💛If We Meet Again...💛{Compl...

By Weneebebe27

28.7K 2.2K 218

အကယ်၍ငါတို့ပြန်ဆုံဖြစ်ခဲ့ရင်...💛 More

"1"
"2"
"3"
"4"
"6"
"7"
"8"
"9"
"10"
"11"
"12"
"13"
"14"
"15"
"16"
"17"
"18"
"19"
"20"
"21"
"22"
"23"
"24"
"25"
"26"
"27"
"28"
"29"
"30"
"31"
"32"
"33"
"34"{Final}

"5"

782 86 0
By Weneebebe27

Unicode❣️

"ဒီနေ့မိုးရွာမယ်ထင်တယ်"

ဖေးယွီတစ်ယောက်ကိုကို့ကိုအလုပ်သို့လိုက်ပို့ရန်အိမ်ရှေ့မှာထိုင်စောင့်နေတုန်းကောင်းကင်ကြီးကိုကြည့်ပြီးပြောနေမိသည်။မိုးရာသီကိုသူမကြိုက်ဘူး...ဘာလို့လဲဆိုတာတော့သူလဲသေချာမသိဘူး။ဒီအတိုင်း..သဘောမကျတာ။

"ဖေးယွီ ငါပြီးပြီ သွားကြမယ်"

"ဟုတ်"

Busဂိတ်ထိရောက်အောင်သူတို့အိမ်ကနေဆယ်မိနစ်လောက်လမ်းလျှောက်ရသည်။

"ကိုကို ဒီအတိုင်းပဲနေတော့မှာလား"

"ဟမ် ဒီအတိုင်းမနေလို့ငါကဘယ်လိုနေရမှာလဲ"

"ကျွန်တော်ပြောတာကအချိန်ပိုင်းအလုပ်တွေလျှောက်လုပ်နေမဲ့အစားအလုပ်တစ်ခုခုအတည်တကျလုပ်ပါလားလို့"

"အတည်တကျအလုပ်တစ်ခု...ခုလိုတစ်နေ့လုံးဟိုပြေးလိုက်ဒီပြေးလိုက်နဲ့အလုပ်တွေမနားတမ်းလုပ်နေတာပျော်လို့မှမဟုတ်တာအတည်တကျအလုပ်တစ်ခုခုငါလည်းလိုချင်တာပေါ့..ဒါပေမဲ့ငါ့လိုဘာမှသေချာမသိမတတ်တဲ့သူကဘာအလုပ်များလုပ်နိုင်မှာမိုလို့လဲ ဘွဲ့တောင်မရတာ"

"ဒါပေမဲ့ခုလိုလုပ်နေရတာကိုကိုပင်ပန်းတယ်လေ ဒီလိုလုပ်ကျွန်တော်ကိုကို့အိမ်မှာနေနေပြီဆိုမှတော့ထမင်းဖိုးတော့ပေးရမှာပေါ့ ကိုကို့အလုပ်တွေကျွန်တော်လုပ်ပေးမယ်"

"စကားနဲ့တင်ကျေးဇူးတင်ပါတယ် ဒါပေမဲ့မလိုပါဘူး အလုပ်လုပ်ရတာပင်ပန်းတယ်လည်းမဟုတ်ပါဘူး နေသားကျနေပါပြီ မင်းကိုတော့ငါတင်ကျွေးထားနိုင်ပါသေးတယ်နော်"

"ဒါပေမဲ့..."

"ဟော မိုးရွာလာပြီ အဲ့ဒါမှဒုက္ခပဲ ငါထီးယူမလာခဲ့ရဘူး"

​စကားပြောနေရင်းမိုးကရွာလာလေသည်။

"ကိုကိုမေ့မယ်ဆိုတာသိလို့ကျွန်တော်ယူလာပါတယ် ဒီဘက်တိုး"

အမြဲတမ်းထီးယူဖို့မေ့နေသောလူကြီးကြောင့်သူ့မှာနေ့တိုင်းထီးဆောင်ထားရသည်။သူမရှိတုန်းကဘယ်လိုများနေနေလဲမသိ။ဒီလူကြီးလေးအကြောင်းကိုသိလာလေလေသူ့မှာကာကွယ်ပေးချင်စိတ်တွေဖြစ်လာလေလေပဲ။အရမ်းကိုပေါ့ပေါ့ဆဆနေလွန်းတယ်၊ပြီးရင်ရှက်ပြာရှက်ပြာနဲ့။

ခုလည်းမိုးကရွာနေတော့တစ်နေကုန်အလုပ်တွေလုပ်နေရမဲ့ကိုကို့ကိုမစိုအောင်သေချာထီးဆောင်းပေးနေရသည်။ကိုကို့ကိုလုံအောင်ဆောင်းပေးနေရတော့သူ့တစ်ဖက်ခြမ်းကရွှဲနေပြီ။

