အရှင့်ကြင်ရာတော်(BL)[Complete]
Autorstwa MorikawaKi
232K 10.4K 161
အရှင်...ကျွန်တော့််ကို အရှင်ချစ်တယ်ဆိုတာ ကျွန်တော်သိပေမယ့် အရှင်က အခြားလူတွေကိုလည်း ဒီလိုမျိုးချစ်မိမှာကို အရ... Więcej
အပိုင်း(၁)
ဇာတ်ကောင်မိတ်ဆက်
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)/အပိုင္း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
ဇာတ်သိမ်းပိုင်း
Extra
ေက်းဇူးတင္လႊာ
Hello
Side Chapter
အပိုင်း(၅)
5.6K 409 1
Autorstwa MorikawaKi
>Unicode<
”ဒါက တော်တော်တရားလွန်တာပဲ ”
           မယ်တော်ကြီး၏အော်သံကြောင့် ညီလာခံက အမတ်တွေပင်လျင် လန့်သွားမိသည်။ သူတို့က ချင်းလီဒေါသကိုကြောက်သည် ချင်းလီက သာမန်အားဖြင့် ဒေါသသိပ်မထွက်တတ်ပေမယ့် သူမဒေါသထွက်လာလျှင် စစ်သူကြီး ကုန်းရှဲ့ကလွဲပြီး ဘယ်သူမှမခံနိုင်ပါ။
”မယ်မယ် အဲဒါက သူတို့ရဲ့မဟာမိတ်ဖွဲ့တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ”
            အောက်က အမတ်တွေထဲက တစ်ယောက်က ချင်းလီကို နားလည်အောင် ရှင်းပြလိုက်သည်။ ချီမင်းက ဘုရင်မို့လို့ မိဖုရားဆက်သတာ ဘာထူးခြားလို့လဲ အကယ်၍ ဆက်သတဲ့လူက ယောကျာ်းလေးဖြစ်လို့ စိတ်ဆိုးတာဆိုရင် မယ်တော်ကြီးကိုယ်တိုင် သေဘာတူထားတဲ့ မိဖုရားခေါင်ကိုယ်တိုင်က ယောကျာ်းလေးပါလေ။
”လက်ဆောင်ဆိုရင်အခြားဟာပေးလို့ရတာပဲ ဒါကိုလက်ဆောင်လို့ မောင်မင်းတို့ပြောလိုက်တာလား”
             ချီမင်းက ခုံကိုထုလိုက်ကာ ပြောလိုက်တော့ အကုန်ဒူးထောက်လိုက်မိပြီး မိဖုရားခေါင်စစ်ယီကို အကူအညီတောင်းနေသည်။ သူတို့လည်း မင်းကြီးနှင့်မယ်တော်ကြီးတို့ကြောင့် ပြားပြားဝပ်နေတော့သည်။ အကယ်၍ လက်မခံဘူးဆိုရင်လည်း ယင်းတိုင်းပြည်နှင့် စစ်ဖြစ်ရမည်။
          တကယ်က ထိုဖူတိုင်းပြည်က ချီမင်းတို့ ယန်တိုင်းပြည်ပြီးရင် ဒုတိယအင်အား အကြီးဆုံးဖြစ်သည်။ သားတော် သမီးတော် အများအပြားရှိလေသည်။ ထို့ကြောင့် ဖူတိုင်းပြည်က မင်းသားမင်းသမီးတွေဟာ အခြားတိုင်းပြည်တွေထံ ဆက်သခြင်းခံရလေသည်။
”ချီမင်း လက်ခံလိုက်ပါ”
        စစ်ယီက ပြောတော့ ကုန်းရှဲ့ကတားလိုက်သည်။
”သားတော် မင်းဝင်ပါနဲ့”
