကိုကြည့်နေရင်းပင် လုဖုန်းကိုတိုက်ရိုက်ပြောလာခဲ့၏ ။
လုံးဝကို ကံမကောင်းသည့်အချိန်ကာလပင် ။
လုဖုန်းကား စိတ်ထဲ၌အတော်ပင် ဒေါသထွက်နေမိသော်ငြား အရှက်မဲ့မျက်နှာပြောင်တိုက်သော စာတိုမှတ်စုကလေးတစ်ခုတော့ ချန်ထားခဲ့ချင်မိသေးသည် ။ ထို့ကြောင့် လုဖုန်း စာအိတ်နီကိုတစ်ချက်နမ်းပြီးနောက် ရှန့်မင်အော်ထံကိုပါ Fly Kissတစ်ချက် ပစ်လွှတ်လိုက်၏ ။ ထို့နောက်ရုံးခန်းထဲမှ ထွက်သွားဖို့ရန် ပြင်လိုက်တော့၏ ။
"အဲ့တာဆို အကိုသဘောတူတယ်လို့ပဲ ယူဆလိုက်တော့မယ် "
ရှန့်မင်အော်မှာလည်း သူ၏Bluetooth နားကြပ်ကို ကောက်တပ်နေရင်းပင် လုဖုန်းရှိရာနေရာကို တစ်ချက်ကြည့်လာခဲ့သည် ။ သို့သော် တခြားတစ်ဖက်မှ ခေါ်ဆိုသူများကြောင့်ပဲလား တခြားသောအကြောင်းအရင်းများကြောင့်ပဲလားတော့မသိ ၊ လုဖုန်းကို တုံ့ပြန်စကားတစ်ခွန်းဆိုမလာခဲ့ ။
ZAWGYI
CH13- MARRIED TO A LACKING HUSBAND
ေမာ့ခ်ိဳးသည္ ရွားပါးလွေသာ နာမည္ေနာက္စာလုံးကို ပိုင္ဆိုင္ထားေသာ္ျငား လုဖုန္းႏွင့္အတူတူေက်ာင္းတက္စဥ္အခါကမူ ေမာ့ခ်ိဳး၏စာေမးပြဲအဆင့္မ်ားမွာ သာမန္ျဖစ္သကဲ့သို႔ ႐ုပ္ရည္႐ူပကာကလည္း ထူးကဲမေနခဲ့ ။ မ်က္ႏွာအမူအရာမွာ အၿမဲတမ္းသုန္မႈန္ေနတတ္ၿပီး တစ္စုံတစ္ခုကိုေၾကာက္႐ြံ႕ကာအၿမဲတေစ ရတက္မေအးစိုးရိမ္ေနသည့္ပုံေပၚေပ၏ ။
ၿပီးလွ်င္ ဘီယာပုလင္းဖင္တို႔ကိုပင္ အမွတ္ရေစနိုင္ေလာက္ေသာ မ်က္မွန္ထူထူကို အၿမဲဝတ္ဆင္တတ္၏ ။ ထို႔ျပင္ တျခားသူမ်ားႏွင့္ အဆက္အဆံမလုပ္ပဲ တစ္ေယာက္တည္းသာေနတတ္သည္ကိုလည္း လုဖုန္းသတိထားမိသည္ ။
အ႐ြယ္ေရာက္ၿပီးသူတို႔၏ ေလာကတြင္ ဝင္ဆန့္နိုင္ဖို႔ရန္ လူအမ်ားက လက္ခံနိုင္သူတစ္ေယာက္ျဖစ္ဖို႔ရန္မွာ မိမိ၏မ်က္ႏွာအစစ္ကို ဖုံးကြယ္ကာ တျခားသူမ်ားအတြက္ အနစ္နာခံေပးဖို႔ လိုအပ္ေပသည္ ။ လူငယ္လူ႐ြယ္မ်ားၾကားတြင္ကား ထိုသို႔မဟုတ္ ။ တစ္ဦးအေပၚတစ္ဦး ဆက္ဆံပုံမ်ား ၊ ခံစားခ်က္မ်ားသည္ ဖုံးကြယ္မႈနည္းကာ ပို၍စစ္မွန္၏ ။ သို႔ေသာ္ တင္းတင္းၾကပ္ၾကပ္ ျပ႒ာန္းထားေသာ စည္းမ်ဥ္းမ်ားကေတာ့ ရွိေနေသးသည္ ။
ေမာ့ခ်ိဳး၏မူမမွန္ေသာ အျပဳအမူမ်ား ၊ သူကိုယ္တိုင္ ပတ္ဝန္းက်င္မွ လူမ်ားႏွင့္ အဆက္အဆံမလုပ္ပဲ ေရွာင္ေျပးေနမႈတို႔က ေနာက္ဆုံးတြင္ သူ႕အားသိုးျဖဴအုပ္ထဲမွ သိုးမည္းတစ္ေကာင္ျဖစ္လာေစၿပီး မၾကာခင္မွာပင္ လူတိုင္းနီးပါးက ေမာ့ခ်ိဳးကို သည္းမခံနိုင္ျဖစ္လာေတာ့သည္။
အစပထမတြင္ကား သက္တူ႐ြယ္တူသူငယ္ခ်င္းမ်ားၾကားတြင္ သူ႕အက်င့္စရိုက္ႏွင့္ပတ္သက္၍ တိုးတိုးတိတ္တိတ္မေကာင္းေျပာျခင္း ၊ ေမာ့ခ်ိဳး၏စကားလုံးမ်ား ၊ အျပဳအမူမ်ားႏွင့္ပတ္သက္၍ ေနာက္ကြယ္တြင္ ျပယ္ရယ္ျပဳျခင္းတို႔သာ ရွိခဲ့သည္ ။
သို႔ေသာ္ တျဖည္းျဖည္းႏွင့္ပင္ အရာရာတိုင္းမွာ ပို၍ျပင္းထန္လာခဲ့ၿပီး လူမ်ားက သူ႕မ်က္စိေရွ႕တြင္ပင္ တိုက္ရိုက္အရွက္ခြဲျခင္း ေလွာင္ေျပာင္ျခင္းတို႔ကို ျပဳလုပ္လာၾကေတာ့သည္ ။