"ဖေးယွီ မင်းစိုကုန်ပြီ"

"ကျွန်တော်ကရတယ် ကိုကိုကအလုပ်လုပ်နေရမှာ ကိုကိုစိုလို့မဖြစ်ဘူး"

"နောက်တစ်ခါကျထီးကိုမမေ့ပဲသေချာယူလာရမယ်"

"ကိုကိုမေ့နေရင်တောင်ကျွန်တော်ကဆောင်ထားမှာမို့ကိုကိုယူဖို့မေ့နေခဲ့ရင်လည်းအဆင်ပြေပါတယ်"

Busဂိတ်ကိုရောက်ရောက်ခြင်းBusကတန်းရောက်လာတာမို့ကားပေါ်ချက်ချင်းတက်လိုက်ကြရသည်။ပထမဆုံးအလုပ်လုပ်ရမဲ့cafeကိုရောက်တော့

"ငါဝင်တော့မယ် အိမ်ပဲပြန်မှာမလား"

"ဟုတ် ကိုကိုအလုပ်ပြီးမယ့်အချိန်ရောက်ရင်လာကြိုမယ်နော်"

"အလုပ်ရှုပ်လို့ဘာလို့လာမှာလဲ ညနေကျမှလာကြိုတော့ အိမ်မှာသာအေးအေး
ဆေးဆေးနေပါ ပြီးတော့အိမ်ကိုသန့်ရှင်းရေးလုပ်ထားနော်"

"ဟုတ်ကဲ့ ပြောင်လက်နေအောင်သန့်ရှင်းထားလိုက်မယ် ကိုကိုလည်းအလုပ်တွေအရမ်းလုပ်မနေနဲ့အုံးနော် အစာကိုလည်းအချိန်မှန်အောင်စား အသင့်စားအစားအစာတွေစားမနေနဲ့အုံးနော်"

"ကဲ ဖေးယွီရေ မှာနေတာမပြီးနိုင်တော့ဘူး ပြန်တော့မိုးရေတွေစိုနေတာအအေးပတ်နေအုံးမယ် အိမ်ကျရင်အင်္ကျီလဲပြီးနွေးနွေးထွေးထွေးနေနော်"

"အဟမ်း ကျွန်မဆိုင်ထဲဝင်လို့ရပြီလား ဒီကကဲကဲသဲသဲနှစ်ယောက်ရှင့်"

ယွင်ရှီးနဲ့ဆိုင်မှာအတူအလုပ်လုပ်တဲ့ကောင်မလေးကစသလိုလိုနဲ့ပြောကာမှဆိုင်အပေါက်ဝမှာပိတ်ရပ်ထားမှန်းသတိထားမိတော့သည်။

"အာ စူးစူးကလည်း ပြောတဲ့ပုံကြီးက အစ်ကိုကစိတ်ပူလို့မှာနေတာပါ ဖေးယွီပြန်တော့နော်"

"ကိုကို အဲ့တာဆိုကျွန်တော်ပြန်ပြီ ညနေကျလာကြိုမယ်နော်"

ဖေးယွီထွက်သွားတော့စူးစူးကပြုံးဖြီးဖြီးနဲ့
ယွင်ရှီးကိုကြည့်နေသည်။သူအကုန်သိတယ်ဆိုတဲ့အပြုံးကြီးနဲ့...

လော်ယွင်ရှီးမသိချင်ယောင်ဆောင်ကာဆိုင်ထဲဝင်လိုက်ပြီးအလုပ်သာလုပ်နေလိုက်တော့သည်။ဒါတောင်စူးစူးကဘေးကနေလိုက်စနေလို့သူ့မှာရှက်ပြီးအမှားတွေတောင်လုပ်မိကုန်သည်။စူးစူးအဲ့လိုစတိုင်းသူဘာလို့ယောက်ယက်ခတ်နေမိမှန်းသူလည်းသေချာမသိ။ဘယ်ဘက်ရင်အုံဟာလည်းပုံမှန်စည်းချက်ထက်နည်းနည်းလေးပိုခုန်လာသည်။
သူဘာတွေဖြစ်နေတာလဲ...

/\\//\\//\\//\\//\\//\\//\

'တီ တီ'

ကိုကို့အလုပ်ကိုလိုက်ပို့ပြီးအိမ်ပြန်ဖို့Bus
စောင့်နေတုန်းဖေးယွီရှေ့ကိုကားတစ်စီးလာရပ်လေသည်။ကားကိုမြင်လိုက်ကတည်းကဘယ်သူမှန်းသူသိသည်။သူပြေးမလို့ကြံလိုက်ပေမဲ့မမှီတော့...