           စစ်ယီလည်း ဖခင်ဖြစ်သူ၏ စကားကြောင့် ညိုးကျသွားသည်။ ဒါကိုမြင်တော့ ချီမင်းက မနေနိုင်ဘဲ ပလ္လင်ပေါ်ကထကာ စစ်ယီနားကို သွားလိုက်ရင်း ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကို ဖွဖွလေးကိုင်လိုက်သည်။
”စစ်ယီ မင်းသဘောက ဘယ်လိုလဲ”
”ချီမင်း ကျွန်တော်တို့လက်ဆက်ထားတာ ၆လကျော်ပါပြီ ချီမင်းအနေနဲ့ နောက်မိဖုရားကို မြှောက်သင့်တယ်ထင်ပါတယ် ဒါကချီမင်းကို မချစ်လို့ အခြားတစ်ယောက်ဆီပေးတာမဟုတ်ဘူးနော် ချီမင်းကို ချစ်လွန်းလို့ပါ”
        စစ်ယီစကားကြားတော့ ချီမင်း၏ ဒေါသတွေအကုန် လွင့်စင်သွားကာပြုံးလာမိသည်။
”ပြောပါဦး ကိုယ့်ကိုချစ်တာနဲ့ ဘယ်လိုဆိုင်လို့လဲ”
”အကယ်၍ သူတို့စကားအတိုင်းမလုပ်ရင် စစ်ပွဲဖြစ်မယ် အကယ်၍ စစ်ပွဲဖြစ်ရင် ချီမင်းနဲ့ကျွန်တော် ခွဲနေရမှာမို့လို့်ပါ ”
         စစ်ယီက ချွဲသလိုမျိုးပြောလိုက်တော့ ချီမင်းလည်း မငြင်းနိုင်။ စစ်ယီပြောတာလည်း မှန်သည်။ လက်ဆက်ရုံပဲ လက်ဆက်ရမှာ ဟုတ်တယ်။ ချီမင်းကတွေးလိုက်တော့သည်။ ချီမင်းက စစ်ယီ၏လက်လေးကို ပြန်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
”ကိုယ်တော် လက်ခံတယ်လို့ အမိန့်ပြန်ပို့လိုက်”
        ထိုအခါမှ အမတ်တွေလည်း သက်ပြင်းချနိုင်တော့သည်။ မိဖုရားခေါင်က လုံးဝကို မင်းကြီးအားချုပ်ကိုင်နိုင်တာပဲဟုတွေးမိသည်။
”စစ်ယီ ချွေးမလေး....စစ်ယီဘာဖြစ်တာလဲ”
           ချင်းလီ သူမ၏ချွေးမလေးကို စကားပြောဖို့ စစ်ယီကိုခေါ်လိုက်တော့ စစ်ယီမူးလဲတော့မလို ဖြစ်နေသည်ကိုသတိထားမိသည်။ ချီမင်းလည်း မယ်တော်ကြီးစကားကြားတော့ စစ်ယီကို လဲမကျခင် အချိန်မှီသူ၏ရင်ခွင်ထဲထည့်နိုင်သည်။
”စစ်ယီ... သတိထားပါအုန်း စစ်ယီ”
-----------------------------------
စစ်ယီသတိရလာတော့ သူ့အခန်းထဲ ပြန်ရောက်လာသည်ကိုတွေ့ရသည်။ ချီမင်းက စစ်ယီ၏ဘေးတွင် စိုးရိမ်နေသယောင်ပါလေ။ စစ်ယီလည်း လှဲနေရာမှထထိုင်လိုက်ပြီး ချီမင်းရင်ခွင်ထဲဝင်နေတော့သည်။
”ချီမင်း ကျွန်တော်ဘာဖြစ်သွားတာလဲ”
         စစ်ယီ ချီမင်းကိုမေးလိုက်တော့ ချီမင်းက စစ်ယီဆံပင်လေးကို သပ်တင်ကာ သမားတော်ကို မေးလိုက်သည်။