အဆုံးေသာဘဝတြင္ကား ေမာ့ခ်ိဳးလမ္းေလွ်ာက္လာၿပီဆိုလွ်င္ကို လူမ်ားမွာ ေဘးသို႔ေရွာင္သြားတတ္ၿပီး ေမာ့ခ်ိဳးလက္ႏွင့္ထိေတြ႕သမွ် ပစၥည္းအားလုံး၏တည္ေနရာကား မီးလင္းဖိုသို႔သာ ။
ေမာ့ခ်ိဳးကား လမ္းေလွ်ာက္ေနေသာ အဏုျမဴစြန့္ပစ္ပစၥည္းပမာ ၊ လူတိုင္း၏ေရွာင္ဖယ္ျခင္းကို ခံခဲ့ရ၏ ။ ထိုမွ်မကေသး ။ သူ႕အဆင့္မ်ားမွာ တိုးတက္လာျခင္းမရွိဘဲ ဆက္လက္၍ဖရိုဖရဲျဖစ္ေနခဲ့ျခင္းေၾကာင့္ အတန္းပိုင္ဆရာမႏွင့္ ေမာ့ခ်ိဳးအၾကား ျပႆနာတစ္ခ်ိဳ႕ ရွိခဲ့ေသး၏။
ေမာ့ခ်ိဳးအား ဝိုင္းအနိုင္က်င့္မႈမွာ တစတစပို၍ျပင္းထန္လာခဲ့သည္ ။ တစ္ခါကဆိုလွ်င္ တစ္စုံတစ္ေယာက္မွေန၍ ေမာ့ခ်ိဳးအားေလွကားထိပ္မွ တြန္းခ်ေသာေၾကာင့္ ေမာ့ခ်ိဳးေျခေထာက္တစ္ဖက္ ဒဏ္ရာရခဲ့ရ၏ ။ ထိုျဖစ္စဥ္ကို ေက်ာင္းအာဏာပိုင္မ်ားက သိသြားေသာအခါ အတန္းပိုင္ဆရာမႏွင့္အတူ ေမာ့ခ်ိဳးအတြက္ အစီအစဥ္တစ္ခုျဖစ္ျဖစ္ ဖန္တီးရန္ ေခါင္းခ်င္းဆိုင္ေဆြးေႏြးၾကေတာ့သည္ ။
ေန႕လည္ခင္းတစ္ခုလုံး ေခါင္းခ်င္းဆိုင္ေဆြးေႏြးၿပီးေနာက္ ထြက္ေပၚလာေသာအႀကံကား ရိုးရွင္းၿပီး တည့္ထိုးဆန္လြန္းလွ၏ ။ သူတို႔အစီအစဥ္တြင္ အဓိကပါဝင္သူကား လုဖုန္းပင္ ။
ေမာ့ခ်ိဳးကို လုဖုန္းႏွင့္တြဲေစၿပီး အိမ္စာမ်ားကိုကူညီေပးျခင္း ၊ စိတ္ခံစားခ်က္အေနႏွင့္လည္း အေကာင္းဘက္သို႔ေရာက္ေအာင္ ဆြဲေခၚေပးျခင္းျဖင့္ လုဖုန္းႏွင့္ေမာ့ခ်ိဴးတို႔ႏွစ္ဦးသားမွာ အတူတူတိုးတက္ႀကီးျပင္းလာၾကမည္ဟူ၍ပင္ ။
ထိုအႀကံကို စဥ္းစားေပးခဲ့သူ မည္သူပင္ျဖစ္ေစ ထိုသူကား လုံးဝကိုဉာဏ္ႀကီးရွင္ျဖစ္သည္ကိုေတာ့ လုဖုန္းဝန္ခံရေပမည္ ။
လုဖုန္းအေနႏွင့္ ေမာ့ခ်ိဳး၏ေစာင့္ေရွာက္သူတစ္ေယာက္ျဖစ္လာေသာအခါ အသစ္သစ္ေသာတာဝန္မ်ားကို ေပးအပ္ျခင္းခံရေတာ့သည္ ။ လုဖုန္းမွာ ထိုင္ခုံေနရာကိုပင္ေျပာင္းကာ ေမာ့ခ်ိဳးေဘးနားတြင္ သြားထိုင္ေပးရသည္ ။
လူတိုင္းနီးပါးမွာ ေမာ့ခ်ိဳးအား သည္းခံနိုင္ျခင္း မရွိေသးေသာ္ျငား ေမာ့ခ်ိဳးေဘးတြင္ လုဖုန္းေရာက္လာသည္ေၾကာင့္ထင့္ ။ အနိုင္က်င့္မႈမ်ားသည္ ယခင္ကေလာက္ မျပင္းထန္ေတာ့ ။
လုဖုန္း သူ၏တာဝန္ကို ထူးခြၽန္ေျပာင္ေျမာက္ေအာင္ ထမ္းေဆာင္နိုင္ခဲ့၍လားေတာ့မသိ ။ ေနာက္ဆုံးေတာ့ ေမာ့ခ်ိဳး၏စာေမးပြဲအဆင့္မ်ားမွာ သိသိသာသာတိုးတက္လာခဲ့၏ ။
အတန္းပိုင္ဆရာမမွာလည္း ေမာ့ခ်ိဳး၏ေျပာင္းလဲတိုးတက္လာမႈအတြက္ အေတာ့္ကိုပင္စိတ္လႈပ္ရွားေနပုံရသည္ ။ စာသင္ႏွစ္ၿပီးဆုံးသည့္အထိ ေမာ့ခ်ိဳးအားစာျပေပးရန္ လုဖုန္းကို တာဝန္ေပးအပ္ထားေတာ့သည္ ။
အခ်ိန္မ်ားမွာ တျဖည္းျဖည္းကုန္ဆုံးလာရင္းႏွင့္ပင္ စာသင္ႏွစ္တစ္ႏွစ္ကား ၿပီးဆုံးသြားခဲ့၏ ။ သို႔ေသာ္ လုဖုန္းႏွင့္ေမာ့ခ်ိဳးတို႔ကား ဤေလာက္ႏွင့္ အဆက္ျပတ္မသြားခဲ့ ။