"မား.."

ကားပေါ်မှဆင်းလာသူကတော့သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်လှစွာသောအမေပါပဲ။ချွန်ထက်နေသောဒေါက်ဖိနပ်ကိုစီးထားကာရဲတောက်နေသောdressကိုဝတ်ထားပြီးမျက်နှာတွင်ခြယ်သထားသောမိတ်ကပ်တို့ကလှပသောသူမမျက်နှာတွင်တင့်တယ်စွာ...
လေးဆယ်ကျော်ဆိုပေမဲ့ဆယ်ကျော်သက်အပျိုလေးများကဲ့သို့လှပနေတုန်းပင်။

"ချန်ဖေးယွီ ကားပေါ်တက်"

စူးရှသောအကြည့်တို့ကထွက်ပြေးရဲလျှင်ပြေးကြည့်ဆိုသောအကြည့်မျိုး။ဖေးယွီတစ်ယောက်မားမားစကားကိုနားထောင်ကာကားပေါ်သို့တက်လိုက်ရသည်။ဖေးယွီကားပေါ်တက်လိုက်တာနဲ့ချက်ချင်းပဲအနီရောင်ကားလေးဟာBusဂိတ်ကနေအရှိန်ဖြင့်မောင်းထွက်သွားခဲ့သည်။

မားမားသွားနေတဲ့နေရာကသူတို့နေတဲ့စံအိမ်ကြီးမဟုတ်ပဲဖေးယွီတစ်ခါတစ်လေသွားသွားနေတဲ့အိမ်ဆီသို့။အိမ်ရောက်တဲ့ထိမားကစကားတစ်ခွန်းမပြော။အိမ်ရောက်တာနဲ့ကားပေါ်ကဆင်းကာဧည့်ခန်းထဲသို့ဝင်သွားလေသည်။ဖေးယွီလည်းနောက်ကနေလိုက်လာရသည်။

"ဖေးယွီ မားကို​ပြောစရာမရှိဘူးလား"

"မားကဘာသိချင်တာလဲ"

"ဒီနှစ်လအတွင်းသားဘယ်ကိုရောက်နေတာလဲ ဘာတွေလုပ်နေတာလဲဆိုတာတော့မားကိုပြောသင့်တယ် ဘယ်လိုလုပ်ပြီးနှစ်လလုံးလုံးတစ်ခါလေးတောင်မှမားကိုမဆက်သွယ်နိုင်ရတာလဲ မားဘယ်လောက်စိတ်ပူနေမယ်ဆိုတာသိရဲ့သားနဲ့"

"..."

"မားဒီကိုခေါ်လာတယ်ဆိုတာဟိုအိမ်မှာဆိုသားနဲ့လွတ်လွတ်လပ်လပ်ပြောရမှာမဟုတ်လို့ ပြီးရင်မားနဲ့အိမ်ပြန်လိုက်ခဲ့ရမယ်"

"သားမလိုက်ဘူးမား"

"ဘာ ချန်ဖေးယွီ သားဘယ်လိုပြောလိုက်တယ် မလိုက်နိုင်ဘူးဟုတ်လား ဘာလို့လဲ "

"သားဒီအတောအတွင်းမှာနေရတာတကယ်အဆင်ပြေပါတယ် ပြီးတော့သားအဲ့အိမ်ကိုပြန်မလိုက်ချင်ဘူး သားအခုနေတဲ့နေရာမှာပဲနေမှာ"

"ဖေးယွီ သားခုလိုတွေလုပ်နေလို့မရဘူးနော် ပါးပါးနဲ့ဖိုးဖိုးကိုစိတ်ပျက်အောင်မလုပ်ပါနဲ့ အခုပါးပါးအရမ်းစိတ်တိုနေတယ် သားပြန်လိုက်ခဲ့မှရမယ်"

"ဒီနှစ်လအတွင်းပျောက်နေတဲ့သားကိုစိတ်မပူပဲစိတ်တိုနေတာတဲ့လား အဟက် သားကိုစိတ်ပျက်တော့လည်းဂရုမစိုက်ပါဘူး ဘာပဲဖြစ်ဖြစ်သားပြန်မလိုက်ဘူး"

"ဖေးယွီ မားစကားကိုဘာလို့နားမထောင်တာလဲ ခုဆိုသားမရှိတော့သားနေရာကိုအမြဲလုချင်နေတဲ့သားအဒေါ်တို့သားအမိကဖိုးဖိုးကိုသူတို့ဘက်ပါအောင်လုပ်နေပြီ မားတစ်သက်လုံးမက်ခဲ့ရတဲ့အိပ်မက်ကိုအပျက်အစီးမခံနိုင်ဘူး သားကမှအဲ့စံအိမ်ကြီးရဲ့အရှင်သခင်ဖြစ်ရမှာ ကျေးဇူးပြုပြီးမမိုက်စမ်းပါနဲ့သားရယ်"