”စစ်ယီ ဘာဖြစ်သွားတာလဲ ခုနကစစ်ယီ သတိရမှပြောမယ်ပြောထားလို့ပါ”
        ခုနကမုချင်းက စစ်ယီသတိရလာတော့မှ ပြောမည်ပြောထားလေသည်။ စစ်ယီ ဘာဖြစ်လဲမသိတော့ ချီမင်းစိုးရိမ်မိသည်။
”ကျွန်တော်ပြောတာကိုသေချာနားထောင်ပါ။ ဒီက မိဖုရားခေါင်စစ်ယီမှာ နန်းဆက်ရှိနေပါပြီ”
         မုချင်းက ပြောလိုက်တော့ အကုန်လုံး တိတ်ဆိတ်သွားသည်။
”ဒါ....ဒါဆိုကျွန်တော့်မှာ”
           တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို စစ်ယီကပင်ဖြိုခွင်းလိုက်သည်။ စစ်ယီကိုကြည့်ရတာ မယုံသည့်ပုံပါလေ။ မုချင်းလည်း မယုံသည့်အဆုံး သူယူလာခဲ့သည့် အနံ့ပြင်းသည့် ဆေးမှုန့်ထုပ်ကို ယူကာစစ်ယီကိုပေးလိုက်သည်။
”နမ်းကြည့်လိုက်ပါ”
        မုချင်းပေးသည့် ထိုဆေးမှုန့်ကို စစ်ယီနမ်းကြည့်မိသည်။ အနံ့ကအတော်ပြင်းသည့်      ပန်းတစ်မျိုး၏ အနံ့ရသည်ကိုသိရသည်။ သို့ပေမယ့် ဘာလို့မှန်းမသိ စစ်ယီထိုဆေးမှုန့်ကို နမ်းပြီးမကြာခင် ပျို့တက်ချင်လာ၍ မုချင်းကလည်း မြန်မြန်သိမ်းလိုက်သည်။
"စစ်ယီ အဆင်ပြေလား”
       ချီမင်းက သူ၏ရင်ခွင်ထဲမှ စစ်ယီကို မေးလိုက်လေသည်။ မမှတ်မှ တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား။
”ချီမင်း ကျွန်တော်ဘာလုပ်ရမလဲ”
          စစ်ယီကတိုးညှင်းစွာမေးလိုက်သည်။ စစ်ယီအနေနဲ့ ယောကျာ်းလေးတစ်ယောက် ဖြစ်သည့်အတွက် ထိုကိစ္စနှင့်ပက်သတ်၍ ဘာမှမသိပါလေ။သူ့မှာတကယ်ကြီး ကလေးရနေတာကိုလည်း အခုထိမယုံသေးပါ။  ချီမင်းဟာ တစ်ယောက်ထဲအတွေးတွေများနေတဲ့ စစ်ယီ၏လက်လေးကို ယူကာနမ်းလိုက်ပြီး စစ်ယီဗိုက်ကလေးပေါ် လက်တင်လိုက်သည်။
”ဒီထဲမွာ ကိုယ်တို့နှစ်ယောက်ရဲ့ ကလေးလေးရှိနေတာ”
         ချီမင်းပြောလိုက်ပြီး နှဖူးလေးကို နမ်းလိုက်တော့သည်။ စစ်ယီလည်း အခြားလူတွေရှိနေမှန်း ချီမင်းကို မျက်နှာရိပ်ပြလိုက်တော့ ချီမင်းလည်း ပြုံးလိုက်ပြီး အကုန်လုံးကို ထွက်ခိုင်းလေတော့သည်။ အကုန်လုံးထွက်သွားတော့မှ စစ်ယီလည်း ချီမင်း၏နှုတ်ခမ်းကိုအရင်စနမ်းလိုက်တော့သည်။ ချီမင်းလည်း စစ်ယီ၏အပြုအမူကြောင့် ကြောင်သွားပေမယ့် ပျော်မိသည်။
”ကျွန်....ကျွန်တော် အိမ်မက်မက်နေတာလား စမ်းကြည့်တာ ဘာမှမဟုတ်ဘူး ”