ေနာက္စာသင္ႏွစ္တစ္ႏွစ္တြင္လည္း ထိုနည္းလည္းေကာင္းပင္ ။ လုဖုန္းမွာ ႏွစ္ႏွစ္ဆက္တိုက္ ေမာ့ခ်ိဳ႕အားေစာင့္ေရွာက္ရန္ စာျပေပးဖို႔ရန္ တာဝန္ယူထားရသူတစ္ဦး ျဖစ္ခဲ့ေပ၏ ။
အဆုံးတြင္ လုဖုန္းရရွိလိုက္သည္ကား ဘြဲ႕ႏွင္းသဘင္၌ အတန္းပိုင္ဆရာမ၏ ေက်းဇူးတင္စကားပင္ ။ လုဖုန္းအေနနဲ႕ မိမိႏွင့္အတန္းတူအေပါင္းအသင္းကို ကူညီေပးရာ၌ ဘယ္လိုေတာင္ စိတ္အားထက္သန္ခဲ့ေၾကာင္း ၊ ဆရာ/ဆရာမမ်ား၏ အခက္အခဲကို မွ်ေဝကာပုခုံးထမ္းကူညီေပးရာ၌လည္း အကူအညီအႀကီးႀကီးျဖစ္ခဲ့ေၾကာင္း ေျပာကာ ခ်ီးက်ဳးျခင္းခံခဲ့ရေပ၏ ။
အထက္တန္းေက်ာင္းၿပီးသြားေသာအခါ သူႏွင့္ေမာ့ခ်ိဳး ထပ္ေတြ႕ျဖစ္ျခင္းမရွိၾကေတာ့ ။ သူတို႔ႏွစ္ေယာက္တည္းရွိသည့္အခ်ိန္မွာလည္း ႏွစ္ေယာက္သားမွာ စကားေျပာခဲလွသည္ ။ ေမာ့ခ်ိဳးကလည္း စကားေျပာေလ့သိပ္မရွိ ။ လုဖုန္းအေနႏွင့္လည္း သူႏွင့္ေမာ့ခ်ိဳး ႏွစ္ေယာက္သားမွာ မတူညီေသာလူႏွစ္ေယာက္ျဖစ္သည္ကို ခံစားမိ၍ ေမာ့ခ်ိဳးႏွင့္အကြာအေဝးတစ္ခုမွာပင္ ေနျဖစ္ခဲ့သည္ ။
အထက္တန္းေက်ာင္းဘြဲ႕ရၿပီးေသာအခါ ႏွစ္ေယာက္သား မတူညီေသာလမ္းအသီးသီးကို ဆက္ေလွ်ာက္ခဲ့ၾကသည္ ။ အဆက္အသြယ္လုပ္ဖို႔ရန္ပင္ အခ်က္အလက္မ်ား လဲလွယ္ခဲ့ျခင္းပင္မရွိခဲ့ ။
ဒီေန႕တြင္ ေမာ့ခ်ိဳးအား ျပန္ေတြ႕လိုက္ရျခင္းသည္ လုဖုန္းဘယ္ေတာ့မွ မထင္မွတ္ထားခဲ့ေသာ အရာပင္ ။
"ဘယ္လိုေတာင္ တိုက္ဆိုင္လိုက္သလဲ? "
ေမာ့ခ်ိဳးက မွတ္ခ်က္ျပဳ၏ ။ သူ႕မ်က္ဝန္းမ်ားကား ေပ်ာ္႐ႊင္ၾကည္ႏူးမႈတို႔ႏွင့္အတူ အတိတ္ကိုလြမ္းဆိတ္ျခင္း အရိပ္အေရာင္တို႔ ျပည့္ႏွက္ေနလ်က္ ။
"ငါတို႔ႏွစ္ေယာက္ မေတြ႕တာအေတာ္ၾကာၿပီမလား ၊ မင္းကို...မင္းကို ငါဘယ္ေတာ့မွ ျပန္မေတြ႕နိုင္ေတာ့ဘူးလို႔ ထင္ထားခဲ့တာ "
ယခင္ထက္ အနည္းငယ္ပါးသြားေသာ မ်က္မွန္အထူ ၊ ပိုရွည္လာေသာ အရပ္အေမာင္းကလြဲ၍ ေမာ့ခ်ိဳး၏အက်င့္စရိုက္မွာ ေတာ္ေတာ္မ်ားမ်ား မေျပာင္းလဲေသးဟန္ပင္ ။
လုဖုန္း တစ္ခ်က္ရယ္လိုက္မိၿပီး တုံ႕ျပန္စကားဆိုလိုက္သည္ ။
"မင္းေျပာေနတာက မသိရင္ ငါေသသြားတဲ့အတိုင္းပဲ "
ေမာ့ခ်ိဳးမွာ ႐ုတ္တရက္ထိတ္လန့္သြားၿပီး အလ်င္အျမန္ပင္ မဟုတ္ပါဟူသည့္သေဘာႏွင့္ လက္ကိုခါယမ္းျပေတာ့သည္ ။
"မဟုတ္..မဟုတ္ပါဘူး ငါေျပာတာမွားသြားတယ္ ...ငါေျပာခ်င္တာက မင္းကိုထပ္ေတြ႕ရလိမ့္မယ္လို႔ ငါတစ္ခါမွမေတြးမိခဲ့ဖူးဆိုတာကိုပါ "
စကားလုံးေ႐ြးခ်ယ္သုံးႏႈန္းျခင္းႏွစ္ခုၾကားမွ ကြာျခားခ်က္ကား တကယ္ေတာ့ မေျပာပေလာက္ပါေပ ။
လုဖုန္း ေမာ့ခ်ိဳးအားစေနာက္ေနျခင္းကို ရပ္တန့္လိုက္ၿပီး စကားဆက္ေျပာေတာ့သည္ ။
"မင္း ဒီကိုေရာက္ေနတာက ?"
ေမာ့ခ်ိဳးမွာ အသိျပန္ဝင္သြားဟန္တူၿပီး သူ႕လက္ကိုင္ဖုန္းကိုထုတ္ကာ လုဖုန္းအားျပလာေတာ့သည္။
"ေၾသာ္ ဟုတ္တယ္ ၊ ငါဒီကို ပုံတူပန္းခ်ီယူဖို႔လာခဲ့တာ "
ရွန္းေရွာင္ရွဲမွာ အတန္ငယ္အံ့အားသင့္ေနခဲ့၏ ။
"ဒီကတစ္ေယာက္က ရွန္းေရွာင္ရွဲပုံတူပန္းခ်ီကို ဝယ္ခဲ့တဲ့တစ္ေယာက္လား ?"