"တော်ပါတော့မားရယ် သားကိုမားရဲ့အိပ်မက်ဆိုတဲ့ဟာကြီးနဲ့ချုပ်မထားပါနဲ့တော့ သားအဲ့ဒါတွေမလိုချင်ဘူး လိုလည်းမလိုအပ်ဘူး အယောင်ဆောင်ထားတဲ့ဆက်ဆံရေးတွေလည်းမလိုချင်တော့ဘူး သားအခုနေတဲ့နေရာကအဲ့အိမ်လိုမဟုတ်ဘူး စစ်မှန်တယ် သားအဲ့မှာပဲပျော်တယ် သားသွားတော့မယ် "

"ဖေးယွီ ဖေးယွီ ဒီကလေးတော့ဘာတွေဖြစ်နေတာလဲမသိဘူး ဒီအတိုင်းထားလို့တော့မဖြစ်တော့ဘူး တစ်ခုခုလုပ်ရမယ်"

ချန်ကတော်တစ်ယောက်ဖုန်းနံပါတ်တစ်ချို့ကိုနှိပ်လိုက်ကာ

📞ဟယ်လို  ငါ့ကိုတစ်ခုလောက်စုံစမ်းပေး
အရေးကြီးတယ် ပိုက်ဆံလိုသလောက်ပေးမယ်....📞

/\\//\\//\\//\\//\\/

"ဘာလို့မလာသေးတာလဲမသိဘူး"

လော်ယွင်ရှီးတစ်ယောက်အလုပ်ပြီးတော့လာကြိုမဲ့ဖေးယွီးမရောက်သေးတာကြောင့်ဆိုင်ရှေ့မှာထိုင်စောင့်နေလိုက်သည်။ဒီကောင်လေးဘာဖြစ်နေတာလဲမသိဘူး။အရင်ကတစ်ခါမှနောက်မကျဖူးပါဘူး...

ပြောရင်းဆိုရင်းအပြေးအလွှားရောက်လာသောဖေးယွီ..

"sorryကိုကို ကျွန်တော်နည်းနည်းနောက်ကျသွားတယ်"

"ချန်ဖေးယွီ မနက်ကအဝတ်တွေလဲမထားဘူး မင်းငါ့စကားကိုနားမထောင်ပြန်ဘူး"

မားခေါ်သွားနဲ့အိမ်တောင်မပြန်လိုက်ရတာအင်္ကျီစိုနေတာတောင်သတိမရတော့။သူ့အိမ်ကမြို့ပြင်ဘက်မှာဖြစ်တာကြောင့်Busမရှိ၊Taxiတောင်အကြာကြီးစောင့်လိုက်မှတစ်စီးတွေ့တာကြောင့်အချိန်မရတော့။

"ဟိုလေ လဲထားပါတယ်ကိုကိုရ မနက်ကချွတ်ပြီးခုမှပြန်ဝတ်ထားတာ ကိုကို့စကားကိုကျွန်တော်ကအမြဲနားထောင်ပါတယ်"

"ဟုတ်လို့လား "

"ဟုတ်ပါတယ်ဆို လာပါ Busမမှီဘဲနေမယ် သွားရအောင်"

မယုံသင်္ကာဖြစ်နေတဲ့ကိုကို့ကိုမနည်းဆွဲခေါ်လာရပြီးအိမ်ပြန်လာလိုက်သည်။ကိုကို့ကိုလိမ်ရတာလဲချွေးတောင်ပြန်တယ်။မလွယ်ပါလားနော်...

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N - Reading listထဲထည့်ပေးကြတဲ့readerလေးတွေကိုရောVoteပေးပြီးဖတ်ပေးကြတဲ့readerလေးတွေကိုပါကျေးဇူးတင်ပါတယ်😘]

26.12.2020💛

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Zawgyi code❣️

"ဒီေန့မိုးရြာမယ္ထင္တယ္"

ေဖးယြီတစ္ေယာက္ကိုကို႔ကိုအလုပ္သို႔လိုက္ပို႔ရန္အိမ္ေရ႔ွမွာထိုင္ေစာင့္ေနတုန္းေကာင္းကင္ႀကီးကိုၾကည့္ၿပီးေျပာေနမိသည္။မိုးရာသီကိုသူမႀကိဳက္ဘူး...ဘာလို႔လဲဆိုတာေတာ့သူလဲေသခ်ာမသိဘူး။ဒီအတိုင္း..သေဘာမက်တာ။

"ေဖးယြီ ငါၿပီးၿပီ သြားၾကမယ္"