စစ်ယီက သူအရင်စနမ်းတုန်းကနမ်းပြီး သူအရင်ချီမင်းကို တွန်းဖယ်လိုက်သည်။
”သားတော် သားတော်”
         ချင်းလီတစ်ယောက် စာလိပ် ကိုင်ပြီး တံခါးမခေါက်တော့ဘဲ အထဲကိုဝင်လာတော့သည်။ ကြည့်ရတာ ထိုထဲတွင်အရေးကြီးတာ တစ်ခုခုပါနေပုံပါ။
”မယ်မယ် ဘာဖြစ်တာလဲ”
         စစ်ယီက ထိုင်နေရာမှ မတတ်တပ်ရပ်လိုက်ပြီး ချင်းလီဆီကိုသွားလိုသည်။ ချင်းလီကတော့ ပြေးလာသောကြောင့် အသက်အရွယ်က စကားပြောသည်ထင် မောနေသည့်အတွက် စစ်ယီက ရေတစ်ခွက်ဌဲ့ပေးလိုက်သည်။
”ဘာဖြစ်လို့လဲ မယ်မယ်”
        ချီမင်းလည်းနေရာမှထလာပြီး သူ၏မယ်တော်ကို ထိုင်ခုံနေရာပေးလိုက်သည်။ ချင်းလီလည်း ထိုင်လိုက်ပြီးမှ ထိုစာလိပ္ကို သားတော်ထံပေးလိုက်သည်။ ချီမင်းလည်း စာလိပ်ကိုဖြန့်လိုက်ပြီး စစ်ယီနှင့်အတူ ကြည့်လိုက်သည်။
” တောက်.... ဒီဖူတိုင်းပြည်ကတော့”
            ချီမင်းတောက်တစ်ချက်ခေါက်လိုက်ပြီး စာလိပ်ကိုပစ်ချလိုက်တော့ စစ်ယီပင်လျှင် လန့်သွားမိသည်။ စာထဲတွင်ရေးထားသည်က ဘာတဲ့မင်းကြီးကိုယ်တိုင်လာခေါ်ရမည်ဆိုပဲ။
”ချီမင်း စိတ်ထိန်းပါ ”
          စစ်ယီတစ်ယောက် ချီမင်း၏လက်ဖဝါးကို ကိုင်ကာ စိတ်ထိန်းဖို့ဆိုလိုက်တော့ ချီမင်းလည်း သက်ပြင်းချလိုက်ကာ စစ်ယီနှင့် မျက်လုံးချင်းဆုံလိုက်သည်။
”မင်းကိုယ့်ကိုခွဲနိုင်လို့လား ဖူတိုင်းပြည်နဲ့ခရီးက အနည်းဆုံးသုံးရက်ကြာမှာ ကိုယ်တော့မခွဲနိုင်ဘူး”
         ချီမင်း၏စကားကြားတော့ စစ်ယီလည်း ပြုံးလိုက်မိပြီး ချီမင်း၏လက်ကို ဆွဲယူလိုက်ပြီး သူ၏ပါးလေးကို ထိကိုင်ခိုင်းလေသည်။
”သုံးရက်ပါပဲ ခဏလေးတော့ သည်းခံလိုက်ပါ ပြီးရင်ကျွန်တော်တို့ မခွဲဘူးလေ”
         စစ်ယီက ပြုံးလိုက်မိသည် သို့ပေမယ့် ခဏကြာတော့ စစ်ယီအပြုံးပျောက်ကွယ်သွားသည်ကို ချီမင်းသတိထားမိသည်။
”စစ်ယီ ဘာဖြစ်လို့လဲ ”
       ချီမင်းက စစ်ယီမျက်နှာပျတ်သွားတာ တွေ့တော့မနေနိုင်ဘဲ မေးလိုက်တော့ စစ်ယီဘာမှမဖြစ်ဟန် ပြန်ပြုံးလိုက်သည်။ သို့ပေမယ့် ချီမင်းကစစ်ယီတစ်ခုခုဖြစ်နေသည်ကို သိလေသည်။
”အကယ်၍ ချီမင်းသာ အဲ့တစ်ယောက်ကို သဘောကျရင် ကျွန်တော်ချီမင်းကို စိတ်မဆိုးပါဘူး”