ရွန္းေရွာင္ရွဲ၏ ေမာ့ခ်ိဳးအေပၚ စစ္ေဆးသုံးသပ္ေနသကဲ့သို႔ အၾကည့္က အေတာ့္ကိုေပၚထင္ၿပီး ေျဗာင္က်လြန္း၏ ။ ေမာ့ခ်ိဳးမ်က္ႏွာမွာ တျဖည္းျဖည္းအနီေရာင္သန္းလာၿပီး စကားျပန္ေျဖေသာအခါတြင္မူ အထစ္ထစ္အေငါ့ေငါ့ပါ ျဖစ္ကုန္ေတာ့သည္ ။
"မ..မဟုတ္ပါဘူး ကြၽန္ေတာ္က Illustratorအျဖစ္ အလုပ္လုပ္တဲ့သူပါ ၊ ေလာက်န္းယြင္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားက အရမ္းမိုက္ေတာ့ Reference တစ္ခုအေနနဲ႕ သူ႕ပုံတူပန္းခ်ီကို ဝယ္ခ်င္မိလို႔ပါ "
ေမာ့ခ်ိဳးကား တစ္ေယာက္တစ္ေလကမွ သူ႕ကိုအစ္ေအာက္မေမးရေသးခင္မွာတင္ သူကိုယ္တိုင္ေဖာ္ထုတ္ျပသြားေတာ့၏ ။ ရွန္းေရွာင္ရွဲကား မည္သည့္ေမးခြန္းကိုမွ မေမးရေသးသည့္တိုင္ ေမာ့ခ်ိဳးမွာ အလ်င္အျမန္ပင္ အရာအားလုံးကို ဖြင့္ခ်ပစ္ေတာ့၏ ။
ရွန္းေရွာင္ရွဲကား ႐ုတ္တရက္ အရာရာကိုနားလည္သြားဟန္တူၿပီး "ေၾသာ္"ဟုသာဆိုကာ သူ႕လက္ထဲရွိ ဖုန္းတစ္လုံးႏွင့္ပင္ ဆိုဖာမွာထိုင္ၿပီး ဂိမ္းျပန္ကစားေနေတာ့၏ ။
လုဖုန္း လ်ိဳ႐ြဲ႕အား ပုံတူပန္းခ်ီကိုျပန္သြားယူခိုင္းလိုက္ၿပီး ေမာ့ခ်ိဳးအတြက္ ေဘာက္ခ်ာတစ္ေစာင္ေရးကာ လက္မွတ္ထိုးဖို႔ရန္ ကမ္းေပးလိုက္၏ ။
"ေက်းဇူးပဲ " ေမာ့ခ်ိဳးက ေက်းဇူးတင္စကားဆိုးၿပီး လက္မွတ္ထိုးထားေသာ ေဘာက္ခ်ာကို လုဖုန္းထံျပန္ေပးလာခဲ့သည္ ။
လုဖုန္းအေနႏွင့္လည္း ေက်းဇူးတုံ႕ျပန္စကား ျပန္ေျပာလိုက္သည္ ။
ေမာ့ခ်ိဳးကဲ့သို႔ ဝယ္သူမ်ားမရွိခဲ့လွ်င္ လုဖုန္းတို႔၏စီးပြားေရးလုပ္ငန္းအေနႏွင့္ ေရရွည္တည္တံ့နိုင္မည္မဟုတ္ ။
ေလာက်န္းယြင္၏ ပုံတူပန္းခ်ီကိုကား သပ္ရပ္ေသာစကၠဴအမာသားဘူးထဲတြင္ ေသေသခ်ာခ်ာထည့္သြင္းထား၏ ။
ပုံတူပန္းခ်ီထဲတြင္ကား ေလာက်န္းယြင္ေဘးပတ္လည္ ေနရာတစ္ဝိုက္သည္ အေမွာင္က်ေနခဲ့ၿပီး ေလာက်န္းယြင္မွာ အျပာရင့္ေရာင္ သားေရသားခုံေပၚတြင္ ထိုင္ေနခဲ့၏ ။ သူ႕မ်က္ႏွာထက္ေရာင္ျပန္ဟပ္ေနေသာ မွိန္ပ်ပ်အလင္း ႏွင့္ ေဆးျခယ္ေကာက္ေၾကာင္းတစ္ခုစီတိုင္းက ေလာင္က်န္းယြင္အား ပို၍ပင္အႏုပညာဆန္စြာ တည္ရွိေစ၏ ။
ေလာက်န္းယြင္မွာ ထိုင္ခုံမွာထိုင္ေနရင္း ေရွ႕သို႔အနည္းငယ္ေစာင္းကာ မ်က္လုံးမ်ားကား ကင္မရာကို တည့္တည့္စိုက္ၾကည့္ေနခဲ့၏ ။ ေၾကာရွင္းခန့္ညားမႈတို႔အလယ္တြင္ စိတ္ႀကီးဝင္ျခင္း မာန္မာနတို႔ကို အရိပ္အေရာင္မွ်ခပ္ပါးပါး ေတြ႕ရွိရ၏ ။
ေမာ့ခ်ိဳးမွာ စကၠဴဘူးကို ဂ႐ုတစိုက္ယူလိုက္ၿပီး မ်က္ဝန္းမ်ားကား ေလာက်န္းယြင္၏မ်က္ႏွာသြင္ျပင္ေပၚတြင္သာ ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ စြဲၿမဲေနခဲ့သည္ ။ လုဖုန္းက သူ႕ကို ပစၥည္းအားစစ္ေဆးၾကည့္ဖို႔ရန္ သတိေပးလိုက္သည့္အခါမွသာလွ်င္ ေမာ့ခ်ိဳးမွာ အေတြးမ်ားထဲမွာ နိုးထလာသူတစ္ေယာက္ႏွယ္ ေၾကာင္အမ္းအမ္းႏွင့္ပင္ ပစၥည္းကိုေသခ်ာစစ္ၾကည့္ေတာ့သည္ ။
ပစၥည္း၌ျပႆနာတစ္စုံတစ္ရာ မရွိသည္ကို အတည္ျပဳၿပီးေနာက္တြင္ လုဖုန္းတစ္ေယာက္ ပန္းခ်ီကားကိုထုတ္ပိုးဖို႔ရန္ လ်ိဳ႐ြဲ႕ထံမွအိတ္တစ္အိတ္ေတာင္းၿပီး ေမာ့ခ်ိဳးအား ကမ္းေပးလိုက္သည္ ။ အစပထမ၌ ေမာ့ခ်ိဳးမွာ အိတ္ကိုယူကာ မထြက္သြားေသးပဲ ထိုေနရာတြင္သာ ရပ္ေနခဲ့၏ ။
လုဖုန္းမွာ ေမာ့ခ်ိဳး၌ေျပာစရာတစ္ခုခုရွိေနၿပီး တစ္ခ်ိန္တည္းမွာပင္ ေျပာဖို႔တုံ႕ဆိုင္းေနသည္ကို ရိပ္မိသြားေသာအခါ စကားလမ္းေၾကာင္းေပးရေတာ့သည္ ။
" အဆင္မေျပတာ တစ္ခုခုရွိလို႔လား ? ရွိရင္ ေျပာသာေျပာပါ "
"လုဖုန္း ဘယ္...ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔ကအတန္းေဖာ္ေဟာင္းေတြ ျဖစ္ခဲ့ၾကတာပဲ ငါ့...ငါ့ကို မင္းဖုန္းနံပါတ္ ေပးလို႔ရမလား? "
ေမာ့ခ်ိဳး၏လက္ေခ်ာင္းမ်ားမွာ အိတ္လက္ကိုင္ကို အေသဆုပ္ထားခဲ့ၿပီး စိုးရိမ္ပူပန္ေနမႈကား မ်က္ႏွာထက္တြင္ အထင္းသားေပၚလြင္ေန၏ ။
"ေနာက္က် မင္းအားရင္ ငါတို႔တူတူမုန့္ထြက္စား...စားၾကမလား?"