"ဟုတ္"

Busဂိတ္ထိေရာက္ေအာင္သူတို႔အိမ္ကေနဆယ္မိနစ္ေလာက္လမ္းေလ်ွာက္ရသည္။

"ကိုကို ဒီအတိုင္းပဲေနေတာ့မွာလား"

"ဟမ္ ဒီအတိုင္းမေနလို႔ငါကဘယ္လိုေနရမွာလဲ"

"ကြၽန္ေတာ္ေျပာတာကအခ်ိန္ပိုင္းအလုပ္ေတြေလ်ွာက္လုပ္ေနမဲ့အစားအလုပ္တစ္ခုခုအတည္တက်လုပ္ပါလားလို႔"

"အတည္တက်အလုပ္တစ္ခု...ခုလိုတစ္ေန့လံုးဟိုေျပးလိုက္ဒီေျပးလိုက္နဲ႔အလုပ္ေတြမနားတမ္းလုပ္ေနတာေပ်ာ္လို႔မွမဟုတ္တာအတည္တက်အလုပ္တစ္ခုခုငါလည္းလိုခ်င္တာေပါ့..ဒါေပမဲ့ငါ့လိုဘာမွေသခ်ာမသိမတတ္တဲ့သူကဘာအလုပ္မ်ားလုပ္ႏိုင္မွာမိုလို႔လဲ ဘြဲ႔ေတာင္မရတာ"

"ဒါေပမဲ့ခုလိုလုပ္ေနရတာကိုကိုပင္ပန္းတယ္ေလ ဒီလိုလုပ္ကြၽန္ေတာ္ကိုကို႔အိမ္မွာေနေနၿပီဆိုမွေတာ့ထမင္းဖိုးေတာ့ေပးရမွာေပါ့ ကိုကို႔အလုပ္ေတြကြၽန္ေတာ္လုပ္ေပးမယ္"

"စကားနဲ႔တင္ေက်းဇူးတင္ပါတယ္ ဒါေပမဲ့မလိုပါဘူး အလုပ္လုပ္ရတာပင္ပန္းတယ္လည္းမဟုတ္ပါဘူး ေနသားက်ေနပါၿပီ မင္းကိုေတာ့ငါတင္ေကြၽးထားႏိုင္ပါေသးတယ္ေနာ္"

"ဒါေပမဲ့..."

"ေဟာ မိုးရြာလာၿပီ အဲ့ဒါမွဒုကၡပဲ ငါထီးယူမလာခဲ့ရဘူး"

​စကားေျပာေနရင္းမိုးကရြာလာေလသည္။

"ကိုကိုေမ့မယ္ဆိုတာသိလို႔ကြၽန္ေတာ္ယူလာပါတယ္ ဒီဘက္တိုး"

အၿမဲတမ္းထီးယူဖို႔ေမ့ေနေသာလူႀကီးေၾကာင့္သူ႔မွာေန့တိုင္းထီးေဆာင္ထားရသည္။သူမရိွတုန္းကဘယ္လိုမ်ားေနေနလဲမသိ။ဒီလူႀကီးေလးအေၾကာင္းကိုသိလာေလေလသူ႔မွာကာကြယ္ေပးခ်င္စိတ္ေတျြဖစ္လာေလေလပဲ။အရမ္းကိုေပါ့ေပါ့ဆဆေနလြန္းတယ္၊ၿပီးရင္ရွက္ျပာရွက္ျပာနဲ႔။

ခုလည္းမိုးကရြာေနေတာ့တစ္ေနကုန္အလုပ္ေတြလုပ္ေနရမဲ့ကိုကို႔ကိုမစိုေအာင္ေသခ်ာထီးေဆာင္းေပးေနရသည္။ကိုကို႔ကိုလံုေအာင္ေဆာင္းေပးေနရေတာ့သူ႔တစ္ဖက္ျခမ္းကရႊဲေနၿပီ။

"ေဖးယြီ မင္းစိုကုန္ၿပီ"

"ကြၽန္ေတာ္ကရတယ္ ကိုကိုကအလုပ္လုပ္ေနရမွာ ကိုကိုစိုလို႔မျဖစ္ဘူး"

"ေနာက္တစ္ခါက်ထီးကိုမေမ့ပဲေသခ်ာယူလာရမယ္"

"ကိုကိုေမ့ေနရင္ေတာင္ကြၽန္ေတာ္ကေဆာင္ထားမွာမို႔ကိုကိုယူဖို႔ေမ့ေနခဲ့ရင္လည္းအဆင္ေျပပါတယ္"