            စစ်ယီလည်း ချီမင်းက သူ့စိတ်ကို သိနေသည်မို့ သူပြောလိုက်တော့သည်။
”ဟားဟား ဒါဆို ကိုယ်နားလည်ပြီ မင်းကိုယ့်ကို သဝန်တိုနေတာပဲ”
            ချီမင်းက အသံထွက်အောင် ရယ်လိုက်ပြီး စစ်ယီကို သူ၏ရင်ခွင်ထဲ နစ်ဝင်သွားသည်အထိ ပွေ့ဖက်လိုက်သည်။ စစ်ယီလည်း သူပြောသည့် စကားကိုသေချာစဉ်းစားကြည့်တော့ အဲ့သဘောမပါပါလေ။ ကြည့်ရတာ ချီမင်းက ထင်ချင်သလိုထင်သွားသည်လို့ထင်သွားသည်။ ဒါမှမဟုတ်လည်း စကားလမ်းကြောင်းလွှဲလိုက်သည်များလား ....။
        ချင်းလီလည်း အခုချိန်ထိ အခန်းထဲရှိနေပြီးမှ နောင်တရမိသည်။ ဒီလိုမှန်းသိရင် သူမ စာလိပ်ပေးပြီး အခန်းထဲကထွက်လာပါတယ်။ ချင်းလီ အရှေ့က ချီမင်းတို့ကိုကြည့်ပြီး ပြူံးလိုက်မိပြီး ငယ်ငယ်ကချီမင်းအကြောင်းကိုတွေးမိသည်။
လွန်ခဲ့တဲ့ခြောက်နှစ်
”သားတော် မင်းအသက်မပြည့်သေးဘူးလေ ဘာတွေဖတ်နေတာလဲ”
       ချင်းလီ တစ်ယောက် အသက်မပြည့်သေးဘဲ ညစ်ညမ်းစာအုပ်တွေဖတ်နေသော သားတော်ကို ကြည့်ပြီးဆူလိုက်မိသည်။ ဒီကေလး အသက်မပြည့်သေးဘဲ ဘာလို့ဖတ်နေတာလဲဆိုပြီး ထိုစာအုပ်ကိုလှန်ကြည့်တော့ မျက်လုံးပြူးသွားသည်။
”ဒါယောကျာ်းလေးချင်း မင်းအဲ့လိုလုပ်ရင် နန်းဆက်အတွက် ဘယ်လိုလုပ်မလဲ ”
            ချင်းလီက ဆူလိုက်တော့ ချီမင်းက ဒူးထောက်လိုက်သည်။
”မယ်မယ် ကျွန်တော်က ကောင်းချီးပေးခံထားရတဲ့ ကလေးနှစ်ယောက်ထဲကတစ်ယောက် ဆိုတာသိပါတယ်။ ကျွန်တော် ယောကျာ်းလေးချင်းလည်း ကလေးရတယ်ဆိုတာ သိပါတယ် ဒါကြောင့်မယ်မယ် ခွင့်ပြုပေးပါ”
          ချင်းလီ အရွယ်နှင့်မလိုက်သည့် စကားတွေပြောနေသော သူမသားတော်ကို အံ့သြစွာကြည့်မိသည်။ နောက်ဆုံးသူမ သက်ပြင်းချလိုက်သည် ကြည့်ရတာ သားတော်လေးက နဂိုကတည်းက အဖြစ်မှန်တွေသိနေသည်ထင်သည်။
”မယ်မယ် မပြောခဲ့တာ ခွင့်လွှတ်ပါ။ အဲ့အစားမယ်မယ် ဘာလုပ်ပေးရမလဲ ဒီအကြောင်းကို အမတ်တွေကြားရင်ယုံမှာမဟုတ်လို့ပါ သားရယ်။ ”
        မယ်တော်ကြီး၏စကားကြားပေတော့ ချီမင်း တစ္ခုကို အကြံရသွားသည်။
”မယ်မယ် သားတော်ကိုကူပေးပါ သားတော်မှာ မိန်းကလေးတွေနဲ့ကလေးမရနိုင်ဘဲ ယောကျာ်းလေးတွေနဲ့ပဲ ရနိုင်တယ်ဆိုတဲ့ သတင်းလွှင့်ပေးပါ မယ်မယ် သားတောင်းပန်ပါတယ်”