ေမာ့ခ်ိဳးအသံမွာ ေျပာေနရင္းႏွင့္ပင္ တျဖည္းျဖည္းတိုးဝင္သြားသည္ျဖစ္ရာ စကားဆုံးခါနီးတြင္ကား သူ႕အသံမွာ ေလသံမွ်မွ် အဆင့္သာရွိေတာ့၏ ။ ယခုကဲ့သို႔ အေျခအေနကို မသိသူမ်ားအဖို႔ အနားတြင္ ယင္ေကာင္တစ္ေကာင္ တဝီဝီပ်ံေနသံဟုသာ ထင္ၾကေပလိမ့္မည္ ။
"အဲ့ဒါ အေရးႀကီးတဲ့ကိစၥလို႔ေတာ့ ငါထင္တယ္ ၊ မင္းမွာ ငါတို႔ဆိုင္ရဲ႕ WeChat Accountရွိတယ္မလား ၊ ငါ ရွန္းေရွာင္ရွဲကို ငါ့ဖုန္းနံပါတ္ကို ပို႔ခိုင္းလိုက္မယ္ေလ "
လုဖုန္း၏ လက္ကိုင္ဖုန္းကား စားပြဲထက္တြင္ရွိေနခဲ့၏ ။ ေမာ့ခ်ိဳးအေနႏွင့္လည္း ပုံတူပန္းခ်ီအတြက္ လက္က်န္ေငြကို ဖုန္းႏွင့္ေပးေခ်ရမည္ျဖစ္ေသာေၾကာင့္ ဒီေန႕ေသခ်ာေပါက္ ဖုန္းယူလာရေပလိမ့္မည္ ။ သို႔ေသာ္ ယခုခ်က္ခ်င္းမွာပင္ လုဖုန္း ရွန့္မင္ေအာ္ကဲ့သို႔ ျပဳမူလိုက္မိသည္ ။ ႏွစ္ေယာက္သားၾကားတြင္ မရိုးသားမႈအလႊာပါးပါးကို ကန့္လန့္ကား ခ်ထားခဲ့လ်က္ ။
ေထာင္ထဲတြင္ ၁၀ႏွစ္ေနခဲ့ရသူတစ္ေယာက္အေနႏွင့္ လုဖုန္း အတန္းေဖာ္ေဟာင္း သူငယ္ခ်င္းေဟာင္းမ်ားႏွင့္ ျပန္မေတြ႕လို အဆက္အသြယ္မလုပ္လိုေပ ။ ငယ္႐ြယ္စဥ္အခ်ိန္အခါ လုဖုန္းႏွင့္သူတို႔၏ဘဝမ်ား အမွတ္တရမ်ားအေၾကာင္း ျပန္မေတြးလိုေတာ့ၿပီဆိုလွ်င္ ပိုမွန္ေပလိမ့္မည္ ။
ေနာင္တစ္ခ်ိန္ ေမာ့ခ်ိဳးက သူတက္ခဲ့ေသာတကၠသိုလ္အေၾကာင္း ေမးလာခဲ့ေသာ္ လုဖုန္း၌ျပန္ေျဖစရာမရွိ ။ ဒီဆယ္ႏွစ္အတြင္း လုဖုန္းရွိေနခဲ့ေသာေနရာသည္ ေထာင္အက်ဥ္းခန္းထဲတြင္သာ ။ ထိုအေၾကာင္း ေမာ့ခ်ိဳးသိသြားခဲ့လွ်င္လည္း ေရွာ့ခ္ရထိတ္လန့္လိမ့္မည္ ။ လုဖုန္း အေနႏွင့္လည္း ေနရထိုင္ရမသက္မသာျဖစ္ေပလိမ့္မည္ ။
မည္သူတစ္ဦးတစ္ေယာက္ကမွ မိမိ၏တန္ဖိုးႏွင့္ ဂုဏ္သိကၡာကိုထိုးသတ္နိုင္ေလာက္မည့္ ကိစၥတစ္ရပ္ကို ျပန္အစေဖာ္ခ်င္ၾကလိမ့္မည္မဟုတ္ ။
"မဟုတ္ဘူး ထားလိုက္ေတာ့ ၊ ငါပဲ မင္းကို Add လိုက္မယ္"
ေမာ့ခ်ိဳး၏စိတ္ကား ရိုးရွင္းၿပီး စကားလုံးမ်ား၏ သြယ္ဝိုက္ေျပာေသာအဓိပၸာယ္ကို နားလည္နိုင္ဟန္မတူ ။ ယခုလည္း လုဖုန္းေျပာလိုက္သည္ကို ၾကားၾကားခ်င္ပင္ ေပ်ာ္႐ႊင္စြာႏွင့္ ဖုန္းကိုအျပင္သို႔ ထုတ္ယူေနေခ်ၿပီ ။
လုဖုန္းမွာ ဤသို႔ေသာအေျခအေနကို ေမွ်ာ္လင့္မထားသည္ျဖစ္ရာ အခ်ိန္အနည္းငယ္ ရပ္တန့္ေနၿပီးေနာက္မွာ စားပြဲေပၚရွိဖုန္းကို လွမ္းယူလိုက္သည္ ။
"Ah , Okay "
ေမာ့ခ်ိဳးကား ျဖစ္ပ်က္သြားေသာအခ်င္းအရာမ်ားႏွင့္ ပတ္သက္၍ ေက်က်နပ္နပ္ႏွင့္ပင္ ဆိုင္မွထြက္ခြာသြားေခ်ၿပီ ။ လုဖုန္းမွာ Contactထဲတြင္ မွတ္ထားေသာ နာမည္အသစ္ကို အခ်ိန္အေတာ္ၾကာထိ စိုက္ၾကည့္ေနမိသည္ ။ ထိုနာမည္ကို Blacklistထဲထည့္သင့္ မထည့္သင့္ တုံ႕ဆိုင္းေနလ်က္ ။
လုဖုန္း တစ္ေယာက္ ဖုန္းမ်က္ႏွာျပင္ေပၚရွိ ေမာ့ခ်ိဳးနာမည္ကို ႏွိပ္ဖို႔ရန္အခ်ိန္ၾကာစဥ္းစားလိုက္ၿပီးေနာက္တြင္ကား ဒီတိုင္းသာဆက္ထားလိုက္ဖို႔ရန္ လုဖုန္းဆုံးျဖတ္လိုက္သည္ ။ ေမာ့ခ်ိဳးအေနႏွင့္ သူတို႔ဆိုင္၏ ေဖာက္သည္ေဟာင္းတစ္ေယာက္ျဖစ္သည္ကို ထည့္သြင္းစဥ္းစားထားျခင္းေၾကာင့္သာ ဤအေျခအေနတြင္ ရပ္တန့္ထားလိုက္သည္ဆိုလည္း မမွားေပ ။
___
ရွန့္မင္ေအာ္၏ဝန္ထမ္းတစ္ေယာက္ကို ဝင္ေရာက္ကယ္ဆယ္ရင္း လုဖုန္းဒဏ္ရာရသြားသည့္အခ်ိန္မွစ၍ လုဖုန္းအေပၚ ရွန့္မင္ေအာ္၏ သေဘာထားမွာ အတန္ငယ္ေျပာင္းလဲလာပုံရသည္ ။