Busဂိတ္ကိုေရာက္ေရာက္ျခင္းBusကတန္းေရာက္လာတာမို႔ကားေပၚခ်က္ခ်င္းတက္လိုက္ၾကရသည္။ပထမဆံုးအလုပ္လုပ္ရမဲ့cafeကိုေရာက္ေတာ့

"ငါဝင္ေတာ့မယ္ အိမ္ပဲျပန္မွာမလား"

"ဟုတ္ ကိုကိုအလုပ္ၿပီးမယ့္အခ်ိန္ေရာက္ရင္လာႀကိဳမယ္ေနာ္"

"အလုပ္ရႈပ္လို႔ဘာလို႔လာမွာလဲ ညေနက်မွလာႀကိဳေတာ့ အိမ္မွာသာေအးေအး
ေဆးေဆးေနပါ ၿပီးေတာ့အိမ္ကိုသန္႔ရွင္းေရးလုပ္ထားေနာ္"

"ဟုတ္ကဲ့ ေျပာင္လက္ေနေအာင္သန္႔ရွင္းထားလိုက္မယ္ ကိုကိုလည္းအလုပ္ေတြအရမ္းလုပ္မေနနဲ႔အံုးေနာ္ အစာကိုလည္းအခ်ိန္မွန္ေအာင္စား အသင့္စားအစားအစာေတြစားမေနနဲ႔အံုးေနာ္"

"ကဲ ေဖးယြီေရ မွာေနတာမၿပီးႏိုင္ေတာ့ဘူး ျပန္ေတာ့မိုးေရေတြစိုေနတာအေအးပတ္ေနအံုးမယ္ အိမ္က်ရင္အက်ႌလဲၿပီးေနြးေနြးေထြးေထြးေနေနာ္"

"အဟမ္း ကြၽန္မဆိုင္ထဲဝင္လို႔ရၿပီလား ဒီကကဲကဲသဲသဲႏွစ္ေယာက္ရွင့္"

ယြင္ရွီးနဲ႔ဆိုင္မွာအတူအလုပ္လုပ္တဲ့ေကာင္မေလးကစသလိုလိုနဲ႔ေျပာကာမွဆိုင္အေပါက္ဝမွာပိတ္ရပ္ထားမွန္းသတိထားမိေတာ့သည္။

"အာ စူးစူးကလည္း ေျပာတဲ့ပံုႀကီးက အစ္ကိုကစိတ္ပူလို႔မွာေနတာပါ ေဖးယြီျပန္ေတာ့ေနာ္"

"ကိုကို အဲ့တာဆိုကြၽန္ေတာ္ျပန္ၿပီ ညေနက်လာႀကိဳမယ္ေနာ္"

ေဖးယြီထြက္သြားေတာ့စူးစူးကၿပံဳးၿဖီးၿဖီးနဲ႔
ယြင္ရွီးကိုၾကည့္ေနသည္။သူအကုန္သိတယ္ဆိုတဲ့အၿပံဳးႀကီးနဲ႔...

ေလာ္ယြင္ရွီးမသိခ်င္ေယာင္ေဆာင္ကာဆိုင္ထဲဝင္လိုက္ၿပီးအလုပ္သာလုပ္ေနလိုက္ေတာ့သည္။ဒါေတာင္စူးစူးကေဘးကေနလိုက္စေနလို႔သူ႔မွာရွက္ၿပီးအမွားေတြေတာင္လုပ္မိကုန္သည္။စူးစူးအဲ့လိုစတိုင္းသူဘာလို႔ေယာက္ယက္ခတ္ေနမိမွန္းသူလည္းေသခ်ာမသိ။ဘယ္ဘက္ရင္အံုဟာလည္းပံုမွန္စည္းခ်က္ထက္နည္းနည္းေလးပိုခုန္လာသည္။
သူဘာေတျြဖစ္ေနတာလဲ...

/\\//\\//\\//\\//\\//\\//\

'တီ တီ'

ကိုကို႔အလုပ္ကိုလိုက္ပို႔ၿပီးအိမ္ျပန္ဖို႔Bus
ေစာင့္ေနတုန္းေဖးယြီေရ႔ွကိုကားတစ္စီးလာရပ္ေလသည္။ကားကိုျမင္လိုက္ကတည္းကဘယ္သူမွန္းသူသိသည္။သူေျပးမလို႔ႀကံလိုက္ေပမဲ့မမွီေတာ့...

"မား.."