           ချီမင်းကသူ၏မယ်တော်ကို ဒူးထောက်ကာ တောင်းပန်လေတော့သည်။ ချင်းလီလည်း သက်ပြင်းချရုံသာချနိုင်တော့သည်။
”နေပါဦး မဟုတ်မှ သားမှာသဘောကျတဲ့လူရှိတာလား သူကဘယ်သူလဲ”
         ချင်းလီသူမသား၏အခြေအနေကို ကြည့်ရသည်က ထိုသို့သဘောမျိုး သက်ရောက်နေသောကြောင့်  သူမမေးလိုက်သည်။
”ကျွန်တော် အမှန်အတိုင်းဆို မနက်ကတွေ့ခဲ့တဲ့ စစ်သူကြီးသားလေးကို စိတ်ဝင်စားပါတယ်”
          ချီမင်းစကားကြားတော့မှ သူမလဲ စိတ်အေးနိုင်ပေတော့သည် အစကသားတော် ဘယ်ကလူကိုကြိုက်သွားလဲ ပူပင်မိပေမယ့် စစ်ယီဆိုသောကြောင့် သူမစိတ်အေးနိုင်တော့သည်။ သူမကသားတော်၏ ခေါင်းလေးကို ပွတ်သပ်လိုက်တော့သည်။
”စိတ်ချပါ သူဆိုရင်တော့ မယ်မယ်ကူညီပေးမှာပေါ့”
        ထိုအချိန်ကစပြီး သူမဟာ သားတော်လေး အတွက်သတင်းလွှင့်ခဲ့သည်။ ထိုအကြောင်းကြားတော့ အမတ်တွေကလဲ သူတို့၏သမီးကို ဘုရင်ထံမဆက်သတော့ သားတော်ရှိသည့် အိမ်တော်ကလည်း၎င်းတို့၏သားတော်ကို မပေးချင်ကြပါ။ သို့အတွက် နောက်တော့ စစ်သူကြီးက သူ့သားတော်ကို ကိုယ်တိုင်ဆက်သ ရန် ဇာတ်လမ်းဆင်တော့သည်။
         ချင်းလီတွေးရင်း ပြုံးမိသည် အခုတော့ သားတော်လေး ဖြစ်ချင်သည့်အတိုင်း ဖြစ်ပြီ မဟုတ်ပေလား။ ဒါပေမယ့် အခြားတိုင်းပြည်က လာပြီးဆက်သတာကိုတော့ သူမလက်မခံပါ ။ ကြည့်ရတာ သားတော်တို့ကြားထဲ မုန်တိုင်းဝင်တော့မယ်ထင်တယ် ။
-------------------------------------
>Zawgyi<
”ချီမင်း လက်ခံလိုက်ပါ”
”သားတော် မင်းဝင်ပါနဲ့”
-----------------------------------
”နမ်းကြည့်လိုက်ပါ”
"စစ်ယီ အဆင်ပြေလား”
”သားတော် သားတော်”
”မယ်မယ် ဘာဖြစ်တာလဲ”
”ဘာဖြစ်လို့လဲ မယ်မယ်”
”ချီမင်း စိတ်ထိန်းပါ ”
”စစ်ယီ ဘာဖြစ်လို့လဲ ”
-------------------------------------
Czytaj Dalej
To Też Polubisz
132K 19.8K 41
Just a love story but not simple. Love is kinda crazy. 💕ChanYeol×BaekHyun💕 {Zawgyi + Unicode}
43.1K 3.5K 15
||CHANBAEK|| A King Love "WHO?"
112K 10.8K 38
[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့...
210K 22K 103
ဘာသာပြန်သူ - စွဲညို့အသင်း