ယခင္ကဆိုလွ်င္ လုဖုန္းတစ္ေယာက္ အနားသို႔ခ်ဥ္းကပ္ဖို႔ ႀကိဳးစားတိုင္း ရွန့္မင္ေအာ္မွာ ရန္စခံရေသာ ဝံပုေလြတစ္ေကာင္ႏွယ္ ေဒါသထြက္ျပလိမ့္မည္ ။ ထို႔ျပင္ သတိေပးသည့္အလား မာန္ဖီသံက်ယ္က်ယ္ေလာင္ေလာင္ထုတ္လႊတ္ကာ မည့္သည့္အခ်ိန္တြင္မဆို လုဖုန္းကို ရိုက္ခ်ဖိဳ႕ရန္ ဟန္ျပင္ထားလိမ့္မည္ ။
လက္ရွိအခ်ိန္တြင္မူ လုဖုန္းတစ္ေယာက္ သူ႕မ်က္စိေရွ႕တြင္ တစ္ခ်ိန္လုံးတဝဲလည္လည္ ရွိေနခဲ့လွ်င္ေတာင္မွ ရွန့္မင္ေအာ္မွာ လုဖုန္းမရွိသလိုပင္ မသိခ်င္ေယာင္ေဆာင္ထားေပ၏ ။
ရွန့္မင္ေအာ္ကိုၾကည့္ရသည္မွာ လုဖုန္းအား လုပ္ခ်င္ရာလုပ္ဟူ၍ လႊတ္ေပးထားလိုက္သည့္ ပုံစံမ်ိဳးပင္ ။ ေနာက္ဆုံး မတတ္နိုင္ေတာ့သည့္အခါ လုဖုန္းကိုယ္တိုင္ လက္ေလွ်ာ့အရႈံးေပးသြားလိမ့္မည္ဟု တြက္ဆထားပုံရသည္ ။ထို႔ေၾကာင့္ ရွန့္မင္ေအာ္မွာ လုဖုန္းအေၾကာင္းကို ဂ႐ုစိုက္ျခင္းမရွိေတာ့သကဲ့သို႔ အာ႐ုံလည္းမစိုက္ေတာ့ ။
ရွန့္မင္ေအာ္တစ္ေယာက္ လုဖုန္းအေပၚ ယခင္ကကဲ့သို႔ အခ်ိန္တိုင္းမႏွစ္သက္ျခင္းကို ျပသျခင္းမရွိေတာ့သည္မွာ အမွန္စင္စစ္ လုဖုန္းအတြက္ ေကာင္းေသာအရာဟုဆိုနိုင္ေပသည္ ။ သို႔ေသာ္ ယခု ရွန့္မင္ေအာ္ လုဖုန္းအားဆက္ဆံေနပုံမွာ ဘာမွမရွိေသာေလထုကဲ့သို႔ပင္ ။ မျမင္နိုင္မၾကာနိုင္မခံစားနိုင္ေသာ ျဖစ္တည္မႈတစ္ခုႏွယ္ လုဖုန္းကိုသေဘာထားပုံရသည္ ။ အမွန္အတိုင္းေျပာရလွ်င္ ထိုသို႔ျပဳမူဆက္ဆံျခင္းက လုဖုန္း ရွန့္မင္ေအာ္ကို ရန္စျခင္းျဖင့္ရလာသည့္ ေပ်ာ္႐ႊင္မႈမ်ားကို လုံးဝကိုဖ်က္ဆီးပစ္လိုက္သည္ဆိုလည္း မမွား ။
"ကြၽန္မ တကယ္အႏူးအၫြတ္ေတာင္းပန္ပါတယ္ ၊ ျဖစ္ခဲ့တဲ့ကိစၥေတြအတြက္ ကြၽန္မတာဝန္ယူေပးသင့္တယ္ ၊ ဒီကိစၥေတြက သူ႕ကိုဒီေလာက္ထိ ရန္စသလို ျဖစ္သြားမယ္လို႔ ကြၽန္မ,မထင္မိခဲ့ဘူး..."
တစ္ေန႕ခင္းလုံး ေစ့ေစ့ပိတ္ထားခဲ့ေသာ ရွန့္မင္ေအာ္၏႐ုံးခန္းတံခါးမွာ ေနာက္ဆုံးေတာ့ပြင့္လာခဲ့ေလၿပီ ။ ထို႔အတူ ႐ုံးခန္းထဲမွ အမ်ိဳးသမီးတစ္ေယာက္ လမ္းေလွ်ာက္ထြက္လာသည္ကိုပါ ျမင္လိုက္ရသည္ ။ ထိုအမ်ိဳးသမီးကား သပ္ရပ္လွပစြာဝတ္စားထားသည္သာမက ဦးထုပ္ကေလးေဆာင္းထားၿပီး သားေရလက္အိတ္တစ္စုံကိုပါ လက္ထဲတြင္ ကိုင္ထားေသး၏ ။
[ T/N - ဒီေနရာမွာ အဲ့အမ်ိဳးသမီးေဆာင္းထားတာက ဒီလိုဦးထုပ္ပါ Beret လို႔ေခၚပါတယ္]
လုဖုန္း သတင္းစာထက္မွေန၍ ေခါင္းအသာေမာ့ၾကည့္စဥ္ သူ႕ဆီတစ္ခ်က္ ဖ်တ္ခနဲၾကည့္လာေသာ ရွန့္မင္ေအာ္၏ မ်က္ဝန္းမ်ားႏွင့္ဆုံ၏ ။ ရွန့္မင္ေအာ္ကား ပုံမွန္ထက္ထူးထူးျခားျခား ဘာမွမရွိသကဲ့သို႔ပင္ လုဖုန္းကို တစ္ခ်က္မွ်သာၾကည့္ၿပီး အၾကည့္မ်ားကို ျပန္လည္ ႐ုပ္သိမ္းသြား၏ ။
"ကြၽန္မ ပန္းခ်ီကားေတြကို မလိုခ်င္ေတာ့ဘူး ၊ အရာအားလုံးကို ဒီလိုပဲအဆုံးသတ္လိုက္ရေအာင္"
အမ်ိဳးသမီး၏ မ်က္ႏွာအမူအရာကား စိုးရိမ္ပူပန္မႈတို႔ျဖင့္ ပ်က္ယြင္းေန၏ ။ ထို႔ျပင္ ထြက္သြားဖို႔ျပင္ေနရင္းပင္ သက္ျပင္းရွည္မ်ား ခဏခဏခ်ေနေသးသည္ ။
"ကြၽန္ေတာ္ နားလည္ပါၿပီ ၊ ဂ႐ုစိုက္သြားပါ "
ရွန့္မင္ေအာ္ကား သူမကို အေရွ႕တံခါးအထိ လိုက္လံပို႔ေဆာင္ၿပီး သူမ, ျမင္ကြင္းမွ လုံးဝေပ်ာက္ကြယ္သြားမွသာလွ်င္ ျပန္လွည့္လာခဲ့၏ ။
လုဖုန္းမွာ သတင္းစာကို ဆက္မဖတ္ျဖစ္ေတာ့ပဲ ရွန့္မင္ေအာ္၏လႈပ္ရွားမႈမ်ားကိုသာ ေျခရာခံလိုက္ၾကည့္ေနမိ၏ ။
ရွန့္မင္ေအာ္ကား လုဖုန္းရွိသည့္ေနရာကို တမင္သက္သက္ လွည့္မၾကည့္သည္မွာ သိသာလွ၏ ။ အရာရာကိုသိေနသည့္အလား လုဖုန္းကိုတစ္ခ်က္ပင္မၾကည့္ဘဲ သူ႕ေနာက္ကိုလိုက္ခဲ့ဖို႔ရန္ လက္ေခ်ာင္းကိုေကြးကာ အခ်က္ျပလာေတာ့သည္ ။
ရွန့္မင္ေအာ္ ႐ုံးခန္းထဲသို႔ဝင္ေတာ့မည္ကို ေတြ႕လိုက္လွ်င္ေတြ႕လိုက္ျခင္းပင္ လုဖုန္းမွာ သတင္းစာကိုလက္မွ အျမန္ခ်ကာ ရွန့္မင္ေအာ္ေနာက္ အေျပးကေလးလိုက္ရေတာ့သည္ ။
ရွန့္မင္ေအာ္၏႐ုံးခန္းအျပင္အဆင္မွာ ရိုးရွင္းလွၿပီး အခန္းတြင္းအလင္းေရာင္မွာလည္း ထိန္လင္းေနခဲ့သည္ ။ အခန္းထဲတြင္လည္း မလိုအပ္သည့္တစ္စုံတစ္ရာကိုမွ ထည့္သြင္ထားျခင္းမရွိ ။ခုံႏွင့္ စားပြဲခုံမ်ားကိုပင္လွ်င္ အရိုးရွင္းဆုံးဒီဇိုင္းသာ သုံးထားေပ၏ ။
႐ုံးခန္းတြင္း စားပြဲခုံထက္တြင္ကား ေငြေရာင္လပ္ေတာ့ပ္ႏွင့္ စာအိတ္နီမွလြဲ၍ ေဘာပင္ခဲတံတစ္ေခ်ာင္းပင္ရွိမေနခဲ့ ။
[T/N - စာအိတ္နီကေတာ့ သိၾကမွာပါ ႏွစ္ကူးမွာ မုန့္ဖိုးေပးၾကတဲ့အေလ့ေပါ့ ]
ရွန့္မင္ေအာ္က စားပြဲခုံဆီသို႔သြားကာ စာအိတ္နီကိုလွမ္းယူကာ လုဖုန္းအားကမ္းေပး၏ ။
"ယူလိုက္ ၊ ေဆး႐ုံစရိတ္ပဲ "
႐ုတ္တရက္ဆန္လွေသာ ခ်စ္ျခင္းေမတၱာျပသမႈအေပၚ လုဖုန္းမွာ အနည္းငယ္ပင္ ေနာက္တြန့္သြားမိသည္ ။
"အကို ဒါက ကြၽန္ေတာ့ကိုေပးတာလား ?"
စာအိတ္ကေတာ့ အေတာ္ေလးကိုထူလွသည္ ။ စာအိတ္ထဲတြင္ အနည္းဆုံး ယြမ္တစ္ေသာင္းေလာက္ပါမည္ဟု လုဖုန္းခံစားမိေန၏ ။
"ဒါက ခုနက အမ်ိဳးသမီးဆီကေပးတာ ၊ မစၥစြန္း ၊ မင္းကိုဒဏ္ရာရေအာင္လုပ္လိုက္တဲ့သူက အဲ့အမ်ိဳးသမီးရဲ႕ခင္ပြန္းေဟာင္းပဲ "
ရွန့္မင္ေအာ္ကား ထိုင္ခုံေပၚထိုင္လိုက္ကာ လပ္ေတာ့ပ္ကို ဖြင့္၏ ။
"သူမအေနနဲ႕ ျဖစ္ပ်က္သြားတဲ့အရာေတြအေပၚ အျပစ္ရွိသလို ခံစားေနပုံရတယ္ ၊ အဲ့တာေၾကာင့္ ေဆး႐ုံစရိတ္အတြက္ ကုန္က်ေငြျပန္ေပးသြားတာ"
"သူမက တကယ့္ကိုခ်ိဳ႕တဲ့တဲ့ ေယာက္်ားတစ္ေယာက္ကို လက္ထပ္ခဲ့တာပဲ "
လုဖုန္း ထိုစာအိတ္နီကို ကိုင္ထားကာ တျခားလက္ဖဝါးတစ္ဖက္ကို အသာလွမ္းရိုက္ေနမိသည္ ။
"သူမဘဝမွာ ေနာက္တစ္ခါဆိုရင္ ေယာက္်ားေကာင္းေကာင္းကို ေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္ "
" မင္းသြားလို႔ရၿပီ "
ရွန့္မင္ေအာ္ကား ေခါင္းပင္တစ္ခ်က္မေမာ့ပဲ ေျပာလာခဲ့၏ ။ မသိလွ်င္ ဧကရာဇ္တစ္ပါးက သူ႕လက္ေအာက္ငယ္သားကို အလုပ္ထုတ္ပစ္ကာ အမိန့္ေပးထြက္သြားေစသည့္အတိုင္းပင္ ။
လုဖုန္းမွာ ရွန့္မင္ေအာ္၏ တစ္ဝက္သာျမင္ရေသာ မ်က္ႏွာသြင္ျပင္ကို ၾကည့္ရင္း သက္ျပင္းရွည္တစ္ခုကိုလႊတ္ထုတ္မိသည္ ။
ထို႔ေနာက္ စားပြဲခုံဆီ တည့္တည့္ေလွ်ာက္သြားကာ ခုံေပၚတက္ထိုင္လိုက္၏ ။ ၿပီးလွ်င္ ရွန့္မင္ေအာ္၏အာ႐ုံစိုက္မႈကို ရဖို႔ရန္ လပ္ေတာ့ပ္စခရင္ေရွ႕တြင္ စာအိတ္နီကို ေဝွ႕ရမ္းျပမိသည္ ။
"အေမ့မွာ အခ်ိန္ေတြ သိပ္မက်န္ေတာ့ဘူး "
လုဖုန္း ရင္ထဲရွိ ခံစားခ်က္အလုံးစုံကို ျပန္လည္သိမ္းဆည္းလိုက္ၿပီး ေလးနက္ေသာအသံျဖင့္ေျပာေနမိသည္ ။
"ဆရာဝန္ေျပာပုံအရဆိုရင္ ႏွစ္သစ္ကူးအထိေတာင္ ေတာင့္ခံခ်င္မွ ေတာင့္ခံနိုင္မယ္တဲ့ "
ရွန့္မင္ေအာ္မွာ ႐ုတ္တရက္ပင္ လပ္ေတာ့ႏွင့္စာရိုက္ေနျခင္းကိုရပ္တန့္ၿပီး တိတ္တဆိတ္ပင္ လုဖုန္းကိုေခါင္းေမာ့ၾကည့္လာခဲ့၏ ။
လုဖုန္း အေၾကာက္ေၾကာက္အ႐ြံ႕႐ြံ႕ႏွင့္ပင္ ႏႈတ္ခမ္းကိုတစ္ခ်က္သပ္လိုက္မိသည္ ။
"တကယ္လို႔ ၊ တကယ္လို႔ အဲ့ေန႕ေရာက္လာခဲ့သည္ရွိေသာ္ ...အကို႔ကို ကြၽန္ေတာ္ ဖုန္းေခၚလို႔ရမလား ?"
လုဖုန္းအေနနဲ႕ ရွန့္မင္ေအာ္၏အေဖာ္ျပဳေပးျခင္းကို မလိုအပ္ ၊ ရွန့္မင္ေအာ္ကို အေျပးလာေစ၍ သူ႕ေဘးနားတြင္ သူႏွင့္အတူ စ်ာပနကိစၥမ်ားေဆာင္႐ြက္ေစဖို႔လည္း သူ, မလိုအပ္ေပ ။ သူလိုခ်င္သည္ကား တစ္ခုတည္းသာ ...။
ကံၾကမၼာထံမွ ကံဆိုးမိုးေမွာင္က်ျခင္းကို လက္ခံရရွိမည့္ထိုေန႕၌ လုဖုန္းၾကားခ်င္ေသာအရာသည္ ရွန့္မင္ေအာ္၏အသံကိုသာ ။ ထိုအသံကိုသာ ၾကားလိုက္ရလွ်င္ ေပ်ာ္႐ႊင္မႈတစြန္းတစျဖစ္ျဖစ္ ရရွိေကာင္းရရွိနိုင္ပါရဲ႕ ။
ရွန့္မင္ေအာ္မွာ ထိုင္ခုံေနာက္မွီကာ သေရာ္ဟန္ေျပာလာခဲ့၏ ။
"မင္းဘာပဲလုပ္လုပ္ ငါ့ဆီကခြင့္ျပဳခ်က္မလိုဖူး ထင္တာပဲ "
"တကယ္တမ္းေျပာရရင္ ၊ အကိုက မေခၚနဲ႕လို႔ေျပာရင္ေတာင္ ကြၽန္ေတာ္ကေခၚေနဦးမွာပဲ "
လုဖုန္း ႏႈတ္ခမ္းသားထက္ အၿပဳံးဖြဖြတင္ကာ တုံ႕ျပန္စကားဆို၏ ။
"ဒါေပမဲ့ အကိုဖုန္းကိုင္မယ္ဆိုတဲ့ အာမခံခ်က္ေလး ရခ်င္ခဲ့႐ုံပါ "
ရွန့္မင္ေအာ္က လုဖုန္းကိုတစ္ခုခုေျပာဖို႔ျပင္ရန္ ပါးစပ္ဟ႐ုံရွိေသးသည္ ။ ႐ုတ္တရက္ အသံထြက္လာသည္က လပ္ေတာ့ပ္ဆီမွ ၊ တစ္စုံတစ္ေယာက္က ရွန့္မင္ေအာ္ကို ဗီဒီယိုေကာလ္မွတစ္ဆင့္ ေဆြးေႏြးပြဲတက္ဖို႔ ေခၚလိုက္သည့္အသံမ်ိဳးပင္ ။
"ထြက္သြားေတာ့ "
ရွန့္မင္ေအာ္မွာ လပ္ေတာ့ပ္စခရင္ကိုၾကည့္ေနရင္းပင္ လုဖုန္းကိုတိုက္ရိုက္ေျပာလာခဲ့၏ ။
လုံးဝကို ကံမေကာင္းသည့္အခ်ိန္ကာလပင္ ။
လုဖုန္းကား စိတ္ထဲ၌အေတာ္ပင္ ေဒါသထြက္ေနမိေသာ္ျငား အရွက္မဲ့မ်က္ႏွာေျပာင္တိုက္ေသာ စာတိုမွတ္စုကေလးတစ္ခုေတာ့ ခ်န္ထားခဲ့ခ်င္မိေသးသည္ ။ ထို႔ေၾကာင့္ လုဖုန္း စာအိတ္နီကိုတစ္ခ်က္နမ္းၿပီးေနာက္ ရွန့္မင္ေအာ္ထံကိုပါ Fly Kissတစ္ခ်က္ ပစ္လႊတ္လိုက္၏ ။ ထို႔ေနာက္႐ုံးခန္းထဲမွ ထြက္သြားဖို႔ရန္ ျပင္လိုက္ေတာ့၏ ။
"အဲ့တာဆို အကိုသေဘာတူတယ္လို႔ပဲ ယူဆလိုက္ေတာ့မယ္ "
ရွန့္မင္ေအာ္မွာလည္း သူ၏Bluetooth နားၾကပ္ကို ေကာက္တပ္ေနရင္းပင္ လုဖုန္းရွိရာေနရာကို တစ္ခ်က္ၾကည့္လာခဲ့သည္ ။ သို႔ေသာ္ တျခားတစ္ဖက္မွ ေခၚဆိုသူမ်ားေၾကာင့္ပဲလား တျခားေသာအေၾကာင္းအရင္းမ်ားေၾကာင့္ပဲလားေတာ့မသိ ၊ လုဖုန္းကို တုံ႕ျပန္စကားတစ္ခြန္းဆိုမလာခဲ့ ။