ကားေပၚမွဆင္းလာသူကေတာ့သူ႔ရဲ့ႏွစ္ေယာက္မရိွတဲ့ခ်စ္လွစြာေသာအေမပါပဲ။ခြၽန္ထက္ေနေသာေဒါက္ဖိနပ္ကိုစီးထားကာရဲေတာက္ေနေသာdressကိုဝတ္ထားၿပီးမ်က္ႏွာတြင္ျခယ္သထားေသာမိတ္ကပ္တို႔ကလွပေသာသူမမ်က္ႏွာတြင္တင့္တယ္စြာ...
ေလးဆယ္ေက်ာ္ဆိုေပမဲ့ဆယ္ေက်ာ္သက္အပ်ိဳေလးမ်ားကဲ့သို႔လွပေနတုန္းပင္။

"ခ်န္ေဖးယြီ ကားေပၚတက္"

စူးရွေသာအၾကည့္တို႔ကထြက္ေျပးရဲလ်ွင္ေျပးၾကည့္ဆိုေသာအၾကည့္မ်ိဳး။ေဖးယြီတစ္ေယာက္မားမားစကားကိုနားေထာင္ကာကားေပၚသို႔တက္လိုက္ရသည္။ေဖးယြီကားေပၚတက္လိုက္တာနဲ႔ခ်က္ခ်င္းပဲအနီေရာင္ကားေလးဟာBusဂိတ္ကေနအရိွန္ျဖင့္ေမာင္းထြက္သြားခဲ့သည္။

မားမားသြားေနတဲ့ေနရာကသူတို႔ေနတဲ့စံအိမ္ႀကီးမဟုတ္ပဲေဖးယြီတစ္ခါတစ္ေလသြားသြားေနတဲ့အိမ္ဆီသို႔။အိမ္ေရာက္တဲ့ထိမားကစကားတစ္ခြန္းမေျပာ။အိမ္ေရာက္တာနဲ႔ကားေပၚကဆင္းကာဧည့္ခန္းထဲသို႔ဝင္သြားေလသည္။ေဖးယြီလည္းေနာက္ကေနလိုက္လာရသည္။

"ေဖးယြီ မားကို​ေျပာစရာမရိွဘူးလား"

"မားကဘာသိခ်င္တာလဲ"

"ဒီႏွစ္လအတြင္းသားဘယ္ကိုေရာက္ေနတာလဲ ဘာေတြလုပ္ေနတာလဲဆိုတာေတာ့မားကိုေျပာသင့္တယ္ ဘယ္လိုလုပ္ၿပီးႏွစ္လလံုးလံုးတစ္ခါေလးေတာင္မွမားကိုမဆက္သြယ္ႏိုင္ရတာလဲ မားဘယ္ေလာက္စိတ္ပူေနမယ္ဆိုတာသိရဲ့သားနဲ႔"

"..."

"မားဒီကိုေခၚလာတယ္ဆိုတာဟိုအိမ္မွာဆိုသားနဲ႔လြတ္လြတ္လပ္လပ္ေျပာရမွာမဟုတ္လို႔ ၿပီးရင္မားနဲ႔အိမ္ျပန္လိုက္ခဲ့ရမယ္"

"သားမလိုက္ဘူးမား"

"ဘာ ခ်န္ေဖးယြီ သားဘယ္လိုေျပာလိုက္တယ္ မလိုက္ႏိုင္ဘူးဟုတ္လား ဘာလို႔လဲ "

"သားဒီအေတာအတြင္းမွာေနရတာတကယ္အဆင္ေျပပါတယ္ ၿပီးေတာ့သားအဲ့အိမ္ကိုျပန္မလိုက္ခ်င္ဘူး သားအခုေနတဲ့ေနရာမွာပဲေနမွာ"

"ေဖးယြီ သားခုလိုေတြလုပ္ေနလို႔မရဘူးေနာ္ ပါးပါးနဲ႔ဖိုးဖိုးကိုစိတ္ပ်က္ေအာင္မလုပ္ပါနဲ႔ အခုပါးပါးအရမ္းစိတ္တိုေနတယ္ သားျပန္လိုက္ခဲ့မွရမယ္"

"ဒီႏွစ္လအတြင္းေပ်ာက္ေနတဲ့သားကိုစိတ္မပူပဲစိတ္တိုေနတာတဲ့လား အဟက္ သားကိုစိတ္ပ်က္ေတာ့လည္းဂရုမစိုက္ပါဘူး ဘာပဲျဖစ္ျဖစ္သားျပန္မလိုက္ဘူး"

"ေဖးယြီ မားစကားကိုဘာလို႔နားမေထာင္တာလဲ ခုဆိုသားမရိွေတာ့သားေနရာကိုအၿမဲလုခ်င္ေနတဲ့သားအေဒၚတို႔သားအမိကဖိုးဖိုးကိုသူတို႔ဘက္ပါေအာင္လုပ္ေနၿပီ မားတစ္သက္လံုးမက္ခဲ့ရတဲ့အိပ္မက္ကိုအပ်က္အစီးမခံႏိုင္ဘူး သားကမွအဲ့စံအိမ္ႀကီးရဲ့အရွင္သခင္ျဖစ္ရမွာ ေက်းဇူးျပဳျပီးမမိုက္စမ္းပါနဲ႔သားရယ္"

"ေတာ္ပါေတာ့မားရယ္ သားကိုမားရဲ့အိပ္မက္ဆိုတဲ့ဟာႀကီးနဲ႔ခ်ဳပ္မထားပါနဲ႔ေတာ့ သားအဲ့ဒါေတြမလိုခ်င္ဘူး လိုလည္းမလိုအပ္ဘူး အေယာင္ေဆာင္ထားတဲ့ဆက္ဆံေရးေတြလည္းမလိုခ်င္ေတာ့ဘူး သားအခုေနတဲ့ေနရာကအဲ့အိမ္လိုမဟုတ္ဘူး စစ္မွန္တယ္ သားအဲ့မွာပဲေပ်ာ္တယ္ သားသြားေတာ့မယ္ "

"ေဖးယြီ ေဖးယြီ ဒီကေလးေတာ့ဘာေတျြဖစ္ေနတာလဲမသိဘူး ဒီအတိုင္းထားလို႔ေတာ့မျဖစ္ေတာ့ဘူး တစ္ခုခုလုပ္ရမယ္"

ခ်န္ကေတာ္တစ္ေယာက္ဖုန္းနံပါတ္တစ္ခ်ိဳ႕ကိုႏိွပ္လိုက္ကာ

📞ဟယ္လို ငါ့ကိုတစ္ခုေလာက္စံုစမ္းေပး
အေရးႀကီးတယ္ ပိုက္ဆံလိုသေလာက္ေပးမယ္....📞

/\\//\\//\\//\\//\\/

"ဘာလို႔မလာေသးတာလဲမသိဘူး"

ေလာ္ယြင္ရွီးတစ္ေယာက္အလုပ္ၿပီးေတာ့လာႀကိဳမဲ့ေဖးယြီးမေရာက္ေသးတာေၾကာင့္ဆိုင္ေရ႔ွမွာထိုင္ေစာင့္ေနလိုက္သည္။ဒီေကာင္ေလးဘာျဖစ္ေနတာလဲမသိဘူး။အရင္ကတစ္ခါမွေနာက္မက်ဖူးပါဘူး...

ေျပာရင္းဆိုရင္းအေျပးအလႊားေရာက္လာေသာေဖးယြီ..

"sorryကိုကို ကြၽန္ေတာ္နည္းနည္းေနာက္က်သြားတယ္"

"ခ်န္ေဖးယြီ မနက္ကအဝတ္ေတြလဲမထားဘူး မင္းငါ့စကားကိုနားမေထာင္ျပန္ဘူး"

မားေခၚသြားနဲ႔အိမ္ေတာင္မျပန္လိုက္ရတာအက်ႌစိုေနတာေတာင္သတိမရေတာ့။သူ႔အိမ္ကၿမိဳ႔ျပင္ဘက္မွာျဖစ္တာေၾကာင့္Busမရိွ၊Taxiေတာင္အၾကာႀကီးေစာင့္လိုက္မွတစ္စီးေတြ့တာေၾကာင့္အခ်ိန္မရေတာ့။

"ဟိုေလ လဲထားပါတယ္ကိုကိုရ မနက္ကခြၽတ္ၿပီးခုမျွပန္ဝတ္ထားတာ ကိုကို႔စကားကိုကြၽန္ေတာ္ကအၿမဲနားေထာင္ပါတယ္"

"ဟုတ္လို႔လား "

"ဟုတ္ပါတယ္ဆို လာပါ Busမမွီဘဲေနမယ္ သြားရေအာင္"

မယံုသကၤာျဖစ္ေနတဲ့ကိုကို႔ကိုမနည္းဆြဲေခၚလာရၿပီးအိမ္ျပန္လာလိုက္သည္။ကိုကို႔ကိုလိမ္ရတာလဲေခြၽးေတာင္ျပန္တယ္။မလြယ္ပါလားေနာ္...

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N - Reading listထဲထည့္ေပးၾကတဲ့readerေလးေတြကိုေရာVoteေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြကိုပါေက်းဇူးတင္ပါတယ္😘]

26.12.2020💛

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Continue Reading

You'll Also Like

207K 7.6K 20
Emma Swan(28) had a somewhat bad life and she had just gotten out of a relationship of many years and once she got over it (two months later)she goes...
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
5K 240 20
A story of two princes who love each other beyond limitation and are committed and connected to each in such a strong bond of love and affection that...
3.4K 536 16
[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့္အတြက္ေတာ့ မင္းဟာလည္း တစ္ရက္မွာ မေသာက္ရရင္ အသက္မရွင္ႏိုင္တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည...